သူမှလွဲ၍" Except Him " (BL-OC...

By KhinThida0

1.2M 90.1K 2.5K

ကိုယ့်အမှားတွေကြောင့် သက်ငယ်လေး နာကျင်ခဲ့ရသမျှ အခုအချိန်မှစပြီး ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပျော်ရွှင်တဲ့မိသ... More

Ep. 1
Ep.2
ep.3
ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Ep.21
Ep.22
Ep.23.1
Ep23.2
Ep.24
Ep.25
Ep.26
Ep.28
Ep.29-1
Ep.29-2
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35
Ep.36
Ep.37
Ep.38
Ep.39
Ep.40
Ep.41
Ep.42
Ep.43
Ep.44(Final)
Marriage Life. 1
Marriage Life. 2
Marriage Life. 3(Zawgyi )
Marriage Life.3(Unicode)
Marriage Life.4
Marriage Life. 5
Marriage Life.6
Marriage Life.7
Marriage Life.8
သီတင်းကျွတ်Extra
Final Extra
GAလေးပါ
Extra
Extra for Chuu

Ep.27

16.4K 1.4K 56
By KhinThida0

Unicode

Ep.27

ယခုတလော ရှင်မင်းသက်တို့၏ အိမ်လေးမှာ အလွန့်အလွန် အေးချမ်းနေလေသည်။ဟိုနေ့ကဖြစ်သွားတဲ့ ကိစ္စကြောင့် ကိုကောင်းက သူ့ကို အားနာနေပုံရကာ ထမင်းချိုင့်လည်း မပို့ခိုင်းတော့ပေ။

အမှန်တိုင်းပြောရရင် ရှင်မင်းသက်လည်း
ကိုကောင်းကို ရှိန်နေမိသည်မှာ သူ့ကို ချစ်တယ်လို့ ၀န်ခံထားကတည်းကပင် ဖြစ်သည်။ခလေးငယ်နှင့် သုံးယောက်သား အတူရှိနေရင် အဆင်ပြေပေမဲ့ နှစ်ယောက်ထဲ မျက်နှာချင်းဆိုင်ရတဲ့ အချိန်တွေမှာဆို
ရင်တုန်လာသလိုလို၊ ရင်ခုန်သလိုလိုနှင့်
ကိုကောင်းမျက်နှာကိုပဲ ငေးကြည့်ချင်နေသည်။

ထမင်းဟင်းချက်နေရင်း ကိုကောင်းကို ငေးနေမိလို့
အပူလောင်တာလည်း ခဏခဏဖြစ်သလို လမ်း​လျှောက်ရင်းနှင့်လည်း ငေးနေမိလို့ ခလုတ်တိုက်တာလည်း အကြိမ်ကြိမ်ပင်။

ထိုသို့ငေးနေရသည်ကိုပင် သူ့မှာ ပျော်နေမိသလို ဘယ်လောက်ငေးငေး ငေးမဝ ဖြစ်နေတာကြောင့် သူ့ကိုယ်သူလည်း ဘာဖြစ်နေမှန်း နားမလည်နိုင်တော့။ထို့အပြင် အစ်မကြီးဂျေးမီကို အရွဲ့တိုက်ဖို့အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် ကိုကောင်းအနား ရှိနေရသည့်အချိန်တိုင်း ရင်ထဲ တသိမ့်သိမ့်နှင့်​ပင်..။

သို့သော် ကိုကောင်းအနား ရှိနေခွင့်ရတိုင်း စိတ်ထဲ ပျော်နေမိပေမဲ့ ထိုအရာကို ထုတ်ပြောမှာမဟုတ်။ကိုကောင်းက သူတို့သားအဖနှင့် ဘယ်အချိန်ထိ နေပေးနိုင်မလဲဆိုတာကိုလည်း သူ မသိသလို ကိုကောင်းကိုလည်း မမေးချင်ပေ။

ကိုကောင်းဘက်က သူ့ကိုချစ်တယ်၊ သူနှင့်ပဲ အတူနေချင်တယ်လို့ ပြောပေမဲ့ တစ်နေ့မှာ သူ့ထက် ပိုချစ်ရမည့်လူ ရှိမလာဘူးလို့ ပုံသေတွက်ထားလို့မှ မရတာပဲလေ..။ကိုကောင်းကို မယုံကြည်တာ မဟုတ်ဘဲ ကံကြမ္မာဆိုသည့်အရာက ယုံကြည်လို့ မရတာဖြစ်သည်။

တစ်နေ့မှာ ကိုကောင်းက သူတို့သားအဖအနားက​နေ ထွက်သွားသည့်အခါ သူ့ကိုယ်သူရော ခ​​လေးငယ်ကိုပါ နှစ်သိမ့်ပေးနိုင်ဖို့အတွက် အခုအချိန်ကတည်းက စိတ်ကိုပြင်ဆင်ထားရမည်။

အချစ်က ဘာလဲဆိုတာ သူမသိပေမဲ့
ကိုကောင်းကိုတော့ သူတို့ သားအဖနှစ်ယောက်နှင့်အတူ အသက်တွေကြီးသွားသည့်အချိန်ထိ ရှိနေစေချင်သည်။

