ချစ်သော...ဦး(Uni+Zawgyi)[Com...

By KhonNick

241K 16.9K 696

တယောသံလွင်လွင်လေးရယ် နှင်းဆီနီနီတွေရယ် အတိတ်တွေသည် မဟောင်းနွမ်းခဲ့ပါ။ သို့သော် အသစ်ဖြစ်တည်လာတဲ့ ဂစ်တာသံများက ... More

Part.(1)
Part.(2)
Part.(3)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(11၏အဆက်)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)[11:11]
Part(22)
Part(23)
Part(24)
Part(25)
Part(26)ဇာတ်သိမ်းပိုင်း

Part(4)

8.1K 760 13
By KhonNick

Unicode

မဟော်သည် ကျောပိုးအိတ်တစ်အိတ်ကိုကျောတွင်လွယ်လျက် ဆိုင်ကယ်တစ်စီးဖြင့်ထွက်သွားပြန်၏။ဝဋ်ကြီးလှသောမဟော့်
အဖြစ်ကို ဝရံတာထက်မှကြည့်လျက် မဟာသည်ခေါင်းတခါခါသာလုပ်နေလိုက်တော့သည်။

"ငါ့သားနဲ့လည်း "

အဝန်းကျယ်ပြီး ပင်မကျောင်းဆောင်ရှေ့တွင်
မြေကွက်လပ်တစ်ခုရှိသည့် ဂုဏ်ထည်လင်းတို့ကျောင်း၏ ခြံစည်းရိုးအပြင်ဘက်တွင် ဆိုင်ကယ်ကိုရပ်ကာကျောင်းဆင်းချိန်ကိုစောင့်နေလိုက်၏။အမှန်တော့ မနက်ကဖျားသည်နာသည်ဟုဖအေကိုလှည့်ပတ်လိမ်၍ကျောင်းမသွားခဲ့ပါ။ထို့ကြောင့်လည်း ယခုအချိန်လာကြိုနိုင်ခြင်းဖြစ်၏။ကျောင်းရှေ့တွင်ရှိသည်ဆိုသောမြေကွက်လပ်တစ်ခုမှာအရမ်းအကျယ်ကြီးမဟုတ်သဖြင့် ပင်မကျောင်းဆောင်၏အပေါ်ဘက်ပြတင်းပေါက်မှနေ ကျောင်းခြံစည်းရိုးရှေ့ကိုသေချာလှမ်းမြင်နိုင်၏။
ဆယ်တန်းဆောင်ဟုထင်ရသော
ပင်မဆောင်အပေါ်ဘက်ခြမ်းမှ ပြတင်းပေါက်တွင် လူများစုနေ၏။
မဟော်တို့တုန်းကလည်းဆရာလွတ်လျှင် ဘာရယ်ညာရယ်မဟုတ်ပြတင်းပေါက်မှပြင်ပသို့ငေးကြည့်နေတတ်သောကြောင့်အထူးအဆန်းတော့မဟုတ်တော့။သို့သော်
တစ်ခုထူးဆန်းနေသည်က ထိုပြတင်းပေါက်မှ လူတစ်စု၏မျက်လုံးများသည်မိမိဆီသို့ရောက်ရှိနေခြင်းဖြစ်ပါ၏။

"သားမဟော် မဟော်မဟုတ်လား"

သူ့နာမည်ကိုရွတ်ဆိုသောအသံတစ်စကြောင့် မဟော်သည် ကျောင်းဂိတ်ပေါက်ဘက်လှည့်ကြည့်မိလိုက်ပါ၏။
မဟော့်နာမည်အားခေါ်လိုက်သောသူမှာမဟော်တို့ဆယ်တန်းတုံးက နှစ်ဝက်ခန့်မျှသင်လိုက်ရသော အင်္ဂလိပ်စာဆရာမဖြစ်သည်။နာမည်ကဒေါ်သီတာအောင်မျိုး။မှတ်မိသည်မှ တရင်းတနှီးကိုမှတ်မိနေ၏။ဆရာမက
အသက် 36နှစ်အရွယ်အပျိုကြီးဖြစ်ပြီးနည်းနည်းကြမ်းသည်။ရုပ်ရည်မှာတင့်၏။လှ၏။
မဟော်တို့ဆယ်တန်းတုံးကဆို ဆရာမကြိမ်လုံးနှင့်ခဏခဏတိုးခဲ့ရသည်။မဟော်ရောဇွဲကိုကိုအောင်ရော။ထိုစဥ်ကအနှင်းနှင့်မတွေ့သေး။အနှင်းကတက္ကသိုလ်ရောက်မှခင်မင်သောသူငယ်ချင်းဖြစ်သည်။
မဟော်နာမည်အားသေချာမှတ်မိသည်အထိ ဆရာမနှင့်ရင်းနီးရခြင်းအကြောင်းရှိပါ၏။
အမြဲတမ်းdateမတပ်လို့ လက်ရေးမသပ်ရပ်လို့အရိုက်ခံရခြင်းအပြင် မဟော့်အဖေနှင့်လည်းကျွမ်းဝင်မှုကြောင့် ဆရာမနှင့်ပို၍ရင်းနှီးနေခြင်းဖြစ်သည်။
နှစ်ဝက်ခန့်ရောက်မှဆရာမဒီကျောင်းပြောင်းသွား၍ သိပ်တော့မတွေ့ဖြစ်တော့။အခုတွေ့မယ့်တွေ့တော့လည်း ဆရာမကဦးနှင့်တစ်ကျောင်းတည်းပင်ဖြစ်နေလေသည်။

"ငါ့တပည့်ကပိုချောလာတယ်ကို"
ဆရာမကပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်သည်။

"သား ဆရာမကတော့အခုထိအပျိုကြီးပဲလား"

"အေးကွယ် ဆရာမလည်းသက်သက်အပူမရှာချင်တော့ပါဘူးမဟော်ရယ် ဒီတိုင်းပဲနေတော့မယ်လို့ဆုံးဖြတ်ထားတယ်"

ဆရာမစကားကြောင့်မဟော်ပြုံးမိပါ၏။
ဆရာမကအပျိုကြီးလုပ်ချင်သူမဟုတ်မှန်းမဟော်တို့အသိဆုံး။ကျောင်းတုန်းကဆရာ
ဦးမင်းအောင်နိုင်နှင့်ရည်းစားဖြစ်မလိုလိုဖြစ်သွားသေးသည်။ဦးမင်းအောင်နိုင်ကခန့်ခန့်သန့်သန့်ဆိုတော့ဆရာမအကြိုက်။လွဲသွားရခြင်းအကြောင်းတရားများကား ဆရာမချိန်သော်လည်း ဦးမင်းအောင်နိုင်မှာဆရာမ၏ဇီဇာကြောင်လွန်းမှုဒေါသကြီးမှု
တို့ကြောင့် အိမ်ကပေးစားသည့်မိန်းမကိုယူသွားခြင်းဖြစ်သည်။အခုရော ဘယ်ဆရာကိုသဘောကျနေသည်မသိ ။

"ဒါနဲ့အခုရော ဒီကျောင်းကိုဘာလာလုပ်တာတုန်း ညီလေးတွေညီမလေးတွေလာကြိုရအောင်လည်းဆရာမတော့မင်းအဖေနောက်မိန်းမယူသွားတယ်လို့မကြားမိပါဘူး"

မဟော့်မှာဆရာမစကားကြောင့်ရယ်ချင်ပက်ကျိဖြစ်မိသည်။မဟာရောင်နီသည် ဒီတစ်သက်နောက်မိန်းမထပ်ယူမည့်လူမျိုးမဟုတ်တာ မဟော်အသိဆုံးဖြစ်သည်။
သူ့ငယ်ချစ်ဦး 'ချစ်သော'ဆိုသည့်လူနှင့်ပြန်တွေ့ရင်တော့တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါ၏။သို့သော် ဖေဖေတောင်မိန်းမရပြီး၍
သူ၁၈နှစ်တောင်ရှိနေပြီပဲ ဖေဖေ့ငယ်ချစ်ဦးသည်လည်းအခုဆိုသူ့မိသားစုနှင့်သူဖြစ်နေလောက်ပြီဟုတွက်ဆမိပါ၏။

"မဟုတ်ပါဘူးဗျာဆရာမကလည်း သားက
သားအသိဆရာတစ်ယောက်ကိုလာကြိုတာပါ"

"မဟော့်အသိဆရာ ဟုတ်လား ဘယ်သူများလဲပြောပါဦး"

"ဆရာဦးဂုဏ်ထည်လင်းပါ"

"ဟေ"
လွန်ခဲ့သော 19နှစ်ခန့်သို့ဒေါ်သီတာအောင်မျိုး၏စိတ်အာရုံသည်လွင့်ပြယ်သွား၏။
အချိန်ကအကောင်းဆုံးသောသမားတော်တဲ့။
ယခုအချိန်ဆိုလျှင်တော့သူမေ့ပျောက်နိုင်မည်ဟု ဒေါ်သီတာအောင်မျိုးထင်ထားခဲ့ဖူး၏။သို့သော် မနှစ်တစ်နှစ်ကပြန်တွေ့ချိန်တွင်တော့ အဲ့လိုမျိုးမဟုတ်မှန်းဒေါ်သီတာအောင်မျိုးသိခဲ့ပါ၏။တကယ်တော့အချိန်တွေသည် တရွေ့ရွေ့တိုက်စားနေသောဒီရေတွေလို။တစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်လူ့နှလုံးသားကိုတဖြည်းဖြည်းတိုက်စားခဲ့ပါ၏။ပိုလို့ဆိုးအောင်ပေါ့။အချစ်၏သင်္ခါရသည်အလွမ်းဖြစ်၏။အလွမ်းကိုထပ်မံတိုက်စားသောအခါအချစ်ဖြစ်၏။မူလအတိုင်းပြန်လည်တည်ရှိတတ်သော နိယာမတစ်ခုသည်မြဲခဲ့ပါသည်။လူတစ်ယောက်ကိုချစ်ခဲ့မိခြင်းကြောင့် အလွမ်းဟူသောဝေဒနာတစ်ရပ်ကိုခံစားရကြောင်း သူတို့သင်ပြခဲ့ပါ၏။တစ်ဖန်အလွမ်းများသည်က အချစ်မှစတင်ခဲ့ခြင်းကြောင့်လွမ်းခြင်းသည်လည်း ချစ်ခြင်းဖြစ်ပါ၏။

"ဆရာမ ဘာဖြစ်လို့လဲ"

လွင့်ပြယ်ဆဲသောအာရုံသည်
မဟော့်အသံကြောင့် ပြန်လည်စုစည်းမိသွား၏။
-----------------------------------------------------------
ဂုဏ်ထည်လင်းအတန်းထဲမဝင်ခင် အရင်ချောင်းကြည့်လိုက်ပါ၏။ကြည့်ရတာ သူ့ရှေ့ချိန်ကဘာသာရပ်ဆရာမှာ စောစောထွက်သွားသည်ထင်သည်။ဝုန်းဒိုင်းကြဲနေလေ၏။
သို့သော်မိန်းကလေးတစ်ချို့နှင့် ဟိုနိုင်လင်းဦးဆိုသောLadyboyကောင်လေးက ပြတင်းပေါက်မှာ စုစု စုစုနှင့်ဖြစ်၏။
ဝုန်းဒိုင်းကြဲနေသော ယောကျာ်းလေးများမှာဂုဏ်ထည်လင်းကိုတွေ့၍ ကိုယ့်နေရာကိုယ်ဝင်ထိုင်ခဲ့ကြသည်။သို့သော် ဂုဏ်ထည်လင်းက'ရှူးတိုးတိုး "ဟူသည့်ပုံစံမျိုးလုပ်ပြကာ ပြတင်းပေါက်ဘက်နားသို့ရောက်လာ၏။

"အဲ့ကိုကြီး ချောတယ်နော်"

"ဟုတ်ပ"

"ဆရာမနဲ့အသိလားမသိဘူး"

မိန်းကလေးများကအချင်းချင်းပွင့်ပွင့်လင်းလင်းပြောနေကြ၏။ဂုဏ်ထည်လင်း သူတို့ကြည့်နေသောနေရာသို့ကြည့်မိတော့
မင်းမဟော်ဂနီ။သူသည် ဒေါ်သီတာအောင်မျိုးအနားတွင်ထိုင်နေလေ၏။မည်သို့သောအကြောင်းတရားကြောင့်ကျောင်းရောက်လာသည်မသိ။

"မဟော်ပါလား"

ဂုဏ်ထည်လင်းအသံကြား၍ ပြတင်းပေါက်မှ
ကျောင်းသူတစ်စုနှင့်ဟိုနိုင်လင်းဦးမှာ နောက်သို့လှည့်ကြည့်မိလာ၏။

"ဟယ် ဆရာ "
နောက်သို့ရောက်နေသော သူတို့ဆရာသည်ပင်သူတို့ကြည့်နေသောအစ်ကိုကြီးကို
အကဲခတ်နေသလိုလုပ်နေသဖြင့်

"ဆရာ့သားလားဟင်ဆရာ ချောလိုက်တာနော်"

မိန်းကလေးများကသူတို့အပြောကိုဆရာကြားသွားသည်ဟုတွေးပြီးရှက်ရွံ့သွားသော်လည်းဟိုနိုင်လင်းဦးကတော့ မရှက် ။ပိုတောင်ပြာသွားသေးသည်။ဆရာ့သားဆိုလျှင်ဝိုက်မည်ဟူသောပုံစံမျိုးဖြင့် မျှော်လင့်တကြီးပါမေးလိုက်သေး၏။

"မဟုတ်ပါဘူး ဆရာ့အသိပါ"

"ဟယ် အသိလား Oh my god နိုင်နိုင်တို့သေနိုင်တယ်"

နားကြားပြင်းကပ်လှစွာနိုင်လင်းဦး၏ အသံသည်ကား မြန်မာဗီဒီယိုကားများတော်တော်ကြည့်ထားသည်မှန်းသိသာနေလေ၏။ဟာသကားတွေမှာပါဝင်သောLadyboyဇာတ်ကောင်တွေလို ပြောပုံဆိုပုံမျိုးဖြစ်၏။

"ကဲ ကဲစာသင်မယ် ကိုယ့်နေရာကိုယ်ထိုင်တော့"
-----------------------------------------------------------
"ဒါနဲ့ဆရာမက ဦးနဲ့သိလို့လား"

"သိဆို ဆရာမနဲ့ထည်လင်းကအတူတူ
ကျောင်းဆင်းခဲ့ကြတာလေ "

"ဒါဆိုသူငယ်ချင်းတွေပေါ့"

မဟော်ကစိတ်ဝင်တစားဖြင့်မေးနေလေ၏။
ဒေါ်သီတာအောင်မျိုးကတော့ ဆွေးဆွေးမြည့်မြည့်ဖြင့်

"အင်း ဟုတ်တယ်
သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်ပေါ့"

"ဒါဆိုလေ ဆရာမ ဟို..."

မဟော်က မေးသင့်မသင့်ပြန်လည်စဥ်းစားချင့်ချိန်နေဟန်ပြု၏။သို့သော် သိချင်ဇောကလည်းပြင်းပြနေသည်မို့ မေးဖို့ဆုံးဖြတ်လိုက်၏။

"ဒါဆို ဆရာမ ဟိုလေ ဦးမှာအရင်ကရည်းစားတွေဘာတွေများရှိလားဟင်"

ဒေါ်သီတာအောင်မျိုးမှာ သက်ပြင်းရှည်တစ်ချက်ကို ညဥ်းချပြီး အတိတ်ကဖြစ်ရပ်တစ်ခုအား ပြန်လည်အစဖော်ခဲ့ချေ၏။

"ရှိခဲ့ဖူးတယ် ဟိုးဆယ်ကျော်သက်အရွယ်ကပေါ့ သူက မန္တလေးကနေရန်ကုန်ကိုကျောင်းလာတက်တဲ့သူဌေးသားတစ်ယောက် အဲ့အချိန်ကသူနေခဲ့တဲ့အဆောင်ရှိတဲ့လမ်းရဲ့တစ်လမ်းကျော်မှာ မင်းရဲ့ ဦးကနေခဲ့ဖူးတယ်ပေါ့"

-----------------------------------------------------------
သူ မနက်ခင်းတိုင်းကျောင်းစိမ်းဝတ်ပြီး
ကျောင်းသွားဖို့ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ ကျောင်းဆရာလောင်းလေး။

တေးငှက်သံတွေနဲ့နိုးထခဲ့တာမဟုတ်ဘဲ
မင်းနဲ့အတူလမ်းလျှောက်ချင်လို့ အမြဲတမ်းကျောင်းနောက်ကျတတ်တဲ့ကိုယ်ဟာ မင်းလာခါနီးရင်အဆင်သင့်ဖြစ်နေခဲ့တာ မင်းသိပါ့မလား။

တစ်ဖက်သက်အချစ်က
ပူလောင်နေသော်လည်း
မင်းဆိုတဲ့ နှင်းဆီတစ်ပွင့်ကို
ခူးဆွတ်ပိုင်‌ဆိုင်ခွင့်မရှိတောင်အဝေးကနေ
လှမ်းမျှော်ကြည့်ရတာနဲ့တင်
ကျေနပ်တယ် ချစ်‌သောရယ်။

ဆွေးစရာဇာတ်လမ်းတစ်ပုဒ်အဖြစ်
ကိုယ့်နှလုံးသားမှာထင်ကျန်ခဲ့လိမ့်မယ်လို့
ကိုယ်မသိခဲ့သော်လည်း။

ထည်လင်း ကျောင်းသွားဖို့ထွက်လာခဲ့သည်နှင့် အမည်မသိတဲ့လူတစ်ယောက်ကသူ့နောက်မှကပ်လိုက်လာခဲ့သည်။တိုက်ဆိုင်တယ်ရယ်လို့ သဘောထားခဲ့ပေမယ့်လည်း
အိမ်ကကားပျက်လို့ ပထမဦးဆုံးအနေနဲ့
Taxiနှင့်ကျောင်းသွားဖို့ကားဂိတ်ထွက်လာခဲ့ကတည်းက သူနဲ့တွေ့ဆုံခဲ့တာကို မှတ်မိပါ၏။
အမှတ်မထင်ဆုံတွေ့ခဲ့မှုတွေက မမေ့နိုင်သောအမှတ်တရများကိုဖန်တီးပေးခဲ့သည်လေ။
သူနှင့်စဆုံသောနေ့က အိမ်ကကားပျက်၍
Taxiစီးဖို့ ကားဂိတ်ထွက်လာရင်းစဆုံခဲ့သော်လည်း နောက်တစ်နေ့ကစ၍ထည်လင်း
အမြဲTaxiနှင့်သာကျောင်းသွားဖြစ်ခဲ့သည်။
ထိုလူကလည်း သူ့နောက်မှအမြဲပါလာခဲ့၏။
နောက်ပြန်လှည့်ကြည့်ရင် ပြုံးပြတတ်သောထိုလူ၏အပြုံးသည်ပဲ ထည်လင်းအတွက်တော့ကမ္ဘာပေါ်တွင်အချိုမြိန်ဆုံးအပြုံးဖြစ်ခဲ့၏။

လက်တွေ့ဆန်သောဘဝတွင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ရင်ခုန်သံသည် ရိုးရိုးလေးပဲဖြစ်ပါသည်။ဘာအကြောင်းပြချက်မှမရှိပဲ
သူ့ကိုတိတ်တဆိတ်သဘောကျခဲ့ဖူးသည်။
သူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်သည်မို့ ကိုယ့်ကိုယ်ကိုမဖြစ်နိုင်ဘူးဟုနားချခဲ့သော်လည်း ရင်ခုန်သံသည်က
ရှေ့ဆက်ခဲ့လေ၏။

နောက်တော့ သူထည်လင်းတို့၏ကျောင်းသို့ရောက်ရောက်လာတတ်သည်ကိုသတိထားခဲ့မိပါ၏။
တစ်နေ့
ထည်လင်းကျောင်းမှTaxဖြင့်ပင်ပြန်လာခဲ့သည်။သို့သော်ကားဂိတ်အထိသာငှားခဲ့သည်မို့ ကားဂိတ်မှအိမ်ရှိရာသို့လမ်းလျှောက်လာခဲ့သည်။ဖြစ်ချင်တော့
ထီးမပါခဲ့သောနေ့မှ မိုးကရွာသည်တဲ့။
တဖြောက်ဖြောက်ကျသောမိုးစက်တွေကြား
စာအုပ်တွေတော့ရေစိုမည်စိုးသောကြောင့်ရင်ခွင်ထက်ဝယ်ပွေ့ပိုက်ထားလိုက်၏။
ကျောရိုးထဲထိစိမ့်နေအောင်ချမ်းသော မိုးသည်။

ထီတစ်လက်ကနောက်မှအုပ်မိုးလိုက်၏။
လှည့်ကြည့်လိုက်တော့ အမည်မသိသောသူ။
ထည်လင်းကိုယ်ကိုသူ့ရင်ခွင်ထဲဆွဲထည့်ရင်း

"ချမ်းနေပြီလား ချစ်သော"

နွေးထွေးသောသူ့ရင်ခွင်ကျယ်က
ထည်လင်းအတွက်ခိုနားရာ တစ်နေရာစာ။
ဘယ်လောက်ထိချမ်းစိမ့်ခဲ့သော်လည်း သူ့ရင်ခွင်ထဲမှာတော့နွေးထွေးနေလေ၏။

"ခင်ဗျား ဒါ ဒါဘာလုပ်တာလဲ လွှတ်ပါဗျ"

ထည်လင်းစကားကြောင့် ထိုလူမှာ
နှုတ်ခမ်းစများကော့တက်သွားအောင်လောက်သာပြုံးလိုက်ပြီး

"တစ်နာရီလောက်ရှိမှပဲ"

သူပြောလိုက်မှပင် ထည်လင်းရှက်သွား၏။
ဟုတ်တာပဲ သူ့ရင်ခွင်ထဲရောက်တာ တစ်နာရီလောက်ရှိမှပဲ ထည်လင်းစကားစပြောခဲ့တာ။
သို့သော် တည်ကြည်သောသူ့ပုံစံကိုထည်လင်းသဘောကျမိသွားခဲ့သည်ကတော့မညာတမ်းဝန်ခံရပေမည်။ပြုံးတဲ့ပုံစံကအစ သပ်ရပ်ပြီးယောကျာ်းပီသလွန်းလှသည်။သူ့အကြည့်တွေက စူးရှသည်ဆိုတာထက်နက်ရှိုင်းခဲ့ပြီး ထည်လင်းရင်ခုန်ရသည်။

*ခင်ဗျားရဲ့အကြည့်တွေနဲ့
ခင်ဗျားအပြုံးတွေအကြား
ကျွန်တော်အခါခါကျရှုံးခဲ့ရဖူးတယ်ဆိုတာ ခင်ဗျားသိပါရဲ့လား ကို*

သူက ထည်လင်းကိုသိမ်းထားစရာအဖြစ်
ထီးရှည်လေးတစ်ချောင်းနှင့်ထည့်လင်း အိတ်ကပ်ထဲသို့နှင်းဆီနီနီတစ်ပွင့်ထည့်ပေးခဲ့လေ၏။ မိုးရေစက်တွေကြား ကျောခိုင်းသွားခဲ့သော သူ့အား ထည်လင်းငေးကြည့်ရင်းသာ
ကျန်ရစ်ခဲ့ပါ၏။

နှင်းဆီနီနီသည် ပွင့်ဖတ်များပေါ်တွင်မိုးရေစက်များတင်ကျန်နေပြီး လန်းဆန်းလျက်။
ထို့အတူ သူကိုင်လှုပ်ခဲ့သောနှလုံးသားစိုင်သည်လည်း အိပ်မက်တို့ဖြင့်လန်းဆန်းလျက်။

ညနက်နက်၏ မဟူရာပြင်သည်
မှိတ်တုတ် မှိတ်တုတ်အလင်းရောင်လေးများဖြင့် ကြယ်တွေစုံနေ၏။ထို့အတူ ထည်လင်း၏ စိတ်ကူးယဥ်အိပ်မက်တစ်ခုသည်လည်း ကြယ်တစ်စင်းနှင့်အလားသဏ္ဌန်တူပါ၏။မတောက်ပသော ခပ်မှိန်မှိန်အလင်းရောင်လေးလို မသေချာသောစိတ်ကူးလေးက မှိန်ပျပျလေးရယ်။

သံစဥ်သက်သက် တယောသံလေးက
နားထဲသို့တိုးဝင်လာခဲ့၏။အေးဆေးပြီးငြိမ့်ညောင်းသလို လွမ်းဆွတ်ဖွယ်လည်းကောင်းနေပြန်၏။

ထည်လင်း ဝရံတာဘက်သို့ထွက်လာခဲ့သည်။
တယောသံ၏ ပိုင်ရှင်မှာ ထိုလူ။
ဆွတ်ပျံ့ဖွယ်သောတယောသံသည်
ကြိုတင်၍များနိမိတ်ဖတ်ခဲ့လေသလား။

ဘဝက ညနက်နက်ကလေပြေလိုပဲ
အေးဆေးပြီး ငြိမ့်ညောင်းခဲ့မယ်လို့
ဘယ်သူတွေကအတည်တကျသတ်မှတ်လို့ရခဲ့ပါ့မလဲ။

တစ်ပတ်မှာနှစ်ရက်သုံးရက်လောက်
ထည်လင်းတို့ကျောင်းသို့ရောက်ရောက်လာတတ်ပြီး ထည်လင်းကိုစိုက်ကြည့်နေတတ်သောထိုလူကို ထည်လင်း၏နံဘေးက သီတာပါသတိထားလာမိခဲ့ပါ၏။

"ဟဲ့ ထည်လင်း ဟိုလူကနင့်အသိလား"

"မဟုတ်ပါဘူးဟ တစ်ရပ်ကွက်ထဲမို့နည်းနည်းပါးပါးသိတာလောက်ပါပဲ"

"ဟုတ်လား ငါလည်းသူ့ကိုမြင်ဖူးသလိုပဲ"
နောက်မှသီတာသိသည်က သူကသီတာတို့အဖေမိတ်ဆွေ၏သား ။
ထိုသို့နှင့် ဒေါ်သီတာအောင်မျိုးကိုအကြောင်းပြုပြီး သူနှင့်ထည်လင်းရင်းနှီးကျွမ်းဝင်ခဲ့လေ၏။

"ကို မင်းကိုချစ်တယ် ချစ်သော"

သူ့ဆီကထိုစကားကြားခဲ့စဥ်က ထည်လင်းအတွက် တစ်လောကလုံးကို အပိုင်ရလိုက်သလိုအပျော်မျိုး ။ဘဝက ထင်ခဲ့သလောက်လွယ်ကူမနေခဲ့တာတော့မသိခဲ့လေဘူး။

ချမ်းနေတဲ့အချိန် သူ့ရင်ခွင်ထဲဝင်ခိုနားလိုက်၊
သူ့အပြုံးတွေကို တစ်မေ့တစ်မောငေးကြည့်နေလိုက် ၊သူ့စကားတွေကို အနာဂတ်တစ်ခုလိုသဘောထားလိုက်၊ တကယ်လို့ သူသာ
သေချာဆုံးဖြတ်ရဲခဲ့ရင် တစ်လောကလုံးက
သဘောမတူခဲ့တောင် နှစ်ယောက်တစ်ကမ္ဘာ
နေပြီး အားလုံးကိုကျောခိုင်းပစ်လိုက်ဖို့အထိ
ထည်လင်းသတ္တိတွေရှိခဲ့တာပါ။ဘယ်တုန်းကမှမလွန်ဆန်ရဲခဲ့တဲ့မိဘရဲ့စကားတောင် သူ့အတွက်နဲ့ ပယ်ရှားပစ်ခဲ့ဖို့ သူ့ကို"ချစ်ပါတယ်"လို့အဖြေပေးကတည်းက သေချာဆုံးဖြတ်ခဲ့တာ။

သို့သော်ပြန်ရခဲ့သည်က
ဖိတ်စာလေးတစ်စောင်။

ထိုအချိန်က ထည်လင်းအတွက်ကမ္ဘာပျက်သွားသလိုပဲပေါ့။
ဘာအကြောင်းပြချက်လေးမှမပေးခဲ့ပဲ
ထွက်ခွာသွားသောသူ။

သို့သော်
သူဆိုတဲ့လူကိုဘယ်လောက်ထိချစ်ခဲ့လဲဆိုရင်လေ ရှင်းပြချက်တွေမရှိခဲ့တာတောင်
သူအဆင်မပြေခဲ့လို့လို့ နားလည်ခဲ့တာမျိုးပေါ့။

တကယ်တော့ အချစ်ကဒါပါပဲ။
ချစ်တယ်လို့ပြောခဲ့ပြီးမှတော့ ဘာလို့များအတ္တတစ်ခုကိုရှေ့တမ်းတင်နေဦးမှာလဲ။ပိုင်ဆိုင်ချင်တာကတော့ လူတိုင်းပေါ့။ကိုယ်သိပ်ချစ်ရတဲ့လူကို ပိုင်ဆိုင်ချင်ခဲ့ကြတာပါပဲ။
ဒါပေမယ့် ကိုယ်သူ့ကိုပိုင်ဆိုင်ချင်တာက သူ့အတွက် အဆင်မပြေခဲ့ဘူးဆိုရင်တော့
နောက်ဆုတ်ပေးခဲ့ရမှာပါပဲ။

ထည်လင်း နားလည်လိုက်ပါတယ်။
အချစ်ဆိုတာ အနီးကပဲဖြစ်စေ အဝေးကပဲဖြစ်စေ ပြောင်းလဲသွားရိုးထုံးစံမရှိပါဘူး။
ပိုင်ဆိုင်ရသည်ဖြစ်စေ တိတ်တိတ်ကလေး အဝေးကနေချစ်နေရသည်ဖြစ်စေ အချစ်က အချစ်ပါပဲ။

နှစ်တွေကြာညောင်းသွားခဲ့တာတောင်
သူ့ကို ထားသွားခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဘယ်တုန်းက အပြစ်မတင်ခဲ့ဘူး။
တစ်ခုပေါ့လေ ညဘက်ဆိုရင် သူရဲ့တယောသံလေးတွေကိုပြန်ကြားမိပြီး လွမ်းရတာလေးကလွဲလို့ပေါ့။

ချိန်းတွေ့တဲ့အချိန်တွေတုန်းက
အိတ်ကပ်ထဲထည့်ထည့်ပေးခဲ့ဖူးတဲ့ နှင်းဆီပန်းတစ်ပွင့်။အခုထိ သဘောကျရတဲ့ပန်းတစ်ပွင့်ဖြစ်နေခဲ့ဆဲ။

ခရီးလမ်းတွေကမတူညီပဲခြားနားခဲ့သော်လည်း သူလျှောက်တဲ့လမ်းမကချောမွေ့စေဖို့ဆုတောင်းနေမိဆဲ။
-----------------------------------------------------------

ကျောင်းခေါင်းလောင်းတောင် ထိုးသွားခဲ့ပြီ။
ကျောင်းသားများကလည်း ကျောပိုးအိတ်ကိုယ်စီဖြင့်ထွက်လာခဲ့၏။

"ဒါဆို ဦးအရမ်းချစ်ခဲ့ရတဲ့သူ့ရည်းစားဟောင်းကဘယ်သူလဲဟင်"

"သူက...."

"မဟော်"

ဆရာမစကားကိုနားစိုက်ထောင်နေခဲ့သော်လည်း နာမည်ခေါ်သံတစ်စကြောင့် ထိုအသံလာရာသို့စိတ်ရောက်သွား၏။
ထည်လင်းတောင် ထွက်လာခဲ့ပြီ။

"မဟော် သီတာနဲ့ဘာတွေပြောနေတာလဲ"

"ဪ ဘာမှမဟုတ်ပါဘူး ဦးရဲ့ဒီလိုပါပဲ"

ထည်လင်းကိုစကားပြောနေရင်းမှ မဟော်သည်ဒေါ်သီတာအောင်မျိုးကို လှည့်နှုတ်ဆတ်လိုက်၏။

"ဆရာမ အဲ့တာဆို သားတို့သွားဦးမယ်နော်"

"ဪ အေး အေး သား"

မဟော်သည် ထည်လင်း၏ လက်ဆွဲအိတ်ကိုကူသယ်ပေးလိုက်ပြီးဆိုင်ကယ်ရှိရာသို့ထွက်လာခဲ့၏။

"ဒီနေ့ ဘယ်လိုလုပ်ကျောင်းရောက်နေတာလဲ"

"ဪ ဒီ ဒီလိုပါဦးရဲ့ ကျွန်တော်ဒီနေ့နေမကောင်းလို့ကျောင်းမသွားဘူးလေ အဲ့တာအိမ်မှာနေရတာလည်းပျင်းတာနဲ့ပြီးတော့အနှင်းက ဦးတို့ကျောင်းကိုလည်းပြောထားတာနဲ့အဲ့တာလာကြိုလိုက်တာ"

ထည်လင်း၏လက်ဖမိုးသည် မဟော့်နဖူးအားထိကပ်လိုက်ပြီး

"ကိုယ်လည်းမပူပါဘူး "

"ဪ ဒါ ဒါကကျွန်တော်ဆေးသောက်လိုက်လို့ ကိုယ်သိပ်မပူတာပါ"

"ဪ"

ထည်လင်းကသိချင်တာတွေများနေ၍
တစ်ခုပြီးတစ်ခုဆက်မေးပြန်၏။

"ဒါနဲ့ ခုနကသီတာနဲ့ မဟော်နဲ့သိတာလား"

"ဟုတ်တယ်ဦးရဲ့ ဆရာမကကျွန်တော်တို့ဆယ်တန်းတုန်းကနှစ်ဝက်လောက်သင်လိုက်ရတဲ့ဆရာမလေ"

"ဪ"
မဟော့်အဖြေကိုကြားပြီးခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသော ထည်လင်းကို မဟော်ကြည့်ပြီး

"ကဲ မေးစရာတွေကုန်ပြီလားဗျ မေးစရာတွေကုန်ရင်လည်း ပြန်ရအောင်နော်ဦး"

မဟော်ပြောလိုက်တော့မှ ထည်လင်းကခေါင်းငြိမ့်၍ ပြုံးပြလိုက်၏။

မဟော်၏ဆိုင်ကယ်နောက်မှထည်လင်း
ထိုင်လိုက်လာခဲ့ချိန်သည် မဟော့်အတွက်
ဘဝမှာကြည်နူးစရာအကောင်းဆုံးဖြစ်ခဲ့ဖူးလေသည်။
-----------------------------------------------------------
(Thank for readingပါ ခါတိုင်းတုန်းကညနေသုံးနာရီလောက်တင်ပေးပေမယ့် ဒီနေ့နောက်ကျသွားတယ် အဲ့အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျ အရင်အပိုဒ်ကနည်းတယ်ပြောလို့ ဒီနေ့များများရေးပေးလိုက်ပါတယ်နော် ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ)
Vote တွေအတွက်လည်းကျေးဇူးပါနော်
ဒီလူကviewတစ်ခုတက်လာရင်တောင်ထခုန်မတတ်ပျော်မိတာ voteပါပေးတဲ့အတွက်လည်းကျေးဇူးပါ
-----------------------------------------------------------

Zawgyi

မေဟာ္သည္ ေက်ာပိုးအိတ္တစ္အိတ္ကိုေက်ာတြင္လြယ္လ်က္ ဆိုင္ကယ္တစ္စီးျဖင့္ထြက္သြားျပန္၏။ဝဋ္ႀကီးလွေသာမေဟာ့္
အျဖစ္ကို ဝရံတာထက္မွၾကည့္လ်က္ မဟာသည္ေခါင္းတခါခါသာလုပ္ေနလိုက္ေတာ့သည္။

"ငါ့သားနဲ႕လည္း "

အဝန္းက်ယ္ၿပီး ပင္မေက်ာင္းေဆာင္ေရွ႕တြင္
ေျမကြက္လပ္တစ္ခုရွိသည့္ ဂုဏ္ထည္လင္းတို႔ေက်ာင္း၏ ၿခံစည္းရိုးအျပင္ဘက္တြင္ ဆိုင္ကယ္ကိုရပ္ကာေက်ာင္းဆင္းခ်ိန္ကိုေစာင့္ေနလိုက္၏။အမွန္ေတာ့ မနက္ကဖ်ားသည္နာသည္ဟုဖေအကိုလွည့္ပတ္လိမ္၍ေက်ာင္းမသြားခဲ့ပါ။ထို႔ေၾကာင့္လည္း ယခုအခ်ိန္လာႀကိဳနိုင္ျခင္းျဖစ္၏။ေက်ာင္းေရွ႕တြင္ရွိသည္ဆိုေသာေျမကြက္လပ္တစ္ခုမွာအရမ္းအက်ယ္ႀကီးမဟုတ္သျဖင့္ ပင္မေက်ာင္းေဆာင္၏အေပၚဘက္ျပတင္းေပါက္မွေန ေက်ာင္းၿခံစည္းရိုးေရွ႕ကိုေသခ်ာလွမ္းျမင္နိုင္၏။
ဆယ္တန္းေဆာင္ဟုထင္ရေသာ
ပင္မေဆာင္အေပၚဘက္ျခမ္းမွ ျပတင္းေပါက္တြင္ လူမ်ားစုေန၏။
မေဟာ္တို႔တုန္းကလည္းဆရာလြတ္လွ်င္ ဘာရယ္ညာရယ္မဟုတ္ျပတင္းေပါက္မွျပင္ပသို႔ေငးၾကည့္ေနတတ္ေသာေၾကာင့္အထူးအဆန္းေတာ့မဟုတ္ေတာ့။သို႔ေသာ္
တစ္ခုထူးဆန္းေနသည္က ထိုျပတင္းေပါက္မွ လူတစ္စု၏မ်က္လုံးမ်ားသည္မိမိဆီသို႔ေရာက္ရွိေနျခင္းျဖစ္ပါ၏။

"သားမေဟာ္ မေဟာ္မဟုတ္လား"

သူ႕နာမည္ကို႐ြတ္ဆိုေသာအသံတစ္စေၾကာင့္ မေဟာ္သည္ ေက်ာင္းဂိတ္ေပါက္ဘက္လွည့္ၾကည့္မိလိုက္ပါ၏။
မေဟာ့္နာမည္အားေခၚလိုက္ေသာသူမွာမေဟာ္တို႔ဆယ္တန္းတုံးက ႏွစ္ဝက္ခန့္မွ်သင္လိုက္ရေသာ အဂၤလိပ္စာဆရာမျဖစ္သည္။နာမည္ကေဒၚသီတာေအာင္မ်ိဳး။မွတ္မိသည္မွ တရင္းတႏွီးကိုမွတ္မိေန၏။ဆရာမက
အသက္ 36ႏွစ္အ႐ြယ္အပ်ိဳႀကီးျဖစ္ၿပီးနည္းနည္းၾကမ္းသည္။႐ုပ္ရည္မွာတင့္၏။လွ၏။
မေဟာ္တို႔ဆယ္တန္းတုံးကဆို ဆရာမႀကိမ္လုံးႏွင့္ခဏခဏတိုးခဲ့ရသည္။မေဟာ္ေရာဇြဲကိုကိုေအာင္ေရာ။ထိုစဥ္ကအႏွင္းႏွင့္မေတြ႕ေသး။အႏွင္းကတကၠသိုလ္ေရာက္မွခင္မင္ေသာသူငယ္ခ်င္းျဖစ္သည္။
မေဟာ္နာမည္အားေသခ်ာမွတ္မိသည္အထိ ဆရာမႏွင့္ရင္းနီးရျခင္းအေၾကာင္းရွိပါ၏။
အၿမဲတမ္းdateမတပ္လို႔ လက္ေရးမသပ္ရပ္လို႔အရိုက္ခံရျခင္းအျပင္ မေဟာ့္အေဖႏွင့္လည္းကြၽမ္းဝင္မႈေၾကာင့္ ဆရာမႏွင့္ပို၍ရင္းႏွီးေနျခင္းျဖစ္သည္။
ႏွစ္ဝက္ခန့္ေရာက္မွဆရာမဒီေက်ာင္းေျပာင္းသြား၍ သိပ္ေတာ့မေတြ႕ျဖစ္ေတာ့။အခုေတြ႕မယ့္ေတြ႕ေတာ့လည္း ဆရာမကဦးႏွင့္တစ္ေက်ာင္းတည္းပင္ျဖစ္ေနေလသည္။

"ငါ့တပည့္ကပိုေခ်ာလာတယ္ကို"
ဆရာမကၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ျဖစ္သည္။

"သား ဆရာမကေတာ့အခုထိအပ်ိဳႀကီးပဲလား"

"ေအးကြယ္ ဆရာမလည္းသက္သက္အပူမရွာခ်င္ေတာ့ပါဘူးမေဟာ္ရယ္ ဒီတိုင္းပဲေနေတာ့မယ္လို႔ဆုံးျဖတ္ထားတယ္"

ဆရာမစကားေၾကာင့္မေဟာ္ၿပဳံးမိပါ၏။
ဆရာမကအပ်ိဳႀကီးလုပ္ခ်င္သူမဟုတ္မွန္းမေဟာ္တို႔အသိဆုံး။ေက်ာင္းတုန္းကဆရာ
ဦးမင္းေအာင္နိုင္ႏွင့္ရည္းစားျဖစ္မလိုလိုျဖစ္သြားေသးသည္။ဦးမင္းေအာင္နိုင္ကခန့္ခန့္သန့္သန့္ဆိုေတာ့ဆရာမအႀကိဳက္။လြဲသြားရျခင္းအေၾကာင္းတရားမ်ားကား ဆရာမခ်ိန္ေသာ္လည္း ဦးမင္းေအာင္နိုင္မွာဆရာမ၏ဇီဇာေၾကာင္လြန္းမႈေဒါသႀကီးမႈ
တို႔ေၾကာင့္ အိမ္ကေပးစားသည့္မိန္းမကိုယူသြားျခင္းျဖစ္သည္။အခုေရာ ဘယ္ဆရာကိုသေဘာက်ေနသည္မသိ ။

"ဒါနဲ႕အခုေရာ ဒီေက်ာင္းကိုဘာလာလုပ္တာတုန္း ညီေလးေတြညီမေလးေတြလာႀကိဳရေအာင္လည္းဆရာမေတာ့မင္းအေဖေနာက္မိန္းမယူသြားတယ္လို႔မၾကားမိပါဘူး"

မေဟာ့္မွာဆရာမစကားေၾကာင့္ရယ္ခ်င္ပက္က်ိျဖစ္မိသည္။မဟာေရာင္နီသည္ ဒီတစ္သက္ေနာက္မိန္းမထပ္ယူမည့္လူမ်ိဳးမဟုတ္တာ မေဟာ္အသိဆုံးျဖစ္သည္။
သူ႕ငယ္ခ်စ္ဦး 'ခ်စ္ေသာ'ဆိုသည့္လူႏွင့္ျပန္ေတြ႕ရင္ေတာ့တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားနိုင္ပါ၏။သို႔ေသာ္ ေဖေဖေတာင္မိန္းမရၿပီး၍
သူ၁၈ႏွစ္ေတာင္ရွိေနၿပီပဲ ေဖေဖ့ငယ္ခ်စ္ဦးသည္လည္းအခုဆိုသူ႕မိသားစုႏွင့္သူျဖစ္ေနေလာက္ၿပီဟုတြက္ဆမိပါ၏။

"မဟုတ္ပါဘူးဗ်ာဆရာမကလည္း သားက
သားအသိဆရာတစ္ေယာက္ကိုလာႀကိဳတာပါ"

"မေဟာ့္အသိဆရာ ဟုတ္လား ဘယ္သူမ်ားလဲေျပာပါဦး"

"ဆရာဦးဂုဏ္ထည္လင္းပါ"

"ေဟ"
လြန္ခဲ့ေသာ 19ႏွစ္ခန့္သို႔ေဒၚသီတာေအာင္မ်ိဳး၏စိတ္အာ႐ုံသည္လြင့္ျပယ္သြား၏။
အခ်ိန္ကအေကာင္းဆုံးေသာသမားေတာ္တဲ့။
ယခုအခ်ိန္ဆိုလွ်င္ေတာ့သူေမ့ေပ်ာက္နိုင္မည္ဟု ေဒၚသီတာေအာင္မ်ိဳးထင္ထားခဲ့ဖူး၏။သို႔ေသာ္ မႏွစ္တစ္ႏွစ္ကျပန္ေတြ႕ခ်ိန္တြင္ေတာ့ အဲ့လိုမ်ိဳးမဟုတ္မွန္းေဒၚသီတာေအာင္မ်ိဳးသိခဲ့ပါ၏။တကယ္ေတာ့အခ်ိန္ေတြသည္ တေ႐ြ႕ေ႐ြ႕တိုက္စားေနေသာဒီေရေတြလို။တစ္ရက္ၿပီးတစ္ရက္တစ္ႏွစ္ၿပီးတစ္ႏွစ္လူ႕ႏွလုံးသားကိုတျဖည္းျဖည္းတိုက္စားခဲ့ပါ၏။ပိုလို႔ဆိုးေအာင္ေပါ့။အခ်စ္၏သခၤါရသည္အလြမ္းျဖစ္၏။အလြမ္းကိုထပ္မံတိုက္စားေသာအခါအခ်စ္ျဖစ္၏။မူလအတိုင္းျပန္လည္တည္ရွိတတ္ေသာ နိယာမတစ္ခုသည္ၿမဲခဲ့ပါသည္။လူတစ္ေယာက္ကိုခ်စ္ခဲ့မိျခင္းေၾကာင့္ အလြမ္းဟူေသာေဝဒနာတစ္ရပ္ကိုခံစားရေၾကာင္း သူတို႔သင္ျပခဲ့ပါ၏။တစ္ဖန္အလြမ္းမ်ားသည္က အခ်စ္မွစတင္ခဲ့ျခင္းေၾကာင့္လြမ္းျခင္းသည္လည္း ခ်စ္ျခင္းျဖစ္ပါ၏။

"ဆရာမ ဘာျဖစ္လို႔လဲ"

လြင့္ျပယ္ဆဲေသာအာ႐ုံသည္
မေဟာ့္အသံေၾကာင့္ ျပန္လည္စုစည္းမိသြား၏။
-----------------------------------------------------------
ဂုဏ္ထည္လင္းအတန္းထဲမဝင္ခင္ အရင္ေခ်ာင္းၾကည့္လိုက္ပါ၏။ၾကည့္ရတာ သူ႕ေရွ႕ခ်ိန္ကဘာသာရပ္ဆရာမွာ ေစာေစာထြက္သြားသည္ထင္သည္။ဝုန္းဒိုင္းႀကဲေနေလ၏။
သို႔ေသာ္မိန္းကေလးတစ္ခ်ိဳ႕ႏွင့္ ဟိုနိုင္လင္းဦးဆိုေသာLadyboyေကာင္ေလးက ျပတင္းေပါက္မွာ စုစု စုစုႏွင့္ျဖစ္၏။
ဝုန္းဒိုင္းႀကဲေနေသာ ေယာက်ာ္းေလးမ်ားမွာဂုဏ္ထည္လင္းကိုေတြ႕၍ ကိုယ့္ေနရာကိုယ္ဝင္ထိုင္ခဲ့ၾကသည္။သို႔ေသာ္ ဂုဏ္ထည္လင္းက'ရႉးတိုးတိုး "ဟူသည့္ပုံစံမ်ိဳးလုပ္ျပကာ ျပတင္းေပါက္ဘက္နားသို႔ေရာက္လာ၏။

"အဲ့ကိုႀကီး ေခ်ာတယ္ေနာ္"

"ဟုတ္ပ"

"ဆရာမနဲ႕အသိလားမသိဘူး"

မိန္းကေလးမ်ားကအခ်င္းခ်င္းပြင့္ပြင့္လင္းလင္းေျပာေနၾက၏။ဂုဏ္ထည္လင္း သူတို႔ၾကည့္ေနေသာေနရာသို႔ၾကည့္မိေတာ့
မင္းမေဟာ္ဂနီ။သူသည္ ေဒၚသီတာေအာင္မ်ိဳးအနားတြင္ထိုင္ေနေလ၏။မည္သို႔ေသာအေၾကာင္းတရားေၾကာင့္ေက်ာင္းေရာက္လာသည္မသိ။

"မေဟာ္ပါလား"

ဂုဏ္ထည္လင္းအသံၾကား၍ ျပတင္းေပါက္မွ
ေက်ာင္းသူတစ္စုႏွင့္ဟိုနိုင္လင္းဦးမွာ ေနာက္သို႔လွည့္ၾကည့္မိလာ၏။

"ဟယ္ ဆရာ "
ေနာက္သို႔ေရာက္ေနေသာ သူတို႔ဆရာသည္ပင္သူတို႔ၾကည့္ေနေသာအစ္ကိုႀကီးကို
အကဲခတ္ေနသလိုလုပ္ေနသျဖင့္

"ဆရာ့သားလားဟင္ဆရာ ေခ်ာလိုက္တာေနာ္"

မိန္းကေလးမ်ားကသူတို႔အေျပာကိုဆရာၾကားသြားသည္ဟုေတြးၿပီးရွက္႐ြံ႕သြားေသာ္လည္းဟိုနိုင္လင္းဦးကေတာ့ မရွက္ ။ပိုေတာင္ျပာသြားေသးသည္။ဆရာ့သားဆိုလွ်င္ဝိုက္မည္ဟူေသာပုံစံမ်ိဳးျဖင့္ ေမွ်ာ္လင့္တႀကီးပါေမးလိုက္ေသး၏။

"မဟုတ္ပါဘူး ဆရာ့အသိပါ"

"ဟယ္ အသိလား Oh my god နိုင္နိုင္တို႔ေသနိုင္တယ္"

နားၾကားျပင္းကပ္လွစြာနိုင္လင္းဦး၏ အသံသည္ကား ျမန္မာဗီဒီယိုကားမ်ားေတာ္ေတာ္ၾကည့္ထားသည္မွန္းသိသာေနေလ၏။ဟာသကားေတြမွာပါဝင္ေသာLadyboyဇာတ္ေကာင္ေတြလို ေျပာပုံဆိုပုံမ်ိဳးျဖစ္၏။

"ကဲ ကဲစာသင္မယ္ ကိုယ့္ေနရာကိုယ္ထိုင္ေတာ့"
-----------------------------------------------------------
"ဒါနဲ႕ဆရာမက ဦးနဲ႕သိလို႔လား"

"သိဆို ဆရာမနဲ႕ထည္လင္းကအတူတူ
ေက်ာင္းဆင္းခဲ့ၾကတာေလ "

"ဒါဆိုသူငယ္ခ်င္းေတြေပါ့"

မေဟာ္ကစိတ္ဝင္တစားျဖင့္ေမးေနေလ၏။
ေဒၚသီတာေအာင္မ်ိဳးကေတာ့ ေဆြးေဆြးျမည့္ျမည့္ျဖင့္

"အင္း ဟုတ္တယ္
သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကတယ္ေပါ့"

"ဒါဆိုေလ ဆရာမ ဟို..."

မေဟာ္က ေမးသင့္မသင့္ျပန္လည္စဥ္းစားခ်င့္ခ်ိန္ေနဟန္ျပဳ၏။သို႔ေသာ္ သိခ်င္ေဇာကလည္းျပင္းျပေနသည္မို႔ ေမးဖို႔ဆုံးျဖတ္လိုက္၏။

"ဒါဆို ဆရာမ ဟိုေလ ဦးမွာအရင္ကရည္းစားေတြဘာေတြမ်ားရွိလားဟင္"

ေဒၚသီတာေအာင္မ်ိဳးမွာ သက္ျပင္းရွည္တစ္ခ်က္ကို ညဥ္းခ်ၿပီး အတိတ္ကျဖစ္ရပ္တစ္ခုအား ျပန္လည္အစေဖာ္ခဲ့ေခ်၏။

"ရွိခဲ့ဖူးတယ္ ဟိုးဆယ္ေက်ာ္သက္အ႐ြယ္ကေပါ့ သူက မႏၲေလးကေနရန္ကုန္ကိုေက်ာင္းလာတက္တဲ့သူေဌးသားတစ္ေယာက္ အဲ့အခ်ိန္ကသူေနခဲ့တဲ့အေဆာင္ရွိတဲ့လမ္းရဲ႕တစ္လမ္းေက်ာ္မွာ မင္းရဲ႕ ဦးကေနခဲ့ဖူးတယ္ေပါ့"

-----------------------------------------------------------
သူ မနက္ခင္းတိုင္းေက်ာင္းစိမ္းဝတ္ၿပီး
ေက်ာင္းသြားဖို႔ သပ္သပ္ရပ္ရပ္ျပင္ဆင္ထားတဲ့ ေက်ာင္းဆရာေလာင္းေလး။

ေတးငွက္သံေတြနဲ႕နိုးထခဲ့တာမဟုတ္ဘဲ
မင္းနဲ႕အတူလမ္းေလွ်ာက္ခ်င္လို႔ အၿမဲတမ္းေက်ာင္းေနာက္က်တတ္တဲ့ကိုယ္ဟာ မင္းလာခါနီးရင္အဆင္သင့္ျဖစ္ေနခဲ့တာ မင္းသိပါ့မလား။

တစ္ဖက္သက္အခ်စ္က
ပူေလာင္ေနေသာ္လည္း
မင္းဆိုတဲ့ ႏွင္းဆီတစ္ပြင့္ကို
ခူးဆြတ္ပိုင္‌ဆိုင္ခြင့္မရွိေတာင္အေဝးကေန
လွမ္းေမွ်ာ္ၾကည့္ရတာနဲ႕တင္
ေက်နပ္တယ္ ခ်စ္‌ေသာရယ္။

ေဆြးစရာဇာတ္လမ္းတစ္ပုဒ္အျဖစ္
ကိုယ့္ႏွလုံးသားမွာထင္က်န္ခဲ့လိမ့္မယ္လို႔
ကိုယ္မသိခဲ့ေသာ္လည္း။

ထည္လင္း ေက်ာင္းသြားဖို႔ထြက္လာခဲ့သည္ႏွင့္ အမည္မသိတဲ့လူတစ္ေယာက္ကသူ႕ေနာက္မွကပ္လိုက္လာခဲ့သည္။တိုက္ဆိုင္တယ္ရယ္လို႔ သေဘာထားခဲ့ေပမယ့္လည္း
အိမ္ကကားပ်က္လို႔ ပထမဦးဆုံးအေနနဲ႕
Taxiႏွင့္ေက်ာင္းသြားဖို႔ကားဂိတ္ထြက္လာခဲ့ကတည္းက သူနဲ႕ေတြ႕ဆုံခဲ့တာကို မွတ္မိပါ၏။
အမွတ္မထင္ဆုံေတြ႕ခဲ့မႈေတြက မေမ့နိုင္ေသာအမွတ္တရမ်ားကိုဖန္တီးေပးခဲ့သည္ေလ။
သူႏွင့္စဆုံေသာေန႕က အိမ္ကကားပ်က္၍
Taxiစီးဖို႔ ကားဂိတ္ထြက္လာရင္းစဆုံခဲ့ေသာ္လည္း ေနာက္တစ္ေန႕ကစ၍ထည္လင္း
အၿမဲTaxiႏွင့္သာေက်ာင္းသြားျဖစ္ခဲ့သည္။
ထိုလူကလည္း သူ႕ေနာက္မွအၿမဲပါလာခဲ့၏။
ေနာက္ျပန္လွည့္ၾကည့္ရင္ ၿပဳံးျပတတ္ေသာထိုလူ၏အၿပဳံးသည္ပဲ ထည္လင္းအတြက္ေတာ့ကမာၻေပၚတြင္အခ်ိဳၿမိန္ဆုံးအၿပဳံးျဖစ္ခဲ့၏။

လက္ေတြ႕ဆန္ေသာဘဝတြင္ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္၏ရင္ခုန္သံသည္ ရိုးရိုးေလးပဲျဖစ္ပါသည္။ဘာအေၾကာင္းျပခ်က္မွမရွိပဲ
သူ႕ကိုတိတ္တဆိတ္သေဘာက်ခဲ့ဖူးသည္။
သူဟာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္သည္မို႔ ကိုယ့္ကိုယ္ကိုမျဖစ္နိုင္ဘူးဟုနားခ်ခဲ့ေသာ္လည္း ရင္ခုန္သံသည္က
ေရွ႕ဆက္ခဲ့ေလ၏။

ေနာက္ေတာ့ သူထည္လင္းတို႔၏ေက်ာင္းသို႔ေရာက္ေရာက္လာတတ္သည္ကိုသတိထားခဲ့မိပါ၏။
တစ္ေန႕
ထည္လင္းေက်ာင္းမွTaxျဖင့္ပင္ျပန္လာခဲ့သည္။သို႔ေသာ္ကားဂိတ္အထိသာငွားခဲ့သည္မို႔ ကားဂိတ္မွအိမ္ရွိရာသို႔လမ္းေလွ်ာက္လာခဲ့သည္။ျဖစ္ခ်င္ေတာ့
ထီးမပါခဲ့ေသာေန႕မွ မိုးက႐ြာသည္တဲ့။
တေျဖာက္ေျဖာက္က်ေသာမိုးစက္ေတြၾကား
စာအုပ္ေတြေတာ့ေရစိုမည္စိုးေသာေၾကာင့္ရင္ခြင္ထက္ဝယ္ေပြ႕ပိုက္ထားလိုက္၏။
ေက်ာရိုးထဲထိစိမ့္ေနေအာင္ခ်မ္းေသာ မိုးသည္။

ထီတစ္လက္ကေနာက္မွအုပ္မိုးလိုက္၏။
လွည့္ၾကည့္လိုက္ေတာ့ အမည္မသိေသာသူ။
ထည္လင္းကိုယ္ကိုသူ႕ရင္ခြင္ထဲဆြဲထည့္ရင္း

"ခ်မ္းေနၿပီလား ခ်စ္ေသာ"

ေႏြးေထြးေသာသူ႕ရင္ခြင္က်ယ္က
ထည္လင္းအတြက္ခိုနားရာ တစ္ေနရာစာ။
ဘယ္ေလာက္ထိခ်မ္းစိမ့္ခဲ့ေသာ္လည္း သူ႕ရင္ခြင္ထဲမွာေတာ့ေႏြးေထြးေနေလ၏။

"ခင္ဗ်ား ဒါ ဒါဘာလုပ္တာလဲ လႊတ္ပါဗ်"

ထည္လင္းစကားေၾကာင့္ ထိုလူမွာ
ႏႈတ္ခမ္းစမ်ားေကာ့တက္သြားေအာင္ေလာက္သာၿပဳံးလိုက္ၿပီး

"တစ္နာရီေလာက္ရွိမွပဲ"

သူေျပာလိုက္မွပင္ ထည္လင္းရွက္သြား၏။
ဟုတ္တာပဲ သူ႕ရင္ခြင္ထဲေရာက္တာ တစ္နာရီေလာက္ရွိမွပဲ ထည္လင္းစကားစေျပာခဲ့တာ။
သို႔ေသာ္ တည္ၾကည္ေသာသူ႕ပုံစံကိုထည္လင္းသေဘာက်မိသြားခဲ့သည္ကေတာ့မညာတမ္းဝန္ခံရေပမည္။ၿပဳံးတဲ့ပုံစံကအစ သပ္ရပ္ၿပီးေယာက်ာ္းပီသလြန္းလွသည္။သူ႕အၾကည့္ေတြက စူးရွသည္ဆိုတာထက္နက္ရွိုင္းခဲ့ၿပီး ထည္လင္းရင္ခုန္ရသည္။

ခင္ဗ်ားရဲ႕အၾကည့္ေတြနဲ႕
ခင္ဗ်ားအၿပဳံးေတြအၾကား
ကြၽန္ေတာ္အခါခါက်ရႈံးခဲ့ရဖူးတယ္ဆိုတာ ခင္ဗ်ားသိပါရဲ႕လား ကို

သူက ထည္လင္းကိုသိမ္းထားစရာအျဖစ္
ထီးရွည္ေလးတစ္ေခ်ာင္းႏွင့္ထည့္လင္း အိတ္ကပ္ထဲသို႔ႏွင္းဆီနီနီတစ္ပြင့္ထည့္ေပးခဲ့ေလ၏။ မိုးေရစက္ေတြၾကား ေက်ာခိုင္းသြားခဲ့ေသာ သူ႕အား ထည္လင္းေငးၾကည့္ရင္းသာ
က်န္ရစ္ခဲ့ပါ၏။

ႏွင္းဆီနီနီသည္ ပြင့္ဖတ္မ်ားေပၚတြင္မိုးေရစက္မ်ားတင္က်န္ေနၿပီး လန္းဆန္းလ်က္။
ထို႔အတူ သူကိုင္လႈပ္ခဲ့ေသာႏွလုံးသားစိုင္သည္လည္း အိပ္မက္တို႔ျဖင့္လန္းဆန္းလ်က္။

ညနက္နက္၏ မဟူရာျပင္သည္
မွိတ္တုတ္ မွတ္တုတ္အလင္းေရာင္ေလးမ်ားျဖင့္ ၾကယ္ေတြစုံေန၏။ထို႔အတူ ထည္လင္း၏ စိတ္ကူးယဥ္အိပ္မက္တစ္ခုသည္လည္း ၾကယ္တစ္စင္းႏွင့္အလားသဏၭန္တူပါ၏။မေတာက္ပေသာ ခပ္မွိန္မွိန္အလင္းေရာင္ေလးလို မေသခ်ာေသာစိတ္ကူးေလးက မွိန္ပ်ပ်ေလးရယ္။

သံစဥ္သက္သက္ တေယာသံေလးက
နားထဲသို႔တိုးဝင္လာခဲ့၏။ေအးေဆးၿပီးၿငိမ့္ေညာင္းသလို လြမ္းဆြတ္ဖြယ္လည္းေကာင္းေနျပန္၏။

ထည္လင္း ဝရံတာဘက္သို႔ထြက္လာခဲ့သည္။
တေယာသံ၏ ပိုင္ရွင္မွာ ထိုလူ။
ဆြတ္ပ်ံ့ဖြယ္ေသာတေယာသံသည္
ႀကိဳတင္၍မ်ားနိမိတ္ဖတ္ခဲ့ေလသလား။

ဘဝက ညနက္နက္ကေလေျပလိုပဲ
ေအးေဆးၿပီး ၿငိမ့္ေညာင္းခဲ့မယ္လို႔
ဘယ္သူေတြကအတည္တက်သတ္မွတ္လို႔ရခဲ့ပါ့မလဲ။

တစ္ပတ္မွာႏွစ္ရက္သုံးရက္ေလာက္
ထည္လင္းတို႔ေက်ာင္းသို႔ေရာက္ေရာက္လာတတ္ၿပီး ထည္လင္းကိုစိုက္ၾကည့္ေနတတ္ေသာထိုလူကို ထည္လင္း၏နံေဘးက သီတာပါသတိထားလာမိခဲ့ပါ၏။

"ဟဲ့ ထည္လင္း ဟိုလူကနင့္အသိလား"

"မဟုတ္ပါဘူးဟ တစ္ရပ္ကြက္ထဲမို႔နည္းနည္းပါးပါးသိတာေလာက္ပါပဲ"

"ဟုတ္လား ငါလည္းသူ႕ကိုျမင္ဖူးသလိုပဲ"
ေနာက္မွသီတာသိသည္က သူကသီတာတို႔အေဖမိတ္ေဆြ၏သား ။
ထိုသို႔ႏွင့္ ေဒၚသီတာေအာင္မ်ိဳးကိုအေၾကာင္းျပဳၿပီး သူႏွင့္ထည္လင္းရင္းႏွီးကြၽမ္းဝင္ခဲ့ေလ၏။

"ကို မင္းကိုခ်စ္တယ္ ခ်စ္ေသာ"

သူ႕ဆီကထိုစကားၾကားခဲ့စဥ္က ထည္လင္းအတြက္ တစ္ေလာကလုံးကို အပိုင္ရလိုက္သလိုအေပ်ာ္မ်ိဳး ။ဘဝက ထင္ခဲ့သေလာက္လြယ္ကူမေနခဲ့တာေတာ့မသိခဲ့ေလဘူး။

ခ်မ္းေနတဲ့အခ်ိန္ သူ႕ရင္ခြင္ထဲဝင္ခိုနားလိုက္၊
သူ႕အၿပဳံးေတြကို တစ္ေမ့တစ္ေမာေငးၾကည့္ေနလိုက္ ၊သူ႕စကားေတြကို အနာဂတ္တစ္ခုလိုသေဘာထားလိုက္၊ တကယ္လို႔ သူသာ
ေသခ်ာဆုံးျဖတ္ရဲခဲ့ရင္ တစ္ေလာကလုံးက
သေဘာမတူခဲ့ေတာင္ ႏွစ္ေယာက္တစ္ကမာၻ
ေနၿပီး အားလုံးကိုေက်ာခိုင္းပစ္လိုက္ဖို႔အထိ
ထည္လင္းသတၱိေတြရွိခဲ့တာပါ။ဘယ္တုန္းကမွမလြန္ဆန္ရဲခဲ့တဲ့မိဘရဲ႕စကားေတာင္ သူ႕အတြက္နဲ႕ ပယ္ရွားပစ္ခဲ့ဖို႔ သူ႕ကို"ခ်စ္ပါတယ္"လို႔အေျဖေပးကတည္းက ေသခ်ာဆုံးျဖတ္ခဲ့တာ။

သို႔ေသာ္ျပန္ရခဲ့သည္က
ဖိတ္စာေလးတစ္ေစာင္။

ထိုအခ်ိန္က ထည္လင္းအတြက္ကမာၻပ်က္သြားသလိုပဲေပါ့။
ဘာအေၾကာင္းျပခ်က္ေလးမွမေပးခဲ့ပဲ
ထြက္ခြာသြားေသာသူ။

သို႔ေသာ္
သူဆိုတဲ့လူကိုဘယ္ေလာက္ထိခ်စ္ခဲ့လဲဆိုရင္ေလ ရွင္းျပခ်က္ေတြမရွိခဲ့တာေတာင္
သူအဆင္မေျပခဲ့လို႔လို႔ နားလည္ခဲ့တာမ်ိဳးေပါ့။

တကယ္ေတာ့ အခ်စ္ကဒါပါပဲ။
ခ်စ္တယ္လို႔ေျပာခဲ့ၿပီးမွေတာ့ ဘာလို႔မ်ားအတၱတစ္ခုကိုေရွ႕တမ္းတင္ေနဦးမွာလဲ။ပိုင္ဆိုင္ခ်င္တာကေတာ့ လူတိုင္းေပါ့။ကိုယ္သိပ္ခ်စ္ရတဲ့လူကို ပိုင္ဆိုင္ခ်င္ခဲ့ၾကတာပါပဲ။
ဒါေပမယ့္ ကိုယ္သူ႕ကိုပိုင္ဆိုင္ခ်င္တာက သူ႕အတြက္ အဆင္မေျပခဲ့ဘူးဆိုရင္ေတာ့
ေနာက္ဆုတ္ေပးခဲ့ရမွာပါပဲ။

ထည္လင္း နားလည္လိုက္ပါတယ္။
အခ်စ္ဆိုတာ အနီးကပဲျဖစ္ေစ အေဝးကပဲျဖစ္ေစ ေျပာင္းလဲသြားရိုးထုံးစံမရွိပါဘူး။
ပိုင္ဆိုင္ရသည္ျဖစ္ေစ တိတ္တိတ္ကေလး အေဝးကေနခ်စ္ေနရသည္ျဖစ္ေစ အခ်စ္က အခ်စ္ပါပဲ။

ႏွစ္ေတြၾကာေညာင္းသြားခဲ့တာေတာင္
သူ႕ကို ထားသြားခဲ့တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ဘယ္တုန္းက အျပစ္မတင္ခဲ့ဘူး။
တစ္ခုေပါ့ေလ ညဘက္ဆိုရင္ သူရဲ႕တေယာသံေလးေတြကိုျပန္ၾကားမိၿပီး လြမ္းရတာေလးကလြဲလို႔ေပါ့။

ခ်ိန္းေတြ႕တဲ့အခ်ိန္ေတြတုန္းက
အိတ္ကပ္ထဲထည့္ထည့္ေပးခဲ့ဖူးတဲ့ ႏွင္းဆီပန္းတစ္ပြင့္။အခုထိ သေဘာက်ရတဲ့ပန္းတစ္ပြင့္ျဖစ္ေနခဲ့ဆဲ။

ခရီးလမ္းေတြကမတူညီပဲျခားနားခဲ့ေသာ္လည္း သူေလွ်ာက္တဲ့လမ္းမကေခ်ာေမြ႕ေစဖို႔ဆုေတာင္းေနမိဆဲ။
-----------------------------------------------------------

ေက်ာင္းေခါင္းေလာင္းေတာင္ ထိုးသြားခဲ့ၿပီ။
ေက်ာင္းသားမ်ားကလည္း ေက်ာပိုးအိတ္ကိုယ္စီျဖင့္ထြက္လာခဲ့၏။

"ဒါဆို ဦးအရမ္းခ်စ္ခဲ့ရတဲ့သူ႕ရည္းစားေဟာင္းကဘယ္သူလဲဟင္"

"သူက...."

"မေဟာ္"

ဆရာမစကားကိုနားစိုက္ေထာင္ေနခဲ့ေသာ္လည္း နာမည္ေခၚသံတစ္စေၾကာင့္ ထိုအသံလာရာသို႔စိတ္ေရာက္သြား၏။
ထည္လင္းေတာင္ ထြက္လာခဲ့ၿပီ။

"မေဟာ္ သီတာနဲ႕ဘာေတြေျပာေနတာလဲ"

"ဪ ဘာမွမဟုတ္ပါဘူး ဦးရဲ႕ဒီလိုပါပဲ"

ထည္လင္းကိုစကားေျပာေနရင္းမွ မေဟာ္သည္ေဒၚသီတာေအာင္မ်ိဳးကို လွည့္ႏႈတ္ဆတ္လိုက္၏။

"ဆရာမ အဲ့တာဆို သားတို႔သြားဦးမယ္ေနာ္"

"ဪ ေအး ေအး သား"

မေဟာ္သည္ ထည္လင္း၏ လက္ဆြဲအိတ္ကိုကူသယ္ေပးလိုက္ၿပီးဆိုင္ကယ္ရွိရာသို႔ထြက္လာခဲ့၏။

"ဒီေန႕ ဘယ္လိုလုပ္ေက်ာင္းေရာက္ေနတာလဲ"

"ဪ ဒီ ဒီလိုပါဦးရဲ႕ ကြၽန္ေတာ္ဒီေန႕ေနမေကာင္းလို႔ေက်ာင္းမသြားဘူးေလ အဲ့တာအိမ္မွာေနရတာလည္းပ်င္းတာနဲ႕ၿပီးေတာ့အႏွင္းက ဦးတို႔ေက်ာင္းကိုလည္းေျပာထားတာနဲ႕အဲ့တာလာႀကိဳလိုက္တာ"

ထည္လင္း၏လက္ဖမိုးသည္ မေဟာ့္နဖူးအားထိကပ္လိုက္ၿပီး

"ကိုယ္လည္းမပူပါဘူး "

"ဪ ဒါ ဒါကကြၽန္ေတာ္ေဆးေသာက္လိုက္လို႔ ကိုယ္သိပ္မပူတာပါ"

"ဪ"

ထည္လင္းကသိခ်င္တာေတြမ်ားေန၍
တစ္ခုၿပီးတစ္ခုဆက္ေမးျပန္၏။

"ဒါနဲ႕ ခုနကသီတာနဲ႕ မေဟာ္နဲ႕သိတာလား"

"ဟုတ္တယ္ဦးရဲ႕ ဆရာမကကြၽန္ေတာ္တို႔ဆယ္တန္းတုန္းကႏွစ္ဝက္ေလာက္သင္လိုက္ရတဲ့ဆရာမေလ"

"ဪ"
မေဟာ့္အေျဖကိုၾကားၿပီးေခါင္းတၿငိမ့္ၿငိမ့္လုပ္ေနေလေသာ ထည္လင္းကို မေဟာ္ၾကည့္ၿပီး

"ကဲ ေမးစရာေတြကုန္ၿပီလားဗ် ေမးစရာေတြကုန္ရင္လည္း ျပန္ရေအာင္ေနာ္ဦး"

မေဟာ္ေျပာလိုက္ေတာ့မွ ထည္လင္းကေခါင္းၿငိမ့္၍ ၿပဳံးျပလိုက္၏။

မေဟာ္၏ဆိုင္ကယ္ေနာက္မွထည္လင္း
ထိုင္လိုက္လာခဲ့ခ်ိန္သည္ မေဟာ့္အတြက္
ဘဝမွာၾကည္ႏူးစရာအေကာင္းဆုံးျဖစ္ခဲ့ဖူးေလသည္။

-----------------------------------------------------------
(Thank for readingပါ ခါတိုင္းတုန္းကညေနသုံးနာရီေလာက္တင္ေပးေပမယ့္ ဒီေန႕ေနာက္က်သြားတယ္ အဲ့အတြက္လည္း ေတာင္းပန္ပါတယ္ခင္ဗ် အရင္အပိုဒ္ကနည္းတယ္ေျပာလို႔ ဒီေန႕မ်ားမ်ားေရးေပးလိုက္ပါတယ္ေနာ္ ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ)
Vote ေတြအတြက္လည္းေက်းဇူးပါေနာ္
ဒီလူကviewတစ္ခုတက္လာရင္ေတာင္ထခုန္မတတ္ေပ်ာ္မိတာ voteပါေပးတဲ့အတြက္လည္းေက်းဇူးပါ
-----------------------------------------------------------

Continue Reading

You'll Also Like

302K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.1K 98 12
အသက်21အရွယ် ရှမ်းဗမာ ကောင်လေး စိုင်းဇိုင်းဟန် တစ်ယောက် မန်းလေးမြို့ကိုသွားလည်ရင်း သူ့ထပ် ခြောက်နှစ်ငယ်တဲ့ ကောင်လေး ရောင်ခြည်သျှမ်းကို မြင်မြင်ချင်းချ...
17.1K 1.5K 138
bl fiction start date - 25. 9. 2022 end date - 5 .6. 2023
212K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .