The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 2

2.5K 347 15
By Astronv_61

Unicode

ဂွမ်းစောင်ပုံကြီးကြား ကွေးအိပ်နေသော ကောင်လေးက သိသိသာသာ တုန်ယင်နေသည်မှာ ပြတင်းပေါက်ဖွင့်ထားမိလို့ ချမ်းနေသည့်ပုံပင်။ သတိတရပင် လေတိုးဝင်နေသည့် ပြတင်းပေါက်ကို ပိတ်ပေးလိုက်သည်။ ထိုပုံစံအတိုင်းသာ တစ်ညလုံးထားပါက လေဖြတ်သေနေလိမ့်မည်မို့။ သေချာပြန်ကြည့်ကြည့်တော့ မျက်နှာပေါက်သေးသေး၊ ခန္တာကိုယ်လည်းသေးသေး၊ တိုက်ခန်းကလည်းသေးသေး၊ အကုန်သေးနေသည်ပင်။

သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းမှုတ်ထုတ်မိလိုက်သည်။

ဘေးတွင် အတိုင်းသားပုံထားသည့် အဝတ်အစားတို့ဘက် အကြည့်ရောက်တော့ မှုတ်ထုတ်လိုက်သည့် လေပူတို့ ပြန်ဆောင့်ဝင်လာသယောင်။ ထို့နောက် အဝတ်တွေဖရိုဖရဲ ချိတ်တင်ထားသော အဝတ်စင်တစ်ခုပေါ် အကြည့်ရောက်သည်။ ချိတ်ထားသည့် အဝတ်ကချိတ်ထားပေမယ့် တို့လို့တွဲလောင်းကျနေသည့် တချို့က လျှော်ပြီးသားလား ဝတ်ပြီးသားလား မခွဲနိုင်သည်အထိ တွန့်ကြေနေသည်။ အခန်းဝင်ပေါက်နားက ဗီရိုသေးသေးလေးပေါ်တွင်မူ ဓာတ်ပုံတချို့နှင့် စာအုပ်တွေအထပ်လိုက် ပြွတ်သိပ်ထည့်ထားသည်မို့ ကြည့်မကောင်း။

ဆယ်ပေပတ်လည်အခန်းကျဥ်းလေးသည် မည်သည့်အရာများနှင့် ပြည့်နေမှန်းပင်မသိအောင်ပင် မျက်စိရှုပ်နေသည်။ စာလုပ်ပြီး စာအုပ်တွေအထပ်လိုက် သေချာပြန်သိမ်းခဲ့သည်ပင် ကျေးဇူးတင်ရမလို။ ကြည့်ရသလောက် သပ်သပ်ရပ်ရပ်မနေသည်မဟုတ်ဘဲ သပ်ရပ်နေဖို့အချိန်မပေးနိုင်သည့်ပုံ။ ခြေချစရာနေရာရှိသည်ပင် တကယ်ကံကောင်းသည်။ မှန်ရဲ့လား နောက်တစ်ကြိမ် ဓာတ်ပုံထုတ်စစ်ကြည့်မိတော့ တစ်ပုံစံမှတစ်ပုံစံတည်းပင်။ အမှတ်ပါမပါ စစ်ဆေးဖို့ကိုတော့ နောက်ရွှေ့လိုက်သည်။ နောက်တစ်ကြိမ် သက်ပြင်းခပ်ဖြည်းဖြည်း မှုတ်ထုတ်မိပြန်သည်။ သေချာသည်ကတော့ chanyeol ရေရှည်အတွက် စိတ်ကိုဆွဲဆန့်ထားရမည်ဖြစ်သည်။

ဗီရိုပေါ်ရှိ ဓာတ်ပုံတွေကိုအကြည့်ရောက်မိတော့ ခြေကအလိုလိုလှမ်းရန် ပြင်မိသည်။ သို့သော်ငြား တစ်လှမ်းမျှသာ ရှိသေး။ chanyeol အလိုလိုရပ်တန့်လိုက်ကာ သိချင်စိတ်အစုံကိုလည်း အနောက်ပို့လိုက်သည်။ သူများအတွင်းကိစ္စက မသိတာကောင်းသည်မို့။ အထူးသဖြင့် ကံကြမ္မာနှင့် မွေးလာခဲ့သည့်သူမို့။ စောင်ပုံတွေကြားက ကောင်လေးကို နောက်တစ်ကြိမ် ကြည့်လိုက်မိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေဆဲ။ ညအိပ်ချိန်မို့ ထိုကောင်လေးအား စိတ်ချလက်ချ ပစ်ထားခဲ့လိုက်လို့ရသော်ငြား ဒီညလပြည့်မို့ အခန်းထဲသာနေလိုက်ရန် တွေးမိသည်။

ထိုအောက်တန်းကျ သတ္တဝါပုံစံမပြောင်းချင်လည်း ပြောင်းရဦးမည်။ ကိုယ်ဖျောက်လို့ရလျှင်လည်း ကောင်းသားပင်။ ထိုနိမ့်ကျသည့်သတ္တဝါပုံစံဖြင့် မနေချင်ပေမယ့် အခုတော့ရွေးချယ်စရာမရှိ။ ဗီရိုလေးပေါ် ခပ်ခွေခွေနေရာယူထားလိုက်ပေမယ့် မျက်လုံးတွေမပိတ်ဖြစ်သေး။ ဟန်ပြသာ အိပ်သည်မို့ ထိုကောင်လေးကိုသာ တစ်ညလုံး အကြည့်မလွှဲ စူးစိုက်ကြည့်နေခဲ့ရသည်။

_____

ချမ်းအေးလွန်းနေသည့် ပတ်ပတ်လည်ကြောင့် ဂွမ်းစောင်ကြီးကို ပိုမိုတင်းကျပ်စွာ ဆွဲဖက်မိလိုက်သည်။ ခေါင်းရင်းနားက ထပ်ခါတလဲလဲ ထွက်ပေါ်နေသည့် သီချင်းသံက Alarm သံ မဟုတ်သည်မို့ စောင်ပုံကြားမှ လက်တစ်ဖက်ထွက်လာ၏။ မျက်လုံးမပွင့်သည့်ကြားမှ ကိုင်လိုက်တော့ အလျင်လိုနေသည့် အသံတစ်သံထွက်လာ၏။

"ဘခ်ဟျွန်း ဒီနေ့ကျောင်းလာမှာလား"

"ဟမ်.."

ပြောလိုက်သည့် စကားလုံးများက နားထဲဝင်ပေမယ့် အိပ်ချင်နေဆဲမို့ နားမလည်သေး။ အသံအရတော့ ဂယောင်ဆူးမှန်း သိသည်။ မျက်လုံးမရမကဖွင့်ရင်း ဖုန်းကိုပြန်ကြည့်တော့ မနက် ၈ နာရီထိုးခါနီးအချိန်မို့ ခေါင်းနောက်စွာ မျက်လုံးကိုပြန်မှိတ်လိုက်ရသည်။

"အား... လာမှာ လာမှာ"

မျက်ခုံးနှစ်ဖက်ကို ဖိကိုင်ရင်းပြောလိုက်ရသည်။ အိပ်ရေးမဝတိုင်း ခေါင်းမူးသည်။

"အင်း မြန်မြန်လာ နောက်ကျနေပြီ"

ဂျောင်ဆူး၏ လော်အောသံအဆုံး ဖုန်းချသွား၏။ ဖုန်းကို ဘေးချကာ မနည်းကုန်းထပြီးသည်နှင့် ခေါင်းတစ်ချက်နှစ်ချက် ခါထုတ်ရင်း ရေချိုးခန်းဘက် ဒယိမ်းဒယိုင်လျှောက်လာရသည်။ ချမ်းအေးနေသည့် ရာသီဥတုထဲဲဖြစ်သော်ငြား အေးဆေးလုပ်ဖို့အချိန်မရှိ။ အေးစက်နေသော ရေတို့နှင့် ခပ်သွက်သွက်မျက်နှာသစ်ချကာ သွားတိုက်လိုက်သည်။ ရေတော့မချိုးချင်တော့။

"အ"

ရေချိုးခန်းထဲက ကမန်းကတန်း အမြန်ပြန်ထွက်လာတော့ ရေချိုးခန်းဘောင်နှင့် ခလုတ်တိုက်ကာ မှောက်ရပ်လဲကျသည်။

တိုက်မိသွားသည့် ခြေထောက်ကြောင့် ရှုံ့မဲ့နေသော baekhyun ကို chanyeol ဗီရိုပေါ်အေးဆေးထိုင်ကာ ကြည့်နေမိသည်။ နမော်နမဲ့နှင့်။ နိုးလာကတည်းက chanyeol ကို မမြင်သေးကာ သူ့အလုပ်များသာ ခေါင်းထဲစီထားပုံရသည်။ မျက်နှာသစ်ပြီး ပြန်ထွက်လာသော်ငြား မျက်ချေးအတောင့်လိုက်က ကျန်နေသေးသည်ပင်။ ညစ်ပတ်လိုက်တာ။ ​နာသွားသည့် ခြေထောက်ကို သနားကမား မျက်နှာပေးလေးနှင့် ဖိကိုင်ကာ တော်တော်ကြာထိုင်ပြီးတော့မှ ပြန်ကုန်းရုန်းထရင်း အဝတ်တွေနှိုက်ရွေးနေပြန်သည်။

အခုထိ အိပ်ရာမသိမ်းသေးဘူးလား။ ဒါဘယ်လိုကပျက်ကချော်နိုင်မှုလဲ။ အချိန်ကို တကြည့်ကြည့်နှင့် လှုပ်ရှားနေသည့်သူ့ကို ကြည့်နေရင်းမှာပင် ရုတ်တရက် အင်္ကျီကိုလှန်ချွတ်လိုက်၏။

"!!!!!"

နားရွက်တစ်ခုလုံး ဖြန်းကနဲပူတက်ကာ ချက်ချင်း အကြည့်လွှဲလိုက်ရသည်။ အေးဆေးရှိနေသည့် ခြေတွေလက်တွေကလည်း အခုမှတုန်ရီချင်လာသည်မို့ စိတ်သေချာထိန်းကာ တစ်ခုခုအပေါ် အာရုံပြောင်းထားရသည်။ သို့သော်ငြား အင်္ကျီသာမက။ ဘောင်းဘီပါချွတ်ချကာ အတွင်းခံကိုပါ တဆက်တည်း ရောထွေးချွတ်ချပစ်ပြန်သည်။ အကြည့်လွှဲထားသည့်ကြားမှ တံတွေးတစ်ချက်မြိုချလိုက်ရသည်။ chanyeol အခု အပြစ်မကျူးလွန်မိသေးဘူးလို့တော့ ထင်ပါသည်။ မည်သို့ပင် ယောကျ်ားသားဖြစ်ဖြစ် သူသည်ကား သာမန်ယောကျ်ားလေးတစ်ယောက်အနေနှင့် မွေးဖွားလာသည်မှ မဟုတ်ဘဲ။

အဝတ်လဲခြင်းအမှုပြီးသည်နှင့် ခြေထောက်အောက်တွင် တွန့်ကြေနေသည့် အိပ်ရာခင်းကို လုံးထွေးကာ ဗီရိုထဲပစ်ထည့်လိုက်သည်။

ထိုစဥ်ပင် ရုတ်တရက် ဖုန်းသံထပ်ထွက်လာပြန်သည်မို့ baekhyun အာရုံလွှဲသွားသည်။

ဂယောင်ဆူးပင်။

ကိုင်လိုက်ပြီးသည်နှင့် မိမိဘက်ကအရင် ဦးအောင်ပြောလိုက်ရသည်။

"အင်း လာနေပြီလို့"

တစ်ဖက်က ထွက်လာခါနီး အသံက တံတွေးတစ်ချက် ပြန်မြိုချသံနှင့်အတူ ဖုန်းပြန်ချသွား၏။ ညကတည်းက ပြင်ဆင်ထားသည့် လွယ်အိတ်ကိုကောက်ယူကာ ပုခုံးပေါ်တင်ပြီးသည်နှင့် အခန်းတံခါးဘက်လျှောက်လာလိုက်သည်။

"အမေ့ !"