ကိုကောင်းနှင့် အတူနေကြသည်မှာ
တစ်နှစ်တောင် မပြည့်သေးပေမဲ့ ကိုကောင်းကို အလွယ်တကူ ထိတွေ့လို့ရသလို ထိတွေ့လိုက်တိုင်းလည်း အသန့်ကြိုက်သည့်စိတ်တွေ၊ မထိတွေ့ ချင်သည့်စိတ်တွေက လုံးဝ ဖြစ်ပေါ်မလာပေ။

ကိုကောင်းနှင့် အတူနေခါစမှာ ညဘက်တွေဆို ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ခဏခဏ လန့်နိုးလာတတ်ပေမဲ့ ကိုကောင်းက သူတို့သားအဖအပေါ်မှာ အရမ်းကောင်းပေးခဲ့သလို ကြောက်ရွံ့ထိတ်လန့်စိတ်တို့ပါ မရှိတော့သည်အထိ ဂရုစိုက်ပေးခဲ့သည်။လပိုင်းလေးနှင့်တင် ရှင်မင်းသက်၏ အတွင်းစိတ်ထဲကနေ ကိုကောင်းကို ယုံကြည်လာရတော့သည်။

ထို့အပြင် သူ့မှာ မိသားစုဆိုလို့ သူကိုယ်တိုင် လွယ်မွေးထားခဲ့သည့် ခလေးငယ်တစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိတာကြောင့် အခုလို သူ့အပေါ်မှာ အဖေတစ်ယောက်လိုရော၊ အကိုကြီးတစ်ယောက်လိုပါ၊အခုဆိုရင် ချစ်ကြောင်းပါ ဖွင့်ပြောထားတဲ့ ဒီအမျိုးသားကို သူ လောဘတက်မိပါသည်။

သူ့အနေနှင့် မိန်းကလေးတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိနေပေမဲ့လည်း ကိုကောင်းနှင့် မတွေ့ခင်တုန်းကအထိ မိန်းကလေးတွေကိုသာ စိတ်၀င်စားခဲ့တာဖြစ်သည်။ခလေးငယ်က သူလေးကလွဲပြီး တစ်ပါးသူကို အလေးပေးဆက်ဆံသည်ကို မကြိုက်တာကြောင့်သာ ဘယ်မိန်းကလေးနှင့်မှ မရှုပ်ခဲ့တာ ဖြစ်သည်။သို့ပေမဲ့ ကိုယ့်အကြိုက်ကိုတော့ ခွဲခြားသိနိုင်ပါသည်။

သို့သော်ငြားလည်း ယခုအချိန်မှာတော့ သူတို့သားအဖအပေါ် နွေးထွေးသည့် ချစ်ခြင်းမေတ္တာတွေနှင့် ပျော်ရွှင်စရာ မိသားစုဘဝလေးကိုပါ ဖန်တီးပေးနေသည့် ဒီအမျိုးသား​ကို လောဘတက်မိတာ မမှားဘူးဟု သူထင်သည်။သူတို့သားအဖနှင့်အတူ အကြာကြီး ရှိနေစေချင်သည်။ရှိနေဖို့ကိုလည်း နေ့ရက်တိုင်းမှာ ဆုတောင်းနေမိသည်။

ဒါပေမဲ့လည်းပေါ့ ကိုကောင်းကသာ သူတို့အနားမှာ မနေချင်တော့တဲ့အခါ ရှင်မင်းသက်အနေနှင့် ဆွဲထားမှာမဟုတ်။မိမိဘက်က ဆွဲထားမှ မြဲနေမည့် ဆက်ဆံရေးကို သူ မလိုလားပေ။

ထားလိုက်ပါလေ ဖြစ်မလာသေးတဲ့ အနာဂတ်တွေကို ကြိုတင်ပြီး စိတ်ပူနေတာက ဘာကောင်းကျိုးမှ ရှိလာမည်မဟုတ်ပေ။အခုလက်ရှိမှာ ကိုကောင်းက သူတို့သားအဖနှင့်အတူ ပျော်ရွှင်စွာ ရှိနေသေးသည်။
ထို့ကြောင့် ဖြစ်မလာသေးသည်ကို တွေးပူနေမည့်အစား လက်ရှိထက် ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေ ဖြစ်လာအောင် ကြိုးစားဖန်တီးဖို့ကသာ အရေးကြီးသည်။

"သက်ငယ်... သက်ငယ် "

"ဟမ်.. အာ..အင်း ကိုကောင်း ဘာဖြစ်လို့လဲ "

အတွေးလွန်နေရာမှ ကိုကောင်းက မျက်လုံးရှေ့တည့်တည့် လက်တွေကို ဝှေ့ယမ်းပြလာတော့မှသာ သတိဝင်လာတော့သည်။ယခုလက်ရှိမှာ သူတို့သုံးယောက်လုံးက အိမ်ရှေ့ဧည့်ခန်းမှာ တီဗီ ထိုင်ကြည့်နေကြတာဖြစ်သည်။

"ကိုယ့်အမေ ဖုန်းဆက်တယ် အိမ်ကိုလာခဲ့ပါဦးတဲ့ "

"အင်း...သွားလေ "

ထိုသို့ပြောလိုက်ပေမဲ့ ကိုကောင်းပုံစံက သူ့ကို တစ်ခုခုပြောဖို့ စိုးရွံ့နေသည့်ပုံပင်။

"အင်း.. ဒါပေမဲ့ "

"ဒါပေမဲ့ ဘာဖြစ်လို့လဲ...ကျွန်တော်တို့က မိသားစုတွေပဲလေ အားမနာဘဲ ပြောလို့ရပါတယ် "

ထိုသို့ ပြောလိုက်တော့မှသာ သူ့မျက်လုံးကို တည့်တည့်မကြည့်တော့ဘဲ ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလာတော့သည်။

"ကိုယ့်အမေက ကိုယ်တစ်ယောက်ထဲကို ခေါ်တာမဟုတ်ဘူး။သက်ငယ်ကိုရော သမီးငယ်ကိုပါ ခေါ်လာဖို့ပြောတယ်"

ကိုကောင်းစကားကြောင့် ရင်ထဲ ထိတ်ခနဲပင်။ထိတ်လန့်ရုံတင်မက ရင်လေးမိသလို ကြောက်လည်း ကြောက်မိသည်။ကိုကောင်းအမေက သူ့ကို တစ်ခုခု ပြောလာမှာထက် သူ့ခ​လေးငယ်ကို တစ်ခုခုပြောလာမှာကို​ ပိုကြောက်ပါသည်။

"သက်ငယ် အဆင်သင့်မဖြစ်သေးမှန်း ကိုယ်သိပါတယ်။အဲ့တာကြောင့် ကိုယ်ငြင်းပေမဲ့ မေက ခဏခဏ ခေါ်နေလို့ သက်ငယ်ကို ပြောကြည့်တာပါ။အဲတာကြောင့် အဆင်သင့် မဖြစ်သေးလည်း ဘာမှ မဖြစ်ဘူး။ကိုယ်က ဒီအတိုင်း ပြောပြရုံပါ။သက်ငယ်က တစ်မျိုးမထင်ဘူးမို့လား"

အခုလည်း ကြည့်ပါအုံး။သူက ဘာမှတောင် မပြောရသေးဘူး ကိုကောင်းက သူ့အတွက် တွေးပေးနေပြန်ပြီ။ဘယ်လိုလုပ်ပြီး ဒီအမျိုးသားကို သူ လက်လွှတ်ရပါ့မလဲ။လက်မလွှတ်ချင်လို့ တစ်ခါလောက် ကြိုးစားကြည့်ရမလား။

ဆုံးဖြတ်ချက်ချကာ ကိုကောင်းကို မျက်လုံးချင်း ဆုံကြည့်လိုက်ပြီး "သွားကြတာပေါ့ "ဟု ပြောလိုက်သည်။

သက်ငယ်အဖြေကြောင့် ကောင်းကင်မှာ မျက်လုံးတွေပင် ပြူးကျယ်လာရသည်။သက်ငယ်ဘက်က အခုလို သဘောတူလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါ။

'ဘာကြောင့် လွယ်လွယ်နှင့် သဘောတူလိုက်တာပါလိမ့်။သူ အိပ်မက် မက်နေတာများလား'

ထိုအတွေးကြောင့်  ကိုယ့်မျက်နှာကို ဆိတ်ကြည့်လိုက်သည်။

" အ "

'နာတယ်ဟ...
သက်ငယ်က တကယ်သ​ဘောတူလိုက်တာပဲ..'

"ဒယ်ဒီ...ဘာဖြစ်လို့လဲ"

သူ့အော်သံကြောင့် သူ့ပေါင်ပေါ်မှာ ထိုင်နေသည့် သမီးငယ်ကပင် သူ့ကို မော့ကြည့်ရင်း မေးလာသည်။

"ဒယ်ဒီ ဘာမှမဖြစ်ဘူး သမီးငယ်"

သမီးငယ်၏ နဖူးကို ငုံ့နမ်းကာ
ပြုံးဖြီးနေသော မျက်နှာဖြင့် အဖြေပြန်ပေးလိုက်သည်။သို့သော် သမီးငယ်က သူ့ကို နားမလည်နိုင်သည့်ပုံဖြင့် ကြည့်လာကာ ခဏအကြာမှာတော့ သူ့ပေါင်ပေါ်မှဆင်းကာ သက်ငယ်အပေါ် ပြောင်းထိုင်တော့သည်။

"သမီးငယ်ရယ် ဒယ်ဒီက ဘာမှမဖြစ်ပါဘူး။
လာ လာ ပါးပါးရဲ့ခြေထောက်တွေ ညောင်းနေလိမ့်မယ်။ဒယ်ဒီ့ပေါ် လာထိုင်"

"ဒယ်ဒီက ခြေထောက်ညောင်းလို့ အော်တာမဟုတ်ဘူးလား"

သမီးငယ်စကားကြောင့် ကောင်းကင်မှာ ငိုရခက် ရယ်ရခက်နှင့်ပင်။

"မဟုတ်ရပါဘူးဗျာ"

"ပါးပါးဖက်ထား"

သူငြင်းလိုက်သော်လည်း သမီးငယ်က
သူ့ကို အရေးမလုပ်တော့ဘဲ သူ့ပါးပါးကိုသာ စကားပြန်ပြောပြီး တီဗီကိုသာ ကြည့်နေလေသည်။
ထို့ကြောင့် ကောင်းကင်လည်း သက်ငယ်ကိုကြည့်ကာ မယုံနိုင်စွာ ထပ်မေးလိုက်သည်။

