SUPPORT SYSTEM FOR LIFE [SUNG...

By ji__aan

32.7K 4.1K 251

since we're kids Start : sep 21 2020 End : nov 20 2020 More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。

Chapter 7

1.5K 229 14
By ji__aan

Unicode

" ငါ့ပါးစပ်က ဘာလို့ အဲ့လိုထွက်သွားမှန်းကိုမသိဘူး "

" ပြောချင်ပေမဲ့ အဆဲကြောက်လို့မပြောတာ
မင်းဟာက ခြောက်နှစ်လုံး စိတ်ကောက်နေတာနဲ့ပိုတူတယ် ခေါင်းစဉ်တပ်တာမှားနေတာ "

ဆောင်းဟွန်းရဲ့ ယူကျုံးမရဖြစ်နေတဲ့ ရင်တွင်းစကားသံတွေကို ထိုင်နားထောင်နေရတဲ့ ဂျောင်ဝန်းနဲ့ ဂျုံးဆွန်း နှစ်ယောက်မှာ နားပင်
အူနေလောက်ပြီ ။

ရုတ်တရက်ကြီး ခွင့်တိုင်တယ် ။
အခု ကျောင်းဆင်းချိန်ကျ Skate သွားစီးမယ်ဆိုပြီး စီးလို့လည်းဝရော အနီးနားက စတိုးဆိုင်မှာ ဘီယာ
သောက်ရအောင်တဲ့ ပတ်ဆောင်းဟွန်းကို တကယ်နားမလည်တော့ပါ ။ သူ့အချစ်ဦးကောင်လေးက အဲ့လောက်တောင် အဲ့ကောင်ကိုဖြစ်နေစေတာလား

" ပြန်တွေ့တော့ ပျော်တာလား "

" မသိဘူး လွန်ခဲ့တဲ့ခြောက်နှစ်က ခံစားချက်မျိုးပဲ အဲ့လိုမခံစားရတာကြာပေမဲ့ အခုပြန်တွေ့တော့လည်း ပြောင်းလဲမနေဘူး "
" ငါ့ဘာသာငါတောင်မသိပဲ ထွက်သွားတဲ့စကားကြီးက သူငယ်ချင်းကိုပြန်တွေ့လို့ ဝမ်းသာပြီးပြောတဲ့စကားနဲ့ မတူဘူး
ဘယ်လိုပြောရမလည်း
အနှောင့်အသွားမလွတ်ဘူးကွာ "

" စတွေ့ကတည်းက ခံစားချက်ကြီးက
မင်းတို့နဲ့သူငယ်ချင်းဖြစ်တုန်းကခံစားချက်မျိုး
ဘာညာ လုံးဝမတူတာတော့ သေချာတယ်
ဒီတိုင်း လျစ်လျူရှုပြီးနေခဲ့ပေမဲ့
‌မတွေ့ရတဲ့အတောအတွင်း ငါ့စိတ်က

မင်းတို့ပဲစဉ်းစားကြည့်ကွာ ဘယ်ရောက်ရောက် ကောင်မလေးတွေဝိုင်းနေတာပဲ ငါအဲ့ကောင်မလေးတွေထဲကတစ်ယောက်ကိုတွဲမယ်လုပ်တိုင်း

အဲ့တစ်ယောက်ကို ပြန်ပြန်မြင်ပြီး မတွဲဖြစ်တာချည်းပဲ
ငါအဲ့လိုဖြစ်မနေချင်ဘူး "

" မင်းဟာကသိသာပါတယ် ။ ပြီးတော့
မင်းပြောတဲ့ စိတ်နာတယ်ဆိုတာလည်း နောက်ဆုံးအနေနဲ့တောင် မနှုတ်ဆက်လိုက်ရပဲဝေးခဲ့လို့
ရင်နာ‌ေနတာမျိုး "

ဘီယာဘူးကို မော့ရင်း ခေါင်းကို ငိုက်စိုက်ချကာ
ရင်ဖွင့်မိသည် ။ သူငယ်ချင်းနှစ်ကောင်က
အပေါက်ဆိုးပေမယ့် ရင်ဖွင့်လို့တော့ကောင်းသည် ။

" မင်းသူ့ကို သဘောကျနေတာကို ဘာလို့
လိမ်ချင်နေရတာလည်း "

" မသိဘူး ပြန်တွေ့တော့ ပထမဆုံး ဝင်မိတဲ့အတွေးက ရှောင်နေချင်တယ် ငါကတော့
အခုအရွယ်‌လည်းရောက်နေပြီပဲ ငယ်ငယ်က
တစ်လလောက်ပေါင်းဖူးတဲ့ သူငယ်ချင်းနဲ့
ခြောက်နှစ်ကြာမှပြန်တွေ့ပြီး မဟုတ်တဲ့ခံစားချက်တွေနဲ့ မပတ်သက်ချင်ဘူး "

" တစ်လလောက်ပေါင်းပြီး ခြောက်နှစ်လုံးအမှတ်ရနေတဲ့ သူငယ်ချင်း ဆိုကတည်းက မဟုတ်တော့ဘူး ဟေ့ကောင်
ငါတို့တောင် အဲ့လောက်ခဏလေးအတွင်း ညီအကိုလိုခင်ခဲ့တာမျိုးတွေရှိဖူးတာပဲ ဒါပေမဲ့
အဆက်အသွယ်ပြတ်သွားပြီး အလွန်ဆုံး သုံးနှစ်လောက်ထိပဲ သတိရတာ "

‌ဂုတ်ကိုလှမ်းရိုက်ပြီး လိမ္မော်ရောင်သမ်းနေတဲ့
ကောင်းကင်ကိုမော့ကြည့်နေရင်း ဂျောင်ဝန်းကဆိုသည် ။
ကြွက်တွင်း ဂျုံးဆွန်းကတော့ ဘီယာပဲမော့ရင်း
သူတို့စကားဝိုင်းကို ဒိုင်ခံနားထောင်နေဆဲ

" ယန်ဂျောင်ဝန်းက ဘယ်တုန်းက အချစ်ရေးအချစ်ရာတွေ ပြောတတ်သွားတာလည်း "

" အရင်ကတည်းကပြောတတ်ပါတယ် မပြောတာ
အထက်တန်းကျောင်းတုန်းက ငါဘယ်လောက်
စော်ကြည်လည်း မင်းတို့မသိတာကျလို့ "

" ယောင်္ကျားလေးကျောင်းပြောင်းလိုက်တာ
ဘဲပါကြည်သွားရောလေ "

" ပတ်ဂျုံးဆွန်း !!!"

သူ့အကြောင်းပြောနေရင်း ဂျောင်ဝန်းနဲ့
ဂျုံးဆွန်းနှစ်ကောင် ထသတ်တာကိုကြည့်နေရတဲ့
အဖြစ်ကြောင့် ဆောင်းဟွန်း အားရပါးရ အော်ရီမိပါသည် ။

သုံးယောက်သားက အလယ်တန်းနောက်ဆုံးနှစ်ကတည်းက တတွဲတွဲရှိကြသည် ။

မိဘတွေလည်းအချင်းချင်းခင်ကြသလို
တစ်ယောက်ကျောင်းပြောင်းရင် ကျန်တဲ့နှစ်ယောက်ပါ ကျောင်းပြောင်းကြတဲ့ထိခင်သည် ။
အခု ဒုတိယနှစ်အထိ ရထားတွဲ

သုံးယောက် ဘယ်လောက်ခင်သလည်းဆို
ဂျောင်ဝန်းက သုံးယောက်ထဲမှာ အငယ်ဆုံး

ဆောင်းဟွန်းထက် လေးလလောက်ငယ်တော့
မွေးခုနှစ်မတူပေ ။

သုံးယောက်လုံး အသက်ပြည့်ပြီးပြီဆိုတဲ့နေ့
အမှောက်သောက်မယ်ဆိုပြီးကတိလုပ်ဖူးလို့
နှစ်ယောက်က အသက်ပြည့်ပြီးတာတောင်
ဂျောင်ဝန်း ၁၈ နှစ်ပြည့်မွေးနေ့ရဲ့ ည ၁၂ ကျော်မှ Alcohol ဆိုတာ ဘာမှန်းသိသည် ။

မြှောက်ပေးတာကတော့ သူတို့ရဲ့အကြီးဆုံးအကိုကြီး Park Jay ပေါ့

*ယောင်္ကျားလေးပဲလေ နောက်လည်း သောက်စရာကိစ္စပေါ်လာမှာပဲဟာ
အသက်ပြည့်တာနဲ့ သောက်နိုင်အောင်လုပ်ထားရမှာပေါ့ * တဲ့

ဘီယာဘူးအခွံအဖြစ်ပြောင်းသွားတာနဲ့
ဆောင်းဟွန်း အဲ့သံဗူးခွံကို လက်ဖဝါးထဲမှာ
ရှုံ့တွသွားစေလိုက်သည် ။ ပြီးတော့
သူတို့ထိုင်နေတဲ့ စတိုးဆိုင်အပြင်စားပွဲတွေနဲ့ မလှမ်းမကမ်းက အမှိုက်ပုံးကို လှမ်းပစ်လိုက်သည် ။

" What the fck ! "

အသံသေးလေးတစ်ခုထွက်လာပုံအရ
လူကိုမှန်သွားပြီထင်တယ် ။ ပတ်ဆောင်းဟွန်း
ဒီနေ့ ပြဿနာတွေချည်းပဲ ။
စိတ်ညစ်ပြီး ခေါင်းသာ ငုံ့ထားမိတော့သည် ။

" ဟေ့ကောင် လူကိုမှန်သွားပြီထင်တယ် "

သူတို့ဆီ ထော့နဲ့ ထော့နဲ့ လာနေတဲ့ ဟူဒီ အစိမ်းပုတ်ရောင်နဲ့
တစ်ယောက်က..

" ဟင် ART Major က EC အသစ်လေးမလား "

ဟုတ်ပါသည် ။ အမှိုက်ပစ်ထွက်လာတဲ့
ဂျယ်ယွန်းမှာ နဖူးကို ဘီယာဖူးနဲ့ပေါက်ခံထိသွားချင်းအစစ်ပင်

" မင်းတို့ထဲက ဘယ်ကောင်လည်း "

အသံကြောင့်ရော ခေါင်းငုံ့နေလို့ မြင်နေရတဲ့
ခြေထောက်ပေါ်က ပတ်တီးစရောကြောင့်
ဂျယ်ယွန်းမှန်းတန်းသိသည် ။

" ငါ .. ငါလုပ်လိုက်တာ တမင်မဟုတ်ဘူး
မတော်တဆ "

" ဆောင်းဟွန်းပါလား "

အခုမှခေါင်းမော့တဲ့တစ်ယောက်က ဆောင်းဟွန်းဆိုတော့ ကြည့်ရတာ သူတို့ကအုပ်စုထင်ပါတယ်

ဟိုနေ့က ရန်ဖြစ်တဲ့တစ်ယောက်ရယ် ။
နောက်တစ်ယောက်ကိုကတော့ လုံးဝမသိပေမဲ့
အားနာသလိုနဲ့ ပြုံးပြတဲ့ ပါးချိုင့်တွေကအထင်းသား

" တောင်းပန်ပါတယ် အဲ့ကောင် နည်းနည်းလေး
သောက်ထားလို့ "

" ဒါနဲ့ ခြေထောက်က ... "

" လမ်းတော့လျှောက်လို့ရသလိုရှိပေမဲ့ နာနေတုန်း"

" မဟုတ်မှလွဲရော မင်းက ပတ်ဆောင်းဟွန်းရဲ့
အချစ်.. အူး ဝူး ဝူး "

ပါးစပ်သရမ်းချင်နေတဲ့ ပတ်ဂျုံးဆွန်းကို
ပါးစပ်အမြန် လှမ်းပိတ်လိုက်ရသည် ။

ပြန်တွေ့တာ တစ်ရက်မပြည့်သေးဘူး ။ အရှက်တကွဲနဲ့ ပြဿနာတွေချည်းပဲ ။

" မတော်တဆဆိုတော့ ရပါတယ် ငါသွားပြီ "

" အင်း တာ့တာ "

" ဟို.. ဆောင်းဟွန်း ငါ့အိမ်က လှမ်းမြင်နေရတဲ့
လမ်းထိပ်က အစိမ်းရောင်နှစ်ထပ်အိမ် တစ်ရက်လောက်လာခဲ့ပေါ့ "

" အမ်.. အင်း "

ထော့နဲ့ ထော့နဲ့ နဲ့ ပြန်လှည့်သွားတဲ့ ဂျယ်ယွန်းကို
ကြည့်ပြီး စိတ်ပူသလို ရင်ထဲမအေး
လမ်းထိပ်ထိဆိုတာ နည်းနည်းလှမ်းတာပဲဟာ
စတိုးဆိုင်က ဆန့်ကျင်ဘက်လမ်းထိပ်ကဆိုတော့

" ဂျယ်ယွန်း ငါလိုက်ပို့ပေးမယ် "

အရဲစွန့်ပြီးပြောကြည့်တော့ ဘေးကနှစ်ကောင်က
မျက်လုံးပြူးပြီး သူနဲ့ ဂျယ်ယွန်းကို
တစ်လှည့်စီ ကြည့်သည် ။

မျက်မှောင်သာ ကြုံ့ပြပြီး
ဂျယ်ယွန်း နဲ့မျက်နှာချင်းဆိုင်ကိုသွားမိသည် ။

" ငါ့ကျောပေါ်တက် "

ရုတ်တရက်ကြီး သူ့ရှေ့ ဒူးထောက်ချပြီး
ကျောပိုးမယ်လုပ်နေတဲ့ ဆောင်းဟွန်းကိုကြည့်ပြီး
ဂျယ်ယွန်း ကြောင်စီစီဖြစ်သွားရသည် ။

" ဘာလို့လည်း ငါအဆင်ပြေပါတယ် "

" ဒီလောက် ထော့နဲ့နဲ့ ဖြစ်နေတာကို
လမ်းလျှောက်ရင် နောက်ရက်ပိုဆိုးမှာ "

ပတ်ဆောင်းဟွန်းကဘာလို့ အဲ့လောက်
တဇွတ်ထိုးဆန်တတ်သွားရတာလည်း အများကြီးပြောင်းလဲသွားတာပဲ လူကြီးလည်းဖြစ်နေပြီဆိုတော့လေ

အသက်တူတူတောင် သူကပိုပြီးကလေးဆန်သေးတာပဲလို့ ဂျယ်ယွန်းတွေးမိပါသည်။

ပြောလည်းမရဘူးဆိုတာ မနက်ကကောက်ချီခံလိုက်ရလို့ သိသွား တာနဲ့ ဆောင်းဟွန်းကို
အားကိုးကြည့်လိုက်တော့မည်ဆိုပြီး
ဆောင်းဟွန်းရဲ့ ကျောပေါ်မှာ လိုက်ပါလာခဲ့မိသည် ။

ဘီယာနံ့အနည်းငယ်ရောနေတဲ့
သကြားလုံးလို ချိုအီနေသ‌ေယာင်ရှိသော
ကိုယ်သင်းနံ့လေးကို ခိုးပြီး နမ်းရှိုက်မိတာ
တော့ ကာယကံရှင်မှလွဲ၍မသိပါ ။

ငယ်ငယ်က အိပ်ယာပေါ်မှာ ‌ကလိထိုးပြီးဆော့ရင်း မောလာရင် ဖက်အိပ်ကြတာတွေ
ဩဇီမှာ တစ်ယောက်တည်းသော သူငယ်ချင်းမို့
ဩဇီ ကိုရီးယား ကပြားလေးရဲ့ ပထမဆုံး
ကိုရီးယားလူမျိုးသူငယ်ချင်းမို့ ဆိုပြီး
အပြန်အလှန်တွယ်ခဲ့ကြတဲ့သံယောဇဉ်တွေကို

လမ်းကလေးကိုဖြတ်သန်းနေချိန်မှာ နှစ်ယောက်လုံးရဲ့စိတ်ထဲ ပြန်မြင်ယောင်နေခဲ့ကြတာ
အဲ့ဇာတ်လမ်းလေးရဲ့ ဇာတ်ကောင်နှစ်ယောက်ပဲ
သိကြမည်မဟုတ်လား

ဒါပေမဲ့ သူတို့ကိုယ်သူတို့တောင်မသိကြတဲ့
တစ်ချက်ဆို ထပ်တူကျနေတဲ့ရင်ခုန်သံတွေကိုပဲ
ဖော်ပြစရာရှိပေသည် .....

____SUPPORT_SYSTEM_FOR_LIFE_______

ဒီ fic ရေးဖို့ mood on နေလို့ပါ ><
Feedback လေးတွေ များများရရင်
Double update လာပါမယ် ><
မြန်မြန် up ပေးပါဆိုရင်တော့ စိတ်ကောက်ပြီး
ပတ်ဆောင်းဟွန်းကိုအိုစီပါမယ် :(

___________________________________________

Zawgyi

" ငါ့ပါးစပ္က ဘာလို႔ အဲ့လိုထြက္သြားမွန္းကိုမသိဘူး "

" ေျပာခ်င္ေပမဲ့ အဆဲေၾကာက္လို႔မေျပာတာ
မင္းဟာက ေျခာက္ႏွစ္လုံး စိတ္ေကာက္ေနတာနဲ႔ပိုတူတယ္ ေခါင္းစဥ္တပ္တာမွားေနတာ "

ေဆာင္းဟြန္းရဲ႕ ယူက်ံဳးမရျဖစ္ေနတဲ့ ရင္တြင္းစကားသံေတြကို ထိုင္နားေထာင္ေနရတဲ့ ေဂ်ာင္ဝန္းနဲ႔ ဂ်ံဳးဆြန္း ႏွစ္ေယာက္မွာ နားပင္
အူေနေလာက္ၿပီ ။

႐ုတ္တရက္ႀကီး ခြင့္တိုင္တယ္ ။
အခု ေက်ာင္းဆင္းခ်ိန္က် Skate သြားစီးမယ္ဆိုၿပီး စီးလို႔လည္းဝေရာ အနီးနားက စတိုးဆိုင္မွာ ဘီယာ
ေသာက္ရေအာင္တဲ့ ပတ္ေဆာင္းဟြန္းကို တကယ္နားမလည္ေတာ့ပါ ။ သူ႕အခ်စ္ဦးေကာင္ေလးက အဲ့ေလာက္ေတာင္ အဲ့ေကာင္ကိုျဖစ္ေနေစတာလား

" ျပန္ေတြ႕ေတာ့ ေပ်ာ္တာလား "

" မသိဘူး လြန္ခဲ့တဲ့ေျခာက္ႏွစ္က ခံစားခ်က္မ်ိဳးပဲ အဲ့လိုမခံစားရတာၾကာေပမဲ့ အခုျပန္ေတြ႕ေတာ့လည္း ေျပာင္းလဲမေနဘူး "
" ငါ့ဘာသာငါေတာင္မသိပဲ ထြက္သြားတဲ့စကားႀကီးက သူငယ္ခ်င္းကိုျပန္ေတြ႕လို႔ ဝမ္းသာၿပီးေျပာတဲ့စကားနဲ႔ မတူဘူး
ဘယ္လိုေျပာရမလည္း
အေႏွာင့္အသြားမလြတ္ဘူးကြာ "

" စေတြ႕ကတည္းက ခံစားခ်က္ႀကီးက
မင္းတို႔နဲ႔သူငယ္ခ်င္းျဖစ္တုန္းကခံစားခ်က္မ်ိဳး
ဘာညာ လုံးဝမတူတာေတာ့ ေသခ်ာတယ္
ဒီတိုင္း လ်စ္လ်ဴ႐ႈၿပီးေနခဲ့ေပမဲ့
‌မေတြ႕ရတဲ့အေတာအတြင္း ငါ့စိတ္က

မင္းတို႔ပဲစဥ္းစားၾကည့္ကြာ ဘယ္ေရာက္ေရာက္ ေကာင္မေလးေတြဝိုင္းေနတာပဲ ငါအဲ့ေကာင္မေလးေတြထဲကတစ္ေယာက္ကိုတြဲမယ္လုပ္တိုင္း

အဲ့တစ္ေယာက္ကို ျပန္ျပန္ျမင္ၿပီး မတြဲျဖစ္တာခ်ည္းပဲ
ငါအဲ့လိုျဖစ္မေနခ်င္ဘူး "

" မင္းဟာကသိသာပါတယ္ ။ ၿပီးေတာ့
မင္းေျပာတဲ့ စိတ္နာတယ္ဆိုတာလည္း ေနာက္ဆုံးအေနနဲ႔ေတာင္ မႏႈတ္ဆက္လိုက္ရပဲေဝးခဲ့လို႔
ရင္နာ‌ေနတာမ်ိဳး "

ဘီယာဘူးကို ေမာ့ရင္း ေခါင္းကို ငိုက္စိုက္ခ်ကာ
ရင္ဖြင့္မိသည္ ။ သူငယ္ခ်င္းႏွစ္ေကာင္က
အေပါက္ဆိုးေပမယ့္ ရင္ဖြင့္လို႔ေတာ့ေကာင္းသည္ ။

" မင္းသူ႕ကို သေဘာက်ေနတာကို ဘာလို႔
လိမ္ခ်င္ေနရတာလည္း "

" မသိဘူး ျပန္ေတြ႕ေတာ့ ပထမဆုံး ဝင္မိတဲ့အေတြးက ေ႐ွာင္ေနခ်င္တယ္ ငါကေတာ့
အခုအ႐ြယ္‌လည္းေရာက္ေနၿပီပဲ ငယ္ငယ္က
တစ္လေလာက္ေပါင္းဖူးတဲ့ သူငယ္ခ်င္းနဲ႔
ေျခာက္ႏွစ္ၾကာမွျပန္ေတြ႕ၿပီး မဟုတ္တဲ့ခံစားခ်က္ေတြနဲ႔ မပတ္သက္ခ်င္ဘူး "

" တစ္လေလာက္ေပါင္းၿပီး ေျခာက္ႏွစ္လုံးအမွတ္ရေနတဲ့ သူငယ္ခ်င္း ဆိုကတည္းက မဟုတ္ေတာ့ဘူး ေဟ့ေကာင္
ငါတို႔ေတာင္ အဲ့ေလာက္ခဏေလးအတြင္း ညီအကိုလိုခင္ခဲ့တာမ်ိဳးေတြ႐ွိဖူးတာပဲ ဒါေပမဲ့
အဆက္အသြယ္ျပတ္သြားၿပီး အလြန္ဆုံး သုံးႏွစ္ေလာက္ထိပဲ သတိရတာ "

‌ဂုတ္ကိုလွမ္း႐ိုက္ၿပီး လိေမၼာ္ေရာင္သမ္းေနတဲ့
ေကာင္းကင္ကိုေမာ့ၾကည့္ေနရင္း ေဂ်ာင္ဝန္းကဆိုသည္ ။
ႂကြက္တြင္း ဂ်ံဳးဆြန္းကေတာ့ ဘီယာပဲေမာ့ရင္း
သူတို႔စကားဝိုင္းကို ဒိုင္ခံနားေထာင္ေနဆဲ

" ယန္ေဂ်ာင္ဝန္းက ဘယ္တုန္းက အခ်စ္ေရးအခ်စ္ရာေတြ ေျပာတတ္သြားတာလည္း "

" အရင္ကတည္းကေျပာတတ္ပါတယ္ မေျပာတာ
အထက္တန္းေက်ာင္းတုန္းက ငါဘယ္ေလာက္
ေစာ္ၾကည္လည္း မင္းတို႔မသိတာက်လို႔ "

" ေယာက်ၤားေလးေက်ာင္းေျပာင္းလိုက္တာ
ဘဲပါၾကည္သြားေရာေလ "

" ပတ္ဂ်ံဳးဆြန္း !!!"

သူ႕အေၾကာင္းေျပာေနရင္း ေဂ်ာင္ဝန္းနဲ႔
ဂ်ံဳးဆြန္းႏွစ္ေကာင္ ထသတ္တာကိုၾကည့္ေနရတဲ့
အျဖစ္ေၾကာင့္ ေဆာင္းဟြန္း အားရပါးရ ေအာ္ရီမိပါသည္ ။

သုံးေယာက္သားက အလယ္တန္းေနာက္ဆုံးႏွစ္ကတည္းက တတြဲတြဲ႐ွိၾကသည္ ။

မိဘေတြလည္းအခ်င္းခ်င္းခင္ၾကသလို
တစ္ေယာက္ေက်ာင္းေျပာင္းရင္ က်န္တဲ့ႏွစ္ေယာက္ပါ ေက်ာင္းေျပာင္းၾကတဲ့ထိခင္သည္ ။
အခု ဒုတိယႏွစ္အထိ ရထားတြဲ

သုံးေယာက္ ဘယ္ေလာက္ခင္သလည္းဆို
ေဂ်ာင္ဝန္းက သုံးေယာက္ထဲမွာ အငယ္ဆုံး

ေဆာင္းဟြန္းထက္ ေလးလေလာက္ငယ္ေတာ့
ေမြးခုႏွစ္မတူေပ ။

သုံးေယာက္လုံး အသက္ျပည့္ၿပီးၿပီဆိုတဲ့ေန႔
အေမွာက္ေသာက္မယ္ဆိုၿပီးကတိလုပ္ဖူးလို႔
ႏွစ္ေယာက္က အသက္ျပည့္ၿပီးတာေတာင္
ေဂ်ာင္ဝန္း ၁၈ ႏွစ္ျပည့္ေမြးေန႔ရဲ႕ ည ၁၂ ေက်ာ္မွ Alcohol ဆိုတာ ဘာမွန္းသိသည္ ။

ေျမႇာက္ေပးတာကေတာ့ သူတို႔ရဲ႕အႀကီးဆုံးအကိုႀကီး Park Jay ေပါ့

*ေယာက်ၤားေလးပဲေလ ေနာက္လည္း ေသာက္စရာကိစၥေပၚလာမွာပဲဟာ
အသက္ျပည့္တာနဲ႔ ေသာက္ႏိုင္ေအာင္လုပ္ထားရမွာေပါ့ * တဲ့

ဘီယာဘူးအခြံအျဖစ္ေျပာင္းသြားတာနဲ႔
ေဆာင္းဟြန္း အဲ့သံဗူးခြံကို လက္ဖဝါးထဲမွာ
႐ႈံ႕တြသြားေစလိုက္သည္ ။ ၿပီးေတာ့
သူတို႔ထိုင္ေနတဲ့ စတိုးဆိုင္အျပင္စားပြဲေတြနဲ႔ မလွမ္းမကမ္းက အမိႈက္ပုံးကို လွမ္းပစ္လိုက္သည္ ။

" What the fck ! "

အသံေသးေလးတစ္ခုထြက္လာပုံအရ
လူကိုမွန္သြားၿပီထင္တယ္ ။ ပတ္ေဆာင္းဟြန္း
ဒီေန႔ ျပႆနာေတြခ်ည္းပဲ ။
စိတ္ညစ္ၿပီး ေခါင္းသာ ငုံ႔ထားမိေတာ့သည္ ။

" ေဟ့ေကာင္ လူကိုမွန္သြားၿပီထင္တယ္ "

သူတို႔ဆီ ေထာ့နဲ႔ ေထာ့နဲ႔ လာေနတဲ့ ဟူဒီ အစိမ္းပုတ္ေရာင္နဲ႔
တစ္ေယာက္က..

" ဟင္ ART Major က EC အသစ္ေလးမလား "

ဟုတ္ပါသည္ ။ အမိႈက္ပစ္ထြက္လာတဲ့
ဂ်ယ္ယြန္းမွာ နဖူးကို ဘီယာဖူးနဲ႔ေပါက္ခံထိသြားခ်င္းအစစ္ပင္

" မင္းတို႔ထဲက ဘယ္ေကာင္လည္း "

အသံေၾကာင့္ေရာ ေခါင္းငုံ႔ေနလို႔ ျမင္ေနရတဲ့
ေျခေထာက္ေပၚက ပတ္တီးစေရာေၾကာင့္
ဂ်ယ္ယြန္းမွန္းတန္းသိသည္ ။

" ငါ .. ငါလုပ္လိုက္တာ တမင္မဟုတ္ဘူး
မေတာ္တဆ "

" ေဆာင္းဟြန္းပါလား "

အခုမွေခါင္းေမာ့တဲ့တစ္ေယာက္က ေဆာင္းဟြန္းဆိုေတာ့ ၾကည့္ရတာ သူတို႔ကအုပ္စုထင္ပါတယ္

ဟိုေန႔က ရန္ျဖစ္တဲ့တစ္ေယာက္ရယ္ ။
ေနာက္တစ္ေယာက္ကိုကေတာ့ လုံးဝမသိေပမဲ့
အားနာသလိုနဲ႔ ျပဳံးျပတဲ့ ပါးခ်ိဳင့္ေတြကအထင္းသား

" ေတာင္းပန္ပါတယ္ အဲ့ေကာင္ နည္းနည္းေလး
ေသာက္ထားလို႔ "

" ဒါနဲ႔ ေျခေထာက္က ... "

" လမ္းေတာ့ေလွ်ာက္လို႔ရသလို႐ွိေပမဲ့ နာေနတုန္း"

" မဟုတ္မွလြဲေရာ မင္းက ပတ္ေဆာင္းဟြန္းရဲ႕
အခ်စ္.. အူး ဝူး ဝူး "

ပါးစပ္သရမ္းခ်င္ေနတဲ့ ပတ္ဂ်ံဳးဆြန္းကို
ပါးစပ္အျမန္ လွမ္းပိတ္လိုက္ရသည္ ။

ျပန္ေတြ႕တာ တစ္ရက္မျပည့္ေသးဘူး ။ အ႐ွက္တကြဲနဲ႔ ျပႆနာေတြခ်ည္းပဲ ။

" မေတာ္တဆဆိုေတာ့ ရပါတယ္ ငါသြားၿပီ "

" အင္း တာ့တာ "

" ဟို.. ေဆာင္းဟြန္း ငါ့အိမ္က လွမ္းျမင္ေနရတဲ့
လမ္းထိပ္က အစိမ္းေရာင္ႏွစ္ထပ္အိမ္ တစ္ရက္ေလာက္လာခဲ့ေပါ့ "

" အမ္.. အင္း "

ေထာ့နဲ႔ ေထာ့နဲ႔ နဲ႔ ျပန္လွည့္သြားတဲ့ ဂ်ယ္ယြန္းကို
ၾကည့္ၿပီး စိတ္ပူသလို ရင္ထဲမေအး
လမ္းထိပ္ထိဆိုတာ နည္းနည္းလွမ္းတာပဲဟာ
စတိုးဆိုင္က ဆန္႔က်င္ဘက္လမ္းထိပ္ကဆိုေတာ့

" ဂ်ယ္ယြန္း ငါလိုက္ပို႔ေပးမယ္ "

အရဲစြန္႔ၿပီးေျပာၾကည့္ေတာ့ ေဘးကႏွစ္ေကာင္က
မ်က္လုံးျပဴးၿပီး သူနဲ႔ ဂ်ယ္ယြန္းကို
တစ္လွည့္စီ ၾကည့္သည္ ။

မ်က္ေမွာင္သာ ၾကဳံ႕ျပၿပီး
ဂ်ယ္ယြန္း နဲ႔မ်က္ႏွာခ်င္းဆိုင္ကိုသြားမိသည္ ။

" ငါ့ေက်ာေပၚတက္ "

႐ုတ္တရက္ႀကီး သူ႕ေ႐ွ႕ ဒူးေထာက္ခ်ၿပီး
ေက်ာပိုးမယ္လုပ္ေနတဲ့ ေဆာင္းဟြန္းကိုၾကည့္ၿပီး
ဂ်ယ္ယြန္း ေၾကာင္စီစီျဖစ္သြားရသည္ ။

" ဘာလို႔လည္း ငါအဆင္ေျပပါတယ္ "

" ဒီေလာက္ ေထာ့နဲ႔နဲ႔ ျဖစ္ေနတာကို
လမ္းေလွ်ာက္ရင္ ေနာက္ရက္ပိုဆိုးမွာ "

ပတ္ေဆာင္းဟြန္းကဘာလို႔ အဲ့ေလာက္
တဇြတ္ထိုးဆန္တတ္သြားရတာလည္း အမ်ားႀကီးေျပာင္းလဲသြားတာပဲ လူႀကီးလည္းျဖစ္ေနၿပီဆိုေတာ့ေလ

အသက္တူတူေတာင္ သူကပိုၿပီးကေလးဆန္ေသးတာပဲလို႔ ဂ်ယ္ယြန္းေတြးမိပါသည္။

ေျပာလည္းမရဘူးဆိုတာ မနက္ကေကာက္ခ်ီခံလိုက္ရလို႔ သိသြား တာနဲ႔ ေဆာင္းဟြန္းကို
အားကိုးၾကည့္လိုက္ေတာ့မည္ဆိုၿပီး
ေဆာင္းဟြန္းရဲ႕ ေက်ာေပၚမွာ လိုက္ပါလာခဲ့မိသည္ ။

ဘီယာနံ႔အနည္းငယ္ေရာေနတဲ့
သၾကားလုံးလို ခ်ိဳအီေနသ‌ေယာင္႐ွိေသာ
ကိုယ္သင္းနံ႔ေလးကို ခိုးၿပီး နမ္း႐ိႈက္မိတာ
ေတာ့ ကာယကံ႐ွင္မွလြဲ၍မသိပါ ။

ငယ္ငယ္က အိပ္ယာေပၚမွာ ‌ကလိထိုးၿပီးေဆာ့ရင္း ေမာလာရင္ ဖက္အိပ္ၾကတာေတြ
ဩဇီမွာ တစ္ေယာက္တည္းေသာ သူငယ္ခ်င္းမို႔
ဩဇီ ကိုရီးယား ကျပားေလးရဲ႕ ပထမဆုံး
ကိုရီးယားလူမ်ိဳးသူငယ္ခ်င္းမို႔ ဆိုၿပီး
အျပန္အလွန္တြယ္ခဲ့ၾကတဲ့သံေယာဇဥ္ေတြကို

လမ္းကေလးကိုျဖတ္သန္းေနခ်ိန္မွာ ႏွစ္ေယာက္လုံးရဲ႕စိတ္ထဲ ျပန္ျမင္ေယာင္ေနခဲ့ၾကတာ
အဲ့ဇာတ္လမ္းေလးရဲ႕ ဇာတ္ေကာင္ႏွစ္ေယာက္ပဲ
သိၾကမည္မဟုတ္လား

ဒါေပမဲ့ သူတို႔ကိုယ္သူတို႔ေတာင္မသိၾကတဲ့
တစ္ခ်က္ဆို ထပ္တူက်ေနတဲ့ရင္ခုန္သံေတြကိုပဲ
ေဖာ္ျပစရာ႐ွိေပသည္ .....

____SUPPORT_SYSTEM_FOR_LIFE_______

ဒီ fic ေရးဖို႔ mood on ေနလို႔ပါ ><
Feedback ေလးေတြ မ်ားမ်ားရရင္
Double update လာပါမယ္ ><
ျမန္ျမန္ up ေပးပါဆိုရင္ေတာ့ စိတ္ေကာက္ၿပီး
ပတ္ေဆာင္းဟြန္းကိုအိုစီပါမယ္ :(

___________________________________________

Continue Reading

You'll Also Like

16.6K 1.9K 12
•I lose my mind when it comes to you I take time with the ones I choose I don't wanna smile if it ain't from you ✏️Start date - 19.12.2021 ✏️End dat...
170K 17.7K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 37.7K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
367K 11K 21
As Clarke & Lexa deal with the aftermath of their decisions at Mount Weather,forgotten feelings resurface. Both leaders struggle to find themselves a...