ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 166K 22.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 38(unicode)

7.6K 1.3K 136
By melieee2

Chapter 38;

ရှေးကျသောရူးရူးနှမ်းနှမ်းအမျိုးသားဝတ်စုံများ သိပ်ပေါ်ပြူလာမဖြစ်၍တော်သေးသည်။ ဓာတ်ပုံအချို့ရိုက်ပြီးသွားသည့်အခါ ကျန်ချန်ကို နောက်တစ်စုံ ထပ်လဲဝတ်ဖို့ရန် ကုဖေး ပြောလိုက်သည်။

ထို့နောက် အခန်းအတွင်း၌ ကျန်ချန်ပစ်ထားသည့် သစ်သားကြယ်သီးများကိုနေရာတကျစားပွဲပေါ်မှာ သူ ပြန်တင်လိုက်၏။

သူ လေးခွနှင့်ပစ်ခံရသည့်အကြောင်းပြန်စဥ်းစား
မိလျှင်၊လက်မောင်းအား ခပ်ကြမ်းကြမ်းပွတ်သပ်
မိသည်။ကြယ်သီးနှင့်အပစ်ခံရသောကြောင့် အားအများကြီးမထည့်ထားလျှင်ပင် အညိုမည်းစွဲကျန်လောက်၏။သူ့ခန္ဓာကိုယ်ပေါ်မှာအမှတ်အသားကျန်အောင်တစ်စုံတစ်ဦးဆီမှအရိုက်မခံရတာဘယ်လောက်ကြာခဲ့ပြီလဲ...

ယခုတွင်,စာသင်နှစ်တစ်ဝက်သာရှိသေးပေမယ့်၊ ကျန်ချန်သည်သူ့အားရိုက်ရုံသာမကသူ့ကိုနောက်
မှလိုက်ဖမ်းပြီး လေးခွနှင့်တောင်ပစ်သေး၏။

ဘာပဲဖြစ်ဖြစ်........သူ အညောင်းဆန့်လိုက်၏။သူ့စိတ်အခြေအနေအရမ်းကောင်းမွန်နေသည်။

လီယန်နှင့်တင်းကျူးရှင်းတို့နှစ်ဦးတည်းသာသူ့ရဲ့မိသားစု၏အခြေအနေကို အသေးစိတ်သိတာဖြစ်
သည်။သူကိုယ်တိုင်လည်း ထိုအကြောင်းများအား
သူများကိုမပြောချင်ခဲ့​ေပ။ သူ့အတွက်တော့ အရာ
ရာမလွယ်ကူခဲ့ချေ။သူတစ်ပါးဆီမှ ရရှိလာမည့်စာ
နာမှုနှင့်နှစ်သိမ့်မှုနှင့်လည်းသူ နေသားမကျပေ။

ထိုအကြောင်းများကို သူ ကျန်ချန်ဆီပြောပြီးနောက် စိတ်လွတ်လပ်ပေါ့ပါးသွား၏။

ဘာကြောင့်လဲလို့သူ့ကိုမေးလာလျှင် သူ့တွင် အဖြေ
မရှိပေ။သူက ကျန်ချန်၏လျှိုဝှက်ချက်တွေကို သိခဲ့သောကြောင့် အပြန်အလှန်အနေဖြင့် သူ့အကြောင်းကိုပြောပြချင်ခဲ့တာလား.......

ဒါမှမဟုတ် သူကိုယ်တိုင်က ဒီအကြောင်းတွေကို သူစိမ်းတစ်ယောက်ဆီရင်ဖွင့်ချင်ခဲ့တာလား......

ကျန်ချန်ကစာနာမှုနှင့်သနားကြင်နာမှုများကိုသိသာစွာဖော်ပြလာခြင်းမရှိ​ေပ။ကျန်ချန်က နှစ်သိမ့်ပေးဖို့ကြိုးစားပေမယ့်၊သူ့နှစ်သိမ့်နိုင်စွမ်းကဆိုးလွန်းသည်။ ဒါပေမယ့်,ထိုမကောင်းမကန်းနှစ်သိမ့်မှုလေးကပင် သူ့ကို စိတ်လက်ပေါ့ပါးစေခဲ့၏။

သူ ကျန်ချန်ကိုနောက်ပြောင်ကျီစယ်ခဲ့တာ
မဟုတ်ဘူး။

အစောပိုင်း၌ သူတကယ်ဝမ်းနည်းခဲ့သည်။ကျန်ချန်ရဲ့ကလေးဆန်ဆန်နှစ်သိမ့်မှုကြောင့် သူမချုပ်တည်းနိုင်ပဲ ရယ်ခဲ့ခြင်းဖြစ်၏။

ကျန်ချန်ကအဝတ်အစား လဲပြီးနောက် အခန်းထဲ
သို့ပြန်ဝင်လာသည်။
"ဝတ်စုံတွေကလည်း သောက်ကျိုးနည်းချည်းပဲလား။"

ကုဖေး ရယ်လိုက်တယ်။
"မင်း ဝတ်စုံတိုင်းအတွက် ဒီစာသားကို
မေးလိမ့်မယ်လို့ ငါအာရုံရနေပြီ။ "

"တင်းကျူးရှင်းဆီမှာကိုယ်ပိုင် brandရှိတာလား။သူ့brandကို"သောက်ကျိုးနည်းအံ့သြဘ"ဆိုပြီးခေါ်
ရမယ်ထင်တယ်။"
ကျန်ချန်က လက်မောင်းကိုဆန့်ပြီး ဝတ်စုံကို ပြသလာသည်။
"ဒီတစ်ခေါက်ရော ဘယ်လို စိတ်ခံစားချက်ကို ကြိုးစားပြီး ပုံဖော်ရမှာလဲ။"

ဒီတစ်ခေါက်ဝတ်စုံကလည်း မိုးကာဖျင်ကြမ်းကုန်ကြမ်းပစ္စည်းနှင့် ချုပ်ထားသောဝတ်စုံပင် ဖြစ်၏။ ပွယောင်းယောင်း ဘောင်းဘီပေါ်တွင်
မရေမတွက်နိုင်သောအပြဲအကွဲများဖန်တီးထား
ပြီး၊ကျန်ချန်ရဲ့ခြေလှမ်းကျယ်ကျယ်လှမ်းလှမ်း၊
ပုံမှန်တိုင်းလှမ်းလှမ်း ခြေသလုံးသားလှစ်ခနဲ ပေါ်
လာတတ်သည်။

အပေါ်ဝတ်အင်္ကျီကသာမန်ဆိုပေမယ့်၊ အင်္ကျီ
လက်ဖျားမှာတပ်ဆင်ထားသည့်အလွှာအချပ်
များကလက်အိတ်သဖွယ်ဖြစ်၏။

ကုဖေးသည် ကင်မရာအားပြန်ကိုင်ပြီး မှန်ဘီလူး နောက်ကွယ်မှကြည့်လိုက်၏။
"ကြည့်လို့ကောင်းပါတယ်။ဝတ်စုံကလူငယ်
တစ်ယောက်ရဲ့ဂျွတ်ဆပ်ဆပ်နိုင်တဲ့အငွေ့
အသက်ဖုံးလွှမ်းနေတာ။"

"ကောင်းပြီ။"
ကျန်ချန်ကသူ့ကိုကျောပေးပြီးဓာတ်ပုံရိုက်မယ့်
နေရာဆီသို့လျှောက်သွားသည်။
"လူငယ်တစ်ယောက်ရဲ့ဂျွတ်ဆပ်ဆပ်နိုင်တဲ့
အငွေ့အသက်က ငါ့ဆီကလာတာလို့ဘာလို့
မပြောတာလဲ။"

ကျန်ချန် သူ့ကိုကျောပေးပြီး လှည့်ထွက်သွားချိန်အင်္ကျီရဲ့ကျောဘက်တွင်တမင်ခွဲထားသော အကွဲ
ကြောင်းများ၏တည်ရှိမှုကိုကုဖေးမြင်လိုက်ရ၏။
သူလမ်းလျှောက်သွားချိန်တိုင်း သူ့နောက်ကျောမှအချိုးအစားကျ၍လှပတဲ့နောက်ကျောကြွက်သားများအား မြင်နေရသည်။ ကုဖေး လည်ချောင်းရှင်းလိုက်၏။

သူ့၏ဝမ်းနည်းစရာကောင်းလှသောအတိတ်အကြောင်းပြောပြီးချိန်တွင် သူ့ဦးခေါင်းထဲ၌ တစ်ဖက်လူ၏ အချိုးအစားပြေပြစ်လှသည့် နောက်ကျောကြွက်သားများအားတွေး​ေန၏။
ရုတ်တရက်,သူ့ခန္ဓာကိုယ်ကပူလာ၏။

ကုဖေးသည် နောက်ပြန်လှည့်ပြီးကင်မရာအားကလိ
နေသလိုနှင့်အင်္ကျီကိုဆွဲခါလိုက်သည်။ယနေ့တွင် သူသည်မထူမပါးဆွယ်တာအင်္ကျီကိုဝတ်လာမိ၍ တော်သေး၏။သူ့ပုံစံကမထူးဆန်းနေတော့​ေပ။သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ်ဖို့အတွက်နှင့် ရေချိုးခန်းထဲမှာနောက်ထပ်ပုံးကွယ်ပြီးမနေချင်ပေ။

အချိုးအစား ပြေပြစ်လှပသောနောက်ကျော ကြွက်သားတွေကိုမိုးခိုသားဆိုပြီးတော့လည်း
ခေါ်သေးတယ်မလား....!