" သက်ငယ် ခုဏက တကယ်ပြောတာလားဟင်"

ရှင်မင်းသက် ပြုံးမိသွားသည်။သူ့စကားကို မယုံနိုင်လို့ ကိုကောင်းက ကိုယ့်မျက်နှာကို ပြန်ဆိတ်နေတာလားဟု တွေးမိတော့ ရယ်ချင်လာသည်။

"အင်း ကျွန်တော် တကယ်ပြောနေတာ သွားကြရအောင်"

သူ့စကားကို မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားနှင့် ကြောင်ကြည့်နေသည့် ကိုကောင်းကြောင့် ငရဲကြီးလည်း ကြီးပါစေတော့ဟု ဆုံးဖြတ်ကာ
ကိုကောင်း၏ နဖူးကို တောက်ထည့်လိုက်သည်။

"အ "

ထိုအခါမှသာ ကောင်းကင်ခမျာ သတိဝင်လာသလို
သက်ငယ်ကိုပါ စိတ်ပူသွားသည်။သက်ငယ်၏
လက်ဖဝါးကို ဆွဲယူကာ

"သက်ငယ်ရာ.. ဘာလို့ ဒီလို တောက်လိုက်တာလဲ။
ကြည့်ဦး အခုတော့ လက်ချောင်းလေးက နီရဲသွားပြီ။
အရမ်းနာနေလား။နောက်ဆို ကိုယ့်ကို ရိုက်ချင်ရင် လက်ဗလာနဲ့ မလုပ်နဲ့။တုတ်တစ်ခုခု ရှာပြီးမှရိုက်"

ပြောလည်းပြောကာ သက်ငယ်၏ နီရဲနေသည့် လက်ချောင်းထိပ်လေးကိုပါ ​​​ဖွဖွလေး နှိပ်ပေးနေလိုက်သည်။

ဒီတစ်ခေါက်မှာတော့ ရှင်မင်းသက်၏ နုနယ်နယ်
နှလုံးသားလေးမှာ ပရမ်းပတာကို ခုန်ပေါက်နေတော့သည်။အတောက်ခံရသည့် ကိုယ့်နှဖူးကိုယ် ဂရုမစိုက်ဘဲ မိမိလက်ကိုသာ ဂရုစိုက်နေသည်တဲ့လေ။

ခုဏတုန်းကအထိ သူ့ဆုံးဖြတ်ချက်က မှန်ကန်ရဲ့လားလို့ တွေဝေနေခဲ့သေးတာ အခုချိန်မှာတော့ ထပ်စဉ်းစားစရာမလိုတော့မှန်း သိလိုက်သည်။

"သွားကြရအောင် ကိုကောင်း "

ကိုကောင်း သူ့ကိုမော့ကြည့်လာသည်။

"ကိုကောင်းအမေဆီကို အခုပဲ သွားကြရအောင် "

ရှင်မင်းသက် ပြုံးကာ ထပ်ပြောလိုက်သည်။

ကောင်းကင်လည်း သက်ငယ်၏လက်ကို မလွှတ်တော့ဘဲ ဆက်လက် ဆုပ်ကိုင်ထားရင်းဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ရှုမဝလေးကတော့ အဖေနှစ်ယောက်လုံး၏
တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး ပြုံးပြုံးကြီး စိုက်ကြည့်နေကြသည်ကို မမြင်ချင်ယောင်ဆောင်ကာ သမီးလိမ္မာလေးပီပီ တီဗီကိုသာ အသံမထွက်ဘဲ ကြည့်နေလိုက်သည်။

(ရို့ ပိစိလေး သေးသေးလေးroထားပါတယ်လို့။
တိုပေမဲ့လည်း ဒီနေရာကနေ ဖြတ်ချလိုက်မှ ရမှာမို့လို့ပါ။ဒီ စာရေးသူအသစ်ရဲ့ မသေမသပ်လက်ရာနဲ့ စာလုံးပေါင်းအမှားတွေကို ဖတ်ကြည့်ပေးကြတဲ့ ဒါဒါတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်😘😘

K...အလုပ်ကအပြန် ခွေးလိုက်ဆွဲလို့ ထွက်ပြေးရင်း ခြေထောက်ကွဲသွားတဲ့မိမိ..😑😑😑)

__________________________

Zawgyi

Ep.27

ယခုတေလာ ႐ွင္မင္းသက္တို႔၏ အိမ္ေလးမွာ အလြန္႔အလြန္ ေအးခ်မ္းေနေလသည္။ဟိုေန႔ကျဖစ္သြားတဲ့ ကိစၥေၾကာင့္ ကိုေကာင္းက သူ႕ကို အားနာေနပုံရကာ ထမင္းခ်ိဳင့္လည္း မပို႔ခိုင္းေတာ့ေပ။

အမွန္တိုင္းေျပာရရင္ ႐ွင္မင္းသက္လည္း
ကိုေကာင္းကို ႐ွိန္ေနမိသည္မွာ သူ႕ကို ခ်စ္တယ္လို႔ ၀န္ခံထားကတည္းကပင္ ျဖစ္သည္။ခေလးငယ္ႏွင့္ သုံးေယာက္သား အတူ႐ွိေနရင္ အဆင္ေျပေပမဲ့ ႏွစ္ေယာက္ထဲ မ်က္ႏွာခ်င္းဆိုင္ရတဲ့ အခ်ိန္ေတြမွာဆို
ရင္တုန္လာသလိုလို၊ ရင္ခုန္သလိုလိုႏွင့္
ကိုေကာင္းမ်က္ႏွာကိုပဲ ေငးၾကည့္ခ်င္ေနသည္။

ထမင္းဟင္းခ်က္ေနရင္း ကိုေကာင္းကို ေငးေနမိလို႔
အပူေလာင္တာလည္း ခဏခဏျဖစ္သလို လမ္း​ေလွ်ာက္ရင္းႏွင့္လည္း ေငးေနမိလို႔ ခလုတ္တိုက္တာလည္း အႀကိမ္ႀကိမ္ပင္။

ထိုသို႔ေငးေနရသည္ကိုပင္ သူ႕မွာ ေပ်ာ္ေနမိသလို ဘယ္ေလာက္ေငးေငး ေငးမဝ ျဖစ္ေနတာေၾကာင့္ သူ႕ကိုယ္သူလည္း ဘာျဖစ္ေနမွန္း နားမလည္ႏိုင္ေတာ့။ထို႔အျပင္ အစ္မႀကီးေဂ်းမီကို အ႐ြဲ႕တိုက္ဖို႔အတြက္ဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္ ကိုေကာင္းအနား ႐ွိေနရသည့္အခ်ိန္တိုင္း ရင္ထဲ တသိမ့္သိမ့္ႏွင့္​ပင္..။

သို႔ေသာ္ ကိုေကာင္းအနား ႐ွိေနခြင့္ရတိုင္း စိတ္ထဲ ေပ်ာ္ေနမိေပမဲ့ ထိုအရာကို ထုတ္ေျပာမွာမဟုတ္။ကိုေကာင္းက သူတို႔သားအဖႏွင့္ ဘယ္အခ်ိန္ထိ ေနေပးႏိုင္မလဲဆိုတာကိုလည္း သူ မသိသလို ကိုေကာင္းကိုလည္း မေမးခ်င္ေပ။

ကိုေကာင္းဘက္က သူ႕ကိုခ်စ္တယ္၊ သူႏွင့္ပဲ အတူေနခ်င္တယ္လို႔ ေျပာေပမဲ့ တစ္ေန႔မွာ သူ႕ထက္ ပိုခ်စ္ရမည့္လူ ႐ွိမလာဘူးလို႔ ပုံေသတြက္ထားလို႔မွ မရတာပဲေလ..။ကိုေကာင္းကို မယုံၾကည္တာ မဟုတ္ဘဲ ကံၾကမၼာဆိုသည့္အရာက ယုံၾကည္လို႔ မရတာျဖစ္သည္။

တစ္ေန႔မွာ ကိုေကာင္းက သူတို႔သားအဖအနားက​ေန ထြက္သြားသည့္အခါ သူ႕ကိုယ္သူေရာ ခ​​ေလးငယ္ကိုပါ ႏွစ္သိမ့္ေပးႏိုင္ဖို႔အတြက္ အခုအခ်ိန္ကတည္းက စိတ္ကိုျပင္ဆင္ထားရမည္။

အခ်စ္က ဘာလဲဆိုတာ သူမသိေပမဲ့
ကိုေကာင္းကိုေတာ့ သူတို႔ သားအဖႏွစ္ေယာက္ႏွင့္အတူ အသက္ေတြႀကီးသြားသည့္အခ်ိန္ထိ ႐ွိေနေစခ်င္သည္။

ကိုေကာင္းႏွင့္ အတူေနၾကသည္မွာ
တစ္ႏွစ္ေတာင္ မျပည့္ေသးေပမဲ့ ကိုေကာင္းကို အလြယ္တကူ ထိေတြ႕လို႔ရသလို ထိေတြ႕လိုက္တိုင္းလည္း အသန္႔ႀကိဳက္သည့္စိတ္ေတြ၊ မထိေတြ႕ ခ်င္သည့္စိတ္ေတြက လုံးဝ ျဖစ္ေပၚမလာေပ။

ကိုေကာင္းႏွင့္ အတူေနခါစမွာ ညဘက္ေတြဆို ေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္ဘဲ ခဏခဏ လန္႔ႏိုးလာတတ္ေပမဲ့ ကိုေကာင္းက သူတို႔သားအဖအေပၚမွာ အရမ္းေကာင္းေပးခဲ့သလို ေၾကာက္႐ြံ႕ထိတ္လန္႔စိတ္တို႔ပါ မ႐ွိေတာ့သည္အထိ ဂ႐ုစိုက္ေပးခဲ့သည္။လပိုင္းေလးႏွင့္တင္ ႐ွင္မင္းသက္၏ အတြင္းစိတ္ထဲကေန ကိုေကာင္းကို ယုံၾကည္လာရေတာ့သည္။

ထို႔အျပင္ သူ႕မွာ မိသားစုဆိုလို႔ သူကိုယ္တိုင္ လြယ္ေမြးထားခဲ့သည့္ ခေလးငယ္တစ္ေယာက္ကလြဲရင္ ဘယ္သူမွ မ႐ွိတာေၾကာင့္ အခုလို သူ႕အေပၚမွာ အေဖတစ္ေယာက္လိုေရာ၊ အကိုႀကီးတစ္ေယာက္လိုပါ၊အခုဆိုရင္ ခ်စ္ေၾကာင္းပါ ဖြင့္ေျပာထားတဲ့ ဒီအမ်ိဳးသားကို သူ ေလာဘတက္မိပါသည္။

သူ႕အေနႏွင့္ မိန္းကေလးတစ္ေယာက္ကဲ့သို႔ ခႏၶာကိုယ္တည္ေဆာက္ပုံ ႐ွိေနေပမဲ့လည္း ကိုေကာင္းႏွင့္ မေတြ႕ခင္တုန္းကအထိ မိန္းကေလးေတြကိုသာ စိတ္၀င္စားခဲ့တာျဖစ္သည္။ခေလးငယ္က သူေလးကလြဲၿပီး တစ္ပါးသူကို အေလးေပးဆက္ဆံသည္ကို မႀကိဳက္တာေၾကာင့္သာ ဘယ္မိန္းကေလးႏွင့္မွ မ႐ႈပ္ခဲ့တာ ျဖစ္သည္။သို႔ေပမဲ့ ကိုယ့္အႀကိဳက္ကိုေတာ့ ခြဲျခားသိႏိုင္ပါသည္။

သို႔ေသာ္ျငားလည္း ယခုအခ်ိန္မွာေတာ့ သူတို႔သားအဖအေပၚ ေႏြးေထြးသည့္ ခ်စ္ျခင္းေမတၱာေတြႏွင့္ ေပ်ာ္႐ႊင္စရာ မိသားစုဘဝေလးကိုပါ ဖန္တီးေပးေနသည့္ ဒီအမ်ိဳးသား​ကို ေလာဘတက္မိတာ မမွားဘူးဟု သူထင္သည္။သူတို႔သားအဖႏွင့္အတူ အၾကာႀကီး ႐ွိေနေစခ်င္သည္။႐ွိေနဖို႔ကိုလည္း ေန႔ရက္တိုင္းမွာ ဆုေတာင္းေနမိသည္။

ဒါေပမဲ့လည္းေပါ့ ကိုေကာင္းကသာ သူတို႔အနားမွာ မေနခ်င္ေတာ့တဲ့အခါ ႐ွင္မင္းသက္အေနႏွင့္ ဆြဲထားမွာမဟုတ္။မိမိဘက္က ဆြဲထားမွ ၿမဲေနမည့္ ဆက္ဆံေရးကို သူ မလိုလားေပ။

ထားလိုက္ပါေလ ျဖစ္မလာေသးတဲ့ အနာဂတ္ေတြကို ႀကိဳတင္ၿပီး စိတ္ပူေနတာက ဘာေကာင္းက်ိဳးမွ ႐ွိလာမည္မဟုတ္ေပ။အခုလက္႐ွိမွာ ကိုေကာင္းက သူတို႔သားအဖႏွင့္အတူ ေပ်ာ္႐ႊင္စြာ ႐ွိေနေသးသည္။
ထို႔ေၾကာင့္ ျဖစ္မလာေသးသည္ကို ေတြးပူေနမည့္အစား လက္႐ွိထက္ ပိုၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေန႔ရက္ေတြ ျဖစ္လာေအာင္ ႀကိဳးစားဖန္တီးဖို႔ကသာ အေရးႀကီးသည္။

"သက္ငယ္... သက္ငယ္ "

"ဟမ္.. အာ..အင္း ကိုေကာင္း ဘာျဖစ္လို႔လဲ "

အေတြးလြန္ေနရာမွ ကိုေကာင္းက မ်က္လုံးေ႐ွ႕တည့္တည့္ လက္ေတြကို ေဝွ႔ယမ္းျပလာေတာ့မွသာ သတိဝင္လာေတာ့သည္။ယခုလက္႐ွိမွာ သူတို႔သုံးေယာက္လုံးက အိမ္ေ႐ွ႕ဧည့္ခန္းမွာ တီဗီ ထိုင္ၾကည့္ေနၾကတာျဖစ္သည္။

"ကိုယ့္အေမ ဖုန္းဆက္တယ္ အိမ္ကိုလာခဲ့ပါဦးတဲ့ "

"အင္း...သြားေလ "

ထိုသို႔ေျပာလိုက္ေပမဲ့ ကိုေကာင္းပုံစံက သူ႕ကို တစ္ခုခုေျပာဖို႔ စိုး႐ြံ႕ေနသည့္ပုံပင္။

"အင္း.. ဒါေပမဲ့ "

"ဒါေပမဲ့ ဘာျဖစ္လို႔လဲ...ကြၽန္ေတာ္တို႔က မိသားစုေတြပဲေလ အားမနာဘဲ ေျပာလို႔ရပါတယ္ "

ထိုသို႔ ေျပာလိုက္ေတာ့မွသာ သူ႕မ်က္လုံးကို တည့္တည့္မၾကည့္ေတာ့ဘဲ ေခါင္းငုံ႔ကာ တိုးတိုးေလး ေျပာလာေတာ့သည္။

"ကိုယ့္အေမက ကိုယ္တစ္ေယာက္ထဲကို ေခၚတာမဟုတ္ဘူး။သက္ငယ္ကိုေရာ သမီးငယ္ကိုပါ ေခၚလာဖို႔ေျပာတယ္"

