Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 91 ( S3 )

20.5K 2.9K 134
By MikkyLay1

#Unicode

သားရဲတစ်ကောင်ဖြစ်တဲ့ Lion ဆိုသူကအချစ်ကြောင့်နဲ့ သူ့ရဲ့ဘဝကို စွန့်လွှတ်ဖို့အဆင်သင့်ပဲဆိုရင် သင်တို့ယုံမှာလား … မီးပင်လယ်တွေ ဓားတောင်တွေကို ကျော်ဖြတ်လာခဲ့ပြီးမှ သားရဲဘုရင်ဆိုတဲ့နေရာကိုရောက်ခဲ့ပေမဲ့ ကုစားလို့မရနိုင်တော့ဘူးလို့ထင်ထားတဲ့ ဒါဏ်ယာအထပ်ထပ်ကို နတ်ဘုရားလေးတစ်ပါးက အမာရွတ်မကျန်အောင် ကုသပေးနိုင်ခဲ့တဲ့အချိန်မှာတော့ သားရဲဘုရင် Lion က နတ်ဘုရားကိုဒူးထောက်ပြီး သူ့ရဲ့အရာအားလုံးကိုပြန်ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တယ် … ဒါဟာပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ပါဘူး …  လက်တွေ့မှာ ထိုသားရဲဘုရင် Lion က Alpha ရှန်ဖန်းဂူဖြစ်သလို နတ်ဘုရားလေးက ပိုင်မင်းယွီဆိုတဲ့ Omega ကောင်လေးတစ်ယောက်ပါပဲ …

သူတို့ ၂ ယောက်ရဲ့ တွေ့ဆုံမှုတွေက ရိုမန့်တစ်ဆန်ခဲ့ခြင်းမျိုးမရှိပေမဲ့ အမှတ်တမဲ့က အမှတ်တရအဖြစ်နဲ့ ထင်ကျန်နေလိမ့်မယ် … အယ်ဖာတွေကြီးဆိုတဲ့လောကကြီးမှာ အားနည်းတဲ့အိုမီဂါလေးက လောကဒါဏ်ရဲ့ရိုက်ခပ်မှုအမျိုးမျိုးကို သတ္တိရှိစွာ ကြံ့ကြံ့ခံနိုင်ပြီး နောက်ဆုံးမှာတော့ အင်အားကြီးတဲ့ တွဲဖက်ကို ပိုင်ဆိုင်ခွင့်ရသွားလေတယ် … အနာဂတ်မှာ ထွန်းတောက်မဲ့ ကြယ်ပွင့်လေးဖြစ်လာမဲ့ သားလေး ပိုင်လုယီကိုလဲ ပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့ Omega လေးတစ်ယောက်ဖြစ်လို့နေပါပြီ … အချစ်တွေအပြည့်နဲ့ ပြီးပြည့်စုံနေတဲ့သူ့ရဲ့ကမ္ဘာလေး လောကဒါဏ်ကြားမှာ ဘယ်လိုရှေ့ဆက်ဖြစ်လာမလဲ ဆက်လက်ရှုစားလိုက်ရအောင် …

*

*

*

*

တချိန်က အမှောင်မှာ ထင်ရှားကျော်ကြားခဲ့တဲ့လူတစ်ယောက် … သူကသီးခြားနေတတ်တယ် သန်မာတယ် ဖော်ရွေမှုကင်းတယ် သနားညှာသာမှုကင်းမဲ့တယ် ယုယကျင်နာဖို့ဆိုဝေးစွ … အမှောင်ဂိုဏ်းသားတွေကတောင် မရဏတံခါးဝ , သေမင်းတမန်လို့တောင်တင်စားပြီး တုန်နေအောင်ကြောက်ရတဲ့လူသားတစ်ယောက် … သူတို့ပေးထားတဲ့ဂုဏ်ပုဒ်က ခွန်အားကြီးတဲ့ Lion ဟူ၍ …

ခုတော့ဖြင့် …

" ဒယ်ဒီ … ညီမလေးလေးက ဘယ်မှာလဲ "

" …… "

အင်အားကြီးတာက လိမ်ညာတဲ့နေရာမှာ အသုံးမဝင်ဘူးပဲ … လုယီလေးက တစ်ခါသာလိမ်လို့ရမယ် ၂ ကြိမ်မြောက်ဆိုရင်တော့ …

" ဒယ်ဒီက ရအောင်လုပ်နိုင်ပဲနဲ့ YiYi ကိုလိမ်တယ် …  ဟင့် … ပါပါးလဲတူတူပဲ … ဟင့် … ဟင့်  "

ကလေးတစ်ယောက်ရဲ့အသိထဲမှာ ဆွဲနေတဲ့အရာတစ်ခုက လိမ်ညာမှုတစ်ခုဆိုတာ သိသွားရင် လူကြီးတွေထက် အစပေါင်းများစွာ ဝမ်းနည်းတတ်သလို သူတို့မှာ ဖြေသိမ့်နိုင်မဲ့အသိဉာဏ်မရှိသေးတော့ လုယီလေး အီကနဲငိုချလိုက်တယ် …

အင်အားကြီးတဲ့ဖန်းဂူခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပေမဲ့ ကလေးကိုချော့ဖို့စကားလုံးတွေထွက်မလာခဲ့ဘူး … မင်းယွီလဲတူတူပင် …

ဒီမနက်လုယီလေး သူတို့အခန်းထဲကိုတစ်ယောက်ထည်းဝင်လာပြီး ညကအတူမအိပ်ရလို့ စိတ်ဆိုးနေတဲ့မျက်နှာလေးနဲ့ ပါပါးနဲ့ဒယ်ဒီကို အပြစ်တင်ကာ ငိုနေခြင်းပင် … ကလေးရဲ့ငိုသံကြောင့် ရှုယွမ်အပြေးလေးရောက်လာပြီး လုယီလေးကို ပွေ့ချီလိုက်တယ် …

မင်းယွီတစ်ယောက် သူ့ကိုပါစိတ်ဆိုးသွားပြီး ရှုယွမ်ပခုံးကိုတွယ်ဖက်လျှက် သူ့အားကျောပေးကာ ငိုနေတဲ့သားလေးကို ချော့ဖို့ကြိုးစားပေမဲ့ ညကပြစ်ထားမိတဲ့အပြစ်ကြောင့် မအောင်မြင်ခဲ့ပေ … လုယီလေးက လှည့်ပင်မကြည့်ခဲ့ …

" သားလေး … ပါပါးတောင်းပန်ပါတယ် "

" အဟင့် … ဟင့် … ပါပါးက ညီမလေးလေးခေါ်ပေးမယ်ဆိုပြီးလိမ်တယ် … ဟင့် "

"  ညကခေါ်ကြည့်ပါသေးတယ် … ဒါမဲ့ ညီမလေးကိုခေါ်ဖို့က အဲ့လောက်မလွယ်ဘူး YiYi လေးရဲ့ … နောက်မှ ဖြေးဖြေးခြင်း ကြိုးစားကြည့်လို့ရတာပဲ … YiYi လေးကြီးမှ ညီမလေးလေးရတော့ ပွေ့ချီလို့ရတာပေါ့ … ပြီးတော့ ညီမလေးကို ပိုပြီးချစ်လို့ရတယ်လေ … YiYi လေးအရွယ်ရောက်လာမှ ညီမလေးကိုခေါ်ကြရင်မကောင်းဘူးလား "

ထိုသို့ပြောလိုက်တော့မှ လုယီလေးအငိုရပ်သွားပြီး ကလေးတွေရဲ့သဘာဝ စိတ်ကူးယဉ်လေတော့တယ် …

" အဲ့ဒါဆို YiYiက ညီမလေးလေးကို ပွေ့ချီရမှာပေါ့ … ညီမလေးလေးက သေးသေးလေးလားဟင် … ဒါမဲ့ YiYiမှာ အားအများကြီးရှိတယ် … ခုလဲပွေ့ချီနိုင်တယ် "

ပြီးနောက် လုယီလေးက တောက်ပနေတဲ့မျက်ဝန်းလေးတစ်စုံနဲ့ မင်းယွီအားလှည့်ကြည့်လာပြီး …

" ပါပါး … ပါပါး … YiYiခုလိုချင်တာ … ဒယ်ဒီBoss ကရအောင်လုပ်မပေးရင် ဒယ်ဒီယွမ်နဲ့ရအောင်လုပ်ကြည့်ပါလား "

ရှုယွမ် - " အဟွတ် … အဟွတ် " 😵 ( လူပျိုကြီးမူးမေ့ )

ရှန်ဖန်းဂူ - " …… " 😠😡👿 ( လိုက်ဖက်သောအီမိုဂျီ )

မင်းယွီ - " …… " 😶😬😷 ( ဆွံ့အ )

ဖန်းဂူတစ်ယောက် စစ်ပွဲမှာတောင် ထိုမျှလောက် တုန်လှုပ်မသွားဖူးခဲ့ … သူ့ရဲ့မျက်နှာက အရောင်မျိုးစုံပြောင်းလဲနေပြီး လုယီလေး သူ့အပေါ်  ဒယ်ဒီအဖြစ်နဲ့ ဘယ်လိုမြင်လဲ ဆိုတာကို သဲကွဲစွာသိချင်လာတယ် … တကယ်ပဲ လုယီလေးအသိထဲမှာ သူ့အလိုကိုလိုက်ပေးသူတိုင်းက ဒယ်ဒီပဲလား …

" လုယီ … မင်းဒယ်ဒီကဒီမှာလေကွာ … ဘာကြောင့် လူတိုင်းကို ဒယ်ဒီလို့ခေါ်နေတာလဲ "

" YiYi ဒယ်ဒီက ပါပါးပဲ … ညီမလေးလေးလဲလိုချင်တော့ဘူး … ပါပါးနဲ့ပဲနေချင်တယ် … အူးဝါး …

ဒယ်ဒီရောက်လာမှ ပါပါး YiYiကိုပြစ်ထားတယ် … ဒယ်ဒီကိုလိုချင်တော့ဘူး "

ဖခင်တစ်ယောက်ထည်းကိုသာဆွဲလမ်းနေတဲ့ကလေးတစ်ယောက်ကို သူကလဲအဖေတစ်ယောက်ဖြစ်ပြီး ကလေးရဲ့ဖေဖေကို ပိုင်တယ်ဆိုပြီး ရယူလိုက်တာက ကလေးရဲ့အသိထဲမှာ အဖေတစ်ယောက်ပိုရလို့ပျော်မနေပဲ သူ့ရဲ့ဖေဖေကို လုယူသွားတယ်ဟုသာထင်နေပုံပဲ … နောက်ဆုံး လုယီလေးအငိုတိတ်ဖို့ မင်းယွီနဲ့လုယီလေး ၂ ယောက်ထည်းထားခဲ့ကာ ဖန်းဂူနဲ့ရှုယွမ် အခန်းထဲကနေ ထွက်လာခဲ့ရတယ် …

တည်ငြိမ်ပြီး ယခင်ကလို စိတ်မရှည်မှု ဒေါသတရာတွေကင်းမဲ့ကာ ဝမ်းနည်းသည့်ဟန်ပေါ်နေသည့် ရှန်ဖန်းဂူကိုမြင်ရတော့ ရှုယွမ် မမေးပဲ မနေနိုင်တော့ပေ …

" ဖန်းဂူ … မင်း လုယီလေးရဲ့ ဒယ်ဒီအဖြစ် အသိအမှတ်ပြုတာကို လိုချင်လား "

ထုံးဆန်အတိုင်း ဖန်းဂူက သူ့ရဲ့ခံစားချက်တွေကို မျိုသိပ်ထားပြီး အေးဆက်စွာပင်ပြန်ဖြေလိုက်တယ် …

" ငါလိုချင်ရင်တောင် မင်းဆီကအကူအညီမတောင်းဘူး "

ရှုယွမ်က အဖြေစကားကို ကြိုသွေးပြီးသားမို့ မျက်နှာတစ်ချပ်ပျက်မသွားပေ …

" ငါသိတယ် … မင်းငါ့ဆီကအကူအညီမလိုဘူးဆိုတာ … ဒါပေမဲ့ မင်းသိချင်လိမ့်မယ်လို့ငါထင်တယ် … မင်းယွီ လုယီလေးကိုမွေးဖွားဖို့ ဘယ်လောက်ခက်ခဲခဲ့သလဲ လုယီလေးမွေးကင်းစက ဘယ်လိုဒုက္ခတွေ ကြုံတွေခဲ့ရလဲဆိုတာ … ငါ့ထပ်ဘယ်သူမှမသိနိုင်ဘူး "

ထိုစကားကိုကြားရတော့ ဖန်းဂူဆက်ပြီး လစ်လျှူမရှုနိုင်တော့ပေ … သူ့ရဲ့အနောက်က ရှုယွမ်ထံ လှည့်ကြည့်လာပြီး …

" ငါသိချင်တယ် … မင်းဆီကအကူအညီမလိုချင်ပေမဲ့ … ငါ မင်းယွီပတ်သပ်ပြီးငါဘာမှမသိသေးဘူးလို့ခံစားရတယ် "

" အဲ့ဒါက ငါ့အတွက်ကူညီဖို့မခက်ခဲပါဘူး … မင်းသာငြိမ်ငြိမ်လေး နားထောင်ပေးမယ်ဆို ငါပြောပြမယ် … လွန်ခဲ့တဲ့ ၄ နှစ်ကအကြောင်းတွေ "

ဒီလိုနဲ့ ရှုယွမ် မင်းယွီကလေးမွေးဖွားဖို့ ခက်ခဲခဲ့ပုံကို ဖန်းဂူအား စတင်ပြောကြားလေတော့တယ် …

ကိုယ်ဝန်အရင့်မာကြီးနဲ့ ဖန်းဂူသေသွား၍ စိတ်သောကရောက်နေတဲ့မင်းယွီအား ကယ်တင်ဖို့ ရှုယွမ်အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ဘူး … အစားပုံမှန်မစား ဆေးမသောက်၍ ဝမ်းဗိုက်က စပြီးနာကျင်လာတယ် … ဆရာဝန်က လူနာဆက်ပြီးစိတ်ဒါတ်ကျနေမယ်ဆိုရင် ဗိုက်ထဲကကလေးရော လူကြီးပါအသက်အန္တရာယ် ရှိနိုင်တယ်လို့ပြောလာတယ် …

အိုမီဂါမျိုးနွယ်စုတွေရဲ့ ၃ ပုံ ၂ ပုံက မိန်းကလေးတွေဖြစ်ကြပြီး သားဖွားဖို့လွယ်ကူပေမဲ့ ယောက်ျားလေးအိုမီဂါများကျပြန်တော့ အောင်မြင်ခြေ 100℅ မှာ 50 ℅ သာ အာမခံချက်ရှိတယ် … မင်းယွီရဲ့သားအိမ်က ငယ်စဉ်ကစမ်းသပ်ဆေးကြောင့် ကွဲထွက်သွားပြီး သားဥကြီးထွားဖွင့်ဖြိုးရာ၌ ရပ်တန့်နေ၍ သာမန်ကလေးထပ် သန္ဓေသားက ရှင်သန်နိုင်ဖို့ 30℅ နှုန်းသာရှိနေတယ် … လူကြီးကပါစိတ်ဓာတ်ကျနေတော့ ဆရာဝန်က မွေးဖွားဖို့မဖြစ်နိုင်ဘူးဆိုပြီး လက်လျော့ဖို့ထိပြောလာခဲ့တယ် … ရှုယွမ်နဲ့မိဘတွေက ထိုအခါမှ မင်းယွီအတွက်ပူပန်ပြီး ကလေးကိုမမွေးဖွားပဲ အန္တရာယ်များတဲ့အတွက် သန္ဓေသားရောသားအိမ်ကိုပါ ဖျက်ထုတ်ပြစ်ဖို့ ပြောလာတယ် …

ထိုအချိန်မှ မင်းယွီအသိပြန်ကပ်လာပြီး သူကြောင့် နောက်ထပ်ဖန်းဂူရဲ့ကိုယ်ပွားလေးဖြစ်တဲ့ သားလေးပါမသေရအောင် စတင်ပြီးဂရုတစိုက်နေထိုင်လာတယ် … ယခင်ကထပ်ပိုပြီး ကိုယ်ဝင်ကို ဂရုစိုက်လာတယ် … နာကျင်မှုကိုသည်းခံကာ အောင်မြင်ခြေမရှိတာတောင် လက်မလျော့ပဲ သတ္တိရှိစွာနဲ့ မွေးဖွားဖို့ကို ဆုံးဖြတ်လိုက်တယ် … အားလုံးတားဆီးနေတဲ့ကြားက သူ့ရဲ့အသက်ကိုပင်မထောက်ထားပဲ သားလေးအသက်ရှင်နေဖို့ စိတ်တစ်ခုထည်းနဲ့ အောင်မြင်ခြေမရှိတဲ့ခွဲစိတ်မှုကိုခံယူပြီး သေမင်းနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ် …

ကံကောင်းထောက်မစွာနဲ့ပဲ သားလေးကိုမွေးဖွားနိုင်ခဲ့ပြီး အောင်မြင်နိုင်ခြေမရှိတဲ့ ခွဲစိတ်မှုက အသက်ဆုံးရှုံးမှုမရှိခဲ့ဘူး … အဲ့ဒိအစား သားလေးက ပေါင်မပြည့်ပဲ အားနည်းပြီး စမ်းသပ်ခန်းထဲမှာ တစ်ပတ်ကြာတဲ့ထိ သီးသန့်ထားပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရတယ် … မင်းယွီကတော့ ကလေးမွေးဖွားပြီး တစ်ကြိမ်လေးသာသတိရလာပြီးနောက် တစ်လနီးပါ ကိုယ်မာဝင်သွားခဲ့တယ် … မွေးပြီးပြီးချင်း သားအိမ်တစ်ခုလုံးကိုဖျက်ထုတ်လိုက်ရင် အားအင်နည်းလွန်းနေတဲ့ ခန္ဓာက မခံနိုင်မည်ဆိုး၍ ဆရာဝန်က မလိုအပ်တဲ့တစ်ခုကိုသာ ဖယ်ရှာပေးခဲ့တယ် …

မင်းယွီသတိပြန်ရလာတော့ မိခင်နို့ကိုမစို့ရတဲ့လုယီလေးက ပိန်လီပြီး ရှင်သန်ဖို့တောင်အင်အားမရှိတော့တဲ့ပုံလေး … ထိုအချိန်က ဘယ်သူမှလဲမကယ်နိုင်သလို ဘယ်နည်းပညာကမှ သူတို့အပေါ်မထိရောက်ဘူး … မင်းယွီနိုးလာပြီး မိခင်နို့ရည်တိုက်ကြွေးတော့မှ ကလေးရဲ့အသားအရေဝင်းလပ်လာပြီး ပေါင်တိုးလာတယ် … လုယီလေး တစ်နှစ်ပြည့်တဲ့အချိန်ထိ မင်းယွီခက်ခက်ခဲခဲကလေးအဟာရပြည့်ဝဖို့ သူသေရင်သေပါစေ သူ့ရဲ့အားအင်တွေရုတ်လျော့နေရင်တောင် သားလေးကိုနို့တိုက်ဖို့မမေ့ဘူး … တစ်ခါတစ်ရဲ့ သတိလစ်သွားတဲ့ထိပါပဲ … ဒီလိုပြုစုမှုတွေကြောင့် လုယီလေးကြီးထွှားနှုန်းမြန်လာပြီးနောက်ဆုံး သာမာန်ကလေးတွေနည်းတူထွားကြိုင်းလာတယ် …

အဲ့ဒိဒါဏ်တွေကြောင့် မင်းယွီကိုယ်က ပိုပြီးအားနည်းလာတဲ့အပြင် နေမကောင်ဖြစ်လွယ်လာတယ် … ပြီးတော့ သူ့ရဲ့အာရုံကျောတွေ ပုံမှန်ထက် စိတ်ရှုတ်ထွေးလာရင်သတိလစ်တဲ့ထိဖြစ်လာတယ် … ခုသာမန်လို့ထင်ရပေမဲ့ တကယ်တန်းမင်းယွီက အတောင်မဲ့နေတဲ့ငှက်လေးတစ်ကောင်လိုမျိုး သူ့အတွက် မှီခိုဖို့နဲ့သားလေးကိုကာကွယ်ပေးဖို့ ခိုင်ခံ့တဲ့သစ်ပင်တစ်ပင်လိုအပ်နေတဲ့ ငှက်ကလေး …

ထိုနှစ်တွေက ရှုယွမ်က သူတို့သားအဖအတွက် အကောင်းဆုံးသစ်ပင်တစ်ပင်ဖြစ်လာခဲ့တယ် … သူရဲ့အချစ်က စင်ကျယ်ပြီးသန့်ရှင်းတယ် … ရယူလိုစိတ်မရှိ ညစ်နွမ်းတာတွေမပြုလုပ်ခဲ့ဘူး … သူ့လိုပေးဆပ်ပြီး ချစ်နိုင်မဲ့သူမျိုးက ထပ်ပြီးရှိနိုင်မယ်မထင်တော့ဘူး … ဒါကြောင့်လဲ ရှုယွမ်ရဲ့အချစ်တွေကို အားလုံးကလက်ခံပြီး ယုံကြည်မှုအပြည့်ရှိနေခြင်းပါပဲ …

ထိုအရာကိုသိရှိသွားတဲ့ဖန်းဂူတစ်ယောက် ရှုယွမ်ကိုအားကျသလို မနာလိုစိတ်များဖြစ်ပေါ်လာတယ် … သူ့ရဲ့မိသားစု အသက်နဲ့ရင်းပြီးရုန်ကန်နေရစဉ်က အနီးကပ်စောင့်ရှောက်ပေးနိုင်တဲ့သူက သူမဟုတ်တာကို ရင်နာ၍မဆုံးဘူး … ပြီးတော့ သူက ရှုယွမ်နဲ့ယှဉ်လို့မရလောက်အောင် အလှမ်းဝေးလွန်းတယ်ဆိုတာ သဘောပေါက်သွားတယ် …

ရှုယွမ်က အားလုံးရဲ့အချစ်ကို ရရှိထားသလို မိဘတွေရဲ့ယုံကြည်မှု လုယီလေးရဲ့အချစ်တွေအပြည့်အဝရရှိထားတယ် … သူသာအခွင့်ရေးသမားဆိုရင် မင်းယွီကိုသိမ်းပိုက်ဖို့ လက်ဖျောက်စတ်ချက်တီးလိုက်ယုံပဲ … ရှန်ဖန်းဂူကတော့ မင်းယွီရဲ့အချစ်တွေကလွဲပြီး ဘယ်သူကသူ့အပေါ်ယုံကြည်မှာတဲ့လဲ … မိဘချင်းကြပြန်တော့ ဆီနဲ့ရေလိုခြားနားလွန်းနေတယ် … ပေါင်းစပ်လို့မရနိုင်လောက်အောင် အငြိုးတွေကြီးလွန်တယ် … လုယီလေးရဲ့ယုံကြည်မှုကိုတောင်မရရှိနိုင်သေးဘူး …

ရှန်ဖန်းဂူဘဝမှာ ရှုံးနိမ်တဲ့တိုက်ပွဲဆိုလို့ မေတ္တာတိုက်ပွဲ တစ်ခုသာ ရှိလိမ့်မယ် … ဒါကိုအောင်မြင်ဖို့ အများကြီး ကြိုးစားဖို့လိုနေသေးတာပဲ …

ဖန်းဂူ သက်ပြင်းချလိုက်ရင်း …

" မင်းယွီခက်ခဲခဲ့မှန်းသိပေမဲ့ သူ့အသက်နဲ့ပေးဆပ်ရလောက်တဲ့ထိ နာကျင်ခဲ့မှန်းမသိခဲ့ဘူး … ငါ့အပြစ်တွေအတွက် ငါအများကြီးပေးဆပ်ဖို့ လိုနေသေးတာပဲ … သူငါ့ကို စိတ်မပျက်ပဲ ဆက်ပြီးယုံကြည်လိမ့်မယ်လို့မင်းထင်လား "

" မင်းယွီ ဘယ်တုန်းကမှမင်းကိုစိတ်မပျက်ခဲ့ဘူး … သူပြောဖူးတယ် မင်းကရက်စက်ပေမဲ့ သူ့အမြင်မှာ သနားစရာကောင်းတယ်လို့ထင်တယ်တဲ့ … ဘာကြောင့်လဲဆိုတော့ မင်းအထီးကျန်နေတာက မင်းလမ်းမှားသွားစေတဲ့အဓိအကြောင်းအရင်းလို့သူကပြောတယ် …

မင်းရဲ့ငယ်ဘဝတွေငါ့ကိုမေးတုန်းက ငါတို့စကားတွေအများကြီးပြောရင်း  သူမင်းကိုဘယ်လောက်ထိ ချစ်နေလဲငါသဘောပေါက်သွားတယ် … သူကမင်းအပေါ်နားလည်တယ် … မင်းသူ့ကိုသေနတ်နဲ့ချိန်ရင်တောင် သူနောက်ဆုတ်မှာမဟုတ်ဘူး … ငါပြောချင်တာက သူကဒီကမ္ဘာမှာ မင်းကိုအယုံကြည်ဆုံးသူပဲ … ဒါကြောင့် သူလိုချင်တဲ့ဘဝမျိုးကို မင်းပေးနိုင်လိမ့်မယ်လို့ငါမျှော်လင့်တယ် "

မင်းယွီ သူ့ကို ဘယ်လောက်ချစ်ကြောင်း ရှုယွမ်ကိုယ်တိုင်ကပြောလာတော့ ဖန်းဂူဂုဏ်မဆာပဲမနေနိုင် … သူ့ရဲ့မျက်နှာက တည်တံ့မနေတော့ပဲပြုံးရယ်လာတယ် …

" ငါဘာကြောင့်မသိရတာလဲ … မင်းယွီငါ့ကိုမတရားချစ်နေတာကို … အဟား …

ငါကသူငါ့ကိုချစ်တယ်လို့ပြောနေပေမဲ့ အဲ့လောက်ထိချစ်မယ်လို့မသိခဲ့ဘူး … သူကခံစားချက်တွေကိုအစွမ်းကုန်ထုတ်မပြတော့ ငါကသူတစ်နေ့ငါ့ကိုစိတ်ပျက်သွားမှာကြောက်နေတာ … ခုကစပြီးသူအကြိုက်ကိုလိုက်နေပေးမယ် … ငါလဲသူ့ကိုဘယ်လောက်ချစ်ကြောင်း သက်သေပြရမယ် "

ရှုယွမ် စိတ်ပျော်နေတဲ့ဖန်းဂူကိုကြည့်ပြီး တခနတိတ်ဆိတ်နေပြီးမှ မေးလိုက်တယ် …

" မင်း Aမြို့တော်ကိုပြန်ရတော့မယ်လို့ကြားတယ် … မင်းအလုပ်တွေကို ဘယ်တော့ပြန်လုပ်မှာလဲ … အမှောင်မှာ မင်းလုပ်ရမဲ့အရာတွေကျန်နေသေးတယ်မဟုတ်လား "

" ငါစိတ်မဝင်စားဘူး … ခုကစပြီး အဲ့ဒိအလုပ်တွေကငါနဲ့မသက်ဆိုင်တော့ဘူး … မင်းကလဲငါ့အမြင်မှာ ရဲတစ်ယောက်မဟုတ်တော့သလို ငါကလဲ Lion မဟုတ်တော့ဘူး … ဒါကြောင့် အလုပ်ကိစ္စတွေငါ့ကိုလာမပြောနဲ့ "

ထိုစကားက ရှုယွမ်ကို ရှော့ရသွားစေတယ် … သူနားကြားများလွဲတလားဆိုပြီး ဖန်းဂူအားပြန်မေးကြည့်လိုက်တယ် …

" မင်း … မင်း ဘာပြောလိုက်တာလဲ … ဒါဆို မင်းက Lion အဖြစ်ကနေအနားယူလိုက်ပြီလား … မင်းထပ်ပြီးအမှောင်ကိုမသွားတော့ဘူးပေါ့ "

" မင်းကိုရှင်းပြနေစရာမလိုဘူးလို့ထင်တယ် … ဒါပေမဲ့ခု မင်းသိထားရမှာက ငါက Lion မဟုတ်တော့ဘူး … မင်းယွီယောက်ျား လုယီရဲ့အဖေဖြစ်သွားပြီ … ဒါကြောင့် ငါ့ကိုဖမ်းဖို့ကြိုးစာနေတာဆိုရင် ရပ်ပြီး ငါ့မိသားစုနဲ့ဝေးဝေးနေ "

ရှုယွမ်စွံ့အစွာရပ်နေပြီး သူ့အားကြောပေးကာ လှည့် ထွက်သွားသည့်ဖန်းဂူကိုကြည့်နေပြီးနောက် အနောက်မှာရှိနေတဲ့ အိမ်လေးထဲက သားအဖ ၂ ယောက်ကို လှည့်ကြည့်လိုက်တယ် … လုယီလေးကိုပွေ့ပြီး ချော့သိပ်နေတဲ့မင်းယွီကိုကြည့်ပြီး ပြုံးလျှက် …

" နောက်ဆုံးတော့ မင်းရွေးချယ်မှု မှန်သွားပြီပဲ ရှန်ဖန်းဂူ … သူတို့သားအဖကို မင်းစောင့်ရှောက်နိုင်ဖို့မျှော်လင့်တယ် … မဟုတ်ရင် ငါမင်းကို ထပ်ပြီးသည်းခံမှာမဟုတ်တော့ဘူး … မင်းယွီနာကျင်နေတာကို ငါမကြည့်ရပ်ဘူး … သူတို့သားအဖကို မင်းလက်ထဲအပ်နိုင်ဖို့ အားလုံးရဲ့ယုံကြည်မှုရအောင် မင်းကြိုးစားရမယ်  "

*

*

*

*

" ဆရာကတော် "

ရွာသူတစ်ယောက်က မင်းယွီအား အိမ်ရှေ့မှနေ အော်ခေါ်နေတယ် … သားလေးကိုတမနက်လုံးချော့ပြီးတဲ့နောက် နေ့လည် ၁၂ နာရီလောက်မှ မင်းယွီအိမ်ထဲကနေထွက်လာနိုင်တော့တယ် …

" အမကြီး ဘာကိစ္စရှိလို့လဲ "

ထိုရွာသူမက ရွာလူကြီးတူမနဲ့အရင်းနီးဆုံးသူတစ်ယောက်ဖြစ်သူလို အမြဲတမ်း ဂိုယောင်းနဲ့အတူ လုယီလေးထံလာနေကြမို့ ရင်းနီးနေတယ် … သူမက မင်းယွီလက်ကိုဆွဲလိုက်ပြီး …

" ဟိုလေ … မနေ့က ဆရာတို့ပြောနေတာ ကျွန်မကြားလိုက်တယ် … မြို့ကိုပြန်တော့မှာဆို "

မင်းယွီ သူ့ကို ဖန်းဂူက အိမ်ပြန်ဖို့ပြောတာကိုသတိရပေမဲ့ အဲ့တုန်းက အရေးကြီးတဲ့ပုံမပေါ်တာမို့သတိမထားမိခဲ့ဘူး … ခုရွာသူမေးတော့မှ သူမသိတဲ့ကိစ္စကြောင့် ပြန်ဖို့ပြောတာများလားဆိုပြီး တွေးလိုက်မိတယ် …

" ဒါနဲ့ အမကဘာဖြစ်လို့မေးတာလဲ "

" အော် … ဒီလိုပါ … ကျွန်မတို့က ဖြစ်နိုင်ရင်မပြန်စေချင်သေးဘူး … ဒါပေမဲ့ အရေးကြီးကိစ္စရှိနေတော့လဲ ဘယ်တတ်နိုင်မလဲလေ … ဆရာကတော်တို့ပြန်တော့မှာသေချာရင်လေ ကျွန်မတို့တတ်နိုင်သလောက်လေး လက်ဆောင်ပေးချင်လို့ပါ … ဆရာကတော်က ပန်းမျိုးစေ့တွေလိုချင်တယ်ဆိုလို့ တောင်ပေါ်သွားရှာပေးမလို့ … အဲ့ဒါလာမေးတာ "

" ကျွန်တော်တို့မသေချာသေးပေမဲ့ ပန်းမျိုးစေ့လေးတွေကိုစောစောယူထားတော့ပိုကောင်းတာပေါ့ … ဒီကနေပဲအပင်ပေါက်ကလေးတွေရအောင်လုပ်ပြီး ဟိုမှာစိုက်ရင် ပိုလွယ်မယ်လို့ထင်တယ် "

" အဲ့လိုလား … အဲ့ဒါဆိုစိတ်ချ … ဒီညနေ သွားယူပြီး အကောင်းဆုံးအပင်ပေါက်လေးတွေရအောင်လုပ်ပေးမယ် … အော်ပြီးတော့ ဒီစာလေး "

သူမက ဖွက်ထားတဲ့စာလေးတစ်စောင်ကို မင်းယွီလက်ထဲထည့်ပေးလိုက်တယ် …

" တကယ်တော့ ဒီကိုလာတာတခြားကိစ္စလဲရှိတယ် … ဒီစာကိုဆရာကတော်လက်ထဲဆက်ဆက်ထည့်ပေးပါဆိုလို့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှပေးမသိစေချင်ဘူး … ဆရာကတော်တစ်ယောက်ထည်းကိုပဲဖတ်စေချင်တယ် "

သူမက မှာကြားပြီးနောက် စာကိုပေးထားခဲ့ပြီး ပြန်သွားလေတယ် … မင်းယွီစာကိုဖွင့်လိုက်တော့ သူနားလည်နိုင်လောက်သည်ထိ ကြိုးစားပြီးရေးထားကိုတွေ့ရတယ် … ဒီအရပ်ကဘာသာစကားတွေက သူတို့ပြောတာနဲ့မတူတာမို့ တစ်ခါတလေအခက်တွေ့ရပေမဲ့ ဒီစာရေးသူက မင်းယွီနားလည်လွယ်အောင် ကြိုးစားပြီး ရေးထားပေးတယ် …

စာထဲမှာရေးထားတာက သူ့ကိုတစ်ယောက်ထည်း ရွာအနောက်ဖက်က တောင်ခြေမှာရှိတဲ့ဂူထံလာပြီး တောင်ကြားထဲမှာ သူတို့တွေ့ခဲ့တဲ့အိမ်ထံခေါ်နေခြင်းဖြစ်တယ် … ဒီလူဘယ်သူလဲဆိုတာ သိလိုက်ရတော့ မင်းယွီအံ့ဩသွားလေတယ် … ရွာလူကြီးက သူတစ်ယောက်ထည်းကို ခေါ်နေခြင်းပင် …

ဒီလိုဆိုတော့ မင်းယွီထိုအချိန်က အိမ်အိုကြီးထဲမှာတွေ့ခဲ့တဲ့အမှောင်ထဲကလူတစ်ယောက်ကိုသတိရသွားတယ် … ရွာလူကြီးက ယုံရမဲ့ပုံပေါ်ပေမဲ့ တစ်ယောက်ထည်းသွားဖို့ကျ မင်းယွီအနည်းငယ်ကြောက်ရွံနေတယ် … အဲ့ဒါကိုသိနေတဲ့ရွာလူကြီးကလဲ မင်းယွီအတွက် လွယ်ကူစိတ်ချဖို့ အစီအစဉ်တစ်ခုချပေးလိုက်တယ် …

ညနေ ၃ နာရီလောက်မှာ မင်းယွီက ရွာလူကြီးတူမနဲ့နောက်ထပ်အမျိုးသမီး ၂ ယောက်ရယ် သူတို့လေးယောက် တောင်ပေါ် ပန်းမျိုးစေ့သွားရှာမည်ဟု အကြောင်းပြုပြီး ဖန်းဂူထံကခွင့်ပြုချက်တောင်းကာ လွယ်ကူစွာပင်ထွက်လာနိုင်ခဲ့တယ် … အမျိုးသမီးအဖွဲ့လဲပါတာမို့ မင်းယွီစိုးရိမ်စိတ်တို့ ရော့နည်းသွားခဲ့တယ် …

ဂူရှေ့ရောက်တော့ အမျိုးသမီးအုပ်စုကရပ်လိုက်ပြီး ရွာလူကြီးတူမက ဆိုလာတယ် …

" ဂူဝရောက်ပြီဆိုတော့ အထဲကိုတစ်ယောက်ထည်းသွားတတ်ပြီလို့ထင်တယ် … ကြောက်စရာမလိုဘူး … လမ်းမှန်ကိုဖွင့်ပေးထားတယ် … ပြီးတော့ဦးလေးလဲအထဲမှာရှိတယ် … ကျွန်မတို့ ဒီနားတစ်ဝိုက်မှာပဲရှိမှာမို့ ဘာမှကြောက်စရာမလိုဘူး "

မင်းယွီအရင်တစ်ခေါက်ကသာမရောက်ဖူးခဲ့ရင် ချက်ချင်းလှည့်ပြန်မိမှာမှန်ပေမဲ့ ခုကိစ္စက သာမန်ထက်အရေးကြီးနေမှန်းသိသာနေ၍ ကြိုးစားကာ ဝင်သွားဖို့ဆုံးဖြတ်လိုက်တယ် … သူအထဲကိုရောက်တော့ ထူးခြားတဲ့ဆေးရနံ့တွေက ဂူအတွင်းမှာ လွင့်ပျံနေတယ် … မီးအလင်းရောင်တွေက ပုံမှန်ထက် ထွန်းလင်းနေပြီး ပထမတစ်ခေါက်ကနဲ့မတူပဲ ကြောက်စိတ်အစား ရင်ခုန်စိတ်လှုပ်ရှားမှုတို့သာဖြစ်ပေါ်လာတယ် …

လမ်းခွဲသည့်နေရာ၌ သူတို့သွားခဲ့တဲ့လမ်းကိုရွေးချယ်ရန်ပြင်လိုက်တော့ ရုတ်တရပ် သူဝင်မည့်အခန်းရဲ့ဘေးနားမှာ လူဝင်ပေါက်သာသာအပေါက်က နံရံကနေရုတ်တရပ် ပွင့်ဟလာတယ် … အထဲမှာလမ်းမီးရောင်ပြပြလေးလှမ်းမြင်နေရတာမို့ ရွာလူကြီးတူမပြောကြားခဲ့တဲ့ လမ်းမှန်ဖွင့်ပေးထားတယ်ဆိုတာကိုသတိရသွားပြီး မင်းယွီအထဲကိုဝင်လာလိုက်တယ် …

ဒီလမ်းက အတားအစီးမရှိဖြောင့်တန်းပြီး မင်းယွီတို့ရွေးချယ်ခဲ့တဲ့ နွယ်ပင်တွေနဲ့လမ်းနဲ့မတူပေ … အကွေ့အကောက်မရှိ တန်းမတ်နေပြီး လမ်းမှန်ဆိုတာ သိသာလှတယ် … ၁၀ မိနစ်ပင်မရှိသေး တစ်ဖက်ရဲ့ဂူအဝကို မင်းယွီလှမ်းမြင်လိုက်ရတယ် …

" မဟုတ်သေးပါဘူး … ဘာကြောင့် ဒီလောက်မြန်နေတာလဲ "

နာရီဝက်လောက်လျှောက်ရမဲ့လမ်းက ၁၀ မိနစ်နဲ့ရောက်သွားတော့ မင်းယွီအံ့အားသင့်လျှက်ရှိနေတယ် … အိမ်အိုကြီးက အရင်တစ်ခေါက်ကအတိုင်းပင် … အိမ်ရှေ့တံးခါးဝကြီးပွင့်နေ၍ မင်းယွီဒီအတိုင်းပဲ အထဲကို ဝင်လာခဲ့လိုက်တယ် …

" ဆရာကတော် … ရောက်လာပြီလား "

ဒီအသံချိုချိုက ရွာလူကြီးအသံမှန်းသိသာတာမို့ မင်းယွီနောက်လှည့်ကြည့်ပြီး ချက်ချင်းနှုတ်ဆက်လိုက်တယ် …

" ရွာသူကြီး … ကျွန်တော်ရောက်ပါပြီ "

ရွာလူကြီးက အသက် ၅၀ ကျော်အရွယ်ဆိုပေမဲ့ အရွယ်တင်နေခြင်းကြောင့် မင်းယွီဖခင်ထပ်ပင်ငယ်မည်ဟုထင်ရတယ် … သူဟာ အယ်ဖာတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ခန္ဓာကြီးထွားပြီး စုတ်စုတ်ပျက်ပျက်နေတာတောင် ခန့်ညားလွန်းလှတယ် … သို့ပေမဲ့ သူ့ရဲ့ဟော်မုန်းတွေကိုတော့ မင်းယွီအနံ့ခံနိုင်စွမ်းမရှိပေ … ဒီလူက သိုသိုဝှက်ဝှက်နေလွန်းပြီး ဖုံးကွယ်တဲ့နေရာမှာ တော်လွန်း၍ ရွာကလူတွေအားလုံးက ဘီတာဟုသာထင်နေကြခြင်းပဲ … မင်းယွီကအိုမီဂါမို့ အမှန်ကိုအကဲခပ်နိုင်ယုံသာ …

ဒီနေ့ ရွာလူကြီးက အဖြူရောင် ဒူးထိရှည်သည့်ကုဒ်ကိုဝတ်ဆင်ပြီး လက်မှာလဲ လက်အိပ်တစ်ခုကိုဝတ်ထားသေးတယ် … သူ့ရဲ့ဆံနွယ်တွေက အလွန်စဉ်းစားတွေးခေါ်ရ၍လားမသိ တလေတစ်ချောင်းက ငွေရောင်သန်းနေပြီး လှပတဲ့မျက်နှာကို အရောင်ဖျော့သွားစေတယ် … ပုံမှန်နဲ့မတူတာက ပါဝါမျက်မှန်အဝိုင်းကိုတပ်ဆင်ထားပြီး စိတ်ရွှင်မြူးနေခြင်းပင် …

မင်းယွီသိတဲ့ရွာလူကြီးက ဖော်ရွေပေမဲ့ သူ့အပြုံးတွေက အသက်မဲ့နေမှန်းသိသာလွန်းတယ် … တစ်ယောက်ထည်းရှိနေချိန်မျိုးဆိုလျှင် မျက်ခုံး ၂ ဖက်ကိုတွန့်ပြီး ထူးဆန်းတဲ့အရေတွေကိုရောစပ်ကာ တစ်စုံတစ်ရာကိုအဖြေရှာနေခြင်းမျိုး လုပ်ဆောင်နေတတ်တယ် … ဒါကြောင့်အရေးကြီးတဲ့ကိစ္စနဲ့မဖြစ်မနေဆွေးနွေးရမဲ့ကိစ္စကလွဲပြီး ရွာလူကြီးနဲ့သိပ်ပြီး စကားမပြောဖြစ်ခဲ့ကြဘူး … တစ်ခါတစ်ရံတစ်ပတ်လုံး ရွာလူကြီးပျောက်နေတဲ့အချိန်မျိုးတွေလဲရှိတယ် … အဲ့ဒါက သူဒီနေရာကိုသွားနေကြောင်းအသိသာကြီးပင် …

" သခင်လေး လာပါ … မကြောက်ပါနဲ့ "

ဒီဝတ်ပုံစားပုံက တစ်ချိန်က မင်းယွီစမ်းသပ်ခန်းထဲမှာပိတ်မိနေချိန်ကို သတိပြန်ရစေပြီး ခနသာငြိမ်သက်နေပြီးမှ ရွာလူကြီးအနောက်ကိုလိုက်လာခဲ့လိုက်တယ် …

အထဲမှာ မင်းယွီထိုင်ဖို့ ခုံအဆင်သင့်စီစဉ်ထားပြီး ပတ်ဝန်းကျင်လင်းသွားစေရန် ပြတင်းပေါက်တွေဖွင့်ပေးလိုက်တယ် … အိမ်ကြီးက အိုဟောင်းနေပေမဲ့ အမြဲသန့်ရှင်းရေးလုပ်တာကြောင့်လားမသိ ဖုန်တစ်မွှာ ပင်းကူအိမ်တစ်မျှင်မှမရှိပဲ သန့်ရှင်းနေတယ် … လေထုက တစ်ခါတစ်ရံဆေးနံ့တွေမွှန်ထူနေပေမဲ့ တစ်ခါတစ်ရံပန်းရနံလိုဟော်မုန်းနံ့သင်းသင်းလေးရနေတတ်တယ် … ဒါကထင်သလောက် ဆိုးမနေဘူး … မင်းယွီက ရွာလူကြီးကို လှမ်းမေးလိုက်တယ် …

" ရွာလူကြီး … ကျွန်တော့ကို ဘာကိစ္စရှိလို့ခေါ်လိုက်တာလဲ "

ရွာလူကြီးက မင်းယွီထံလှည့်ကာ ပြုံးပြလိုက်ပြီး …

" ကျွန်တော့ကလောင်နာမည် Mr.Mongon ပါ … ' Mr . ဂွန် ' လို့ ခေါ်လို့လဲရပါတယ် "

" ဟုတ် ဟုတ်ကဲ့ … ဆရာဂွန် "

ဂွန်က သဘောကျစွာရယ်လိုက်ပြီး စမ်းသပ်ခန်းထဲသို့ဝင်သွားလေတယ် … ဘာကြောင့်မှန်းမသိ ရုတ်တရပ်ပြီး နာမည်အရင်းကိုပြောလာတော့ မင်းယွီတစ်မျိုးကြီးခံစားရတယ် … အရင်က ဦးလေး , ရွာလူကြီး , သူကြီးဟုသာခေါ်ခဲ့ပြီး ခုမှနာမည်ပြောလာတာက အဘယ်ကြောင့်များလဲ အဖြေရှာရခက်လှတယ် … တစ်ခနကြာတော့ ရွာလူကြီးတစ်ယောက်ထဲ အခန်းထဲကနေ ပြန်ထွက်လာတယ် …

" ကျွန်တော် စောင့်ခိုင်းမိသွားလို့ တောင်းပန်ပါတယ် …/ဒီက ဆရာကတော် … "

သူကစကားကိုရပ်လိုက်ပြီး ခနမျှစဉ်းစားပြီးနောက် …

" သခင်လေးယွီလို့ပဲခေါ်ပါရစေ … ဟိုတခါသခင်လေးဒီကိုရောက်တုန်းက ထူးဆန်းတာတွေ့ခဲ့တယ်မဟုတ်လား … အဲ့ဒါက ကျွန်တော့အတွက်လဲ ထူးဆန်းစေတယ် … အားလုံးကို ရှင်းပြရမယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်သွားရလိမ့်မယ် "

မင်းယွီကလဲ ထိုအကြောင်းကိုသိချင်နေတာမို့ စိတ်အားထပ်သန်စွာ နားထောင်နေမိတယ် … ရွာလူကြီးက စတင်ရှင်းပြလေတော့တယ် …

" ကျွန်တော့အသက် ၂၀ တုန်းက ကျွန်တော်တို့မျိုးနွယ်စုတစ်ခုလုံးတိုက်ခိုက်ခံရပြီး အကိုနဲ့အတူ  အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်ငယ်လေးတစ်ခုပေါ် ထွက်ပြေးခဲ့တယ် … အဲ့နေရာက ဒီနဲ့ဆို သိပ်မဝေးပါဘူး …

လူမျိုးကြားကျွန်တော်တို့အတွက် ခက်ခဲခဲ့ပေမဲ့ ကျွန်တော်တို့ကို ဆရာတစ်ယောက်က ကူညီစောင့်ရှောက်ပေးခဲ့တယ် … ကျွန်တော်တို့ညီအကို ၂ ယောက်ရဲ့ မျိုးနွယ်က ဒီဘက်ကလူတွေရဲ့ပြစ်မှတ်ဆိုတာကိုမသိခဲ့ဘူး …

သူတို့လိုချင်တာက ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ရတနာတွေကိုပဲ … မိဘအမွေတွေကိုအတတ်နိုင်ဆုံးထိန်းသိမ်းဖို့ကြိုးစားပေမဲ့ အဲ့ဒိအရာတွေက ကျေးဇူးရှင်တွေရဲ့အသက်ကို ရန်မူလောက်တဲ့ထိ အန္တရာယ်များလာခဲ့တယ် …

အကိုက ရတနာကိုကာကွယ်ရင်းနဲ့သေသွားတယ် … ဒီရတနာတွေက လူ့အသက်ကိုရန်မူတာမို့ လူကောင်းတွေနဲ့မတန်ဘူး … ဒါကြောင့် ကျေးဇူးရှင်အသက်ကိုကယ်ဖို့ ရတနာတွေကို မကောင်းဆိုးဝါးတွေထံပေးအပ်လိုက်တယ် …

ထင်တဲ့အတိုင်း သူတို့အချင်းချင်းလုရင်းသေသွားကြတယ် … ဒါပေမဲ့ အဲ့ဒါမပြီးဆုံးခင်မှာပဲ အဲ့ဒိရတနာထပ်  ကြောက်ဖို့ကောင်းတဲ့လူတွေကြောင့် ကျေးဇူးရှင်မိသားစုကို ဆုံးရှုံးလိုက်ရတယ် … မထင်ထားဘူး လူတွေရဲ့လောဘက ရတနာရယုံတင်မက ကိုယ်တိုင်ကြိုးစားပြီးအောင်မြင်နေတဲ့ နေရာကို အလွယ်လမ်းကနေ လူသတ်ပြီး လုယူကြသေးတယ် …

ကျွန်တော်ကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ ကျွန်တော့ဆရာရဲ့ပျက်စီးလုမတတ်ဖြစ်နေတဲ့ကိုယ်တစ်ခုပဲပြန်ရခဲ့တယ် … ဆရာကထူးဆန်းတဲ့လူတစ်ယောက်  … သူ့ကိုကယ်ဖို့ တတ်သမျှနည်းပညာသုံးပြီး ကြိုးစားခဲ့တယ် … ဒီအိမ်လေးက ဒီကိုစရောက်တော့ဆောက်လုပ်ထားတာ ဆယ်စုနှစ်နှစ်ခုကြာသွားပြီ …

အချိန်တွေပြောင်းလာတာနဲ့အမျှ ဆရာ့ကိုယ်က ပြန်ပြီးဖွင့်ဖြိုးလာတယ် … သွေးကြောတွေကအလုပ်လုပ်နေတုန်းပဲ … ဒါပေမဲ့အသိတရားကတော့ကင်းမဲ့နေတယ် … အသားအရေက အရွယ်နဲ့အလိုက် တွန့်နေပေမဲ့ ပုံမှန်အသက်ထပ်တော့ နုပျိုနေသေးတယ် …

အနှစ် ၂၀ ကျော် ဒီအခန်းထဲစမ်းသပ်ခံနေရတဲ့ဆရာက လွန်ခဲ့တဲ့ရက်ကပဲ ရုတ်တရပ်စတင်လှုပ်ရှားလာတယ် … အသက်ရှူသံတွေ ပုံမှန်ပြန်ဖြစ်လာတယ် … အနည်းဆုံး သူမျက်လုံးဖွင့်ကြည့်လာတာကိုပဲဝမ်းသာနေပါပြီ … သူ့ဆီကစကာပြောဖို့မမျှော်လင့်ပေမဲ့ နောက်ဆုံးဆရာ့ရဲ့အသက်ကို ကယ်နိုင်ခဲ့လို့ကျွန်တော်ပျော်တယ် … ဒါတွေအားလုံးက ဒီကသခင်လေးယွီကျေးဇူးတွေကြောင့်ပါ … ကျွန်တော် ဘယ်လိုကျေးဇူးစပ်ရမှန်းတောင်မသိတော့ပါဘူးဗျာ "

ရွာလူကြီးမျက်နှာက ဟန်ဆောင်မှုမရှိ အမှန်တကယ်ပျော်ရွှင်နေကြောင်း သိသာလှတယ် … မင်းယွီလဲ ထူးဆန်းတဲ့ဇာတ်ကြောင်းကိုကြားပြီး ထိုကံကောင်းလွန်းတဲ့လူအား မြင်တွေ့ချင်လာမိတယ် … ဘယ်လိုလူက အနှစ် 20 ကြာမှ အသက်ပြန်ရှင်လာတာတဲ့လဲ … အံ့ဩစရာပဲ …

" သူ့ကိုတွေ့ခွင့်ရှိမလား "

" ရတာပေါ့ … ခုနလေးတင် သန့်ရှင်းရေးလုပ်ပြီးအဝတ်လဲပေးထားတယ် … စကားပြောပေးတော့ သူ့ရဲ့အသက်ရှူနှုန်းက မြင့်သက်လာတယ် … ငြိမ်မသွားတော့ဘူး ဆရာအသိပြန်ကပ်တာကိုပဲ ပျော်နေပါပြီ "

ရွာလူကြီးက မင်းယွီကိုမှောင်နေတဲ့အခန်းလေးထဲခေါ်သွားလေတယ် …

" ခုကမီးအလင်းရောင်ခံလို့မဖြစ်သေးဘူး … အမြဲအမှောင်ထဲမှာနေလာရတာဆိုတော့ သတိရရခြင်း မီးရောင်နဲ့ထိတွေ့ရင် စိတ်မတည်မငြိမ်ဖြစ်နိုင်တယ် "

အခန်းထဲမှာ ဆီမီးခွက်လေး တစ်လုံးကိုသာထွန်းထား၍ အဖြူရောင်အလင်းမရပေမဲ့ အားလုံးကိုသဲကွဲစွာမြင်နိုင်တယ် …

" ဒီအလင်းရောင်လောက်ဆို အဆင်ပြေပါတယ် "

မင်းယွီအခန်းထဲရောက်တော့ အမှောင်ထဲကကုတင်ဟာလဲ မီးရောင်ကြောင့် သဲကွဲစွာမြင်နေရတယ် … ထိုလူကတော့ ကုတင်ပေါ်မှာထိုင်နေပြီး ဘေးမှာလဲ ပတ်တီးဖြေထားခြင်းကြောင့် ရှုတ်ပွနေတာကိုတွေ့ရတယ် … ရွာလူကြီးလဲ အတော်လေးအလုပ်ရှုတ်နေပုံပဲ … မင်းယွီထိုလူအနားမသွားခင် ပတ်သီးတွေကိုစုပြီးအမှိုက်ခြင်းထဲထည့်လိုက်တယ် …

" ဒါတွေရှင်းစရာမလိုပါဘူး … ကျွန်တော် ခုလေးတင် ရှင်းမလို့ပဲ "

" ရပါတယ် … အရာဂွန် "

" အာ … သခင်လေးယွီက ကျွန်တော်ထင်ထားတာထက်သဘောကောင်းသားပဲ … ဒီလိုဆိုလဲ ဆရာအနားမှာခနနေပေးပါအုံး … ကျွန်တော်အရေးတကြီးဆေးရည်ပြင်ရမှာမလို့ … ခနနေရင် ဆရာကိုထိုးပေးရအုံးမယ် "

" ရပါတယ် … ကျွန်တော်စောင့်နေပေးမယ် "

လူနာကခုမှကောင်းစမို့ ရွာလူကြီးအတွက်လဲ အခြေအနေကိုအကဲခပ်ပြီး ကိုက်ညီမဲ့ဆေးရည်ကိုဖော်စပ်နေရတယ် … မင်းယွီက ငုတ်တုတ်ထိုင်နေတဲ့လူအနားလျှောက်သွားပြီး ဘေးနားမှာအဆင်သင့်ရှိနေတဲ့ ခုံလေးပေါ်ဝင်ထိုင်လိုက်တယ် … နားပါးလွန်းတဲ့ထိုလူက သူ့အနားလူတစ်ယောက်ရောက်နေသည်ကို သိ၍ မင်းယွီထံဖြေးဖြေးခြင်းခေါင်းလှည့်လာတယ် …

မင်းယွီက မီးအလင်းရောင်ကိုကျောပေးထား၍ သူ့ရဲ့မျက်နှာကိုထိုလူသဲကွဲစွာမမြင်နိုင်ပေ … သို့ပေမဲ့ မင်းယွီကတော့ ရှင်းလင်းစွာမြင်နေရတယ် … အသားအရည်ကဖြူရော်ပြီး လူနာတစ်ယောက်ဆိုတာ သိသာလှတယ် … ဆံပင်တွေက ဂုတ်ထိအောင်ရှည်နေပြီး ထူးဆန်းတာက သူရဲ့ဆံပင်အရောင်နဲ့ဆင်တူဖြစ်နေခြင်းပင် … သူထိမိခဲ့တဲ့ တွန့်နေတဲ့လက်တွေက ခုတော့ အနည်းငယ်ပြည့်လာပုံပင် … ထိုအချိန်က ဘယ်လောက်တောင်ပိန်လီပြီး အရိုးပေါ်အရေတင်ဖြစ်နေလိုက်မလဲ … ခုလဲပိန်ပေမဲ့ သာမန်နေမကောင်းတဲ့လူတစ်ယောက်နှင့်သာ တူနေတယ် …

ထိုလူက မင်းယွီအားစိုက်ကြည့်နေရင်း အဖြေရှာမရတဲ့ပုဒ်စာတစ်ခုကိုတွေ့လိုက်ရသည့်နယ် … သူ့ပုံစံကလေးနက်လွန်းပြီး တစ်စုံတစ်ခုပြောကြားဖို့ တွန်းအားပေးခံနေရသလို …

" အ … အ "

အသံနက်ကြီးက ဝမ်းခေါင်းထဲမှစကားပြောရန်အားယူရင်းထွက်လာခြင်းပင် … မင်းယွီတုန်လှုပ်သွားပေမဲ့ တစ်ဆက်ထဲ ပျော်ရွှင်နေမိတယ် … စကားမပြောတတ်တဲ့သူက သူ့ကိုယ်ကိုတွန်းအားပေးပြီး စကားပြောရန်ကြိုးစားနေပုံက လုယီလေးစကားပြောသင်နေစဉ်အချိန်ကို သတိရသွားစေတယ် …

" ဦးလေး … စကားပြောချင်နေတာလား … ကျွန်တော်ကူညီပေးမယ် "

မင်းယွီထိုင်နေရာကနေထလိုက်ပြီး ထိုလူကြီး လည်ပင်းအား အထပ်ကနေအောက်အသာလေးဆွဲချပေးပြီး …

" စကားပြောတော့မယ်ဆို အသက်ကိုဝအောင်ရှူပြီး အရင်ဆုံး အာခေါင်ထဲမှာစိုသွားအောင် တတွေမျိုချလိုက် … ပြီးတော့ ကြိုးစားကြည့် "

" အ … အ … အား "

တဖြေးဖြေးအသံဆွဲနိုင်လာပြီး လည်ကြောင်းထဲကအသံထွက်လာဖို့ကို ကြိုးစားကာလေ့ကျင့်ရှာတယ် … အားအင်မရှိတာကတကြောင်း အသက်ရှူမမှန်သေးတာကြောင့် ထိုလူမောဟိုက်လာပြီး ရင်ဘက်ကိုလက်နဲ့ဖိလျှက် သတိမမေ့သွားအောင်မနည်းသည်းခံနေပုံကိုမြင်ရတော့ မင်းယွီပြာပြာသလဲဖြင့် …

" ဒီလောက်ဆိုရပြီ … အသက်ရှူအရင်မှန်အောင်လုပ်ရမယ် … ဦးလေးကအရမ်းတော်တာပဲ … ခနနားလိုက်ပါအုံး "

ထိုလူက မင်းယွီကို ထပ်မံစိုက်ကြည့်လာပြီး မျက်ရည်ကြည်များရစ်ဝဲလျှက် ချိုင့်ခွက်ဖြစ်နေတဲ့ ပါးပြင်ပေါ်ဖျက်ကာစီးစင်းသွားလေတယ် … ခုမှသေချာကြည့်လိုက်တော့ ထိုလူက အသက်အရွယ်ကြီးရင့်ပြီး သူ့ခေါင်းက ဆံပင်က အဖြူရောင်တွေအများကြီးပြောင်းနေပေမဲ့ ဝါညစ်ညစ်ဆံပင်ကြောင့် သိပ်မသိသာခြင်းပင် … မင်းယွီက ထိုလူစကားကြိုက်မှန်း သတိရသွားပြီး …

" ဦးလေး ဒီအခန်းထဲမှာနေရတာ ပျင်းနေရောပေါ့ … ကျွန်တော်တို့နဲ့အတူ အပြင်ထွက်ချင်ရင် ကျန်းမာအောင်နေရမယ် … ဦးလေးက သတ္တိရှိလိုက်တာ … ဆယ်စုနှစ်ကြာတဲ့ထိတောင့်ခံပြီး အသက်ရှင်နိုင်တာပဲ …

ဦးလေးနေကောင်းလာရင် ကျွန်တော့မြို့ကိုအလည်ခေါ်သွားပေးမယ် … အဲ့ဒိမှာ ဟိုအရင်ကထပ်စည်ကားနေပြီ … ခုဆိုကားတွေလဲအများကြီးပဲ … အဆောက်အဦတွေကလဲ အရင်ကထက်ခန့်ညားထယ်ဝါလွန်းတယ် "

မင်းယွီက ရွာလူကြီးပြောပြတဲ့ဇာတ်ကြောင်းကိုနားထောင်ပြီး သူ့ဘဝနဲ့ထပ်တူညီနေတာမို့ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ထိုလူအား သနားနေခြင်းပင် …

" ဦးလေးမိသားစုကိုမတွေ့နိုင်ပေမဲ့ ဘဝသစ်မှာဦးလေးပျော်ရွှင်မှာပါ "

" Yi … Yi "

ထိုစဉ် ထိုလူကြီးထံမှ ထူးဆန်းစွာပင် အသံထွက်ပေါ်လာတယ် … ထိုနာမည်က လုယီလေနာမည်နဲ့တူပေမဲ့ သူလဲပြောပြမထား၍ နားကြားမှားထယ်ဟုသာထင်လိုက်တယ် … မင်းယွီက အသံထွက်ဖို့ကိုဆက်ပြီးမကြိုးစားဖို့ပြောရန်ပြင်လိုက်ပေမဲ့ ထိုလူကြီးက သူ့ရဲ့လက်ကိုမြှောက်ပင့်ကာ မင်းယွီရဲ့ဆံပင်လေးကိုဖွကိုင်လိုက်ပြီး ထပ်မံခေါ်ဆိုလိုက်တယ် …

" အားယီ "

ဘယ်သူ့နာမည်များလဲ … ဒါကစကားပြောတတ်သွားတာလား …

" ယီယီ "

မင်းယွီတုန်လှုပ်သွားပေမဲ့ ထွက်မပြေးခဲ့ … အဲ့ဒိအစား စကားပြောပြီး သတိလစ်သွားတဲ့ ထိုလူကြီးကိုသာငေးကြည့်နေမိတယ် … ရွာလူကြီးရောက်လာတော့ ထိုလူအား အသာယာလှဲစေလိုက်ပြီး ယူဆောင်လာတဲ့ဆေးရည်ထိုးသွင်းပေးလိုက်တယ် …

" အခြေအနေဘယ်လိုလဲသခင်လေးယွီ … ဆရာကြည့်ရတာ စိတ်ကျေနပ်သွားပုံပဲ … သတိလစ်တာတောင် ပြုံးနေတယ် … ကျွန်တော့ဘဝမှာ ဆရာ့ရဲ့ ဒီလိုမျက်နှာထားကို မြင်ရတာ ပထမဆုံးပဲ "

မင်းယွီက စိတ်ပူပန်ခြင်းကင်းမဲ့စွာ အိပ်မောကျနေတဲ့ ထိုလူအားငေးကြည့်နေရင်း …

" ဆရာဂွန် … ဒီဦးလေးကြီးအသက်က ဘယ်နှနှစ်လဲဟင် "

ရွာလူကြီးက ခနမျှစဉ်းစားလိုက်ပြီး …

" အဲ့ဒိအချိန်တုန်းက အသက် ၆၀ ကျော်ပြီဆိုတော့ ခုဆို ၈၀ ကျော်နေပြီ "

" ဗျာ "

မင်းယွီအံ့ဩမှုအပြည့်နဲ့ …

" ကျွန်တော်က ဦးလေးနဲ့ရွယ်တူလောက်ပဲထင်နေတာ "

" ဟုတ်ပါ့နော် … ဆရာက သတိပြန်ရလာမှ နုပျိုနေတယ် … ဆရာလို့မပြောရဘူး အဟား … ဆရာပြန်ကောင်းလာရင် လုပ်စရာတွေအများကြီးရှိတယ် … ခုလိုကူညီပေးတဲ့အတွက် ကျေးဇူးပါ သခင်လေးယွီ "

" မဟုတ်တာ … ဆရာ့ရဲ့ဆရာ သတိပြန်ရလာတာက ဆေးကြောင့်ဖြစ်ပါလိမ့်မယ် … ကျွန်တော်ရောက်တာနဲ့တိုက်ဆိုင်သွားယုံပါ "

" ဘယ်လိုပဲဖြစ်ဖြစ်ပါလေ … သခင်လေးကိုကျေးဇူးတင်ပါတယ် "

" ဒါနဲ့လေ … ဆရာ့ရဲ့ဆရာမှာ ယီယီဆိုတဲ့အသိရှိလား "

" ယီယီက သခင်လေးရဲ့သားလုယီလေးမဟုတ်လား … ဘာကြောင့်မေးတာလဲ "

" အာ ဘာမှမဟုတ်တော့ပါဘူး … ကျွန်တော်လဲရောက်နေတာကြာပြီဆိုတော့ ပြန်တော့မယ် … ဆရာ့ရဲ့ဆရာအမြန်နေကောင်းလာဖို့ မျှော်လင့်ပါတယ် "

" ကောင်းပါပြီ … ကျွန်တော်လိုက်ပို့ပေးမယ် "

မင်းယွီက စောစောက စကားနည်းနည်းပြောသေးတာကို ဆက်မပြောတော့ပဲ ရပ်လိုက်ပြီး ပြန်ဖို့ဆုံးဖြတ်ကာ ထွက်လာခဲ့လေတယ်  … ရွာလူကြီးကို ဂူဝထိသာ လိုက်ပို့စေပြီး တစ်ယောက်ထည်းပြန်လာခဲ့လေတယ် …

ရုတ်တရပ် မင်းယွီယူဆောင်လာတဲ့ဖုန်းကတုန်ခါလာပြီး ဖုန်းကောတစ်ခုဝင်လာခြင်းကြောင့် ကြည့်လိုက်တော့ …

" မား "

မင်းယွီခနမျှတုန့်ဆိုင်းသွားမိတယ် … ဖုန်းလိုင်းမမိခြင်းကြောင့် သူ့အားဘယ်သူမှမဆက်သွယ်နိုင်ဘူး … ဒီတောင်ကတော့ ထူးဆန်းစွာလိုင်းမိနေတယ် … မင်းယွီဖုန်းကျမသွားခင် ဖုန်းကိုပြန်ဖြေလိုက်လေတယ် …

" မေမေ "

" သား … သားလေး "

သူမအသံကတုန်ယင်နေပြီး မယုံကြည်နိုင်ဖြစ်နေပုံပင် …

" သားလေး ပြန်ဖြေလိုက်တာလား … မေမေခေါ်တာကြားလား … ပြန်ဖြေပါအုံးကွယ် … သားလေး … ပိုင်မင်းယွီလေး "

" မေမေ "

မင်းယွီဒူးများပင်ခွေယိုင်လဲပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်တယ် … မိခင်ရဲ့အသံကိုနားထောင်လိုက်ယုံနဲ့ သူမဘယ်လောက်ခံစားနေရကြောင်း လွမ်းဆွတ်နေကြောင်းသိသာလှပြီး ငိုရှိုက်သံများကိုပင်ကြားနေရတယ် …

" သား ပြန်လာခဲ့ပါတော့ကွယ် … မေမေ့ကိုထပ်ပြီး နာကျင်အောင်လုပ်နေတာလား … သားတို့ကို ဘယ်လောက်စိတ်ပူနေလဲသားသိလား … မေမေလေ ညတိုင် အိမ်မက်ဆိုးတွေကနေ ရုန်းမထွက်နိုင်ဘူး … ထပ်ပြီး သားကိုပါဆုံးရှုံးရရင် မေမေလေ … "

သူမဆက်မပြောနိုင်တော့ပဲ တိတ်ဆိတ်သွားလေတယ် … မင်းယွီ ခုမှ နောင်တကြီးစွာဖြင့် တစ်ဦးတည်းကျန်ရှိနေတဲ့မိခင်ကို ပြစ်ထားမိခဲ့၍ မှားမှန်းသိသွားခဲ့တယ် … အချစ်ကြောင့်ပျော်ရွှင်ရပေမဲ့ ကိုယ်တစ်ဦးထည်းပျော်ဖို့ အနားကလူတွေ ငိုကြွေးနေရတာကို မင်းယွီမလိုချင်ဘူ … ပြီးတော့ ဒီလူက သူ့ရဲ့မွေးမိခင်ဖြစ်နေတယ် …

" မေမေ … သားတောင်းပန်ပါတယ် "

" သားလေး ခုဘယ်ရောက်နေတာလဲ … အန္တရာယ်ကင်းရဲ့လား … ရှုယွမ်နဲ့အတူရှိနေတယ်ဆို … မေမေစိတ်ချပေမဲ့ သားလေးကိုအကြာကြီးမလွှတ်ထားနိုင်ဘူး … မြေးလေးရော သူရောကျန်းမာရဲ့လား "

" မေမေစိတ်မပူပါနဲ့ … လုယီလေးကျန်းမာနေပါတယ် "

" ဒါပေမဲ့မေမေစိတ်မချဘူး … ပြန်လာခဲ့ပါ … အဲ့ဒိနေရာတွေက စိတ်မချရဘူး … သားလေးတို့ အန္တရာယ်ပြုခံရမှာစိုးတယ် "

" သားနားလည်ပါတယ် … သား သားပြန်လာခဲ့ပါ့မယ် "

" တကယ်လား … ဘယ်နေ့လဲ … မေမေသားတို့ကြိုက်တဲ့ဟင်းတွေချက်ထားမယ် … မြန်မြန်ပြန်လာခဲ့နော်သားလေ "

" ဟုတ်ကဲ့ပါ … သားနောက် ၂ ရက်လောက်နေရင် ရောက်မဲ့အချိန်ကို ဆက်သွယ်လိုက်မယ် "

" ကောင်းတယ် … မြန်မြန်ပြန်လာခဲ့သားလေး "

မင်းယွီ မိခင်စိတ်ပျော်သွားတော့မှ စိတ်ချမ်းသာသွားလေတယ် … ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်လာတာလဲကြာပြီမို့ နောက်ဆုံးတော့ ပြန်ဖို့အချိန်ကျလာခဲ့ပြီ … ပြဿနာအားလုံးကိုရှောင်ဖယ်ပြီး ပုန်းနေတာထက် ဖြစ်လာမဲ့အရာအားလုံးကို သတ္တိရှိစွာရင်ဆိုင်ပြီး ကြံ့ကြံ့ခံနိုင်မှသာလျှင် သူတို့ရဲ့စစ်မှန်တဲ့မိသားစုဘဝကို ရရှိလိမ့်မယ် … ဒီအခြေအနေတွေရောက်လာမှာကြိုသိပေမဲ့ ဒီလောက်မြန်ဆန်လိမ့်မယ် ထင်မထားပေမဲ့ ထပ်ပြီးအချိန်ဆွဲနေ၍မဖြစ်တာကြောင့် နောက်ဆုံး မင်းယွီဆုံးဖြတ်ချက်ချလိုက်တယ် … အိမ်ကိုပြန်ပြီး မိဘတွေလက်ခံလာအောင်ကြိုးစားရမယ် …

*

*

*

*

သူတို့ပြန်တော့မယ်ဆိုတဲ့သတင်းကြောင့် ရွာလူကြီးအိမ်မှာ လူတွေစုရုံးနေကြတယ် … အားလုံးက ဝမ်းနည်းတဲ့မျက်နှာလေးတွေနဲ့ လက်ဆောင်ပစ္စည်းတွေယူလာပြီးနှုတ်ဆက်ကြတယ် …

" ဆရာကတော်တို့ပြန်သွားရင်လွမ်းနေတော့မှာ "

" ပွဲတော်ရက်တွေကျ ပြန်လာခဲ့ပါနော် "

" ဒါလေးတွေက တန်ဖိုးမများပေမဲ့ လက်ဆောင်အဖြစ်လက်ခံပေးပါ "

သူတို့အားလုံးပြင်ဆင်ပြီးသွားတော့ နောက်တစ်နေ့မနက်စောထွက်ခွာဖို့ စီစဉ်လိုက်ကြတယ် …

" အကို "

ရှန်ဝေအထုတ်အပိုးတွေ ပြင်ပြီးသွားတော့ အိမ်ရှေ့ကခုံပေါ်မှာ ကောင်ကင်ကြီးအားကြည့်နေတဲ့ ချူးရှန်အနားကို သွားပြီးထိုင်လိုက်တယ် …

" ရှန်ဝေ ပြန်ရတော့မှာကို စိတ်လှုပ်ရှားနေတာလား "

" အမှန်တိုင်းပြောရရင် ဒီနေရာက ကျွန်တော့အတွက် နေရခက်ပေမဲ့ ပျော်တယ် … အချိန်တိုင်း အကို့အနားမှာ ရှိခွင့်ရတယ်လေ "

" ငါ့အနားနေရတာ မပင်ပန်းဘူးလား "

" မပင်ပန်းပါဘူး … ကျွန်တော်ပျော်တယ် "

" ငါတို့ဒီကနေပြန်ရင် လုပ်စရာတွေရှိတယ် … မင်းလဲသိပြီးပြီမလား … သခင်လေးကအများကြီးပြောင်းလဲသွားပြီ "

" ကျွန်တော်ကြားပါတယ် … Lion ကိုတောင်စွန့်လွှတ်ပြီး ချစ်တာ အကိုအားမကျဘူးလား "

" အားကျတာထက်ပျော်တာ … သခင်လေးပြောင်းလဲသွားတာကိုပျော်တယ် "

ရှန်ဝေဘာမှဆက်ပြီးမပြောတော့ပဲ ချူးရှန်အားငေးကြည့်ကာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ် … ဒီလိုအချိန်လေးတွေ ကုန်ဆုံးသွားမှာကို နှမောမိတယ် …

မနက်မိုးသောက်တော့ ရှုယွမ်အဆင်သင့်ဖြစ်ပြီး ကားနားမှာရပ်ကာစောင့်နေတယ် … မင်းယွီ ထွက်လာတော့ ရှုယွမ်ရပ်နေတာကိုမြင်သွားတယ် …

"  အကိုအစောကြီးပြင်ဆင်ပြီးနေပြီလား "

" Omm … တကယ်တော့ အကိုကအရင်ဆုံးသွားနှင့်မှာ … ပြီးတော့ အကိုသွားမှာက B မြို့တော်ကိုဆိုတော့ မင်းယွီတို့နဲ့လဲ လမ်းမတူဘူးလေ "

" ကျွန်တော်က အတူတူသွားရမယ်ထင်ထားတာ "

" အကိုမင်းကို နှုတ်ဆက်ချင်လို့ အစောကြီးစောင့်နေတာ "

ရှုယွမ်က မင်းယွီပခုံးပေါ်လက်တင်လိုက်ပြီး …

" မင်းယွီ မင်းလုပ်နိုင်ခဲ့တာပဲ … သူ့ကိုပြောင်းလဲအောင်လုပ်နိုင်တာ မင်းပဲရှိတယ် … ရှေ့လျှောက်ဖြစ်လာမဲ့အရာတွေကိုကြိုမသိနိုင်ပေမဲ့ အကိုမင်ဘက်မှာပဲရှိနေမှာ … ပြီးတော့ မင်းတို့မင်္ဂလာဆောင်ရင် အကို့ကိုဖိတ်ဖို့မမေ့နဲ့နော် "

မင်းယွီလဲပြုံးကာ ခေါင်းငြိမ့်ပြလိုက်တယ် …

" အကို လုယီလေးကို မနှုတ်ဆက်တော့ဘူးလား "

" အကိုပြန်လာမှပဲ နှုတ်ဆက်လက်ဆောင်ယူလာပြီး နှုတ်ဆက်တော့မယ် … ခုအိပ်ပါစေ "

ပြောပြီးနောက် ရှုယွမ် သူ့ရဲ့ကားကိုမောင်းနှင်ကာ လက်ပြနှုတ်ဆက်ရင်း ထွက်ခွာသွားလေတော့တယ် … ခနကြာတော့ အားလုံးနိုးထလာကြပြီး ပြင်ဆင်ကာ ရွာလေးကို နှုတ်ဆက်ဖို့အချိန်ကျလာခဲ့တယ် …

" ပါပါး … ကိုကိုဂိုယောင်းရောဟင် "

ခုချက်ချင်းဂိုယောင်းကိုခေါ်သွားဖို့ကမဖြစ်သေး၍ နောက်မှခေါ်မည်ဟုကတိပေးခဲ့ကြတယ် … အသက်ပြည့်သွားမှ နိုင်ငံကူးလက်မှတ်လုပ်ရမှာမို့ အသက်မပြည့်ခင်ထိ ရွာမှာလေ့ကျင့်ပေးရန်ကတိပြုလိုက်ကြတယ် … ရွာလူကြီးကလဲ ဖန်းဂူနဲ့မင်းယွီကိုလက်ဆွဲနှုတ်ဆက်ပြီး …

" သခင်လေးတို့ … ကျွန်တော်တို့ မကြာခင်ပြန်တွေ့ကြတာပေါ့ "

အားလုံးကိုနှုတ်ဆက်ပြီးနောက် သူတို့ထွက်ခွာလာခဲ့ကြတယ် … ရှန်ဝေနဲ့ ချူးရှန့်က ဖန်းဂူရဲ့နယ်မြေမှာ စုံစမ်းစရာရှိတာကြောင့် ရွာရဲ့အထွက်မှာပဲ သူတို့ရဲ့ကားလေး လမ်းခွဲသွားကြတယ် … ခုဆိုအားလုံး ကိုယ်စီမတူညီတဲ့လမ်းအသွယ်သွယ်နှင့် ရွာလေးကို လက်ပြနှုတ်ဆက်သွားကြပြီ …

မင်းယွီကျန်နေခဲ့တဲ့ ရွာသူရွာသားတွေနဲ့ ရွာလေးကို မြင်ကွင်းကနေပျောက်ကွယ်သွားသည်ထိငေးကြည့်ရင်း အဆုံး၌ ဖန်းဂူရဲ့ပခုံးကို မှီကာမှေးဆက်လိုက်တယ် …

" ကျွန်တော်တို့ပြန်ရောက်ရင် ဘာတွေဖြစ်လာမလဲမသိဘူးနော် "

" ကိုယ်အားလုံးကိုရင်ဆိုင်မှာ … ကိုယ်မင်းကိုရအောင်ကြိုးစားမှာမို့ စိတ်မပူနဲ့ … ခု ကိုယ့်ကိုမှီပြီး နှစ်ခြိုက်စွာအိပ်ဆက်လိုက်  "

ဖန်းဂူ မင်းယွီစိတ်အေးသွားအောင် လက်လေးကိုဆုတ်ကိုင်လိုက်တယ် … လုယီလေးကတော့ ပြန်လာရလို့ ငိုရှိုက်ရင်း အနောက်ခန်းထဲမှာ အိမ်မောကျသွားလေတယ် … နောက်ဆုံးတော့ အားလုံးကို ရင်ဆိုင်ဖို့ ဘဝရဲ့ခရီးရှည်ကြီး စတင်ခဲ့လေပြီ …

.

.

.

.

[ A/N - S3 လေးစတင်ပါပြီ … ဒီအပိုင်းတွေက ဇာတ်လမ်းရဲ့အရှုတ်အရှင်းတွေနဲ့ အတွဲတွေအားလုံးရဲ့အခန်းတွေပါဝင်မှာပါ … ဆက်လက်အားပေးဖို့မျှော်လင့်ပါတယ် …

ပြီးတော့ ကို့ Fic လေး ဖတ်တဲ့သူ 1.56M နဲ့ Star လေးတွေ 212K ရှိသွားခဲ့ပြီ .… တကယ်ကိုပျော်ရွှင်ရပါတယ် … ခုဆိုအပိုင်း တစ်ရာတောင်မပြည့်သေးဘူး … တစ်ချို့အပိုင်းတွေ 3K အထိ ရတာမြင်ရတော့ ပင်ပန်းရကြိုးနပ်ပါတယ် … အားလုံးကိုချစ်တယ် … ဆက်ပြီးချစ်နေပေးဖို့လဲ မျှော်လင့်တယ် … အိုက်နီ 💕🥰🥰  ]

#Zawgyi

သားရဲတစ္ေကာင္ျဖစ္တဲ့ Lion ဆိုသူကအခ်စ္ေၾကာင့္နဲ႕ သူ႕ရဲ႕ဘဝကို စြန႔္လႊတ္ဖို႔အဆင္သင့္ပဲဆိုရင္ သင္တို႔ယုံမွာလား … မီးပင္လယ္ေတြ ဓားေတာင္ေတြကို ေက်ာ္ျဖတ္လာခဲ့ၿပီးမွ သားရဲဘုရင္ဆိုတဲ့ေနရာကိုေရာက္ခဲ့ေပမဲ့ ကုစားလို႔မရနိုင္ေတာ့ဘူးလို႔ထင္ထားတဲ့ ဒါဏ္ယာအထပ္ထပ္ကို နတ္ဘုရားေလးတစ္ပါးက အမာ႐ြတ္မက်န္ေအာင္ ကုသေပးနိုင္ခဲ့တဲ့အခ်ိန္မွာေတာ့ သားရဲဘုရင္ Lion က နတ္ဘုရားကိုဒူးေထာက္ၿပီး သူ႕ရဲ႕အရာအားလုံးကိုျပန္ေပးဆပ္ဖို႔ ဆုံးျဖတ္လိုက္တယ္ … ဒါဟာပုံျပင္တစ္ပုဒ္မဟုတ္ခဲ့ပါဘူး …  လက္ေတြ႕မွာ ထိုသားရဲဘုရင္ Lion က Alpha ရွန္ဖန္းဂူျဖစ္သလို နတ္ဘုရားေလးက ပိုင္မင္းယြီဆိုတဲ့ Omega ေကာင္ေလးတစ္ေယာက္ပါပဲ …

သူတို႔ ၂ ေယာက္ရဲ႕ ေတြ႕ဆုံမႈေတြက ရိုမန႔္တစ္ဆန္ခဲ့ျခင္းမ်ိဳးမရွိေပမဲ့ အမွတ္တမဲ့က အမွတ္တရအျဖစ္နဲ႕ ထင္က်န္ေနလိမ့္မယ္ … အယ္ဖာေတြႀကီးဆိုတဲ့ေလာကႀကီးမွာ အားနည္းတဲ့အိုမီဂါေလးက ေလာကဒါဏ္ရဲ႕ရိုက္ခပ္မႈအမ်ိဳးမ်ိဳးကို သတၱိရွိစြာ ႀကံ့ႀကံ့ခံနိုင္ၿပီး ေနာက္ဆုံးမွာေတာ့ အင္အားႀကီးတဲ့ တြဲဖက္ကို ပိုင္ဆိုင္ခြင့္ရသြားေလတယ္ … အနာဂတ္မွာ ထြန္းေတာက္မဲ့ ၾကယ္ပြင့္ေလးျဖစ္လာမဲ့ သားေလး ပိုင္လုယီကိုလဲ ပိုင္ဆိုင္ထားတဲ့ ကံေကာင္းတဲ့ Omega ေလးတစ္ေယာက္ျဖစ္လို႔ေနပါၿပီ … အခ်စ္ေတြအျပည့္နဲ႕ ၿပီးျပည့္စုံေနတဲ့သူ႕ရဲ႕ကမာၻေလး ေလာကဒါဏ္ၾကားမွာ ဘယ္လိုေရွ႕ဆက္ျဖစ္လာမလဲ ဆက္လက္ရႈစားလိုက္ရေအာင္ …

*

*

*

*

တခ်ိန္က အေမွာင္မွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့လူတစ္ေယာက္ … သူကသီးျခားေနတတ္တယ္ သန္မာတယ္ ေဖာ္ေ႐ြမႈကင္းတယ္ သနားညွာသာမႈကင္းမဲ့တယ္ ယုယက်င္နာဖို႔ဆိုေဝးစြ … အေမွာင္ဂိုဏ္းသားေတြကေတာင္ မရဏတံခါးဝ , ေသမင္းတမန္လို႔ေတာင္တင္စားၿပီး တုန္ေနေအာင္ေၾကာက္ရတဲ့လူသားတစ္ေယာက္ … သူတို႔ေပးထားတဲ့ဂုဏ္ပုဒ္က ခြန္အားႀကီးတဲ့ Lion ဟူ၍ …

ခုေတာ့ျဖင့္ …

" ဒယ္ဒီ … ညီမေလးေလးက ဘယ္မွာလဲ "

" …… "

အင္အားႀကီးတာက လိမ္ညာတဲ့ေနရာမွာ အသုံးမဝင္ဘူးပဲ … လုယီေလးက တစ္ခါသာလိမ္လို႔ရမယ္ ၂ ႀကိမ္ေျမာက္ဆိုရင္ေတာ့ …

" ဒယ္ဒီက ရေအာင္လုပ္နိုင္ပဲနဲ႕ YiYi ကိုလိမ္တယ္ …  ဟင့္ … ပါပါးလဲတူတူပဲ … ဟင့္ … ဟင့္  "

ကေလးတစ္ေယာက္ရဲ႕အသိထဲမွာ ဆြဲေနတဲ့အရာတစ္ခုက လိမ္ညာမႈတစ္ခုဆိုတာ သိသြားရင္ လူႀကီးေတြထက္ အစေပါင္းမ်ားစြာ ဝမ္းနည္းတတ္သလို သူတို႔မွာ ေျဖသိမ့္နိုင္မဲ့အသိဉာဏ္မရွိေသးေတာ့ လုယီေလး အီကနဲငိုခ်လိဳက္တယ္ …

အင္အားႀကီးတဲ့ဖန္းဂူေျခမကိုင္မိလက္မကိုင္မိျဖစ္သြားေပမဲ့ ကေလးကိုေခ်ာ့ဖို႔စကားလုံးေတြထြက္မလာခဲ့ဘူး … မင္းယြီလဲတူတူပင္ …

ဒီမနက္လုယီေလး သူတို႔အခန္းထဲကိုတစ္ေယာက္ထည္းဝင္လာၿပီး ညကအတူမအိပ္ရလို႔ စိတ္ဆိုးေနတဲ့မ်က္ႏွာေလးနဲ႕ ပါပါးနဲ႕ဒယ္ဒီကို အျပစ္တင္ကာ ငိုေနျခင္းပင္ … ကေလးရဲ႕ငိုသံေၾကာင့္ ရႈယြမ္အေျပးေလးေရာက္လာၿပီး လုယီေလးကို ေပြ႕ခ်ီလိုက္တယ္ …

မင္းယြီတစ္ေယာက္ သူ႕ကိုပါစိတ္ဆိုးသြားၿပီး ရႈယြမ္ပခုံးကိုတြယ္ဖက္လွ်က္ သူ႕အားေက်ာေပးကာ ငိုေနတဲ့သားေလးကို ေခ်ာ့ဖို႔ႀကိဳးစားေပမဲ့ ညကျပစ္ထားမိတဲ့အျပစ္ေၾကာင့္ မေအာင္ျမင္ခဲ့ေပ … လုယီေလးက လွည့္ပင္မၾကည့္ခဲ့ …

" သားေလး … ပါပါးေတာင္းပန္ပါတယ္ "

" အဟင့္ … ဟင့္ … ပါပါးက ညီမေလးေလးေခၚေပးမယ္ဆိုၿပီးလိမ္တယ္ … ဟင့္ "

"  ညကေခၚၾကည့္ပါေသးတယ္ … ဒါမဲ့ ညီမေလးကိုေခၚဖို႔က အဲ့ေလာက္မလြယ္ဘူး YiYi ေလးရဲ႕ … ေနာက္မွ ေျဖးေျဖးျခင္း ႀကိဳးစားၾကည့္လို႔ရတာပဲ … YiYi ေလးႀကီးမွ ညီမေလးေလးရေတာ့ ေပြ႕ခ်ီလို႔ရတာေပါ့ … ၿပီးေတာ့ ညီမေလးကို ပိုၿပီးခ်စ္လို႔ရတယ္ေလ … YiYi ေလးအ႐ြယ္ေရာက္လာမွ ညီမေလးကိုေခၚၾကရင္မေကာင္းဘူးလား "

ထိုသို႔ေျပာလိုက္ေတာ့မွ လုယီေလးအငိုရပ္သြားၿပီး ကေလးေတြရဲ႕သဘာဝ စိတ္ကူးယဥ္ေလေတာ့တယ္ …

" အဲ့ဒါဆို YiYiက ညီမေလးေလးကို ေပြ႕ခ်ီရမွာေပါ့ … ညီမေလးေလးက ေသးေသးေလးလားဟင္ … ဒါမဲ့ YiYiမွာ အားအမ်ားႀကီးရွိတယ္ … ခုလဲေပြ႕ခ်ီနိုင္တယ္ "

ၿပီးေနာက္ လုယီေလးက ေတာက္ပေနတဲ့မ်က္ဝန္းေလးတစ္စုံနဲ႕ မင္းယြီအားလွည့္ၾကည့္လာၿပီး …

" ပါပါး … ပါပါး … YiYiခုလိုခ်င္တာ … ဒယ္ဒီBoss ကရေအာင္လုပ္မေပးရင္ ဒယ္ဒီယြမ္နဲ႕ရေအာင္လုပ္ၾကည့္ပါလား "

ရႈယြမ္ - " အဟြတ္ … အဟြတ္ " 😵 ( လူပ်ိဳႀကီးမူးေမ့ )

ရွန္ဖန္းဂူ - " …… " 😠😡👿 ( လိုက္ဖက္ေသာအီမိုဂ်ီ )

မင္းယြီ - " …… " 😶😬😷 ( ဆြံ႕အ )

ဖန္းဂူတစ္ေယာက္ စစ္ပြဲမွာေတာင္ ထိုမွ်ေလာက္ တုန္လႈပ္မသြားဖူးခဲ့ … သူ႕ရဲ႕မ်က္ႏွာက အေရာင္မ်ိဳးစုံေျပာင္းလဲေနၿပီး လုယီေလး သူ႕အေပၚ  ဒယ္ဒီအျဖစ္နဲ႕ ဘယ္လိုျမင္လဲ ဆိုတာကို သဲကြဲစြာသိခ်င္လာတယ္ … တကယ္ပဲ လုယီေလးအသိထဲမွာ သူ႕အလိုကိုလိုက္ေပးသူတိုင္းက ဒယ္ဒီပဲလား …

" လုယီ … မင္းဒယ္ဒီကဒီမွာေလကြာ … ဘာေၾကာင့္ လူတိုင္းကို ဒယ္ဒီလို႔ေခၚေနတာလဲ "

" YiYi ဒယ္ဒီက ပါပါးပဲ … ညီမေလးေလးလဲလိုခ်င္ေတာ့ဘူး … ပါပါးနဲ႕ပဲေနခ်င္တယ္ … အူးဝါး …

ဒယ္ဒီေရာက္လာမွ ပါပါး YiYiကိုျပစ္ထားတယ္ … ဒယ္ဒီကိုလိုခ်င္ေတာ့ဘူး "

ဖခင္တစ္ေယာက္ထည္းကိုသာဆြဲလမ္းေနတဲ့ကေလးတစ္ေယာက္ကို သူကလဲအေဖတစ္ေယာက္ျဖစ္ၿပီး ကေလးရဲ႕ေဖေဖကို ပိုင္တယ္ဆိုၿပီး ရယူလိုက္တာက ကေလးရဲ႕အသိထဲမွာ အေဖတစ္ေယာက္ပိုရလို႔ေပ်ာ္မေနပဲ သူ႕ရဲ႕ေဖေဖကို လုယူသြားတယ္ဟုသာထင္ေနပုံပဲ … ေနာက္ဆုံး လုယီေလးအငိုတိတ္ဖို႔ မင္းယြီနဲ႕လုယီေလး ၂ ေယာက္ထည္းထားခဲ့ကာ ဖန္းဂူနဲ႕ရႈယြမ္ အခန္းထဲကေန ထြက္လာခဲ့ရတယ္ …

တည္ၿငိမ္ၿပီး ယခင္ကလို စိတ္မရွည္မႈ ေဒါသတရာေတြကင္းမဲ့ကာ ဝမ္းနည္းသည့္ဟန္ေပၚေနသည့္ ရွန္ဖန္းဂူကိုျမင္ရေတာ့ ရႈယြမ္ မေမးပဲ မေနနိုင္ေတာ့ေပ …

" ဖန္းဂူ … မင္း လုယီေလးရဲ႕ ဒယ္ဒီအျဖစ္ အသိအမွတ္ျပဳတာကို လိုခ်င္လား "

ထုံးဆန္အတိုင္း ဖန္းဂူက သူ႕ရဲ႕ခံစားခ်က္ေတြကို မ်ိဳသိပ္ထားၿပီး ေအးဆက္စြာပင္ျပန္ေျဖလိုက္တယ္ …

" ငါလိုခ်င္ရင္ေတာင္ မင္းဆီကအကူအညီမေတာင္းဘူး "

ရႈယြမ္က အေျဖစကားကို ႀကိဳေသြးၿပီးသားမို႔ မ်က္ႏွာတစ္ခ်ပ္ပ်က္မသြားေပ …

" ငါသိတယ္ … မင္းငါ့ဆီကအကူအညီမလိုဘူးဆိုတာ … ဒါေပမဲ့ မင္းသိခ်င္လိမ့္မယ္လို႔ငါထင္တယ္ … မင္းယြီ လုယီေလးကိုေမြးဖြားဖို႔ ဘယ္ေလာက္ခက္ခဲခဲ့သလဲ လုယီေလးေမြးကင္းစက ဘယ္လိုဒုကၡေတြ ႀကဳံေတြခဲ့ရလဲဆိုတာ … ငါ့ထပ္ဘယ္သူမွမသိနိုင္ဘူး "

ထိုစကားကိုၾကားရေတာ့ ဖန္းဂူဆက္ၿပီး လစ္လ်ႉမရႈနိုင္ေတာ့ေပ … သူ႕ရဲ႕အေနာက္က ရႈယြမ္ထံ လွည့္ၾကည့္လာၿပီး …

" ငါသိခ်င္တယ္ … မင္းဆီကအကူအညီမလိုခ်င္ေပမဲ့ … ငါ မင္းယြီပတ္သပ္ၿပီးငါဘာမွမသိေသးဘူးလို႔ခံစားရတယ္ "

" အဲ့ဒါက ငါ့အတြက္ကူညီဖို႔မခက္ခဲပါဘူး … မင္းသာၿငိမ္ၿငိမ္ေလး နားေထာင္ေပးမယ္ဆို ငါေျပာျပမယ္ … လြန္ခဲ့တဲ့ ၄ ႏွစ္ကအေၾကာင္းေတြ "

ဒီလိုနဲ႕ ရႈယြမ္ မင္းယြီကေလးေမြးဖြားဖို႔ ခက္ခဲခဲ့ပုံကို ဖန္းဂူအား စတင္ေျပာၾကားေလေတာ့တယ္ …

ကိုယ္ဝန္အရင့္မာႀကီးနဲ႕ ဖန္းဂူေသသြား၍ စိတ္ေသာကေရာက္ေနတဲ့မင္းယြီအား ကယ္တင္ဖို႔ ရႈယြမ္အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ေပမဲ့ အရာမထင္ခဲ့ဘူး … အစားပုံမွန္မစား ေဆးမေသာက္၍ ဝမ္းဗိုက္က စၿပီးနာက်င္လာတယ္ … ဆရာဝန္က လူနာဆက္ၿပီးစိတ္ဒါတ္က်ေနမယ္ဆိုရင္ ဗိုက္ထဲကကေလးေရာ လူႀကီးပါအသက္အႏၲရာယ္ ရွိနိုင္တယ္လို႔ေျပာလာတယ္ …

အိုမီဂါမ်ိဳးႏြယ္စုေတြရဲ႕ ၃ ပုံ ၂ ပုံက မိန္းကေလးေတြျဖစ္ၾကၿပီး သားဖြားဖို႔လြယ္ကူေပမဲ့ ေယာက္်ားေလးအိုမီဂါမ်ားက်ျပန္ေတာ့ ေအာင္ျမင္ေျခ 100℅ မွာ 50 ℅ သာ အာမခံခ်က္ရွိတယ္ … မင္းယြီရဲ႕သားအိမ္က ငယ္စဥ္ကစမ္းသပ္ေဆးေၾကာင့္ ကြဲထြက္သြားၿပီး သားဥႀကီးထြားဖြင့္ၿဖိဳးရာ၌ ရပ္တန႔္ေန၍ သာမန္ကေလးထပ္ သေႏၶသားက ရွင္သန္နိုင္ဖို႔ 30℅ ႏႈန္းသာရွိေနတယ္ … လူႀကီးကပါစိတ္ဓာတ္က်ေနေတာ့ ဆရာဝန္က ေမြးဖြားဖို႔မျဖစ္နိုင္ဘူးဆိုၿပီး လက္ေလ်ာ့ဖို႔ထိေျပာလာခဲ့တယ္ … ရႈယြမ္နဲ႕မိဘေတြက ထိုအခါမွ မင္းယြီအတြက္ပူပန္ၿပီး ကေလးကိုမေမြးဖြားပဲ အႏၲရာယ္မ်ားတဲ့အတြက္ သေႏၶသားေရာသားအိမ္ကိုပါ ဖ်က္ထုတ္ျပစ္ဖို႔ ေျပာလာတယ္ …

ထိုအခ်ိန္မွ မင္းယြီအသိျပန္ကပ္လာၿပီး သူေၾကာင့္ ေနာက္ထပ္ဖန္းဂူရဲ႕ကိုယ္ပြားေလးျဖစ္တဲ့ သားေလးပါမေသရေအာင္ စတင္ၿပီးဂ႐ုတစိုက္ေနထိုင္လာတယ္ … ယခင္ကထပ္ပိုၿပီး ကိုယ္ဝင္ကို ဂ႐ုစိုက္လာတယ္ … နာက်င္မႈကိုသည္းခံကာ ေအာင္ျမင္ေျခမရွိတာေတာင္ လက္မေလ်ာ့ပဲ သတၱိရွိစြာနဲ႕ ေမြးဖြားဖို႔ကို ဆုံးျဖတ္လိုက္တယ္ … အားလုံးတားဆီးေနတဲ့ၾကားက သူ႕ရဲ႕အသက္ကိုပင္မေထာက္ထားပဲ သားေလးအသက္ရွင္ေနဖို႔ စိတ္တစ္ခုထည္းနဲ႕ ေအာင္ျမင္ေျခမရွိတဲ့ခြဲစိတ္မႈကိုခံယူၿပီး ေသမင္းနဲ႕ထိပ္တိုက္ရင္ဆိုင္ခဲ့ရတယ္ …

ကံေကာင္းေထာက္မစြာနဲ႕ပဲ သားေလးကိုေမြးဖြားနိုင္ခဲ့ၿပီး ေအာင္ျမင္နိုင္ေျခမရွိတဲ့ ခြဲစိတ္မႈက အသက္ဆုံးရႈံးမႈမရွိခဲ့ဘူး … အဲ့ဒိအစား သားေလးက ေပါင္မျပည့္ပဲ အားနည္းၿပီး စမ္းသပ္ခန္းထဲမွာ တစ္ပတ္ၾကာတဲ့ထိ သီးသန႔္ထားၿပီး စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ရတယ္ … မင္းယြီကေတာ့ ကေလးေမြးဖြားၿပီး တစ္ႀကိမ္ေလးသာသတိရလာၿပီးေနာက္ တစ္လနီးပါ ကိုယ္မာဝင္သြားခဲ့တယ္ … ေမြးၿပီးၿပီးခ်င္း သားအိမ္တစ္ခုလုံးကိုဖ်က္ထုတ္လိုက္ရင္ အားအင္နည္းလြန္းေနတဲ့ ခႏၶာက မခံနိုင္မည္ဆိုး၍ ဆရာဝန္က မလိုအပ္တဲ့တစ္ခုကိုသာ ဖယ္ရွာေပးခဲ့တယ္ …

မင္းယြီသတိျပန္ရလာေတာ့ မိခင္နို႔ကိုမစို႔ရတဲ့လုယီေလးက ပိန္လီၿပီး ရွင္သန္ဖို႔ေတာင္အင္အားမရွိေတာ့တဲ့ပုံေလး … ထိုအခ်ိန္က ဘယ္သူမွလဲမကယ္နိုင္သလို ဘယ္နည္းပညာကမွ သူတို႔အေပၚမထိေရာက္ဘူး … မင္းယြီနိုးလာၿပီး မိခင္နို႔ရည္တိုက္ေႂကြးေတာ့မွ ကေလးရဲ႕အသားအေရဝင္းလပ္လာၿပီး ေပါင္တိုးလာတယ္ … လုယီေလး တစ္ႏွစ္ျပည့္တဲ့အခ်ိန္ထိ မင္းယြီခက္ခက္ခဲခဲကေလးအဟာရျပည့္ဝဖို႔ သူေသရင္ေသပါေစ သူ႕ရဲ႕အားအင္ေတြ႐ုတ္ေလ်ာ့ေနရင္ေတာင္ သားေလးကိုနို႔တိုက္ဖို႔မေမ့ဘူး … တစ္ခါတစ္ရဲ႕ သတိလစ္သြားတဲ့ထိပါပဲ … ဒီလိုျပဳစုမႈေတြေၾကာင့္ လုယီေလးႀကီးထႊားႏႈန္းျမန္လာၿပီးေနာက္ဆုံး သာမာန္ကေလးေတြနည္းတူထြားႀကိဳင္းလာတယ္ …

အဲ့ဒိဒါဏ္ေတြေၾကာင့္ မင္းယြီကိုယ္က ပိုၿပီးအားနည္းလာတဲ့အျပင္ ေနမေကာင္ျဖစ္လြယ္လာတယ္ … ၿပီးေတာ့ သူ႕ရဲ႕အာ႐ုံေက်ာေတြ ပုံမွန္ထက္ စိတ္ရႈတ္ေထြးလာရင္သတိလစ္တဲ့ထိျဖစ္လာတယ္ … ခုသာမန္လို႔ထင္ရေပမဲ့ တကယ္တန္းမင္းယြီက အေတာင္မဲ့ေနတဲ့ငွက္ေလးတစ္ေကာင္လိုမ်ိဳး သူ႕အတြက္ မွီခိုဖို႔နဲ႕သားေလးကိုကာကြယ္ေပးဖို႔ ခိုင္ခံ့တဲ့သစ္ပင္တစ္ပင္လိုအပ္ေနတဲ့ ငွက္ကေလး …

ထိုႏွစ္ေတြက ရႈယြမ္က သူတို႔သားအဖအတြက္ အေကာင္းဆုံးသစ္ပင္တစ္ပင္ျဖစ္လာခဲ့တယ္ … သူရဲ႕အခ်စ္က စင္က်ယ္ၿပီးသန႔္ရွင္းတယ္ … ရယူလိုစိတ္မရွိ ညစ္ႏြမ္းတာေတြမျပဳလုပ္ခဲ့ဘူး … သူ႕လိုေပးဆပ္ၿပီး ခ်စ္နိုင္မဲ့သူမ်ိဳးက ထပ္ၿပီးရွိနိုင္မယ္မထင္ေတာ့ဘူး … ဒါေၾကာင့္လဲ ရႈယြမ္ရဲ႕အခ်စ္ေတြကို အားလုံးကလက္ခံၿပီး ယုံၾကည္မႈအျပည့္ရွိေနျခင္းပါပဲ …

ထိုအရာကိုသိရွိသြားတဲ့ဖန္းဂူတစ္ေယာက္ ရႈယြမ္ကိုအားက်သလို မနာလိုစိတ္မ်ားျဖစ္ေပၚလာတယ္ … သူ႕ရဲ႕မိသားစု အသက္နဲ႕ရင္းၿပီး႐ုန္ကန္ေနရစဥ္က အနီးကပ္ေစာင့္ေရွာက္ေပးနိုင္တဲ့သူက သူမဟုတ္တာကို ရင္နာ၍မဆုံးဘူး … ၿပီးေတာ့ သူက ရႈယြမ္နဲ႕ယွဥ္လို႔မရေလာက္ေအာင္ အလွမ္းေဝးလြန္းတယ္ဆိုတာ သေဘာေပါက္သြားတယ္ …

ရႈယြမ္က အားလုံးရဲ႕အခ်စ္ကို ရရွိထားသလို မိဘေတြရဲ႕ယုံၾကည္မႈ လုယီေလးရဲ႕အခ်စ္ေတြအျပည့္အဝရရွိထားတယ္ … သူသာအခြင့္ေရးသမားဆိုရင္ မင္းယြီကိုသိမ္းပိုက္ဖို႔ လက္ေဖ်ာက္စတ္ခ်က္တီးလိုက္ယုံပဲ … ရွန္ဖန္းဂူကေတာ့ မင္းယြီရဲ႕အခ်စ္ေတြကလြဲၿပီး ဘယ္သူကသူ႕အေပၚယုံၾကည္မွာတဲ့လဲ … မိဘခ်င္းၾကျပန္ေတာ့ ဆီနဲ႕ေရလိုျခားနားလြန္းေနတယ္ … ေပါင္းစပ္လို႔မရနိုင္ေလာက္ေအာင္ အၿငိဳးေတြႀကီးလြန္တယ္ … လုယီေလးရဲ႕ယုံၾကည္မႈကိုေတာင္မရရွိနိုင္ေသးဘူး …

ရွန္ဖန္းဂူဘဝမွာ ရႈံးနိမ္တဲ့တိုက္ပြဲဆိုလို႔ ေမတၱာတိုက္ပြဲ တစ္ခုသာ ရွိလိမ့္မယ္ … ဒါကိုေအာင္ျမင္ဖို႔ အမ်ားႀကီး ႀကိဳးစားဖို႔လိုေနေသးတာပဲ …

ဖန္းဂူ သက္ျပင္းခ်လိဳက္ရင္း …

" မင္းယြီခက္ခဲခဲ့မွန္းသိေပမဲ့ သူ႕အသက္နဲ႕ေပးဆပ္ရေလာက္တဲ့ထိ နာက်င္ခဲ့မွန္းမသိခဲ့ဘူး … ငါ့အျပစ္ေတြအတြက္ ငါအမ်ားႀကီးေပးဆပ္ဖို႔ လိုေနေသးတာပဲ … သူငါ့ကို စိတ္မပ်က္ပဲ ဆက္ၿပီးယုံၾကည္လိမ့္မယ္လို႔မင္းထင္လား "

" မင္းယြီ ဘယ္တုန္းကမွမင္းကိုစိတ္မပ်က္ခဲ့ဘူး … သူေျပာဖူးတယ္ မင္းကရက္စက္ေပမဲ့ သူ႕အျမင္မွာ သနားစရာေကာင္းတယ္လို႔ထင္တယ္တဲ့ … ဘာေၾကာင့္လဲဆိုေတာ့ မင္းအထီးက်န္ေနတာက မင္းလမ္းမွားသြားေစတဲ့အဓိအေၾကာင္းအရင္းလို႔သူကေျပာတယ္ …

မင္းရဲ႕ငယ္ဘဝေတြငါ့ကိုေမးတုန္းက ငါတို႔စကားေတြအမ်ားႀကီးေျပာရင္း  သူမင္းကိုဘယ္ေလာက္ထိ ခ်စ္ေနလဲငါသေဘာေပါက္သြားတယ္ … သူကမင္းအေပၚနားလည္တယ္ … မင္းသူ႕ကိုေသနတ္နဲ႕ခ်ိန္ရင္ေတာင္ သူေနာက္ဆုတ္မွာမဟုတ္ဘူး … ငါေျပာခ်င္တာက သူကဒီကမာၻမွာ မင္းကိုအယုံၾကည္ဆုံးသူပဲ … ဒါေၾကာင့္ သူလိုခ်င္တဲ့ဘဝမ်ိဳးကို မင္းေပးနိုင္လိမ့္မယ္လို႔ငါေမွ်ာ္လင့္တယ္ "

မင္းယြီ သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ရႈယြမ္ကိုယ္တိုင္ကေျပာလာေတာ့ ဖန္းဂူဂုဏ္မဆာပဲမေနနိုင္ … သူ႕ရဲ႕မ်က္ႏွာက တည္တံ့မေနေတာ့ပဲၿပဳံးရယ္လာတယ္ …

" ငါဘာေၾကာင့္မသိရတာလဲ … မင္းယြီငါ့ကိုမတရားခ်စ္ေနတာကို … အဟား …

ငါကသူငါ့ကိုခ်စ္တယ္လို႔ေျပာေနေပမဲ့ အဲ့ေလာက္ထိခ်စ္မယ္လို႔မသိခဲ့ဘူး … သူကခံစားခ်က္ေတြကိုအစြမ္းကုန္ထုတ္မျပေတာ့ ငါကသူတစ္ေန႕ငါ့ကိုစိတ္ပ်က္သြားမွာေၾကာက္ေနတာ … ခုကစၿပီးသူအႀကိဳက္ကိုလိုက္ေနေပးမယ္ … ငါလဲသူ႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္း သက္ေသျပရမယ္ "

ရႈယြမ္ စိတ္ေပ်ာ္ေနတဲ့ဖန္းဂူကိုၾကည့္ၿပီး တခနတိတ္ဆိတ္ေနၿပီးမွ ေမးလိုက္တယ္ …

" မင္း Aၿမိဳ႕ေတာ္ကိုျပန္ရေတာ့မယ္လို႔ၾကားတယ္ … မင္းအလုပ္ေတြကို ဘယ္ေတာ့ျပန္လုပ္မွာလဲ … အေမွာင္မွာ မင္းလုပ္ရမဲ့အရာေတြက်န္ေနေသးတယ္မဟုတ္လား "

" ငါစိတ္မဝင္စားဘူး … ခုကစၿပီး အဲ့ဒိအလုပ္ေတြကငါနဲ႕မသက္ဆိုင္ေတာ့ဘူး … မင္းကလဲငါ့အျမင္မွာ ရဲတစ္ေယာက္မဟုတ္ေတာ့သလို ငါကလဲ Lion မဟုတ္ေတာ့ဘူး … ဒါေၾကာင့္ အလုပ္ကိစၥေတြငါ့ကိုလာမေျပာနဲ႕ "

ထိုစကားက ရႈယြမ္ကို ေရွာ့ရသြားေစတယ္ … သူနားၾကားမ်ားလြဲတလားဆိုၿပီး ဖန္းဂူအားျပန္ေမးၾကည့္လိုက္တယ္ …

" မင္း … မင္း ဘာေျပာလိုက္တာလဲ … ဒါဆို မင္းက Lion အျဖစ္ကေနအနားယူလိုက္ၿပီလား … မင္းထပ္ၿပီးအေမွာင္ကိုမသြားေတာ့ဘူးေပါ့ "

" မင္းကိုရွင္းျပေနစရာမလိုဘူးလို႔ထင္တယ္ … ဒါေပမဲ့ခု မင္းသိထားရမွာက ငါက Lion မဟုတ္ေတာ့ဘူး … မင္းယြီေယာက္်ား လုယီရဲ႕အေဖျဖစ္သြားၿပီ … ဒါေၾကာင့္ ငါ့ကိုဖမ္းဖို႔ႀကိဳးစာေနတာဆိုရင္ ရပ္ၿပီး ငါ့မိသားစုနဲ႕ေဝးေဝးေန "

ရႈယြမ္စြံ႕အစြာရပ္ေနၿပီး သူ႕အားေၾကာေပးကာ လွည့္ ထြက္သြားသည့္ဖန္းဂူကိုၾကည့္ေနၿပီးေနာက္ အေနာက္မွာရွိေနတဲ့ အိမ္ေလးထဲက သားအဖ ၂ ေယာက္ကို လွည့္ၾကည့္လိုက္တယ္ … လုယီေလးကိုေပြ႕ၿပီး ေခ်ာ့သိပ္ေနတဲ့မင္းယြီကိုၾကည့္ၿပီး ၿပဳံးလွ်က္ …

" ေနာက္ဆုံးေတာ့ မင္းေ႐ြးခ်ယ္မႈ မွန္သြားၿပီပဲ ရွန္ဖန္းဂူ … သူတို႔သားအဖကို မင္းေစာင့္ေရွာက္နိုင္ဖို႔ေမွ်ာ္လင့္တယ္ … မဟုတ္ရင္ ငါမင္းကို ထပ္ၿပီးသည္းခံမွာမဟုတ္ေတာ့ဘူး … မင္းယြီနာက်င္ေနတာကို ငါမၾကည့္ရပ္ဘူး … သူတို႔သားအဖကို မင္းလက္ထဲအပ္နိုင္ဖို႔ အားလုံးရဲ႕ယုံၾကည္မႈရေအာင္ မင္းႀကိဳးစားရမယ္  "

*

*

*

*

" ဆရာကေတာ္ "

႐ြာသူတစ္ေယာက္က မင္းယြီအား အိမ္ေရွ႕မွေန ေအာ္ေခၚေနတယ္ … သားေလးကိုတမနက္လုံးေခ်ာ့ၿပီးတဲ့ေနာက္ ေန႕လည္ ၁၂ နာရီေလာက္မွ မင္းယြီအိမ္ထဲကေနထြက္လာနိုင္ေတာ့တယ္ …

" အမႀကီး ဘာကိစၥရွိလို႔လဲ "

ထို႐ြာသူမက ႐ြာလူႀကီးတူမနဲ႕အရင္းနီးဆုံးသူတစ္ေယာက္ျဖစ္သူလို အၿမဲတမ္း ဂိုေယာင္းနဲ႕အတူ လုယီေလးထံလာေနၾကမို႔ ရင္းနီးေနတယ္ … သူမက မင္းယြီလက္ကိုဆြဲလိုက္ၿပီး …

" ဟိုေလ … မေန႕က ဆရာတို႔ေျပာေနတာ ကြၽန္မၾကားလိုက္တယ္ … ၿမိဳ႕ကိုျပန္ေတာ့မွာဆို "

မင္းယြီ သူ႕ကို ဖန္းဂူက အိမ္ျပန္ဖို႔ေျပာတာကိုသတိရေပမဲ့ အဲ့တုန္းက အေရးႀကီးတဲ့ပုံမေပၚတာမို႔သတိမထားမိခဲ့ဘူး … ခု႐ြာသူေမးေတာ့မွ သူမသိတဲ့ကိစၥေၾကာင့္ ျပန္ဖို႔ေျပာတာမ်ားလားဆိုၿပီး ေတြးလိုက္မိတယ္ …

" ဒါနဲ႕ အမကဘာျဖစ္လို႔ေမးတာလဲ "

" ေအာ္ … ဒီလိုပါ … ကြၽန္မတို႔က ျဖစ္နိုင္ရင္မျပန္ေစခ်င္ေသးဘူး … ဒါေပမဲ့ အေရးႀကီးကိစၥရွိေနေတာ့လဲ ဘယ္တတ္နိုင္မလဲေလ … ဆရာကေတာ္တို႔ျပန္ေတာ့မွာေသခ်ာရင္ေလ ကြၽန္မတို႔တတ္နိုင္သေလာက္ေလး လက္ေဆာင္ေပးခ်င္လို႔ပါ … ဆရာကေတာ္က ပန္းမ်ိဳးေစ့ေတြလိုခ်င္တယ္ဆိုလို႔ ေတာင္ေပၚသြားရွာေပးမလို႔ … အဲ့ဒါလာေမးတာ "

" ကြၽန္ေတာ္တို႔မေသခ်ာေသးေပမဲ့ ပန္းမ်ိဳးေစ့ေလးေတြကိုေစာေစာယူထားေတာ့ပိုေကာင္းတာေပါ့ … ဒီကေနပဲအပင္ေပါက္ကေလးေတြရေအာင္လုပ္ၿပီး ဟိုမွာစိုက္ရင္ ပိုလြယ္မယ္လို႔ထင္တယ္ "

" အဲ့လိုလား … အဲ့ဒါဆိုစိတ္ခ် … ဒီညေန သြားယူၿပီး အေကာင္းဆုံးအပင္ေပါက္ေလးေတြရေအာင္လုပ္ေပးမယ္ … ေအာ္ၿပီးေတာ့ ဒီစာေလး "

သူမက ဖြက္ထားတဲ့စာေလးတစ္ေစာင္ကို မင္းယြီလက္ထဲထည့္ေပးလိုက္တယ္ …

" တကယ္ေတာ့ ဒီကိုလာတာတျခားကိစၥလဲရွိတယ္ … ဒီစာကိုဆရာကေတာ္လက္ထဲဆက္ဆက္ထည့္ေပးပါဆိုလို႔ ျဖစ္နိုင္ရင္ ဘယ္သူ႕ကိုမွေပးမသိေစခ်င္ဘူး … ဆရာကေတာ္တစ္ေယာက္ထည္းကိုပဲဖတ္ေစခ်င္တယ္ "

သူမက မွာၾကားၿပီးေနာက္ စာကိုေပးထားခဲ့ၿပီး ျပန္သြားေလတယ္ … မင္းယြီစာကိုဖြင့္လိုက္ေတာ့ သူနားလည္နိုင္ေလာက္သည္ထိ ႀကိဳးစားၿပီးေရးထားကိုေတြ႕ရတယ္ … ဒီအရပ္ကဘာသာစကားေတြက သူတို႔ေျပာတာနဲ႕မတူတာမို႔ တစ္ခါတေလအခက္ေတြ႕ရေပမဲ့ ဒီစာေရးသူက မင္းယြီနားလည္လြယ္ေအာင္ ႀကိဳးစားၿပီး ေရးထားေပးတယ္ …

စာထဲမွာေရးထားတာက သူ႕ကိုတစ္ေယာက္ထည္း ႐ြာအေနာက္ဖက္က ေတာင္ေျခမွာရွိတဲ့ဂူထံလာၿပီး ေတာင္ၾကားထဲမွာ သူတို႔ေတြ႕ခဲ့တဲ့အိမ္ထံေခၚေနျခင္းျဖစ္တယ္ … ဒီလူဘယ္သူလဲဆိုတာ သိလိုက္ရေတာ့ မင္းယြီအံ့ဩသြားေလတယ္ … ႐ြာလူႀကီးက သူတစ္ေယာက္ထည္းကို ေခၚေနျခင္းပင္ …

ဒီလိုဆိုေတာ့ မင္းယြီထိုအခ်ိန္က အိမ္အိုႀကီးထဲမွာေတြ႕ခဲ့တဲ့အေမွာင္ထဲကလူတစ္ေယာက္ကိုသတိရသြားတယ္ … ႐ြာလူႀကီးက ယုံရမဲ့ပုံေပၚေပမဲ့ တစ္ေယာက္ထည္းသြားဖို႔က် မင္းယြီအနည္းငယ္ေၾကာက္႐ြံေနတယ္ … အဲ့ဒါကိုသိေနတဲ့႐ြာလူႀကီးကလဲ မင္းယြီအတြက္ လြယ္ကူစိတ္ခ်ဖိဳ႕ အစီအစဥ္တစ္ခုခ်ေပးလိုက္တယ္ …

ညေန ၃ နာရီေလာက္မွာ မင္းယြီက ႐ြာလူႀကီးတူမနဲ႕ေနာက္ထပ္အမ်ိဳးသမီး ၂ ေယာက္ရယ္ သူတို႔ေလးေယာက္ ေတာင္ေပၚ ပန္းမ်ိဳးေစ့သြားရွာမည္ဟု အေၾကာင္းျပဳၿပီး ဖန္းဂူထံကခြင့္ျပဳခ်က္ေတာင္းကာ လြယ္ကူစြာပင္ထြက္လာနိုင္ခဲ့တယ္ … အမ်ိဳးသမီးအဖြဲ႕လဲပါတာမို႔ မင္းယြီစိုးရိမ္စိတ္တို႔ ေရာ့နည္းသြားခဲ့တယ္ …

ဂူေရွ႕ေရာက္ေတာ့ အမ်ိဳးသမီးအုပ္စုကရပ္လိုက္ၿပီး ႐ြာလူႀကီးတူမက ဆိုလာတယ္ …

" ဂူဝေရာက္ၿပီဆိုေတာ့ အထဲကိုတစ္ေယာက္ထည္းသြားတတ္ၿပီလို႔ထင္တယ္ … ေၾကာက္စရာမလိုဘူး … လမ္းမွန္ကိုဖြင့္ေပးထားတယ္ … ၿပီးေတာ့ဦးေလးလဲအထဲမွာရွိတယ္ … ကြၽန္မတို႔ ဒီနားတစ္ဝိုက္မွာပဲရွိမွာမို႔ ဘာမွေၾကာက္စရာမလိုဘူး "

မင္းယြီအရင္တစ္ေခါက္ကသာမေရာက္ဖူးခဲ့ရင္ ခ်က္ခ်င္းလွည့္ျပန္မိမွာမွန္ေပမဲ့ ခုကိစၥက သာမန္ထက္အေရးႀကီးေနမွန္းသိသာေန၍ ႀကိဳးစားကာ ဝင္သြားဖို႔ဆုံးျဖတ္လိုက္တယ္ … သူအထဲကိုေရာက္ေတာ့ ထူးျခားတဲ့ေဆးရနံ႕ေတြက ဂူအတြင္းမွာ လြင့္ပ်ံေနတယ္ … မီးအလင္းေရာင္ေတြက ပုံမွန္ထက္ ထြန္းလင္းေနၿပီး ပထမတစ္ေခါက္ကနဲ႕မတူပဲ ေၾကာက္စိတ္အစား ရင္ခုန္စိတ္လႈပ္ရွားမႈတို႔သာျဖစ္ေပၚလာတယ္ …

လမ္းခြဲသည့္ေနရာ၌ သူတို႔သြားခဲ့တဲ့လမ္းကိုေ႐ြးခ်ယ္ရန္ျပင္လိုက္ေတာ့ ႐ုတ္တရပ္ သူဝင္မည့္အခန္းရဲ႕ေဘးနားမွာ လူဝင္ေပါက္သာသာအေပါက္က နံရံကေန႐ုတ္တရပ္ ပြင့္ဟလာတယ္ … အထဲမွာလမ္းမီးေရာင္ျပျပေလးလွမ္းျမင္ေနရတာမို႔ ႐ြာလူႀကီးတူမေျပာၾကားခဲ့တဲ့ လမ္းမွန္ဖြင့္ေပးထားတယ္ဆိုတာကိုသတိရသြားၿပီး မင္းယြီအထဲကိုဝင္လာလိုက္တယ္ …

ဒီလမ္းက အတားအစီးမရွိေျဖာင့္တန္းၿပီး မင္းယြီတို႔ေ႐ြးခ်ယ္ခဲ့တဲ့ ႏြယ္ပင္ေတြနဲ႕လမ္းနဲ႕မတူေပ … အေကြ႕အေကာက္မရွိ တန္းမတ္ေနၿပီး လမ္းမွန္ဆိုတာ သိသာလွတယ္ … ၁၀ မိနစ္ပင္မရွိေသး တစ္ဖက္ရဲ႕ဂူအဝကို မင္းယြီလွမ္းျမင္လိုက္ရတယ္ …

" မဟုတ္ေသးပါဘူး … ဘာေၾကာင့္ ဒီေလာက္ျမန္ေနတာလဲ "

နာရီဝက္ေလာက္ေလွ်ာက္ရမဲ့လမ္းက ၁၀ မိနစ္နဲ႕ေရာက္သြားေတာ့ မင္းယြီအံ့အားသင့္လွ်က္ရွိေနတယ္ … အိမ္အိုႀကီးက အရင္တစ္ေခါက္ကအတိုင္းပင္ … အိမ္ေရွ႕တံးခါးဝႀကီးပြင့္ေန၍ မင္းယြီဒီအတိုင္းပဲ အထဲကို ဝင္လာခဲ့လိုက္တယ္ …

" ဆရာကေတာ္ … ေရာက္လာၿပီလား "

ဒီအသံခ်ိဳခ်ိဳက ႐ြာလူႀကီးအသံမွန္းသိသာတာမို႔ မင္းယြီေနာက္လွည့္ၾကည့္ၿပီး ခ်က္ခ်င္းႏႈတ္ဆက္လိုက္တယ္ …

" ႐ြာသူႀကီး … ကြၽန္ေတာ္ေရာက္ပါၿပီ "

႐ြာလူႀကီးက အသက္ ၅၀ ေက်ာ္အ႐ြယ္ဆိုေပမဲ့ အ႐ြယ္တင္ေနျခင္းေၾကာင့္ မင္းယြီဖခင္ထပ္ပင္ငယ္မည္ဟုထင္ရတယ္ … သူဟာ အယ္ဖာတစ္ေယာက္ျဖစ္တာေၾကာင့္ ကိုယ္ခႏၶာႀကီးထြားၿပီး စုတ္စုတ္ပ်က္ပ်က္ေနတာေတာင္ ခန႔္ညားလြန္းလွတယ္ … သို႔ေပမဲ့ သူ႕ရဲ႕ေဟာ္မုန္းေတြကိုေတာ့ မင္းယြီအနံ႕ခံနိုင္စြမ္းမရွိေပ … ဒီလူက သိုသိုဝွက္ဝွက္ေနလြန္းၿပီး ဖုံးကြယ္တဲ့ေနရာမွာ ေတာ္လြန္း၍ ႐ြာကလူေတြအားလုံးက ဘီတာဟုသာထင္ေနၾကျခင္းပဲ … မင္းယြီကအိုမီဂါမို႔ အမွန္ကိုအကဲခပ္နိုင္ယုံသာ …

ဒီေန႕ ႐ြာလူႀကီးက အျဖဴေရာင္ ဒူးထိရွည္သည့္ကုဒ္ကိုဝတ္ဆင္ၿပီး လက္မွာလဲ လက္အိပ္တစ္ခုကိုဝတ္ထားေသးတယ္ … သူ႕ရဲ႕ဆံႏြယ္ေတြက အလြန္စဥ္းစားေတြးေခၚရ၍လားမသိ တေလတစ္ေခ်ာင္းက ေငြေရာင္သန္းေနၿပီး လွပတဲ့မ်က္ႏွာကို အေရာင္ေဖ်ာ့သြားေစတယ္ … ပုံမွန္နဲ႕မတူတာက ပါဝါမ်က္မွန္အဝိုင္းကိုတပ္ဆင္ထားၿပီး စိတ္႐ႊင္ျမဴးေနျခင္းပင္ …

မင္းယြီသိတဲ့႐ြာလူႀကီးက ေဖာ္ေ႐ြေပမဲ့ သူ႕အၿပဳံးေတြက အသက္မဲ့ေနမွန္းသိသာလြန္းတယ္ … တစ္ေယာက္ထည္းရွိေနခ်ိန္မ်ိဳးဆိုလွ်င္ မ်က္ခုံး ၂ ဖက္ကိုတြန႔္ၿပီး ထူးဆန္းတဲ့အေရေတြကိုေရာစပ္ကာ တစ္စုံတစ္ရာကိုအေျဖရွာေနျခင္းမ်ိဳး လုပ္ေဆာင္ေနတတ္တယ္ … ဒါေၾကာင့္အေရးႀကီးတဲ့ကိစၥနဲ႕မျဖစ္မေနေဆြးေႏြးရမဲ့ကိစၥကလြဲၿပီး ႐ြာလူႀကီးနဲ႕သိပ္ၿပီး စကားမေျပာျဖစ္ခဲ့ၾကဘူး … တစ္ခါတစ္ရံတစ္ပတ္လုံး ႐ြာလူႀကီးေပ်ာက္ေနတဲ့အခ်ိန္မ်ိဳးေတြလဲရွိတယ္ … အဲ့ဒါက သူဒီေနရာကိုသြားေနေၾကာင္းအသိသာႀကီးပင္ …

" သခင္ေလး လာပါ … မေၾကာက္ပါနဲ႕ "

ဒီဝတ္ပုံစားပုံက တစ္ခ်ိန္က မင္းယြီစမ္းသပ္ခန္းထဲမွာပိတ္မိေနခ်ိန္ကို သတိျပန္ရေစၿပီး ခနသာၿငိမ္သက္ေနၿပီးမွ ႐ြာလူႀကီးအေနာက္ကိုလိုက္လာခဲ့လိုက္တယ္ …

အထဲမွာ မင္းယြီထိုင္ဖို႔ ခုံအဆင္သင့္စီစဥ္ထားၿပီး ပတ္ဝန္းက်င္လင္းသြားေစရန္ ျပတင္းေပါက္ေတြဖြင့္ေပးလိုက္တယ္ … အိမ္ႀကီးက အိုေဟာင္းေနေပမဲ့ အၿမဲသန႔္ရွင္းေရးလုပ္တာေၾကာင့္လားမသိ ဖုန္တစ္မႊာ ပင္းကူအိမ္တစ္မွ်င္မွမရွိပဲ သန႔္ရွင္းေနတယ္ … ေလထုက တစ္ခါတစ္ရံေဆးနံ႕ေတြမႊန္ထူေနေပမဲ့ တစ္ခါတစ္ရံပန္းရနံလိုေဟာ္မုန္းနံ႕သင္းသင္းေလးရေနတတ္တယ္ … ဒါကထင္သေလာက္ ဆိုးမေနဘူး … မင္းယြီက ႐ြာလူႀကီးကို လွမ္းေမးလိုက္တယ္ …

" ႐ြာလူႀကီး … ကြၽန္ေတာ့ကို ဘာကိစၥရွိလို႔ေခၚလိုက္တာလဲ "

႐ြာလူႀကီးက မင္းယြီထံလွည့္ကာ ၿပဳံးျပလိုက္ၿပီး …

" ကြၽန္ေတာ့ကေလာင္နာမည္ Mr.Mongon ပါ … ' Mr . ဂြန္ ' လို႔ ေခၚလို႔လဲရပါတယ္ "

" ဟုတ္ ဟုတ္ကဲ့ … ဆရာဂြန္ "

ဂြန္က သေဘာက်စြာရယ္လိုက္ၿပီး စမ္းသပ္ခန္းထဲသို႔ဝင္သြားေလတယ္ … ဘာေၾကာင့္မွန္းမသိ ႐ုတ္တရပ္ၿပီး နာမည္အရင္းကိုေျပာလာေတာ့ မင္းယြီတစ္မ်ိဳးႀကီးခံစားရတယ္ … အရင္က ဦးေလး , ႐ြာလူႀကီး , သူႀကီးဟုသာေခၚခဲ့ၿပီး ခုမွနာမည္ေျပာလာတာက အဘယ္ေၾကာင့္မ်ားလဲ အေျဖရွာရခက္လွတယ္ … တစ္ခနၾကာေတာ့ ႐ြာလူႀကီးတစ္ေယာက္ထဲ အခန္းထဲကေန ျပန္ထြက္လာတယ္ …

" ကြၽန္ေတာ္ ေစာင့္ခိုင္းမိသြားလို႔ ေတာင္းပန္ပါတယ္ …/ဒီက ဆရာကေတာ္ … "

သူကစကားကိုရပ္လိုက္ၿပီး ခနမွ်စဥ္းစားၿပီးေနာက္ …

" သခင္ေလးယြီလို႔ပဲေခၚပါရေစ … ဟိုတခါသခင္ေလးဒီကိုေရာက္တုန္းက ထူးဆန္းတာေတြ႕ခဲ့တယ္မဟုတ္လား … အဲ့ဒါက ကြၽန္ေတာ့အတြက္လဲ ထူးဆန္းေစတယ္ … အားလုံးကို ရွင္းျပရမယ္ဆိုရင္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုကို ျပန္သြားရလိမ့္မယ္ "

မင္းယြီကလဲ ထိုအေၾကာင္းကိုသိခ်င္ေနတာမို႔ စိတ္အားထပ္သန္စြာ နားေထာင္ေနမိတယ္ … ႐ြာလူႀကီးက စတင္ရွင္းျပေလေတာ့တယ္ …

" ကြၽန္ေတာ့အသက္ ၂၀ တုန္းက ကြၽန္ေတာ္တို႔မ်ိဳးႏြယ္စုတစ္ခုလုံးတိုက္ခိုက္ခံရၿပီး အကိုနဲ႕အတူ  အေရွ႕ေတာင္အာရွမွာရွိတဲ့ ကြၽန္ငယ္ေလးတစ္ခုေပၚ ထြက္ေျပးခဲ့တယ္ … အဲ့ေနရာက ဒီနဲ႕ဆို သိပ္မေဝးပါဘူး …

လူမ်ိဳးၾကားကြၽန္ေတာ္တို႔အတြက္ ခက္ခဲခဲ့ေပမဲ့ ကြၽန္ေတာ္တို႔ကို ဆရာတစ္ေယာက္က ကူညီေစာင့္ေရွာက္ေပးခဲ့တယ္ … ကြၽန္ေတာ္တို႔ညီအကို ၂ ေယာက္ရဲ႕ မ်ိဳးႏြယ္က ဒီဘက္ကလူေတြရဲ႕ျပစ္မွတ္ဆိုတာကိုမသိခဲ့ဘူး …

သူတို႔လိုခ်င္တာက ကြၽန္ေတာ္တို႔ပိုင္ဆိုင္တဲ့ ရတနာေတြကိုပဲ … မိဘအေမြေတြကိုအတတ္နိုင္ဆုံးထိန္းသိမ္းဖို႔ႀကိဳးစားေပမဲ့ အဲ့ဒိအရာေတြက ေက်းဇူးရွင္ေတြရဲ႕အသက္ကို ရန္မူေလာက္တဲ့ထိ အႏၲရာယ္မ်ားလာခဲ့တယ္ …

အကိုက ရတနာကိုကာကြယ္ရင္းနဲ႕ေသသြားတယ္ … ဒီရတနာေတြက လူ႕အသက္ကိုရန္မူတာမို႔ လူေကာင္းေတြနဲ႕မတန္ဘူး … ဒါေၾကာင့္ ေက်းဇူးရွင္အသက္ကိုကယ္ဖို႔ ရတနာေတြကို မေကာင္းဆိုးဝါးေတြထံေပးအပ္လိုက္တယ္ …

ထင္တဲ့အတိုင္း သူတို႔အခ်င္းခ်င္းလုရင္းေသသြားၾကတယ္ … ဒါေပမဲ့ အဲ့ဒါမၿပီးဆုံးခင္မွာပဲ အဲ့ဒိရတနာထပ္  ေၾကာက္ဖို႔ေကာင္းတဲ့လူေတြေၾကာင့္ ေက်းဇူးရွင္မိသားစုကို ဆုံးရႈံးလိုက္ရတယ္ … မထင္ထားဘူး လူေတြရဲ႕ေလာဘက ရတနာရယုံတင္မက ကိုယ္တိုင္ႀကိဳးစားၿပီးေအာင္ျမင္ေနတဲ့ ေနရာကို အလြယ္လမ္းကေန လူသတ္ၿပီး လုယူၾကေသးတယ္ …

ကြၽန္ေတာ္ကယ္တင္ဖို႔ႀကိဳးစားခဲ့ေပမဲ့ ကြၽန္ေတာ့ဆရာရဲ႕ပ်က္စီးလုမတတ္ျဖစ္ေနတဲ့ကိုယ္တစ္ခုပဲျပန္ရခဲ့တယ္ … ဆရာကထူးဆန္းတဲ့လူတစ္ေယာက္  … သူ႕ကိုကယ္ဖို႔ တတ္သမွ်နည္းပညာသုံးၿပီး ႀကိဳးစားခဲ့တယ္ … ဒီအိမ္ေလးက ဒီကိုစေရာက္ေတာ့ေဆာက္လုပ္ထားတာ ဆယ္စုႏွစ္ႏွစ္ခုၾကာသြားၿပီ …

အခ်ိန္ေတြေျပာင္းလာတာနဲ႕အမွ် ဆရာ့ကိုယ္က ျပန္ၿပီးဖြင့္ၿဖိဳးလာတယ္ … ေသြးေၾကာေတြကအလုပ္လုပ္ေနတုန္းပဲ … ဒါေပမဲ့အသိတရားကေတာ့ကင္းမဲ့ေနတယ္ … အသားအေရက အ႐ြယ္နဲ႕အလိုက္ တြန႔္ေနေပမဲ့ ပုံမွန္အသက္ထပ္ေတာ့ ႏုပ်ိဳေနေသးတယ္ …

အႏွစ္ ၂၀ ေက်ာ္ ဒီအခန္းထဲစမ္းသပ္ခံေနရတဲ့ဆရာက လြန္ခဲ့တဲ့ရက္ကပဲ ႐ုတ္တရပ္စတင္လႈပ္ရွားလာတယ္ … အသက္ရႉသံေတြ ပုံမွန္ျပန္ျဖစ္လာတယ္ … အနည္းဆုံး သူမ်က္လုံးဖြင့္ၾကည့္လာတာကိုပဲဝမ္းသာေနပါၿပီ … သူ႕ဆီကစကာေျပာဖို႔မေမွ်ာ္လင့္ေပမဲ့ ေနာက္ဆုံးဆရာ့ရဲ႕အသက္ကို ကယ္နိုင္ခဲ့လို႔ကြၽန္ေတာ္ေပ်ာ္တယ္ … ဒါေတြအားလုံးက ဒီကသခင္ေလးယြီေက်းဇူးေတြေၾကာင့္ပါ … ကြၽန္ေတာ္ ဘယ္လိုေက်းဇူးစပ္ရမွန္းေတာင္မသိေတာ့ပါဘူးဗ်ာ "

႐ြာလူႀကီးမ်က္ႏွာက ဟန္ေဆာင္မႈမရွိ အမွန္တကယ္ေပ်ာ္႐ႊင္ေနေၾကာင္း သိသာလွတယ္ … မင္းယြီလဲ ထူးဆန္းတဲ့ဇာတ္ေၾကာင္းကိုၾကားၿပီး ထိုကံေကာင္းလြန္းတဲ့လူအား ျမင္ေတြ႕ခ်င္လာမိတယ္ … ဘယ္လိုလူက အႏွစ္ 20 ၾကာမွ အသက္ျပန္ရွင္လာတာတဲ့လဲ … အံ့ဩစရာပဲ …

" သူ႕ကိုေတြ႕ခြင့္ရွိမလား "

" ရတာေပါ့ … ခုနေလးတင္ သန႔္ရွင္းေရးလုပ္ၿပီးအဝတ္လဲေပးထားတယ္ … စကားေျပာေပးေတာ့ သူ႕ရဲ႕အသက္ရႉႏႈန္းက ျမင့္သက္လာတယ္ … ၿငိမ္မသြားေတာ့ဘူး ဆရာအသိျပန္ကပ္တာကိုပဲ ေပ်ာ္ေနပါၿပီ "

႐ြာလူႀကီးက မင္းယြီကိုေမွာင္ေနတဲ့အခန္းေလးထဲေခၚသြားေလတယ္ …

" ခုကမီးအလင္းေရာင္ခံလို႔မျဖစ္ေသးဘူး … အၿမဲအေမွာင္ထဲမွာေနလာရတာဆိုေတာ့ သတိရရျခင္း မီးေရာင္နဲ႕ထိေတြ႕ရင္ စိတ္မတည္မၿငိမ္ျဖစ္နိုင္တယ္ "

အခန္းထဲမွာ ဆီမီးခြက္ေလး တစ္လုံးကိုသာထြန္းထား၍ အျဖဴေရာင္အလင္းမရေပမဲ့ အားလုံးကိုသဲကြဲစြာျမင္နိုင္တယ္ …

" ဒီအလင္းေရာင္ေလာက္ဆို အဆင္ေျပပါတယ္ "

မင္းယြီအခန္းထဲေရာက္ေတာ့ အေမွာင္ထဲကကုတင္ဟာလဲ မီးေရာင္ေၾကာင့္ သဲကြဲစြာျမင္ေနရတယ္ … ထိုလူကေတာ့ ကုတင္ေပၚမွာထိုင္ေနၿပီး ေဘးမွာလဲ ပတ္တီးေျဖထားျခင္းေၾကာင့္ ရႈတ္ပြေနတာကိုေတြ႕ရတယ္ … ႐ြာလူႀကီးလဲ အေတာ္ေလးအလုပ္ရႈတ္ေနပုံပဲ … မင္းယြီထိုလူအနားမသြားခင္ ပတ္သီးေတြကိုစုၿပီးအမွိုက္ျခင္းထဲထည့္လိုက္တယ္ …

" ဒါေတြရွင္းစရာမလိုပါဘူး … ကြၽန္ေတာ္ ခုေလးတင္ ရွင္းမလို႔ပဲ "

" ရပါတယ္ … အရာဂြန္ "

" အာ … သခင္ေလးယြီက ကြၽန္ေတာ္ထင္ထားတာထက္သေဘာေကာင္းသားပဲ … ဒီလိုဆိုလဲ ဆရာအနားမွာခနေနေပးပါအုံး … ကြၽန္ေတာ္အေရးတႀကီးေဆးရည္ျပင္ရမွာမလို႔ … ခနေနရင္ ဆရာကိုထိုးေပးရအုံးမယ္ "

" ရပါတယ္ … ကြၽန္ေတာ္ေစာင့္ေနေပးမယ္ "

လူနာကခုမွေကာင္းစမို႔ ႐ြာလူႀကီးအတြက္လဲ အေျခအေနကိုအကဲခပ္ၿပီး ကိုက္ညီမဲ့ေဆးရည္ကိုေဖာ္စပ္ေနရတယ္ … မင္းယြီက ငုတ္တုတ္ထိုင္ေနတဲ့လူအနားေလွ်ာက္သြားၿပီး ေဘးနားမွာအဆင္သင့္ရွိေနတဲ့ ခုံေလးေပၚဝင္ထိုင္လိုက္တယ္ … နားပါးလြန္းတဲ့ထိုလူက သူ႕အနားလူတစ္ေယာက္ေရာက္ေနသည္ကို သိ၍ မင္းယြီထံေျဖးေျဖးျခင္းေခါင္းလွည့္လာတယ္ …

မင္းယြီက မီးအလင္းေရာင္ကိုေက်ာေပးထား၍ သူ႕ရဲ႕မ်က္ႏွာကိုထိုလူသဲကြဲစြာမျမင္နိုင္ေပ … သို႔ေပမဲ့ မင္းယြီကေတာ့ ရွင္းလင္းစြာျမင္ေနရတယ္ … အသားအရည္ကျဖဴေရာ္ၿပီး လူနာတစ္ေယာက္ဆိုတာ သိသာလွတယ္ … ဆံပင္ေတြက ဂုတ္ထိေအာင္ရွည္ေနၿပီး ထူးဆန္းတာက သူရဲ႕ဆံပင္အေရာင္နဲ႕ဆင္တူျဖစ္ေနျခင္းပင္ … သူထိမိခဲ့တဲ့ တြန့္ေနတဲ့လက္ေတြက ခုေတာ့ အနည္းငယ္ျပည့္လာပုံပင္ … ထိုအခ်ိန္က ဘယ္ေလာက္ေတာင္ပိန္လီၿပီး အရိုးေပၚအေရတင္ျဖစ္ေနလိုက္မလဲ … ခုလဲပိန္ေပမဲ့ သာမန္ေနမေကာင္းတဲ့လူတစ္ေယာက္ႏွင့္သာ တူေနတယ္ …

ထိုလူက မင္းယြီအားစိုက္ၾကည့္ေနရင္း အေျဖရွာမရတဲ့ပုဒ္စာတစ္ခုကိုေတြ႕လိုက္ရသည့္နယ္ … သူ႕ပုံစံကေလးနက္လြန္းၿပီး တစ္စုံတစ္ခုေျပာၾကားဖို႔ တြန္းအားေပးခံေနရသလို …

" အ … အ "

အသံနက္ႀကီးက ဝမ္းေခါင္းထဲမွစကားေျပာရန္အားယူရင္းထြက္လာျခင္းပင္ … မင္းယြီတုန္လႈပ္သြားေပမဲ့ တစ္ဆက္ထဲ ေပ်ာ္႐ႊင္ေနမိတယ္ … စကားမေျပာတတ္တဲ့သူက သူ႕ကိုယ္ကိုတြန္းအားေပးၿပီး စကားေျပာရန္ႀကိဳးစားေနပုံက လုယီေလးစကားေျပာသင္ေနစဥ္အခ်ိန္ကို သတိရသြားေစတယ္ …

" ဦးေလး … စကားေျပာခ်င္ေနတာလား … ကြၽန္ေတာ္ကူညီေပးမယ္ "

မင္းယြီထိုင္ေနရာကေနထလိုက္ၿပီး ထိုလူႀကီး လည္ပင္းအား အထပ္ကေနေအာက္အသာေလးဆြဲခ်ေပးၿပီး …

" စကားေျပာေတာ့မယ္ဆို အသက္ကိုဝေအာင္ရႉၿပီး အရင္ဆုံး အာေခါင္ထဲမွာစိုသြားေအာင္ တေတြမ်ိဳခ်လိဳက္ … ၿပီးေတာ့ ႀကိဳးစားၾကည့္ "

" အ … အ … အား "

တေျဖးေျဖးအသံဆြဲနိုင္လာၿပီး လည္ေၾကာင္းထဲကအသံထြက္လာဖို႔ကို ႀကိဳးစားကာေလ့က်င့္ရွာတယ္ … အားအင္မရွိတာကတေၾကာင္း အသက္ရႉမမွန္ေသးတာေၾကာင့္ ထိုလူေမာဟိုက္လာၿပီး ရင္ဘက္ကိုလက္နဲ႕ဖိလွ်က္ သတိမေမ့သြားေအာင္မနည္းသည္းခံေနပုံကိုျမင္ရေတာ့ မင္းယြီျပာျပာသလဲျဖင့္ …

" ဒီေလာက္ဆိုရၿပီ … အသက္ရႉအရင္မွန္ေအာင္လုပ္ရမယ္ … ဦးေလးကအရမ္းေတာ္တာပဲ … ခနနားလိုက္ပါအုံး "

ထိုလူက မင္းယြီကို ထပ္မံစိုက္ၾကည့္လာၿပီး မ်က္ရည္ၾကည္မ်ားရစ္ဝဲလွ်က္ ခ်ိဳင့္ခြက္ျဖစ္ေနတဲ့ ပါးျပင္ေပၚဖ်က္ကာစီးစင္းသြားေလတယ္ … ခုမွေသခ်ာၾကည့္လိုက္ေတာ့ ထိုလူက အသက္အ႐ြယ္ႀကီးရင့္ၿပီး သူ႕ေခါင္းက ဆံပင္က အျဖဴေရာင္ေတြအမ်ားႀကီးေျပာင္းေနေပမဲ့ ဝါညစ္ညစ္ဆံပင္ေၾကာင့္ သိပ္မသိသာျခင္းပင္ … မင္းယြီက ထိုလူစကားႀကိဳက္မွန္း သတိရသြားၿပီး …

" ဦးေလး ဒီအခန္းထဲမွာေနရတာ ပ်င္းေနေရာေပါ့ … ကြၽန္ေတာ္တို႔နဲ႕အတူ အျပင္ထြက္ခ်င္ရင္ က်န္းမာေအာင္ေနရမယ္ … ဦးေလးက သတၱိရွိလိုက္တာ … ဆယ္စုႏွစ္ၾကာတဲ့ထိေတာင့္ခံၿပီး အသက္ရွင္နိုင္တာပဲ …

ဦးေလးေနေကာင္းလာရင္ ကြၽန္ေတာ့ၿမိဳ႕ကိုအလည္ေခၚသြားေပးမယ္ … အဲ့ဒိမွာ ဟိုအရင္ကထပ္စည္ကားေနၿပီ … ခုဆိုကားေတြလဲအမ်ားႀကီးပဲ … အေဆာက္အဦေတြကလဲ အရင္ကထက္ခန႔္ညားထယ္ဝါလြန္းတယ္ "

မင္းယြီက ႐ြာလူႀကီးေျပာျပတဲ့ဇာတ္ေၾကာင္းကိုနားေထာင္ၿပီး သူ႕ဘဝနဲ႕ထပ္တူညီေနတာမို႔ မိသားစုကိုဆုံးရႈံးလိုက္ရတဲ့ထိုလူအား သနားေနျခင္းပင္ …

" ဦးေလးမိသားစုကိုမေတြ႕နိုင္ေပမဲ့ ဘဝသစ္မွာဦးေလးေပ်ာ္႐ႊင္မွာပါ "

" Yi … Yi "

ထိုစဥ္ ထိုလူႀကီးထံမွ ထူးဆန္းစြာပင္ အသံထြက္ေပၚလာတယ္ … ထိုနာမည္က လုယီေလနာမည္နဲ႕တူေပမဲ့ သူလဲေျပာျပမထား၍ နားၾကားမွားထယ္ဟုသာထင္လိုက္တယ္ … မင္းယြီက အသံထြက္ဖို႔ကိုဆက္ၿပီးမႀကိဳးစားဖို႔ေျပာရန္ျပင္လိုက္ေပမဲ့ ထိုလူႀကီးက သူ႕ရဲ႕လက္ကိုျမႇောက္ပင့္ကာ မင္းယြီရဲ႕ဆံပင္ေလးကိုဖြကိုင္လိုက္ၿပီး ထပ္မံေခၚဆိုလိုက္တယ္ …

" အားယီ "

ဘယ္သူ႕နာမည္မ်ားလဲ … ဒါကစကားေျပာတတ္သြားတာလား …

" ယီယီ "

မင္းယြီတုန္လႈပ္သြားေပမဲ့ ထြက္မေျပးခဲ့ … အဲ့ဒိအစား စကားေျပာၿပီး သတိလစ္သြားတဲ့ ထိုလူႀကီးကိုသာေငးၾကည့္ေနမိတယ္ … ႐ြာလူႀကီးေရာက္လာေတာ့ ထိုလူအား အသာယာလွဲေစလိုက္ၿပီး ယူေဆာင္လာတဲ့ေဆးရည္ထိုးသြင္းေပးလိုက္တယ္ …

" အေျခအေနဘယ္လိုလဲသခင္ေလးယြီ … ဆရာၾကည့္ရတာ စိတ္ေက်နပ္သြားပုံပဲ … သတိလစ္တာေတာင္ ၿပဳံးေနတယ္ … ကြၽန္ေတာ့ဘဝမွာ ဆရာ့ရဲ႕ ဒီလိုမ်က္ႏွာထားကို ျမင္ရတာ ပထမဆုံးပဲ "

မင္းယြီက စိတ္ပူပန္ျခင္းကင္းမဲ့စြာ အိပ္ေမာက်ေနတဲ့ ထိုလူအားေငးၾကည့္ေနရင္း …

" ဆရာဂြန္ … ဒီဦးေလးႀကီးအသက္က ဘယ္ႏွႏွစ္လဲဟင္ "

႐ြာလူႀကီးက ခနမွ်စဥ္းစားလိုက္ၿပီး …

" အဲ့ဒိအခ်ိန္တုန္းက အသက္ ၆၀ ေက်ာ္ၿပီဆိုေတာ့ ခုဆို ၈၀ ေက်ာ္ေနၿပီ "

" ဗ်ာ "

မင္းယြီအံ့ဩမႈအျပည့္နဲ႕ …

" ကြၽန္ေတာ္က ဦးေလးနဲ႕႐ြယ္တူေလာက္ပဲထင္ေနတာ "

" ဟုတ္ပါ့ေနာ္ … ဆရာက သတိျပန္ရလာမွ ႏုပ်ိဳေနတယ္ … ဆရာလို႔မေျပာရဘူး အဟား … ဆရာျပန္ေကာင္းလာရင္ လုပ္စရာေတြအမ်ားႀကီးရွိတယ္ … ခုလိုကူညီေပးတဲ့အတြက္ ေက်းဇူးပါ သခင္ေလးယြီ "

" မဟုတ္တာ … ဆရာ့ရဲ႕ဆရာ သတိျပန္ရလာတာက ေဆးေၾကာင့္ျဖစ္ပါလိမ့္မယ္ … ကြၽန္ေတာ္ေရာက္တာနဲ႕တိုက္ဆိုင္သြားယုံပါ "

" ဘယ္လိုပဲျဖစ္ျဖစ္ပါေလ … သခင္ေလးကိုေက်းဇူးတင္ပါတယ္ "

" ဒါနဲ႕ေလ … ဆရာ့ရဲ႕ဆရာမွာ ယီယီဆိုတဲ့အသိရွိလား "

" ယီယီက သခင္ေလးရဲ႕သားလုယီေလးမဟုတ္လား … ဘာေၾကာင့္ေမးတာလဲ "

" အာ ဘာမွမဟုတ္ေတာ့ပါဘူး … ကြၽန္ေတာ္လဲေရာက္ေနတာၾကာၿပီဆိုေတာ့ ျပန္ေတာ့မယ္ … ဆရာ့ရဲ႕ဆရာအျမန္ေနေကာင္းလာဖို႔ ေမွ်ာ္လင့္ပါတယ္ "

" ေကာင္းပါၿပီ … ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ "

မင္းယြီက ေစာေစာက စကားနည္းနည္းေျပာေသးတာကို ဆက္မေျပာေတာ့ပဲ ရပ္လိုက္ၿပီး ျပန္ဖို႔ဆုံးျဖတ္ကာ ထြက္လာခဲ့ေလတယ္  … ႐ြာလူႀကီးကို ဂူဝထိသာ လိုက္ပို႔ေစၿပီး တစ္ေယာက္ထည္းျပန္လာခဲ့ေလတယ္ …

႐ုတ္တရပ္ မင္းယြီယူေဆာင္လာတဲ့ဖုန္းကတုန္ခါလာၿပီး ဖုန္းေကာတစ္ခုဝင္လာျခင္းေၾကာင့္ ၾကည့္လိုက္ေတာ့ …

" မား "

မင္းယြီခနမွ်တုန႔္ဆိုင္းသြားမိတယ္ … ဖုန္းလိုင္းမမိျခင္းေၾကာင့္ သူ႕အားဘယ္သူမွမဆက္သြယ္နိုင္ဘူး … ဒီေတာင္ကေတာ့ ထူးဆန္းစြာလိုင္းမိေနတယ္ … မင္းယြီဖုန္းက်မသြားခင္ ဖုန္းကိုျပန္ေျဖလိုက္ေလတယ္ …

" ေမေမ "

" သား … သားေလး "

သူမအသံကတုန္ယင္ေနၿပီး မယုံၾကည္နိုင္ျဖစ္ေနပုံပင္ …

" သားေလး ျပန္ေျဖလိုက္တာလား … ေမေမေခၚတာၾကားလား … ျပန္ေျဖပါအုံးကြယ္ … သားေလး … ပိုင္မင္းယြီေလး "

" ေမေမ "

မင္းယြီဒူးမ်ားပင္ေခြယိုင္လဲၿပီး ေျမျပင္ေပၚ ဒူးေထာက္ခ်လိဳက္တယ္ … မိခင္ရဲ႕အသံကိုနားေထာင္လိုက္ယုံနဲ႕ သူမဘယ္ေလာက္ခံစားေနရေၾကာင္း လြမ္းဆြတ္ေနေၾကာင္းသိသာလွၿပီး ငိုရွိုက္သံမ်ားကိုပင္ၾကားေနရတယ္ …

" သား ျပန္လာခဲ့ပါေတာ့ကြယ္ … ေမေမ့ကိုထပ္ၿပီး နာက်င္ေအာင္လုပ္ေနတာလား … သားတို႔ကို ဘယ္ေလာက္စိတ္ပူေနလဲသားသိလား … ေမေမေလ ညတိုင္ အိမ္မက္ဆိုးေတြကေန ႐ုန္းမထြက္နိုင္ဘူး … ထပ္ၿပီး သားကိုပါဆုံးရႈံးရရင္ ေမေမေလ … "

သူမဆက္မေျပာနိုင္ေတာ့ပဲ တိတ္ဆိတ္သြားေလတယ္ … မင္းယြီ ခုမွ ေနာင္တႀကီးစြာျဖင့္ တစ္ဦးတည္းက်န္ရွိေနတဲ့မိခင္ကို ျပစ္ထားမိခဲ့၍ မွားမွန္းသိသြားခဲ့တယ္ … အခ်စ္ေၾကာင့္ေပ်ာ္႐ႊင္ရေပမဲ့ ကိုယ္တစ္ဦးထည္းေပ်ာ္ဖို႔ အနားကလူေတြ ငိုေႂကြးေနရတာကို မင္းယြီမလိုခ်င္ဘူ … ၿပီးေတာ့ ဒီလူက သူ႕ရဲ႕ေမြးမိခင္ျဖစ္ေနတယ္ …

" ေမေမ … သားေတာင္းပန္ပါတယ္ "

" သားေလး ခုဘယ္ေရာက္ေနတာလဲ … အႏၲရာယ္ကင္းရဲ႕လား … ရႈယြမ္နဲ႕အတူရွိေနတယ္ဆို … ေမေမစိတ္ခ်ေပမဲ့ သားေလးကိုအၾကာႀကီးမလႊတ္ထားနိုင္ဘူး … ေျမးေလးေရာ သူေရာက်န္းမာရဲ႕လား "

" ေမေမစိတ္မပူပါနဲ႕ … လုယီေလးက်န္းမာေနပါတယ္ "

" ဒါေပမဲ့ေမေမစိတ္မခ်ဘဴး … ျပန္လာခဲ့ပါ … အဲ့ဒိေနရာေတြက စိတ္မခ်ရဘူး … သားေလးတို႔ အႏၲရာယ္ျပဳခံရမွာစိုးတယ္ "

" သားနားလည္ပါတယ္ … သား သားျပန္လာခဲ့ပါ့မယ္ "

" တကယ္လား … ဘယ္ေန႕လဲ … ေမေမသားတို႔ႀကိဳက္တဲ့ဟင္းေတြခ်က္ထားမယ္ … ျမန္ျမန္ျပန္လာခဲ့ေနာ္သားေလ "

" ဟုတ္ကဲ့ပါ … သားေနာက္ ၂ ရက္ေလာက္ေနရင္ ေရာက္မဲ့အခ်ိန္ကို ဆက္သြယ္လိုက္မယ္ "

" ေကာင္းတယ္ … ျမန္ျမန္ျပန္လာခဲ့သားေလး "

မင္းယြီ မိခင္စိတ္ေပ်ာ္သြားေတာ့မွ စိတ္ခ်မ္းသာသြားေလတယ္ … ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ထြက္လာတာလဲၾကာၿပီမို႔ ေနာက္ဆုံးေတာ့ ျပန္ဖို႔အခ်ိန္က်လာခဲ့ၿပီ … ျပႆနာအားလုံးကိုေရွာင္ဖယ္ၿပီး ပုန္းေနတာထက္ ျဖစ္လာမဲ့အရာအားလုံးကို သတၱိရွိစြာရင္ဆိုင္ၿပီး ႀကံ့ႀကံ့ခံနိုင္မွသာလွ်င္ သူတို႔ရဲ႕စစ္မွန္တဲ့မိသားစုဘဝကို ရရွိလိမ့္မယ္ … ဒီအေျခအေနေတြေရာက္လာမွာႀကိဳသိေပမဲ့ ဒီေလာက္ျမန္ဆန္လိမ့္မယ္ ထင္မထားေပမဲ့ ထပ္ၿပီးအခ်ိန္ဆြဲေန၍မျဖစ္တာေၾကာင့္ ေနာက္ဆုံး မင္းယြီဆုံးျဖတ္ခ်က္ခ်လိဳက္တယ္ … အိမ္ကိုျပန္ၿပီး မိဘေတြလက္ခံလာေအာင္ႀကိဳးစားရမယ္ …

*

*

*

*

သူတို႔ျပန္ေတာ့မယ္ဆိုတဲ့သတင္းေၾကာင့္ ႐ြာလူႀကီးအိမ္မွာ လူေတြစု႐ုံးေနၾကတယ္ … အားလုံးက ဝမ္းနည္းတဲ့မ်က္ႏွာေလးေတြနဲ႕ လက္ေဆာင္ပစၥည္းေတြယူလာၿပီးႏႈတ္ဆက္ၾကတယ္ …

" ဆရာကေတာ္တို႔ျပန္သြားရင္လြမ္းေနေတာ့မွာ "

" ပြဲေတာ္ရက္ေတြက် ျပန္လာခဲ့ပါေနာ္ "

" ဒါေလးေတြက တန္ဖိုးမမ်ားေပမဲ့ လက္ေဆာင္အျဖစ္လက္ခံေပးပါ "

သူတို႔အားလုံးျပင္ဆင္ၿပီးသြားေတာ့ ေနာက္တစ္ေန႕မနက္ေစာထြက္ခြာဖို႔ စီစဥ္လိုက္ၾကတယ္ …

" အကို "

ရွန္ေဝအထုတ္အပိုးေတြ ျပင္ၿပီးသြားေတာ့ အိမ္ေရွ႕ကခုံေပၚမွာ ေကာင္ကင္ႀကီးအားၾကည့္ေနတဲ့ ခ်ဴးရွန္အနားကို သြားၿပီးထိုင္လိုက္တယ္ …

" ရွန္ေဝ ျပန္ရေတာ့မွာကို စိတ္လႈပ္ရွားေနတာလား "

" အမွန္တိုင္းေျပာရရင္ ဒီေနရာက ကြၽန္ေတာ့အတြက္ ေနရခက္ေပမဲ့ ေပ်ာ္တယ္ … အခ်ိန္တိုင္း အကို႔အနားမွာ ရွိခြင့္ရတယ္ေလ "

" ငါ့အနားေနရတာ မပင္ပန္းဘူးလား "

" မပင္ပန္းပါဘူး … ကြၽန္ေတာ္ေပ်ာ္တယ္ "

" ငါတို႔ဒီကေနျပန္ရင္ လုပ္စရာေတြရွိတယ္ … မင္းလဲသိၿပီးၿပီမလား … သခင္ေလးကအမ်ားႀကီးေျပာင္းလဲသြားၿပီ "

" ကြၽန္ေတာ္ၾကားပါတယ္ … Lion ကိုေတာင္စြန႔္လႊတ္ၿပီး ခ်စ္တာ အကိုအားမက်ဘဴးလား "

" အားက်တာထက္ေပ်ာ္တာ … သခင္ေလးေျပာင္းလဲသြားတာကိုေပ်ာ္တယ္ "

ရွန္ေဝဘာမွဆက္ၿပီးမေျပာေတာ့ပဲ ခ်ဴးရွန္အားေငးၾကည့္ကာ ၿငိမ္ၿငိမ္ေလး ထိုင္ေနခဲ့တယ္ … ဒီလိုအခ်ိန္ေလးေတြ ကုန္ဆုံးသြားမွာကို ႏွေမာမိတယ္ …

မနက္မိုးေသာက္ေတာ့ ရႈယြမ္အဆင္သင့္ျဖစ္ၿပီး ကားနားမွာရပ္ကာေစာင့္ေနတယ္ … မင္းယြီ ထြက္လာေတာ့ ရႈယြမ္ရပ္ေနတာကိုျမင္သြားတယ္ …

"  အကိုအေစာႀကီးျပင္ဆင္ၿပီးေနၿပီလား "

" Omm … တကယ္ေတာ့ အကိုကအရင္ဆုံးသြားႏွင့္မွာ … ၿပီးေတာ့ အကိုသြားမွာက B ၿမိဳ႕ေတာ္ကိုဆိုေတာ့ မင္းယြီတို႔နဲ႕လဲ လမ္းမတူဘူးေလ "

" ကြၽန္ေတာ္က အတူတူသြားရမယ္ထင္ထားတာ "

" အကိုမင္းကို ႏႈတ္ဆက္ခ်င္လို႔ အေစာႀကီးေစာင့္ေနတာ "

ရႈယြမ္က မင္းယြီပခုံးေပၚလက္တင္လိုက္ၿပီး …

" မင္းယြီ မင္းလုပ္နိုင္ခဲ့တာပဲ … သူ႕ကိုေျပာင္းလဲေအာင္လုပ္နိုင္တာ မင္းပဲရွိတယ္ … ေရွ႕ေလွ်ာက္ျဖစ္လာမဲ့အရာေတြကိုႀကိဳမသိနိုင္ေပမဲ့ အကိုမင္ဘက္မွာပဲရွိေနမွာ … ၿပီးေတာ့ မင္းတို႔မဂၤလာေဆာင္ရင္ အကို႔ကိုဖိတ္ဖို႔မေမ့နဲ႕ေနာ္ "

မင္းယြီလဲၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္တယ္ …

" အကို လုယီေလးကို မႏႈတ္ဆက္ေတာ့ဘူးလား "

" အကိုျပန္လာမွပဲ ႏႈတ္ဆက္လက္ေဆာင္ယူလာၿပီး ႏႈတ္ဆက္ေတာ့မယ္ … ခုအိပ္ပါေစ "

ေျပာၿပီးေနာက္ ရႈယြမ္ သူ႕ရဲ႕ကားကိုေမာင္းႏွင္ကာ လက္ျပႏႈတ္ဆက္ရင္း ထြက္ခြာသြားေလေတာ့တယ္ … ခနၾကာေတာ့ အားလုံးနိုးထလာၾကၿပီး ျပင္ဆင္ကာ ႐ြာေလးကို ႏႈတ္ဆက္ဖို႔အခ်ိန္က်လာခဲ့တယ္ …

" ပါပါး … ကိုကိုဂိုေယာင္းေရာဟင္ "

ခုခ်က္ခ်င္းဂိုေယာင္းကိုေခၚသြားဖို႔ကမျဖစ္ေသး၍ ေနာက္မွေခၚမည္ဟုကတိေပးခဲ့ၾကတယ္ … အသက္ျပည့္သြားမွ နိုင္ငံကူးလက္မွတ္လုပ္ရမွာမို႔ အသက္မျပည့္ခင္ထိ ႐ြာမွာေလ့က်င့္ေပးရန္ကတိျပဳလိုက္ၾကတယ္ … ႐ြာလူႀကီးကလဲ ဖန္းဂူနဲ႕မင္းယြီကိုလက္ဆြဲႏႈတ္ဆက္ၿပီး …

" သခင္ေလးတို႔ … ကြၽန္ေတာ္တို႔ မၾကာခင္ျပန္ေတြ႕ၾကတာေပါ့ "

အားလုံးကိုႏႈတ္ဆက္ၿပီးေနာက္ သူတို႔ထြက္ခြာလာခဲ့ၾကတယ္ … ရွန္ေဝနဲ႕ ခ်ဴးရွန႔္က ဖန္းဂူရဲ႕နယ္ေျမမွာ စုံစမ္းစရာရွိတာေၾကာင့္ ႐ြာရဲ႕အထြက္မွာပဲ သူတို႔ရဲ႕ကားေလး လမ္းခြဲသြားၾကတယ္ … ခုဆိုအားလုံး ကိုယ္စီမတူညီတဲ့လမ္းအသြယ္သြယ္ႏွင့္ ႐ြာေလးကို လက္ျပႏႈတ္ဆက္သြားၾကၿပီ …

မင္းယြီက်န္ေနခဲ့တဲ့ ႐ြာသူ႐ြာသားေတြနဲ႕ ႐ြာေလးကို ျမင္ကြင္းကေနေပ်ာက္ကြယ္သြားသည္ထိေငးၾကည့္ရင္း အဆုံး၌ ဖန္းဂူရဲ႕ပခုံးကို မွီကာေမွးဆက္လိုက္တယ္ …

" ကြၽန္ေတာ္တို႔ျပန္ေရာက္ရင္ ဘာေတြျဖစ္လာမလဲမသိဘူးေနာ္ "

" ကိုယ္အားလုံးကိုရင္ဆိုင်မွာ … ကိုယ္မင္းကိုရေအာင္ႀကိဳးစားမွာမို႔ စိတ္မပူနဲ႕ … ခု ကိုယ့္ကိုမွီၿပီး ႏွစ္ၿခိဳက္စြာအိပ္ဆက္လိုက္  "

ဖန္းဂူ မင္းယြီစိတ္ေအးသြားေအာင္ လက္ေလးကိုဆုတ္ကိုင္လိုက္တယ္ … လုယီေလးကေတာ့ ျပန္လာရလို႔ ငိုရွိုက္ရင္း အေနာက္ခန္းထဲမွာ အိမ္ေမာက်သြားေလတယ္ … ေနာက္ဆုံးေတာ့ အားလုံးကို ရင္ဆိုင္ဖို႔ ဘဝရဲ႕ခရီးရွည္ႀကီး စတင္ခဲ့ေလၿပီ …

.

.

.

.

[ A/N - S3 ေလးစတင္ပါၿပီ … ဒီအပိုင္းေတြက ဇာတ္လမ္းရဲ႕အရႈတ္အရွင္းေတြနဲ႕ အတြဲေတြအားလုံးရဲ႕အခန္းေတြပါဝင္မွာပါ … ဆက္လက္အားေပးဖို႔ေမွ်ာ္လင့္ပါတယ္ …

ၿပီးေတာ့ ကို႔ Fic ေလး ဖတ္တဲ့သူ 1.56M နဲ႕ Star ေလးေတြ 212K ရွိသြားခဲ့ၿပီ .… တကယ္ကိုေပ်ာ္႐ႊင္ရပါတယ္ … ခုဆိုအပိုင္း တစ္ရာေတာင္မျပည့္ေသးဘူး … တစ္ခ်ိဳ႕အပိုင္းေတြ 3K အထိ ရတာျမင္ရေတာ့ ပင္ပန္းရႀကိဳးနပ္ပါတယ္ … အားလုံးကိုခ်စ္တယ္ … ဆက္ၿပီးခ်စ္ေနေပးဖို႔လဲ ေမွ်ာ္လင့္တယ္ … အိုက္နီ 💕🥰🥰  ]

Continue Reading

You'll Also Like

700K 76.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
313K 25.3K 29
Mini Story Uni Life Style Sweet Romance
179K 13.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်