Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.3K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 90 ( S2 End )💕💕

28K 3K 533
By MikkyLay1

#Unicode

သာယာလှပတဲ့နံနက်ခင်းလေးမှာ မင်းယွီအတွက်ကတော့ နာကျင်မှုတွေသာ အစားထိုးနေခဲ့တယ် …

" အာ့ … ကျွတ် … ကျွတ် "

အိပ်ယာမှနိုးနိုးချင်း မင်းယွီတစ်ယောက် ခါးပေါ်လက်လေးထောက်ရင်း ကြိုးစားကာ ထကြည့်ပေမဲ့ မအောင်မြင်ခဲ့ … နာကျင်နေတဲ့မျက်နှာက ဖုံးကွယ်၍မရနိုင်လောက်အောင် သိသာနေတာမို့  ဘေးနားမှာ ငြိမ်သက်စွာ လဲလျှောင်းနေတဲ့ ဖန်းဂူ အနည်းငယ် ပူပန်သွားပုံပင် …

နံနက်ခင်းရဲ့ရောင်နီက ပြတင်းပေါက်မှနေ ဖန်းဂူမျက်နှာထံဖြာကျလျှက် မျက်ဝန်းတွေက တောက်ပနေပြီး အကြည့်တွေက စူးရှထက်မြက်ကာ ယခင်က ခန့်ညားလွန်းတဲ့အသွင်ကို ဆောင်ယူထားမြဲ …

ညကအမှောင်ထုကြောင့် မျက်နှာကို သဲကွဲစွာမမြင်ခဲ့ရ၍ ယခုရှင်းလင်စွာမြင်တွေ့လိုက်ရတဲ့အခါ မင်းယွီရင်တွေ တလှပ်လှပ်နဲ့ မတည်မငြိမ်ဖြစ်လာခဲ့တယ် …

" ဟို … ဟို … ဘယ်အချိန်ကတည်းက နိုးနေတာလဲ "

အချိန်အတော်ကြာ အကြည့်တွေဆုံစေပြီးနောက် မင်းယွီပထမဆုံးစကားကို ပြောထွက်ခဲ့တယ် … သူ့ရဲ့အမူအယာကနည်းနည်းတော့ ရယ်စရာကောင်းနေလိမ့်မယ် … ဘာကြောင့်ဆို မင်းယွီဘဝမှာ ညကလောက် ရင်ဖိုစရာကောင်းတဲ့အချိန်မျိုး ကြုံတွေ့ဖူးခြင်းမရှိခဲ့တာမို့ … နောက်တစ်ခုက ညကလုပ်ရက်တွေကို ပြန်စဉ်းစားမိပြီး ရှက်စိတ်တွေပိုလာခြင်းကြောင့်ပင် …

" မကြာသေးဘူး … ခုလေးတင်မှနိုးတာ "

ဖန်းဂူရဲ့တည်ငြိမ်လှတဲ့အဖြေစကားကြားတော့မှ မင်းယွီစိတ်သက်သာယာရသွားတယ် … အကယ်၍ ဖန်းဂူသာ ညကအကြောင်းအစဖော်လာမယ်ဆို မင်းယွီအဝတ်မပါပဲ အခန်းထဲကနေပြေးထွက်မိလိမ့်မယ် …

ဖန်းဂူကလဲ အလိုက်သိစွာ စောင့်ကြည့်နေပြီး မင်းယွီအဆင်ပြေသွားတော့မှ အိပ်ယာပေါ်ကနေထကာ အဝတ်အစားတွေကို ပြန်ဝတ်ပြီးနောက် …

" မင်းနိုးလာတာစောသေးတယ် … အားရှိသွားအောင် ခနလောက် ထပ်အိပ်လိုက် … ကိုယ်နေ့လည်စာ ပြင်ခိုင်းထားပေးမယ် "

" မ မလိုပါဘူး … ခုကို ၁၁ ထိုးနေပြီ … ကျွန်တော်အိပ်ရေးဝပါပြီ "

ထပ်ပြီး မအိပ်ချင်တော့၍ လန်းဆန်းသွားစေရန် ရေမိုးချိုးဖို့ မင်းယွီ အိပ်ယာပေါ်မှထလိုက်ပေမဲ့ ထင်သလောက်လွယ်ကူမနေခဲ့ပေ …

ဒီလိုအခြေအနေမျိုးက ပထမဆုံးအကြိမ်မဟုတ်တော့၍ ထူးပြီးနာကျင်နေတာမျိုးမရှိပေမဲ့ ညကအချိန်တွေက တခြားနေ့တွေနဲ့မတူ၍ အိပ်ယာပေါ်ကနေထလာတဲ့မင်းယွီကို ဒူးများပင်ခွေယိုင်လဲသည်ထိ အားလျော့သွားစေတယ် … ထိုအရာကိုမြင်တော့ ဖန်းဂူ အချိန်မှီ လှမ်းထိမ်းပေးလိုက်တယ် …

သူ့ရဲ့လက်မောင်းတွေကြားက အားလျော့နေတဲ့မင်းယွီကို ကြည့်လိုက်ပြီး …

" မင်းရဲ့ကိုယ်က အားနည်းနေသေးတယ် … အိပ်ယာပေါ်မှာပဲနေ "

ကုတင်ပေါ် ပြန်တင်ပေးပြီးနောက် အဝတ်အစားလဲစေလိုက်တယ် … သို့ပေမဲ့ မင်းယွီ တစ်စုံတစ်ရာကို ဆိုးရိမ်ပူပန်နေဆဲပင် … မင်းယွီမျက်ဝန်းလေးတွေက တည်ငြိမ်လှတဲ့ ဖန်းဂူထံငေးကြည့်နေပြီးနောက် တိုးတိုးလေးမေးလိုက်တယ် …

" အဆင်ပြေရဲ့လား … ညကလို နာကျင်နေသေးလား "

ညက ဟော်မုန်းတွေဖောက်ပြန်မှုကြောင့် သာယာတဲ့ဆက်ဆံမှုကို ပြုလုပ်ပေမဲ့ ဖန်းဂူထံက နာကျင်မှုအငွှေ့အသက်တွေကို မင်းယွီခံစားမိနေ၍ မေးလိုက်ခြင်းပင် … အယ်ဖာတစ်ယောက်က အိုမီဂါထက် ခွန်အားကြီးတယ်ဆိုပေမဲ့ သူတို့ကို အနိုင်ယူနိုင်တဲ့အရာကလဲ ဟော်မုန်းပါပဲ … ဖန်းဂူသာ လိုအပ်တဲ့အိုမီဂါဟော်မုန်းအလုံအလောက်မရရှိခဲ့ရင် နာကျင်မှုက ပိုလို့သာ တိုးလာလိမ့်မယ် … ထိုသို့မေးလာတော့ ဖန်းဂူမပြုံးပဲမနေနိုင် …

တကယ်နာကျင်နေတဲ့သူကဘယ်သူလဲ … ဒီအရူးလေးကတော့ …

" ကိုယ်အဆင်ပြေပါတယ် … ညကမင်းဆေးကုပေးတာ တကယ်ထိရောက်တယ် … ခုကိုယ့်မှာ အားတွေပိုပြီးပြည့်လာပြီး … အဲ့ဒါ မင်းရဲ့ကျေးဇူးတွေပဲ "

ဖန်းဂူအဖြေစကားကြားတော့ မင်းယွီနာကျင်ရကျိုးနပ်ပြီမို့ ကြေနပ်သွားလေတယ် … သူ့ရဲ့အရှေ့က အပြုံးတွေနဲ့တောက်ပနေတဲ့ လူကြီးကိုငေးကြည့်ရင်း မင်းယွီ ရင်ဘက်ထဲ ကိန်းအောင်းနေတဲ့ အနာဂတ်အတွက် စဉ်စားမိတာတွေတရိတ်ရိတ်ပေါ်လာခဲ့တယ် …

ဒီအပြုံးတွေသာအနာဂတ်ထိ ထည်ရှိနေခဲ့ရင် ဒီအခြေအနေလေးကိုသာ ဆက်ပြီး ထိန်းထားနိုင်ရင် ဖန်းဂူရော သူရော ငတ်မွတ်နေခဲ့တဲ့ နွေးထွေးတဲ့မိသားစုဆိုတဲ့ ဘဝလေးကိုပိုင်ဆိုင်နိုင်မှာလား … ?

လူသတ်တာတွေ စစ်ပွဲတွေ လက်နတ်ထုတ်တာတွေ ဆေးဝါးဖော်စပ်တာတွေ မှောင်ခိုလုပ်ကိုင်တာတွေ ရှင်းရှင်းပြောရရင်း အမှောင်နဲ့ပတ်သပ်တဲ့အရာအားလုံးကို စွန်းလွှတ်လိုက်မယ်ဆိုရင် ဒီမိသားစုလေးက မင်းယွီစိတ်ကူးထဲကအတိုင်း ပျော်ရွှင်ရလိမ့်မည်ဟု တွေးထင်မိတယ် … အကယ်၍များ ဖန်းဂူသာ Lion ဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုအတွက် စွန့်လွှတ်လိုက်မယ်ဆိုရင် …

အပြုံးလေးကိုငေးကြည့်နေရင်း စိတ်တွေထွေပြားနေခိုက် ဖန်းဂူသူ့ကိုကျောခိုင်းကာ လှည့်ထွက်သွားတော့မည်ကိုမြင်လိုက်ရတော့ မင်းယွီတစ်ကိုယ်လုံးထူပူသွားလေတယ် …

မသွားပါနဲ့ … အပြုံးလေးတွေပျောက်ကွယ်မသွားပါနဲ့ … အရင်လို ပုံစံမျိုး ပြန်ဖြစ်မသွားပါနဲ့ ရှန်ဖန်းဂူ …

" မင်း ဘာဖြစ်သွားတာလဲ … ဘယ်နားကနာနေလို့လဲ "

မင်းယွီအတွေးတွေကြား ရောထွေးနေရင်း လက်လှမ်းကာ  ဖန်းဂူခါးအား ဆွဲဖက်ပြီး ဗိုက်ပေါ်မျက်နှာကိုနှစ်ထားလေတယ် … ဒါကြောင့်မို့ မင်းယွီဘာဖြစ်နေလဲဆိုတာ မမြင်နိုင်၍ ဖန်းဂူ ထူပူသွားကာ မေးလိုက်ခြင်းပင် …

မင်းယွီထံက အဖြေစကားမကြားရ … အဲ့ဒိအစား မင်းယွီအသက်ရှူလိုက်တိုင်း ပူနွေးနွေးလေငွှေ့တွေက ဖန်းဂူဗိုက်သားကိုထိခပ်နေတာကြောင့် နွေးထွေးတယ်လို့ ခံစားနေရတယ် … သူ့ရဲ့လက်နဲ့ မင်းယွီရဲ့ ဝါညစ်ညစ်ဆံသားနုနုလေးတွေကို ထိုးဖွနေရင်း ဖန်းဂူ ပြန်ပြီးတင်းတင်လေး ဖက်ထားလိုက်တယ် …

သူ့ကိုတွယ်ကပ်နေတဲ့ ကြောင်လေးတစ်ကောင်ရဲ့ နူးညံ့လှတဲ့အပြုအမူတွေအောက်မှာ ဖန်းဂူရဲ့ကြမ်းတမ်းလှတဲ့ နှလုံးသားတစ်စုံက အဆုံးမရှိ အရည်ပျော်လို့သွားလေပြီ … ဒါဟာ သူ့တစ်ဘဝလုံးမှာ ပထမဆုံးသော အချစ်ဖြင့်ရှုံးနိမ့်ခြင်းပါပဲ …

" မသွားပါနဲ့ … ကျွန်တော် … ကျွန်တော် ဒီတိုင်းလေး ခနနေချင်တယ် "

ဖန်းဂူတိတ်ဆိတ်သွားကာ မင်းယွီခေါင်းလေးကို ဖွဖွလေးကိုင်ရင်း နေရာ၌ပင် ငြိမ်သပ်စွာ ရပ်နေလိုက်တယ် … သူ့ကိုယ်ကို တင်းကြပ်စွာဖက်ထားတဲ့ မင်းယွီအား ငုံ့ကြည့်လျှက် …

" ကိုယ်ထားသွားမှာ ဒီလောက်တောင်ကြောက်ရလား "

" အင်း "

" ကို့ကို အဲ့လောက်တောင်ပဲ ကြိုက်တာလား "

မင်းယွီထံမှ ခနကြာတိတ်ဆိတ်နေပြီးမှာ အဖြေစကား ထွက်ပေါ်လာခဲ့တယ် …

" အင်း "

ဖန်းဂူလွန်စွာကျေနပ်နေပြီး ထိုစကားကိုသာ ထပ်ခါတလဲလဲမေးနေလေတော့တယ် …

" ထပ်ပြောပါအုံး … ကိုယ့်ကိုကြိုက်တယ်လို့ "

မင်းယွီမျက်နှာကိုမဖော်သေး … ဖန်းဂူကိုဖက်ထားရင်းနဲ့ပင် အသံတိုးတိုးလေးနဲ့ပြန်ဖြေလိုက်တယ် …

" ကျွန်တော် ခများကိုကြိုက်တယ် "

ဖန်းဂူမျက်ဝန်းတွေကတောက်ပလျှက် ဆက်ပြီးမမေးပဲမနေနိုင် …

" ဘယ်လောက်တောင်ကြိုက်တာလဲ … နေ့ဘက်ကိုကြိုက်တာလားညဘက်လား "

" အချိန်တိုင်းပဲ "

" ဟား … ကို့ကိုအချိန်တိုင်းကြိုက်တဲ့မင်းကို ကိုယ်အချိန်တိုင်း ဆုပေးမှာပေါ့ … ဘယ်လိုဆုမျိုးလိုချင်လဲ "

ထိုစကားကြားတော့ မင်းယွီလက်တွေ ပို၍တင်းကြပ်လာပြီး သူရဲ့အသံက လေးနက်စွာဖြင့် ပြောလာခဲ့တယ် …

" ကျွန်တော့ကို ဖက်ထားပေးပါ … သားလေးကိုစောင့်ရှောက်ပေးပါ "

" ဟား … ဟုတ်ပါပြီဗျာ "

ဒီလိုလေးပဲရယ်နေပေးပါ … အရင်ကပုံစံမျိုး ထပ်ဖြစ်မသွားရင်ရပါပြီ … ခများလက်တွေနဲ့ကျွန်တော့ကိုပဲဖက်ထားပေးပါ သားလေးကိုပဲ စောင့်ရှောက်ပေးပါ … ခများလက်ကိုထပ်ပြီး သွေးမစွန်းစေရဘူး …

ဖန်းဂူက မင်းယွီအဆင်ပြေမနေမှန်းသိတာမို့ အသာအယာပွေ့ချီပြီး မျက်နှာသစ်ဖို့ကို ကူညီပေးတယ် … လမ်းလျှောက်ဖို့အတွက်က အဆင်ပြေပေမဲ့ ဖန်းဂူလက်မောင်းကြားမှာနေရတာက သက်သောင့်သက်သာရှိတာမို့ မင်းယွီငြိမ်သက်စွာပင် သန့်စင်ပေးမှုကို ခံယူလိုက်တယ် … အားလုံးပြီးစီးသွားတော့ မင်းယွီကို ကုတင်ပေါ် ပြန်တင်ပေးပြီး အနောက်သို့မှီပြီး ထိုင်ခိုင်းလိုက်တယ် …

ဖန်းဂူရဲ့စိတ်ရှည်ဂရုစိုက်မှုတွေအောက်မှာ မင်းယွီအသားကျနေပြီဖြစ်၍ ငြိမ်သက်စွာ လုပ်ဆောင်မှုတိုင်းကို ခံယူနေပေမဲ့ နောက်ဆုံး ဖန်းဂူထွက်သွားမည်လုပ်တော့ ဖန်းဂူလက်ကို တင်းကြပ်စွာ ဆွဲထားလေတော့တယ် …

" ဘယ်ကိုသွားမလို့လဲ "

ဒီနေ့ ထူးထူးခြားခြား အနားကမခွာနိုင် တွယ်ကပ်နေတဲ့ ယုန်ငယ်လေးကို ဖန်းဂူအသဲမယားပဲမနေနိုင် … မင်းယွီလက်လေးကို ပြန်ပြီးဆုတ်ကိုင်လိုက်ပြီး လက်ဖမိုးလေးကို ဖွဖွလေး အနမ်းပေးလိုက်တယ် …  ပြီးနောက် ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်ပြီး …

" ညကပင်ပန်းထားတော့ ဗိုက်ဆာနေရောပေါ့ … ကိုယ်နေ့လည်စာပြင်ပြီးယူလာခဲ့မယ် … နာရီဝက်လောက်ပဲစောင့်နေပေး … ကိုယ်ချက်ချင်းပြန်လာခဲ့မယ် "

မင်းယွီ အခန်းထဲကနေ ထွက်သွားတဲ့ ဖန်ဂူကျောပြင်လေးကို ငေးကြည့်နေပြီးနောက် ဖွဖွလေးနမ်းသွားတဲ့ သူ့ရဲ့လက်ဖမိုးလေးကို ကြည့်ရင်း အတွေးများစွာနဲ့ ကျန်ရစ်နေခဲ့လေတော့တယ် …

ယခင်က ကြမ်းတမ်းလှတဲ့လူကြီးရဲ့ နူးညံ့တဲ့အပြုအမူတွေက မင်းယွီရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဘယ်စီးဘယ်ဝယ် ထွက်ပြေးစေလဲမသိ ယုံကြည်မှုတွေကိုသာ တိုးပွားလာစေခဲ့တယ် …

တဖက်တွင်တော့ …

ချူးရှန့်အရေးတကြီးအပြင်ထွက်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင်ပြန်ရောက်လာခဲ့တယ် … သူ့ပုံစံကရေးကြီးသုတ်ပြာနဲ့ … ရှန်ဝေက မူမမှန်ကြောင်း သတိပြုမိတာမို့ ချူးရှန့်အနား ချဉ်းကပ်လိုက်ပြီး …

" အကို … အရေးကြီးတဲ့သတင်းတစ်ခုခုရခဲ့လို့လား "

ချူးရှန့် လက်ထဲမှာလဲ ဖုန်းကို တင်းကြပ်စွာကိုင်ထားလျှက် ရှန်ဝေအမေးကိုမကြားပဲ ငေးမှိုင်လျှက် အတွေးလွန်နေပုံပင် …

" အကို … ချူးကော "

ရှန်ဝေအော်ခေါ်လိုက်မှ ချူးရှန့်အသိပြန်ဝင်လာပြီး …

" ဟမ် … အာ … ရှန်ဝေ … ဘာကိစ္စရှိလို့လဲ "

ရှန်ဝေက ချူးရှန့်အနား ဖြေးဖြေးခြင်းတိုးကပ်လိုက်ပြီး …

" ဧကန်တ … အကိုမဟုတ်တာ တစ်ခုခုလုပ်လာတာလား "

" မင်း … မင်းဘာတွေပြောနေတာလဲ "

" ကျွန်တော်ကစတာပါ "

ချူးရှန့် သူ့အားလိုက်နှောက်ယှက်နေတဲ့ ရှန်ဝေကို လစ်လျှူရှုလိုက်ပြီး မီးဖိုချောင်ထဲဝင်သွားကာ ချက်ထားတဲ့စားစရာတွေကို ပြင်ဆင်နေလိုက်တယ် … ရှန်ဝေကလဲအလျော့မပေးပဲ ချူးရှန့်နောက်ကတဖွားမှမခွာပေ …

" အကိုဘာဖြစ်လာလဲပြောပြမှ ကျွန်တော်သိမှာပေါ့ "

" မင်းသိစရာမလိုဘူး "

