Chapter - 42

29.3K 4.6K 861
                                    

#Unicode

အသက်ရှူသံပြင်းပြပြကလွဲ၍ အသံတစ်စမထွက်ရဲကြပဲ အရာအားလုံးတိတ်ဆိတ်နေတယ် … အဖြူနဲ့အပြာတွဲဝတ်ထားတဲ့အစေခံတွေက မြေပြင်ပေါ်မှာထိုင်လျှက် အနက်နဲ့ကြက်သွေးရောင်ဆင်မြန်းထားတဲ့ ဘောဒီဂတ်အဖွဲက သေနတ်နဲ့ချိန်ထားလျှက် ရှန်ဟွှာမှာရှိတဲ့အစေခံအားလုံး တစ်ယောက်မကျန် ခြံဝန်းထဲမှာ ဖမ်းချုပ်ခံထားကြရလေတယ် …

အိမ်တော်ထဲတွင် အဖိုးရှန်ဟွှာရန်းအပြင် ဖန်းဂူရဲ့ဖခင်နဲ့ မိထွေးသားအမိပါရောက်နေကြပြီး မိသားစုစုံညီစွာဖြင့် ဧည့်ခန်းထဲမှာ ထိုင်နေကြတယ် …

မင်းယွီနဲ့ ရက်စ်ဒီတို ၂ ယောက်လုံးက အပေါ်ထက်က အခန်းထဲမှာ အထူးကုတွေနဲ့ ကုသခံနေရပြီး ခုချိန်ထိ အဖြေမရသေးပေ …

သခင်မကြီးက အားလုံးကို ကလေးအကြောင်း ဖုံးကွယ်ထားသည်မို့ ခုပြဿနာရဲ့အကြောင်းအရာကို ဘယ်သူမှရေရေရာရာမသိကြပေမဲ့ ဖန်းဂူနဲ့ မိုနန်းရဲ့ မျက်နှာပျက်ယွန်းမှုကိုကြည့်ခြင်းအားဖြင့် သေးငယ်တဲ့ပြဿနာတော့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးရိပ်မိကြတယ်  …

တိတ်စိတ်မှုကို ဖြိုခွန်းလိုက်သူကတော့ ရှန်ဟွှာရန်းပင် …

" သမီး … ခုအိမ်တော်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းမပြတော့ဘူးလား "

သူမက ပူပန်နေရင်းကြားကနေ သက်ပြင်းဖွဖွချလိုက်ပြီး အမှန်တိုင်း ဝင်ခံလိုက်လေတယ် …

" ဒီကိစ္စကို ဖုံကွယ်ချင်ခဲ့တာမဟုတ်ပါဘူး …

ဖွင့်ပြောဖို့အဆင်သင့်မဖြစ်သေးယုံပါ …

သားကလဲ စေ့စပ်ပြီးခါစဆိုတော့ သားလေးလဲနာမည်မပျက်ရအောင် အချိန်တစ်ခုထိယူဖို့ ဆုံးဖြတ်ထားခဲ့တာ …

ဒါပေမဲ့ ခုပြဿနာတွေဖြစ်သွားပြီဆိုတော့ ပြောပြမှရတော့တယ် "

သူမက ခနမျှရပ်တန့်လိုက်ပြီး သူ့ကိုမကြေမနပ်ကြည့်နေတဲ့လီနာကိုတစ်ချက်ကြည့်လိုက်ပြီး …

" အိမ်တော်မှာ သားလေးရဲ့မျိုးဆက်ကို လွယ်ထားရတဲ့သူရှိတယ် "

ရှန်ဟွှာရန်း - " ဟေ "

ရှန်ရှုမန်း - " ဘာ ! "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now