အပိုင်း-၂၃ (Unicode)

185 12 5
                                    

တရွေ့ရွေ့မောင်းနှင်လာတဲ့ကားလေးသည် အဆောက်အအုံများစွာကိုကျော်ဖြတ်ပြီး မောင်းနှင်လာခဲ့ပေမယ့် သူ့ရဲ့စိတ်အလုံးစုံသည် စိတ်ညစ်လို့နေခဲ့သည်။

သူ့အမေရဲ့လုပ်ရပ်တို့ကြောင့် မင်းသန့်ရဲ့ဘဝဟာ အလွန်ကိုသနားစရာကောင်းလွန်းခဲ့သည်။အရင်ကထားရှိခဲ့တဲ့အမုန်းတရားတို့ကြောင့် မင်းသန့်အပေါ်မှာ သူ့အမှားတွေများကြီးကျုးလွန်ခဲ့မိသည်။

"ငါ တောင်းပန်ပါတယ် မင်းအပေါ်အမှားတွေများကြီးကျူးလွန်ခဲ့မိလို့"

တိုးတိတ်စာရေးရေရွတ်ရင်း သူ့ရဲ့ကားလေးသည်ဆေးရုံ carparking သို့ရောက်ရှိခဲ့သည်။

ကားပါကင်မှာ ရပ်စောင့်နေတဲ့သူ့ရဲ့ချစ်သူကောင်လေးကြောင့် သူနဲနဲလေးတော့ပြုံးမိသွားသည်။

"ဟော ဘာလို့အဲ့လောက်တောင်မျက်နှာကဆူပုတ်နေရတာလဲ"

"အကိုလေးတို့အတွဲကြောင့်ပေါ့ ငါတစ်ယောက်လုံးဘေးမှာထားပြီးတော့ သူတို့ကချစ်ကြည်နူးပြနေတာလေ မတရားဘူး!! လုံးဝမတရားဘူးကွာ မင်းသိရဲ့လား"

လုံးဝကို မကျေမနပ်ဖြစ်ပြီး သူ့ကိုပြောပြနေတဲ့ကောင်လေးကြောင့် သူရဲ့စိတ်ညစ်မှုတွေဟာ အနည်းငယ်တော့ပြေပျောက်သွားခဲ့သည်။

"ပြုံးမနေနဲ့ ဘာကိစ္စရှိလို့ လူချင်းတွေ့ချင်တယ်လို့ ပြောရတာလဲ"

စွမ်းဆောင်ရဲ့အစပျိုးပြောကြားလာတဲ့စကားသံကြောင့် သူလာရင်းအကြောင်းအရာကို သတိရသွားတော့သည်။

"အင်း~~လူစုံမှပြောကြတာပေါ့"

ဆေးရုံရဲ့VIPခန်းတစ်နေရာတွင် လေတိုးသံမရှိလောက်အောင် တိတ်ဆိတ်နေတော့သည်။

"ငါ တောင်းပန်ပါတယ် မင်းသန့်"

ခေါင်းငုတ်စွာ တောင်းပန်တိုးလျှိုးနေတဲ့ မြတ်ခရဲ့ပုံစံကြောင့် မင်းသန့်လည်း စိတ်မကောင်းဖြစ်မိသည်။ဒီလို ကိစ္စတွေဖြစ်လာတာကလည်း မြတ်ခရဲ့ လုပ်ရပ်ကြောင့်မှမဟုတ်ပဲ။ အမေဖြစ်သူရဲ့ ခြယ်လှယ်မှုတွေကြား မြေဇာပင်ဖြစ်ခဲ့ရသူက မြတ်ခပဲမဟုတ်လား!!

"တောင်းပန်ဖို့မလိုပါဘူး မင်းမှားခဲ့တာတွေရှိပေမဲ့လည်း မင်းက ငါ့အတွက်တော့ အစ်ကိုတစ်ယောက်ဖြစ်နေတုန်းပါပဲ"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now