Philophobia

By YaungCheNway

335K 30.9K 848

Title : Philophobia Genre : Own Creation / BL Tags : Romance... More

စာရေးသူ၏ အမှာစာ - ( Introduction )
Part 1
Part-2
Part 3
Part-4
Part-5
Part-6
Part -7
Part-8
Part-9
Part-10
Part-11
Part -12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part - 48
Part-49
Part -50
Part-51
Part - 52( Ending )
Thank you speech for Sunny
Info about Editing and New Fic

Part-24

5K 588 11
By YaungCheNway

အပိုင်း - ၂၄

" အမလေး... မယ်အိတို့များ မျက်နှာကို လန်းဆန်းလို့ "

ခြံထဲရောက်လျှင်ရောက်ချင်း ရွှင်ပြုံးနေသော ဒေါ်အိငယ်ကို မြင်ပြီး ဒေါ်ချိုသက်က လှမ်းစသည် ။

" ဒီအချိန်မှ မလန်းရင် ဘယ်အချိန်သွားလန်းရမှာလည်း ချိုသက်ရဲ့... နောက်ကျလိုက်တာ နင်ကလည်း... ငါ နင့်ကို စောင့်နေတာကြာပြီ "

" အမလေး... နောက်ကျဆို ညည်းသား ငမွှေထိုးကို နှိုးနေရတာလေ... သူ့အကြောင်း ညည်းလည်း သိသားနဲ့... ဒါတောင် ငါ ဒီမနက် သူ့နှိုးဖို့ အချိန်ရအောင် အစောကြီး ထ ပြင်ဆင်ထားလို့ ဒီအချိန်ရောက်တာ "

ဒေါ်ချိုသက်က နှုတ်ခမ်းလေးမဲ့ကာဆိုတော့ ဒေါ်အိငယ်ပြုံးလိုက်ပြီး

" ဖြစ်ရမယ် ဒီသားအမိကတော့... လာလာ ကားပေါ်ရောက်မှ ဆက်ပြောကြမယ်... အခုလောက်ဆို သား ရိန်ရိန်းလည်း စောင့်နေတော့မယ်... ဖိုးလုံးရေ သွားကြရအောင် "

ဒေါ်အိငယ်သည် ဒရိုင်ဘာကို လှမ်းခေါ်လိုက်ကာ ကားပေါ်အရင်ဝင်ထိုင်လိုက်ပြီးမှ အစောက စကားကို ဆက်၏။

" ရိန်ရိန်းလည်း သား သက်တန့်လို အကျင့်မျိုးလေးတွေရှိရင် ကောင်းမယ် ချိုသက်ရယ်... အဲ့လိုသာဆို ငါ တော့ ပျင်းရတော့မှာ မဟုတ်ဘူး "

ဒေါ်ချိုသက် စကားကြောင့် ဒေါ်အိငယ်က ခြေတခါတခါ လက်တခါခါနှင့်

" အမလေး... မဖြစ်ချင်စမ်းနဲ့ မဖြစ်ချင်စမ်းနဲ့ အိငယ်... သား ရိန်ရိန်းသာ သူ့လို တစ်ပုံစံတည်းဆို ညည်း တစ်လ မပြည့်ဘူး အမောဖောက်ပြီး ဆေးရုံပြန်တက်နေရမယ်... "

ဒေါ်ချိုသက် စကားကိုကြားတော့ဒေါ်အိငယ်ကရယ်သည် ။ စိတ်ထဲတွင်လည်း အားကျစိတ်များက ပြည့်လျက်

" ငါလေ... နင်တို့ သားအမိတွေကို အရမ်း အားကျတာပဲ ချိုသက်ရယ်... သားအမိနှစ်ယောက်က တကျက်ကျက် ဖြစ်နေကြပေမယ့် နင်တို့ကြားက နွေးထွေးမှုလေးက အရမ်းချစ်စရာကောင်းတယ်... ငါဆို သားလေးကို ငယ်ငယ်ထဲက ဆုံးရှုံးခဲ့ရလို့ အဲ့လို တကျက်ကျက် ရန်ဖြစ်ချင်တာတောင် မဖြစ်ရဘူး... အခု ပြန်တွေ့တော့လည်း သားလေးပုံစံက သိပ်မပျော်သလိုပဲ ချိုသက်ရယ် "

​စကားဆုံးတော့ ဒေါ်အိငယ် အသံလေး တိမ်ဝင်သွား၍ ဒေါ်ချိုသက် သူငယ်ချင်းဖြစ်သူ ဒေါ်အိငယ် ပုခုံးလေးက်ို ကိုင်လိုက်ကာ

" အာ... နင်ကလည်း မဟုတ်က ဟုတ်က... ကိုယ့် မိဘအရင်းကို ပြန်တွေ့လို့ မပျော်တဲ့ကလေး ဘယ်မှာများရှိလို့လဲ... ကလေးက အနေအေးလို့ နင် အထင်လွဲနေတာဖြစ်မှာပါ... "

ဒေါ်ချိုသက် ထိုသို့ပြောလိုက်တော့ ဒေါ်အိငယ်က ခပ်ယဲ့ယဲ့ကလေးပြန်ပြုံးပြလာသည် ။ သို့သော် သူမ အပြုံးများ အသက်မပါတာကို ဒေါ်ချိုသက် ခံစားမိသည် ။

ဘာလို့များပါလိမ့် ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သားအရင်းကို ပြန်ရှာတွေ့တဲ့ မိခင်တစ်ယောက်အနေနှင့် အခုချိန်မှာ သူမ အပျော်ရွှင်ဆုံးဖြစ်နေသင့်တာမလား ။

" အနေအေးတယ်ဆိုမှ ငါနင့်ကို ပြောပြရဦးမယ်... သား ရိန်ရိန်းနဲ့ သက်တန့်နဲ့က ကျောင်းမှာ တစ်နှစ်တည်း တစ်ခန်းတည်းတဲ့ဟယ်... ငါနဲ့လည်း ဆုပေးပွဲမှာ တစ်ခါတွေ့ဖူးတယ်... ငါတို့တွေ တကယ် ရေစက်ပဲ "

ဒေါ်ချိုသက် ဒေါ်အိငယ် စိတ်ပျော်သွားအောင် စကား ခေါင်းစဉ်ပြောင်း ပြောလိုက်တော့ ဒေါ်အိငယ် မျက်လုံးလေးများ အရောင်လက်လာကာ

​" ဟယ်... ဟုတ်လား... နင့်ကို ဘယ်သူပြောပြတာလဲ သား သက်တန့်လား "

" အေးပေါ့... ညည်းသား ပြောတာကတော့ သူတို့တွေ ကျောင်းမှာ သူငယ်ချင်းတောင် ဖြစ်နေကြပြီတဲ့ "

ထိုစကားကို ကြားတော့ ဒေါ်အိငယ်က ဝမ်းသာအားရနှင့်

" ဟယ်... ချိုသက်ရယ်...ငါက သား ရိန်ရိန်းလေး ငါတို့အိမ်ပြောင်းလာရင် အဖော်မရှိမှာ စိုးရိမ်နေတာ အခုတော့ ဟန်ကျတာပဲ "

" ဟုတ်ပါ့... ငါလည်း ကြားကြားချင်း အံ့ဩ သွားတာ... အမလေး ညည်းသား ငမွှေထိုးက ကျောင်းမှာဆို တော်ရုံလူကို ပေါင်းတာမဟုတ်ဘူး... ဒါပေမယ့် မနက်က ပြောပုံကြည့်ရတာ ရိန်ရိန်းကိုတော့ အတော်ခင်ပုံရတယ်... "

" အင်း... နောက်ဆို ငါ့သားငယ်လေးကို မုန့်နဲ့မြှားပြီး အိမ်ခေါ်ထားရမယ်... သားရိန်ရိန်းနဲ့ အဖော်ရအောင်လို့ "

" အမလေး... မုန့်ကို မလိုတာ အိငယ်ရေ... သင်း လာပါလိမ့်မယ် ချောင်းပေါက်မတတ်... အခုတောင် ကျောင်းမတက်ဘဲ လိုက်လာမယ်လုပ်နေလို့ ကြက်မွှေးနဲ့ ခြောက်ခဲ့ရသေးတယ်... သူ ရိန်ရိန်းကို တော်တော်ဓာတ်ကျနေပုံရတယ်... ဘာတဲ့... ရိန်ရိန်း ကျောင်းနာမည်က... သူ မနက်က အဲ့နာမည်ကို ပါးစပ်ကကို မချဘူးပြောနေတာ... နာမည်က ခပ်ဆန်းဆန်းလေးပါ... ဘာဆိုလား "

" မုန်တိုင်း "

​" အေးအေး ဟုတ်တယ် "

" ရောက်ပါပြီ... အန်တီအိငယ်... အန်တီတို့ အောက် ဆင်းဦးမလား "

ဒေါ်အိငယ်တို့ စကားကောင်းနေကြတုန်း ဒရိုင်ဘာကောင်လေးက သူတို့ရှိရာ နောက်ခုံဘက် တစ်ချက်လှည့်ကြည့်ရင်း ရိုရိုကျိုးကျိုးလေးဆိုလာတော့မှ နှစ်ယောက်သား စကားစပြတ်တော့သည် ။ စကားတပြောပြောနှင့် လာလိုက်တာ ရောက်လို့ရောက်မှန်းတောင် သတိမထားမိကြ ။

" မဆင်းတော့ဘူး ဖိုးလုံးရေ... မင်း အစ်ကိုလေးကို မင်းပဲ သွားခေါ်လိုက်ပါတော့... အခန်းက သုံးလွှာမှာဆိုတော့ အန်တီက တက်နိုင်မယ် မထင်ဘူး... အခန်းက ၄၁၆ နော် "

" ဟုတ်ကဲ့ အန်တီအိငယ် "

ဒေါ်အိငယ်သည် နှလုံးရောဂါသမားဖြစ်တာကြောင့် အမောမခံနိုင်၍ ဒရိုင်ဘာကောင်လေးကိုသာ အကူအညီတောင်းလိုက်ရသည် ။ ဒေါ်အိငယ် စကားဆုံးလျှင်ဆုံးချင်း ဒရိုင်ဘာလေးက တိုက်ခန်းဘက် ခပ်သုတ်သုတ်ဆင်းသွားပြီး မုန်တိုင်းကို သွားခေါ်လေသည် ။

~ ဒေါက် ဒေါက်

တံခါးခေါက်သံကြား၍ မုန်တိုင်း တံခါးဆီ အပြေးလေးသွားလိုက်သည် ။ အိမ်ကို လူကြီးတွေလာမည်ဆို၍ မုန်တိုင်း ဧည့်ခန်းထဲ ထိုင်စောင့်နေသည်မှာ အတော်ပင်ကြာပြီ ။

" မင်္ဂလာပါ အစ်ကိုလေး... အောက်မှာ အန်တီအိတို့ စောင့်နေပါတယ်... အစ်ကိုလေး အဆင်သင့်ဖြစ်ရင် ဆင်းလာလို့ရပါပြီ "

တံခါးဖွင့်လိုက်သည်နှင့် အမျိုးသားတစ်ဦးက သူ့ကို 'အစ်ကိုလေး ' ချင်း အက်ကြောင်းထပ်အောင်ခေါ်ရင်း ယဉ်ကျေး ကျိုးနွံစွာ ဆက်ဆံလေတော့ မုန်တိုင်း အနေရခက်သွားသည် ။ ပုံမှန်ဆို သည်လိုအပြုအမူ ၊ သည်လို အသုံးအနှုန်းများကို သုံးနှုန်းရသူမှာ သူချည်းသာဖြစ်ခဲ့ရ၍ မုန်တိုင်း စိတ်ထဲ ထိုအလှည့်အပြောင်းအပေါ် မဝံ့မရဲလေးဖြစ်နေမိသည် ။

" ဟုတ်... ကျွန်တော် အဆင်သင့်ဖြစ်တာ ကြာပါပြီ "

မုန်တိုင်း ယဉ်ယဉ်ကျေးကျေးလေး ပြောလိုက်တော့ ထိုအမျိုးသားက ကျိုးနွံစွာ ပြန်လည် ပြုံးပြရင်း ကားဆီကို ခေါ်သွားသည် ။

" အိငယ်... နင် မနေ့ညက သားနဲ့ သွားတွေ့တော့ သုံးလွှာထိ တက်သွားတာလား "

" အေး... မနေ့ညက သားဇောနဲ့ဆိုတော့ ဘယ်နှလွှာထိတက်ခဲ့မိမှန်းတောင် မသိပါဘူးဟယ်... အပြန်ဆင်းတော့မှ ငါ့ ရင်ဘတ်တွေ အောင့်လိုက်တာဆိုတာ... သားလေးကို မြင်ပြီး ငိုမိလိုက်လို့ရောပါမယ် ထင်တယ်... အစ်ကိုကလည်း ငါလှေကားတွေ တက်လာမိတာကို သတိမထားမိရကောင်းလားဆိုပြီး သူ့ကိုယ်သူ အပြစ်တွေတင်... သားကလည်း သူ့ကြောင့် ဒီလို ဖြစ်ရတယ်ဆိုပြီး သူ့ကိုယ်သူ အပြစ်ပြန်တင်နဲ့ တိုက်ခန်းရှေ့မှာ သုံးယောက်သား ယောက်ယက်တွေခတ်နေကြတာ... ည ၁၂ နာရီလောက်ကြီးကို ... "

ကားနားရောက်တော့ ဒေါ်အိငယ်နှင့် အမျိုးသမီးတစ်ဦး စကားပြောနေကြတာကို မုန်တိုင်း နားစွန်နားဖျား ကြားရ၏။

မနေ့ညက အဖြစ်အပျက်များအား ပြန်လည် ပြောပြနေသော ဒေါ်အိငယ်၏ အသံတွင် ပျော်ရွှင်ကြည်နူးမှု များ ဖိတ်လျှံနေသည်ကို ခံစားမိတော့ မုန်တိုင်း နှုတ်ခမ်းတစ်စုံသည် လှလှပပ ကွေးညွတ်သွားသည် ။ သားအရင်း မဟုတ်သည့်တိုင် မုန်တိုင်း ဒေါ်အိငယ်၏ မိခင်မေတ္တာကို ကောင်းကောင်းကြီး ခံစားမိပါသည် ။

ဒေါ်အိငယ်သည် စကားပြောနေရင်း မုန်တိုင်း ကားနားရောက်လာတာ မြင်တော့ ကားမှန်တံခါးကို ကမန်းကတမ်းဖွင့်လိုက်ပြီး

" သားလေး... ရောက်လာပြီ " ဟုဆိုကာ မုန်တိုင်းကို နှုတ်ဆက်သည် ​။ မျက်နှာလေးကလည်း ပြုံးလို့ပါပင်။

" ဟုတ်ကဲ့ အန်တီ "

ထို စကားကို ကြားတော့ ပြုံးနေသော ဒေါ်အိငယ် မျက်နှာလေး ကွက်ခနဲ ပျက်သွားသည် ။

ဟုတ်သား။ ဘယ်အမေကများ ကိုယ့်သားသမီးဆီကနေ 'အန်တီ' ဆိုတဲ့ သူစိမ်းဆန်တဲ့ အသုံးမျိုးကို ကြားချင်ပါ့မလဲ ။

" ကျွန်တော် မေမေ့ကို မနက်တည်းက စောင့်နေတာ... ကျွန်တော် အရှေ့ခန်းမှာပဲ ထိုင်လိုက်တော့မယ်နော် ဧည့်သည်လည်းပါတယ်ဆိုတော့ မေမေတို့ အေးအေးဆေးဆေး စကားပြောလို့ရအောင်"

မုန်တိုင်း ချက်ချင်းပဲ အလိုက်သိစွာ အခေါ်အဝေါ်လေးကိုပြင်လိုက်တော့မှ ဒေါ်အိငယ် မျက်နှာလေး ပြန်လည်ရွှင်လန်းလာတော့သည် ။

မုန်တိုင်းရင်ထဲတွင်လည်း ဒေါ်အိငယ်နှင့်ထပ်တူ တသိမ့်သိမ့် ကြည်နူးနေမိသည် ။
ထိုနာမ်စားလေးအား လူတစ်ယောက်ကို ခေါ်ဖူးတာ ဒါ မုန်တိုင်းဘဝရဲ့ ပထမဆုံးအကြိမ်ဖြစ်သည် ။ ' အမေ ' တဲ့ သိပ်ကို ခေါ်လို့ကောင်းတာပဲ ။

ကားစထွက်တော့ မေမေနှင့် မေမေ့သူငယ်ချင်းတို့သည် မုန်တိုင်းကို ရိန်ရိန်းအကြောင်း ရှေးဟောင်းနှောင်းဖြစ်လေးများ ပြန်ပြောပြကြသည် ။
တိုက်ဆိုင်ချင်တော့ ကားပေါ်ပါလာသော မေမေ့သူငယ်ချင်းမှာ သက်တန့်၏အမေဖြစ်နေ၍ သူတို့ ပြောစကားများထဲတွင် သက်တန့် အကြောင်းသည်လည်း မပါမဖြစ် ။

" ဒီဆိုင်က သက်တန့်ဝယ်နေကြဆိုင် လေ... အဝတ်အစား brand တွေ တော်တော်စုံတယ်ပြောတယ်သားရဲ့... သားကြိုက်တာရွေး... မေမေချို ဝယ်ပေးမယ် "

" အယ်... ချိုသက်ကလည်း မဟုတ်တာ... ငါရှင်းပါ့မယ်... "

" နင်ရှင်းချင်ရင် တခြားအသုံးအဆောင်တွေဝယ်မှ ရှင်း... ငါ့သားလေးကို အဝတ်အစားဝယ်ပေးဖို့ မနက်တည်းက စဉ်းစားထားပြီးသား.. ... ငါ့ကို လာမတားနဲ့ ... လာ သားလေး ဟိုဘက်မှာ ဆိုင်ရှင်ရှိတယ်... သူ့ကို ရွေးခိုင်းကြစို့ "

ကုန်တိုက်ရောက်တော့ မေမေနှင့် ရောင်လေးအမေ မေမေချို တို့က မုန်တိုင်းအတွက် ကောင်းပေ့ဆိုသော အသုံးအဆောင်များကို အလုအယက်ဝယ်ပေးကြသည် ။

မေမေပိုင်သော ကုန်တိုက်ဖြစ်၍ ဆိုင်ရှင်များ ကလည်း ဖလှဲတကင်းရှိလွန်းတာကြောင့် မုန်တိုင်း အားပင်နာရသည် ။
ဝယ်ပေးလိုက်သည့် အသုံးအဆောင် အဝတ်အစားတွေဆိုတာကလည်း မနည်းမနော ။
ဒါတောင် မေမေက အားမရဘဲ မုန်တိုင်းအတွက် လိုအပ်သော ပစ္စည်းများကို ထပ်မှာထားသေးသည် ။

" အဝတ်အစားနဲ့ အသုံးအဆောင်တွေဝယ်တာကို ဒီနေ့ဒီလောက်နဲ့ နားကြမလား... နေ့လည် ၂ နာရီကျရင် သား အခန်း Decoration လုပ်ဖို့ Decoration သမားတွေနဲ့ ချိန်းထားလို့... အခု restaurant တစ်ခုခုမှာ lunch စားပြီးရင် အိမ်ပြန်စို့လေ "

​" မေမေ့သဘောပါ... သား က ဘယ်လို လုပ်လုပ်အဆင်ပြေပါတယ်... အခုတောင် အသုံးအဆောင်တွေက တော်တော်များနေပြီ... အဝတ်အစားတွေရော "

ဝယ်ထားတာတွေက များလွန်း၍ ကားပါကင်ဆီ စျေးခြင်းလှည်းလေးတွေ အပြေးအလွှားတွန်းနေသော ကုန်တိုက်က ဝန်ထမ်းကောင်မလေးများကို မုန်တိုင်း
ကြည့်ရင်း ပြောလိုက်တော့ မေမေက

" ဘယ်ကများရမှာလဲ သားရဲ့... လိုတောင် လိုသေးတယ်... မေမေ့မှာ သားအတွက် ပြင်ဆင်စရာတွေကို အများကြီးပဲ... သားလေးက အခု HL group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်နေပြီ... သားကို မြင်လိုက်တာနဲ့ လူတွေ ရှိန်သွားအောင်ကို မေမေက ပြင်ဆင်ပေးမှာ... သားလေး အရင်က ပင်ပန်းဆင်းရဲခဲ့သမျှကို မေမေက အတိုးချ ဖြည့်ဆည်းပေးမှာ... "


​" အေးပါ... ဖြည့်ဆည်းတာ နောက်မှဖြည့်ဆည်း အခု နေ့လည်စာ အရင်သွားစားရအောင်... ငါ ဗိုက်တော်တော် ဆာနေပြီ... "

မေမေက မုန်တိုင်းကို ကြည့်ကာ အလေးအနက်ထားပြောနေတုန်း ရုတ်တရတ် ပြောလိုက်သော မေမေချို့ စကားကြောင့် မုန်တိုင်း ပြုံးတုံ့တုံ့လေးဖြစ်သွားမိသည် ။

မေမေချိုသည် ရောင်လေးအမေဆိုသည့်အတိုင်း တကယ်ရောင်လေးနှင့် ချွတ်စွပ်ပါပင် ။
စကားပြောပုံလေးတွေရော ၊ ချစ်ဖို့ကောင်းတာလေးတွေရောအကုန် တထေရာတည်းဖြစ်သည်။

" အော်... နောက်ပြီး ညပွဲကျရင် သားလေး ဝတ်ဖို့ ဝတ်စုံ မဝယ်ရသေးဘူးနော်... အဲ့တာ မမေ့နဲ့ဦး "

" အာ... ဟုတ်သားပဲ ချိုသက်ရယ် နင်သတိပေးလို့သာပေါ့... ငါ တကယ်သတိမရဘူး... ဝတ်စုံကိစ္စကို... နင် ဆိုင်ကောင်းကောင်း သိတာရှိလား... လုပ်ပါဦး "

" ရှိပါ့ ရှိပါ့... မြို့ထဲမှာ အမောင် သက်တန့် ဝယ်နေကြ အနောက်တိုင်း suit ဆိုင်တစ်ဆိုင်ရှိတယ် ငါ အခု ဖုန်းဆက် booking ချိတ်လိုက်မယ်... "

မေမေချိုက ပြောပြောဆိုဆိုနှင့် ဆိုင်ကို ဖုန်းလှမ်းဆက်သည် ။
ပြီးနောက် ကုန်တိုက် အပေါ်ထပ်က Cafe' တစ်ခုမှာ နေ့လည်စားစားပြီး သားအမိသုံးယောက် ဝတ်စုံဆိုင် တန်းသွားလိုက်ကြသည် ။

ဆိုင်ရောက်တော့ ထုံးစံ အတိုင်း မေမေနှင့် မေမေချိုက မုန်တိုင်းကို အဝတ်အစားရွေးပေးသည် ။ မုန်တိုင်းကတော့ နဂိုထဲက ပကာသနတွေ အလေးထားသူမဟုတ်၍ အမေနှစ်ယောက် ရွေးတဲ့ ဝတ်စုံတွေကိုသာ အထွန့်မတက်ဘဲ တစ်စုံပြီး တစ်စုံ ဝတ်ကြည့်ပေးနေလိုက်သည် ။

" ဒီနှစ်စုံက သားနဲ့ တော်တော်လိုက်တယ်... သား ဘယ်ဟာ ကြိုက်လဲ... အဖြူလေးလား.. ဒီဘက်က နက်ပြာလေးလား "

မေမေက suit နှစ်စုံကို မုန်တိုင်းရှေ့ မြှောက်ပြရင်း ဆိုလေတော့ မေချိုက

" မေမေချိုကတော့ နက်ပြာလေး ကြိုက်တယ် ဒီဇိုင်းလေးက classic ဆန်လို့ "

" ချိုသက် နင်က နက်ပြာကြိုက်တာလား... ငါတော့ အဖြူပိုလှ သလားလို့... အဖြူဆိုတော့ ညဆို ထင်းနေမှာ... ဒါပေမယ့် သားသဘောပါ... သား ဘယ်တစ်ခုကြိုက်လဲ.. "

အမေနှစ်ယောက်က အကြိုက်တစ်ယောက်တစ်မျိုးဖြစ်နေ၍ မုန်တိုင်း ရွေးရမှာ ခပ်ခက်ခက်ဖြစ်နေသည် ။ ရွေးမရသည့်အဆုံး

" ဟို... အဖြူတစ်ခုနဲ့ အဆင်ပြေမယ်ထင်တယ် "

မုန်တိုင်း မေမေစိတ်ချမ်းသာသွားအောင် မေမေ့အကြိုက်ကိုလိုက်လိုက်တော့ မေမေချိုက ပြုံးရင်း

" သားက အမေနဲ့အကြိုက်တူတာပဲ... မေမေချိုတော့ ဒါလေး သက်တန့် အတွက် ဝယ်သွားဦးမယ်... ညပွဲ ကျ ဝတ်ရအောင်...သမီးရေ... ဒီအဖြူလေးရယ် နောက်ပြီး ဒီနက်ပြာထဲက medium size တစ်စုံရယ် ထုတ်ပေးပါနော် "

ဝန်ထမ်းကောင်မလေးထံ မေမေချိုသက်တန့်အတွက် အင်္ကျီမှာနေစဉ် မုန်တိုင်း စိတ်ထဲနောင်တ အကြီးအကျယ်ရနေမိသည် ။
အစောထဲက နက်ပြာလေး ရွေးလိုက်မိရင် အကောင်းသား ။

အရောင်းဝန်ထမ်းကောင်မလေး ကောင်တာဘက် မသွားခင် သူ့ဝတ်စုံကို ပြောင်းမှာဖို့အတွက် မုန်တိုင်း အသည်းအသန် စဉ်းစားနေမိသည် ။
ဘယ်လို ပြောရပါ့မလဲ။

" မေမေ... ဟို...ကျွန်တော် အခုမှ စဉ်းစားမိတယ်... အဖြူဆိုရင် အညစ်အပေ သိပ်မခံဘူး... ပွဲတွင်း ဖြစ်ဖြစ် ပွဲမတိုင်ခင်ဖြစ်ဖြစ် မတော်တဆ တစ်ခုခု စွန်းသွားရင် အဆင်မပြေဘူးဆိုတော့... ကျွန်တော်လည်း နက်ပြာပဲ ယူလိုက်မယ်နော်"

" သားက ဒီည မင်းသားလေးလို နေရမှာဆိုတော့ စွန်းတာ ထင်းတာဖြစ်မယ့် အခြေအနေတော့ မရှိလောက်ဘူး ထင်တာပဲ... သား အဖြူကြိုက်တယ်ဆို အဖြူပဲ ယူပါ... ကျန်တာ မစဉ်းစားနဲ့ "

မေမေ့ စကားကြောင့် မုန်တိုင်း စိတ်ညစ်သွားသည် ။ ဘယ်လိုလုပ်ရပါ့ ။

" ဟို... အဟမ်း... အဲ့တာဆို မေမေချိုလည်း အဖြူပဲယူရင်ယူလိုက်လေ... နက်ပြာက အရောင်မမှိုင်းဘူလား ညပွဲဆိုတော့ "

မုန်တိုင်း မေမေချို့ကို ကြည့်ကာ ဆိုလိုက်တော့ မေမေက အထာနပ်စွာ ပြုံးလိုက်ပြီး

" အာ... လတ်စသတ်တော့ သားက သားငယ်လေးနဲ့ ဆင်တူ ဝတ်ချင်နေတာပဲ... အင်း အင်း သား သဘော... သား သဘော... ချိုသက်ရေ နင်လည်း သားပြောသလို အဖြူပဲ ယူလိုက်တော့... ငါလည်း အဖြူပို ကြိုက်တယ် "

" အာ... အဲ့လို မဟုတ်... "

" သမီးရေ အစောက နက်ပြာ တစ်စုံ cancel မယ်... အဖြူကိုပဲ medium တစ်စုံ large တစ်စုံ ယူမယ်နော်... ဆင်တူကိုမှ တစ်ထေရာတည်းတူတာလေး ထည့်ပေးနော်... အန်တီ့သားလေးနှစ်ယောက်အတွက် "

မုန်တိုင်း ငြင်းဖို့ ပြင်လိုက်ပေမယ့် မေမေက စကားကို အစ မခံ ။ ပြုံးတုံ့တုံ့နှင့် ကောင်တာဘက်က ကောင်မလေးကို ဝတ်စုံလှမ်းမှာရင်း ထွက်သွား၍ မုန်တိုင်း ရှက်သွားကာ မျက်နှာများပင် ပူလာသည် ။ မေမေကတော့ တကယ်ကို အကဲခတ်ကျွမ်းတာပင်။

************************************
TBC ...

သတင်းကောင်းလေးနဲ့ အတူ ပြန်လာပါပြီရှင် ။ အိမ်က ညီမလေးက ဆေးစစ်တာ negative ဆိုတော့ အခု ရောင်ခြည်တို့ တစ်မိသားစုလုံး အန္တရာယ်ကင်းကင်းနဲ့ Home Quarantine ပဲ ဝင်ရင်ကို အဆင်ပြေပါပြီတဲ့ ။ Fic update လို့ရတဲ့ အခြေအနေရောက်ပြီဆိုတော့ အချစ်ကလေးတို့အတွက် ရောင်ခြည် အရင်လိုပဲ ပုံမှန်လေး update ပေးပါတော့မယ် ဟီးဟီး😗
နောက်ပြီး အရင်တစ်ပတ်တုန်းက စိတ်ပူပေးတဲ့ Sunny တွေအကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ။ အလုပ်ရှုပ်နေခဲ့လို့ reply မပြန်မိတာကိုလည်း ခွင့်လွှတ်ပေးပါ ။cmt လေးတွေမြင်ပြီး ရောင်ခြည် panic ဖြစ်နေတဲ့ ကာလမှာ တကယ်ကို အားတက်စေပါတယ် ။ အများကြီး ချစ်တယ် ❤️

**************************************

အပိုင္း - ၂၄

" အမေလး... မယ္အိတို႔မ်ား မ်က္ႏွာကို လန္းဆန္းလို႔ "

ၿခံထဲေရာက္လွ်င္ေရာက္ခ်င္း ႐ႊင္ၿပဳံးေနေသာ ေဒၚအိငယ္ကို ျမင္ၿပီး ေဒၚခ်ိဳသက္က လွမ္းစသည္ ။

" ဒီအခ်ိန္မွ မလန္းရင္ ဘယ္အခ်ိန္သြားလန္းရမွာလည္း ခ်ိဳသက္ရဲ႕... ေနာက္က်လိုက္တာ နင္ကလည္း... ငါ နင့္ကို ေစာင့္ေနတာၾကာၿပီ "

" အမေလး... ေနာက္က်ဆို ညည္းသား ငေမႊထိုးကို ႏႈိးေနရတာေလ... သူ႔အေၾကာင္း ညည္းလည္း သိသားနဲ႔... ဒါေတာင္ ငါ ဒီမနက္ သူ႔ႏႈိးဖို႔ အခ်ိန္ရေအာင္ အေစာႀကီး ထ ျပင္ဆင္ထားလို႔ ဒီအခ်ိန္ေရာက္တာ "

ေဒၚခ်ိဳသက္က ႏႈတ္ခမ္းေလးမဲ့ကာဆိုေတာ့ ေဒၚအိငယ္ၿပဳံးလိုက္ၿပီး

" ျဖစ္ရမယ္ ဒီသားအမိကေတာ့... လာလာ ကားေပၚေရာက္မွ ဆက္ေျပာၾကမယ္... အခုေလာက္ဆို သား ရိန္ရိန္းလည္း ေစာင့္ေနေတာ့မယ္... ဖိုးလုံးေရ သြားၾကရေအာင္ "

ေဒၚအိငယ္သည္ ဒ႐ိုင္ဘာကို လွမ္းေခၚလိုက္ကာ ကားေပၚအရင္ဝင္ထိုင္လိုက္ၿပီးမွ အေစာက စကားကို ဆက္၏။

" ရိန္ရိန္းလည္း သား သက္တန႔္လို အက်င့္မ်ိဳးေလးေတြရွိရင္ ေကာင္းမယ္ ခ်ိဳသက္ရယ္... အဲ့လိုသာဆို ငါ ေတာ့ ပ်င္းရေတာ့မွာ မဟုတ္ဘူး "

ေဒၚခ်ိဳသက္ စကားေၾကာင့္ ေဒၚအိငယ္က ေျခတခါတခါ လက္တခါခါႏွင့္

" အမေလး... မျဖစ္ခ်င္စမ္းနဲ႔ မျဖစ္ခ်င္စမ္းနဲ႔ အိငယ္... သား ရိန္ရိန္းသာ သူ႔လို တစ္ပုံစံတည္းဆို ညည္း တစ္လ မျပည့္ဘူး အေမာေဖာက္ၿပီး ေဆး႐ုံျပန္တက္ေနရမယ္... "

ေဒၚခ်ိဳသက္ စကားကိုၾကားေတာ့ေဒၚအိငယ္ကရယ္သည္ ။ စိတ္ထဲတြင္လည္း အားက်စိတ္မ်ားက ျပည့္လ်က္

" ငါေလ... နင္တို႔ သားအမိေတြကို အရမ္း အားက်တာပဲ ခ်ိဳသက္ရယ္... သားအမိႏွစ္ေယာက္က တက်က္က်က္ ျဖစ္ေနၾကေပမယ့္ နင္တို႔ၾကားက ေႏြးေထြးမႈေလးက အရမ္းခ်စ္စရာေကာင္းတယ္... ငါဆို သားေလးကို ငယ္ငယ္ထဲက ဆုံးရႈံးခဲ့ရလို႔ အဲ့လို တက်က္က်က္ ရန္ျဖစ္ခ်င္တာေတာင္ မျဖစ္ရဘူး... အခု ျပန္ေတြ႕ေတာ့လည္း သားေလးပုံစံက သိပ္မေပ်ာ္သလိုပဲ ခ်ိဳသက္ရယ္ "

​စကားဆုံးေတာ့ ေဒၚအိငယ္ အသံေလး တိမ္ဝင္သြား၍ ေဒၚခ်ိဳသက္ သူငယ္ခ်င္းျဖစ္သူ ေဒၚအိငယ္ ပုခုံးေလးက္ို ကိုင္လိုက္ကာ

" အာ... နင္ကလည္း မဟုတ္က ဟုတ္က... ကိုယ့္ မိဘအရင္းကို ျပန္ေတြ႕လို႔ မေပ်ာ္တဲ့ကေလး ဘယ္မွာမ်ားရွိလို႔လဲ... ကေလးက အေနေအးလို႔ နင္ အထင္လြဲေနတာျဖစ္မွာပါ... "

ေဒၚခ်ိဳသက္ ထိုသို႔ေျပာလိုက္ေတာ့ ေဒၚအိငယ္က ခပ္ယဲ့ယဲ့ကေလးျပန္ၿပဳံးျပလာသည္ ။ သို႔ေသာ္ သူမ အၿပဳံးမ်ား အသက္မပါတာကို ေဒၚခ်ိဳသက္ ခံစားမိသည္ ။

ဘာလို႔မ်ားပါလိမ့္ ။ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနေသာ သားအရင္းကို ျပန္ရွာေတြ႕တဲ့ မိခင္တစ္ေယာက္အေနႏွင့္ အခုခ်ိန္မွာ သူမ အေပ်ာ္႐ႊင္ဆုံးျဖစ္ေနသင့္တာမလား ။

" အေနေအးတယ္ဆိုမွ ငါနင့္ကို ေျပာျပရဦးမယ္... သား ရိန္ရိန္းနဲ႔ သက္တန႔္နဲ႔က ေက်ာင္းမွာ တစ္ႏွစ္တည္း တစ္ခန္းတည္းတဲ့ဟယ္... ငါနဲ႔လည္း ဆုေပးပြဲမွာ တစ္ခါေတြ႕ဖူးတယ္... ငါတို႔ေတြ တကယ္ ေရစက္ပဲ "

ေဒၚခ်ိဳသက္ ေဒၚအိငယ္ စိတ္ေပ်ာ္သြားေအာင္ စကား ေခါင္းစဥ္ေျပာင္း ေျပာလိုက္ေတာ့ ေဒၚအိငယ္ မ်က္လုံးေလးမ်ား အေရာင္လက္လာကာ

​" ဟယ္... ဟုတ္လား... နင့္ကို ဘယ္သူေျပာျပတာလဲ သား သက္တန႔္လား "

" ေအးေပါ့... ညည္းသား ေျပာတာကေတာ့ သူတို႔ေတြ ေက်ာင္းမွာ သူငယ္ခ်င္းေတာင္ ျဖစ္ေနၾကၿပီတဲ့ "

ထိုစကားကို ၾကားေတာ့ ေဒၚအိငယ္က ဝမ္းသာအားရႏွင့္

" ဟယ္... ခ်ိဳသက္ရယ္...ငါက သား ရိန္ရိန္းေလး ငါတို႔အိမ္ေျပာင္းလာရင္ အေဖာ္မရွိမွာ စိုးရိမ္ေနတာ အခုေတာ့ ဟန္က်တာပဲ "

" ဟုတ္ပါ့... ငါလည္း ၾကားၾကားခ်င္း အံ့ဩ သြားတာ... အမေလး ညည္းသား ငေမႊထိုးက ေက်ာင္းမွာဆို ေတာ္႐ုံလူကို ေပါင္းတာမဟုတ္ဘူး... ဒါေပမယ့္ မနက္က ေျပာပုံၾကည့္ရတာ ရိန္ရိန္းကိုေတာ့ အေတာ္ခင္ပုံရတယ္... "

" အင္း... ေနာက္ဆို ငါ့သားငယ္ေလးကို မုန႔္နဲ႔ျမႇားၿပီး အိမ္ေခၚထားရမယ္... သားရိန္ရိန္းနဲ႔ အေဖာ္ရေအာင္လို႔ "

" အမေလး... မုန႔္ကို မလိုတာ အိငယ္ေရ... သင္း လာပါလိမ့္မယ္ ေခ်ာင္းေပါက္မတတ္... အခုေတာင္ ေက်ာင္းမတက္ဘဲ လိုက္လာမယ္လုပ္ေနလို႔ ၾကက္ေမႊးနဲ႔ ေျခာက္ခဲ့ရေသးတယ္... သူ ရိန္ရိန္းကို ေတာ္ေတာ္ဓာတ္က်ေနပုံရတယ္... ဘာတဲ့... ရိန္ရိန္း ေက်ာင္းနာမည္က... သူ မနက္က အဲ့နာမည္ကို ပါးစပ္ကကို မခ်ဘူးေျပာေနတာ... နာမည္က ခပ္ဆန္းဆန္းေလးပါ... ဘာဆိုလား "

" မုန္တိုင္း "

​" ေအးေအး ဟုတ္တယ္ "

" ေရာက္ပါၿပီ... အန္တီအိငယ္... အန္တီတို႔ ေအာက္ ဆင္းဦးမလား "

ေဒၚအိငယ္တို႔ စကားေကာင္းေနၾကတုန္း ဒ႐ိုင္ဘာေကာင္ေလးက သူတို႔ရွိရာ ေနာက္ခုံဘက္ တစ္ခ်က္လွည့္ၾကည့္ရင္း ႐ို႐ိုက်ိဳးက်ိဳးေလးဆိုလာေတာ့မွ ႏွစ္ေယာက္သား စကားစျပတ္ေတာ့သည္ ။ စကားတေျပာေျပာႏွင့္ လာလိုက္တာ ေရာက္လို႔ေရာက္မွန္းေတာင္ သတိမထားမိၾက ။

