အချစ်စစ်(Yizhan version)

Por sungdayune

169K 9.1K 693

"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာ... Mais

အခ်စ္စစ္(intro)
အချစ်စစ်(အပိုင်း၁)
အချစ်စစ်(အပိုင်း၂)
အချစ်စစ်(အပိုင်း၃)
အချစ်စစ်(အပိုင်း၄)
အချစ်စစ်(အပိုင်း၅)
အချစ်စစ်(အပိုင်း၆)
အချစ်စစ်(အပိုင်း၇)
အချစ်စစ်(အပိုင်း၈)
အချစ်စစ်(အပိုင်း၉)
အချစ်စစ်(အပိုင်း၁၀)
not update
တောင်းပန်လွှာ
အချစ်စစ်အပိုင်း(၁၁)
အချစ်စစ်(အပိုင်း၁၃)
အချစ်စစ်(အပိုင်း၁၄)
တောင်းပန်လွှာ
အချစ်စစ်(အပိုင်း၁၅)
အချစ်စစ်(အပိုင်း၁၆)
အချစ်စစ်(အပိုင်း၁၇ part1)
အချစ်စစ် (အပိုင်း၁၇part2)
အချစ်စစ်(အပိုင်း၁၈)
အချစ်စစ်(အပိုင်း၁၉)
အချစ်စစ် (အပိုင်း၂၀)
အချစ်စစ်(အပိုင်း၂၁ part 1)
အချစ်စစ် (အပိုင်း၂၂)
အချစ်စစ်အပိုင်း(၂၃)
အချစ်စစ် အပိုင်း(၂၄)
အချစ်စစ်(အပိုင်း၂၅)
အချစ်စစ်(အပိုင်း၂၆)
အချစ်စစ် (အပိုင်း၂၇)
အချစ်စစ်(အပိုင်း၂၈)
အချစ်စစ် အပိုင်း၂၉
အချစ်စစ်(အပိုင်း၃၀)
အချစ်စစ်ဇာတ်သိမ်းပိုင်း(part1)
အချစ်စစ်ဇာတ်သိမ်းပိုင်း

အချစ်စစ်(အပိုင်း၁၂)

4.4K 270 34
Por sungdayune

Unicode

ရိပေါ်လည်းသူ့အခန်းထဲကကုတင်ပေါ်ထိုင်ရင်းဒေါသတွေအကုန်ခေါင်းအုံးကိုသာပုံအပ်လိုက်တော့သည်...ဒေါသတွေပြေအောင် ရုံးကအလုပ်တွေကိုသာထိုင်ပြီးလုပ်နေလိုက်တော့သည်စာရင်းဇယားများစာရွက်စာတမ်းများကိုစစ်ဆေးပြီးသေချာစီမံနေရင်းအလုပ်ထဲစိတ်နစ်သွား၍အချိန်မည်မျှကုန်သွားမှန်းတော့မသိတော့.....
ဘေးနားကဖုန်းကိုနာရီကြည့်ရန်ဖွင့်လိုက်တော့..

"2:15pm"

တောင်ရှိပြီဖြစ်သည်.နေ့လည်စာကောမနက်စာပါမစားသေး၍ဗိုက်ဆာလာသည်မို့အဆာပြေတစ်ခုခုစားရန်အောက်ထပ်ကိုဆင်းလိုက်သည်.
အောက်ထပ်ဆင်းပြီးမီးဖိုချောင်ခန်းထဲဝင်ကာရေခဲသေတ္တာဖွင့်လိုက်ရင်းကြည့်နေတုန်းမှာပင်အိမ်ရှေ့ကအသံကြား၍ရှေ့ထွက်ကြည့်မိတော့..

"အော်ကြီးကြီးပါလား"

ရှောင်ကျန့်အိမ်မှအထိန်းတော်ကြီးလာတာပင်ဘာလို့လာတာပါလိမ့်...

"သခင်လေးနေကောင်းရဲ့လား"
"ကောင်းပါတယ်ဗျ အန်တီကောမပါဘူးလား"
"မပါပါဘူးသခင်မကြီးကအိမ်မှာပဲကျန်ခဲ့တယ်ခေါင်းမူးနေလို့ဆိုပြီး"
"အော်ဟုတ်လား ရှောင်ကျန့်ကိုခေါ်ပေးရမလားသူအပေါ်ထပ်မှာအိပ်နေလို့"

ဟုတ်မဟုတ်တော့မသေချာပေမယ့်ထင်ရာပြောမိလိုက်သည်...

"မလိုတော့ပါဘူးသခင်မကြီးဆီသခင်လေးအလည်လာတုန်းက "ကိုကိုကြိုက်တဲ့ဟင်းကိုကို့ကိုချက်ကျွေးချင်လို့"ဆိုပြီးချွဲသွားတာကိုသခင်မလေးကသတိရပြီးသခင်လေးကြိုက်မယ်အထင်နဲ့သခင်မကြီးကိုယ်တိုင်ချက်ပေးလိုက်တာတွေလာပေးတာပါ သခင်မကြီးကနောက်တစ်ခါစားချင်ရင်တော့"သားလေးကိုပဲလုပ်ကျွေးခိုင်းတဲ့ သူလေးချက်ကျွေးရင်မေတ္တာတွေစေတနာတွေနဲ့ပိုပြည့်နေလို့ စားမြိန်မှာတဲ့ " လေ"

ဆိုကာစစနောက်နောက်လေးပြောလိုက်သည်

ရိပေါ်မသိမသာထိုစကားကြောင့်ကြည်နူးမိသွားသည် .."ကိုကိုတဲ့လား"ဆိုသည့်နာမ်စားကြောင့်စိတ်တွင်တွေးပြီးအသည်းယားမိတာတော့အမှန်

" အားနာစရာကြီး..ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ်လို့ အန်တီ့ကိုပြောပေးပါအုန်း"

ဆိုကာခြင်းတောင်းကိုယူလိုက်သည်

"အော်မေ့တော့မလို့သခင်မကြီးက ကျန်းမာရေးဂရုစိုက်ကြပါတဲ့နှစ်ယောက်လုံးဆိုပြီးလည်းပြောလိုက်ပါသေးတယ်အခုတော့သခင်မကြီးမှာထားတာတွေလည်းလမ်းမှာဝယ်ရအုန်းမာမို့ သွားလိုက်ပါအုန်းမယ် သခင်လေး"

"လမ်းခရီးကောင်းကောင်းမွန်မွန်သွားနိုင်ပါစေဗျာ အန်တီကိုလည်းသတင်းမေးပါတယ်လို့"
"ဟုတ်သခင်လေး"

ဆိုကာထွက်သွားမှရိပေါ်လည်းထမင်းစားခန်းတွင်ဟင်းဗူးတွေအကုန်ဖွင့်ကြည့်တော့...မွှေးကြိုင်နေသည်...ကြည့်ရုံနှင့်အားမရ၍ အိမ်ထမင်းလည်းမစားရတာကြာလို့လားမသိ..အနောက်သို့သွားကာဇွန်းတစ်ချောင်းယူပြီးမြည်းစမ်းကြည့်မိတော့...အမှန်ပင်မေမေ့လက်ရာအတိုင်း..စားကောင်းလွန်းပေသည်...
တစ်ခြားဟင်းများအကုန်လည်းမြည်းလိုက်ပြီး
ဟင်းအရသာခံနေရင်း...သတိရမိသည်က ..ရှောင်ကျန့်ကိုပင်...."ကိုကို့ကိုချက်ကျွေးချင်လို့" ထိုစကားကြောင့်ရင်ထဲတမျိုးတဖုံလေးနွေးထွေးသွားပြီး "ကိုကို"ဟူသောအမည်နာမ်စားလေးကြောင့် ပို၍အသည်းယားပြန်သည်
"ဘယ်သူကသူ့ကိုကိုခေါ်ခွင့်ပေးလို့ပါလိမ့်"
ပါးစပ်ကသာရေရွတ်နေပေမယ့် သူ့မျက်နှာတွင်ပြုံးပန်းဆင်နေပေသည်...

ထိုအချိန်မှ..သတိရလိုက်သည်က.".သူကောစားပြီးပြီလား...မစားရသေးလောက်ပါဘူး..အိပ်နေတာများလား...တော်တော်ကြာနေသလိုပဲ..သွားကြည့်သင့်လား"..ခေါင်းထဲ၌စဥ်းစားနေသော်လည်းခြေထောက်များကိုအပေါ်ထပ်သို့တက်ရန်လှေကားထိပ်သို့ဦးတည်သွားနှင့်ပြီဖြစ်သည်

ရိပေါ်တစ်ယောက်အခန်းရှေ့ရောက်မှဝင်ရန်တုံ့ဆိုင်းနေပြန်သည်..သူဝင်သွားလို့အဲ့ကောင်လေးကနိုးနေရင်ကော..သူဘာပြောရမလဲ....မသိတော့ဘူးအခုအရေးကြီးတာက သူဘာဖြစ်နေမလဲပဲနောင်ခါလာနောင်ခါဈေးလို့သာမှတ်လိုက်တော့ပါမည်လေ

အခန်းတံခါးဖွင့်ပြီးဝင်သွားလိုက်သည်နှင့်တွေ့လိုက်သည်က ကုတင်ကိုမှီကာကုတင်ဘေးတွေအိပ်ပျော်နေသောထိုကောင်လေး..သူ့နားသို့တဖြည်းဖြည်းသွားပြီးသူ့ရှေ့တည့်တည့်တွင်ရပ်လိုက်ကာ..ကြည့်လိုက်တော့.."မှေးစင်းနေတဲ့မျက်တောင်လေးများ..စိုစွတ်နေသောမျက်ရည်စလေးများ..ဖြူဖွေးနေသောအသားအရည်...နူဖူးပေါ်တွင်ပြန့်ကျဲနေသောဆံပင်လေးများ..ပန်းရောင်သန်းနေသောနှုတ်ခမ်းပါးအောက်နားမှထိုမှည့်နက်...အလွန်ကိုလှလွန်းသည်.." 
တဖြည်းဖြည်းနှင့်သူ့နားအနီးကပ်သွားမိသည်ကိုကိုယ့်ဘာကိုလည်းသတိမထားမိ....
သတိထားမိသည့်အချိန်တွင်တော့သူ့မျက်နှာနှင့်နီးကပ်နေပြီဖြစ်သည်..

ထိုအချိန်မှ ပြန်မတ်တပ်ရပ်ကာ
ချောင်းဟန့်ရင်း

"ရှောင်ကျန့် ထစမ်း "
"..."
"ရှောင်ကျန့်ထစမ်းလို့"
"........"
"ဘာလို့မထူးတာလဲ ရှောင်ကျန့်"

လို့နည်းနည်းအော်ခေါ်လိုက်တော့

တဖြည်းဖြည်းပွင့်လာသောထိုမျက်လုံးများနှင့်အတူရီဝေဝေမျက်ဝန်းများဖြင့်သူ့အားကြည့်လာသည်...

သိပ်မကြာလိုက်ပြန်မှိတ်သွားသည်ကိုတွေ့၍သူ့စကားကိုအရေးမလုပ်ပဲမထသေးသည်မို့ဒေါသထွက်ကာချက်ချင်းဇက်ခနဲရှောင်ကျန့်ကိုလက်မောင်းရင်းမှကိုင်ကာဆဲွမလိုက်သည်

..အရင်လိုမရုန်းဘဲပျော့ခွေကာပါလာသောထိုကောင်လေးကြောင့်..ရိပေါ်လည်းလန့်သွားပြီး
"ရှောင်ကျန့် ငါခေါ်တာကြားလား ရှောင်ကျန့်"

ဆိုကာရင်ခွင်ထဲထည့်ပြီးမျက်နှာကိုညင်ညင်သာသာလေးပုတ်ကာ ခေါ်မိသည်...

"မဟုတ်မှလဲွ"ဆိုကာလက်ဖဝါးနှင့်ရှောင်ကျန့်နဖူးကိုစမ်းကြည့်တော့...ပူကျစ်နေသည် ..
မနေ့ကဒဏ်ရာများကြောင့်အနာရှိန်နှင့်ဖျားသွားသည်ဖြစ်မည်..သိသိချင်းပင်ရိပေါ်လည်းအရမ်းစိတ်ပူသွားပြီ ချက်ချင်းရှောင်ကျန့်ကို ကောက်ပွေ့လိုက်တော့ ပေါ့ပေါ့ပါးပါးသူ့ရင်ခွင်ထဲပါလာသောကိုယ်လုံးလေးကို ကုတင်ပေါ်သို့ငြင်သာစွာတင်ပေးလိုက်ပြီး...စောင်ခြုံပေးကာ..ရေပတ်တိုက်ပေးဖို့သွားယူရန်ထလိုက်ချိန်တွင်
သူ့လက်ကောက်ဝတ်အား..ဆဲွလာသောထိုကောင်လေး
"ကျနော့်ကိုနည်းနည်းတောင်မချစ်ဘူးလားဟင် ...."

သူ့မေးခွန်းကြောင့်ရိပေါ်.လန့်သွားမိသည်သူဒီမေးခွန်းအတွက်ဖြေရန်မဖြစ်နိုင်ပါ...."ချစ်တာပေါ့..သိပ်ချစ်တာပေါ့ဒါမဲ့ချစ်သလိုမုန်းလည်းမုန်းတယ်....အဲ့လိုပဲအဆုံးရှုံးလည်းမခံနိုင်ဝူး ...."စိတ်တွင်တွေးပြီးအကျင့်ပါနေသည့်အတိုင်းဆန့်ကျင်ဘက်များသာပြောရန် "ငါ" စကားစလိုက်ချိန်ထပ်ထွက်လာသောသူ့အသံများကြောင့်နောက်လှည့်ကြည့်မိတော့

"မသွားပါနဲ့ ...ဟင့် ..မစွပ်စဲွပါနဲ့တော့ ကျနော့်ကိုကိုကို့နားကမနှင်ထုတ်ပါနဲ့.နော်....""မနှင်ထုတ်ပါနဲ့ ဟင့်"

ဆိုကာမျက်ရည်များပင်ကျပြီးယောင်နေသောထိုကောင်လေး....ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင်ရင်ဘက်ကြီးကနာကျင်လာသည်..".သူ့မျက်ရည်တောင်ကျနော်မခံနိုင်တော့ပါလား ..".."သူမုန်းနေတာကလည်း...အခုတော့အားပျော့လာသလိုပင်"

ရိပေါ်လည်းရှောင်ကျန့်လက်ကလေးကိုပြန်ပြီးငြင်သာစွာဆုပ်ကိုင်လိုက်ကာကျန်လက်တစ်ဖက်ကိုခေါင်းလေးကိုကိုင်ကာ

"မသွားဘူးနော်..ကိုယ်ရှိတယ်.ဘယ်မှမသွားဘူးကိုယ်ရှိတယ်မကြောက်နဲ့နော်"
ဆိုကာဆံပင်လေးဖွရင်းနဖူးလေးကိုငြင်သာစွာနမ်းလိုက်သည်...

ငြိမ်သွားမှလက်ကလေးကိုမနိုးအောင်ဖြုတ်ကာရေပတ်တိုက်ရန်လိုအပ်သည်များကိုအမြန်ပင်သွားယူလိုက်သည်...ပြီးနောက်ရေပတ်တိုက်ပေးပြီး.ချိန်တွင်တော့ညနေတောင်ရောက်နေပြီဖြစ်သည်....နဖူးကိုပြန်စမ်းလိုက်တော့အပူနည်းနည်းတော့လျော့သွားပြီဖြစ်သည်...ထိုအခါမှရိပေါ်လည်းစိတ်အေးသွားတော့သည်.

_______,_________________________________

စောင့်ပေးလို့ကျေးဇူးတင်ပါတယ်နော်💚💚
ပါးပါးလေးလည်းအချိုလေးထည့်ပေးထားတယ်😘ဒါဒါလေးတွေအတွက်😘

zawgyi code


"2:15pm"


"အော်ကြီးကြီးပါလား"


"ကောင်းပါတယ်ဗျ အန်တီကောမပါဝူးလား"
"မပါပါဝူးသခင်မကြီးကအိမ်မှာပဲကျန်ခဲ့တယ်ခေါင်းမူးနေလို့ဆိုပြီး"


"မလိုတော့ပါဝူးသခင်မကြီးဆီသခင်လေးအလည်လာတုန်းက "ကိုကိုကြိုက်တဲ့ဟင်းကိုကို့ကိုချက်ကျွေးချင်လို့"ဆိုပြီးချွဲသွားတာကိုသခင်မလေးကသတိရပြီးသခင်လေးကြိုက်မယ်အထင်နဲ့သခင်မကြီးကိုယ်တိုင်ချက်ပေးလိုက်တာတွေလာပေးတာပါ သခင်မကြီးကနောက်တစ်ခါစားချင်ရင်တော့"သားလေးကိုပဲလုပ်ကျွေးခိုင်းတဲ့ သူလေးချက်ကျွေးရင်မေတ္တာတွေစေတနာတွေနဲ့ပိုပြည့်နေလို့ စားမြိန်မှာတဲ့ " လေ"






"ဟုတ်သခင်လေး"


ထိုအချိန်မှ..သတိရလိုက်သည်က.".သူကောစားပြီးပြီလား...မစားရသေးလောက်ပါဝူး..အိပ်နေတာများလား...တော်တော်ကြာနေသလိုပဲ..သွားကြည့်သင့်လား"..ခေါင်းထဲ၌စဉ်းစားနေသော်လည်းခြေထောက်များကိုအပေါ်ထပ်သို့တက်ရန်လှေကားထိပ်သို့ဉီးတည်သွားနှင့်ပြီဖြစ်သည်

ရိပေါ်တစ်ယောက်အခန်းရှေ့ရောက်မှဝင်ရန်တုံ့ဆိုင်းနေပြန်သည်..သူဝင်သွားလို့အဲ့ကောင်လေးကနိုးနေရင်ကော..သူဘာပြောရမလဲ....မသိတော့ဝူးအခုအရေးကြီးတာက သူဘာဖြစ်နေမလဲပဲနောင်ခါလာနောင်ခါဈေးလို့သာမှတ်လိုက်တော့ပါမည်လေ


ချောင်းဟန့်ရင်း

"ရှောင်ကျန့် ထစမ်း "
"..."
"........"



သိပ်မကြာလိုက်ပြန်မှိတ်သွားသည်ကိုတွေ့၍သူ့စကားကိုအရေးမလုပ်ပဲမထသေးသည်မို့ဒေါသထွက်ကာချက်ချင်းဇက်ခနဲရှောင်ကျန့်ကိုလက်မောင်းရင်းမှကိုင်ကာဆွဲမလိုက်သည်



"မဟုတ်မှလွဲ"ဆိုကာလက်ဖဝါးနှင့်ရှောင်ကျန့်နဖူးကိုစမ်းကြည့်တော့...ပူကျစ်နေသည် ..
သူ့လက်ကောက်ဝတ်အား..ဆွဲလာသောထိုကောင်လေး


"မသွားပါနဲ့ ...ဟင့် ..မစွပ်စွဲပါနဲ့တော့ ကျနော့်ကိုကိုကို့နားကမနှင်ထုတ်ပါနဲ့.နော်....""မနှင်ထုတ်ပါနဲ့ ဟင့်"



"မသွားဝူးနော်..ကိုယ်ရှိတယ်.ဘယ်မှမသွားဝူးကိုယ်ရှိတယ်မကြောက်နဲ့နော်"


---------------------------

Continuar a ler

Também vai Gostar

97K 6.3K 35
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံး...
246K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
27.5K 1K 60
bl yizhan fan fiction
1.1M 44.7K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...