ကုဖေးသည်ကင်မရာကိုကိုင်ပြီးအရသာရှိတဲ့မိုးခိုသားများအကြောင်းကို ထပ်ကာထပ်ကာ
တွေးပြီး သူ့ရင်ထဲမှ တစ်ဖက်သူ၏အလှရသ
ကိုအပြည့်အဝခံစားနေတဲ့စိတ်အာသီသများလျော့နည်းသွားအောင်လုပ်လိုက်၏။

ကျန်ချန်၏လက်နှစ်ဖက်လုံးဘေးမှာချထားသည့်
ပုံရိပ်များကိုရိုက်ပြီးလျှင် သူပြောလိုက်တယ်။
"မင်းရဲ့လက်ကိုမြှောက်လိုက်။ လက်နှစ်ဖက်စလုံးမြှောက်ထား။ဟေး,လက်နက်ချပြီးအရှုံးပေးသလို
မလုပ်နဲ့။နေရောင်ကိုကာတဲ့ပုံစံလုပ်ရမှာ။"

"ငါ တစ်ခါမှ နေဒဏ် မကာဖူးဘူး။ "
ကျန်ချန်က ညာလက်ကိုမြှောက်လိုက်ပြီး နဖူး
ပေါ်မှာတင်လိုက်၏။
"ဒီလိုမျိုးကိုယ်နေဟန်ထားကို ချွေးသုတ်နေတာ
လို့ ပြောရတယ်။"

"အင်း,လက်တစ်ဖက်ကို နည်းနည်းလေး နိမ့်ပြီး
ကျန်တဲ့တစ်ဖက်ကိုမြင့်မြင့်မြှောက်ထား။မင်းရဲ့ မျက်လုံးတွေလည်း ဖော်ထား။"
ကုဖေး ဆက်ပြောလိုက်တယ်။
"ကောင်းနေပြီ....မလှုပ်နဲ့။ငါ မင်းအတွက် ပိုကြည့်ကောင်းစေမယ့် ရှုထောင့်ရှာနေလို့။"

ကျန်ချန်က မတ်တပ်ရပ်နေပေး၏။
"ခေါင်းမာပြီး တစ်ဇွတ်ထိုးဆန်တဲ့ ပုံစံမျိုးရိုက်
ချင်သေးလား။"

"အင်း, မင်း ငါ့ကို လေးခွနဲ့ပစ်တုန်းကလို မျက်လုံးအကြည့်နဲ့ ကင်မရာကိုကြည့်။ "
ကုဖေး နေရာအကွာအဝေးကိုချိန်လိုက်တယ်။ ကျန်ချန်မှာမထီမဲ့မြင်ပြုသောအရှိန်အဝါရှိပြီးဖြစ်၏။သူ့အရှိန်အဝါက ရက်စက်ကြမ်းတမ်းခြင်းမရှိ။ခန့်ထည်မှုကိုပေးစွမ်းပြီး၊တစ်ဆက်တည်းမှာတစ်ဇွတ်ထိုးဆန် အမူအယာလည်းပါနေ၏။ကုဖေးသည် လည်ချောင်းထပ်ရှင်းပြီး ကိုယ်ကိုကိုင်းညွှတ်၍ကင်မရာခလုတ်ကိုနှိပ်လိုက်သည်။

ကျန်ချန်က သူ့ကိုကြည့်လာသည်။
"ရိုက်လို့ပြီးပြီလား။"

"နည်းနည်းကျန်သေးတယ်။မင်းရဲ့နူတ်ခမ်းအထိ
ပဲပေါ်တဲ့ခန္ဓာကိုယ်အပြည့်ပုံရိုက်ချင်သေးတယ်။"

ကျန်ချန်က ခေါင်းညိတ်ပြသည်။
"အင်း။"

ကုဖေး ခြေလှမ်း နည်းနည်းနောက်ဆုတ်ပြီးကင်မရာ ခလုတ်ကိုနှိပ်လိုက်တယ်။
"မင်းမျက်နှာကိုဘေးနည်းနည်းစောင်းလိုက်။ ခန္ဓာကိုယ် မပါသွားစေနဲ့။"

ကျန်ချန်က သူပြောသည့်စကားအတိုင်းလိုက်လုပ်၏။

ဓာတ်ပုံတော်တော်များများ ရိုက်ပြီးသည့်အခါ
ကျန်ချန်သည်နောက်တစ်စုံလဲဖို့အတွက်အခန်း
အပြင်ထွက်သွား၏။အပူသက်သာစေရန်ဆွယ်
တာကို ကုဖေးဆွဲ၍ခါလိုက်တယ်။

မိုးခိုသား.....မိုးခိုသား...မိုးခိုသား....

ဒီနေ့ဝတ်ရမည့် ဝတ်စုံအရေအတွက်က မနေ့က
နှင့်အတူတူဖြစ်၏။သူတို့တွေကရန်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် လျှို့ဝှက်ချက် ဖလှယ်
ရန် အချိန်အချို့ဖြုန်းခဲ့သည့်တိုင်အောင်ကျန်ချန်ကမော်ဒယ်ပိုင်းတွင်အရည်အချင်းရှိလာ၍ ဒီနေ့အတွက်ဓာတ်ပုံရိုက်ရမည့်တာဝန်ဟာစောစီးစွာပြီး
စီးသွားခဲ့သည်။

........

ကုဖေးကကားလေးကိုမောင်းပြီး အနီးနားရှိစားလို့ကောင်းသောခေါက်ဆွဲစွတ်ပြုတ်ဆိုင် တစ်ဆိုင်သို့ သူ့ကိုခေါ်သွား၏။

သူတို့စားသောက်ပြီးပြန်လာသည့်လမ်းမှာ
ကုဖေးက မမေ့မလျော့သတိပေးလာသည်။
"သြော်,ငါ့အတွက်အပြစ်သုံးသပ်စာရေးဖို့
မမေ့နဲ့ဦး။"

"ဘာ?။"
ကျန်ချန် သူ့ခေါင်းနောက်စေ့ကိုကြည့်လိုက်တယ်။
"ငါ မင်းအတွက်ရေးပေးမယ်လို့ ဘယ်တုန်း
က သဘောတူလိုက်တာလဲ။"

"အပြစ်သုံးသပ်စာကရေးဖို့အချိန်အများကြီး ယူ
ရတာမှမဟုတ်တာ။အဲ့စာကိုစင်ပေါ်တက်ပြီး ဖတ်ပြတာမှအချိန်ပိုကြာသေးတယ်။မင်းတစ်ခါမှတစ်ကျောင်းလုံးအရှေ့မှာအပြစ်သုံးသပ်စာမဖတ်ပြဖူးဘူးမလား။"

ကျန်ချန် သက်ပြင်းချလိုက်တယ်။
"အဲ့ဒါတင်မဟုတ်ဘူး။တစ်ပတ်တိတိအိမ်သာ
သန့်ရှင်းရေးလည်း မလုပ်ဖူးဘူး။"

"အိပ်သာသန်ရှင်းရေးက ဟိုနားဒီနား နည်းနည်းပါးပါးသန့်ရှင်းလိုက်ရင်ရပြီ။အိမ်သာတွေက သန့်ရှင်းရေးလုပ်ပြီးသား။"
ကုဖေးက ဆက်မေးလာသည်။
"မင်း တံမြက်စည်းရောလှဲတတ်ရဲ့လား။"

ကျန်ချန် ဆွံ့အသွား၏။
"မင်း ငါ့ကိုချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ ပျက်စီးနေတဲ့ သခင်လေးလို့ထင်နေလား။ငါ့မိသားစု.....ငါ့မွေးစားမိသား
စုကပုံမှန်မိသားစုရဲ့ ပျှမ်းမျှဝင်ငွေထက်နည်းနည်းပိုကောင်းတယ်ဆိုရုံပဲ။ ပြီးကျ,ငါ အပါအဝင် မိသားစုဝင်လေးဦး။မင်းက ငါတို့အိမ်မှာ အိမ်သန့်ရှင်းရေးရှိတယ်လို့ထင်နေတာလား။ "

"မင်း သူတို့နဲ့ အဆက်အသွယ်ရှိသေးလား။"

"မရှိဘူး။"
ကျန်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့အသုံးအဆောင်တွေကို ဒီမြို့ကိုပို့လိုက်
တဲ့အချိန်ကတည်းကငါတို့အဆက်အသွယ်
မရှိတော့တာ။ အဆက်အသွယ် ရှိရင်လည်း
ဘာအကြောင်းပြောရမှာလဲ။ဒီ အမှိုက်ပုံလို
နေရာမျိုးမှာနေထိုင်ရတာ ငါ့အတွက်ဘယ်
လောက်ခက်ခဲတဲ့အကြောင်းလား။"

ကုဖေးက ရယ်လာသည်။
"ဒီမြို့မှာနေရတာ ခက်ခဲလား။"

"အမှန်တိုင်းပြောရရင် သိပ်မခက်ဘူး။အစက,
ဒီမြို့မှာတစ်စက္ကန့်တောင် မနေနိုင်လောက်ဘူး
ထင်တာ။ နောက်ကျ, လီပေါင်ကော် ကြောင့်မို့
လမ်းလယ်ပေါ်မှာရန်ဖြစ်လိုက်သေးတယ်။ဘာအတွက်လဲ?။ဘာတွေဖြစ်ဖြစ်ငါ့ကိုဂရုစိုက်မယ့်
လူလည်းမရှိဘူး။အခုဆိုရင်, ငါကတစ်ယောက်
တည်းနေရသလောက်ပဲ။"

ကျန်ချန်စကားပြောတာကိုရပ်ပြီး အပြင်ကိုကြည့်လိုက်တယ်။
"မင်းကိုမထင်မှတ်ပဲသိခွင့်ရတာ ငါ့အတွက်တော်တော်ကံကောင်းနေပြီ။"

ကုဖေးက နောက်ခန်းသို့ခေါင်းလှည့်လာသည်။

"အာ,မင်းတို့အားလုံးကိုသိခွင့်ရတာလို့ ပြောတာ။
ကုမြောင်၊ဝမ်ကျိုရစ်၊"
ကျန်ချန် မြန်မြန်ဖြည့်ပြောလိုက်တယ်။
"လောင်ရွှိလည်းအရမ်းသဘောကောင်းတယ်။
ပြီးတော့, လောင်လုရောပဲ။"

ကုဖေးက သူ့စကားကိုကြားလျှင်ရယ်လာသည်။
"မင်းလိုလူမျိုးကို တွေ့ဆုံရလိမ့်မယ်လို့၊
ငါဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။မင်းက
ငါ့သူငယ်ချင်းတွေ၊ငါ့အတန်းဖော်တွေနဲ့
လုံးဝကွဲပြားတယ်။"

"တကယ်?။"
ကျန်ချန်လည်း ထိုအချက်ကိုတွေးမိသည်။
"ငါ့ရုပ်ရည်က မင်းထက် ပိုကြည့်ကောင်းတယ်, ဟုတ်တယ်မလား။"

"ငါက ဒီမြို့မှာပဲ မွေးပြီးကြီးပြင်းလာခဲ့တာ။"
ကုဖေးက လက်တစ်ဖက်မြှောက်ပြီး စက်ဝိုင်း
ပုံစံတစ်ခုကိုရေးဆွဲပြလာသည်။
"အထက်တန်းကျောင်းသားအရွယ်မရောက်ခင်ထိ
ငါဒီမြို့ကနေမထွက်သွားခဲ့ဘူး။တစ်ယောက်တည်း
လည်း ခရီးမသွားဖူးဘူး။ ငါ့ဆွေမျိုးသားချင်းတွေအားလုံးကဒီမြို့မှာနေတာဆိုတော့သူတို့ဆီအလည်
အပတ်သွားတာမျိုးလုပ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။"

"အထက်တန်းကျောင်းသားအရွယ်မတိုင်ခင်အထိ
ဒီမြို့ကနေမထွက်သွားဖူးဘူးလား။"
ကျန်ချန် အံ့သြသွားသည်။ ၎င်းကို ထူးဆန်းတယ်လို့သူမထင်ပါချေ။ဝမ်ရွှိတို့ ၊ကျိုးကျင့် တို့လည်း ထွက်သွားမှာမဟုတ်ဘူး။ သို့သော်ကုဖေး၏အကျင့်စရိုက်အရဆိုလျှင် ယခုကဲ့သို့ ​ပျက်စီးယိုယွင်းနေသည့် မြို့လေးမှာ သူ့ကို ပိတ်လှောင်ထားဖို့မဖြစ်နိုင်ချေ။

"အင်း,ငါ အထက်တန်းကျောင်းသားအရွယ်
ရောက်တော့၊မကြာခဏအတန်းလစ်ပြီးအနီး
အနားတစ်ဝိုက် ခရီးထွက်တယ်။ ဒါပေမယ့်,
ငါ့မှာပိုက်ဆံအလုံအလောက် မရှိလို့ ခရီးဝေး
သွားလို့ မရဘူး။ပြီးတော့ ငါအဝေးကြီးထွက်
သွားလို့ မရဘူး။ ငါ ဝေးဝေးလံလံ သွားတယ်
ဆိုရင်တောင်အများစုကဓာတ်ပုံသွားရိုက်ဖို့ပဲ။
အိုး,ငါ starbunksကို တစ်ခါရောက်ဖူးတယ်။
ဒါပေမယ့်,ဆိုင်ထဲကိုရောက်တော့ ဘယ်လိုမှာ
ရမှန်းမသိဘူး။"

ကျန်ချန်သည် သူ့ပေါင်သူရိုက်ပြီးသဘောတကျ
ရယ်လိုက်၏။
"ငါ starbunks ကို တစ်ခါမှမရောက်ဖူးဘူး။
အခုရော ဘယ်လိုမှာရမလဲသိသွားပြီလား။"

"အင်း သိသွားပြီ။"
ကုဖေးက ရယ်ပြီး နောက်သို့ ခေါင်းလှည့်လာသည်။
"ငါတို့ အတူတူသွားဖို့ အခွင့်အရေးရလာတဲ့ တစ်နေ့ကျ ငါ မင်းကို သက်သေပြမယ်။"

"ကောင်းပြီ။"
ကျန်ချန် သူ့ကို လေးလေးနက်နက် ခေါင်း
ညိတ်လိုက်တယ်။

နှစ်ယောက်သားရယ်မောပြီးနောက်ကျန်ချန်
သူ့ကိုမေးကြည့်လိုက်တယ်။
"မင်းမှာ ဒီမြို့ကထွက်သွားချင်တဲ့အတွေးရှိလား။"

"ရှိတယ်။ဒါပေမယ့်,မဖြစ်နိုင်ဘူး။"

"အိုး!"
တစ်ခုခုကိုဆုံးရှုံးလိုက်ရသည့်နှယ်ပျက်သုဥ်းနေသောကုဖေး၏အသံကြောင့် သူစိတ်ဓာတ်ကျပြီး ဝမ်းနည်းသွား၏။

