Ep.43

16.3K 1.2K 56
                                    

Unicode

Ep.43

ယခုအချိန်မှာတော့ ရှင်မင်းသက်တို့၏ မိသားစုဘဝလေးသည် ပုံမှန် လည်ပတ်နေပြီးဖြစ်သည်။
အရင်အိမ်ထဲမှာပဲ သုံးယောက်လုံး အတူနေကြပြီး၊
ခလေးငယ်ကတော့ သူ့ဘွားဘွားကြီး အထီးကျန်နေမှာစိုးတာကြောင့် စနေ၊တနင်္ဂနွေနေ့တွေမှာ သူ့အဘွားအိမ်တွင် သွားနေပြီး၊ ကျောင်းဖွင့်ရက်မှသာ ရှင်မင်းသက်တို့နှင့် အတူနေသည်။

ပြောင်းလဲသွားသည်မှာ ခလေးငယ်သည် နေ့ခင်းပိုင်းအချိန်တွေ၊ အားလပ်သည့် အချိန်တွေမှသာ ရှင်မင်းသက် အနားကို ကပ်ပြီး၊ အရင်လို အတူတူ လာမအိပ်တော့ပေ။ဟိုးအရင်ကတည်းက သူလေးအတွက် ပြင်ဆင်ထားသည့် အခန်းထဲမှာသာ ညအိပ်တော့သည်။နောက်တစ်ခုမှာ ရှင်မင်းသက်အနေနှင့် cafeကို ပြန်ဖွင့်ချင်သော်ငြား မေရော၊ ကိုကောင်းအပါအဝင်၊ ခလေးငယ်ကပါ သူ့ကို ဆိုင်မဖွင့်ဖို့ တားထားကြသည်။

မေ့၏ အကြောင်းပြချက်မှာ ရှင်းသည်။'နားနားနေနေ နေပါအုံးတဲ့'လေ။
ကိုကောင်းကတော့ 'သူတို့ကို နှစ်နှစ်ထိ ပစ်ထားခဲ့သလိုမျိုး နှစ်နှစ်တိတိ အလုပ်မလုပ်ဘဲ အဖော်ပြုပေးပါ'တဲ့။ထို့အတူ ခလေးငယ်သည်လည်း သူ့အဖေ သဘောအတိုင်းပင်။

ထို့ကြောင့် ယခုလက်ရှိတွင် ရှင်မင်းသက်သည်
၁၀၉ ၊၁၁၀တစ်ယောက်သာ ဖြစ်သည်။သို့သော် ၁၀၉၊၁၁၀ဆိုသော်ငြား ရှင်မင်းသက်ကို အထင်သေးလို့ မရပေ။ကိုကောင်းသည် သူ့၏ ဘဏ်ကတ်ကို ပေးထားကာ လတိုင်း ဝင်လာသည့် ငွေအမောက်မှာလည်း လုံးဝထိတ်လန့်စရာပင်။မှန်တာပေါ့ အလကားတော့ ဘယ်ဟုတ်ပါ့မလဲ။လောကကြီးမှာ အလကားဆိုတာမရှိဘူးမို့လား။

ဘဏ်ကတ်အတွက် ရှင်မင်းသက်လုပ်ပေးရသည်မှာ ကိုကောင်းအတွက် နေ့တိုင်း နေ့လယ်စာထမင်း ပို့ပေးရတာဖြစ်သည်။ဒါကိုတော့ ပင်ပန်းသည်ဟု ရှင်မင်းသက် မထင်ပေ။မဟုတ်လည်း အိမ်ထဲမှာ သူတစ်ယောက်ထဲသာ ပျင်းနေရသည်လေ။

တချို့ရက်များတွင် ကိုကောင်း တစ်ယောက်စာအတွက်ပင်မက၊ သူ့အတွက်ပါ ပိုထည့်ကာ ကိုကောင်းနှင့်အတူ နေ့လယ်စာ စားကာ အိမ်ပြန်မလာတော့ဘဲ ကိုကောင်း၏ ရုံးခန်းမှာသာ ကိုကောင်းကို စောင့်နေတတ်သည်။သမီးငယ်ကို ကျောင်းကြိုရမည့်အချိန်မှသာ နှစ်ယောက်သားအတူ သမီးငယ်ကိုကျောင်းသွားကြိုပြီး  သုံးယောက်အတူ အိမ်ပြန်ကြလေသည်။အင်း တချို့ရက်ဆိုတာက တစ်ပတ်မှာ ၆ရက်လောက်၊ အလုပ်ပိတ်ရက်ကလွဲရင် ရှင်မင်းသက်ထိုသို့သာ လုပ်လေသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now