Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံ...

By ThikNanPaing5

948K 139K 1.9K

ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာ... More

Chapter-1(ပြန်လည်မွေးဖွားခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း)
Chapter-2(ငါကမင်းရဲ့မိန်းမလား?)
Chapter-3(သွေးစုပ်ခြင်း)
Chapter-4(ဒီခန္ဓာကိုယ်မှာကောင်းကျိုးရိှသားပဲ)
Hello~
Chapter-5(ကုတင်ပေါ်မှာစောင့်နေ)
Chapter-6(တညတာဖြတ်သန်းခြင်း)
Chapter-7(ယောက်ျားတွေအရှက်မရိှတော့ဘူးလား!?)
Chapter-8(ကျန်းရှန်ကိုပေါင်ပေါ်ထိုင်ခိုင်းလိုက်တယ်)
Chapter-9(ငါ့လိုအပ်ချက်အတွက်ဖြည့်ဆည်းပေးရမယ်)
Hello My Loves👋
Chapter-10(မင်းကကလေးမွေးပေးရမဲ့အရာဝတ္ထုသာသာပဲ)
Chapter-11(ရုတ်တရက်ဖေးစစ်ရန်ဒေါသထွက်လာတယ်)
Chapter-12(ကြံစည်မှုလား တိုက်ဆိုင်မှုလား)
Chapter-13(ဖေးစစ်ရန်မျက်ဝန်းမှုဝမ်းနည်မှုများ)
Chapter-14(ကုမ္ပဏီသို့ရောက်ရိှခြင်း)
Chapter-15(သူ့ကိုမစ္စဖေးလို့ခေါ်ခွင့်ပေးထားလို့လား!)
Chapter-16(မထင်မှတ်ထားသောကျည်ဆန်တစ်ခု)
Chapter-17(ဒီတိုက်ခိုက်မှုက ရန်သူရဲထောင်ချောက်လား)
Chapter-18(သူ့ဇနီးလူပြန်ဝင်စားတာကိုစောင့်နေတာ)
Chapter-19(လက်စားချေရန်ဝိဉာဉ်လဲခြင်းလား)
Chapter-20(ကျန်းရှန်ရဲ့ အော်သံ)
Chapter-21(ခန္ဓာကိုယ်ပြောင်းလဲခြင်း)
Chapter-22(တောင်းပန်ရင် သွေးသောက်ခွင့်ပေးမယ်)
Chapter-23(ထူးဆန်း၍ချိုမြိန်သောအချစ်ကမ္ဘာလေး)
Chapter-24(ပါးစပ်အားအုပ်ထားသောလူ)
Chapter-25(မျိုးရိုးသန့်စင်သူ၏heatဖြစ်စဉ်)
Chapter-26(သန်းခေါင်ယံနိုးထခြင်း)
Chapter-27(သူပဲဖြစ်ရမယ်/သူပဲျဖစ္ရမယ္)
Chapter-28(ပိုင်ဟောင်ထျန်းဆိုတဲ့ကောင်လေး)
Chapter-29(ပြိုင်ဘက်က ကူညီသူတစ်ယောက်ပို့ပေးလိုက်တယ်)
Chapter-30(ချစ်နေကြတယ်.. တကယ်ကြီးလား?)
Chapter-31(လည်ပင်းမှကိုက်ရာ)
Chapter-32(ကောင်းကောင်းနေပြီး ငါ့ကိုစောင့်နေပေးပါ)
Chapter-33(ဖေးစစ်ရန်ဇနီး၏သေဆုံးမှုအားသိရိှရခြင်း)
Chapter-34(လူယုတ်မာကောင်!!)
Chapter-35(ကျန်းရှန်ကို ဂရုစိုက်လာပြီ)
📢📢📢
Chapter-36(ပိုင်ဟောင့်အခန်းသို့ညသန်းခေါင်ခိုးဝင်ခြင်း )
Chapter-37(ဝမ်းဗိုက်အားဆုတ်ဖြဲ၍ကလေးအားယူခြင်း)
Chapter-38(နာကျင်သောငြင်းခုံမှု)
Chapter-39(ဖက်ထားပေးပါ)
Chapter-40(ချစ်ခြင်းမေတ္တာ)
Chapter-41(ဟေးမင်အားအခန်းထဲတွက်ဝှက်ထားခြင်း)
Chapter-42(သူတို့ကိစ္စဖြစ်သကဲ့သို့)
Chapter-43(ခွေးပေါက်လေးရဲ့မျက်လုံးများ)
Chapter-44(သဝန်တိုခြင်း)
Chapter-45(ကျွန်တော် ဒီမှါ)
Chapter-46(အနှောင့်အယှက်)
Chapter-47(ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်တော့)
Chapter-48(ခြေထောက်နှိပ်ပေးခြင်း)
Chapter-49(ဖေးစစ်ရန် ရိပ်မိသွားခြင်း)
