Zawgyi
ရွမ္းေတာင္တန္းပတ္ကာရံလို႔ ေငြဇင္ေယာ္တို႔ဖ်တ္ဖ်တ္လူးကာပ်ံသန္းေနၾကတဲ့အင္းေလးကန္ႀကီးရဲ႕အစ မိုင္းေသာက္တံတားေလးဆီကို စက္ဘီးကေလးမ်ား ဦးတည္ကာလာေနသည္။ေဘးဘက္ဆီက ႀကံခင္းမ်ားနဲ႔ၿမိဳ႕ျပရဲ႕အေငြ႕အသက္တို႔မရွိဘဲ လယ္ကြင္းမ်ားက ညီညာစြာလဲွေလ်ွာင္းေနေသာလမ္းမကို ဝန္းရံထားတာက ပန္းခ်ီကားေလးတစ္ခ်ပ္လိုလွပေပသည္။
"မေရာက္ေသးဘူးလားဟ.."
မင္းေမာ္ကိုတင္ကာ အသက္ထြက္ေတာ့မတတ္ စက္ဘီးနင္းေနေသာ ခြန္ၾကာက ေမးလိုက္သည္။ေမာင္တို႔သူငယ္ခ်င္းတစ္အုပ္အဆြယ္ေကာင္းတာေၾကာင့္ ရွင္းနဲ႔ ခြန္ဟိန္းတို႔မိုင္းေသာက္တံတားဆီကိုပါလာခဲ့ျခင္းျဖစ္သည္။
"ရွတ္တီးတို႔မ်ား ဘဲရတာကံေကာင္းခ်က္။ေနာက္ကေနအခန္႔သားထိုင္လိုက္ရုံ။"
"အားက်ေနတာလား..ေမာက္မိုမ။ၾကည့္ထား..ဒါငါ့ခ်စ္သူ။"
စက္ဘီးရဲ႕ေနာက္ထိုင္ခံုကေန ရွင္းရဲ႕ခါးကိုေမာင္ကသိုင္းဖက္လိုက္သည္။ေက်ာထက္ေခါင္းကိုမွီလိုက္ရင္း ေမာက္မိုတို႔အားေအာင္နိုင္သူပံုစံျဖင့္ေျပာလိုက္တဲ့ ေမာင့္မ်က္နာေလးကဘယ္လိုေနမလဲလို႔ရွင္းေတြးေနမိသည္မွာ မလြဲဧကန္။
"ငါမေျပာဘူးလား..ဒီအတြဲကိုမေခၚပါနဲ႔ဆုိတာ။အခုေတာ့ျဖင့္ ေလာင္ေနရၿပီ။"
သူတို႔ ျငင္းရင္းခံုရင္း မိုင္းေသာက္တံတားေလးဆီကို ေရာက္လာခဲ့သည္။ေဗဒါပင္မ်ား နဲ႔ ၾကာပန္းေရာင္စံုတို႔ ဖူးပြင့္ေနၾကတဲ့ အင္းေလးကန္ရဲ႕အစမွာ ေျခနဲ႔ေလွာ္တဲ့ေလွငယ္ေလးမ်ားက ကန္ေရျပင္ထက္မွာ ဟိုတစ္စသည္တစ္စ။
"ေမာင္.."
"ဟင္..!"
"ေလွစီးခ်င္လား။"
"ေၾကာက္စရာႀကီး။ေမွာက္သြားရင္ဘယ္လိုလုပ္မလဲ။"
တစ္ခုခုဆိုစိုးရိမ္ကာ အရွည္ႀကီးေတြးတတ္တဲ့ေမာင့္ကိုၾကည့္ရင္း ရွင္းသေဘာက်စြာရယ္မိသည္။
"ေမာင္ရာ..ရွင္းရွိတယ္ေလ။မေၾကာက္ပါနဲ႔။"
"စီးၾကည့္ရမလား..မျဖစ္ဘူး။"
"အခုေတာင္ ေရေတြကိုၾကည့္ရင္းမူးလာသလိုဘဲ။"
"ဒါမဲ့ အင္းထဲေရာက္ၿပီးေလွမစီးဘူးဆိုလည္းရာဇဝင္ရိုင္းလိမ့္မယ္..ဘယ္လိုလုပ္ရမလဲ။"
"ေမာင္..ေမာင္ ဒီကိုၾကည့္"
ရွင္းသည္ ေမာင့္မ်က္နာေလးကို ဆြဲယူၿပီး အၾကည့္ခ်င္းဆံုခိုင္းလိုက္တယ္။ေတာင္ေလေျပတို႔ေၾကာင့္ အနည္းငယ္ပံုမက်ျဖစ္သြားတဲ့ေမာင့္ရဲ႕ဆံစကို ေနရာက်ေအာင္ ျပင္ေပးလိုက္ျပန္သည္။
"ျပဳတ္က်သြားရင္ ေမာင္ေရမကူးတတ္ဘူး။"
"ဘာလို႔ျပဳတ္က်ရမွာလဲ။ေနာက္ၿပီး ေလွသမားဦးေလးကလည္းစိတ္ခ်ရပါတယ္။"
သူေျပာလိုက္ေတာ့မွ စိတ္သက္သာရာရတယ္ထင္ပါ၏။ခဏမ်ွစဥ္းစားေနၿပီး ေခါင္းေလးၿငိမ့္လာသည္။ေျခေထာက္ကိုေလွေပၚမခ်ခ်င္ခ်ခ်င္ခ်ကာ ရွင္းလက္ေမာင္းကိုအေသဆုပ္ကိုင္ထားတဲ့ေမာင္က ခ်စ္ဖို႔ေကာင္းေနတာေတာ့အမွန္။ေတာ္ေတာ္ၾကာတဲ့အထိေလွေပၚမွာ ေယာင္လည္လည္ရပ္ေနတဲ့ ေမာင့္ကိုထိုင္ဖို႔ သူ႔ရင္ခြင္ထဲဆြဲခ်လိုက္ရသည္။
"ၾကည့္ပါလား..ေပ်ာ္ဖို႔ေကာင္းပါတယ္ဆို။"
ေမာင့္ကိုအေနာက္မွသိမ္းဖက္ရင္း လည္တိုင္ကိုနမ္းရႈိတ္လိုက္သည္။ရုတ္တရက္အနမ္းခံလိုက္ရတာေၾကာင့္ ေမာင္က ရွင္းဘက္ကိုမ်က္နာလည့္ၿပီးမ်က္ေစာင္းလွလွေလးထိုးလာသည္။
"လိပ္ႀကီး။ငါ့ကိုလြတ္ေပး.."
"မရုန္းနဲ႔ေလ..ျပြတ္.."
!!"ထပ္လုပ္ျပန္ၿပီ။ရွက္လို႔ေသေတာ့မွာဘဲ။"
"ဟားဟား.."
ေမာင္နဲ႔ရွင္းတို႔နွစ္ေယာက္ အင္းေရျပင္ႀကီးကိုေျခဆန္႔ၿပီးေလွကေလးစီးလာလိုက္တာ အင္းသားတို႔ရဲ႕ခရမ္းခ်ဥ္သီးစိုက္ခင္းဆီေရာက္လာခဲ့သည္။ေတာင္ျပာအထပ္ထပ္ကာရံထားတဲ့ဒီေရျပင္ရဲ႕အလယ္မွာ ခရမ္းခ်ဥ္သီးစိုက္တယ္ဆိုတာက နည္းနည္းေတာ့ထူးဆန္းေနလိမ့္မည္။ထို႔ေၾကာင့္လည္း ထူးျခားလွတဲ့ဒီအင္းေလးဟာ ႏုိင္ငံတကာခရီးသြားတို႔ကိုဆြဲေဆာင္နိုင္ေပသည္။
အင္းေတာင္သူတစ္ေယာက္က လွမ္းဆြတ္ကာေပးလာေသာခရမ္းခ်ည္သီးေလးကို ေမာင္ကစားၾကည့္ေနသည္။ခရမ္းခ်ဥ္သီးတစ္လံုးကိုနွစ္ကိုက္သာကုိက္ၿပီး ပါးေစာင္အျပည့္ျပြတ္သိတ္ထည့္ထားပံုက အသည္းယားစရာ.
"ေျဖးေျဖးစားပါလားေမာင္ရာ။ပါးေစာင္ေတြနာကုန္ပါဦးမယ္"
သူကထိုသို႔ေျပာၿပီး ခရမ္းခ်ဥ္သီးတစ္လံုးက္ု ေမာင့္လက္ထဲထည့္ေပးလိုက္ျပန္သည္။
"ရွင္း ..ေမာင္ဘာေၾကာင့္ရွမ္းျပည္ကိုခ်စ္လဲသိလား။"
"ဘာေၾကာင့္လဲ။"
"လွလို႔..ဒီလိုလွတဲ့ေနရာမွာ ငါေနတာပါလားလို႔ေတြးလိုက္တိုင္း ဘယ္ဆီကိုမွထြက္မသြားခ်င္ေလာက္ေအာင္ ပိုၿပီးခ်စ္လာမိတာ။"
သူသိတာေပါ့။ေမာင္က ဒီေတာင္တန္းေဒသကိုဘယ္ေလာက္ေတာင္ခ်စ္လိုက္သလဲဆိုတာ။
"ေမာင္တို႔ ေက်ာင္းၿပီးရင္ ဘာလုပ္ၾကမလဲ။"
"အန္တီမိုးတို႔ကိုေျပာျပၿပီး ရွင္းတို႔လက္တြဲၾကမယ္ေလ။ေမေမ ရဲ႕အၿပီးမသတ္ခဲ့တဲ့ပန္းခ်ီေတြကို ရွင္းဆက္ဆြဲရမယ္။
ေမာင္ခ်စ္တဲ့ ဒီရွမ္းျပည္ႀကီးရဲ႕ အလွအပေတြအားလံုး ရွင္းတို႔အမွတ္တအားလံုးကို ကားခ်ပ္ထက္မွာျပန္ပံုေဖာ္ေပးမယ္။"
"အားလံုးလား..လိုခ်င္တဲ့ပံု ရေအာင္ဆြဲေပးမွာလား။"
"အင္းေပါ့။"
ေမာင္က အေပ်ာ္တို႔ကူးစက္ကာေလွဦးထိပ္ကေန ရႈခင္းတို႔ကိုခံစားၾကည့္ရူေနေလသည္။ေမာင့္ေမေမကို ဘယ္လိုအင္အားနဲ႔ ရင္ဆိုင္ရမွန္းရွင္းမသိေခ်။
_________________________
Time Skip>>>
"အဲေလာက္ထိသတိေပးထားတာေတာင္ ဟိုေကာင္ေလးနဲ႔တြဲေနတုန္းလား။"
ဦးေကာင္းေခတ္ ေဒါသတႀကီးေအာ္ေျပာလိုက္တာေၾကာင့္ ေဒၚနန္းသက္နြယ္တို႔လႈပ္ေတာင္မလႈပ္ရဲေပ။
"ဥကၠ႒ႀကီး..ဒီကိစၥမွာ မေက်နပ္လို႔ သတ္ပစ္မယ္ဆိုရင္ေတာင္ က်ေနာ္ ရွင္းဘက္ကေနရလိမ့္မယ္။"
ခြန္ဟိန္းရဲ႕ ျငင္းဆိုမႈေၾကာင့္ ဦးေကာင္းေခတ္ရဲ႕မ်က္ေတာင့္သည္ နီရဲလာသည္။စိတ္ထဲတြင္ေတာ့ ေမြးထားတဲ့ေခြးသခင္လက္ကိုျပန္ကိုက္ပါလားဟုထင္မွတ္ေနလိမ့္မလားဟုေတြးေနမိသည္မွာအမွန္။
"မင္း..ေခြးေကာင္။"
"က်ေနာ္ဒီအိမ္ကိုေရာက္ကတည္းက ရွင္းအတြက္ခ်ီးက်ဴးစကားဆိုတဲ့သူတစ္ေယာက္တစ္ေလမွမေတြ႕ဖူးဘူး။ဥကၠ႒ႀကီး အခုလုပ္ေနတာေတြက မွားေနတယ္ဆိုတာ မသိဘူးလား.."
"မင္းလည္းေနရွင္းဆိုတဲ့ေကာင္နဲ႔ပတ္သက္ၿပီး ငါ့အေပၚမထီမဲ့ျမင္ေတြလုပ္ေနတာဘဲ။ဆရာလာမလုပ္နဲ႔ခြန္ဟိန္း..ငါ့သားကို ငါႀကိဳက္သလိုလုပ္မယ္။"
"ဘယ္အခ်ိန္မွ ရွင္းရဲ႕ စိတ္ကိုနားလည္နိုင္မွာလဲ။ဥကၠ႒ရဲ႕သားပါ..အရုပ္မဟုတ္ဘူး။သူ႔တစ္ဘဝတစ္ခုလံုးစုပ္ျပတ္သတ္သြားၿပီးခ်ိန္မွ နားလည္ေပးနိုင္မွာလား။"
"ထပ္ၿပီးအေရးမပါတာေတြမၾကားခ်င္ဘူး။သူ႔ကုိေျပာလိုက္ မင္းရဲ႕တဇြတ္ထိုးလုပ္ရပ္ေၾကာင့္ အဲဒီေကာင္ေလးဒုကၡလွလွေရာက္ရမယ္လို႔။"
"ဥကၠ႒ႀကီး..အန္ကယ္!!!"
"ထြက္သြားေတာ့.."
ခြန္ဟိန္း လက္ထဲမွစီးကရက္ဘူးကိုကိုင္ေပါက္ကာ ေျခေထာက္နဲ႔နင္းေျခေနမိသည္။တဇြတ္ထိုး ဆန္ေပမဲ့ ဒီတစ္ခါေတာ့ ရွင္းမမွားေပ။အရင္မိန္းကေလးကိစၥေတြနဲ႔ၿငိတုန္းကသူရွင္းကိုအျပစ္ဆိုခဲ့ေပမဲ့ အခုေတာ့ အျပစ္မတင္ရက္ေပ။
ခြန္ဟိန္းထြက္သြားတဲ့ေနာက္ ေဒၚနန္းသက္နြယ္က အိမ္ႀကီးရဲ႕အေပၚထပ္ ေနတမာန္ေခတ္ရဲ႕အခန္းထဲဝင္လာသည္။
"သား..တမာန္။ခုနက ဘာျဖစ္ခဲ့လဲသိလား။ခြန္ဟိန္းနဲ႔ ကိုကိုေကာင္းတို႔ ရန္ျဖစ္ေနၾကတယ္။"
"အေမကလည္း ဘာမ်ားလဲလို႔။"
"မဟုတ္ဘူး..တရွင္းရွင္းတေနတဲ့ ကိုကိုေကာင္းက ရွင္းရဲ႕ရည္းစားေယာက်ာ္းဆုိတာသိၿပီးတဲ့ေနာက္မွာ လံုးဝေျပာင္းလဲသြားတာ။"
"အဲဒီေတာ့"
"ီဒီကိစၥနဲ႔ပတ္သက္ၿပီး ဒို႔ေတြသားအဖနွစ္ေယာက္ပိုၿပီးေဝးကြာသြားေအာင္လုပ္လုိ႔ရတယ္ေလ..သားတမာန္ တကယ္လို႔ ေအာင္ျမင္ရင္ GMတစ္ခုလံုး မင္းလက္ထဲေရာက္လာမွာ။"
ေဒၚနန္းသက္နြယ္ရဲ႕စကားကိုစိတ္ဝင္စားသည့္အလား အိပ္ရာေပၚကေန ထကာ ခပ္ယဲ့ယဲ့ရယ္လာသည္။
"ဘယ္လိုလုပ္သင့္လဲ။"
"ရွင္းက သူ႔အေဖကို တစ္သက္လံုး မုန္းတီးေနေအာင္ေပါ့။အေမက အႀကံေပးၿပီးၿပီေနာ္ လႈပ္ရွားရမွာ သားတာဝန္ဘဲ"
ေနတမာန္သည္ မဲ့ၿပံဳးၿပံဳးကာ အဖြားျဖစ္သူေဒၚနန္းထိပ္ထားဆီကိုဖုန္းေခၚလိုက္သည္။သူနဲ႔ပတ္သက္လ်ွင္ အၿမဲေနာက္ပို႔တတ္သည့္ ဖြားဟာ ရွင္းရဲ႕ေကာင္ေလးက ဘယ္သူဆိုတာသိရင္ ဘယ္ေလာက္ေတာင္တုန္လႈပ္သြားမလဲဆိုတာသသိခ်င္ေသးသည့္မို႔။
"ဦးမင္းနိုင္..ဖြားရွိလား။အိမ္မွာေစာင့္ေနခိုင္းလိုက္ပါ
မေစာင့္ဘဲမေနနဲ႔ေနာ္..ရွင္းရဲ႕ဘဝနဲ႔ဆိုင္တာေလးဆိုေတာ့ "
.
.
.
ဘာမွမေျပာရေသးခင္ ခ်သြားတာေၾကာင့္ ေနတမာန္ကိုဦးမင္းနိုင္ေဒါသထြက္လာသည္။
"ဘယ္သူလဲ.."
"ရွင္းအကိုပါ။အိမ္ကိုလာခဲ့မွာမို႔ ေစာင့္ေနပါတဲ့။"
"!!ဘာ..ရာရာစစ မယားငယ္ကေမြးတဲ့ ဒင္းကမ်ား"
ေဒၚနန္းထိပ္ထားရဲ႕အားနည္းခ်က္ကိုေနတမာန္ေကာင္းေကာင္းပင္အသံုးခ်လိုက္ျခင္း။က်န္တာ မာနေထာင္လႊားေနေပမဲ့ ရင္နွစ္သည္းခ်ာေျမးနဲ႔ပတ္သက္ရင္ လံုးဝအလြဲမခံတတ္သူျဖစ္ေသာေၾကာင့္ပင္။
၁၅မိနစ္အၾကာမွာ ၿပိဳင္ကားတစ္စီး အိမ္ႀကီးထဲသို႔ဝင္လာသည္။တံခါးမမွဧည့္ခန္း သို႔ဝင္လာေတာ့ မာန္ပါပါနဲ႔ ထိုင္ေနေသာ ေဒၚနန္းထိပ္ထားကို ေတြ႕လိုက္ရသည္။
"ဖြားအိမ္ကိုမေရာက္တာေတာင္ၾကာေနၿပီဘဲ။"
"ရွင္းကိစၥဆိုတာ ဘာလဲ။"
"ေျမးခ်င္းအတူတူေတာင္ မႀကိဳဆိုေတာ့ဘူးလား။ေရာက္လာစကတည္းက အဲဒီဆန္ကုန္ေျမေလးေကာင္အေၾကာင္းဘဲေျပာေနမွာလား။"
"ေနတမာန္ေခတ္..ငါ့ေျမးကိုမင္းမိုက္ရိုင္းစရာမလိုဘူး။ငါ့ေျမးရဲ႕အေမ သံသာေလးေနရာကို နင့္အေမ လုယူခဲ့တာငါမသိဘူးမ်ားထင္လား.."
မတ္တပ္ကာေဒါသတၾကားမွႀကိမ္းေမာင္းေနေသာေဒၚနန္းထိပ္ထားသည္ ေျခမခိုင္ခ်င္ေတာ့။အသက္အ႐ႊယ္ႀကီးေနတာေၾကာင့္ ေဘးကေန အိမ္အကူက လာေရာက္တြဲထားေပးရသည္။
"ဖြား..အဖြားခ်စ္တဲ့ေျမးက အဖြားလည္ပင္းႀကိဳးကြင္းစြပ္မဲ့သူဆိုတာေရာ သိလား။ဖြားရဲ႕ေျမးတြဲေနတဲ့ ေကာင္ေလးက ဘယ္သူလဲဆိုတာ သိေအာင္လုပ္ပါဦး။"
"ဘာ..!!"
"က်ေနာ္က လက္ေဆာင္ေပးရမလား။"
ထိုသို႔ေျပာကာ ဓာတ္ပံုတစ္ပံုထုပ္ေပးလာသည္။ခပ္မြဲမြဲဓာတ္ပံုေလးတစ္ပံုကို ေဒၚနန္းထိပ္ထားယူၾကည့္လိုက္ေသာ္ သားျဖစ္သူဦးေကာင္းေခတ္ ဦးလင္းေရာင္ရွိန္ ေဘးက ဦးေမာင္ေဇာ္ အစြန္မွာ ဦးမာန္ထက္တို႔ ပခံုးဖက္ကာ ရိုက္ထားသည့္ဓာတ္ပံုေလး။
"ဒါကို မင္းဒါကို ဘယ္လိုလုပ္.."
"သူငယ္ခ်င္းေလးေယာက္မွာ တစ္ေယာက္ကေသသြားတယ္။ေသသြားတဲ့ လူရဲ႕မိန္းမကို နစ္နာေၾကးသိန္း၅၀ပစ္ေပါက္ေပးခဲ့တာ အဖြားဘဲမလား။"
ေနတမာန္ဘယ္က ၾကားလာတယ္မသိ ေဒၚနန္းထိပ္ထားတုန္လႈပ္သြားသည္မွာအမွန္။အရင္၁၀နွစ္ေလာက္က စိန္ပန္းဝိုင္ၿခံကို သူကိုယ္တိုင္ တရားဝင္လက္မွတ္ထိုးၿပီး လက္ကလြဲယူခဲ့သည္။ ေနာက္ သားျဖစ္သူရဲ႕သူငယ္ခ်င္းဦးေမာင္ေဇာ္ ေသဆံုးသြားတဲ့ကိစၥကိုမသိက်ိဳးကြၽံျပဳခဲ့ဖူးသည္။ဇနီးျဖစ္သူကုိလည္းတရားရင္ဆိုင္တာရပ္ခိုင္းၿပီး နစ္နာေၾကးကိုေငြနဲ႔ လူဘံုအလယ္ပစ္ေပါက္ကာေပးဖူးသည္။
"ဘာလဲ..ဘယ္သူမွ မသိေတာ့ဘူးလို႔ထင္ေနခဲ့တာလား။အမွန္တိုင္းေျပာရရင္ ေသာ္ကေမာင္ဆိုတဲ့ေကာင္ေလးက ရွင္းကိုဘာလို႔ခ်ည္းကပ္ခဲ့တာပါလိမ့္..မဟုတ္မွလြဲေရာ သူအကုန္သိေနလို႔လား.."
"ပါးစပ္ပိတ္ထား။!!'
"စဥ္းစားၾကည့္လိုက္ေတာ့ ယုတ္တိေတာ့ရွိသားဘဲ။က်ေနာ္က ကိုယ့္ညီေလး ဘဝပ်က္ေတာ့မွာကို စိတ္ပူလို႔လာေျပာတာပါ။"
ေနတမာန္က ဓာတ္ပံုကိုဆြဲယူကာ ဦးမင္းနိုင္လက္ထဲထည့္ေပးလိုက္သည္။လက္မ်ားတုန္ရီေနေသာ ေဒၚနန္းထိပ္ထားကိုေက်နပ္အားရသလိုၾကည့္ရင္း ကားေသာ့ကို လက္ျဖင့္ေဝ့ကစားကာ မခ်ိဳမခ်ဥ္ရုပ္ျဖင္ထြက္သြားေတာ့သည္။
"မင္းနိုင္.."
ႈ
"ဟုတ္ကဲ့ သခင္မႀကီး။"
"ခ်က္ခ်င္းကားျပင္ထား..ေသာ္ကေမာင္ဆိုတဲ့ေကာင္ေလးကို ေတြ႕ဖို႔သြားရမယ္။"
"ဟုတ္ကဲ့.."
×××××××××××××××××××××××××
ရွင္းတစ္ေယာက္တည္းအေဆာင္ခန္းတြင္ စာလုပ္ေနသည္။ေမာင့္က ေတာင္ႀကီးေရာက္ေနေသာ အန္တီမုိးကိုသြားေတြ႕ေနတာေၾကာင့္ တစ္ေယာက္တည္းျဖစ္ေနျခင္းျဖစ္သည္။ခြန္ဟိန္းပို႔လိုက္တဲ့ SMSေၾကာင့္ စိတ္ထဲေလးလံေနသည္။အေဖ့ရဲ႕ၿခိမ္းေျခာက္စကားက ဘယ္အတိုင္းအတာထိေမာင္အေပၚသက္ေရာက္မလဲ ဆိုတာ သူေတြးပူေနမိသည္။
"တီး..တီး.."
ယူၾကည့္လိုက္ေတာ့ ေမာင္ခြန္ဟိန္းရဲ႕ဖုန္း။
"ဘာထပ္ျဖစ္ျပန္တာလဲ.."
"ျပသာနာတက္ၿပီ။ဦးမင္းနိုင္နဲ႔ မင္းအဖြား ေသာ္ကေမာင္ကိုေတြ႕ဖို႔သြားၿပီထင္တယ္။"
"ဘာ..!!"
"အေျခအေနမေကာင္းဘူး။အိမ္က အလုပ္သမားေတြေျပာတာက မင္းအကိုျပန္သြားၿပီးတာနဲ႔ ခ်က္ခ်င္းအျပင္ထြက္ဖို႔ျပင္ေနတာတဲ့။"
ခြန္ဟိန္းဆီက သတင္းၾကားတာနဲ႔ အက်ၤ ီထူကိုေကာက္စြပ္ကာ ေမာင္ရွိရာ Golden palaceဆီကို ေျခသုတ္တင္ခဲ့ေတ့သည္။Hotelေရွ႕အေရာက္ က်ရာေနရာတြင္ဆိုင္ကယ္အပ္ခဲ့ၿပီး Hotelေလာ္ဘီကိုအေျပးဝင္လာသည္။ေမာင့္ဆီကို ဖုန္းေခၚေနတာေတာ့အဆက္မျပတ္။အခုအခ်ိန္ ေမာင္ေမေမနဲ႔ဖြားေတြ႕သြားရင္ ေျဖးေျဖးခ်င္းေျပာျပၿပီး နားလည္မူယူဖို႔စဥ္းစားထားသည့္ သူ႔အစီအစဥ္အားလံုးပ်က္စီးေတာ့မွာ။
.
.
.
.
ေသာ္ကေမာင္သန္႔စင္ခန္းကေနထြက္လာေတာ့ ဖုန္းကိုဖြင့္ၾကည့္လိုက္မိသည္။Miss callထိုးထားသည့္ ရွင္းရဲ႕အဝင္callေတြက မနည္းမေနာ။ေမေမတို႔ထိုင္ေနရာကိုတစ္ခ်က္လွမ္းၾကည့္ၿပီ ရွင္းဆိုကိုဆက္သြယ္ဖို႔ သူဒုတိယထပ္ရဲ႕အဆင္းေလွကားဆီထြက္လာသည္။
"သက္သက္မဲ့စိတ္ပူေနျပန္ၿပီ။ဘာလို႔ေခၚထားတာပါလိမ့္။"
သူစဥ္းစားေနတုန္း တစ္ေယာက္ေယာက္ကသူ႔အား ဝင္တိုက္လိုက္သည္။က်ကြဲသြားေသာ ဟန္းဖုန္းကို ၾကည့္ကာ ထိုေကာင္မေလးက sorryဟုေျပာေလသည္။
"အခုဘာလုပ္..ဟင္ အမပါလား။ဟိုတစ္ခါက ဘူတာမွေတြ႕တဲ့အမ.."
"ဟုတ္လား.."
ေမာင္ၿပံဳးျပလိုက္ၿပီး ေအာက္က်ေနေသာဖုန္းကိုျပန္လည္ေကာက္ယူရန္ျပင္လိုက္သည္။ဖုန္းရဲ႕ဖန္သားျပင္ကိုေဒါက္ဖိနပ္နဲ႔ေထာက္ကာ နင္းေျခေနေသာ သူမေၾကာင့္ ေမာင္နည္းနည္းစိတ္တိုမိသြားရသည္။
"အခုဘာလုပ္တာလဲ။"
"မေက်နပ္လို႔လား။"
"ဗ်ာ..!"
ေမာင္အံ့ၾသမိသည္။ထိုမိန္းကေလးရဲ႕နာမည္ကိုလည္းမသိဘဲ ရွငိးအသိဆိုတာသာသိသည္။ဘာေၾကာင့္ သူ႔ကိုဒီလိုအျပဳအမႈမ်ိဳးလုပ္တယ္ဆိုတာ သူေတြးလို႔မရေပ။ေျခေထာက္သြယ္သြယ္မ်ားျဖင့္ ဖုန္းကို ေ႐ႊ့လွ်ားလိုက္တာေၾကာင့္ ေသာ္ကေမာင္ပို၍တင္းသြားသည္။နဂိုကတည္းက ေယာက်ာ္းေလးတစ္ေယာက္ျဖစ္တာေၾကာင့္ စိတ္ကမရွည္ခ်င္။
"ဘယ္သူလဲမသိေပမဲ့ ခဗ်ားအျပဳအမႈက အရမ္းရိုင္းတာဘဲ။"
"ရွင္းနဲ႔လည္း တြဲတယ္...Golden Palaceရဲ႕ သားနဲ႔လည္းသေဝထိုးတယ္။ေတာ္သားဘဲ ေသာ္ကေမာင္။"
"ဘာ..ခဗ်ားေျပာလို႔ၿပီးၿပီလား.."
ေမာင္သည္စိတ္ကိုမထိန္းခ်ဳပ္နိုင္ဘဲ ပယင္းေရာင္ရဲ႕ ပုခံုးကအက်ၤ ီစကိုဆုတ္ကိုင္မိသြားသည္။ေဒါသေၾကာင့္ ျဖဴေဖြးေနသည့ မ်က္နာေလးက နီရဲလို႔ေနသည္။ဘာေၾကာင့္ရယ္မသိ သူေဒါသထြက္တာကို ေရွ႕မွရွိေနတဲ့သူမက ေက်နပ္ေနသလို။
"အား..!!!"
ပယင္းေရာင္သည္ သူ႔ပုခံုးထက္ဆုပ္ကိုင္ထားသည့္ေမာင့္ရဲ႕လက္ကို ဖယ္ထုတ္ရင္း ေလွကားအစြန္းမွ အပတ္ပတ္လိမ့္ကာျပဳတ္က်သြားေလသည္။၁၀ထစ္မ်ွရွိေသာေလွကားရဲ႕ အေပၚဆံုးမွ ေအာက္ဆံုးအထိ လိွမ့္က်ၿပီး ဦးေခါင္းမွေသြးစတို႔ ဖ်ာက်လာေလသည္။
"အမ..!!"
"သမီးေလး..!!"
ေလာ္ဘီကေနထြက္ေပၚလာေသာ ေဒၚနန္းထိပ္ထားသည္ လွဲက်ေနေသာပယင္းေရာင္ကို ေထြးေပြ႕လိုက္ေလသည္။ေမာင္ကေတာ့ ေလွကားအေပၚဆံုးထပ္မွာေတာင့္ေတာင့္ကေလးရပ္ေနဆဲ။
"သမီးေလး..!! ယင္း.."
"ေဆးရံုကိုပို႔ဖို႔ကူညီၾကပါဦး။"
ရွင္းအသံေတြၾကားတာေၾကာင့္ ထိုေနရာကိုေရာက္လာသည္။ျဖစ္ေနပံုေတြက ဖယိုဖယဲ။ေလွကားရဲ႕အေပၚထပ္မွာေမာင္က တုန္ရီစြာရပ္ေနၿပီး ေအာက္မွာ ပယင္းေရာင္ကလွဲက်ေနသည္။
ဦးမင္းနို္င္စီစဥ္ေပးေသာကားျဖင့္ ပယင္းေရာင္အားေဆးရံုပို႔ဖို႔ႀကံရေတာ့သည္။လူနာတင္ကားေပၚသို႔မေရာက္မီွ ႏုတ္ခမ္းေကြးရံုၿပံဳးသြားေသာ ပယင္းရဲ႕မ်က္နာထားကို ရွင္းျမင္ျဖစ္ေအာင္ျမင္လိုက္ပါေသးသည္။
"ေမာင္..အဆင္ေျပရဲ႕လား။"
"ရွင္း..ေမာင္မလုပ္ဘူး။အဲအမကို တြန္းခ်တာ ေမာင္မဟုတ္ဘူး။"
"သိပါတယ္..ရွင္းသိတယ္။စိတ္မပူနဲ႔ေနာ္"
တုန္ရီေနေသာ ေမာင္လက္ကေလးကိုဆုတ္ကိုင္ကာ အားေပးစကားဆိုလိုက္သည္။ခပ္လွမ္းလွမ္းမွာေတာ့ ေဒၚေသာ္တာမိုးတို႔ နားမလည္နိုင္ျခင္းမ်ားစြာျဖင့္ၾကည့္ေနေလသည္။
"ျဖန္း..!!"
ရုတ္တရက္ ေဒၚနန္းထိပ္ထားရိုက္ခ်လိုက္တာေၾကာင့္ ေမာင္မ်က္နာေလးက လက္ဝါးရာအထင္းသား။
"အဖြား.."
ေမာင့္လက္ကိုဆြဲကာ ခႏၲာကိုယ္ျဖင့္ကာလိုက္ရင္း ဟိန္းေနေအာင္ေအာ္လိုက္သည္။စိမ္းကားေနေသာမ်က္ဝန္းမ်ားနဲ႔ ေဒါသရိပ္ျဖတ္ေျပးေနသည့္ ရွင္းမ်က္နာထားက လူတိုင္းၾကက္သီးထေလာက္ေအာင္ ေၾကာက္ဖို႔ေကာင္းေနသည္။
"ဒင္းက လက္စသတ္ေတာ့ ေဒါင္းေယာင္ေဆာင္တဲ့က်ီးဘဲ။ငါ့ေျမးကိုျဖားေယာင္းၿပီး GMထဲဝင္ခ်င္တယ္ေပါ့။သမီးေလးကိုေသေၾကာင္းႀကံတဲ့အထိ.."
"က်ေနာ္..က်ေနာ္မလုပ္ဘူး။ယံုေပးပါ"
"ခုနကအေျခအေနျဖစ္ၿပီးတာေတာင္ ေျပာင္လိမ္ေျပာင္စားခ်င္တာလား.."
"စကားေျပာတာလြန္လြန္းေနၿပီ။အဲဒါက်မေျပာရမဲ့စကားပါ။ရွင့္ေျမးကသာ က်မသားကိုခ်ည္းကပ္ခဲ့တာေလ။ကိုယ့္ေသြးသားအဖိုးတန္တယ္ဆိုတိုင္း သူးမ်ားသားသမီးကိုမိုခ်ိဳးျမစ္ခ်ိဳးမေျပာပါနဲ႔.."
"ေမေမ..!"
"!အန္တီမိုး.."
အန္တီမိုးရဲ႕ ျပာက်မတတ္ မ်က္ဝန္းမ်ားက ရွင္းအေပၚက်ေရာက္လာသည္။သူဘာဆက္လုပ္မလဲ..
"က်ေနာ္ကဘဲ အရာအားလံုးအတြက္ ေတာင္းပန္ပါတယ္။က်ေနာ္.."
သူေတာင္းပန္စကားသာဆိုေနမိသည္။ထိုစကားဆိုရံုအျပင္ သူစိတ္ထဲမွာ ဘာဆိုဘာမ်ွမရွိေတာ့။
"ေနရွင္း..ဒီက်က္သေရယုတ္ေတြကို မင္းေတာင္းပန္ရေအာင္မတန္ဘူး"
"အဖြားေတာ္ပါေတာ့..."
"ဟုတ္တယ္.. ေတာင္းပန္စကားက နားဝင္းခါးလြန္းလို႔ ထပ္မၾကားခ်င္ဘူး မေက်နပ္ရင္တရားရံုးထိတက္မွာမို႔ ဘာမွလည္းဂရုစိုက္စရာအလိုဘူး။သြားမယ္..မာန္ သားငယ္ကိုေခၚလာခဲ့။"
ေဒၚေသာ္တာမိုးစကားေၾကာင့္ ေမာင္က ရွင္းရဲ႕လက္ကိုတင္းေအာင္ဆုပ္ကိုင္လာသည္။သူမလုိက္ဘူးဆုိသည့္သေဘာျဖင့္ေခါင္းခါျပသည္။သို႔ေသာ္ မာန္ဝင့္ထည္နဲ႔ ေဘးက ပါလာတဲ့ သူ႔လက္ေထာက္တို႔က ဆြဲေခၚသြားတာေၾကာင့္ ရွင္းတို႔နွစ္ေယာက္ ဆြဲကိုင္ထားသည့္လက္မ်ားျပဳတ္ထြက္သြားသည္။
"ေမာင္..ေမာင္.."
ဘာမွမသိရွာေသာ ေမာင္ဟာ မ်က္ရည္မ်ားၾကားကဆြဲေခၚရာပါသြားေတာ့သည္။ေမာင့္ကုိတင္ကာထြက္ခြာသြားေသာကားငယ္အား ေငးၾကည့္ရင္းက်န္ေနခဲ့ရံုမွတပါး ရွင္းမတတ္နိုင္ခဲ့ေပ။
___________________________
ဆက္ရန္➡️➡️
Unicode
ရှမ်းတောင်တန်းပတ်ကာရံလို့ ငွေဇင်ယော်တို့ဖျတ်ဖျတ်လူးကာပျံသန်းနေကြတဲ့အင်းလေးကန်ကြီးရဲ့အစ မိုင်းသောက်တံတားလေးဆီကို စက်ဘီးကလေးများ ဦးတည်ကာလာနေသည်။ဘေးဘက်ဆီက ကြံခင်းများနဲ့မြို့ပြရဲ့အငွေ့အသက်တို့မရှိဘဲ လယ်ကွင်းများက ညီညာစွာလဲှလျှောင်းနေသောလမ်းမကို ဝန်းရံထားတာက ပန်းချီကားလေးတစ်ချပ်လိုလှပပေသည်။
"မရောက်သေးဘူးလားဟ.."
မင်းမော်ကိုတင်ကာ အသက်ထွက်တော့မတတ် စက်ဘီးနင်းနေသော ခွန်ကြာက မေးလိုက်သည်။မောင်တို့သူငယ်ချင်းတစ်အုပ်အဆွယ်ကောင်းတာကြောင့် ရှင်းနဲ့ ခွန်ဟိန်းတို့မိုင်းသောက်တံတားဆီကိုပါလာခဲ့ခြင်းဖြစ်သည်။
"ရှတ်တီးတို့များ ဘဲရတာကံကောင်းချက်။နောက်ကနေအခန့်သားထိုင်လိုက်ရုံ။"
"အားကျနေတာလား..မောက်မိုမ။ကြည့်ထား..ဒါငါ့ချစ်သူ။"
စက်ဘီးရဲ့နောက်ထိုင်ခုံကနေ ရှင်းရဲ့ခါးကိုမောင်ကသိုင်းဖက်လိုက်သည်။ကျောထက်ခေါင်းကိုမှီလိုက်ရင်း မောက်မိုတို့အားအောင်နိုင်သူပုံစံဖြင့်ပြောလိုက်တဲ့ မောင့်မျက်နာလေးကဘယ်လိုနေမလဲလို့ရှင်းတွေးနေမိသည်မှာ မလွဲဧကန်။
"ငါမပြောဘူးလား..ဒီအတွဲကိုမခေါ်ပါနဲ့ဆိုတာ။အခုတော့ဖြင့် လောင်နေရပြီ။"
သူတို့ ငြင်းရင်းခုံရင်း မိုင်းသောက်တံတားလေးဆီကို ရောက်လာခဲ့သည်။ဗေဒါပင်များ နဲ့ ကြာပန်းရောင်စုံတို့ ဖူးပွင့်နေကြတဲ့ အင်းလေးကန်ရဲ့အစမှာ ခြေနဲ့လှော်တဲ့လှေငယ်လေးများက ကန်ရေပြင်ထက်မှာ ဟိုတစ်စသည်တစ်စ။
"မောင်.."
"ဟင်..!"
"လှေစီးချင်လား။"
"ကြောက်စရာကြီး။မှောက်သွားရင်ဘယ်လိုလုပ်မလဲ။"
တစ်ခုခုဆိုစိုးရိမ်ကာ အရှည်ကြီးတွေးတတ်တဲ့မောင့်ကိုကြည့်ရင်း ရှင်းသဘောကျစွာရယ်မိသည်။
"မောင်ရာ..ရှင်းရှိတယ်လေ။မကြောက်ပါနဲ့။"
"စီးကြည့်ရမလား..မဖြစ်ဘူး။"
"အခုတောင် ရေတွေကိုကြည့်ရင်းမူးလာသလိုဘဲ။"
"ဒါမဲ့ အင်းထဲရောက်ပြီးလှေမစီးဘူးဆိုလည်းရာဇဝင်ရိုင်းလိမ့်မယ်..ဘယ်လိုလုပ်ရမလဲ။"
"မောင်..မောင် ဒီကိုကြည့်"
ရှင်းသည် မောင့်မျက်နာလေးကို ဆွဲယူပြီး အကြည့်ချင်းဆုံခိုင်းလိုက်တယ်။တောင်လေပြေတို့ကြောင့် အနည်းငယ်ပုံမကျဖြစ်သွားတဲ့မောင့်ရဲ့ဆံစကို နေရာကျအောင် ပြင်ပေးလိုက်ပြန်သည်။
"ပြုတ်ကျသွားရင် မောင်ရေမကူးတတ်ဘူး။"
"ဘာလို့ပြုတ်ကျရမှာလဲ။နောက်ပြီး လှေသမားဦးလေးကလည်းစိတ်ချရပါတယ်။"
သူပြောလိုက်တော့မှ စိတ်သက်သာရာရတယ်ထင်ပါ၏။ခဏမျှစဉ်းစားနေပြီး ခေါင်းလေးငြိမ့်လာသည်။ခြေထောက်ကိုလှေပေါ်မချချင်ချချင်ချကာ ရှင်းလက်မောင်းကိုအသေဆုပ်ကိုင်ထားတဲ့မောင်က ချစ်ဖို့ကောင်းနေတာတော့အမှန်။တော်တော်ကြာတဲ့အထိလှေပေါ်မှာ ယောင်လည်လည်ရပ်နေတဲ့ မောင့်ကိုထိုင်ဖို့ သူ့ရင်ခွင်ထဲဆွဲချလိုက်ရသည်။
"ကြည့်ပါလား..ပျော်ဖို့ကောင်းပါတယ်ဆို။"
မောင့်ကိုအနောက်မှသိမ်းဖက်ရင်း လည်တိုင်ကိုနမ်းရှိုတ်လိုက်သည်။ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့် မောင်က ရှင်းဘက်ကိုမျက်နာလည့်ပြီးမျက်စောင်းလှလှလေးထိုးလာသည်။
"လိပ်ကြီး။ငါ့ကိုလွတ်ပေး.."
"မရုန်းနဲ့လေ..ပြွတ်.."
!!"ထပ်လုပ်ပြန်ပြီ။ရှက်လို့သေတော့မှာဘဲ။"
"ဟားဟား.."
မောင်နဲ့ရှင်းတို့နှစ်ယောက် အင်းရေပြင်ကြီးကိုခြေဆန့်ပြီးလှေကလေးစီးလာလိုက်တာ အင်းသားတို့ရဲ့ခရမ်းချဉ်သီးစိုက်ခင်းဆီရောက်လာခဲ့သည်။တောင်ပြာအထပ်ထပ်ကာရံထားတဲ့ဒီရေပြင်ရဲ့အလယ်မှာ ခရမ်းချဉ်သီးစိုက်တယ်ဆိုတာက နည်းနည်းတော့ထူးဆန်းနေလိမ့်မည်။ထို့ကြောင့်လည်း ထူးခြားလှတဲ့ဒီအင်းလေးဟာ နိုင်ငံတကာခရီးသွားတို့ကိုဆွဲဆောင်နိုင်ပေသည်။
အင်းတောင်သူတစ်ယောက်က လှမ်းဆွတ်ကာပေးလာသောခရမ်းချည်သီးလေးကို မောင်ကစားကြည့်နေသည်။ခရမ်းချဉ်သီးတစ်လုံးကိုနှစ်ကိုက်သာကိုက်ပြီး ပါးစောင်အပြည့်ပြွတ်သိတ်ထည့်ထားပုံက အသည်းယားစရာ.
"ဖြေးဖြေးစားပါလားမောင်ရာ။ပါးစောင်တွေနာကုန်ပါဦးမယ်"
သူကထိုသို့ပြောပြီး ခရမ်းချဉ်သီးတစ်လုံးက်ု မောင့်လက်ထဲထည့်ပေးလိုက်ပြန်သည်။
"ရှင်း ..မောင်ဘာကြောင့်ရှမ်းပြည်ကိုချစ်လဲသိလား။"
"ဘာကြောင့်လဲ။"
"လှလို့..ဒီလိုလှတဲ့နေရာမှာ ငါနေတာပါလားလို့တွေးလိုက်တိုင်း ဘယ်ဆီကိုမှထွက်မသွားချင်လောက်အောင် ပိုပြီးချစ်လာမိတာ။"
သူသိတာပေါ့။မောင်က ဒီတောင်တန်းဒေသကိုဘယ်လောက်တောင်ချစ်လိုက်သလဲဆိုတာ။
"မောင်တို့ ကျောင်းပြီးရင် ဘာလုပ်ကြမလဲ။"
"အန်တီမိုးတို့ကိုပြောပြပြီး ရှင်းတို့လက်တွဲကြမယ်လေ။မေမေ ရဲ့အပြီးမသတ်ခဲ့တဲ့ပန်းချီတွေကို ရှင်းဆက်ဆွဲရမယ်။
မောင်ချစ်တဲ့ ဒီရှမ်းပြည်ကြီးရဲ့ အလှအပတွေအားလုံး ရှင်းတို့အမှတ်တအားလုံးကို ကားချပ်ထက်မှာပြန်ပုံဖော်ပေးမယ်။"
"အားလုံးလား..လိုချင်တဲ့ပုံ ရအောင်ဆွဲပေးမှာလား။"
"အင်းပေါ့။"
မောင်က အပျော်တို့ကူးစက်ကာလှေဦးထိပ်ကနေ ရှုခင်းတို့ကိုခံစားကြည့်ရူနေလေသည်။မောင့်မေမေကို ဘယ်လိုအင်အားနဲ့ ရင်ဆိုင်ရမှန်းရှင်းမသိချေ။
_________________________
Time Skip>>>
"အဲလောက်ထိသတိပေးထားတာတောင် ဟိုကောင်လေးနဲ့တွဲနေတုန်းလား။"
ဦးကောင်းခေတ် ဒေါသတကြီးအော်ပြောလိုက်တာကြောင့် ဒေါ်နန်းသက်နွယ်တို့လှုပ်တောင်မလှုပ်ရဲပေ။
"ဥက္ကဋ္ဌကြီး..ဒီကိစ္စမှာ မကျေနပ်လို့ သတ်ပစ်မယ်ဆိုရင်တောင် ကျနော် ရှင်းဘက်ကနေရလိမ့်မယ်။"
ခွန်ဟိန်းရဲ့ ငြင်းဆိုမှုကြောင့် ဦးကောင်းခေတ်ရဲ့မျက်တောင့်သည် နီရဲလာသည်။စိတ်ထဲတွင်တော့ မွေးထားတဲ့ခွေးသခင်လက်ကိုပြန်ကိုက်ပါလားဟုထင်မှတ်နေလိမ့်မလားဟုတွေးနေမိသည်မှာအမှန်။
"မင်း..ခွေးကောင်။"
"ကျနော်ဒီအိမ်ကိုရောက်ကတည်းက ရှင်းအတွက်ချီးကျူးစကားဆိုတဲ့သူတစ်ယောက်တစ်လေမှမတွေ့ဖူးဘူး။ဥက္ကဋ္ဌကြီး အခုလုပ်နေတာတွေက မှားနေတယ်ဆိုတာ မသိဘူးလား.."
"မင်းလည်းနေရှင်းဆိုတဲ့ကောင်နဲ့ပတ်သက်ပြီး ငါ့အပေါ်မထီမဲ့မြင်တွေလုပ်နေတာဘဲ။ဆရာလာမလုပ်နဲ့ခွန်ဟိန်း..ငါ့သားကို ငါကြိုက်သလိုလုပ်မယ်။"
"ဘယ်အချိန်မှ ရှင်းရဲ့ စိတ်ကိုနားလည်နိုင်မှာလဲ။ဥက္ကဋ္ဌရဲ့သားပါ..အရုပ်မဟုတ်ဘူး။သူ့တစ်ဘဝတစ်ခုလုံးစုပ်ပြတ်သတ်သွားပြီးချိန်မှ နားလည်ပေးနိုင်မှာလား။"
"ထပ်ပြီးအရေးမပါတာတွေမကြားချင်ဘူး။သူ့ကိုပြောလိုက် မင်းရဲ့တဇွတ်ထိုးလုပ်ရပ်ကြောင့် အဲဒီကောင်လေးဒုက္ခလှလှရောက်ရမယ်လို့။"
"ဥက္ကဋ္ဌကြီး..အန်ကယ်!!!"
"ထွက်သွားတော့.."
ခွန်ဟိန်း လက်ထဲမှစီးကရက်ဘူးကိုကိုင်ပေါက်ကာ ခြေထောက်နဲ့နင်းခြေနေမိသည်။တဇွတ်ထိုး ဆန်ပေမဲ့ ဒီတစ်ခါတော့ ရှင်းမမှားပေ။အရင်မိန်းကလေးကိစ္စတွေနဲ့ငြိတုန်းကသူရှင်းကိုအပြစ်ဆိုခဲ့ပေမဲ့ အခုတော့ အပြစ်မတင်ရက်ပေ။
ခွန်ဟိန်းထွက်သွားတဲ့နောက် ဒေါ်နန်းသက်နွယ်က အိမ်ကြီးရဲ့အပေါ်ထပ် နေတမာန်ခေတ်ရဲ့အခန်းထဲဝင်လာသည်။
"သား..တမာန်။ခုနက ဘာဖြစ်ခဲ့လဲသိလား။ခွန်ဟိန်းနဲ့ ကိုကိုကောင်းတို့ ရန်ဖြစ်နေကြတယ်။"
"အမေကလည်း ဘာများလဲလို့။"
"မဟုတ်ဘူး..တရှင်းရှင်းတနေတဲ့ ကိုကိုကောင်းက ရှင်းရဲ့ရည်းစားယောကျာ်းဆိုတာသိပြီးတဲ့နောက်မှာ လုံးဝပြောင်းလဲသွားတာ။"
"အဲဒီတော့"
"ီဒီကိစ္စနဲ့ပတ်သက်ပြီး ဒို့တွေသားအဖနှစ်ယောက်ပိုပြီးဝေးကွာသွားအောင်လုပ်လို့ရတယ်လေ..သားတမာန် တကယ်လို့ အောင်မြင်ရင် GMတစ်ခုလုံး မင်းလက်ထဲရောက်လာမှာ။"
ဒေါ်နန်းသက်နွယ်ရဲ့စကားကိုစိတ်ဝင်စားသည့်အလား အိပ်ရာပေါ်ကနေ ထကာ ခပ်ယဲ့ယဲ့ရယ်လာသည်။
"ဘယ်လိုလုပ်သင့်လဲ။"
"ရှင်းက သူ့အဖေကို တစ်သက်လုံး မုန်းတီးနေအောင်ပေါ့။အမေက အကြံပေးပြီးပြီနော် လှုပ်ရှားရမှာ သားတာဝန်ဘဲ"
နေတမာန်သည် မဲ့ပြုံးပြုံးကာ အဖွားဖြစ်သူဒေါ်နန်းထိပ်ထားဆီကိုဖုန်းခေါ်လိုက်သည်။သူနဲ့ပတ်သက်လျှင် အမြဲနောက်ပို့တတ်သည့် ဖွားဟာ ရှင်းရဲ့ကောင်လေးက ဘယ်သူဆိုတာသိရင် ဘယ်လောက်တောင်တုန်လှုပ်သွားမလဲဆိုတာသသိချင်သေးသည့်မို့။
"ဦးမင်းနိုင်..ဖွားရှိလား။အိမ်မှာစောင့်နေခိုင်းလိုက်ပါ
မစောင့်ဘဲမနေနဲ့နော်..ရှင်းရဲ့ဘဝနဲ့ဆိုင်တာလေးဆိုတော့ "
.
.
.
ဘာမှမပြောရသေးခင် ချသွားတာကြောင့် နေတမာန်ကိုဦးမင်းနိုင်ဒေါသထွက်လာသည်။
"ဘယ်သူလဲ.."
"ရှင်းအကိုပါ။အိမ်ကိုလာခဲ့မှာမို့ စောင့်နေပါတဲ့။"
"!!ဘာ..ရာရာစစ မယားငယ်ကမွေးတဲ့ ဒင်းကများ"
ဒေါ်နန်းထိပ်ထားရဲ့အားနည်းချက်ကိုနေတမာန်ကောင်းကောင်းပင်အသုံးချလိုက်ခြင်း။ကျန်တာ မာနထောင်လွှားနေပေမဲ့ ရင်နှစ်သည်းချာမြေးနဲ့ပတ်သက်ရင် လုံးဝအလွဲမခံတတ်သူဖြစ်သောကြောင့်ပင်။
၁၅မိနစ်အကြာမှာ ပြိုင်ကားတစ်စီး အိမ်ကြီးထဲသို့ဝင်လာသည်။တံခါးမမှဧည့်ခန်း သို့ဝင်လာတော့ မာန်ပါပါနဲ့ ထိုင်နေသော ဒေါ်နန်းထိပ်ထားကို တွေ့လိုက်ရသည်။
"ဖွားအိမ်ကိုမရောက်တာတောင်ကြာနေပြီဘဲ။"
"ရှင်းကိစ္စဆိုတာ ဘာလဲ။"
"မြေးချင်းအတူတူတောင် မကြိုဆိုတော့ဘူးလား။ရောက်လာစကတည်းက အဲဒီဆန်ကုန်မြေလေးကောင်အကြောင်းဘဲပြောနေမှာလား။"
"နေတမာန်ခေတ်..ငါ့မြေးကိုမင်းမိုက်ရိုင်းစရာမလိုဘူး။ငါ့မြေးရဲ့အမေ သံသာလေးနေရာကို နင့်အမေ လုယူခဲ့တာငါမသိဘူးများထင်လား.."
မတ်တပ်ကာဒေါသတကြားမှကြိမ်းမောင်းနေသောဒေါ်နန်းထိပ်ထားသည် ခြေမခိုင်ချင်တော့။အသက်အရွှယ်ကြီးနေတာကြောင့် ဘေးကနေ အိမ်အကူက လာရောက်တွဲထားပေးရသည်။
"ဖွား..အဖွားချစ်တဲ့မြေးက အဖွားလည်ပင်းကြိုးကွင်းစွပ်မဲ့သူဆိုတာရော သိလား။ဖွားရဲ့မြေးတွဲနေတဲ့ ကောင်လေးက ဘယ်သူလဲဆိုတာ သိအောင်လုပ်ပါဦး။"
"ဘာ..!!"
"ကျနော်က လက်ဆောင်ပေးရမလား။"
ထိုသို့ပြောကာ ဓာတ်ပုံတစ်ပုံထုပ်ပေးလာသည်။ခပ်မွဲမွဲဓာတ်ပုံလေးတစ်ပုံကို ဒေါ်နန်းထိပ်ထားယူကြည့်လိုက်သော် သားဖြစ်သူဦးကောင်းခေတ် ဦးလင်းရောင်ရှိန် နဲ့ ဘေးက ဦးမောင်ဇော်တို့ပုခုံးဖက်ကာ ရိုက်ထားသည့်ဓာတ်ပုံလေး။
"ဒါကို မင်းဒါကို ဘယ်လိုလုပ်.."
"သူငယ်ချင်းသုံးယောက်မှာ တစ်ယောက်ကသေသွားတယ်။သေသွားတဲ့ လူရဲ့မိန်းမကို နစ်နာကြေးသိန်း၅၀ပစ်ပေါက်ပေးခဲ့တာ အဖွားဘဲမလား။"
နေတမာန်ဘယ်က ကြားလာတယ်မသိ ဒေါ်နန်းထိပ်ထားတုန်လှုပ်သွားသည်မှာအမှန်။အရင်၁၀နှစ်လောက်က စိန်ပန်းဝိုင်ခြံကို သူကိုယ်တိုင် တရားဝင်လက်မှတ်ထိုးပြီး လက်ကလွဲယူခဲ့သည်။ နောက် သားဖြစ်သူရဲ့သူငယ်ချင်းဦးမောင်ဇော် သေဆုံးသွားတဲ့ကိစ္စကိုမသိကျိုးကျွံပြုခဲ့ဖူးသည်။ဇနီးဖြစ်သူကိုလည်းတရားရင်ဆိုင်တာရပ်ခိုင်းပြီး နစ်နာကြေးကိုငွေနဲ့ လူဘုံအလယ်ပစ်ပေါက်ကာပေးဖူးသည်။
"ဘာလဲ..ဘယ်သူမှ မသိတော့ဘူးလို့ထင်နေခဲ့တာလား။အမှန်တိုင်းပြောရရင် သော်ကမောင်ဆိုတဲ့ကောင်လေးက ရှင်းကိုဘာလို့ချည်းကပ်ခဲ့တာပါလိမ့်..မဟုတ်မှလွဲရော သူအကုန်သိနေလို့လား.."
"ပါးစပ်ပိတ်ထား။!!'
"စဉ်းစားကြည့်လိုက်တော့ ယုတ်တိတော့ရှိသားဘဲ။ကျနော်က ကိုယ့်ညီလေး ဘဝပျက်တော့မှာကို စိတ်ပူလို့လာပြောတာပါ။"
နေတမာန်က ဓာတ်ပုံကိုဆွဲယူကာ ဦးမင်းနိုင်လက်ထဲထည့်ပေးလိုက်သည်။လက်များတုန်ရီနေသော ဒေါ်နန်းထိပ်ထားကိုကျေနပ်အားရသလိုကြည့်ရင်း ကားသော့ကို လက်ဖြင့်ဝေ့ကစားကာ မချိုမချဉ်ရုပ်ဖြင်ထွက်သွားတော့သည်။
"မင်းနိုင်.."
ှု
"ဟုတ်ကဲ့ သခင်မကြီး။"
"ချက်ချင်းကားပြင်ထား..သော်ကမောင်ဆိုတဲ့ကောင်လေးကို တွေ့ဖို့သွားရမယ်။"
"ဟုတ်ကဲ့.."
×××××××××××××××××××××××××
ရှင်းတစ်ယောက်တည်းအဆောင်ခန်းတွင် စာလုပ်နေသည်။မောင့်က တောင်ကြီးရောက်နေသော အန်တီမိုးကိုသွားတွေ့နေတာကြောင့် တစ်ယောက်တည်းဖြစ်နေခြင်းဖြစ်သည်။ခွန်ဟိန်းပို့လိုက်တဲ့ SMSကြောင့် စိတ်ထဲလေးလံနေသည်။အဖေ့ရဲ့ခြိမ်းခြောက်စကားက ဘယ်အတိုင်းအတာထိမောင်အပေါ်သက်ရောက်မလဲ ဆိုတာ သူတွေးပူနေမိသည်။
"တီး..တီး.."
ယူကြည့်လိုက်တော့ မောင်ခွန်ဟိန်းရဲ့ဖုန်း။
"ဘာထပ်ဖြစ်ပြန်တာလဲ.."
"ပြသာနာတက်ပြီ။ဦးမင်းနိုင်နဲ့ မင်းအဖွား သော်ကမောင်ကိုတွေ့ဖို့သွားပြီထင်တယ်။"
"ဘာ..!!"
"အခြေအနေမကောင်းဘူး။အိမ်က အလုပ်သမားတွေပြောတာက မင်းအကိုပြန်သွားပြီးတာနဲ့ ချက်ချင်းအပြင်ထွက်ဖို့ပြင်နေတာတဲ့။"
ခွန်ဟိန်းဆီက သတင်းကြားတာနဲ့ အကျၤ ီထူကိုကောက်စွပ်ကာ မောင်ရှိရာ Golden palaceဆီကို ခြေသုတ်တင်ခဲ့တေ့သည်။Hotelရှေ့အရောက် ကျရာနေရာတွင်ဆိုင်ကယ်အပ်ခဲ့ပြီး Hotelလော်ဘီကိုအပြေးဝင်လာသည်။မောင့်ဆီကို ဖုန်းခေါ်နေတာတော့အဆက်မပြတ်။အခုအချိန် မောင်မေမေနဲ့ဖွားတွေ့သွားရင် ဖြေးဖြေးချင်းပြောပြပြီး နားလည်မူယူဖို့စဉ်းစားထားသည့် သူ့အစီအစဉ်အားလုံးပျက်စီးတော့မှာ။
.
.
.
.
သော်ကမောင်သန့်စင်ခန်းကနေထွက်လာတော့ ဖုန်းကိုဖွင့်ကြည့်လိုက်မိသည်။Miss callထိုးထားသည့် ရှင်းရဲ့အဝင်callတွေက မနည်းမနော။မေမေတို့ထိုင်နေရာကိုတစ်ချက်လှမ်းကြည့်ပြီ ရှင်းဆိုကိုဆက်သွယ်ဖို့ သူဒုတိယထပ်ရဲ့အဆင်းလှေကားဆီထွက်လာသည်။
"သက်သက်မဲ့စိတ်ပူနေပြန်ပြီ။ဘာလို့ခေါ်ထားတာပါလိမ့်။"
သူစဉ်းစားနေတုန်း တစ်ယောက်ယောက်ကသူ့အား ဝင်တိုက်လိုက်သည်။ကျကွဲသွားသော ဟန်းဖုန်းကို ကြည့်ကာ ထိုကောင်မလေးက sorryဟုပြောလေသည်။
"အခုဘာလုပ်..ဟင် အမပါလား။ဟိုတစ်ခါက ဘူတာမှတွေ့တဲ့အမ.."
"ဟုတ်လား.."
မောင်ပြုံးပြလိုက်ပြီး အောက်ကျနေသောဖုန်းကိုပြန်လည်ကောက်ယူရန်ပြင်လိုက်သည်။ဖုန်းရဲ့ဖန်သားပြင်ကိုဒေါက်ဖိနပ်နဲ့ထောက်ကာ နင်းခြေနေသော သူမကြောင့် မောင်နည်းနည်းစိတ်တိုမိသွားရသည်။
"အခုဘာလုပ်တာလဲ။"
"မကျေနပ်လို့လား။"
"ဗျာ..!"
မောင်အံ့သြမိသည်။ထိုမိန်းကလေးရဲ့နာမည်ကိုလည်းမသိဘဲ ရှငိးအသိဆိုတာသာသိသည်။ဘာကြောင့် သူ့ကိုဒီလိုအပြုအမှုမျိုးလုပ်တယ်ဆိုတာ သူတွေးလို့မရပေ။ခြေထောက်သွယ်သွယ်များဖြင့် ဖုန်းကို ရွှေ့လျှားလိုက်တာကြောင့် သော်ကမောင်ပို၍တင်းသွားသည်။နဂိုကတည်းက ယောကျာ်းလေးတစ်ယောက်ဖြစ်တာကြောင့် စိတ်ကမရှည်ချင်။
"ဘယ်သူလဲမသိပေမဲ့ ခဗျားအပြုအမှုက အရမ်းရိုင်းတာဘဲ။"
"ရှင်းနဲ့လည်း တွဲတယ်...Golden Palaceရဲ့ သားနဲ့လည်းသဝေထိုးတယ်။တော်သားဘဲ သော်ကမောင်။"
"ဘာ..ခဗျားပြောလို့ပြီးပြီလား.."
မောင်သည်စိတ်ကိုမထိန်းချုပ်နိုင်ဘဲ ပယင်းရောင်ရဲ့ ပုခုံးကအကျၤ ီစကိုဆုတ်ကိုင်မိသွားသည်။ဒေါသကြောင့် ဖြူဖွေးနေသည့ မျက်နာလေးက နီရဲလို့နေသည်။ဘာကြောင့်ရယ်မသိ သူဒေါသထွက်တာကို ရှေ့မှရှိနေတဲ့သူမက ကျေနပ်နေသလို။
"အား..!!!"
ပယင်းရောင်သည် သူ့ပုခုံးထက်ဆုပ်ကိုင်ထားသည့်မောင့်ရဲ့လက်ကို ဖယ်ထုတ်ရင်း လှေကားအစွန်းမှ အပတ်ပတ်လိမ့်ကာပြုတ်ကျသွားလေသည်။၁၀ထစ်မျှရှိသောလှေကားရဲ့ အပေါ်ဆုံးမှ အောက်ဆုံးအထိ လှိမ့်ကျပြီး ဦးခေါင်းမှသွေးစတို့ ဖျာကျလာလေသည်။
"အမ..!!"
"သမီးလေး..!!"
လော်ဘီကနေထွက်ပေါ်လာသော ဒေါ်နန်းထိပ်ထားသည် လှဲကျနေသောပယင်းရောင်ကို ထွေးပွေ့လိုက်လေသည်။မောင်ကတော့ လှေကားအပေါ်ဆုံးထပ်မှာတောင့်တောင့်ကလေးရပ်နေဆဲ။
"သမီးလေး..!! ယင်း.."
"ဆေးရုံကိုပို့ဖို့ကူညီကြပါဦး။"
ရှင်းအသံတွေကြားတာကြောင့် ထိုနေရာကိုရောက်လာသည်။ဖြစ်နေပုံတွေက ဖယိုဖယဲ။လှေကားရဲ့အပေါ်ထပ်မှာမောင်က တုန်ရီစွာရပ်နေပြီး အောက်မှာ ပယင်းရောင်ကလှဲကျနေသည်။
ဦးမင်းနိုင်စီစဉ်ပေးသောကားဖြင့် ပယင်းရောင်အားဆေးရုံပို့ဖို့ကြံရတော့သည်။လူနာတင်ကားပေါ်သို့မရောက်မှီ နုတ်ခမ်းကွေးရုံပြုံးသွားသော ပယင်းရဲ့မျက်နာထားကို ရှင်းမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။
"မောင်..အဆင်ပြေရဲ့လား။"
"ရှင်း..မောင်မလုပ်ဘူး။အဲအမကို တွန်းချတာ မောင်မဟုတ်ဘူး။"
"သိပါတယ်..ရှင်းသိတယ်။စိတ်မပူနဲ့နော်"
တုန်ရီနေသော မောင်လက်ကလေးကိုဆုတ်ကိုင်ကာ အားပေးစကားဆိုလိုက်သည်။ခပ်လှမ်းလှမ်းမှာတော့ ဒေါ်သော်တာမိုးတို့ နားမလည်နိုင်ခြင်းများစွာဖြင့်ကြည့်နေလေသည်။
"ဖြန်း..!!"
ရုတ်တရက် ဒေါ်နန်းထိပ်ထားရိုက်ချလိုက်တာကြောင့် မောင်မျက်နာလေးက လက်ဝါးရာအထင်းသား။
"အဖွား.."
မောင့်လက်ကိုဆွဲကာ ခန္တာကိုယ်ဖြင့်ကာလိုက်ရင်း ဟိန်းနေအောင်အော်လိုက်သည်။စိမ်းကားနေသောမျက်ဝန်းများနဲ့ ဒေါသရိပ်ဖြတ်ပြေးနေသည့် ရှင်းမျက်နာထားက လူတိုင်းကြက်သီးထလောက်အောင် ကြောက်ဖို့ကောင်းနေသည်။
"ဒင်းက လက်စသတ်တော့ ဒေါင်းယောင်ဆောင်တဲ့ကျီးဘဲ။ငါ့မြေးကိုဖြားယောင်းပြီး GMထဲဝင်ချင်တယ်ပေါ့။သမီးလေးကိုသေကြောင်းကြံတဲ့အထိ.."
"ကျနော်..ကျနော်မလုပ်ဘူး။ယုံပေးပါ"
"ခုနကအခြေအနေဖြစ်ပြီးတာတောင် ပြောင်လိမ်ပြောင်စားချင်တာလား.."
"စကားပြောတာလွန်လွန်းနေပြီ။အဲဒါကျမပြောရမဲ့စကားပါ။ရှင့်မြေးကသာ ကျမသားကိုချည်းကပ်ခဲ့တာလေ။ကိုယ့်သွေးသားအဖိုးတန်တယ်ဆိုတိုင်း သူးများသားသမီးကိုမိုချိုးမြစ်ချိုးမပြောပါနဲ့.."
"မေမေ..!"
"!အန်တီမိုး.."
အန်တီမိုးရဲ့ ပြာကျမတတ် မျက်ဝန်းများက ရှင်းအပေါ်ကျရောက်လာသည်။သူဘာဆက်လုပ်မလဲ..
"ကျနော်ကဘဲ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ကျနော်.."
သူတောင်းပန်စကားသာဆိုနေမိသည်။ထိုစကားဆိုရုံအပြင် သူစိတ်ထဲမှာ ဘာဆိုဘာမျှမရှိတော့။
"နေရှင်း..ဒီကျက်သရေယုတ်တွေကို မင်းတောင်းပန်ရအောင်မတန်ဘူး"
"အဖွားတော်ပါတော့..."
"ဟုတ်တယ်.. တောင်းပန်စကားက နားဝင်းခါးလွန်းလို့ ထပ်မကြားချင်ဘူး မကျေနပ်ရင်တရားရုံးထိတက်မှာမို့ ဘာမှလည်းဂရုစိုက်စရာအလိုဘူး။သွားမယ်..မာန် သားငယ်ကိုခေါ်လာခဲ့။"
ဒေါ်သော်တာမိုးစကားကြောင့် မောင်က ရှင်းရဲ့လက်ကိုတင်းအောင်ဆုပ်ကိုင်လာသည်။သူမလိုက်ဘူးဆိုသည့်သဘောဖြင့်ခေါင်းခါပြသည်။သို့သော် မာန်ဝင့်ထည်နဲ့ ဘေးက ပါလာတဲ့ သူ့လက်ထောက်တို့က ဆွဲခေါ်သွားတာကြောင့် ရှင်းတို့နှစ်ယောက် ဆွဲကိုင်ထားသည့်လက်များပြုတ်ထွက်သွားသည်။
"မောင်..မောင်.."
ဘာမှမသိရှာသော မောင်ဟာ မျက်ရည်များကြားကဆွဲခေါ်ရာပါသွားတော့သည်။မောင့်ကိုတင်ကာထွက်ခွာသွားသောကားငယ်အား ငေးကြည့်ရင်းကျန်နေခဲ့ရုံမှတပါး ရှင်းမတတ်နိုင်ခဲ့ပေ။
___________________________
ဆက်ရန်➡️➡️