ဝမ်ချိုချိုလေး
Por hninsattmahar
102K 8.6K 634
စိတ်ကူးရသလောက်ချိုချင်ပါတယ် Más
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
စျေးဗန်း
အပိုင်း.၂၈ (ဇာတ်သိမ်းပိုင်း)
ep.20
2.9K 282 41
Por hninsattmahar
Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၂၀)
"လယ်ကွင်းထဲမှာ ဝမ်သခင်လေးပိုးထိလို့''
ဘာ...
ဟာ...
ရှောင်ကျန့်နဲ့ ဝမ်ကျိုးချန် ရွာလူကြီးအချို့နှင့် စကားပြောနေရင်း လာပြောတဲ့လူငယ်လေးနောက်ပြေးလိုက်ကြတယ်။
သူတို့ပြေးသွားပေမယ့် ရွာသားတွေက ရိပေါ်ကိုခေါ်လာကြပြီ။
"မြို့ကိုပြန်မယ် ဆရာဝန်ကိုဖုန်းဆက် ဒီကိုချက်ချင်းလာခိုင်းလမ်းမှာဆုံရအောင် ''
"မလိုတော့ပါဘူးခင်ဗျာ ဒီမှာကျေးလက်ဆေးပေးခန်းရှိပါတယ် အဆိပ်မပျံအောင် ရှေးဦးသူနာပြုနည်းတွေလည်းအကုန်လုပ်ခဲ့ထားပါတယ် မြွေဆိပ်ဖြေဆေး အချို့လည်းရှိပါတယ် ဒါကျန်းမာရေးလှည့်လည်စစ်ဆေးပေးနေတဲ့အဖွဲ့ထဲက မြို့ကဆရာဝန်မလေးပါ''
"ဒီမှာ မြွေကိုလည်းသတ်ပြီး ယူလာခဲ့ပါတယ်''
မြွေအမျိုးစားကိုကြည့် မြွေဆိပ်ဖြေဆေးထိုး လိုအပ်တာတွေလုပ်ပြီးလို့ ရိပေါ်သတိရနေတာတောင် ဆရာဝန်မလေးက အနားကမခွာ သူပဲဒိုင်ခံပြုစုနေလို့ ရှောင်ကျန့်အနားကပ်ချင်တာတောင် ကပ်မရ။
မြွေကိုက်ခံရရင် ဖျားတတ်လား မဖျားတတ်လားတော့မသိ၊ အဖျားတိုင်းတာလည်း နဖူးစမ်းတာတခုတည်းရှိတဲ့အလား
မကြာခန နဖူးကိုစမ်းလို့ ဖျားသေးလား ကိုယ်ပူလားနှင့် ရိပေါ်နဖူးကို လက်နဲ့စမ်းလိုက် သူ့ပဝါနဲ့တို့လိုက်သုတ်ပေးလိုက်နှင့် ပေါက်စနဖူးကို လက်နဲ့သာသွားကာထားချင်တော့တယ်။လက်ကိုဆွဲယူလိုက်နဲ့
ရိပေါ်ကတော့ ယဲ့ယဲ့လေး လှမ်းလှမ်းပြုံးပြနေတယ်။
ဘယ်ချိန်မုန့်စားရမလဲ စောင့်နေရတဲ့ ကလေးလို ဘေးကမျော်နေရခြင်းကို စိတ်မရှည်တော့လို့ ထထွက်လာခဲ့လိုက်တယ်။
ကြာရင် ရိပေါ်နဖူးပဲပြေးရိုက်မိမလား ၊ ဆရာဝန်မပဲ ဆွဲလွှင့်ပစ်မိမလား မသိနိုင်ဘူးရယ်။
"ဒီနယ်ဘက်မှာ ဒီမြွေအမျိုးစား တခါမှမတွေ့ဖူးဘူး''
လယ်သမားကြီးတွေ ပြောနေတဲ့စကားကြားတော့ ရှောင်ကျန့်လှမ်းနေတဲ့ ခြေလှမ်းတွေ တုံ့ကနဲရပ်သွားမိတယ်။
ဝမ်ချောင်ကလည်း မျက်နှာပျက်သွားတယ်။တစ်ယောက်နဲ့တစ်ယောက် မျက်လုံးခြင်းစစ်ခင်းနေမိကြတယ်။တစ်ယောက်က မင်းလက်ချက်မဟုတ်လားဆိုတဲ့အကြည့်၊
