If only I had loved U(ငါသာမင်...

By jay_m_01

16.9K 869 118

လွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်.... More

အပိုင်း-၁ (Unicode)
အပိုင္း-၁ (Zawgyi)
အပိုင်း-၂ (Unicode)
အပိုင္း-၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင္း-၃ (Zawgyi)
အပိုင်း-၄ (Unicode)
အပိုင္း-၄ (Zawgyi)
အပိုင်း-၅ (Unicode)
အပိုင္း-၅ (Zawgyi)
အပိုင်း-၆ (Unicode)
အပိုင္း-၆ (Zawgyi)
အပိုင်း-၇ (Unicode)
အပိုင္း-၇ (Zawgyi)
အပိုင်း-၈ (Unicode)
အပိုင္း-၈ (Zawgyi)
အပိုင်း-၉ (Unicode)
အပိုင္း-၉ (Zawgyi)
အပိုင်း-၁၀ (Unicode)
အပိုင္း-၁၀ (Zawgyi)
အပိုင်း-၁၁ (Unicode)
အပိုင်း-၁၁ (Zawgyi)
အပိုင်း-၁၂ (Zawgyi)
အပိုငျး-၁၃ (Unicode)
အပိုင်း-၁၃ (Zawgyi)
အပိုငျး-၁၄ (Unicode)
အပိုင်း-၁၄ (Zawgyi)
အပိုငျး-၁၅ (Unicode)
အပိုင်း-၁၅ (Zawgyi)
အပိုငျး-၁၆ (Unicode)
အပိုင်း-၁၆ (Zawgyi)
အပိုငျး-၁၇ (Unicode)
အပိုင်း-၁၇ (Zawgyi)
အပိုငျး-၁၈ (Unicode)
အပိုင်း-၁၈ (Zawgyi)
အပိုငျး-၁၉ (Unicode)
အပိုင်း-၁၉ (Zawgyi)
အပိုငျး-၂၀ (Unicode)
အပိုင်း-၂၀ (Zawgyi)
အပိုငျး-၂၁ (Unicode)
အပိုင်း-၂၁ (Zawgyi)
အပိုငျး-၂၂ (Unicode)
အပိုင်း-၂၂ (Zawgyi)
အပိုငျး-၂၃ (Unicode)
အပိုင်း-၂၃ (Zawgyi)
အပိုငျး-၂၄ (Unicode)
အပိုင်း-၂၄ (Zawgyi)
အပိုငျး-၂၅ (Unicode)
အပိုင်း-၂၅ (Zawgyi)
အပိုငျး-၂၆ (Unicode)
အပိုင်း-၂၆ (Zawgyi)

အပိုင်း-၁၂ (Unicode)

318 27 0
By jay_m_01

မုန့်ထုပ်နှစ်ထုပ်ကိုဆွဲပြီး မြတ်ခအခန်းဆီကို စွမ်းဆောင်မသွားချင်ပဲသွားနေရသည်။မနက်ကတည်းက အစည်းအဝေးမှာ မြေယာကိစ္စအငြင်းပွားခဲ့ကြတာကြောင့် မြတ်ခနဲ့မျက်နှာချင်းဆိုင်ပြီး စကားပြောချင်စိတ်က ဇီးရိုးရာခိုင်နှုန်းထိ ထိုးဆင်းနေသည်။ မြတ်ခအခန်းရှေ့ရောက်ပြန်တော့လည်း အတွင်းရေးမှူးကမရှိတာကြောင့် ကိုယ့်ဘာသာပဲ အခန်းတံခါးကိုခေါက်လိုက်ရသည်။

ဒေါက်!! ဒေါက်!! ဒေါက်!!

"ဝင်ခဲ့ပါ"

အခန်းတံခါးကိုသုံးချက်ခေါက်လိုက်တော့ အခန်းထဲကဝင်ခဲ့ပါဆိုတဲ့အသံကြောင့် စွမ်းဆောင် အခန်းထဲကိုဝင်သွားလိုက်သည်။

"အိုက်ယား!! ဘာကိစ္စကြောင့် ရောက်လာပါလဲ အမောင်စွမ်းဆောင်"

"မင်းနဲ့နောက်ပြောင်နေရလောက်အောင်ကို ငါ့မှာအချိန်မရှိဘူး ရော့!! မင်းအတွက်ပို့ခိုင်းလိုက်တာ"

သူ့ကိုမြင်တာနဲ့ ထိုင်နေရာကနေ မြတ်ခအပြေးလေး စွမ်းဆောင်နားကို တိုးကပ်လာခဲ့သည်။စနောက်တဲ့လေသံနဲ့ စကားစပြောလာခဲ့ပေမဲ့လည်း သူ့ဘက်ကပြောချင်စိတ်မရှိတာကြောင့် လေသံမာမာနဲ့ပဲ ပြောဆိုလိုက်မိသည်။

"ငါ့အတွက်ပို့ခိုင်းလိုက်တာ ဘယ်သူကလဲ"

"သိစရာမလိုဘူး စားစရာရှိတာသာ စားစမ်းပါကွာ"

ဆရာ့အခန်းထဲ ပြန်သွားရင်လည်း အကိုလေးကရှိနေသေးတာကြောင့် သူမပြန်ချင်သေး။အဲ့တော့ မြတ်ခအခန်းမှာပဲ ခဏလောက်ထိုင်နေဦးမည်။

"အိုက်ယား!! ငါ့အခန်းထဲမှာ ထိုင်လို့ပါလား စွမ်း!!"

