ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 166K 22.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 37(zawgyi)

3.3K 374 31
By melieee2

Chapter 3;

"အိုး......ဒါပဲလေ။ကျေးဇူးတင်ပါတယ်,
ကျေးဇူးတင်ပါတယ်။"

"ပြိုင်ပွဲဝင်ကျန်ချန်ကခက်ခဲတဲ့နောက်တဆင့်ကို
ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ခက်ခဲတဲ့အဆင့်
ကို သူကျော်ဖြတ်နိုင်မလားဆိုတာ.....ဝိုး......"

"နည်း​ပြ X,သူအမှားဖြစ်သွားတယ်လို့ခထင်လား။
ဒါမှမဟုတ် သူကအရည်အသွေး မပြည့်ဝသေးတာလား?။"

"ငါ့အထင် , သူကအရည်အချင်းတိုးတက်အောင်လေ့ကျင့်နေတာလို့ မြင်တယ်။"

အခန်းသည်တိတ်ဆိတ်ငြိမ်သက်နေသော်ငြား ဖျော်ဖြေမှုထဲမှာဈာန်ဝင်စားနေတဲ့ကျန်ချန်၏
နောက်တီးနောက်တဲ့ စကား အသွားအလာကို
ကုဖေးပြန်ကြားယောင်လာသည်။

သူဆိုသည့်လူမှာမတိုးသာမဆုတ်သာအခြေ
အနေမျိုးတွေကို အလွယ်လေးကိုင်တွယ်ဖြေ
ရှင်းနိုင်သည့်လူဖြစ်၏။လက်ရှိတွင် သူသည်
သေဖို့နီးလာသကဲ့သို့ခံစားမိသည်။သူ အရိုက်
ခံရမည့်အလှည့်မရောက်လာစေဖို့ရန်မျှေိာလင့်
ချက်အပြည့်နှင့်သူ့မျက်လုံးများကိုကျယ်ကျယ်
ဖွင့်လိုက်သည်။

ကျန်ချန်မှာကိုယ်ပိုင်လေးခွရှိခြင်းသည်ဘယ်သူမှ
မသိသည့်ကိစ္စဖြစ်၏။ထို့ပြင် ,သူ လေးခွပစ်သော
နေရာမှာလူတစ်ယောက်မျှမရှိတဲ့ရေကန်နားဖြစ်၏။

ထိုကိစ္စနှင့်ပတ်သက်ပြီးဆင်ခြေပေးခွင့်ပင်
ကုဖေး မရလိုက်ချေ။

ကျန်ချန်သည်ယခုထိစကားတစ်ခွန်းမပြောပေ။
သူကနေရာမှာတင်ရပ်ပြီး မျက်နှာသေနှင့်သူ့ကို
စိုက်ကြည့်နေ၏။

ကျန်ချန်ရဲ့အထိတ်တလန့်ဖြစ်သွားသည့်အမူအရာပျောက်ကွယ်သွားသည်အခါ သူက စိတ်ခံစားချက်ကင်းမဲ့တဲ့နဂိုပုံပြန်ဖြစ်သွားသည်။ ကျန်ချန်ရဲ့လက်
ရှိစိတ်အခြေအနေကိုကုဖေးမခန့်မှန်းဝံ့ပေ။

သို့သော်,နောက်ဆုံးတွင် သူပါးစပ်ဖွင့်လိုက်၏။
"အဲ့ဒါ....အဲ့ဒါက...အဲ့ဒီနေ့က......"

ကျန်ချန်ကတိတ်ဆိတ်စွာပင် သူ့ ရှင်းပြမှုကို
စောင့်ဆိုင်းနေ၏။

ကုဖေး အသံတိုးတိုးဖြင့်ပြောလိုက်တယ်။
"ငါ မတော်တဆဖြတ်သွားရင်းတွေ့ခဲ့တာပါ။"

ကျန်ချန်က ပြန်ပြောလာသည်။
"ရေကန်နားမှာအပင်တွေကလွဲရင်ဘယ်သူမှမရှိဘူး။ငါရေကန်နားတဝိုက်ကိုတစ်ပတ်ပတ်ကြည့်ထားပြီးသား။"

ကုဖေးတွင် ဖြေရှင်းချက်ပေးရန်အခွင့်အရေး ရောက်လာ၏။
"ငါကလုပ်စရာရှိလို့အဲ့ဒီနေရာရောက်နေတာ။
မင်းလေးခွပစ်နေတာလည်းမြင်တယ်။နေရာ
ချင်းလှမ်းနေလို့ ငါမင်းကိုမနှုတ်ဆက်တော့ပဲ
ထွက်လာခဲ့တာ။"

ကျန်ချန်က လက်ထဲမှလေးခွကိုလှည့်နေရင်း
သူ့ကိုကြည့်လာသည်။သူ့ ဘယ်လက်ထဲမှာရှိ
တဲ့လေးခွကိုနှစ်ပတ်လှည့်လိုက်ပြီး၊ညာလက်
ကမူဘေးတစ်ဖက်မှာရှိနေသည့်စားပွဲဆီလှမ်း
နေကြောင်း ကုဖေး မြင်လိုက်ရသည်။

မကောင်းတော့ဘူး!

စားပွဲပေါ်မှာကြယ်သီးကဲ့သို့အသုံးဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ သူ သိသည်။

အတိအကျပင် ကျန်ချန်ကကြယ်သီးစေ့တွေကို လှမ်းယူလိုက်၏။

ဓာတ်ပုံရိုက်ရန်ဆင်ထားသည့်နေရာအခင်းဆီသို့
ကုဖေး တစ်ချိုးတည်းပြေးသွားလိုက်သည်။

ကြယ်သီးသည်ရိုးရိုးကြယ်သီးမဟုတ်​ပေ။တင်း
ကျူးရှင်း၏လက်ရာများသည်အသုံးပြုပြီးသားပစ္စည်းများကိုပြန်သုံးထားခြင်းဖြစ်၏။ သစ်သားပုတီးစေ့ကဲ့သို့ကြယ်သီးများသည်လေးခွပစ်မည်
ဆိုလျှင် အတော်အသုံးတည့်၏။

ကျန်ချန်က မေးလာသည်။
"ဒါဖြင့်,မင်းက ပွဲကြည့်ပရိတ်သတ်လုပ်နေခဲ့တာလို့ပြောချင်တာလား။"

သူ ကြားလိုက်ရသည့်ရွှတ်ခနဲမြည်သံနှင့်အတူ
သူ့ပေါင်တံမှ စူးခနဲနာကျင်လှိုက်တက်လာမှုကို
ကုဖေးခံစားလိုက်ရသည်။သူကသစ်သားကြယ်
သီးစေ့နှင့်အပစ်ခံလိုက်ရပြီဖြစ်၏။

ကုဖေး အနောက်သို့​ပြန်လှည့်ကြည့်လိုက်လျှင်၊
ကျန်ချန်သည်နေရာမှာရပ်ပြီးတော့လေးခွအား
နောက်တစ်ကြိမ်ဆွဲတင်၍သူ့အား မျက်လုံးမှေး
ကျဉ်းပြီးစိုက်ကြည့်နေလျက်ရှိသည်။

"မင်း......"
သူစကားဆုံးအောင်မပြောနိုင်သေးခင်မှာကျန်ချန်
က လေးခွကိုင်ထားသည့် လက်ကို လွှတ်လိုက်၏။
ကုဖေးတစ်ယောက်နာကျင်မှုကြောင့်အော်လိုက်၏။
"အား!"

ထိုကြယ်သီးစေ့က သူဗိုက်ကိုထိမှန်သွား၏။

အမှန်တိုင်းပြောရလျှင်၊ကျန်ချန်ကပစ်ချက်တိုင်း
မှာ အားအများကြီးမသုံးထားခဲ့ပါချေ။ ဟိုရက်ကရေကန်ဘေးမှာရပ်ပြီး ရေခဲနေတဲ့ ကန်ထဲသို့ လေး
ခွဖြင့်ပစ်နေစဉ်ကအတိုင်းအားအများကြီးသုံးထား
လျှင် သူ့မှာအော်ဟစ်ဖို့ အခွင့်အရေးတောင် ရလိုက်မည်မဟုတ်ပေ။

ကုဖေးသည်ဆိုဖာနောက်သို့ခုန်ဆင်းလိုက်ပြီး
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆိုဖာကူရှင်နှင့်ကွယ်
ထား၏။
"လေးခွကအပြစ်အနာဆာများလို့ပစ်လို့ရ
မှာမဟုတ်ဘူးလို့ မင်း ပြောခဲ့တာမလား။"

"ဒါက လေးခွပစ်တဲ့သူအပေါ်မူတည်တယ်။"
ကျန်ချန်ကနောက်ကြယ်သီးစေ့ကိုလှမ်းယူပြီး
သူ့ကို မျက်လုံးမှေးကျဉ်း၍ကြည့်လာသည်။
"ငါ့ရဲ့လက်ချောင်းနှစ်ချောင်းကွေးနိုင်ဆန်နိုင်တဲ့အပေါ်မှာမူတည်ပြီး ပစ်မှတ်ကိုမှန်အောင် ပစ်နိုင်တယ်။"

"မလုပ်,"
ကုဖေးစကားမဆုံးခင် ကျန်ချန်က လေးခွကိုင်ထားသည့်လက်ကိုလွှတ်လိုက်ပြန်သည်။ယင်းကြယ်သီးက သူ့ရဲ့လက်မောင်းကိုထိခဲ့ပြီးအတော်နာ၏။လက်
မောင်းကိုအားပါပါပွတ်သပ်ရင်း ကုဖေးဆဲလိုက်၏။
"Fuck!။"

ကျန်ချန်က လေးခွကိုဆွဲတင်ပြီး သူ့ကို ကြည့်နေ
သည်။
"မင်းပြောခဲ့တဲ့ပွဲကြည့်ပရိတ်သတ်ဆိုတာအခုလို
မျိုးပွဲကြည့်ပရိတ်သတ်ပဲမဟုတ်လား။"

ကြယ်သီးနှင့်သုံးကြိမ်အပစ်ခံရပြီးနောက်၊ကုဖေး
စိတ်တိုလာ၍ အသံမြှင့်ပြီးအော်လိုက်တယ်။
"အဲ့ဒါဥပမာအနေနဲ့ပြောလိုက်တာ။မင်းမှာစဉ်းစား
နိုင်စွမ်းမရှိဘူးလား။"

"ဘာကိုစဉ်းစားဆင်ခြင်ရမှာလဲ။"
ကျန်ချန်ကပြန်အော်လာသည်။သူ့လက်များက
မထင်မှတ်ထားလောက်အောင်တုန်ယင်နေ၏။
"ဘာကိုစဉ်းစားရမှာလဲ! မင်းက မင်းရှေ့မှာရှိတဲ့မြင်ကွင်းကိုကြည့်ခဲ့ပြီး..........ဘာကိုစဉ်းစားခိုင်း
နေတာလဲ။ ဒီလောကမှာ ဘာစဉ်းစားဆင်ခြင်မှုမှ
မရှိဘူး။ငါ့ကိုမွေးစားခဲ့တဲ့အချိန်က.........အကျိုး
သင့်အကြောင်းသင့်စဉ်းစားခဲ့ကြလား!ငါကသွေး
သားတော်စပ်မှုမရှိတဲ့မွေးစားကလေးမှန်းသိသွားတော့၊ သောက်စိတ်ကုန်စရာကောင်းတဲ့ဒီနေရာကို
ပြန်ပို့လိုက်တုန်းကလည်း....ဘယ်သူကငါ့အတွက် အကျိုးသင့်အကြောင်းသင့်ထည့်စဉ်းစားပေးခဲ့လဲ!
ငါကဘာကိုသောက်ဂရုစိုက်​နေရမှာလဲ!။"

"ချန်ကော။"
ကုဖေးသည် ဆိုဖာနောက်မှအရှေ့ကိုပြန်ထွက်လိုက်၏။
"ငါ့မှာ အဲ့လိုမျိုးလုပ်ဖို့......."

သူ့စကားမဆုံးသေးခင်၊ ကျန်ချန်၏လေးလုံး
မြောက်ကြယ်သီးကသူ့ရင်ဘတ်ကိုထိမှန်လာ
သည်။
"အား!"

သူ့ကိုယ်သူကာကွယ်ဖို့ရန် ဆိုဖာအနောက်သို့ ကုဖေး ပြန်ခုန်ဆင်းလိုက်တယ်။ ဒါပေါ့....,သူ သေချာပေါက်ထပ်ထွက်မှာတော့မဟုတ်ဘူး။

ထို့ကြောင့်,သူသည် ကျန်ချန်ကိုလှမ်းအော်လိုက်၏။
"လာလေ...လာ...အပစ်အခတ်မှာလက်တည့်လွန်း
တဲ့သခင်လေးကျန်ချန်မဟုတ်လား။လာ........မင်းစိတ်ကျေနပ်တဲ့အထိပစ်။ကြယ်သီးက ဘာလုပ်မှာ
လဲ!လူကိုယ်တိုင်လာ........ငါ့နေရာမှာ ဘာသစ်သားကြယ်သီးမှမရှိဘူး။သောက်ရမ်းမာတဲ့ကျောက်တုံး၊သတ္တု၊ကြေးနီတွေပဲရှိတယ်။မင်း သတ္တုပစ္စည်းတစ်ခုခုကို သုံးသင့်တယ်လို့မထင်ဘူးလား။"

"မင်း အားလုံးမြင်လိုက်တယ်။"
ကျန်ချန်က လက်ထဲမှလေးခွနှင့်ကြယ်သီးကို မြေပြင်ပေါ်သို့လွှတ်ချလိုက်သည်။
"မင်း အားလုံးမြင်လိုက်တယ်မလား။"

ကုဖေး တွန့်ဆုတ်သွား၏။
"ငါ........မြင်ခဲ့တယ်။"

"မင်း ဘယ်အထိမြင်သွားတာလဲ။"

ကုဖေးသည် ပလုံးပထွေးဖြင့် ပြောလိုက်၏။
"မင်း ရေကန်ကိုအခေါင်းပေါက်ဖြစ်အောင်
လေးခွပစ်နေတာကစပြီးငိုနေတဲ့အထိမြင်ခဲ့
တယ်။ဒါပေမယ့်,မင်းငိုနေတာတွေ့တာနဲ့ ငါ ချက်ချင်း ထွက်လာခဲ့တာ။"

............

"အိုး,"
ကျန်ချန် အုတ်နံရံကို မှီလိုက်သည်။

သူ့ရဲ့လက်ဖျားခါလောက်အောင် စိတ်မငြိမ်ဖြစ်
နေသည့်သရုပ်ဆောင်မှုတွေ အပြင် အပိုဆုအနေ
နှင့်အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်
၏စိတ်ဓာတ်ကျငိုကြွေးနေသည့်မြင်ကွင်းအားမြင်
စေခဲ့သည်။

ကုဖေးသည် အားလုံးမြင်သွား၏။

လောလောဆယ် သူဘယ်လိုခံစားနေရမှန်း ကျန်ချန် မသိချေ။

သူသည် သူ့ကိုယ်သူ အရူးဖြစ်အောင်လုပ်ခဲ့၏။

သူ့ လျှို့ဝှက်ချက်ကို လူ သိသွားချိန်တွင်
ထိတ်လန့်မှု၊ရှက်ရွံမှုကြောင့် သူ ပေါက်ကွဲ
သွားခဲ့သည်။

သူ့ခံစားချက်အားလုံးတဖြည်းဖြည်းငြိမ်သွား
ပြီးနောက် သူဝမ်းနည်းလာ၏။

ကျန်ချန်သည်နံရံကိုမှီထားရာမှကြမ်းခင်းမှာ
ကုပ်ကုပ်လေးထိုင်ပြီး၊ ခေါင်းကိုလက်မောင်း
ကြားမှာဝှက်ထားလိုက်သည်။

ထိုကဲ့သို့ကိုယ်နေဟန်ထားကို သူနှစ်သက်၏။

ဤကိုယ်နေဟန်ထားကို သူငိုချင်နေတဲ့အချိန်များတွင်သာနှစ်သက်ခဲ့ခြင်းမဟုတ်။ဝမ်းနည်းသည်ဖြစ်စေ၊စိတ်ဓာတ်ကျပြီးမပျော်ရွှင်သည် ဖြစ်စေ၊တခြားလူများမမြင်ရအောင် သူသည် သူ့ကိုယ်သူဘောလုံးလေးသဖွယ်ကျုံ့ထားပြီးဖုံးကွယ်ထားချင်ခဲ့သည်။

ဤကား သူ့ကိုလုံခြုံစိတ်ချစေသည်ဟု ခံစားမိသောကြောင့်လည်းဖြစ်၏။

မင်းရဲ့ဦးခေါင်းကိုသဲထဲမှာမြုပ်ပြီးဖုံးကွယ်ထားသကဲ့သို့ပင်။နည်းလမ်းချင်းကွာရင်ကွာသွားလိမ့်မည်။အကျိုးရလဒ်ကအတူတူဖြစ်၏။

အမှန်က တခြားလူတွေသူ့ကိုမမြင်ပါစေနဲ့လို့
ကျန်ချန်စဉ်းစားခဲ့ခြင်းမဟုတ်ချေ။သူကသာ
တခြားလူတွေကိုမမြင်ချင်ခဲ့တာဖြစ်၏။

မမြင်ရ၊မကြားရခြင်းမှာ ကောင်းသည်။

အချိန်ဘယ်လောက်ကုန်ဆုံးသွားမှန်းမသိနိုင်ခင်၊
ကုဖေးကသူ့ဘေးနားသို့လျှောက်လာပြီးခပ်လှမ်း
လှမ်းမှသူ့နာမည်ကိုခေါ်လာ၏။
"ချန်ကော။"

"ငါ့ဖင်ကြီး ချန်ကော!။"
ကျန်ချန်သည် လက်မောင်းနှစ်ဖက်ကြားမှာ ခေါင်းငုံ့ထားခဲ့၍သူ့အသံကလုံးထွေးလျှက်ရှိ၏။
"မင်းက ငါ့ထက် အသက်ပိုငယ်လို့လား။"

"ငါ မင်းထက် တစ်လငယ်တယ်။"

"သောက်ရူး,"
ကျန်ချန် သူ့ကိုခေါင်းမော့ကြည့်လိုက်တယ်။
"မင်း ငါ့မွေးနေ့ကိုသိနေတာလား။"

"မင်းအဖျားကြီးပြီး ငါ့ဆိုင်ရှေ့မှာလဲသွားတဲ့နေ့
တုန်းက ၊ငါ မင်းရဲ့ IDကဒ်ကိုယူကြည့်ထားတာ။
ဘာအကြောင်းမှမသိတဲ့လူတစ်ယောက်ကိုအိမ်ထဲထိခေါ်လာခဲ့တာ။သူဘယ်သူလဲဆိုတာတော့ သိထားသင့်တယ်မလား။"

"ငါ့ကို စိတ်အနှောင့်အယှက်မပေးနဲ့။"
ကျန်ချန် လက်မောင်းကြားမှာခေါင်းကိုမြှုပ်လိုက်ပြန်သည်။

ကုဖေးကမေးလာ၏။
"တစ်လိပ်ယူဦးမလား။"

သူ့လက်မောင်းကြားမှကျန်ချန်ချောင်းကြည့်
သည့်အခါ၊ကုဖေးက စီးကရက်ဘူး ကိုင်ထား
၏။ကျန်ချန် မျက်လုံးပြန်မှိတ်လိုက်တယ်။
စက္ကန့်အနည်းငယ်ကြာလျှင်၊ မျက်လုံးပြန်ဖွင့်ပြီး စီးကရက်ဗူးကို သူလှမ်းယူလိုက်သည်။

ကုဖေးက စီးကရက်မီးညှိပြီး သူ့ကိုမီးခြစ်ပစ်ပေး
လာသည်။
"စတူဒီယိုထဲမှာဆေးလိပ်သောက်တဲ့အကြောင်းကိုလျှို့ဝှက်ထားနော်။အခန်းထဲကပစ္စည်းကမီးလောင်လွယ်လို့ ဆေးလိပ်သောက်တာတားမြစ်ထားတယ်။"

ကျန်ချန်စီးကရက်ကိုမီးညှိပြီးအခန်းထောင့်မှလျှိုဝှက် ကင်မရာကိုလှမ်းကြည့်လိုက်တယ်။

"ရတယ်။သူကcctvကြည့်လေ့မရှိဘူး။"

"မင်း ရယ်ခဲ့လား။"
ကျန်ချန် သူ့ကိုမေးလိုက်တယ်။ သူ့အသံက အမှားအကြီးကြီးတစ်ခုကိုကျူးလွန်ထားတဲ့လူကဲ့သို့ တိုး
ရှသည်။သူ လည်ချောင်းရှင်းပြီး
နောက်တစ်ကြိမ်ထပ်မေးလိုက်၏။
"မင်း ငါ့ကိုချောင်းကြည့်တဲ့အချိန်တုန်းက....
ရယ်စရာကောင်းတယ်လို့ထင်တယ်မလား။"

"အစက ငါ့စိတ်ထဲမှာရယ်စရာကောင်းတယ်လို့
ထင်ခဲ့တယ်။ငါမရယ်ဘူးလို့ပြောလည်း မင်းယုံ
မှာမဟုတ်ဘူး။ "

ကျန်ချန် သက်ပြင်းဖျော့ဖျော့ချလိုက်၏။
"အင်း,ငါက မကြာခဏ တစ်ယောက်တည်း သရုပ်ဆောင်နေကြ။ငါသံဖြူပုလွေကိုမှုတ်
ချင်လာရင်လည်း ' သံဖြူပုလွေမှုတ်တဲ့သူ
ဖြစ်တဲ့ကျန်ချန်၏ဂီတဆိုင်ရာ ဖျော်ဖြေတင်
ဆက်မှု ကိုကျွန်တော်တို့တွေကြိုဆိုလိုက်ရအောင်....'
ဆိုပြီးသရုပ်ဆောင်တတ်တယ်။"

ကုဖေးကရယ်လာသည်။သူက စီးကရက်ပြာတွေကြမ်းခင်းပေါ်မကျအောင် ဘီယာဗူးအလွတ်ယူပြီး
ပြာတွေကိုဗူးခွံထဲတောက်လိုက်သည်။

ကျန်ချန် မေးလိုက်တယ်။
"မင်း တစ်ခါမှ အဲ့လိုမျိုးသရုပ်မဆောင်ဖူးဘူး
မလား။"

"မလုပ်ဖူးဘူး။"
ကုဖေးက ခေါင်းယမ်းပြသည်။
"ဒါပေမဲ့,လူအများစုကသူတို့ပျင်းရိမှုကိုဖြေ
ဖျောက်ဖို့အတွက် ဒီလိုနည်းလမ်းတွေကိုသုံး
ကြတယ်။အရင်ကစီကျုံးကျောင်းရဲ့ဖိုရမ်မှာ
လူတစ်ယောက်တင်ဖူးတယ်။ သူက ညဘက်
မှာသရုပ်ဆောင် ဖျော်ဖြေတာမျိုး မလုပ်ရရင်
အိပ်မပျော်ဘူးတဲ့။ လူ တော်တော်များများက
သူတို့လည်း အတူတူပဲဖြစ်ကြောင်း သူ့ပို့စ်မှာ
ဝင်မန့်ကြ​သေးတယ်။"

ကျန်ချန် ရယ်လိုက်တယ်။
"တကယ်လား။"

"ငါ မင်းကိုမြင်တာ ၊မင်းသိသွားတော့လည်း
ကောင်းပါတယ်။"
ကုဖေးက သူ့ကိုလက်မထောင်ပြလာ၏။
"ပြိုင်ပွဲဝင်ကျန်ချန်, မင်းက ငါ မြင်ဖူးသမျှ
လေးခွပစ်တဲ့လူတွေထဲမှာအံ့အားသင့်စရာ
အကောင်းဆုံးလူပဲ။"

"ကျေးဇူး။"
ဘေးမှာ ပစ်ချထားသည့်လေးခွကို ကျန်ချန် ပြန်လှမ်းယူလိုက်တယ်။
"ဒီလေးခွကအသုံးအဆောင်ပစ္စည်းသက်
သက်ဆိုပေမဲ့အသုံးပြုလို့မရဘူးလို့မဆိုလိုဘူး။"

"မင်း ငါ့ကိုပစ်တုန်းက၊ အဲ့ပစ္စည်းကအသုံး
အဆောင်ပစ္စည်းနဲ့တောင် မတူဘူး။"

"မဟုတ်ဘူး။ဒီပစ္စည်းကသုံးလို့မကောင်းဘူး။
ငါ မင်းဖင်ကိုချိန်ပြီးပစ်လိုက်တဲ့ ကြယ်သီးက
မင်း ပေါင်ကိုပဲ ထိတာမလား။"

"အိုး,"
ကုဖေးက သူ့ကိုလှည့်ကြည့်လာသည်။
"ဘာလို့ ငါ့ဖင်ကိုပစ်ချင်တာလဲ။"

"တင်ပါးကအသားပိုများတော့သိပ်မနာဘူး။"

ကုဖေးက စီးကရက်ပြာတွေကို ဗူးခွံထဲသို့
တောက်ချလိုက်သည်။
"မင်းက အမြဲတမ်းကိုယ့်ကိုယ်ကိုထိန်းချုပ်မှုရှိ
တဲ့လူမှန်း ငါ သတိထားမိတယ်။ မင်းရဲ့ ဒေါသ
ကိုမထိန်းနိုင်ရင်တောင်လွန်လွန်ကြူးကြူးလုပ်
တာမျိုး မရှိဘူး။"

နှုတ်ခမ်းမှစီးကရက်ကို ကျန်ချန် လက်ထဲမှာ
ပြောင်းကိုင်လိုက်တယ်။
"ငါတို့ရွှယ်ပါ့တွေကဘာပဲလုပ်လုပ်အမြဲအသိ
တရားရှိတယ်။သူများကို သစ်ပင်နဲ့ဝင်ဆောင့်
မိအောင်ပစ်ပေါက်တာမျိုး မလုပ်ဘူး။"

"Fuck!"
ကုဖေးက အသံထွက်၍ရယ်လာသည်။

လက်ထဲမှာရှိနေသည့်စီးကရက်ကို ကျန်ချန် ငေး
ကြည့်လိုက်၏။
"မင်း အဲ့နေ့ကရေကန်နားမှာဘာလုပ်နေတာ။ အဲ့နေ့က သေလောက်အောင်အေးစိမ့်နေတာဘာလို့အပြင်ထွက်လာတာလဲ။"

"အဲ့နေ့က,"
ကုဖေးကစကားတန့်သွားပြီး အချိန်ကြာမှဆက်ပြောလာသည်။
"အဲ့ဒီနေ့ကငါ့အဖေဆုံးသွားတဲ့နှစ်ပတ်လည်နေ့။ငွေစက္ကူမီးရှို့ပေးချင်လို့ရေကန်ဆီသွားခဲ့တာ။"

ကျန်ချန် ထိတ်လန့်မှုကြောင့် ကြက်သေသေ
သွားသည်။
"အာ။"

ကုဖေးက ဗူးခွံထဲသို့ စီးကရက်ပြာတောက်ချပြီးဆက်ပြောလာ၏။
"သူက ရေနစ်ပြီးသေသွားတာ။"

"အာ,""
ကျန်ချန် ထပ်ပြီးလန့်သွားသည်။
"ငါ့အထင် ရေကသိပ်မနက်သလိုပဲ။"

"ရေကန်ကမနက်ဘူး။သူ အရက်ထားလို့။
မဟုတ်ရင်သူရေနစ်ပြီးသေမှာမဟုတ်ဘူး။"
စီးကရက်ပြာတွေကို ဗူးခွံထဲတောက်ချနေတဲ့
ကုဖေး၏လက်ချောင်းတွေကခဏတန့်သွား၏။
"သူ့ကိုရေနစ်သတ်လိုက်တဲ့သူက ငါလည်း ဖြစ်နိုင်
ပါတယ်။"

ကျန်ချန် ရုတ်တရက်ခေါင်းမော့ပြီး ကုဖေးကို
ကြည့်လိုက်တယ်။

ကုဖေးသည်သူ့အဖေကိုသတ်ခဲ့ကြောင်းသူ့ကို
လီပေါင်ကော် ပြောခဲ့ပြသော စကားကိုတောင်
ကျန်ချန် ယုံကြည်ခဲ့တာမဟုတ်ဘူး။ တစ်ခွန်း
တောင် မယုံကြည်ခဲ့ဘူး။

ကုဖေးကသူ့အဖေရေနစ်ပြီးသေသွားကြောင်း
ပြောလာချိန်တွင်၊
"အာ,သူကမတော်တဆဖြစ်ပြီးသေသွားတာပေါ့"ဟူ၍ ကျန်ချန်တွေးခဲ့၏။သို့သော်,ကုဖေးကိုယ်တိုင်ပြောသောစကားကို ကြားလိုက်ရပြီးနောက်၊သူ့နားသူပင်မယုံနိုင်။

"ငါ့အဖေကတကယ်ခွေးတိရစ္ဆာန်ကောင်။"
ကုဖေးက အလွန်တည်ငြိမ်နေသည့်အသံနှင့်
ဆက်ပြောလာသည်။
"ငါ, သူ သေသွားဖို့အမြဲဆုတောင်းခဲ့တယ်။
သူသေခဲ့ရင် အားလုံးအဆုံးသတ်သွားလိမ့်
မယ်။တကယ်လို့,ငါ့အဖေသာလီပေါင်ကော်
ဖြစ်ခဲ့မယ်ဆိုရင် ငါ အခုလိုမျိုးဆုတောင်းမိမှာ မဟုတ်ဘူး။ "

ကုဖေးက ရယ်လိုက်၏။
"သူက လီပေါင်ကော်လိုလောင်းကစားသမား
မဟုတ်ပေမယ့်၊ သူ့လက်သီးကလီပေါင်ကော်
ထက်ပိုပြင်းတယ်။အဲ့အချိန်က ငါ့အမေကသူ့
ကိုရုပ်ချောပြီးကြည့်ကောင်းလို့လက်ထပ်တာ။
သူ လက်ထပ်ပြီးတဲ့နောက်တော့ အနှိပ်စက်ခံရ
တယ်။သူ အရက်မူးလာတဲ့ချိန်တိုင်း ငါတို့ကိုရိုက်တယ်။ငါ့အထင်,ငါ့အဖေကသူ့ကိုယ်သူ ဖော်ရှိုးပြ
ချင်တဲ့အခါကျလက်သီးသုံးတဲ့လူပဲ။"

လီပေါင်ကော်ပြောခဲ့သည့်စကားများကို ကျန်ချန်
ပြန်စဉ်းစားလိုက်သည်။
"ငါလည်းလီပေါင်ကော်ပြောပြထားလို့ ကြားဖူးတယ်။သူက ကုမြောင်ကိုလည်းရိုက်တယ်ဆို။"

"အင်း။"
ကုဖေးကနှုတ်ခမ်းဖိကိုက်လိုက်၏။ကနဦး၌
သူကတည်ငြိမ်နေပေမဲ့၊ကုမြောင်အကြောင်း
ပါလာချိန်တွင် အမူအရာပြောင်းသွားသည်။
"ကုမြောင်က မွေးကတည်းကတခြားကလေး
တွေနဲ့မတူဘူး။သူက အရက်ပဲ သောက်နေလို့
ဒီအကြောင်းတွေ မသိတာလည်းဖြစ်နိုင်တယ်
သူက စကားလည်လည်ဝယ်ဝယ်မပြောနိုင်တဲ့ ကလေး၊ကောင်းကောင်းမွန်မွန်လေ့လာသင်ယူ
နိုင်စွမ်းမရှိတဲ့ ကလေးတစ်ယောက်ကိုမွေးထား
ရတာ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်နေတာ။"

ထိုစကားများကိုနားထောင်ပြီး ကျန်ချန်
ဒေါသထွက်လာ၏။
"ဒါကြောင့်, သူက သူ့ကို ရိုက်ခဲ့တာလား။"

"ဟုတ်တယ်။"
ကုဖေး၏မျက်နှာက တစ်ဖက်လှည့်သွား၏။
"သူက သူ့ကိုဆောင့်ဆွဲပြီးတော့အုတ်တံတိုင်း
ဆီပစ်ပေါက်ခဲ့တယ်။အဲ့ကိစ္စဖြစ်ပြီးတဲ့နောက်
ကုမြောင်ကအချိန်ကြာတဲ့ထိစကားမပြောနိုင်
တော့ဘူး။"

"အဓိပ္ပါယ်မရှိတာ!။"
ကျန်ချန်မှာဒေါသကြောင့် ကုဖေး၏အဖေရဲ့
အုတ်ဂူကိုတူးပြီး သူ့အလောင်းကိုကြာပွတ်နဲ့
ရိုက်ချင်မိသည်။

ကုဖေးကအသံတိတ်သွား၏။သူတို့နှစ်ဦးလုံး
ဘီယာဗူးအလွတ်ကိုတိတ်တဆိတ်ငေးကြည့်
နေခဲ့ကြသည်။

အချိန်အနည်းကုန်သွားသည့်အခါ ကုဖေးက စကားဆက်ပြောလာ၏။
"ငါ တခြားလူကိုသစ်ပင်နဲ့ဝင်ဆောင့်မိအောင်ကိုင်ပေါက်တဲ့အကျင့်ကသူ့ဆီကရတာနေမှာ။"

"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။"

ကုဖေးကပြောသည်။
"ဘာလို့ အသံက တဖြည်းဖြည်း လောင်ရွှိအသံနဲ့တူလာတာလဲ။"

"ဒါဖြင့်,ဘယ်သူအသံနဲ့တူရမှာလဲ။လောင်လုလား။
ငါ့မှာ မင်းကိုငေါက်ဖို့အားမရှိဘူး။"
ကျန်ချန် အုတ်နံရံကိုမှီပြီး သက်ပြင်းချလိုက်တယ်။
"ဒီမြို့က သောက်စိတ်ရှုပ်စရာပဲ။"

"မင်းရဲ့မွေးစားမိဘကမင်းကိုအရိပ်အာဝါသကောင်းကောင်းအောက်မှာရင်အုပ်မကွာထား
ပြီးမွေးခဲ့တာထင်တယ်။အဲ့ဒါကြောင့် ,မင်းက မီးတောင်တစ်ခုလိုဒေါသပေါက်ကွဲနေတဲ့ချိန်မှာတောင်ရှင်းရှင်းလင်းလင်းတွေးတောနိုင်တယ်။"

"သေချာတာပေါ့။"
ကျန်ချန် တိုးဖွဖွပြောလိုက်တယ်။ သူလည်း ထိုသို့တွေးမိသည်။
"လီပေါင်ကော်က ဘာလို့ မင်း........မေ့လိုက်တော့။"

ကုဖေးက မေးလာ၏။
"ငါက ငါအဖေကိုသတ်ခဲ့တယ်တဲ့လား။"

"အာ,"
ဤအခြေအနေမှာ ထိုမေးခွန်းကို မေးတာက
မသင့်တော်မှန်း ကျန်ချန် နားလည်သည်။
"စိတ်မပူနဲ့။ငါလည်း သူပြောတာကိုမယုံဘူး။ ငါ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက် ။စိတ်ထဲထားမနေနဲ့။"

ကုဖေးက ပန်းနုရောင်လက်ချောင်းနှင့်သူ့ကို ထိတွေ့လာ၏။

"ကိစ္စတိုင်းကို တစ်ဖြောင့်တည်းမတွေးရဘူး။
အားလုံးကအမှန်ဖြစ်နိုင်သလို၊ကောလာဟလ
လည်းရှိနိုင်တယ်။ငါတို့မြို့မှာ ကောလာဟလ
အများကြီးရှိတယ်။ငါအချိန်အားတုန်း မင်းကို
အဲ့အကြောင်းတွေပြောပြမယ်။"

"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။

ကုဖေးက ပြောလာသည်။
"ငါ့အဖေ ငါ့ကိုရေကန်နားဆွဲခေါ်သွားတုန်းက
ငါတို့ကိုမြင်လိုက်တဲ့သူရှိတယ်။အဲ့လူ ရေကန်
နားရောက်လာတဲ့အချိန်ငါ့အဖေကရေကန်ထဲ
မှာသေနေပြီး၊ငါကရေကန်စပ်နားမှာမတ်တပ်
ရပ်နေတာ။အဲ့မြင်ကွင်းကလူသတ်မှုမြင်ကွင်း
နဲ့တူသွားတယ်။ ငါက အော်မငိုခဲ့တာ ကြောင့် လူသတ်တရားခံ ဖြစ်လာတယ်။ အဲ့လူတွေက
ပြောတာ , ငါ့ကို ဘယ်လောက် တောင်မှ ရက်
စက်လိုက်သလဲတဲ့။ "

"တကယ်ဆို မင်းလည်းကြောက်နေခဲ့တယ်
မလား။"
ကျန်ချန် တစ်ကိုယ်လုံးအေးစက်သွားခဲ့၏။
ထိုကဲသို့သောမြင်ကွင်းကိုသူစိတ်ကူးနှင့်ပင်
ပုံမဖော်ဝံ့ပါပေ။ထိုအချိန်တုန်းက ကုဖေး၏
အသက်က ဘယ်လောက်ပဲရှိသေးလို့လဲ ?

"ငါ မသိဘူး။ ကြောက်ရင်လည်း ကြောက်ခဲ့လိမ့်မယ်။"
ကုဖေးက နောက်ထပ် စီးကရက် တစ်လိပ်ကို မီးညှိနေသည်။
"ငါအခုပြောပြမယ့်အကြောင်းက မင်းကို ကြောက်သွားစေလိမ့်မယ်။"

"ပြောကြည့်လေ။ငါ့ကို ကြောက်အောင်လုပ်နိုင်တဲ့အကြောင်းလေး။"

"ငါ သူ့ကိုမကယ်ခဲ့ဘူး။ရေကန်ကခဲနေပြီး ဘယ်လိုရေကူးရမလဲဆိုတာ ငါမသိဘူး။"
ကုဖေးရဲ့အသံက ကျယ်လာသည်။
"ဒါပေမယ့်,ငါ သူ့ကိုသေစေချင်ခဲ့တယ်။ရေကန်ထဲ
မှာသူ့ရုန်းကန်မှုတွေတဖြည်းဖြည်းရပ်တန့်သွားတာကို ငါ မတ်တပ်ရပ်ပြီးကြည့်နေတာ။ သူ ရေနစ်သေသွားတာကို၊ ငါ ဒီအတိုင်းစိုက်ကြည့်နေခဲ့တာ။"

ကျန်ချန်ရုတ်တရက်အသက်ရှုမဝဖြစ်လာ၏။
သူ အသက်ပြင်းပြင်းရှုသွင်းဖို့ ကြိုးစားကြည့်သော်လည်း မအောင်မြင်ပေ။တစ်ခုခုကသူ့ကို
ချည်ထားသည့်အလားမွန်းကြပ်နေ၏။

"အရမ်းကြောက်ဖို့ကောင်းတယ်မလား။"
ကုဖေး၏အသံကတိုးသွားပြီးတုန်လာသည်။
"ငါလည်းကြောက်တယ်။ငါ သူ့ကိုကယ်လိုက်ရင်
သူ ငါ့ကိုသတ်မှာကြောက်တယ်။သူ အားမြောင်နဲ့အမေ့ကိုသတ်မှာကိုကြောက်လို့၊ ငါ သူ့ကိုမကယ်
ခဲ့ဘူး။သူတဖြည်းဖြည်းအသက်ရှုရပ်ပြီးသေသွားတာကိုရပ်ကြည့်ခဲ့တယ်။နှစ်တိုင်း ,သူသေသွားတဲ့ရက်ရောက်တိုင်း ငါ့ကိုယ်ငါ ဖုံးထားခဲ့တဲ့အလွှာကကွာကျလာပြီး ငါ့ဘဝတလျှောက်လုံးဒီအကြောက်တရားကပြေးမလွတ်မြောက်နိုင်သလိုမျိုးအမြဲခံစားရတယ်။ "

စီးကရက်ကိုင်ထားတဲ့ကုဖေးရဲ့လက်သည်တုန်ယင်လာ၏။ လေထဲမှာ ပျံ့လွင့်နေသည့် ဆေးလိပ်မီးခိုးတွေတောင်အချင်းချင်းထိတ်လန့်ပြီး တွန်းကန်နေ
သကဲ့သို့ပင်။

"ကုဖေး,"
ကုဖေးဆီမှာအခုလိုသွေးပျက်ဖွယ်ပုံပြင်တစ်ပုဒ်ရှိနေခဲ့လိမ့်မယ်ကျန်ချန်မမျှော်လင့်ခဲ့ပေ။ မတုန်လှုပ်နေတတ်သောကုဖေး၏ပုံစံကအခုကွဲပြားနေ၏။အရာအားလုံးကြောက်နေသောသူတစ်ယောက်လိုမျိုးသူ့လက်ဖျားထိပ်လေးသည်တုန်ယင်နေပြီး၊ဘာလုပ်ရမှန်းမသိသော လူလိုမျိုးလမ်းပျောက်နေလျှက်။
"ကုဖေး။"

ကုဖေးက သူ့ကိုလှည့်ကြည့်လာသည်။

သူ မငိုခဲ့ဘူး။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

ကုဖေးက သူ့ကဲ့သို့မိန်းကလေးသဖွယ်စိတ်လှုပ်ရှားလွယ်ပြီးအငိုလွယ်တဲ့သူမဟုတ်မှန်းသိနေသော်လည်း သူ နည်းနည်းစိတ်ပူသွားခဲ့သည်။

ကုဖေး၏မျက်လုံးများက သူ့ဆီမှာ ရှိနေသေးသောကြောင့် ကျန်ချန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေ၏။သူ လက်မြှောက်လိုက်ပြီးခဏတုံ့ဆိုင်းနေပြီးနောက် ကုဖေး၏ပခုံးပေါ်တွင်တင်၍ပွေ့ဖက်လိုက်သည်။။
"ချန်ကော,မင်းကို ဖက်ထားပေးမယ်။"

ကုဖေးကမရုန်းပေ။သူကကျန်ချန်ဒူးဆစ်ပေါ်မှာခေါင်းတင်ထားပြီးငြိမ်သက်နေ၏။ ဒါပေါ့သူကတခြားလူနဲ့မတူဘူး။ထိုအထိအတွေ့ကသူ့ကိုဓား
နှင့်ဆွလိုက်ရသည့်အလား ကျန်ချန် ခံစားလိုက်ရသည်။

"အမှန်တိုင်းပြောရရင်,ငါ ဘယ်လိုပြောရမှန်းမသိဘူး။"
ကျန်ချန်သည် သူများအားမနှစ်သိမ့်​ပေးတတ်ချေ။
၎င်းကားသူနှင်ရင်းနှီးသောကိစ္စမဟုတ်သည့်အပြင် နှိမ့်သိမ့်မှုပေးတတ်တဲ့လူလည်းမဟုတ်သူနှင့်အရမ်းရင်းတဲ့ဖန်းကျိကိုတောင် နှစ်သိမ့်ဖူးတာမဟုတ်ဘူး။ ဖန်းကျိ၏နှလုံးသားသည်ဝမ်းနည်းစရာကိစ္စရှိလာခဲ့လျှင်ပင်
စားတယ်။ အီးပါမယ်။အိပ်ရေးဝလျှင်ပျောက်သွား၍ သူ နှစ်သိမ့်ပေးစရာတောင်မလိုချေ။ သူ လုပ်ပေးနိုင်သောအရာဟူ၍ ကုဖေး၏နောက်ကျောကိုအသာဖွဖွပုတ်ပေးပြီးဖက်ထားပေးနိုင်ရုံဖြစ်၏။
"မကြောက်နဲ့တော့။အားလုံးကပြီးသွားပါ​ပြီ။ မင်းကြောက်တယ်ဆိုတာလည်းပုံမှန်ပါပဲ။ ဒါပေမယ့်, အားလုံးအတိတ်မှာကျန်ခဲ့ပြီ။"

ကုဖေးက သူ့ဒူးခေါင်းပေါ်မှာခေါင်းတင်ထားဆဲ
ဖြစ်ပြီး တုတ်တုတ်မျှမလှုပ်ပေ။

"ပြီးတော့,"
ကျန်ချန် သူ့ကိုနီးနီးကပ်ကပ်ပွေ့ဖက်ပြီး သူ့လက်မောင်းကိုဖွဖွပွတ်လိုက်တယ်။
"တစ်ချို့အဖြစ်အပျက်တွေကအတွေ့အကြုံ
များတဲ့ သူ တစ်ယောက်ကို စဉ်းစားသင့်တယ်
မလား။ငါ့အမေ.....ငါ့မွေးစားအမေကလူတစ်
ယောက်ရဲ့ဘဝအတွေ့အကြုံဆိုတာ ဆိုးဆိုးကောင်းကောင်းတန်ဖိုးရှိတယ်လို့ပြောတယ်။"

ကုဖေးက ခေါင်းငုံ့ထားလျှက်ရှိသည်။

ကျန်ချန်သည်ပြောရမည့်စကားများစဉ်းစား
ရင်း စိုးရိမ်စိတ်ဝင်လာ၏။သူ့နှစ်သိမ့်နိုင်စွမ်း
သောအရည်အချင်းက ရွှယ်ပါ့ဆိုတဲ့ ဂုဏ်ပုဒ်
ဖြင့်မလိုက်ဖက်ချေ။

ကျန်ချန်သည်ပြောစရာစကားမရှိ၍ကုဖေး၏
နောက်ကျောနှင့်လက်မောင်းကိုခပ်ဖွဖွပုတ်၍
ကလေးဆန်သည့် နှစ်သိမ်မှုစကားလုံးတွေကို
ပြောလိုက်၏။
"အခုလုံခြုံသွားပြီ။ လုံခြုံသွားပါပြီ။မင်းမကြောက်တော့အောင်၊ငါမင်းကိုဖက်ထားပေးမယ်........မင်းရဲ့ခေါင်းကိုလည်းပုတ်ပေးမယ်။"

ကုဖေးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မျက်နှာကိုတစ်ဖက်သို့လှည့်သွား၏။

"မင်း......"
ကျန်ချန် သူ့ကိုဖျတ်ခနဲကြည့်လိုက်သော်ငြား
အကြည့်တစ်ချက်မှာ မှင်သက်သွားခဲ့သည်။
ကုဖေး၏နှုတ်ခမ်းထောင့်များကကွေးနေ၏။
သူကရယ်နေခဲ့တာဖြစ် သည်။ကျန်ချန်သူ့ကို
တွန်းထုတ်လိုက်ပြီး အဆုတ်ထဲမှ ထွက်လာတဲ့
အသံနှင့် အော်လိုက်တယ်။
"မင်း သောက်ရူးလား!မင်း ရယ်ရဲသေးတယ်ပေါ့။"

"အာ,"
ကုဖေးက ရယ်ကျဲကျဲဖြင့်ပြောလာသည်။
"ငါ အခုလိုကိုးရိုးကားယားနိုင်တဲ့နှစ်သိမ့်မှုကို
ပထမဆုံးကြုံဖူးတာမလို့ပါ။ ငါ မရယ်ဘဲမနေ
နိုင်ဘူး။ အစတုန်းက ငါ တကယ်ဝမ်းနည်းနေတာ......"

"မင်းပါးစပ်ကိုပိတ်ထား။"
ကျန်ချန် စိတ်တိုတိုနှင့်ကြမ်းပြင်ပေါ်မှမတ်တပ်
ထရပ်လိုက်တယ်။
"မင်း ယုံယုံ,မယုံယုံ။ငါ မင်းကို အခုချက်ချင်း ဝမ်းနည်းပက်လက် ဖြစ်သွားတဲ့အထိ ရိုက်ရဲတယ်။"

"မလုပ်ပါနဲ့,မလုပ်ပါနဲ့။"
ကုဖေးကမတ်တပ်ထရပ်လာပြီးကြမ်းပြင်မှာ ချထားသည့် လေးခွကိုအဝေးကန်လိုက်သည်။

"ငါ မင်းကို စိတ်ပူနေတာ။ငါ အရမ်းစိုးရိမ်လို့
မင်းခေါင်းကိုတောင်ပုတ်ပေးတာ၊ မင်းလည်း
သိတယ် မလား။ မင်းက ငါ့ကို ဟာသလုပ်ပြီး သရုပ်ဆောင်ခဲ့တယ်။ငါ မင်းကို လက်ခုပ်တီး
ပေးရဦးမလား,ဟမ်။"

"ကျေးဇူး။"

"မလိုဘူး။ "
ကျန်ချန် ထိုစကားကိုအလိုအလျောက်ပြော
လိုက်သည်။ သူ အသိစိတ်ပြန်ဝင်လာသည့်
အခါ သူစိတ်တိုရမှာကိုတောင် ပျင်းလာ၏။
"မင်း အယုတ်တမာ!!"

"ဟုတ်တယ်။"
ကုဖေးက လက်တစ်ဖက်ကိုဆန့်ပြီး သူပခုံးကို
လက်ညိုးနှင့် ဖွဖွချင်းပုတ်လာ၏။

ကျန်ချန်စကားပြန်မပက်တော့ပဲ၊သူ့ပခုံးပေါ်မှာရှိ
သည့်လက်ချောင်းကိုကြည့်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်။"
ကုဖေးက အနားထိတိုးလာပြီး သူ့ကို ပွေ့ဖက်လာသည်။
"ငါ တကယ်ပြောတာ။"

ပြိုင်ပွဲနေ့တွင်အောင်ပွဲခံခဲ့သောပွေ့ဖက်မှုမတူ
စွာပင်ကုဖေး၏ပွေ့ဖက်မှုကတင်းကျပ်နေ၏။ ဟုတ်တာပေါ့....သူ့အလိုအလျောက် လက်တုံ့
ပြန်တတ်တဲ့အကျင့်လေးကအခုပျောက်ကွယ်
နေခဲ့သည်။

"ပြီးတော့,"
ကုဖေး သူ့ကိုပွေ့ဖက်ထားရင်း သိမ်မွေ့သောအသံ
ဖြင့်နှင့်ဆက်ပြောလာ၏။
"ငါ ပြောတဲ့ 'ပွဲကြည့်ပရိတ်သတ်' ဆို တာကို
မင်းရဲ့ရွှယ်ပါ့ဦးနှောက်နဲ့သေချာပြန်စဉ်းစား။
အငြိုးအတေးထဲမှာနစ်မြှုပ်မနေနဲ့။ဦးနှောက်
ထဲမှာ သေချာလေးလေးနက်နက်စဉ်းစားပြီး နားလည်အောင်လုပ်။"

"ငါ့ရဲ့နားလည်နိုင်စွမ်းလား.....ငါက အမှား
အမှန်မစဉ်းစားပဲရှုပ်အောင်လုပ်စရာလား။ "
ကုဖေးဆီမှဖျော့တော့သာဆေးရွက်ကြီးအနံ့ကို
ကျန်ချန်ခံစားမိသည်။ ပွေ့ဖက်မှုကသက်တောင့်သက်သာဖြစ်လာ၏။ဤပွေ့ဖက်မှုက အတုအယောင်..ဒါမှမဟုတ်အစစ်အမှန်လားသူ မသိဘူး။သို့သော် သူ့မှာ ကုဖေးကို တွန်းထုတ်ချင်တဲ့ဆန္ဒမျိုးမရှိပါချေ။
"မင်းက ငါ့ကို ရေကန်နားမှာ မြင်ခဲ့တဲ့အတိုင်း မင်းကိုယ်မင်း ပွဲကြည့်ပရိတ်သတ်လို့ ခံယူပြီး တခြားသူငိုတာ၊ရယ်တာ၊ပြီးတော့အတုံးအရုံး ပြိုလဲသွားတာကိုကြည့်ခဲ့တယ်မဟုတ်လား။"

ကုဖေးက ရယ်လာသည်။
"ကောင်းပြီ။ငါ့ကိုယ်ငါပွဲကြည့်ပရိတ်သတ်လို့ သဘောထားခဲ့တယ်။ ဒါပေမယ့်,မင်းကို ရယ်
စရာကောင်းတယ်လို့ ငါတစ်ခါမှမတွေးခဲ့ဘူး"

ကျန်ချန် ပြန်ပြောလိုက်တယ်။
"ငါဖြစ်စေချင်တာအဲ့ဒါပဲ။ရိုးသားမှုနဲ့တစ်ချို့
စကားတွေက ကိစ္စတိုင်းကို ပိုကောင်းအောင်
လုပ်ပေးနိုင်တယ်။"

ကုဖေးကသူ့နောက်ကျောကိုပုတ်ပေးပြီးမှ သူ့ကိုလွှတ်ပေးလာ၏။
"ငါ ဒီနေ့ မင်းလက်ထဲမှာသေပြီလို့တောင်
ထင်နေတာ။

ကျန်ချန် သက်ပြင်းချလိုက်တယ်။
"အဲ့လောက်ထိလည်းမပြင်းပါဘူး။ဒါပေမယ့်,
ငါ အခုစိုးရိမ်လာပြီ။ ငါ ကိစ္စတွေ အများကြီး
သိလိုက်ရလို့နေမယ်။"

"စိတ်မပူနဲ့။"
ကုဖေးကကင်မရာကိုကိုင်ပြီးကြည့်နေသည်။
"မင်း အတွင်းခံဘောင်းဘီတစ်ထည်တည်းနဲ့ ရိုက်ထားတဲ့ပုံအများကြီး ငါ့ဆီမှာရှိတယ်။"

ကျန်ချန် သူ့ကိုလှမ်းကြည့်လိုက်တယ်
"ဘာပြောလိုက်တယ်။"

"ငါ့မှာ မင်းရဲ့ဓာတ်ပုံတွေရှိတယ်။အတွင်းခံဘောင်း
ဘီတစ်ထည်တည်း ဝတ်ထားပြီးရိုက်ထားတဲ့.........
ဓာတ်ပုံ......"
ကုဖေးက ကင်မရာကိုယမ်းပြလာသည်။
"မင်း မျက်နှာလည်းပါတယ်။ပုံရိပ်ကြည်ပြီး ဘာ အစက်အပျောက်မှမရှိဘူး။"

"မင်း အရှက်မရှိတဲ့ခွေးကောင်။"
ကျန်ချန် သူ့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး
တော့ ဆူလိုက်တယ်။
"ငါ မင်းကိုမနှစ်သိမ့်ပေးသင့်ဘူး။မင်းက လိင်
တူ စိတ်ဝင်စားတဲ့သူမှန်း.... မင်း အတန်းထဲက သူငယ်ချင်းတွေသိလား။"

ကုဖေးက ရယ်လာသည်။
"ငါရဲ့ဘေးခုံကအတန်းဖော်တော့ သိတယ်။"

ကျန်ချန် မျက်နှာတည်အောင်ကြိုးစားသော်
လည်း ကျရှုံးသွားပြီး အော်ရယ်လိုက်သည်။

ကုဖေး ကင်မရာထဲမှာ သူအတွင်းဘောင်းဘီ
တစ်ထည်တည်းဝတ်ပြီး ရိုက်ထားတဲ့ဓာတ်ပုံ
တွေရှိနေလည်းစိတ်မပူဘူး။အနည်းဆုံးတော့
သူကအတွင်းခံဘောင်းဘီဝတ်ထား၏။ဘာမှ
မဝတ်ထားတာမဟုတ်ဘူး။ သူ စိတ်ပူမိသည့်
ကိစ္စမှာ....

ကုဖေးက ဆက်ပြောသည်။
"ပြီးတော့, မင်း ကြက်ပေါက်လေးလိုပြေးနေတဲ့ ဓာတ်ပုံလည်း ရှိတယ်။"

"အဲ့ပုံကို အခုချက်ချင်းဖျက်ပေး။"
အမှန်ပဲ,သူ အတွင်းခံ ဘောင်းဘီတစ်ထည်ပဲ
ဝတ်ထားတဲ့ဓာတ်ပုံထက်ကြက်ပေါက်စလေး
လိုပြေးနေသောဓာတ်ပုံကို ပိုပြီးစိုးရိမ်သည်။ တစ်ယောက်ယောက် ဒီဓာတ်ပုံကို မြင်လျှင်
သူအရှက်ကွဲပေလိမ့်မည်။

ကုဖေးက တဲ့တိုးပြောလာ၏။
"ငါ ဖျက်ပေးနိုင်တယ်။ဒါပေမယ့်,တနင်္လာနေ့ assemblyမှာဖတ်ပြရမဲ့ အပြစ်သုံးသပ်စာကို
ရေးပေးရမယ်။"

ကျန်ချန် သူ့ကိုကူကယ်ရာမဲ့စွာလှည့်ကြည့်လိုက်တယ်။
"အပြစ်သုံးသပ်စာတောင်မရေးနိုင်ဘူးလား။ မင်းစရိုက်နဲ့ဆိုရင် ကလေးတည်းက အများကြီး ရေးခဲ့
ရတာမဟုတ်လား။"

"ငါ မရေးချင်ဘူး။ အရင်က လီယန့်ဖြစ်ဖြစ်
တင်းကျူးရှင်းဖြစ်ဖြစ်အကူအညီတောင်းပြီး
ရေးခိုင်းလိုက်တာ။သူတို့ရေးပြီးရင် ငါ့လက်ထဲ စာရွက်ရောက်လာတယ်။"

ကျန်ချန် ဖန်ခွက်ထဲသို့ရေထည့်ပြီး တစ်ငုံမော့သောက်လိုက်တယ်။
"အေး........ငါ မင်းကို အရမ်းလေးစားတယ်။
အပြစ်သုံးသပ်စာတောင် မင်းက အခုလိုမျိုး
မဆင်မခြင်လုပ်နေတာ။ တက္ကသိုလ် ဝင်ခွင့်
စာမေးပွဲမှာဘယ်လိုလုပ်မလဲ။"

‌"လျှောက်တွေးနေပြန်ပြီ။တစ်နှစ်တောင်ကျန်သေးတယ်။ငါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုမစဉ်းစား
ဘူး။အောင်လက်မှတ်ရရင်တော်ပြီ"

ကျန်ချန် သူ့ကို သေချာကြည့်လိုက်တယ်။
"နည်းပညာကျောင်းတစ်ခုခုမှာပညာလေ့လာတာက မင်းအတွက်ပိုအကျိုးရှိတယ်။အနည်းဆုံးတော့,
နယ်ပယ် တစ်ခုခုမှာ အရည်အချင်း ရှိထားသင့်တယ်။ "

"ငါ့မှာ ရှိပြီးသား။"
ကုဖေးက လက်ထဲမှကင်မရာကိုလှုပ်ယမ်းနေ
၏။သူက တစ်ခုခုတွေးမိသွားဟန်ဖြင့်ပြုံးလာ
သည်။
"အလယ်တန်းကျောင်းသားအရွယ်တုန်းကတက္ကသိုလ်တက်ဖို့အတွေးရှိတယ်။ နောက်
တော့ သိပ်အဓိပ္ပာယ်မရှိဘူးလို့ထင်လို့။"

ကျန်ချန် နှုတ်ဆိတ်နေလိုက်တယ်။ ကုဖေးက
ထိုကဲ့သို့အဓိပ္ပါယ်မရှိဘူးလို့ တကယ်တွေးနေ
တာမဟုတ်မှန်း သူသိ၏။ သူ့အိမ်အခြေအနေ
ကိုထည့်စဉ်းစားလျှင်အဝေးမှာကျောင်းတက်
ဖို့ဖြစ်နိုင်ချေမရှိပါချေ။ ဤမြို့အနီးတစ်ဝိုက်
မှလည်းနာမည်ကြီးတက္ကသိုလ်ကောင်ကောင်း
ရှိမယ့်ပုံလည်းမပေါ်ပေ။

ကုဖေးက ဆက်ပြောလာ၏။
"မင်းကတော့နာမည်ကြီးတက္ကသိုလ်မှာဝင်ခွင့်
ရလောက်ပါတယ်။ဒါပေမဲ့ စီကျုံး ကျောင်းလို
ချာတူးလန်နေတဲ့ ကျောင်းမှာနှစ်နှစ်တက်တာ
က မင်းကိုဆိုးဆိုးရွားရွားအကျိုးသက်ရောက်
ဖြစ်စေလား။"

"မဖြစ်ဘူး။ "
ကျန်ချန် ရေခွက်ကိုပြန်ချလိုက်တယ်။
"ပုံနှိပ်ထဲကသင်ရိုးလည်းကိစ္စမရှိဘူး။အဲ့ပုံနှိပ်ကိုသင်ပေးတဲ့ ဆရာ၊ ဆရာမဘယ်သူဖြစ်ဖြစ်ငါ့အတွက်ပြသာနာမရှိဘူး။ "

ကုဖေးက သူ့ကိုလက်မထောင်ပြ၏။

"တကယ်တော့, ငါက ငါ့အမေ ကို ဆန့်ကျင်နေတာ......ငါ့မွေးစားအမေကို။"
ကျန်ချန်မျက်မှောင်ကြုတ်လိုက်တယ်။သူမက
ဒီအကြောင်းကို သိလိမ့်မည်မဟုတ်ပေ။
"ငါကတစ်စုံတစ်ယောက်အတိုင်း ဒီမြို့မှာနေပြီး၊
ပုတ်သိုးဆွေးမြည့်သွားမဲ့လူမဟုတ်ဘူး။ ဒီမြို့ကအဝေးဆုံးကိုငါထွက်သွားချင်တယ်။"

"မင်းပြောတာမှန်တယ်။"
ကုဖေးကအညောင်းဆန့်လိုက်သည်။
"ဒီလိုချာတူးလံနေတဲ့မြို့မှာ ဘယ်သူမှ မနေချင်ဘူး။"

.......


Photo crd to English Translators❤

Continue Reading

You'll Also Like

45.8K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
40.5K 3.8K 11
BL အရမ်းသ၀န်တိုတတ်တဲ့ ချစ်စရာbottomလေးနဲ့ စိတ်ရှည် သည်းခံတတ်တဲ့top Fuck Off Unless You're The One (非诚互扰) မူရင်းစာရေးဆရာ - Tan Suan (碳酸) English ဘာသာ...
622K 81.2K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...