သားကောင်

By Ph4549

15.5K 911 12

" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မ... More

Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35) Final

Part (1)

2.7K 57 3
By Ph4549

သားကောင်

🌸pann

Part (1)

ချွင်.. ။

" မင်္ဂလာပါရှင့်.. "

မောင် ဧည့်ကြိုလေးကို အသိမှတ်ပြုရင်း အပြုံးလေးတစ်ပွင့်နဲ့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်..။

ပြီး အလင်းရောင် ကောင်းကောင်းနဲ့ နေရာလွတ်ရှိမယ့်နေရာကို လှမ်းမျက်လုံးကစားရင်း ကြည့်လိုက်သေးတယ်.. နေရာလွတ်လေးတွေ့သည်နှင့် သွားထိုင်လိုက်သည် ။

" ဘာသုံးဆောင်မလဲဗျ.. "

ထိုင်ရုံပဲရှိသေးတယ် ဝိတ်တာကောင်လေးက အနားကို ရောက်လာပြီ.. ။

အဲ့ဒါကြောင့် ဒီဆိုင်ကို မောင် ကြိုက်နေရတာ.. ဝန်ဆောင်မှုကလည်း ကောင်းတယ် ဆက်ဆံရေးကလည်း ပြေပြစ်တယ် အစားသောက်က လည်း ကောင်းတယ် ဈေးလည်းသင့်တင့်တယ် အားလုံး မောင်အကြိုက်တွေ့နေရတာချည်း.. ။

" အအေးပဲ သောက်ဦးမယ်.. "

" ဟုတ်ကဲ့ဗျ "

မောင် ထိုင်နေတာ ပြန်ပြင်ထိုင်ရင်း ဆံပင်လေးသပ်ကာ မျက်လုံးတစ်စုံက ဆိုင်အတွင်းထဲဝေ့ဝဲကြည့်မိတော့ မျက်လုံးတွေတောင် ရှက်သွားရသည်.. ။

အမလေးလေး.. ဆိုင်ထဲမှာ ဖြစ်ပျက်နေလိုက်တာ

ကောင်လေးနဲ့ကောင်မလေး ပူးကပ်ထပ်နေတဲ့အပြင် အမြင်မသင့်တယ်အောင် နမ်းရှုံ့နေရတယ်လို့.. ။

ဆိုင်ထဲမှာ သူတို့နှစ်ယောက် ပဲ ရှိတယ်ထင်နေလားမသိဘူး.. အမလေးလေး အမြင်မတင့်တယ်တဲ့ ပတ်ဝန်းကျင် ကြောင့် မောင် အရမ်းစိတ်ညစ်ညီးညူ ရတယ်..

ဖြစ်ချင်တော့ မောင်ထိုင်နေတာက သူတို့ကို ရှင်းရှင်းလင်းလင်းနဲ့ တွေ့နေရတဲ့နေရာမှာ မျက်နှာချင်းဆိုင်ထိုင်နေမိရတဲ့အဖြစ်.. ။

ကိုယ်ကလည်း နေရာကောင်းရွေးထိုင်ထားပြီးမှ နေရာမရွှေ့ချင်တာနဲ့ တိုးပြီ.. ဒီတော့ ကိုယ်လေးကို ခပ်စောင်းစောင်းထိုင်ပြီး အပြင်ဘက်ကိုသာ အကြည့်ပို့ထားရတယ်..

နောင်ရိုး သဲလေးနဲ့အနမ်းဖလှယ်နေရင်းကနေ မျက်ထောင့်မှာမြင်နေရတဲ့ မြင်ကွင်းလေးတစ်ခု..။

နောင်ရိုးတို့ကို ရွံသလိုရှာသလိုနဲ့ မဲ့ရွဲ့လိုက်တာကို ရှင်းရှင်းလင်းလင်း မြင်ဖြစ်အောင် ဖြစ်လိုက်သေးတယ်.. ပြီးမျက်ဝန်းတစ်စုံက အလိုမကျမှုတွေ ခနဲ့မှုတွေ နှိမ်သလိုတွေ အရိပ်ယောင်တွေ အကုန် မြင်နေရသည်..

" ဟင် ကို ဘာဖြစ်လို့လဲ.. "

နမ်းနေရင်းက ရုတ်တရက်ကြီး ရပ်တန့်သွားတဲ့ကို့ကြောင့် သဲမေးခွန်းထုတ်မိသည်..။

" ဘာမှမဟုတ်ဘူး "

ခပ်တင်တင်ပြန်ပြောပြီး ရှေ့က အအေးခွက်ကိုယူကာ တစ်ခွပ်အားရပါးရသောက်ချနေလိုက်တဲ့ ပုံကို သဲ ပြန်ကြွေရပြန်သည်.. ။

သို့သော် ကို့ရဲ့အကြည့်တစ်စုံက မျက်စောင်းထိုးက အမတစ်ယောက် ဆီမှာ..

" မောင် ရောက်တာကြာပြီလား "

အသံကြောင့် အပြင်ဘက်ကြည့်နေတဲ့ အကြည့်ကို လွှဲရင်း မြင်လိုက်ရပြန်ပြီ.. ထောင့်မကျိုးတဲ့အကြည့်တစ်ခု

မောင့်ကို မျက်တောင်မခတ် ပြူးပြဲကြည့်နေလိုက်တာ.. ဘေးကကောင်မလေးကိုမှ မအားမနာ

စည်းမရှိတဲ့ အဲ့မျက်ဝန်းတွေကိုက မုန်းချင်စရာ..။

" မောင် ဟဲ့.. မောင် "

မောင့်မျက်လုံးရှေ့ လက်ကာယမ်းပြနေတဲ့ ထွန်းကြောင့် အကြည့်ကို ထွန်းဆီမှာပဲအပ်လိုက်သည်..

" အဟက် "

သူနဲ့ကိုယ်မသိပေမယ့် ဘလိုင်းကြီး မျက်စောင်းထိုးသွားတဲ့ ကောင်မလေး ကြောင့်.. နောင်ရိုး ခနဲ့တဲ့တဲ့ နှုတ်ခမ်းတွန့်ရယ်မိသည် ။

ထိုးသွားတဲ့မျက်စောင်းက အလိုမကျတဲ့မျက်စောင်းဆိုတာ အရှင်းသားကြီး.. ဒါပေမယ့် အဲ့မျက်စောင်းက သိပ်လှသည် ။

" မောင် နင်ဘယ်ကြည့်နေတာလဲ.. "

" ဘာမှမဟုတ်ပါဘူး.. ထွန်း နင်ကလည်း ကြာလိုက်တာ ခဏနေ ငါရုံးပြန်ဆင်းရမှာ နင်သိရဲ့သားနဲ့ "

" ဆောရီးပါဟာ.. လမ်းပိတ်နေလို့ "

" ဟွန့် အပိုပါနော်.. အချိန်လေးနီးကပ်မှ ထလာတာ မသိဘူးမှတ်နေလား "

" ဟဲဟဲ.. အရမ်းသိသာနေလား "

" နင့်အကြောင်း မောင်တို့က ခရေစေ့တွင်းကျ အကုန် သိနေပြီ.. "

" ဟုတ်ပါပြီ.. အအေးတစ်ခွက်ပဲ မှာထားရသေးတာလား "

" အွန်.. နင်ဘာစားမလဲ မှာလိုက်လေ "

" ငါလည်း အအေးတစ်ခွက်ပဲ သောက်မယ်.. ရွှတ် ရွှတ် မောင်လေး "

" ဘာအလိုရှိလဲဗျ "

" အမလည်း သူ့လိုအအေးတစ်ခွက် "

" ဟုတ်ကဲ့ "

" ဒီမှာ.. မောင် မှာထားတဲ့ အိတ် ဟုတ်ရဲ့လား စစ်ကြည့်ပါဦး "

မောင် ပါဆယ်အိတ်လေးကို ဆွဲယူပြီး အထဲက အိတ်ကို ယူကြည့်မိသည်..

" အင် ဟုတ်တယ်.. ကျေးဇူး "

" ငါတော်တယ် မလား.. နင့်လို ဇီဇာကြောင် လိုချင်တာနဲ့ ကွက်တိရှာနိုင်တယ် "

" ဟုတ်ပါပြီ.. "

မောင် အိတ်ကို ကြည့်နေရင်း မျက်လုံး အကြည့်က မျက်စောင်းထိုးကလူကို မြင်လိုက်ရပြန်ပြီ.. အခုထိ မောင့်ကို မျက်တောင်မခတ် စိုက်ကြည့်နေတုန်း ။

ဘေးက သူ့ကောင်မလေးကလည်း မောင့်ကို မကြည်ကြည့်နဲ့ ကြည့်နေတာ သူမသိလေဘူးလား.. သူကလည်းသူပဲ မောင့်ကို ခပ်ထေ့ထေ့ကြည့်နေလိုက်တာ တော်တော် ရိုင်းတဲ့လူ ။

ဘေးမှာ သူ့ကောင်မလေး ငုတ်တုတ် ရှိနေပါလျက်နဲ့ အခုလို မျက်လုံး အကြည့်စည်းမရှိတဲ့သူ့ကို မောင် ချဉ်မိတာတော့ အမှန်..

" တောက် "

ကျန်း.. ပမာမခန့်နဲ့ မျက်လုံး တစ်ဖက်မှိတ်ပြလိုက်သေးတယ် ။

ထက်အိနြေ္ဒမောင်ကို ဘယ်လိုအတန်းစားမှတ်ပြီး အခုလို လုပ်လိုက်ရပါလိမ့်.. ။

" ဟဲ့ မောင်.. ဘာထဖြစ်တာလဲ ငါပစ္စည်း က မှန်ပါတယ် "

" ထွန်း ပြန်မယ် "

" ဟမ်.. "

အမှန်တကယ်ကို အိတ်တွေကောက်လွယ်နေတဲ့ မောင်ကြောင့် သဇင်ထွန်းတောင် ဘာလုပ်ရမှန်းမသိ ပြာတောင်ပြာသွားရသည်.. ။

" အအေးမလာသေးဘူးလေ.. "

" သောက်မနေနဲ့ဟာ.. ထ ပြန်မယ် "

ဇွတ်အတင်းကို ပြန်ဖို့တာဆူနေတဲ့ မောင့်ကြောင့် ထွန်းလည်း ပြန်ဖို့ လုပ်ရသည်..

စိတ်တိုလိုက်တာနော်.. တောက် ။

မောင့်မှာ မကျေမနပ်နဲ့ ဆိုင်ထဲက ထွက်လာရတဲ့အဖြစ်..

.

" အဟက်ဟက်.. "

နောင်ရိုး သဘောတွေကျကာ ရယ်မိသည်..။

မျက်လုံးတစ်ဖက် မှိတ်ပြတိုင်း ပစ်ကြွေခဲ့တဲ့မိန်းကလေးတွေပဲ တွေ့ခဲ့ရသူမို့ အခုလို ထူးထူးဆန်းဆန်း တွေ့တော့ ရယ်ချင်နေမိတဲ့ ကိုယ့်အဖြစ်..