"ငါ့နာမည်က စွမ်းဆောင်!! စွမ်းမဟုတ်ဘူး ပြန်ပြောင်းခေါ်"

"ဘာလို့လဲ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်လိုပြန်မဖြစ်နိုင်တော့ဘူးလား စွမ်း!!"

"ပြီးသွားခဲ့ပြီ မြတ်ခ"

စွမ်းဆောင်၏စကားကြောင့် မြတ်ခစိတ်မကောင်းဖြစ်သွားရသည်။ဘယ်အရာတွေကများ မှားယွင်းခဲ့လို့  စွမ်းကသူ့ကို အခုလိုပစ်ပစ်ကာကာ ဖြစ်နေရလည်းသူတကယ်သိချင်မိသည်။

"ကိုယ့်ဘက်က မပြီးပြတ်သေးဘူးဆိုရင်ရော စွမ်း!!"

"​ငါ့ဘက်ကတော့ အပြီးတိုင်ပြတ်ဆဲသွားခဲ့ပြီ မြတ်ခ"

ထွက်သွားဖို့ပြင်နေတဲ့ စွမ်းဆောင်ရဲ့လက်ကို မြတ်ခလှမ်းဆွဲလိုက်သည်။ဒီတစ်ခါမဆွဲထားမိရင် စွမ်းက သူ့ဆီကနေအပြီးအပိုင် ထွက်သွားပြီး သူ့ကိုထားခဲ့တော့မှာ...

"ကိုယ်ပင်ပန်းနေပြီ စွမ်း!! မင်းမမြင်ရတဲ့ တစ်ခြားတစ်ဘက်မှာ ကိုယ်အရမ်းနာကျင်ပြီး ပင်ပန်းနေပြီ"

စွမ်းဆောင်ရဲ့လက်ဖဝါးလေးကို သူ့ပါးမှာအပ်ပြီး သူငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။စွမ်းကတော့ ခုချိန်ထိ သူ့ကိုကျောခိုင်းထားဆဲ...

" မြတ်ခ! ငါသွားရတော့မယ် လက်ကိုလွှတ်လိုက်တော့!!"

လျှက်တပြတ် ခါထုတ်လိုက်တဲ့လက်ရဲ့အရှိန်ကြောင့် စွမ်းဆောင်ရဲ့လက်သည် မြတ်ခရဲ့နားထင်ကို မတော်တဆရိုက်မိသွားခဲ့သည်။

"ခ!! မင်းအဆင်ပြေရဲ့လား ငါ့ကိုပြပါဦး"

မြတ်ခ၏မျက်နှာကို လက်နှစ်ဖက်နဲ့အသာထိကိုင်ပြီး နီရဲနေတဲ့နားထင်နားကို စိုးရိမ်တကြီးကြည့်ပြီး စိတ်ပူနေတာကြောင့် မြတ်ခပြုံးမိသည်။ စွမ်းက သူ့ကိုခုချိန်ထိ စိတ်ပူပြီးစိုးရိမ်နေတုန်းပါလား။

"ကိုယ်အဆင်ပြေပါတယ် အရမ်းမစိုးရိမ်ပါနဲ့ စွမ်းရဲ့"

"ငါတောင်းပန်ပါတယ် အဲ့လောက်ထိဖြစ်သွားမယ်မထင်လို့"

"သိပါတယ် မင်းကကိုယ့်အသားကိုနာအောင်လုပ်မယ့်သူမှမဟုတ်ပဲ"

"ဒါဆို ငါသွားတော့မယ် မြတ်ခ"

စိုးရိမ်ပူပန်နေရာကနေ ချက်ချင်းအေးစက်တည်ငြိမ်သွားတဲ့စွမ်းဆောင်ကြောင့် မြတ်ခခေါင်းငိုက်စိုက်မိသွားသည်။တကယ်တော့စွမ်းက သူ့ကို ခွင့်မလွှတ်နိုင်သေးဘူးပဲ။

"မင်းသာ ခွင့်လွှတ်မယ်ဆို ကိုယ်ဘာမဆို လုပ်ပေးနိုင်တယ် စွမ်း! အဲ့တာကြောင့် ကိုယ့်ကို နောက်ထပ်တစ်ကြိမ်အခွင့်ရေး တစ်ခါလောက်ပေးပါနော်"

စွမ်းဆောင်အနားကိုတိုးကပ်ပြီး မျက်နှာငယ်လေးနဲ့မြတ်ခတောင်းဆိုမိသည်။စွမ်းဆောင်အနေနဲ့ ဒူးထောက်တောင်းပန်ပါဆိုရင်လည်း သူဒူးထောက်ပြီး စွမ်းကျေနပ်တဲ့အထိကို တောင်းပန်နိုင်သည်။

"အခွင့်အရေးလား အဟက်!!"

စွမ်းဆောင်၏ ခပ်မဲ့မဲ့အပြုံးကို  မြတ်ခအလွန်ကြောက်ပါသည်။သွေးအေးတည်ငြိမ်တတ်တဲ့စွမ်းရဲ့ အခြမ်းတစ်ဘက်ခြမ်းမှာ ဒေါသထွက်လွယ်တဲ့စိတ်အခံလေးရှိတာကို မြတ်ခတစ်ယောက်သာသိသည်။ စွမ်းအဲ့လိုပြုံးရင် ကြောက်စရာကောင်းတဲ့ဆုံးဖြတ်တစ်ခုက မကြာခင်ရောက်ရှိလာတော့မယ်ဆိုတာကို သူရိပ်မိသည်။

"ငါ့အနားကို ဘယ် တော့ မှ ပြန် မ လာ ခဲ့ နဲ့ "

စွမ်း၏နှုတ်မှ တစ်လုံးချင်းထွက်လာတဲ့ အေးစက်တဲ့စကားသံသည် မြတ်ခအဖို့ နာကျင်စရာကောင်းလှသည်။ကျွန်တော်ပြောတယ်မဟုတ်လား!! စွမ်း၏ခပ်မဲ့မဲ့အပြုံးနောက်မှာ ကြောက်စရာတစ်စုံတစ်ရာ ရောက်လာတော့မယ်ဆိုတာလေ!! အခုသူမကြားချင်ဆုံး စကားတစ်ခွန်းကို စွမ်းကပြောလာခဲ့ပြီ။

"ကိုယ်အဲ့တာတော့ မလိုက်လျောပေးနိုင်ဘူး စွမ်း အဲ့တစ်ခုကိုတော့ ကိုယ်တကယ်မလိုက်လျောပေးနိုင်ဘူး"

"ငါ့စကားကတော့ ပြောလို့ကုန်သွားပြီ ဒါဆိုသွားခွင့်ပြုပါဦး ဒုမန်နေဂျင်း!!"

"ကိုယ်မင်းကို အရင်ကရော အခုရော တကယ်ချစ်ခဲ့တယ်ဆိုတာကိုတော့ သိထားပေးပါ"

အခန်းအပြင်ဘက်ကိုထွက်ဖို့အတွက် တံခါးလက်ကိုင်ကိုလှည့်နေတဲ့စွမ်းဆောင်သည် ကျောပေးနေရာကနေ ခေါင်းလေးစောင်းကာ မြတ်ခကိုတစ်ခွန်းတည်းပြောကာ ထွက်သွားခဲ့သည်။

"တကယ်ချစ်တဲ့သူက သူချစ်ရတဲ့သူရဲ့စကားထက် တခြားသူရဲ့စကားကို ယုံတယ်ဆိုကတည်းက မချစ်လို့ပဲဆိုတာကို မင်းသိထားသင့်တယ်"

"ဘယ်တော့များမှ ကိုယ့်ကိုမုန်းနေတာတွေကို ရပ်တန့်မှာလဲ စွမ်းရယ်~"

စွမ်းဆောင်ရဲ့စကားတစ်ခွန်းစီတိုင်းသည် မြတ်ခအပေါ်သက်ရောက်မှုကြီးမားလှသည်။တစ်ခွန်းစီရဲ့ ထိုးနှက်ချက်တွေကြောင့် အပြင်ပိုင်းသာ မာကျောချင်ယောင်ဆောင်နေတဲ့မြတ်ခသည် အတွင်းစိတ်ထဲမှာတော့ အခါခါပြိုလဲကျနေတာကိုတော့ မြတ်ခတစ်ယောက်တည်းသာ အသိဆုံးဖြစ်သည်။

"ကိုယ်ကမင်းရဲ့လက်ကိုတွဲပြီး အေးအေးချမ်းချမ်းနေချင်တဲ့ဆန္ဒလေးတစ်ခုပဲရှိခဲ့တာပါ စွမ်းရယ်"

အိပ်ပျော်နေတဲ့မင်းသန့်ကျော်ဇင်ကိုကြည့်ရင်း စစ်မင်းထက်ဂဏှာမငြိမ်ဖြစ်နေခဲ့သည်။သူ့ရဲ့ရင်ဘက်ထဲကတစ်နေရာက အမျိုးအမည်မသိပဲ တုန်လှုပ်နေတဲ့အခြေအနေကြီးက အလွန်ကြောက်စရာကောင်းလှသည်။

"ကိုယ့်မျက်နှာကို ကြည့်ရတာ အရမ်းသဘောကျနေတယ်ပေါ့"

"အမလေး!!! "

"လန့်ပြန်ပြီလားကွာ"

သြော်~အိပ်နေတဲ့လူက ချက်ချင်းကြီးကို မျက်စိနှစ်ဖက်လုံးကပိတ်ထားရာကနေ ဖွင့်လာတဲ့အပြင် စကားပါပြောလာတော့ မလန့်ပဲနေမလား!! မေးတတ်လိုက်တာ...