" အကိုက ကျွန်တော့ရဲ့ဆရာလေ … ကို့တပည့်လေးကို အဖက်မလုပ်တော့ဘူးလား "

တတွတ်တွတ်မဖြေမခြင်းမေးနေတဲ့ရှန်ဝေကြောင့် ချူးရှန့်သက်ပြင်းချလိုက်ပြီး …

" ဒါကသခင်လေးရဲ့ကိစ္စ … ငါနဲ့မင်းနဲ့မဆိုင်သလို ဝင်ပါလို့လဲမရဘူး "

" သခင်ဖန်းဂူလား … သူဘာဖြစ်လို့လဲ … သူ့ကိစ္စကဘာကြောင့်မဆိုင်ရတာလဲ … မင်းယွီကကျွန်တော့သူငယ်ချင်း … အကိုကသူ့ရဲ့လက်ရုံးပဲလေ "

" အင်း … အဲ့ဒါကမှန်ပေမဲ့ ခုဟာက အမွေကိစ္စ "

" အမွေကိစ္စ … ရှန်ဟွှာနဲ့ပတ်သပ်တာလား "

" ဟုတ်တယ် … ခုသခင်လေးရဲ့ညီရှုမန်းပြန်ရောက်လာပြီး … ရှန်ဟွှာရဲ့ ဥက္ကဌနေရာကို ယာယီလုပ်ဆောင်နေတယ်လို့ ယာရှာထံကနေသတင်းရလာတယ် …

သူမပြောကြားချက်အရ အလင်းလောကက ပိုင်ဆိုင်မှုတွေကို ရှုမန်းက ပိုင်ဆိုင်ချင်နေပုံပဲ … သူသာအားလုံးကိုစည်းရုံးပြီး သခင်လေးနေရာကိုရသွားရင် ထပ်ပြီး သခင်လေး အမှောင်ကိုရောက်သွားလိမ့်မယ် …

ဒါကြောင့် ငါတို့ဒီမှာဆက်နေနေတာထက် အမြန်ဆုံး ပြန်မှဖြစ်တော့မယ် "

ရှန်ဝေအနည်းငယ်တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ရာကို သတိရသွားပုံပင် …

" ရှုမန်းက အလွဲသုံးစားမှုနဲ့ထောင်ကျနေတာမဟုတ်ဘူးလား "

" ဟုတ်တယ် … လွန်ခဲ့တဲ့ ၃ နှစ်က ထောင်ကျနေခဲ့တာ "

" ထူးဆန်းလိုက်တာ … နာမည်ပျက်ရှိပြီးသားလူတစ်ယောက်က ထပ်ပြီးအောင်မြင်နိုင်မယ်လို့ထင်မထားဘူး "

" သူကဘယ်သူ့သွေးလဲ … ရှန်ဟွှာပဲလေ … သူ့ရဲ့နာမည်ပျက်ထက် သူ့ရဲ့သွေးသားကပိုအရေးကြီးတယ် "

ချူးရှန့်က သက်ပြင်းဖွဖွချလိုက်ရင်း …

" နဂိုကမှ ရှန်ဟွှာက ဆက်ခံသူကို အရေးတကြီးလိုအပ်နေတာ … ခုသခင်လေးက ထွက်ပြေးလာတော့ ရှုမန်းကနေရာအသာလေးရသွားသာမဆန်းပါဘူး …

ဒါပေမဲ့ သူနေရာကိုအတည်အမြဲမရသေးခင် သခင်လေးပြန်မှဖြစ်မယ် … မဟုတ်ရင် သခင်လေးရော မျိုဆက်ကိုရော ရှုမန်းအနိုင်ယူဖို့ အချိန်ပိုရသွားနိုင်တယ် …

သခင်လေးကို လွယ်လွယ်နဲ့မတိုက်ခိုက်နိုင်ဘူးဆိုပေမဲ့ မင်းယွီနဲ့လုယီလေးရှိလာပြီဆိုတော့ အရင်လိုပေါ့စနေလို့မဖြစ်တော့ဘူး  "

' ဒုံး '

ထိုစဉ် တံခါးဖွင့်သံနဲ့အတူ ခြေလှမ်းကျဲကြီးတွေနဲ့ ဖန်းဂူအခန်းလေးထဲလျှောက်လာတယ် … သူ့ရဲ့ပုံစံကတည်ငြိမ်နေပြီး ချူးရှန့်တို့ပြောစကားတွေကို နားစွန်နားဖြား ကြားသွားပုံပင် … သူ့ရဲ့အကြည့်တွေက လေးနက်စွာဖြင့် ချူးရှန့်အား မေးလာခဲ့တယ် …

" ဘယ်သူကငါ့မိသားစုကို ထိခိုက်စေမှာလဲ … ငါသူတို့ကို သတ်ပြစ်မယ် "

" သ … သခင်လေး … ဘယ်ချိန်ကရောက်နေတာလဲ "

" ငါရောက်လာတာမကြာသေးပေမဲ့ မင်းရှန်ဟွှာအကြောင်းပြောနေတာကိုငါကြားလိုက်တယ် … အရေးကြီးတဲ့ကိစ္စကို ငါ့ကိုမတင်ပြပဲ မင်းကဘာကိစ္စမဆိုင်တဲ့သူကိုသွားရှင်းပြနေတာလဲ … မင်းက ငါသိတဲ့ချူးရှန့်မှ ဟုတ်ရဲ့လား "

ဖန်းဂူရဲ့ဟိန်းဟောက်မှုကြောင့် ချူးရှန့်လန့်သွားပြီး အပြစ်ကျူးလွန်မိသွားသည့်နယ် ဦးညွှတ်လျှက် ကပြာကယာတောင်းပန်ရှာတယ် …

" ကျွန်တော်တောင်းပန်ပါတယ်သခင်လေး … ဒါပေမဲ့ ရှန်ဝေကအပြင်လူမဟုတ်ပါဘူး … ဒီကိစ္စကိုလဲ ခုပဲသခင်လေးကို တင်ပြမို့ပါပဲ …

ဒါပေမဲ့ သခင်လေးနိုးနေမှန်းမသိလိုက်လို့ပါ … သခင်လေးပင်ပန်းပြီး ခုချိန်ထိ အိပ်နေဦးမယ်ထင်ထားတာ … နှောက်ယှက်မိမှာဆိုးလို့ လာမပြောသေးတာ "

ဖန်းဂူက မျက်ခုံးကြုတ်ထားလျှက် …

" မင်းသူ့ကို ယုံလား "

" ရှန်ဝေလား … သူကလူကောင်းတစ်ယောက်ပါ … အကယ်၍ သူသာ ရှန်ဟွှာနဲ့သခင်လေးအပေါ်သစ္စာဖောက်တစ်ယောက်ဆိုရင် သခင်အရှေ့မှာပဲ ကျွန်တော့လက်နဲ့သတ်မှာမို့ မပူပါနဲ့ "

" ကောင်းပြီ … သူ့ကြောင့် ငါ့မိသားစုထိခိုက်မယ်ဆိုရင် မင်းသတ်တာကိုမစောင့်ဘူး … ငါကိုယ်တိုင်သတ်ပြစ်မယ် "

ဖန်းဂူက ချူးရှန့် ရှန်ဝေအပေါ်ယုံကြည်နေတာမြင်ရတော့ ရှန်ဝေကိုကြည့်ကာအကဲခပ်လိုက်တယ် … ရှန်ဟွှာအကြောင်းသိနေတာတောင် သူ့ကိုသတ်ဖို့ထိ ချိန်းခြောက်နေတာတောင်မှ ရှန်ဝေပုံစံက စိတ်လှုပ်ရှားခြင်း ထူးဆန်းတဲ့အမူအယာတစ်စုံတစ်ရာမရှိ လွန်စွာတည်ငြိမ်နေတာမို့ သူ့ရဲ့မျက်နှာက ဖတ်ရခက်လှတယ် … လူအကဲခပ်တော်တဲ့ ဖန်းဂူတောင် ရှန်ဝေခံစားချက်ကိုမဖတ်နိုင်ဘူး … ဒါမှမဟုတ်လဲ ရှန်ဝေက ချူးရှန့်ထင်သလို သစ္စာရှိတဲ့လက်ထောက်တစ်ယောက်ဖြစ်နေတာကြောင့်လား …

ဖန်းဂူက လူတွေနဲ့ပတ်သပ်ရင် ရှည်ရှည်ဝေးဝေးတွေမနေတတ်သလို သူယုံကြည်လို့ရမယ် မထင်တဲ့လူဆို သတ်ပြစ်လိုက်တာမို့ ခုရှန်ဝေကိုလဲ ခေါင်းစားခံပြီး အကဲခပ်နေမှုကို ရပ်တန့်လိုက်တယ် … ပြီးတော့ ချူးရှန့်ရဲ့တင်ပြမှုကို ဆက်လက်နားထောင်နေလိုက်တယ် …

" မနက်က ကျွန်တော် ရွာသားတစ်ယောက်နဲ့ သခင်လေးတို့နိုးလာရင်ဟင်းချိုသောက်ဖို့ လတ်ဆတ်တဲ့အရွက်ခူးမယ်ဆိုပြီး ရွာထိပ်က လယ်ကွင်းရှိတဲ့နေရာသွားခဲ့တယ် …

ထုံးဆန်အတိုင်း လုယီလေးကလိုက်ခဲ့ဖို့ပူဆာနေတာမလို့ ကျွန်ခေါ်သွားပြီးအပျင်းပြေကစားဖို့ ကျွန်တော့လက်ကိုင်ဖုန်းလေးပေးထားခဲ့တယ် … လယ်ကွင်းထဲမှာ ဂိုယောင်းတို့နဲ့တွေ့ပြီး လုယီလေးကနေခဲ့ချင်တယ်ဆိုလို့ ကျွန်တော်ထားခဲ့ပြီး အိပ်ပြန်ဟင်းလာချက်နေချိန် ရွာသားတစ်ယောက်အလောတကြီးပြေးလာတယ် …

သူပြောတာက ကျွန်တော့လက်ကိုင်ဖုန်းက တုန်နေတယ်တဲ့ … ဒီရောက်ကတည်းက လိုင်းမမိလို့အဆက်အသွယ်ပျက်နေတာ … ကျွန်တော်အပြေးလေးသွားကြည့်တော့ ဖုန်းတစ်ကောဝင်နေတယ် … အဲ့ဒါ ယာရှာဆီက "

" ယာရှာ … သူမကအရေးမကြီးရင် ဖုန်းခေါ်မဲ့သူစားမျိုးမဟုတ်ပါဘူး "

" ဟုတ်ပါတယ် .… ကျွန်တော် ဟိုတစ်ခါသွားကတည်းက သူ့ကိုရှန်ဟွှာကိုသေချာစောင့်ရှောက်ပေးပြီး သတင်းတွေအဆက်မပြတ်စာနဲ့ပေးဖို့ပြောထားတာ … ကျွန်တော်ပြန်ခေါ်လိုက်တော့ သူပြောတာက ခုရှန်ဟွှာကိုသခင်ရှုမန်းပြန်ရောက်နေပြီတဲ့ "

ဖန်းဂူမျက်နှာမဲမှောင်လျှက် …

" ရှုမန်း … အဲ့ကောင် ပြန်လာရဲသေးတယ်ပေါ့ "

" ဟုတ်တယ် … သူပြန်လာယုံမကပဲ လုပ်ငန်းတွေကိုပါ ယာယီဦးဆောင်နေတယ်လို့ပြောတယ် "

" ဟက် … ဒီခွေးကောင်က သူကိုယ်တိုင်မီးထဲခုန်ဆင်းပြီးမှ ပူတယ်ဆိုပြီးပြန်တက်လာချင်နေတယ်ပေါ့လေ … မင်းကိုအဝီစိရောက်အောင် ငါကိုယ်တိုင်ကန်မချရသေးလို့ပြန်တက်လာတာလား … ရှန်ဟွှာက ပြန်လာချင်တိုင်းလာလို့ရမဲ့နေရာလို့ ထင်နေတာလား "

" သခင်လေး စိတ်လျော့ပါ … ခု … ခုအခြေအနေက သူကအတင်းနေရာလုတာမဟုတ်ပဲ သခင်ကြီးကိုယ်တိုင်က ပေးလိုက်တာလို့ပြောတယ် "

" ဘာ "

ဖန်းဂူဒေါသကိုသိနေတဲ့ ချူးရှန့်က ဒေါသမပေါက်ကွဲခင် စကားနဲ့အလျှင်အပြန်ထိန်းလိုက်ရတယ် …

" သ … သခင်ကြီးက နေရာပေးတယ်လို့တော့မဟုတ်ပါဘူး … သခင်လေးသာပြန်လာရင် သူကအလိုလိုနေရာပြန်ပျောက်သွားမှာပါ …

သခင်ကြီးက အရာအားလုံးကိုသခင်အပိုင်လို့ပြောပြီးပြီပဲ … ရှန်ဟွှာက သခင်ဖန်းဂူအပိုင်ပါ … သခင်ရှုမန်းဘယ်လောက်ပဲနေရာရနေပါစေ အချိန်တန်ရင်အပြင်ပြန်ရောက်မှာ "

ဖန်းဂူပုံစံကလေးနက်စွာဖြင့် ခန့်မှန်းရခက်လှတယ် …

" အဖိုးကဘာသဘောနဲ့သစ္စာဖောက်ကို အိမ်ပြန်လာခွင့်ပြုတာလဲ … ငါမရှိရင်တောင် အဖေကဒါလေးတောင်မဦးဆောင်နိုင်တော့ဘူးလား "

" ကျွန်တော့အထင် သခင်ကူးမန်မှာလဲ အလုပ်တွေရှုတ်နေတယ် … သခင်မကလဲ မိန်းမသားဆိုတော့ အရာအားလုံးကိုလိုက်ပြီး ကြီးကြပ်ရတာပင်ပန်းနေမှာ … သခင်ကြီးကအသက်ကြီးလာတော့ နောက်ဖေးကအိမ်ငယ်လေးမှာပဲအချိန်တိုင်းသွားနေပြီး ကြည့်ရတာ လုပ်ငန်းတွေအပေါ်အာရုံရတော့မယ်မထင်ဘူး …

ခုသခင်လေးသာအိမ်တော်ကိုပြန်သွားရင် သခင်ရှုမန်းအလိုလိုနေရာပျောက်သွားမှာပါ … ပြီးတော့ လုယီလေးကိုလဲ တွေ့ချင်နေကြတယ်လို့ပြောတယ် … သူတို့လုယီလေးကိုတွေ့ရင် ဘယ်လောက်ပျော်လိုက်ကြမလဲ "

" အင်း … မင်းပြောသလိုလုပ်တာပေါ့ … အိမ်တော်ကိုပြန်ဖို့ စီစဉ်ထားလိုက် … ငါမင်းယွီကိုဖြောင့်ဖျကြည့်လိုက်မယ် … သူကြည်ဖြူမှ ငါအိမ်ပြန်မယ် "

" ဟုတ်ကဲ့ပါသခင်လေး "

" ခုနေ့လည်စာပြင်လိုက် … ငါမင်းယွီအတွက်ယူသွားရမယ် …

အော် … ဒါနဲ့ … သားလေးဘယ်မှာလဲ … အစာရောစားပြီးပြီလား "

"  ပြီးပါပြီ … ကျွန်တော်နဲ့ပြန်လာပြီးကတည်းက YiYi လေး သူ့ပါပါးကိုအတင်းတွေ့ချင်တယ်လုပ်နေလို့ ရှုယွမ်ကူညီပြီးခေါ်သွားပေးတယ် "

" ကောင်းပြီ … ခုသားလေးကိုကြည့်ထိန်းပေးထား … မင်းယွီပင်ပန်နေသေးတော့နှောက်ယှက်လို့မဖြစ်ဘူး … သူအနားယူပြီးမှ သားလေးကိုအခန်းထဲပေးဝင်မယ် "

" စိတ်ချပါ … ခုပဲမင်းယွီအတွက် စားစရာတွေပြင်လိုက်ပါ့မယ် "

တစ်ခနကြာတော့ စားစရာဗန်းကိုကိုင်ပြီး ဖန်းဂူ မင်းယွီအခန်းလေးထဲ ပြန်ဝင်လာခဲ့တယ် … မင်းယွီစားတာအနှောက်အယှက်ဖြစ်မှာဆိုး၍ ပြီးမှအိမ်ပြန်ဖို့ကိုပြောဖို့ ဆုံးဖြတ်လိုက်တယ် …

" ဗိုက်ဝပြီလား … စာတာနည်းလိုက်တာ "

" ကျွန်တော်စားပါတယ် … ယူလာတာကများလွန်းနေတာ "

" ဟုတ်ပါပြီ … ဒါဆိုပြန်နားလိုက် … မင်းသောက်ဖို့ ရေယူလာပေးမယ် "

စားသောက်ပြီးသွားတော့ ဖန်းဂူ မင်းယွီဘေးနားကမခွာပဲ ကုတင်ပေါ်တက်ထိုင်လိုက်တယ် … သူ့ရဲ့လက်မောင်းပေါ်ကို မင်းယွီကို မှီထားစေပြီး ပွေ့ဖက်ထားလျှက် …

" ကိုယ်တို့ အိမ်ပြန်ကြရင်ကောင်းမလားလို့ "

" ဟင် … မြို့တော်ကိုပြန်ချင်လို့လား … အရေးကြီးကိစ္စပေါ်လာလို့လား "

" ကို့အတွက်က ကိစ္စမရှိပါဘူး … မင်းနေချင်သေးလဲအဆင်ပြေတယ် … ဒီရွာလေးကိုရောက်သာတစ်လတောင်ကြော်ပြီဆိုတော့ မင်းပြန်ချင်နေပြီလားမေးကြည့်တာ "

မင်းယွီက ဖန်းဂူလက်မောင်းပေါ်မှီထားလျှက် ဘေးနားကပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့တောင်တန်းကြီးကို ငေးကြည့်ရင်း …

" ဟုတ်သားပဲ … တစ်လကျော်သွားပြီ … မကြာသလိုပဲနော် … အားလုံးနဲ့မိသားစုလိုရင်းနီးနေမှခွဲခွာရမယ်ဆိုတော့ ဝမ်းနည်းစရာပဲ "

" မင်းမပြန်ချင်သေးရင်လဲ ဆက်နေလို့ရတယ် "

" အဲ့လိုလဲဘယ်ဟုတ်ပါ့မလဲ … ဒီမှာနေတာကစိတ်ကြည်နူးရပေမဲ့ တစ်ဖက်ကကြည့်ရင် ပုန်းရှောင်နေတာနဲ့တူနေတယ် …

ကျွန်တော်တို့ရင်ဆိုင်ရမဲ့အရာတွေအများကြီးရှိသေးတယ် … အချိန်ဆွဲနေတာက ကောင်းတဲ့အရာမဟုတ်ဘူး … ပြီးတော့ ရှန်သခင်လေးက အလုပ်တွေရှိသေးတယ်မဟုတ်လား … ကျွန်တော်တို့ အလုပ်တွေကိုပြစ်ထားမိတာကြာနေပြီ … ခုဆိုဘာတွေများဖြစ်နေပြီလဲ … ဟိုလူတွေရော … "

" ကိုယ်ဘယ်သူလဲမေ့သွားပြီလား … အဲ့မြေခွေးအဖွဲ့ကိုအဲ့နေ့ကတည်းကရှင်းပြီးသွားပြီ … အလုပ်ကလဲကြီးကြပ်မဲ့သူရှိနေတာမို့ပူစရာမလိုဘူး … အဓိကက မင်းစိတ်ကျေနပ်စေဖို့ပဲ … မင်းမပြန်ချင်ရင်ပြန်စရာမလိုဘူး "

