Fall in Love 🖤

By thawxin

223K 12.3K 723

(Unicode ) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်သစ်စကားပြန်မလေးတို့ရဲ့ မတူညီတဲ့အခြေနေနှစ်ခုကြားထ... More

2 - Fall in Love 🖤
3 - Fall in Love 🖤
4 - Fall in Love 🖤
5 - Fall in Love 🖤
6 - Fall in Love 🖤
7 - Fall in Love 🖤
8 - Fall in Love 🖤
9 - Fall in Love 🖤
10 - Fall in Love 🖤
11 - Fall in Love 🖤
12 - Fall in Love 🖤
13 - Fall in Love 🖤
14 - Fall in Love 🖤
15 - Fall in Love 🖤
16 - Fall in Love 🖤
17 - Fall in Love 🖤
18 - Fall in Love 🖤
19 - Fall in Love 🖤
20 - Fall in Love 🖤
21 - Fall in Love 🖤
22 - Fall in Love 🖤
23 - Fall in Love 🖤
24 - Fall in Love 🖤
25 - Fall in Love 🖤
26 - Fall in Love 🖤
Final Part - (unicode)
Final Part- (Zawgyi)
Book Creation

1 - Fall in Love 🖤

29.2K 985 25
By thawxin

(Unicode)

မန္တလေးမြို့ရဲ့ ဒီဇင်ဘာဆောင်းညနေခင်းလေးဟာ ရင်ထဲထိတစိမ့်စိမ့်နဲ့ အေးနေတာကြောင့် 'ရိုးတံ' ဆိုတဲ့ ကောင်မလေးတစ်ယောက် အမွေးပွအင်္ကျီထူလေးကို ကောက်ဝတ်လိုက်သည်... အင်္ကျီထူထူဝတ်ထားသည့်အပြင် အနွေးဘောင်းဘီရှည်ကြီးကိုလည်း ဝတ်ထားတာကြောင့် သူမရဲ့ခန္ဓာကိုယ်သေးသေးလေးပင် ပျောက်နေတော့သည်...

"ဒေါ်ဒေါ်ရေ ရိုး.. ညစျေးတန်း ခဏသွားလိုက်ဦးမယ်..."

"အေးအေး သမီးလေး...
စာအုပ်တွေသွားကြည့်ဦးမလို့လား..."

"ဟုတ်တယ် ဒေါ်ဒေါ်.. စာအုပ်အဟောင်းတန်းသွားမလို့.. စာအုပ်ဆိုင်က ဦးလေးကြီးကို စာအုပ်တစ်အုပ်ရှာခိုင်းထားလို့လေ.. ရပြီလား သွားမေးမလို့..."

"သွားပြီး မြန်မြန်ပြန်လာခဲ့နော်.... သမီးဦးလေးပြန်လာလို့ မရောက်သေးရင် အဆူခံနေရဦးမယ်..."

"ဟုတ်ပါ ဒေါ်ဒေါ်ရဲ့ ဆိုင်အုပ်ဆိုင်ပဲသွားမှာပါ..."

"အေးအေး.. ဆိုင်ကယ် သေချာမောင်းနော်.."

"စက်ဘီးစီးသွားမှာ ဒေါ်ဒေါ်...
စက်ဘီးမနင်းရတာကြာနေလို့..."

"အေးပါကွယ်... ပြီးမှ ခြေသလုံးတွေညောင်းတယ်မငြီးနဲ့နော်...."

"ဟား..ဟား.. အိမ်နဲ့စျေးတန်းနဲ့က နီးနီးလေးပါဒေါ်ဒေါ်ရယ်... ဟိုတစ်ခါက စီးနေကြမဟုတ်ဘဲနဲ့ ကျုံးကို တစ်ပတ် ပတ်လိုက်လို့ အိပ်ယာထဲ လှဲသွားတာပါ...."

"​ဟုတ်ပါပြီကွယ်... ကျုပ်ကလည်း ညည်းအတွက်ပဲ ပြောရတာပါ..."

"ဟုတ်ပါ ဒေါ်ဒေါ်ရဲ့...
ဒါဆို ရိုး သွားပြီနော်..."

"အေးအေး သမီး..."

အဒေါ်ဖြစ်သူကို ခွင့်တောင်းပြီးတာနဲ့ အိမ်ရှေ့ခြံဘေးတွင်ရပ်ထားတဲ့ ပြိုင်ဘီးလေးကို ထုတ်ကာ မန္တလေးနာရီစင်နားက ညစျေးတန်းဆီသို့ ထွက်ခဲ့တော့သည်....
ညနေ၅ခွဲလောက်သာရှိသေးပေမယ့် မန္တလေးမြို့ကြီးမှာက နေရောင်အစား လျှပ်စစ်မီးရောင်တို့က ဝင်ရောက်နေခဲ့ပြီ...
လမ်းမီးထိန်ထိန်အောက်မှာ ကောင်မလေးတစ်ယောက် ပြိုင်ဘီးလေးနင်းရင်း မန္တလေးရဲ့ ဆောင်းည အလှကို ခံစားနေတော့သည်... ရာသီဥတုကအေးသည့်အပြင် စက်ဘီးစီးနေတဲ့အရှိန်ကြောင့် တိုးဝင်လာတဲ့ လေအေးအေးတွေက ပို၍အသည်းခိုက်စေပြန်သည်... စက်ဘီးလက်ကိုင်ကိုကိုင်ထားတဲ့ လက်တို့သည်လည်း တဖြေးဖြေးနဲ့ ထုံကျဥ်လာတော့သည်... ဘယ်လောက်ပဲ အေးနေပါစေ ဒီလိုအေးချမ်းမူကိုတော့ ရိုး ကြိုက်သည်.. Titanic ဇာတ်ကားထဲကလို အေးခဲပြီးသေရမယ်ဆိုရင်တောင်မှ အဲ့ဒီအအေးဒဏ်ကြီးကို ရိုးတို့..ကြိုက်နှစ်သက်ဦးမည်ထင်သည်. ရိုး..ဆိုတဲ့ကောင်မလေးက သဘာဝအလှတရားတွေကို ချစ်မြတ်နိုးသူတစ်ဦးပင်..
သဘာဝအကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာလေးတစ်ကြောင်းဆိုရင်တောင်မှ အမြတ်တနိုးနဲ့ သိမ်းထားသည်အထိပင်..
ရိုး..ငယ်ငယ်ထဲက မက်ခဲ့တဲ့အိမ်မက်က တစ်နေ့ ကမ္ဘာအနှံ့ပတ်ပြီး သဘာဝကို ထိတွေ့ချင်တာဖြစ်သည်.. သို့ပေမယ့် ရိုးရဲ့အခြေအနေက ကမ္ဘာပတ်ဖို့မပြောနှင့် မြန်မာနိုင်ငံအနှံ့ပတ်ဖို့တောင် အနိုင်နိုင်ပင်. ဒါ့ကြောင့် ခရီးတွေထွက်ပြီး မြန့်မာ့သမိုင်း မြန့်မာ့ယဥ်ကျေးမူ မြန်မာတွေရဲ့ဓလေ့ကို ပြောပြရသည့် Tour guide အလုပ်ကို ရွေးချယ်ဖြစ်ခဲ့သည်... ဒါ့ကြောင့်လည်း တက္ကသိုလ် ဒုတိယနှစ်ရောက်ကတည်းက ပြင်သစ်ဘာသာစကားကို လေ့လာဖြစ်ခဲ့သည်.. သုံးနှစ်ဆက်တိုက် လေ့လာပြီးတော့ ကျောင်းပြီးတာနဲ့ သူငယ်ချင်းနဲ့အတူ သင်တန်းတွေ အတူတက်လိုက်ပြီး အလုပ်အေဂျင်စီမှတစ်ဆင့် ဒီအလုပ်လေးကို လုပ်ကိုင်ခွင့်ရခဲ့သည်... ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရသည်မို့ ရိုးတို့ကတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူလို့မဆုံးဖြစ်မိသည်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်လေးက ရိုးရဲ့အိမ်မက်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်စွက်ပေးနေသည်မဟုတ်လား....
ကိုယ့်အ​ကြောင်းကိုတွေးရင်း စက်ဘီးလေးနင်းလာလိုက်တာ နောက်ဆုံးတော့ နာရီစင်မီးပွိုင့်ထိ ရောက်လာခဲ့ပြီ... မီးနီနေသည်မို့ခဏစောင့်ရင်း မီးပွိုင့်လွတ်တာနဲ့ ညစျေးတန်းဘက်သို့ တန်းနင်းလိုက်​တော့သည်...
ညစျေးတန်းလမ်းက One way (တစ်လမ်းမောင်း) ဆိုပေမယ့် ညဆိုရင်တော့ အသွားအပြန်ရှုပ်ယှက်ခတ်နေတတ်သည်... စျေးတန်းတွေလည်းဖွင့်နေပြီမို့ လူကတော့အနည်းငယ်စည်ကားနေပြီဖြစ်သည်.. ရိုးလည်း စက်ဘီးကို မနင်း​တော့ဘဲ ဆင်းတွန်းကာ စာအုပ်အဟောင်းတန်းရှိရာဘက်သို့ ဦးတည်လိုက်တော့သည်
အင်္ကျီဆိုင်တွေ ဖိနပ်ဆိုင်လေးတွေအပြင် မီးလင်းအရုပ်လေးတွေ.. ဖန်စီလေးတွေ ရောင်းတဲ့ ဆိုင်သေးသေးလေးတွေရယ်.. ဆောင်းတွင်းသုံး အသုံးဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်လေးတွေရယ်ဖြင့် ညစျေးတန်းကြီးက လှပလို့နေသည်... ဒါ့အပြင် အတွဲကိုယ်စီဖြင့် လမ်းဘေးမုန့်ဆိုင်လေးတွေမှာ ပကာသနမပါဘဲ ရယ်ရယ်မောမောဖြင့်သာ ဘဝကိုဖြတ်သန်းနေကြသည့် မြင်ကွင်းလေးတွေကလည်း ကြည်နူး၍ပင်မဆုံးနိုင်..... ရိုးတစ်ယောက် စက်ဘီးလေးကိုတွန်းရင်း ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်နေလိုက်တာများ စာအုပ်ဆိုင်လေးပင် ကျော်သွားတော့သည်.....

"တူမကြီး ဘယ်လဲကွယ့်...."

အသံကြားမှ နောက်ကိုလှည့်ကြည့်လိုက်တော့ စာအုပ်ဆိုင်လေးကို ကျော်သွားတာ သတိထားမိလိုက်သည်... ဒါနဲ့ပဲ စက်ဘီးကို နောက်ပြန် ပြန်တွန်းရင်း....

"ဦးလေးဆီလာတာပါရှင်... အငေးလွန်ပြီး ဦးလေးဆိုင်ကို ကျော်သွားတာ 😁.."

ပြောရင်းနှင့်ပင် စက်ဘီးကို ဒေါက်ထောက်ကာ ဆိုင်ရှေ့တွင် ခြေစုံရပ်ရင်း ထိုင်လိုက်တော့သည်... ဆိုင်ဆိုပေမယ့် မိုးကာအစိမ်းကြီးကို လမ်းမဘေးတွင်ကပ်ခင်းထားပြီး စာအုပ်အဟောင်းလေးတွေကို တစ်စီတစ်တန်းထဲ သပ်သပ်ရပ်ရပ် ခင်းကျင်းထားခြင်းမျိုးဖြစ်သည်....

"ဟား..ဟား.. တူမကြီးကတော့ကွယ်
ဘာတွေဒီလောက်ငေးနေလို့ ဦးလေးဆိုင်ကိုတောင် ကျော်သွားရတာတုန်း...."

"ဒီလိုပါပဲ ဦးလေးရာ...
ညစျေးတန်းရဲ့ အလှတရားကြီးကို လိုက်ခံစားရင်းပေါ့.."

"အေးပါကွယ်... ဦးလေးတို့ခေတ်တုန်းကလည်း ညနေဆို လူပျိုတွေ ဒီမှာစုပြီး စကားဖောင်ဖွဲ့ ပြောရတာအမောကွဲ့... သိပ်ကို ပျော်စရာကောင်းခဲ့တာပေါ့...."

"အမယ်...ဦးလေးတောင် ငယ်ချစ်ဦးကို လွမ်းမိသွားပြီထင်တယ်..."

"ဟား...ဟား...ဟုတ်ပါ့ တူမကြီးရယ်..."

"ဒါနဲ့ဦးလေး.. ရိုး မှာထားတာ ရပြီလား.."

"ရပါပြီကွယ်... ဦးလေးတောင် တော်တော်လေး ပတ်ရှာလိုက်ရတယ်.. တူမကြီးပြောတဲ့စာအုပ်က ထူလည်းထူသား...
ရော့...ဒီမှာ..."

ပြောပြီးတာနဲ့ ဘေးတွင်သတင်းစာနဲ့ထုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပေးလိုက်တော့သည်... ရိုး လည်း ထိုစာအုပ်ထုပ်ကိုပတ်၍ထုပ်ထားတဲ့ သတင်းစာကို ခွာလိုက်တော့ အညိုရောင်သန်းနေပြီဖြစ်တဲ့ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်....ထို့နောက်တော့ မျက်လုံးလေးတွေမှိတ်သွားတဲ့အထိကို ပြုံးလိုက်ရင်း....

"ကျေးဇူးပါ ဦးလေးရယ်...
ဒီစာအုပ်က လွန်ခဲ့တဲ့ နှစ်၂၀လောက်ကစာအုပ်ဆိုတော့ ရှာရခက်နေတာ.. ဦးလေးနဲ့မှပဲ အဆင်ပြေတော့တယ်...."

"အေးပါကွယ် တူမကြီး အဆင်ပြေရင် ပြီးတာပါပဲ.... "

"ဟုတ် ဦးလေး... ဒါနဲ့ဘယ်လောက်လဲ.."

"၁၂၀၀၀ တူမကြီး.. "

ရိုး လည်း ပိုက်ဆံအိတ်ထဲမှ ၅၀၀၀တန် သုံးရွက်ကိုထုတ်လိုက်ရင်း...

"ဟုတ်..ဦးလေး..
ဒီမှာ ၁၅၀၀၀..ပြန်မအမ်းနဲ့တော့နော်..
ရိုးက ကျေးဇူးတင်လို့ရယ်.."

"အေးပါကွယ် ကျေးဇူးပါ...
ဒါနဲ့ တခြားစာအုပ်လေးတွေ မကြည့်တော့ဘူးလား.. ဦးလေးတစ်အုပ်လောက် လက်ဆောင်ပေးချင်လို့ ကြိုက်တာရွေးလိုက်လေ..."

"နေပါစေ ဦးလေးရာ.. ရိုး ကိုလက်ဆောင်ပြန်ပေးစရာမလိုပါဘူး..."

"ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲကွယ်..
တူမကြီးနဲ့ဦးလေးနဲ့သိလာတာလည်း ကြာပြီဆိုတော့ ဦးလေးတတ်နိုင်တာလေးနဲ့ လက်ဆောင်လေးဖြစ်ဖြစ် ပေးချင်လို့ပါကွယ်... တစ်အုပ်လောက်တော့ ရွေးလိုက်ပါ..."

"ကောင်းပါပြီ ဦးလေးရယ်.. ဒါဆိုလည်း ရိုး ရွေးလိုက်တော့မယ်နော်... "

"အေးအေး တူမကြီး.... "

ထို့နောက်တော့ ရိုးလည်း စာအုပ်တစ်အုပ်ချင်းစီရဲ့ မျက်နှာဖုံးများကို လိုက်လံဖတ်ရှုနေတော့သည်..... ထိုစဥ်...

"ဦးလေး.. အချစ်ကြောင်းဖွဲ့နွဲ့ထားတဲ့ ကဗျာစာအုပ်လေး ဘာလေး ရှိလား..."

"ရှိတာပေါ့ကွယ်... ငါ့တူမကြီးကြိုက်တာသာ ယူလိုက်.. ဒီမယ်..ဒါတွေ အကုန်လုံးက ကဗျာစာအုပ်တွေကြည့်ပဲ..."

စာအုပ်အဟောင်းဆိုင်မှဦးလေးလည်း  ကဗျာစာအုပ်တွေကြည့် သက်သက်ခင်းထားသော နေရာကို လက်ဖြင့်ပုတ်ပြရင်း စကားဆိုလိုက်သည်...

ရိုးလည်း အသံကြားရာ ဘေးဘက်ကို လှမ်းကြည့်လိုက်တော့.. သူ့ဘေးတွင်ထိုင်ပြီး မျက်နှာဖြီးပြနေသော ကောင်မလေးတစ်ယောက်..... ကိုယ်နဲ့မသိဘဲ ရယ်ပြနေတာမို့ ရိုးလည်း နည်းနည်းအကြောင်ရိုက်သွားသည်... ထိုကောင်မလေးပုံစံကို ခေါင်းစခြေအဆုံးကြည့်မိတော့.. ဟူဒီအင်္ကျီပန်းရောင်လေးကိုဝတ်ထားပြီး အင်္ကျီမှပါတဲ့ဦးထုပ်လေးကိုလည်း ဆောင်းထားသေးသည်.. ဦးထုပ်ကြားထဲမှ ပင်ကိုယ်အရောင်မဟုတ်သော ခဲရောင်ဆံနွယ်တို့ကလည်း အပြင်သို့စိုက်ကျလျက်ပင်....
လက်တစ်ဖက်မှာလည်း skate board ကို ကိုင်ထားပြီး စီးထားသည့်ဖိနပ်မှာလည်း sneaker ပန်းရောင်လေးကိုမှ အောက်ကခွာတွင် မီးလေးတွေ လင်းနေသေးသည်...
တကယ့်လမ်းသရဲ ပုံစံ ချာတိတ်လေးပင်...
ရိုးလည်း သူ့ကိုကြည့်ပြီး အဆက်မပြတ်ပြုံးပြနေတဲ့ ချာတိတ်မလေးကို အားနာလာသဖြင့် မျက်မှန်ကိုလက်ညိုးလေးနဲ့ တစ်ချက်ပင့်တင်ရင်း ပြန်၍ပြုံးပြလိုက်သည်..
ထိုအခါမှ ချာတိတ်မလေးလည်း ကျေနပ်သွားဟန်ဖြင့် မျက်နှာလွှဲကာ စာအုပ်တွေဆီသို့ အကြည့်ပြန်ရောက်သွားသည်...