"အသံမပေးဘာမပေးနဲ့ ပြောမှတော့ လန့်တာပေါ့ ကျွန်တော်လည်းအသည်းနှလုံးရှိတဲ့လူတစ်ယောက်ပဲ လန့်တတ်တာပေါ့ဗျာ တကယ်ပဲ!!"

သူပြောလိုက်တဲ့စကားကတိုတိုလေးဆိုပေမဲ့လည်း သူ့ကိုပြန်လည်ချေပနေတဲ့ကောင်လေးကိုကြည့်ပြီး သူပြုံးမိပြန်သည်။ဒီကောင်လေးနဲ့ခဏလေးပဲဖြစ်ဖြစ် အတူတူရှိနေလိုက်ရင် စိတ်ညစ်တာတွေအကုန်မေ့ပြီး ပျော်တတ်လာသည်။ပြုံးမိသည်။ဒီကောင်လေးကတော့ သူ့အတွက်တော့ အကြည်ဓာတ်ခံလေးရှိတယ်လို့ပြောရသည်။မျက်နှာလေးမြင်လိုက်ရရုံနဲ့ စိတ်ထဲမှာ ပျော်သွားတတ်တဲ့ခံစားချက်မျိုးကို ဒီကောင်လေးကပေးစွမ်းနိုင်သည်။

"ကျွန်တော့်ကြပြောပြီး ခင်ဗျားလည်း ကျွန်တော့်မျက်နှာကို မျက်တောင်မခတ်ပဲငေးကြည့်နေပြီးတော့"

"အဟမ်း!! "

လှဲနေရာကနေ ချက်ချင်းထထိုင်ပြီး ချောင်းဟန့်နေတဲ့ ဦးသန့်ရဲ့မျက်နှာက ရှက်ကိုးရှက်ကန်းဖြစ်သွားတာကို စစ်မင်းထက်မြင်လိုက်ရသည်။သွေးအေးတဲ့လူကြီးကလည်း ရှက်တတ်သေးတာပဲ။ သူ့အတွေးနဲ့သူ သဘောတကျရယ်မိသွားသည်။

"ကိုယ်အိပ်ပျော်သွားတာ တစ်နာရီလောက်ရှိသွားတာပဲ မင်းခြေထောက်ရော ကျင်နေလား! လမ်းလျှောက်နိုင်ရဲ့လား"

အခုမှ အိပ်ပျော်တာကြာသွားတဲ့အချိန်ကို သတိရဟန်ရှိသော ဦးသန့်သည် သူ့ကိုစိုးရိမ်စွာနဲ့မေးလာသည်။

"ကျွန်တော်အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး ဒါနဲ့ ဘယ်အချိန်ရုံးဆင်းမှာလဲ ဦးသန့်"

နာရီကိုတစ်ချက်ကြည့်ကာ ဦးသန့်သည် သူမေးတာကိုပြန်ဖြေသည်။

"ကိုယ် အခုနေ့လည်၂နာရီကြ အစည်းဝေးတစ်ခုတတ်ပြီးရင် ရုံးဆင်းမှာ ဘာလို့လဲ"

"ဟင့်အင်း!! ဒီအတိုင်းမေးကြည့်တာပါ ဒါဆို ကျွန်တော်ဆိုင်ခဏပြန်သွားဦးမယ် အဆင်ပြေတယ်မလား"

"VIP ဧည့်သည်ရှိလို့လား"

တစ်လကျော် နှစ်လအတွင်းမှာ သူတစ်ယောက်တည်းဦးသန့်အကြောင်းသိရုံသာမက ဦးသန့်ကလည်း သူ့အကြောင်းကို တော်တော်များများသိနေတတ်သည်။

"မဟုတ်ပါဘူး ဆိုင်ကိုမရောက်တာ၃ရက်လောက်ရှိနေပြီမို့ ခဏသွားမလို့ပါ"

"ဒါဆိုသွားလေ ကိုယ်အစည်းဝေးပြီးရင် မင်းကိုလာခေါ်မယ်"

"ရပါတယ် အိမ်ပဲတန်းပြန်လိုက်ပါ ကျွန်တော့်မှာကားပါလာတယ်"

စစ်မင်းထက်သူ့အကြောင်းသူသိသည်။သူက ဒီနေရာဆို ဟိုနေရာရောက်သွားတတ်တဲ့သူမျိုး အခုဒီမှာရှိနေတယ်ဆိုပေမဲ့ ခဏနေကြ တစ်ခြားနေရာကိုရောက်ရင်ရောက်သွားတတ်သည်။

"အင်း!! ဒါဆို အိမ်မှာပဲတွေ့ကြတာပေါ့ ကားကိုဂရုစိုက်မောင်းနော်"

"ဟုတ်ကဲ့! ဦးသန့် ဒါဆိုသွားပြီနော်"

ဦးသန့်ကိုနှုတ်ဆက်ပြီးတာနဲ့ စစ်မင်းထက်ခြေဦးတည့်လိုက်တဲ့နေရာက နှိုင်းသက်တန့်ရှိတဲ့ ဆေးရုံဆီ!! သူအခုတလော ဦးသန့်ကိုမြင်လိုက်တာနဲ့ နှလုံးကတအားခုန်လာပြီး အသက်ရှုကြပ်လာတတ်သည်။ ခဏခဏလည်းမူးဝေနေတတ်သည်။အဲ့တာကြောင့် ဆေးစစ်ဖို့အတွက် သွားခြင်းဖြစ်သည်။ ဦးသန့်သိရင် စိတ်ပူနေမှာဆိုးလို့ စားသောက်ဆိုင်ဘက်ကို သွားမယ်လို့ ညာခဲ့ခြင်းဖြစ်သည်။

"ဒေါက်တာနှိုင်းသက်တန့်နဲ့ တွေ့ချင်လို့ပါ အခန်းထဲမှာရှိလားခင်ဗျ"

"ဟုတ်ကဲ့!! ဒေါက်တာအခန်းထဲမှာ ရှိပါတယ်ရှင့်"

သူနာပြုမလေးရဲ့လမ်းညွှန်မှုကြောင့် စစ်မင်းထက် အေးရအေးကြောင်းပဲ နှိုင်းသက်တန့်အခန်းထဲကို ဝင်သွားလိုက်သည်။အခန်းထဲမှာ စာရွက်တွေနဲ့အလုပ်ရှုပ်နေတဲ့ နှိုင်းသက်တန့်ကို စစ်မင်းထက်ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေလိုက်သည်။

"ရောက်နေရင်လည်း ထိုင်လေ ဖင်ပြုတ်ကျကျန်ခဲ့လို့လား"

မျက်လုံးကစာရွက်တွေကနေမခွာပဲ သူရောက်နေတာကိုသိတဲ့ နှိုင်းသက်တန့်ကြောင့် စစ်မင်းထက်အံ့သြသွားရသည်။

"ငါရောက်နေတာကို မင်းမကြည့်ပဲနဲ့ ဘယ်လိုသိတာလဲ"

"အနံ့လေ ရေမွှေးနံ့ ဘယ်သူမှမစွတ်တဲ့ အနံ့မျိုးဆို မင်းကစွတ်နေကြလေ အဲ့တော့ အနံ့ရတာနဲ့ မင်းဆိုတာ ခန့်မှန်းလို့ ရတယ်"

"ဝါးးးမင်းနှာခေါင်းက ခွေးနှာခေါင်းပဲ အဟား!!"

မျက်နှာ​ပြောင်ပြနေတဲ့ စစ်မင်းထက်ရဲ့ခေါင်းကို သက်တန့် ဂွက်ကနဲ မြည်အောင်ခေါက်ပေးလိုက်သည်။တကုတကသူများအလုပ်ကိုလာပြီး လှောင်ပြောင်နေတဲ့ကောင်ကို တစ်ခါတည်းမှတ်သွားအောင် လုပ်ပေးမှရမည်။

"နာတယ်ဟ!! "

"နာအောင်ထုပါတယ်ဆိုမှ မနာပဲနေမလားကွ!!"

သူ့ကိုထူလို့ရှုံမဲ့ပြနေတဲ့ စစ်မင်းထက်ကို သက်တန့်လျှာထုတ်ပြောင်ပြလိုက်သည်။အသက်တွေကသာတဖြည်းဖြည်းကြီးလာတာ သူငယ်ချင်းအချင်းချင်းကတော့ ငယ်ငယ်တုန်းကလို စလို့နောက်လို့ကောင်းနေတုန်း!!

"ငါကမင်းဆီကို ဆေးလာစစ်တဲ့ဟာ လူနာကိုနှိပ်စက်နေလိုက်!!"

"ဘာဖြစ်လို့လဲ ကိုစစ် ဘယ်နေရာကနေမကောင်းဖြစ်နေတာလဲ"

ဆေးလာစစ်တယ်လို့ပြောလိုက်တာနဲ့ ယောက်ယပ်ခတ်သွားတဲ့ သက်တန့်ကိုကြည့်ပြီး စစ်မင်းထက်ခေါင်းခါနေမိသည်။သူငယ်ချင်းတွေဆို မတရားစိတ်ပူတတ်တဲ့သက်တန့်သည် အခုဆရာဝန်ဖြစ်နေတော့ ပိုဆိုးသွားသည်။

"အခုတလော နှလုံးကတအားခုန်နေလို့ ပြီးတော့ မောလည်းမောတယ် တစ်ခါတလေကျရင် မူးဝေသွားလို့ အဲ့တာကြောင့် မင်းဆီ ဆေးလာစစ်တာ"

သူ့စကားကြောင့် သက်တန့်သည် ချက်ချင်းဆိုသလို နားကြပ်နဲ့ သူရဲ့နှလုံးခုန်သံကို နားထောင်နေသည်။

"မင်းရဲ့နှလုံးခုန်သံကို နားထောင်ရသလောက်တော့ နှလုံးခုန်သံက နှေးနေတယ် ကြည့်ရတာ နှလုံးအားနည်းနေတာနဲ့တူတယ် သေချာအောင်သွေးစစ်ရမယ် ကိုစစ်"

"အင်း! မင်းအဆင်ပြေသလိုသာကြည့်လုပ်လိုက်"

ခဏနေတော့သူနာပြုမလေးက သူ့ရဲ့သွေးကိုထုတ်ပြီး  သွေးစစ်ဖို့အတွက် ယူသွားလေသည်။

"ခဏပဲ တော်ကြာနေရင် ဆေးစစ်ချက်အဖြေသိရပြီ အခုငါမေးတာကိုဖြေနော်"

"အင်း!!"

