❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇�...

By mermaid_mochi

393K 38.2K 3.6K

ထို​နေ့ညက ရှန်​ပိန်​တစ်​ခွက်​ကိုသာ သူ မ​သောက်​ခဲ့ရင်​။ (Chronicle of Angels-Season 2) More

Prologue + အပိုင်း ၁
Make you Mine
Bad Baby Omega
Don't touch my Omega!
Annoying Omega
The Dream
Our Baby
မင်းနှလုံးသားဆီ Bungee
Little Spoon
Nothing Like Us
My Best Alpha
The Little World - Jeongmin
Daddy Jeon's Baby Jeon
Jungmin misses his mommy
Way Back Home
Mommy and Jungmin
Jungmin's Galaxy
All For My Baby
Officially My Mate
I like me better when I'm with you
Now and Ever

Jungmin's Diary

12.6K 1K 95
By mermaid_mochi

Jungmin's Diary

|Unicode Version|


နွေးထွေးကြည်လင်သည့် နေရောင်ခြည်ဖျဖျက အိမ်ကလေးထဲသို့ မှန်ပြင်မှတဆင့် ထိုးဖောက်ကာ တလက်လက်တောက်ပစွာ ကျဆင်းလို့နေသည်။

မနက်ခင်းရဲ့ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်မှာ Jeon Jungminရဲ့ အော်ငိုသံအကျယ်ကြီးပင် ဖြစ်တော့သည်။ နားထဲ စူးခနဲ တိုးဝင်လာသည့် ငိုသံကြောင့် Jungkookရဲ့ မျက်လုံးတွေ ဆတ်ခနဲပွင့်လာကာ အိပ်ရာပေါ် အော်တိုပင် ငုတ်တုတ်ထထိုင်လိုက်မိသွားသည်။

ပြီးသည်နှင့် ကုတင်ပေါ်မှ ဒရောသောပါးပြေးဆင်းကာ Jungminရဲ့ အိပ်ရာဖြစ်သည့် ပုခက်လေးဆီကို ရောက်သွားခဲ့သည်။ သူ့နည်းတူစွာပင် ငိုသံကြောင့် နိုးသွားပုံရသည့် Jiminသည်လည်း ရှေ့နောက်ဆိုသလို Jungminရဲ့ အနားကို ရောက်လာသည်။

"သား ဘာဖြစ်တာလဲ"

နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ သားရဲ့ ပုခက်လေးထဲကို ငုံ့ကြည့်လိုက်မိကြသည်။ Jungminက ၎င်း၏ လက်သေးသေးလေးတစ်ဖက်ကို ပါးစပ်ထဲ ထိုးထည့်ထားရင်းက သူတို့နှစ်ဦးကို မော့ကြည့်ကာ ငိုနေတာပါ ရပ်သွားသည်။ 

"လူဆိုးလေးပဲ မင်းက"

Jiminသည် မနက်တိုင်းဆိုသလို သူတို့အတွက် နှိုးစက်ကလေးလို ဖြစ်နေသည့် Jungminအား ပုခက်ထဲမှ ထုတ်ကာ ပွေ့ချီလိုက်တော့ သကောင့်သား Jeonပေါက်စက သဘောတွေခွေ့ကာ အပြည့်မပေါက်သေးသည့် သွားတွေပါပေါ်သည်အထိ တခစ်ခစ်ရယ်မောကာ ပြုံးလို့ရွှင်လို့။

"Jungkook မနက်စာ ပြင်ထားလိုက်တော့"

"ဟုတ်ပြီ"

Jiminက သားကို မျက်နှာသစ်ပေးကာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ပေးနေချိန်တွင် Alpha Jungkookသည်ကား မီးဖိုချောင်ထဲတွင် သားဖြစ်သူနဲ့ Omegaဖြစ်သူအတွက် ကြိုးစားပန်းစားပင် မနက်စာ ပြင်ဆင်လို့နေလေသည်။

"မနက်စာ ရပြီလားဗျို့"

Omegaရဲ့ လက်ပေါ် ပါလာသည့် သားတော်မောင် တစ်တုတ်တုတ်လေးဟာ စားပွဲပေါ်မှာ ရှိနေသည့် စားစရာများကို အရှေ့သို့ ခေါင်းတိုးကာပင် ကြည့်လို့နေတာမို့ ဗိုက်ဆာနေပြီမှန်း သိသာစေလှသည်။

"အိမ်ရဲ့ဘုရင်ကြီးကို အရင်ကျွေးရမယ်"

Jiminက စနောက်ကာ ပြောလိုက်တော့ Jungminက ရေရေရာရာ မသိသေးသည့်တိုင် နားလည်သယောင်ဖမ်းပြီး ခေါင်းယမ်းကာ တခစ်ခစ်အသံ‌ထွက်အောင် ရယ်ပြသည်။ ဒီကောင်လေး အစား စားခါနီးလို့ မျက်နှာချိုသွေးနေတယ်ဆိုတာ မွေးထားတဲ့Omegaက အသိဆုံးပါပဲ။

"Jungmin ah"

ခေါ်သံကြားတော့ ကိုယ်တော်လုံးလေးက Alpha Jungkookရှိရာကို မျက်လုံးဝိုင်းလေးများနှင့် လှမ်းကြည့်လာသည်။ Jungminရဲ့ မျက်လုံးဝိုင်းများက Jungkookဆီက အမွေရခဲ့ပြီး နှုတ်ခမ်းလုံးလုံးလေးကတော့ Jiminဆီမှ ဖြစ်သည်။

"morning kiss"

အနားသွားကာ ပါးထိုးပေးလိုက်တော့ လုံးတုတ်တုတ်ခန္ဓာကိုယ်လေးက ရှေ့ထိုးကျလာကာ Alphaကို မွှေးမွှေးတစ်ချက်ပေးသည်။ ဖောင်းမို့မို့ လက်‌သေးသေးလေးတစ်ဖက်ကလည်း Jungkookရဲ့ နားရွက်တစ်ဖက်ကို ကိုင်ဆွဲထားပြန်သေးသည်။

"မကိုက်ရဘူးလေ"

သွားလေးတွေ ပေါက်စပြုနေပြီမို့ Jungminက ရရင်ရသလို Jungkookရဲ့ နှာခေါင်းကို ပုရွက်ဆိတ်‌ အကောင်ပေါက်လေးလို မြင်လိုက်တာနဲ့ ကိုက်ခဲပစ်ဖို့ပဲ အတွေးရှိပုံရသည်။ ပြီးသည်နှင့် တစ်ယောက်တည်း အသဲတွေယားကာ Jiminကိုလည်း စကားတွေ တတွတ်တွတ်ပြောရင်း လက်ခုပ်လက်ဝါးတီးမပြတ်။

အခုဆို သားက တစ်နှစ်ပြည့်ခါနီးနေပြီဖြစ်သလို Jiminကိုလည်း ပိုပိုပြီး ချွဲတတ်၊ ပလီတတ်နေပြီဖြစ်သည်။ လမ်းလျှောက်သင်နေပြီလည်း ဖြစ်ပေမဲ့ သားက Jiminရဲ့ လက်တွေပေါ်မှာ ပိုပျော်ပုံရသည်။

"Dada"

သူထိုင်နေကျ ခုံကလေးထဲ ထည့်ပေးလိုက်တော့ Jungkookကို မျက်စိတဆုံးလိုက်ကြည့်ကာ မျက်နှာချိုသွေးပြနေပုံက အူယားစရာ။ အစားအသောက် စားရတော့မယ်ဆိုရင် ဒီကောင်လေးလောက် ချွဲတတ်တဲ့သူ ရှိတော့မည်မထင်ပါ။

"လာပါပြီ ဘုရင်ကြီးခင်ဗျ"

တစ်ယောက်တည်း ၎င်း၏ ကိုယ်ပိုင် ဇွန်းပိစိလေးနဲ့ မနက်စာကို ပိုင်ပိုင်နိုင်နိုင်ပင် ကော်စားနေသည့် Jungminကို ကြည့်ပြီး Alphaရော Omegaပါ ပြုံးမိကြသည်။ သူတို့ရဲ့ အသွေးအသားတို့ ပေါင်းစပ်ထားသည့် ရင်သွေးငယ်လေးက တဖြည်းဖြည်းချင်း အရွယ်ရောက်လာတာကို မြင်ရတာလောက် နှစ်ယောက်လုံးအတွက် ပီတိဖြစ်ရတာ မရှိ။ 

အစိမ်းရောင် အနွေးထည်လေးထဲ ထုပ်ထည့်ထားတာမို့ ချစ်ဖို့ကောင်းနေသည့် သားဟာ မနက်စောစော သူတို့မျက်လုံးထဲတွင်တော့ အသဲယားဖွယ် ထောပတ်သီး အစိမ်းလုံးလေးလို။

"အဝတ်အစားလဲလိုက်ဦးမယ်"

သူတို့ထက်အရင် စားလို့ပြီးသွားသည့် Jungkookက ဘေးမှာထိုင်နေသည့် Omegaရဲ့ ပါးတစ်ဖက်ကို ခပ်ဖွဖွ အသာနမ်းလိုက်ကာ အဝတ်လဲဖို့အတွက် အိပ်ခန်းထဲ ပြန်ဝင်သွားခဲ့သည်။

Jungkookပြန်ထွက်လာတော့ Jiminလည်း စားလို့ ပြီးသွားပြီဖြစ်သလို သားချော Jungminဟာလည်း ဗိုက်ဝသွားပြီဖြစ်သည်။ ခါတိုင်းလိုပဲ ဆော့နေကျ အရုပ်ကလေးတွေကြားမှာ တစ်နှစ်ပြည့်ခါနီး ကလေးငယ်ကတော့ စကားတို့ တတွတ်တွတ်ပြောရင်း ဆော့ကစားလို့နေသည်။