"ဦးလေး ရိုး ဒီတစ်အုပ်ယူမယ်နော်..."

"အေးအေး တူမကြီး..."

"ဒါဆို ရိုး ပြန်တော့မယ် ဦးလေး..."

"ကောင်းပြီ တူမကြီး..
စက်ဘီးကို ဖြေးဖြေးနင်းသွားနော်..."

"ဟုတ်ကဲ့..."

ရိုး လည်း ထိုင်ရာမှာထပြီး ပြန်ဖို့ရာ ဟန်ပြင်လိုက်တော့သည်... ထိုစဥ် ဘေးက ချာတိတ်မလေးက...

"ဟိတ် မန်းသူ... နေဦး..
ဒီနှစ်အုပ်ဖိုးပါ ရှင်းပေးသွားဦးလေ..."

လက်ထဲမှ စာအုပ်လေးနှစ်အုပ်ကို ထောင်ပြကာ ပိုက်ဆံရှင်းခိုင်းနေသော ချာတိတ်မလေးကိုကြည့်ပြီး ရိုး လည်း အတော်ပင်အံ့သြမိသွားသည်.. ကိုယ်နဲ့သိလည်းမသိ ခင်လည်းမခင်ဘဲနဲ့ လာပြီးပိုက်ဆံရှင်းခိုင်းနေ​တော့ ရိုး တို့ နည်းနည်းတော့ တင်းသွားပြီလေ...

"ဟမ်.. ဘာလို့ရှင်းပေးရမှာလဲ..
ကိုယ့်ဘာသာ ဝယ်တာ ကိုယ့်ဘာသာပဲ ရှင်းပါ့လား... အစထဲက မရှင်းနိုင်ရင် မဝယ်နဲ့လေ.. ဒီကလူက သူများရှင်းခိုင်းတိုင်း ရှင်းပေးရအောင် ဝေသန္တရာမဟုတ်ဘူး..."

ပြောသာပြောလိုက်ရတာ.. တစ်ဖက်ကချာတိတ်မလေးက ပိုက်ဆံကိုရေလိုသုံးနိုင်သည့် ပုံစံမျိုးပင်... ဒါပေမယ့်လည်း မတတ်နိုင် ပြောစရာရှိတာတော့ ပြောရဦးမည်လေ...

"အိုဟိုး.... မန်းသူတွေက စွာလှချည်လား..
ဒါလေးရှင်းခိုင်းတာကို ကပ်ကပ်လန်အောင် ပြောနေ​တော့တာပဲ.. ရှင်းက ပိုက်ဆံအိတ် မေ့နေခဲ့လို့ပါ.. ပြီးတော့ ဒီစာအုပ်လေးနှစ်အုပ်ကို သဘောကျလို့..."

ထိုချာတိတ်မလေးလည်း စကားဆုံးရော စျေးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်လာတော့သည်... စာအုပ်ဆိုင်လေးက လမ်းလေးခွရဲ့ ထောင့်တစ်နေရာမှာ ရှိနေတာမို့ ရိုးတို့လည်း လမ်းရဲ့ ရှေ့နောက်တောင်မြောက် ပတ်ပတ်လည်ကို လိုက်ကြည့်မိတော့သည်... လမ်းလေးဖက်စလုံးမှ အနောက်တိုင်းဝတ်စုံ အနက်ရောင်တွေနှင့် လူထုကြီးကို မြင်လိုက်ရတော့ ရိုးနဲ့အတူ စျေးထဲကလူတွေပါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်... လမ်းတစ်ဖက်စီမှာ လူအယောက် ၂၀လောက်ရှိတာမို့ စုစုပေါင်း အယောက်၈၀လောက်ကတော့ အသာလေးပင်... ရိုးကသာ ဘာလား ဆိုပြီး စိုးရိမ်စိတ်တွေ ဝင်ရောက်လာပေမယ့် ဘေးကချာတိတ်မလေးကတော့ စိတ်ရှုပ်သည့်ပုံစံမျိုးဖြင့် ပါးစပ်မှလေတစ်ချိူ့ကို မှုတ်ထုတ်နေတော့သည်... ထိုလူအုပ်ကြီးမှာ
ရိုးရှိရာသို့ အကုန်စုပြုံလာသဖြင့် ရိုးတစ်ယောက် ခြေတွေမခိုင်တော့ပေ.. နိုင်ငံခြားဇာတ်ကားတွေထဲကလိုမျိုး သူ့ကိုပဲ ပြန်ပေးဆွဲကြတော့မှာလား.?.. ဒါလည်းမဖြစ်နိုင်ပါ ရိုးက သာမန်မိန်းကလေးတစ်ယောက်ပင်... ရိုးလည်း စိတ်ထဲမှာတင် ထင်ရာတွေဇွတ်တွေးနေတုန်းမှာပဲ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဦးလေးကြီးက ဘေးကချာတိတ်မလေးရဲ့ လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်ထဲဖြင့် နောက်ပြန်ချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လည်ပင်းကိုခပ်ဖွဖွလေး ချုပ်လိုက်တော့သည်....

"ကဲ... မပြောမဆိုနဲ့ ဘယ်ကိုထွက်သွားဦးမှာလဲ..."

"အာ့... နာတယ် ဦးငယ်... လွှတ်ပေး.."

"လွှတ်မပေးဘူး... ဆရာက သူ့သမီးကို ဖမ်းခေါ်ခဲ့ဆိုပြီး အမိန့်ထုတ်ထားတယ်...
ပြန်လာရင်လည်း မုန့်ကောင်းကောင်းကျွေးမယ်ဆိုပြီး ကြိမ်းနေတာနော်..."

"ဦးငယ်... လျှောက်မပြောနဲ့နော်
ဒယ်ဒီက ရှင်းကို လက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူး.."

"အဲ့ဒါကတော့ ဆရာ့ဆီရောက်မှ ဆက်ပြောပါဗျာ.. အခုတော့ သွားမယ်..."

'သွားမယ် ' ဆိုပြီး ချုပ်ထားတဲ့လက်တွေကိုမလွှတ်ဘဲ စျေးထဲမှာ ထွက်သွားရန် ခြေလှမ်းတွေ ပြင်လိုက်ကြသည်....

"ဟိတ် မန်းသူ... ရှင်းလိုက်တော့နော်...
နောက်မှတွေ့မယ် bye. .."

လူကြီးရဲ့ဆွဲခေါ်သွားခြင်းခံရတာတောင် နောက်ပြန်လှည့်ပြီး ပြောဖြစ်အောင်ကို အော်ပြောလိုက်​သေးသည်... ဒါတင်ဘယ်ကမလဲ မျက်လုံးလေးတစ်ဖက်ပါ အစစ်မှိတ်ပြသွားသေးသည်... ရိုးကတော့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘဲ အူကြောင်ကြောင်နဲ့သာ ကျန်ရစ်ခဲ့သည်... ခနနေတော့ အောက်မှာထိုင်နေတဲ့ ဦးလေးကိုလည်း တစ်ချက်ပြုံးပြပြီး ဟိုချာတိတ်မလေးရဲ့ စာအုပ်ဖိုးပါ ရှင်းပေးလိုက်ရတော့သည်... ထို့​နောက်တော့ စာအုပ်ထုတ်လေးကို စက်ဘီးလက်ကိုင်တွင်ချိတ်ကာ အိမ်သို့ပြန်ခဲ့တော့သည်... စက်ဘီးနင်းရင်းနဲ့ပင် စောစောကတွေ့ခဲ့တဲ့ ချာတိတ်မလေးက အတွေးထဲကို တစ်စတစ်စ ဝင်ရောက်လာတော့သည်.. ထိုချာတိတ်မလေးအကြောင်းကို မသိစိတ်ကတွေးနေမိတာကိုတော့ ရိုးတံတစ်ယောက် ကိုယ့်ကိုကိုယ်တောင် သတိထားမိရဲ့လား မသိပေ.....

🌀🌀🌀🌀🌀🌀🌀🌀🌀🌀

ခြံထဲ ကားရပ်လိုက်တာနဲ့ အိမ်ပေါက်ဝတွင်ရပ်ကာ အသင့်စောင့်နေသော ရှင်းရဲ့ မေမေကြီးကို တွေ့လိုက်ရသည်...
ရှင်းမြင့်မိုရ်ဆိုတဲ့ ကောင်မလေးလည်း သူ့ရဲ့မေမေကြီးထံ တရွေ့ရွေ့နဲ့ လျှောက်သွားရင်း....

"ကဲ.... သမီးရှင်း ဘာလို့တစ်ယောက်ထဲ မြို့ထဲကို လျှောက်သွားရတာလဲ..."

"ဟီး..ဟီး.. မန္တလေးကိုမရောက်တာကြာတာနဲ့ ပျင်းလို့လျှောက်ပတ်ကြည့်ရင်း စျေးထဲထိရောက်သွားတာ..."