"နှလုံးအရမ်းတုန်နေတာက ဘယ်ကတည်းက စဖြစ်တာလဲ"

ဆေးစစ်မှတ်တမ်းမှာ ထည့်ရေးဖို့အတွက် သက်တန့်သည် စစ်မင်းထက်ကို တစ်ချက်ချင်းစီမေးခွန်းထုတ်နေတော့သည်။

"လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက ဦးသန့်ကိုမြင်ရင် ရင်တွေကအရမ်းတုန်လာတယ် ပြီးတော့ တစ်ခါတလေကြ နေရင်းထိုင်ရင်း ရိပ်ကနဲ ရိပ်ကနဲ မူးဝေသွားတယ်"

"ခဏ!! ဘာကိစ္စနဲ့ ဦးသန့်ကိုတွေ့ရင် မင်းကရင်တုန်သွားရတာတုန်း အဆက်အစပ်မရှိပဲနဲ့"

"မသိဘူးလေ!! ငါကငါခံစားရတဲ့အတိုင်း မင်းကိုပြောပြနေတာလေ"

"မင်းအခုတလော စိတ်ဖိစီးတာတို့ စိတ်ညစ်စရာတွေရှိသေးလား"

"အခုတလော ဦးသန့်က အလုပ်​တွေကြောင့် ညမအိပ်ဖြစ်တာနဲ့ သူ့ကိုငါစိတ်ပူပြီး ငါလည်းညဘက်တွေဆိုတော်တော်နဲ့မအိပ်ဖြစ်ဘူး အဲ့ဦးသန့်ကို စိတ်ပူပေးနေရတာနဲ့ ငါရောဂါရသွားတာလား မသိပါဘူးကွာ"

စစ်မင်းထက် ခဏလောက်နေမှ လေးတိလေးကန်နဲ့ပြန်ဖြေလာတဲ့အဖြေက ဦးသန့်အကြောင်းပါဝင်နေပြန်သည်။

"နေပါဦး!! ငါမေးတာက မင်းရဲ့စိတ်ဖိစီးမှုကိုမေးတာလေ ဘာအကြောင်းကြောင့် ဦးသန့်အကြောင်းက ထပ်ပါလာပြန်ပြီတုန်း"

"ဦးသန့်ရဲ့စိတ်အခြေအနေက မကောင်းတော့ ငါလည်းသူ့မျက်နှာကိုကြည့်ပါများပြီး စိတ်ဖိစီးသွားတာနေမှာပေါ့"

"Captain! မင်း ဦးသန့်ကိုများ ကြိုက်နေတာလား"

တံခါးဝကနေ မတ်တပ်ရပ်ပြီး နားစွင့်နေတဲ့ ခန့်ထည်သည် စစ်မင်းထက်ရဲ့ အဖြေတွေကိုကြားပြီးနောက် မနေနိုင်တဲ့အဆုံး သူဝင်ပြောမိတော့သည်။

"ဘယ်တုန်းကတည်းကရောက်နေတာလဲ ခန့်ထည်"

အခုမှမြင်သွားဟန်ရှိတဲ့ သက်တန့်သည် ခန့်ထည်ကို လှမ်းမေးလေသည်။ခန့်ထည်ကတော့ ပြန်လည်ဖြေကြားခြင်းမရှိပဲ စစ်မင်းထက်ရဲ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။

"အန်ကယ်ထူးရဲ့ ဆေးစစ်ချက်လာယူတာ"

"အန်ကယ်ထူးက ဘာဖြစ်လို့လဲ ငါလည်းမသိရပါလား"

"ဘာမှမဖြစ်ပါဘူး လူကြီးဆိုတော့လည်း အရိုးအဆစ်တွေမကောင်းတော့ နာကျင်တာပေါ့ ခန့်ထည် ဆေးစစ်ချက်က ပုံမှန်ပဲ အန်ကယ်ထူးကို လေ့ကျင့်ခန်းလုပ်တာကိုနည်းနည်းလျော့လုပ်ပေးပါလို့ "

သက်တန့်သည် စားပွဲပေါ်မှာအဆင်သင့်တင်ထားတဲ့ အန်ကယ်ထူးရဲ့ ဆေးစစ်ချက်အဖြေကို တစ်ချက်ပြန်ပြန်ကြည့်ပြီး ခန့်ထည်ကိုမှာစရာရှိတာ မှာကြားနေသည်။

"ဆရာ ဆေးစစ်ချက်အဖြေရပါပြီ"

သူနာပြုမလေးက စစ်မင်းထက်ရဲ့ဆေးစစ်ချက်အဖြေကိုပေးပြီးတာနဲ့ ပြန်ထွက်သွားလေသည်။

"ကိုစစ်!! နှလုံးအားနည်းနေတာ ဂရုစိုက်ရမယ်နော်"