"သားကို ကြည့်ထားဦး။ ငါလည်း အဝတ်လဲလိုက်ဦးမယ်"

"အိုကေ"

Jiminက သားဖြစ်သူကို Alphaလက်ထဲ စိတ်ချလက်ချ အပ်ကာ အိပ်ခန်းထဲ ဝင်သွားခဲ့သည်။ Jungminက သူ့ကစားစရာတွေနဲ့သူ စာအုပ်လေးထဲမှာ အရောင်တွေ ခြယ်နေလို့နေတာမို့ Jungkookလည်း သားဘေးမှာ ထိုအတိုင်း ထိုင်နေလိုက်သည်။

နံရံမှာ ချိတ်ဆွဲထားသည့် သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲတုန်းက ဓာတ်ပုံကိုမြင်တော့ ပြုံးလိုက်မိသည်။ ပွဲလယ်မှာ အော်ငိုခဲ့သည့် Jiminကိုဆို အမြဲအူတိုတတ်သူ Jeonပေါက်စကလည်း အလယ်မှာ မပါမဖြစ်ပေါ့။ အဲ့တုန်းကနဲ့ယှဉ်ရင် အခု သားက ပိုပြီး ထွားလာခဲ့ပြီပဲ။

"Jeon Jungmin အူပုတ်ကောင်လေး"

တိုးဖွဖွရွတ်ကာ သားရဲ့ ဖင်လုံး‌လုံးလေးကို တစ်ချက်ရိုက်လိုက်ပေမဲ့ စာအုပ်ထဲ ဈာန်ဝင်နေသူ Jeonပေါက်ကလေးက Alphaကို လှည့်ကြည့်မအားသေးပါ။

"ငါ မင်းကို ကိုက်စားပစ်မယ်"

Jeonပိစိရဲ့ ခေါင်းလုံးလုံးလေးကို မနာအောင် အသာဖွဖွကိုက်ကာ ကိုယ်လုံးကိုပါ ဖျစ်ညှစ်ထားသူ Alpha Jungkook။ နောက်ဆုံး သားက Omegaရဲ့ နာမည်ကို မပီ့တပီခေါ်ကာ ငိုချခါနီးတော့မှ လွှတ်ပေးလိုက်သည်။

"သားကို ငိုအောင် စပြန်ပြီလား"

သားနဲ့ဆင်တူ အစိမ်းရောင်ဆွယ်တာလေးကို ဝတ်ကာ အခန်းထဲက ပြန်ထွက်လာသည့် Jiminက ခပ်ပြုံးပြုံးဖြင့် မာန်သလို ပြောလာတော့ Alpha Jungkookတို့ ဇတ်ကလေးပုသွားရသည်။

"ဒီကောင်လေးက အူပုပ်လေးမို့ပါ"

"ဘယ်သူနဲ့တူတာမို့လို့လဲ"

"သူ့အဖေကိုတူရင် ရုပ်ချောသဘောကောင်းဖြစ်ရမှာ"

Jiminဆီက ဟုတ်ရဲ့လားဟု အဓိပ္ပါယ်ရသည့် အကြည့်လှလှတစ်ချက်ကို ရလိုက်သည်။ ဟား…ရင်ဘတ်ထဲထိ ထိသွားပြီကွာ။

"သွားကြစို့"

"Jimin"

"ဘာဖြစ်လို့လဲ"

"ဒီနား ခဏ"

မူမမှန်သည့် Alphaကြောင့် Jiminသည် ဘာများလဲဟု တွေးလိုက်မိကာ တဆက်တည်းဆိုသလို မျက်မှောင်ကုတ်လိုက်မိသွားသည်။ အနားကိုလာဖို့ အမူအရာနဲ့ပါ လက်ယပ်ခေါ်နေတာမို့ သားအတွက် ယူလာသည့် အနွေးထည်လေးကို စားပွဲပေါ် တင်ထားခဲ့ရင်းက ပြောသည့်အတိုင်း အနားကို သွားလိုက်သည်။

"ဘာပြောမလို့…အမေ့!"

ရုတ်တရက်ကြီး လက်ကနေ ဆွဲချလိုက်တာမို့ Jiminရဲ့ မျက်လုံးတွေ ပြူးသွားကာ ပြန်ထဖို့ ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။ အခုတော့ Jiminရဲ့ တစ်ကိုယ်လုံးဟာ Alpha Jungkookရဲ့ ရင်ခွင်ထဲ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့တော့သည်။

"အရမ်းသဘောကျတာပဲ"

Jiminရဲ့ လည်ပင်းနားကို တစ်ချက်နမ်းလိုက်ရင်း Alphaက ပြောသည်။ သားကို လှမ်းကြည့်လိုက်တော့ သူတို့ကို ကျောပေးကာ ကုန်းရုန်းပြီး ပုံတွေထဲပဲ စိတ်ဝင်စားရင်း ဆေးခြယ်နေသည်မှာ ဖင်လုံးလုံးလေးကို ထွက်လို့။

"ဖယ်တော့။ ဖိတ်စာသွားပို့ပါမယ်ဆို"

"ငြိုငြင်ပြီပေါ့"

"Jeon Jungkook ဒါက ဘာဖြစ်ပြန်တာလဲ"

ခန္ဓာကိုယ်ကြီးနဲ့မှ မလိုက်မဖက် ချွဲပျစ်နေသည့် အသံကြောင့် Jiminတစ်ယောက် ewwwခနဲပင် ဖြစ်သွားရသည်။ ကလေးတစ်ယောက်တောင် ရပြီးလို့ တစ်နှစ်ပြည့်တော့မယ် Alphaလူဆိုးက ခုမှ စကြိုက်တဲ့သူတွေလို ပလူးပလဲတွေ လုပ်ချင်နေတုန်း။

"နောက်ကျကုန်တော့မယ်"

"သားအိပ်မှ တဝကြီး နမ်းပစ်မယ်"

လာပြန်ပြီ ဒီစကား။ လက်ထပ်ထားပြီးလို့ တစ်သက်လုံး အတူတူနေတော့မဲ့ သူတွေပဲကို ဒီလူ ဘာတွေကို ချစ်မဝနိုင်ဖြစ်နေတာလဲ။ ဒီလိုတွေးလို့ သဘောမကျဘူးလားလို့မေးလာရင် မှားမယ်။ Jiminကိုယ်တိုင်လည်း ဒီAlphaအပေါ်မှာ အများကြီး ချစ်မြတ်နိုးပြီးသားပါ။

"ထတော့ သားကို ချီခဲ့"

အကဲပိုနေသည့် လူရဲ့ ပေါင်ကို အသာဆွဲဆိတ်ကာ ပြန်ထရပ်လိုက်ပြီး ခုံပေါ် တင်ထားခဲ့သည့် သားရဲ့ အနွေးထည်လေးကို သွားယူလိုက်သည်။ ထိုအချိန်မှာပဲ ဘုတ်ခနဲ အသံတစ်ခုနဲ့အတူ အနောက်ဘက်ဆီမှ Jungkookရဲ့ အသံကြီးကို ကြားလိုက်သည်။

"ဘာဖြစ်တာလဲ"

"သေပါပြီ"

Jiminတစ်ယောက် ဒုတိယအကြိမ် မျက်လုံးပြူးသွားရသည်။ Jungkookရဲ့အနောက်တွင် မတ်တပ်ပြေးကာစ သားက ရပ်လို့နေပြီး စောနကအထိ အရောင်ခြယ်နေသည့် စာအုပ်လေးကလည်း Jungkook‌ဘေးနား ရောက်လို့နေသည်။

"Jeon Jungmin မင်း အဖေကို အဲ့လိုလုပ်ရလား"

"ဘာဖြစ်သွားတာလဲ"

"နောက်ကနေ စာအုပ်နဲ့လာရိုက်တယ်လေ"

Jungkookက Omegaအား တိုင်သလို ပြောတော့ Jeonပေါက်စက ဆိုဖာခုံကို မှီရပ်နေရင်းက မျက်လုံးဝိုင်းဝိုင်းလေးတွေကို သုံးကာ Jiminကို မော့ကြည့်လာသည်။

အဖြစ်ကား ဤလိုတည်း။
Jungkookရင်ခွင်ထဲမှ Jimin ထသွားသည်နှင့် တပြိုင်နက် Jeonပေါက်စက နေရာမှ ကုန်းထလာပြီး စာအုပ်လေးကိုလည်း လက်နှစ်ဖက်နဲ့ မ,ယူကာ အစကတည်းက ကြမ်းပြင်ပေါ် ထိုင်နေသည့် Alphaရဲ့ နောက်ကျောဘက်ကို တစ်လှမ်းချင်း လှုပ်စိလှုပ်စိနဲ့ တိုးလာခဲ့သည်။ ပြီးသည်နှင့် အင်နှင့်အားနှင့်ပင် လက်ထဲရှိ‌နေသည့် စာအုပ်နှင့် Alphaရဲ့ ဦးခေါင်းပေါ် ပစ်ချကာ ရိုက်လိုက်ခြင်းပင်။

"Jeon Jungminကတော့ကွာ"

အခုကျ သူ ဘာမှမလုပ်ထားသလို ကြည်လဲ့နေသည့် မျက်လုံးဝိုင်းလေးများဖြင့် Jiminကို မော့ကြည့်နေပြန်တာမို့ ခေါင်းယမ်းလိုက်‌မိသည်။ မိမိမွေးထားသည့် Jeon‌ပေါက်စဟာ တကယ်ပဲ ဘယ်လိုကောင်လေးလဲ။ 

"Alphaပေါက်စ အရမ်းဆိုးနေတယ်နော်"

တစ်နှစ်မပြည့်သေးတာတောင် ဒီလောက်အထိ လက်သွက်နေတာ။ နောက်နှစ်တွေဆို ‌Alpha Jungkookကိုတောင် မျက်စိနောက်လို့ဆိုပြီး ပြည်ပအထိ ရောင်းစားသွားမလား မသိပါ။

"Daddyကို အာဘွားပေးပြီး တောင်းပန်လိုက်"

Jiminစကားဆို အမြဲနားထောင်တတ်သူ Jeonပေါက်စက ပြောသည့်အတိုင်း Jungkookရဲ့ ပါးကို တစ်ချက်နမ်းလိုက်ကာ စောနတုန်းက အဖြစ်အပျက်ကို ကျေအေးစေသည်။ Alpha‌ပေါက်စ Jeon Jungminကတော့ တကယ်ကို မလွယ်ကြောပါပဲ။

___________________

"ထိုင်ကြဦး"

NamJoonက ရောက်သည်နှင့် သူ့တူကို Jiminဆီမှ လက်ပြောင်းယူကာ တန်းချီတော့သည်။ NamJoon Hyung၏ မိခင်ဖြစ်သူသည်လည်း Jungminကို မြေးလေးဟု တဖွဖွခေါ်ကာ ချစ်မဝ။

"အလည်လာတာလား"

"Jungmin တစ်နှစ်ပြည့်အတွက် မွေးနေ့ဖိတ်စာ‌လာပို့တာ"

"အိုက်ဂူး ငါတို့Alphaကြီးတောင် တစ်နှစ်ပြည့်တော့မှာပေါ့"

NamJoon Hyungက လက်တွေပေါ်က Jeonပေါက်စကို ‌လေပေါ်မြှောက်တင်ရင်း ပြောလိုက်တော့ Alphaပေါက်စက တခစ်ခစ် အသံပေးကာ ရယ်မောပျော်ရွှင်ရင်း အူမြူးလို့နေသည်။ Jungminက Uncle Joonရဲ့ ပါးချိုင့်ကြီးတွေကို အရမ်းသဘောကျပုံရသည်။ ပြုံးလိုက်တိုင်း ချိုင့်ဝင်သွားသည့် ပါးချိုင့်ကြီးထဲကို လက်ညှိုးသေးသေးလေးဖြင့် လိုက်ထိုးကာ ကစားတတ်မြဲ။

"ဘာလိုလိုနဲ့ ငါတို့ရဲ့ Jungminတောင် အငယ်လေးရတော့မှာပဲ"

Alphaကြီးနဲ့ Alphaပေါက်စတို့ ရုတ်ချည်း ငြိမ်ကျသွားသည်။ နဂိုကတည်းက ဝိုင်းနေသည့် Jungkookရဲ့ မျက်လုံးတွေက NamJoon Hyungဆီက ကြားလိုက်ရသည့် စကားကြောင့် နှစ်ဆလောက် ပိုပြူးသွားခဲ့သည်။

"Jimin"

"Hyungကတော့ လုပ်ပြီ"

အမြဲလိုလို Spoilတတ်သူ NamJoon Hyungသည် သည်တစ်ခေါက်တွင်လည်း အစဉ်အလာမပျက် ထပ်မံလို့ Spoilလိုက်ပြန်ပြီ ဖြစ်သည်။ အမှန်ဆို Jungminတစ်နှစ်ပြည့် မွေးနေ့ကျမှ Surpriseဖြစ်အောင် ပြောပြဖို့ စီစဉ်ထားပေမဲ့ အခုတော့ သွားချေပြီ။

"Hyungပြောတာ တကယ်ပဲလား"

"အရင်ဆုံး ပြန်ကြရအောင်"

Jiminက စကားစကို မြန်မြန်လက်စသတ်ကာ အိမ်ကလေးထဲမှ ထပြန်ဖို့ လုပ်တော့ ကျန်လူမှာလည်း သွားအဖြဲသားဖြင့် Alpha Jungkookတို့ စုံတွဲကို အားနာနာနဲ့ပဲ နှုတ်ဆက်ကာ ပြန်လွှတ်လိုက်ရတော့သည်။

ကားပေါ်ထိုင်နေသည့် တလျှောက်လုံးလည်း Jungkookက ဘေးမှာထိုင်နေသည့် မိမိကိုပဲ ငဲ့ကြည့်ငဲ့ကြည့် လုပ်နေတာမို့ Jiminတစ်ယောက် မနေတတ်တော့။ နောက်ဆုံး လေကောင်းလေသန့် ရှူချင်လို့ ဟူသော အကြောင်းပြချက်နဲ့ပဲ ဟန်မြစ်ကမ်းဘေး ကားရပ်ခိုင်းလိုက်တော့သည်။

"အေးတယ်နော် သား"

Jungminပိစိက Alpha Jungkookရဲ့ လက်တွေပေါ်မှာ အငြိမ်မနေဘဲ မြစ်ထဲသွားလာနေသည့် သင်္ဘောများကို တအံ့တဩလိုက်ငေးလို့နေကာ လက်ညှိုးပိစိလေးဖြင့် ထိုးပြရင်း စကားလုံးတချို့ကို ဗလုံးဗထွေးပြောလို့နေသည်။

"စောနက NamJoon Hyungပြောတာ အမှန်ပဲလားဟင်"

Jiminက ငြိမ်ချက်သားကောင်းနေပေမဲ့ Alpha Jungkookတို့ကတော့ မီးခဲဖင်ခုထိုင်နေရသလို မရိုးမရွဖြင့် သိချင်လှပြီဖြစ်သည်။ တကယ်ပဲ… တကယ်ပဲ Omegaဆီမှာ သူ့ရဲ့ နောက်ထပ်ရင်သွေးလေးရှိနေတာလား။

"ဟင် ကိုယ့်ကို ဖြေပါဦး Jimin"

ခပ်သော့သော့ တိုက်ခတ်နေသည့် ပင်လယ်လေပြေတို့ရဲ့ အနောက်တွင် Alpha Jungkookတို့ သားအဖနှစ်ယောက်လုံး ၎င်းတို့အရှေ့တွင် ရပ်နေသည့် Omegaလေးရဲ့ မျက်နှာကိုသာ စူးစူးစိုက်စိုက် စိုက်ကြည့်နေမိကြသည်။

"အင်း ဟုတ်တယ်။ Jungminလေး တစ်နှစ်ပြည့်မွေးနေ့ကျရင် ပြောပြမလို့ပါပဲ။ ငါ…ငါထင်တာ Jungminကလည်း ငယ်သေးတော့ အဆင်ပြေပါ့မလားဆိုပြီး"

"ပြေတာပေါ့။ ဘာမပြေစရာရှိရမှာလဲ။ နောက်ပြီး ကိုယ်ဘယ်လောက် အံ့ဩသွားရလဲ သိရဲ့လား"

"Jungkook တကယ်ပြောတာလား"

Omegaရဲ့ မဝံ့မရဲစကားသံတွေကို သူ ထပ်ပြီး မကြားချင်တော့ပါ။ Jungminလေးတဲ့အတူ ပြည့်စုံနေသည့် သူတို့ရဲ့ မိသားစုလေးက နောက်ထပ် ရင်သွေးလေးသာ ထပ်ဝင်ရောက်လာခဲ့မယ်ဆိုရင် ပြည့်စုံတာထက်ပိုပြီး ပြည့်စုံသွားမှာ အမှန်ပင်။ သူကိုယ်တိုင်လည်း Jiminနဲ့အတူ Jeon ပိစိလေးတွေ အများကြီးကို ပျိုးထောင်ချင်သည်လေ။

"ဘာလို့ အရင်ဆုံးပေးမသိခဲ့တာလဲ"

"တောင်းပန်ပါတယ်။ ငါ အရမ်းအတွေးလွန်သွားခဲ့လို့"

Jungkookသည် ပင်လယ်လေကြောင့် အနည်းငယ် အေးချင်နေသည့် Omegaရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ကာ အသာဖျစ်ညှစ်လိုက်သည်။ ဒီလူသားဟာ သူ သိပ်ကို ချစ်မြတ်နိုးရပါသော အသည်းအသက် Omegaငယ်။

လေအဝှေ့မှာ နှာခေါင်းဝထဲ ရောက်ရှိလာသည့် လိမ္မော်ရနံ့ သင်းပျံ့ပျံလေးဟာလည်း Alpha Jungkookတို့ ညစဉ်ညတိုင်း ခေါင်းတိုးဝှေ့ပြီး မငြီးမငွေ့ ရှူရှိုက်ခဲ့ရပါသော ရနံ့လေး။ ချစ်ရတဲ့သားJeonကို မွေးဖွားပေးခဲ့သူ၊ သူ့လက်တွဲဖော်၊ သူ့အိမ်ထောင်ဖက်။ တကယ်ပါ Jungkook အတွက်တော့ ဒီလူသားအပေါ် မြတ်နိုးသဘောကျရခြင်းတွေက အဆုံးအစမဲ့အောင်ပါပဲ။

"ကိုယ်မှတ်မိသေးတယ်။ ပထမဆုံး စတွေ့တဲ့ညက လိမ္မော်အရသာရှန်ပိန်တွေကို…"