"အဲ့လို လည်ချင်ပတ်ချင်ရင်လည်း ဦးငယ်ကို ခေါ်သွားမှပေါ့ကွယ်.. အခုက ဘယ်သူ့မှလည်း မပြောဘဲနဲ့ တစ်ယောက်ထဲ လျှောက်သွားနေတာ.. တော်ကြာ လမ်းမှာတစ်ခုခုဖြစ်နေမှဖြင့် မေမေကြီးတို့ပဲ ရင်ကျိုးရမှာ ..."

"ဟော... မေမေကြီးတို့ကတော့ စိုးရိမ်လွန်နေပြန်ပါပြီ.. အခုလည်း သမီးဘာမှမဖြစ်ဘဲနဲ့ ပြန်ရောက်နေပြီပဲကို.."

"စိုးရိမ်ရတာပေါ့ကွယ်.. ဒီသမီးလေးတစ်ယောက်ပဲရှိတာကို... ချစ်လွန်းလို့တောင် ပိုးလိုဥနေရတာ... ကဲ.. အထဲသွားလိုက်ဦး.. စာကြည့်ခန်းထဲမှာ သမီးဒယ်ဒီစောင့်နေတယ်. ဆူခံရဖို့သာ ပြင်ထား... "

"ဟား..ဟား.. ဒယ်ဒီမဆူခင် သမီးက အရင်စိတ်ကောက်ပြလိုက်မှာပေါ့..."

"အေးပါကွယ် စောင့်ကြည့်ရတာပေါ့.."

"ဟီး..😁 ဒါဆို သမီး ဒယ်ဒီဆီသွားလိုက်ဦးမယ်.."

"အေးအေး သမီး.."

ရှင်းလည်း သူ့မေမေကြီးကို နှုတ်ဆက်ကာ စာဖတ်ခန်းရှိရာသို့ ခြေလှမ်းတွေ လှမ်းလိုက်တော့သည်...

"ဒေါက်... ဒေါက်...
ဒယ်ဒီ သမီးဝင်ခဲ့ပြီနော်..."

စကားသံနှင့်အတူ ရှင်းတစ်ယောက် အခန်းတံခါးဖွင့်လိုက်သည်.. စာဖတ်ခန်းထဲမှာတော့ ဆိုဖာကုလားထိုင်ကြီးပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ စာရွက်စာတမ်းတွေနှင့် အလုပ်ရှုပ်နေသော သူ့ရဲ့ဒယ်ဒီ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်သည့် ဦးခင်မောင်ထွန်းကို တွေ့လိုက်ရသည်...

"ဒယ်ဒီ အလုပ်ရှုပ်နေတာလား..."

"အင်း.. နည်းနည်းပေါ့..
မနက်ဖြန် ၇၃လမ်းနဲ့ ၇၈လမ်းကို ဆက်ထားတဲ့ မိန်းလမ်းမကြီးမှာ ဖဲကြိုးဖြတ်ရမှာဆိုတော့ အလုပ်တော့များနေတာပေါ့ကွယ်.."

(အပြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပေးခဲ့တာမို့ မေစု လမ်းလို့ ခေါ်ကြတယ်😁)

"ဟုတ် ဒယ်ဒီ...
ဒါဆို ခနနေမှ သမီးပြန်လာခဲ့မယ်လေ.."

"မသွားနဲ့တော့ အခုပြောမယ်...
လာ ဒယ်ဒီဆီ လာခဲ့..."

"ဟုတ်..."

ရှင်းလည်း သူ့ဒယ်ဒီရဲ့ မျက်နှာချင်းဆိုင်မှ ထိုင်ခုံတွင် ဝင်ထိုက်လိုက်သည်...

" သမီး.. အခု ဒယ်ဒီက ဘယ်လိုရာထူးကိုလက်ဝယ်ပိုက်ထားရလည်းဆိုတာ သိပါတယ်နော်..."

"ဟုတ်...."

"ဒယ်ဒီ့ရာထူးက ကြီးသလို တာဝန်လည်းကြီးတယ်... လိုတဲ့သူလည်းရှိသလို မလိုတဲ့သူလည်းရှိတယ်.. ဒီတော့ သမီးလေးမှာ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာနိုင်တယ်.. သမီး US မှာ နေလာသလိုမျိုးနေလို့မရဘူး.. ဒီမှာဆိုရင် ဘယ်သွားသွား ဦးငယ်ကို ခေါ်သွားရမယ်... နောက် ဘယ်တော့မှ တစ်ယောက်ထဲ ခိုးမထွက်နဲ့... ဒယ်ဒီပြောတာ နားလည်လား.... "

"ဟုတ်...ဒယ်ဒီ.. "

"ဟုတ် ဆိုရင် ပြီးတာပဲ.. သမီးလည်း နားချင်နားတော့လေ.. ဒါနဲ့ သမီး.. မနက်ဖြန် လမ်းဖွင့်ပွဲပြီးတာနဲ့ ညနေကျ တစ်ခါထဲ နေပြည်တော် ပြန်ရမယ်နော်.. သမီးပြင်စရာရှိတာ ပြင်ထားဦး"

"ဟင်... ဒယ်ဒီကလည်း အခုမှမန္တလေးရောက် ၂ရက်ရှိသေးတာ မနက်ဖြန် ပြန်ရတော့မှာလား... မပြန်ချင်သေးဘူး..."

"မပြန်ချင်လို့မရဘူး ဟိုမှာ သမီးမာမီက တစ်ခါထဲ ခေါ်ခဲ့ဖို့ မှာလိုက်တယ်.."

"ဟင်....😒
ဒီမှာ မေမေကြီးနဲ့ နေချင်သေးတာကို.."

"နောက်မှ လာနေပေါ့..
အခုက သမီး မာမီက သမီးကိုလွမ်းနေလို့ပါတဲ့.. သမီးနဲ့လည်း US ကပြန်လာပြီးထဲက တစ်ရက်ပဲတွေ့ရသေးတာလေ..
သမီးကဒယ်ဒီနဲ့ လိုက်လာတော့ ဟိုမှာ သမီးမာမီက လွမ်းနေခဲ့ပြီပေါ့.."

"ဟုတ်ပါ... အဲ့ဒါဆိုလည်း လိုက်ခဲ့ပါ့မယ် ဒယ်ဒီ... ဒါပေမယ့် ဒယ်ဒီ့စကားအတိုင်း မေမေကြီးနဲ့ လာနေဦးမှာနော်..."

"အေးပါကွယ်... သမီးသဘောပါ..."

"ယေး.... ဒါမှ တို့ဒယ်ဒီကွ..
ဒါဆို သမီးအပေါ်တက် နားတော့မယ်နော်.."

"အေးအေး သမီးလေး...."

ရှင်းမြင့်မိုရ်လည်း သူ့ကိုသိပ်မဆူသည့်အပြင် နောက်ရက်မန္တလေးနေဖို့ပါ ခွင့်ရလိုက်တော့ အပျော်ကြီးပျော်ကာ အခန်းရှိရာသို့ ခုန်ပေါက်ပြီးရောက်သွားတော့သည်. အခန်းထဲရောက်တော့လည်း သိမ်းထားတာနှစ်ပေါင်းကြာပြီဖြစ်တဲ့ ဂျပ်ဗူးလေးထဲက ဖိနပ်လေးတစ်ရံကို ယူကြည့်ရင်း အတွေးတို့သည် ညစျေးတန်းက ကောင်မလေးဆီသို့.........

########################

ကျွန်တော့်ရဲ့ ဒုတိယမြောက် Gl fic လေးကို ဝိုင်းပြီး ဝေဖန်ပေးကြပါဦးလို့ 😁

(Zawgyi)

မႏၱေလးၿမိဳ႕ရဲ႕ ဒီဇင္ဘာေဆာင္းညေနခင္းေလးဟာ ရင္ထဲထိတစိမ့္စိမ့္နဲ႕ ေအးေနတာေၾကာင့္ 'ရိုးတံ' ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ အေမြးပြအကၤ်ီထူေလးကို ေကာက္ဝတ္လိုက္သည္... အကၤ်ီထူထူဝတ္ထားသည့္အျပင္ အႏြေးေဘာင္းဘီရွည္ႀကီးကိုလည္း ဝတ္ထားတာေၾကာင့္ သူမရဲ႕ခႏၶာကိုယ္ေသးေသးေလးပင္ ေပ်ာက္ေနေတာ့သည္...

"ေဒၚေဒၚေရ ရိုး.. ညေစ်းတန္း ခဏသြားလိုက္ဦးမယ္..."

"ေအးေအး သမီးေလး...
စာအုပ္ေတြသြားၾကည့္ဦးမလို႔လား..."

"ဟုတ္တယ္ ေဒၚေဒၚ.. စာအုပ္အေဟာင္းတန္းသြားမလို႔.. စာအုပ္ဆိုင္က ဦးေလးႀကီးကို စာအုပ္တစ္အုပ္ရွာခိုင္းထားလို႔ေလ.. ရၿပီလား သြားေမးမလို႔..."

"သြားၿပီး ျမန္ျမန္ျပန္လာခဲ့ေနာ္.... သမီးဦးေလးျပန္လာလို႔ မေရာက္ေသးရင္ အဆူခံေနရဦးမယ္..."

"ဟုတ္ပါ ေဒၚေဒၚရဲ႕ ဆိုင္အုပ္ဆိုင္ပဲသြားမွာပါ..."

"ေအးေအး.. ဆိုင္ကယ္ ေသခ်ာေမာင္းေနာ္.."

"စက္ဘီးစီးသြားမွာ ေဒၚေဒၚ...
စက္ဘီးမနင္းရတာၾကာေနလို႔..."

"ေအးပါကြယ္... ၿပီးမွ ေျခသလုံးေတြေညာင္းတယ္မၿငီးနဲ႕ေနာ္...."

"ဟား..ဟား.. အိမ္နဲ႕ေစ်းတန္းနဲ႕က နီးနီးေလးပါေဒၚေဒၚရယ္... ဟိုတစ္ခါက စီးေနၾကမဟုတ္ဘဲနဲ႕ က်ဳံးကို တစ္ပတ္ ပတ္လိုက္လို႔ အိပ္ယာထဲ လွဲသြားတာပါ...."

"​ဟုတ္ပါၿပီကြယ္... က်ဳပ္ကလည္း ညည္းအတြက္ပဲ ေျပာရတာပါ..."

"ဟုတ္ပါ ေဒၚေဒၚရဲ႕...
ဒါဆို ရိုး သြားၿပီေနာ္..."

"ေအးေအး သမီး..."

အေဒၚျဖစ္သူကို ခြင့္ေတာင္းၿပီးတာနဲ႕ အိမ္ေရွ႕ၿခံေဘးတြင္ရပ္ထားတဲ့ ၿပိဳင္ဘီးေလးကို ထုတ္ကာ မႏၱေလးနာရီစင္နားက ညေစ်းတန္းဆီသို႔ ထြက္ခဲ့ေတာ့သည္....
ညေန၅ခြဲေလာက္သာရွိေသးေပမယ့္ မႏၱေလးၿမိဳ႕ႀကီးမွာက ေနေရာင္အစား လွ်ပ္စစ္မီးေရာင္တို႔က ဝင္ေရာက္ေနခဲ့ၿပီ...
လမ္းမီးထိန္ထိန္ေအာက္မွာ ေကာင္မေလးတစ္ေယာက္ ၿပိဳင္ဘီးေလးနင္းရင္း မႏၱေလးရဲ႕ ေဆာင္းည အလွကို ခံစားေနေတာ့သည္... ရာသီဥတုကေအးသည့္အျပင္ စက္ဘီးစီးေနတဲ့အရွိန္ေၾကာင့္ တိုးဝင္လာတဲ့ ေလေအးေအးေတြက ပို၍အသည္းခိုက္ေစျပန္သည္... စက္ဘီးလက္ကိုင္ကိုကိုင္ထားတဲ့ လက္တို႔သည္လည္း တေျဖးေျဖးနဲ႕ ထုံက်ဥ္လာေတာ့သည္... ဘယ္ေလာက္ပဲ ေအးေနပါေစ ဒီလိုေအးခ်မ္းမူကိုေတာ့ ရိုး ႀကိဳက္သည္.. Titanic ဇာတ္ကားထဲကလို ေအးခဲၿပီးေသရမယ္ဆိုရင္ေတာင္မွ အဲ့ဒီအေအးဒဏ္ႀကီးကို ရိုးတို႔..ႀကိဳက္ႏွစ္သက္ဦးမည္ထင္သည္. ရိုး..ဆိုတဲ့ေကာင္မေလးက သဘာဝအလွတရားေတြကို ခ်စ္ျမတ္နိုးသူတစ္ဦးပင္..
သဘာဝအေၾကာင္းဖြဲ႕ဆိုထားတဲ့ ကဗ်ာေလးတစ္ေၾကာင္းဆိုရင္ေတာင္မွ အျမတ္တနိုးနဲ႕ သိမ္းထားသည္အထိပင္..
ရိုး..ငယ္ငယ္ထဲက မက္ခဲ့တဲ့အိမ္မက္က တစ္ေန႕ ကမၻာအႏွံ႕ပတ္ၿပီး သဘာဝကို ထိေတြ႕ခ်င္တာျဖစ္သည္.. သို႔ေပမယ့္ ရိုးရဲ႕အေျခအေနက ကမၻာပတ္ဖို႔မေျပာႏွင့္ ျမန္မာနိုင္ငံအႏွံ႕ပတ္ဖို႔ေတာင္ အနိုင္နိုင္ပင္. ဒါ့ေၾကာင့္ ခရီးေတြထြက္ၿပီး ျမန့္မာ့သမိုင္း ျမန့္မာ့ယဥ္ေက်းမူ ျမန္မာေတြရဲ႕ဓေလ့ကို ေျပာျပရသည့္ Tour guide အလုပ္ကို ေ႐ြးခ်ယ္ျဖစ္ခဲ့သည္... ဒါ့ေၾကာင့္လည္း တကၠသိုလ္ ဒုတိယႏွစ္ေရာက္ကတည္းက ျပင္သစ္ဘာသာစကားကို ေလ့လာျဖစ္ခဲ့သည္.. သုံးႏွစ္ဆက္တိုက္ ေလ့လာၿပီးေတာ့ ေက်ာင္းၿပီးတာနဲ႕ သူငယ္ခ်င္းနဲ႕အတူ သင္တန္းေတြ အတူတက္လိုက္ၿပီး အလုပ္ေအဂ်င္စီမွတစ္ဆင့္ ဒီအလုပ္ေလးကို လုပ္ကိုင္ခြင့္ရခဲ့သည္... ကိုယ္ဝါသနာပါတဲ့အလုပ္ကို လုပ္ေနရသည္မို႔ ရိုးတို႔ကေတာ့ ကိုယ့္ကိုကိုယ္ ဂုဏ္ယူလို႔မဆုံးျဖစ္မိသည္.. ဘယ္လိုပဲျဖစ္ျဖစ္ ဒီအလုပ္ေလးက ရိုးရဲ႕အိမ္မက္ေတြကို တစ္ဖက္တစ္လမ္းကေန ျဖည့္စြက္ေပးေနသည္မဟုတ္လား....
ကိုယ့္အ​ေၾကာင္းကိုေတြးရင္း စက္ဘီးေလးနင္းလာလိုက္တာ ေနာက္ဆုံးေတာ့ နာရီစင္မီးပြိုင့္ထိ ေရာက္လာခဲ့ၿပီ... မီးနီေနသည္မို႔ခဏေစာင့္ရင္း မီးပြိုင့္လြတ္တာနဲ႕ ညေစ်းတန္းဘက္သို႔ တန္းနင္းလိုက္​ေတာ့သည္...
ညေစ်းတန္းလမ္းက One way (တစ္လမ္းေမာင္း) ဆိုေပမယ့္ ညဆိုရင္ေတာ့ အသြားအျပန္ရႈပ္ယွက္ခတ္ေနတတ္သည္... ေစ်းတန္းေတြလည္းဖြင့္ေနၿပီမို႔ လူကေတာ့အနည္းငယ္စည္ကားေနၿပီျဖစ္သည္.. ရိုးလည္း စက္ဘီးကို မနင္း​ေတာ့ဘဲ ဆင္းတြန္းကာ စာအုပ္အေဟာင္းတန္းရွိရာဘက္သို႔ ဦးတည္လိုက္ေတာ့သည္
အကၤ်ီဆိုင္ေတြ ဖိနပ္ဆိုင္ေလးေတြအျပင္ မီးလင္းအ႐ုပ္ေလးေတြ.. ဖန္စီေလးေတြ ေရာင္းတဲ့ ဆိုင္ေသးေသးေလးေတြရယ္.. ေဆာင္းတြင္းသုံး အသုံးေဆာင္ပစၥည္းေတြေရာင္းတဲ့ဆိုင္ေလးေတြရယ္ျဖင့္ ညေစ်းတန္းႀကီးက လွပလို႔ေနသည္... ဒါ့အျပင္ အတြဲကိုယ္စီျဖင့္ လမ္းေဘးမုန့္ဆိုင္ေလးေတြမွာ ပကာသနမပါဘဲ ရယ္ရယ္ေမာေမာျဖင့္သာ ဘဝကိုျဖတ္သန္းေနၾကသည့္ ျမင္ကြင္းေလးေတြကလည္း ၾကည္ႏူး၍ပင္မဆုံးနိုင္..... ရိုးတစ္ေယာက္ စက္ဘီးေလးကိုတြန္းရင္း ေဘးပတ္ဝန္းက်င္ကိုသာ ၾကည့္ေနလိုက္တာမ်ား စာအုပ္ဆိုင္ေလးပင္ ေက်ာ္သြားေတာ့သည္.....

"တူမႀကီး ဘယ္လဲကြယ့္...."

အသံၾကားမွ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ စာအုပ္ဆိုင္ေလးကို ေက်ာ္သြားတာ သတိထားမိလိုက္သည္... ဒါနဲ႕ပဲ စက္ဘီးကို ေနာက္ျပန္ ျပန္တြန္းရင္း....

"ဦးေလးဆီလာတာပါရွင္... အေငးလြန္ၿပီး ဦးေလးဆိုင္ကို ေက်ာ္သြားတာ 😁.."

ေျပာရင္းႏွင့္ပင္ စက္ဘီးကို ေဒါက္ေထာက္ကာ ဆိုင္ေရွ႕တြင္ ေျခစုံရပ္ရင္း ထိုင္လိုက္ေတာ့သည္... ဆိုင္ဆိုေပမယ့္ မိုးကာအစိမ္းႀကီးကို လမ္းမေဘးတြင္ကပ္ခင္းထားၿပီး စာအုပ္အေဟာင္းေလးေတြကို တစ္စီတစ္တန္းထဲ သပ္သပ္ရပ္ရပ္ ခင္းက်င္းထားျခင္းမ်ိဳးျဖစ္သည္....

"ဟား..ဟား.. တူမႀကီးကေတာ့ကြယ္
ဘာေတြဒီေလာက္ေငးေနလို႔ ဦးေလးဆိုင္ကိုေတာင္ ေက်ာ္သြားရတာတုန္း...."

"ဒီလိုပါပဲ ဦးေလးရာ...
ညေစ်းတန္းရဲ႕ အလွတရားႀကီးကို လိုက္ခံစားရင္းေပါ့.."

"ေအးပါကြယ္... ဦးေလးတို႔ေခတ္တုန္းကလည္း ညေနဆို လူပ်ိဳေတြ ဒီမွာစုၿပီး စကားေဖာင္ဖြဲ႕ ေျပာရတာအေမာကြဲ႕... သိပ္ကို ေပ်ာ္စရာေကာင္းခဲ့တာေပါ့...."

"အမယ္...ဦးေလးေတာင္ ငယ္ခ်စ္ဦးကို လြမ္းမိသြားၿပီထင္တယ္..."

"ဟား...ဟား...ဟုတ္ပါ့ တူမႀကီးရယ္..."

"ဒါနဲ႕ဦးေလး.. ရိုး မွာထားတာ ရၿပီလား.."

"ရပါၿပီကြယ္... ဦးေလးေတာင္ ေတာ္ေတာ္ေလး ပတ္ရွာလိုက္ရတယ္.. တူမႀကီးေျပာတဲ့စာအုပ္က ထူလည္းထူသား...
ေရာ့...ဒီမွာ..."

ေျပာၿပီးတာနဲ႕ ေဘးတြင္သတင္းစာနဲ႕ထုပ္ထားတဲ့ စာအုပ္တစ္အုပ္ကို ေပးလိုက္ေတာ့သည္... ရိုး လည္း ထိုစာအုပ္ထုပ္ကိုပတ္၍ထုပ္ထားတဲ့ သတင္းစာကို ခြာလိုက္ေတာ့ အညိုေရာင္သန္းေနၿပီျဖစ္တဲ့ စာအုပ္တစ္အုပ္ကို ေတြ႕လိုက္ရသည္....ထို႔ေနာက္ေတာ့ မ်က္လုံးေလးေတြမွိတ္သြားတဲ့အထိကို ၿပဳံးလိုက္ရင္း....

"ေက်းဇူးပါ ဦးေလးရယ္...
ဒီစာအုပ္က လြန္ခဲ့တဲ့ ႏွစ္၂၀ေလာက္ကစာအုပ္ဆိုေတာ့ ရွာရခက္ေနတာ.. ဦးေလးနဲ႕မွပဲ အဆင္ေျပေတာ့တယ္...."

"ေအးပါကြယ္ တူမႀကီး အဆင္ေျပရင္ ၿပီးတာပါပဲ.... "

"ဟုတ္ ဦးေလး... ဒါနဲ႕ဘယ္ေလာက္လဲ.."

"၁၂၀၀၀ တူမႀကီး.. "

ရိုး လည္း ပိုက္ဆံအိတ္ထဲမွ ၅၀၀၀တန္ သုံး႐ြက္ကိုထုတ္လိုက္ရင္း...

"ဟုတ္..ဦးေလး..
ဒီမွာ ၁၅၀၀၀..ျပန္မအမ္းနဲ႕ေတာ့ေနာ္..
ရိုးက ေက်းဇူးတင္လို႔ရယ္.."

"ေအးပါကြယ္ ေက်းဇူးပါ...
ဒါနဲ႕ တျခားစာအုပ္ေလးေတြ မၾကည့္ေတာ့ဘူးလား.. ဦးေလးတစ္အုပ္ေလာက္ လက္ေဆာင္ေပးခ်င္လို႔ ႀကိဳက္တာေ႐ြးလိုက္ေလ..."

"ေနပါေစ ဦးေလးရာ.. ရိုး ကိုလက္ေဆာင္ျပန္ေပးစရာမလိုပါဘူး..."

"ဒီလိုေတာ့လည္း ဘယ္ဟုတ္ပါ့မလဲကြယ္..
တူမႀကီးနဲ႕ဦးေလးနဲ႕သိလာတာလည္း ၾကာၿပီဆိုေတာ့ ဦးေလးတတ္နိုင္တာေလးနဲ႕ လက္ေဆာင္ေလးျဖစ္ျဖစ္ ေပးခ်င္လို႔ပါကြယ္... တစ္အုပ္ေလာက္ေတာ့ ေ႐ြးလိုက္ပါ..."

"ေကာင္းပါၿပီ ဦးေလးရယ္.. ဒါဆိုလည္း ရိုး ေ႐ြးလိုက္ေတာ့မယ္ေနာ္... "

"ေအးေအး တူမႀကီး.... "

ထို႔ေနာက္ေတာ့ ရိုးလည္း စာအုပ္တစ္အုပ္ခ်င္းစီရဲ႕ မ်က္ႏွာဖုံးမ်ားကို လိုက္လံဖတ္ရႈေနေတာ့သည္..... ထိုစဥ္...

"ဦးေလး.. အခ်စ္ေၾကာင္းဖြဲ႕ႏြဲ႕ထားတဲ့ ကဗ်ာစာအုပ္ေလး ဘာေလး ရွိလား..."

"ရွိတာေပါ့ကြယ္... ငါ့တူမႀကီးႀကိဳက္တာသာ ယူလိုက္.. ဒီမယ္..ဒါေတြ အကုန္လုံးက ကဗ်ာစာအုပ္ေတြၾကည့္ပဲ..."

စာအုပ္အေဟာင္းဆိုင္မွဦးေလးလည္း  ကဗ်ာစာအုပ္ေတြၾကည့္ သက္သက္ခင္းထားေသာ ေနရာကို လက္ျဖင့္ပုတ္ျပရင္း စကားဆိုလိုက္သည္...

ရိုးလည္း အသံၾကားရာ ေဘးဘက္ကို လွမ္းၾကည့္လိုက္ေတာ့.. သူ႕ေဘးတြင္ထိုင္ၿပီး မ်က္ႏွာၿဖီးျပေနေသာ ေကာင္မေလးတစ္ေယာက္..... ကိုယ္နဲ႕မသိဘဲ ရယ္ျပေနတာမို႔ ရိုးလည္း နည္းနည္းအေၾကာင္ရိုက္သြားသည္... ထိုေကာင္မေလးပုံစံကို ေခါင္းစေျခအဆုံးၾကည့္မိေတာ့.. ဟူဒီအကၤ်ီပန္းေရာင္ေလးကိုဝတ္ထားၿပီး အကၤ်ီမွပါတဲ့ဦးထုပ္ေလးကိုလည္း ေဆာင္းထားေသးသည္.. ဦးထုပ္ၾကားထဲမွ ပင္ကိုယ္အေရာင္မဟုတ္ေသာ ခဲေရာင္ဆံႏြယ္တို႔ကလည္း အျပင္သို႔စိုက္က်လ်က္ပင္....
လက္တစ္ဖက္မွာလည္း skate board ကို ကိုင္ထားၿပီး စီးထားသည့္ဖိနပ္မွာလည္း sneaker ပန္းေရာင္ေလးကိုမွ ေအာက္ကခြာတြင္ မီးေလးေတြ လင္းေနေသးသည္...
တကယ့္လမ္းသရဲ ပုံစံ ခ်ာတိတ္ေလးပင္...
ရိုးလည္း သူ႕ကိုၾကည့္ၿပီး အဆက္မျပတ္ၿပဳံးျပေနတဲ့ ခ်ာတိတ္မေလးကို အားနာလာသျဖင့္ မ်က္မွန္ကိုလက္ညိုးေလးနဲ႕ တစ္ခ်က္ပင့္တင္ရင္း ျပန္၍ၿပဳံးျပလိုက္သည္..
ထိုအခါမွ ခ်ာတိတ္မေလးလည္း ေက်နပ္သြားဟန္ျဖင့္ မ်က္ႏွာလႊဲကာ စာအုပ္ေတြဆီသို႔ အၾကည့္ျပန္ေရာက္သြားသည္...

"ဦးေလး ရိုး ဒီတစ္အုပ္ယူမယ္ေနာ္..."

"ေအးေအး တူမႀကီး..."

"ဒါဆို ရိုး ျပန္ေတာ့မယ္ ဦးေလး..."

"ေကာင္းၿပီ တူမႀကီး..
စက္ဘီးကို ေျဖးေျဖးနင္းသြားေနာ္..."

"ဟုတ္ကဲ့..."

ရိုး လည္း ထိုင္ရာမွာထၿပီး ျပန္ဖို႔ရာ ဟန္ျပင္လိုက္ေတာ့သည္... ထိုစဥ္ ေဘးက ခ်ာတိတ္မေလးက...

