ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part41(zawgyi)

3.5K 388 60
By melieee2


Chapter 41;

သူသည်အထက်တန်းပထမနှစ်တွင်အတန်းများမခွဲရသေးသောကြောင့်အမြဲ တန်းခွဲ(၁) မှာနေခဲ့၏။ ထိုအချိန်ကသူတို့ရဲ့အတန်းတွင်ငကြောင်တစ်ယောက်ရှိခဲ့သည်။ထိုငကြောင်သည်နောက်ဆုံးတန်းမှာ ထိုင်ပြီး ၊ကိုယ်ပိုင်စာကြည့်ချိန်တွင် သူ့ ဘေးခုံမှကောင်မ
လေးနှင့်စကားပြောရင်းတံတောင်ဆစ်နှင့်မသိမသာ
တိုက်မိလေ့ရှိ၏။ထို့နောက်, သူက ကိုယ်ပိုင်စာကြည့်ချိန်ပြီးလျှင်သန့်စင်ခန်းသို့အရင်ပြေးသွားလေးရှိသည်။

သွေးဆူတတ်သောဆယ်ကျော်သက်လူငယ်အရွယ်အတွက်သာမာန်အထိအတွေ့လေးက သုတ်လွှတ်မိတဲ့အထိဖြစ်သွား​စေ၍၊ထိုငကြောင်သည်အောက်ခံဘောင်းဘီချွတ်ဖို့အိမ်သာဆီသို့အပြေးသွားခဲ့ရဖူးသည်။

ထိုသူရဲ့အဖြစ်ကိုတစ်တန်းလုံးဝိုင်းရယ်ခဲ့ကြပြီး၊ စာသင်နှစ်တစ်လုံးပြောမဆုံးသောကိစ္စ ဖြစ်ခဲ့၏။

ထိုအချိန်တုန်းကယင်းကိစ္စအားဟာသအဖြစ်
ကုဖေးတွေးခဲ့တာဖြစ်၏။သို့သော်, ယခုလက်
ရှိသူ့အခြေအနေကထိုတစ်ယောက်နှင့်မတိမ်း
မယိမ်းပင်။

သူ့ခါးမှာဖက်တွယ်ထားသည့်ကျန်ချန်ရဲ့လက်အားကုဖေးငုံ့ကြည့်လိုက်သည်။စောစောကကုမြောင်ကသူ့အားလန့်သွားအောင်ခြောက်လိုက်၍ကျန်ချန်သည်အလန့်တကြားဖြင့် သူ့ကိုဖက်တွယ်လာတာဖြစ်၏။

ကျန်ချန်သည် ကုမြောင်ကစက်ဘီးနောက်တန်းအား ကိုင်ထား၍ လက်ထားစရာနေရာမရှိသောကြောင့် သူ့ခါးကိုဖက်ထားတဲ့ လက်များအားပြန်မရုတ်သွားဘဲဖက်ထားတာဖြစ်နိုင်၏။

ယခုလက်ရှိသူတို့ကြားမှအနေအထားသည်
'မင်း သူ့ကိုသွားမကြည့်ရင်၊မင်း ဘာမှခံစား
ရမှာမဟုတ်ဘူး။'ဆိုတဲ့သဘောသက်ရောက်
နေသည်။သူ့ရဲ့ဆိုင်ကယ်နောက်ခုံမှာဖြစ်စေ၊
စက်ဘီးနောက်ခုံ​တွင်ဖြစ်စေယောကျာ်းမိန်းမ
မရွေးတော်တော်များများတင်စီးဖူးသည်။
ထို့ကြောင့် ထိုကဲ့သို့အသားချင်းအထိအတွေ့
ကပုံမှန်မှန်း သူ သိသည်။

ဒါပေမယ့်,ယခုသူ့ခါးအားဖက်ထားသောသူမှာ
ကျန်ချန်ဖြစ်၏။

သူသည်ကျန်ချန်အားကြည့်မိချိန်တိုင်း၊တင်းကျူးရှင်း၏ရူးကြောင်ကြောင် ဝတ်စုံများကိုဝတ်ထားတဲ့ကျန်ချန်ရဲ့ပုံရိပ်အားသူ့အာရုံထဲတွင်အထိန်းအကွပ်
မဲ့မြင်ယောင်လာသည်။

ကျန်ချန်ရဲ့ ခြေတံရှည်ရှည်, သေးသွယ်သော
ခါးနှင့်အချိုးအစားပြေပြစ်သောနောက်ကျော
အပြင် နံရိုးပေါ်မှ ဒဏ်ရာနှင့် နှုတ်ခမ်းထက်ရှိ အက်ကွဲရာလေးသေးသေးလေး......

သူ့ခါးအားဖက်ထားသည့် ကျန်ချန်ရဲ့လက်က ပေါက်ကွဲသွားတော့မည့်မိုင်းအသွင်​ဖြစ်လာ၏

အကယ်၍ ထိုမိုင်းပေါက်ကွဲသွားလျှင် ၊ သူတကယ်အောက်ခံဘောင်းဘီချွတ်လဲရလိမ့်မည်။

သူတို့ အချိန်အတန်ကြာ စက်ဘီးနင်းလာပြီး
နောက်၊ သူ့အသင်းမှ ကစားသမား အုပ်စုကို
မြင်လိုက်ရသည်။လူတိုင်းကစက်ဘီးနောက်
ခုံတွင်ကောင်မလေးကိုယ်စီတင်လာ၏။

ကုဖေးသည်စက်ဘီးဘရိတ်အားအုပ်ပြီးလက်တစ်ဖက်အားလက်ဖဝါးနောက်ပြန်ထား၍ဆန့်
လိုက်လျှင်ကုမြောင်က စကိတ်ကို အရှိန်လျော့
လိုက်သောကြောင့် သူမရဲ့မျက်နှာနှင့် သူ့​လက်
ဖဝါးအားဝင်တိုက်မိ၏။သူမသည်အနောက်သို့အနည်းငယ်ဆုတ်ပြီးစကိတ်ကိုအရှိန်သတ်၏။

ထိုအခါ ကျန်ချန်က စက်ဘီးနောက်ခုံမှ
မေးလာသည်။
"ဘာဖြစ်လို့လဲ။ "

သူသည် စက်ဘီးကိုခြေထောက်နှင့် ထောက်ပြီး
ကျန်ချန်ကိုလှည့်ကြည့်လိုက်၏။
" ခန့်မှန်းကြည့်။"

ကျန်ချန်သည် စက်ဘီးပေါ်မှခုန်ဆင်းလိုက်၏။
"မင်းပင်ပန်းနေပြီလား။မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ
ခံနိုင်ရည်ကပျော့လိုက်တာ။ပြိုင်ပွဲတစ်ပွဲဆော့
ပြီး စက်ဘီးတောင်မနင်းနိုင်တော့ဘူးလား။"

ကုဖေးစက်ဘီးပေါ်မှဆင်းပြီး သူ့လက်ထဲသို့
စက်ဘီးလက်ကိုင်ထိုးပေးလိုက်သည်။
"ငါ မင်းဒီလောက်စကားများမှန်း ဘာလို့
အရင်ကမသိခဲ့လဲ မသိဘူး။"

ကျန်ချန်သည် စက်ဘီးထိုင်ခုံပေါ်သို့တက်
လိုက်၏။
"ငါ ကုမြောင်နဲ့ပူးပေါင်းပြီး တစ်ခါမှမလုပ်ဖူး
ဘူး။ငါ သူ့ကို စက်ဘီးနဲ့ဝင်မတိုက်မိလောက်
ပါဘူးနော်။"

"မင်း စက်ဘီး နဲ့ဝင်တိုက်ရင်တောင် သူ(မ)
အသာလေးရှောင်နိုင်တယ်။"
ကုဖေးသည်နောက်ထိုင်ခုံမှာထိုင်လိုက်၏။
"သွားရအောင်။ "

"လမ်းလယ်ခေါင်မှာ စက်ဘီးနင်းရတာခက်တယ်။ မင်း ငါ့ကို စောင့်....."

"မရဘူး။ငါက ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်အား
နည်းတယ်။ပြိုင်ပွဲလေးတစ်ပွဲ​ဆော့ပြီးတာနဲ့
စက်ဘီးနင်းဖို့အားမရှိတော့ဘူး။"
ကုဖေး သူ့အားပြန်ပြောပြီးနောက် ဖုန်းထုတ်၍
ဂိမ်းကစားလိုက်သည်။

ကျန်ချန်က"ဖာ့ခ်"ဟုဆဲရေးပြီးနောက် လမ်းလယ်ခေါင်မှာစက်ဘီးနင်းဖို့အားထုတ်တော့
သည်။

..........

ကုမြောင်သည်နောက်သို့ခြေနှစ်လှမ်းဆုတ်ကာစကိတ်စီးဖို့ပြင်နေ၏သူမကစက်ဘီးရဲ့နောက်
တန်းအားလွှတ်ပြီး ရှေ့မှဦးဆောင်ကာ စကိတ်
စီးဖို့စတင်လိုက်သည်။

ကျန်ချန်သည်စက်ဘီးခဏနင်းပြီးနောက်
ဝမ်ရွှိနှင့်တစ်ခြားလူများအားလှမ်းမြင်လိုက်၏။

ကောရွှိကလည်း သူတို့ကိုမြင်သွားသည်။
"မင်းတို့ရောက်လာပြီလား။မင်းတို့နှစ်ယောက်
ထွက်သွားတာအရမ်းမြန်တာပဲ။"

"ငါတို့ဗိုက်ဆာနေပြီ။"
ကောရွှိကို သူပြန်ဖြေနေစဉ်၊ ကောင်မလေး တစ်ယောက်ကသူ့နာမည်ကိုခေါ်လာသည်။
"ကျန်ချန်။"

ကျန်ချန်ခေါင်းလှည့်လိုက်လျှင် ကောင်မလေး
ရဲ့လက်ထဲမှဖုန်းကချက်ခနဲအသံမြည်သွား၏
"ဓာတ်ပုံခိုးရိုက်မယ်ဆို မင်းရဲ့ဖုန်းကိုအသံပိတ်
ထားရမယ်ဆိုတာမသိဘူးလား။"

ကောင်မလေးကပါးစပ်ကို လက်နှင့်အုပ်ပြီး
တခစ်ခစ်ခိုးရယ်၏။
"ခိုးရိုက်တာမှ မဟုတ်ပဲ။"

သူတို့လူအုပ်သည်လမ်းတလျှောက်လုံးစကား
ပြောရင်းရောက်လာတာဖြစ်နိုင်သည်၊ကျောင်း
မှမြို့လယ်ခေါင်ထိအကွာအဝေးကနည်းသည့်
အကွာအဝေးမဟုတ်​ပေ။သူတို့သည်တစ်လမ်း
လုံးဆူညံနေမည်မှာကျိန်းသေ၏။သူတို့မှာဆိုင်
ကယ် ဒါမှမဟုတ်တံမြက်စည်းတစ်ချောင်းပဲရှိ
နေလျှင်ပင်အတင်းတိုးဝှေ့စီးခဲ့ကြလိမ့်မည်။

ကျန်ချန်သည် သူ့ဘေးမှလူများအားကြည့်ပြီး
*ချီးစားရမယ်ဆိုရင်တောင်ရယ်မယ့်အရွယ်ပဲ*
ဆိုပြီးတွေးနေမိ၏။

သူတို့ထွက်မလာခင်အထိထိုလူအုပ်စုကသူနှင့်
ကုဖေးအားစနောက်နေခဲ့ကြသည်။သူတို့သည်အနည်းငယ်အရိုင်းဆန်ပြီးလွတ်လပ်တဲ့လူငယ်
များဖြစ်ပေမယ့်၊သူသည်ထိုသူတို့နှင့်လမ်းဘေး
တစ်နေရာမှာမတ်တပ်ရပ်နေရသည်။

သူသည် ထိုသူများနှင့်ရောပြီး အတောမသတ်
နိုင်အောင်ရယ်မောကာမနေချင်ပေ။ကုဖေးနှင့်
သူတို့နှစ်ယောက်မကြာခဏအရူးများကဲ့သို့ရယ်
မောတာက သက်သက်ပင်။

ကုဖေးကထိုတစ်ချိန်လုံးတိတ်ဆိတ်နေ၏။ သူ
သည်အချိန်ပြည့်ဖုန်းကြည့်နေပြီးဖော်ရွေမှုမရှိ အငွေ့အသက်များလွှမ်းခြုံထား၏။

ကောင်မလေးများကသူ့ဓာတ်ပုံအား ခိုးရိုက်
လာလျှင်ကုဖေးကသူ့ကျောနောက်မှာခေါင်း
ငုံ့ပြီးပုန်းကွယ်လေ့ရှိသည်။

ဝမ်ရွှိကစက်ဘီးနောက်ခုံတွင်ရီကျင်းကိုတင်
ထား၏။သူကအရမ်းတက်ကြွနေပြီး ပင်ပန်း
နေသောအရိပ်အယောင်ပင် မရှိပေ။
"ဓာတ်ပုံခိုးရိုက်တာတော်လောက်ပြီ။ သူတို့ နှစ်ယောက်ရဲ့မင်းတို့လိုချင်တဲ့ဓာတ်ပုံငါ့ဆီမှာလာတောင်း။ငါ့မှာအကုန်ရှိတယ်။ကျန်ချန်ရဲ့အစာ
သွပ်မုန့်စားနေတဲ့ပုံလည်း ရှိတယ်။"

ကျန်ချန် သူ့အားစိုက်ကြည့်လိုက်၏။
"သောက်ကျင့်မကောင်းတဲ့အကောင်။"

မိန်းကလေးတစ်ယောက်ကချက်ချင်းအော်ပြောလာသည်။
"ငါ့ဆီပို့ပေးလို့ရလား။အဲ့ပုံကို ငါလည်းမြင်
ဖူးချင်တယ်။"

ဝမ်ရွှိက ပြန်ဖြေ၏။
"ဓာတ်ပုံကိုလွယ်လွယ်ပေးလို့မရဘူး။ငါကကျန်ချန်ကိုမနိုင်ဘူး။ဒါပေမဲ့ ,ဓာတ်ပုံကိုပြန်ရောင်းမယ်။တစ်ပုံကို ယွမ်၂၀။"

"ပိုက်ဆံယွမ်၂၀အတွက်နဲ့ မင်းကအရိုက်ခံဖို့ ဆန္ဒရှိတယ်ပေါ့။"
လုရှောင်ပင်းက ထိုကဲ့သို့ပြောလိုက်လျှင်၊
လူတိုင်းကသဘောကျစွာရယ်ကြသည်။

ဝမ်ရွှိက ပြန်ဖြေ၏။
"ပါးစပ်ပိတ်ထား။ဒါတောင် မတွက်ချက်တတ်ဘူးလား။ဓာတ်ပုံကို လူဆယ်ယောက် ဝယ်ရင်ယွမ်၂၀၀ဖြစ်သွားပြီ။"

လုရှောင်ပင်းက ခဏတန့်သွား၏။
"မှန်တော့မှန်တယ်။ကျန်ချန်မှာပရိတ်သတ်
အများကြီးရှိနေပြီ။တစ်ယောက်တစ်ပုံဝယ်
ရင် မင်းပိုက်ဆံအများကြီးဝင်တော့မှာ။"

"ဒီကောင်တွေရဲ့ IQကတော့......"
ကောရွှိက သက်ပြင်းချသည်။
"ပုံတစ်ပုံကို တစ်ကြိမ်ပဲရောင်းလို့ရမှာ။
တစ်ယောက်ကတစ်ပုံဝယ်ပြီးရင် ကော်ပီ
ပြန်ကူးပြီးပို့လို့ရတယ်။ဘာကိစ္စ မင်းဆီမှာ
ထပ်လာဝယ်မှာလဲ?။"

ဝမ်ရွှိက သူ့ကို ပြန်အော်၏။
"မင်းလည်းလစ်တော့။မင်းတစ်ယောက်ပဲ
IQ မြှင့်တယ်ထင်နေလား။"

ထိုအချိန်တွင် ကျန်ချန်ရဲ့အနောက်မှကုဖေးကတိုးတိုးပြောလာသညိ။
"သူ့ဈေးကွက်အိုင်ဒီယာကမဆိုးဘူး။ ငါ့လက်ထဲမှာကြည်တောက်ပြီး အစက်အပြောက်မရှိတဲ့မင်းရဲ့မျက်နှာပုံအများကြီးရှိတယ်။"

ကျန်ချန် သူ့ကိုလှည့်ကြည့်ပြီး တိုးတိုးပြော လိုက်တယ်။
"မင်းလိုပရော်ဖက်ရှင်ဓာတ်ပုံဆရာတစ်ဦးမှာ ကိုယ်ကျင့်တရားမရှိတော့ဘူးလား။"

"ရှိတယ်။အဲ့ဒါကြောင့် ငါအခုဓာတ်ပုံကိုထုတ်မရောင်းတာ။ဈေးမြှင့်မြှင့် ပေးလာမယ့်အချိန်ထိ
စောင့်လိုက်မယ်။"

"ငါ မင်းနဲ့ လုံးဝမပတ်သတ်တော့ဘူးလို့
ပြောရင် မင်းယုံလား။"

ကုဖေးက ချက်ချင်းဖြေသည်။
"ဟင့်အင်း။"

ကျန်ချန် ပါးစပ်ဟလိုက်သော်လည်း စကား
တစ်ခွန်းမှမထွက်ပေ။

ကုဖေးသည် ဖုန်းအားသူမျက်နှာရှေ့မှာထောင်ပြလာ၏။
"ငါအခုထိဒီlevelမအောင်သေးဘူး။ မင်းငါ့ကိုကူညီတဲ့အနေနဲ့ ဒီအဆင့်တက်အောင်လုပ်ပေး
လို့ရလား။"

"Fuck!"
ကျန်ချန် နောက်တစ်ကြိမ် ပြောစရာစကားပျောက်သွား၏။
"မင်း လီယန်နဲ့ပြိုင်ပြီးဆော့နေတုန်းလား။"

ကုဖေးက ဂိမ်းဆက်ကစားနေသည်။
"အင်း။သူက level သုံးဆင့်အောင်သွားပြီ။"

"နောက်မှ ငါမင်းကိုအဆင့်တက်အောင်ကူပေး
မယ်။မင်း ဒီကလေးဂိမ်းကိုဆော့နေတာသူများ
ရဲ့စီးပွားရေးနဲ့ အတူတူပဲ။ကမ္ဘာကြီးကယ်တင်
ဖို့ မင်းကိုပြန်စောင့်နေရတယ်။"

သူ့နောက်မှ ကုဖေးက ရယ်လာသည်။
"ဟုတ်တယ်။အာ,အပေါက်ဆိုးဆိုးပါးစပ်ကြောင့်
ငါကပထမဆုံးဖယ်ရှားခံရမယ့်လူဖြစ်လာမှာ။"

.........

ဝမ်ရွှိသည်သူတို့ကျောင်းမှမထွက်လာခင်ဆိုင်ကို အခန်းတစ်ခန်းကြိုပြီးမှာထားသော်လည်း၊အခန်း
မကျန်တော့ပေ။ ကစားသမားအုပ်စုနဲ့မိန်းကလေးများ အပါအဝင် လူနှစ်ဆယ်ကျော်သောကြောင့်၊
ဆိုင်ဝန်ထမ်းကအခန်းတစ်ခန်း၌ စားပွဲသုံးဝိုင်း
ဖြည့်ပေးမည်ဖြစ်ကြောင်းပြောလာသည်။
"အခန်းကကျဉ်းပေမယ့်အတူပေါင်းထိုင်ပေး
လို့ရမလား။လူငယ်တွေပဲဆိုတော့အတူထိုင်
စားရင်သံယောဇဉ်တွေပိုခိုင်မာလာမှာ။'

"ကောင်းပြီ။အားလုံးအတူပူးကပ်ထိုင်လိုက်ရအောင်။"
ဝမ်ရွှိကဝန်ထမ်းကောင်လေးကိုခေါင်းညိတ်ပြ
ပြီးသူ့လူများကို တစ်ယောက်ပြီး တစ်ယောက်
အခန်းထဲသို့တွန်းပို့လိုက်၏။

ကျန်ချန်သည်ကုမြောင်ကိုခေါ်ပြီး အုတ်နံရံနှင့်
အနီးဆုံးခုံဆီလျှောက်သွား၏။သူကကုမြောင်
နှင့်အတူထိုင်ဖို့ကတိပေးထား၏။ ကုဖေးသည်
သူတို့နောက်မှကပ်လိုက်လာပြီး သူ့ဘေးခုံတွင်
ဝင်ထိုင်လာသည်။

ကျန်ချန်သူ့အားလှည့်ကြည့်လိုက်၏​၊ကု​​မြောင်
သည်သူ့ညာဘက်မှာထိုင်ပြီးကုဖေးကသူ့ဘယ်
ဘက်မှာထိုင်နေ၍ သူမေးလိုက်သည်။
"ကုမြောင်ရဲ့ဘေးမှာ မထိုင်ဘူးလား။"

"နေရာချင်းလဲထိုင်ဖို့ နောက်ကျသွားလို့။"
ကုဖေးကမတ်တပ်ထရပ်လိုက်သည်။သူက
ခုံနေရာလဲချင်သော်လည်း လူတိုင်းကကျပ်
သိပ်ထိုင်နေကြောင်းမြင်လျှင်၊သူကမြန်မြန်
ပြန်ထိုင်ပြီး တိုးတိုးပြောလာ၏။
"ငါ အခုနေရာလဲထိုင်ရင် မိန်းကလေးကြားမှာ အဆုံးသတ်သွားလိမ့်မယ်။"

"ဘာဖြစ်လို့လဲ။"
ကျန်ချန် နည်းနည်းရယ်ချင်သွားသည်။
"မင်းမှာ ပြသာနာရှိလို့လား။"

"ငါ့မှာပြသာနာမှမရှိဘူး။"
ထိုအချိန်တွင်ရီကျင်းကအသံမထွက်ပဲကုဖေးဘေးနားကထိုင်ခုံမှာထိုင်လိုက်၍၊ကုဖေးသည်ထိုင်ခုံအား ကျန်ချန်နားသို့ရွေ့လာ၏။
"ငါ သူတို့နဲ့အသားမကျသေးလို့ ။"

"ဂုဏ်သိက္ခာကြီးတဲ့ဘော့စ်ပဲ။"
သူသည်ခွက်တစ်ခွက်ထဲသို့လက်ဖက်ရည်
ငှဲ့ပြီးနောက်ကုမြောင်ရှေ့မှာထားလိုက်၏။
"ကုမြောင်,ရေသောက်ဦး။ပြီးရင်,အနွေးထည်ကိုချွတ်ထားမလား ။အခုတောင် မင်းမျက်နှာကအပူဒဏ်ကြောင့် နီရဲနေပြီ။"

အခန်းက ကျဉ်းသည့်အပြင် လူအားလုံးသည်
စားပွဲအားပတ်ပတ်လည်ဝိုင်းပြီးထိုင်နေကြတာ
ဖြစ်သည်၊ယင်းမြင်ကွင်းကဆူညံနေတဲ့အစည်း
အဝေးတစ်ခုနှင့်ပင်တူသည်။

ကုမြောင်သည်ရေအရင်မော့သောက်ပြီးလက်တစ်ဖက်ကိုမြောက်၍သူမခေါင်းပေါ်မှ ဦးထုပ်
အားဆွဲချွတ်ကာစားပွဲပေါ်တင်ချိန်တွင် သူမရဲ့
ဆံပင်များ ဖရိုဖရဲဖြစ်သွား၏။ သူမက အနွေး
ထည်ချွတ်လိုက်ပြီးအနားရှိ ကြမ်းခင်းပေါ် ပစ်
ချလိုက်သည်။

"အနွေးထည်ကို စင်မှာချိတ်မယ်။"
ကုဖေးက အခန်းထောင့်မှအင်္ကျီစင်ကိုလက်
ညှိုးထိုးပြီးပြောလိုက်သည်။သူ့ အပေါ်ကုတ်
ကိုချွတ်ပြီးကုမြောင်လက်ထဲထည့်လိုက်၏။
"ကောကောကိုကူညီပါဦး။သူ့ကိုလည်းအင်္ကျီ
စင်မှာချိတ်ပေးနော်။"

ကုမြောင်ကအဝတ်အစားတွေနှင့်ဦးထုပ်ကို
ယူပြီးစင်ပေါ်မှာသွားချိတ် သည့်တိုင်အောင်
သူမရဲ့ဆံပင်များကရှုပ်ပွနေသေးသည်။

ကျန်ချန် သူမကိုပြောလိုက်၏။
"ဆံပင်သပ်လိုက်ဦး။မင်းကမိန်းကလေးလေ။
ကိုယ့်ပုံရိပ်ကိုယ်ဂရုစိုက်ရမှာပေါ့။"

သူမကဆံပင်များသပ်သပ်ရပ်ရပ်ဖြစ်အောင်
လက်နှင့်ဖိသပ်ပြီးသည့်တိုင် သူ့ကိုစိုက်ကြည့်
လာသည်။ထို့နောက်,သူမအကြည့်ကသူ့ကုတ်
အင်္ကျီပေါ် ရွေ့လာ၏။

"အိုး။"
ကျန်ချန် အနွေးထည်ကိုချွတ်ပြီး သူမလက်ထဲ
ထည့်ပေးလိုက်သည်။
"ချန်ကောအကျီကိုလည်းချိတ်ပေးပါဦး။ ကျေးဇူး။"

ကုမြောင်ကပျော်ရွှင်နေသည့်မျက်နှာလေးနှင့်
သူ့အနွေးထည်ကို ယူသွား၏။ သို့သော်လည်းသူမ၏အရပ်ကလုံလုံလောက်လောက်မရှည်
သေး၍ ကျန်ချန်၏အနွေးထည်ကို ကုဖေး၏
အနွေးထည်ပေါ်မှာထပ်ချိတ်လိုက်သည်။

ထို့နောက်,သူမက ထိုင်ခုံမှာပြန်ထိုင်ပြီးတော့ လက်ဖက်ရည်အေးအေးဆေးဆေးသောက်နေ၏။

ကျန်ချန်သည်ထိုင်ခုံကိုမှီပြီးထိုင်လိုက်လျှင်
သူ့နောက်ကျောက အုတ်နံရံနှင့်ကပ်နေဖြစ်
သည်။သူကလက်ပိုက်ပြီးအခန်းကျဉ်ကျဉ်း
လေးထဲတွင် အဆုတ်ကွဲမတက် အော်ဟစ်စကားပြောနေတဲ့အတန်းဖော်များအားကြည့်လိုက်၏။သူတို့အခန်းကဆူညံသံများနှင့်ပွက်
လောရိုက်လျက်ရှိသည်။မူလက အခန်းတံခါး
ဖွင့်ထားပေမယ့်​၊ ဆိုင်ဝန်ထမ်းလေးများကသူ
တို့အသံကိုသည်းမခံနိုင်တော့၍ တံခါးပိတ်ပေးသွား၏။

သို့သော်, အခန်းကျဉ်းကျဉ်းလေးက လှုပ်ရှားအသက်ဝင်နေဆဲဖြစ်သည်။ဤကဲ့သို့ လူစုလူ
ဝေးပွဲကိုကျန်ချန်မသွားပေ။အရင်ကျောင်းမှာ
ဆိုလျှင် လူတိုင်းကစည်းကမ်းကြီးသည့် မိသား
စုဆီမှဆင်းသက်လာ၍အများစုကကျောင်းဆင်းလျှင် အိမ်ပြန်ကြသည်။

သူ ပျင်း၍အတန်းလစ်လျှင်၊ ညတိုင်းအပြင်
မှာနေဖြစ်လျှင်တောင် သူ့မှာအဖော်အပေါင်း
မရှိခဲ့ချေ။

ယခုအခါ သူ့ရှေ့မှာရှိနေသည့်ဆူညံပွက်လော
ရိုက်နေသောလူများက သူ့အားနွေးထွေးမှုများ
ပေးလျက်ရှိသည်။

"ဘာစားမှာလဲ? ဘာမှာကြ,မှာလဲ?။"
ဝမ်ရွှိကမီနူးစာအုပ်ကိုင်ပြီး လူတိုင်းကိုလိုက် မေးနေသည်။
"ငါ ဟင်းရည်သုံးအိုးမှာလိုက်မယ်။သုံးအိုးလုံး
အရသာနှစ်မျိုးနဲ့မှာလိုက်မယ်။အဆင်ပြေလား။"

"ပြေတယ်၊ ပြေတယ်။"
လူတစ်ယောက်က ပြန်ဖြေလာ၏။
"ဟင်းရည်အိုးက အရေးမကြီးဘူး။အသား
နဲ့အသီးအရွက်က ပိုအရေးကြီးတယ်။"

"အသားရော၊အသီးအရွက်ရောအများကြီးမှာ
လို့ရတယ်။"
ရီကျင်းက ကျောင်းလွယ်အိတ်ပုတ်ပြီး ပြောလာသည်။
"ငါ အတန်းရန်ပုံငွေယူခဲ့တယ်။ ငါတို့ အများကြီး
သုံးမိသွားရင်၊ ရွှိကျုံးက သူပြန်ဖြည့်ပေးမယ်လို့
ပြောလိုက်တယ်။"

ဝမ်ရွှိက မှတ်ချက်ပေး၏။
"လောင်ရွှိက  အရမ်း သဘောကောင်းတယ်။
ဒါပေမဲ့,သူနားပူနားဆာလုပ်ရင်ငါ့အမေထက်တောင်သာတယ်။ သူတစ်ခုခု ပြောတော့မယ်ဆိုရင်၊ရှေ့ဆုံး အရင်ရောက်အောင်သွားတာ။
သိုးသား,သုံးထပ်သား,အမဲသား.......ပြီးတော့
ရော......မြန်မြန်လေးပြောကြ။တခြားလူတွေလည်း   စားချင်တာရှိရင်ပြောနော်။ငါ ချရေးလိုက်မယ်။"

ကုဖေးသည် သူ့အတိုင်း ထိုင်ခုံကိုမှီလိုက်၏။
"အခန်းအပူချိန်က ငါ့ကိုအိပ်ချင်အောင်လုပ်နေတယ်။"

ဘက်စကတ်ဘောကစားသမားအားလုံးသည်အပေါ်ထပ်များချွတ်ထားသောကြောင့် အင်္ကျီ
လက်တိုများနှင့်ဖြစ်သည်။ ထို့ကြောင့်,ကုဖေး
သူနှင့်နီးလာလေ၊ကုဖေး၏လက်မောင်းသည်
သူနှင့်မကြာခဏရှပ်ပြေးလေးတိုက်မိ၏။

ဤသည်မှာ , အင်္ကျီကိုလက်တိုဝတ်တာမသင့်တော်ဘူးလို့ပြောရသည့်အကြောင်းပြချက်ဖြစ်နိုင်၏။

မတော်တဆအသားချင်းထိတွေ့မှုလေးသည်
ကျန်ချန်အား နေမကောင်းချင်အောင် လုပ်နိုင်
သည်၊ကုဖေးလည်းသူနှင့်ထပ်တူခံစားရပုံပေါ်
၏။ကုဖေးသည်သူတို့ကြားမှအကွာအဝေးကို
နည်းနည်းချဲကာ ရီကျင်းရဲ့ဘေးသို့ ထိုင်ခုံရွေ့
သွားကြောင်းကျန်ချန်သတိထားမိသည်။သို့
သော်,နှစ်စက္ကန့်အတွင်းကုဖေးက သူအနားသို့
ပြန်တိုးလာ၏။

သူစဉ်းစားလေရယ်ချင်လေဖြစ်လာ၍၊သူ့ရှေ့မှာချထားတဲ့လက်ဖက်ရည်ခွက်ကိုကြည့်ရင်း ရွှင်မြူးစွာဖြင့် ရယ်လိုက်၏။

"Fuck!"
ကုဖေးကသူနှင့်အတူလိုက်ပြီးရယ်လာသည်။ သူကတစ်ကိုယ်လုံး ပျော့တွဲ၍ သူ့ကိုယ်ပေါ်မှီသည့်အပြင်သူ့ခြေထောက်ကိုလည်းကျန်ချန်ရဲ့ခြေထောက်ပေါ်မှာထပ်တင်လာ၏။
"မင်း ထပ်ရယ်ကြည့်စမ်း။ငါ မင်းကို တကယ်
ထိုးမှာ​နော်။"

"ငါလည်းမင်းကိုသားရေကွင်းနဲ့ပြန်ပစ်မယ်။"
စားပွဲအောက်တွင် ထပ်လျက်တင်ထားသည့်
ကုဖေးနှင့် သူ့ခြေထောက်တို့ကို ကြည့်ပြီးပြုံးလိုက်၏။ကုဖေးရဲ့အထိအတွေ့နှင့်ပတ်သတ်
ပြီးသူ့လက်ခံနိုင်စွမ်းဟာဖန်းကျိထက်တောင်
သာကြောင်း ကျန်ချန်သတိထားမိလာသည်။

ဖန်းကျိနှင့်အတူတူရှိစဉ်ကခံစားချက်များနှင့်ဆီနှင့်ရေပမာကွာခြား၏။

ဟုတ်သည် ,လုံးလုံး မတူပါချေ။

ဖန်းကျိကသူလျို့ဝှက်ချက်ကိုပွင့်ပွင်းလင်းလင်း ဆွေးနွေး၍ရသည့် ညီအစ်ကိုကောင်းဖြစ်၏။
ကုဖေးက..........ကုဖေးက သူ့ကဲ့သို့
လူတစ်ယောက်ဖြစ်သည်။ပြီးတော့ ,ကုဖေး
က သူ့မျိုးရိုးဗီဇကိုလှုံ့ဆော်နိုင်ပြီးစိတ်ခံစားချက်များပေါက်ဖွားစေခဲ့သည့်တစ်ဦးတည်းသောသူဖြစ်၏။

သူနှင့်တူညီသော ယောက်ျားတစ်ယောက်ကို
ရှာတွေ့လိမ့်မယ်ဟူသောအတွေးမျိုးကျန်ချန်ဘယ်တုန်းကမှမတွေးခဲ့ချေ။ တစ်ခြားလူဆီမှ နှစ်သိမ့်မှုကိုရှာတွေ့လိမ့်မယ်လို့သူမမျှော်လင့်
ခဲ့ဘူး။ သူ့ရှေ့မှာရှိနေတဲ့ ဆူညံပွက်လော ရိုက်
နေတဲ့လူအုပ်ကြီးကနွေးထွေးကြောင်း သူဝန်ခံ
၏။တစ်ယောက်ကိုတစ်ယောက်သတိမထားမိ
အောင်နွေးထွေးနေတဲ့ပတ်ဝန်းကျင်ကြောင့် သူ
စိတ်ပျော်ရွှင်လာပြီး၊ဒီလူအုပ်နှင့်အတူဆူဆူညံ
ညံပျော်ပွဲထဲမှာ ပါဝင်ဆင်နွှဲချင်လာ၏။

ဝမ်ရွှိက သူတို့နှစ်ယောက်ရှေ့ရောက်လာပြီး
မီနူးစာအုပ်ကိုကိုင်၍ဝှေ့ယမ်းလာသည်။
"တာ့ဖေးကဘာသောက်မှာလဲ။အရက်ဖြူ
ပဲလား။"

ကုဖေးက "အင်း"ဟု ပြန်ဖြေ၏။

ထို့နောက် ဝမ်ရွှိကကျန်ချန်ကိုကြည့်လာသည်။
"ကျန်ချန်,ဘာသောက်မှာလဲ။ငါတို့အရင်လည်း
အတူမသောက်လိုက်ရဘူး။ မင်း ဘာသောက်ချင်လဲ။ "

"ဘာပဲဖြစ်ဖြစ်ရတယ်။"
အစတုန်းက သူအရက်မသောက်တော့ဘူးလို့ ငြင်းချင်ခဲ့သည်။သို့ပေမယ့်, အခန်းအတွင်းရှိ လူတိုင်းကတက်ကြွနေပြီး၊ မိန်းကလေးအုပ်စုလည်းရှိနေသေးသည်။ အကယ်၍ ,သူအရက်
မသောက်တော့ဘူးပြောလိုက်လျှင်၊ ဒီနေ့ကိစ္စကြောင့် သူ သေအောင်အစခံရလိမ့်မည်။

ဝမ်ရွှိက ချက်ချင်းစနောက်လာသည်။
"ဝိုး.....ဘာပဲဖြစ်ဖြစ်ရတယ်လား။ ငါတို့ရဲ့
သုံးမှတ်တန် နတ်ဘုရားအသံက မျှော်လင့်ထားတဲ့အတိုင်းပဲ။"

ကျန်ချန် သူ့ကို စိုက်ကြည့်လိုက်တယ်။
"မင်းက လောင်ရွှိကိုပဲစကားများတယ်လို့
ပြော​နေတာ။ဒါဖြင့် မင်းကရော...။"

ဝမ်ရွှိက လက်ညိုးထိုးလာ၏။
"အသင်းခေါင်းဆောင်ကိုပြန်ခံပြောနေတဲ့
မင်းကိုယ်မင်းပြန်ကြည့်။ကျောင်း စတက်
တဲ့နေက ကုဖေးမျက်နှာကြောင့်၊ငါမင်းကိုအလျော့ပေးလိုက်တာ​နော်။"

"အိုး။"
ကျန်ချန် ခေါင်းညိတ်လိုက်သည်။

"ဝိတ်တာ!"
ဝမ်ရွှိကအခန်းတံခါးဆွဲဖွင့်ပြီး အပြင်မှလူများကိုလှမ်းအော်လိုက်၏။
"နွီအာအရက်တစ်လုံး၊သောက်စရာဖျော်ရည်အရင်လာချပေးပါ။မြန်မြန်လေး, လုပ်ပေးပါ။"

ထို့နောက် သူက ကုမြောင်ကိုလှည့်ကြည့်လာ
သည်။
"အရှင်မမြောင်မြောင်,အချိုရည်သောက်မှာလား။ဒီဆိုင်မှာ လိမ္မော်ဖျော်ရည် ၊ပြောင်းဖူးဖျော်ရည်အစုံ ရှိတယ်။"

ကုမြောင်က လက်ထဲမှလက်ဖက်ရည်ကိုငုံ့သောက်နေရင်း ခေါင်းယမ်းပြ၏။

ဝမ်ရွှိက ကုဖေးကို လှမ်းကြည့်သည်။
"သူ ဘာသောက်မှာလဲ။"

"ဘီယာ။"

ကုဖေး၏အဖြေကြောင့် ဝမ်ရွှိကကြောင်သွားပေမယ့်၊အပြင်သို့ထပ်လှည့်ပြီးအော်လိုက်၏။
"ဖာ့ခ်,ငါ့ကိုသတ်လိုက်ပါတော့။ဘီယာတစ်
လုံးယူခဲ့ပေး။ငါတို့ရဲ့ အရှင်မမြောင်မြောင်
က ဘီယာသောက်လိမ့်မယ်။"

"အားရိုး,အသံပြဲကြီးနဲ့မအော်ပါနဲ့တော့။"
တံခါးရှေ့မှာရောက်နေသည့်ဆိုင်ဝန်ထမ်းက ပြောလာသည်။
"ကျွန်တော်တို့လည်း အစ်ကိုရှေ့ရောက်နေပြီ။ ဘာလို့ဆက်ပြီးအော်နေတာလဲ။"

ဝမ်ရွှိက ပြန်ဖြေ၏။
"မင်းရဲ့အစ်ကိုကြီးကအရမ်းပျော်နေလို့။အသားနဲ့ အရက်မြန်မြန် လာချပေးပါဦး။"

"အသားရော၊အရက်ပုလင်းရောရပါပြီ။"
ဆိုင်ဝန်ထမ်းလေးကပန်းကန်လုံးတွေကို
သူ့ရှေ့ချပြီးသည်နှင့် ပြန်ပြေးသွားသည်။

ရီကျင်းကလွယ်အိတ်ထဲမှကင်မရာကိုထုတ်၍
မတ်တပ်ရပ်လိုက်ပြီး ဝမ်ရွှိဘေးမှာ ထိုင်နေတဲ့ ကောင်မလေးဆီကမ်းပေးလိုက်၏။
"ဝမ်အာ....,အဖွဲ့လိုက်ဓာတ်ပုံအရင်ရိုက်ရ
အောင်။ နင့်ဘက်ကနေ ငါတို့အားလုံးပေါ်
အောင် ရိုက်ပေးနော်။"

"ကောင်းပြီ။"
ကောင်မလေးကကင်မရာကိုယူပြီး နောက်သို့ ဆုတ်၍ အားလုံးက မေးငေါ့လာသည်။
"လူတိုင်းအလယ်မှာသွားစုလိုက်။ မဟုတ်ရင်
ဓာတ်ပုံမှာအားလုံးမပါပဲနေလိမ့်မယ်။"

ထိုအခါ အခန်းထဲရှိလူတိုင်းက ကုဖေးနှင့်ကျန်ချန်နားသို့ပူးကပ်လာသည်။

ဝမ်ရွှိကရီကျင်းနားသို့ပူးကပ်လာသော်လည်း လက်တစ်ဖက်အား နံရံမှာထောက်ထားပြီးသူ့ခန္ဓာကိုယ်သူပြန်ထိန်းထား၏။
"အားလုံးလူစုပြီးကပ်နော်။"

ရီကျင်းက ပြုံးပြီး အနားမှကုဖေးဆီရွေ့
လာသည်။

ကုဖေးက သူမကိုဘာမှမပြောခဲ့သော်လည်း ကျန်ချန်နားသို့တိုးလာပြီး မှီထား၏။

"Fuck!။"
လူအားလုံးက သူ့ညာဘက်သို့ စုပြုံတိုးလာ၍ ကုမြောင်ကိုသူ့ပေါ်မှာဆွဲတင်လိုက်သည့်အခါ သူနှင့်ကုဖေးကလူအုပ်ထဲမှာ ညှပ်သွားသည်။
"မင်းတို့အားလုံး ဝိတ်လျော့သင့်တယ်။"

ကုဖေးက ကင်မရာကိုင်ထားတဲ့ကောင်မလေး
ကို လှမ်းပြောလိုက်၏။
"မြန်မြန်ရိုက်။"

"စမိုင်းလ် ! တန်းခွဲ၈ နံပါတ်ဝမ်း!"
ကောင်မလေးကဦးဆောင်ပြီးအော်လိုက်လျှင်
လူတိုင်းကတစ်ညီတစ်ညွတ်တည်းလိုက်အော်
ကြ၏။
"တန်းခွဲ၈ နံပါတ်ဝမ်း!"

ကင်မရာခလုတ်နှိပ်ပြီးနောက်၊လူတိုင်းသည်
ကိုယ့်နေရာကိုယ်ပြန်ထိုင်ဖို့ လူစုခွဲသည့်အခါ
သူမက လက်ယမ်းလိုက်၏။
"ခဏ,ငါ မရိုက်ရသေးဘူး။"

ဝမ်ရွှိက တံခါးအပြင်သို့လက်ညိုးထိုးပြ
လိုက်သည်။
"ဝိတ်တာကို ခေါ်လိုက်။ငါတို့ကိုဓာတ်ပုံရိုက်
ပေးဖို့ ဝိတ်တာတစ်ယောက်ခေါ်လိုက်။"

ဝိတ်တာကလူကြပ်သိပ်နေသည့်အခန်းထဲသို့
ဝင်လာပြီးပြောလာ၏။
"လူများလွန်းတော့ ဓာတ်ပုံကဆန့်ပါ့မလား။"

ကျန်ချန် ကူကယ်ရာမဲ့စွာ လှမ်းအော်လိုက်တယ်။
"မြန်မြန် ရိုက်စမ်းပါ။"

သူနှင့်ကုဖေးရဲ့ထိုင်ခုံများသည်ပူးကပ်နေပြီး၊
လူတိုင်းစုပြုံလာသောကြောင့်နှစ်ယောက်လုံး
ခါးကိုင်းထားရသည်။ သူ့လက်က ထားစရာ
နေရာမရှိ၍ကုဖေးရဲ့ပေါင်ပေါ်မှာတင်လိုက်၏။

ဝမ်ရွှိက ရုတ်တရက် ပြောလာသည်။
"အသည်းပုံဖော်ရအောင်၊အသည်းပုံဖော်ရ
အောင်။"

"ငါ့ဖင်ကြီး!အဓိပ္ပါယ်မရှိတာလုပ်ပြီ။ "
ကျန်ချန် ရူးချင်လာသည်။
"ငါ လက်တစ်ဖက်ပဲအားတယ်။"

ထိုအခါ ကုဖေးက ပြောလာ၏။
"ငါလည်း လက်တစ်ဖက်ပဲအားတာ။ ဘာမှ
မဖြစ်ဘူး "

သို့သော်,ဝမ်ရွှိကမူ နှိုးဆော်နေလျှက်။

"မင်းတို့ နှစ်ယောက် လက်တစ်ဖက်စီ သုံးပြီး အသည်းပုံလုပ်လိုက်။လူတိုင်းလက်တစ်ဖက်
တည်းသုံးမလား။ကိုယ့်​ဘေးက တစ်ယောက် ယောက်ကိုရှာပြီးအသည်းပုံဖော်ကြရအောင်။
ဘေးမှာ လူမရှိရင် ကိုယ့်လက်နှစ်ဖက်လုံးသုံး
ပြီးလုပ်ကြ။ငါတို့ပြိုင်ပွဲမှာတုန်းကအသည်းပုံ
အကြီးလုပ်ခဲ့တယ်မလား။ အခု လက်ချောင်း
ချင်းယှက်ပြီး အသေးလေးလုပ်ကြရအောင်။
ရီကျင်း,လာလေ။ငါတို့ နှစ်ယောက်ပေါင်းရင် အသည်းပုံတစ်ခုရလိမ့်မယ်။"

"အာ။"
ရီကျင်းသည်ကူကယ်ရာမဲ့စွာပြုံး၍လက်ညိုး
နှင့်လက်မကိုကွေးကာ ဝမ်ရွှိ ရဲ့လက်ညိုးနှင့်
လက်မကိုထိပြီးအသည်းပုံဖော်လိုက်၏။

ဝမ်ရွှိကတစ်ယောက်တည်း အလုပ်ရှုပ်နေ၏။
"အရှင်မမြောင်မြောင်ကလက်နှစ်ဖက်လုံးသုံး
လိုက်နော်။ အသည်းပုံ ဘယ်လိုလုပ်ရမလဲ သိ
လား။"

ကုမြောင်ကကျန်ချန်ကိုမှီပြီးလက်ဖက်ရည်
ဆက်သောက်နေ၏။ သူမက သူ့စကားတွေကို
မကြားလိုက်သကဲ့သို့ပင်။

"သူမသိဘူး။"
ကုဖေးကကုမြောင်အစားဝင်ဖြေ၏။ သူသည်
ကျန်ချန်ရဲ့အရှေ့မှာ ဘယ်ဘက်လက်ညိုးနှင့် လက်မကိုကွေးပေးလာသည်။

ကျန်ချန် သူ့မျက်နှာကိုအရင်ကြည့်ပြီးနောက်ညာလက်ညိုးနှင့်လက်မကွေး၍ ထိလိုက်ချိန် အသည်း
ပုံလေးတစ်ခုပုံပေါ်လာ၏။

"အားလုံး အဆင်ပြေပြီမလား။"
ဆိုင်ဝန်ထမ်းလေးက မေးလာသည်။
"ကျွန်တော့်မှာ ဆေးစရာ ပန်းကန်တွေကျန်သေးလို့ပါ။"

"အဆင်ပြေတယ်။"
လူတိုင်းကညီညာစွာ အသံပြုလိုက်သည်။

ဆိုင်ဝန်ထမ်းလေးကကင်မရာမြှောက်၍
" တစ်...နှစ်..."

"တန်းခွဲ၈ကအကောင်းဆုံး!"
ဝမ်ရွှိက ထိုသို့အော်လျှင် အားလုံးကလည်း သံပြိုင်အော်ကြသည်။
"တန်းခွဲ ၈ကအကောင်းဆုံး!"

ဓာတ်ပုံရိုက်ပြီးချိန်တွင်, ကျန်ချန်အင်္ကျီချွတ်ချင်လာ၏။သူ့နောက်ကျောကချွေးရွဲနေတာကြောင့်
သူမျက်မှောင်ကြုတ်လိုက်သည်။

ကုဖေးက သူ့ခြေထောက်အား ပွတ်သီး
ပွတ်သပ်လုပ်လာ၏။

ကျန်ချန် သူ့အားစိုက်ကြည့်လိုက်တယ်။
"သြော်,မင်းက မသန်မစွမ်းဖြစ်နေတာလား။"

ကုဖေးက ရယ်ပြီး သူ့ခြေထောက်ကို နောက်တစ်ခါပွတ်သပ်လာသည်။
"သြော်, မင်းရဲ့ပါးစပ်ကအရမ်းကြမ်းတာပဲ။"

"သြော်,မင်း ငါ့ကိုအသေရိုက်ချင်နေတယ်လို့
အရင်ပြောတာကြားလိုက်သလိုပဲ။"

ကုဖေးက ပြန်တုံ့ပြန်လာ၏။
"သြော်,မင်းလည်းငါ့ကိုသားရေကွင်းနဲ့အသေ ပစ်မယ်လို့ကြားလိုက်သလိုပဲ။"

ထိုစကားများပြောပြီးချိန်တွင်နှစ်ယောက်လုံး စားပွဲခုံအောက်ငုံ့ပြီး ရယ်လိုက်မိကြသည်။

"လုပ်,လုပ်။"
သူတို့၏ရယ်သံတွေကို ဝမ်ရွှိ၏အသံက
ကြားဖြတ်လိုက်၏။
"အရက်တွေရောက်ပြီ။အားလုံးခွက်ထဲထည့်
သောက်လို့ရပြီ။မိန်းကလေးတွေလည်းနင်တို့
ဘာသာကြိုက်တဲ့ဖျော်ရည်ထည့်ပြီးသောက်။အရှင်မမြောင်မြောင်,မင်းရဲ့ဘီယာရောက်ပြီ။"

ဝမ်ရွှိသည် ဘီယာဗူးကို ကုမြောင်ရှေ့မှာချပေး
လိုက်၏။ ကုမြောင်က ဘီယာဗူးကို ဖောက်ပြီး
အလုပ်ကြီးကြီး မော့သောက်လိုက်သည်။

ဝမ်ရွှိက သူမကိုကြည့်ပြီး မှင်သက်နေ၏။
"Fuck! သူ(မ)ရေဆာနေတာလား။"

သူတို့ဘေးနားမှရီကျင်းကစိုးရိမ်စွာဖြင့် အသံတိုးတိုး နှင့် ပြောလာသည်။
"ကလေးလေးကအခုလိုသောက်လို့အဆင်ပြေပါ့မလား။"

ကုဖေးက ပြန်ဖြေလိုက်၏။
"သူက တစ်ခွက်ပဲသောက်တာ။ သူ့အတိုင်း
အတာ သူသိတယ်။"

ရီကျင်းက ဝမ်းနည်းဟန်ဖြင့်ပြောလာ၏။
"ပူပန်းကြောင့်ကြမှုကင်းတဲ့ မိန်းကလေး
ဘဝဆိုတာ ဒီလိုမျိုးပဲနေမှာ။"

"သောက်ရအောင်။"
အားလုံး၏ခွက်ထဲသို့အရက်လောင်းထည့်ပြီး
လျှင်ဝမ်ရွှိကလက်ထဲမှခွက်ကိုမြှောက်၍
"ငါမင်းတို့ကိုစကားနည်းနည်းပြောချင်တယ်။
မင်းတို့အားလုံးရဲ့ကြိုးစားမှုအတွက်ကျေးဇူး
တင်တယ်။မင်းတို့အကောင်းဆုံးကြိုးစားခဲ့လို့
ဒီနေ့ကစားပွဲကိုအနိုင်ယူနိုင်ခဲ့တာ။"

"အင်း။"
လူတိုင်းက ဖန်ခွက်ချင်းတိုက်လိုက်၏။

ဝမ်ရွှိက ဆက်ပြောသည်။
"ငါတို့ကို အားပေးတဲ့အပြင် အတန်းရန်ပုံငွေ
ထုတ်ပြီးညစာကျွေးတဲ့အတန်းခေါင်းဆောင်
ကိုကျေးဇူးတင်တယ်၊ပြိုင်ပွဲမှာဝင်ကစားပေး
တဲ့ကုဖေးကိုလည်းကျေးဇူးတင်တယ်။သြချရလောက်အောင်ကစားပေးတဲ့အတွက်လည်း
ကျေးဇူးတင်တယ်၊ကျန်ချန်ကိုလည်းကျေးဇူး
တင်တယ်။ ဒီစာသင်နှစ်မှ အသစ်ပြောင်းလာ
တာဆိုပေမဲ့ မင်းရဲ့လမ်းညွှန်မှုတွေသာမရှိရင်
ငါတို့အနိုင်ရမှာမဟုတ်ဘူး။ "

ကုဖေးကစားပွဲပေါ်မှခွက်ကိုမြှောက်လိုက်၏။
"မြန်မြန် သောက်ရအောင်။"

"ချီးယား!။".
ဖန်ခွက်ချင်းတိုက်ပြီးလျှင်ဝမ်ရွှိကခေါင်းမော့
၍အရက်ခွက်တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

တခြားလူတွေကလည်း သူတို့၏အရက်ခွက်ကို
တစ်ကျိုက်တည်းမော့သောက်နေကြ၏။

"Fuck!"
ကျန်ချန် တိုးတိုးဆဲလိုက်တယ်။အရက်ခွက်က အကြီးမဟုတ်သော်လည်းခွက်အသေးလည်း
မဟုတ်ပေ။
"မင်းတို့အားလုံး ဒီအတိုင်းတစ်ကျိုက်တည်း မော့သောက်လိုက်တာလား။"

"မင်း သူတို့အတိုင်းသောက်ဖို့မလိုဘူး။"
ကုဖေးကလည်း အရက်ခွက်ကိုတစ်ကျိုက်တည်း မော့လိုက်၏။
"ဝမ်ရွှိနဲ့တခြားသူတွေကသောက်နိုင်ပေမယ့်...
မင်းကတောင်ပိုင်းသားမလား။"

"ငါကတောင်ပိုင်းသား မဟုတ်ဘူး။"

ကုဖေးက လက်ဖဝါးထက်တွင် မျဉ်းကြောင်း ဆွဲပြလာ၏။
"ငါတို့နေတာက တောင်ပိုင်းဆိုရင်...... ငါတို့ အားလုံးက......"

"ကျန်ချန်။ "
ဝမ်ရွှိက အရက်ခွက်မြှောက်ပြီး သူ့ကိုကြည့်လာသည်။
"မင်း ဘာဖြစ်ဖြစ် အဆင်ပြေတယ်လို့ပြော
ခဲ့တာမလား။ဘာလို့အခုထိမသောက်တာလဲ။"

စားပွဲတစ်ဝိုင်းလုံးမှလူတွေကသူ့ကိုကြည့်လာသည့်အခါကျန်ချန်ကူကယ်ရာမဲ့မှုခံစားလိုက်ရ၏။သူဝမ်ရွှိကိုခွက်မြှောက်ပြလိုက်ပြီးတော့ အသံတိုးတိုးနှင့်ဆဲလိုက်တယ်။
"ဒီလူတွေအားလုံးထဲမှာ မင်းကဦးနှောက်မရှိဆုံးအကောင်ပဲ။"

ထို့နောက် အရက်ခွက်မြှောက်ပြီးသူ့ပါးစပ်ထဲ သို့လောင်းထည့်လိုက်သည်။

အရက်ဝင်သွားပြီးလျှင်၊ ယောကျာ်းလေးများ
သည်ပိုပြီးတက်ကြွလာ၏။ဆိုင်ဝန်ထမ်းလေး
ကတံခါးဖွင့်ပြီး အခန်းအတွင်းအခြေအနေကို စစ်ဆေးကြည့်လာသည်။
"တောင်းပန်ပါတယ်။ရန်ဖြစ်နေတယ်လို့ ထင်လို့ပါ။"

ဝမ်ရွှိက တူကို ယမ်းလိုက်၏။
"စားကြရအောင်။"

ပျော်ရွှင်နေသော လူအုပ်ကြီး shabu shabu
စားနေသည့်မြင်ကွင်းကသေချာပေါက်ကြည့်
ပျော်ရှုပျော်မရှိပါချေ၊ဟော့ပေါ့အိုးထဲအသား
အကုန်ပစ်ထည့်ပြီးမိနစ်ပိုင်းအတွင်းတူခုနှစ်စုံ
ရှစ်စုံကဟော့ပေါ့အိုးထဲမှအသားများကိုအလု
အယက်ဆယ်နေကြသည်။အိုးထဲမှအသားက
မိနစ်အနည်းငယ်အတွင်းမှာပြောင်သလင်းခါ သွား၏။

ရီကျင်းကအသားပန်ကန်ကို ကုမြောင် ရှေ့သို့ ပို့ပေးလာသည်။
"ညီမလေး,များများစားနော်။"

ကုမြောင်ကပန်ကန်းပြားကိုယူပြီးခေါင်းငုံ့စားနေပေမယ့်၊ သူမကို ကျေးဇူး တင်ကြောင်း ဦးညွှတ်ဖို့ရန်လည်းမမေ့ပေ။

ကျန်ချန် ဟင်းရည်ပန်ကန်လုံးထဲသို့ဟင်းရည်ခပ်ထည့်လိုက်သည်။ သို့သော်,သူပန်းကန်လုံး စားပွဲပေါ်မချသေးခင်၊ ကုမြောင်ကဟင်းရည် ပန်းကန်လုံးကိုလက်လှမ်းလာတာကြောင့်၊ သူ့ ဟင်းရည်ပန်းကန်လုံးအား သူမရှေ့တွင်အရင်ချပေးလိုက်တယ်။ထို့နောက်,သူမဟင်းရည်ပန်းကန်အားလှမ်းယူပြီး သူ့အတွက်ခပ်လိုက်သည်။

သူထိုင်ခုံမှာထိုင်ပြီးဟင်းရည်တစ်ဇွန်းတောင်မသောက်ရသေးခင် ကုဖေးက သူ့ပန်ကန်လုံးအား
သူ့ရှေ့သို့တွန်းပို့လာ၏။
"ကျေးဇူးပြုပြီး,ငါ့အတွက်လည်းထည့်ပေး
လို့ရလား။"

"မင်းဘာသာမင်းထပြီး ခပ်ထည့်လေ။"
ကျန်ချန် သူ့ကို လျစ်လျူရှုလိုက်၏။

ထိုအခါ ရီကျင်းက ဝင်ပြောလာ၏။
"ငါ နင့်အတွက် ဟင်းရည်ထည့်ပေးမယ်။"

........

"မလိုဘူး။"
ကုဖေးသည် ဟင်းရည်ပန်းကန်လုံးကိုမြန်မြန်
ယူပြီးမတ်တပ်ထရပ်၍ ၊သူ့ပန်းကန်လုံးထဲသို့ ဟင်းရည်ခပ်ထည့်လိုက်၏။

သူ ထိုင်ခုံမှာပြန်ထိုင်သည့်အခါ ကျန်ချန်က
ထိုင်ခုံကိုမှီထိုင်၍စားပွဲခုံအောက်ကိုကြည့်ပြီး
ခိုးရယ်နေတာမြင်လိုက်ရသည်။

ကုဖေး သူ့ကိုစောင်းငဲ့ကြည့်လိုက်တယ်။
"မင်း သောက်တာများသွားပြီလား။"

"အင်း...ငါသောက်တာ နည်းနည်းများသွားတယ်။"
ကျန်ချန် က အသက်ပြင်းပြင်းရှု၍ ရယ်လာ ပြန်သည်။

အရက်ကတကယ်ပြင်းသည်။အရက်သောက်နိုင်
စွမ်းကိုယှဉ်ကြည့်လိုက်လျှင် သူတို့အဖွဲ့ကိုကျန်ချန်အရှုံးပေးရလိမ့်မည်။ဝမ်ရွှိနှင့်တခြားသူများက အရက်ထဲမှာဈာန်ဝင်နေ၏။ သူတို့ကိုကြိုးကိုင်မယ့် လောင်ရွှိမရှိနေသည့်အပြင်၊ အရွယ်ရောက်ပြီးတဲ့ လူငယ်များဖြစ်ကြောင်း သက်သေပြရန် တစ်ခွက်ပြီးတစ်ခွက် အပြိုင်မော့နေကြသည်။သူတို့ကသာမာန်လူအရက်သောက်နေတာနှင့်တောင် မတူတော့ပေ။

ကျန်ချန်သည် သူတို့ကဲ့သို့အရက်သောက်နိုင်စွမ်းမရှိချ။ တစ်ခွက်ပဲသောက်ရသေးပေမယ့် သူ့အစာအိမ်ကမီးတောက်နေ၏။အခန်းတွင်း အပူချိန်ကိုထည့်တွက်ကြည့်လျှင်၊သူမေ့သွား
တော့မလားပင်။

ကုဖေးကသူ့ကိုလက်မောင်းနှင့်တိုက်လာ၏။
"ဟေး!"

"ဟမ်?။"
ကျန်ချန် နံရံကို ခေါင်းမှီပြီး ကုဖေးကို လှည့်ကြည့်လိုက်တယ်။

ကုဖေးသည်လက်ဖဝါးပေါ်တွင်ချိုချဉ်တစ်လုံး တင်ထား၏။
"ပူရှိန်းချိုချဉ်, နေလို့ကောင်းအောင်စားလိုက်"

ကျန်ချန်သည်ကုဖေးအား သူသတိလက်လွတ်ငေးမိသည်။ယခုသူ့ စိတ်ကဗလာကျင်းနေ၏။

သူ့အရက်သောက်နိုင်စွမ်းကဒီလောက်နိမ့်တာလား......

သူသည် ကုဖေးရဲ့လက်ကိုဆုပ်ကိုင်ပြီးတော့ လက်ချောင်းများတင်းတင်းသွယ်ယှက်လိုက်
သည့်အခါ၊ပူရှိန်းချိုချဉ်ကသူတို့ရဲ့လက်ဖဝါး
နှစ်ခုကြားမှာဖိသိပ်ခံလိုက်ရ၏။

........

Thank for sending me this photo💗

Continue Reading

You'll Also Like

815K 125K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
923K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
42.4K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...