ကိုေကာင္းစကားေၾကာင့္ ရင္ထဲ ထိတ္ခနဲပင္။ထိတ္လန္႔႐ုံတင္မက ရင္ေလးမိသလို ေၾကာက္လည္း ေၾကာက္မိသည္။ကိုေကာင္းအေမက သူ႕ကို တစ္ခုခု ေျပာလာမွာထက္ သူ႕ခ​ေလးငယ္ကို တစ္ခုခုေျပာလာမွာကို​ ပိုေၾကာက္ပါသည္။

"သက္ငယ္ အဆင္သင့္မျဖစ္ေသးမွန္း ကိုယ္သိပါတယ္။အဲ့တာေၾကာင့္ ကိုယ္ျငင္းေပမဲ့ ေမက ခဏခဏ ေခၚေနလို႔ သက္ငယ္ကို ေျပာၾကည့္တာပါ။အဲတာေၾကာင့္ အဆင္သင့္ မျဖစ္ေသးလည္း ဘာမွ မျဖစ္ဘူး။ကိုယ္က ဒီအတိုင္း ေျပာျပ႐ုံပါ။သက္ငယ္က တစ္မ်ိဳးမထင္ဘူးမို႔လား"

အခုလည္း ၾကည့္ပါအုံး။သူက ဘာမွေတာင္ မေျပာရေသးဘူး ကိုေကာင္းက သူ႕အတြက္ ေတြးေပးေနျပန္ၿပီ။ဘယ္လိုလုပ္ၿပီး ဒီအမ်ိဳးသားကို သူ လက္လႊတ္ရပါ့မလဲ။လက္မလႊတ္ခ်င္လို႔ တစ္ခါေလာက္ ႀကိဳးစားၾကည့္ရမလား။

ဆုံးျဖတ္ခ်က္ခ်ကာ ကိုေကာင္းကို မ်က္လုံးခ်င္း ဆုံၾကည့္လိုက္ၿပီး "သြားၾကတာေပါ့ "ဟု ေျပာလိုက္သည္။

သက္ငယ္အေျဖေၾကာင့္ ေကာင္းကင္မွာ မ်က္လုံးေတြပင္ ျပဴးက်ယ္လာရသည္။သက္ငယ္ဘက္က အခုလို သေဘာတူလာလိမ့္မည္ဟု လုံးဝ မထင္ထားခဲ့ပါ။

'ဘာေၾကာင့္ လြယ္လြယ္ႏွင့္ သေဘာတူလိုက္တာပါလိမ့္။သူ အိပ္မက္ မက္ေနတာမ်ားလား'

ထိုအေတြးေၾကာင့္  ကိုယ့္မ်က္ႏွာကို ဆိတ္ၾကည့္လိုက္သည္။

" အ "

'နာတယ္ဟ...
သက္ငယ္က တကယ္သ​ေဘာတူလိုက္တာပဲ..'

"ဒယ္ဒီ...ဘာျဖစ္လို႔လဲ"

သူ႕ေအာ္သံေၾကာင့္ သူ႕ေပါင္ေပၚမွာ ထိုင္ေနသည့္ သမီးငယ္ကပင္ သူ႕ကို ေမာ့ၾကည့္ရင္း ေမးလာသည္။

"ဒယ္ဒီ ဘာမွမျဖစ္ဘူး သမီးငယ္"

သမီးငယ္၏ နဖူးကို ငုံ႔နမ္းကာ
ျပဳံးၿဖီးေနေသာ မ်က္ႏွာျဖင့္ အေျဖျပန္ေပးလိုက္သည္။သို႔ေသာ္ သမီးငယ္က သူ႕ကို နားမလည္ႏိုင္သည့္ပုံျဖင့္ ၾကည့္လာကာ ခဏအၾကာမွာေတာ့ သူ႕ေပါင္ေပၚမွဆင္းကာ သက္ငယ္အေပၚ ေျပာင္းထိုင္ေတာ့သည္။

"သမီးငယ္ရယ္ ဒယ္ဒီက ဘာမွမျဖစ္ပါဘူး။
လာ လာ ပါးပါးရဲ႕ေျခေထာက္ေတြ ေညာင္းေနလိမ့္မယ္။ဒယ္ဒီ့ေပၚ လာထိုင္"

"ဒယ္ဒီက ေျခေထာက္ေညာင္းလို႔ ေအာ္တာမဟုတ္ဘူးလား"

သမီးငယ္စကားေၾကာင့္ ေကာင္းကင္မွာ ငိုရခက္ ရယ္ရခက္ႏွင့္ပင္။

"မဟုတ္ရပါဘူးဗ်ာ"

"ပါးပါးဖက္ထား"

သူျငင္းလိုက္ေသာ္လည္း သမီးငယ္က
သူ႕ကို အေရးမလုပ္ေတာ့ဘဲ သူ႕ပါးပါးကိုသာ စကားျပန္ေျပာၿပီး တီဗီကိုသာ ၾကည့္ေနေလသည္။
ထို႔ေၾကာင့္ ေကာင္းကင္လည္း သက္ငယ္ကိုၾကည့္ကာ မယုံႏိုင္စြာ ထပ္ေမးလိုက္သည္။

" သက္ငယ္ ခုဏက တကယ္ေျပာတာလားဟင္"

႐ွင္မင္းသက္ ျပဳံးမိသြားသည္။သူ႕စကားကို မယုံႏိုင္လို႔ ကိုေကာင္းက ကိုယ့္မ်က္ႏွာကို ျပန္ဆိတ္ေနတာလားဟု ေတြးမိေတာ့ ရယ္ခ်င္လာသည္။

"အင္း ကြၽန္ေတာ္ တကယ္ေျပာေနတာ သြားၾကရေအာင္"

သူ႕စကားကို မယုံၾကည္ႏိုင္စြာ မ်က္လုံးအျပဴးသားႏွင့္ ေၾကာင္ၾကည့္ေနသည့္ ကိုေကာင္းေၾကာင့္ ငရဲႀကီးလည္း ႀကီးပါေစေတာ့ဟု ဆုံးျဖတ္ကာ
ကိုေကာင္း၏ နဖူးကို ေတာက္ထည့္လိုက္သည္။

"အ "

ထိုအခါမွသာ ေကာင္းကင္ခမ်ာ သတိဝင္လာသလို
သက္ငယ္ကိုပါ စိတ္ပူသြားသည္။သက္ငယ္၏
လက္ဖဝါးကို ဆြဲယူကာ

"သက္ငယ္ရာ.. ဘာလို႔ ဒီလို ေတာက္လိုက္တာလဲ။
ၾကည့္ဦး အခုေတာ့ လက္ေခ်ာင္းေလးက နီရဲသြားၿပီ။
အရမ္းနာေနလား။ေနာက္ဆို ကိုယ့္ကို ႐ိုက္ခ်င္ရင္ လက္ဗလာနဲ႔ မလုပ္နဲ႔။တုတ္တစ္ခုခု ႐ွာၿပီးမွ႐ိုက္"

ေျပာလည္းေျပာကာ သက္ငယ္၏ နီရဲေနသည့္ လက္ေခ်ာင္းထိပ္ေလးကိုပါ ​​​ဖြဖြေလး ႏွိပ္ေပးေနလိုက္သည္။

ဒီတစ္ေခါက္မွာေတာ့ ႐ွင္မင္းသက္၏ ႏုနယ္နယ္
ႏွလုံးသားေလးမွာ ပရမ္းပတာကို ခုန္ေပါက္ေနေတာ့သည္။အေတာက္ခံရသည့္ ကိုယ့္ႏွဖူးကိုယ္ ဂ႐ုမစိုက္ဘဲ မိမိလက္ကိုသာ ဂ႐ုစိုက္ေနသည္တဲ့ေလ။

ခုဏတုန္းကအထိ သူ႕ဆုံးျဖတ္ခ်က္က မွန္ကန္ရဲ႕လားလို႔ ေတြေဝေနခဲ့ေသးတာ အခုခ်ိန္မွာေတာ့ ထပ္စဥ္းစားစရာမလိုေတာ့မွန္း သိလိုက္သည္။

"သြားၾကရေအာင္ ကိုေကာင္း "

ကိုေကာင္း သူ႕ကိုေမာ့ၾကည့္လာသည္။

"ကိုေကာင္းအေမဆီကို အခုပဲ သြားၾကရေအာင္ "

႐ွင္မင္းသက္ ျပဳံးကာ ထပ္ေျပာလိုက္သည္။

ေကာင္းကင္လည္း သက္ငယ္၏လက္ကို မလႊတ္ေတာ့ဘဲ ဆက္လက္ ဆုပ္ကိုင္ထားရင္းျဖင့္ ျပဳံးကာ ေခါင္းညိတ္ျပလိုက္သည္။

႐ႈမဝေလးကေတာ့ အေဖႏွစ္ေယာက္လုံး၏
တစ္ေယာက္လက္ တစ္ေယာက္ကိုင္ၿပီး ျပဳံးျပဳံးႀကီး စိုက္ၾကည့္ေနၾကသည္ကို မျမင္ခ်င္ေယာင္ေဆာင္ကာ သမီးလိမၼာေလးပီပီ တီဗီကိုသာ အသံမထြက္ဘဲ ၾကည့္ေနလိုက္သည္။

(႐ို႕ ပိစိေလး ေသးေသးေလးroထားပါတယ္လို႔။
တိုေပမဲ့လည္း ဒီေနရာကေန ျဖတ္ခ်လိုက္မွ ရမွာမို႔လို႔ပါ။ဒီ စာေရးသူအသစ္ရဲ႕ မေသမသပ္လက္ရာနဲ႔ စာလုံးေပါင္းအမွားေတြကို ဖတ္ၾကည့္ေပးၾကတဲ့ ဒါဒါေတြအားလုံးကိုေက်းဇူးတင္ပါတယ္႐ွင့္😘😘

K...အလုပ္ကအျပန္ ေခြးလိုက္ဆြဲလို႔ ထြက္ေျပးရင္း ေျခေထာက္ကြဲသြားတဲ့မိမိ..😑😑😑)

Continue Reading

You'll Also Like

383K 15.5K 39
"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"
508K 36.3K 55
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) မွေးစားသားနဲ့ သားအရင်းကြားက အထင်လွဲပြီး မုန်းတီးမှုတွေကနေ အချစ်ဖြစ်လာနိုင်ပါ့မလား!? ေမြးစားသားနဲ႔ သားအရင္းၾကားက အထင္လြဲၿပီး...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022