" ဒါပေမဲ့ ရှန်ဟွှာက … "

" ကို့အတွက်ပူနေတာဆိုရင် ပူမနေနဲ့တော့ … ကိုယ်အားလုံးကိုပိုင်ဆိုင်ခဲ့ပြီးပြီ … ခုပိုင်ဆိုင်နေတဲ့ ပျော်ရွှင်မှုလေးကိုဆက်ပြီးရရှိဖို့အတွက် အရင်ကပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတွေနဲ့လဲရမယ်ဆိုရင်တောင် အဲ့ဒါတွေအားလုံးနဲ့ ဒီပျော်ရွှင်မှုကိုလဲနိုင်တယ် "

" တကယ်ပဲလား … ကျွန်တော့အတွက်နဲ့ အားလုံးကိုလဲနိုင်တယ်ပေါ့ "

" အင်း … ဘယ်အရာနဲ့ဖြစ်ဖြစ် မင်းပျော်ရွှင်မယ်ဆို လဲနိုင်တယ် "

" ဒါဆို Lion နဲ့ရော "

မင်းယွီရဲ့စကားကြောင့် ဖန်းဂူတိတ်ဆိတ်သွားပေမဲ့ မင်းယွီကလဲအလျော့မပေး … သူအကြားချင်ဆုံးအဖြေစကားကိုကြားရဖို့ ထပ်မံရှင်းလင်းစွာမေးလိုက်တယ် …

" Lion ဘဝကိုစွန်လွှတ်လိုက်ရင် ကျွန်တော်ပျော်ရွှင်မယ်ဆိုရင် Lion ကိုစွန့်လွှတ်မှာလား "

ဖန်းဂူသူ့ရဲ့လက်မောင်းကြားကနေ သူ့အား မျှော်လင့်ချက်ကြီးမားတဲ့မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေတဲ့ မင်းယွီကိုငေးကြည့်နေရင်း ဒီတောင်းဆိုချက်ကိုဖြေကြားဖို့ သူ့စိတ်ကိုပြန်ပြီးစမ်းစစ်လိုက်တယ် …

ဖန်းဂူဆိုတဲ့သူလိုလူက စကားကိုလွယ်လွယ်မပြောတတ်သလို ပြောပြီးသားစကားကိုလဲ တာဝန်ယူတတ်တဲ့သူမျိုး … ဒါကြောင့် သူ့ရဲ့ဘဝနဲ့ဆိုင်တဲ့ ဒီတောင်းဆိုမှုကို မတွန့်မဆုတ်ပဲဖြေဖို့က သူ့အတွက်ခက်ခဲနေတယ် …

မင်းယွီကလဲ အရေးကြီးတဲ့အဖြေမို့ ချက်ချင်းဖြေတာထက် လေးနက်စွာတွေးပြီး စိတ်ရင်းမှန်နဲ့ပြန်ဖြေတာကိုလိုချင်တာမို့ စိတ်ရှည်စွာပင်စောင့်နေတယ် …

တိုက်ခိုက်ချင်းဆိုတာ ဖန်းဂူရဲ့ဘဝ ဖန်းဂူရဲ့ဇာတိရပ်တစ်ခုလိုပဲ မွေးဖွားကတည်းက တိုက်ပွဲတွေနဲ့စတင်လာခဲ့သူ … လက်နတ်ဆိုတာ သူ့ရဲ့ကစားစရာတစ်ခုဆိုလဲမမှားဘူး … အားလုံးရဲ့လေးစားမှုခံရဖို့က သူ့ရဲ့အိမ်မက်ပဲ … နေရာတစ်ခုရဖို့ အသက်များစွာကိုစတေးပြီး မျက်ရည်များစွာ သွေးချွေးများစွာကိုချနင်းပြီး မာန်အပြည့်နဲ့ သနာညှာသာမှုမရှိလျှောက်လှမ်းလာခဲ့ပြီးပြီ … ခင်္သြေံတစ်ကောင်လို အားအင်ပြည့်ဖို့ နာကျင်မှုများစွာကိုသည်းခံခဲ့ရတယ် …

ခုအားလုံးပြီးပြည့်စုံသွားပေမဲ့ သူ့ရဲ့အသက် ၃၀ ကျော်မှ သူလိုကြမ်းတမ်းရက်ဆက်သူတစ်ယောက်ကို ကံတရားကြီးက နူးညံ့တဲ့အချစ်ဆိုတာနဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ် … အဲ့ဒါအပြင် ပျော်ရွှင်စရာမိသားစုလေးပါအစစ်ပါလာသေးတယ် …

ဟား … ဘယ်လောက်တောင်ရယ်စရာကောက်လိုက်သလဲ … မာကျောတဲ့ကျောက်တုံးကို ထုထည်မရှိတဲ့ရေကတိုက်စားသွားတာကိုမြင်ဖူးလား … ပင်လယ်ကမ်းခြေကကျောက်စတွေက ဖြစ်တည်လာကတည်းက အဲ့ဒိအရွယ်အစားအတိုင်ပဲဆိုတာမရှိဘူး … ရေရဲ့တိုက်စားမှု မြေပြင်နဲ့ထိခပ်မှုတွေကနေ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး ကျောက်တုံးကနေ ကျောက်စလေးတွေအဖြစ်ပြောင်းလဲသွားကြတယ် …

ခုလဲဒီလိုပါပဲ … ဖန်းဂူရဲ့မာကျောတဲ့ကျောက်တုံးလိုနှလုံးသားက မင်းယွီရဲ့ရေလိုအချစ်စစ်တွေနဲ့ရိုက်ခပ်ခံရပြီး မြေပြင်လို မိသားစုရဲ့နွေးထွေမှုဆိုတဲ့အရာနဲ့ ထိခပ်သွားတဲ့အခါ အတုမရှိတဲ့ကျောက်တုံးလိုနှလုံးသားဟာလဲ အစိတ်စိတ်အမွှာမွှာကွဲကြေလို့သွားခဲ့ပြီ …

ဘယ်လောက်ပဲအသဲမာနေပါစေ နူးညံ့တဲ့အချစ်နဲ့တွေ့ရင် အားနည်းတဲ့ရေကကျောက်တုံးကိုဝါမျိုသွားသလို အချစ်ဆိုတဲ့နူးညံ့တဲ့တရာလေးကလဲ မာကျောတဲ့အသဲနှလုံးကို ဝါမျိုသွားနိုင်တယ် … ဖန်းဂူဆက်ပြီးအသဲမမာနိုင်တော့ဘူး … ဒီတောင်းဆိုမှုက သူ့အတွက်ဖြေရခပ်ပေမဲ့ ဘယ်လောက်ပင်စဉ်းစားပါစေ နောက်ဆုံး သူဆုံးဖြတ်မဲ့အဖြေက တစ်ခုတည်းပါပဲ …

ထိုအရာက …

" ပါပါး "

လေးနက်စွာတွေးတောနေတဲ့ သူတို့ရဲ့အာရုံတွေကိုဖြိုခွင်းသွားတဲ့အသံလေးက လုယီရဲ့အော်ခေါ်သံလေး … ခနကြာတော့ ခြေသံသေးသေးလေးက အခန်းဝကနေ ကုတင်ရှိရာထံပြေးလာပြီး အလျှင်အမြန်ပဲ သူတို့ ၂ ယောက်ကြား ပြေးဝင်လာလေတော့တယ် …

လုယီလေးရဲ့ နက်မှောင်တဲ့ဆံနွယ် အကြည့်စူးစူးလေးတွေက ဖန်းဂူနဲ့ထပ်တူကျနေပြီး စိတ်နှလုံးသားလေးက မင်းယွီလိုဖြူစင်နူးညံ့သည့်အပြင် စိတ်ကောက်တတ်တာလေးကတော့ သူ့ရဲ့မွေးရာပါအမွေလို့ဆိုရမယ် …

နှုတ်ခမ်းလေးဆူပြီး ဖန်းဂူကိုတစ်လှည့်မင်းယွီကိုတစ်လှည့်ကြည့်နေပြီး အသံစူးစူးလေးနဲ့ အော်ပြောလာတယ် …

" YiYi ကိုပြစ်ထားကြတယ် … ပါပါးမကောင်းဘူး "

ငိုမဲ့မဲ့လေးလုပ်နေတဲ့လုယီလေးကို မင်းယွီချော့ဖို့ကြိုးစားပေမဲ့ လုယွီလေးက အလျှင်အပြန်ထလိုက်ပြီး မင်းယွီကိုယ်ပေါ်ခြုံထားတဲ့စောင်ကို ဆွဲမလိုက်တယ် … တစ်စုံတစ်ရာကိုအသည်းအတန်ရှာနေပုံပဲ …

" ဘယ်မှာဖွက်ထားတာလဲ "

လုယီလေးက ဘယ်မှာဖွက်ထားတာလဲ တတွတ်တွတ်မေးရင် ဖန်းဂူရဲ့အနောက် ခေါင်းအုံးတွေကြား စောင်ပုံတွေအောက် ကုတင်အခြေတွေကုန်းရှာပြီးမတွေ့တော့ စိတ်ဓာတ်ကျသွားတဲ့အကြည့်လေးနဲ့ မင်းယွီထံပြန်ရောက်လာပြီး ရင်ခွင်ထဲတိုးဝင်လာတယ် …

" သားလေး ဘာရှာ … "

သူ့ရဲ့စကားပင်မဆုံးသေး မင်းယွီရဲ့ ရှပ်အင်္ကျီကို ဆွဲမကာ ခုလေးတင်အစာစားထား၍ ဖောင်းနေတဲ့ ဗိုက်သားလေးကို လက်သေးသေးလေးနဲ့ဖွဖွလေးကိုင်လိုက် နားလေးနဲ့ကပ်လိုက်လုပ်ပြီး ထိုးထိုးလေးပြောလိုက်တဲ့စကားတစ်ခွန်းက …

" ညီမလေးလေး ထဲထဲမှာပုန်းနေတာလား … ကိုကိုနဲ့ကချားရအောင်ထွက်လာခဲ့ "

" …… "

" …… "

မင်းယွီနဲ့ဖန်းဂူ ကြက်သေသေသွားပြီး စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ … လုယီလေးရဲ့အမူအယာနဲ့အပြောအဆိုကိုအံ့ဩတာရယ် ညကကိစ္စကိုပြန်တွေမိတာရယ်နဲ့ပေါင်းပြီး နှစ်ယောက်သားမျက်နှာတွေနီရဲလာပြီး အကြည့်ချင်းမစုံနိုင်တော့ပဲ မျက်နှာလွှဲလိုက်တယ် … ဖန်းဂူကချောင်းဟန့်နေပြီး မင်းယွီကတော့ တတွေးကိုသာအကြိမ်ကြိမ်မျိုချနေမိတယ် … သားလေးဒီအကြောင်းကို ဘယ်လိုသိသွားမှန်း သူမတွေးတတ်တော့ဘူး …

ခနကြာတော့မှ သူ့ရဲ့ဝမ်းဗိုက်ကိုကပ်ပြီး စကားတွေတတွတ်တွတ်ပြောနေတဲ့ လုယီလေးကို ဆွဲမကာ သူနဲ့ဖန်းဂူကြားထဲထားလိုက်ပြီး …

" လုယီ … ပါပါးဗိုက်ထဲမှာ ညီမလေးရှိတယ်လို့ ဘယ်သူကပြောတာလဲ "

" ဦးဦးယွမ်ပြောပြတာ … ညက ပါပါးတို့ YiYi အတွက် ညီမလေးလေးရအောင်ယူပေးတာတဲ့ … ခုညီမလေးလေးဘယ်မှာလဲဟင် "

" …… "

" ဒီခွေးကောင်တော့ … ကလေးကို ပေါက်ကရတွေပြောပြထားတယ် "

ဖန်းဂူက ရှက်လဲရှက် … သူ့တို့အကြောင်းကွယ်ရာမှာပြောတဲ့သူက ရှုယွမ်ဖြစ်နေတော့ မပေါက်ကွဲပဲမနေနိုင် … ထိုအခါ လုယီလေးက ဖန်းဂူထံလှည့်ကြည့်လိုက်ပြီး …

" ဟင် … ဦးဦးယွမ်က အဟုတ်ပြောတာပါနော် … ညီမလေးလေးကတကယ်ရမှာတဲ့ … မရဘူးဆိုရင် အဲ့တာ ဒယ်ဒီညံ့လို့ပဲ … ဟွန့် "

စကားတတ်လေးလုယီရဲ့ပြန်လည်ချေပတဲ့စကားလုံးတွေအောက်မှာ ဖန်းဂူ စကားအထစ်ထစ်နဲ့ ကို့သိက္ခာကိုပြန်ဆယ်နေရလေတော့တယ်  …

" ဘ … ဘာ … အဟင်း …ပိုင်လုယီလေး … မင်းအရွယ်နဲ့ ဒီလိုမျိုးတွေမပြောရဘူးကွ …

မင်းဒယ်ဒီဘယ်လောက်တော်ကြောင်း ပါပါးအသိဆုံး … မယုံရင်မေးကြည့်လိုက် "

ထိုအခါ လုယီလေးက မင်းယွီထံလှည့်သွားပြီး …

" ဟုတ်လားပါပါး … ဒယ်ဒီတော်ရင် ညီမလေးလေးရော ညီညီလေးရော အများကြီးရမှာပေါ့နော် "

မင်းယွီမျက်နှာတပြင်လုံးရဲနေပြီး သားအဖနှစ်ယောက်ရဲ့စကားတွေကြောင့် စွံ့အလို့နေတယ် …

" ဘာ … ဘာတွေပြောနေတာလဲ … အဲ့လိုမဟုတ်ဘူး … လုယီလေး အဲ့ဒါကလေ … "

လုယီလေးက သူ့ပါပါးထံကမရေရာတဲ့အဖြေစကားတွေကိုဆက်နားမထောင်ပဲ နှုတ်ခမ်းလေးဆူလျှက်ပြောလိုက်တယ် …

" အဲ့လိုဟုတ်ဘူးဆိုရင် ဒယ်ဒီမကောင်းလို့ပေါ့ … အဲ့လိုဆိုရင် ဒယ်ဒီကိုလုပ်ခိုင်နဲ့တော့ … ညီမလေးလေးလဲရပဲနဲ့ လုပ်နေလဲအပိုပဲ … ဟွန့် "

မင်းယွီရှက်စိတ်ထက် လုယီစကားကြောင့်ဖြစ်ပျက်သွားတဲ့ ဖန်းဂူမျက်နှာကိုကြည့်ပြီး ရယ်လိုက်မိတယ် … ဒါက နည်းနည်းတော့ပျော်စရာကောင်းသား …

" အင်း … ဟုတ်တယ်နော် … ဒယ်ဒီကိုမလုပ်ခိုင်တော့ဘူး "

မင်းယွီရဲ့ထောက်ခံစကားကြားရတော့ ဖန်းဂူခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပုံက တစ်သက်မမေ့ဖွယ်ရာ …

" အဲ့ဒါက … မဟုတ်ဘူးလေကွာ "

ဖန်းဂူက ရှင်းပြဖို့ကြိုးစားပေမဲ့ လုယီလေးကအဖက်မလုပ်တော့ပဲ မင်းယွီအား လှည့်ကြည့်ကာ ပြုံးလိုက်ပြီး …

" ဟီး … ပါပါးနဲ့YiYi ပဲတူတူနေမယ် … ဒယ်ဒီရော ညီမလေးရောလိုဘူး … ပါပါးက YiYiကိုပဲချစ်ကမယ် "

ဖန်းဂူရဲ့အမူအယာကိုကြည့်ပြီး မင်းယွီတစ်ခ်ခ်ရယ်ရင်း …

" ခ်ခ် … လုယီလေးကိုပါပါးချစ်ဆုံးပါဗျာ "

လုယီလေးက မင်းယွီပါးလေးကိုနမ်းလိုက်ပြီး …

" ဒါဆို ညကျရင် YiYi ကိုပြစ်ထားရဘူး … ပါပါးနဲ့အိပ်မှာ "

" သားလေးကိုပြစ်မထားတော့ဘူး … သားလေးကပါပါးတို့နဲ့တူတူအိပ်ရမယ်  ပါပါးရယ် ဒယ်ဒီရယ် YiYi လေးရယ် "

" အင်း … အင်း … YiYi ကျေနပ်တယ် "

လုယီခေါင်းသေးသေးလေးက မင်းယွီရင်ခွင်ထက်မှီပြီး မင်းယွီခါးလေးကို လက်သေးသေးလေးနဲ့ တင်းကြပ်စွာဖက်ထားလျှက် … မင်းယွီဦးခေါင်းက ဖန်းဂူပခုံးပေါ်မှီပြီး ဖန်းဂူရဲ့ရင်ခွင်ကျယ်ကြီးက မင်းယွီကိုရော ကြားထဲကလုယီလေးကိုပါ ပွေ့ဖက်ထားလေတယ် … ဖခင် ၂ ယောက်ရဲ့အနွေးဓာတ်တွေကြောင့် လုယီလေး ခနကြာတော့ နှစ်ခြိုက်စွာအိပ်မောကျသွားလေတော့တယ် …

ထိုအခါမှ ဖန်းဂူ သူ့ပခုံးပေါ်မှီထားတဲ့မင်းယွီနှဖူးလေးပေါ်က ဆံနွယ်တွေကို လက်နဲ့သပ်လိုက်ပြီး နူးညံ့တဲ့နှုတ်ခမ်းသားလေးနဲ့ဖွဖွလေးထိကပ်လိုက်တယ် … ဖန်းဂူရဲ့အနမ်းကြောင့် မျက်လုံးပိတ်ပြီးမှေးဆပ်နေတဲ့မင်းယွီမျက်လုံးလေးပွင့်လာခဲ့တယ် … ပြီးနောက် သူ့ရဲ့နားနားလေးကိုကပ်ပြီး လေပူတွေရဲ့တိုက်ခပ်မှုနဲ့အတူ အသံတိုးတိုးလေးကိုပါကြားလိုက်ရတယ် …

" ကိုယ် Lion ဘဝကို စွန့်လွှတ်လိုက်တော့မယ် "

" …… "

လေနက်တည်ကြည်ပြီး ပျက်သားလှတဲ့စကားလုံးတွေအောက်မှာ မင်းယွီစွံ့အသွားပြီး သူ့ရဲ့မျက်ဝန်းတွေက အံ့ဩမှုအပြည့်နဲ့ ဖန်းဂူအားမော့ကြည့်လိုက်တယ် … သူနဲ့အကြည့်ချင်းဆုံမိသွားတော့ ဖန်းဂူမျက်ဝန်းတွေမှာ နောင်တတွေ မရေရာမှုတွေဆိုတာ တစ်ခုမှရှိမနေဘူး … ယုံကြည်ချက်အပြည့်နဲ့ သူ့ပုံစံက ပျော်ရွှင်နေတဲ့ပုံပဲ …

မင်းယွီသူ့ကို မယုံကြည်နိုင်စွာကြည့်နေတာကိုမြင်တော့ ဖန်းဂူ တူညီတဲ့အဖြေစကားကို တွန်းဆုတ်ခြင်းမရှိ ထပ်မံပြောကြားလာတယ် …

" ကိုယ် ခုချိန်ကနေစပြီး မင်းမကြိုက်တဲ့ Lion ဆိုတဲ့ဘဝကို စွန့်လွှတ်လိုက်တော့မယ် … Lion တင်မကဘူး ကိုယ်ပိုင်ဆိုင်တဲ့အရာအားလုံး မင်းနဲ့သားလေးကလွဲပြီးအားလုံးကိုစွန့်လွှတ်နိုင်တယ် …