"ဟိတ္ မန္းသူ... ေနဦး..
ဒီႏွစ္အုပ္ဖိုးပါ ရွင္းေပးသြားဦးေလ..."

လက္ထဲမွ စာအုပ္ေလးႏွစ္အုပ္ကို ေထာင္ျပကာ ပိုက္ဆံရွင္းခိုင္းေနေသာ ခ်ာတိတ္မေလးကိုၾကည့္ၿပီး ရိုး လည္း အေတာ္ပင္အံ့ၾသမိသြားသည္.. ကိုယ္နဲ႕သိလည္းမသိ ခင္လည္းမခင္ဘဲနဲ႕ လာၿပီးပိုက္ဆံရွင္းခိုင္းေန​ေတာ့ ရိုး တို႔ နည္းနည္းေတာ့ တင္းသြားၿပီေလ...

"ဟမ္.. ဘာလို႔ရွင္းေပးရမွာလဲ..
ကိုယ့္ဘာသာ ဝယ္တာ ကိုယ့္ဘာသာပဲ ရွင္းပါ့လား... အစထဲက မရွင္းနိုင္ရင္ မဝယ္နဲ႕ေလ.. ဒီကလူက သူမ်ားရွင္းခိုင္းတိုင္း ရွင္းေပးရေအာင္ ေဝသႏၱရာမဟုတ္ဘူး..."

ေျပာသာေျပာလိုက္ရတာ.. တစ္ဖက္ကခ်ာတိတ္မေလးက ပိုက္ဆံကိုေရလိုသုံးနိုင္သည့္ ပုံစံမ်ိဳးပင္... ဒါေပမယ့္လည္း မတတ္နိုင္ ေျပာစရာရွိတာေတာ့ ေျပာရဦးမည္ေလ...

"အိုဟိုး.... မန္းသူေတြက စြာလွခ်ည္လား..
ဒါေလးရွင္းခိုင္းတာကို ကပ္ကပ္လန္ေအာင္ ေျပာေန​ေတာ့တာပဲ.. ရွင္းက ပိုက္ဆံအိတ္ ေမ့ေနခဲ့လို႔ပါ.. ၿပီးေတာ့ ဒီစာအုပ္ေလးႏွစ္အုပ္ကို သေဘာက်လိဳ႕..."

ထိုခ်ာတိတ္မေလးလည္း စကားဆုံးေရာ ေစ်းတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္လာေတာ့သည္... စာအုပ္ဆိုင္ေလးက လမ္းေလးခြရဲ႕ ေထာင့္တစ္ေနရာမွာ ရွိေနတာမို႔ ရိုးတို႔လည္း လမ္းရဲ႕ ေရွ႕ေနာက္ေတာင္ေျမာက္ ပတ္ပတ္လည္ကို လိုက္ၾကည့္မိေတာ့သည္... လမ္းေလးဖက္စလုံးမွ အေနာက္တိုင္းဝတ္စုံ အနက္ေရာင္ေတြႏွင့္ လူထုႀကီးကို ျမင္လိုက္ရေတာ့ ရိုးနဲ႕အတူ ေစ်းထဲကလူေတြပါ ပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္... လမ္းတစ္ဖက္စီမွာ လူအေယာက္ ၂၀ေလာက္ရွိတာမို႔ စုစုေပါင္း အေယာက္၈၀ေလာက္ကေတာ့ အသာေလးပင္... ရိုးကသာ ဘာလား ဆိုၿပီး စိုးရိမ္စိတ္ေတြ ဝင္ေရာက္လာေပမယ့္ ေဘးကခ်ာတိတ္မေလးကေတာ့ စိတ္ရႈပ္သည့္ပုံစံမ်ိဳးျဖင့္ ပါးစပ္မွေလတစ္ခ်ိဴ႕ကို မႈတ္ထုတ္ေနေတာ့သည္... ထိုလူအုပ္ႀကီးမွာ
ရိုးရွိရာသို႔ အကုန္စုၿပဳံလာသျဖင့္ ရိုးတစ္ေယာက္ ေျခေတြမခိုင္ေတာ့ေပ.. နိုင္ငံျခားဇာတ္ကားေတြထဲကလိုမ်ိဳး သူ႕ကိုပဲ ျပန္ေပးဆြဲၾကေတာ့မွာလား.?.. ဒါလည္းမျဖစ္နိုင္ပါ ရိုးက သာမန္မိန္းကေလးတစ္ေယာက္ပင္... ရိုးလည္း စိတ္ထဲမွာတင္ ထင္ရာေတြဇြတ္ေတြးေနတုန္းမွာပဲ ေခါင္းေဆာင္ျဖစ္ဟန္တူသည့္ ဦးေလးႀကီးက ေဘးကခ်ာတိတ္မေလးရဲ႕ လက္ႏွစ္ဖက္ကို သူ႕လက္တစ္ဖက္ထဲျဖင့္ ေနာက္ျပန္ခ်ဳပ္လိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ လည္ပင္းကိုခပ္ဖြဖြေလး ခ်ဳပ္လိုက္ေတာ့သည္....

"ကဲ... မေျပာမဆိုနဲ႕ ဘယ္ကိုထြက္သြားဦးမွာလဲ..."

"အာ့... နာတယ္ ဦးငယ္... လႊတ္ေပး.."

"လႊတ္မေပးဘူး... ဆရာက သူ႕သမီးကို ဖမ္းေခၚခဲ့ဆိုၿပီး အမိန့္ထုတ္ထားတယ္...
ျပန္လာရင္လည္း မုန့္ေကာင္းေကာင္းေကြၽးမယ္ဆိုၿပီး ႀကိမ္းေနတာေနာ္..."

"ဦးငယ္... ေလွ်ာက္မေျပာနဲ႕ေနာ္
ဒယ္ဒီက ရွင္းကို လက္ဖ်ားနဲ႕ေတာင္ တို႔မွာမဟုတ္ဘူး.."

"အဲ့ဒါကေတာ့ ဆရာ့ဆီေရာက္မွ ဆက္ေျပာပါဗ်ာ.. အခုေတာ့ သြားမယ္..."

'သြားမယ္ ' ဆိုၿပီး ခ်ဳပ္ထားတဲ့လက္ေတြကိုမလႊတ္ဘဲ ေစ်းထဲမွာ ထြက္သြားရန္ ေျခလွမ္းေတြ ျပင္လိုက္ၾကသည္....

"ဟိတ္ မန္းသူ... ရွင္းလိုက္ေတာ့ေနာ္...
ေနာက္မွေတြ႕မယ္ bye. .."

လူႀကီးရဲ႕ဆြဲေခၚသြားျခင္းခံရတာေတာင္ ေနာက္ျပန္လွည့္ၿပီး ေျပာျဖစ္ေအာင္ကို ေအာ္ေျပာလိုက္​ေသးသည္... ဒါတင္ဘယ္ကမလဲ မ်က္လုံးေလးတစ္ဖက္ပါ အစစ္မွိတ္ျပသြားေသးသည္... ရိုးကေတာ့ ဘာစကားတစ္ခြန္းမွ မေျပာနိုင္ဘဲ အူေၾကာင္ေၾကာင္နဲ႕သာ က်န္ရစ္ခဲ့သည္... ခနေနေတာ့ ေအာက္မွာထိုင္ေနတဲ့ ဦးေလးကိုလည္း တစ္ခ်က္ၿပဳံးျပၿပီး ဟိုခ်ာတိတ္မေလးရဲ႕ စာအုပ္ဖိုးပါ ရွင္းေပးလိုက္ရေတာ့သည္... ထို႔​ေနာက္ေတာ့ စာအုပ္ထုတ္ေလးကို စက္ဘီးလက္ကိုင္တြင္ခ်ိတ္ကာ အိမ္သို႔ျပန္ခဲ့ေတာ့သည္... စက္ဘီးနင္းရင္းနဲ႕ပင္ ေစာေစာကေတြ႕ခဲ့တဲ့ ခ်ာတိတ္မေလးက အေတြးထဲကို တစ္စတစ္စ ဝင္ေရာက္လာေတာ့သည္.. ထိုခ်ာတိတ္မေလးအေၾကာင္းကို မသိစိတ္ကေတြးေနမိတာကိုေတာ့ ရိုးတံတစ္ေယာက္ ကိုယ့္ကိုကိုယ္ေတာင္ သတိထားမိရဲ႕လား မသိေပ.....

🌀🌀🌀🌀🌀🌀🌀🌀🌀🌀

ၿခံထဲ ကားရပ္လိုက္တာနဲ႕ အိမ္ေပါက္ဝတြင္ရပ္ကာ အသင့္ေစာင့္ေနေသာ ရွင္းရဲ႕ ေမေမႀကီးကို ေတြ႕လိုက္ရသည္...
ရွင္းျမင့္မိုရ္ဆိုတဲ့ ေကာင္မေလးလည္း သူ႕ရဲ႕ေမေမႀကီးထံ တေ႐ြ႕ေ႐ြ႕နဲ႕ ေလွ်ာက္သြားရင္း....

"ကဲ.... သမီးရွင္း ဘာလို႔တစ္ေယာက္ထဲ ၿမိဳ႕ထဲကို ေလွ်ာက္သြားရတာလဲ..."

"ဟီး..ဟီး.. မႏၱေလးကိုမေရာက္တာၾကာတာနဲ႕ ပ်င္းလို႔ေလွ်ာက္ပတ္ၾကည့္ရင္း ေစ်းထဲထိေရာက္သြားတာ..."

"အဲ့လို လည္ခ်င္ပတ္ခ်င္ရင္လည္း ဦးငယ္ကို ေခၚသြားမွေပါ့ကြယ္.. အခုက ဘယ္သူ႕မွလည္း မေျပာဘဲနဲ႕ တစ္ေယာက္ထဲ ေလွ်ာက္သြားေနတာ.. ေတာ္ၾကာ လမ္းမွာတစ္ခုခုျဖစ္ေနမွျဖင့္ ေမေမႀကီးတို႔ပဲ ရင္က်ိဳးရမွာ ..."

"ေဟာ... ေမေမႀကီးတို႔ကေတာ့ စိုးရိမ္လြန္ေနျပန္ပါၿပီ.. အခုလည္း သမီးဘာမွမျဖစ္ဘဲနဲ႕ ျပန္ေရာက္ေနၿပီပဲကို.."

"စိုးရိမ္ရတာေပါ့ကြယ္.. ဒီသမီးေလးတစ္ေယာက္ပဲရွိတာကို... ခ်စ္လြန္းလို႔ေတာင္ ပိုးလိုဥေနရတာ... ကဲ.. အထဲသြားလိုက္ဦး.. စာၾကည့္ခန္းထဲမွာ သမီးဒယ္ဒီေစာင့္ေနတယ္. ဆူခံရဖို႔သာ ျပင္ထား... "

"ဟား..ဟား.. ဒယ္ဒီမဆူခင္ သမီးက အရင္စိတ္ေကာက္ျပလိုက္မွာေပါ့..."

"ေအးပါကြယ္ ေစာင့္ၾကည့္ရတာေပါ့.."

"ဟီး..😁 ဒါဆို သမီး ဒယ္ဒီဆီသြားလိုက္ဦးမယ္.."

"ေအးေအး သမီး.."

ရွင္းလည္း သူ႕ေမေမႀကီးကို ႏႈတ္ဆက္ကာ စာဖတ္ခန္းရွိရာသို႔ ေျခလွမ္းေတြ လွမ္းလိုက္ေတာ့သည္...

"ေဒါက္... ေဒါက္...
ဒယ္ဒီ သမီးဝင္ခဲ့ၿပီေနာ္..."

စကားသံႏွင့္အတူ ရွင္းတစ္ေယာက္ အခန္းတံခါးဖြင့္လိုက္သည္.. စာဖတ္ခန္းထဲမွာေတာ့ ဆိုဖာကုလားထိုင္ႀကီးေပၚတြင္ မိန့္မိန့္ႀကီးထိုင္ကာ စာ႐ြက္စာတမ္းေတြႏွင့္ အလုပ္ရႈပ္ေနေသာ သူ႕ရဲ႕ဒယ္ဒီ ျမန္မာနိုင္ငံရဲ႕ ျပည္ေထာင္စုဝန္ႀကီးျဖစ္သည့္ ဦးခင္ေမာင္ထြန္းကို ေတြ႕လိုက္ရသည္...

"ဒယ္ဒီ အလုပ္ရႈပ္ေနတာလား..."

"အင္း.. နည္းနည္းေပါ့..
မနက္ျဖန္ ၇၃လမ္းနဲ႕ ၇၈လမ္းကို ဆက္ထားတဲ့ မိန္းလမ္းမႀကီးမွာ ဖဲႀကိဳးျဖတ္ရမွာဆိုေတာ့ အလုပ္ေတာ့မ်ားေနတာေပါ့ကြယ္.."

(အျပင္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ဖြင့္ေပးခဲ့တာမို႔ ေမစု လမ္းလို႔ ေခၚၾကတယ္😁)

"ဟုတ္ ဒယ္ဒီ...
ဒါဆို ခနေနမွ သမီးျပန္လာခဲ့မယ္ေလ.."

"မသြားနဲ႕ေတာ့ အခုေျပာမယ္...
လာ ဒယ္ဒီဆီ လာခဲ့..."

"ဟုတ္..."

ရွင္းလည္း သူ႕ဒယ္ဒီရဲ႕ မ်က္ႏွာခ်င္းဆိုင္မွ ထိုင္ခုံတြင္ ဝင္ထိုက္လိုက္သည္...

" သမီး.. အခု ဒယ္ဒီက ဘယ္လိုရာထူးကိုလက္ဝယ္ပိုက္ထားရလည္းဆိုတာ သိပါတယ္ေနာ္..."

"ဟုတ္...."

"ဒယ္ဒီ့ရာထူးက ႀကီးသလို တာဝန္လည္းႀကီးတယ္... လိုတဲ့သူလည္းရွိသလို မလိုတဲ့သူလည္းရွိတယ္.. ဒီေတာ့ သမီးေလးမွာ အႏၱရာယ္ တစ္စုံတစ္ရာ က်ေရာက္လာနိုင္တယ္.. သမီး US မွာ ေနလာသလိုမ်ိဳးေနလို႔မရဘူး.. ဒီမွာဆိုရင္ ဘယ္သြားသြား ဦးငယ္ကို ေခၚသြားရမယ္... ေနာက္ ဘယ္ေတာ့မွ တစ္ေယာက္ထဲ ခိုးမထြက္နဲ႕... ဒယ္ဒီေျပာတာ နားလည္လား.... "

"ဟုတ္...ဒယ္ဒီ.. "

"ဟုတ္ ဆိုရင္ ၿပီးတာပဲ.. သမီးလည္း နားခ်င္နားေတာ့ေလ.. ဒါနဲ႕ သမီး.. မနက္ျဖန္ လမ္းဖြင့္ပြဲၿပီးတာနဲ႕ ညေနက် တစ္ခါထဲ ေနျပည္ေတာ္ ျပန္ရမယ္ေနာ္.. သမီးျပင္စရာရွိတာ ျပင္ထားဦး"

"ဟင္... ဒယ္ဒီကလည္း အခုမွမႏၱေလးေရာက္ ၂ရက္ရွိေသးတာ မနက္ျဖန္ ျပန္ရေတာ့မွာလား... မျပန္ခ်င္ေသးဘူး..."

"မျပန္ခ်င္လို႔မရဘူး ဟိုမွာ သမီးမာမီက တစ္ခါထဲ ေခၚခဲ့ဖို႔ မွာလိုက္တယ္.."

"ဟင္....😒
ဒီမွာ ေမေမႀကီးနဲ႕ ေနခ်င္ေသးတာကို.."

"ေနာက္မွ လာေနေပါ့..
အခုက သမီး မာမီက သမီးကိုလြမ္းေနလို႔ပါတဲ့.. သမီးနဲ႕လည္း US ကျပန္လာၿပီးထဲက တစ္ရက္ပဲေတြ႕ရေသးတာေလ..
သမီးကဒယ္ဒီနဲ႕ လိုက္လာေတာ့ ဟိုမွာ သမီးမာမီက လြမ္းေနခဲ့ၿပီေပါ့.."

"ဟုတ္ပါ... အဲ့ဒါဆိုလည္း လိုက္ခဲ့ပါ့မယ္ ဒယ္ဒီ... ဒါေပမယ့္ ဒယ္ဒီ့စကားအတိုင္း ေမေမႀကီးနဲ႕ လာေနဦးမွာေနာ္..."

"ေအးပါကြယ္... သမီးသေဘာပါ..."

"ေယး.... ဒါမွ တို႔ဒယ္ဒီကြ..
ဒါဆို သမီးအေပၚတက္ နားေတာ့မယ္ေနာ္.."

"ေအးေအး သမီးေလး...."

ရွင္းျမင့္မိုရ္လည္း သူ႕ကိုသိပ္မဆူသည့္အျပင္ ေနာက္ရက္မႏၱေလးေနဖို႔ပါ ခြင့္ရလိုက္ေတာ့ အေပ်ာ္ႀကီးေပ်ာ္ကာ အခန္းရွိရာသို႔ ခုန္ေပါက္ၿပီးေရာက္သြားေတာ့သည္. အခန္းထဲေရာက္ေတာ့လည္း သိမ္းထားတာႏွစ္ေပါင္းၾကာၿပီျဖစ္တဲ့ ဂ်ပ္ဗူးေလးထဲက ဖိနပ္ေလးတစ္ရံကို ယူၾကည့္ရင္း အေတြးတို႔သည္ ညေစ်းတန္းက ေကာင္မေလးဆီသို႔.........

########################

ကြၽန္ေတာ့္ရဲ႕ ဒုတိယေျမာက္ Gl fic ေလးကို ဝိုင္းၿပီး ေဝဖန္ေပးၾကပါဦးလို႔ 😁

Continue Reading

You'll Also Like

159K 4.3K 23
(Y/N) (L/N) isn't quite a fangirl or something. She's just an ordinary girl with an ordinary life... well, with a crazy fangirling best friend. But w...
950K 27.5K 43
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes bad things happen for better!
267K 17K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
1.1M 36.7K 62
WATTYS WINNER When her fiancé ends up in a coma and his secret mistress, Halley, shows up, Mary feels like her world is falling apart. What she does...