ကုဖေးက ဆက်ပြောလာသည်။
"အနာဂတ်မှာတော့ အခွင့်အရေးရှိလာမှာပါ။
ကုမြောင် နည်းနည်းအရွယ်ရောက်ခဲ့ရင်ပေါ့။လတ်တလောတော့သူကအရမ်းခေါင်းမာပြီး၊အပြောင်းအလဲတွေကိုလက်ခံနိုင်စွမ်းမရှိဘူး။
အချိန်တွေကြာသွားလည်းသူ့အတွေးတွေကို
နားမလည်နိုင်သေးဘူး။ သူ့ကို အင်္ကျီအသစ်၊
ဦးထုပ်အသစ်တွေ လက်ဆောင်ပေးရင် ပျော်
လိမ့်မယ်။ဒါပေမယ့်,သူအမြဲခြုံပြီးအိပ်နေကြ
ဂွမ်းကပ်စောင်ကိုအသစ်လဲပေးလိုက်ရင်၊ သူ
ရူးသွပ်သွားပြီး ဂွမ်းကပ်စောင်ကို အပိုင်းပိုင်း
ဆုတ်ဖြဲလိမ့်မယ်။သူ့စကိတ်ကိုလည်းသွားထိ
လို့မရဘူး။သူကညအိပ်ရင်တောင်စကိတ်ကို
ပိုက်ပြီးအိပ်တာ။စကိတ်ဘီးလုံးတွေမကောင်းရင်တောင် ဘီးလုံးပဲအသစ်လဲပေး။မင်းသူ့ကို
စကိတ်အသစ်ဝယ်ပေးရင် သူကစကိတ်ကျိူး
သွားတဲ့အထိ မြေကြီးပေါ်မှာ ရိုက်ခွဲလိမ့်မယ်။
သူဘာကိုလက်ခံနိုင်စွမ်းရှိ,မရှိ ငါသေချာမသိ
ဘူး။အခုပဲကြည့်,.....သူက လီယန်နဲ့တခြားလူ
တွေကိုသိတာကြာပေမယ့်၊ တကယ်တမ်းကျ
သူက သူတို့ အသိအမှတ်မပြုဘူး။ဒါပေမယ့်,
မင်းကို တစ်ကြိမ်တည်းတွေ့ဖူးတာတောင်၊
သူအရမ်းသဘောကျနေတာ။"

"ဒါကြောင့်....မင်းညီမလေးကို ငါနဲ့အတူရှိတယ်လို့ပြောတဲ့အချိန်တုန်းက မင်း မယုံတာလား။"

"အင်း,သူက သူစိမ်းနဲ့နီးနီးကပ်ကပ်မနေဘူး။"
ကုဖေးက ပြုံးလိုက်သည်။
"တကယ်တော့,ငါ သူ့ကို စကိတ်စိီးရမဲ့နေရာတွေ
ကိုကန့်ပေးထားပေမဲ့၊ သူက ခေါင်းမာနေတုန်းပဲ။
သူရထားဘူတာရုံကိုရောက်သွားရင်တောင် လမ်းပျောက်စရာအကြောင်းမရှိဘူး။ အိမ်ပြန်လမ်းကိုကောင်းကောင်းမှတ်မိတယ်။ ပြီးတော့,အဲ့အချိန်
တုန်းကမင်းအသံကလည်းတကယ်လူလိမ်အသံ
နဲ့တူတယ်။"

"ငါ့အထင် ,မင်းကမှ စိတ်ဝေဒနာရှင်ပဲ။ "
ကျန်ချန် သူ့ကိုသရော်လိုက်သော်လည်း ကုဖေး
၏အသံထဲမှကူကယ်ရာမဲ့မှုကိုခံစားမိသည်။
"သူက အခုလိုမျိုးဖြစ်နေတာ၊မင်းတို့က သူနဲ့
ဘယ်လိုဆက်သွယ်ကြတာလဲ။"

"သူရဲ့သိသာထင်ရှားတဲ့ လက္ခဏာအပြောင်း
အလဲကိုမသိသေးခင်က ငါတို့အတွက်ခက်ခဲ
ခဲ့တယ်။ငါတို့လည်း ဖြည်းဖြည်းချင်း အချိန်
ယူခဲ့ရတယ်။နှစ်နည်းနည်းလောက်ကြာတော့
အဲ့ဒါကအလုပ်ဖြစ်လာခဲ့တယ်။သူကစကိတ်
ကိုကျွမ်းကျွမ်းကျင်ကျင်စီးနိုင်တာမြင်တယ်
မလား။ ဒါပေမယ့်,သူကအပေါင်းအနှုတ်ကျ
နားမလည်ဘူး။ တစ်ခါတစ်လေ,၁၀ အောက်
ကကိန်းဂဏန်းတွေကိုတောင်မှားတယ်။"

"အာ,"
ကျန်ချန် စီးကရက်ကိုထုတ်ပြီးမီးညှိလိုက်၏။
"ငါလည်း သူ့ကို တကယ်သဘောကျတယ်။သူ့ကိုထူးဆန်းတယ်လို့မထင်ဘူး။ ပြီးတော့, တော်တော်လေး ချောတယ်။"

"သူက ငါ့ထက်ပိုပြီးချောနိုင်မှာလား။"

ကျန်ချန် ရယ်လိုက်တယ်။
"အရှက်ရှိစမ်းပါ။ မင်းကိုယ်မင်း မင်းရဲ့ ညီမနဲ့
ယှဉ်ရဲသေးတယ်။မင်းလိုလူမျိုးဘယ်မှာရှိလဲ။"

ကုဖေးက အရှက်မရှိပြန်ချေပလာသည်။
"ငါကဘာလို့မနှိုင်းယှဥ်ရမှာလဲ။ငါ့ကိုယ်ငါ အရမ်းချောတယ်လို့ ထင်တယ်။"

"ဟုတ်တယ်,ဟုတ်တယ်။ မင်းက *ထင်ပေါ်ကျော်ကြားတဲ့ အချောလေး*။"
ကျန်ချန်သည်လက်မကိုဆန့်ပြီး ကုဖေး၏မျက်နှာကို
ဟိုဖက်ဒီဖက်ဖိကပ်လိုက်၏။
"မင်းက အချောဆုံးပါပဲ။"

"ကျေးဇူး။"

"မလိုဘူး။"
ကျန်ချန် လက်ကိုချပြီးပြန်ရုတ်လိုက်သည်။

............

သူ လီပေါင်ကော်အိမ်ပြန်ရောက်ချိန်တွင် အိမ်ထဲ
တွင်ခွေးတစ်ကောင်ကြောင်တစ်မြီးမျှမရှိချေ။ဤသည်မှာ,သူ့အတွက်ပိုကောင်းကြောင်းတွေးလိုက်
၏။ လီပေါင်ကောနှင့်သူ တစ်အိမ်တည်းမှာအတူ
မနေချင်။သူစိတ်ကူးသည်မထူးဆန်းချေ။

မနက်အစောတုန်းကတွေ့ခဲ့သည့်အမျိုးသမီး အကြောင်းကို ကျန်ချန်ပြန်စဥ်းစားကြည့်၏။
သူ့ရဲ့ သွေးသားတော်စပ်တဲ့အမေဆိုသောသူ
၏အကြောင်းနှင့်၊သူမရဲ့နာမည်ကိုမေးခွင့်ပင်
မရလိုက်ချေ။ထို့ပြင် သူမက သူ့ကို ထိုကဲ့သို့
မေးခွန်းမေးဖို့အခွင့်အရေးလည်းမပေးခဲ့ဘူး။

သူမကကျောင်းသို့ထပ်ရောက်လာပြီး၊သူ့ကို တားဦးမလားဆိုတာ သူသိချင်မိသော်လည်း ထိုအတွေးနှင့်တင် သူ့ကိုကြောက်လန့်အောင် လုပ်ဖို့လုံလောက်နေပြီဖြစ်သည်။ ထို့ကြောင့်, သူမကိုရှောင်ဖို့နောက်ရက်တွင် ကျောင်းဂိတ်မှမသွားပဲအုတ်တံတိုင်းကျော်တက်ဖို့ဆုံးဖြတ်ထား၏။

ကျန်ချန်က အိပ်ခန်းသို့ဝင်ပြီး၊စာကြည့်စားပွဲမှာထိုင်၍ assignment ရေးဖို့ပြင်လိုက်သည်။

စီကျုံးကျောင်းမှပေးတဲ့အိမ်စာများသည်သိပ်
မများသောကြောင့် သူ အချိန်အကြာကြီးမယူ
လိုက်ရချေ။ ထို့အပြင် ,ဆရာ ၊ ဆရာမများက assignmentနှင့်ပတ်သတ်ပြီးအရေးတယူစစ်
ဆေးတာမရှိသည့်အပြင်၊အတန်းထဲတွင်လည်း သင်ခန်းစာနှင့်ပတ်သတ်တဲ့အချက်အလက်များဆွေးနွေးခြင်းလည်း မရှိပေ။

သူ assignmentလုပ်ပြီး၊စာသင်နှစ်အတွက်အသုံးပြုရမည့်သင်ထောက်ကူများကို သူ့ဆီ
ပို့ပေးဖို့ရန် ဖန်းကျိဆီမက်ဆေ့ချ်တစ်စောင်ပို့
လိုက်တယ်။စာမေးပွဲမတိုင်ခင် သူအားလုံးကို ကြိုတင်ဝယ်ထားဖို့လိုအပ်၏။

-မင်းဆီပစ္စည်းအားလုံးပို့လိုက်မယ် ,အဖိုး။
ဒီတစ်ခေါက်လည်း စီကျုံးမှာအမှတ်အမြင့်
ဆုံးရအောင်လုပ်မှာမလား။

-ဒီလောက်က ငါ့အတွက် ပြသာနာမရှိဘူး။

-ငါ့အဖိုးက ငါမျော်လင့်ထားတဲ့အတိုင်းပဲ ။
အဲ့လို ယုံကြည်ချက်မျိုးကို အရမ်းကြိုက်။

စာမေးပွဲရလဒ်များအားကျန်ချန်မစိုးရိမ်နေပေ။
သင်ခန်းစာနှင့်ပတ်သတ်ပြီးသူဘယ်လောက်နား
လည်လဲ။သူဘယ်လောက်ကြိုးကြိုးစားစားလုပ်
သင့်လဲဆိုသည့်အချက်ကိုသာ သူဂရုစိုက်တယ်။ အမှတ်အကြောင်းပြောလျှင် အမှတ်မြင့်လေ၊သူ့အတွက်ပိုကောင်း၏။တစ်ချို့ကသူ့၏ရွှယ်ပါ့ဆို
တဲ့သတ်မှတ်ချက်ကိုစနောက်ကျီစယ်ချင်လျှက်ရှိ၏။ အမြင့်ဆုံးရမှတ်များသည် သူတို့ အားလုံး
၏ပါးစပ်များကိုပိတ်သွားစေလိမ့်မည်။

သူသည် assignmentများကိုသိမ်းဆည်းပြီးနောက် သင်ခန်းစာတွေကို ပြန်နွှေးဖို့ပြင်လိုက်၏။

ကျောင်းစာအုပ်ကိုဖွင့်ပြီး၊မှတ်စုကိုလှန်လှော
၍သူ့သရုပ်ဖျော်ဖြေမှုကိုစတင်လိုက်သည်။

"အခုဆို,ကျွန်တော်တို့ရဲ့ ရွှယ်ပါ့ ဖြစ်တဲ့ ကျောင်း
သားကျန်ချန်ကအင်္ဂလိပ်ဘာသာရပ်ကစပြီး၊သင်
ခန်းစာတွေကို ပြန်လေ့ကျင့်တော့မှာ ဖြစ်ပါတယ်။
သူကလေ့ကျင့်မှုတွေကိုအမြဲအစီအစဉ်တကျလုပ်
ဆောင်နေကြပါ *အရာအားလုံးသူ့လက်ဖဝါးထဲမှာ ရှိနေသလိုမျိုး * ခက်ခဲတဲ့ဘာသာရပ်ကို ရှင်းလင်းလွယ်ကူတဲ့အထိကြိုးကြိုးစားစားကျက်မှတ်တော့မယ်။သူ့ဦးနှောက်လိုင်းတွေ အလုပ်လုပ်နိုင်စွမ်းကို သိရအောင်,ကျွန်တော်တို့အားလုံး အသံတိတ်
တိတ်နေပေးလိုက်ကြမလား။"

ထိုညတွင် ကျန်ချန်သည် ညအိပ်ရာမဝင်ခင် မနက်၁နာရီအထိ သင်ခန်းစာတွေကိုပြန်နွှေး
ခဲ့သည်။မနက် အိပ်ယာနိုးလာတဲ့တိုင်အောင်
လန်းလန်း ဆန်းဆန်းဖြစ်နေ၏။ ယခုလိုမျိုး, စာမလေ့လာဖြစ်သည်မှာ သူ့အတွက်အချိန်တော်တော်ကြာသွားခဲ့တာကြောင့်ဖြစ်နိုင်ပါ
သည်။လက်ရှိတွင်,သူ့၏စည်းချက်ဝါးချက်
ညီသည့်ကိုယ်ပိုင်ဘဝသို့သူပြန်လည်ရောက်
ရှိလာသကဲ့သို့ခံစားရသည်။

သူလမ်းထိပ်ရောက်လျှင်၊ ကုဖေးတို့ စတိုးဆိုင်
သို့လှမ်းကြည့််လိုက်ပေမယ့်ကုဖေးကို မတွေ့ရ
ချေ။ယခုအချိန်ဆို ကုဖေးလည်း ကျောင်းသို့
ရောက်နေလောက်၏။

သူ့အမေရင်းသည် သူ့ကိုတားဆီးဖို့ ကျောင်းဂိတ်ပေါက်ရှေ့ ထပ်မရောက်လာတော့သည့်အခါကျမှ ကျန်ချန် စိတ်ပေါ့သွားသည်။အချိန်တစ်ခုသီးသန့်
ရှာပြီး၊ထိုအကြောင်း လီပေါင်ကော်ကိုမေးဖို့လို၏။ဤပြသာနာကိုမြန်မြန်ဖြေရှင်းထားသင့်သည်။ နေ့တိုင်း အဖျား မှာ ရပ်နေရသလိုမျိုး ကြောက်လန့်ပြီး နေရသည့်ခံစားချက်က သေချာပေါက် သူ့ကို ဆံပင်မွှေးတွေကျွတ်စေပြီး ကတုံးဖြစ်စေလိမ့်မည်။

သူကအရမ်းချောတယ်ဆိုရင်တောင် ကတုံးပြောင်ပြောင်ကြီးနှင့် မနေနိုင်ချေ။

ကုဖေးကပထမအတန်းချိန်မတက်ပဲ၊ ဒုတိယအချိန်ဖြစ်တဲ့သင်္ချာချိန်တွင်အနောက်တံခါးမှအတန်းထဲသို့ခိုးဝင်လာ၏။ သူ ရောက်လာတဲ့အချိန်တွင် ကျန်ချန်
သည်သင်ခန်းစာနားထောင်ရင်းအပြစ်သုံးသပ်စာကိုရေးနေခဲ့သည်။

ကုဖေးက သူ့ဘေးထိုင်ခုံမှာ ဝင်ထိုင်ချိန်တွင်
ကျန်ချန်သူ့ကိုလှည်ကြည့်လိုက်တယ်။သူတို့
နှစ်ဦးကြားရှိနားလည်ရခက်သောရင်းနှီးမှုကို
သူ ရုတ်တရက်စဥ်းစားမိသည်။

သူတို့နှစ်ယောက်ကအခြားလူတွေထက်ပိုပြီး
အပြန်အလှန် ရင်းနှီးသည့်ဆက်ဆံရေးရှိတာ
ကြောင့်လည်း ဖြစ်နိုင်သည်။သူတို့က အခြား
လူထက်ပိုပြီး တစ်ယောက်၏လျှို့ဝှက်ချက်
တစ်ယောက်သိနေ၍ ဒါမှမဟုတ်....

'မင်းကို မထင်မှတ်ပဲတွေ့ဆုံခွင့်ရခဲ့တာကကံကောင်းမှုတစ်ရပ်ဖြစ်နေပြီ" ဆိုသည့် ခံစားချက်မျိုးသူတို့နှစ်ဦးလုံးဆီမှာရှိနေခဲ့ခြင်းကြောင့်လား.....

ကုဖေးက စကားပြောလာ၏။
"နေ့လည်ခင်းကစားပွဲက ခက်ခဲလိမ့်မယ်။
တန်းခွဲ၇ကလူတွေ ပြင်ပအကူအညီယူနေ
တာကို ငါမြင်ခဲ့တယ်။"

ကျန်ချန် ဆွံ့အသွားတယ်။
"သူတို့ကတကယ်ပြင်ပအကူအညီယူရဲတယ်လား။အရှက်မရှိဘူးလို့ မထင်ဘူးလား။"

"သူတို့ထဲကနှစ်ယောက်ကိုငါသိတယ်။ အရင်က
သူတို့နဲ့ကစားဖူးတယ်။သူတို့ကလက်သီးပုန်းထိုး
ပြီးကစားလို့ ငါတို့ဂရုစိုက်ဖို့လိုတယ်။"
ကုဖေးက ထပ်ပြောလာသည်။
"ဝမ်ကျိုရစ်နဲ့ တခြားလူတွေကို နေ့လည်ကျတခြားကွင်းမှာအစမ်းလေ့ကျင့်ဖို့ပြောလိုက်မယ်။"

"အင်း။ဒိုင်လူကြီးက ဒီကိစ္စကို ဂရုမစိုက်ဘူး
လား။"

"သိပ်တော့မသေချာဘူး။ ဒါပေမယ့် ကစားပွဲက
စိတ်လှုပ်ရှားကောင်းတဲ့ကစားပွဲဖြစ်လာလိမ့်မယ်။"

"ဒါဆို, ငါတို့...."
ကျန်ချန် စကားဆုံးအောင် မပြောရသေးခင်
စင်မြင့်ထက်မှဆရာကသူ့စကားကိုဖြတ်ပြော
လာ၏။

ဆရာကမရွှင်ပြတဲ့မျက်နှာအမူအရာနှင့်သူ့ကိုကြည့်လာသည်။
"ကျန်ချန်, မင်းက စကားပြောရတာ အတော်သဘောကျတယ်ထင်တယ်။ဘာလို့ရှေ့ထွက်
ပြီး ဒီပုစ္ဆာကိုမရှင်းတာလဲ။"

သင်္ချာဆရာသည်မကြာခဏကျောင်းသားတွေကိုအတန်းရှေ့ထွက်ခိုင်းပြီး ပုစ္ဆာရှင်းခိုင်းလေ့ရှိသောကြောင့်၊ သူ့အချိန်ဆိုလျှင် လူတိုင်းက တိတ်ဆိတ်
နေတတ်သည်။ဘယ်သူက ,အရူးလိုမျိုးအတန်းရှေ့မှာ မြေဖြူတစ်ချောင်းနှင့် မတ်တတ်ရပ် ပြီး အဆူ
ခံမယ့် အလုပ်မျိုးကို လုပ်ချင်မှာလဲ။

သူမတ်တပ်ထရပ်ပြီးစင်မြင့်ဆီသို့ လျှောက်သွား
နေရင်း ပုစ္ဆာ ကို သေချာကြည့်လိုက်၏။

.........

ကျန်ချန်ရဲ့စားပွဲခုံကို ကုဖေးလှမ်းကြည့်လိုက်သည်။သူ့စားပွဲပေါ်မှာရေးလက်စအပြစ်သုံးသပ်စာစာရွက်မှလွဲ၍တခြားစာအုပ်တွေကိုဖွင့်ထားခြင်း မရှိပေ။

ရွှယ်ပါ့အရည်အချင်းတွေကို ထုတ်ပြမယ့်အချိန် ရောက်ပြီ!!

ကျန်ချန်က အတန်းရှေ့ကိုရောက်သည့်အခါ
မြေဖြူကို နှစ်ပိုင်းချိုးပြီး ကျောက်သင်ပုန်းမှ
ပုစ္ဆာကို သေချာကြည့်သည်။

ဆရာက လက်နှစ်ဖက်ကိုပိုက်၍ သူ့ကိုကြည့်
နေ၏။
"ဘာလဲ။မင်းစဥ်းစားလို့ရအောင်ပထမအချိန်
ဖြစ်တဲ့လှုမှုရေးအချိန်ကို အစားပြန်ခေါ်ပေးရ
မလား။ ဒီလောက်မေးခွန်းလေးကိုတောင် နား
မလည်ဘူးလား။"

"လှုမှုရေးကနောက်ဆုံး အချိန်မှ။"
ကျန်ချန် ပြန်ဖြေလိုက်လျှင် တစ်တန်းလုံးက
အသံတိုးတိုးနှင့်ရယ်ကြ၏။

ဆရာကဒေါသထွက်နေသော်လည်း ကျန်ချန်က
ပုစ္ဆာကိုစတွက်နေပြီဖြစ်သည်။

ဒါပေါ့,ကုဖေးကဲ့သို့ရွှယ်ကျားက ဘာမေးခွန်း မေးမေးဖြေတတ်မှာမဟုတ်၊ ဘာတွေလုပ်ဖို့ လိုအပ်လဲ
သိမှာမဟုတ်ဘူး။ကျောက်သင်ပုန်းတစ်ဖက်ခြမ်းမှာအကြမ်းဖျင်းမှတ်စုများချရေးပြီး ပုစ္ဆာတွက်နေသည့် ကျန်ချန်ကို သူ ငေးကြည့်မိသည်။မိနစ်နည်းနည်းကြာပြီးနောက် ,သူက ထိုပုစ္ဆာကိုတွက်ပြီးသွား၏။သူကတစ်ဖက်သို့ ပြန်လှည့်မလာခင်ကျောက်သင်ပုန်းရဲ့ဘေးမှမှတ်စုအကြမ်းကိုပြောင်စင်အောင်ဖြတ်လိုက်ပြီး စင်မြင့်မှပြန်ဆင်းလာခဲ့သည်။

ကျန်ချန်ရဲ့လက်ရေးကဖောင်တိန်ဘောပင်နှင့် ရေးထားတဲ့လက်ရေးထက်ပိုဆိုး၏။ အကြည့်
တစ်ချက်နှင့်သူ့လက်ရေးက ဖွတ်မှန်း လူတိုင်း
သိသည်။ သို့သော်, သင်္ချာဆရာ၏ အမူအရာ
ကြောင့် ကျန်ချန်၏အဖြေက လုံးဝမှန်ကန်နေ
တယ်ဆိုတာကို သူပြောနိုင်၏။

သင်္ချာဆရာက ပြောလိုက်၏။
"မင်း လက်ရေးကို လေ့ကျင့်သင့်တယ်။ "

"ဒီလက်ရေးကကျွန်တော်လေ့ကျင့်ထားတာ"

ကျန်ချန်၏အဖြေကိုကြားလျှင်တစ်တန်းလုံးဝေါခနဲရယ်ကြသည်။ဆရာကလည်းခဏမျှ မှင်သက်သွားပြီး စားပွဲကိုခေါက်လိုက်၏။
"တိတ်တိတ်နေစမ်း!မင်းတို့လည်း အတန်းရှေ့ထွက်ပြီးနောက်ထပ်ပုစ္ဆာတွေတွက်ချင်နေတာလား။"

ကုဖေးသည် ခေါင်းငုံ့ပြီး Craz3 ဂိမ်းကို ကစားရင်း ပြောလိုက်၏။
"မင်းကအပြစ်သုံးသပ်စာရေးနေတာဆိုတော့ ဒီပုစ္ဆာကိုမတွက်နိုင်လောက်ဖူးထင်နေတာ။ "

"ငါ တစ်ချိန်လုံး အဲ့ကလေးဂိမ်းကို ကစားနေရင်တောင် ဒီပုစ္ဆာလောက်ကိုအေးဆေးအဖြေ
ထုတ်နိုင်တယ်။"

ကုဖေး ရယ်လိုက်တယ်။
"မင်း အရှက်မရှိချက်ကလည်း ငါ့ထက် မနိမ့်ပါဘူး။"
........

ကနဦး၌နေ့လည်ပြိုင်ပွဲအတွက်သွေးပူအောင်လေ့
ကျင့်ချင်သော်လည်းကျောင်းစည်းကမ်းထိန်းသိမ်းရေးမှလူများကသူတို့ကိုတံခါးဝမှာ တားဆီးလာသည်။

ထို့ကြောင့်,လူတိုင်းက အိမ်သာ သန်ရှင်းရေးကို
အရင်လုပ်ရတော့၏။

သူတို့ရန်ပွဲကြောင့်ပြစ်ဒဏ်ပေးခံရခြင်းသည် ဝန်ထမ်းအိမ်သာများကိုသန့်ရှင်းရေးလုပ်ခြင်း
ဆိုလျှင် အပြစ်ဒဏ် ပြင်းထန်ကြောင်းပြော၍
မရပေ။သို့သော်,ကျန်ချန်နှင့် တန်းခွဲ၅မှလူက အသက်ရှုဖို့တောင်မလွယ်ကူတဲ့ကျောင်းသားအိမ်သာတွေကိုသန်ရှင်းရေးလုပ်ရမှာဖြစ်၏။

ပုံမှန်ဆိုလျှင်၊သူအိမ်သာဝင်သည့်အခါတိုင်း
အိမ်သာ အနံ့အသက်မကောင်းသောကြောင့်
ရှုးပေါက်ပြီးမြန်မြန်ပြန်ထွက်၏။ယနေ့တွင်,
အိမ်သာအနံ့အသက်ကိုကောင်းကောင်းကြီး
သူတွေ့ကြုံခံစားလိုက်ရသည်။

ယောကျာ်းလေးများသည်ဆီးခွက်ထဲမှာရှုးရှုး
ပန်းချခြင်းမှာပုံမှန်ဖြစ်သည်။ဒါပေမယ့်သူက ဆီးသွားသည့်အခါတိုင်း ရှုးရှုးအပြင်လျှံမကျ
အောင်ဆီးခွက်အတွင်းဝင်အောင်ရှုးပေါက်တဲ့
အကျင့်ရှိသည်။သူကျောင်းအိမ်သာဝင်သည့်
အချိန်တိုင်း ၊ တစ်ချို့ယောကျ်ားလေးများက
ဆီးခွက်အပြင်လျှံကျအောင် တမင် ရှုးပေါက်
တာကိုမြင်တွေ့လျှင် သူနားမလည်နိုင်​ေပ။

သန့်ရှင်းရေးပစ္စည်းများထားသည့်ကောင်တာမှ
ကြမ်းသုတ်တံအား ကျန်ချန်ယူလိုက်၏။ တန်းခွဲ ၅မှကောင်သည်ကြမ်းသုတ်တံနောက်တစ်ချောင်း
ကိုချက်ချင်းယူသော်လည်း အဝတ်စုတ်အားဆွဲမိသွား၏။ သူ့မျက်နှာပေါ်မှဝမ်းနည်းပက်လက်အမူအရာကို ကျန်ချန်ကြည့်ချင်စိတ်မရှိဘူး။အဝတ်စဆွဲထုတ်မိတာကို သူရဲကောင်းတစ်ယောက်ကျဆုံးသွားသည့်အလား။

ကြမ်းပြင်ကိုကြမ်းသုတ်တံနှင့်သုတ်ခြင်းဟာ အများကြီးလွယ်ကူစေသည်။သူက ညစ်ပတ်သည့်အရာတွေကိုလက်နှင့်တိုက်ရိုက်ထိတွေ့စရာမလိုပေ။ကျန်ချန်နှင့်တန်းခွဲ၅မှလူလည်း အကျီလက်ကို တင်ပြီး သန့်စင်ခန်း တစ်ဖက်တစ်ချက်မှာ နေရာယူ၍ ကြမ်းတွေကို စတင်သုတ်လိုက်၏။ တန်းခွဲ၅မှကောင်၏ အကျင့်စရိုက်အတိုင်းအရ၊စကားချင်းပြိုင်ပြီးစစ်ထိုးနေမည်ဖြစ်သော်လည်း၊ယခုတွင်သန့်စင်ခန်းထဲမှာအသက်ရှုရတာတောင်တော်တော်ညင်းပန်းနှိပ်စက်ခံနေသကဲ့သို့။

သန့်စင်ခန်းထဲမှကျောင်းသားအချို့က သူတို့ကိုမြင်သည့်အခါ ထိတ်လန့်သွားသော်လည်း သူတို့လက်ထဲမှကြမ်းသုတ်တံနှင့်အဝတ်စုတ်ကိုမြင်ပြီး တဟားဟားရယ်ကြ၏။။

"မင်းတို့က ဘာရယ်နေတာလဲ။"
ကျောင်းစည်းကမ်းထိန်းသိမ်းရေးဒါရိုက်တာက
သန့်စင်ခန်နားမှာမတ်တပ်ရပ်နေ၏။
"မင်းတို့က ဒါကို ရယ်စရာကောင်းတယ်ထင်ရင်
သူတို့နေရာမှာအစားဝင်လုပ်လိုက်။မဟုတ်ရင်,
တခြားနေရာမှာသွားပြီးရန်ဖြစ်ခဲ့။ ငါ မင်းတို့ကို
ကြမ်းသုတ်တံတစ်ချောင်းစီ အလကားပေးမယ်။"

ကျန်ချန်သည် အိမ်မှာဆိုရင်လည်းကြမ်းခင်းများ
ကိုကြမ်းသုတ်တံနှင့်သုတ်၍ သန့်ရှင်းရေးလုပ်နေ
ကြဖြစ်သည်။ကြမ်းလေးသုတ်လိုက်သီချင်းလေးနားထောင်လိုက်ဖြစ်၏ ။ယခုကသူ့ဘဝမှာ ပထမ
ဆုံးအကြိမ် အမြန်ဆုံးအရှိန်နှင့်ကြမ်းတိုက်နေတာ
ဖြစ်သည်။

သူ ကြမ်းသုတ်တံကို သန့်စင်ခန်းအတွင်းဆုံး အိမ်သာခန်းရှိသို့ တရွတ်တိုက် ဆွဲသွားချိန်၌
အိမ်သာတံခါးပွင့်လာ၏။

ကြမ်းသုတ်တံကိုဘေးရွေ့ပေးဖို့ပြင်လိုက်ပေမယ့်၊ အိမ်သာထဲမှ ထွက်လာသည့်လူက သူ့ ကြမ်းသုတ်
တံအားတက်နင်းထားသည်။

ကျန်ချန် ခါးမတ်မတ်ပြန်ဆန့်ပြီး ထိုလူ့ကို
ကြည့်လိုက်တယ်။

ဒါပေါ့.....ဒီလူကို သူ လုံးလုံးမသိ​ေပ။

"အာ, ဒါက သုံးမှတ်တန် နတ်ဘုရားမလား။ တိုက်ဆိုင်လိုက်တာ။"
လူစိမ်းက သူ့ကိုကြည့်ပြီး လှောင်ရယ်လာသည်။
"သန့်စင်ခန်းမှာကြမ်းသုတ်ပြီး။မင်းရဲ့လက်တွေသန်မာအောင်လေ့ကျင်နေတာလား။ငါ ဒီလိုမျိုး
လေ့ကျင့်တာကို တစ်ခါမှမမြင်ဖူးဘူး။"

ကျန်ချန်သည်ကြမ်းသုတ်တံကိုဆောင့်ဆွဲလိုက်သော်လည်းထိုသူက ကြမ်းသုတ်တံကို အားဖြင့်
ဖိထား၍ဆွဲထုတ်မရဖြစ်နေ၏။ထိုသူ့ခြေထောက်
ကို ကြည့်လိုက်တယ်။
"မင်း ဖိနပ်ကို ဘေးဖယ်လိုက်။"

"မင်းကိုယ်မင်းလူမိုက်လို့ထင်နေတာလား။ "
ထိူသူက စက်ဆုပ်ဖွယ်ကောင်းအောင် ပြုံး
လာသည်။

အိမ်သာထဲမှာအာလာပသလာပစကားတွေ
ကျန်ချန် မပြောချင်ဘူး။ထို့ကြောင့်သူသည် စကားမပြောပဲ ကြမ်းသုတ်တံ ကိုင်ထားပြီး၊
ကြည့်နေလိုက်တယ်။

ထိုလူစိမ်းကသူ့ကိုလက်ညိုးထိုးလာ၏။
"မင်းက မင်းရဲ့ ဘက်စကတ်ဘော အရည်အချင်း အကြောင်းကို  စီကျုံးကျောင်းမှာဆွေးနွေးစေချင်တာလား။မင်းအလှည့်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်။ "

သူက လူအများ၏အာရုံစူးစိုက်မှုကိုခံရလေ့ရှိကြောင်းသိထားသည်။လူအများ အာရုံစူးစိုက်
ခံရတဲ့ ခံစားချက်ကို  သူကိုယ်တိုင် နှစ်သက်၍
ပြောင်းလဲဖို့စိတ်ကူးမရှိဘူး။ကြည့်လေ ,ဒီလူက
သူနဲ့စကားပြောခွင့်ရအောင်အိမ်သာထဲမှာ အကြာကြီး ထိုင်စောင့်နေခဲ့တာမလား?

သူ့ကိုနားလည်သွားစေတဲ့အချက်တစ်ချက်လည်းရှိသေး၏။ဤတစ်ယောက်က လူများ၏ အာရုံစူး
စိုက်မှုကိုရချင်နေခြင်းဖြစ်သည်။

သူ့မျက်နှာရှေ့မှာရှိနေသည့် ထိုသူ့လက်ညိုးကို
တွန်းဖယ်ပြီး ကျန်ချန် ပြောလိုက်တယ်။
"ငါက ငါ့အတွက်ငါပဲစကားပြောတယ် ။ငါ့ ဘတ်စကတ်ဘောအရည်အချင်းကို စကား
ထဲထည့်ပြောနေစရာမလိုဘူး။"

ထိုသူက ဒေါသထွက်ပြီး ကျန်ချန်၏ ပခုံးကို
ထိုးဖို့ရွယ်လာသည်။
"မင်းကိုယ်မင်း ရယ်စရာကောင်းတယ်မထင်
ဘူးလား။သောက်ရူး!။ "

ကျန်ချန်လက်မြှောက်လိုက်ပြီးသူ့ခြေထောက် အောက်မှာရှိတဲ့ ကြမ်းသုတ်တံကို ကြမ်းကြမ်း
တမ်းတမ်း ဆောင့်ဆွဲလိုက်တယ်။

ထိုလူစိမ်းကခြေလှမ်းအနည်းငယ်ယိုင်သွား၍
သန့်စင်ခန်း ကြမ်းခင်းပေါ်မှာငုတ်တုတ်မထိုင်
မိစေရန်အုတ်နံရံသို့အမြန်လှမ်းထောက်လိုက်
၏။သူ့စိတ်အခြေအနေအသိပြန်ဝင်လာသည့်
အခါ ထိုသူကဒေါသူပုန်ထသွားသည်။
"ဖာ့ခ်,ငါ....."

ကျန်ချန် ကြမ်းသုတ်တံထိပ်ဖျားကို သူ့လည်
ချောင်းနားမှာထောက်လိုက်တယ်။
"သောက်ရေးမပါတာတွေပြောနေတာရပ်ပြီး
မင်း သောက်ပါးစပ်ကိုပိတ်လိုက်။"

ထို့နောက်, ကျန်ချန်သက်ပြင်းချလိုက်ပြီး
သူ့ကို အကျီကော်လံမှ ဆောင့်ဆွဲ၍ ဘေး
သို့တွန်းလိုက်တယ်။ထို့ပြင်,ကျောင်းစည်း
ကမ်းထိန်းသိမ်းရေးဒါရိုက်တာက အပြင်
မှာရှိနေသေးကြောင့် သူအသံနိမ့်ပြီးပြော
လိုက်တယ်။
"မင်းကတန်းခွဲ၇ကလား။မင်းရဲ့ဘက်စကတ်ဘောအရည်အချင်းအကြောင်း ပြောစေချင်တယ်မလား။ ဒီနေ့နေ့လည်ပြိုင်ပွဲမှာ ငါ မင်းကို စောင့်နေမယ်။"

ကျန်ချန် သူ့အကျီကော်လံကိုလွှတ်ပေးလိုက်လျှင်၊ ထိုသူက ရှေ့ဆက်တိုးလာ၏။ကျန်ချန် တံခါးအပြင်ကို လမ်းအော်လိုက်တယ်။
"ဒါရိုက်တာ, ကျွန်တော် ကြမ်းတိုက်ပြီးပြီ။ ကျွန်တော် သွားလို့ရပြီလား။"

"ငါ စစ်ဆေးကြည့်ဦးမယ်။"
ဒါရိုက်တာက သန့်စင်ခန်းထဲသို့ဝင်လာ၏။

ထိုလူစိမ်းသည် သူ့ကိုစိုက်ကြည့်ပြီး၊အဝတ်
အစားကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်
၍အပြင်သို့ထွက်သွားခဲ့သည်။

............

သူ သန့်စင်ခန်းမှထွက်လာသည့်အခါ၊ကုဖေးနှင့်
ဝမ်ရွှိက သူ့ကိုစောင့်နေကြောင်းမြင်လိုက်ရသည်။

သူ သန့်စင်ခန်းအပြင်သို့ ထွက်လာလာချင်း
ဝမ်ရွှိကနှုတ်ဆက်လာ၏။
"ဟူကျန်းဆီကထွက်ပြေးခဲ့တာလား။"

"ဟူကျန်း?။"
ဝမ်ရှုကို ဟူကျန်းမဟုတ်ကြောင်း ဖူကျန်းမြို့ဖြစ်ကြောင်း သတိပေးဖို့ ပြင်ပြီးနောက်တွင်၊
စောစောက ထွက်သွားသည့် တစ်ယောက်၏
နာမည်က ဟူကျန်း ဖြစ်နိုင်လောက်ကြောင်း
သတိပြုလိုက်သည်။
"အင်း,ဘာဖြစ်လို့လဲ။"

"သူအပြင်ပြန်ထွက်လာတုန်းဒေါသထွက်နေ
သလိုပဲ။နေ့လည်ပြိုင်ပွဲက ပွဲကြီးပွဲကောင်းပဲ
ထင်တယ်။"

"စိတ်မပူနဲ့။ပွဲကြီးပွဲကောင်းဖြစ်တော့လည်း
ဘာအရေးလဲ။ပြိုင်ပွဲမှာအနိုင်ရတာလောက် အရေးကြီးမှာလား။"

"အပြောကောင်းတယ်။"
ဝမ်ရွှိက သူ့ကို လက်မထောင်ပြလာသည်။
"သွားရအောင်။ ကျောင်းအပြင်ဖက်က ကွင်းမှာ
သွားလေ့ကျင့်ကြမယ်။ငါတို့ အတွက်ကွင်း တစ်
ကွင်းချန်ထားဖို့ ငါ့သူငယ်ချင်းတွေကိုပြောထားတယ်။

သိပ်မကြာခင်.....ကျောင်းသားအုပ်စုသည် စကားအပြောပြောဖြင့် ကျောင်းဂ်ိတ်အပြင်သို့ ထွက်လာ
ခဲ့ကြသည်။

သူတို့ကတစ်ယောက်နှင့်တစ်ယောက်နှုတ်ဖြင့်
ဖွင့်ပြောစရာမလိုတဲ့အသံတိတ်နည်းဗျူဟာကို
စိတ်အားထက်သန်စွာဆွေးနွေးနေလျှက်ရှိသည်။
လူအုပ်၏နောက်မှ ကျန်ချန်နှင့်ကုဖေးသည် ပခုံး
ချင်းယှဥ်၍လမ်းလျှောက်နေရင်း အသံတိတ်နားထောင်နေခဲ့ကြသည်။

ဘာကို တစ်ယောက်နှင့်တစ်ယောက် ဖွင့်ပြော
စရာမလိုတာလဲ!!!

ဝမ်ရွှိ၏အတွေးက တစ်နေ့တစ်ခြားထူးဆန်းလာသည်ဟု ကျန်ချန် တွေးမိသည်။

ဝမ်ရွှိက ဦးဆောင်ပြီးဆက်ပြောနေ၏။
"နေ့လည်ပြိုင်ပွဲက နောက်တန်းခံစစ်ကစား
သမားတွေကသိပ်ပူစရာမလိုဘူး။ သူတို့မှာ
ပြင်ပအကူအညီရှိတောင် ၊ အလွန်ဆုံးရှိလှ
တစ်ယောက်နှစ်ယောက်ပဲ။"

ကုဖေးက ဝင်ပြောလာသည်။
"အဲ့ကိစ္စကအဆင်ပြေတယ်။ဒါပေမယ့်မင်းမျက်
လုံးကငါတို့ကိုအမြဲလိုက်ကြည့်နေရမယ်။ တန်းခွဲ ၇ရဲ့အရည်အချင်းက တန်းခွဲ ၅လောက်မကောင်း
တာမှန်တယ်။ သူတို့မှာပြင်ပ အကူအညီရှိတောင်
သူတို့ကဟန်ချက်ချက်ညီညီပူးပေါင်းပြီးကစားနိုင်
မှာ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်...ငါတို့တွေက အတူတူလေ့ကျင့်လာတာကြာပြီမလား။"

"မှန်တယ်။ငါတို့ ရဲ့အသင်းလိုက်လုပ်ဆောင်မှုက အတော်ကောင်းနေပြီ။"
ဝမ်ရွှိက လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒါဆို,နေ့လည်ပြိုင်ပွဲမှာ ငါတို့ဘယ်လို
ကစားသင့်လဲ။"

"မင်းတို့က ငါနဲ့ ချန်ကောကိုခွန်အားအကုန်သုံး
ပြီးတော့ တတ်နိုင်သမျှ ကာကွယ်ပေးရမယ်။အဲ့
ဒါဆို ငါတို့အမှတ်ရနိုင်တယ်။"

ကုဖေးစကားအဆုံးသတ်သွားသည့်အခါ အားလုံး
ကတိတ်ဆိတ်သွားပြီး ကုဖေးကို တစ်ပြိုင်နက်တည်းလှည့်ကြည့်လာ၏။

ကျန်ချန်လည်း မှင်သက်သွား၏။

"ငါ ပြီးတော့,"
ကုဖေးက လည်ချောင်းရှင်းပြီး ကျန်ချန်ကို လက်ညိုးထိုးပြလာသည်
"သူ။"

..........

ကျန်းမာရေးဂရုစိုက်ပါ။ 💕

Continue Reading

You'll Also Like

46.7K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
515 96 28
ကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သာ...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...