" မဆင္းေတာ့ဘူး ဖိုးလုံးေရ... မင္း အစ္ကိုေလးကို မင္းပဲ သြားေခၚလိုက္ပါေတာ့... အခန္းက သုံးလႊာမွာဆိုေတာ့ အန္တီက တက္ႏိုင္မယ္ မထင္ဘူး... အခန္းက ၄၁၆ ေနာ္ "

" ဟုတ္ကဲ့ အန္တီအိငယ္ "

ေဒၚအိငယ္သည္ ႏွလုံးေရာဂါသမားျဖစ္တာေၾကာင့္ အေမာမခံႏိုင္၍ ဒ႐ိုင္ဘာေကာင္ေလးကိုသာ အကူအညီေတာင္းလိုက္ရသည္ ။ ေဒၚအိငယ္ စကားဆုံးလွ်င္ဆုံးခ်င္း ဒ႐ိုင္ဘာေလးက တိုက္ခန္းဘက္ ခပ္သုတ္သုတ္ဆင္းသြားၿပီး မုန္တိုင္းကို သြားေခၚေလသည္ ။

~ ေဒါက္ ေဒါက္

တံခါးေခါက္သံၾကား၍ မုန္တိုင္း တံခါးဆီ အေျပးေလးသြားလိုက္သည္ ။ အိမ္ကို လူႀကီးေတြလာမည္ဆို၍ မုန္တိုင္း ဧည့္ခန္းထဲ ထိုင္ေစာင့္ေနသည္မွာ အေတာ္ပင္ၾကာၿပီ ။

" မဂၤလာပါ အစ္ကိုေလး... ေအာက္မွာ အန္တီအိတို႔ ေစာင့္ေနပါတယ္... အစ္ကိုေလး အဆင္သင့္ျဖစ္ရင္ ဆင္းလာလို႔ရပါၿပီ "

တံခါးဖြင့္လိုက္သည္ႏွင့္ အမ်ိဳးသားတစ္ဦးက သူ႔ကို 'အစ္ကိုေလး ' ခ်င္း အက္ေၾကာင္းထပ္ေအာင္ေခၚရင္း ယဥ္ေက်း က်ိဳးႏြံစြာ ဆက္ဆံေလေတာ့ မုန္တိုင္း အေနရခက္သြားသည္ ။ ပုံမွန္ဆို သည္လိုအျပဳအမူ ၊ သည္လို အသုံးအႏႈန္းမ်ားကို သုံးႏႈန္းရသူမွာ သူခ်ည္းသာျဖစ္ခဲ့ရ၍ မုန္တိုင္း စိတ္ထဲ ထိုအလွည့္အေျပာင္းအေပၚ မဝံ့မရဲေလးျဖစ္ေနမိသည္ ။

" ဟုတ္... ကြၽန္ေတာ္ အဆင္သင့္ျဖစ္တာ ၾကာပါၿပီ "

မုန္တိုင္း ယဥ္ယဥ္ေက်းေက်းေလး ေျပာလိုက္ေတာ့ ထိုအမ်ိဳးသားက က်ိဳးႏြံစြာ ျပန္လည္ ၿပဳံးျပရင္း ကားဆီကို ေခၚသြားသည္ ။

" အိငယ္... နင္ မေန႔ညက သားနဲ႔ သြားေတြ႕ေတာ့ သုံးလႊာထိ တက္သြားတာလား "

" ေအး... မေန႔ညက သားေဇာနဲ႔ဆိုေတာ့ ဘယ္ႏွလႊာထိတက္ခဲ့မိမွန္းေတာင္ မသိပါဘူးဟယ္... အျပန္ဆင္းေတာ့မွ ငါ့ ရင္ဘတ္ေတြ ေအာင့္လိုက္တာဆိုတာ... သားေလးကို ျမင္ၿပီး ငိုမိလိုက္လို႔ေရာပါမယ္ ထင္တယ္... အစ္ကိုကလည္း ငါေလွကားေတြ တက္လာမိတာကို သတိမထားမိရေကာင္းလားဆိုၿပီး သူ႔ကိုယ္သူ အျပစ္ေတြတင္... သားကလည္း သူ႔ေၾကာင့္ ဒီလို ျဖစ္ရတယ္ဆိုၿပီး သူ႔ကိုယ္သူ အျပစ္ျပန္တင္နဲ႔ တိုက္ခန္းေရွ႕မွာ သုံးေယာက္သား ေယာက္ယက္ေတြခတ္ေနၾကတာ... ည ၁၂ နာရီေလာက္ႀကီးကို ... "

ကားနားေရာက္ေတာ့ ေဒၚအိငယ္ႏွင့္ အမ်ိဳးသမီးတစ္ဦး စကားေျပာေနၾကတာကို မုန္တိုင္း နားစြန္နားဖ်ား ၾကားရ၏။

မေန႔ညက အျဖစ္အပ်က္မ်ားအား ျပန္လည္ ေျပာျပေနေသာ ေဒၚအိငယ္၏ အသံတြင္ ေပ်ာ္႐ႊင္ၾကည္ႏူးမႈ မ်ား ဖိတ္လွ်ံေနသည္ကို ခံစားမိေတာ့ မုန္တိုင္း ႏႈတ္ခမ္းတစ္စုံသည္ လွလွပပ ေကြးၫြတ္သြားသည္ ။ သားအရင္း မဟုတ္သည့္တိုင္ မုန္တိုင္း ေဒၚအိငယ္၏ မိခင္ေမတၱာကို ေကာင္းေကာင္းႀကီး ခံစားမိပါသည္ ။

ေဒၚအိငယ္သည္ စကားေျပာေနရင္း မုန္တိုင္း ကားနားေရာက္လာတာ ျမင္ေတာ့ ကားမွန္တံခါးကို ကမန္းကတမ္းဖြင့္လိုက္ၿပီး

" သားေလး... ေရာက္လာၿပီ " ဟုဆိုကာ မုန္တိုင္းကို ႏႈတ္ဆက္သည္ ​။ မ်က္ႏွာေလးကလည္း ၿပဳံးလို႔ပါပင္။

" ဟုတ္ကဲ့ အန္တီ "

ထို စကားကို ၾကားေတာ့ ၿပဳံးေနေသာ ေဒၚအိငယ္ မ်က္ႏွာေလး ကြက္ခနဲ ပ်က္သြားသည္ ။

ဟုတ္သား။ ဘယ္အေမကမ်ား ကိုယ့္သားသမီးဆီကေန 'အန္တီ' ဆိုတဲ့ သူစိမ္းဆန္တဲ့ အသုံးမ်ိဳးကို ၾကားခ်င္ပါ့မလဲ ။

" ကြၽန္ေတာ္ ေမေမ့ကို မနက္တည္းက ေစာင့္ေနတာ... ကြၽန္ေတာ္ အေရွ႕ခန္းမွာပဲ ထိုင္လိုက္ေတာ့မယ္ေနာ္ ဧည့္သည္လည္းပါတယ္ဆိုေတာ့ ေမေမတို႔ ေအးေအးေဆးေဆး စကားေျပာလို႔ရေအာင္"

မုန္တိုင္း ခ်က္ခ်င္းပဲ အလိုက္သိစြာ အေခၚအေဝၚေလးကိုျပင္လိုက္ေတာ့မွ ေဒၚအိငယ္ မ်က္ႏွာေလး ျပန္လည္႐ႊင္လန္းလာေတာ့သည္ ။

မုန္တိုင္းရင္ထဲတြင္လည္း ေဒၚအိငယ္ႏွင့္ထပ္တူ တသိမ့္သိမ့္ ၾကည္ႏူးေနမိသည္ ။
ထိုနာမ္စားေလးအား လူတစ္ေယာက္ကို ေခၚဖူးတာ ဒါ မုန္တိုင္းဘဝရဲ႕ ပထမဆုံးအႀကိမ္ျဖစ္သည္ ။ ' အေမ ' တဲ့ သိပ္ကို ေခၚလို႔ေကာင္းတာပဲ ။

ကားစထြက္ေတာ့ ေမေမႏွင့္ ေမေမ့သူငယ္ခ်င္းတို႔သည္ မုန္တိုင္းကို ရိန္ရိန္းအေၾကာင္း ေရွးေဟာင္းေႏွာင္းျဖစ္ေလးမ်ား ျပန္ေျပာျပၾကသည္ ။
တိုက္ဆိုင္ခ်င္ေတာ့ ကားေပၚပါလာေသာ ေမေမ့သူငယ္ခ်င္းမွာ သက္တန႔္၏အေမျဖစ္ေန၍ သူတို႔ ေျပာစကားမ်ားထဲတြင္ သက္တန႔္ အေၾကာင္းသည္လည္း မပါမျဖစ္ ။

" ဒီဆိုင္က သက္တန႔္ဝယ္ေနၾကဆိုင္ ေလ... အဝတ္အစား brand ေတြ ေတာ္ေတာ္စုံတယ္ေျပာတယ္သားရဲ႕... သားႀကိဳက္တာေ႐ြး... ေမေမခ်ိဳ ဝယ္ေပးမယ္ "

" အယ္... ခ်ိဳသက္ကလည္း မဟုတ္တာ... ငါရွင္းပါ့မယ္... "

" နင္ရွင္းခ်င္ရင္ တျခားအသုံးအေဆာင္ေတြဝယ္မွ ရွင္း... ငါ့သားေလးကို အဝတ္အစားဝယ္ေပးဖို႔ မနက္တည္းက စဥ္းစားထားၿပီးသား.. ... ငါ့ကို လာမတားနဲ႔ ... လာ သားေလး ဟိုဘက္မွာ ဆိုင္ရွင္ရွိတယ္... သူ႔ကို ေ႐ြးခိုင္းၾကစို႔ "

ကုန္တိုက္ေရာက္ေတာ့ ေမေမႏွင့္ ေရာင္ေလးအေမ ေမေမခ်ိဳ တို႔က မုန္တိုင္းအတြက္ ေကာင္းေပ့ဆိုေသာ အသုံးအေဆာင္မ်ားကို အလုအယက္ဝယ္ေပးၾကသည္ ။

ေမေမပိုင္ေသာ ကုန္တိုက္ျဖစ္၍ ဆိုင္ရွင္မ်ား ကလည္း ဖလွဲတကင္းရွိလြန္းတာေၾကာင့္ မုန္တိုင္း အားပင္နာရသည္ ။
ဝယ္ေပးလိုက္သည့္ အသုံးအေဆာင္ အဝတ္အစားေတြဆိုတာကလည္း မနည္းမေနာ ။
ဒါေတာင္ ေမေမက အားမရဘဲ မုန္တိုင္းအတြက္ လိုအပ္ေသာ ပစၥည္းမ်ားကို ထပ္မွာထားေသးသည္ ။

" အဝတ္အစားနဲ႔ အသုံးအေဆာင္ေတြဝယ္တာကို ဒီေန႔ဒီေလာက္နဲ႔ နားၾကမလား... ေန႔လည္ ၂ နာရီက်ရင္ သား အခန္း Decoration လုပ္ဖို႔ Decoration သမားေတြနဲ႔ ခ်ိန္းထားလို႔... အခု restaurant တစ္ခုခုမွာ lunch စားၿပီးရင္ အိမ္ျပန္စို႔ေလ "

​" ေမေမ့သေဘာပါ... သား က ဘယ္လို လုပ္လုပ္အဆင္ေျပပါတယ္... အခုေတာင္ အသုံးအေဆာင္ေတြက ေတာ္ေတာ္မ်ားေနၿပီ... အဝတ္အစားေတြေရာ "

ဝယ္ထားတာေတြက မ်ားလြန္း၍ ကားပါကင္ဆီ ေစ်းျခင္းလွည္းေလးေတြ အေျပးအလႊားတြန္းေနေသာ ကုန္တိုက္က ဝန္ထမ္းေကာင္မေလးမ်ားကို မုန္တိုင္း
ၾကည့္ရင္း ေျပာလိုက္ေတာ့ ေမေမက

" ဘယ္ကမ်ားရမွာလဲ သားရဲ႕... လိုေတာင္ လိုေသးတယ္... ေမေမ့မွာ သားအတြက္ ျပင္ဆင္စရာေတြကို အမ်ားႀကီးပဲ... သားေလးက အခု HL group ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူ ျဖစ္ေနၿပီ... သားကို ျမင္လိုက္တာနဲ႔ လူေတြ ရွိန္သြားေအာင္ကို ေမေမက ျပင္ဆင္ေပးမွာ... သားေလး အရင္က ပင္ပန္းဆင္းရဲခဲ့သမွ်ကို ေမေမက အတိုးခ် ျဖည့္ဆည္းေပးမွာ... "


​" ေအးပါ... ျဖည့္ဆည္းတာ ေနာက္မွျဖည့္ဆည္း အခု ေန႔လည္စာ အရင္သြားစားရေအာင္... ငါ ဗိုက္ေတာ္ေတာ္ ဆာေနၿပီ... "

ေမေမက မုန္တိုင္းကို ၾကည့္ကာ အေလးအနက္ထားေျပာေနတုန္း ႐ုတ္တရတ္ ေျပာလိုက္ေသာ ေမေမခ်ိဳ႕ စကားေၾကာင့္ မုန္တိုင္း ၿပဳံးတုံ႔တုံ႔ေလးျဖစ္သြားမိသည္ ။

ေမေမခ်ိဳသည္ ေရာင္ေလးအေမဆိုသည့္အတိုင္း တကယ္ေရာင္ေလးႏွင့္ ခြၽတ္စြပ္ပါပင္ ။
စကားေျပာပုံေလးေတြေရာ ၊ ခ်စ္ဖို႔ေကာင္းတာေလးေတြေရာအကုန္ တေထရာတည္းျဖစ္သည္။

" ေအာ္... ေနာက္ၿပီး ညပြဲက်ရင္ သားေလး ဝတ္ဖို႔ ဝတ္စုံ မဝယ္ရေသးဘူးေနာ္... အဲ့တာ မေမ့နဲ႔ဦး "

" အာ... ဟုတ္သားပဲ ခ်ိဳသက္ရယ္ နင္သတိေပးလို႔သာေပါ့... ငါ တကယ္သတိမရဘူး... ဝတ္စုံကိစၥကို... နင္ ဆိုင္ေကာင္းေကာင္း သိတာရွိလား... လုပ္ပါဦး "

" ရွိပါ့ ရွိပါ့... ၿမိဳ႕ထဲမွာ အေမာင္ သက္တန႔္ ဝယ္ေနၾက အေနာက္တိုင္း suit ဆိုင္တစ္ဆိုင္ရွိတယ္ ငါ အခု ဖုန္းဆက္ booking ခ်ိတ္လိုက္မယ္... "

ေမေမခ်ိဳက ေျပာေျပာဆိုဆိုႏွင့္ ဆိုင္ကို ဖုန္းလွမ္းဆက္သည္ ။
ၿပီးေနာက္ ကုန္တိုက္ အေပၚထပ္က Cafe' တစ္ခုမွာ ေန႔လည္စားစားၿပီး သားအမိသုံးေယာက္ ဝတ္စုံဆိုင္ တန္းသြားလိုက္ၾကသည္ ။

ဆိုင္ေရာက္ေတာ့ ထုံးစံ အတိုင္း ေမေမႏွင့္ ေမေမခ်ိဳက မုန္တိုင္းကို အဝတ္အစားေ႐ြးေပးသည္ ။ မုန္တိုင္းကေတာ့ နဂိုထဲက ပကာသနေတြ အေလးထားသူမဟုတ္၍ အေမႏွစ္ေယာက္ ေ႐ြးတဲ့ ဝတ္စုံေတြကိုသာ အထြန႔္မတက္ဘဲ တစ္စုံၿပီး တစ္စုံ ဝတ္ၾကည့္ေပးေနလိုက္သည္ ။

" ဒီႏွစ္စုံက သားနဲ႔ ေတာ္ေတာ္လိုက္တယ္... သား ဘယ္ဟာ ႀကိဳက္လဲ... အျဖဴေလးလား.. ဒီဘက္က နက္ျပာေလးလား "

ေမေမက suit ႏွစ္စုံကို မုန္တိုင္းေရွ႕ ေျမႇာက္ျပရင္း ဆိုေလေတာ့ ေမခ်ိဳက

" ေမေမခ်ိဳကေတာ့ နက္ျပာေလး ႀကိဳက္တယ္ ဒီဇိုင္းေလးက classic ဆန္လို႔ "

" ခ်ိဳသက္ နင္က နက္ျပာႀကိဳက္တာလား... ငါေတာ့ အျဖဴပိုလွ သလားလို႔... အျဖဴဆိုေတာ့ ညဆို ထင္းေနမွာ... ဒါေပမယ့္ သားသေဘာပါ... သား ဘယ္တစ္ခုႀကိဳက္လဲ.. "

အေမႏွစ္ေယာက္က အႀကိဳက္တစ္ေယာက္တစ္မ်ိဳးျဖစ္ေန၍ မုန္တိုင္း ေ႐ြးရမွာ ခပ္ခက္ခက္ျဖစ္ေနသည္ ။ ေ႐ြးမရသည့္အဆုံး

" ဟို... အျဖဴတစ္ခုနဲ႔ အဆင္ေျပမယ္ထင္တယ္ "

မုန္တိုင္း ေမေမစိတ္ခ်မ္းသာသြားေအာင္ ေမေမ့အႀကိဳက္ကိုလိုက္လိုက္ေတာ့ ေမေမခ်ိဳက ၿပဳံးရင္း

" သားက အေမနဲ႔အႀကိဳက္တူတာပဲ... ေမေမခ်ိဳေတာ့ ဒါေလး သက္တန႔္ အတြက္ ဝယ္သြားဦးမယ္... ညပြဲ က် ဝတ္ရေအာင္...သမီးေရ... ဒီအျဖဴေလးရယ္ ေနာက္ၿပီး ဒီနက္ျပာထဲက medium size တစ္စုံရယ္ ထုတ္ေပးပါေနာ္ "

ဝန္ထမ္းေကာင္မေလးထံ ေမေမခ်ိဳသက္တန႔္အတြက္ အက်ႌမွာေနစဥ္ မုန္တိုင္း စိတ္ထဲေနာင္တ အႀကီးအက်ယ္ရေနမိသည္ ။
အေစာထဲက နက္ျပာေလး ေ႐ြးလိုက္မိရင္ အေကာင္းသား ။

အေရာင္းဝန္ထမ္းေကာင္မေလး ေကာင္တာဘက္ မသြားခင္ သူ႔ဝတ္စုံကို ေျပာင္းမွာဖို႔အတြက္ မုန္တိုင္း အသည္းအသန္ စဥ္းစားေနမိသည္ ။
ဘယ္လို ေျပာရပါ့မလဲ။

" ေမေမ... ဟို...ကြၽန္ေတာ္ အခုမွ စဥ္းစားမိတယ္... အျဖဴဆိုရင္ အညစ္အေပ သိပ္မခံဘူး... ပြဲတြင္း ျဖစ္ျဖစ္ ပြဲမတိုင္ခင္ျဖစ္ျဖစ္ မေတာ္တဆ တစ္ခုခု စြန္းသြားရင္ အဆင္မေျပဘူးဆိုေတာ့... ကြၽန္ေတာ္လည္း နက္ျပာပဲ ယူလိုက္မယ္ေနာ္"

" သားက ဒီည မင္းသားေလးလို ေနရမွာဆိုေတာ့ စြန္းတာ ထင္းတာျဖစ္မယ့္ အေျခအေနေတာ့ မရွိေလာက္ဘူး ထင္တာပဲ... သား အျဖဴႀကိဳက္တယ္ဆို အျဖဴပဲ ယူပါ... က်န္တာ မစဥ္းစားနဲ႔ "

ေမေမ့ စကားေၾကာင့္ မုန္တိုင္း စိတ္ညစ္သြားသည္ ။ ဘယ္လိုလုပ္ရပါ့ ။

" ဟို... အဟမ္း... အဲ့တာဆို ေမေမခ်ိဳလည္း အျဖဴပဲယူရင္ယူလိုက္ေလ... နက္ျပာက အေရာင္မမႈိင္းဘူလား ညပြဲဆိုေတာ့ "

မုန္တိုင္း ေမေမခ်ိဳ႕ကို ၾကည့္ကာ ဆိုလိုက္ေတာ့ ေမေမက အထာနပ္စြာ ၿပဳံးလိုက္ၿပီး

" အာ... လတ္စသတ္ေတာ့ သားက သားငယ္ေလးနဲ႔ ဆင္တူ ဝတ္ခ်င္ေနတာပဲ... အင္း အင္း သား သေဘာ... သား သေဘာ... ခ်ိဳသက္ေရ နင္လည္း သားေျပာသလို အျဖဴပဲ ယူလိုက္ေတာ့... ငါလည္း အျဖဴပို ႀကိဳက္တယ္ "

" အာ... အဲ့လို မဟုတ္... "

" သမီးေရ အေစာက နက္ျပာ တစ္စုံ cancel မယ္... အျဖဴကိုပဲ medium တစ္စုံ large တစ္စုံ ယူမယ္ေနာ္... ဆင္တူကိုမွ တစ္ေထရာတည္းတူတာေလး ထည့္ေပးေနာ္... အန္တီ့သားေလးႏွစ္ေယာက္အတြက္ "

မုန္တိုင္း ျငင္းဖို႔ ျပင္လိုက္ေပမယ့္ ေမေမက စကားကို အစ မခံ ။ ၿပဳံးတုံ႔တုံ႔ႏွင့္ ေကာင္တာဘက္က ေကာင္မေလးကို ဝတ္စုံလွမ္းမွာရင္း ထြက္သြား၍ မုန္တိုင္း ရွက္သြားကာ မ်က္ႏွာမ်ားပင္ ပူလာသည္ ။ ေမေမကေတာ့ တကယ္ကို အကဲခတ္ကြၽမ္းတာပင္။

************************************
TBC ...

သတင္းေကာင္းေလးနဲ႔ အတူ ျပန္လာပါၿပီရွင္ ။ အိမ္က ညီမေလးက ေဆးစစ္တာ negative ဆိုေတာ့ အခု ေရာင္ျခည္တို႔ တစ္မိသားစုလုံး အႏၲရာယ္ကင္းကင္းနဲ႔ Home Quarantine ပဲ ဝင္ရင္ကို အဆင္ေျပပါၿပီတဲ့ ။ Fic update လို႔ရတဲ့ အေျခအေနေရာက္ၿပီဆိုေတာ့ အခ်စ္ကေလးတို႔အတြက္ ေရာင္ျခည္ အရင္လိုပဲ ပုံမွန္ေလး update ေပးပါေတာ့မယ္ ဟီးဟီး😗
ေနာက္ၿပီး အရင္တစ္ပတ္တုန္းက စိတ္ပူေပးတဲ့ Sunny ေတြအကုန္လုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ။ အလုပ္ရႈပ္ေနခဲ့လို႔ reply မျပန္မိတာကိုလည္း ခြင့္လႊတ္ေပးပါ ။cmt ေလးေတြျမင္ၿပီး ေရာင္ျခည္ panic ျဖစ္ေနတဲ့ ကာလမွာ တကယ္ကို အားတက္ေစပါတယ္ ။ အမ်ားႀကီး ခ်စ္တယ္ ❤️

**************************************

Continue Reading

You'll Also Like

21.5K 1.7K 26
(unicode) ဖြူစင်တဲ့မေတ္တာတစ်ခုက တသိမ့်သိမ့်စီးဆင်းပြီး မြတ်နိုးရိပ်တွေ ပြည့်နှက်နေတယ်။ ဒါက ဘာသဘောလဲ ရောင်းရင်းအပေါ် ကျုပ်ဒီလို မေတ္တာမျိုး ထားလို့ ဖြ...
25.7K 1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022
1.7M 70.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
12.6K 641 50
Zawgyi## " ငါ့အခ်စ္ကို ေမွ်ာ္လင့္ေနရတာ မပင္ပန္းဘူးလား" " မပင္ပန္းေစခ်င္ရင္... ငါ့ကိုျပန္ခ်စ္လိုက္ေတာ့ေလ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင...