သူမှလွဲ၍" Except Him " (BL-OC...
By KhinThida0
1.2M 90.1K 2.5K
ကိုယ့်အမှားတွေကြောင့် သက်ငယ်လေး နာကျင်ခဲ့ရသမျှ အခုအချိန်မှစပြီး ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပျော်ရွှင်တဲ့မိသ... More
Ep. 1
Ep.2
ep.3
ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Ep.21
Ep.22
Ep.23.1
Ep23.2
Ep.24
Ep.25
Ep.26
Ep.27
Ep.28
Ep.29-1
Ep.29-2
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35
Ep.36
Ep.37
Ep.38
Ep.39
Ep.40
Ep.41
Ep.42
Ep.43
Ep.44(Final)
Marriage Life. 1
Marriage Life. 2
Marriage Life. 3(Zawgyi )
Marriage Life.3(Unicode)
Marriage Life.4
Marriage Life. 5
Marriage Life.6
Marriage Life.7
Marriage Life.8
သီတင်းကျွတ်Extra
Final Extra
GAလေးပါ
Extra
Extra for Chuu
Ep.12
23.2K 1.9K 15
By KhinThida0
Unicode
Ep.12
"ခလေးကို ဦးစားပေးပြီး ကယ်ပေးပါ"ဟု
ပြောလိုက်တော့ ဆရာဝန်မှ
"ကျွန်တော်တို့ဘက်က နှစ်ယောက်လုံးကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးကြိုးစားမှာပါ"ဟုပြောကာ ခွဲစိတ်ခန်းထဲဝင်သွားသည်။
နာရီအတော်ကြာမှသာ ခွဲစိတ်ခန်းတံခါးက
ပွင့်လာတော့သည်။ဖြိုးမေ မတ်တပ်ထရပ်လိုက်ကာ
"ဒေါက်တာ လူနာအခြေနေက ဘယ်လိုလဲ"
"မိန်းခလေး မွေးပါတယ်။မိခင်ကိုလည်း
အကောင်းဆုံး ကြိုးစားထားပါတယ်။
အသက်အန္တရယ်ကို မစိုးရိမ်ရတေ့ာပေမဲ့
ဘယ်အချိန်မှ သတိပြန်လည်လာမလဲဆိုတာ
ကျွန်တော်တို့လဲ မပြောတတ်ပါဘူး"
"ဘာလို့အဲလိုဖြစ်ရတာလဲ။နေ့လယ်
တုန်းကတောင် သူအရမ်းကျန်းမာနေသေးတာ"
"လူနာက ဗိုက်နာတာကို အချိန်အတော်ကြာအောင်
သည်းခံထားတာကြောင့် ခွန်အားတွေ
အတော်များများ ဆုံးရှုံးထားသလို၊
နဂိုထဲက အမျိုးသားကိုယ်ဝန်ဆောင်က ပိုပြီး အန္တရယ်များတာလဲပါတယ်။ခလေးကိုတော့
ခလေးများသီးသန့်အဆောင်မှာ သွားကြည့်လို့ရပါပြီ။လူနာကိုတော့ အခန်းထဲကို ရွှေ့ပြီးသွားရင်
ကြည့်လို့ရပါပြီး။ကဲ ကျွန်တော့်ကို
ခွင့်ပြုပါအုံးခင်ဗျာ"
ဖြိုးမေ ခလေးကိုသွားကြည့်လိုက်တော့
ခလေးက မွေးကင်းစ ခလေးတွေ ထားတဲ့အခန်းမို့ အခန်းထဲထိတော့ ဝင်ကြည့်လို့မရခဲ့ပါ။
လူနာအခန်းထဲက ကောင်လေးကတော့ သတိမေ့မြောနေတယ်လို့သာဆိုတယ် အိပ်နေတဲ့အတိုင်းပင်။
ဖြိုးမေလည်း စီစဉ်စရာရှိတာ စီစဉ်ပြီး ကောင်လေးကို ပြုစုပေးဖို့အတွက် Nurse တစ်ယောက်ငှါးကာ အိမ်ပြန်ဖို့လုပ်ရသည်။သူ(မ)ကိုယ်တိုင်
ညအိပ်စောင့်ပြီး ပြုစုပေးချင်ပေမဲ့ မဖြစ်နိုင်ဘူးမဟုတ်ပါလား။သူ(မ)အိမ်မှာလည်း လသားအရွယ်ခလေးရှိသေးသည်လေ။
နောက်တစ်နေ့တွင်
ဖြိုးမေမှာ သူ(မ)ခလေးကို နို့တိုက်ကာ
အိပ်ပျော်အောင် သိပ်ပြီးသည်နှင့် ဆေးရုံကိုသွားရန်ပြင်ဆင်ရသည်။
ဆေးရုံရောက်တော့လည်း ကောင်လေးက သတိဝင်မလာသေးပါ။သူ(မ)ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာဘဲ ဆရာဝန်လာစစ်သည့် အချိန်နှင့်ဆုံသည်။
ဆရာဝန်စစ်ဆေးပြီးသည့်အချိန်ထိစောင့်ပြီး သူမမေးလိုက်သည်။
"ဆရာ လူနာအခြေနေက ဘယ်လိုနေသေးလဲ။သက်သာလာ လား "
"အဆင်ပြေပါတယ် သူနိုးလာမှာပါ။ခလေးငိုတဲ့ အချိန်တွေမှာဆိုရင် ခလေးကို သူ့ရင်ဘတ်ပေါ် တင်ပေးထားလိုက်ပါ။ခလေးငိုသံကလဲ သူနိုးလာဖို့ နှိုးဆော်ပေးနိုင်လောက်ပါတယ်"
Nurseကိုမှာစရာရှိတာမှာကာ ဆရာဝန်လည်းထွက်သွားတော့သည်။
ခဏအကြာမှာတာ့ nurse တစ်ယောက်က
ခလေးကို ခလေးတွန်းလှည်းလေးဖြင့်
နို့တိုက်ဖို့ရန်အတွက် ခေါ်လာခဲ့သည်။ခလေးက
သူ့ဖခင်ဗိုက်ထဲ ရှိနေစဉ်အချိန်တုန်းကအတိုင်း အရမ်းလိမ္မာကာ တစ်ချက်မှ မငိုပါ။
ဒါမဲ့ ကောင်လေးက သတိမလည်သေးဘဲ
မျက်ရည်တွေကျနေတာကြောင့်
ဖြိုးမေမှာ လန့်ဖြန့်သွားကာ
"ဆရာဝန်... ဆရာဝန် ခေါ်ပေးပါအုံး ဆရာမရယ်"
ဆရာဝန် ရောက်လာပြီး စစ်ဆေးပြီးတော့
"လူနာက ကြိမ်းသေပေါက်တော့မဟုတ်ပေမဲ့ သတိရှိနေတာမျိူးလည်း ဖြစ်နိုင်ပါတယ်။သတိရှိနေပေမဲ့ ခန္ဓာကိုယ်က ခွန်အားတွေရော သွေးတွေပါ အများကြီးဆုံးရှုံးထားရလို့ သတိဝင်နေပေမဲ့ ဥပမာပြောရမယ်ဆိုရင် စိတ်ကဆောင်နေပေမဲ့ ကိုယ်ကမဆောင်နိုင်ဘူးပေါ့။ဒီလိုမျိုးလဲဖြစ်နိုင်သလို၊တချို့ကလဲ သတိမလည်သေးပေမဲ့ အိပ်မက်ဆိုးမက်နေတာကြောင့် မျက်ရည်ကျတာလဲ ဖြစ်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မျက်ရည်ကျလာတာကလဲ  ဒီအတိုင်း သတိမေ့နေတာထက်စာရင် အခြေအနေ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်လေ။"
ဒီလိုနှင့် ခလေးနို့တိုက်ချိန်မှာ
မျက်ရည်ကျလာတာကလွဲရင် ကောင်လေး
အခြေနေဟာ မတိုးတက်လာသေးပေ။
၇ရက်မြောက်နေ့မှာတော့ အရမ်းအနေအေးပြီး မငိုတဲ့ခလေးဟာ တစ်နေ့လုံးငိုနေသည်မှာ
တစ်ချက်မှပင် အငိုမတိတ်။
nurseတွေလည်းဘာလုပ်ရ၊ဘာကိုင်ရမှန်းပင် မသိတော့။လူနာကို နေ့တိုင်းလာကြည့်နေကျ လူနာစောင့်ကလည်း ရောက်မလာသေး။
နောက်ဆုံးမှာ ကြံရာမရတော့တဲ့အဆုံး ယခင်နေ့က ဆရာဝန်မှာကြားခဲ့တဲ့အတိုင်း ငိုနေတဲ့ခလေး
ကို လူနာရဲ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။ခလေးကတော့ အငိုတော့မတိတ်သေးဘဲ ဆက်လက်ငိုနေဆဲပင်။
တစ်ဖက်တွင်လည်း
ရှင်မင်းသက်မှာ စကားပြောသံတွေကြောင့်
နိုးလာသည်။ မျက်လုံးဖွင့်ဖို့ ကြိုးစားပေမဲ့
ဖွင့်လို့မရသလို၊လှုပ်ရှားဖို့ကြိုးစားသော်လည်း
လှုပ်ရှားလို့မရပေ။ထို့အပြင်
စကားပြောဖို့ကြိုးစားလိုက်ပြန်ပါသော်လည်း
နှုတ်ခမ်းကပါ ဖွင့်လို့မရပြန်ပေ။
ထပ်ခါ ထပ်ခါကြိုးစားသော်လည်း မရ။
ထို့ကြောင့် ဘာကိုမှ ကြိုးစားပြီး မလုပ်ကြည့်တော့ဘဲ ငြိမ်ငြိမ်လေးသာနေလိုက်ပြီး စဉ်းစားနေလိုက်သည်။
ဒါကဘယ်နေရာလဲ၊ ဘာလို့သူဒီလို ဖြစ်နေရတာလဲ၊၊
နောက်မှ သူစဉ်းစားမိတော့သည်။သူဗိုက်အောင့်လာလို့ ဆေးရုံရောက်လာတယ်။ပြီးတော့ သူဆေးရုံရောက်တာနောက်ကျလို့ ခလေးနဲ့ သူနဲ့နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကယ်လို့ရမယ်လို့ ဆရာဝန်ကပြောတာကြောင့် အစ်မဖြိုးမေကို ခလေးကိုပဲ ကယ်ဖို့
သူပြောခဲ့ကြောင်းကို မှတ်မိလာသည်။
ဒါဆို အခုသူက အဆင်ပြေနေတာဆိုတော့ ခလေးလေးကရော၊ခလေးငယ်ကရော။
ခလေးငယ်ကရော အဆင်ပြေရဲ့လား။
ဘာလို့ ခလေးငယ်အကြောင်း ဘယ်သူမှ
ဘာမှမပြောကြတာလဲ။ဘာလို့ ခလေးငယ်ရဲ့ ငိုသံကို သူမကြားရတာလဲ။
အစ်မဖြိုးမေ သူ့ဆီလာတာကိုလည်း သူသိသလို
ဆရာဝန်လာစစ်တာကိုလည်း သူသိသည်။
ဒါပေမဲ့ ခလေးငယ်ကရော ခလေးငယ်က အိပ်နေတာများလား။သူစဉ်းစားရင်း ရူးချင်လာသည်။
သူ့ခလေးငယ်သာ တစ်ခုခုမှားယွင်းသွားရင်
သူဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ပေ။
ရှင်မင်းသက် ဆက်ပြီး စဉ်းစားနေရင်းကနေ တစ်ယောက်ယောက်က သူ့အင်္ကျီကို လှန်တင်ကာ
'ခလေးကို နို့လာတိုက်တာပါ'ဟုပြောပြီး
ခလေးငယ်ကို သူ့ရင်ဘတ်ပေါ်တင်ကာ
နို့တိုက်ပေးနေသည်ကို ခံစားလိုက်ရသည်။
သူ့ရဲ့ခလေးငယ်က သူ့ရဲ့နို့ကို သောက်သုံးနေတယ်ဆိုတဲ့အထိအတွေ့ကို ခံစားလိုက်ရတော့မှသာ သူတွေးနေတဲ့ ကြောက်မက်ဖွယ်အတွေးဆိုးတွေထဲကနေ ရှင်မင်းသက်တစ်ယောက် လွတ်မြောက်လာခဲ့တော့သည်။
ရှင်မင်းသက်မှာ သူ့ခလေးငယ်ကို ချီပိုးချင်သည်။
ပွေ့ဖက်ကာ နမ်းရှိုက်ချင်သည်။ကိုယ်တိုင်ချီပိုးပြီး နို့တိုက်ချင်သည်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား သူ့မှာ  မျက်လုံးလဲ မဖွင့်နိုင်သလို စကားလဲ
မပြောနိုင်ပေ။သူ့လက်တွေတောင်မှ မလှုပ်ရှား
နိုင်ပေ။ထို့ကြောင့် သူ့မှာ မျက်ရည်တွေ
ကျလာရတော့သည်။
သူ့မျက်ရည်တွေ ကျလာတာကြောင့် အစ်မဖြိုးမေဆီမှ ဆရာဝန်ကို ခေါ်ခိုင်းတဲ့အသံကို ကြားနေရသည်။
ဆရာဝန်က သူ့ကိုစစ်ဆေးပြီး သူ့အခြေနေ
အကြောင်း ပြောပြနေတာကိုလည်း ကြားရသည်။
ဒါပေမဲ့ရှင်မင်းသက် သူတို့ဘာတွေပြောနေမှန်း
သူဆက်ပြီး နားမထောင်ချင်သလို သူမသိချင်ပါ ။
သူသိတာက ခလေးငယ်ကို ချီချင်သည်။ပြီးတော့
ပွေးဖက်ပြီး နမ်းမွှေးချင်သည်။သူတွေးလို့ မဆုံးခင်မှာဘဲ သူ့ရင်ဘတ်ပေါ်မှ ခလေးငယ်ကို ခေါ်သွားကြတော့သည်။
ရှင်မင်းသက်ဟာ သူ့ဆီကနေ ခလေးငယ်ကို
ခေါ်မသွားဖို့ အကြိမ်ကြိမ်အော်ဟစ်
ပြောဆိုချင်နေသော်လည်း သူ့နှုတ်ခမ်းက
ပွင့်မလာသလို၊အသံလည်း ထွက်မလာတာကြောင့် တံခါးပိတ်သံကို ကြားလိုက်ရတော့မှသာ သူ့ခလေးငယ်ကို ခေါ်သွားပြီးဆိုတာကို သူလက်မခံချင်ဘဲ လက်ခံလိုက်ရတော့သည်။
ဒီလိုနှင့် နေ့တိုင်း သူ့ခလေးငယ်ကို နို့တိုက်တဲ့အချိန်ရောက်မှသာ သူ့ဆီခေါ်လာပြီး ခဏလေးသာကြာကာ ပြန်ခေါ်သွားပြန်သည်။ထိုအချင်းအရာကြောင့် ရှင်မင်းသက်မှာ စိတ်ထဲမှ ထိုလူတွေကို နေ့တိုင်း
မေတ္တာပို့နေတော့သည်။
'ကိုယ်ချင်းစာစိတ် မရှိတဲ့လူတွေ
ခလေးနဲ့ ခလေးအဖေကိုခွဲထားပြီး
နို့တိုက်ချိန် ခဏလေးပဲခေါ်လာတယ်။အဖေဖြစ်သူက
သူ့ခလေးကို ဘယ်လောက်တောင် လွမ်းနေမှန်း
မစဉ်းစားကြဘူး '
တကယ်တော့ ရှင်မင်းသက်ရဲ့စိတ်ထဲမှာသာ ခဏလေးလို့ ထင်နေတာဖြစ်သည်။ရက်သားအရွယ်ခလေးက ဘယ်လိုလုပ်ပြီး အများကြီး၊အကြာကြီး နို့စို့နိုင်မှာလဲလေ။ဒါ့အပြင် သူ့ခန္ဓာကိုယ်ကလည်း အားမရှိသလို နေတောင်မကောင်းသေးလို့ လှုပ်မနိုင် ဖြစ်နေရသည်ကို သားဇောနှင် မေ့နေပုံပင်။
ရှင်မင်းသက်မှာ မျက်လုံးက ဖွင့်မရသေးတာကြောင့် နေ့ရယ် ညရယ်ဆိုပြီး မခွဲခြားနိုင်သေးပါ။သူ့ဆီကို ခလေးငယ်ကို ခေါ်လာမည့်အချိန်ကိုသာ စောင့်မျော်နေရသည်။
တစ်နေ့မှာတော့ တစ်ခါမှ အသည်းအသန်မငိုဖူးတဲ့
သူ့ခလေးငယ်ဟာ တစ်နေ့လုံးငိုယိုနေပြီး
ဘယ်သူချော့ချော့၊ဘယ်လိုလုပ်လုပ်၊
အငိုမတိတ်တာကြောင့် သူ့ရင်ထဲမှာ ပူလောင်နေရတော့သည်။
သူသည် သူ့ခလေးငယ် အငိုတိတ်သွားအောင်လို့ ပွေ့ချီပြီး ချော့သိပ်ချင်သည်။
သူ့ခလေးငယ်ရဲ့ ငိုသံကိုကြားရတာက
သူ့ရင်ကို ဆူးနှင့်ထိုးစိုက်နေသလို
နာကျင်လွန်းလှသည်။ခလေးငယ်ကို သူ့ရင်ဘတ်ပေါ်
လာတင်ပေးထားတာတောင်မှ
ခလေးငယ်က ဆက်ငိုနေတုန်းပင်။
ထို့ကြောင့် သူမျက်လုံးတွေဖွင့်လို့ရအောင် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလို့ရအောင် နာကျင်မှုကို သည်းခံပြီး အကြိမ်ကြိမ် ကြိုးစားနေမိတော့သည်။
နောက်ဆုံးတော့ သူ့ကြိုးစားမှုတွေက အဖက်တင်လာတော့သည်။သူ့မျက်လုံးလည်း ဖွင့်လို့ရလာကာ
သူ့ခန္ဓာကိုယ်သည်လည်း လှုပ်ရှားလို့ရလာတော့သည်။
ရှင်မင်းသက်မှာ လှုပ်ရှားလို့ရလာသည်နှင့် သူ့ခန္ဓာကိုယ်က နာနေသလား၊ထုံနေသလားဆိုတာကိုပင် ဂရုမစိုက်နိုင်သေးဘဲ သူ့ခလေးငယ်ကို ပွေ့ဖက်သယ်ယူလိုက်တော့သည်။
"အို့...အို့...အို့...
တိတ်ပါတော့ ပါးပါးရဲ့ခလေးလေးရယ်
အရမ်းငိုနေရင် နေမကောင်းဖြစ်တော့မှာပဲကွယ်"
ရှင်မင်းသက်မှာ ခလေးငယ်ကို ချော့မော့ကာ နို့တိုက်ဖို့လုပ်လိုက်သည်။သို့ပေမဲ့ အခုမှ ပထမဆုံးအကြိမ် ခလေးငယ်ကို နို့တိုက်ဖူးတာမို့ nippleက ခလေးငယ်ပါးစပ်ထဲကို ဝင်ပြီးမှ အပြင်ကို ပြန်ထွက်သွားပြန်တော့သည်။
ထိုအချင်းအရာကြောင့် ခလေးငယ်ရဲ့ငိုသံမှာ ပို၍ပင် ကျယ်လောင်လာသလို ရှင်မင်းသက်သည်လည်း မျက်ရည်များ ကျလာရပြန်တော့သည်။
ထို့နောက်မှာ သူ့ကိုမျက်လုံးအပြူးသားနဲ့
ကြောင်ကြည့်နေတဲ့ nurse ကို သားဇောနှင့်
ငိုသံဖြင့် အော်လိုက်တော့သည်။
"ဘာကြောင်ပြီး ကြည့်နေတာလဲ။ခလေးကို
နို့တိုက်လို့ရအောင် လုပ်ပေးအုံးလေ"
Nurseကိုအော်ပြီး ခလေးငယ် အဆင်ပြေအောင်
သူ ဆက်လုပ်နေပြန်သည်။Nurseဘက်က
သူ့စကားကို နားလည်လား၊နားမလည်လားဆိုတာကို
သူမစဉ်းစားမိပါ။
ဒါပေမဲ့ Nurseက သူ့စကားကို နားလည်ပုံရသည်။သူအော်ပြီးပြီးချင်းမှာပဲ Nurseက ခလေးငယ်ကို နို့တိုက်ဖို့ အဆင်ပြေမည့်အနေအထားကို ပြင်ဆင်ပေးလာတော့သည်။
နေရာအတည်တကျ ဖြစ်သွားတော့မှသာ ခလေးငယ်သည်လည်း နို့စို့ကာ အငိုတိတ်သွားတော့သည်။
ထိုသို့ ခလေးငယ်လေး အငိုတိတ်သွားတော့မှသာ
မွန်းကြပ်နေတဲ့ သူ့နှလုံးသားကလည်း အနည်းငယ်
သက်သာရာရတော့သည်။ခလေးငယ်ကိုပွေ့ဖက်ကာ ကျောပြင်ငယ်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်သည်။
ခလေးငယ်က အလွန်ချစ်ဖို့ကောင်းလွန်းသည်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းသလဲ
ဆိုတာ သူ့မှာ စာမဖွဲ့တတ်တော့ပါ။
'ချစ်လိုက်တာ ခလေးရယ်'ဟု တီးတိုးရည်ရွတ်ကာ
ခလေးငယ်ရဲ့ နဖူးပြင်ငယ်လေးကို ငုံ့နမ်းလိုက်တော့
သူ့စိတ်ထင်သည်လားမပြောတတ် ခလေးငယ်လေးက ပြုံယောင်သမ်းသွားသလိုပင်။
ရက်သားခလေးအရွယ်ပဲ ရှိသေးတာမို့ မျက်နှာကျက
အတိအကျ မပေါ်လွင်သေးပေမဲ့ မျက်တောင်
ရှည်ရှည်ကော့ကော့လေးတွေက သူ့အတိုင်းပင်။
ဆံနွယ်လေးတွေကတော့ သူနှင့်မတူဘဲ မဲနက်နေသည်။သို့ပေမယ့် သူ့အူတွေ၊အသည်းတွေတုန်အောင်ပင် အရမ်းချစ်ရပါသည်။
Nurseက ခလေးငယ်အိပ်ပျော်သွားတာကို
မြင်တော့ သူ့ဆီကနေ ခလေးငယ်ကို လာခေါ်ဖို့ပြင်နေတာကြောင့် သူလည်း မလိုဘူးဟူသောသဘောဖြင့် လက်ကာပြလိုက်ကာ ခလေးငယ်ရဲ့ နဖူးပြင်လေးကို တစ်ချက်နမ်းမွှေးလိုက်ပြီး
ခလေးငယ်အိပ်လို့အဆင်ပြေအောင်
ပြင်ဆင်လိုက်ကာ သူလည်း အိပ်ရန်ပြင်လိုက်သည်။
ခလေးငယ်၏ ကျောပြင်ငယ်လေးကိုလည်း သူအိပ်ပျော်သွားသည်အထိ ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။
(စာကြွင်း။  ။ယခုအပိုင်းတွင်ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး အမှန်တကယ် မတည်ရှိနိုင်ပါ။)
5.10.2020
Zawgyi
Ep.12
"မိန်းခလေး မွေးပါတယ်။မိခင်ကိုလည်း
အသက်အန္တရယ်ကို မစိုးရိမ်ရတော့ပေမဲ့
ကြည့်လို့ရပါပြီး။ကဲ ကျွန်တော့်ကို
နောက်တစ်နေ့တွင်
တစ်ဖက်တွင်လည်း
လှုပ်ရှားလို့မရပေ။ထို့အပြင်
ကျလာရတော့သည်။
မေတ္တာပို့နေတော့သည်။
မစဉ်းစားကြဘူး '
"အို့...အို့...အို့...
သူ ဆက်လုပ်နေပြန်သည်။Nurseဘက်က
သူမစဉ်းစားမိပါ။
5.10.2020
Continue Reading
You'll Also Like
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
95.8K 5.2K 45
နှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirt...
140K 6.6K 23
-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ္ကြၽံေ...
1.6M 150K 46