Chapter 36;
လောင်ရွှိသည်တာဝန်ဝတ္တရားကျေသူမှန်းကျန်ချန်နားလည်၏။ ဒါပေမယ့်,သူ ဘာကိုမျှ မပြောပြချင်
ပေ။ဘယ်လိုရှင်းပြသင့်လဲဆိုတာမသိ၍လည်းဖြစ်
သည်။သူ ဖြေရှင်းဖို့ကြိုးစားလျှင်,ထိုသူက သူစိမ်းတစ်ယောက်ခေါ်ခဲ့တဲ့နာမည်အတိုင်း တုပပြီးခေါ်၍
အရိုက်ခံရတာဖြစ်ကြောင်းပြောရမည်လား။ သူက အခြေအနေအားလုံးရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပေးတာလွယ်သည်။သို့သော်,ထိုကိစ္စနှင့်ပတ်သတ်ပြီးရှင်းပြဖို့ အချက်အလက်သူ့မှာအများကြီး
ရှိလျှင်တောင် သူရှင်းပြလိမ့်မည်မဟုတ်ချေ။
ကျောင်းသားများအပေါ်မှာစိတ်ရောကိုယ်ပါပူပန်
တတ်သောလောင်ရွှိကိုအားနာသော်လည်း၊ အပြစ်
ဒဏ် တိတ်တိတ်ဆိတ်ဆိတ်ခံယူခြင်းမှာပိုကောင်း
ကြောင်း ကျန်ချန်စဥ်းစားမိ၏။
လောင်ရွှိသည် သူ့ရဲ့စာသင်ချိန်နာရီဝက်အားသုံးပြီး
သူ့အားပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်မြောက်အောင်၊
သူ့ဦးနှောက်သို့ရောက်စေရန် အကျိုးအကြောင်းကိုနားလည်အောင်မနားစတမ်းရွတ်နေ၏။လောင်ရွှိက စကားပြောနေရင်းမျက်ရည်ကျလာမလားလို့တောင် ကျန်ချန် ထင်မိသည်။
အဆုံးတွင်, သူသည် ကျန်ချန်ဆီမှ စကား ထွက်ကျလာအောင်လုပ်နိုင်စွမ်းမရှိပေ။လောင်ရွှိကရွေးချယ်စရာမရှိတာကြောင့်၊ ကျန်ချန်အား အတန်းဆီသို့ပြန်လွှတ်လိုက်၏။
..........
သူသည်လှေကားအုံသို့ရောက်လျှင်၊ထိုတန်းခွဲ ၅မှ တိရစ္ဆာန်ကောင်ကကျောင်းဆေးပေးခန်းမှ ဆေးကု
သမှုခံယူပြီး အပြင်ပြန်ထွက်လာတာမြင်လိုက်ရ၏။
ထိုအရူးသည်မျက်နှာမှာပွန်းပဲ့ရာတစ်ချို့နှင့်ဖူးယောင်နေသည်မှလွဲ၍ ဒဏ်ရာများများစားစား
မရချေ။
ကျန်ချန်သည်သူ့ကိုညာလက်ဖြင့်အကြိမ်များစွာထိုးခဲ့တာဖြစ်၍ သူ့ဘယ်ဘက်မျက်လုံးမှဖူးကိုင်းနေကာခြစ်ရာလည်းရှိနေသည်။သူ့ဘယ်ဘက်ပါးမှာယောင်ကိုင်းနေကာမျက်နှာကတစ်ဖက်စောင်းနင်းမညီမညာဖြစ်နေ၏။
သူသည်ကျန်ချန်ကိုမြင်လျှင်၊အကောင်းတိုင်းရှိ
သေးသောမျက်လုံးတစ်ဖက်မှမီးပွားများလွင့်စင်
လာမည့်အလားစိုက်ကြည့်လာသည်။
လှေကားအုံရောက်ရန်နှစ်မီတာသုံးမီတာခန့်ဝေးတော့သည့်နေရာတွင် ကျန်ချန် ခြေလှမ်းတန့်လိုက်တယ်။
"ဘာလဲ?။"
ထိုတိရစ္ဆာန်ကောင်သည် မြေကြီးပေါ် သို့တံတွေး
ထွေးလာသည်။
"စောစောကလိုမသောင်းကျန်းတော့ဘူးလား။အခုကြောက်သွားပြီလား။"
ကျန်ချန် နှုတ်ဆိတ်ေနလိုက်၏။
ထိုတိရစ္ဆာန်ကောင်သည်သူ့ကိုသေချာစိုက်ကြည့်ပြီးနောက်၊ပါးစပ်မှဆဲသွားပြီး လှေကားပေါ်ဆက်တက်သွားသည်။ သူ့အသံက တိုးသည့်တိုင်၊ သူ့စကားလုံးများကိုပြတ်ပြတ်သားသားကြားေနရသည်။ ထိုတစ်ယောက်အဝေးသို့ရောက်သွားမှကျန်ချန်ဖြည်းဖြည်းချင်း လှေကားပေါ် တက်လာခဲ့သည်။
လောင်လုသည် သူ့အတန်းချိန်ကိုအပြည့်သင်ဖို့အခွင့်အရေးမလိုက်ပေ။ ကျန်ချန် အတန်းထဲသို့ဝင်လာချိန်တွင်၊လောင်လုသည်စင်မြင့်မှာ ရပ်ပြီးအော်ငေါက်နေလျှက်ရှိ၏။သူ့အသံကကျယ်လွန်း၍မျက်နှာကြက်မှဖုန်မှုန့်တွေပင် တလွှားလွှားကျလာသည်။
"သူရဲကောင်းကြီးပြန်လာပြီလား။"
လောင်လုက သူ့ကိုမြင်သည့်အခါ သင်ကြားရေး
ညွှန်တံကြီးနှင့်ညွှန်လာသည်။
"ကျန်ချန်,မင်း ငါ့ကိုအဆိုပြုချက်တစ်စောင်ရေး
ပေးရမယ်။"
ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်၏။
လောင်လုက ဆက်ငေါက်လာသည်။
"ကော်ရစ်တာပေါ်က အုပ်စုနှစ်စုကြားရန်ပွဲမှာ
ထိခိုက်ဒဏ်ရာမရှိပြန်ထွက်လာတဲ့အကြောင်း
ကို ဘာလို့အက်ဆေးမရေးတာလဲ။အက်ဆေး
ရေးပြီးရင် ငါ့ကိုပြော။မင်းရဲ့စာရွက်ကို မိတ္တူ
ထုတ်ပြီးအတန်းထဲမှာကော်နဲ့ကပ်ထားမယ်။"
ကျန်ချန် ကူကယ်ရာမဲ့စွာ"အိုး"လို့ အသံပြုပြီး
တော့ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
လောင်လုကသင်ကြားရေးညွှန်တံအားစားပွဲခုံပေါ်မှာ တတောက်တောက်ထောက်ပြီး ဆက်ပြောလာသည်။
"တရားမျှတမှုမရှိတဲ့သူကငါမဟုတ်ဘူး။မင်းတို့အားလုံးအတွက်ပြောေနတာ။မင်းတို့တွေအိပ်တဲ့အချိန်ပဲလူနဲ့တူတာသိလား။ မျက်လုံး ပြန်ဖွင့်ရင်
သုံးစားမရတဲ့ချီးပုံတွေဖြစ်သွားတာ။မင်းတို့တစ်
ခုခုစိတ်ပါဝင်စားပြီး လုပ်တာမျိုး တစ်ခါမှမတွေ့
ဖူးဘူး။မိဘတွေကအလုပ်မှာပင်ပင်ပန်းပန်း လုပ်
ပြီး၊မင်းတို့ကိုထောက်ပံ့ပေးနေတာ။မင်းတို့ကကျောင်းမှာသောက်အဓိပ္ပာယ်တဲ့အလုပ်တွေပဲ
လုပ်နေကြတယ်။"
ကုဖေးက ခေါင်းငုံ့၍ ဂိမ်းကစားနေရာမှ သူ့ကို
မေးလာသည်။
"ကျောင်းစည်းကမ်းထိန်းသိမ်းရေးကို သွားခဲ့တာလား။"
"မဟုတ်ဘူး။ "
"စာသင်ချိန်ပြီးရင် ရောက်လာလိမ့်မယ်။"
ကုဖေးကအတွေ့အကြုံရှိပုံရသည်။မနက်အတန်းချိန်ပြီးဖို့မိနစ်အနည်းငယ်အလိုတွင်၊ကျောင်းစည်း
ကမ်းထိန်းသိမ်းရေးဒါရိုက်တာ၊ လောင်ရွှိနှင့် တန်းခွဲ၅အတန်းပိုင်ဆရာမသည်ကော်ရစ်တာကိုပိတ်ဆို့ထားလိုက်သည်။
ရန်ပွဲမှာပါသည့်လူတိုင်းကျောင်းစည်းကမ်း ထိန်းသိမ်းရေးရှိလူတွေ၏ ဆွဲခေါ်သွားခြင်း
ခံရ၏။တစ်ယောက်မှမလွတ်ချေ။
ကျောင်းစည်းကမ်းထိန်းသိမ်းရေးဒါရိုက်တာသည် သူတို့အားကောင်းကောင်းဆူငေါက်လာသည်။ သူ
ကဆူလို့ဝသည့်အခါသူတို့အားလုံးကိုရန်ဖြစ်သည့်အကြောင်းအရင်းအားဝန်ခံခိုင်း၏။အကြောင်းရင်း
မရှင်းပြနိုင်သည့် သူကိုရန်ပွဲမှာရပ်ကြည့်နေခဲ့သောသူများအား လိုက်ရှာပြီး မေးခိုင်းစေသည်။
နောက်ဆုံး, ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဒါရိုက်တာသည်အဓိကတရားခံများဖြစ်သော
ကျန်ချန် နှင့်အရူးကောင်အားကြည့်လာ၏။
ဒါရိုက်တာက ကျန်ချန်ကိုအရင်ကြည့်လာသည်။
"မင်းက သူ့ကိုရိုက်တာလို့ သူကပြောတယ်။
ဘာဖြစ်ကြတာလဲ။"
"မှန်တယ်။အကြောင်းပြချက်ရှိကိုရှိရမယ်။"
လောင်ရွှိကစကားဖြတ်ပြောလာသည်။
"ကျန်ချန်ရဲ့အမှတ်တွေက ထိပ်ဆုံးဆယ်
ယောက်ထဲမှာအမြင့်ဆုံးပဲ။ အထူးသဖြင့်
စီနီယာ အထက်တန်းကျောင်း......."
ဒါရိုက်တာက စကားဖြတ်ပြောလိုက်၏။
"လုလောင်ရှီး,သူက ရွှယ်ပါ့မှန်း ကျုပ်သိတယ်။
ကျုပ် သူ့ကိုမေးပြီးတဲ့အထိစောင့်ပါဦးလား။"
လောင်ရွှိက ပါးစပ်ပိတ်သွားသည်။
သို့သော်, ကျန်ချန်က အစမှအဆုံးထိစကား
တစ်ခွန်းမှမပြောပေ။
ဒါရိုက်တာက ဒေါသတဟုန်းဟုန်းထွက်လာတာ
မြင်လျှင်၊ဝမ်ရွှိကလက်ထောင်လိုက်သည်။
"ကျွန်တော် သိတယ်။"
"ပြော။"
ဒါရိုက်တာက သူ့ကိုကြည့်လိုက်၏။
"အတန်းထဲမှာ မင်းလို ယဥ်ကျေးမှုရှိတဲ့သူကို
ငါတစ်ခါမှမမြင်ဖူးဘူး။လက်ထောင်နေစရာ
မလိုဘူး။"
ဝမ်ရွှိက ရှင်းပြလာသည်။
"သူက ကျွန်တော်တို့ အတန်းရှေ့လာပြီး အရင်ဆဲ
တာ။'ချန်ချန်,ချန်ချန်,မေယိုးလေးလို့ပြောတာ။ သူ
ပြောတာကြားတဲ့ဘယ်သူမဆိုစိတ်ဆိုးမှာ။ပြီးတော့သူကလှောင်တဲ့အသံတွေလည်းလုပ်တယ်။"
"မင်း ဘာပြောနေတာလဲ။"
တန်းခွဲ၅မှကောင်က သူပြောသည့်စကားကို
ကြားသည့်အခါ ရုတ်တရက် ထအော်၏။
"ငါ ဘယ်အချိန်တုန်းက သူ့ကို ဆဲလိုက်တာလဲ။"
ဝမ်ရွှိက သူ့ကို လှမ်းကြည့်လိုက်၏။
"မနက်ပိုင်းစာသင်ချိန်တုန်းက မင်းဆဲတာ။ အဲ့ဒါကြောင့်မဟုတ်ရင်,ရွှယ်ပါ့ကမင်းကိုဘာလို့ထိုးမှာ
လဲ။ နည်းတောင်နည်းသေးတယ်။"
"သောက်ရေးမပါတာ။"
တန်းခွဲ၅မှလူက ဒေါသထွက်ရလွန်း၍
မျက်လုံးများပြူးကျယ်လာ၏။
"ကျွန်တော်....."
ဝမ်ရွှိက ပိုပြီး သွက်သည်။
"ဒါရိုက်တာကြီးသူပြောတာကြားလား။ကြားလိုက်လားဒါရိုက်တာကြီး။ အခုလေးတင်ပဲ ဆဲလိုက်တာ။မနက်တုန်းကလည်း အခုလိုပဲအကျယ်ကြီးအော်ပြီးဆဲနေတာ။ ကျွန်တော်တို့ အားလုံး သူ့ဆဲသံကို ကြားတယ်။မဟုတ်ရင် , ကျွန်တော်တို့ကဘာလို့အရင်ရန်
စဖြစ်မှာလဲ။ကျွန်တော်တို့ကပုံမှန်ဆိုရန်မဖြစ်ပါဘူး။ ဒါပေမယ့်, ပူးပေါင်းလုပ်ဆောင်မှုအပေါ်မှာလေးစား
ရမယ် ဆိုတဲ့ စိတ်ကြောင့် အခုလို ရန်ပွဲဖြစ်သွားတာပါ။"
တန်းခွဲ၈မှဆွဲခေါ်ခံလာရသည့်ကျောင်းသားအုပ်စုက တစ်ညီတစ်ညွတ်တည်း အသံထွက်လာသည်။
"ဟုတ်တယ်။ကျွန်တော်တို့လည်း သူ့ရဲ့ဆဲသံကို ကြားလိုက်တယ်။"
"မင်းတို့အားလုံး ချီးပဲ။"
တန်းခွဲ၅မှလူက သူ့အတန်းထဲက လူတွေကိုလှည့်
ကြည့်လိုက်သည်။
"မင်းတို့ ငါဆဲတာကြားလိုက်လား။"
တန်းခွဲ၅မှကျောင်းသားအုပ်စုကလည်း
တစ်လေသံတည်း ပြန်ဖြေလာ၏။
"မကြားဘူး။သူ ဘယ်တုန်းကမှ မဆဲပါဘူး။"
ကုဖေးက အခန်းနောက်ဆုံးမှာ စားပွဲကိုမှီပြီး ရပ်နေတာဖြစ်သည်။
"ဟုတ်တယ်,မင်းတို့ ဘယ်ကြားမှာလဲ။ ငါတို့ကြား
မှာအခန်းတစ်ခန်းခြားတယ်။သူ ကျန်ချန်ကို ဆဲတဲ့အချိန်တုန်းက ငါတို့အတန်းဖက်မှာပဲရှိသေးတယ်။ "
"ကုဖေး။"
တန်းခွဲ ၅မှလူကကုဖေးကိုလက်ညိုးငေါက်ငေါက်
ထိုးလာသော်လည်း အချိန်ကြာသည် အထိ စကားတစ်ခွန်းမှမထွက်ချေ။
ကုဖေးက အသံတိုးတိုးကျိတ်ရယ်လိုက်သည်။
"မင်း အရိုက်ခံရလို့ကြောက်ပြီးအော်တော့မှ သူတို့က မင်းအသံကိုကြားတာမဟုတ်လား။"
"တော်လောက်ပြီ။"
ကျောင်းစည်းကမ်းထိန်းသိမ်းရေးဒါရိုက်တာက
ကုဖေးကိုကြည့်လိုက်၏။
ကုဖေးကဖုန်းထုတ်ပြီး ခေါင်းငုံ့၍ ဂိမ်းဆက်ဆော့
နေခဲ့သည်။
အမှန်တရားက ရှင်းလင်းသွားပြီ ဖြစ်သည်။
တန်းခွဲ၅မှကျောင်းသားက တစ်ဖက်သားကို
ဆဲ၍အရိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ထိုပြသာနာက
အတန်းနှစ်ခုကြားကရန်ပွဲအားအစပျိုးသလို
ဖြစ်စေခဲဲ့၏။ တန်းခွဲ ၅မှ ကျောင်းသားသည်
အပြစ်လွတ်အောင်အကောင်းဆုံးကြိုးစားခဲ့
ပေမယ့်၊ကျောင်းစည်းကမ်းထိန်းသိမ်းရေး
ဒါရိုက်တာသည် ဝမ်ရွှိ၏ ဖြေရှင်းချက် ကို အပြစ်အနာအဆာရှိသည်ဟုမထင်ခဲ့ပေ။
စီကျုံးလိုမျိုးကျောင်းက ရန်ပွဲများဖြစ်နေကြဖြစ်သည်။အပြစ်ကင်းတဲ့ ကျောင်းသားဟူ၍
တစ်ယောက်တောင်မရှိပေ။
ရန်ပွဲ၏နောက်ဆက်တွဲအနေဖြင့်အတန်းနှစ်တန်း၏အတန်းပိုင်များသည် အပြင်းအထန် အငြင်းပွားတော့၏။သူတို့နှစ်ယောက်လုံးက
တစ်ယောက်အတန်းတစ်ယောက်အပြစ်ပုံချနေသည်။ လုလောင်ရွှီ၏ငြင်းခုန်မှုကစာသင်
ခန်းထဲမှာစာသင်နေသည့်အလား အေးအေး
ဆေးဆေးငြင်းခုန်နေသည်။ သူသည် စကား
ကြောရှည်သည့်အပြင် ၊စကားတစ်ခွန်းပြော
လိုက်သည်နှင့်အဆုံးသတ်ဖို့ မဖြစ်နိုင်တော့။
အခြားအတန်းပိုင်သည်ဆရာမတစ်ယောက်
ဖြစ်နေ၍၊ သူမက ခဏမျှ ငြင်းခုံပြီးသည်နှင့်
စကားကပ်သပ်ပြီးမပြောနိုင်တော့ပေ။
သူမကအလျော့ပေးဟန်ဖြင့် လက်ယမ်းပြ
လာသည်။
"ကျွန်မ ဆက်မပြောနိုင်တော့ဘူး။ လုရှောင်ရွှိက ကျောင်းဆရာတစ်ယောက်ဖြစ်တာနှမြောစရာပဲ။
ရှင့်ရဲ့စကားရည်လုနိုင်စွမ်းအလကားဖြစ်သွားပြီ။"
လောင်ရွှိကအလွန်ယဥ်ကျေးသည့်အမူအယာနှင့် ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကိုမြှောက်လွန်းနေပြီ။ "
ကျောင်းစည်းကမ်းထိန်းသိမ်းရေးဒါရိုက်တာကစိတ်ကုန်နေသောမျက်နှာနှင့်ပြောလာ၏။
"ဒါပေါ့,ဒါပေါ့။အခုလိုမျိုးအငြင်းပွားနေစရာမလို
ပါဘူး။"
ရန်ပွဲမှာပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသားများ
သည်စာလုံးရေအနည်းဆုံး၈၀၀ကျော်ရှိသည့်
အပြစ်သုံးသပ်စာရေးရမည့်အပြင် အများသုံး
သန့်စင်ခန်းများကိုတစ်ပတ်တိတ်ိသန့်ရှင်းရေး
လုပ်ရမည်ဖြစ်သည်။ရန်ပွဲအားစသူများဖြစ်တဲ့
ကျန်ချန်နှင့်ထိုအရူးကောင်သည်တနင်္လာနေ့ကျ
assemblyကွင်းတွင် စင်ပေါ်တက်ပြီးအပြစ်သုံး
သပ်စာစောင်အားတစ်ကျောင်းလုံးကြားအောင် အသံကျယ်ကျယ်နှင့်အော်ဖတ်ရလိမ့်မည်ဟု အပြစ်ဒဏ်သတ်မှတ်လိုက်၏။
သူတို့၏ပြစ်ဒဏ်နှင့်ပတ်သတ်ပြီးအရေးယူ ဆောင်ရွက်မှုအကြောင်းကိုကြားသည့်အခါ
လောင်ရွှိနှင့်တန်းခွဲ၅မှအတန်းပိုင်ဆရာမက တောင်းဆိုချက်တွေကိုတစ်ဖန်တင်သွင်းပြန်
သည်။
တန်းခွဲ ၅မှဆရာမ က အကျိုးအကြောင်း
ထောက်ပြပြီး ပြောလာ၏။
"ဒါရိုက်တာ,ပြသာနာကကြီးကြီးမားမားမှမဟုတ်ပဲ။ပြစ်ဒဏ်ပေးစရာ မလိုအပ်ဘူးလို့ ကျွန်မ ထင်တယ်။ပြီးတော့,ဒဏ်ရာတွေကိုကြည့်ရင် ကျွန်မတို့ အတန်းဘက်က ပိုပြီးနစ်နာတယ်မဟုတ်ဘူးလား။"
"ဟုတ်တယ်။"
လောင်ရွှိက အသံကျယ်ကျယ်နှင့်သဘောတူသည်။
ထိုအခါမှ လောင်ရွှိ၏ သရုပ်မှန်ကို ကျန်ချန်
ပြန်မြင်လိုက်ရတာဖြစ်၏။
သို့သော်, လောင်ရွှိ၏ နောက်ဆက်တွဲ စကားများက သူ့ကို ဆွံ့အသွားစေသည်။
"သူတို့အားလုံးက ဆယ်ကျော်သက်လေးတွေပဲရှိ
သေးတာ။စိတ်လိုက်မာန်ပါလုပ်တတ်တာသဘာဝ
ပဲ။ ကျွန်တော်တို့လို ကျောင်းဆရာ,ဆရာမတွေက
သူတို့အပေါ်မှာတစ်ဖက်စောင်းနင်းအပြစ်ပေးတာ
မလုပ်သင့်ဘူး။ပြစ်ဒဏ်ပေးအရေးယူတာက ဘာ
အကျိုးရှိလို့လဲ။သူတို့ရဲ့အပြစ်ကိုမှတ်တမ်းထဲမှာမှတ်လိုက်ရင်ရပါပြီ။ဒီနည်းလမ်းက ကျွန်တော်တို့ ဆရာ ၊ဆရာမတွေ အတွက်အလုပ်တာဝန် ပေါ့စေ
တယ်။ပြစ်ဒဏ်ပေးတာကိုသဘောမတူနိုင်ပါဘူး။
ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာ၊ဂရုစိုက်မှုတွေကိုအသုံးချသင့်တယ်လို့ ယုံကြည်တယ် ။ကျွန်တော်
တို့ရဲ့စိတ်ရှည်သည်းခံမှု ပြီးတော့..... .."
"လုလောင်ရှီး,လုလောင်ရှီး,လောင်ရွှိ။"
ဒါရိုက်တာကအလွန်စိတ်ထိခိုက်နေဟန်ဖြင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်မှာဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် စကားပြောတာရပ်
တန့်ပေးဖို့မြှောက်ပြလာသည်။
"ကျုပ်နားလည်ပြီ။ခင်ဗျားမှာကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေရှိတာ ကျုပ်နားလည်ပြီ။ "
လောင်ရွှိကစကားရပ်မည့်ပုံမရှိပေ။
"ကျွန်တော်တို့ ကျောင်းဆရာ၊ဆရာမတွေက ကျောင်းသားကျောင်းသူအများကြီးနဲ့ရင်ဆိုင်
ရရင် အင်အားမဲ့သွားကြတာပဲ။ ဒါပေမဲ့,ဒါကကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အသက်
မွေး၀မ်းကျောင်းအလုပ်ပဲ။ ဆယ်ကျော်သက်
အရွယ်မှာစိတ်လိုက်မာန်ပါ မလုပ်တဲ့သူဘယ်
သူရှိလဲ။ကြည့်လေ... ငါတို့နှစ်ယောက်လည်း
အရင်က အတန်းဖော်တွေ ဖြစ်ခဲ့တာပဲမဟုတ်
လား။မင်းလည်းအထက်တန်းကျောင်းမှာ...."
"ရွှိချီချိုင်"
ဒါရိုက်တာက ငိုသံဖြင့်အော်လိုက်သည်။
"ငါ နားလည်ပြီလို့ မင်းကိုပြောနေတယ်။"
မူလက ကျန်ချန်ရဲ့စိတ်အခြေအနေက အတော်
လေးဆိုးရွာနေခဲ့တာဖြစ်သည်။ဘာကြောင့် မှန်း
မသိစိတ်အခြေအနေပြန်ကောင်းလာ၏။လောင်
ရွှိစကားတွေက ရယ်စရာကောင်းသော်လည်း၊သူ စိတ်လှုပ်ရှားမိသည်။
မင်းဘဝမှာ ထိုကဲ့သို့ဆရာတစ်ယောက်ကိုတွေ့ဆုံ
ခွင့်ရတာကံကောင်းမှုတစ်ရပ်အဖြစ်သတ်မှတ်၍ရ
သည်။
လောင်ရွှိကကျောင်းသားများနှင့်ဆက်ဆံရာ
တွင် မှန်ကန်သည့်နည်းလမ်းရှာမတွေ့သည်
မှလွဲ၍.......သူ EQကတော်တော် နိမ့်၏။
လောလောဆယ်တွင်ကျန်ချန်အရမ်းရယ်ချင်
နေသည်။ ထိုကဲ့သို့ တွေးနေသည်မှာ ကျန်ချန်တစ်ယောက်တည်းမဟုတ်ပေ။ ဝမ်ရွှိဘက်က
မထိန်းနိုင်ပဲထွက်လာသည့်တစ်ခစ်ခစ်ရယ်သံ
ကိုပင်သူကြားနေရ၏။
"ကောင်းပြီ။"
ဒါရိုက်တာက ရေကိုအလျင်စလိုမျိုချလိုက်သည်။
"အခုဘာအပြစ်ဒဏ်မှမပေးတော့ဘူး။ ဒါပေမယ့်,
ငါ မင်းတို့ကို စောင့်ကြည့်နေမယ်။ ဒီစာသင်ကာလအတွင်းနောက်ထပ်တစ်ကြိမ်စည်းကမ်းချိုးဖောက်
ခဲ့ရင်ပြစ်ဒဏ်ပေါင်းပေးခံရမယ်။အခုလိုမျိုးစကား
နဲ့ သတိပေးရုံနဲ့ပြီးသွားမှာမဟုတ်ဘူး။မင်းတို့အပြစ်တွေကိုကျောင်းသားမှတ်တမ်းမှာတစ်ခါတည်းထည့်
ရေးမယ်။"
"အစီရင်ခံစရာရှိပါတယ်။"
ကုဖေးက အနောက်မှလှမ်းပြောလာ၏။
"ကျွန်တော်က ဘာလို့ကိုယ့်ကိုယ်ကိုအပြစ်သုံးသပ်စာရေးရမှာလဲ။"
"မင်း ရန်ဖြစ်ခဲ့တယ်မဟုတ်ဘူးလား။"
ဒါရိုက်တာက ရေခွက်ကိုစားပွဲပေါ် ဆောင့်ချလိုက်သည်။
ထိူသူ၏သည်းခံနိုင်စွမ်းကအကန့်အသတ်ကို ရောက်နေပြီမှန်း ကျန်ချန် ခံစားမိသည်။
ကုဖေးက ပြန်ဖြေ၏။
"မဟုတ်ဘူး။ ကျွန်တော်က ရန်ပွဲဝင်တားတာ။"
လောင်ရွှိကလည်းဝင်ပြောလာသည်။
"သူ့ကိုရန်ပွဲဝင်တားဖို့ အမိန့်ပေးခဲ့တဲ့သူက ကျွန်တော်။"
"မင်း ငါ့ကို ရိုက်ခဲ့တယ်။"
တန်းခွဲ၅မှကောင်က ခြေထောက်ဆောင့်ပြီး
အော်ဟစ်လာသည်။
"ဘယ်သူမြင်လိုက်လဲ။"
ကုဖေးကမျက်လုံးမှေးကျဥ်းပြီးအခန်းထဲမှာ ရှိ
နေသည့် ကျောင်းသားတွေ၏ မျက်နှာကို ကြည့်လိုက်သည်။
"ငါ သူ့ကိုရိုက်တာကို မြင်လိုက်တဲ့သူရှိလား။"
တန်းခွဲ ၅မှအရူးရောင်က ဒေါသထွက်လွန်း၍ လက်များတစက်စက် တုန်ယင်နေသော်လည်း ပါးစပ်ပြန်ပိတ်သွားသည်။
ဒါရိုက်တာက ကုဖေးကိုငေါက်လိုက်၏။
"မင်း ရန်ပွဲမှာမပါရင်၊ ဘာလို့ဒီနေရာမှာရှိနေတာလဲ။"
"ခင်ဗျားလူတွေကျွန်တော့်ကိုဆွဲခေါ်လာတာ။"
ကုဖေး၏အဖြေကြောင့် ဒါရိုက်တာကထပ်အော်ပြန်စေသည်။
"မင်းလည်းတစ်စောင်ရေးရမယ်။ပြီးခဲ့တဲ့အပတ်ကမင်းကျောင်းနောက်ကျလို့အုတ်တံတိုင်းကျော်တက်လို့ငါဖမ်းမိသွားတဲ့အကြောင်းရေးခဲ့။ပြီးရင်စင်ပေါ်
တက်ပြီး သူတို့အားလုံးကြားအောင်ဖတ်ပြရမယ်။"
သူတို့သည် ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းမှထွက်လာသည့်အခါအတန်းနှစ်တန်းလုံးရှိ ကျောင်း
သားများရဲ့စိတ်အခြေအနေသည်သိပ်မကောင်းချေ။
လောင်ရွှိကသူတို့ကိုယာဥ်ရပ်နားသောနေရာထိလိုက်
ပို့သည်။ သူက သူတို့ကို လက်ချာနည်းနည်းပေးချင်ပေမယ့်၊ပါးစပ်ဟခွင့်တောင် မရလိုက်ချေ။
ကျောင်းသားအုပ်စုသည် ယာဥ် ရပ်နားသော
နေရာသို့ရောက်လျှင် ၊ အောင့်ထားရသမျှကို
လွှတ်ချ၍ဆောင့်ကြောင့်ထိုင်ပြီးတဟားဟား
ရယ်ကြတော့သည်။
ကျန်ချန်သည် ဗန်ကားလေးထဲ ဝင်ထိုင်ပြီးသည့်
တိုင်ရယ်ချင်နေဆဲဖြစ်၏။ကားပြတင်းပေါက်က
နည်းနည်းဖွင့်ပြီးခေါင်းကြည်အောင် ကျန်ချန်လေအေးတစ်ချို့ရှုသွင်းလိုက်၏။
ကားကစက်နိုးနေ၍ သူ မေးလိုက်တယ်။
"တင်းကျူးရှင်းဆိုင် သွားမလို့လား။"
ကုဖေးက ကားမောင်းရင်း မေးလာသည်။
"အင်း,အဆင်မပြေလို့လား။"
"သြော်, ငါ မင်းကို မေးစရာရှိတယ်။ ဒီကားက
လူကြီးတွေပဲမောင်းတာမလား။မင်းလိုလူငယ်
ကဒီကားကိုမောင်းတာ၊ ရဲတွေ ကိုဂရုစိုက်စရာ
မလိုဘူးလား။"
"ဘာဂရုစိုက်စရာလိုလဲ။ဒီနေရာကို မင်းလာခဲ့တဲ့နေရာလို့ထင်နေတာလား။ရဲတွေကငါ့ကိုတားရင်၊
ဒီကားကိုငါ့အဖိုးဆီကယူလာတာလို့ဖြေလိုက်မှာ။
ဘာကိစ္စစိတ်ပူနေမှာလဲ။"
ကျန်ချန် ရယ်လိုက်တယ်။
"မင်း အဖိုးက ကားမောင်းတတ်လို့လား။"
"မမောင်းတတ်ဘူး။သူ သေသွားတာကြာပြီ။"
"အာ......"
ကျန်ချန် ခဏတန့်သွားပြီးဘာပြောရမှန်းမသိ
ဖြစ်သွား၏။
"ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုလေ။"
ကုဖေးက မီးနီကြောင့် ကားကိုရပ်လိုက်ပြီးထိုင်ခုံကိုကျောမှီချရင်းပေါ့ပေါ့ပါးပါးဆက် ပြောသည်။
"ကြွက်သတ်ဆေးသောက်ပြီး သတ်သေတာ။"
ကျန်ချန် နည်းနည်းထိတ်လန့်သွား၏။
"ဘာဖြစ်လို့လဲ။"
"လူစိတ်မရှိတဲ့သားတစ်ယောက်ကိုမွေးခဲ့လို့။"
ကုဖေးကအတန်ကြာအောင်တိတ်ဆိတ်နေပြီး
ထိုစကားကိုပြောလာ၏။မီးပွိုင့်က မီးပြန်စိမ်း
လာသည့်အခါ သူကကားကိုလမ်းကြားတစ်ခု
ထဲသို့မောင်းသွားသည်။
"လောကကြီးမှာမင်းတစ်ခါမှမမြင်ဖူးသေးတဲ့ ဆိုးသွမ်းတဲ့ကိစ္စတွေ၊ သောက်ရေး မပါတဲ့လူ
တွေအများကြီးရှိတယ်။"
ကျန်ချန်သည် စကားတစ်ခွန်းမှမဆိုနိုင်ဘဲ
သူ့ပုံရိပ်ကိုငေးကြည့်နေခဲ့၏။
ကုဖေးက ဆက်ပြောသည်။
"အများကြီးလျှောက်မတွေးနဲ့၊ဘဝကိုပွဲကြည့်
ပရိတ်သတ်တစ်ယောက်လို နေထိုင်သွားတာ
မင်းကိုပိုပြီးလွယ်ကူစေလိမ့်မယ်။"
"အင်း။"
ကျန်ချန် မျက်လုံးမှိတ်လိုက်သည်။
..........
ယနေ့တွင် တင်းကျူးရှင်းသည်စတူဒီယိုမှာမရှိဘဲ
အဝတ်အစားပုံနှင့်အလုပ်ရှုပ်နေသောမိန်းကလေး
တစ်ဦးသာရှိ၏။
ကုဖေးက သူတို့ကိုမိတ်ဆက်ပေးလာသည်။
"ရှင်းကျဲရဲ့ လက်ထောက်,ရှောင်လု။ သူက ကျန်ချန်၊ဒီနေ့အတွက်မော်ဒယ်လုပ်မယ့်သူ။"
"အရမ်းကြည့်ကောင်းတာပဲ။အိုး... .,ငါ့နာမည်
က လုချိုက်။သူက ငါ့နာမည်ကိုမဖတ်တတ်လို့ အလွယ်ပြောလိုက်တာ။"
ရှောင်လုကရယ်မောပြီးမှအင်္ကျီတန်းပေါ်မှ
ဝတ်စုံနှစ်စုံကိုလက်ညှိုးထိုးပြလာ၏။
"ဒါက ဒီနေ့ဝတ်ရမယ့်ဝတ်စုံတွေ။ ဝတ်စုံကအားလုံးတွဲပြီးသွားပြီ။ငါနင့်ကိုမိတ်ကပ်ပြင်ပေးဖို့ပဲကျန်တော့တာ။"
ရှောင်လုက ကျန်ချန်ကို မိတ်ကပ်လိမ်းပေးနေစဥ်၊
ကုဖေးသည်ဒီနေ့ဝတ်ရမည့်ဝတ်စုံများကိုတစ်ချက်ကြည့်လိုက်တယ်။ဝတ်စုံများသည် မနေ့ကအထည်တွေနှင့်ဆင်တူယိုးမှားဖြစ်၏။
" Dhrama"သို့မဟုတ်လျှင် "သူတောင်းစား"
သာသာဝတ်စုံဒီဇိုင်းတွေဖြစ်သည်။ ဝတ်စုံမှာ စက်ကြီးပန်းထိုးအထည် မဟုတ်သည့်အပြင်
မိုးကာဖျင်ကြမ်းများဖြစ်နေ၍ သူတောင်းစား
ပုံစံနှင့်သွားတူနေသည်။
သို့သော်,ကျန်ချန်က ဤဝတ်စုံများကို ဝတ်ဖို့
ဆန္ဒရှိနိုင်သည်။အနည်းဆုံးတော့ အရပ်လေး
မျက်နှာမှလေတိုက်ခတ်လာတဲ့ ဒဏ်မခံစားရ
တော့ချေ။
..........
"ပြီးပြီ။နင်ကမိတ်ကပ်သိပ်လိမ်းစရာမလိုဘူး။"
ရှောင်လုက နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး
သူ့ကိုကြည့်လာသည်။
"နင့်မျက်နှာက ဓာတ်ပုံတော်တော်စားတယ်။
မျက်နှာကောက်ကြောင်းလည်း ထင်းတယ်။"
ကုဖေးသည် လက်ထဲမှာကင်မရာကိုင်ထားရင်း အခန်းထဲသို့ပြန်ဝင်လာ၏။
"မင်း စကားသိပ်များလွန်းတယ်။အိုကေ,မြန်မြန်
လုပ်ရအောင်။အင်္ကျီလဲတော့။ ညနေခင်းဓာတ်ပုံ
ရိုက်ရတာအရမ်းပင်ပန်းတယ်။"
ရှောင်လုက လက်ခုပ်တီးလိုက်သည်။
"အခုအားလုံးပြီးပါပြီ။နင်တို့ကြိုးစားလိုက်ဦး။
ငါ ဂိုဒေါင်ကိုသွားလိုက်အုံးမယ်။ တစ်ယောက်
ယောက်ဖုန်းဆက်ရင် ငါ့ကိုကူညီတဲ့အနေနဲ့ဖုန်း
ပြန်ဖြေပြီး၊ငါ့ဖုန်းနံပါတ်ကိုလှမ်းဆက်ဖို့ပြောပေးနော်။"
"အိုကေ။"
ကုဖေး ခေါင်းညိတ်တယ်။
ကျန်ချန်သည်ရှောင်လုထွက်သွားသည်အထိ
စောင့်နေပြီးမှအင်္ကျီတန်းသို့လျှောက်သွား၏။
သူက မျက်လုံးထဲမှာကြည့်ရအဆင်ပြေသည့်
ဝတ်စုံကိုရွေးနေပုံပေါ်သည်။
ကုဖေး တံခါးကိုမှီလိုက်တယ်။
"ဝတ်စုံတွေက အားလုံးဝတ်ပြီးဓာတ်ပုံရိုက်ရမှာ။
မင်းဘယ်ဝတ်စုံကို အရင်ဝတ်ဝတ်နောက်မှဝတ်
ဝတ်မထူးဘူး။အကုန်လုံးဝတ်ရမှာ။"
...........
"ငါသိတယ်။"
ကျန်ချန်သည် ရွေးစရာလမ်းမရှိ၍အဆင်ပြေရာ ဝတ်စုံ တစ်စုံကိုရွေးလိုက်သည်။
ကုဖေးကအခန်းအပြင်လှည့်ထွက်သွားပြီး၊ကျန်ချန်အင်္ကျီဒီဇိုင်းများကိုလေ့လာခဲ့၏။ ဝတ်စုံသည် အလွှာအထပ်ထပ်ပုံစံမျိုးဖြစ်ပြီး၊လုံလုံခြုံခြုံရှိသည်။
တင်းကျုးရှင်းဖန်တီးထားသည့်ဝတ်စုံများမှာယောကျာ်းလေးဝတ်၊ မိန်းကလေးဝတ် သဲသဲ
ကွဲကွဲမသိရချေ။ နောက်တစ်မျိုးပြောရလျှင်သူမ၏ဝတ်စုံများက မိန်းကလေးများဝတ်တဲ့ အဝတ်အစားတွေနှင့် ဆင်တူလွန်းသည်။
ယခုဝတ်စုံသည် ပွယောင်းယောင်းမိုးကာဖျင်
ကြမ်းဘောင်းဘီရှည်နှင့်လျော့ရဲရဲအပေါ်ထပ်
အင်္ကျီအပါးလက်ရှည်ကို တွဲစပ်ထားခြင်းဖြစ်
သည်။အဝတ်များကို သူ ဝတ်ဆင်ပြီးသည်နှင့်
သူ့လက်ထဲမှာ ဆုတောင်းရာတွင် အသုံးပြုတဲ့
ပုတီးစေ့ကုံးရှိနေလျှင် သာသနာ့ဘောင်အဖွဲ့မှ
လူနှင့်တူနေလောက်ပြီဟုခံစားလိုက်ရ၏။
သူအခန်းထဲသို့ဝင်လာသည့်အခါ ကုဖေးက
မျက်ခုံးပင့်ပြီး သူ့ကိုကြည့်လာသည်။
"အင်း,ဝတ်စုံကကြည့်ကောင်းသားပဲ။"
"မင်းရဲ့အနုပညာအမြင်နဲ့ ငါ့ကိုဝေဖန်မနေနဲ့။"
မီးအလင်းရောင်များဆင်ထားသည့် နေရာမှာ
ကျန်ချန် မတ်တပ်ရပ်နေလိုက်တယ်။ မနေ့က
ဓာတ်ပုံ ရိုက်ထားသည့် အတွေ့အကြုံကြောင့်
သူကနေရာမှာမတ်တတ်ရပ်ပြီးကြောင်အနေ
တာမျိုးမဖြစ်တော့ချေ။
ကုဖေးက ကင်မရာမှသူ့ကိုကြည့်လာသည်။
"ပုံမှန်အတိုင်းလမ်းလျှောက်ရင်း မင်းရဲ့ခန္ဓာကိုယ်
ကိုတစ်ပတ်လှည့်ပြီး အနောက်ကို လှမ်းကြည့်မယ်။
ပြုံးတာ,မပြုံးတာက မင်းသဘောပဲ။"
ကျန်ချန်လည်း ပုံမှန်တိုင်းလမ်းလျှောက်သွား
နေရာမှအနောက်သို့ပြန်လှည့်ပြီး ကင်မရာကို
ကြည့်လိုက်သည်။
"အဆင်ပြေလား။"
ကုဖေးက ပြန်ဖြေလာ၏။
"ကောင်းတယ်။မင်းရဲ့မျက်နှာအနီးကပ်ပုံရိုက်ရအောင်။ပြီးရင် နောက်တစ်စုံသွားလဲလို့ရပြီ"
ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။
"ဘာလို့မျက်နှာအနီးကပ်ပုံရိုက်ဖို့လိုတာလဲ။"
"မင်း နှုတ်ခမ်းပေါက်ထားတယ်။ငါ မပြောရင် မင်း သတိထားမိမှာ မဟုတ်ဘူးမလား။"
"ငါ သတိထားမိတယ်။အဲ့ဒါက မျက်နှာအနီးကပ်ပုံရိုက်တာနဲ့ဘာဆိုင်လဲ။"
"ကြည်ကောင်းလို့။"
ကုဖေးက ကင်မရာဖြင့်ဓာတ်ပုံရိုက်လာသည်။
"အိုကေ,မင်း နောက်တစ်စုံသွားလဲလို့ရပြီ။"
"မစောင့်တော့ဘူးလား။ဘာလို့လဲ။"
"ငါကကိုယ်ပိုင်အနုပညာအတွက်ဓာတ်ပုံရိုက်နေ
တာ။မင်းကိုအရင်ကလည်းဓာတ်ပုံမရိုက်ပေးဘူး
လို့လား။"
"ကောင်းပြီ။"
ထို ့နောက်ကျန်ချန် အပြင်ထွက်လာခဲ့သည်။ယနေ့မနက်တွင်လည်း သူ့စိတ်အခြေအနေ ရှုပ်ထွေးနေ၍
သူ့စိတ်ခွန်အားများကို နောက်တစ်ကြိမ် ဖြုန်းပစ်ရန် သူ ပျင်းနေ၏။
သူသည်အင်္ကျီတန်းပေါ်မှ နောက်တစ်စုံကိုယူလိုက်
သည်။သူအပေါ်ဝတ်အင်္ကျီကိုသေချာမကြည့်မိခင်၊ခန္ဓာကိုယ်အောက်ပိုင်းကစကတ်ဖြစ်နေကြောင်းကို
မြင်လိုက်တာကြောင့်စကတ်ကိုအရင်
ဝတ်လိုက်သည်။
ထိုစကတ်ကိုဝတ်ပြီးနောက်မှင်သက်သွား၏။
စကတ်သည် သူ့ခြေကျင်း၀တ် ထိမရှည်၊ ခြေ
သလုံးထိလည်းမရောက်ပေ။
ယခုတော့,တင်းကျူးရှင်း၏အင်္ကျီများကို
သူအကြမ်းဖျင်းနားလည်လာသည်။
သူသည် စကတ်ဝတ်ပြီးခြေထောက်ဗလာနှင့်
မတ်တပ်ရပ်နေမည့် မြင်ကွင်းကို ပုံဖော်ကြည့်
၍တောင်မရပေ။
ဒါပေမယ့်,အဝတ်အစားနှင့် ပတ်သတ်လျှင်...
ကျန်ချန်မိုးကာဖျင်ကြမ်းတစ်ထပ်အားကိုင်ပြီးအခန်းထဲပြန်ဝင်သွားလိုက်၏။သူ့အပေါ်ပိုင်းမှာဗလာဖြစ်နေသည့်အပြင်အောက်ပိုင်းမှာခြေသလုံးထိရှည်တဲ့စကတ်အားဝတ်ထားခဲ့သည်။
"ကုဖေး,မင်းတို့က ငယ်သူငယ်ချင်းဆိုတော့ ဒီဝတ်စုံကဘာအတွက်လဲဆိုတာငါ့ကိုရှင်းပြပေးလို့ရလား။"
"အမ်?။"
ကုဖေးကကင်မရာကိုချပြီး၊ သူ့ခန္ဓာကိုယ်ကို
ကြည့်လာ၏။ ကျန်ချန်၏ခန္ဓာကိုယ်က တကယ်
ကြည့်ကောင်းသည်။အထူးသဖြင့်, သူ့နံရိုးရှိ
ကန်လန့်ဖြတ်အမာရွတ်အပါအဝင်ပင်။
လက်ထဲမှာကိုင်ထားသည့်ဝတ်စုံကို ကျန်ချန် လှုပ်ယမ်းလိုက်တယ်။
"ဒါက ကုန်ကြမ်းအထည်လား။ဝတ်စုံချုပ်လို့
မပြီးသေးတာလား။"
ကုဖေးသည် သူ့မျက်စိရှေ့ရှိထောင့်မှန်စတုဂံ
မိုးကာဖျင်ကြမ်းကိုကြည့်ပြီးပြုံးလာ၏။
"ငါသိတယ်။ အထည် ငါ့ဆီပေး။"
ကျန်ချန်လည်း ဖျင်ကြမ်းထည်ကိုသူ့ဆီပစ်
ပေးလိုက်တယ်။သူက အထည်ကိုဖမ်းလိုက်
ပြီး၊ ချိတ်မြောင်းနှင့်ပူးတွဲ၍ကျန်ချန်၏ပခုံး
ထက်တွင်လွှားတင်ပြီး ဖျင်ကြမ်းကိုနှစ်ပတ်
ပြန်ပတ်ပြီးရစ်လိုက်သည်။
ကျန်ချန် ကြောင်အသွား၏။
"Fuck,ဒါက လည်စည်းပဝါလား။"
ကုဖေးသည်အထည်ကိုသေသေသပ်သပ်ဖြစ်
အောင်ဆွဲဆန့်ပြီး ပြန်ပြင်ပေး၏။
"မဟုတ်ဘူး။ ဒါပေမယ့်, မင်း အဲ့လို တွေးလို့
လည်းရတယ်။"
ကျန်ချန် ကျိန်လိုက်တယ်။
"ဒီဝတ်စုံကိုဝယ်မယ့်သူရှိရင် ငါ ဒီဝတ်စုံကို
ဝါးစားပြမယ်။"
"ဒီဝတ်စုံကရောင်းဖို့မဟုတ်ဘူး။ဒီဇိုင်းဖန်တီးမှု
အယူအဆကိုချပြဖို့ ချုပ်ထားတာ။"
ကုဖေးက နောက်သို့ခြေနှစ်လှမ်းပြန်ဆုတ်လိုက်သည်။
"အရမ်း sexy ကျတယ်။"
"ဒါပေမယ့်,ငါ နည်းနည်းလှုပ်တာနဲ့အင်္ကျီကျွတ်
ကျလိမ့်မယ်ထင်တယ်။"
သူ့လက်မောင်းကိုဆန့်ပြီးပခုံးပေါ်မှဖျင်ကြမ်းထည်ကိုလက်မနှင့်လက်ညိုးဖြင့်ညှပ်ပြီးကိုင်ထားသည်။
"ငါ လမ်းလျှောက်လို့မရဘူး။"
ကုဖေးက ကင်မရာကိုပြန်ကိုင်လိုက်၏။
"မင်း ငါ့ရှေ့မှာပဲပြေးရမှာ။အင်္ကျီကျွတ်ကျွတ်မကျွတ်ကျွတ် စိတ်ပူစရာမလိုဘူး။"
..........
ကျန်ချန်သည် ဓာတ်ပုံရိုက်မည့်နေရာသို့စက်
ရုပ်တစ်ရုပ်သဖွယ်လျှောက်သွား၏။သူ့လမ်း
လျှောက်နေပုံမှာရယ်စရာကောင်းနေပေမယ့်၊
သူ့နောက်ကျောကဖြောင့်မတ်ပြီးအပြစ်အနာ
အဆာမရှိချောမွေ့လှပလျှက်ရှိသည်။ကုဖေး ကင်မရာခလုတ်ကိုနှိပ်ပြီး ထိုပုံရိပ်ကို ဖမ်းယူ
လိုက်တယ်။
Clickkkkk!
"မင်း ရူးနေလား။ "
ကျန်ချန်က အနောက်သို့ခေါင်းလှည့်လာ၏။သူက
အပြည့်အဝနောက်သို့လှည့်ကြည့်လာချင်သော်ငြား၊ ဝတ်စုံကျွတ်ကျမှာအား စိုးထိတ်နေ၏။
"ဒါလည်း,ကိုယ်ပိုင်အနုပညာအတွက်လား။"
"ဟုတ်တယ်။ ငါ မင်းမျက်နှာကို မရိုက်ဘူး။"
ကျန်ချန်က ပြန်မေးလာသည်။
"ဝမ်ရွှိအကျင့်တွေ ဘယ်တုန်းက ကူးလာတာလဲ။"
"ငါ မင်းကိုဓာတ်ပုံရိုက်တာ၊မင်း အရမ်းကြည့်
ကောင်းလို့။ ဝမ်ရွှိ မင်းကို ဓာတ်ပုံ ရိုက်တာက
မင်းမျက်နှာကိုအသုံးချချင်လို့။"
"မြန်မြန်ရိုက်ကြရအောင်။ဝတ်စုံကျွတ်တော့မယ်။"
ကုဖေး ညွှန်ကြားလိုက်တယ်။
"ပြေးတော့။"
ကျန်ချန်သည် အပေါ်ပိုင်းတောင့်တောင့်ကြီးဖြင့်၊ကင်မရာရှေ့ပြေးသွားသည်။ထို့နောက် ကုဖေးကို
လှည့်ကြည့်လာ၏။သူ့အပေါ်ဝတ်ဖျင်ကြမ်းထည်ကမူလျော့ရဲရဲဖြစ်နေလျှက်ရှိသည်။
"အဆင်ပြေလား?။"
ကုဖေး သူ့ကိုစိုက်ကြည့်လိုက်တယ်။
ကျန်ချန်က သက်ပြင်းချလာ၏။
" ငါသိပါတယ်။ အဲ့ဒါက နည်းနည်း...."
ကုဖေး ဖြတ်ပြောလိုက်တယ်။
"မင်းကကြက်ပေါက်စလေးလိုပြေးနေတာ။"
"Fuck,မင်း ဘာသောက်စကားပြောတာလဲ။"
ကုဖေး ရှင်းပြလိုက်တယ်။
"မင်း အရင်က ကြက်ပေါက်စလေးတွေ
ပြေးတာမမြင်ဖူးဘူးလား။သူတို့ကခေါင်း
မလှုပ်ပဲ ပြေးကြတာ။"
ကျန်ချန်ကသူ့ကိုစူးစူးဝါးဝါးကြည့်လာသည်။ ထို့နောက် သူကကြမ်းပေါ်မှာထိုင်ချပြီးပေါက်
ကွဲလာ၏။
"Fuck,ငါ ဒီဝတ်စုံနဲ့ မရိုက်ချင်ဘူး။"
ကုဖေး ရယ်လိုက်တယ်။
"ဒီဝတ်စုံလည်း အလုပ်ချိန်ထဲမှာထည့်တွက်မှာ။ အလုပ်ထဲမှာ ကိုယ့်ကိုယ်ကို နစ်မြုပ်ထားစမ်းပါ။"
ထိုအခါ ကျန်ချန်ကမတ်တပ်ပြန်ရပ်၏။
"ကောင်းပြီ။ကြက်ပေါက်စလေးလိုမပြေးမိအောင် အကောင်းဆုံးကြိုးစားမယ်။"
ကုဖေးသည် သူ့နားသို့ လျှောက်သွားလိုက်၏။
ထိုနောက်,ကြမ်းပေါ်ကဖျင်ကြမ်းကိုကောက်ပြီး၊
ကျန်ချန်၏ကိုယ်ပေါ်မှာခြုံပေးလိုက်သည်။
...........
သူ့အပေါ်ပိုင်းခန္ဓာကိုယ်က ဗလာဖြစ်နေမှန်း
ကျန်ချန် သတိမထားမိချေ။ကုဖေးက သူနှင့်
ပိုနီးလေ သူ့ပခုံးတစ်ဝိုက်တွင်ရှိတဲ့ ကုဖေး၏
အသက်ရှုသံကိုခံစားမိလာသည်။အထိအတွေ့
ကြောင့် သူ့နှလုံးခုန်သံကပိုမြန်လာ၏။
ကုဖေးရဲ့အသက်ရှုသံသည် သူ့မျက်နှာ ဒါမှမဟုတ် သူနားသယ်စပ်နားမှပွတ်တိုက်သွားလျှင်ပင် ကျန်ချန် သတိထားမိလိုက်မှာမဟုတ်ေပ။ ဒါပေမယ့်,သူ့ပခုံးက
မသိစိတ်၏စေ့ဆော်မှုအလျောက် သူ့အတွက် အထိ
မခံသော ကိုယ်ပိုင်အစိတ်အပိုင်းနေရာဖြစ်လာသည်။
ကျန်ချန်အသက်ရှုရတာမွန်းကြပ်လာ၏။ သူသည် အံကြိတ်၍မရသကဲ့သို့စကားလည်းပြောလို့မရသေး
ပေ။ကုဖေးက ဂရုတစိုက်လုပ်ကိုင်ပေးနေမှန်းသူပြောနိုင်သည်။ကုဖေးကဝတ်စုံပြန်ပြင်ပေးနေသည့်အချိန်တွင် သူ့အသားကို မထိမိအောင် ကြိုးစားနေ၏။
ကုဖေး၏မျက်လုံးထဲတွင် သူ့ကို အကျိုးသင့်အကြောင်းသင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသူ၊
စိတ်လှုပ်ရှားလွယ်တဲ့သူလို့ ထင်သွားမှာကို သူ
မလိုချင်ပေ။
"အဆင်ပြေသွားပြီ။"
ကုဖေးက သူ့ကိုကြည့်လာသည်။
"ဒီနေရာက စပြီးပြေးလိုက်။အမာရွတ်လည်း
ပေါ်အောင် ရိုက်ဖို့လိုတယ်။"
ကျန်ချန် မေးလိုက်တယ်။
"အမာရွတ်ကိုရိုက်တာက...ဘာဝါသနာလဲ။"
ကုဖေးက ကင်မရာကိုမြှောက်လိုက်၏။
"လောက၏ ဒုက္ခသုခတွေကြားမှအသက်ရှင် လွတ်မြောက်လာတဲ့ဘုန်းတော်ကြီး။"
ကျန်ချန် သူ့ကိုစကားပက်ဖို့ရန်ပြင်နေစဥ်တွင်
ကုဖေးက ညွှန်ကြားလာသည်။
"ပြေး.....!"
ကျန်ချန်အခြားတစ်ဖက်သို့မြန်မြန်ပြေးသွားလိုက်တယ်။သူ သုံးကြိမ်မြောက်မပြေးချင်၍သိက္ခာထိန်းမနေပဲပြေးလိုက်သည်။သူ့အပေါ်ဝတ်ရုံက တစ်ဝက်လောက်ထိလျောကျနေပေမယ့်၊ကျန်ချန်လျစ်လျူရှုပြီး ခြေလှမ်းကျဲကျဲနှင့်ပြေးသွားလိုက်၏။
သူ နောက်ပြန်လှည့်ပြီးပြန်ပြေးသည့်အခါ
သူ့ဝတ်စုံက ခါးနားထိလျောကျလာသည််။
...........
ကုဖေးသည် ကင်မရာဖန်သားပြင်ကို တစ်ချက်
ကြည့်ပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။
"အရမ်း ကြည့်ကောင်းတယ်။"
ကျန်ချန်ကလေထဲသို့ခြေထောက်ဆန့်သည့်အချိန်၊လည်စည်းပဝါ ဖျင်ကြမ်း တစ်ပိုင်းတစ်စလျောကျ
လာသောအချိန်ဓာတ်ပုံအများကြီးရိုက်ယူနိုင်ခဲ့၏။
ကျန်ချန်ကမေးလာသည်။
"ငါ နောက်တစ်စုံသွားလဲလို့ရပြီလား?။"
"တည်တည်ငြိမ်ငြိမ်ပုံစံရိုက်ရအောင်။"
ကျန်ချန်အနောက်မှာရှိနေသည့် တစ်ယောက်ထိုင်ဆိုဖာကို ကုဖေးလက်ညိုးထိုးလိုက်၏။
"အဲ့ဒီနေရာမှာထိုင်လိုက်။ပြီးရင် မင်းရဲ့လည်စည်း
ပဝါကို ဘေးနားမှာပစ်တင်လိုက်။ မင်းရဲ့အနောက်
မှာလည်စည်းပဝါကိုပစ်တင်ထားတာ ပိုကောင်းမယ်ထင်တယ်။"
"အင်း။"
ကျန်ချန်က ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။
"မင်းရဲ့လက်ကို ဆိုဖာတန်းပေါ်မှာတင်ထား။
သက်တော့သက်သာနေ,ပျင်းတိပျင်းတွဲ ဖြစ်
လေပိုကောင်းတယ်။"
ကုဖေး သူ့ခြေထောက်ကို ကြည့်လိုက်တယ်။
"ခြေထောက်တစ်ဖက်ကို အခြားခြေထောက်တစ်ဖက်ပေါ်မှာချိတ်လိုက်။"
"ငါ ခြေထောက် ချိတ်ပြီးမထိုင်ဖူးဘူး။"
ကျန်ချန်က ခြေထောက်ချိတ်ပြီး ပြင်ထိုင်လိုက်၏။
"ဒီလိုမျိုးလား။"
"မဟုတ်ဘူး။ မိန်းမဆန်လွန်းတယ်။ မင်းရဲ့ ခြေထောက်တစ်ဖက်ကိုအခြားခြေထောက်
တစ်ဖက်ရဲ့ခြေကျင်း၀တ်နားမှာချိတ်လိုက်။"
"အိုး...."
ကျန်ချန်ကသူပြောသည်အတိုင်းခြေထောက်ကိုချိတ်ပြီးဆိုဖာကိုမှီ၍ သူ့ဦးခေါင်းကိုလည်း ဆိုဖာပေါ်မှာမှီထား၏။
"အဆင်ပြေပြီလား။"
ကုဖေး ကင်မရာကိုခလုတ်ဖိပြီးဓာတ်ပုံရိုက်ပြီးသည့်တိုင် မလှုပ်မယှက်သာရှိသည်။
ကျန်ချန်က ထပ်မေးလာ၏။
"အခုလိုကျ ကြည့်ကောင်းသွားပြီလားလို့။"
"ကြည့်ကောင်းတယ်။"
ကုဖေး ကင်မရာကိုငုံ့ကြည့်လိုက်တယ်။
"ငါ ဒီတစ်ပုံကိုပြင်ပြီးရင် ငါ့ရဲ့ moment မှာ
တင်လို့ရလား။"
"အမ်..?"
ကျန်ချန်က မှင်သက်သွား၏။ ကုဖေးသည် မကြာခဏmomentမှာဓာတ်ပုံတင်ကြောင်း
သူ သိထားသည်။ပုံအများစုဟာ ကုမြောင်ပုံ
များ၊ ရှုခင်းပုံများ နှင့်လူပုံများ ချည်းဖြစ်၏။
ထိုလူတွေထဲမှာ သူ သိနေသည့်လူတွေလည်း
ပါသလို မသိသည့်သူတွေလည်းပါသည်။
"ပြီးတော့ အရင်တစ်ခေါက်က ဓာတ်ပုံလည်းတင်ချင်တယ်။အဆင်ပြေလား။"
"အာ, အဆင်ပြေပါတယ်။"
ကျန်ချန်က ခေါင်းညိတ်လာသည်။
"မင်းက တခြားလူတွေကို ပိုက်ဆံအတွက် ဓာတ်ပုံမကြာခဏရိုက်ပေးတာလား။"
"မကြာခဏ မဟုတ်ဘူး ။အမြဲတမ်းပဲ။"
"အိုး။"
ကျန်ချန်ကသက်ပြင်းချလိုက်၏။ သူ့ဘဝမှာ
ပိုက်ဆံရဖို့အတွက် ဓာတ်ပုံရိုက်တာပထမဆုံး
အကြိမ်ဖြစ်သည်။အရင်နှစ်တွင် ဖန်းကျိသည် ဓာတ်ပုံ ရိုက်ဖို့အတွက်သူ့ကို ဆွဲခေါ် သွားသေး
သည်။သူ မသွားချင်တာတောင်မှ ဘဝအတွေ့
အကြုံရအောင် ဆွဲခေါ်သွားခံလိုက်ရ၏။
"မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ။"
"အဓိပ္ပါယ်မရှိတာ။ငါတို့ မိသားစုက ပိုက်ဆံ
သုံးရမယ့်နေရာတွေ အရမ်းများတယ်။ စတိုး
ဆိုင်ကရတဲ့ဝင်ငွေကိုပဲအားကိုးနေလို့မရဘူး။
ပြီးတော့,ကုမြောင်ကလည်းဆေးကုသမှုခံယူ
နေရသေးတယ်။"
"မင်းရဲ့အမေက အလုပ်မလုပ်ဘူးလား။"
ကုဖေး ပြုံးလိုက်တယ်။
"သူက ချိန်းတွေ့ဖို့အလုပ်များနေတာ။ငါ့အဖေ
ဆုံးသွားတည်းကသူအလုပ်မလုပ်တော့ဘူး။"
"......."
ကုဖေးကသူ့အဖေသေသွားသည့်အကြောင်းပြော
လာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ တကယ်သေသွားခဲ့တာလား။
ပြီးတော့, သူက ဘယ်လိုသေသွားခဲ့တာလဲ။
လီပေါင်ကော်၏စကားများကို ကျန်ချန်ပြန်
စဥ်းစားမိသည်။သူ လီပေါင်ကော် ပြောတာ
ကိုမယုံပေမဲ့လည်း ဘာမှတော့မမေးမိခဲ့ဘူး။
ကုဖေးကတစ်နေ့ကျရင် သူ့ကိုထိုအကြောင်း
ပြောပြချင်တဲ့ဆန္ဒရှိလာနိုင်သည်။ယခုလေး
တင် ကုဖေးကသူ့အကြောင်းတစ်စွန်းတစ်စ
သူ့ကိုထုတ်ပြောပြခဲ့သည် မဟုတ်လား.......
ငါ နောက်ထပ်တစ်စုံသွားလဲသင့်ပြီ။
ကျန်ချန်ကအပြင်ထွက်ပြီးဝတ်စုံတစ်စုံမြန်မြန်လဲ၍အခန်းထဲသို့ပြန်ဝင်လာသည်။
ကျန်ချန်ကိုလှည့်ကြည့်ပြီးနောက်တွင်ကုဖေး
ရယ်ချင်လာ၏။ တင်းကျူးရှင်းတစ်ယောက်
ဘာတွေးနေမှန်း သူ စဥ်းစားမရချေ။
"အရိုင်းဆန်တဲ့ရှေးဦးလူသားလား။"
ကျန်ချန်ကခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြ၏။ သူကခါးနောက်နားမှာရှိနေသည့်ပစ္စည်းတစ်ခုကို ဖြုတ်ပြီးဝှေ့ယမ်းပြလာသည်။
"ဒီပစ္စည်းကလေးခွမလား။အဓိပ္ပါယ်မရှိလိုက်တာ။ပြီးတော့ ဒီလေးခွမှာအနာအဆာတွေကအများကြီးပဲ။ဒီပစ္စည်းကအတုဖြစ်မယ်။"
"တကယ်?။"
ကုဖေးပြန်မေးလိုက်တယ်။ တကယ်လည်း
ဝတ်စုံက ကျန်ချန်ကဲ့သို့မျက်နှာ၊ခန္ဓာကိုယ် အချိုးအစားရှိသူအတွက် မလိုက်ဖက်ချေ။
ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့၍ ကင်မရာ
ကိုဘေးချပြီး ကုဖေးအော်ရယ်လိုက်တယ်။
"ဒါဖြင့်, မင်းလေးခွကိုထုတ်သုံးလိုက်လေ။"
သူ့နှုတ်ဖျားမှစကားများထွက်သွားပြီးလျှင် သူရောကျန်ချန်ရောတိတ်ဆိတ်သွားသည်။
အခန်းသည်တိတ်ဆိတ်လွန်း၍ရေဘုံပိုင်ပိုက်ခေါင်းမှတစ်စက်စက်စိမ့်ကျနေသည့်ရေစက်အသံကမိုးခြိမ်းသံအလားကျယ်လွန်း၏။
ကုဖေးသည် မကောင်းသောခံစားချက်များ အလိုလိုရလာသည်။
အခု, သူက သူ့သေတွင်းသူ တူးမိပြီမလား။
...
ကျန်းမာရေး ဂရုစိုက်ပါ။💕