"Captain!! ငါပြောတာကို ဖြေဦးလို့"

ခန့်ထည်သည် စစ်မင်းထက်ရဲ့ ထိုင်ခုံကို သူ့ဘက်ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်အနေထားနဲ့ သူမေးထားတာကိုဖြေခိုင်းနေသည်။

"ဘာ..ဘာကိုလဲ ခန့်ထည်ရဲ့"

"မင်း ဦးသန့်ကိုကြိုက်နေတာလားလို့"

တဲ့တိုးပြောတတ်တဲ့ ခန့်ထည်သည် သူ့ဝဇီအတိုင်းပွင့်ပွင့်လင်းလင်းကိုမေးချလာသည်။စစ်မင်းထက်မှာ အူလည်လည်လေးဖြစ်ပြီး ပြောစရာစကားတွေပျောက်ဆုံးကုန်သည်။

"မ..မကြိုက်ပါဘူး မင်းကလည်း ငါလိုယောက်ျားစစ်စစ်ကြီးက တခြားယောက်ျားတစ်ယောက်ကို ကြိုက်ပါ့မလားကွ"

"ဒါဆို မင်းသူငယ်ချင်းငါက ယောကျ်ားမစစ်ဘူးပေါ့"

တစ်ယောက်တစ်ပေါက်ပြောဆိုနေမှုကြားထဲတွင် သက်တန့်ကတော့ ဒီအတိုင်းဘာမှမပြောပဲ ထိုင်သာကြည့်နေလိုက်သည်။

"မဟုတ်ပါဘူး! မင်းကလည်း မဖြစ်နိုင်တာကြီးကို အတူနေတာကြာတော့ ညီအစ်ကိုသံယောဇဥ်ပါကွာ"

"ဒီမှာ ကိုစစ် ငါပြောမယ် လောကကြီးမှာမဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတာ ပြီးတော့ ညီအစ်ကိုသံယောဇဥ်ဟုတ်လား!! ဒါဆို မင်းနဲ့နှစ်၂၀ကျော်နေလာခဲ့တဲ့ မင်းအစ်ကိုကိုတောင် မင်းသူ့လို ဂရုစိုက်ပေးဘူးလို့လား"

"ဟင့်အင်း!! "

ခန့်ထည်ပြောသမျှကို စစ်မင်းထက်က ခေါင်းငြိမ့် ခေါင်းခါသာ လုပ်ပြနေသည်။

"ငါချစ်တဲ့သူက ယောက်ျားလေးတစ်ယောက်ပြီးတော့ ငါကလိင်တူကြိုက်သူတစ်ယောက်ဖြစ်တာမို့ မင်းကို ငါနဲ့ဘဝတူဖြစ်အောင် ဆွဲသွင်းနေတာမဟုတ်ဘူးနော် ကိုစစ် ငါကမင်းရင်ထဲက ခံစားချက်အစစ်မှန်ကို ပွင့်ပွင့်လင်းလင်းရှိစေချင်တာ"

"မင်းရဲ့စေတနာကို ငါနားလည်ပါတယ် ခန့်ထည်"

"ခံစားချက်ကိုမျက်ကွယ်ပြုပြီးမှ နောင်တရတဲ့အဖြစ်မျိုး မင်းကိုမခံစားစေချင်ဘူး!! မင်းကငါ့ထက်စာရင် အများကြီးကံကောင်းပါတယ် မင်းချစ်တဲ့သူက မင်းရှေ့မှာမျက်မြင်ကိုယ်တွေ့ ရှိသေးတယ်လေ"

စကားပြောရင် မျက်ရည်တွေဝိုင်းလာတဲ့ ခန့်ထည်ကိုကြည့်ပြီး စစ်မင်းထက်နဲ့ သက်တန့်တို့နှစ်ယောက် စိတ်မကောင်းဖြစ်မိသွားသည်။

"စိတ်မကောင်းမဖြစ်ပါနဲ့ ခန့်ထည်ရာ"

"မဖြစ်ပါဘူးကွာ ငါသူ့ကိုသတိရသွားလို့ပါ"

"ငါမင်းပြောတာတွေကို နားလည်ပါတယ် ခန့်ထည်ရာ ဒါပေမဲ့ ငါဦးသန့်ကိုတကယ်သဘောကျတာလား မကျဘူးလားဆိုတာကိုတော့ ငါ့ဘာသာစမ်းစစ်ကြည့်ချင်သေးတယ်"

"အင်း!! စမ်းစစ်ကြည့်လိုက်ပါ ဒါပေမဲ့ နှလုံးသားကရွေးချယ်တာကို မင်းလက်ခံနိုင်ရမယ် ကိုစစ်"

"အင်း!! ငါနားလည်တယ်"

ခန့်ထည်ရဲ့ ပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်တာကြောင့် အခုချိန်မှာလုပ်စရာက သူရဲ့စိတ်ခံစားချက်ကို လေ့လာဖို့အတွက်ပဲ လိုအပ်တော့သည်။

"ကိုစစ် နှလုံးအားနည်းတယ်ဆိုတာက ပေါ့ဆလို့တော့မရဘူးနော် ရောဂါဆိုတာ ဘယ်ရောဂါမှမကောင်းဘူး အဲ့တာကြောင့် ငါ​မှာထားတာတွေကို သေချာလိုက်လုပ်ပေနော်"

"ဟုတ်ကဲ့ပါ ဆရာ"

ကိုယ်ကို၉၀°ထိကိုင်းညွှတ်ပြီး ရိုရိုသေသေဆက်ဆံတောင့် သက်တန့်သည် သူကိုရယ်လေသည်။

"ဟား!! ကိုစစ်ရာ အဲ့လောက်မရိုသေစမ်းပါနဲ့ ရွံ့ဖို့ကောင်းလွန်းလို့"

"မင်းမပြောနဲ့ ငါတောင် ပိတ်ကန်ချင်စိတ်ပေါက်သွားတယ်"

သူငယ်ချင်းနှစ်ယောက်၏ထောပနာပြုမှုကို စစ်မင်းထက်လျစ်လျူရှုထားလိုက်သည်။မဟုတ်ရင် တစ်ယောက်တစ်ပေါက်နဲ့ ဒီနေ့အဖို့ ရန်ဖြစ်လို့ကို ပြီးမှာမဟုတ်ဘူး!!

"ငါပေးထားတဲ့ဆေးတွေကို အချိန်မှန်မှန်သောက် ပြီးရင် မနက်နိုးတာနဲ့ တစ်နာရီလောက်စိတ်ငြိမ်အောင် တရားထိုင်စေချင်တယ် ကိုစစ်"

"အင်း!! နိုးလာတာနဲ့ ငါလုပ်ပါ့မယ်"

"နောက်ဆုံးတစ်ခုအနေနဲ့ စိတ်ဖိစီးနိုင်မယ့်ကိစ္စတွေ ကိုအခုတလော တတ်နိုင်သလောက်ရှောင်ပါ "

သက်တန့်သည် ဆေးစာကိုရေးရင်းနဲ့ကို တစ်ခွန်းစီမှာစရာရှိတာကိုမှာနေသည်။ခန့်ထည်ကတော့ အခုထိငုတ်တုပ်ထိုင်နေဆဲ...

"နှစ်ပတ်ပြည့်ရင်ငါ့ဆီပြန်လာခဲ့ဦးနော် ဒါမှမဟုတ် ငါအားရင်လည်း မင်းဆီလာခဲ့ပါ့မယ်

"အေးပါ မင်းမအားဘူးဆိုရင်​လည်းငါ့ဘာသာလာပါ့မယ် ဒါဆို ပြန်တော့မယ်!! မင်းလည်း လူနာတွေရှိသေးတယ်မလား"

"အင်း!! ညနေပိုင်းတစ်သုတ်ရှိသေးတယ် ကျန်းမာရေးဂရုစိုက်နော် ကိုစစ်"

သက်တန့်ကိုနှုတ်ဆက်ပြီးတာနဲ့ ခန့်ထည်နဲ့အတူတူ လမ်းလျှောက်ရင်း စကားပြောမိကြသည်။

"သေချာစဥ်းစားနော် ကိုစစ်"

"အင်းပါ! ငါသိပါတယ် ဟာ!! အခုတောင် ၃နာရီခွဲနေပြီ ငါပြန်တော့မယ် ခန့်ထည်!! ဦးသန့်ကနေလို့သိပ်မကောင်းဘူး ညနေစာကိုတော့ ဝင်အောင်ကျွေးမှဖြစ်မှာ ပြန်တော့မယ်နော် နောက်မှ ဖုန်းဆက်လိုက်မယ်"

"အင်း!! သွားတော့ သွားတော့!! "

နာရီကိုတစ်ချက်ကြည့်ပြီးတာနဲ့ ပျာယာခတ်သွားတဲ့ကိုစစ်ကိုကြည့်ပြီး ခန့်ထည်ပြုံးရုံသာပြုံးနိုင်တော့တယ်။

ပြောတော့ဖြစ် ညီအစ်ကိုသံယောဇဥ်ပါတဲ့ အခုကြ သူ့ဦးသန့်နေမကောင်းဖြစ်တာနဲ့ စိုးရိမ်နေလိုက်တာများယောက်ယက်ကို ခတ်နေတာပဲ။ သူကိုယ်တိုင် နေမကောင်းဖြစ်နေတာကိုကြ ဂရုမစိုက်ဘူး!! အမေကျော်ဒွေးတော်လွမ်းဆိုတာ သူမှ့အစစ်!!

"တကယ်တော့ မင်းက ချစ်နေလျှက်နဲ့ အချစ်ကိုမသိသေးတဲ့ကလေးနဲ့တူနေတာပဲ"

T~B~C

ကဲ!!နောက်တစ်တွဲပေါ်လာပါပြီနော်!!

ကိုစစ်က တကယ်ပဲဦးသန့်ကိုကြိုက်နေပြီဆိုရင်
ဦးသန့်ကရော🤨

Continue Reading

You'll Also Like

243K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
589K 57.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 42.5K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
183K 18.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း