ခုကိုယ်က သာမန်လူတစ်ယောက်ဖြစ်သွားပြီ … မင်းနဲ့အတူ အလင်းမှာပဲနေတော့မယ် … မင်းနဲ့သားလေးအတွက် ကိုယ် ရှာကြွေးနိုင်တယ် … မင်းမကြိုက်တဲ့လူသတ်တာတွေ တခြားကိစ္စတွေ ကိုယ်ဘာမှမလုပ်တော့ဘူး …

ဒီရွာလေးမှာလဲ မင်းကြိုက်သလောက်နေနိုင်တယ် … ကိုယ်မင်းအတွက် အရာအားလုံးကိုဖြည့်စည်းပေးမယ် "

ရှန်ဖန်းဂူက သူ့ရဲ့ပိုင်ဆိုင်မှုဂုဏ်ပုဒ်တွေစွန့်လွှတ်ပြီး မင်ယွီနဲ့သားလေးကိုရွေးချယ်မယ်လို့ ဘယ်သူကထင်မိမှာလဲ  … မင်းယွီကိုယ်တိုင်လဲမထင်ထားဘူး … ဒီအဖြေစကားက မင်းယွီကို အကြီးကြီးလျော့ရသွားစေတယ် … မင်းယွီမယုံကြည်နိုင်၍ ထပ်မံမေးမြန်းနေမိတယ် …

" ထပ်ပြောပါအုံး … ကျွန်တော်နဲ့ Lion ဘယ်သူ့ကိုရွေးမှာလဲ "

" ကိုယ်မင်းကိုပဲရွေးမှာ … Lion ဆိုတာ ကို့ကြောင့်ဖြစ်တည်လာတဲ့အရာတစ်ခု … ဒါပေမဲ့ မင်းဆိုတဲ့အရာက ဘုရားရှင်ကကို့အတွက်ဖန်ဆင်းပေးလိုက်တဲ့ တစ်ခုတည်းသောလက်ဆောင် … ဒါကြောင့် Lion ထပ် ကိုယ်မင်းကိုပဲတန်ဖိုးထားမယ် … မင်းကိုပဲ ကိုယ်ရွေးချယ်မယ် "

" တကယ်ပဲလား … ကျွန်တော်တို့နဲ့အတူ တစ်သက်လုံး ဒီတိုင်လေးပဲနေသွားပေးမှာလား "

" ဒါပေါ့ … မင်းနဲ့သားလေးရှိနေရင် ပစ္စည်ဥစ္စာတွေမရှိတဲ့ ဒီလိုအရပ်မျိုးမှာတောင် ကိုယ်တစ်သက်လုံးနေသွားနိုင်တယ် "

မင်းယွီမျက်ဝန်းတွေကနေ ပျော်ရွှင်မှုကြောင့် ကျလာတဲ့မျက်ရည်တွေက အတားအစီးမရှိခဲ့ … ဝမ်းသာမှု ပျော်ရွှင်မှုတွေက မျက်ရည်အဖြစ်ရှန်ထွက်လာပြီး စိတ်ရှိတိုင်း အော်ပြစ်လိုက်ချင်ပေမဲ့ သားလေးနိုးသွားမည်ဆိုး၍ မင်းယွီ မျက်နှာကိုလက်နဲ့အုပ်ထားလိုက်တယ် …

ဖန်းဂူက မျက်နှာပေါ်က မင်းယွီလက်လေးကို ဆွဲခွာလိုက်ပြီး ဆိုရွှဲနေတဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်တယ် …

" ဘာကြောင့်ငိုနေတာလဲ … အဲ့လောက်တောင် ပျော်ရလား "

" အဟင့် … ကျွန် … ကျွန်တော် ပျော်တာပေါ့ … ရွှတ် ( နှာရှုန့်သံ ) … ကျွန်တော် ဘယ်လောက်တောက်ပျော်နေမိလဲ ခများကြီးမသိနိုင်ပါဘူး "

ဖန်းဂူက တောက်ပစွာပြုံးလျှက် မင်းယွီရင်ဘက်ပေါ်က လုယီခေါင်းသေးသေးလေးကို လက်လေးနဲ့ဖွဖွလေးကိုင်လိုက်ပြီး …

" ကိုယ်လဲပျော်တယ် … ကိုယ်ကလုယီလေးရဲ့အဖေ ပြီးတော့မင်းရဲ့ယောက်ျားဖြစ်ခွင့်ရလို့ "

" လုယီလေးရဲ့အဖေမာဖီးယား ကျွန်တော့ရဲ့အယ်ဖာ ခများက ခုလူကောင်းဖြစ်သွားပြီဆိုတော့ ကျွန်တော်က ပိုပျော်တာပေါ့ "

" အဟား … ဟုတ်ပါပြီဗျာ … မင်းပျော်ရင် ကိုယ့်ကို ဆုမချချင်ဘူးလား "

ထိုအခါ မင်းယွီပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး သူ့ရဲ့လက် ၂ ဖက်နဲ့ ဖန်းဂူပါးလေးပေါ်တင်လိုက်ပြီး အနားနားဆွဲယူကာ နှုတ်ခမ်းလေးအား နူးညံ့စွာနဲ့အနမ်းလေးပေးလိုက်တယ် …

" ကျေနပ်ပြီလား … လုယီဒယ်ဒီ "

" ဟင့်အင် … ဒီလောက်နဲ့မရဘူး  လုယီပါပါး … လုယီဒယ်ဒီကဒိထပ်မကလိုချင်သေးတယ် "

ဖန်းဂူ မင်းယွီမျက်နှာလေးကိုဆွဲယူလိုက်ပြီး ပို၍လေးနက်တဲ့အနမ်းတွေကို ဦးဆောင်ကာ မလွှတ်တမ်းနမ်းလေတော့တယ် … သူတို့ရဲ့အသံတွေကဆူညံနေတာကြောင့် လုယီလေးလှုပ်ရှားလာတော့မှ မင်းယွီအသိပြန်ဝင်လာပြီး ဖန်းဂူကိုတွန်းထုတ်ကာ လုယီလေးမနိုးလာစေဖို့ချော့မြူလိုက်တယ် …

" ရှူး … တိုးတိုး … သားလေးအိပ်နေတယ် "

" အာ … ဟုတ်သားပဲ … ကိုယ် သားလေးရှိတာကိုမေ့သွားတယ် "

" ခ်ခ် … လုယီလေးမိသွားရင် ဒီညအခန်းအပြင်မှာအိပ်နေရလိမ့်မယ် "

" ကိုယ့်ကိုမခြောက်ပါနဲ့ကွာ … ကိုယ်လိမ်မာပါ့မယ် "

ဖန်းဂူ မင်းယွီပခုံးလေးပေါ်မှီပြီး လုယီလေးအနောက်ကနေ လုယီလေးနည်းတူ မင်းယွီခါးလေးအား ဖက်ထားလိုက်လေတယ် … မင်းယွီသူ့ရဲ့ရင်ခွင်ထဲက သားအဖ ၂ ယောက်ကိုကြည့်ရင်း ကြည်နူးမှုအပြည့်နဲ့ သူ့ရဲ့လက်တဖက်က ဖန်းဂူကျောပင်လေးကို ဖွဖွလေးပုတ်လျှက် ကျန်တစ်ဖက်က သူ့ခြေထောက်ပေါ်ခွထားတဲ့လုယီလေးပေါ်ကိုဖွဖွလေးပုတ်ပေးလျှက် …

ထိုလှပတဲ့မြင်ကွင်းလေးကို ကောင်းကင်နဲ့မြေပြင်သဘာဝတရားကြီးကတောင် ဩဝါဒပေးနေသည့်အလား … သာယာအေးမြတဲ့လေညှင်းတွေက ပြတင်းပေါက်ကနေတဆင့်ဝင်ရောက်လာပြီး နေမင်းကြီးကလဲထိန်ထိန်သာလျှက် ပတ်ဝန်းကျင်က ရှုခင်းများကို ပို၍အသက်ဝင်လာစေတယ် … ကျေးငှက်တို့ကသာယာစွာတွန်ကျူးနေပြီး ခနအကြာတွင် မိသားစု ၃ ယောက်လုံး အိပ်မောကျသွားလေတော့တယ် …

" Lao Gong ( ယောက်ျား ) "

" …… "

အသံတိုးတိုးလေးကြောင့် ဖန်းဂူ မျက်လုံးတွေဖွင့်လိုက်တော့ မှောင်ရီပျိုးနေတဲ့ပတ်ဝန်ကျင်က သူ့ရဲ့အမြင်အာရုံထဲဝင်ရောက်လာပြီး နူးညံ့တဲ့အရာတစ်ခုပေါ် လဲလျှောင်နေကြောင်းသတိပြုမိသွားတယ် … သို့ပေမဲ့ ခု သူ့အာရုံထဲ ကြီးဆိုးနေတဲ့အရာက ခေါ်လိုက်တဲ့အသံလေး … ဖန်းဂူနားကြားမှာလေသလားဟုတောင်ထင်မိပြီး မျက်လုံးကို ချက်ချင်းမဖွင့်သေး …

" Luyi Father "

" What ? "

ဖန်းဂူရုတ်တရပ်ထလာပြီး သူ့အားကုန်းကြည့်နေတဲ့မင်းယွီကိုယ်လေးကိုဆွဲဖက်လိုက်တယ် …

" ကို့ကိုဘယ်လိုခေါ်လိုက်တယ် "

" လုယီဒယ်ဒီ "

" မဟုတ်ဘူး … ပထမဆုံးခေါ်တာ "

မင်းယွီကအူလည်လည်လေးလုပ်လျှက် ရှက်ရှက်ဖြင့် …

" လောင်ကုန်း ( ယောက်ျား )လို့ခေါ်  … အ့ … "

ဖန်းဂူ သူ့ကိုယ်က မင်းယွီပေါင်ပေါ်ရောက်နေပြီး လုယီလေးလဲမရှိတော့သည်ကို သိလိုက်ရတော့ မင်းယွီကိုယ်လေးအား အိပ်ယာပေါ်မှောက်ချလိုက်တယ် …

" ကို့ကိုအမြဲအဲ့လိုပဲခေါ်  … ကိုယ်က မင်းရဲ့လောင်ကုန်း ( ယောက်ျား ) "

" တော်ပြီ … ဖယ် … ညရောက်တော့မယ် … တစ်ခုခုသွားစားရအောင် "

မင်းယွီ ဖန်းဂူအားတွန်းထုတ်ပြီး ထရန်ပြင်ပေမဲ့ သူ့ရဲ့ကိုယ်က ဖန်းဂူရင်ခွင်ထဲကနေ ရုန်ထွက်၍မရပေ …

" ဘယ်ကိုသွားမှာလဲ … သားလေးဘယ်ရောက်သွားပြီလဲ "

" သားလေးကအစောကြီးကတည်းကနိုးလို့ အကိုချူးရှန့်တို့ခေါ်သွားပြီ … ခုညတောင်ပြန်ရောက်နေပြီလေ … တစ်နေ့လုံးအိပ်နေတာ ညကြဘယ်လိုအိပ်ပျော်တော့မှာလဲ "

ထိုအခါမှ ဖန်းဂူအပြင်ဘက်ပတ်ဝန်ကျင်ကိုကြည့်လိုက်ပြီး မှောင်နေတာကိုတွေ့လိုက်ရတော့ သူ့စိတ်ထဲမှာလဲ အတွေးတချို့ပေါ်လာလေတော့တယ် …

" တစ်နေ့လုံးအိပ်ပြီးပြီဆိုတော့ တစ်ညလုံးကစားလို့ရတာပေါ့ … မဟုတ်ဘူးလား လုယီပါပါး "

" ဟင် … ဘာတွေပြောနေတာလဲ … ဒီညသားလေးလာအိပ်မှာ "

" လုယီလေးအတွက် ညီမလေးရအောင်လုပ်ပေးမယ်ပြောရင် သားလေးလာမှာမဟုတ်ဘူး … ကိုတို့ကြိုးစားကြည့်ရအောင် "

" မရဘူး … ခုညစာသွားစားမယ် … ဒီညတော့ မရ … အ့ … အား … "

" ညစာကို ဒီမှာပဲစားလို့ရတာပဲ … လုယီပါပါး လုယီအတွက်ညီမလေးလေးရအောင်လုပ်ကြမယ်လေး "

ဖန်းဂူက အသွားမခံပဲ မင်းယွီတစ်ကိုယ်လုံးကို ချုပ်ကိုင်ကာ ရုန်းထွက်၍မရအောင် ဖက်သွယ်ထားလေတော့တယ် …

ခုပဲအောက်ကိုရောက်နေပြီလေ … ရုန်းလို့ရောရအုံးမှာတဲ့လား … ဒီညကတော့ မင်းယွီအတွက် ညတာရှည့်မဲ့ပုံပါပဲ …

                    ~ ~ ~ < ပြီးပါပြီ > ~ ~ ~

[ A/N - ဒါလေးကပြီးသွားပါပြီ 🤗 … S2  ပြောတာ 😄 လုယီဖားသားလေးကို ဒီမှာပဲရပ်လိုက်မယ် ဆက်မဖတ်တော့ဘူးဆိုလဲပြောပါ ဒါလေးကလဲ အဆုံးသတ်အတွက်ပြီးပြည့်စုံပါတယ် … အချစ်ကြောင့် မာဖီးယားကြီးပြောင်းလဲသွားခဲ့ပုံလေး ဖန်းတီးထားတာပါ …

ဒိထပ်ထက်ပြီး ပြီးပြည့်စုံချင်တယ် … စိတ်ဝင်စားသေးတယ်တယ်ဆိုရင် အားလုံးကိုရှင်းလင်းဖို့ S3 ဆိုပြီး ဆက်ရေးပေးပါ့မယ် … အားပေးမဲ့ဒါဒါလေးတွေရဲ့သဘောပါ … ကိုတင်ပေးတာစောင့်နိုင်တယ် ဖတ်မယ်ဆိုရင် ဒိထပ်ပြည့်စုံအောင်ရေးသားဖို့ S3 အတွက်ဇာတ်ကွက်တွေရှိပါသေးတယ် … မဖတ်ချင်တော့ဘူးဆိုရင် ဒီမှာပဲအဆုံးသတ်ပြီး ရွာမှာပဲနေသွားတယ်လို့မှတ်ယူလို့လဲရသလို အဆုံးသတ်လေးကို ကိုယ်ပုံဖော်ချင်သလို ဖော်နိုင်ပါတယ် …

ဒါကကိုယ်ဖန်တီးတဲ့ဇာတ်လမ်းဆိုပေမဲ့ ဒါဒါလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ဇာတ်သိမ်းနိုင်ပါတယ် … ခုချိန်ထိအားပေးလာတဲ့ ဒါဒါတစ်ယောက်ချင်းစီတိုင်း ကျေးဇူးအတူးတင်ရှိပါတယ် … ဆက်ပြီးဖတ်ချင်သေးတယ်ဆို ပြောပေးသွားပါနော် … ပြီးတော့ မိမိရဲ့အမြင်နဲ့ လိုအပ်တာလေးတွေရှိရင် မန့်မှာဝင်ရေးသွားပေးပါ … အဆုံးသတ်လေးကိုရော သဘောကျရဲ့လား ? ဒီအပိုင်းအတွက် မှတ်ချက်လေးတွေရေးပေးသွားကြပါအုံး 🥰  )

( ကိုယ်ဖုန်းအသစ်ဝယ်ပြီးပြီမို့ Acc အသစ်လေးလဲဖွင့်ပြီးသွားပါပြီ … ကိုယ်နဲ့ Fri ဖြစ်ချင်ရင် လာအပ်လို့ရပါတယ် … cb ကနေလဲ စကားလာပြောနိုင်ပါတယ် 🤗 )

#Zawgyi


သာယာလွပတဲ့နံနက္ခင္းေလးမွာ မင္းယြီအတြက္ကေတာ့ နာက်င္မႈေတြသာ အစားထိုးေနခဲ့တယ္ …

" အာ့ … ကြၽတ္ … ကြၽတ္ "

အိပ္ယာမွနိုးနိုးခ်င္း မင္းယြီတစ္ေယာက္ ခါးေပၚလက္ေလးေထာက္ရင္း ႀကိဳးစားကာ ထၾကည့္ေပမဲ့ မေအာင္ျမင္ခဲ့ … နာက်င္ေနတဲ့မ်က္ႏွာက ဖုံးကြယ္၍မရနိုင္ေလာက္ေအာင္ သိသာေနတာမို႔  ေဘးနားမွာ ၿငိမ္သက္စြာ လဲေလွ်ာင္းေနတဲ့ ဖန္းဂူ အနည္းငယ္ ပူပန္သြားပုံပင္ …

နံနက္ခင္းရဲ႕ေရာင္နီက ျပတင္းေပါက္မွေန ဖန္းဂူမ်က္ႏွာထံျဖာက်လွ်က္ မ်က္ဝန္းေတြက ေတာက္ပေနၿပီး အၾကည့္ေတြက စူးရွထက္ျမက္ကာ ယခင္က ခန႔္ညားလြန္းတဲ့အသြင္ကို ေဆာင္ယူထားၿမဲ …

ညကအေမွာင္ထုေၾကာင့္ မ်က္ႏွာကို သဲကြဲစြာမျမင္ခဲ့ရ၍ ယခုရွင္းလင္စြာျမင္ေတြ႕လိုက္ရတဲ့အခါ မင္းယြီရင္ေတြ တလွပ္လွပ္နဲ႕ မတည္မၿငိမ္ျဖစ္လာခဲ့တယ္ …

" ဟို … ဟို … ဘယ္အခ်ိန္ကတည္းက နိုးေနတာလဲ "

အခ်ိန္အေတာ္ၾကာ အၾကည့္ေတြဆုံေစၿပီးေနာက္ မင္းယြီပထမဆုံးစကားကို ေျပာထြက္ခဲ့တယ္ … သူ႕ရဲ႕အမူအယာကနည္းနည္းေတာ့ ရယ္စရာေကာင္းေနလိမ့္မယ္ … ဘာေၾကာင့္ဆို မင္းယြီဘဝမွာ ညကေလာက္ ရင္ဖိုစရာေကာင္းတဲ့အခ်ိန္မ်ိဳး ႀကဳံေတြ႕ဖူးျခင္းမရွိခဲ့တာမို႔ … ေနာက္တစ္ခုက ညကလုပ္ရက္ေတြကို ျပန္စဥ္းစားမိၿပီး ရွက္စိတ္ေတြပိုလာျခင္းေၾကာင့္ပင္ …

" မၾကာေသးဘူး … ခုေလးတင္မွနိုးတာ "

ဖန္းဂူရဲ႕တည္ၿငိမ္လွတဲ့အေျဖစကားၾကားေတာ့မွ မင္းယြီစိတ္သက္သာယာရသြားတယ္ … အကယ္၍ ဖန္းဂူသာ ညကအေၾကာင္းအစေဖာ္လာမယ္ဆို မင္းယြီအဝတ္မပါပဲ အခန္းထဲကေနေျပးထြက္မိလိမ့္မယ္ …

ဖန္းဂူကလဲ အလိုက္သိစြာ ေစာင့္ၾကည့္ေနၿပီး မင္းယြီအဆင္ေျပသြားေတာ့မွ အိပ္ယာေပၚကေနထကာ အဝတ္အစားေတြကို ျပန္ဝတ္ၿပီးေနာက္ …

" မင္းနိုးလာတာေစာေသးတယ္ … အားရွိသြားေအာင္ ခနေလာက္ ထပ္အိပ္လိုက္ … ကိုယ္ေန႕လည္စာ ျပင္ခိုင္းထားေပးမယ္ "

" မ မလိုပါဘူး … ခုကို ၁၁ ထိုးေနၿပီ … ကြၽန္ေတာ္အိပ္ေရးဝပါၿပီ "

ထပ္ၿပီး မအိပ္ခ်င္ေတာ့၍ လန္းဆန္းသြားေစရန္ ေရမိုးခ်ိဳးဖို႔ မင္းယြီ အိပ္ယာေပၚမွထလိုက္ေပမဲ့ ထင္သေလာက္လြယ္ကူမေနခဲ့ေပ …

ဒီလိုအေျခအေနမ်ိဳးက ပထမဆုံးအႀကိမ္မဟုတ္ေတာ့၍ ထူးၿပီးနာက်င္ေနတာမ်ိဳးမရွိေပမဲ့ ညကအခ်ိန္ေတြက တျခားေန႕ေတြနဲ႕မတူ၍ အိပ္ယာေပၚကေနထလာတဲ့မင္းယြီကို ဒူးမ်ားပင္ေခြယိုင္လဲသည္ထိ အားေလ်ာ့သြားေစတယ္ … ထိုအရာကိုျမင္ေတာ့ ဖန္းဂူ အခ်ိန္မွီ လွမ္းထိမ္းေပးလိုက္တယ္ …

သူ႕ရဲ႕လက္ေမာင္းေတြၾကားက အားေလ်ာ့ေနတဲ့မင္းယြီကို ၾကည့္လိုက္ၿပီး …

" မင္းရဲ႕ကိုယ္က အားနည္းေနေသးတယ္ … အိပ္ယာေပၚမွာပဲေန "

ကုတင္ေပၚ ျပန္တင္ေပးၿပီးေနာက္ အဝတ္အစားလဲေစလိုက္တယ္ … သို႔ေပမဲ့ မင္းယြီ တစ္စုံတစ္ရာကို ဆိုးရိမ္ပူပန္ေနဆဲပင္ … မင္းယြီမ်က္ဝန္းေလးေတြက တည္ၿငိမ္လွတဲ့ ဖန္းဂူထံေငးၾကည့္ေနၿပီးေနာက္ တိုးတိုးေလးေမးလိုက္တယ္ …

" အဆင္ေျပရဲ႕လား … ညကလို နာက်င္ေနေသးလား "

ညက ေဟာ္မုန္းေတြေဖာက္ျပန္မႈေၾကာင့္ သာယာတဲ့ဆက္ဆံမႈကို ျပဳလုပ္ေပမဲ့ ဖန္းဂူထံက နာက်င္မႈအေငႊ႕အသက္ေတြကို မင္းယြီခံစားမိေန၍ ေမးလိုက္ျခင္းပင္ … အယ္ဖာတစ္ေယာက္က အိုမီဂါထက္ ခြန္အားႀကီးတယ္ဆိုေပမဲ့ သူတို႔ကို အနိုင္ယူနိုင္တဲ့အရာကလဲ ေဟာ္မုန္းပါပဲ … ဖန္းဂူသာ လိုအပ္တဲ့အိုမီဂါေဟာ္မုန္းအလုံအေလာက္မရရွိခဲ့ရင္ နာက်င္မႈက ပိုလို႔သာ တိုးလာလိမ့္မယ္ … ထိုသို႔ေမးလာေတာ့ ဖန္းဂူမၿပဳံးပဲမေနနိုင္ …

တကယ္နာက်င္ေနတဲ့သူကဘယ္သူလဲ … ဒီအ႐ူးေလးကေတာ့ …

" ကိုယ္အဆင္ေျပပါတယ္ … ညကမင္းေဆးကုေပးတာ တကယ္ထိေရာက္တယ္ … ခုကိုယ့္မွာ အားေတြပိုၿပီးျပည့္လာၿပီး … အဲ့ဒါ မင္းရဲ႕ေက်းဇူးေတြပဲ "

ဖန္းဂူအေျဖစကားၾကားေတာ့ မင္းယြီနာက်င္ရက်ိဳးနပ္ၿပီမို႔ ေၾကနပ္သြားေလတယ္ … သူ႕ရဲ႕အေရွ႕က အၿပဳံးေတြနဲ႕ေတာက္ပေနတဲ့ လူႀကီးကိုေငးၾကည့္ရင္း မင္းယြီ ရင္ဘက္ထဲ ကိန္းေအာင္းေနတဲ့ အနာဂတ္အတြက္ စဥ္စားမိတာေတြတရိတ္ရိတ္ေပၚလာခဲ့တယ္ …

ဒီအၿပဳံးေတြသာအနာဂတ္ထိ ထည္ရွိေနခဲ့ရင္ ဒီအေျခအေနေလးကိုသာ ဆက္ၿပီး ထိန္းထားနိုင္ရင္ ဖန္းဂူေရာ သူေရာ ငတ္မြတ္ေနခဲ့တဲ့ ေႏြးေထြးတဲ့မိသားစုဆိုတဲ့ ဘဝေလးကိုပိုင္ဆိုင္နိုင္မွာလား … ?

လူသတ္တာေတြ စစ္ပြဲေတြ လက္နတ္ထုတ္တာေတြ ေဆးဝါးေဖာ္စပ္တာေတြ ေမွာင္ခိုလုပ္ကိုင္တာေတြ ရွင္းရွင္းေျပာရရင္း အေမွာင္နဲ႕ပတ္သပ္တဲ့အရာအားလုံးကို စြန္းလႊတ္လိုက္မယ္ဆိုရင္ ဒီမိသားစုေလးက မင္းယြီစိတ္ကူးထဲကအတိုင္း ေပ်ာ္႐ႊင္ရလိမ့္မည္ဟု ေတြးထင္မိတယ္ … အကယ္၍မ်ား ဖန္းဂူသာ Lion ဆိုတဲ့ ဂုဏ္ပုဒ္ကို မိသားစုအတြက္ စြန႔္လႊတ္လိုက္မယ္ဆိုရင္ …

အၿပဳံးေလးကိုေငးၾကည့္ေနရင္း စိတ္ေတြေထြျပားေနခိုက္ ဖန္းဂူသူ႕ကိုေက်ာခိုင္းကာ လွည့္ထြက္သြားေတာ့မည္ကိုျမင္လိုက္ရေတာ့ မင္းယြီတစ္ကိုယ္လုံးထူပူသြားေလတယ္ …

မသြားပါနဲ႕ … အၿပဳံးေလးေတြေပ်ာက္ကြယ္မသြားပါနဲ႕ … အရင္လို ပုံစံမ်ိဳး ျပန္ျဖစ္မသြားပါနဲ႕ ရွန္ဖန္းဂူ …

" မင္း ဘာျဖစ္သြားတာလဲ … ဘယ္နားကနာေနလို႔လဲ "

မင္းယြီအေတြးေတြၾကား ေရာေထြးေနရင္း လက္လွမ္းကာ  ဖန္းဂူခါးအား ဆြဲဖက္ၿပီး ဗိုက္ေပၚမ်က္ႏွာကိုႏွစ္ထားေလတယ္ … ဒါေၾကာင့္မို႔ မင္းယြီဘာျဖစ္ေနလဲဆိုတာ မျမင္နိုင္၍ ဖန္းဂူ ထူပူသြားကာ ေမးလိုက္ျခင္းပင္ …

မင္းယြီထံက အေျဖစကားမၾကားရ … အဲ့ဒိအစား မင္းယြီအသက္ရႉလိုက္တိုင္း ပူေႏြးေႏြးေလေငႊ႕ေတြက ဖန္းဂူဗိုက္သားကိုထိခပ္ေနတာေၾကာင့္ ေႏြးေထြးတယ္လို႔ ခံစားေနရတယ္ … သူ႕ရဲ႕လက္နဲ႕ မင္းယြီရဲ႕ ဝါညစ္ညစ္ဆံသားႏုႏုေလးေတြကို ထိုးဖြေနရင္း ဖန္းဂူ ျပန္ၿပီးတင္းတင္ေလး ဖက္ထားလိုက္တယ္ …

သူ႕ကိုတြယ္ကပ္ေနတဲ့ ေၾကာင္ေလးတစ္ေကာင္ရဲ႕ ႏူးညံ့လွတဲ့အျပဳအမူေတြေအာက္မွာ ဖန္းဂူရဲ႕ၾကမ္းတမ္းလွတဲ့ ႏွလုံးသားတစ္စုံက အဆုံးမရွိ အရည္ေပ်ာ္လို႔သြားေလၿပီ … ဒါဟာ သူ႕တစ္ဘဝလုံးမွာ ပထမဆုံးေသာ အခ်စ္ျဖင့္ရႈံးနိမ့္ျခင္းပါပဲ …

" မသြားပါနဲ႕ … ကြၽန္ေတာ္ … ကြၽန္ေတာ္ ဒီတိုင္းေလး ခနေနခ်င္တယ္ "

ဖန္းဂူတိတ္ဆိတ္သြားကာ မင္းယြီေခါင္းေလးကို ဖြဖြေလးကိုင္ရင္း ေနရာ၌ပင္ ၿငိမ္သပ္စြာ ရပ္ေနလိုက္တယ္ … သူ႕ကိုယ္ကို တင္းၾကပ္စြာဖက္ထားတဲ့ မင္းယြီအား ငုံ႕ၾကည့္လွ်က္ …

" ကိုယ္ထားသြားမွာ ဒီေလာက္ေတာင္ေၾကာက္ရလား "

" အင္း "

" ကို႔ကို အဲ့ေလာက္ေတာင္ပဲ ႀကိဳက္တာလား "

မင္းယြီထံမွ ခနၾကာတိတ္ဆိတ္ေနၿပီးမွာ အေျဖစကား ထြက္ေပၚလာခဲ့တယ္ …

" အင္း "

ဖန္းဂူလြန္စြာေက်နပ္ေနၿပီး ထိုစကားကိုသာ ထပ္ခါတလဲလဲေမးေနေလေတာ့တယ္ …

" ထပ္ေျပာပါအုံး … ကိုယ့္ကိုႀကိဳက္တယ္လို႔ "

မင္းယြီမ်က္ႏွာကိုမေဖာ္ေသး … ဖန္းဂူကိုဖက္ထားရင္းနဲ႕ပင္ အသံတိုးတိုးေလးနဲ႕ျပန္ေျဖလိုက္တယ္ …

" ကြၽန္ေတာ္ ခမ်ားကိုႀကိဳက္တယ္ "

ဖန္းဂူမ်က္ဝန္းေတြကေတာက္ပလွ်က္ ဆက္ၿပီးမေမးပဲမေနနိုင္ …

" ဘယ္ေလာက္ေတာင္ႀကိဳက္တာလဲ … ေန႕ဘက္ကိုႀကိဳက္တာလားညဘက္လား "

" အခ်ိန္တိုင္းပဲ "

" ဟား … ကို႔ကိုအခ်ိန္တိုင္းႀကိဳက္တဲ့မင္းကို ကိုယ္အခ်ိန္တိုင္း ဆုေပးမွာေပါ့ … ဘယ္လိုဆုမ်ိဳးလိုခ်င္လဲ "

ထိုစကားၾကားေတာ့ မင္းယြီလက္ေတြ ပို၍တင္းၾကပ္လာၿပီး သူရဲ႕အသံက ေလးနက္စြာျဖင့္ ေျပာလာခဲ့တယ္ …

" ကြၽန္ေတာ့ကို ဖက္ထားေပးပါ … သားေလးကိုေစာင့္ေရွာက္ေပးပါ "

" ဟား … ဟုတ္ပါၿပီဗ်ာ "

ဒီလိုေလးပဲရယ္ေနေပးပါ … အရင္ကပုံစံမ်ိဳး ထပ္ျဖစ္မသြားရင္ရပါၿပီ … ခမ်ားလက္ေတြနဲ႕ကြၽန္ေတာ့ကိုပဲဖက္ထားေပးပါ သားေလးကိုပဲ ေစာင့္ေရွာက္ေပးပါ … ခမ်ားလက္ကိုထပ္ၿပီး ေသြးမစြန္းေစရဘူး …

ဖန္းဂူက မင္းယြီအဆင္ေျပမေနမွန္းသိတာမို႔ အသာအယာေပြ႕ခ်ီၿပီး မ်က္ႏွာသစ္ဖို႔ကို ကူညီေပးတယ္ … လမ္းေလွ်ာက္ဖို႔အတြက္က အဆင္ေျပေပမဲ့ ဖန္းဂူလက္ေမာင္းၾကားမွာေနရတာက သက္ေသာင့္သက္သာရွိတာမို႔ မင္းယြီၿငိမ္သက္စြာပင္ သန႔္စင္ေပးမႈကို ခံယူလိုက္တယ္ … အားလုံးၿပီးစီးသြားေတာ့ မင္းယြီကို ကုတင္ေပၚ ျပန္တင္ေပးၿပီး အေနာက္သို႔မွီၿပီး ထိုင္ခိုင္းလိုက္တယ္ …

ဖန္းဂူရဲ႕စိတ္ရွည္ဂ႐ုစိုက္မႈေတြေအာက္မွာ မင္းယြီအသားက်ေနၿပီျဖစ္၍ ၿငိမ္သက္စြာ လုပ္ေဆာင္မႈတိုင္းကို ခံယူေနေပမဲ့ ေနာက္ဆုံး ဖန္းဂူထြက္သြားမည္လုပ္ေတာ့ ဖန္းဂူလက္ကို တင္းၾကပ္စြာ ဆြဲထားေလေတာ့တယ္ …

" ဘယ္ကိုသြားမလို႔လဲ "

ဒီေန႕ ထူးထူးျခားျခား အနားကမခြာနိုင္ တြယ္ကပ္ေနတဲ့ ယုန္ငယ္ေလးကို ဖန္းဂူအသဲမယားပဲမေနနိုင္ … မင္းယြီလက္ေလးကို ျပန္ၿပီးဆုတ္ကိုင္လိုက္ၿပီး လက္ဖမိုးေလးကို ဖြဖြေလး အနမ္းေပးလိုက္တယ္ …  ၿပီးေနာက္ ေခါင္းေလးကို ဖြဖြေလးပုတ္လိုက္ၿပီး …

" ညကပင္ပန္းထားေတာ့ ဗိုက္ဆာ​ေနေရာေပါ့ … ကိုယ္ေန႕လည္စာျပင္ၿပီးယူလာခဲ့မယ္ … နာရီဝက္ေလာက္ပဲေစာင့္ေနေပး … ကိုယ္ခ်က္ခ်င္းျပန္လာခဲ့မယ္ "

မင္းယြီ အခန္းထဲကေန ထြက္သြားတဲ့ ဖန္ဂူေက်ာျပင္ေလးကို ေငးၾကည့္ေနၿပီးေနာက္ ဖြဖြေလးနမ္းသြားတဲ့ သူ႕ရဲ႕လက္ဖမိုးေလးကို ၾကည့္ရင္း အေတြးမ်ားစြာနဲ႕ က်န္ရစ္ေနခဲ့ေလေတာ့တယ္ …

ယခင္က ၾကမ္းတမ္းလွတဲ့လူႀကီးရဲ႕ ႏူးညံ့တဲ့အျပဳအမူေတြက မင္းယြီရဲ႕ စိုးရိမ္ေၾကာင့္ၾကမႈေတြကို ဘယ္စီးဘယ္ဝယ္ ထြက္ေျပးေစလဲမသိ ယုံၾကည္မႈေတြကိုသာ တိုးပြားလာေစခဲ့တယ္ …

တဖက္တြင္ေတာ့ …

ခ်ဴးရွန႔္အေရးတႀကီးအျပင္ထြက္သြားၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ျပန္ေရာက္လာခဲ့တယ္ … သူ႕ပုံစံကေရးႀကီးသုတ္ျပာနဲ႕ … ရွန္ေဝက မူမမွန္ေၾကာင္း သတိျပဳမိတာမို႔ ခ်ဴးရွန႔္အနား ခ်ဥ္းကပ္လိုက္ၿပီး …

" အကို … အေရးႀကီးတဲ့သတင္းတစ္ခုခုရခဲ့လို႔လား "

ခ်ဴးရွန႔္ လက္ထဲမွာလဲ ဖုန္းကို တင္းၾကပ္စြာကိုင္ထားလွ်က္ ရွန္ေဝအေမးကိုမၾကားပဲ ေငးမွိုင္လွ်က္ အေတြးလြန္ေနပုံပင္ …

" အကို … ခ်ဴးေကာ "

ရွန္ေဝေအာ္ေခၚလိုက္မွ ခ်ဴးရွန႔္အသိျပန္ဝင္လာၿပီး …

" ဟမ္ … အာ … ရွန္ေဝ … ဘာကိစၥရွိလို႔လဲ "

ရွန္ေဝက ခ်ဴးရွန႔္အနား ေျဖးေျဖးျခင္းတိုးကပ္လိုက္ၿပီး …

" ဧကန္တ … အကိုမဟုတ္တာ တစ္ခုခုလုပ္လာတာလား "

" မင္း … မင္းဘာေတြေျပာေနတာလဲ "

" ကြၽန္ေတာ္ကစတာပါ "

ခ်ဴးရွန႔္ သူ႕အားလိုက္ေႏွာက္ယွက္ေနတဲ့ ရွန္ေဝကို လစ္လ်ႉရႈလိုက္ၿပီး မီးဖိုေခ်ာင္ထဲဝင္သြားကာ ခ်က္ထားတဲ့စားစရာေတြကို ျပင္ဆင္ေနလိုက္တယ္ … ရွန္ေဝကလဲအေလ်ာ့မေပးပဲ ခ်ဴးရွန႔္ေနာက္ကတဖြားမွမခြာေပ …

" အကိုဘာျဖစ္လာလဲေျပာျပမွ ကြၽန္ေတာ္သိမွာေပါ့ "

" မင္းသိစရာမလိုဘူး "

" အကိုက ကြၽန္ေတာ့ရဲ႕ဆရာေလ … ကို႔တပည့္ေလးကို အဖက္မလုပ္ေတာ့ဘူးလား "

တတြတ္တြတ္မေျဖမျခင္းေမးေနတဲ့ရွန္ေဝေၾကာင့္ ခ်ဴးရွန႔္သက္ျပင္းခ်လိဳက္ၿပီး …

" ဒါကသခင္ေလးရဲ႕ကိစၥ … ငါနဲ႕မင္းနဲ႕မဆိုင္သလို ဝင္ပါလို႔လဲမရဘူး "

" သခင္ဖန္းဂူလား … သူဘာျဖစ္လို႔လဲ … သူ႕ကိစၥကဘာေၾကာင့္မဆိုင္ရတာလဲ … မင္းယြီကကြၽန္ေတာ့သူငယ္ခ်င္း … အကိုကသူ႕ရဲ႕လက္႐ုံးပဲေလ "

" အင္း … အဲ့ဒါကမွန္ေပမဲ့ ခုဟာက အေမြကိစၥ "

" အေမြကိစၥ … ရွန္ဟႊာနဲ႕ပတ္သပ္တာလား "

" ဟုတ္တယ္ … ခုသခင္ေလးရဲ႕ညီရႈမန္းျပန္ေရာက္လာၿပီး … ရွန္ဟႊာရဲ႕ ဥကၠဌေနရာကို ယာယီလုပ္ေဆာင္ေနတယ္လို႔ ယာရွာထံကေနသတင္းရလာတယ္ …

သူမေျပာၾကားခ်က္အရ အလင္းေလာကက ပိုင္ဆိုင္မႈေတြကို ရႈမန္းက ပိုင္ဆိုင္ခ်င္ေနပုံပဲ … သူသာအားလုံးကိုစည္း႐ုံးၿပီး သခင္ေလးေနရာကိုရသြားရင္ ထပ္ၿပီး သခင္ေလး အေမွာင္ကိုေရာက္သြားလိမ့္မယ္ …

ဒါေၾကာင့္ ငါတို႔ဒီမွာဆက္ေနေနတာထက္ အျမန္ဆုံး ျပန္မွျဖစ္ေတာ့မယ္ "

ရွန္ေဝအနည္းငယ္တိတ္ဆိတ္ေနၿပီးေနာက္ တစ္စုံတစ္ရာကို သတိရသြားပုံပင္ …

" ရႈမန္းက အလြဲသုံးစားမႈနဲ႕ေထာင္က်ေနတာမဟုတ္ဘူးလား "

" ဟုတ္တယ္ … လြန္ခဲ့တဲ့ ၃ ႏွစ္က ေထာင္က်ေနခဲ့တာ "

" ထူးဆန္းလိုက္တာ … နာမည္ပ်က္ရွိၿပီးသားလူတစ္ေယာက္က ထပ္ၿပီးေအာင္ျမင္နိုင္မယ္လို႔ထင္မထားဘူး "

" သူကဘယ္သူ႕ေသြးလဲ … ရွန္ဟႊာပဲေလ … သူ႕ရဲ႕နာမည္ပ်က္ထက္ သူ႕ရဲ႕ေသြးသားကပိုအေရးႀကီးတယ္ "

ခ်ဴးရွန႔္က သက္ျပင္းဖြဖြခ်လိဳက္ရင္း …

" နဂိုကမွ ရွန္ဟႊာက ဆက္ခံသူကို အေရးတႀကီးလိုအပ္ေနတာ … ခုသခင္ေလးက ထြက္ေျပးလာေတာ့ ရႈမန္းကေနရာအသာေလးရသြားသာမဆန္းပါဘူး …

ဒါေပမဲ့ သူေနရာကိုအတည္အၿမဲမရေသးခင္ သခင္ေလးျပန္မွျဖစ္မယ္ … မဟုတ္ရင္ သခင္ေလးေရာ မ်ိဳဆက္ကိုေရာ ရႈမန္းအနိုင္ယူဖို႔ အခ်ိန္ပိုရသြားနိုင္တယ္ …

သခင္ေလးကို လြယ္လြယ္နဲ႕မတိုက္ခိုက္နိုင္ဘူးဆိုေပမဲ့ မင္းယြီနဲ႕လုယီေလးရွိလာၿပီဆိုေတာ့ အရင္လိုေပါ့စေနလို႔မျဖစ္ေတာ့ဘူး  "

' ဒုံး '

ထိုစဥ္ တံခါးဖြင့္သံနဲ႕အတူ ေျခလွမ္းက်ဲႀကီးေတြနဲ႕ ဖန္းဂူအခန္းေလးထဲေလွ်ာက္လာတယ္ … သူ႕ရဲ႕ပုံစံကတည္ၿငိမ္ေနၿပီး ခ်ဴးရွန႔္တို႔ေျပာစကားေတြကို နားစြန္နားျဖား ၾကားသြားပုံပင္ … သူ႕ရဲ႕အၾကည့္ေတြက ေလးနက္စြာျဖင့္ ခ်ဴးရွန႔္အား ေမးလာခဲ့တယ္ …

" ဘယ္သူကငါ့မိသားစုကို ထိခိုက္ေစမွာလဲ … ငါသူတို႔ကို သတ္ျပစ္မယ္ "

" သ … သခင္ေလး … ဘယ္ခ်ိန္ကေရာက္ေနတာလဲ "

" ငါေရာက္လာတာမၾကာေသးေပမဲ့ မင္းရွန္ဟႊာအေၾကာင္းေျပာေနတာကိုငါၾကားလိုက္တယ္ … အေရးႀကီးတဲ့ကိစၥကို ငါ့ကိုမတင္ျပပဲ မင္းကဘာကိစၥမဆိုင္တဲ့သူကိုသြားရွင္းျပေနတာလဲ … မင္းက ငါသိတဲ့ခ်ဴးရွန႔္မွ ဟုတ္ရဲ႕လား "

ဖန္းဂူရဲ႕ဟိန္းေဟာက္မႈေၾကာင့္ ခ်ဴးရွန႔္လန႔္သြားၿပီး အျပစ္က်ဴးလြန္မိသြားသည့္နယ္ ဦးၫႊတ္လွ်က္ ကျပာကယာေတာင္းပန္ရွာတယ္ …

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္သခင္ေလး … ဒါေပမဲ့ ရွန္ေဝကအျပင္လူမဟုတ္ပါဘူး … ဒီကိစၥကိုလဲ ခုပဲသခင္ေလးကို တင္ျပမို႔ပါပဲ …

ဒါေပမဲ့ သခင္ေလးနိုးေနမွန္းမသိလိုက္လို႔ပါ … သခင္ေလးပင္ပန္းၿပီး ခုခ်ိန္ထိ အိပ္ေနဦးမယ္ထင္ထားတာ … ေႏွာက္ယွက္မိမွာဆိုးလို႔ လာမေျပာေသးတာ "

ဖန္းဂူက မ်က္ခုံးၾကဳတ္ထားလွ်က္ …

" မင္းသူ႕ကို ယုံလား "

" ရွန္ေဝလား … သူကလူေကာင္းတစ္ေယာက္ပါ … အကယ္၍ သူသာ ရွန္ဟႊာနဲ႕သခင္ေလးအေပၚသစၥာေဖာက္တစ္ေယာက္ဆိုရင္ သခင္အေရွ႕မွာပဲ ကြၽန္ေတာ့လက္နဲ႕သတ္မွာမို႔ မပူပါနဲ႕ "

" ေကာင္းၿပီ … သူ႕ေၾကာင့္ ငါ့မိသားစုထိခိုက္မယ္ဆိုရင္ မင္းသတ္တာကိုမေစာင့္ဘူး … ငါကိုယ္တိုင္သတ္ျပစ္မယ္ "

ဖန္းဂူက ခ်ဴးရွန႔္ ရွန္ေဝအေပၚယုံၾကည္ေနတာျမင္ရေတာ့ ရွန္ေဝကိုၾကည့္ကာအကဲခပ္လိုက္တယ္ … ရွန္ဟႊာအေၾကာင္းသိေနတာေတာင္ သူ႕ကိုသတ္ဖို႔ထိ ခ်ိန္းေျခာက္ေနတာေတာင္မွ ရွန္ေဝပုံစံက စိတ္လႈပ္ရွားျခင္း ထူးဆန္းတဲ့အမူအယာတစ္စုံတစ္ရာမရွိ လြန္စြာတည္ၿငိမ္ေနတာမို႔ သူ႕ရဲ႕မ်က္ႏွာက ဖတ္ရခက္လွတယ္ … လူအကဲခပ္ေတာ္တဲ့ ဖန္းဂူေတာင္ ရွန္ေဝခံစားခ်က္ကိုမဖတ္နိုင္ဘူး … ဒါမွမဟုတ္လဲ ရွန္ေဝက ခ်ဴးရွန႔္ထင္သလို သစၥာရွိတဲ့လက္ေထာက္တစ္ေယာက္ျဖစ္ေနတာေၾကာင့္လား …

ဖန္းဂူက လူေတြနဲ႕ပတ္သပ္ရင္ ရွည္ရွည္ေဝးေဝးေတြမေနတတ္သလို သူယုံၾကည္လို႔ရမယ္ မထင္တဲ့လူဆို သတ္ျပစ္လိုက္တာမို႔ ခုရွန္ေဝကိုလဲ ေခါင္းစားခံၿပီး အကဲခပ္ေနမႈကို ရပ္တန႔္လိုက္တယ္ … ၿပီးေတာ့ ခ်ဴးရွန႔္ရဲ႕တင္ျပမႈကို ဆက္လက္နားေထာင္ေနလိုက္တယ္ …

" မနက္က ကြၽန္ေတာ္ ႐ြာသားတစ္ေယာက္နဲ႕ သခင္ေလးတို႔နိုးလာရင္ဟင္းခ်ိဳေသာက္ဖို႔ လတ္ဆတ္တဲ့အ႐ြက္ခူးမယ္ဆိုၿပီး ႐ြာထိပ္က လယ္ကြင္းရွိတဲ့ေနရာသြားခဲ့တယ္ …

ထုံးဆန္အတိုင္း လုယီေလးကလိုက္ခဲ့ဖို႔ပူဆာေနတာမလို႔ ကြၽန္ေခၚသြားၿပီးအပ်င္းေျပကစားဖို႔ ကြၽန္ေတာ့လက္ကိုင္ဖုန္းေလးေပးထားခဲ့တယ္ … လယ္ကြင္းထဲမွာ ဂိုေယာင္းတို႔နဲ႕ေတြ႕ၿပီး လုယီေလးကေနခဲ့ခ်င္တယ္ဆိုလို႔ ကြၽန္ေတာ္ထားခဲ့ၿပီး အိပ္ျပန္ဟင္းလာခ်က္ေနခ်ိန္ ႐ြာသားတစ္ေယာက္အေလာတႀကီးေျပးလာတယ္ …

သူေျပာတာက ကြၽန္ေတာ့လက္ကိုင္ဖုန္းက တုန္ေနတယ္တဲ့ … ဒီေရာက္ကတည္းက လိုင္းမမိလို႔အဆက္အသြယ္ပ်က္ေနတာ … ကြၽန္ေတာ္အေျပးေလးသြားၾကည့္ေတာ့ ဖုန္းတစ္ေကာဝင္ေနတယ္ … အဲ့ဒါ ယာရွာဆီက "

" ယာရွာ … သူမကအေရးမႀကီးရင္ ဖုန္းေခၚမဲ့သူစားမ်ိဳးမဟုတ္ပါဘူး "

" ဟုတ္ပါတယ္ .… ကြၽန္ေတာ္ ဟိုတစ္ခါသြားကတည္းက သူ႕ကိုရွန္ဟႊာကိုေသခ်ာေစာင့္ေရွာက္ေပးၿပီး သတင္းေတြအဆက္မျပတ္စာနဲ႕ေပးဖို႔ေျပာထားတာ … ကြၽန္ေတာ္ျပန္ေခၚလိုက္ေတာ့ သူေျပာတာက ခုရွန္ဟႊာကိုသခင္ရႈမန္းျပန္ေရာက္ေနၿပီတဲ့ "

ဖန္းဂူမ်က္ႏွာမဲေမွာင္လွ်က္ …

" ရႈမန္း … အဲ့ေကာင္ ျပန္လာရဲေသးတယ္ေပါ့ "

" ဟုတ္တယ္ … သူျပန္လာယုံမကပဲ လုပ္ငန္းေတြကိုပါ ယာယီဦးေဆာင္ေနတယ္လို႔ေျပာတယ္ "

" ဟက္ … ဒီေခြးေကာင္က သူကိုယ္တိုင္မီးထဲခုန္ဆင္းၿပီးမွ ပူတယ္ဆိုၿပီးျပန္တက္လာခ်င္ေနတယ္ေပါ့ေလ … မင္းကိုအဝီစိေရာက္ေအာင္ ငါကိုယ္တိုင္ကန္မခ်ရေသးလို႔ျပန္တက္လာတာလား … ရွန္ဟႊာက ျပန္လာခ်င္တိုင္းလာလို႔ရမဲ့ေနရာလို႔ ထင္ေနတာလား "

" သခင္ေလး စိတ္ေလ်ာ့ပါ … ခု … ခုအေျခအေနက သူကအတင္းေနရာလုတာမဟုတ္ပဲ သခင္ႀကီးကိုယ္တိုင္က ေပးလိုက္တာလို႔ေျပာတယ္ "

" ဘာ "

ဖန္းဂူေဒါသကိုသိေနတဲ့ ခ်ဴးရွန႔္က ေဒါသမေပါက္ကြဲခင္ စကားနဲ႕အလွ်င္အျပန္ထိန္းလိုက္ရတယ္ …

" သ … သခင္ႀကီးက ေနရာေပးတယ္လို႔ေတာ့မဟုတ္ပါဘူး … သခင္ေလးသာျပန္လာရင္ သူကအလိုလိုေနရာျပန္ေပ်ာက္သြားမွာပါ …

သခင္ႀကီးက အရာအားလုံးကိုသခင္အပိုင္လို႔ေျပာၿပီးၿပီပဲ … ရွန္ဟႊာက သခင္ဖန္းဂူအပိုင္ပါ … သခင္ရႈမန္းဘယ္ေလာက္ပဲေနရာရေနပါေစ အခ်ိန္တန္ရင္အျပင္ျပန္ေရာက္မွာ "

ဖန္းဂူပုံစံကေလးနက္စြာျဖင့္ ခန႔္မွန္းရခက္လွတယ္ …

" အဖိုးကဘာသေဘာနဲ႕သစၥာေဖာက္ကို အိမ္ျပန္လာခြင့္ျပဳတာလဲ … ငါမရွိရင္ေတာင္ အေဖကဒါေလးေတာင္မဦးေဆာင္နိုင္ေတာ့ဘူးလား "

" ကြၽန္ေတာ့အထင္ သခင္ကူးမန္မွာလဲ အလုပ္ေတြရႈတ္ေနတယ္ … သခင္မကလဲ မိန္းမသားဆိုေတာ့ အရာအားလုံးကိုလိုက္ၿပီး ႀကီးၾကပ္ရတာပင္ပန္းေနမွာ … သခင္ႀကီးကအသက္ႀကီးလာေတာ့ ေနာက္ေဖးကအိမ္ငယ္ေလးမွာပဲအခ်ိန္တိုင္းသြားေနၿပီး ၾကည့္ရတာ လုပ္ငန္းေတြအေပၚအာ႐ုံရေတာ့မယ္မထင္ဘူး …

ခုသခင္ေလးသာအိမ္ေတာ္ကိုျပန္သြားရင္ သခင္ရႈမန္းအလိုလိုေနရာေပ်ာက္သြားမွာပါ … ၿပီးေတာ့ လုယီေလးကိုလဲ ေတြ႕ခ်င္ေနၾကတယ္လို႔ေျပာတယ္ … သူတို႔လုယီေလးကိုေတြ႕ရင္ ဘယ္ေလာက္ေပ်ာ္လိုက္ၾကမလဲ "

" အင္း … မင္းေျပာသလိုလုပ္တာေပါ့ … အိမ္ေတာ္ကိုျပန္ဖို႔ စီစဥ္ထားလိုက္ … ငါမင္းယြီကိုေျဖာင့္ဖ်ၾကည့္လိုက္မယ္ … သူၾကည္ျဖဴမွ ငါအိမ္ျပန္မယ္ "

" ဟုတ္ကဲ့ပါသခင္ေလး "

" ခုေန႕လည္စာျပင္လိုက္ … ငါမင္းယြီအတြက္ယူသြားရမယ္ …

ေအာ္ … ဒါနဲ႕ … သားေလးဘယ္မွာလဲ … အစာေရာစားၿပီးၿပီလား "

"  ၿပီးပါၿပီ … ကြၽန္ေတာ္နဲ႕ျပန္လာၿပီးကတည္းက YiYi ေလး သူ႕ပါပါးကိုအတင္းေတြ႕ခ်င္တယ္လုပ္ေနလို႔ ရႈယြမ္ကူညီၿပီးေခၚသြားေပးတယ္ "

" ေကာင္းၿပီ … ခုသားေလးကိုၾကည့္ထိန္းေပးထား … မင္းယြီပင္ပန္ေနေသးေတာ့ေႏွာက္ယွက္လို႔မျဖစ္ဘူး … သူအနားယူၿပီးမွ သားေလးကိုအခန္းထဲေပးဝင္မယ္ "

" စိတ္ခ်ပါ … ခုပဲမင္းယြီအတြက္ စားစရာေတြျပင္လိုက္ပါ့မယ္ "

တစ္ခနၾကာေတာ့ စားစရာဗန္းကိုကိုင္ၿပီး ဖန္းဂူ မင္းယြီအခန္းေလးထဲ ျပန္ဝင္လာခဲ့တယ္ … မင္းယြီစားတာအေႏွာက္အယွက္ျဖစ္မွာဆိုး၍ ၿပီးမွအိမ္ျပန္ဖို႔ကိုေျပာဖို႔ ဆုံးျဖတ္လိုက္တယ္ …

" ဗိုက္ဝၿပီလား … စာတာနည္းလိုက္တာ "

" ကြၽန္ေတာ္စားပါတယ္ … ယူလာတာကမ်ားလြန္းေနတာ "

" ဟုတ္ပါၿပီ … ဒါဆိုျပန္နားလိုက္ … မင္းေသာက္ဖို႔ ေရယူလာေပးမယ္ "

စားေသာက္ၿပီးသြားေတာ့ ဖန္းဂူ မင္းယြီေဘးနားကမခြာပဲ ကုတင္ေပၚတက္ထိုင္လိုက္တယ္ … သူ႕ရဲ႕လက္ေမာင္းေပၚကို မင္းယြီကို မွီထားေစၿပီး ေပြ႕ဖက္ထားလွ်က္ …

" ကိုယ္တို႔ အိမ္ျပန္ၾကရင္ေကာင္းမလားလို႔ "

" ဟင္ … ၿမိဳ႕ေတာ္ကိုျပန္ခ်င္လို႔လား … အေရးႀကီးကိစၥေပၚလာလို႔လား "

" ကို႔အတြက္က ကိစၥမရွိပါဘူး … မင္းေနခ်င္ေသးလဲအဆင္ေျပတယ္ … ဒီ႐ြာေလးကိုေရာက္သာတစ္လေတာင္ေၾကာ္ၿပီဆိုေတာ့ မင္းျပန္ခ်င္ေနၿပီလားေမးၾကည့္တာ "

မင္းယြီက ဖန္းဂူလက္ေမာင္းေပၚမွီထားလွ်က္ ေဘးနားကျပတင္းေပါက္ကေန လွမ္းျမင္ေနရတဲ့ေတာင္တန္းႀကီးကို ေငးၾကည့္ရင္း …

" ဟုတ္သားပဲ … တစ္လေက်ာ္သြားၿပီ … မၾကာသလိုပဲေနာ္ … အားလုံးနဲ႕မိသားစုလိုရင္းနီးေနမွခြဲခြာရမယ္ဆိုေတာ့ ဝမ္းနည္းစရာပဲ "

" မင္းမျပန္ခ်င္ေသးရင္လဲ ဆက္ေနလို႔ရတယ္ "

" အဲ့လိုလဲဘယ္ဟုတ္ပါ့မလဲ … ဒီမွာေနတာကစိတ္ၾကည္ႏူးရေပမဲ့ တစ္ဖက္ကၾကည့္ရင္ ပုန္းေရွာင္ေနတာနဲ႕တူေနတယ္ …

ကြၽန္ေတာ္တို႔ရင္ဆိုင္ရမဲ့အရာေတြအမ်ားႀကီးရွိေသးတယ္ … အခ်ိန္ဆြဲေနတာက ေကာင္းတဲ့အရာမဟုတ္ဘူး … ၿပီးေတာ့ ရွန္သခင္ေလးက အလုပ္ေတြရွိေသးတယ္မဟုတ္လား … ကြၽန္ေတာ္တို႔ အလုပ္ေတြကိုျပစ္ထားမိတာၾကာေနၿပီ … ခုဆိုဘာေတြမ်ားျဖစ္ေနၿပီလဲ … ဟိုလူေတြေရာ … "

" ကိုယ္ဘယ္သူလဲေမ့သြားၿပီလား … အဲ့ေျမေခြးအဖြဲ႕ကိုအဲ့ေန႕ကတည္းကရွင္းၿပီးသြားၿပီ … အလုပ္ကလဲႀကီးၾကပ္မဲ့သူရွိေနတာမို႔ပူစရာမလိုဘူး … အဓိကက မင္းစိတ္ေက်နပ္ေစဖို႔ပဲ … မင္းမျပန္ခ်င္ရင္ျပန္စရာမလိုဘူး "

" ဒါေပမဲ့ ရွန္ဟႊာက … "

" ကို႔အတြက္ပူေနတာဆိုရင္ ပူမေနနဲ႕ေတာ့ … ကိုယ္အားလုံးကိုပိုင္ဆိုင္ခဲ့ၿပီးၿပီ … ခုပိုင္ဆိုင္ေနတဲ့ ေပ်ာ္႐ႊင္မႈေလးကိုဆက္ၿပီးရရွိဖို႔အတြက္ အရင္ကပိုင္ဆိုင္ခဲ့ဖူးတဲ့အရာေတြနဲ႕လဲရမယ္ဆိုရင္ေတာင္ အဲ့ဒါေတြအားလုံးနဲ႕ ဒီေပ်ာ္႐ႊင္မႈကိုလဲနိုင္တယ္ "

" တကယ္ပဲလား … ကြၽန္ေတာ့အတြက္နဲ႕ အားလုံးကိုလဲနိုင္တယ္ေပါ့ "

" အင္း … ဘယ္အရာနဲ႕ျဖစ္ျဖစ္ မင္းေပ်ာ္႐ႊင္မယ္ဆို လဲနိုင္တယ္ "

" ဒါဆို Lion နဲ႕ေရာ "

မင္းယြီရဲ႕စကားေၾကာင့္ ဖန္းဂူတိတ္ဆိတ္သြားေပမဲ့ မင္းယြီကလဲအေလ်ာ့မေပး … သူအၾကားခ်င္ဆုံးအေျဖစကားကိုၾကားရဖို႔ ထပ္မံရွင္းလင္းစြာေမးလိုက္တယ္ …

" Lion ဘဝကိုစြန္လႊတ္လိုက္ရင္ ကြၽန္ေတာ္ေပ်ာ္႐ႊင္မယ္ဆိုရင္ Lion ကိုစြန႔္လႊတ္မွာလား "

ဖန္းဂူသူ႕ရဲ႕လက္ေမာင္းၾကားကေန သူ႕အား ေမွ်ာ္လင့္ခ်က္ႀကီးမားတဲ့မ်က္ဝန္းတစ္စုံနဲ႕ စိုက္ၾကည့္ေနတဲ့ မင္းယြီကိုေငးၾကည့္ေနရင္း ဒီေတာင္းဆိုခ်က္ကိုေျဖၾကားဖို႔ သူ႕စိတ္ကိုျပန္ၿပီးစမ္းစစ္လိုက္တယ္ …

ဖန္းဂူဆိုတဲ့သူလိုလူက စကားကိုလြယ္လြယ္မေျပာတတ္သလို ေျပာၿပီးသားစကားကိုလဲ တာဝန္ယူတတ္တဲ့သူမ်ိဳး … ဒါေၾကာင့္ သူ႕ရဲ႕ဘဝနဲ႕ဆိုင္တဲ့ ဒီေတာင္းဆိုမႈကို မတြန႔္မဆုတ္ပဲေျဖဖို႔က သူ႕အတြက္ခက္ခဲေနတယ္ …

မင္းယြီကလဲ အေရးႀကီးတဲ့အေျဖမို႔ ခ်က္ခ်င္းေျဖတာထက္ ေလးနက္စြာေတြးၿပီး စိတ္ရင္းမွန္နဲ႕ျပန္ေျဖတာကိုလိုခ်င္တာမို႔ စိတ္ရွည္စြာပင္ေစာင့္ေနတယ္ …

တိုက္ခိုက္ခ်င္းဆိုတာ ဖန္းဂူရဲ႕ဘဝ ဖန္းဂူရဲ႕ဇာတိရပ္တစ္ခုလိုပဲ ေမြးဖြားကတည္းက တိုက္ပြဲေတြနဲ႕စတင္လာခဲ့သူ … လက္နတ္ဆိုတာ သူ႕ရဲ႕ကစားစရာတစ္ခုဆိုလဲမမွားဘူး … အားလုံးရဲ႕ေလးစားမႈခံရဖို႔က သူ႕ရဲ႕အိမ္မက္ပဲ … ေနရာတစ္ခုရဖို႔ အသက္မ်ားစြာကိုစေတးၿပီး မ်က္ရည္မ်ားစြာ ေသြးေခြၽးမ်ားစြာကိုခ်နင္းၿပီး မာန္အျပည့္နဲ႕ သနာညွာသာမႈမရွိေလွ်ာက္လွမ္းလာခဲ့ၿပီးၿပီ … ျခေသၤံတစ္ေကာင္လို အားအင္ျပည့္ဖို႔ နာက်င္မႈမ်ားစြာကိုသည္းခံခဲ့ရတယ္ …

ခုအားလုံးၿပီးျပည့္စုံသြားေပမဲ့ သူ႕ရဲ႕အသက္ ၃၀ ေက်ာ္မွ သူလိုၾကမ္းတမ္းရက္ဆက္သူတစ္ေယာက္ကို ကံတရားႀကီးက ႏူးညံ့တဲ့အခ်စ္ဆိုတာနဲ႕ေတြ႕ဆုံဖို႔အေၾကာင္းဖန္လာခဲ့တယ္ … အဲ့ဒါအျပင္ ေပ်ာ္႐ႊင္စရာမိသားစုေလးပါအစစ္ပါလာေသးတယ္ …

ဟား … ဘယ္ေလာက္ေတာင္ရယ္စရာေကာက္လိုက္သလဲ … မာေက်ာတဲ့ေက်ာက္တုံးကို ထုထည္မရွိတဲ့ေရကတိုက္စားသြားတာကိုျမင္ဖူးလား … ပင္လယ္ကမ္းေျခကေက်ာက္စေတြက ျဖစ္တည္လာကတည္းက အဲ့ဒိအ႐ြယ္အစားအတိုင္ပဲဆိုတာမရွိဘူး … ေရရဲ႕တိုက္စားမႈ ေျမျပင္နဲ႕ထိခပ္မႈေတြကေန အစိတ္စိတ္အမႊာမႊာကြဲေၾကၿပီး ေက်ာက္တုံးကေန ေက်ာက္စေလးေတြအျဖစ္ေျပာင္းလဲသြားၾကတယ္ …

ခုလဲဒီလိုပါပဲ … ဖန္းဂူရဲ႕မာေက်ာတဲ့ေက်ာက္တုံးလိုႏွလုံးသားက မင္းယြီရဲ႕ေရလိုအခ်စ္စစ္ေတြနဲ႕ရိုက္ခပ္ခံရၿပီး ေျမျပင္လို မိသားစုရဲ႕ေႏြးေထြမႈဆိုတဲ့အရာနဲ႕ ထိခပ္သြားတဲ့အခါ အတုမရွိတဲ့ေက်ာက္တုံးလိုႏွလုံးသားဟာလဲ အစိတ္စိတ္အမႊာမႊာကြဲေၾကလို႔သြားခဲ့ၿပီ …

ဘယ္ေလာက္ပဲအသဲမာေနပါေစ ႏူးညံ့တဲ့အခ်စ္နဲ႕ေတြ႕ရင္ အားနည္းတဲ့ေရကေက်ာက္တုံးကိုဝါမ်ိဳသြားသလို အခ်စ္ဆိုတဲ့ႏူးညံ့တဲ့တရာေလးကလဲ မာေက်ာတဲ့အသဲႏွလုံးကို ဝါမ်ိဳသြားနိုင္တယ္ … ဖန္းဂူဆက္ၿပီးအသဲမမာနိုင္ေတာ့ဘူး … ဒီေတာင္းဆိုမႈက သူ႕အတြက္ေျဖရခပ္ေပမဲ့ ဘယ္ေလာက္ပင္စဥ္းစားပါေစ ေနာက္ဆုံး သူဆုံးျဖတ္မဲ့အေျဖက တစ္ခုတည္းပါပဲ …

ထိုအရာက …

" ပါပါး "

ေလးနက္စြာေတြးေတာေနတဲ့ သူတို႔ရဲ႕အာ႐ုံေတြကိုၿဖိဳခြင္းသြားတဲ့အသံေလးက လုယီရဲ႕ေအာ္ေခၚသံေလး … ခနၾကာေတာ့ ေျခသံေသးေသးေလးက အခန္းဝကေန ကုတင္ရွိရာထံေျပးလာၿပီး အလွ်င္အျမန္ပဲ သူတို႔ ၂ ေယာက္ၾကား ေျပးဝင္လာေလေတာ့တယ္ …

လုယီေလးရဲ႕ နက္ေမွာင္တဲ့ဆံႏြယ္ အၾကည့္စူးစူးေလးေတြက ဖန္းဂူနဲ႕ထပ္တူက်ေနၿပီး စိတ္ႏွလုံးသားေလးက မင္းယြီလိုျဖဴစင္ႏူးညံ့သည့္အျပင္ စိတ္ေကာက္တတ္တာေလးကေတာ့ သူ႕ရဲ႕ေမြးရာပါအေမြလို႔ဆိုရမယ္ …

ႏႈတ္ခမ္းေလးဆူၿပီး ဖန္းဂူကိုတစ္လွည့္မင္းယြီကိုတစ္လွည့္ၾကည့္ေနၿပီး အသံစူးစူးေလးနဲ႕ ေအာ္ေျပာလာတယ္ …

" YiYi ကိုျပစ္ထားၾကတယ္ … ပါပါးမေကာင္းဘူး "

ငိုမဲ့မဲ့ေလးလုပ္ေနတဲ့လုယီေလးကို မင္းယြီေခ်ာ့ဖို႔ႀကိဳးစားေပမဲ့ လုယြီေလးက အလွ်င္အျပန္ထလိုက္ၿပီး မင္းယြီကိုယ္ေပၚၿခဳံထားတဲ့ေစာင္ကို ဆြဲမလိုက္တယ္ … တစ္စုံတစ္ရာကိုအသည္းအတန္ရွာေနပုံပဲ …

" ဘယ္မွာဖြက္ထားတာလဲ "

လုယီေလးက ဘယ္မွာဖြက္ထားတာလဲ တတြတ္တြတ္ေမးရင္ ဖန္းဂူရဲ႕အေနာက္ ေခါင္းအုံးေတြၾကား ေစာင္ပုံေတြေအာက္ ကုတင္အေျခေတြကုန္းရွာၿပီးမေတြ႕ေတာ့ စိတ္ဓာတ္က်သြားတဲ့အၾကည့္ေလးနဲ႕ မင္းယြီထံျပန္ေရာက္လာၿပီး ရင္ခြင္ထဲတိုးဝင္လာတယ္ …

" သားေလး ဘာရွာ … "

သူ႕ရဲ႕စကားပင္မဆုံးေသး မင္းယြီရဲ႕ ရွပ္အကၤ်ီကို ဆြဲမကာ ခုေလးတင္အစာစားထား၍ ေဖာင္းေနတဲ့ ဗိုက္သားေလးကို လက္ေသးေသးေလးနဲ႕ဖြဖြေလးကိုင္လိုက္ နားေလးနဲ႕ကပ္လိုက္လုပ္ၿပီး ထိုးထိုးေလးေျပာလိုက္တဲ့စကားတစ္ခြန္းက …

" ညီမေလးေလး ထဲထဲမွာပုန္းေနတာလား … ကိုကိုနဲ႕ကခ်ားရေအာင္ထြက္လာခဲ့ "

" …… "

" …… "

မင္းယြီနဲ႕ဖန္းဂူ ၾကက္ေသေသသြားၿပီး စကားတစ္ခြန္းမွ မဆိုနိုင္ေတာ့ေပ … လုယီေလးရဲ႕အမူအယာနဲ႕အေျပာအဆိုကိုအံ့ဩတာရယ္ ညကကိစၥကိုျပန္ေတြမိတာရယ္နဲ႕ေပါင္းၿပီး ႏွစ္ေယာက္သားမ်က္ႏွာေတြနီရဲလာၿပီး အၾကည့္ခ်င္းမစုံနိုင္ေတာ့ပဲ မ်က္ႏွာလႊဲလိုက္တယ္ … ဖန္းဂူကေခ်ာင္းဟန႔္ေနၿပီး မင္းယြီကေတာ့ တေတြးကိုသာအႀကိမ္ႀကိမ္မ်ိဳခ်ေနမိတယ္ … သားေလးဒီအေၾကာင္းကို ဘယ္လိုသိသြားမွန္း သူမေတြးတတ္ေတာ့ဘူး …

ခနၾကာေတာ့မွ သူ႕ရဲ႕ဝမ္းဗိုက္ကိုကပ္ၿပီး စကားေတြတတြတ္တြတ္ေျပာေနတဲ့ လုယီေလးကို ဆြဲမကာ သူနဲ႕ဖန္းဂူၾကားထဲထားလိုက္ၿပီး …

" လုယီ … ပါပါးဗိုက္ထဲမွာ ညီမေလးရွိတယ္လို႔ ဘယ္သူကေျပာတာလဲ "

" ဦးဦးယြမ္ေျပာျပတာ … ညက ပါပါးတို႔ YiYi အတြက္ ညီမေလးေလးရေအာင္ယူေပးတာတဲ့ … ခုညီမေလးေလးဘယ္မွာလဲဟင္ "

" …… "

" ဒီေခြးေကာင္ေတာ့ … ကေလးကို ေပါက္ကရေတြေျပာျပထားတယ္ "

ဖန္းဂူက ရွက္လဲရွက္ … သူ႕တို႔အေၾကာင္းကြယ္ရာမွာေျပာတဲ့သူက ရႈယြမ္ျဖစ္ေနေတာ့ မေပါက္ကြဲပဲမေနနိုင္ … ထိုအခါ လုယီေလးက ဖန္းဂူထံလွည့္ၾကည့္လိုက္ၿပီး …

" ဟင္ … ဦးဦးယြမ္က အဟုတ္ေျပာတာပါေနာ္ … ညီမေလးေလးကတကယ္ရမွာတဲ့ … မရဘူးဆိုရင္ အဲ့တာ ဒယ္ဒီညံ့လို႔ပဲ … ဟြန႔္ "

စကားတတ္ေလးလုယီရဲ႕ျပန္လည္ေခ်ပတဲ့စကားလုံးေတြေအာက္မွာ ဖန္းဂူ စကားအထစ္ထစ္နဲ႕ ကို႔သိကၡာကိုျပန္ဆယ္ေနရေလေတာ့တယ္  …

" ဘ … ဘာ … အဟင္း …ပိုင္လုယီေလး … မင္းအ႐ြယ္နဲ႕ ဒီလိုမ်ိဳးေတြမေျပာရဘူးကြ …

မင္းဒယ္ဒီဘယ္ေလာက္ေတာ္ေၾကာင္း ပါပါးအသိဆုံး … မယုံရင္ေမးၾကည့္လိုက္ "

ထိုအခါ လုယီေလးက မင္းယြီထံလွည့္သြားၿပီး …

" ဟုတ္လားပါပါး … ဒယ္ဒီေတာ္ရင္ ညီမေလးေလးေရာ ညီညီေလးေရာ အမ်ားႀကီးရမွာေပါ့ေနာ္ "

မင္းယြီမ်က္ႏွာတျပင္လုံးရဲေနၿပီး သားအဖႏွစ္ေယာက္ရဲ႕စကားေတြေၾကာင့္ စြံ႕အလို႔ေနတယ္ …

" ဘာ … ဘာေတြေျပာေနတာလဲ … အဲ့လိုမဟုတ္ဘူး … လုယီေလး အဲ့ဒါကေလ … "

လုယီေလးက သူ႕ပါပါးထံကမေရရာတဲ့အေျဖစကားေတြကိုဆက္နားမေထာင္ပဲ ႏႈတ္ခမ္းေလးဆူလွ်က္ေျပာလိုက္တယ္ …

" အဲ့လိုဟုတ္ဘူးဆိုရင္ ဒယ္ဒီမေကာင္းလို႔ေပါ့ … အဲ့လိုဆိုရင္ ဒယ္ဒီကိုလုပ္ခိုင္နဲ႕ေတာ့ … ညီမေလးေလးလဲရပဲနဲ႕ လုပ္ေနလဲအပိုပဲ … ဟြန႔္ "

မင္းယြီရွက္စိတ္ထက္ လုယီစကားေၾကာင့္ျဖစ္ပ်က္သြားတဲ့ ဖန္းဂူမ်က္ႏွာကိုၾကည့္ၿပီး ရယ္လိုက္မိတယ္ … ဒါက နည္းနည္းေတာ့ေပ်ာ္စရာေကာင္းသား …

" အင္း … ဟုတ္တယ္ေနာ္ … ဒယ္ဒီကိုမလုပ္ခိုင္ေတာ့ဘူး "

မင္းယြီရဲ႕ေထာက္ခံစကားၾကားရေတာ့ ဖန္းဂူေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားပုံက တစ္သက္မေမ့ဖြယ္ရာ …

" အဲ့ဒါက … မဟုတ္ဘူးေလကြာ "

ဖန္းဂူက ရွင္းျပဖို႔ႀကိဳးစားေပမဲ့ လုယီေလးကအဖက္မလုပ္ေတာ့ပဲ မင္းယြီအား လွည့္ၾကည့္ကာ ၿပဳံးလိုက္ၿပီး …

" ဟီး … ပါပါးနဲ႕YiYi ပဲတူတူေနမယ္ … ဒယ္ဒီေရာ ညီမေလးေရာလိုဘူး … ပါပါးက YiYiကိုပဲခ်စ္ကမယ္ "

ဖန္းဂူရဲ႕အမူအယာကိုၾကည့္ၿပီး မင္းယြီတစ္ခ္ခ္ရယ္ရင္း …

" ခ္ခ္ … လုယီေလးကိုပါပါးခ်စ္ဆုံးပါဗ်ာ "

လုယီေလးက မင္းယြီပါးေလးကိုနမ္းလိုက္ၿပီး …

" ဒါဆို ညက်ရင္ YiYi ကိုျပစ္ထားရဘူး … ပါပါးနဲ႕အိပ္မွာ "

" သားေလးကိုျပစ္မထားေတာ့ဘူး … သားေလးကပါပါးတို႔နဲ႕တူတူအိပ္ရမယ္  ပါပါးရယ္ ဒယ္ဒီရယ္ YiYi ေလးရယ္ "

" အင္း … အင္း … YiYi ေက်နပ္တယ္ "

လုယီေခါင္းေသးေသးေလးက မင္းယြီရင္ခြင္ထက္မွီၿပီး မင္းယြီခါးေလးကို လက္ေသးေသးေလးနဲ႕ တင္းၾကပ္စြာဖက္ထားလွ်က္ … မင္းယြီဦးေခါင္းက ဖန္းဂူပခုံးေပၚမွီၿပီး ဖန္းဂူရဲ႕ရင္ခြင္က်ယ္ႀကီးက မင္းယြီကိုေရာ ၾကားထဲကလုယီေလးကိုပါ ေပြ႕ဖက္ထားေလတယ္ … ဖခင္ ၂ ေယာက္ရဲ႕အေႏြးဓာတ္ေတြေၾကာင့္ လုယီေလး ခနၾကာေတာ့ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားေလေတာ့တယ္ …

ထိုအခါမွ ဖန္းဂူ သူ႕ပခုံးေပၚမွီထားတဲ့မင္းယြီႏွဖူးေလးေပၚက ဆံႏြယ္ေတြကို လက္နဲ႕သပ္လိုက္ၿပီး ႏူးညံ့တဲ့ႏႈတ္ခမ္းသားေလးနဲ႕ဖြဖြေလးထိကပ္လိုက္တယ္ … ဖန္းဂူရဲ႕အနမ္းေၾကာင့္ မ်က္လုံးပိတ္ၿပီးေမွးဆပ္ေနတဲ့မင္းယြီမ်က္လုံးေလးပြင့္လာခဲ့တယ္ … ၿပီးေနာက္ သူ႕ရဲ႕နားနားေလးကိုကပ္ၿပီး ေလပူေတြရဲ႕တိုက္ခပ္မႈနဲ႕အတူ အသံတိုးတိုးေလးကိုပါၾကားလိုက္ရတယ္ …

" ကိုယ္ Lion ဘဝကို စြန႔္လႊတ္လိုက္ေတာ့မယ္ "

" …… "

ေလနက္တည္ၾကည္ၿပီး ပ်က္သားလွတဲ့စကားလုံးေတြေအာက္မွာ မင္းယြီစြံ႕အသြားၿပီး သူ႕ရဲ႕မ်က္ဝန္းေတြက အံ့ဩမႈအျပည့္နဲ႕ ဖန္းဂူအားေမာ့ၾကည့္လိုက္တယ္ … သူနဲ႕အၾကည့္ခ်င္းဆုံမိသြားေတာ့ ဖန္းဂူမ်က္ဝန္းေတြမွာ ေနာင္တေတြ မေရရာမႈေတြဆိုတာ တစ္ခုမွရွိမေနဘူး … ယုံၾကည္ခ်က္အျပည့္နဲ႕ သူ႕ပုံစံက ေပ်ာ္႐ႊင္ေနတဲ့ပုံပဲ …

မင္းယြီသူ႕ကို မယုံၾကည္နိုင္စြာၾကည့္ေနတာကိုျမင္ေတာ့ ဖန္းဂူ တူညီတဲ့အေျဖစကားကို တြန္းဆုတ္ျခင္းမရွိ ထပ္မံေျပာၾကားလာတယ္ …

" ကိုယ္ ခုခ်ိန္ကေနစၿပီး မင္းမႀကိဳက္တဲ့ Lion ဆိုတဲ့ဘဝကို စြန႔္လႊတ္လိုက္ေတာ့မယ္ … Lion တင္မကဘူး ကိုယ္ပိုင္ဆိုင္တဲ့အရာအားလုံး မင္းနဲ႕သားေလးကလြဲၿပီးအားလုံးကိုစြန႔္လႊတ္နိုင္တယ္ …

ခုကိုယ္က သာမန္လူတစ္ေယာက္ျဖစ္သြားၿပီ … မင္းနဲ႕အတူ အလင္းမွာပဲေနေတာ့မယ္ … မင္းနဲ႕သားေလးအတြက္ ကိုယ္ ရွာေႂကြးနိုင္တယ္ … မင္းမႀကိဳက္တဲ့လူသတ္တာေတြ တျခားကိစၥေတြ ကိုယ္ဘာမွမလုပ္ေတာ့ဘူး …

ဒီ႐ြာေလးမွာလဲ မင္းႀကိဳက္သေလာက္ေနနိုင္တယ္ … ကိုယ္မင္းအတြက္ အရာအားလုံးကိုျဖည့္စည္းေပးမယ္ "

ရွန္ဖန္းဂူက သူ႕ရဲ႕ပိုင္ဆိုင္မႈဂုဏ္ပုဒ္ေတြစြန႔္လႊတ္ၿပီး မင္ယြီနဲ႕သားေလးကိုေ႐ြးခ်ယ္မယ္လို႔ ဘယ္သူကထင္မိမွာလဲ  … မင္းယြီကိုယ္တိုင္လဲမထင္ထားဘူး … ဒီအေျဖစကားက မင္းယြီကို အႀကီးႀကီးေလ်ာ့ရသြားေစတယ္ … မင္းယြီမယုံၾကည္နိုင္၍ ထပ္မံေမးျမန္းေနမိတယ္ …

" ထပ္ေျပာပါအုံး … ကြၽန္ေတာ္နဲ႕ Lion ဘယ္သူ႕ကိုေ႐ြးမွာလဲ "

" ကိုယ္မင္းကိုပဲေ႐ြးမွာ … Lion ဆိုတာ ကို႔ေၾကာင့္ျဖစ္တည္လာတဲ့အရာတစ္ခု … ဒါေပမဲ့ မင္းဆိုတဲ့အရာက ဘုရားရွင္ကကို႔အတြက္ဖန္ဆင္းေပးလိုက္တဲ့ တစ္ခုတည္းေသာလက္ေဆာင္ … ဒါေၾကာင့္ Lion ထပ္ ကိုယ္မင္းကိုပဲတန္ဖိုးထားမယ္ … မင္းကိုပဲ ကိုယ္ေ႐ြးခ်ယ္မယ္ "

" တကယ္ပဲလား … ကြၽန္ေတာ္တို႔နဲ႕အတူ တစ္သက္လုံး ဒီတိုင္ေလးပဲေနသြားေပးမွာလား "

" ဒါေပါ့ … မင္းနဲ႕သားေလးရွိေနရင္ ပစၥည္ဥစၥာေတြမရွိတဲ့ ဒီလိုအရပ္မ်ိဳးမွာေတာင္ ကိုယ္တစ္သက္လုံးေနသြားနိုင္တယ္ "

မင္းယြီမ်က္ဝန္းေတြကေန ေပ်ာ္႐ႊင္မႈေၾကာင့္ က်လာတဲ့မ်က္ရည္ေတြက အတားအစီးမရွိခဲ့ … ဝမ္းသာမႈ ေပ်ာ္႐ႊင္မႈေတြက မ်က္ရည္အျဖစ္ရွန္ထြက္လာၿပီး စိတ္ရွိတိုင္း ေအာ္ျပစ္လိုက္ခ်င္ေပမဲ့ သားေလးနိုးသြားမည္ဆိုး၍ မင္းယြီ မ်က္ႏွာကိုလက္နဲ႕အုပ္ထားလိုက္တယ္ …

ဖန္းဂူက မ်က္ႏွာေပၚက မင္းယြီလက္ေလးကို ဆြဲခြာလိုက္ၿပီး ဆို႐ႊဲေနတဲ့မ်က္ရည္ေတြကိုသုတ္ေပးလိုက္တယ္ …

" ဘာေၾကာင့္ငိုေနတာလဲ … အဲ့ေလာက္ေတာင္ ေပ်ာ္ရလား "

" အဟင့္ … ကြၽန္ … ကြၽန္ေတာ္ ေပ်ာ္တာေပါ့ … ႐ႊတ္ ( ႏွာရႈန႔္သံ ) … ကြၽန္ေတာ္ ဘယ္ေလာက္ေတာက္ေပ်ာ္ေနမိလဲ ခမ်ားႀကီးမသိနိုင္ပါဘူး "

ဖန္းဂူက ေတာက္ပစြာၿပဳံးလွ်က္ မင္းယြီရင္ဘက္ေပၚက လုယီေခါင္းေသးေသးေလးကို လက္ေလးနဲ႕ဖြဖြေလးကိုင္လိုက္ၿပီး …

" ကိုယ္လဲေပ်ာ္တယ္ … ကိုယ္ကလုယီေလးရဲ႕အေဖ ၿပီးေတာ့မင္းရဲ႕ေယာက္်ားျဖစ္ခြင့္ရလို႔ "

" လုယီေလးရဲ႕အေဖမာဖီးယား ကြၽန္ေတာ့ရဲ႕အယ္ဖာ ခမ်ားက ခုလူေကာင္းျဖစ္သြားၿပီဆိုေတာ့ ကြၽန္ေတာ္က ပိုေပ်ာ္တာေပါ့ "

" အဟား … ဟုတ္ပါၿပီဗ်ာ … မင္းေပ်ာ္ရင္ ကိုယ့္ကို ဆုမခ်ခ်င္ဘူးလား "

ထိုအခါ မင္းယြီပါးေပၚက မ်က္ရည္ေတြကို သုတ္လိုက္ၿပီး သူ႕ရဲ႕လက္ ၂ ဖက္နဲ႕ ဖန္းဂူပါးေလးေပၚတင္လိုက္ၿပီး အနားနားဆြဲယူကာ ႏႈတ္ခမ္းေလးအား ႏူးညံ့စြာနဲ႕အနမ္းေလးေပးလိုက္တယ္ …

" ေက်နပ္ၿပီလား … လုယီဒယ္ဒီ "

" ဟင့္အင္ … ဒီေလာက္နဲ႕မရဘူး  လုယီပါပါး … လုယီဒယ္ဒီကဒိထပ္မကလိုခ်င္ေသးတယ္ "

ဖန္းဂူ မင္းယြီမ်က္ႏွာေလးကိုဆြဲယူလိုက္ၿပီး ပို၍ေလးနက္တဲ့အနမ္းေတြကို ဦးေဆာင္ကာ မလႊတ္တမ္းနမ္းေလေတာ့တယ္ … သူတို႔ရဲ႕အသံေတြကဆူညံေနတာေၾကာင့္ လုယီေလးလႈပ္ရွားလာေတာ့မွ မင္းယြီအသိျပန္ဝင္လာၿပီး ဖန္းဂူကိုတြန္းထုတ္ကာ လုယီေလးမနိုးလာေစဖို႔ေခ်ာ့ျမဴလိုက္တယ္ …

" ရႉး … တိုးတိုး … သားေလးအိပ္ေနတယ္ "

" အာ … ဟုတ္သားပဲ … ကိုယ္ သားေလးရွိတာကိုေမ့သြားတယ္ "

" ခ္ခ္ … လုယီေလးမိသြားရင္ ဒီညအခန္းအျပင္မွာအိပ္ေနရလိမ့္မယ္ "

" ကိုယ့္ကိုမေျခာက္ပါနဲ႕ကြာ … ကိုယ္လိမ္မာပါ့မယ္ "

ဖန္းဂူ မင္းယြီပခုံးေလးေပၚမွီၿပီး လုယီေလးအေနာက္ကေန လုယီေလးနည္းတူ မင္းယြီခါးေလးအား ဖက္ထားလိုက္ေလတယ္ … မင္းယြီသူ႕ရဲ႕ရင္ခြင္ထဲက သားအဖ ၂ ေယာက္ကိုၾကည့္ရင္း ၾကည္ႏူးမႈအျပည့္နဲ႕ သူ႕ရဲ႕လက္တဖက္က ဖန္းဂူေက်ာပင္ေလးကို ဖြဖြေလးပုတ္လွ်က္ က်န္တစ္ဖက္က သူ႕ေျခေထာက္ေပၚခြထားတဲ့လုယီေလးေပၚကိုဖြဖြေလးပုတ္ေပးလွ်က္ …

ထိုလွပတဲ့ျမင္ကြင္းေလးကို ေကာင္းကင္နဲ႕ေျမျပင္သဘာဝတရားႀကီးကေတာင္ ဩဝါဒေပးေနသည့္အလား … သာယာေအးျမတဲ့ေလညွင္းေတြက ျပတင္းေပါက္ကေနတဆင့္ဝင္ေရာက္လာၿပီး ေနမင္းႀကီးကလဲထိန္ထိန္သာလွ်က္ ပတ္ဝန္းက်င္က ရႈခင္းမ်ားကို ပို၍အသက္ဝင္လာေစတယ္ … ေက်းငွက္တို႔ကသာယာစြာတြန္က်ဴးေနၿပီး ခနအၾကာတြင္ မိသားစု ၃ ေယာက္လုံး အိပ္ေမာက်သြားေလေတာ့တယ္ …

" Lao Gong ( ေယာက္်ား ) "

" …… "

အသံတိုးတိုးေလးေၾကာင့္ ဖန္းဂူ မ်က္လုံးေတြဖြင့္လိုက္ေတာ့ ေမွာင္ရီပ်ိဳးေနတဲ့ပတ္ဝန္က်င္က သူ႕ရဲ႕အျမင္အာ႐ုံထဲဝင္ေရာက္လာၿပီး ႏူးညံ့တဲ့အရာတစ္ခုေပၚ လဲေလွ်ာင္ေနေၾကာင္းသတိျပဳမိသြားတယ္ … သို႔ေပမဲ့ ခု သူ႕အာ႐ုံထဲ ႀကီးဆိုးေနတဲ့အရာက ေခၚလိုက္တဲ့အသံေလး … ဖန္းဂူနားၾကားမွာေလသလားဟုေတာင္ထင္မိၿပီး မ်က္လုံးကို ခ်က္ခ်င္းမဖြင့္ေသး …

" Luyi Father "

" What ? "

ဖန္းဂူ႐ုတ္တရပ္ထလာၿပီး သူ႕အားကုန္းၾကည့္ေနတဲ့မင္းယြီကိုယ္ေလးကိုဆြဲဖက္လိုက္တယ္ …

" ကို႔ကိုဘယ္လိုေခၚလိုက္တယ္ "

" လုယီဒယ္ဒီ "

" မဟုတ္ဘူး … ပထမဆုံးေခၚတာ "

မင္းယြီကအူလည္လည္ေလးလုပ္လွ်က္ ရွက္ရွက္ျဖင့္ …

" ေလာင္ကုန္း ( ေယာက္်ား )လို႔ေခၚ  … အ့ … "

ဖန္းဂူ သူ႕ကိုယ္က မင္းယြီေပါင္ေပၚေရာက္ေနၿပီး လုယီေလးလဲမရွိေတာ့သည္ကို သိလိုက္ရေတာ့ မင္းယြီကိုယ္ေလးအား အိပ္ယာေပၚေမွာက္ခ်လိဳက္တယ္ …

" ကို႔ကိုအၿမဲအဲ့လိုပဲေခၚ  … ကိုယ္က မင္းရဲ႕ေလာင္ကုန္း ( ေယာက္်ား ) "

" ေတာ္ၿပီ … ဖယ္ … ညေရာက္ေတာ့မယ္ … တစ္ခုခုသြားစားရေအာင္ "

မင္းယြီ ဖန္းဂူအားတြန္းထုတ္ၿပီး ထရန္ျပင္ေပမဲ့ သူ႕ရဲ႕ကိုယ္က ဖန္းဂူရင္ခြင္ထဲကေန ႐ုန္ထြက္၍မရေပ …

" ဘယ္ကိုသြားမွာလဲ … သားေလးဘယ္ေရာက္သြားၿပီလဲ "

" သားေလးကအေစာႀကီးကတည္းကနိုးလို႔ အကိုခ်ဴးရွန႔္တို႔ေခၚသြားၿပီ … ခုညေတာင္ျပန္ေရာက္ေနၿပီေလ … တစ္ေန႕လုံးအိပ္ေနတာ ညၾကဘယ္လိုအိပ္ေပ်ာ္ေတာ့မွာလဲ "

ထိုအခါမွ ဖန္းဂူအျပင္ဘက္ပတ္ဝန္က်င္ကိုၾကည့္လိုက္ၿပီး ေမွာင္ေနတာကိုေတြ႕လိုက္ရေတာ့ သူ႕စိတ္ထဲမွာလဲ အေတြးတခ်ိဳ႕ေပၚလာေလေတာ့တယ္ …

" တစ္ေန႕လုံးအိပ္ၿပီးၿပီဆိုေတာ့ တစ္ညလုံးကစားလို႔ရတာေပါ့ … မဟုတ္ဘူးလား လုယီပါပါး "

" ဟင္ … ဘာေတြေျပာေနတာလဲ … ဒီညသားေလးလာအိပ္မွာ "

" လုယီေလးအတြက္ ညီမေလးရေအာင္လုပ္ေပးမယ္ေျပာရင္ သားေလးလာမွာမဟုတ္ဘူး … ကိုတို႔ႀကိဳးစားၾကည့္ရေအာင္ "

" မရဘူး … ခုညစာသြားစားမယ္ … ဒီညေတာ့ မရ … အ့ … အား … "

" ညစာကို ဒီမွာပဲစားလို႔ရတာပဲ … လုယီပါပါး လုယီအတြက္ညီမေလးေလးရေအာင္လုပ္ၾကမယ္ေလး "

ဖန္းဂူက အသြားမခံပဲ မင္းယြီတစ္ကိုယ္လုံးကို ခ်ဳပ္ကိုင္ကာ ႐ုန္းထြက္၍မရေအာင္ ဖက္သြယ္ထားေလေတာ့တယ္ …

ခုပဲေအာက္ကိုေရာက္ေနၿပီေလ … ႐ုန္းလို႔ေရာရအုံးမွာတဲ့လား … ဒီညကေတာ့ မင္းယြီအတြက္ ညတာရွည့္မဲ့ပုံပါပဲ …

                    ~ ~ ~ < ၿပီးပါၿပီ > ~ ~ ~

[ A/N - ဒါေလးကၿပီးသြားပါၿပီ 🤗 … S2  ေျပာတာ 😄 လုယီဖားသားေလးကို ဒီမွာပဲရပ္လိုက္မယ္ ဆက္မဖတ္ေတာ့ဘူးဆိုလဲေျပာပါ ဒါေလးကလဲ အဆုံးသတ္အတြက္ၿပီးျပည့္စုံပါတယ္ … အခ်စ္ေၾကာင့္ မာဖီးယားႀကီးေျပာင္းလဲသြားခဲ့ပုံေလး ဖန္းတီးထားတာပါ …

ဒိထပ္ထက္ၿပီး ၿပီးျပည့္စုံခ်င္တယ္ … စိတ္ဝင္စားေသးတယ္တယ္ဆိုရင္ အားလုံးကိုရွင္းလင္းဖို႔ S3 ဆိုၿပီး ဆက္ေရးေပးပါ့မယ္ … အားေပးမဲ့ဒါဒါေလးေတြရဲ႕သေဘာပါ … ကိုတင္ေပးတာေစာင့္နိုင္တယ္ ဖတ္မယ္ဆိုရင္ ဒိထပ္ျပည့္စုံေအာင္ေရးသားဖို႔ S3 အတြက္ဇာတ္ကြက္ေတြရွိပါေသးတယ္ … မဖတ္ခ်င္ေတာ့ဘူးဆိုရင္ ဒီမွာပဲအဆုံးသတ္ၿပီး ႐ြာမွာပဲေနသြားတယ္လို႔မွတ္ယူလို႔လဲရသလို အဆုံးသတ္ေလးကို ကိုယ္ပုံေဖာ္ခ်င္သလို ေဖာ္နိုင္ပါတယ္ …

ဒါကကိုယ္ဖန္တီးတဲ့ဇာတ္လမ္းဆိုေပမဲ့ ဒါဒါေလးေတြရဲ႕ ကိုယ္ပိုင္စိတ္ကူးနဲ႕ဇာတ္သိမ္းနိုင္ပါတယ္ … ခုခ်ိန္ထိအားေပးလာတဲ့ ဒါဒါတစ္ေယာက္ခ်င္းစီတိုင္း ေက်းဇူးအတူးတင္ရွိပါတယ္ … ဆက္ၿပီးဖတ္ခ်င္ေသးတယ္ဆို ေျပာေပးသြားပါေနာ္ … ၿပီးေတာ့ မိမိရဲ႕အျမင္နဲ႕ လိုအပ္တာေလးေတြရွိရင္ မန႔္မွာဝင္ေရးသြားေပးပါ … အဆုံးသတ္ေလးကိုေရာ သေဘာက်ရဲ႕လား ? ဒီအပိုင္းအတြက္ မွတ္ခ်က္ေလးေတြေရးေပးသြားၾကပါအုံး 🥰  )

( ကိုယ္ဖုန္းအသစ္ဝယ္ၿပီးၿပီမို႔ Acc အသစ္ေလးလဲဖြင့္ၿပီးသြားပါၿပီ … ကိုယ္နဲ႕ Fri ျဖစ္ခ်င္ရင္ လာအပ္လို႔ရပါတယ္ … cb ကေနလဲ စကားလာေျပာနိုင္ပါတယ္ 🤗 )

Continue Reading

You'll Also Like

3.3M 210K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
65.1K 12.6K 26
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
665K 75K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
174K 4.3K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်