တစ်ယောက်က ငါမဟုတ်ဘူးနော် ငါ့လာမစွပ်စွဲနဲ့ဆိုတဲ့အကြည့်။အကြည့်ခြင်း စစ်ခင်းနေတုန်းမှာပဲ ကလေးတစ်ယောက်က ရိပေါ်က ခေါ်ခိုင်းတယ်ဆိုပြီး လာခေါ်သွားတယ်။
"ပေါက်စ သက်သာလား ဘယ်နားကနာနေတာရှိလဲ ရှိရင်ပြောနော် ဘယ်လိုနေသေးလဲ''
"ရိပေါ်ဘာမှမဖြစ်တော့ဘူး ဦးစိတ်ပူနေမှာစိုးလို့ အနားခေါ်လိုက်တာ''
ဒီလိုနဲ့ ပေကျင်းကိုပြန်မယ့်ရက်ကိုနောက်ဆုတ်လို့ ရိပေါ်ကိုအေးဆေးအနားယူစေတယ်။တကယ်ဆိုချက်ချင်းပြန်ခေါ်သွားချင်ပေမယ့် ပေါက်စလေးကျန်းမာရေးကြောင့်သာ ညဘက်အိပ်ရင် ရိပေါ်ကို လက်မောင်းပေါ်တင်သိပ်ပြီး.ရူးပေါက်ထခြင်ရင်တောင် အိမ်သာခွက်ပေါ်ပွေ့တင်ပေးပြီး လမ်းမလျှောက်စေဘူး။
ရိပေါ်က ဘာဆိုတာနဲ့ လုပ်ပေးပြီးသား ပါးစပ်ဟလိုက်တာနဲ့ တခုခုလုပ်ပေးပြီးသား ဘာလုပ်ပေးရမှန်းမသိရင် ရေကောက်တိုက်ပစ်လိုက်တယ် မသောက်ချင်လည်းသောက်ပဲ ။ဆရာဝန်မလာကြည့်ရင်လည်း ရိပေါ်ကိုဆွဲထူလို့ သူ့ရင်ခွင်မှာမှီပြီး စကားပြောစေတယ်။ စမ်းသပ်စရာရှိလား ဒီတိုင်းလည်းOKတယ်
ဟုတ်။ရှောင်ကျန့်ရဲ့ ပြာပြာသလဲဂရုစိုက်မှုတွေကြောင့်.ဆရာဝန်မလေးတွက်နေရာမရှိ ကြားမဝင်သာ။ နောက်ဆုံး သူအိမ်သာတက်ရင်တောင် တံခါးရှေ့ခုံတလုံးချထားပေးပြီး ရိပေါ်ကိုထိုင်စောင့်စေ တယ် ။
နည်းနည်းမှအလွတ်မပေးပဲ တောက်တဲ့လိုတွယ်ကပ်နေတဲ့သူကို ဆရာဝန်မက မရှိတဲ့မျက်လုံးကို ပြူးပြူးကြည့်နေတယ် ဘာမှတော့ပြောမလာ။ဒီလောက် အရိပ်လိုတွယ်ကပ်နေတဲ့ကြားက ဆရာဝန်မပြန်ကာနီးလိပ်စာကဒ်ပေးလို့ ရိပေါ်ဖုန်းနံပတ်ရအောင်တောင်းသွားသေးတယ်။ လိပ်စာကဒ်ကို ရှောင်ကျန့်ပဲဆွဲယူထားလိုက်တယ်။ ပြန်ရောက်တာနဲ့ ရိပေါ်ကို ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်တော့မယ် ဆုတောင်းနေလိုက် ချာဝန်မ။
&&&&&
ပေါက်စလက်ဆွဲခေါ်ရာ လယ်ကွင်းဘေးတစ်လျောက် လျှောက်လာရင်း စိတ်ထဲကြူနူးရ တယ်။လတ်ဆတ်တဲ့လေ စိမ်းစိုနေတဲ့ အပင်စိမ်းစိမ်းတွေကြောင့် စိတ်ထဲလန်းဆန်းနေရော။စပါးပင်အဖျားလေးတွေပေါ်ကနေ လက်ဖဝါးလေးတင်ပြီး မထိတထိလေး လျှပ်ပြေးရတာသဘောအကျဆုံးပဲ ။သူတို့ကြောင့် တချက်တချက်လန်ပြီးပျံတဲ့ ဗျိုင်းတအုပ်ကိုလည်း တွေ့နိုင်သေးတယ်။ တမျော်တခေါ်လယ်ကွင်းတွေကို လျောက်အပြီးမှာတော့ ကြည်နေတဲ့စိတ်တွေ ဘယ်ပျောက်ကုန်တယ်မသိ။
"ပေါက်စ ဘယ်သွားနေတာလဲ တော်ပြီရပ်တော့ မောလာပြီ''
"ရောက်တော့မှာ ဒီရှေ့ကတောင်ကုန်းလေးတက်ရုံပဲကျန်တော့တယ်''
"ဘာ မောနေပါပြီဆို တောင်တက်ရဦးမယ်''
ရှောင်ကျန့်မောနေတယ်ဆိုတော့ အသင့်ပါလာတဲ့ ရေဗူးလေးကမ်းပေးလာတယ်။
ဒါမျိုးကြိုတင်ပြင်ဆင် ထားဖို့လည်း မမေ့ပြန်ဘူး။
"ပေါက်စ ဒီတောင်ကုန်းကို တက်ဖို့က နီးလွန်းမနေဘူးလား''
"ရိပေါ် ဦးကတော့ အရမ်းမောနေပြီထင်တယ် ရွဲ့ပြောကုန်ပြီ လာပါရိပေါ်လက်ကိုဆွဲပြီးတက်လေ''
စိတ်ကိုတထစ်ပြန်လျော့လို့ ကမ်းပေးလာတဲ့ ဝမ်ပေါက်စလက်ကိုဆွဲလို့ တက်ရပြန်တယ်။
"ပေါက်စ မင်းကြည့်ရတာ ကိုယ့်လောက်မမောသလိုပဲ''
"အသက်က  စကားပြောလာပြီလေ ''
"ဘာ... အေးဟုတ်တယ် မတက်တော့ဘူးပြန်မယ် ဒီတောင်ကိုတက်ဖို့ ငါ့အသက်အရမ်းကြီးနေပြီ''
​ပြီတီတီလုပ်နေတဲ့ရိပေါ် တောင်အောက်ပြန်ဆင်းနေတဲ့ ရှောင်ကျန့်ကို ပြေးဆွဲရတယ်။ရှေ့ကနေပိတ်ရပ်ရင်း. မျက်နှာပိုးသတ်လို့...
"စတာပါဦးကလည်း ရိပေါ်ကအားကစားအမြဲလုပ်တယ်လေ အာ့ကြောင့်အမောခံနိုင်တာပေါ့ လာပါရောက်ကာနီးပြီး မဝေးတော့ဘူး''
"နေစမ်းပါဦး ငါတို့ကဒီတောင်ပေါ် ဘာလာလုပ်တာလဲ''
"ရောက်ရင် သိမှာပေါ့''
လက်ထဲက ရေဗူးလေးအကုန်မှာ ရောက်လာခဲ့တယ်။အမောဖြေမယ်ကြံတုန်း မျက်လုံးတွေကို လာပိတ်တဲ့လက်တစုံကြောင့် မှောင်အတိ။သူရှေ့တဖြေးဖြေးတိုးလာရင်း သေချာတာတောင်ကုန်အစပ်ကိုတိုးလာမိပြီထင် လေတိုက်နှုန်းက ပိုပြင်းလာတယ်။ရင်တွေလည်းတလှပ်လှပ်နဲ့ တုန်ရင်လာတယ်
ရင်ခုန်တာလား ရင်တုန်တာလား မသဲကွဲဘူး.ကြောက်ဒူတုန်နေတာတော့ သေချာတယ်။
"ရပြီ ဖွင့်ကြည့်တော့''
ရှေ့ကမြင်ကွင်းကို အမြင်အာရုံကြည်လာအောင် ခနစောင့်ပြီးနောက် လယ်ကွင်းထဲက စပါးပင်တွေကိုရိတ်သိမ်း ပုံဖော်ထားတဲ့ အသဲပုံလေးကို တွေ့ရတယ်။
"ဟိုနေ့က တစ်နေ့လုံးပျောက်နေတာ ဒါကြောင့်လား ''
ရိပေါ်က ကြည်ကြည်နူးနူးလေး ခေါင်းညိမ့်ပြုံးနေရင်း ရှောင်ကျန့်ရဲ့ နောက်ဆက်တွဲစကားလေးကြောင့် အပြုံးလေးတွေပဲလိုက်ဖမ်းရမလို။
"လယ်သမားတွေကို သွားဒုက္ခပေးနေပြန်ပြီလား''
"ဦးကလည်းဗျာ ...ရိပေါ်ရဲ့နှလုံးသားကို မြင်ရဲ့လား... မှီဝဲသုံးဆောင်ရင် အသက်ရှည်မှာနော် ''
"ကြော်ငြာအားကောင်းတယ် အရည်သွေးရော ကောင်းရဲ့လား''
.
"အရည်သွေးက ထိပ်တန်း ရှယ်''
ဟား ဟား နှစ်ယောက်သား အားပါးတရရယ်မောမိတယ်။တောင်ကုန်းတစ်လျောက်
ရယ်သံတွေပဲ့တင်ထပ်သွားမတတ်ပေါ့။
ပြီးတော့ပေါက်စက မေးလာတယ် ရိပေါ်အသဲလေး ​ကြိုက်ရဲ့လား ကြိုက်ရင် ဆုချပေးတဲ့။မေးဖျားလေးကိုဆွဲမော့လို့ နဖူးပေါ်အနမ်းလေးချွေလိုက်တယ်။ပြီးမှ ပေါက်စကိုယ်လေးကို နစ်မြုပ်မတပ်သူ့ကိုယ်ထဲ ဆွဲသွင်းလို့ဖက်ထားလိုက်တယ်။
ချစ်ရပါတယ် ကျွန်တော်ရဲ့ အသက်ရှည်ရာ
အနာမဲ့ကြောင်းလေးရယ်။
%%%%%%
အစကတော့ သူ့မြေးဝမ်ပေါက်စကသာ ကဲကဲသဲသဲပေါ့ ရှောင်ကျန့်ခမြာသူ့ဒဏ်တော်နော်ခံရမှာလို့ တွေးပြီးစိတ်မကောင်းဖြစ်မိတာ အကြိမ်ကြိမ်။ခုမှပဲ သူ့မြေးဖြစ်မှ ပြာယာခတ်နေတဲ့ရှောင်ကျန့်၊သဝန်တိုနေတဲ့ ရှောင်ကျန့်ကိုမြင်တော့မှ သူလည်းကယ်တင်လို့မရတော့ဘူးဆိုတာ သိလာရတယ်။ ဘယ်သူက
ဘယ်သူ့ဒဏ်ခံရမလဲကတော့ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာပဲ။
ဝမ်ကျိုးချန်ခမြာ ရွာလူကြီးတွေနဲ့ စကားကောင်းနေတုန်း ဝမ်သခင်လေးနဲ့ ရှောင်သခင်လေးကဆိုပြီး စကားစလာရင် အကြောင်းမျိုးမျိူးပြလို့ ထထပြေးရတယ် လွယ်ကူမနေဘူး ဒီဝမ်ရှောင်နှစ်ယောက်ကြောင့်။
အပြန်ကို ရဟတ်ယာဥ်နဲ့ပြန်ချင်တယ်ဆိုတဲ့ မြေးချစ်ဝမ်ပေါက်စကြောင့်စီစဥ်ပေးရတယ်။ရွာကလယ်ကွင်းတွေဘက် တစ်ခေါက်ပတ်ပေးပါဦးဆိုလို့ ရွာကိုအတော်သံယောဇဥ်ကြီးတာပဲ အောက်မေ့လို့မှမဆုံးသေး။
"ဟုတ်ဖူး ရိပေါ်လုပ်ထားတဲ့ အသဲပုံလယ်ကွင်းကြီး တစ်ခေါက်ပြန်ကြည့်ချင်လို့''
အောင်မြတ်လေး... ရှင်ချင်တယ်။
ဘေးကရှောင်ကျန့်ကြညိ့တော့လည်း သဘောကျနေပုံပြုံးလို့ပျော်လို့။
သူတို့လုပ်မှ ဆုံးသွားတဲ့ဝမ်သခင်မကိုတောင် လွမ်းသွားပြီ အသေစောလို့နှမျောမိတယ် အသက်ရှိစဥ်ကလည်း ဒါမျိုးတွေလုပ်ပေးရကောင်းမှန်းမသိပဲ ငွေပဲကြုံးရှာနေမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပစ်တင်ရတော့မယ် သတိရအောင်တဲ့လုပ်တဲ့ တရခံတွေက​ေတာ့ဘေးမှာပြုံးလို့ပျော်လို့ လောကကြီးကမတရားဘူးနော်။
___________________________________
Zawgyi
ဝမ္ခ်ိဳခ်ိဳေလး
(အပိုင်း.၂၀)
ဘာ...
ဟာ...
&&&&&
"ရောက်ရင် သိမှာပေါ့''
"ရပြီ ဖွင့်ကြည့်တော့''
.
အနာမဲ့ကြောင်းလေးရယ်။
%%%%%%
ဝမ်ကျိုးချန်ခမြာ ရွာလူကြီးတွေနဲ့ စကားကောင်းနေတုန်း ဝမ်သခင်လေးနဲ့ ရှောင်သခင်လေးကဆိုပြီး စကားစလာရင် အကြောင်းမျိုးမျိုးပြလို့ ထထပြေးရတယ် လွယ်ကူမနေဘူး ဒီဝမ်ရှောင်နှစ်ယောက်ကြောင့်။
သူတို့လုပ်မှ ဆုံးသွားတဲ့ဝမ်သခင်မကိုတောင် လွမ်းသွားပြီ အသေစောလို့နှမျောမိတယ် အသက်ရှိစဉ်ကလည်း ဒါမျိုးတွေလုပ်ပေးရကောင်းမှန်းမသိပဲ ငွေပဲကြုံးရှာနေမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပစ်တင်ရတော့မယ် သတိရအောင်တဲ့လုပ်တဲ့ တရခံတွေက​တော့ဘေးမှာပြုံးလို့ပျော်လို့ လောကကြီးကမတရားဘူးနော်။
Seguir leyendo
También te gustarán
66.6K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
598K 39.4K 79
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
681K 50.9K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
499K 67.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...