Chapter - 36

30.7K 4.3K 478
                                    

#Unicode

မိခင်တစ်ယောက်ရဲ့ သောကတွေနဲ့ ငိုကြွေနေချိန် လစ်လျှူရှုပြီး ရှုယွမ်ထွက်မသွားနိုင်ခဲ့ဘူး ... မင်းယွီမှာအမှတ်ပေးခံရတာသိတာကြီးပါပဲ ... ဒါကြောင့် သူ့ရဲ့မိတ်အယ်ဖာနဲ့ ကိုယ်ဝန်ရှိလာတာက အထူးအဆန်းတော့မဟုတ်ဘူး ... ဒါကိုဘာကြောင့် မင်းယွီမိခင်က အရူးပမာငိုကြွေးနေလဲဆိုတာ ရှုယွမ်လဲမစဉ်းစားတတ်တော့ဘူး ...

ထိုညက ရှုယွမ်မင်းယွီကို ရက်ကွက်နဲ့အနီးဆုံးနေရာက ဆေးခန်းသို့ခေါ်ဆောင်လာခဲ့တယ် ... ထိုနေရာက မြို့တွင်းနဲ့နီးပေမဲ့ မင်းယွီရဲ့မိခင်က မြို့ပေါ်က ဆေးရုံတွေထိအခေါ်မခံဘူး ... တစ်ညသာ စောင့်ကြည့်ပြီးသွားတော့ ဆေးစစ်ချက်အဖြေ ထွက်လာတယ် ...

သူမက မင်းယွီလက်လေးကိုကိုင်လျှက် တစ်ညလုံး ငိုကြွေပြီးတဲ့နောက် အိမ်မောကျသွားခြေပြီ ... ဆရာဝန်တစ်ယောက်က လူနာနဲ့သက်ဆိုင်တဲ့သူတစ်ယောက်ကို ခေါ်ခိုင်းတော့ သူမအစား ရှုယွမ်ထွက်လာခဲ့လိုက်တယ် ...

" မစ္စတာက ဒီအိုမီဂါရဲ့မိတ်ဖက်လား "

ရှုယွမ် ဘာဖြေရမှန်းမသိဖြစ်သွားပေမဲ့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ပြန်ဖြေလိုက်တယ် ...

" ဟုတ်ပါတယ် Sr. ...

လူနာမှာ ဘာပြဿနာ ရှိနေလို့လဲ "

ဆရာဝန်က ရှုယွမ်ပုံသဏ္ဍာန်ကိုကြည့်ယုံနဲ့ လူကြီးလူကောင်းတစ်ယောက်မှန်းသိလိုက်ရပြီး သူ့ရဲ့မိတ်ဖက်ကို ဒီလိုချောင်ကျတဲ့ဆေးခန်းလေးမှာ လာပြတာကို နာမလည်နိုင် ဖြစ်နေပုံပင် ...

" ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ ...

လူနာကို မြို့ပေါ်က ဆေးရုံကိုခေါ်သွားသင့်တယ် ...

ဆရာတို့ရဲ့မြို့နယ်က ဆေးရုံလေးက ဆေးဝါးပစ္စည်းလဲ အစုံအလင်မရှိဘူး ...

ဒီလူနာကို ဒီမှာပဲအပ်ထားမယ်ဆိုရင် ကျနော်တို့အပြည့်အဝကုသမပေးနိုင်မှာဆိုးရတယ် ...

ဒီလူနာက သားအိမ်နှစ်မွှာဖြစ်နေတဲ့အပြင် သန္ဓေသားက သေးငယ်တဲ့သားအိမ်မှာတည်နေတယ် ...

ဒါကရှားပါးသလို ကလေးမွေးရင် သားအိမ်ကိုပါဖြတ်ထုတ်မှရလိမ့်မယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now