ဘယ့်နှယ့် တောက်တွေခေါက် မျက်စောင်းတွေအစင်းလိုက်ပစ် ပြီး လှည့်ပြန်ထွက်သွားရတယ်လို့.. ။

" ကို.. သဲကိုလည်း နည်းနည်းပါးပါး သတိထားပေးပါဦး ကြည့်နေလိုက်တာက မျက်လုံး ကျွတ်ထွက်မတတ်ဘဲ သဲစိတ်ဆိုးချင်လာပြီနော် "

" ဆောရီး.. မကျေနပ် မတတ်နိုင်ဘူး ချော့မယ့်ထဲတော့ ငါမပါဘူး လစ်ပြီ "

" ကို့ "

အော်လည်း ပြန်လှည့်ကြည့်မှာ မဟုတ်မှန်း သိရဲ့သားနဲ့ ..လေကုန်အောင် ခေါ်နေရတယ်လို့ ။

နောင်ရိုး ပြောပြီး တစ်ထောင်တန် နှစ်ရွက် စားပွဲပေါ်တင်ကာ ထွက်ခဲ့လိုက်သည်..

သူ့အတွက်ဖိုးတော့ ရှင်းပေးမနေနိုင်ပါဘူး.. ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင် ။

မိန်းကလေး ဘက်က ရှင်းပေးတာကို ငြိမ်ခံရအောင်လည်း မာနက မခံပြန်.. ကိုယ်ဘယ်လောက်ပဲ အသုံးလိုလို မိန်းမ တစ်ယောက်နားက ပိုက်ဆံ လက်ဖြန့်တောင်းဖို့ကျ မာနကတင်းခံ​နေ​သေးတာ

အခုသဲလည်း စိတ်မပါတော့ ဖျက်ပစ်တော့မှာပါပဲ.. ။

နောင်ရိုးအတွက် မိန်းမ မရှားပါဘူး..

" အဟွန်း "

နှုတ်ခမ်းတစ်ချက်မဲ့ရင်း ဆေးလိပ်မီးညှိကာ တစ်ချက် အသာရှိုက်လိုက်သည်..

ပြီး ခြေဦးတည့်ရာ ဆေးလိပ်ကို အဖော်ခေါ်ရင်း လျှောက်သွားနေမိသည် ။

.

" ဟျောင့်.. နောင်ရိုး မင်းကလည်း ပြန်လာသေးတယ်နော် "

" ဘာဖြစ်လို့လဲ "

အိမ်ထဲ ဝင်ဝင်ချင်း အပြစ်ဆိုလိုက်တဲ့ ဇာနည် ကို ပြန်မေးခွန်းထုတ်ကာ ကြမ်းပြင်မှာ ဝင်ခြေဆင်းထိုင်လိုက်သည် ။

" အိမ်ငှားခ လာတောင်းနေပြီကွ.. "

" ဒီဒေါ်ပုမ အားအားနေ လကုန်ဖို့ပဲ ချောင်းနေလားမသိဘူး.. "

" အေးကွာ.. ငါ့ကိုလည်း ပွတ်တွတ်ရွတ်သွားသေးတယ် နားကိုညီးလို့ "

" ငါကြံဖန်ပါမယ်ကွာ.. "

" ငါတို့လည်း ဒီအိမ်စုတ်မှာ သည်းခံ ပြီးနေနေတာ.. ပိုက်ဆံ ကလည်းမခိုင်နေတာနဲ့ မဟုတ်ရင် လစ်တာကြာနေပြီ "

" ထားတော့ ပြောမနေနဲ့.. အာရုံ နောက်တယ် မင်း ထမင်းစားပြီးပြီလား "

" ဘယ်စားရမလဲ.. မင်းကို စောင့်နေတာ "

" ဒါဆို ခဏလေး ငါရေချိုးလိုက်ဦးမယ်.. ပြီးရင် နွေးနွေးဆို်င် သွားမယ် "

" အေအေး.. "

နောင်ရိုး ပုဆိုးကြမ်းတစ်ထည် ပုခုံး ပေါ်လွှားတင်ပြီး ထွက်နေတော့ လှမ်းအော်မေးရသေးသည်..

" ဟျောင့် ငါ့မှာပိုက်ဆံမရှိဘူးနော်.. "

" ငါ့မှာ ထောင့်ငါးရာ ရှိတယ် "

" ဘယ်ရမလဲ ကွ.. ငါဗိုက်​တော်​တော်ဆာ​နေတာ "

" အကြွေးစားပေါ့ကွာ ဘာခက်.. "

မျက်လုံး တစ်ဖက်မှိတ်ပြပြီး ထွက်သွားပြီ..။

ဒါ နောင်ရိုးစတိုင်..

.

" ဟယ် ကိုနောင် လာပြီလား.. နွေးက မလာတော့ဘူး မှတ်နေတာ "

" နင့်ဆီမလာဘဲ နေနိုင်တယ် .. ထမင်းမစားဘဲမနေနိုင်ဘူး "

" အဟွန်း.. သိပါတယ်နော် "

" သိရင်လည်း ပြီးရော.. ထုံးစံအတိုင်း လုပ်ပေးဦး "

" အင်းပါ "

နောင်ရိုးတို့ နေရာဝင်ယူလိုက်သည်..။

ခုံက ပုတုတုလေးမို့ ထိုင်လိုက်ရင် ဒူးတွေကထိုးထွက်နေတာ.. ထိုင်ရတာ အဆင်မပြေ

" နွေးနွေး.. နင်တို့ ခုံအသစ်ရိုက်စမ်းပါ ငါတို့ ထိုင်ရတာ အဆင်မပြေဘူး ခုံတွေက ပုတလက်နဲ့ကီးမကိုက်ဘူး "

" ကိုနောင်တို့ပဲ ရိုက်ပေးမှရမှာ "

" အေးပေါ့ အဆင်မပြေတဲ့ငါတို့ပဲ ရိုက်ပေးရမှာပေါ့.. "

ဒီလိုပါပဲ.. ရပ်ကွက်ထဲ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လုပ်ပြီး ဝမ်းစိုရုံလောက်သာ အလုပ်လုပ်တာ ။

အချိန်တော်တော်များများက တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်နဲ့ လှိမ့်နေတာ.. ထောက်ပံ့စရာ လူလည်း မရှိတော့ ဘယ်သူမှ ကြည့်စရာ မလိုဘူး

နှစ်ကောင်လုံး တစ်ကောင်ကြွက်တွေမို့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလုပ်လာတာ ။

နှစ်ယောက်သား ထမင်းတွေ ဟင်းတွေ ရောက်လာတာနဲ့ တက်ညီလက်ညီပဲစားနေတာက ခေါင်းတောင် မဖော်နိုင်.. ။

အဝထည့်ထားမှ.. ညကျ ဗိုက်ပြန်ဆာရင် အဆာပြေစားဖို့ ဝယ်ဖို့်ကို လက်ထဲမှာ မရှိတော့တာမို့ ။

" အာ.. ဗိုက်ကပြည့်သွားပြီ နွေးနွေး ဒီမှာ ထောင့်ငါးရာတင်ခဲ့တယ် လိုတာ မှတ်ထားလိုက် ငါတို့နောက်မှ ရှင်းမယ် "

" သိပါတယ်.. ထားခဲ့ ထားခဲ့ "

နောင်ရိုးတို့နှစ်ယောက် ပခုံးဖက်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်..

" ဟာ ဟျောင့်တွေ စောစောစီးစီး ဝိုင်းဖွဲ့နေပြီလား.. "

" ဒါပေါ့ ကိုဇာနည်ရ.. "

" ငါတို့လည်း ဝိုင်းမယ်ကွာ.. "

" လာပါ.. ကိုနောင်ရ "

နောင်ရိုးနဲ့ဇာနည် အိမ်အရောက်မပြန်သေးဘဲ ရပ်ကွက်ထဲက ကောင်တွေနဲ့ ဝိုင်းဖွဲ့လိုက်သည်..

ပြီးရင် တဒေါင်ဒေါင် တဒင်ဒင်နဲ့ဂီတာတီးခတ်ရင်း လမ်းမမှာဟစ်အော်ကြွေးနေလိုက်သည် ။

.

" မောင် ဘာလုပ်နေတာလဲ.. "

" အဖေနဲ့စကားပြောနေတာ "

" နင့်အဖေရော နေကောင်းတယ်မလား.. "

" အင် ကောင်းတယ်ပြောတာပဲ "

" ဘယ်လိုလဲ.. အဖေ့ကို လွမ်းနေပြန်ပြီလား "

" မေးမှမေးတတ်တယ်.. လွမ်းတာပေါ့ဟဲ့ ငါ့မှာပြေးကြည့်မှ ဒီအဖေတစ်ယောက် ပဲ ရှိတာကို မဖြစ်လို့သာ တစ်ယောက်ထဲ ထားခဲ့ပြီး ဒီမှာအလုပ်လာလုပ်နေရတာ "

" ဟုတ်ပါပြီ.. ဒါနဲ့ နေ့လည်က ဘာထဖြစ်တာလဲ ငါ့ကိုညကျရင် ပြောပြမယ်ဆို "

နေ့လည်ကတည်းက သိချင်နေတာ.. ။

ဆိုင်ထဲက ဒုန်းဆိုင်း ထွက်ချလာပြီး တောက်တခေါက်ခေါက် ဒေါသတဆူဆူဖြစ်နေတဲ့​မောင်ကို ဘာဖြစ်တာလဲ လို့မေးလည်းမရ.. အလုပ်ချိန်နီးနေလို့ နောက်မှပြောတော့မယ် ဆိုပြီး လူကို တန်းလန်းကြီး ထားခဲ့တယ်.. ။

အခုတော့ မှတ်ရတုန်း ပြန်မေးထားမှ..

အဖေ့ကို လွမ်းနေရာကနေ ထွန်းမေးတော့ နေ့လည်က မုန်းချင်စရာလူသားကို မှတ်ရလိုက်ပြန်ပြီ.. ။

" ဒီလိုပါပဲ.. စည်းမရှိတဲ့ လူတစ်ယောက်ကြောင့် ထပြန်လာတာ "

" ဟမ်.. နည်းနည်းပါးပါး ငါနားလည်အောင် ပြောပြစမ်းပါ ဘာစည်းမရှိတာလဲ "

" အကုန်ကို မရှိတာ.. လူ့ပတ်ဝန်းကျင်မှာ အတွဲတစ်တွဲ နမ်းရှုံ့နေလိုက်တာ မြင်မကောင်း ရှုမကောင်း "

" ဟင်.. ခ်ခ် မောင်ကလည်း အခုခေတ်အတွဲတွေက အဲ့လိုပါပဲ "

" ဟဲ့ အခုက အခြေနေ ပိုဆိုးတယ်.. ရီးရီ ပြောရင်း ပြန်မြင်ယောင်ပြီး ကြက်သီးတောင်ထတယ်"

တကယ်ပါ.. တကယ်ကိုပြောရင်းနဲ့ကို မောင့်မှာပြန်မြင်ယောင်ပြီး ကြက်သီးထနေတာ ။

" ခ်ခ်.. ဒီလောက်ဆို တော်တော် အမြင်ဆိုးရွားနေတာ ဖြစ်မယ် "

" တကယ် တကယ် ဆိုးရွားတာ.. "

" သူများအဲ့လို ဖြစ်တာနဲ့ မောင်တို့က တောက်ထခေါက်တာသိရင် သူများတွေ ဟားတိုက်နေမှာ သိရဲ့လား "

" ဟဲ့ ထွန်းနော်.. မောင်က အဲ့ဒါကြောင့် မဟုတ်ပါဘူးနော် အဲ့အတွဲက ကောင်လေးက မောင့်ကို မျက်လုံးကျွတ်ထွက်မတတ် ကြည့်နေတာ..ဘေးမှာ ထိုင်နေတဲ့ သူ့ကောင်မလေးကိုမှ မအားနာ ကြည့်နေလိုက်တာ.. သူ့ကောင်မလေးကလည်း သိတော့ ငါ့ကို မကျေမနပ်နဲ့ ပေစောင်းကြည့်နေပြီလေ ဒါလည်း အလေးထားတဲ့ပုံမပေါ်ပါဘူး ငါ့ကို ခပ်ထေ့ထေ့ ကြည့်နေဆဲပဲ.. ပြီး ငါ့ကို မျက်လုံး မှိတ်ပြတယ်တဲ့ ကဲ ဘယ်လောက် စည်းမရှိလဲ မောင်ဖြင့်မုန်းလိုက်တာနော်.. ရည်းစားရှိနေပါရဲ့နဲ့ နောက်မိန်းကလေးကို အဲ့လို ကြည့်တတ်တဲ့ ယောကျာ်းလေးဆို အထင်ကိုမကြီးတော့ဘူး.. "

" ခ်ခ်.. ထက်အိနြေ္ဒမောင်တို့ကတော့ နာမည် အတိုင်း အိနြေ္ဒ ကြီးကကြီးနဲ့ ဒီလိုမိန်းကလေးမှ တွေ့သွားတာကိုး "

" မပြောနေချင်တော့ပါဘူး.. အဲ့လူအကြောင်း "

" မောင်ကဖြင့် မပြောနေပါဘူးလုပ်နေတာ.. အကုန်တောင် ပြောပြီးနေပြီကို "

" ဟင် "

" မောင်နော် မောင်.. ယောကျာ်း တစ်ယောက် အကြောင်း ကို ပါးစပ်ထဲတောင် မထည့်တတ်တဲ့သူက အခုတော့ ပြောတယ်ဆိုတော့ အဟင်း "

" လျှောက်ပြောမနေနဲ့.. "

" ထိုင်ပြောနေတာပါ မောင်ရဲ့ "

" မသိဘူး.. မောင်အိပ်ချင်ပြီ ဖုန်းချတော့မယ် ဒါပဲ "

" ဟဲ့ ဟဲ့.. "

ထွန်း ပြောတာကို နားထောင်မနေတော့ဘဲ ဖုန်းချလိုက်သည်.. ။

ပြီး ဖုန်းကို ခေါင်းရင်းဘက် ထားကာ ခေါင်းမြှီးခြုံအိပ်လိုက်သည်..

.

" အဟွန်း.. "

" ဟ ငါ့ကောင်ကြီး အိပ်ယာနိုးနိုးချင်း ပြုံးဖြီးနေပါလား ဘာဖြစ်လို့လဲ.. "

စောင်ပါးတစ်ထည်ကြား လုံးထွေး ထထိုင်ပြီး ပြုံးရယ်နေတဲ့ နောင်ရိုးကြောင့် ဇာနည် လှမ်းမေးရသည်.. ။

" အိပ်မက် မက်လို့ကွ.. "

" ထူးထူးဆန်းဆန်း အိပ်မက်​တွေ ဘာတွေပြောလို့.. ပြောစမ်းပါအုံး မင်းအိပ်မက်အကြောင်း "

" ကောင်မလေးတစ်ယောက် အကြောင်းပါ.."

" အိပ်မက်ထဲလည်း ကောင်မလေး ပါတာပဲလား.. "

" အေး.. "

" ဘယ်လိုလဲ.. တော်တော်မှ ချောရဲ့လား "

" ဟင့်အင်း မချောဘူး "

" ဒါဖြင့် ရုပ်ဆိုးကြီးပေါ့.. "

" ရုပ်ဆိုးတယ်လို့လည်း ပြောမရဘူးကွ.. ကြည့်ကောင်းရုံလောက်ပါပဲ ဒါပေမယ့် "

" ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေကွာ.. "

ပြောရင်း ရပ်တန့်သွားတဲ့ နောင်ရိုး ကြောင့် ဇာနည် သိချင်ဇောတွေ တက်လာရသည်..

" သူ့မျက်စောင်းလေးက သိပ်လှတယ်.. "

" ဟမ် "

ဘာမှမပြောဘဲ ပြုံးတုံ့တုံ့လုပ်နေတဲ့ နောင်ရိုး..။

နောင်ရိုး အိပ်မက်မက်တတ်တဲ့ကောင် မဟုတ်ဘူး.. ဒါပေမယ့် အလိုမကျတဲ့အကြည့်တွေနဲ့ မျက်စောင်းလှလှ ထိုးတတ်တဲ့ ကောင်မလေး တစ်ယောက် ကို ပထမဦးဆုံး အိပ်မက် မက်ခဲ့တယ်.. ။

ဒီ​ကောင် မျက်လုံးမှိတ်ပြလို့ ​တောက် ခေါက်လိုက်တဲ့ပုံလေးကိုလည်း မျက်လုံး ထဲကနေ မထွက်..

နောင်ရိုးမင်းခေါင် ဘဝမှာ မိန်းကလေး တွေကို ပင်ပင်ပန်းပန်း ခြွေစရာမလို.. မျက်လုံး တစ်ဖက်မှိတ်ပြလိုက်တာနဲ့ တန်းပစ်ကြွေကျပြီးသား ဒါပေမယ့် အခုကောင်မလေးကတော့ ချွင်းချက်ပေါ့ ။

ငါမင်းနဲ့ နောက်တစ်ခါ တွေ့ချင်မိသေးတယ်..မျက်စောင်းလေး

.

" ထွန်း နင့်ဟာက ဟုတ်ရောဟုတ်ရဲ့လားဟယ်.. "

" ဟုတ်ပါတယ်.. ဒီနားတစ်​ဝိုက်​ပဲလို့ ပြောထားတာပဲကို "

" ကျစ်.. ဒီလောက် ရှာနေတာ တွေ့မှမတွေ့ဘဲနဲ့ကို "

ဟုတ်ပါတယ်.. မောင်တို့ ရှာနေတာ တော်တော် ကြာနေပြီ အခုထိ အိမ်ကိုမတွေ့သေးဘူး ။

မနက်အစောကြီး မောင်​နေတဲ့ အ​ဆောင်ကို ထွန်းရောက်ချလာပြီး သူနဲ့လိုက်ကူပါဦး ဆိုပြီး အပူလာကပ်တယ်.. ဒီနေ့ မောင့်ရုံးကလည်းပိတ်ရက်ကိုး ။

ထွန်းက online shop လုပ်နေတဲ့သူ.. သူ့ကိုပစ္စည်း မှာထားတဲ့ ဖောက်သည်အိမ်ကို လာပို့ကြတာ

လိပ်စာကပဲအမှားလား.. ဒါမှမဟုတ် မောင်တို့ကပဲ မှားနေလားမသိဘူး အခုထိကိုမတွေ့သေးဘူး ။

နေကပူပါတယ်ဆိုမှ ရှာမတွေ့နိုင်ဖြစ်ရတော့ စိတ်ကမကြည်တော့..

" ထွန်း.. ဖုန်းဆက်မေးကြည့်ကြည့်ဟာ "

" အေအေး.. "

မောင်က စိတ်ရှည်တဲ့အမျိုးစားထဲလည်း မပါ.. စိတ်မရှည် လက်တစ်ဆစ် ဆိုတဲ့အမျိုးစားလည်း မဟုတ် ကြားထဲ​နေတဲ့အမျိုးစားထဲ ပါတယ် ။

စိတ်က ကြည်နေရင် အကောင်း.. မကြည်ရင်တော့ ဘုဘောက်ပြောတတ်တာမို့ ဈေးရောင်းတဲ့အလုပ်နဲ့​မောင်နဲ့ လုံးဝမဖြစ် ။

ဒါကြောင့်လည်း ထွန်းလို လုပ်ဖို့ စိတ်တောင်မကူးမိပါဘူး.. ဒါပေမယ့်လည်း တော်တော်များများ ကူဖြစ်နေတာပါပဲ ။

" ဟုတ်တယ် ညီမ.. အမတို့ အဲ့နားရောက်နေပြီ ဟုတ်တယ် အော် အေအေး "

" ဘာတဲ့လဲ.. "

" ငါတို့ ရောက်တာ မှန်ပါတယ်.. နည်းနည်းပဲ ဆက်သွားရမှာ "

" သေရောသေချာရဲ့လား ထွန်းရယ်.. "

" သေချာပါတယ် မောင်ရယ်.. လာစမ်းပါ "

ဇွတ်ကို သေချာနေတဲ့ ထွန်းကို မောင် မျက်စောင်း ထိုးမိသေးတယ်.. ပါးစပ်ကသာ သေချာနေတာ မျက်လုံးက ကျီးကန်းတောင်းမှောက် ရှာနေရတာများ မောင့်ကို လာလိမ်နေသေးတယ် ။

" လာပါ မောင်ရယ်.. "

" လာနေပြီ လာနေပြီ "

မောင် ဘုတောပြီး ခြေဆောင့်ကာ ခေါင်းငုံ့လျှောက်နေမိသည်.. ။

နေက အတိုးရောအရင်းပါ ထည့်ပြီးအစွမ်းကုန် တောက်လောင်ပူပြင်းနေလား မသိပါဘူး.. တော်တော်​လေးကို နေရောင်က စူးပြီးမီးလိုပဲ တောက်လောင်နေတာ ..

ဒီလိုမှန်းသိ ထီးယူခဲ့ပါတယ်.. ခဏလေးပဲ ဆိုလို့သာ မောင်ထီးမယူလာဖြစ်တာ ။

ဦးထုပ်ကလည်း ဆောင်းကျင့်မရှိတဲ့ မောင့်အဖို့ဦးထုပ်ဆိုတာရယ်မရှိ.. ဒီတော့ ခေါင်းကဆံပင်တွေပေါ် အပူကတိုက်ရိုက်ရောက်နေပြီ

အပူလွန်ပြီး မီးထတောက်မှာလည်းစိုးရသေးတယ်.. ။

" ဝုတ် ဝုတ် "

" အမေရေ့.. "

" ဘုတ် အား "

တောက်.. အရေးထဲ ခြံထဲက ခွေးက မောင့်ကို လှမ်းဟောင်လို့ ကြောက်လန့်ပြီး နောက်ပြန်လှည့်ပြေးနေရင်း လူတစ်ယောက် ကိုအားနဲ့တိုက်လိုက်မိပြန်ရော.. ။

ကျစ်.. မောင်တို့က ဖြစ်လိုက်ရင် အရာရာနဲ့အကော့င်းကြောင်းချည်းပဲ ။

မြေပြင်ပေါ် လဲကျနေတဲ့လူကို ငဲ့စောင်းကြည့်တော့ ယောကျာ်း​လေးတစ်ယောက် ဖြစ်နေတော့ စိတ်ကပါ ညစ်ချင်လာသည်.. ဟင်းနော်

" ဟို ဒီက ရရဲ့လားရှင့်.. "

" လူကိုအတိုက်ခံရတဲ့အပြင် ဒေါက်နဲ့ပါတက်နင်းခံရတာ ရမယ် ထင်နေလား ခင်ဗျားက.. "

" ဟင်.. "

ပြန်ပြီး အော်လွှတ်ကာ မျက်နှာလှည့်လာတဲ့သူက ဟိုနေ့က ဟိုလူ.. ။

ဆံပင်က အရှည်ထားထားသူမို့် စောနက မျက်နှာကွယ်ကျနေတာလေ.. အစကတည်းက သူမှန်းသိရင် မေးမနေဘူး ။

ဟင်.. ဒေါ်မျက်စောင်း ။

ဟုတ်ပါတယ်.. နောင်ရိုးမမှားပါဘူး မျက်စောင်းမှမျက်စောင်းလေးပါ

အဓိက မမှားတာက ကိုယ့်မျက်နှာကြီးတွေ့တာနဲ့ စိုးရိမ်စိတ် တွေအဝေးလွင့်ပြီး တည်သွားတဲ့မျက်နှာကြောကြီးက သက်သေလေ.. ။

" ဟယ် မောင် ဘာဖြစ်နေတာလဲ.. "

" ဘာမှ ဟမ် "

အခုလက်ရှိ ကိုယ့်ရည်းစား ဖြစ်နေတဲ့မမက နောင်ရိုးကို တွေ့လို့ပြေးလာပြီးမေးတယ်အမှတ်နဲ့ ဖြေမိသေးတယ်.. သို့သော် နောင်ရိုးအထင်နဲ့လုံးဝအမှား ။

ကောင်မလေးတစ်ယောက်က နောင်ရိုးရှေ့မှာမတ်မတ်ကြီးရပ်နေတဲ့ ဒေါ်မျက်စောင်း ကို ခေါ်ပြီးမေးနေတာ.. ပြီးဖြေလိုက်ပါသေးတယ် ဒေါ်မျက်စောင်းက ဘာတဲ့

" မောင် က ဘာမှမဖြစ်ပါဘူး.. ဟိုရှေ့က ခွေးထဟောင်လို့ ကြောက်လန့်ပြီးပြေးမိတာ အာ့သူ့ကိုဝင်တိုက်ရော "

အံမာ အကြောကြီးနဲ့ နောင်ရိုးကိုမေးဆတ်ပြလိုက်ပုံက.. ။

" ဟယ် အဲ့ဒါ မထူဘူးလား မောင်ရယ်.. ဒီကရရဲ့လားရှင့် ထွန်း ထူပေးပါမယ် "

" ရတယ်.. လုပ်တဲ့သူက ခင်ဗျားမဟုတ်ဘူး လုပ်တဲ့သူ ကာယကံရှင်ကိုယ်တိုင် ထူပေးသင့်တာမို့ သူထူ​ပေးမှ ကျွန်တော် ထမယ် "

နောင်ရိုးကလည်း မထနိုင်ဖြစ်နေတာ မဟုတ်ပေမယ့် မကြည်ကြည့်နဲ့ ကြည့်နေတာမို့ သပ်သပ် ညစ်ချင်စိတ်က ထိုးကြွလာတာလေ.. ။

" ရှင်ကိုယ်တိုင် ထရတယ်မဟုတ်ဘူးလား.. လူလေးနဲ့တိုက်မိတာပါ ကားတွေဆိုင်ကယ်တွေနဲ့မှ တိုက်မိတာမှမဟုတ်ဘဲ အသက်နဲ့အဝေးကြီးပါ "

" ဟဲ့ မောင် ဘယ်လိုပြောလိုက်တာလဲ.. အားနာစရာကြီး "

" မောင်ပြောတာ မှားနေလို့လား.. "

" လူလေးဆိုတဲ့စကားမပြောပါနဲ့.. ခင်ဗျားခန္ဓာကိုယ်နဲ့ တိုက်မိပြီး ကျွန်တော်လဲကျရတယ်ဆိုကတည်းက ကိုယ့်ဆိုဒ်ကို ကိုယ်သိသင့်တယ် "

" ဘာ.. မောင်က ဘာဖြစ်နေလို့လဲ "

အဟက်.. ။

နောင်ရိုး စိတ်ညစ်နေပေမယ့် သူ့စကားသံကြောင့် ရယ်ချင်မိတာတော့အမှန်..

မသိရင် ကိုယ့်ကို မောင်လို့ခေါ်ပြီး မေးနေသလိုလိုကြီး.. ရင်ထဲမှာ သာယာမိတာတော့ မငြင်းသာပါဘူးလေ ။

ကြည့်.. မောင်အမြင်မကြည်တာလည်း မပြောနဲ့ ဒီလောက်​ပြောဆို​နေတဲ့ကြားထဲကို ရုပ်ကပြီတီတီ ပြဲတဲတဲရုပ်ပေါက်လာပြီ ။

" မောင်က ဘာမှမဖြစ်ပါဘူး.. "

" ဘာရှင့်.. "

" ဟဲ့ မောင်.. "

အသံကျယ်ထွက်သွားတာမို့ ထွန်းက သတိပေးသေးသည်..

မောင်စိတ်တိုတာလည်း မပြောနဲ့လေ.. လူကို ငေးစိုက်ကြည့်ပြီး ခနဲ့တဲ့တဲ့ ပြန်ဖြေလိုက်တာ မောင်မသိဘူးများ ထင်နေလား ။

" ဒီမှာ ခင်ဗျား မထူပေးဘူးလား.. လူတွေ ဝိုင်းကြည့်နေကြပြီ "

" ရှင်ထနိုင်တာပဲ ထလိုက်ပါလား.. "

" ဟေ့ မင်းလုပ်တာလေ ဒါက.. မင်းမထူပေးလည်း ရတယ် ငါကဒီအတိုင်းပဲ ဆက်ထိုင်နေမှာ ငါဆက်ထိုင်နေသရွေ့ မင်းလည်းဒီနေရာကနေတစ်လှမ်းမှ မရွေ့ရဘူးမှတ်.. "

" မောင့်ကို စိန်ခေါ်နေတာလား.. စိန်ခေါ်တိုင်း ကြောက်တဲ့ထဲ မောင်မပါဘူး "

" မင်း တစ်လှမ်းရွေ့ရဲရွေ့ကြည့်လေ.. "

" တောက် "

အထက်စီးဆန်ဆန် ပြောနေတဲ့သူ့ကို မောင် တော်တော် မြင်ပြင်းကတ်မိသည်.. ။

" မောင် မြန်မြန် ထူပေးလိုက်ပါဟယ်.. ကိုယ့်ကြောင့် ဖြစ်သွားတာပဲ မြန်မြန် ပြီး မြန်မြန် ထွက်သွားလို့ ရတာပဲကို "

ကျစ်.. ။

မောင့်ဘက်ကလည်း အလွန်မို့ တစ်ထစ်လျှော့ချရပြန်သည်.. မဟုတ်ရင် ဒီလူနဲ့အချိန်ကြာကြာ စခန်းသွားနေရဦးမည် မြန်မြန် ပြီး မြန်မြန် နားအေးတယ် ။

" ထ.. "

" ဟ.. ဖြေးဖြေး ထူစမ်းပါ မိန်းကလေး ဖြစ်ပြီး လက်ကြမ်းပါးစပ်ကြမ်းနဲ့ "

" အာ့ ကျွန်မကိစ္စ.. ရှင်နဲ့မဆိုင်ဘူး ထ "

ပြောရင်းနဲ့ ကျွန်တော့်လက်မောင်းတစ်ဖက်ကို လက်နှစ်ဖက် ယှက်ပြီး ဆွဲထူလိုက်တဲ့ တခဏမှာ ရင်ခုန်သံတွေက ဗြောင်းဆန် သွားတာ နောင်ရိုး သတိထားမိသည် ။

" ဘာဖြစ်နေတာလဲ "

အနားရောက်လာပြီး အသံနဲ့အတူ မောင့်ကိုတွန်းလွှတ်ကာ သူ့လက်မောင်းကို ချိတ်တွဲလိုက်တဲ့ ကောင်မလေးတစ်ယောက် ။

စိတ်ထဲ နည်းနည်း ကျင်သွားရပြန်သည်..

" ကျွန်မကိစ္စ ပြီးပြီ.. ထွန်း သွားရအောင် "

မောင် ထွန်းလက်ကို ဆွဲပြီး ထွက်လာခဲ့မိသည်..။

အဟက်.. ။

သွားတာတောင် ရိုးရိုးမသွားဘူး.. သူ့သူငယ်ချင်း ကိုဆွဲခေါ်သွားရင်း ဒီကကောင်ကို မျက်စောင်းပစ်ကျွေးသွားသေးတယ်

" မောင် ဘာဖြစ်နေကြတာလဲ.. "

အခုမှ အသိဝင်တော့ နောင်ရိုးလက်ကို ချိတ်တွဲထားတဲ့ ရည်းစားသစ်မမ.. ။

" အဟွန်း.. ဘာမှမဖြစ်ပါဘူး ဒီလိုပဲ မတော်တဆတစ်ခုပါ "

" မမက အိမ်ကထွက်မရသေးလို့ ကြာနေတာ.. ဒီလည်းရောက်ရော မောင့်လက်ကိုတွဲထားတာ မြင်တော့ ဒေါသထွက်မိသေးတယ် "

" အဟက်.. ထားပါတော့ "

" သွားမယ်လေ.. မောင် ရောက်နေတာ ကြာပြီလား "

" ဟင့်အင်း သိပ်မကြာသေးပါဘူး "

နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက် ထွက်လာမိသည်.. ။

သို့သော် ရည်းစားသစ်မမဆီက မောင်လို့ခေါ်သံထက် မျက်စောင်းလေးဆီက မောင်လို့ပြောသံကို ပိုခိုက်မိတာတော့ အမှန်..

တစ်ချိန်လုံး မောင် လို့ သုံးနှုန်းတတ်တဲ့ ကောင်မလေး ဆီမှာ နောင်ရိုးစိတ်တွေ ကပ်ပါသွားတာ သတိမထားမိ.. ။

နောင်ရိုး မျက်စောင်းလေးကို ထပ်တွေ့ချင်မိသေးတယ်.. မင်းနဲ့ပြန်ဆုံရပါစေလို့ ငါဆုတောင်းပါရစေ မောင်

🌸pann

..........................................................

pann လိုအပ်ချက်တွေနဲ့ ထပ်စလိုက်ပြန်ပြီနော်..။

မျက်စိနောက်စေအောင်လည်း စ လုပ်တော့မယ့် pann..

အရေးသား ချွတ်ယွင်းနေလည်း ဉာဉ်ဆိုးလေးကြောင့် မျက်စိနောက်ခွင့်ပြုပါနော် ။

ကျန်းမာရေး ဂရုစိုက်ကြပါနော်.. ကိုယ်ခန္ဓာ ကျန်းမာရေးတင် မဟုတ်ဘဲ စိတ်ကိုလည်း ကြံ့ကြံ့ခံပြီး ကျန်းမာဖို့ ဂရုစိုက်ကြပါ ။

သိပ်မလိုတော့ပါဘူး.. ပြီးတော့မှာပါ ဒီကပ်ဘေးက အားတင်းထားကြရအောင် ။

အချိန်ပေးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် နော်..🙏

pann ကြိုးစားရေးသားသွားပါမည်💪💪💪

Continue Reading

You'll Also Like

227K 37.2K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
33.1K 638 18
"နှလုံးသားကို နင်းချေ၍"
1.7M 70.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
35.1K 1.1K 25
''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှာ...