"ကိုယ်နဲ့ သူငယ်ချင်းဖွဲ့ရအောင် စစ်မင်းထက်"
မင်းသန့်ကျော်ဇင်ပြောလာတဲ့စကားတစ်ခွန်းက ရှေ့ကနှစ်ယောက်ကိုတော်တော်လေးထိရောက်နိုင်စွမ်းရှိလှသည်။ နှစ်ယောက်လုံး အသက်တောင်ကောင်းကောင်းရှုနေကြရဲ့လားဆိုတာတောင် သူမခန့်မှန်းနိုင်လောက်တဲ့အထိကို ငြိမ်သက်နေကြသည်။
"ကိုယ်ပြောလိုက်တဲ့စကားက အဲ့လောက်ထိအံ့သြစရာပါလို့လား"
"အင်း"
ရှေ့ကနှစ်ယောက်လုံးအပြိုင်ခေါင်းငြိမ့်ပြလေသည်။ သူအနေနဲ့ တော်တော်ကြီးကိုထူးဆန်းတဲ့စကားပြောခဲ့လိုက်မိတာလား!!
"ဉီးသန့်က ကျွန်တော်နဲ့သူငယ်ချင်းဖွဲ့မယ် ဟိုတခါပြောထားသလိုလား"
"အင်း!! ကိုယ်ပြောတာလည်း အဲ့စကားပဲလေ"
"ဆရာက တကယ်ကြီး သူငယ်ချင်းဖွဲ့တော့မယ်ပေါ့လေ"
"အင်း!!"
သွေးအေးတဲ့မင်းသန့်ကျော်ဇင်ကတော့ သူ့ရဲ့မူလပုံစံအတိုင်း တည်ငြိမ်စွာနဲ့ ရှေ့ကနှစ်ယောက်မေးသမျှကို ခေါင်းသာငြိမ့်ပြသည်။
"ဒါဆို ဉီးသန့် အခုလိုရုပ်တည်မနေဘဲ ပြုံးပြကြည့်"
"သူငယ်ချင်းဖွဲ့တာနဲ့ ကိုယ်ပြုံးပြတာနဲ့က သက်ဆိုင်နေလို့လား"
စစ်မင်းထက်ဘက်ကို ခန္တာကိုယ်ကိုတစောင်းလေးလှည့်လာပြီး ခုဏကမျက်နှာပုံစံအတိုင်း မူမပျက်ပဲမေးလေသည်။ဒီလောက်ရုပ်တည်နေမှတော့ ဘယ်သူကပေါင်းရဲတော့မှာလဲ!!
"ခင်ဗျားနဲ့မသိတဲ့လူသာဆိုရင် အခုချိန်ထပြေးလောက်ပြီ ခင်ဗျားရဲ့ရုပ်ကကြောက်စရာကောင်းနေလို့"
"ကိုယ်မပြုံးပြတတ်ဘူး"
ဒီတခါတော့ သနားဖို့ကောင်းစွာနဲ့ ပြောလာခဲ့သည်။ လူတွေအပေါ်ယုံကြည်မှုအများကြီးထားခဲ့တဲ့ သူ့ကို သစ္စာဖောက်လာတဲ့အခါမှာတော့ သူပြုံးပြရမှာကို ကြောက်ရွံ့ခဲ့သည်။ သူရယ်ပြရမှာကို ကြောက်လာခဲ့သည်။ လောကီဘဝမှာ ကြောက်ဖို့အကောင်းဆုံးက လူသားတွေသာဖြစ်သည်။
"ဘာလို့လဲ ဟိုနေ့ကတောင် ခင်ဗျားပြုံးပြနေသေးတယ်လေဗျာ"
"အဲ့တာက မင်းမို့လို့ ကိုယ်ပြုံးပြခဲ့တာလေ"
"အဟွတ်!! အဟွတ်!!"
ဒီနေ့တင် စွမ်းဆောင်ရေသီးတာ နှစ်ခါမြောက်ဖြစ်နေပြီ။ သူ့ဆရာက မပြောတော့လည်းမပြောဘူး ပြောတော့လည်း ပွင့်လင်းချက်က အံ့သြလောက်ပေတယ်။
"ဘာလို့ ကျွန်တော့်ကိုမှာလဲ"
"မသိဘူးလေ~ ကိုယ်သွားနားတော့မယ်"
ဒီတစ်ခါတည်ငြိမ်သွားရသူမှာ စစ်မင်းထက်ဖြစ်နေတော့သည်။ပြုံးပြခိုင်းတာလေးပဲလုပ်ခိုင်းမိလိုက်တာကို အခုတော့ မင်းသန့်ကျော်ဇင်စကားကြောင့် တစ်ယောက်တည်းလည်ထွက်ကုန်ပြီ။
"အစ်ကိုစွမ်းဆောင် ဉီးသန့်ပြောသွားတာကို နားလည်လားဟင်"
"ဟင့်အင်း!! အကိုလေးဘာသာ စဉ်းစားကြည့်လိုက်ပေါ့"
"သြော်~"
စစ်မင်းထက် သြော် တစ်လုံးတည်းသာပြောနိုင်တော့သည်။ ကြည့်ရတာ ဉီးသန့်အလုပ်တွေအများကြီးလုပ်ပြီး စိတ်လွတ်သွားတယ်လို့ပဲ သူသတ်မှတ်လိုက်တော့သည်။
"ဆရာ ကျွန်တော်ဝင်လာခဲ့လို့ရမလား"
အခန်းပြင်က စွမ်းဆောင်၏ခွင့်တောင်းမှုကြောင့် မင်းသန့်ကျော်ဇင်ခွင့်ပြုပေးလိုက်သည်။
"ဆရာ ဟိုနေ့ကပြောတော့ စစ်မင်းထက်ကို ဆရာ့အနားမှာမရှိစေနဲ့ဆို အခုကြ ဆရာကသူ့ဘေးနားရောက်သွားသလိုပဲ"
"မင်းသိလားစွမ်းဆောင် မနေ့က မြတ်ခ ဘာတွေပြောသွားခဲ့လဲဆိုတာကို"
"မသိပါဘူး ဆရာ"
ထိုနေ့က မြတ်ခပြောလာခဲ့တဲ့ စကားတွေက သူ့နားထဲအစီအရီကြားယောင်လာခဲ့သည်။
"ဘာကိစ္စကြောင့်လာတာလဲ မြတ်ခ"
မတ်တပ်ရပ်နေတဲ့မြတ်ခက သူ့ဘေးနားမှာရှိတဲ့ဆိုဖာပေါ်ခြေချိတ်ထိုင်ကာ အေးဆေးပြန်ပြောလာခဲ့သည်။
"ဘာလို့လဲ ဒီအိမ်ကိုငါကလာပိုင်ခွင့်မရှိဘူးလား"
"မင်းလိုကောင်က အိမ်အရိပ်တောင်နင်းပိုင်ခွင့်မှမရှိတာ"
"စကားပြောတာမရိုင်းနဲ့ မင်းသန့် ငါစကားပြောစရာရှိလို့ လာခဲ့တာ"
သူ့ကိုခနဲ့တဲ့လေသံနဲ့ပြောနေရာကနေ လေသံတည်ငြိမ်သွားတာကြောင့် မင်းသန့်ကျော်ဇင်လည်း မတ်တပ်ရပ်နေရာကနေ ထိုင်လိုက်တော့သည်။
"လူကြီးက လူကြီးလိုဆက်ဆံရင် ငါကမရိုင်းတတ်ပါဘူး"
"အဖေ~မင်းကို ငါ့အကြောင်းဘာပြောသေးလဲ"
မင်းသန့်ကျော်ဇင်ရဲ့ဘဝက မိဘတွေသူ့အနားမှာမရှိတော့လို့ မိဘမဲ့ဖြစ်နေခဲ့ရပေမဲ့လည်း မြတ်ခက မိဘတွေရှိနေလျှက်နဲ့ မိဘမဲ့တစ်ယောက်ဖြစ်နေရသည်။
မြတ်ခရဲ့ဘဝတစ်စိတ်တစ်ပိုင်းသည် မိဘတွေနဲ့ဝေးရာမှာ သူ့ဘဝသူကြောင်းပြီးနေခဲ့ရသည်။ပညာတတ်တစ်ယောက်ဖြစ်မှ အမွေတွေဆက်ခံနိုင်မယ်ဆိုပြီး ၁၀နှစ်သားကတည်းက အမေရိကမှာကျောင်းတတ်ခဲ့ရသည်။ငယ်ငယ်ကတည်းက မိဘရင်ခွင်မှာမနေခဲ့ရတဲ့မြတ်ခသည် ကြီးလာတော့လည်း မိဘတွေရဲ့ အပေါ်ယံကြောချစ်ခင်ခြင်းကိုသာရရှိခဲ့သည်။
အဖေဖြစ်သူကိုယ်တိုင်က အလုပ်ကိုပဲအာရုံစိုက်တာကြောင့် မြတ်ခအတွက်အချိန်ပေးခဲ့သည်ဆိုတာ လက်ချိုးရေလို့ရသည်။အမေဖြစ်သူကြပြန်တော့လည်း လောင်းကစားဝိုင်းတွေနဲ့သာအချိန်ကုန်ပြီး ယောက်ျားလုပ်သူရှာသမျှထိုင်ဖြုန်းနေခဲ့သည်။သားဖြစ်သူကိုချစ်တယ်ဆိုပေမဲ့လည်း သူ့လောင်းကစားလောက် ချစ်ခင်စုံမက်ခြင်းမရှိ!!
ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရတဲ့ မြတ်ခအဖို့ တစ်ခါတစ်လေကြ ရိုင်းတတ် ဆိုးတတ်တာမျိုးတွေရှိသည်။တကယ်တော့မြတ်ခရဲ့ဘဝကလည်း သနားစရာအလွန်ကောင်းသည်။
"ငါ့ကိုတော့ ဉီးငယ်က မင်းအကြောင်းဘာမှမပြောထားဘူး"
"အင်း~ တကယ်တော့ငါလာတယ်ဆိုတာ မင်းကိုပြောစရာရှိလို့"
"ဘာကိစ္စလဲ!!"
"မင်းရဲ့အမွေတွေကို အပိုင်သိမ်းပြီး ငါ့မိဘတွေကို ငါတော်ကြောင်းပြမလို့လေ အဟက်!!"
လှောင်ရယ်သံအနဲ့အတူ နာကျည်းမုန်းတီးမှုတွေကိုမြတ်ခရဲ့မျက်ဝန်းထဲမှာ မြင်တွေ့ခဲ့ရသည်။
"မင်း!!"
"ဒေါသမထွက်ပါနဲ့ မင်းသန့် ငါကမင်းကို တရားသောနည်းနဲ့ယှဉ်ပြိုင်မှာပါ "
"ဘယ်လိုလဲ"
တရားမျှတမှုရှိတဲ့ဘယ်အရာမဆို မင်းသန့်ကျော်ဇင်စိတ်ဝင်စားပါသည်။အဲ့တော့ မြတ်ခရဲ့စိန်ခေါ်မှုကို သူလက်ခံလိုက်ခြင်းဖြစ်သည်။
"ဒီတစ်ခေါက်မြေကွက်လေလံဆွဲတာ ဘယ်သူနိုင်မလဲဆိုတာကို ပြိုင်ကြမယ်လေ"
ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက်ပြိုင်ဆိုင်ခြင်းဖြစ်တာကြောင့် သူလက်ခံသည်။ သူ့အနေနဲ့လည်း လက်မခံနိုင်စရာမှမရှိတာပဲ..
"ဒါပေမဲ့....ဒီတစ်ခေါက်ပွဲမှာ ငါနိုင်ခဲ့ရင် ခုဏကကောင်လေးနဲ့မိတ်ဆက်ပေးရမယ်"
"ဘာဆိုင်လို့လဲ မြတ်ခ!! သူနဲ့က သက်ဆိုင်မှုမရှိဘူးလေ"
မင်းသန့်ကျော်ဇင်ရဲ့မျက်နှာပျက်ယွင်းမှုကိုမြင်သွားတဲ့အခါမှာတော့ မြတ်ခမသိမသာလေးပြုံးလိုက်မိသည်။ သူလိုချင်တာ မင်းသန့်ကျော်ဇင်ရဲ့ဒီလိုအနေထားကိုမြင်ချင်နေခဲ့တာ...
"ဆိုတော့ မင်းကစိန်ခေါ်မှုကို လက်လျော့တာလား"
"လက်ခံတယ်!! ဒါပေမဲ့ မင်းရှုံးရင်တော့ သူ့နားမှာ မင်းရဲ့အရိပ်ကိုတောင်မမြင်ချင်ဘူး"
"မင်းသန့် အဲ့ကောင်လေးက မင်းရဲ့လျှိုဝှက်ချက်ထက် အရေးကြီးတာလား"
"လျှိုဝှက်ချက်ဆိုတော့ မတည်မြဲဘူး မြတ်ခ တစ်နေ့တော့ပေါ်ပေါက်လာမှာပဲလေ"
မင်းသန့်ကျော်ဇင်ကို မြတ်ခအကြိုက်ဆုံးအချက်က ဘယ်ဆုံးဖြတ်ချက်မဆို တိတိကျကျနဲ့ဆုံးဖြတ်တတ်သည်။ခုလိုစီးပွားရေးလောကမှာ နာမည်ကြီးတာ မင်းသန့်ကျော်ဇင်ရဲ့တိကျတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်သည်။
"နောက်ဆုံးမှာ မင်းဘဝရဲ့အရေးကြီးဆုံးကို ရှာတွေသွားလို့ ဝမ်းသာပါတယ် မင်းသန့်"
"ကျေးဇူးပဲ လာမယ့်အပတ်ကြရင် ထပ်တွေ့ကြတာပေါ့"
အပြုံးတစ်ချက်နဲ့နှုတ်ဆက်သွားတဲ့ မြတ်ခကြောင့် မင်းသန့်ကျော်ဇင်အတွေးများသွားရသည်။ဘာဖြစ်လို့ မြတ်ခက အခုမှဒီကိစ္စတွေကိုလာပြောသွားရတာလဲဆိုတာကို သူတကယ်သိချင်မိသည်။
"ဒါဆို ဆရာဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ"
"ကိုယ်လည်းစဉ်းစားနေတုန်းပဲ မင်းရော ဘယ်လိုတွေးမိလဲ"
မင်းသန့်ကျော်ဇင်သည် ဆွေမျိုးရင်းချာလိုဖြစ်နေတဲ့ စွမ်းဆောင်ကိုအကြံဥာဏ်တောင်းမိသည်။ အလုပ်စလုပ်ကတည်းက စွမ်းဆောင်သည် သူ့တာဝန်သူကျေပွန်အောင်လုပ်ဆောင်နိုင်သလို မင်းသန့်ကျော်ဇင်အတွက်ဆိုရင်လည်း အသက်ပါပေးရလောက်သည်အထိကို သူ့အပေါ်သစ္စာရှိသည့် ညီအစ်ကိုတစ်ယောက်လည်းဖြစ်သည်။
"မြေကွက်ကိစ္စကိုတော့ ကျွန်တော်စုံစမ်းထားလိုက်ပါ့မယ် ဆရာလည်း မြတ်ခဘယ်ခြေလှမ်းတွေလှမ်းနေတာလဲဆိုတာကို စောင့်ကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်"
"အင်း! ကိုယ်လည်းအဲ့ကိစ္စကိုတွေးမိပါတယ်"
"ဒါဆို ကျွန်တော်မြေကွက်ကိစ္စအတွက် စီစဉ်လိုက်ပါဉီးမယ်"
စွမ်းဆောင်ထွက်သွားပြီဆိုမှ သူသက်ပြင်းချမိသည်။ဘယ်တော့များမှ စိတ်ပူပန်ရတာတွေ လျော့နည်းသွားမှာလဲ...
မြတ်ခဒီနေ့တော့ ပေါ့ပေါ့ပါးပါးနဲ့တစ်ယောက်တည်း လမ်းလျှောက်ထွက်နေခဲ့သည်။ပုံမှန်အချိန်ဆိုsuitအပြည့်ဝတ်နေကြမို့ အခုလိုနားရက်တွေဆိုရင်တော့ ပေါ့ပေါ့ပါးပါးပဲဝတ်ဖြစ်သည်။ တီရှပ်အဖြူလေးကိုဂျင်းအပြာနုရောင်ဘောင်းဘီလေးနဲ့တွဲဝတ်လိုက်တော့ သန့်သန့်ပြန့်ပြန့်နဲ့ ထင်ထင်ရှားရှားလည်းရှိတယ်။တီရှပ်အဖြူပေါ် skyblue Jean jacketလေးဝတ်လိုက်တော့ လူငယ်လည်းဆန်သွားသည်။နောက်ဆုံးအနေနဲ့ ညာဘက်နားမှာဝတ်နေကြဖြစ်တဲ့ စိန်နားကပ်လေးကိုဝတ်ဆင်လိုက်သည်။
"အယ်~အဲ့တာ ဟိုကောင်လေးမဟုတ်လား"
ကော်ဖီဆိုင်နားရောက်တော့ မြတ်ခခြေလှမ်းတွေရပ်တန့်သွားခဲ့သည်။ဟိုတစ်နေ့က မင်းသန့်တို့အိမ်မှာတွေခဲ့တဲ့ ကောင်လေးကို တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
"ကျွန်တော့်ကိုlattleတစ်ခွက်ပေးပါ"
"ဟုတ်ကဲ့ ၂၈၀၀ကျပါတယ်ရှင့်"
ဝန်ထမ်းကောင်မလေး၏ဖြေကြားသံနဲ့အတူ ကျသင့်ကိုငွေကို စစ်မင်းထက်ပေးလိုက်သည်။ပြီးတာနဲ့ သူထိုင်နေကြထောင့်စားပွဲနားလေးမှာ သွားထိုင်နေလိုက်သည်။သူ့အနေနဲ့ အမြဲတမ်းဈေးဝယ်ထွက်တိုင်း ဒီကော်ဖီဆိုင်လေးကိုရောက်ဖြစ်သည်။ကော်ဖီဆိုင်လေးကတစ်ခြားနေရာတွေမတူပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့နေလို့ကောင်းသည်။စာဖတ်ချင်ရင်လည်း များပြားလှတဲ့စာအုပ်တွေကြောင့် အေးဆေးတနေကုန်ထိုင်ဖတ်နေလို့လည်းရသည်။
"ကိုယ့်ကို ဒီမှာထိုင်ခွင့်ပြုပါ"
"အာ...ဟိုနေ့က လူပဲ"
စစ်မင်းထက်ရှေ့ကခုံမှာ ထိုင်လိုက်တဲ့လူရိပ်ကြောင့် ခေါင်းငုတ်နေရာကနေ သူခေါင်းထောင်ကြည့်လိုက်သည်။ဟိုနေ့က ဉီးသန့်အိမ်မှာ တွေ့လိုက်ရတဲ့လူဖြစ်နေသည်။
"ဟုတ်ကဲ့ ထိုင်ပါခင်ဗျ"
"မှာထားတဲ့ကော်ဖီတွေရပါပြီရှင့် အေးဆေးသုံးဆောင်နိုင်ပါစေ။
ဘာပြောရမှန်းသူမသိတာကြောင့် ဝန်ထမ်းကောင်လေးလာချပေးတဲ့ကော်ဖီခွက်ကိုသာ ငေးကြည့်နေမိသည်။
"ကိုယ့်နာမည်က မြတ်ခပါ"
လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလာတာကြောင့် သူလည်းလေးစားသမှုနဲ့ ပြန်နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က စစ်မင်းထက်ပါ"
skyblue jean jacketဝတ်ထားတဲ့အပြင် Capဉီးထုပ်အမဲကိုခပ်စိုက်စိုက်စောင်းထားတာကြောင့် ထိုသူ၏မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။ထူးခြားတာက ဟိုနေ့ကတွေ့တုန်းက ဆံပင်အရောင်ကအမဲရောင်ဆိုပေမဲ့ ဉီးထုပ်အောက်ကနေထိုးထွက်နေတဲ့ ဆံစလေးတွေက ခဲရောင်နုနုလေးအဖြစ် မြင်နေရသည်။
"ဆံပင်က.."
"အာ~ဘာလို့လဲ ခဲရောင်ဆိုးထားတာက ကိုယ်နဲ့မလိုက်လို့လား"
သိချင်စိတ်ကြောင့်မနေနိုင်ပဲမေးမိတဲ့အခါ အစ်ကိုမြတ်ခက ဉီးထုပ်ကိုချွတ်ပြီး သူရဲ့ခဲရောင်ဆံပင်ကိုလက်ချောင်းလေးများနဲ့ဖွပြီး သူနဲ့မလိုက်ဖက်ဘူးလားဆိုပြီး မေးလာသည်။
"မဟုတ်ပါဘူး အစ်ကိုမြတ်ခနဲ့ လိုက်ပါတယ် အစ်ကိုကအသားဖြူတော့ ဘယ်အရောင်ဆိုးဆိုးလိုက်တယ်"
"အဟား!! ကိုယ်မင်းကို မုန့်ဝယ်ကျွေးပါ့မယ်"
စစ်မင်းထက်ပြောတာကို သဘောကျဟန်ရှိတဲ့မြတ်ခသည် သူရဲ့ (သွား)သတတ်လေးတွေပေါ်သွားလောက်တဲ့ထိကို သဘောတကျနဲ့ရယ်မောနေတော့သည်။
"မုန့်စားချင်လို့ပြောတာမဟုတ်ပါဘူး အစ်ကိုနဲ့တကယ်လိုက်လို့ပြောတာပါ"
"မင်းလေးက မင်းသန့်သဘောကျလည်း သဘောကျချင်စရာပဲ အဟက်!!"
မြတ်ခပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကို နားမလည်သောစစ်မင်းထက်ကြောင့် မြတ်ခပြုံးလိုက်မိသည်။ဒီကောင်လေးရဲ့အပြုအမှုတိုင်းက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။
"ဒါနဲ့ ဒီဆိုင်ကို အမြဲလာနေကြလား ကိုယ်ကတော့ မင်းဝင်သွားတာမြင်လို့ လိုက်လာတာ"
"ဗျာ..ခုဏကတည်းက ကျွန်တော့်ကိုတွေ့တာလား"
"အင်း!!"
အင်း တစ်လုံးတည်းပြောလာတဲ့ မြတ်ခကြောင့် စစ်မင်းထက်နေရင်းထိုင်ရင်းနဲ့ အိမ်ကဉီးသန့်ကိုတောင်သတိရသွားသည်။ ညီအစ်ကိုလို့မပြောရဘူး စကားပြောတာကအစလာတူနေတယ်။
"မင်း ဒီဆိုင်ကိုလာနေကြလားဆိုတာ ပြန်ဖြေဉီးလေ"
"ဗျာ~အာ ဟုတ်တယ် ကျွန်တော်အမြဲတမ်းလာဖြစ်တယ် ဒီဆိုင်လေးကိုသဘောကျလို့"
"အင်း~ကိုယ်လည်းသဘောကျတယ်"
ပြူးကြောင်ကြောင်နဲ့ ကြည့်လာတဲ့စစ်မင်းထက်ကို မြတ်ခ ဘာပြောရမှန်းမသိဖြစ်သွားသည်။သူဘာများပြောလိုက်လို့ ဒီကောင်လေးကခုလို သူ့ကိုကြည့်နေရတာလဲ!!!
"အစ်ကိုနဲ့ဉီးသန့်ရဲ့ ဆက်ဆံရေးက အဆင်မပြေဘူးဆို"
သူတို့ညီအစ်ကိုဆက်ဆံရေးမှာအမြဲတမ်းပြေလည်မှုမရှိခဲ့တာကို လူတိုင်းကသိကြသည်။ဒါကြောင့် အခုလိုတွေမေးလာရင် မြတ်ခသည် ဖြေနေကြပုံစံအတိုင်းလေးပဲပြန်ဖြေလိုက်သည်။
"မင်းတွေးနေတဲ့အတိုင်းပဲ မင်းစိတ်ထဲမှာပြေလည်တယ်လို့ထင်ရင်ပြေလည်တယ် မပြေလည်ဘူးလို့ထင်ရင်မပြေလည်ဘူး အဓိကက တွေးတဲ့သူအပေါ်ပဲမူတည်တယ်"
ပညာသားပါပါနဲ့ပြန်ဖြေတတ်တဲ့ မြတ်ခကြောင့် စစ်မင်းထက်မျက်ခုံးပင့်တတ်သွားရသည်။နှစ်ယောက်လုံးကတကယ်ကို တူညီမှုကိုယ်စီရှိကြသည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ် ချိန်းထားတာလေးရှိလို့ပါ"
"ကံမကုန်သေးရင် ပြန်ဆုံချင်ပါသေးတယ် စစ်မင်းထက်"
"ကျွန်တော်လည်း ပြန်ဆုံချင်ပါသေးတယ်"
အပြုံးတစ်ပွင့်နဲ့နှုတ်ဆက်သွားတဲ့စစ်မင်းထက်ရဲ့နောက်ကျောကိုငေးကြည်းရင်း မြတ်ခရေရွတ်မိသည်။
"ကိုယ်တို့က သေချာပေါက်ပြန်ဆုံကြရဉီးမှာပါ"
T~B~C~~~
ဒီအပိုင်းလေးကတော့ ကာရိုက်တာတစ်ခုအဖြစ်ပါဝင်မယ့် မြတ်ခရဲ့ပုံစံ စိတ်နေသဘောထားလေးတွေကိုမြင်တွေ့ရမှာပါ။အိုစီချင်တဲ့သူတွေ အိုစီလို့ရပါပြီ။
ဂျူးမြတ်ကလည်းမြတ်ခ teamပါ😆