Ep.28

17.4K 1.5K 51
                                    

Unicode

Ep.28

ကိုကောင်းတို့အိမ်ကို သွားနေသည့် လမ်းတွင်ဖြစ်သ ည်။

"ပါးပါး နေမကောင်းဘူးလား။
ပါးပါးလက်တွေ အေးနေတယ်"

ရှင်မင်းသက်မှာတော့ ဆုံးဖြတ်ချက်ချက်ချတုန်းက အဆင်ပြေပေမဲ့ တကယ်တမ်းသွားရတော့ ကားစီးနေရင်းနှင့်ပင် ခြေဖျားလက်ဖျားတွေက အေးစက်လာတော့သည်။ကိုကောင်းအမေက ခ​လေးငယ်ကို တစ်ခုခု ပြောလာမှာကို စိုးရိမ်နေမိသည်။

"ပါးပါးနေလို့ကောင်းပါတယ် ခလေးငယ်။ကားအဲကွန်းကြောင့် လက်တွေအေးနေတာပါ"

ထိုသို့ပြောလိုက်​တော့ ချစ်လို့မ၀သည့် ခ​လေးငယ်က ရှင်မင်းသက်၏ လက်ဖဝါးနှစ်ဖက်ကို သူ့လက်ဖဝါးသေးသေးလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ

"နွေးသွားအောင် မီးကိုင်ထားပေးမယ်"ဟု ဆိုလာကာ သူ(မ)လေး၏ လက်သေးသေးလေးဖြင့် နှိပ်နယ်ပေးနေသလို ပါးစပ်နှင့်လည်း အာငွေ့ပေးနေသေးသည်။

ရှင်မင်းသက်မှာတော့ အသဲယားလွန်းလို့ ခလေးငယ်၏ ခေါင်းပေါ်မှာသာ မေးဖျားကို ခင်ဖွဖွတင်ထားလိုက်သည်။

ကောင်းကင်မှာတော့ ထိုသားအဖနှစ်ယောက်ကိုကြည့်ပြီး ပီတိတွေစားနေရသည်။

သူတို့ကားလေးဟာ မကြာခင်မှာပင် လူချမ်းသာတွေသာနေသည့် ဆိတ်ငြိမ်ရပ်ကွက်ကို ရောက်လာခဲ့ပြီး ရပ်ကွက်ထဲဝင်ရန် ဂိတ်မှာ အစစ်ဆေးခံရသေးသည်။

ရပ်ကွက်ထဲကို ဝင်ပြီး မကြာလိုက်ခင်မှာပင် သူတို့ စီးလာသည့် ကားလေးက နှစ်ထပ်တိုက်ကြီးရှေ့မှာ ရပ်ကာ ဟွန်းတီးလိုက်တော့ ခဏလေးအတွင်းမှာ ခြံတံခါးက အော်တို ပွင့်လာသည်။ထို့နောက် ခြံဝန်းထဲသို့ဝင်သွားကာ အိမ်ရှေ့ဆင်ဝင်မှာ ရပ်လိုက်သည်။

အမျိုးသမီးကြီးတစ်ဦးက အိမ်ရှေ့မှာ ထွက်ကြိုနေသည်ကို ရှင်မင်းသက် တွေ့လိုက်တာကြောင့် ​ပြေ​ပြေ​လေး ဆုပ်ကိုင်ထားသည့် ခလေးငယ်၏ လက်ကို အားနှင့် ဆုပ်ကိုင်လိုက်မိတော့သည်။

ခ​​လေးငယ်ဟာ သူ၏ လက်သေးသေးလေးကို
ရှင်မင်းသက်လက်ဖဝါးနှစ်ဖက်မှ ရုန်းထွက်ကာ
ပေါင်ပေါ် ထိုင်နေရာမှ ထလာပြီး ရှင်မင်းသက်၏မျက်နှာကို ကိုင်ကာ နဖူးပြင်ကို ဖွဖွ​လေး
နမ်းလာသည်။ထို့နောက် ရှင်မင်းသက်၏ နားရွက်နားကို ကပ်လာကာ...

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now