ရုတ်တရက် မျက်နှာချင်းဆိုင်တွေ့လိုက်ရသော စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံကြောင့် လက်ထဲကဖုန်း လွတ်ကျသည်။

မနေ့ညကကြောင်ပင်။ အသိစိတ်ဝင်သည်နှင့် ဖုန်းပြန်ကောက်ကာ ​ဘုကြည့်ကြည့်မိသည်။

"မင်းက ဘယ်လိုအခန်းထဲရောက်နေပြန်တာလဲ"

ပြတင်းပေါက်ကို သတိတရ လှည့်ကြည့်မိတော့ ပိတ်ထားဆဲသာ။ ဘယ်အချိန်က ဝင်လာမှန်းလည်း baekhyun မသိသလို ဆက်လက်စစ်ဆေးနေဖို့လည်း အချိန်မရှိ။ နောက်ဆုံးတစ်ချက်သာ ကြည့်ပြီးသည်နှင့် အကြည့်လွှဲကာ ဖိနပ်ကောက်ဝတ်ရင်း အပြင်ပြေးထွက်လာရသည်။ နောက်ကျနေပြီဖြစ်သည်။ အတန်းနောက်ကျသည်က ပြဿနာမရှိသော်ငြား ဂယောင်ဆူးစာရှင်းပြမည့်အချိန်တော့ နောက်ကျ၍မရ။ ဆရာတွေထက် သူကပိုစည်းကမ်းကျပ်သည့်အပြင် အားသည့်အချိန်ရှားသည်မို့။

လှေကားပေါ် တဒုန်းဒုန်းပြေးဆင်းသည့်အသံက ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာ။ အောက်ရောက်သည်နှင့် ရုတ်တရက် တွေ့လိုက်ရသည်က နံရံကိုမှီပြီး ရပ်နေသောလူတစ်ယောက်။ အနက်ဝမ်းဆက်နှင့်မို့ သတိထားမိလိုက်ခြင်းသာဖြစ်ပြီး တစ်ချက်ကြည့်ပြီးသည်နှင့် ကားမှတ်တိုင်သို့ လုံးနေအောင်ပြေးရသည်။ အနောက်ကကျန်ခဲ့သည့် စိမ်းဖန့်ဖန့်မျက်ဝန်းတွေကတော့ baekhyun ထံသာ ကပ်ပါသွားခဲ့၏။

___

မှတ်တိုင်ထံသို့ လုံးနေအောင်ပြေးသွားသည့်ကောင်လေးက တစ်ချက်တစ်ချက် ဆံပင်လေးတွေက လေပေါ်ဝေ့ဝဲတက်နေသေးသည်။ အေးဆေးလိုက်ချင်သော်ငြား နဂိုတည်းက အမြန်အဆန်ပြေးသည့်နှုန်းဖြင့် သွားနေသည်မို့ chanyeol ခြေတံရှည်တွေကို အရှိန်မြှင့်ရတော့သည်။

ကားမှတ်တိုင်တွင် မထိုင်နိုင်ဘဲ မလာသေးသည့် ဘက်စ်ကားကို လည်မျှော်ကာရပ်စောင့်နေသည်မို့ chanyeol ခုံတန်းရှည်၏ ထောင့်ဆုံးဘက်နားတွင် ဝင်ထိုင်လိုက်သည်။ chanyeol ဘက် တစ်ချက်လေးတောင် အာရုံရောက်မလာ။ ဖုန်းကိုဖွင့်ကာ တစ်ယောက်ယောက်ကို ဖုန်းခေါ်ရင်း စကားတွေ တတွတ်တွတ်ပြောနေသည်။ နေရောင်ပါးပါးအောက် ရဲနေသည့်အသားအရေနှင့် တစ်ချက်တစ်ချက် စူထွက်လာသည့် နှုတ်ခမ်းပါးတို့က ပနံသင့်နေသည်။ မျက်မှောင်ကြုတ်ကာ အကြည့်လွှဲလိုက်မိသည်။ အမှတ်ပါမပါ စစ်မကြည့်လျှင်တောင်မှ အကြည်ဓာတ်ကတော့ သိသာလွန်းပါသည်။

ဘက်စ်ကားရောက်သည်နှင့် ဖုန်းကိုအိတ်ထဲ ကမန်းကတမ်း ထိုးထည့်ကာ ကားပေါ်ပြေးတက်သည်။ Chanyeol လည်း လိုက်တက်ဖို့ပြင်လိုက်သော်ငြား ကျပ်ပိတ်သပ်နေသော လူထုကြောင့် မျက်မှောင်အဆုံးထိကြုတ်လိုက်မိသည်။ ပိတ်လှောင်နေသည့် နေရာထဲ သူတို့လူသားတွေ၏ ညစ်ညစ်ပတ်ပတ်အနံ့တွေနှင့် ရောထွေးရဦးမည်။ အချိန်ကြာကြာ တုံ့ဆိုင်းနေ၍မရသည်မို့ ကားပေါ်အမြန်လိုက်တက်လိုက်သည်။

"နေဦး ! ကားခရော"

လူထုကြားထဲ ပျောက်အံ့ဆဲဖြစ်နေသည့် အဖြူရောင် အလုံးလေးနောက် အမြန်လိုက်ရန်ပြင်သည့်အချိန်တွင် ကားဆရာထံမှ မေးလိုက်ခြင်းဖြစ်သည်။

ကားခ ... ?

ဘောင်းဘီအိတ်ကပ်နောက် နှိုက်သယောင်ပြုပြီး ဘာမျှမရှိသည့် ဗလာအလွတ်ထဲမှ ပိုက်ဆံတစ်ရွက်ထွက်လာ၏။ သုံညဘယ်နှလုံးလည်း မကြည့်၊ လက်ညိုးနှင့်လက်ခလယ်ကြားညှပ်ကာ ထောင်ပြလိုက်သည်။

"ဒီလောက်ဆို ရလား ?"

"အဲ့ ရတော့ရပါတယ် ၊ တကယ်တော့ ကတ်နဲ့မှ ရတာ ၊ ပြန်အမ်းဖို့ကလည်း ငွေအပိုမထားထား-"

"မအမ်းနဲ့တော့"

စကားလုံးတွေ ကွေ့ဝိုက်နေသော ကားဆရာကြောင့် ရင်ဘတ်ထံထိုးပေးလိုက်ကာ ခပ်ပြတ်ပြတ်ပြောရင်း အနောက်ထဲဝင်လာရသည်။ လူအုပ်ကြားထဲ ရောက်သည်နှင့် တစ်ယောက်ချင်းဆီ၏ ချွေးရနံ့တို့ကြောင့် chanyeol မျက်လုံးပင်ပြာချင်သည်။ ဒါကြောင့်ပင် လူတွေကြား သွားရမှာကိုမုန်းတာ ! လူအုပ်တွေကြား ညပ်နေမည်ထင်ရသည့် အဖြူလုံးလေးကို ရှာမတွေ့သော်ငြား သိသိသာသာ နှာဖျားဝတိုးဝင်လာသည့် ထူးထူးခြားခြားရနံ့ကြောင့် ဦးတည်ရာကို အမြန်သွားလိုက်သည်။ လူတွေကကျပ်သည့်အပြင် စကားတွေလည်းပြော​နေကြသည်မို့ chanyeol ကို စိတ်ကျဥ်းကျပ်လာစေသည်။

အတွင်းပိုင်းထိ တိုးဝင်သွားတော့မှ တွေ့ပါပြီတဲ့ ။ ထိုင်နေသည့် လူတစ်ယောက်ဘေးတွင် မတ်တပ်ရပ်ရင်း ယိမ်းထိုးနေသည့် ခန္တာငယ်ကို။ ဒီလို ရှုပ်ယှက်ခက်နေသည့်ကြားထဲ ဖုန်းကိုအကြည့်မပျက်သည်မို့ မျက်မှောင်ကြုတ်မိပြန်သည်။ ဘာတွေများ အရေးကြီးနေသလဲမသိပါ။

အဝေးတစ်နေရာ မလှမ်းမကမ်းတွင် ရပ်ကာ အကြည့်တစ်ချက်မလွှဲ စိုက်ကြည့်နေရသည်။ အနည်းငယ်ကြာတော့ ဖုန်းကိုအိတ်ထဲ ပြန်ထည့်ကာ မျက်ခုံးရိုးတို့ကို ခပ်သာသာဖိသပ်နေ၏။ ရုတ်တရက် မြင်ကွင်းရှေ့ကွယ်ရပ်လိုက်သော လူကြောင့် chanyeol အမြင်ကွယ်သွားမှ အာရုံပြောင်းသွားသည်။ chanyeol ရှေ့တည့်တည့် ဝင်ရပ်လိုက်ခြင်းမဟုတ်ဘဲ baekhyun အနောက်တည့်တည့် နေရာဝင်ယူလိုက်ခြင်းဖြစ်သည်မို့ နဂိုတည်းက မြင်နေရသည့် ကျောပြင်ငယ်ပါ ပျောက်သွား၏။ အားမလိုအားမရ ဖြစ်စွာ ဘေးကိုပိုတိုးမိတော့ အဝတ်ထုပ်အပြည့်နှင့် အဒေါ်ကြီးက ဘုကြည့်ကြည့်သည်။ chanyeol လည်း ဘုကြည့်ပြန်ကြည့်ကာ ထပ်တိုးရင်း ထိုကောင်လေးဘက် တိမ်းစောင်းကြည့်လိုက်သည်။

"ဒီမယ် လူငယ်လေး"

ဘေးက ဟောက်ရန်ပြင်နေသည့် အဒေါ်ကြီးပေါ် အာရုံမရှိ။ ရုတ်တရက် မြင်ကွင်းအရှင်း လှစ်ကနဲမြင်လိုက်ရသော ဖြူဖက်ဖြူရော် မျက်နှာငယ်၏ အပျက်အယွင်းကြောင့် စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်မိလိုက်သည်။ ထိုအဒေါ်ကြီးကို တွန်းတိုက်ကာ ထိုလူနားကို အမြန်တိုးကပ်သွားလိုက်သည်။

အတိုးတိုးအတိုက်တိုက်ကြောင့် လူတော်တော်များများ မကျေမနပ်ကြည့်လာကြသော်ငြား chanyeol သည် ဂရုစိုက်တတ်သည့်သူမဟုတ်တန်ရာ။ အနားရောက်သည်နှင့် baekhyun အနောက်က ထိုလူ၏ အောက်ရောက်နေသော လက်တစ်ဖက်ကို လှန်ဆွဲချလိုက်သည်။

"ဘ ! ဘာလဲ ဟေ့ကောင်!!"

အထိတ်တလန့် ဒေါသနှင့်ပြောလာသည့် ထိုထူကို ဂရုမစိုက်မိ။ ရုတ်တရက် တုန်တက်ကာ လှည့်ကြည့်လာသော မျက်နှာသေးသေးကို ကြည့်လိုက်သည်။

ဖြူရော်နေသော မျက်နှာသေးသေးက ချွေးစီးချွေးပေါက်တို့လည်း တွဲခိုနေသေးသည်။ တဆတ်ဆတ်တုန်ရီနေသော နှုတ်ခမ်းပါးတို့ကြောင့် မသိလိုက်မသိဘာသာ လှန်ချိုးထားသည့်လက်ကို အားပိုထည့်မိလိုက်သည်။ ထိုကောင်လေးသည် chanyeol ကို မော့မကြည့်။ အနောက်ကိုသာ တစွန်းတစ ခပ်ဖျော့ဖျော့လှည့်ကြည့်သည်။ ဘေးအဖက်ဖက်က လူတွေကတော့ လှည့်ကြည့်ကာ တီးတိုးတီးတိုး အသံများနှင့်ညံလာ၏။

"ဟေ့ကောင် ! မင်းအခု ဘယ်သူ့ကိုလာစမ်းနေတယ်ထင်လဲ !! ဟမ် !! လွှတ်စမ်း !! မင်း !!! မလွှတ်ရင် ငါ့အကြောင်းသိစေရမယ် !! လွှတ်စမ်းလို့ !!!!"

နားညီးလိုက်တာ..။ ထိုလူဘက် လှည့်ကြည့်လိုက်တော့ လည်ပင်းနားတွင် မြင်လိုက်ရသည့် မှည့်တစ်စက်။ မှည့်တစ်လုံးလောက်ကို မြင်ရုံနှင့်သတိပြုမိသည်မဟုတ်သော်ငြား တက်တူးကဲ့သို့ အစိမ်းပုပ်ရောင် သန်းနေသည်မို့။ ထိုစဥ် ရုတ်တရက် ရပ်သွားသည့် မှတ်တိုင်ကြောင့် chanyeol နှင့် ထိုလူကို တွန်းတိုက်ကာ ပြေးဆင်းသွား၏။ သူဆင်းသွားတော့မှ သက်ပြင်းချကာ လက်ကိုဆောင့်လွှတ်လိုက်သည်။ ပြီးသည်နှင့် ပညာပြချင်နေပုံပေါ်သော ထိုလူငြိမ်ကျစေရန် တစ်ချက်စိုက်ကြည့်ကာ လိုက်ဆင်းလာလိုက်သည်။

မြင်ကွင်းရှေ့ ခပ်ဝေးဝေးရောက်နေပြီဖြစ်သော ကောင်လေးက သူ့ခရီးကိုသာ သူခေါင်းထဲထည့်ရင်း အမြန်ပြေးနေပြန်သည်။ တစ်ချက်ကလေးတောင် ဒေါသမထွက်ဘူးလား။ ဒါမှမဟုတ် ​အကြောက်တရားကြောင့် ငြိမ်ခံနေသည်လား။ အနည်းဆုံးတော့ ထိုလူ၏ အလယ်ဂွကြားကို တစ်ချက်ဖြစ်ဖြစ် ဆောင့်ကန်လိုက်စေချင်မိသည်ပင်။ သို့သော်ငြား သူ့ဆုံးဖြတ်ချက်သည် chanyeol နှင့် မဆိုင်ပါ။ အခုတော့ chanyeol ကသာ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း သူ့နောက်လိုက်ရပြန်၏။

​ခြေလှမ်းသွက်သွက်ဖြင့် မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးတော့ မျက်စိရှေ့တည့်တည့် ရောက်လာသည်က ကျောင်းဝင်ပေါက်။ အေးအေးလူလူဝင်သွားသော baekhyun နောက် chanyeol လည်း လိုက်ဝင်လာတော့ ကျောင်းသူတို့၏ အကြည့်တချို့က chanyeol ထံ ကျရောက်လာ၏။ လည်ပင်းထိဖုံးသည့် ဆွယ်တာအမည်းရောင်ကို မေးစေ့နားရောက်သည်အထိ ဆွဲကာ မျက်နှာတစ်ဝက် ဖုံးလိုက်သည်။

ထို့နောက် baekhyun ဝင်သွားသည့် အခန်းနံပါတ်တွေ သေချာမှတ်ကာ ပြန်လှည့်ထွက်လာလိုက်၏။ စာသင်ခန်းထဲထိတော့ ဝင်ဖို့မလိုလောက်ပါ။ ထိုကောင်လေး တစ်နေရာတွင် ငြိမ်ငြိမ်ထိုင်နေသည့်အချိန်အတွင်း ကျောင်းကိုလှည့်ပတ်ကြည့်ရှု၍ ရသည်မို့။

နာရီကိုကြည့်မိတော့ ၉နာရီစွန်းစွန်း။ မည်သည့်အချိန် ကျောင်းဆင်းမည်မှန်းမသိသော်ငြား chanyeol သတိပေးချက် အာရုံတို့အရ အဆင်ပြေသည်မို့ စိတ်လွှတ်ထားလိုက်သည်။

တက္ကသိုလ်ဝန်းက တော်တော်ကျယ်သည်။ ကျောင်းဆောင်များကလည်း တော်တော်များသည်မို့ chanyeol ကို အနည်းငယ်တော့ မျက်စိရှုပ်စေသည်။ ကျောင်းထဲ ပတ်ကြည့်နေရင်းမှ ကန်တင်းထဲရောက်သွားသည်မို့ တစ်နေရာတွင် အညောင်းပြေ ဝင်ထိုင်လိုက်သည်။ အစက ထိုင်ရုံသာ ထိုင်နေရန်ကြံထားသော်ငြား တစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေသည်မို့ နို့အေးတစ်ဗူးဝယ်ကာ ပိုက်တပ်သောက်နေလိုက်သည်။ မျက်နှာချင်းဆိုင်က တိုင်ကပ်နာရီကို ကြည့်မိတော့ နေ့လည် ၁၂ နာရီထိုးခါနီးအချိန်။ ဟိုကောင်လေး ပြီးလောက်ပြီလားမသိ။ ခေါင်းထဲ အထူးတလည် အာရုံမရသေးသည်မို့ ခေါင်းထဲကခဏထုတ်ကာ နို့အေးသာ သောက်နေလိုက်သည်။

Chanyeol ပုံစံက ကျောင်းသူတော်တော်များများက ဆွဲဆောင်နိုင်ပုံရသည်။ သေချာပြန်ကြည့််မိတော့လည်း လည်ပင်းထိလုံခြုံနေသည့် အနက်ရောင်ဆွယ်တာတစ်ထည်နှင့် ရိုးရိုးဘောင်းဘီအနက်သာ။ အနက်ချင်းထပ်နေ၍ဘဲ ဆွဲဆောင်မှု ဖြစ်နေလားတော့မသိသော်ငြား chanyeol စိတ်ရှုပ်သည်မို့ လူတွေအမြင်ကို ကွယ်ထားလိုက်တော့သည်။ ရုတ်တရက် မြည်ဟည်းလာသော ရင်ဘတ်အတွင်းတစ်နေရာက တုန်ခါမှုကြောင့် နှိုက်ထုတ်လိုက်သည်။

လက်ထဲပါလာသည်က ခေတ်နောက်ကျနေပြီဖြစ်သည့် ကီးပတ်လေးသာ။

"အင်း ပြော"

ဆက်မည့်သူဟူ၍ ထူးထူးခြားခြား သူဘဲရှိသည်မို့။ ဖုန်းထဲက အသံထွက်လာသည်။

"အခြေအနေ ဘယ်လိုလဲ"

"ဒီနေ့မနက်တင် ထူးထူးခြားခြားတစ်ကောင် သတိထားမိလိုက်တယ်"

ဘက်စ်ကားပေါ်က မရိုးသားသည့်လူကြောင့် အစီရင်ပြန်ခံရသည်။

"သေချာတာတော့ အဲ့တစ်ယောက်တည်း မကလောက်ဘူး ၊ တခြားဘယ်သူတွေရှိသေးလဲ"

chanyeol မျက်မှောင်ကြုတ်လိုက်သည်။

"လောလာဆယ်တော့ တစ်ယောက်ပဲတွေ့သေးတယ် ၊ အခုမှ မနက်ပိုင်း အစောကြီးပဲရှိသေးတာလေ ၊ အဲ့လောက်တောင် စိတ်ပူတတ်နေလား"

စိတ်ပူလျှင်လည်း ကိုယ့်ဘာသာ လာစောင့်ရှောက် ဟူသော စကားကိုတော့ မပြောမိအောင် တန့်လိုက်ရသည်။ တစ်ဖက်မှ ရယ်သံခပ်ဟဟ ထွက်လာ၏။

"အရေးကြီးတယ်လေကွာ"

တခြား မည်သည့်စကားရှည်ရှည်ဝေးဝေးတို့ကို ​ဆက်မနေတော့ဘဲ လိုရင်းကိုမေးလာပါ၏။

"မနက်ကတွေ့တဲ့လူကရော ၊ ဘာထူးခြားလဲ"

Chanyeol သိသိသာသာ ပြန်အမှတ်ရလိုက်သည်။

"လူလို့တောင် ခေါ်လို့မရလောက်ဘူး ၊ အနံ့ပါဖျောက်တားတယ်"

မသေချာသေးသည့် အချက်တစ်ခုကိုတော့ ဖယ်ထားလိုက်သည်။ Chanyeol မေးလိုက်သည်။

"မင်းအခု စံအိမ်မှာလား"

တစ်ဖက်မှ အသံထွက်လာ၏။

"အေး ၊ နောက်သုံးရက်လောက်နေရင် မင်းကိုလာခဲ့ဦးတဲ့"

မျက်မှောင်ကြုတ်လိုက်မိသော်ငြား လက်ခံကြောင်းသာ အသံပြုပြီး ဖုန်းချလိုက်သည်။ မသွားချင်သော်ငြား သွားရဦးမည်မို့ စိတ်ညစ်ညူးသွား၏။

ရုတ်တရက် ရလိုက်သော ရနံ့တစ်စုံကြောင့် အသိဝင်ကာ အကြည့်တွေကစားမိလိုက်သည်။ ကန်တင်းထဲ ဖြည်းဖြည်းချင်း ဝင်လာသည့် baekhyun ! မည်သူ့ကိုမှ အာရုံမရှိသည့်ဟန် သူ့မုန့်သာသူဝယ်နေ၏။ တစ်လက်စတည်း လိုက်သွားရန် လက်ထဲကနို့ဗူးကို အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်။ မုန့်ဝယ်ပြီးသည်နှင့် လာရာလမ်းအတိုင်း အေးဆေးပြန်ထွက်သွား၏။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ဟန်ပါပါလျှိုသွင်းကာ အေးဆေးလိုက်သွားလိုက်သည်။ သေချာတာတော့ သူ chanyeol ကို မြင်မှာမဟုတ်သည်မို့။ ဘာတွေတွေးနေမှန်း မသိရစွာပင် ခေါင်းကိုငိုက်စိုက်ချထားသည်မို့ စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

အခန်းထဲဝင်သွားသည့်ကောင်လေးကြောင့် ဆက်မလိုက်ဖို့ တွေးလိုက်သော်ငြား မသိစိတ်၏စေ့ဆော်မှုကြောင့် အပေါက်ဝဘက် အကြည့်တစ်ချက်ပို့လိုက်သည်။

အခန်းထဲလူရှင်းနေ၏။ အလွန်ကြီးမားသည့် အခန်းကျယ်ကြီးထဲ baekhyun အပါအဝင် ကျန်သည့်ယောကျ်ားလေး သုံးယောက်သာရှိသည်။ ထိုသုံးယောက်အနက် တစ်ယောက်က ခြေချိတ်ထိုင်ကာ ကျန်နှစ်ယောက်က စားပွဲခုံပေါ်တက်ထိုင်နေကြသည်။

အခုခေတ် ကလေးတွေများ..

Chanyeol ၏ အာရုံကိုဆွဲဆောင်သွားသည်က ထိုသုံးယောက်ရှေ့ ခေါင်းငုံ့ရပ်နေသည့် baekhyun ကန်တင်းကဝယ်လာသည့် ပေါင်မုန့်လေးအား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည့် မြင်ကွင်း။ မျက်ခုံးတွေ တွန့်ချိုးမိရက်သား။

ခြေချိတ်ထိုင်နေသည့်တစ်ယောက်က လက်ထဲကပေါင်မုန့်ကို ကြည့်သည်။ ထို့နောက် baekhyun မျက်နှာကို ဟန်ပါပါ ကြည့်သည်။ အခန်းဝကနေသာ ကြည့်နေရသည်မို့ baekhyun ၏ ကျောပြင်သေးသေးလေးကိုသာ မြင်ရသည်။ ခေါင်းကို အတင်းကာရော ငုံ့ထားသည့် baekhyun က ဆံပင်အုပ်အုပ်များကြောင့် မျက်နှာပင်မမြင်ရ။

အလယ်က ခြေချိတ်ထိုင်နေသည့်သူထံမှ အသံထွက်သည်။

"မင်းကို ပဲပေါင်မုန့်မှာတာလေ"

baekhyun လက်ထဲက မုန့်ထုတ်ကို ဖြတ်ကနဲ ဆောင့်ယူသွား၏။ baekhyun ခြေတစ်လှမ်း ယိုင်သွားသည်။

"ဒါကဘာလဲ ! ဟမ် !"

Baekhyun ခေါင်းငုံ့ထားဆဲသာ။

"ပဲ ပေါင် မုန့်လေ ! ပဲပေါင်မုန့် တောင်မင်းမသိဘူးလား ! ဒီဘာမှမပါတဲ့ ပေါင်မုန့်အလွတ်ကို ငါ့လာစားခိုင်းနေတာလား ! ဟမ် !"

စကားတစ်ခွန်းတိုင်းမှာ ထိုမုန့်ထုတ်နှင့် baekhyun ခေါင်းပေါ် တစ်ချက်ချင်းရိုက်သည်။ လူရှင်းနေသည့်အခန်းထဲဖြစ်သည့်အပြင် အခန်းကျယ်ကြီးမို့ အသံကတစ်ချက်တစ်ချက် ဟိန်းကနဲ။ ထိုထဲမှ တိုးဖျလွန်းသည့် အသံထွက်လာ၏။

"ကုန်နေလို့၊ ရှိတာဘဲဝယ်လာတာပါ စီနီယာ"

ရိုးတာလား၊ အတာလား။ အသံက မကြောက်အောင် တမင်လုပ်ယူထားမှန်း သိသာလွန်းနေသည်။

"ဩ ? အဲ့တော့ မင်းပဲစား"

လက်ထဲကပေါင်မုန့်ထုတ်ကို အကြမ်းပတမ်း ဆွဲဖောက်သည်။ ပေါင်မုန့်သားတစ်ချက်ချင်းဆီကို ဆွဲဖဲ့ကာ baekhyun ပါးစပ်ထဲ အတင်းထိုးကြိတ်ထည့်သည်။ ထို့နောက် baekhyun ထံ အားပါပါ ပစ်ပေါက်သည်။ ထိုကောင်လေးသည် ခပ်တောင့်တောင့်လေး ရပ်နေရုံမှလွဲ မည်သို့မှပြန်မတုံ့ပြန်။ ​sehun အပြောကိုပင် ရုတ်တရက် အမှတ်ရမိလိုက်သည်။ ပြဿနာတွေကလည်း များလွန်းလိုက်တာ။ ကြည့်ရတာ စိတ်မသက်သာ၍ လက်တစ်ချက် ဝှေ့မည်ပြင်ခိုက်တွင် ဘေးမှ အသံတစ်ခုက အရင်ထွက်လာ၏။

"မင်းတို့ဘာလုပ်နေတာလဲ"

ဘယ်အချိန်ကတည်းက ဘေးနားရောက်နေမှန်းမသိလိုက်သည့် ကောင်လေးနောက်တစ်ယောက်။ သူလည်း baekhyun လောက်သာရှိသည့် သေးသေးပုပုလေးပင်။ ဘောက်ဆက်ဘောက်ဆက်ဖြင့် baekhyun ရှိရာသို့ ချီတက်သွားပြီး baekhyun ကို သူ့ဘက်ဆွဲခေါ်ကာ ကာကွယ်ပေးဟန်ပြသည်။ chanyeol စိတ်ဝင်စားမှုမြင့်တက်ကာ ဘေးကနံရံပေါ်မှီကာ လက်ပိုက်လိုက်သည်။

သို့ပေမယ့် chanyeol မျှော်လင့်ထားသလို ပြဿနာကြီးကြီးမားမားဟူသည့် တစ်စုံတစ်ရာပင် ဖြစ်မသွားပါ။ တစ်ဖက်ကသုံးယောက်သည် ထိုကောင်လေးဝင်လာသည်ကို မြင်သည်နှင့် အလိုလိုလက်လျော့ကာ ထွက်သွားဟန်ပြုသည်။ မျက်နှာပေးများကတော့ မထီမဲ့မြင်ဖြင့် baekhyun ထံသာ စိုက်ကြည့်သွားကြသည်ပင်။ ထို့နောက် အခန်းဝကိုမှီရပ်နေသည့် chanyeol နှင့် မျက်နှာချင်းဆိုင်တွေ့သည်။ chanyeol လှည့်မကြည့်သော်ငြား ပုခုံးကို တမင်တကာ အားပါပါတိုက်သွားသည်မို့ မျက်မှောင်ကြုတ်ကာ အကြည့်တစ်ချက်ပို့လိုက်မိသည်။

ပြုံးပြသည့်အဓိပ္ပာယ်က ဘာကို ဆိုလိုချင်မှန်းမသိ။ သူတို့အခြေအနေက chanyeol နှင့် ရန်ဖက်ဖြစ်ဖို့တောင် မတန်သည့်အဆင့်လေးတွေမို့ လျစ်လျူရှုလိုက်သည်။ တစ်ဖက်က ကောင်လေးနှစ်ယောက်ကို ကြည့်မိတော့ မျက်နှာချင်းဆိုင်ထိုင်ကာ စာလုပ်ပုံပေါ်နေသည်မို့ သက်ပြင်းချမိလိုက်ပြန်သည်။ အခုထိမပြီးသေးဘူးတဲ့လား။ လက်ကနာရီကိုကြည့်မိတော့ ၁၂ ကျော်နေပြီ။

Chanyeol စိတ်ကိုအဆုံးထိ ဆွဲဆန့်ထားလိုက်ရ၏။ သူတော့ ဒီနေရာတွင်ဘဲ တစ်နေကုန်တော့မည်ထင်ပါသည်။ ဟုတ်လည်းဟုတ်သည်ပင်။ တမင်တကာကို အချိန်ကုန်ခံပြီး လိုက်နေပေးရသည်မို့ ညည်းနေလည်းမထူးပါပေ့။ သက်ပြင်းချလိုက်သည်မှစကာ ကျောင်းကခြံဝန်းတစ်ခုတွင် ညနေစောင်းသည်အထိ ထိုင်စောင့်နေခဲ့ရ၏။

အချိန်အားဖြင့် ညနေ ၃နာရီ။ ပြေးထွက်လာသော ​ကောင်လေးက ဒီတစ်ခါလည်း အလျင်လိုပြန်သည်ထင်၏။ ပုံမှန်ကျောင်းဆင်းချိန် မဟုတ်သလားလို့။ ဒီတစ်ခါတော့ ဘက်စ်ကားမှတ်တိုင်ဘက် ဦးမတည်ဘဲ အတော်ဝေးဝေးကို လမ်းလျှောက်သွားသည်မို့ မျက်မှောင်ကြုတ်မိသည်။ ထို့နောက် ကော်ဖီဆိုင်တစ်ခုအတွင်း ဝင်သွားသည်ကို မြင်လိုက်ရသည်နှင့် အနည်းငယ်နားလည်လိုက်သည်။ ထို့ကြောင့်ပင် မနေ့ကအိမ်ပြန်ရောက်တာ နောက်ကျရခြင်းဖြစ်မည်ထင်၏။

မျက်နှာချင်းဆိုင်က စာအုပ်ဆိုင်ထဲ ဝင်ထိုင်ကာ မှန်အကြည်များကြားမှ စောင့်ကြည့်မိသည်။ ရပ်ကွက်လေးတစ်ခုအတွင်းမို့ လမ်းအရမ်းကျယ်မနေတာ ကျေးဇူးတင်မိသည်။ အဝေးကကြည့်သလောက် အပြုံးရွှင်ရွှင်နှင့် စကားပြောနေသော ကောင်လေးက ကြည်လင်လွန်းနေသည်။ ကြည့်နေသည့်သူ တစ်ဖက်လူကိုပါ ပြုံးမိစေမတတ်။

သို့သော်ငြား chanyeol နှုတ်ခမ်းသည် တည်လျက်ဆဲသာ။ ထိုကောင်လေး အကြည့်တွေအပြုအမူတွေက ရိုးသားလွန်းသလောက် ပတ်ပတ်လည်ကသူတွေက အဘယ်ကြောင့် တစ်ခုမဟုတ်တစ်ခု ပုံမမှန်ရသနည်း။

chanyeol မျက်စိစပါးမွှေးစူးနေသည်က baekhyun ဘေး တဝဲလည်လည်လုပ်နေသည့် ကောင်။ နတ်သားလို အကြည်ဓာတ်နှင့် ကောင်လေးနား တဝဲလည်လည်လိုက်ကပ်နေသည့် ချီးပိုးထိုးကောင်အလား။ baekhyun ဂုပ်ပိုးကိုဖိကိုင်ကာ စနောက်သည့်ဟန် ပြု၏။ chanyeol မျက်မှောင်ကြုတ်လိုက်ရပြန်သည်။ အလိုက်သင့်ရယ်နေသော်ငြား ဇက်ကိုပုဝင်ကာ ရုန်းချင်နေသည်ကို သတိထားမိသည်မို့ ခပ်တင်းတင်းသာ စိုက်ကြည့်နေမိသည်။

တစ်နေ့တည်းမှာပင် တကယ်ကို မလွယ်လိုက်တာ။

နောက်ဆုံးသူ့ဘာသာ ရုန်းထွက်သွားတော့မှ chanyeol ထိုင်နေရာမှ ထကာ စာအုပ်စင်တွေကြား ဝင်ကြည့်လိုက်သည်။ အချစ်ဝတ္ထုတွေများသည်။ chanyeol အချစ်ဝတ္ထုတွေမကြိုက်။ ဖတ်လည်းမဖတ်ဖြစ်သလို သူနှင့်လည်းမဆိုင်ဟု ထင်မိ၍။ ပျင်းဖို့ကောင်းသည်မို့ တွေ့ရာတစ်အုပ်ဆွဲယူပြီး မျက်နှာချင်းဆိုင်တွင် ပြန်ထိုင်နေလိုက်သည်။

နေရောင်တိမ်းစောင်းနေရာမှ ဖြည်းဖြည်းချင်း အမှောင်ရိပ်သန်းလာပြီ။ အချိန်မည်မျှ ကြာသွားလဲမသိသော်ငြား တိတ်ဆိတ်ကာ မီးရောင်တွေခြံရံလာသော ပတ်ဝန်းကျင်ကြောင့် သတိတရမော့ကြည့်လိုက်တော့ ကွက်တိပင် ဆိုင်ထဲကထွက်လာသည့် ကောင်လေးက လွယ်အိတ်လေး တစောင်းလွယ်လျက်နှင့်။ လက်ကနာရီကို ငုံ့ကြည့်မိတော့
ည ၉နာရီ ?

တော်တော်ကိုကြာသွားသည်ပင်။ အချိန်ပိုင်းဖြစ်ပုံရသော်ငြား တက္ကသိုလ်အရွယ် ကလေးတစ်ယောက်ကို အနည်းဆုံးတော့ လျော့ပေါ့ပေးသင့်သည်ဟု ထင်ကာအလိုမကျဖြစ်မိသည်။ chanyeol မကျွမ်းကျင်သည့် အပိုင်းမို့လည်း သိပ်များများစားစား မတွေးချင်။ သူထွက်သည်နှင့် chanyeol လည်း စာအုပ်ကိုသူ့နေရာ သူပြန်ထားကာ ထလာလိုက်တော့သည်။

___

ကားပေါ်ရောက်ကတည်းက ငိုက်နေသည်မှာ ကားမှန်နှင့်ခေါင်း တဒေါင်ဒေါင်ဆောင့်နေသည်တောင် သတိထားမိပုံမရ။ အနောက်တည့်တည့်က ထိုင်ကြည့်နေသည့် chanyeol တော့ သူ့အစား ခေါင်းကြိမ်းနေပြီဖြစ်သည်။ ဘယ်လောက်ထိ အိပ်ရေးပျက်ခဲ့လဲ မသိသော်ငြား သာမန်လူတွေထက် ကိုယ်ခံအားကောင်းသည့် chanyeol အတွက်တော့ ခဏလောက်အိပ်သည်နှင့် တစ်နေကုန် လန်းလန်းဆန်းဆန်း အသာလေးနေနိုင်သည်မို့ ကိုယ်ချင်းမစာနိုင်ပါ။

နောက်ဆုံး တဒေါင်ဒေါင်အချက် ၃၀ မြောက်မှာ chanyeol မနေနိုင်တော့သည်မို့ ကားမှန်ပေါ် လက်ဖဝါးတင်ထားပေးလိုက်၏။ ဖြည်းဖြည်းမှန်မှန် လာတိုက်နေသော ခေါင်းလုံးလုံးလေးက ထပ်ခါတလဲလဲ မတိုက်တော့ဘဲ လက်ပေါ်မှီကာ စိတ်ချလက်ချ အိပ်နေ၏။ ဆံပင်လေးတွေက နူးညံ့လိုက်တာ။ အပြင်ဘက်ကို ကြည့်နေရင်းမှ သူ့မှတ်တိုင်ကျော်သွားသည်မို့ မျက်လုံးပြူးကာ ခေါင်းလုံးလုံးလေးကို တွန်းထုတ်လိုက်သည်။

ဖက်ကနဲ နိုးလာသော baekhyun က လက်ရှိအခြေအနေပေါ် အသိမဝင်သေးသည့်ဟန်။ တောင်ကြည့်မြောက်ကြည့်လုပ်ပြီး ခဏအကြာတော့မှ ကမန်းကတမ်းကုန်းရုန်းထကာ အပေါက်ဝနားသွား၏။ ရုတ်တရက် ကားကယိုင်သွားသည်မို့ လက်ကိုင်တန်းနှင့် နဖူးနှင့် ဒိန်ကနဲဆောင့်သံကြီး ထွက်လာပြန်၏။

"အား"

ကပျက်ကချော်နိုင်လွန်းသည်။

နဖူးကို ပွတ်ကာ ရှုံ့မဲ့နေရင်းမှ ဘဲလ်ကိုအဆက်မပြတ်တီးနေ၏။ အသက်ကြီးကြီး ကားဆရာက ခပ်ရယ်ရယ်တုံ့ပြန်ကာ တံခါးဖွင့်ပေးရှာသည်မို့ chanyeol လည်း လိုက်ဆင်းရတော့သည်။

ညတော်တော်မှောင်နေပြီဖြစ်သည်။ အိမ်ပြန်လမ်းတစ်လျှောက် အိပ်ချင်နေပုံ ရသည့်ကောင်လေးက ခြေလှမ်းတွေကအစ လေးပင်နေသည်။ လမ်းထဲမဝင်ခင် စတိုးဆိုင်ထဲဝင်ကာ မုန့်တွေဝယ်နေသေးသည်ကို တွေ့ရသည်။ ကြွပ်ကြွပ်အိတ်အဖြူထုတ်ကြီး ပိုက်ကာ မြန်လိုက် နှေးလိုက်ဖြင့် လျှောက်နေရင်း ယိုင်ယိုင်သွားသေးသည်။

ထိုကောင်လေး အိမ်အောက်ထပ်ရောက်သည်နှင့် chanyeol မျက်တောင်တစ်ခက်အတွင်း အပေါ်ထပ်ကို ရောက်စေလိုက်သည်။

baekhyun လှေကားပေါ် တက်ရန်ပြင်ခိုက်တွင် အိမ်တွင်းမှ ထွက်လာသော အဖွား​ကိုတွေ့လိုက်ရသည်။

"အဖွား ! အဖွား"

ထိုအဖွားက အကြားအာရုံချို့တဲ့သည်မို့ တော်ရုံ တစ်ချက်တည်းနှင့်မကြား။ ကြားပြန်တော့လည်း ထိုသို့မေးလာ၏။

"ဘာလဲ ၊ အိမ်လခပေးမလို့လား"

baekhyun သွားဖြဲပြကာ ခေါင်းခါရင်း အပေါ်ထပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"မနေ့ညက အဖွားကြောင် ကျွန်တော့်အခန်းထဲရောက်နေလို့"

အပေါ်ထပ်တွင် စောင့်နေသည့် chanyeol ထိုအသံပြဲကြီးကို မကြားနိုင်စရာအကြောင်းမရှိ။

"ဟေ ဟုတ်လို့လား"

baekhyun ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

"ဟုတ် ! အနက်ရောင်ကြီး"

အဖွားက စဥ်းစားသည့်ဟန် တစ်ချက်ပြုပြီးမှ ခေါင်းညိတ်ပြသည်။

"အေး အေး ငါစစ်ကြည့်လိုက်ဦးမယ်"

ပြောပြီးသည်နှင့် ခပ်ဖြည်းဖြည်းအထဲဝင်သွားသော အဖွားက သူ၏ ၂၃ ကောင်သော ကြောင်တွေကို ရေတွက်တော့မည်ထင်၏။ Baekhyun တစ်ချက်ပြုံးကာ အပေါ်ကိုခပ်သွက်သွက် တက်လာခဲ့၏။

ဒီနေ့တော့ အဝတ်လှမ်းထားသည်မရှိလို့ ပန်းအိုးအောက်က သော့လေးဆွဲထုတ်ကာ ဖွင့်ဝင်လိုက်သည်။ မီးဖွင့်လိုက်သည့်အခိုက် တစ်ခန်းလုံးလင်းထင်းသွားသည်နှင့်တစ်ပြိုင်နက် တစ်နေရာတွင်သေသေသပ်သပ် ထိုင်နေသော အနက်သဏ္ဌာန်ပုံရိပ်ကြောင့် baekhyun အပြုံးတွေ တို့လို့တန်းလန်း ခဲသေကုန်၏။

"လာပြန်ပြီလား !"

______•°•°•°•

တစ်မျိုးကြီးဖြစ်နေလို့ မနက်မှစစ်တော့မယ် 💛✨

Zawgyi

ဂြမ္းေစာင္ပံုႀကီးၾကား ေကြးအိပ္ေနေသာ ေကာင္ေလးက သိသိသာသာ တုန္ယင္ေနသည္မွာ ျပတင္းေပါက္ဖြင့္ထားမိလို႔ ခ်မ္းေနသည့္ပံုပင္။ သတိတရပင္ ေလတိုးဝင္ေနသည့္ ျပတင္းေပါက္ကို ပိတ္ေပးလိုက္သည္။ ထိုပံုစံအတိုင္းသာ တစ္ညလံုးထားပါက ေလျဖတ္ေသေနလိမ့္မည္မို႔။ ေသခ်ာျပန္ၾကည့္ၾကည့္ေတာ့ မ်က္ႏွာေပါက္ေသးေသး၊ ခႏၲာကိုယ္လည္းေသးေသး၊ တိုက္ခန္းကလည္းေသးေသး၊ အကုန္ေသးေနသည္ပင္။

သက္ျပင္းတစ္ခ်က္ ခပ္ျပင္းျပင္းမႈတ္ထုတ္မိလိုက္သည္။

ေဘးတြင္ အတိုင္းသားပံုထားသည့္ အဝတ္အစားတို႔ဘက္ အၾကည့္ေရာက္ေတာ့ မႈတ္ထုတ္လိုက္သည့္ ေလပူတို႔ ျပန္ေဆာင့္ဝင္လာသေယာင္။ ထို႔ေနာက္ အဝတ္ေတြဖရိုဖရဲ ခ်ိတ္တင္ထားေသာ အဝတ္စင္တစ္ခုေပၚ အၾကည့္ေရာက္သည္။ ခ်ိတ္ထားသည့္ အဝတ္ကခ်ိတ္ထားေပမယ့္ တို႔လို႔တြဲေလာင္းက်ေနသည့္ တခ်ိဳ႕က ေလ်ွာ္ၿပီးသားလား ဝတ္ၿပီးသားလား မခြဲႏိုင္သည္အထိ တြန္႔ေၾကေနသည္။ အခန္းဝင္ေပါက္နားက ဗီရိုေသးေသးေလးေပၚတြင္မူ ဓာတ္ပံုတခ်ိဳ႕ႏွင့္ စာအုပ္ေတြအထပ္လိုက္ ႁပြတ္သိပ္ထည့္ထားသည္မို႔ ၾကည့္မေကာင္း။

ဆယ္ေပပတ္လည္အခန္းက်ဥ္းေလးသည္ မည္သည့္အရာမ်ားႏွင့္ ျပည့္ေနမွန္းပင္မသိေအာင္ပင္ မ်က္စိရႈပ္ေနသည္။ စာလုပ္ၿပီး စာအုပ္ေတြအထပ္လိုက္ ေသခ်ာျပန္သိမ္းခဲ့သည္ပင္ ေက်းဇူးတင္ရမလို။ ၾကည့္ရသေလာက္ သပ္သပ္ရပ္ရပ္မေနသည္မဟုတ္ဘဲ သပ္ရပ္ေနဖို႔အခ်ိန္မေပးႏိုင္သည့္ပံု။ ေျခခ်စရာေနရာရိွသည္ပင္ တကယ္ကံေကာင္းသည္။ မွန္ရဲ့လား ေနာက္တစ္ႀကိမ္ ဓာတ္ပံုထုတ္စစ္ၾကည့္မိေတာ့ တစ္ပံုစံမွတစ္ပံုစံတည္းပင္။ အမွတ္ပါမပါ စစ္ေဆးဖို႔ကိုေတာ့ ေနာက္ေရႊ့လိုက္သည္။ ေနာက္တစ္ႀကိမ္ သက္ျပင္းခပ္ျဖည္းျဖည္း မႈတ္ထုတ္မိျပန္သည္။ ေသခ်ာသည္ကေတာ့ chanyeol ေရရွည္အတြက္ စိတ္ကိုဆြဲဆန္႔ထားရမည္ျဖစ္သည္။

ဗီရိုေပၚရိွ ဓာတ္ပံုေတြကိုအၾကည့္ေရာက္မိေတာ့ ေျခကအလိုလိုလွမ္းရန္ ျပင္မိသည္။ သို႔ေသာ္ျငား တစ္လွမ္းမ်ွသာ ရိွေသး။ chanyeol အလိုလိုရပ္တန္႔လိုက္ကာ သိခ်င္စိတ္အစံုကိုလည္း အေနာက္ပို႔လိုက္သည္။ သူမ်ားအတြင္းကိစၥက မသိတာေကာင္းသည္မို႔။ အထူးသျဖင့္ ကံၾကမၼာႏွင့္ ေမြးလာခဲ့သည့္သူမို႔။ ေစာင္ပံုေတြၾကားက ေကာင္ေလးကို ေနာက္တစ္ႀကိမ္ ၾကည့္လိုက္မိေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနဆဲ။ ညအိပ္ခ်ိန္မို႔ ထိုေကာင္ေလးအား စိတ္ခ်လက္ခ် ပစ္ထားခဲ့လိုက္လို႔ရေသာ္ျငား ဒီညလျပည့္မို႔ အခန္းထဲသာေနလိုက္ရန္ ေတြးမိသည္။

ထိုေအာက္တန္းက် သတၲဝါပံုစံမေျပာင္းခ်င္လည္း ေျပာင္းရၪီးမည္။ ကိုယ္ေဖ်ာက္လို႔ရလ်ွင္လည္း ေကာင္းသားပင္။ ထိုနိမ့္က်သည့္သတၲဝါပံုစံျဖင့္ မေနခ်င္ေပမယ့္ အခုေတာ့ေရြးခ်ယ္စရာမရိွ။ ဗီရိုေလးေပၚ ခပ္ေခြေခြေနရာယူထားလိုက္ေပမယ့္ မ်က္လံုးေတြမပိတ္ျဖစ္ေသး။ ဟန္ျပသာ အိပ္သည္မို႔ ထိုေကာင္ေလးကိုသာ တစ္ညလံုး အၾကည့္မလႊဲ စူးစိုက္ၾကၫ့္ေနခဲ့ရသည္။

_____

ခ်မ္းေအးလြန္းေနသည့္ ပတ္ပတ္လည္ေၾကာင့္ ဂြမ္းေစာင္ႀကီးကို ပိုမိုတင္းက်ပ္စြာ ဆြဲဖက္မိလိုက္သည္။ ေခါင္းရင္းနားက ထပ္ခါတလဲလဲ ထြက္ေပၚေနသည့္ သီခ်င္းသံက Alarm သံ မဟုတ္သည္မို႔ ေစာင္ပံုၾကားမွ လက္တစ္ဖက္ထြက္လာ၏။ မ်က္လံုးမပြင့္သည့္ၾကားမွ ကိုင္လိုက္ေတာ့ အလ်င္လိုေနသည့္ အသံတစ္သံထြက္လာ၏။

"ဘခ္ဟြၽန္း ဒီေန့ေက်ာင္းလာမွာလား"

"ဟမ္.."

ေျပာလိုက္သၫ့္ စကားလံုးမ်ားက နားထဲဝင္ေပမယ့္ အိပ္ခ်င္ေနဆဲမို႔ နားမလည္ေသး။ အသံအရေတာ့ ဂေယာင္ဆူးမွန္း သိသည္။ မ်က္လံုးမရမကဖြင့္ရင္း ဖုန္းကိုျပန္ၾကည့္ေတာ့ မနက္ ၈ နာရီထိုးခါနီးအခ်ိန္မို႔ ေခါင္းေနာက္စြာ မ်က္လံုးကိုျပန္မိွတ္လိုက္ရသည္။

"အား... လာမွာ လာမွာ"

မ်က္ခံုးႏွစ္ဖက္ကို ဖိကိုင္ရင္းေျပာလိုက္ရသည္။ အိပ္ေရးမဝတိုင္း ေခါင္းမူးသည္။

"အင္း ျမန္ျမန္လာ ေနာက္က်ေနၿပီ"

ေဂ်ာင္ဆူး၏ ေလာ္ေအာသံအဆံုး ဖုန္းခ်သြား၏။ ဖုန္းကို ေဘးခ်ကာ မနည္းကုန္းထၿပီးသည္ႏွင့္ ေခါင္းတစ္ခ်က္ႏွစ္ခ်က္ ခါထုတ္ရင္း ေရခ်ိဳးခန္းဘက္ ဒယိမ္းဒယိုင္ေလ်ွာက္လာရသည္။ ခ်မ္းေအးေနသည့္ ရာသီဥတုထဲျဖစ္ေသာ္ျငား ေအးေဆးလုပ္ဖို႔အခ်ိန္မရိွ။ ေအးစက္ေနေသာ ေရတို႔ႏွင့္ ခပ္သြက္သြက္မ်က္ႏွာသစ္ခ်ကာ သြားတိုက္လိုက္သည္။ ေရေတာ့မခ်ိဳးခ်င္ေတာ့။

"အ"

ေရခ်ိဳးခန္းထဲက ကမန္းကတန္း အျမန္ျပန္ထြက္လာေတာ့ ေရခ်ိဳးခန္းေဘာင္ႏွင့္ ခလုတ္တိုက္ကာ ေမွာက္ရပ္လဲက်သည္။

တိုက္မိသြားသၫ့္ ေျခေထာက္ေၾကာင့္ ရႈံ႔မဲ့ေနေသာ baekhyun ကို chanyeol ဗီရိုေပၚေအးေဆးထိုင္ကာ ၾကည့္ေနမိသည္။ နေမာ္နမဲ့ႏွင့္။ ႏိုးလာကတည္းက chanyeol ကို မျမင္ေသးကာ သူ႔အလုပ္မ်ားသာ ေခါင္းထဲစီထားပံုရသည္။ မ်က္ႏွာသစ္ၿပီး ျပန္ထြက္လာေသာ္ျငား မ်က္ေခ်းအေတာင့္လိုက္က က်န္ေနေသးသည္ပင္။ ညစ္ပတ္လိုက္တာ။ ​နာသြားသည့္ ေျခေထာက္ကို သနားကမား မ်က္ႏွာေပးေလးႏွင့္ ဖိကိုင္ကာ ေတာ္ေတာ္ၾကာထိုင္ၿပီးေတာ့မွ ျပန္ကုန္းရုန္းထရင္း အဝတ္ေတြႏိႈက္ေရြးေနျပန္သည္။

အခုထိ အိပ္ရာမသိမ္းေသးဘူးလား။ ဒါဘယ္လိုကပ်က္ကေခ်ာ္ႏိုင္မႈလဲ။ အခ်ိန္ကို တၾကည့္ၾကည့္ႏွင့္ လႈပ္ရွားေနသည့္သူ႔ကို ၾကည့္ေနရင္းမွာပင္ ရုတ္တရက္ အက်ႌကိုလွန္ခြၽတ္လိုက္၏။

"!!!!!"

နားရြက္တစ္ခုလံုး ျဖန္းကနဲပူတက္ကာ ခ်က္ခ်င္း အၾကည့္လႊဲလိုက္ရသည္။ ေအးေဆးရိွေနသည့္ ေျခေတြလက္ေတြကလည္း အခုမွတုန္ရီခ်င္လာသည္မို႔ စိတ္ေသခ်ာထိန္းကာ တစ္ခုခုအေပၚ အာရံုေျပာင္းထားရသည္။ သို႔ေသာ္ျငား အက်ႌသာမက။ ေဘာင္းဘီပါခြၽတ္ခ်ကာ အတြင္းခံကိုပါ တဆက္တည္း ေရာေထြးခြၽတ္ခ်ပစ္ျပန္သည္။ အၾကည့္လႊဲထားသည့္ၾကားမွ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္ရသည္။ chanyeol အခု အျပစ္မက်ူးလြန္မိေသးဘူးလို႔ေတာ့ ထင္ပါသည္။ မည္သို႔ပင္ ေယာက်္ားသားျဖစ္ျဖစ္ သူသည္ကား သာမန္ေယာက်္ားေလးတစ္ေယာက္အေနႏွင့္ ေမြးဖြားလာသည္မွ မဟုတ္ဘဲ။

အဝတ္လဲျခင္းအမႈၿပီးသည္ႏွင့္ ေျခေထာက္ေအာက္တြင္ တြန႔္ေၾကေနသည့္ အိပ္ရာခင္းကို လံုးေထြးကာ ဗီရိုထဲပစ္ထည့္လိုက္သည္။

ထိုစဥ္ပင္ ရုတ္တရက္ ဖုန္းသံထပ္ထြက္လာျပန္သည္မို႔ baekhyun အာရံုလႊဲသြားသည္။

ဂေယာင္ဆူးပင္။

ကိုင္လိုက္ၿပီးသည္ႏွင့္ မိမိဘက္ကအရင္ ၪီးေအာင္ေျပာလိုက္ရသည္။

"အင္း လာေနၿပီလို႔"

တစ္ဖက္က ထြက္လာခါနီး အသံက တံေတြးတစ္ခ်က္ ျပန္ၿမိဳခ်သံႏွင့္အတူ ဖုန္းျပန္ခ်သြား၏။ ညကတည္းက ျပင္ဆင္ထားသည့္ လြယ္အိတ္ကိုေကာက္ယူကာ ပုခံုးေပၚတင္ၿပီးသည္ႏွင့္ အခန္းတံခါးဘက္ေလ်ွာက္လာလိုက္သည္။

"အေမ့ !"

ရုတ္တရက္ မ်က္ႏွာခ်င္းဆိုင္ေတြ့လိုက္ရေသာ စိမ္းဖန္႔ဖန္႔မ်က္ဝန္းတစ္စံုေၾကာင့္ လက္ထဲကဖုန္း လြတ္က်သည္။

မေန့ညကေၾကာင္ပင္။ အသိစိတ္ဝင္သည္ႏွင့္ ဖုန္းျပန္ေကာက္ကာ ​ဘုၾကည့္ၾကည့္မိသည္။

"မင္းက ဘယ္လိုအခန္းထဲေရာက္ေနျပန္တာလဲ"

ျပတင္းေပါက္ကို သတိတရ လွည့္ၾကည့္မိေတာ့ ပိတ္ထားဆဲသာ။ ဘယ္အခ်ိန္က ဝင္လာမွန္းလည္း baekhyun မသိသလို ဆက္လက္စစ္ေဆးေနဖို႔လည္း အခ်ိန္မရိွ။ ေနာက္ဆံုးတစ္ခ်က္သာ ၾကည့္ၿပီးသည္ႏွင့္ အၾကည့္လႊဲကာ ဖိနပ္ေကာက္ဝတ္ရင္း အျပင္ေျပးထြက္လာရသည္။ ေနာက္က်ေနၿပီျဖစ္သည္။ အတန္းေနာက္က်သည္က ျပႆနာမရိွေသာ္ျငား ဂေယာင္ဆူးစာရွင္းျပမည့္အခ်ိန္ေတာ့ ေနာက္က်၍မရ။ ဆရာေတြထက္ သူကပိုစည္းကမ္းက်ပ္သည့္အျပင္ အားသည့္အခ်ိန္ရွားသည္မို႔။

ေလွကားေပၚ တဒုန္းဒုန္းေျပးဆင္းသည့္အသံက ပတ္ဝန္းက်င္တြင္ က်ယ္ေလာင္စြာ။ ေအာက္ေရာက္သည္ႏွင့္ ရုတ္တရက္ ေတြ့လိုက္ရသည္က နံရံကိုမွီၿပီး ရပ္ေနေသာလူတစ္ေယာက္။ အနက္ဝမ္းဆက္ႏွင့္မို႔ သတိထားမိလိုက္ျခင္းသာျဖစ္ၿပီး တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္ ကားမွတ္တိုင္သို႔ လံုးေနေအာင္ေျပးရသည္။ အေနာက္ကက်န္ခဲ့သည့္ စိမ္းဖန္႔ဖန္႔မ်က္ဝန္းေတြကေတာ့ baekhyun ထံသာ ကပ္ပါသြားခဲ့၏။

___

မွတ္တိုင္ထံသို႔ လံုးေနေအာင္ေျပးသြားသၫ့္ေကာင္ေလးက တစ္ခ်က္တစ္ခ်က္ ဆံပင္ေလးေတြက ေလေပၚေဝ့ဝဲတက္ေနေသးသည္။ ေအးေဆးလိုက္ခ်င္ေသာ္ျငား နဂိုတည္းက အျမန္အဆန္ေျပးသည့္ႏႈန္းျဖင့္ သြားေနသည္မို႔ chanyeol ေျခတံရွည္ေတြကို အရိွန္ျမႇင့္ရေတာ့သည္။

ကားမွတ္တိုင္တြင္ မထိုင္ႏိုင္ဘဲ မလာေသးသည့္ ဘက္စ္ကားကို လည္ေမ်ွာ္ကာရပ္ေစာင့္ေနသည္မို႔ chanyeol ခံုတန္းရွည္၏ ေထာင့္ဆံုးဘက္နားတြင္ ဝင္ထိုင္လိုက္သည္။ chanyeol ဘက္ တစ္ခ်က္ေလးေတာင္ အာရံုေရာက္မလာ။ ဖုန္းကိုဖြင့္ကာ တစ္ေယာက္ေယာက္ကို ဖုန္းေခၚရင္း စကားေတြ တတြတ္တြတ္ေျပာေနသည္။ ေနေရာင္ပါးပါးေအာက္ ရဲေနသည့္အသားအေရႏွင့္ တစ္ခ်က္တစ္ခ်က္ စူထြက္လာသည့္ ႏႈတ္ခမ္းပါးတို႔က ပနံသင့္ေနသည္။ မ်က္ေမွာင္ၾကဳတ္ကာ အၾကည့္လႊဲလိုက္မိသည္။ အမွတ္ပါမပါ စစ္မၾကည့္လ်ွင္ေတာင္မွ အၾကည္ဓာတ္ကေတာ့ သိသာလြန္းပါသည္။

ဘက္စ္ကားေရာက္သည္ႏွင့္ ဖုန္းကိုအိတ္ထဲ ကမန္းကတမ္း ထိုးထည့္ကာ ကားေပၚေျပးတက္သည္။ Chanyeol လည္း လိုက္တက္ဖို႔ျပင္လိုက္ေသာ္ျငား က်ပ္ပိတ္သပ္ေနေသာ လူထုေၾကာင့္ မ်က္ေမွာင္အဆံုးထိၾကဳတ္လိုက္မိသည္။ ပိတ္ေလွာင္ေနသၫ့္ ေနရာထဲ သူတို႔လူသားေတြ၏ ညစ္ညစ္ပတ္ပတ္အနံ႔ေတြႏွင့္ ေရာေထြးရၪီးမည္။ အခ်ိန္ၾကာၾကာ တံု႔ဆိုင္းေန၍မရသည္မို႔ ကားေပၚအျမန္လိုက္တက္လိုက္သည္။

"ေနၪီး ! ကားခေရာ"

လူထုၾကားထဲ ေပ်ာက္အံ့ဆဲျဖစ္ေနသည့္ အျဖဴေရာင္ အလံုးေလးေနာက္ အျမန္လိုက္ရန္ျပင္သည့္အခ်ိန္တြင္ ကားဆရာထံမွ ေမးလိုက္ျခင္းျဖစ္သည္။

ကားခ ... ?

ေဘာင္းဘီအိတ္ကပ္ေနာက္ ႏိႈက္သေယာင္ျပဳျပီး ဘာမ်ွမရိွသည့္ ဗလာအလြတ္ထဲမွ ပိုက္ဆံတစ္ရြက္ထြက္လာ၏။ သံုညဘယ္ႏွလံုးလည္း မၾကည့္၊ လက္ညိုးႏွင့္လက္ခလယ္ၾကားၫွပ္ကာ ေထာင္ျပလိုက္သည္။

"ဒီေလာက္ဆို ရလား ?"

"အဲ့ ရေတာ့ရပါတယ္ ၊ တကယ္ေတာ့ ကတ္နဲ႔မွ ရတာ ၊ ျပန္အမ္းဖို႔ကလည္း ေငြအပိုမထားထား-"

"မအမ္းနဲ႔ေတာ့"

စကားလံုးေတြ ေကြ့ဝိုက္ေနေသာ ကားဆရာေၾကာင့္ ရင္ဘတ္ထံထိုးေပးလိုက္ကာ ခပ္ျပတ္ျပတ္ေျပာရင္း အေနာက္ထဲဝင္လာရသည္။ လူအုပ္ၾကားထဲ ေရာက္သည္ႏွင့္ တစ္ေယာက္ခ်င္းဆီ၏ ေခြၽးရနံ႔တို႔ေၾကာင့္ chanyeol မ်က္လံုးပင္ျပာခ်င္သည္။ ဒါေၾကာင့္ပင္ လူေတြၾကား သြားရမွာကိုမုန္းတာ ! လူအုပ္ေတြၾကား ညပ္ေနမည္ထင္ရသည့္ အျဖဴလံုးေလးကို ရွာမေတြ့ေသာ္ျငား သိသိသာသာ ႏွာဖ်ားဝတိုးဝင္လာသည့္ ထူးထူးျခားျခားရနံ႔ေၾကာင့္ ၪီးတည္ရာကို အျမန္သြားလိုက္သည္။ လူေတြကက်ပ္သည့္အျပင္ စကားေတြလည္းေျပာ​ေနၾကသည္မို႔ chanyeol ကို စိတ္က်ဥ္းက်ပ္လာေစသည္။

အတြင္းပိုင္းထိ တိုးဝင္သြားေတာ့မွ ေတြ့ပါၿပီတဲ့ ။ ထိုင္ေနသည့္ လူတစ္ေယာက္ေဘးတြင္ မတ္တပ္ရပ္ရင္း ယိမ္းထိုးေနသည့္ ခႏၲာငယ္ကို။ ဒီလို ရႈပ္ယွက္ခက္ေနသည့္ၾကားထဲ ဖုန္းကိုအၾကည့္မပ်က္သည္မို႔ မ်က္ေမွာင္ၾကဳတ္မိျပန္သည္။ ဘာေတြမ်ား အေရးႀကီးေနသလဲမသိပါ။

အေဝးတစ္ေနရာ မလွမ္းမကမ္းတြင္ ရပ္ကာ အၾကည့္တစ္ခ်က္မလႊဲ စိုက္ၾကည့္ေနရသည္။ အနည္းငယ္ၾကာေတာ့ ဖုန္းကိုအိတ္ထဲ ျပန္ထည့္ကာ မ်က္ခံုးရိုးတို႔ကို ခပ္သာသာဖိသပ္ေန၏။ ရုတ္တရက္ ျမင္ကြင္းေရ႔ွကြယ္ရပ္လိုက္ေသာ လူေၾကာင့္ chanyeol အျမင္ကြယ္သြားမွ အာရံုေျပာင္းသြားသည္။ chanyeol ေရ႔ွတည့္တည့္ ဝင္ရပ္လိုက္ျခင္းမဟုတ္ဘဲ baekhyun အေနာက္တည့္တည့္ ေနရာဝင္ယူလိုက္ျခင္းျဖစ္သည္မို႔ နဂိုတည္းက ျမင္ေနရသည့္ ေက်ာျပင္ငယ္ပါ ေပ်ာက္သြား၏။ အားမလိုအားမရ ျဖစ္စြာ ေဘးကိုပိုတိုးမိေတာ့ အဝတ္ထုပ္အျပည့္ႏွင့္ အေဒၚႀကီးက ဘုၾကည့္ၾကည့္သည္။ chanyeol လည္း ဘုၾကည့္ျပန္ၾကၫ့္ကာ ထပ္တိုးရင္း ထိုေကာင္ေလးဘက္ တိမ္းေစာင္းၾကည့္လိုက္သည္။

"ဒီမယ္ လူငယ္ေလး"

ေဘးက ေဟာက္ရန္ျပင္ေနသည့္ အေဒၚႀကီးေပၚ အာရံုမရိွ။ ရုတ္တရက္ ျမင္ကြင္းအရွင္း လွစ္ကနဲျမင္လိုက္ရေသာ ျဖဴဖက္ျဖဴေရာ္ မ်က္ႏွာငယ္၏ အပ်က္အယြင္းေၾကာင့္ စိတ္ပ်က္လက္ပ်က္ မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ ထိုအေဒၚႀကီးကို တြန္းတိုက္ကာ ထိုလူနားကို အျမန္တိုးကပ္သြားလိုက္သည္။

အတိုးတိုးအတိုက္တိုက္ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား မေက်မနပ္ၾကည့္လာၾကေသာ္ျငား chanyeol သည္ ဂရုစိုက္တတ္သည့္သူမဟုတ္တန္ရာ။ အနားေရာက္သည္ႏွင့္ baekhyun အေနာက္က ထိုလူ၏ ေအာက္ေရာက္ေနေသာ လက္တစ္ဖက္ကို လွန္ဆြဲခ်လိုက္သည္။

"ဘ ! ဘာလဲ ေဟ့ေကာင္!!"

အထိတ္တလန္႔ ေဒါသႏွင့္ေျပာလာသည့္ ထိုထူကို ဂရုမစိုက္မိ။ ရုတ္တရက္ တုန္တက္ကာ လွည့္ၾကည့္လာေသာ မ်က္ႏွာေသးေသးကို ၾကည့္လိုက္သည္။

ျဖဴေရာ္ေနေသာ မ်က္ႏွာေသးေသးက ေခြၽးစီးေခြၽးေပါက္တို႔လည္း တြဲခိုေနေသးသည္။ တဆတ္ဆတ္တုန္ရီေနေသာ ႏႈတ္ခမ္းပါးတို႔ေၾကာင့္ မသိလိုက္မသိဘာသာ လွန္ခ်ိဳးထားသည့္လက္ကို အားပိုထည့္မိလိုက္သည္။ ထိုေကာင္ေလးသည္ chanyeol ကို ေမာ့မၾကည့္။ အေနာက္ကိုသာ တစြန္းတစ ခပ္ေဖ်ာ့ေဖ်ာ့လွည့္ၾကည့္သည္။ ေဘးအဖက္ဖက္က လူေတြကေတာ့ လွည့္ၾကည့္ကာ တီးတိုးတီးတိုး အသံမ်ားႏွင့္ညံလာ၏။

"ေဟ့ေကာင္ ! မင္းအခု ဘယ္သူ႔ကိုလာစမ္းေနတယ္ထင္လဲ !! ဟမ္ !! လႊတ္စမ္း !! မင္း !!! မလႊတ္ရင္ ငါ့အေၾကာင္းသိေစရမယ္ !! လႊတ္စမ္းလို႔ !!!!"

နားညီးလိုက္တာ..။ ထိုလူဘက္ လွည့္ၾကည့္လိုက္ေတာ့ လည္ပင္းနားတြင္ ျမင္လိုက္ရသည့္ မွည့္တစ္စက္။ မွည့္တစ္လံုးေလာက္ကို ျမင္ရံုႏွင့္သတိျပဳမိသည္မဟုတ္ေသာ္ျငား တက္တူးကဲ့သို႔ အစိမ္းပုပ္ေရာင္ သန္းေနသည္မို႔။ ထိုစဥ္ ရုတ္တရက္ ရပ္သြားသည့္ မွတ္တိုင္ေၾကာင့္ chanyeol ႏွင့္ ထိုလူကို တြန္းတိုက္ကာ ေျပးဆင္းသြား၏။ သူဆင္းသြားေတာ့မွ သက္ျပင္းခ်ကာ လက္ကိုေဆာင့္လႊတ္လိုက္သည္။ ၿပီးသည္ႏွင့္ ပညာျပခ်င္ေနပံုေပၚေသာ ထိုလူၿငိမ္က်ေစရန္ တစ္ခ်က္စိုက္ၾကၫ့္ကာ လိုက္ဆင္းလာလိုက္သည္။

ျမင္ကြင္းေရ႔ွ ခပ္ေဝးေဝးေရာက္ေနၿပီျဖစ္ေသာ ေကာင္ေလးက သူ႔ခရီးကိုသာ သူေခါင္းထဲထည့္ရင္း အျမန္ေျပးေနျပန္သည္။ တစ္ခ်က္ကေလးေတာင္ ေဒါသမထြက္ဘူးလား။ ဒါမွမဟုတ္ ​အေၾကာက္တရားေၾကာင့္ ၿငိမ္ခံေနသည္လား။ အနည္းဆံုးေတာ့ ထိုလူ၏ အလယ္ဂြၾကားကို တစ္ခ်က္ျဖစ္ျဖစ္ ေဆာင့္ကန္လိုက္ေစခ်င္မိသည္ပင္။ သို႔ေသာ္ျငား သူ႔ဆံုးျဖတ္ခ်က္သည္ chanyeol ႏွင့္ မဆိုင္ပါ။ အခုေတာ့ chanyeol ကသာ သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္ရင္း သူ႔ေနာက္လိုက္ရျပန္၏။

​ေျခလွမ္းသြက္သြက္ျဖင့္ မိနစ္အနည္းငယ္ၾကာ လမ္းေလ်ွာက္ၿပီးေတာ့ မ်က္စိေရ႔ွတည့္တည့္ ေရာက္လာသည္က ေက်ာင္းဝင္ေပါက္။ ေအးေအးလူလူဝင္သြားေသာ baekhyun ေနာက္ chanyeol လည္း လိုက္ဝင္လာေတာ့ ေက်ာင္းသူတို႔၏ အၾကည့္တခ်ိဳ႕က chanyeol ထံ က်ေရာက္လာ၏။ လည္ပင္းထိဖံုးသည့္ ဆြယ္တာအမည္းေရာင္ကို ေမးေစ့နားေရာက္သည္အထိ ဆြဲကာ မ်က္ႏွာတစ္ဝက္ ဖံုးလိုက္သည္။

ထို႔ေနာက္ baekhyun ဝင္သြားသည့္ အခန္းနံပါတ္ေတြ ေသခ်ာမွတ္ကာ ျပန္လွည့္ထြက္လာလိုက္၏။ စာသင္ခန္းထဲထိေတာ့ ဝင္ဖို႔မလိုေလာက္ပါ။ ထိုေကာင္ေလး တစ္ေနရာတြင္ ၿငိမ္ၿငိမ္ထိုင္ေနသည့္အခ်ိန္အတြင္း ေက်ာင္းကိုလွည့္ပတ္ၾကည့္ရႈ၍ ရသည္မို႔။

နာရီကိုၾကည့္မိေတာ့ ၉နာရီစြန္းစြန္း။ မည္သၫ့္အခ်ိန္ ေက်ာင္းဆင္းမည္မွန္းမသိေသာ္ျငား chanyeol သတိေပးခ်က္ အာရံုတို႔အရ အဆင္ေျပသည္မို႔ စိတ္လႊတ္ထားလိုက္သည္။

တကၠသိုလ္ဝန္းက ေတာ္ေတာ္က်ယ္သည္။ ေက်ာင္းေဆာင္မ်ားကလည္း ေတာ္ေတာ္မ်ားသည္မို႔ chanyeol ကို အနည္းငယ္ေတာ့ မ်က္စိရႈပ္ေစသည္။ ေက်ာင္းထဲ ပတ္ၾကည့္ေနရင္းမွ ကန္တင္းထဲေရာက္သြားသည္မို႔ တစ္ေနရာတြင္ အေညာင္းေျပ ဝင္ထိုင္လိုက္သည္။ အစက ထိုင္ရံုသာ ထိုင္ေနရန္ႀကံထားေသာ္ျငား တစ္ေယာက္တည္း ေၾကာင္ေတာင္ေတာင္ ျဖစ္ေနသည္မို႔ ႏို႔ေအးတစ္ဗူးဝယ္ကာ ပိုက္တပ္ေသာက္ေနလိုက္သည္။ မ်က္ႏွာခ်င္းဆိုင္က တိုင္ကပ္နာရီကို ၾကည့္မိေတာ့ ေန့လည္ ၁၂ နာရီထိုးခါနီးအခ်ိန္။ ဟိုေကာင္ေလး ၿပီးေလာက္ၿပီလားမသိ။ ေခါင္းထဲ အထူးတလည္ အာရံုမရေသးသည္မို႔ ေခါင္းထဲကခဏထုတ္ကာ ႏို႔ေအးသာ ေသာက္ေနလိုက္သည္။

Chanyeol ပံုစံက ေက်ာင္းသူေတာ္ေတာ္မ်ားမ်ားက ဆြဲေဆာင္ႏိုင္ပံုရသည္။ ေသခ်ာျပန္ၾကည့္္မိေတာ့လည္း လည္ပင္းထိလံုၿခံဳေနသည့္ အနက္ေရာင္ဆြယ္တာတစ္ထည္ႏွင့္ ရိုးရိုးေဘာင္းဘီအနက္သာ။ အနက္ခ်င္းထပ္ေန၍ဘဲ ဆြဲေဆာင္မႈ ျဖစ္ေနလားေတာ့မသိေသာ္ျငား chanyeol စိတ္ရႈပ္သည္မို႔ လူေတြအျမင္ကို ကြယ္ထားလိုက္ေတာ့သည္။ ရုတ္တရက္ ျမည္ဟည္းလာေသာ ရင္ဘတ္အတြင္းတစ္ေနရာက တုန္ခါမႈေၾကာင့္ ႏိႈက္ထုတ္လိုက္သည္။

လက္ထဲပါလာသည္က ေခတ္ေနာက္က်ေနၿပီျဖစ္သည့္ ကီးပတ္ေလးသာ။

"အင္း ေျပာ"

ဆက္မည့္သူဟူ၍ ထူးထူးျခားျခား သူဘဲရိွသည္မို႔။ ဖုန္းထဲက အသံထြက္လာသည္။

"အေျခအေန ဘယ္လိုလဲ"

"ဒီေန့မနက္တင္ ထူးထူးျခားျခားတစ္ေကာင္ သတိထားမိလိုက္တယ္"

ဘက္စ္ကားေပၚက မရိုးသားသည့္လူေၾကာင့္ အစီရင္ျပန္ခံရသည္။

"ေသခ်ာတာေတာ့ အဲ့တစ္ေယာက္တည္း မကေလာက္ဘူး ၊ တျခားဘယ္သူေတြရိွေသးလဲ"

chanyeol မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ေလာလာဆယ္ေတာ့ တစ္ေယာက္ပဲေတြ့ေသးတယ္ ၊ အခုမွ မနက္ပိုင္း အေစာႀကီးပဲရိွေသးတာေလ ၊ အဲ့ေလာက္ေတာင္ စိတ္ပူတတ္ေနလား"

စိတ္ပူလ်ွင္လည္း ကိုယ့္ဘာသာ လာေစာင့္ေရွာက္ ဟူေသာ စကားကိုေတာ့ မေျပာမိေအာင္ တန္႔လိုက္ရသည္။ တစ္ဖက္မွ ရယ္သံခပ္ဟဟ ထြက္လာ၏။

"အေရးႀကီးတယ္ေလကြာ"

တျခား မည္သည့္စကားရွည္ရွည္ေဝးေဝးတို႔ကို ​ဆက္မေနေတာ့ဘဲ လိုရင္းကိုေမးလာပါ၏။

"မနက္ကေတြ့တဲ့လူကေရာ ၊ ဘာထူးျခားလဲ"

Chanyeol သိသိသာသာ ျပန္အမွတ္ရလိုက္သည္။

"လူလို႔ေတာင္ ေခၚလို႔မရေလာက္ဘူး ၊ အနံ႔ပါေဖ်ာက္တားတယ္"

မေသခ်ာေသးသည့္ အခ်က္တစ္ခုကိုေတာ့ ဖယ္ထားလိုက္သည္။ Chanyeol ေမးလိုက္သည္။

"မင္းအခု စံအိမ္မွာလား"

တစ္ဖက္မွ အသံထြက္လာ၏။

"ေအး ၊ ေနာက္သံုးရက္ေလာက္ေနရင္ မင္းကိုလာခဲ့ၪီးတဲ့"

မ်က္ေမွာင္ၾကဳတ္လိုက္မိေသာ္ျငား လက္ခံေၾကာင္းသာ အသံျပဳျပီး ဖုန္းခ်လိုက္သည္။ မသြားခ်င္ေသာ္ျငား သြားရၪီးမည္မို႔ စိတ္ညစ္ၫူးသြား၏။

ရုတ္တရက္ ရလိုက္ေသာ ရနံ႔တစ္စံုေၾကာင့္ အသိဝင္ကာ အၾကည့္ေတြကစားမိလိုက္သည္။ ကန္တင္းထဲ ျဖည္းျဖည္းခ်င္း ဝင္လာသည့္ baekhyun ! မည္သူ႔ကိုမွ အာရံုမရိွသည့္ဟန္ သူ႔မုန္႔သာသူဝယ္ေန၏။ တစ္လက္စတည္း လိုက္သြားရန္ လက္ထဲကႏို႔ဗူးကို အမိႈက္ျခင္းထဲ ပစ္ထည့္လိုက္သည္။ မုန္႔ဝယ္ၿပီးသည္ႏွင့္ လာရာလမ္းအတိုင္း ေအးေဆးျပန္ထြက္သြား၏။ လက္ႏွစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲ ဟန္ပါပါလ်ိႈသြင္းကာ ေအးေဆးလိုက္သြားလိုက္သည္။ ေသခ်ာတာေတာ့ သူ chanyeol ကို ျမင္မွာမဟုတ္သည္မို႔။ ဘာေတြေတြးေနမွန္း မသိရစြာပင္ ေခါင္းကိုငိုက္စိုက္ခ်ထားသည္မို႔ စိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။

အခန္းထဲဝင္သြားသည့္ေကာင္ေလးေၾကာင့္ ဆက္မလိုက္ဖို႔ ေတြးလိုက္ေသာ္ျငား မသိစိတ္၏ေစ့ေဆာ္မႈေၾကာင့္ အေပါက္ဝဘက္ အၾကည့္တစ္ခ်က္ပို႔လိုက္သည္။

အခန္းထဲလူရွင္းေန၏။ အလြန္ႀကီးမားသည့္ အခန္းက်ယ္ႀကီးထဲ baekhyun အပါအဝင္ က်န္သည့္ေယာက်္ားေလး သံုးေယာက္သာရိွသည္။ ထိုသံုးေယာက္အနက္ တစ္ေယာက္က ေျခခ်ိတ္ထိုင္ကာ က်န္ႏွစ္ေယာက္က စားပြဲခံုေပၚတက္ထိုင္ေနၾကသည္။

အခုေခတ္ ကေလးေတြမ်ား..

Chanyeol ၏ အာရံုကိုဆြဲေဆာင္သြားသည္က ထိုသံုးေယာက္ေရ႔ွ ေခါင္းငံု႔ရပ္ေနသည့္ baekhyun ကန္တင္းကဝယ္လာသည့္ ေပါင္မုန္႔ေလးအား လက္ႏွစ္ဖက္ျဖင့္ ေပးလိုက္သည့္ ျမင္ကြင္း။ မ်က္ခံုးေတြ တြန္႔ခ်ိဳးမိရက္သား။

ေျခခ်ိတ္ထိုင္ေနသည့္တစ္ေယာက္က လက္ထဲကေပါင္မုန႔္ကို ၾကည့္သည္။ ထို႔ေနာက္ baekhyun မ်က္ႏွာကို ဟန္ပါပါ ၾကည့္သည္။ အခန္းဝကေနသာ ၾကည့္ေနရသည္မို႔ baekhyun ၏ ေက်ာျပင္ေသးေသးေလးကိုသာ ျမင္ရသည္။ ေခါင္းကို အတင္းကာေရာ ငံု႔ထားသည့္ baekhyun က ဆံပင္အုပ္အုပ္မ်ားေၾကာင့္ မ်က္ႏွာပင္မျမင္ရ။

အလယ္က ေျခခ်ိတ္ထိုင္ေနသည့္သူထံမွ အသံထြက္သည္။

"မင္းကို ပဲေပါင္မုန္႔မွာတာေလ"

baekhyun လက္ထဲက မုန္႔ထုတ္ကို ျဖတ္ကနဲ ေဆာင့္ယူသြား၏။ baekhyun ေျခတစ္လွမ္း ယိုင္သြားသည္။

"ဒါကဘာလဲ ! ဟမ္ !"

Baekhyun ေခါင္းငံု႔ထားဆဲသာ။

"ပဲ ေပါင္ မုန္႔ေလ ! ပဲေပါင္မုန္႔ ေတာင္မင္းမသိဘူးလား ! ဒီဘာမွမပါတဲ့ ေပါင္မုန္႔အလြတ္ကို ငါ့လာစားခိုင္းေနတာလား ! ဟမ္ !"

စကားတစ္ခြန္းတိုင္းမွာ ထိုမုန္႔ထုတ္ႏွင့္ baekhyun ေခါင္းေပၚ တစ္ခ်က္ခ်င္းရိုက္သည္။ လူရွင္းေနသည့္အခန္းထဲျဖစ္သည့္အျပင္ အခန္းက်ယ္ႀကီးမို႔ အသံကတစ္ခ်က္တစ္ခ်က္ ဟိန္းကနဲ။ ထိုထဲမွ တိုးဖ်လြန္းသၫ့္ အသံထြက္လာ၏။

"ကုန္ေနလို႔၊ ရိွတာဘဲဝယ္လာတာပါ စီနီယာ"

ရိုးတာလား၊ အတာလား။ အသံက မေၾကာက္ေအာင္ တမင္လုပ္ယူထားမွန္း သိသာလြန္းေနသည္။

"ဩ ? အဲ့ေတာ့ မင္းပဲစား"

လက္ထဲကေပါင္မုန္႔ထုတ္ကို အၾကမ္းပတမ္း ဆြဲေဖာက္သည္။ ေပါင္မုန္႔သားတစ္ခ်က္ခ်င္းဆီကို ဆြဲဖဲ့ကာ baekhyun ပါးစပ္ထဲ အတင္းထိုးႀကိတ္ထည့္သည္။ ထို႔ေနာက္ baekhyun ထံ အားပါပါ ပစ္ေပါက္သည္။ ထိုေကာင္ေလးသည္ ခပ္ေတာင့္ေတာင့္ေလး ရပ္ေနရံုမွလြဲ မည္သို႔မျွပန္မတံု႔ျပန္။ ​sehun အေျပာကိုပင္ ရုတ္တရက္ အမွတ္ရမိလိုက္သည္။ ျပႆနာေတြကလည္း မ်ားလြန္းလိုက္တာ။ ၾကည့္ရတာ စိတ္မသက္သာ၍ လက္တစ္ခ်က္ ေဝ႔ွမည္ျပင္ခိုက္တြင္ ေဘးမွ အသံတစ္ခုက အရင္ထြက္လာ၏။

"မင္းတို႔ဘာလုပ္ေနတာလဲ"

ဘယ္အခ်ိန္ကတည္းက ေဘးနားေရာက္ေနမွန္းမသိလိုက္သည့္ ေကာင္ေလးေနာက္တစ္ေယာက္။ သူလည္း baekhyun ေလာက္သာရိွသည့္ ေသးေသးပုပုေလးပင္။ ေဘာက္ဆက္ေဘာက္ဆက္ျဖင့္ baekhyun ရိွရာသို႔ ခ်ီတက္သြားၿပီး baekhyun ကို သူ႔ဘက္ဆြဲေခၚကာ ကာကြယ္ေပးဟန္ျပသည္။ chanyeol စိတ္ဝင္စားမႈျမင့္တက္ကာ ေဘးကနံရံေပၚမွီကာ လက္ပိုက္လိုက္သည္။

သို႔ေပမယ့္ chanyeol ေမ်ွာ္လင့္ထားသလို ျပႆနာႀကီးႀကီးမားမားဟူသည့္ တစ္စံုတစ္ရာပင္ ျဖစ္မသြားပါ။ တစ္ဖက္ကသံုးေယာက္သည္ ထိုေကာင္ေလးဝင္လာသည္ကို ျမင္သည္ႏွင့္ အလိုလိုလက္ေလ်ာ့ကာ ထြက္သြားဟန္ျပဳသည္။ မ်က္ႏွာေပးမ်ားကေတာ့ မထီမဲ့ျမင္ျဖင့္ baekhyun ထံသာ စိုက္ၾကည့္သြားၾကသည္ပင္။ ထို႔ေနာက္ အခန္းဝကိုမွီရပ္ေနသည့္ chanyeol ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ့သည္။ chanyeol လွည့္မၾကည့္ေသာ္ျငား ပုခံုးကို တမင္တကာ အားပါပါတိုက္သြားသည္မို႔ မ်က္ေမွာင္ၾကဳတ္ကာ အၾကည့္တစ္ခ်က္ပို႔လိုက္မိသည္။

ၿပံဳးျပသည့္အဓိပၸာယ္က ဘာကို ဆိုလိုခ်င္မွန္းမသိ။ သူတို႔အေျခအေနက chanyeol ႏွင့္ ရန္ဖက္ျဖစ္ဖို႔ေတာင္ မတန္သည့္အဆင့္ေလးေတြမို႔ လ်စ္လ်ူရႈလိုက္သည္။ တစ္ဖက္က ေကာင္ေလးႏွစ္ေယာက္ကို ၾကည့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ စာလုပ္ပံုေပၚေနသည္မို႔ သက္ျပင္းခ်မိလိုက္ျပန္သည္။ အခုထိမၿပီးေသးဘူးတဲ့လား။ လက္ကနာရီကိုၾကည့္မိေတာ့ ၁၂ ေက်ာ္ေနၿပီ။

Chanyeol စိတ္ကိုအဆံုးထိ ဆြဲဆန္႔ထားလိုက္ရ၏။ သူေတာ့ ဒီေနရာတြင္ဘဲ တစ္ေနကုန္ေတာ့မည္ထင္ပါသည္။ ဟုတ္လည္းဟုတ္သည္ပင္။ တမင္တကာကို အခ်ိန္ကုန္ခံၿပီး လိုက္ေနေပးရသည္မို႔ ညည္းေနလည္းမထူးပါေပ့။ သက္ျပင္းခ်လိုက္သည္မွစကာ ေက်ာင္းကၿခံဝန္းတစ္ခုတြင္ ညေနေစာင္းသည္အထိ ထိုင္ေစာင့္ေနခဲ့ရ၏။

အခ်ိန္အားျဖင့္ ညေန ၃နာရီ။ ေျပးထြက္လာေသာ ​ေကာင္ေလးက ဒီတစ္ခါလည္း အလ်င္လိုျပန္သည္ထင္၏။ ပံုမွန္ေက်ာင္းဆင္းခ်ိန္ မဟုတ္သလားလို႔။ ဒီတစ္ခါေတာ့ ဘက္စ္ကားမွတ္တိုင္ဘက္ ၪီးမတည္ဘဲ အေတာ္ေဝးေဝးကို လမ္းေလ်ွာက္သြားသည္မို႔ မ်က္ေမွာင္ၾကဳတ္မိသည္။ ထို႔ေနာက္ ေကာ္ဖီဆိုင္တစ္ခုအတြင္း ဝင္သြားသည္ကို ျမင္လိုက္ရသည္ႏွင့္ အနည္းငယ္နားလည္လိုက္သည္။ ထို႔ေၾကာင့္ပင္ မေန့ကအိမ္ျပန္ေရာက္တာ ေနာက္က်ရျခင္းျဖစ္မည္ထင္၏။

မ်က္ႏွာခ်င္းဆိုင္က စာအုပ္ဆိုင္ထဲ ဝင္ထိုင္ကာ မွန္အၾကည္မ်ားၾကားမွ ေစာင့္ၾကည့္မိသည္။ ရပ္ကြက္ေလးတစ္ခုအတြင္းမို႔ လမ္းအရမ္းက်ယ္မေနတာ ေက်းဇူးတင္မိသည္။ အေဝးကၾကည့္သေလာက္ အၿပံဳးရႊင္ရႊင္ႏွင့္ စကားေျပာေနေသာ ေကာင္ေလးက ၾကည္လင္လြန္းေနသည္။ ၾကည့္ေနသည့္သူ တစ္ဖက္လူကိုပါ ၿပံဳးမိေစမတတ္။

သို႔ေသာ္ျငား chanyeol ႏႈတ္ခမ္းသည္ တည္လ်က္ဆဲသာ။ ထိုေကာင္ေလး အၾကည့္ေတြအျပဳအမူေတြက ရိုးသားလြန္းသေလာက္ ပတ္ပတ္လည္ကသူေတြက အဘယ္ေၾကာင့္ တစ္ခုမဟုတ္တစ္ခု ပံုမမွန္ရသနည္း။

chanyeol မ်က္စိစပါးေမႊးစူးေနသည္က baekhyun ေဘး တဝဲလည္လည္လုပ္ေနသည့္ ေကာင္။ နတ္သားလို အၾကည္ဓာတ္ႏွင့္ ေကာင္ေလးနား တဝဲလည္လည္လိုက္ကပ္ေနသည့္ ခ်ီးပိုးထိုးေကာင္အလား။ baekhyun ဂုပ္ပိုးကိုဖိကိုင္ကာ စေနာက္သည့္ဟန္ ျပဳ၏။ chanyeol မ်က္ေမွာင္ၾကဳတ္လိုက္ရျပန္သည္။ အလိုက္သင့္ရယ္ေနေသာ္ျငား ဇက္ကိုပုဝင္ကာ ရုန္းခ်င္ေနသည္ကို သတိထားမိသည္မို႔ ခပ္တင္းတင္းသာ စိုက္ၾကည့္ေနမိသည္။

တစ္ေန့တည္းမွာပင္ တကယ္ကို မလြယ္လိုက္တာ။

ေနာက္ဆံုးသူ႔ဘာသာ ရုန္းထြက္သြားေတာ့မွ chanyeol ထိုင္ေနရာမွ ထကာ စာအုပ္စင္ေတြၾကား ဝင္ၾကၫ့္လိုက္သည္။ အခ်စ္ဝတၴုေတြမ်ားသည္။ chanyeol အခ်စ္ဝတၴုေတြမႀကိဳက္။ ဖတ္လည္းမဖတ္ျဖစ္သလို သူႏွင့္လည္းမဆိုင္ဟု ထင္မိ၍။ ပ်င္းဖို႔ေကာင္းသည္မို႔ ေတြ့ရာတစ္အုပ္ဆြဲယူၿပီး မ်က္ႏွာခ်င္းဆိုင္တြင္ ျပန္ထိုင္ေနလိုက္သည္။

ေနေရာင္တိမ္းေစာင္းေနရာမွ ျဖည္းျဖည္းခ်င္း အေမွာင္ရိပ္သန္းလာၿပီ။ အခ်ိန္မည္မ်ွ ၾကာသြားလဲမသိေသာ္ျငား တိတ္ဆိတ္ကာ မီးေရာင္ေတြၿခံရံလာေသာ ပတ္ဝန္းက်င္ေၾကာင့္ သတိတရေမာ့ၾကည့္လိုက္ေတာ့ ကြက္တိပင္ ဆိုင္ထဲကထြက္လာသည့္ ေကာင္ေလးက လြယ္အိတ္ေလး တေစာင္းလြယ္လ်က္ႏွင့္။ လက္ကနာရီကို ငံု႔ၾကည့္မိေတာ့
ည ၉နာရီ ?

ေတာ္ေတာ္ကိုၾကာသြားသည္ပင္။ အခ်ိန္ပိုင္းျဖစ္ပံုရေသာ္ျငား တကၠသိုလ္အရြယ္ ကေလးတစ္ေယာက္ကို အနည္းဆံုးေတာ့ ေလ်ာ့ေပါ့ေပးသင့္သည္ဟု ထင္ကာအလိုမက်ျဖစ္မိသည္။ chanyeol မကြၽမ္းက်င္သည့္ အပိုင္းမို႔လည္း သိပ္မ်ားမ်ားစားစား မေတြးခ်င္။ သူထြက္သည္ႏွင့္ chanyeol လည္း စာအုပ္ကိုသူ႔ေနရာ သူျပန္ထားကာ ထလာလိုက္ေတာ့သည္။

___

ကားေပၚေရာက္ကတည္းက ငိုက္ေနသည္မွာ ကားမွန္ႏွင့္ေခါင္း တေဒါင္ေဒါင္ေဆာင့္ေနသည္ေတာင္ သတိထားမိပံုမရ။ အေနာက္တည့္တည့္က ထိုင္ၾကည့္ေနသည့္ chanyeol ေတာ့ သူ႔အစား ေခါင္းႀကိမ္းေနၿပီျဖစ္သည္။ ဘယ္ေလာက္ထိ အိပ္ေရးပ်က္ခဲ့လဲ မသိေသာ္ျငား သာမန္လူေတြထက္ ကိုယ္ခံအားေကာင္းသည့္ chanyeol အတြက္ေတာ့ ခဏေလာက္အိပ္သည္ႏွင့္ တစ္ေနကုန္ လန္းလန္းဆန္းဆန္း အသာေလးေနႏိုင္သည္မို႔ ကိုယ္ခ်င္းမစာႏိုင္ပါ။

ေနာက္ဆံုး တေဒါင္ေဒါင္အခ်က္ ၃၀ ေျမာက္မွာ chanyeol မေနႏိုင္ေတာ့သည္မို႔ ကားမွန္ေပၚ လက္ဖဝါးတင္ထားေပးလိုက္၏။ ျဖည္းျဖည္းမွန္မွန္ လာတိုက္ေနေသာ ေခါင္းလံုးလံုးေလးက ထပ္ခါတလဲလဲ မတိုက္ေတာ့ဘဲ လက္ေပၚမွီကာ စိတ္ခ်လက္ခ် အိပ္ေန၏။ ဆံပင္ေလးေတြက ႏူးညံ့လိုက္တာ။ အျပင္ဘက္ကို ၾကည့္ေနရင္းမွ သူ႔မွတ္တိုင္ေက်ာ္သြားသည္မို႔ မ်က္လံုးျပဴးကာ ေခါင္းလံုးလံုးေလးကို တြန္းထုတ္လိုက္သည္။

ဖက္ကနဲ ႏိုးလာေသာ baekhyun က လက္ရိွအေျခအေနေပၚ အသိမဝင္ေသးသည့္ဟန္။ ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ၿပီး ခဏအၾကာေတာ့မွ ကမန္းကတမ္းကုန္းရုန္းထကာ အေပါက္ဝနားသြား၏။ ရုတ္တရက္ ကားကယိုင္သြားသည္မို႔ လက္ကိုင္တန္းႏွင့္ နဖူးႏွင့္ ဒိန္ကနဲေဆာင့္သံႀကီး ထြက္လာျပန္၏။

"အား"

ကပ်က္ကေခ်ာ္ႏိုင္လြန္းသည္။

နဖူးကို ပြတ္ကာ ရႈံ႔မဲ့ေနရင္းမွ ဘဲလ္ကိုအဆက္မျပတ္တီးေန၏။ အသက္ႀကီးႀကီး ကားဆရာက ခပ္ရယ္ရယ္တံု႔ျပန္ကာ တံခါးဖြင့္ေပးရွာသည္မို႔ chanyeol လည္း လိုက္ဆင္းရေတာ့သည္။

ညေတာ္ေတာ္ေမွာင္ေနၿပီျဖစ္သည္။ အိမ္ျပန္လမ္းတစ္ေလ်ွာက္ အိပ္ခ်င္ေနပံု ရသည့္ေကာင္ေလးက ေျခလွမ္းေတြကအစ ေလးပင္ေနသည္။ လမ္းထဲမဝင္ခင္ စတိုးဆိုင္ထဲဝင္ကာ မုန္႔ေတြဝယ္ေနေသးသည္ကို ေတြ့ရသည္။ ႂကြပ္ႂကြပ္အိတ္အျဖဴထုတ္ႀကီး ပိုက္ကာ ျမန္လိုက္ ေနွးလိုက္ျဖင့္ ေလ်ွာက္ေနရင္း ယိုင္ယိုင္သြားေသးသည္။

ထိုေကာင္ေလး အိမ္ေအာက္ထပ္ေရာက္သည္ႏွင့္ chanyeol မ်က္ေတာင္တစ္ခက္အတြင္း အေပၚထပ္ကို ေရာက္ေစလိုက္သည္။

baekhyun ေလွကားေပၚ တက္ရန္ျပင္ခိုက္တြင္ အိမ္တြင္းမွ ထြက္လာေသာ အဖြား​ကိုေတြ့လိုက္ရသည္။

"အဖြား ! အဖြား"

ထိုအဖြားက အၾကားအာရံုခ်ိဳ႕တဲ့သည္မို႔ ေတာ္ရံု တစ္ခ်က္တည္းႏွင့္မၾကား။ ၾကားျပန္ေတာ့လည္း ထိုသို႔ေမးလာ၏။

"ဘာလဲ ၊ အိမ္လခေပးမလို႔လား"

baekhyun သြားၿဖဲျပကာ ေခါင္းခါရင္း အေပၚထပ္ကို လက္ၫွိုးထိုးျပလိုက္သည္။

"မေန့ညက အဖြားေၾကာင္ ကြၽန္ေတာ့္အခန္းထဲေရာက္ေနလို႔"

အေပၚထပ္တြင္ ေစာင့္ေနသည့္ chanyeol ထိုအသံၿပဲႀကီးကို မၾကားႏိုင္စရာအေၾကာင္းမရိွ။

"ေဟ ဟုတ္လို႔လား"

baekhyun ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္သည္။

"ဟုတ္ ! အနက္ေရာင္ႀကီး"

အဖြားက စဥ္းစားသည့္ဟန္ တစ္ခ်က္ျပဳျပီးမွ ေခါင္းညိတ္ျပသည္။

"ေအး ေအး ငါစစ္ၾကည့္လိုက္ၪီးမယ္"

ေျပာၿပီးသည္ႏွင့္ ခပ္ျဖည္းျဖည္းအထဲဝင္သြားေသာ အဖြားက သူ၏ ၂၃ ေကာင္ေသာ ေၾကာင္ေတြကို ေရတြက္ေတာ့မည္ထင္၏။ Baekhyun တစ္ခ်က္ၿပံဳးကာ အေပၚကိုခပ္သြက္သြက္ တက္လာခဲ့၏။

ဒီေန့ေတာ့ အဝတ္လွမ္းထားသည္မရိွလို႔ ပန္းအိုးေအာက္က ေသာ့ေလးဆြဲထုတ္ကာ ဖြင့္ဝင္လိုက္သည္။ မီးဖြင့္လိုက္သည့္အခိုက္ တစ္ခန္းလံုးလင္းထင္းသြားသည္ႏွင့္တစ္ၿပိဳင္နက္ တစ္ေနရာတြင္ေသေသသပ္သပ္ ထိုင္ေနေသာ အနက္သဏၭာန္ပံုရိပ္ေၾကာင့္ baekhyun အၿပံဳးေတြ တို႔လို႔တန္းလန္း ခဲေသကုန္၏။

"လာျပန္ၿပီလား !"

______•°•°•°•

တစ္မ်ိဳးႀကီးျဖစ္ေနလို႔ မနက္မွစစ္ေတာ့မယ္ 💛✨

Continue Reading

You'll Also Like

250K 6K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
49.6K 6.9K 28
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
35.1K 6.6K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
25.3K 6K 36
tk sinhala