Jiminက မျက်တောင်တစ်ချက်ခတ်လျက် Alphaဆီက ဆက်ပြောလာသည့် စကားကို စောင့်ဆိုင်းသည်။ Jungkook မျက်နှာထက်တွင် အပြုံးရေးရေးတစ်ခု ဖြစ်ပေါ်လာသည်။

"Jiminက ကိုယ့်အတွက် လိမ္မော်အရသာရှန်ပိန်တွေလို ရိုးရှင်းပေမဲ့ အမြဲစွဲမက်ဖို့ ကောင်းနေတုန်းပဲ၊ အရင်ကရော အခုရော နောင်ရောပေါ့"

စကားအဆုံးတွင် Omegaရဲ့ နှုတ်ခမ်းတွေ ဘေးဘက်ကို ကော့တက်သွားခဲ့သည်။ မျက်စိရှေ့မှ လူသားရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို ငေးမောနေသူက Alpha Jungkook။ မျက်တောင်ခတ်တာလေးကအစ၊ ပြုံးလိုက်တိုင်း မို့တက်သွားသည့် ပါးမို့မို့လေးတွေ၊ နှုတ်ခမ်းလှလှ၊ မှေးကျဉ်းမျက်ဝန်းလှလှတွေအဆုံး သိပ်ကိုမှ ရူးသွပ်တပ်မက်ရပါသည်။

"ကျေးဇူးတင်ပါတယ်"

"…"

"အရာအားလုံးအတွက်"

Jiminက ပြုံးရင်းက ခေါင်းအသာ ငြိမ့်ပြသည်။ ရုတ်တရက်ဆိုသလို ပွဲအလယ်မှာ ထဖောက်သူက မင်းသားJeon Jungmin။ အတင်းကာရော Jungkookကို ခြေကန်ကာ Jiminရဲ့လက်တွေထဲပဲ လိုက်ဖို့ပြင်သည်။ သားဟာ Jiminမှ Jiminဟု ဆိုရလောက်အောင် Alpha Jungkookရဲ့ သားပီသခဲ့ပါသည်။

"ခဏလေးနေပါဦး။ Daddyနဲ့အတူ ဓာတ်ပုံရိုက်ရဦးမယ်လေ"

အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ပေးနေသည့် တလျှောက်လုံးတွင်လည်း Jeonပေါက်စဟာ အငြိမ်မနေဘဲ Omegaဆီကိုပဲ လက်နှစ်ဖက်ကမ်းနေကာ ကြည််လဲ့လဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ အလိုမကျလို့ ဆူထော်ထားသည့် နှုတ်ခမ်းထူလေးတွေက ဓာတ်ပုံအဖြစ် ဖုန်းထဲအပြည့်။

မကြာခင်မှာပဲ ဒီပုံလေးတွေက Jungmin's Diaryဆိုတဲ့ Albumလေးထဲမှာ ရက်စွဲတစ်ခုနှင့်အတူ နေရာယူသွားကြမည်ဖြစ်သည်။

နောက်ဆုံး Jiminရဲ့ လက်တွေပေါ် ရောက်သွားသည့်အခါမှ Jeonပေါက်စက စိတ်ကျေနပ်သွားပြီး ငြိမ်ကျသွားတော့သည်။

"နောက်တစ်နှစ်ကြာရင် Jeonပေါက်စလေးတစ်ယောက် ထပ်ပြီးပေါ်လာတော့မယ်"

Omegaရဲ့ ဗိုက်ကလေးပေါ် လက်တင်ကာ Jungkookက ပီတီအပြည့်နဲ့ပြောသည်။

"ငါ့သား Alpha Jungminတို့တော့ အဖော်ရတာပဲ ဟုတ်တယ်ဟုတ် "

Jeonပေါက်စက ဘာမှန်းမသိသေးတာတောင် သူ့Daddyက ဟုတ်တယ်ဟုတ် ဆိုတာနဲ့ သူကပါ ခေါင်းငြိမ့်ပြကာ မျက်လုံးတို့ မှိတ်ကျသည်အထိ တခစ်ခစ် ထရယ်သည်။ ပြီးသည်နှင့် သူ့အား ချီထားသည့် Omegaရဲ့ ပါးမို့မို့တစ်ဖက်ကို အာဘွားတွေချည်း ဆက်တိုက် ပေးနေတော့သည်။

"Pre Happy Birthdayပါ Daddy တို့ရဲ့ သားလေး"

ကလေးငယ်ရဲ့ နဖူးလေးထက်ကို အသာနမ်းပြီးသည့်နောက် Omegaရဲ့ နဖူးကိုလည်း ခပ်ဖွဖွ နမ်းလိုက်သည်။

"Jiminကို သိပ်ချစ်ရပါတယ်"

"ငါလည်း Jungkookကို သိပ်ချစ်ပါတယ်"

"ဗိုက်ထဲက ကလေးလေးကိုလည်း ချစ်တယ်နော်"

စကားအဆုံးတွင် ထွက်ကျလာသည့် ရယ်သံလွင်လွင်လေး တစ်ခုက ဟန်မြစ်ကြီးကို ပိုပြီးလှသွားအောင် ထောက်ပံ့ပေးလိုက်သည်။ ပုခုံးသေးသေးလေးပေါ် လက်တစ်ဖက်တင်ကာ ထွေးဖက်လိုက်ရင်း နေဝင်၊ နေထွက်ချိန်တွေကို Jiminရယ် Jeonပေါက်စလေးတွေရယ်နဲ့ အတူဖြတ်သန်းပါဦးမည်။

တစ်ခါက Fall in loveသီချင်းထဲကလို
One, Two - Me and You
Three, Four - Fall in loveကနေ အခုဆိုရင်
Five, Six ဆိုပြီး နှစ်ဦးသားရဲ့ ရင်သွေးလေးတွေပါ သူတို့နဲ့အတူ ရှိနေခဲ့ပြီဖြစ်‌သည်။

အခုဆိုရင် မြတ်နိုးရတဲ့ ဒီအသိုက်အမြုံလေးဟာ ချစ်ခြင်း‌မေတ္တာတွေကြောင့် သက်ဆုံးတိုင်အောင် နွေးထွေးနေတော့မည်မှာလည်း မလွဲဧကန်ဖြစ်ပေတော့သည်။ 

တကယ်လို့ပေါ့…
တစ်ရက်ရက်ကျ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ပြန်ဆုံဖြစ်ခဲ့ရင် ကျွန်တော်ရဲ့ လက်တွဲဖော် Omegaဖြစ်တဲ့ Jiminကို ဘယ်လောက်ချစ်ကြောင်းနဲ့ ကျွန်တော်တို့နှစ်‌ယောက်ရဲ့ အသွေးအသက်ဖြစ်တဲ့ Jeonပိစိလေးတွေက ဘယ်လောက်အထိ ချစ်ဖို့ကောင်းကြောင်း ကြွားလှည့်ပါဦးမယ်။

_________________

ဟီးဟီး
တစ်နှစ်ကျော်၊ နှစ်နှစ်ကြာမှ အဆုံးသတ်နိုင်တဲ့ Jungmin's Dairyလေးပါ။ အမှတ်တရအနေနဲ့ Liveမှာ ပြောသွားတဲ့ Minkookလေးက အခု Omegaရဲ့ ဗိုက်ထဲမှာရှိ‌နေတဲ့ Jeonအငယ်လေးပေါ့။

ဒါဆို ဖတ်ပြီးရင် တာ့တာ ဘိုင့်ဘိုင်ပါနော်

Jungmin's Diary

|Unicode Version|

ေႏြးေထြးၾကည္လင္သည့္ ေနေရာင္ျခည္ဖ်ဖ်က အိမ္ကေလးထဲသို႔ မွန္ျပင္မွတဆင့္ ထိုးေဖာက္ကာ တလက္လက္ေတာက္ပစြာ က်ဆင္းလို႔ေနသည္။

မနက္ခင္းရဲ႕ တိတ္ဆိတ္ေနမႈကို ၿဖိဳခြင္းလိုက္သည္မွာ Jeon Jungminရဲ႕ ေအာ္ငိုသံအက်ယ္ႀကီးပင္ ျဖစ္ေတာ့သည္။ နားထဲ စူးခနဲ တိုးဝင္လာသည့္ ငိုသံေၾကာင့္ Jungkookရဲ႕ မ်က္လုံးေတြ ဆတ္ခနဲပြင့္လာကာ အိပ္ရာေပၚ ေအာ္တိုပင္ ငုတ္တုတ္ထထိုင္လိုက္မိသြားသည္။

ၿပီးသည္ႏွင့္ ကုတင္ေပၚမွ ဒေရာေသာပါးေျပးဆင္းကာ Jungminရဲ႕ အိပ္ရာျဖစ္သည့္ ပုခက္ေလးဆီကို ေရာက္သြားခဲ့သည္။ သူ႔နည္းတူစြာပင္ ငိုသံေၾကာင့္ ႏိုးသြားပုံရသည့္ Jiminသည္လည္း ေရွ႕ေနာက္ဆိုသလို Jungminရဲ႕ အနားကို ေရာက္လာသည္။

"သား ဘာျဖစ္တာလဲ"

ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ကာ သားရဲ႕ ပုခက္ေလးထဲကို ငုံ႔ၾကည့္လိုက္မိၾကသည္။ Jungminက ၎၏ လက္ေသးေသးေလးတစ္ဖက္ကို ပါးစပ္ထဲ ထိုးထည့္ထားရင္းက သူတို႔ႏွစ္ဦးကို ေမာ့ၾကည့္ကာ ငိုေနတာပါ ရပ္သြားသည္။ 

"လူဆိုးေလးပဲ မင္းက"

Jiminသည္ မနက္တိုင္းဆိုသလို သူတို႔အတြက္ ႏႈိးစက္ကေလးလို ျဖစ္ေနသည့္ Jungminအား ပုခက္ထဲမွ ထုတ္ကာ ေပြ႕ခ်ီလိုက္ေတာ့ သေကာင့္သား Jeonေပါက္စက သေဘာေတြေခြ႕ကာ အျပည့္မေပါက္ေသးသည့္ သြားေတြပါေပၚသည္အထိ တခစ္ခစ္ရယ္ေမာကာ ၿပဳံးလို႔႐ႊင္လို႔။

"Jungkook မနက္စာ ျပင္ထားလိုက္ေတာ့"

"ဟုတ္ၿပီ"

Jiminက သားကို မ်က္ႏွာသစ္ေပးကာ၊ တစ္ကိုယ္ရည္သန႔္ရွင္းေရး ျပဳလုပ္ေပးေနခ်ိန္တြင္ Alpha Jungkookသည္ကား မီးဖိုေခ်ာင္ထဲတြင္ သားျဖစ္သူနဲ႔ Omegaျဖစ္သူအတြက္ ႀကိဳးစားပန္းစားပင္ မနက္စာ ျပင္ဆင္လို႔ေနေလသည္။

"မနက္စာ ရၿပီလားဗ်ိဳ႕"

Omegaရဲ႕ လက္ေပၚ ပါလာသည့္ သားေတာ္ေမာင္ တစ္တုတ္တုတ္ေလးဟာ စားပြဲေပၚမွာ ရွိေနသည့္ စားစရာမ်ားကို အေရွ႕သို႔ ေခါင္းတိုးကာပင္ ၾကည့္လို႔ေနတာမို႔ ဗိုက္ဆာေနၿပီမွန္း သိသာေစလွသည္။

"အိမ္ရဲ႕ဘုရင္ႀကီးကို အရင္ေကြၽးရမယ္"

Jiminက စေနာက္ကာ ေျပာလိုက္ေတာ့ Jungminက ေရေရရာရာ မသိေသးသည့္တိုင္ နားလည္သေယာင္ဖမ္းၿပီး ေခါင္းယမ္းကာ တခစ္ခစ္အသံ‌ထြက္ေအာင္ ရယ္ျပသည္။ ဒီေကာင္ေလး အစား စားခါနီးလို႔ မ်က္ႏွာခ်ိဳေသြးေနတယ္ဆိုတာ ေမြးထားတဲ့Omegaက အသိဆုံးပါပဲ။

"Jungmin ah"

ေခၚသံၾကားေတာ့ ကိုယ္ေတာ္လုံးေလးက Alpha Jungkookရွိရာကို မ်က္လုံးဝိုင္းေလးမ်ားႏွင့္ လွမ္းၾကည့္လာသည္။ Jungminရဲ႕ မ်က္လုံးဝိုင္းမ်ားက Jungkookဆီက အေမြရခဲ့ၿပီး ႏႈတ္ခမ္းလုံးလုံးေလးကေတာ့ Jiminဆီမွ ျဖစ္သည္။

"morning kiss"

အနားသြားကာ ပါးထိုးေပးလိုက္ေတာ့ လုံးတုတ္တုတ္ခႏၶာကိုယ္ေလးက ေရွ႕ထိုးက်လာကာ Alphaကို ေမႊးေမႊးတစ္ခ်က္ေပးသည္။ ေဖာင္းမို႔မို႔ လက္‌ေသးေသးေလးတစ္ဖက္ကလည္း Jungkookရဲ႕ နား႐ြက္တစ္ဖက္ကို ကိုင္ဆြဲထားျပန္ေသးသည္။

"မကိုက္ရဘူးေလ"

သြားေလးေတြ ေပါက္စျပဳေနၿပီမို႔ Jungminက ရရင္ရသလို Jungkookရဲ႕ ႏွာေခါင္းကို ပု႐ြက္ဆိတ္‌ အေကာင္ေပါက္ေလးလို ျမင္လိုက္တာနဲ႔ ကိုက္ခဲပစ္ဖို႔ပဲ အေတြးရွိပုံရသည္။ ၿပီးသည္ႏွင့္ တစ္ေယာက္တည္း အသဲေတြယားကာ Jiminကိုလည္း စကားေတြ တတြတ္တြတ္ေျပာရင္း လက္ခုပ္လက္ဝါးတီးမျပတ္။

အခုဆို သားက တစ္ႏွစ္ျပည့္ခါနီးေနၿပီျဖစ္သလို Jiminကိုလည္း ပိုပိုၿပီး ခြၽဲတတ္၊ ပလီတတ္ေနၿပီျဖစ္သည္။ လမ္းေလွ်ာက္သင္ေနၿပီလည္း ျဖစ္ေပမဲ့ သားက Jiminရဲ႕ လက္ေတြေပၚမွာ ပိုေပ်ာ္ပုံရသည္။

"Dada"

သူထိုင္ေနက် ခုံကေလးထဲ ထည့္ေပးလိုက္ေတာ့ Jungkookကို မ်က္စိတဆုံးလိုက္ၾကည့္ကာ မ်က္ႏွာခ်ိဳေသြးျပေနပုံက အူယားစရာ။ အစားအေသာက္ စားရေတာ့မယ္ဆိုရင္ ဒီေကာင္ေလးေလာက္ ခြၽဲတတ္တဲ့သူ ရွိေတာ့မည္မထင္ပါ။

"လာပါၿပီ ဘုရင္ႀကီးခင္ဗ်"

တစ္ေယာက္တည္း ၎၏ ကိုယ္ပိုင္ ဇြန္းပိစိေလးနဲ႔ မနက္စာကို ပိုင္ပိုင္ႏိုင္ႏိုင္ပင္ ေကာ္စားေနသည့္ Jungminကို ၾကည့္ၿပီး Alphaေရာ Omegaပါ ၿပဳံးမိၾကသည္။ သူတို႔ရဲ႕ အေသြးအသားတို႔ ေပါင္းစပ္ထားသည့္ ရင္ေသြးငယ္ေလးက တျဖည္းျဖည္းခ်င္း အ႐ြယ္ေရာက္လာတာကို ျမင္ရတာေလာက္ ႏွစ္ေယာက္လုံးအတြက္ ပီတိျဖစ္ရတာ မရွိ။ 

အစိမ္းေရာင္ အေႏြးထည္ေလးထဲ ထုပ္ထည့္ထားတာမို႔ ခ်စ္ဖို႔ေကာင္းေနသည့္ သားဟာ မနက္ေစာေစာ သူတို႔မ်က္လုံးထဲတြင္ေတာ့ အသဲယားဖြယ္ ေထာပတ္သီး အစိမ္းလုံးေလးလို။

"အဝတ္အစားလဲလိုက္ဦးမယ္"

သူတို႔ထက္အရင္ စားလို႔ၿပီးသြားသည့္ Jungkookက ေဘးမွာထိုင္ေနသည့္ Omegaရဲ႕ ပါးတစ္ဖက္ကို ခပ္ဖြဖြ အသာနမ္းလိုက္ကာ အဝတ္လဲဖို႔အတြက္ အိပ္ခန္းထဲ ျပန္ဝင္သြားခဲ့သည္။

Jungkookျပန္ထြက္လာေတာ့ Jiminလည္း စားလို႔ ၿပီးသြားၿပီျဖစ္သလို သားေခ်ာ Jungminဟာလည္း ဗိုက္ဝသြားၿပီျဖစ္သည္။ ခါတိုင္းလိုပဲ ေဆာ့ေနက် အ႐ုပ္ကေလးေတြၾကားမွာ တစ္ႏွစ္ျပည့္ခါနီး ကေလးငယ္ကေတာ့ စကားတို႔ တတြတ္တြတ္ေျပာရင္း ေဆာ့ကစားလို႔ေနသည္။

"သားကို ၾကည့္ထားဦး။ ငါလည္း အဝတ္လဲလိုက္ဦးမယ္"

"အိုေက"

Jiminက သားျဖစ္သူကို Alphaလက္ထဲ စိတ္ခ်လက္ခ် အပ္ကာ အိပ္ခန္းထဲ ဝင္သြားခဲ့သည္။ Jungminက သူ႔ကစားစရာေတြနဲ႔သူ စာအုပ္ေလးထဲမွာ အေရာင္ေတြ ျခယ္ေနလို႔ေနတာမို႔ Jungkookလည္း သားေဘးမွာ ထိုအတိုင္း ထိုင္ေနလိုက္သည္။

နံရံမွာ ခ်ိတ္ဆြဲထားသည့္ သူတို႔ႏွစ္ဦးရဲ႕ မဂၤလာပြဲတုန္းက ဓာတ္ပုံကိုျမင္ေတာ့ ၿပဳံးလိုက္မိသည္။ ပြဲလယ္မွာ ေအာ္ငိုခဲ့သည့္ Jiminကိုဆို အၿမဲအူတိုတတ္သူ Jeonေပါက္စကလည္း အလယ္မွာ မပါမျဖစ္ေပါ့။ အဲ့တုန္းကနဲ႔ယွဥ္ရင္ အခု သားက ပိုၿပီး ထြားလာခဲ့ၿပီပဲ။

"Jeon Jungmin အူပုတ္ေကာင္ေလး"

တိုးဖြဖြ႐ြတ္ကာ သားရဲ႕ ဖင္လုံး‌လုံးေလးကို တစ္ခ်က္႐ိုက္လိုက္ေပမဲ့ စာအုပ္ထဲ ဈာန္ဝင္ေနသူ Jeonေပါက္ကေလးက Alphaကို လွည့္ၾကည့္မအားေသးပါ။

"ငါ မင္းကို ကိုက္စားပစ္မယ္"

Jeonပိစိရဲ႕ ေခါင္းလုံးလုံးေလးကို မနာေအာင္ အသာဖြဖြကိုက္ကာ ကိုယ္လုံးကိုပါ ဖ်စ္ညႇစ္ထားသူ Alpha Jungkook။ ေနာက္ဆုံး သားက Omegaရဲ႕ နာမည္ကို မပီ့တပီေခၚကာ ငိုခ်ခါနီးေတာ့မွ လႊတ္ေပးလိုက္သည္။

"သားကို ငိုေအာင္ စျပန္ၿပီလား"

သားနဲ႔ဆင္တူ အစိမ္းေရာင္ဆြယ္တာေလးကို ဝတ္ကာ အခန္းထဲက ျပန္ထြက္လာသည့္ Jiminက ခပ္ၿပဳံးၿပဳံးျဖင့္ မာန္သလို ေျပာလာေတာ့ Alpha Jungkookတို႔ ဇတ္ကေလးပုသြားရသည္။

"ဒီေကာင္ေလးက အူပုပ္ေလးမို႔ပါ"

"ဘယ္သူနဲ႔တူတာမို႔လို႔လဲ"

"သူ႔အေဖကိုတူရင္ ႐ုပ္ေခ်ာသေဘာေကာင္းျဖစ္ရမွာ"

Jiminဆီက ဟုတ္ရဲ႕လားဟု အဓိပၸါယ္ရသည့္ အၾကည့္လွလွတစ္ခ်က္ကို ရလိုက္သည္။ ဟား…ရင္ဘတ္ထဲထိ ထိသြားၿပီကြာ။

"သြားၾကစို႔"

"Jimin"

"ဘာျဖစ္လို႔လဲ"

"ဒီနား ခဏ"

မူမမွန္သည့္ Alphaေၾကာင့္ Jiminသည္ ဘာမ်ားလဲဟု ေတြးလိုက္မိကာ တဆက္တည္းဆိုသလို မ်က္ေမွာင္ကုတ္လိုက္မိသြားသည္။ အနားကိုလာဖို႔ အမူအရာနဲ႔ပါ လက္ယပ္ေခၚေနတာမို႔ သားအတြက္ ယူလာသည့္ အေႏြးထည္ေလးကို စားပြဲေပၚ တင္ထားခဲ့ရင္းက ေျပာသည့္အတိုင္း အနားကို သြားလိုက္သည္။

"ဘာေျပာမလို႔…အေမ့!"

႐ုတ္တရက္ႀကီး လက္ကေန ဆြဲခ်လိုက္တာမို႔ Jiminရဲ႕ မ်က္လုံးေတြ ျပဴးသြားကာ ျပန္ထဖို႔ ႀကိဳးစားလိုက္ေပမဲ့ ေနာက္က်သြားခဲ့ေလၿပီ။ အခုေတာ့ Jiminရဲ႕ တစ္ကိုယ္လုံးဟာ Alpha Jungkookရဲ႕ ရင္ခြင္ထဲ လုံးလုံးလ်ားလ်ား ေရာက္ရွိသြားခဲ့ေတာ့သည္။

"အရမ္းသေဘာက်တာပဲ"

Jiminရဲ႕ လည္ပင္းနားကို တစ္ခ်က္နမ္းလိုက္ရင္း Alphaက ေျပာသည္။ သားကို လွမ္းၾကည့္လိုက္ေတာ့ သူတို႔ကို ေက်ာေပးကာ ကုန္း႐ုန္းၿပီး ပုံေတြထဲပဲ စိတ္ဝင္စားရင္း ေဆးျခယ္ေနသည္မွာ ဖင္လုံးလုံးေလးကို ထြက္လို႔။

"ဖယ္ေတာ့။ ဖိတ္စာသြားပို႔ပါမယ္ဆို"

"ၿငိဳျငင္ၿပီေပါ့"

"Jeon Jungkook ဒါက ဘာျဖစ္ျပန္တာလဲ"

ခႏၶာကိုယ္ႀကီးနဲ႔မွ မလိုက္မဖက္ ခြၽဲပ်စ္ေနသည့္ အသံေၾကာင့္ Jiminတစ္ေယာက္ ewwwခနဲပင္ ျဖစ္သြားရသည္။ ကေလးတစ္ေယာက္ေတာင္ ရၿပီးလို႔ တစ္ႏွစ္ျပည့္ေတာ့မယ္ Alphaလူဆိုးက ခုမွ စႀကိဳက္တဲ့သူေတြလို ပလူးပလဲေတြ လုပ္ခ်င္ေနတုန္း။

"ေနာက္က်ကုန္ေတာ့မယ္"

"သားအိပ္မွ တဝႀကီး နမ္းပစ္မယ္"

လာျပန္ၿပီ ဒီစကား။ လက္ထပ္ထားၿပီးလို႔ တစ္သက္လုံး အတူတူေနေတာ့မဲ့ သူေတြပဲကို ဒီလူ ဘာေတြကို ခ်စ္မဝႏိုင္ျဖစ္ေနတာလဲ။ ဒီလိုေတြးလို႔ သေဘာမက်ဘူးလားလို႔ေမးလာရင္ မွားမယ္။ Jiminကိုယ္တိုင္လည္း ဒီAlphaအေပၚမွာ အမ်ားႀကီး ခ်စ္ျမတ္ႏိုးၿပီးသားပါ။

"ထေတာ့ သားကို ခ်ီခဲ့"

အကဲပိုေနသည့္ လူရဲ႕ ေပါင္ကို အသာဆြဲဆိတ္ကာ ျပန္ထရပ္လိုက္ၿပီး ခုံေပၚ တင္ထားခဲ့သည့္ သားရဲ႕ အေႏြးထည္ေလးကို သြားယူလိုက္သည္။ ထိုအခ်ိန္မွာပဲ ဘုတ္ခနဲ အသံတစ္ခုနဲ႔အတူ အေနာက္ဘက္ဆီမွ Jungkookရဲ႕ အသံႀကီးကို ၾကားလိုက္သည္။

"ဘာျဖစ္တာလဲ"

"ေသပါၿပီ"

Jiminတစ္ေယာက္ ဒုတိယအႀကိမ္ မ်က္လုံးျပဴးသြားရသည္။ Jungkookရဲ႕အေနာက္တြင္ မတ္တပ္ေျပးကာစ သားက ရပ္လို႔ေနၿပီး ေစာနကအထိ အေရာင္ျခယ္ေနသည့္ စာအုပ္ေလးကလည္း Jungkook‌ေဘးနား ေရာက္လို႔ေနသည္။

"Jeon Jungmin မင္း အေဖကို အဲ့လိုလုပ္ရလား"

"ဘာျဖစ္သြားတာလဲ"

"ေနာက္ကေန စာအုပ္နဲ႔လာ႐ိုက္တယ္ေလ"

Jungkookက Omegaအား တိုင္သလို ေျပာေတာ့ Jeonေပါက္စက ဆိုဖာခုံကို မွီရပ္ေနရင္းက မ်က္လုံးဝိုင္းဝိုင္းေလးေတြကို သုံးကာ Jiminကို ေမာ့ၾကည့္လာသည္။

အျဖစ္ကား ဤလိုတည္း။
Jungkookရင္ခြင္ထဲမွ Jimin ထသြားသည္ႏွင့္ တၿပိဳင္နက္ Jeonေပါက္စက ေနရာမွ ကုန္းထလာၿပီး စာအုပ္ေလးကိုလည္း လက္ႏွစ္ဖက္နဲ႔ မ,ယူကာ အစကတည္းက ၾကမ္းျပင္ေပၚ ထိုင္ေနသည့္ Alphaရဲ႕ ေနာက္ေက်ာဘက္ကို တစ္လွမ္းခ်င္း လႈပ္စိလႈပ္စိနဲ႔ တိုးလာခဲ့သည္။ ၿပီးသည္ႏွင့္ အင္ႏွင့္အားႏွင့္ပင္ လက္ထဲရွိ‌ေနသည့္ စာအုပ္ႏွင့္ Alphaရဲ႕ ဦးေခါင္းေပၚ ပစ္ခ်ကာ ႐ိုက္လိုက္ျခင္းပင္။

"Jeon Jungminကေတာ့ကြာ"

အခုက် သူ ဘာမွမလုပ္ထားသလို ၾကည္လဲ့ေနသည့္ မ်က္လုံးဝိုင္းေလးမ်ားျဖင့္ Jiminကို ေမာ့ၾကည့္ေနျပန္တာမို႔ ေခါင္းယမ္းလိုက္‌မိသည္။ မိမိေမြးထားသည့္ Jeon‌ေပါက္စဟာ တကယ္ပဲ ဘယ္လိုေကာင္ေလးလဲ။ 

"Alphaေပါက္စ အရမ္းဆိုးေနတယ္ေနာ္"

တစ္ႏွစ္မျပည့္ေသးတာေတာင္ ဒီေလာက္အထိ လက္သြက္ေနတာ။ ေနာက္ႏွစ္ေတြဆို ‌Alpha Jungkookကိုေတာင္ မ်က္စိေနာက္လို႔ဆိုၿပီး ျပည္ပအထိ ေရာင္းစားသြားမလား မသိပါ။

"Daddyကို အာဘြားေပးၿပီး ေတာင္းပန္လိုက္"

Jiminစကားဆို အၿမဲနားေထာင္တတ္သူ Jeonေပါက္စက ေျပာသည့္အတိုင္း Jungkookရဲ႕ ပါးကို တစ္ခ်က္နမ္းလိုက္ကာ ေစာနတုန္းက အျဖစ္အပ်က္ကို ေက်ေအးေစသည္။ Alpha‌ေပါက္စ Jeon Jungminကေတာ့ တကယ္ကို မလြယ္ေၾကာပါပဲ။

___________________

"ထိုင္ၾကဦး"

NamJoonက ေရာက္သည္ႏွင့္ သူ႔တူကို Jiminဆီမွ လက္ေျပာင္းယူကာ တန္းခ်ီေတာ့သည္။ NamJoon Hyung၏ မိခင္ျဖစ္သူသည္လည္း Jungminကို ေျမးေလးဟု တဖြဖြေခၚကာ ခ်စ္မဝ။

"အလည္လာတာလား"

"Jungmin တစ္ႏွစ္ျပည့္အတြက္ ေမြးေန႔ဖိတ္စာ‌လာပို႔တာ"

"အိုက္ဂူး ငါတို႔Alphaႀကီးေတာင္ တစ္ႏွစ္ျပည့္ေတာ့မွာေပါ့"

NamJoon Hyungက လက္ေတြေပၚက Jeonေပါက္စကို ‌ေလေပၚေျမႇာက္တင္ရင္း ေျပာလိုက္ေတာ့ Alphaေပါက္စက တခစ္ခစ္ အသံေပးကာ ရယ္ေမာေပ်ာ္႐ႊင္ရင္း အူျမဴးလို႔ေနသည္။ Jungminက Uncle Joonရဲ႕ ပါးခ်ိဳင့္ႀကီးေတြကို အရမ္းသေဘာက်ပုံရသည္။ ၿပဳံးလိုက္တိုင္း ခ်ိဳင့္ဝင္သြားသည့္ ပါးခ်ိဳင့္ႀကီးထဲကို လက္ညႇိဳးေသးေသးေလးျဖင့္ လိုက္ထိုးကာ ကစားတတ္ၿမဲ။

"ဘာလိုလိုနဲ႔ ငါတို႔ရဲ႕ Jungminေတာင္ အငယ္ေလးရေတာ့မွာပဲ"

Alphaႀကီးနဲ႔ Alphaေပါက္စတို႔ ႐ုတ္ခ်ည္း ၿငိမ္က်သြားသည္။ နဂိုကတည္းက ဝိုင္းေနသည့္ Jungkookရဲ႕ မ်က္လုံးေတြက NamJoon Hyungဆီက ၾကားလိုက္ရသည့္ စကားေၾကာင့္ ႏွစ္ဆေလာက္ ပိုျပဴးသြားခဲ့သည္။

"Jimin"

"Hyungကေတာ့ လုပ္ၿပီ"

အၿမဲလိုလို Spoilတတ္သူ NamJoon Hyungသည္ သည္တစ္ေခါက္တြင္လည္း အစဥ္အလာမပ်က္ ထပ္မံလို႔ Spoilလိုက္ျပန္ၿပီ ျဖစ္သည္။ အမွန္ဆို Jungminတစ္ႏွစ္ျပည့္ ေမြးေန႔က်မွ Surpriseျဖစ္ေအာင္ ေျပာျပဖို႔ စီစဥ္ထားေပမဲ့ အခုေတာ့ သြားေခ်ၿပီ။

"Hyungေျပာတာ တကယ္ပဲလား"

"အရင္ဆုံး ျပန္ၾကရေအာင္"

Jiminက စကားစကို ျမန္ျမန္လက္စသတ္ကာ အိမ္ကေလးထဲမွ ထျပန္ဖို႔ လုပ္ေတာ့ က်န္လူမွာလည္း သြားအၿဖဲသားျဖင့္ Alpha Jungkookတို႔ စုံတြဲကို အားနာနာနဲ႔ပဲ ႏႈတ္ဆက္ကာ ျပန္လႊတ္လိုက္ရေတာ့သည္။

ကားေပၚထိုင္ေနသည့္ တေလွ်ာက္လုံးလည္း Jungkookက ေဘးမွာထိုင္ေနသည့္ မိမိကိုပဲ ငဲ့ၾကည့္ငဲ့ၾကည့္ လုပ္ေနတာမို႔ Jiminတစ္ေယာက္ မေနတတ္ေတာ့။ ေနာက္ဆုံး ေလေကာင္းေလသန႔္ ရႉခ်င္လို႔ ဟူေသာ အေၾကာင္းျပခ်က္နဲ႔ပဲ ဟန္ျမစ္ကမ္းေဘး ကားရပ္ခိုင္းလိုက္ေတာ့သည္။

"ေအးတယ္ေနာ္ သား"

Jungminပိစိက Alpha Jungkookရဲ႕ လက္ေတြေပၚမွာ အၿငိမ္မေနဘဲ ျမစ္ထဲသြားလာေနသည့္ သေဘၤာမ်ားကို တအံ့တဩလိုက္ေငးလို႔ေနကာ လက္ညႇိဳးပိစိေလးျဖင့္ ထိုးျပရင္း စကားလုံးတခ်ိဳ႕ကို ဗလုံးဗေထြးေျပာလို႔ေနသည္။

"ေစာနက NamJoon Hyungေျပာတာ အမွန္ပဲလားဟင္"

Jiminက ၿငိမ္ခ်က္သားေကာင္းေနေပမဲ့ Alpha Jungkookတို႔ကေတာ့ မီးခဲဖင္ခုထိုင္ေနရသလို မ႐ိုးမ႐ြျဖင့္ သိခ်င္လွၿပီျဖစ္သည္။ တကယ္ပဲ… တကယ္ပဲ Omegaဆီမွာ သူ႔ရဲ႕ ေနာက္ထပ္ရင္ေသြးေလးရွိေနတာလား။

"ဟင္ ကိုယ့္ကို ေျဖပါဦး Jimin"

ခပ္ေသာ့ေသာ့ တိုက္ခတ္ေနသည့္ ပင္လယ္ေလေျပတို႔ရဲ႕ အေနာက္တြင္ Alpha Jungkookတို႔ သားအဖႏွစ္ေယာက္လုံး ၎တို႔အေရွ႕တြင္ ရပ္ေနသည့္ Omegaေလးရဲ႕ မ်က္ႏွာကိုသာ စူးစူးစိုက္စိုက္ စိုက္ၾကည့္ေနမိၾကသည္။

"အင္း ဟုတ္တယ္။ Jungminေလး တစ္ႏွစ္ျပည့္ေမြးေန႔က်ရင္ ေျပာျပမလို႔ပါပဲ။ ငါ…ငါထင္တာ Jungminကလည္း ငယ္ေသးေတာ့ အဆင္ေျပပါ့မလားဆိုၿပီး"

"ေျပတာေပါ့။ ဘာမေျပစရာရွိရမွာလဲ။ ေနာက္ၿပီး ကိုယ္ဘယ္ေလာက္ အံ့ဩသြားရလဲ သိရဲ႕လား"

"Jungkook တကယ္ေျပာတာလား"

Omegaရဲ႕ မဝံ့မရဲစကားသံေတြကို သူ ထပ္ၿပီး မၾကားခ်င္ေတာ့ပါ။ Jungminေလးတဲ့အတူ ျပည့္စုံေနသည့္ သူတို႔ရဲ႕ မိသားစုေလးက ေနာက္ထပ္ ရင္ေသြးေလးသာ ထပ္ဝင္ေရာက္လာခဲ့မယ္ဆိုရင္ ျပည့္စုံတာထက္ပိုၿပီး ျပည့္စုံသြားမွာ အမွန္ပင္။ သူကိုယ္တိုင္လည္း Jiminနဲ႔အတူ Jeon ပိစိေလးေတြ အမ်ားႀကီးကို ပ်ိဳးေထာင္ခ်င္သည္ေလ။

"ဘာလို႔ အရင္ဆုံးေပးမသိခဲ့တာလဲ"

"ေတာင္းပန္ပါတယ္။ ငါ အရမ္းအေတြးလြန္သြားခဲ့လို႔"

Jungkookသည္ ပင္လယ္ေလေၾကာင့္ အနည္းငယ္ ေအးခ်င္ေနသည့္ Omegaရဲ႕ လက္တစ္ဖက္ကို ဆြဲယူလိုက္ကာ အသာဖ်စ္ညႇစ္လိုက္သည္။ ဒီလူသားဟာ သူ သိပ္ကို ခ်စ္ျမတ္ႏိုးရပါေသာ အသည္းအသက္ Omegaငယ္။

ေလအေဝွ႔မွာ ႏွာေခါင္းဝထဲ ေရာက္ရွိလာသည့္ လိေမၼာ္ရနံ႔ သင္းပ်ံ႕ပ်ံေလးဟာလည္း Alpha Jungkookတို႔ ညစဥ္ညတိုင္း ေခါင္းတိုးေဝွ႔ၿပီး မၿငီးမေငြ႕ ရႉရႈိက္ခဲ့ရပါေသာ ရနံ႔ေလး။ ခ်စ္ရတဲ့သားJeonကို ေမြးဖြားေပးခဲ့သူ၊ သူ႔လက္တြဲေဖာ္၊ သူ႔အိမ္ေထာင္ဖက္။ တကယ္ပါ Jungkook အတြက္ေတာ့ ဒီလူသားအေပၚ ျမတ္ႏိုးသေဘာက်ရျခင္းေတြက အဆုံးအစမဲ့ေအာင္ပါပဲ။

"ကိုယ္မွတ္မိေသးတယ္။ ပထမဆုံး စေတြ႕တဲ့ညက လိေမၼာ္အရသာရွန္ပိန္ေတြကို…"

Jiminက မ်က္ေတာင္တစ္ခ်က္ခတ္လ်က္ Alphaဆီက ဆက္ေျပာလာသည့္ စကားကို ေစာင့္ဆိုင္းသည္။ Jungkook မ်က္ႏွာထက္တြင္ အၿပဳံးေရးေရးတစ္ခု ျဖစ္ေပၚလာသည္။

"Jiminက ကိုယ့္အတြက္ လိေမၼာ္အရသာရွန္ပိန္ေတြလို ႐ိုးရွင္းေပမဲ့ အၿမဲစြဲမက္ဖို႔ ေကာင္းေနတုန္းပဲ၊ အရင္ကေရာ အခုေရာ ေနာင္ေရာေပါ့"

စကားအဆုံးတြင္ Omegaရဲ႕ ႏႈတ္ခမ္းေတြ ေဘးဘက္ကို ေကာ့တက္သြားခဲ့သည္။ မ်က္စိေရွ႕မွ လူသားရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို ေငးေမာေနသူက Alpha Jungkook။ မ်က္ေတာင္ခတ္တာေလးကအစ၊ ၿပဳံးလိုက္တိုင္း မို႔တက္သြားသည့္ ပါးမို႔မို႔ေလးေတြ၊ ႏႈတ္ခမ္းလွလွ၊ ေမွးက်ဥ္းမ်က္ဝန္းလွလွေတြအဆုံး သိပ္ကိုမွ ႐ူးသြပ္တပ္မက္ရပါသည္။

"ေက်းဇူးတင္ပါတယ္"

"…"

"အရာအားလုံးအတြက္"

Jiminက ၿပဳံးရင္းက ေခါင္းအသာ ၿငိမ့္ျပသည္။ ႐ုတ္တရက္ဆိုသလို ပြဲအလယ္မွာ ထေဖာက္သူက မင္းသားJeon Jungmin။ အတင္းကာေရာ Jungkookကို ေျခကန္ကာ Jiminရဲ႕လက္ေတြထဲပဲ လိုက္ဖို႔ျပင္သည္။ သားဟာ Jiminမွ Jiminဟု ဆိုရေလာက္ေအာင္ Alpha Jungkookရဲ႕ သားပီသခဲ့ပါသည္။

"ခဏေလးေနပါဦး။ Daddyနဲ႔အတူ ဓာတ္ပုံ႐ိုက္ရဦးမယ္ေလ"

အမွတ္တရအေနနဲ႔ ဓာတ္ပုံ႐ိုက္ေပးေနသည့္ တေလွ်ာက္လုံးတြင္လည္း Jeonေပါက္စဟာ အၿငိမ္မေနဘဲ Omegaဆီကိုပဲ လက္ႏွစ္ဖက္ကမ္းေနကာ ၾကည္္လဲ့လဲ့ မ်က္လုံးဝိုင္းေလးေတြနဲ႔ အလိုမက်လို႔ ဆူေထာ္ထားသည့္ ႏႈတ္ခမ္းထူေလးေတြက ဓာတ္ပုံအျဖစ္ ဖုန္းထဲအျပည့္။

မၾကာခင္မွာပဲ ဒီပုံေလးေတြက Jungmin's Diaryဆိုတဲ့ Albumေလးထဲမွာ ရက္စြဲတစ္ခုႏွင့္အတူ ေနရာယူသြားၾကမည္ျဖစ္သည္။

ေနာက္ဆုံး Jiminရဲ႕ လက္ေတြေပၚ ေရာက္သြားသည့္အခါမွ Jeonေပါက္စက စိတ္ေက်နပ္သြားၿပီး ၿငိမ္က်သြားေတာ့သည္။

"ေနာက္တစ္ႏွစ္ၾကာရင္ Jeonေပါက္စေလးတစ္ေယာက္ ထပ္ၿပီးေပၚလာေတာ့မယ္"

Omegaရဲ႕ ဗိုက္ကေလးေပၚ လက္တင္ကာ Jungkookက ပီတီအျပည့္နဲ႔ေျပာသည္။

"ငါ့သား Alpha Jungminတို႔ေတာ့ အေဖာ္ရတာပဲ ဟုတ္တယ္ဟုတ္ "

Jeonေပါက္စက ဘာမွန္းမသိေသးတာေတာင္ သူ႔Daddyက ဟုတ္တယ္ဟုတ္ ဆိုတာနဲ႔ သူကပါ ေခါင္းၿငိမ့္ျပကာ မ်က္လုံးတို႔ မွိတ္က်သည္အထိ တခစ္ခစ္ ထရယ္သည္။ ၿပီးသည္ႏွင့္ သူ႔အား ခ်ီထားသည့္ Omegaရဲ႕ ပါးမို႔မို႔တစ္ဖက္ကို အာဘြားေတြခ်ည္း ဆက္တိုက္ ေပးေနေတာ့သည္။

"Pre Happy Birthdayပါ Daddy တို႔ရဲ႕ သားေလး"

ကေလးငယ္ရဲ႕ နဖူးေလးထက္ကို အသာနမ္းၿပီးသည့္ေနာက္ Omegaရဲ႕ နဖူးကိုလည္း ခပ္ဖြဖြ နမ္းလိုက္သည္။

"Jiminကို သိပ္ခ်စ္ရပါတယ္"

"ငါလည္း Jungkookကို သိပ္ခ်စ္ပါတယ္"

"ဗိုက္ထဲက ကေလးေလးကိုလည္း ခ်စ္တယ္ေနာ္"

စကားအဆုံးတြင္ ထြက္က်လာသည့္ ရယ္သံလြင္လြင္ေလး တစ္ခုက ဟန္ျမစ္ႀကီးကို ပိုၿပီးလွသြားေအာင္ ေထာက္ပံ့ေပးလိုက္သည္။ ပုခုံးေသးေသးေလးေပၚ လက္တစ္ဖက္တင္ကာ ေထြးဖက္လိုက္ရင္း ေနဝင္၊ ေနထြက္ခ်ိန္ေတြကို Jiminရယ္ Jeonေပါက္စေလးေတြရယ္နဲ႔ အတူျဖတ္သန္းပါဦးမည္။

တစ္ခါက Fall in loveသီခ်င္းထဲကလို
One, Two - Me and You
Three, Four - Fall in loveကေန အခုဆိုရင္
Five, Six ဆိုၿပီး ႏွစ္ဦးသားရဲ႕ ရင္ေသြးေလးေတြပါ သူတို႔နဲ႔အတူ ရွိေနခဲ့ၿပီျဖစ္‌သည္။

အခုဆိုရင္ ျမတ္ႏိုးရတဲ့ ဒီအသိုက္အၿမဳံေလးဟာ ခ်စ္ျခင္း‌ေမတၱာေတြေၾကာင့္ သက္ဆုံးတိုင္ေအာင္ ေႏြးေထြးေနေတာ့မည္မွာလည္း မလြဲဧကန္ျဖစ္ေပေတာ့သည္။ 

တကယ္လို႔ေပါ့…
တစ္ရက္ရက္က် ခင္ဗ်ားတို႔နဲ႔ ကြၽန္ေတာ္တို႔ ျပန္ဆုံျဖစ္ခဲ့ရင္ ကြၽန္ေတာ္ရဲ႕ လက္တြဲေဖာ္ Omegaျဖစ္တဲ့ Jiminကို ဘယ္ေလာက္ခ်စ္ေၾကာင္းနဲ႔ ကြၽန္ေတာ္တို႔ႏွစ္‌ေယာက္ရဲ႕ အေသြးအသက္ျဖစ္တဲ့ Jeonပိစိေလးေတြက ဘယ္ေလာက္အထိ ခ်စ္ဖို႔ေကာင္းေၾကာင္း ႂကြားလွည့္ပါဦးမယ္။

_________________

ဟီးဟီး
တစ္ႏွစ္ေက်ာ္၊ ႏွစ္ႏွစ္ၾကာမွ အဆုံးသတ္ႏိုင္တဲ့ Jungmin's Dairyေလးပါ။ အမွတ္တရအေနနဲ႔ Liveမွာ ေျပာသြားတဲ့ Minkookေလးက အခု Omegaရဲ႕ ဗိုက္ထဲမွာရွိ‌ေနတဲ့ Jeonအငယ္ေလးေပါ့။

ဒါဆို ဖတ္ၿပီးရင္ တာ့တာ ဘိုင့္ဘိုင္ပါေနာ္















Continue Reading

You'll Also Like

172K 24.1K 28
Amor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က...
43.4K 6.3K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
475K 47K 24
ကြိုး​တွေကို သ​ဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သ​ဘောမကျဘူး ခင်ဗျားကိုယ်​တိုင်​က ကျွန်တော့်ကိုတစ်​နည်းမဟုတ်​တစ်​နည်းရစ်​ပတ်​နေတဲ့ ကြိုးတစ...
168K 20K 42
နတ်ဆိုးအိမ်ရှေ့စံတစ်ယောက် သူ့ကို သတ်ပစ်ရမယ့် တော်ဝင်စစ်သည်တော်နတ်သားတစ်ပါးဆီ ကျရှုံးခဲ့သည့်အခါ.... 𝐉𝐢𝐦𝐢𝐧(ᴍɪɴᴠɪʀᴀ) & 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤(ᴏʀᴘʜᴇᴜꜱ) 𝕂...