Chapter-50(လန်ဟွမ်ရဲ့ လူဝင်စားခြင်း)
Hello~
Chapter-51(အမှန်တရားအားသိရိှခြင်း)
Chapter-52(ခင်ဗျားဖက်တာက နာတယ်!)
Chapter-53(ကျန်းရှန်ပြဿနာတစ်ခုဖန်တီးခြင်း)
Chapter-54(ငါ့အကိုက သဝန်တိုနေတယ်)
Chapter-55(သိုးမည်းလေး ကျန်းရှန်)
Chapter-56(သူ့ကိုယ်သူ ပြန်ရောင်းခြင်း)
🖤🖤
Chapter-57(ကျန်းရှန်ရဲ့ တုန်လှုပ်စရာကောင်းသော သွေး၏ အာနိသင်)
Chapter-58(လျှို့ဝှက်ချက်အာတွေ့ရိှခြင်း)
Chapter-59(ကျွန်တော်ကိုက်လိုက်ရင် ခင်ဗျားနာသွားမှာလား)
Chapter-61(ကိုယ်မင်းကိုလက်ထပ်မယ်)
Chapter-62(ရုပ်ချောတဲ့လူတစ်ယောက်)
Chapter-63(ဇနီးဖြစ်သူ၏ ဝိဉာဉ်)
Chapter-64(ကျန်းရှန်ရဲ့ထူးဆန်းတဲ့အမေ)
Chapter-65(ရင်းယန်မျိုးနွယ်မှ မှော်ဆရာများ)
Chapter-66(ပိုင်ဟောင်ထျန်းအတွက်အချိန်မရိှတော့ဘူး)
Chapter-67(ကျန်းရှန် ထွက်သွားမှာကို ကြောက်ရွံ့တယ်)
Chapter-68(ငြီးငွေ့သွားတဲ့အထိသာ ဖက်ထားလိုက်တော့)
Chapter-69(ရန်သူ)
Chapter-70(PDA during the fight)
Chapter-71(မြူဆွယ်ခြင်း)
Happy Holloween👻
Chapter-72(ကျန်းရှန် နောင်တရမိခြင်း)
Chapter-73(လူသားရဲတွေမှာလည်း heat ဖြစ်စဉ်ရိှတယ်)
Intro for my another Translation
Chapter-74(အကျင့်မကောင်းတဲ့ကောင်)
Chapter-75(လူသားရဲတွေအကုန်လုံးက လူသားပြုလုပ်ချက်တွေချည်းပဲ)
Chapter-76(ခင်ဗျား ဘာလို့ အဲ့လောက်ရိုင်းရတာလဲ)
Chapter-77
Chapter-78
Chapter-79
Chapter-80( Date ကို ဘယ်လိုများ ငြင်းပယ်ရက်မှာလဲ)
Chapter-81(တပါးသူ၏စီးပွါးရေးအား နှောက်ယှက်ခြင်း)
Chapter-82(ထာဝရရှင်သန်ဆေးရည်)
Chapter-83(အလုပ်က ကျွန်တော့်ထက် အရေးကြီးလား)
Chapter-84(ဖေးစစ်ရန်၏ နူးညံ့ငြင်သာခြင်း)
Chapter-85(ကျန်းရှန်အတွက် ဘဝအါးပေးအပ်ခြင်း)
Attention pls📣📣
Chapter-86(ချစ်စရာကောင်းသော မှော်ဝင်အချစ်တော်လေး)
Chapter-87(ချစ်ခြင်းမေတ္တာတွေခနထားပြီး ငါ့ကိုအရင်လွှတ်ပေး!)
Chapter-88(ငါးကြော်ဘဝ မရောက်ပါရစေနဲ့!)
Chapter-89(ဖေးသခင်လေးစကားနားထောင်ကြ)
Chapter-90 (အခွင့်အရေးအရမ်းယူတာပဲ!)
Chapter-91(ကျန်းရှန် အလဲထိုးခံရခြင်း)
Chapter-92(ကျန်းရှန်ပျောက်ဆုံးခြင်း)
Chapter-93(ကျန်းရှန်အတွက် သောင်းကျန်းခြင်း)
Chapter-94(သားရဲတို့၏ အုပ်ချုပ်မှု)
Chapter-95
Chapter-96
Chapter-97
Chapter-98
Charater (99) ဆန်းကြယ်မှုပြီးနောက် ထပ်မံဆန်းကြယ်ခြင်း
Chapter (100) မှတ်ဉာဏ်ဖျောက်ဖျက်ခြင်း
Chapter-101 (ဘယ်သူ့မှမယုံကြည်နဲ့)
အပိုင်း( 102) ပိုင်ဟောင်ထျန်း-grown up version
အပိုင်း (103) အစေခံလူသားလေးနှင့် သခင်နတ်ဆိုးလေး
အပိုင်း(104) လူသားနှင့် ချစ်မိခြင်း
အပိုင်း(105) ကျန်းရှန်အားတင်းကြပ်စွာဖက်တွယ်ခြင်း
အပိုင်း(106) ကြောက်စရာကောင်းလောက်တဲ့သတ္တိခဲလေး
အပိုင်း(107) ကျန်းရှန်ကိုသတ်ရန်

Chapter-60(အကြွေးပေးစရာမလိုတော့ဘူး)

7.9K 1.4K 25
By ThikNanPaing5

Zawgyi ❤️❤️

အေႂကြးေပးဖို႔မလိုေတာ့ဘူး

"ဟင္း.. ေတာ္ၿပီးခင္ဗ်ားရဲ့ေသြးမေသာက္ေတာ့ဘူး.. ဟိုကိုေရာက္မွ ကြၽန္ေတာ္အတြက္ ေရတစ္ခြက္ပဲေပးေတာ့"

အဆံုးမွာေတာ့ က်န္းရွန္ သူ႔အား မကိုက္ေတာ့ပဲ.. ေဖးစစ္ရန္ရဲ့ လက္ေမာင္းတို႔ၾကား သူ႔ဝမ္းဗိုက္ေလးအား လက္ျဖင့္ ဖိထားရင္ မီလိုက္ၿပီး အသက္ျဖည္းျဖည္းစီ ရႉေနသည္။

အက်ႌေကာ္လံကို ဆုပ္ကိုင္ထားခဲ့ေသာ လက္တို႔အား သူ႔ကိုယ္သူ ျပန္လည္ေျဖေလ်ာ့လိုက္ၿပီးေနာက္ ေဖးစစ္ရန္ လက္ေမာင္းေပၚတြင္ မီကာ မ်က္လံုးတို႔အားမိွတ္လိုက္ၿပီး လႈပ္လႈပ္ရြရြေနေနသည္။

ေဖးစစ္ရန္ အံ့ၾသသြားၿပီး တစ္စံုတစ္ခုအားေမးရန္ ပါးစပ္ဟလိုက္ေသာ္လည္း မၾကာခင္တြင္ သူ႔ပါးစပ္ တျဖည္းျဖည္း ျပန္ပိတ္သြားသည္။

ခနအၾကာတြင္
'ဘာလို႔လဲ? ဘာလို႔ ရုတ္တရက္ႀကီး မင္းအေလ်ာ့ေပးလိုက္ရတာလဲ?'
ဟူေသာ စကားကိုသာ ထပ္တလဲလဲေမးေနသည္။

သူ႔အသံသည္ နက္ရိႈင္းၿပီးတိုးလ်ေသာ္လည္း မထင္မွတ္ထားမႈမ်ားက ပါဝင္ေနသည္။

သူအရမ္းသိခ်င္ေနမိသည္။ က်န္းရွန္ သူ႔အေပၚ ဘယ္လိုေတြးေနလဲဆိုတာကို သူအရမ္းသိခ်င္ေနမိသည္။

"အေျဖကရွင္းေနတာပဲ! ကြၽန္ေတာ္ကိုက္ရင္ ခင္ဗ်ား နာက်င္မႈကိုခံစားရမွာေပါ့.. ခင္ဗ်ားက သံမဏိတို႔ ဘာတို႔နဲ႔ လုပ္ထားတဲ့ လူမွမဟုတ္တာ"

က်န္းရွန္ရဲ့အသံက က်ယ္ေလာင္ေနျခင္းမဟုတ္ ပ်င္းတိပ်င္းတြဲျဖင့္ ေျပာလိုက္ျခင္းသာျဖစ္သည္။ ထို႔ေနာက္ က်န္းရွန္က ေဖးစစ္ရန္ရဲ့ ေပြ့ဖက္ထားေသာ လက္မ်ားၾကားထဲတြင္ ဟိုဘက္သည္ဘက္လွည့္လိုက္ကာ သူ႔အတြက္ ေနရထိုင္ရသက္သာမည့္အေနအထားအား ျပဳျပင္လိုက္သည္။

က်န္းရွန္ရဲ့ အေျဖက ေဖးစစ္ရန္အား ေနာက္တစ္ႀကိမ္ ရိုက္ခတ္လိုက္သည္။ သူ႔ႏွလံုးသားရဲ့ အနက္ဆံုးေနရာတြင္ ေနြးေထြးမႈျဖစ္တည္လာသည္။

ႏူးညံ့ေသာအၿပံဳးတစ္ခုၿပံဳးလိုက္မိၿပီး ထိုအၿပံဳးတြင္ စိတ္ေက်နပ္မႈလည္း ပါဝင္ေနသည္။

အေၾကာင္းအရင္းတစ္ခ်က္ကေတာ့ သူ႔ေစာင့္ေမ်ွာ္ေနခဲ့သည့္သူသည္ သနားၾကင္နာတတ္ေသာ လန္ဟြမ္ရဲ့လူဝင္စားတစ္ေယာက္ျဖစ္လာခဲ့ၿပီး အရင္က သူသိခဲ့တဲ့ အတၲႀကီးေသာ လန္ဟြမ္မဟုတ္ေတာ့တာေၾကာင့္ပင္။

ပိုင္ေဟာင္နဲ႔ ေဟးမင္ပါ အနဲငယ္ အံ့အားသင့္သြားသည္။ က်န္းရွန္က ထူးဆန္းတာမွန္ေပမဲ့ သူတို႔ကိုပါ အာရံု စိုက္ေစႏိုင္သည္အထိ အစြမ္းရိွသည္။

အနည္းဆံုးေတာ့ က်န္းရွန္က စိတ္ထားနဲ႔ အက်င့္တရားေကာင္းမြန္သည္။ သူတို႔သိတဲ့ ရိုင္းစိုင္းၿပီး မာနႀကီးေသာ လန္ဟြမ္နဲ႔ မတူညီေပ ၿပီးေတာ့ က်န္းရွန္လုပ္တဲ့အလုပ္သည္ ေဖးစစ္ရန္အား အရူးလုပ္ျခင္းသာျဖစ္သည္။

"ကိုယ့္ အခ်စ္ေလး"

ရုတ္တရက္ ေဖးစစ္ရန္ က်န္းရွန္ရဲ့ေခါင္းအား သူ႔လည္ပင္းေအာင္ျမႇဳပ္ဝင္သည္အထိ တင္းၾကပ္စြာဖက္ကာႏူးညံ့စြာ ေခၚလိုက္သည္။

"ဘာလဲ"

က်န္းရွန္၏ အသံသည္ အားေပ်ာ့ေနၿပီး ေဖးစစ္ရန္ ေပၚတြင္သာ မီ၍ အားနည္းစြာ အသက္ရႉေနသည္။

"ဘာမွမဟုတ္ဘူး.. မင္းကို အဲ့လိုမ်ိဳး ေခၚၾကည့္ခ်င္လို႔"

တကယ့္အေၾကာင္းအရင္းကေတာ့ ေဖးစစ္ရန္ က်န္းရွန္အား လန္ဟြမ္ရဲ့ လူဝင္စားဟူသည့္အခ်က္ကို လက္ခံသြားတာေၾကာင့္ပင္။

အဘယ္ေၾကာင့္ဆိုေသာ္ လန္ဟြမ္ကို ဒီလိုမ်ိဳးျဖစ္လာေစရန္ သူ အၿမဲဆုေတာင္းခဲ့ရၿပီး အခု က်န္းရွန္သည္ သူ စိတ္ကူးယဉ္ပံုေဖာ္ခဲ့ရသည့္လူတစ္ေယာက္ႏွင့္ တူညီလြန္းသည္။

"ကြၽန္ေတာ့္ကို ေခၚတယ္ဆိုတာ ေသခ်ာလို႔လား?"

က်န္းရွန္ သဝန္တိုစြာတိုးတိုးေလးေရရြတ္လိုက္ေသာ္လည္း သူ စိတ္ဆိုးျခင္းေတာ့မရိွေပ။

သူ႔အတြက္က ေနသားက်ေနၿပီးသားပင္။ ေဖးစစ္ရန္ရဲ့ သူ႔ဇနီးကိုေခၚေသာ စကားလံုးတို႔အား သူ အသားက်ေနၿပီျဖစ္ကာ သူ႔ရဲ့စိတ္သည္လည္း အၿမဲလိုလို ေနသားက်ေနၿပီျဖစ္သည္။

'လန္ဟြမ္က အရမ္းကံေကာင္းတာပဲ! သူ႔ကို တစ္ဘဝစါလံုးခ်စ္တဲ့ လူကို ပိုင္ဆိုင္ထားရတယ္'

က်န္းရွန္ ပိုၿပီး သဝန္တိုလာကာ အလိုမက်စြာႏွင့္ ႏႈတ္ခမ္းပါ ဆူလိုက္သည္။

ဒါက သဝန္တိုစရာမလိုမွန္း က်န္းရွန္သိၿပီးသားပင္။ လန္ဟြမ္က ေသဆံုးသြားၿပီးသားလူတစ္ေယာက္ျဖစ္ၿပီး ထိုလူအေၾကာင္းကို အၿမဲတေစ စိတ္ထဲထည့္ေတြးကာ ကိုယ့္ကိုကိုယ္ စိတ္ညစ္ေအာင္လုပ္ရန္ မလိုအပ္ေပ။

"ေဖးစစ္ရန္ ကြၽန္ေတာ့္ ဗိုက္က ေနလို႔မေကာင္းဘူး...  ကြၽန္ေတာ့္ဗိုက္ကို ပြတ္ေပးပါလို႔.. ရမလား"

က်န္းရွန္ ရုတ္တရက္ ေျပာလိုက္သည္။ သူ႔အသံသည္ ႏူးညံ့လြန္းေနသည္။

သူစကားေျပာႏိုင္ေလာက္ေအာင္အထိ အားနည္းလာကာ အပူဓာတ္ကလည္း သူ႔ကို ေနမေကာင္းျဖစ္ေစေနတာေၾကာင့္ သူ႔ဝမ္းဗိုက္သည္လည္း ေနရထိုင္ရအဆင္မေျပျဖစ္လာသည္။

"ရတယ္ေလ"

ေဖးစစ္ရန္ သူေျပာသမ်ွ အကုန္လိုက္လုပ္ေပးသည္။ က်န္းရွန္ရဲ့ ဗိုက္အား ျငင္သာစြာပြတ္သပ္ေပးၿပီး မထင္မွတ္ထားစြာသူ႔ဆံပင္တို႔အား နမ္းရိႈက္လိုက္သည္။

ေဖးစစ္ရန္က သူ႔အား ခနခန နမ္းေနတာေၾကာင့္ က်န္းရွန္ရုတ္တရက္ စိတ္ထဲတြင္ ဆိုးဝါးစြာခံစားလိုက္ရသည္။

'ခင္ဗ်ားရည္ရြယ္ခ်က္ကဘာလဲ? ဘာလို႔ ကြၽန္ေတာ့္ကို ခနခနလာနမ္းေနရတာလဲ'

က်န္းရွန္ စိတ္ရႈပ္ေထြးေနမိသည္။ သူ မမုန္းေသာ္လည္း ႏူးညံ့ၿပီး သဘာဝဆန္ေသာ ေဖးစစ္ရန္ရဲ့ အနမ္းေတြေၾကာင့္ အနဲငယ္ အံ့အားသင့္ေနရံုသာျဖစ္သည္။

'ငါ့ကို သူ႔ဇနီးလို႔တကယ္ႀကီး မွတ္ယူထားတာမ်ားလား??'

ေနာက္ဆံုးမွာေတာ့ သူ႔ရဲ့ အမူအရာေတြေၾကာင့္သာ ျဖစ္ဖို႔ မ်ားလိမ့္မည္ဟူေသာ အေၾကာင္းျပခ်က္အား ေကာက္ခ်က္ခ်လိုက္ေတာ့တာေၾကာင့္ ထိုအေၾကာင္းတို႔အား ဆက္မေတြးေတာ့ပဲ ရပ္တန္႔လိုက္သည္။

သူ႔စိတ္ထဲတြင္ မေက်မခ်မ္း​ျဖစ္ေသာ္လည္း သူ႔ရဲ့ အသက္ရွင္သန္ျခင္းသည္ ေဖးစစ္ရန္အေပၚသည္ မွီခိုေနရျခင္းျဖစ္ေနတာေၾကာင့္ မ်ိဳသိပ္လိုက္ရေတာ့သည္။ သူ႔အသက္ရဲ့တန္ဖိုးသည္ ေဖးစစ္ရန္အေပၚတြင္ တင္က်န္ေနေသာ အေႂကြးမ်ားျဖင့္သာ ဖံုးကာထားရသည္။
(Note;  ငါးေတြ မတရားစားထားေတာ့ သူ႔တစ္ကိုယ္လံုး မီလီယံခ်ီတဲ့ ငါးေတြနဲ႔ ဖံုးကာထားတယ္လို႔ေျပာတာပါ တနည္းေျပာရရင္ေတာ့ သူ႔ခႏၶာကိုယ္တစ္ခုလံုးအေႂကြးေတြခ်ည္းပဲလို႔ )

ေဖးစစ္ရန္ဆီတြင္ ဒီေလါက္ေျမာက္ျမားတဲ့ ေငြပမာဏ အေႂကြးတင္မိေၾကာင္း သိလိုက္သည့္အခ်ိန္တြင္ က်န္းရွန္ စိတ္လႈပ္ရွားသြားေတာ့သည္။

'ေသလိုက္ေတာ့! ယြမ္ ဘီလီယံေတာင္ေက်ာ္တဲ့ေငြေတြ.. ငါ ဘယ္လို ျပန္ဆပ္ရမွာလဲ'

ခန..ခန.. ခနေနအံုး.. ေဖးစစ္ရန္ကို ငါလက္ထပ္လိုက္ရင္ ဒီေငြေတြကို ငါေပးစရာမလိုေတာ့ဘူး... ဟုတ္တယ္မလား??

'Holy crap! ငါေလးက ဉာဏ္ႀကီးရွင္ေလးပါလား... အေႂကြးေတြေတာင္ေက်ႏိုင္တဲ့အျပင္ ငါက ပိုက္ဆံနဲနဲေလာက္ထပ္ရအံုးမယ္.. အဲ့လိုဆို အနာဂတ္မွာမွ.. ငါတို႔ေတြ ျပန္ၿပီးကြာရွင္းၾကတာေပါ့!!'

(T/N; ပစ္ထားလိုက္မိတာ ၂ရက္၃ရက္ေလာက္ရိွၿပီေနာ္😅 အားရင္အားသလို up ေပးမွာမလို႔ update မလုပ္ပဲ ထြက္ေျပးသြားတယ္မထင္ၾကနဲ႔အံုး😆 ေနာက္ငါးပိုင္း E translator ဘက္က update ေပးထားတယ္ အမီ လိုက္ေပးမယ္ေနာ္ Wed ေလာက္က်ရင္ အစားထိုးခံ ျပန္up ေပးပါမယ္😉 ကဲ သြားးအိပ္အံုးမယ္😴 ႏိုးရင္ ထပ္up ေပးမယ္ေနာ္)

================================

Unicode ❤️❤️

အကြွေးပေးဖို့မလိုတော့ဘူး

"ဟင်း.. တော်ပြီးခင်ဗျားရဲ့သွေးမသောက်တော့ဘူး.. ဟိုကိုရောက်မှ ကျွန်တော်အတွက် ရေတစ်ခွက်ပဲပေးတော့"

အဆုံးမှာတော့ ကျန်းရှန် သူ့အား မကိုက်တော့ပဲ.. ဖေးစစ်ရန်ရဲ့ လက်မောင်းတို့ကြား သူ့ဝမ်းဗိုက်လေးအား လက်ဖြင့် ဖိထားရင် မီလိုက်ပြီး အသက်ဖြည်းဖြည်းစီ ရှူနေသည်။

အင်္ကျီကော်လံကို ဆုပ်ကိုင်ထားခဲ့သော လက်တို့အား သူ့ကိုယ်သူ ပြန်လည်ဖြေလျော့လိုက်ပြီးနောက် ဖေးစစ်ရန် လက်မောင်းပေါ်တွင် မီကာ မျက်လုံးတို့အားမှိတ်လိုက်ပြီး လှုပ်လှုပ်ရွရွနေနေသည်။

ဖေးစစ်ရန် အံ့သြသွားပြီး တစ်စုံတစ်ခုအားမေးရန် ပါးစပ်ဟလိုက်သော်လည်း မကြာခင်တွင် သူ့ပါးစပ် တဖြည်းဖြည်း ပြန်ပိတ်သွားသည်။

ခနအကြာတွင်
'ဘာလို့လဲ? ဘာလို့ ရုတ်တရက်ကြီး မင်းအလျော့ပေးလိုက်ရတာလဲ?'
ဟူသော စကားကိုသာ ထပ်တလဲလဲမေးနေသည်။

သူ့အသံသည် နက်ရှိုင်းပြီးတိုးလျသော်လည်း မထင်မှတ်ထားမှုများက ပါဝင်နေသည်။

သူအရမ်းသိချင်နေမိသည်။ ကျန်းရှန် သူ့အပေါ် ဘယ်လိုတွေးနေလဲဆိုတာကို သူအရမ်းသိချင်နေမိသည်။

"အဖြေကရှင်းနေတာပဲ! ကျွန်တော်ကိုက်ရင် ခင်ဗျား နာကျင်မှုကိုခံစားရမှာပေါ့.. ခင်ဗျားက သံမဏိတို့ ဘာတို့နဲ့ လုပ်ထားတဲ့ လူမှမဟုတ်တာ"

ကျန်းရှန်ရဲ့အသံက ကျယ်လောင်နေခြင်းမဟုတ် ပျင်းတိပျင်းတွဲဖြင့် ပြောလိုက်ခြင်းသာဖြစ်သည်။ ထို့နောက် ကျန်းရှန်က ဖေးစစ်ရန်ရဲ့ ပွေ့ဖက်ထားသော လက်များကြားထဲတွင် ဟိုဘက်သည်ဘက်လှည့်လိုက်ကာ သူ့အတွက် နေရထိုင်ရသက်သာမည့်အနေအထားအား ပြုပြင်လိုက်သည္။

ကျန်းရှန်ရဲ့ အဖြေက ဖေးစစ်ရန်အား နောက်တစ်ကြိမ် ရိုက်ခတ်လိုက်သည်။ သူ့နှလုံးသားရဲ့ အနက်ဆုံးနေရာတွင် နွေးထွေးမှုဖြစ်တည်လာသည်။

နူးညံ့သောအပြုံးတစ်ခုပြုံးလိုက်မိပြီး ထိုအပြုံးတွင် စိတ်ကျေနပ်မှုလည်း ပါဝင်နေသည်။

အကြောင်းအရင်းတစ်ချက်ကတော့ သူ့စောင့်မျှော်နေခဲ့သည့်သူသည် သနားကြင်နာတတ်သော လန်ဟွမ်ရဲ့လူဝင်စားတစ်ယောက်ဖြစ်လာခဲ့ပြီး အရင်က သူသိခဲ့တဲ့ အတ္တကြီးသော လန်ဟွမ်မဟုတ်တော့တာကြောင့်ပင်။

ပိုင်ဟောင်နဲ့ ဟေးမင်ပါ အနဲငယ် အံ့အားသင့်သွားသည်။ ကျန်းရှန်က ထူးဆန်းတာမှန်ပေမဲ့ သူတို့ကိုပါ အာရုံ စိုက်စေနိုင်သည်အထိ အစွမ်းရိှသည်။

အနည်းဆုံးတော့ ကျန်းရှန်က စိတ်ထားနဲ့ အကျင့်တရားကောင်းမွန်သည်။ သူတို့သိတဲ့ ရိုင်းစိုင်းပြီး မာနကြီးသော လန်ဟွမ်နဲ့ မတူညီပေ ပြီးတော့ ကျန်းရှန်လုပ်တဲ့အလုပ်သည် ဖေးစစ်ရန်အား အရူးလုပ်ခြင်းသာဖြစ်သည်။

"ကိုယ့် အချစ်လေး"

ရုတ်တရက် ဖေးစစ်ရန် ကျန်းရှန်ရဲ့ခေါင်းအား သူ့လည်ပင်းအောင်မြှုပ်ဝင်သည်အထိ တင်းကြပ်စွာဖက်ကာနူးညံ့စွာ ခေါ်လိုက်သည်။

"ဘာလဲ"

ကျန်းရှန်၏ အသံသည် အားပျော့နေပြီး ဖေးစစ်ရန် ပေါ်တွင်သာ မီ၍ အားနည်းစွာ အသက်ရှူနေသည်။

"ဘာမှမဟုတ်ဘူး.. မင်းကို အဲ့လိုမျိုး ခေါ်ကြည့်ချင်လို့"

တကယ့်အကြောင်းအရင်းကတော့ ဖေးစစ်ရန် ကျန်းရှန်အား လန်ဟွမ်ရဲ့ လူဝင်စားဟူသည့်အချက်ကို လက်ခံသွားတာကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် လန်ဟွမ်ကို ဒီလိုမျိုးဖြစ်လာစေရန် သူ အမြဲဆုတောင်းခဲ့ရပြီး အခု ကျန်းရှန်သည် သူ စိတ်ကူးယဉ်ပုံဖော်ခဲ့ရသည့်လူတစ်ယောက်နှင့် တူညီလွန်းသည်။

"ကျွန်တော့်ကို ခေါ်တယ်ဆိုတာ သေချာလို့လား?"

ကျန်းရှန် သဝန်တိုစွာတိုးတိုးလေးရေရွတ်လိုက်သော်လည်း သူ စိတ်ဆိုးခြင်းတော့မရိှပေ။

သူ့အတွက်က နေသားကျနေပြီးသားပင်။ ဖေးစစ်ရန်ရဲ့ သူ့ဇနီးကိုခေါ်သော စကားလုံးတို့အား သူ အသားကျနေပြီဖြစ်ကာ သူ့ရဲ့စိတ်သည်လည်း အမြဲလိုလို နေသားကျနေပြီဖြစ်သည်။

'လန်ဟွမ်က အရမ်းကံကောင်းတာပဲ! သူ့ကို တစ်ဘဝစါလုံးချစ်တဲ့ လူကို ပိုင်ဆိုင်ထားရတယ်'

ကျန်းရှန် ပိုပြီး သဝန်တိုလာကာ အလိုမကျစွာနှင့် နှုတ်ခမ်းပါ ဆူလိုက်သည်။

ဒါက သဝန်တိုစရာမလိုမှန်း ကျန်းရှန်သိပြီးသားပင်။ လန်ဟွမ်က သေဆုံးသွားပြီးသားလူတစ်ယောက်ဖြစ်ပြီး ထိုလူအကြောင်းကို အမြဲတစေ စိတ်ထဲထည့်တွေးကာ ကိုယ့်ကိုကိုယ် စိတ်ညစ်အောင်လုပ်ရန် မလိုအပ်ပေ။

"ဖေးစစ်ရန် ကျွန်တော့် ဗိုက်က နေလို့မကောင်းဘူး...  ကျွန်တော့်ဗိုက်ကို ပွတ်ပေးပါလို့.. ရမလား"

ကျန်းရှန် ရုတ်တရက် ပြောလိုက်သည်။ သူ့အသံသည် နူးညံ့လွန်းနေသည်။

သူစကားပြောနိုင်လောက်အောင်အထိ အားနည်းလာကာ အပူဓာတ်ကလည်း သူ့ကို နေမကောင်းဖြစ်စေနေတာကြောင့် သူ့ဝမ်းဗိုက်သည်လည်း နေရထိုင်ရအဆင်မပြေဖြစ်လာသည်။

"ရတယ်လေ"

ဖေးစစ်ရန် သူပြောသမျှ အကုန်လိုက်လုပ်ပေးသည်။ ကျန်းရှန်ရဲ့ ဗိုက်အား ငြင်သာစွာပွတ်သပ်ပေးပြီး မထင်မှတ်ထားစွာသူ့ဆံပင်တို့အား နမ်းရှိုက်လိုက်သည်။

ဖေးစစ်ရန်က သူ့အား ခနခန နမ်းနေတာကြောင့် ကျန်းရှန်ရုတ်တရက် စိတ်ထဲတွင် ဆိုးဝါးစွာခံစားလိုက်ရသည်။

'ခင်ဗျားရည်ရွယ်ချက်ကဘာလဲ? ဘာလို့ ကျွန်တော့်ကို ခနခနလာနမ်းနေရတာလဲ'

ကျန်းရှန် စိတ်ရှုပ်ထွေးနေမိသည်။ သူ မမုန်းသော်လည်း နူးညံ့ပြီး သဘာဝဆန်သော ဖေးစစ်ရန်ရဲ့ အနမ်းတွေကြောင့် အနဲငယ် အံ့အားသင့်နေရုံသာဖြစ်သည်။

'ငါ့ကို သူ့ဇနီးလို့တကယ်ကြီး မှတ်ယူထားတာများလား??'

နောက်ဆုံးမှာတော့ သူ့ရဲ့ အမူအရာတွေကြောင့်သာ ဖြစ်ဖို့ များလိမ့်မည်ဟူသော အကြောင်းပြချက်အား ကောက်ချက်ချလိုက်တော့တာကြောင့် ထိုအကြောင်းတို့အား ဆက်မတွေးတော့ပဲ ရပ်တန့်လိုက်သည်။

သူ့စိတ်ထဲတွင် မကျေမချမ်း​ဖြစ်သော်လည်း သူ့ရဲ့ အသက်ရှင်သန်ခြင်းသည် ဖေးစစ်ရန်အပေါ်သည် မှီခိုနေရခြင်းဖြစ်နေတာကြောင့် မျိုသိပ်လိုက်ရတော့သည်။ သူ့အသက်ရဲ့တန်ဖိုးသည် ဖေးစစ်ရန်အပေါ်တွင် တင်ကျန်နေသော အကြွေးများဖြင့်သာ ဖုံးကာထားရသည်။
(Note;  ငါးတွေ မတရားစားထားတော့ သူ့တစ်ကိုယ်လုံး မီလီယံချီတဲ့ ငါးတွေနဲ့ ဖုံးကာထားတယ်လို့ပြောတာပါ တနည်းပြောရရင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးအကြွေးတွေချည်းပဲလို့ )

ဖေးစစ်ရန်ဆီတွင် ဒီလေါက်မြောက်မြားတဲ့ ငွေပမာဏ အကြွေးတင်မိကြောင်း သိလိုက်သည့်အချိန်တွင် ကျန်းရှန် စိတ်လှုပ်ရှားသွားတော့သည်။

'သေလိုက်တော့! ယွမ် ဘီလီယံတောင်ကျော်တဲ့ငွေတွေ.. ငါ ဘယ်လို ပြန်ဆပ်ရမှာလဲ'

ခန..ခန.. ခနနေအုံး.. ဖေးစစ်ရန်ကို ငါလက်ထပ်လိုက်ရင် ဒီငွေတွေကို ငါပေးစရာမလိုတော့ဘူး... ဟုတ်တယ်မလား??

'Holy crap! ငါလေးက ဉာဏ်ကြီးရှင်လေးပါလား... အကြွေးတွေတောင်ကျေနိုင်တဲ့အပြင် ငါက ပိုက်ဆံနဲနဲလောက်ထပ်ရအုံးမယ်.. အဲ့လိုဆို အနာဂတ်မှာမှ.. ငါတို့တွေ ပြန်ပြီးကွာရှင်းကြတာပေါ့!!'

(T/N; ပစ်ထားလိုက်မိတာ ၂ရက်၃ရက်လောက်ရိှပြီနော်😅 အားရင်အားသလို up ပေးမှာမလို့ update မလုပ်ပဲ ထွက်ပြေးသွားတယ်မထင်ကြနဲ့အုံး😆 နောက်ငါးပိုင်း E translator ဘက်က update ပေးထားတယ် အမီ လိုက်ပေးမယ်နော် Wed လောက်ကျရင် အစားထိုးခံ ပြန်up ပေးပါမယ်😉 ကဲ သွားးအိပ်အုံးမယ်😴 နိုးရင် ထပ်up ပေးမယ်နော်)

Continue Reading

You'll Also Like

98.1K 5.8K 34
Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိ...
13.1K 941 20
{ناوی تایبەت بە کەسێک لەناو چیرۆکی منا نیە،پڵەس ١٨تێدایە،چیرۆکی گەی نانوسم بەهیچ شێوەیەک،هتد...}بەدڵتە سەر سەر و سەر چاو بەدڵیشت نیە چاوت دەرێ وئەتوا...
931K 46K 68
မိုးငယ်( အိမ့်ဂျူး)
4.1K 787 13
{ نەم دەزانی لە کاتی هاتن بۆ ئەو گەشتە توشی کێشە دەبم،،،ئەگەر زوتر بمزانیایە ئایا دوبارەم دەکردەوە ؟؟} ------- top:jungkook bottom:taehyung -------- ...