Cactus

By hAnn63

68.4K 8.8K 464

"Be My Therese?" "Always" More

1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20 [Final]

5

2.8K 430 9
By hAnn63

"ခရီးတစ်ခုအတူသွားမယ်ဆိုတဲ့ သူ့ဘက်ကတောင်းဆိုချက်လေးရအောင်လုပ်ရမှာ"

Wendy စကားကို Seulgi ငြိမ်သက်ပြီးနားထောင်နေမိတယ်။ ညနောက်ကျမှ ပြန်ရောက်လာပေမယ့် သူမ ဘာမှ ချက်ပေးစရာမလိုတော့။ သူတို့ကတောင် သူမအတွက် ထမင်းပြင်ပေးထားသည်။ ထမင်းစားနေတဲ့ Seulgi ဘေးမှာထိုင်ရင်း Ma'am ကို ပြန်ပေးဆွဲသည့်အခါ ဘယ်လိုလုပ်ကြမလဲဆိုတာပါ တိုင်ပင်ဖြစ်ကြသည်။ ဒါဟာ သူမတို့ လည်ရင်လည်သလောက် အချိန်ခဏလေးပဲ ကြာမည့် အစီအစဉ်တစ်ခုပင်။

Ma'am နဲ့ ရင်းနှီးဖို့ကြိုးစားနေသည်မှာ Seulgi တစ်ယောက်တည်းဖြစ်သော်လည်း Ma'am ကို ရုံးချုပ်က ညွှန်ကြားလာမည့်နေရာဆီပို့မည့်အခါ၌ Wendy နှင့် SooYoung ဟာ အဓိက အရေးပါလာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် Ma'am ဟာ ရုံးချုပ်ကပဲ လိုချင်နေသည့်သူ မဟုတ်နိုင်။ ထိုအချက်ကို ရုံးချုပ်က ထည့်မပြောထားသော်ငြား Ma'am က များစွာတန်ဖိုးကြီးနေသည့်ပစ်မှတ်ဖြစ်သည့်အလျောက် လိုချင်သူများနေမည့် ပစ်မှတ်လဲဖြစ်နေလိမ့်မည်။ ဒါတွေကို Seulgi တို့သုံးယောက်က ကာကွယ်ရမည်။ အင်း .. ကိုယ်တိုင်ဖျက်ဆီးရမယ့်ပစ္စည်းကို အခြားဖျက်ဆီးသူတွေလက်ထဲက ကာကွယ်ရမှာ နည်းနည်းတော့ ခက်သည်မလား။

"ငါမနက်ဖြန် သူ့ဆီ ရှစ်နာရီလောက်အရောက်သွားရမယ်။ Personal chef ဖြစ်ပြီဆိုတော့ နောက်ပိုင်း သူ့အိမ်မှာနေခွင့်ရဖို့ပါ ငါကြိုးစားကြည့်မယ်"

Seulgi ပြောတော့ SooYoung က သက်ပြင်းရေးရေးချတယ်။

"သတိတော့ထားနော် Zeki သူက ဘယ်လိုလူမျိုးဆိုတာ ငါတို့မသိရသေးဘူး။ အရေးကြီးတာက သူငါတို့အပေါ် အရမ်းလိုက်လျောနေတယ်လို့ခံစားရတာပဲ"

SooYoung စကားကို Seulgi အပြည့်အဝထောက်ခံမိတယ်။ ဘာကြောင့်လဲဆိုတာ မသိသည့်တိုင် Ma'am ရဲ့ သူမတို့သုံးယောက်အပေါ် အပြစ်မမြင်မှုက ကြီးလွန်းနေသည်။

ထိုညကလည်း Seulgi တို့သုံးယောက် Ma'am အကြောင်းပြောရင်းနဲ့ပဲ အချိန်ကုန်ပြီး အိပ်ရာဝင်သွားကြရပြန်သည်။

🐆

မနက်ခင်းသည် Ma'am အိမ်တွင် ပို၍လှနေသယောင်ရှိသည်။ Seulgi မနေ့က ဝယ်လာတဲ့ ပေါင်မုန့်ကို ကြက်ဥနှင့်ကြော်၍ ကော်ဖီတစ်ခွက်ဖျော်ပေးထားလိုက်သည်။ မနက်စာလုပ်ရတာ သိပ်မကြာပေမယ့် Seulgi ရောက်လာတာ နောက်ကျသည်မို့ နာရီကိုကြည့်တော့ ကိုးနာရီထိုးနေပြီ။ Ma'am အခုထိ ဆင်းမလာသေး။

"အပေါ်ကိုတက်သွားလိုက်ရမလား ... မဖြစ်သေးပါဘူး"

တစ်ဦးတည်း လွန်ဆွဲနေသည်။ ကော်ဖီတွေအေးကုန်လျှင် ခက်ရော့မည်။ ခြေလှမ်းတွေဟာ အပေါ်တက်သည့်လှေကားကိုတက်သွားသည့်တိုင် ခြေသံလုံးဝမထွက်။ ဂျာကင်က ဇစ်နှစ်ခု ထိမိသည့်အသံသာ တစ်ချက်တစ်ချက်ထွက်လို့လာသည်။ အပေါ်ထပ်တွင် အလုပ်ခန်းဟုထင်ရသည့်အခန်းနှင့် Ma'am အိပ်ခန်း နှစ်ခန်းသာရှိပုံပေါ်သည်။ အခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်သည်။

"Ma'am"

လက်ကိုအားစိုက်၍ အသံကိုခပ်ကျယ်ကျယ်ထွက်စေကာ တံခါးထပ်ခေါက်လိုက်သည်။

"Ma'am"

လေးငါးကြိမ်မျှ ထပ်ခေါ်သော်လည်း အထဲက ဘာသံမှမကြားရပါ။ Ma'am သည် အိပ်ပျော်နေလျှင်တောင် ယခုထိ အိပ်မောကျပြီးအိပ်နိုင်မည့်သူ မဖြစ်နိုင်။ တစ်ခုခုများဖြစ်နေသလား ..

ထိုသို့တွေးမိသည့်အခါ ရင်ဘတ်ထဲမှ သွေးကြောအချို့သည် သိမ့်ခနဲခါသွားကြသည်။ ဂျာကင်အိတ်ကပ်ထဲမှာ ထည့်ထားလေ့ရှိတဲ့ pin ကိုထုတ်ပြီး ကြေးစားလူသတ်သမားပီပီ တံခါးကို သော့အကူအညီမပါပဲ ဖွင့်လိုက်နိုင်သည်။

"Ma'am"

အိပ်နေဆဲဖြစ်သည့် ကုတင်ပေါ်က သူ့ကိုမြင်တော့ Seulgi ခပ်တိုးတိုးခေါ်ပြီး အနားသို့ကပ်သွားလိုက်သည်။ စောင်ကိုရင်ဘတ်အထိဆွဲတင်ထားသည့် Ma'am ၏ နဖူး၌ ချွေးစအချို့ရှိနေသည်။ အဲကွန်းဖွင့်ထားသည့်တိုင် ယခုလိုချွေးထွက်နေသည့်အခါ Ma'am ဖျားနေပြီဆိုတာ Seulgi သိလိုက်တယ်။

"Ma'am .."

"ဟင်းးး... Seulgi"

အယောင်ယောင်အမှားမှား Seulgi ကို သိမ်းကြုံးဖက်လိုက်သည့် Ma'am သည် Seulgi ကို လူမှားနေတာမဟုတ်တာတော့သေချာပါသည်။ Seulgi သူ့ကို ပြန်လှဲစေလိုက်ပြီး မိမိဂျာကင်ကို အရင်ချွတ်လိုက်သည်။ ထို့နောက်တော့ ဘောင်းဘီထဲ တစ်ဝက်ထည့်ဝတ်ထားသည့် အင်္ကျီအပါးကို သက်တောင့်သက်သာဖြစ်စေရန် အပြင်သို့ အကုန်ထုတ်လိုက်သည်။

"Ma'am ဖျားနေတယ်။ ကျွန်မ အဖျားကျအောင်လုပ်ပေးမယ်နော်"

Seulgi ပြောတော့ သူက ခေါင်းကို ခပ်ဖြေးဖြေးညိတ်ပြသည်။ အရင်ဆုံး ချွေးထွက်လွန်နေလျှင် ထပ်ပြီးအအေးပက်မည်စိုး၍ အဝတ်လဲပေးဖို့ တွေးလိုက်သည်။ သို့သော် ထိုအတွေးအဆုံး Seulgi တောင့်ခဲသွားသည်။ Ma'am ကို အဝတ်အစားလဲပေးဖို့က ..

"Ma'am ရဲ့ အလုပ်သမားကောင်မလေးက ဘယ်အချိန်ရောက်မှာလဲ"

"အဝတ်အစားမလဲလို့ဖြစ်ပါတယ်။ တို့ကို ဟိုစားပွဲထဲက ဆေးယူပေးရင်ရပြီ Seulgi"

Ma'am ဟာ Seulgi ဘာဖြစ်နေလဲသိသည့်အတိုင်း ပြောလာသည်။ သူပြောသည့်အတိုင်း အမြန်ပင် ဆေးဘူးယူပေးပြီး သူ့ကို ထိုင်စေလိုက်သည်။ ခပ်ပါးပါးအင်္ကျီအစိမ်းရောင်၏အောက်တွင် မနေ့ညကလို အနက်ရောင်အောက်ခံမရှိနေတော့။ Seulgi သွေးကြောများ ရှိန်းခနဲဖြစ်သွားသည်။ မျက်တောင်များအား ဆက်တိုက်ခတ်မိပြီး တစ်ဖက်သို့မျက်နှာလွှဲလိုက်မိသည့်အခါ အရင်အကြိမ်တွေတုန်းက Ma'am ၏ ရှက်စိတ်ကို နားလည်မိသွားသည်။ 

"အောက်ကပဲစောင့်နေပေးနော် ဆေးသောက်ပြီးပြီဆိုတော့ တို့အဆင်ပြေသွားပါလိမ့်မယ်။ ဒီလိုမျိုးကဖြစ်နေကျမို့ ခဏပါပဲ"

သူ့ကို လှည့်မကြည့်တော့ပဲ Seulgi အောက်ထပ်ကိုပြေးဆင်းလာလိုက်သည်။ အေးကုန်တဲ့ ကော်ဖီတွေကိုထပ်ဖျော်ဖို့လုပ်ရင်း Ma'am ၏ အလှတရားတို့အား အမြင်အာရုံတွင် ဖျောက်၍မရဖြစ်နေသည်။

"Shit"

ကိုင်းခွက်ထဲသို့ ကော်ဖီပူပူတွေငှဲ့ရင်း Seulgi ဆဲလိုက်တယ်။ Ma'am ဟာ ရေချိုးပြီးမှဆင်းလာပုံပေါ်သည်။ သို့သော် မြင်နေကျ အလုပ်တက်သည့်ဝတ်စုံနှင့်မဟုတ်ပဲ အိမ်ဝတ် အဝတ်အစားနှင့်သာဖြစ်သည်။

"တို့ ရုံးမတက်တော့ဘူး Seulgi မင်း ရုံးကိုမသွားပဲ အိမ်ပြန်နားလို့ရပါတယ်။ မင်းအလုပ်က အစားအသောက်အတွက်ပဲဖြစ်နေပြီဆိုတော့ နေ့ခင်းမှ တစ်ခေါက်ထပ်လာခဲ့ပါ"

သူက စားပွဲမှာဝင်ထိုင်ရင်းပြောနေသည်။ နှုတ်ခမ်းတို့သည် မြင်ဖူးနေကျအတိုင်းမဟုတ်ပဲ အဖျားအရှိန်ကြောင့် အနည်းငယ်ဖြူလျော့နေသည်။ အစကတော့ မေမေ့ဆီ ခဏပြန်ဖို့လုပ်ထားသည်။

"ကျွန်မ ညကျမှပဲပြန်ပါ့မယ်။ Ma'am ကိုထားခဲ့ရမှာ စိတ်မချလို့"

Ma'am ၏ မျက်ဝန်းတို့သည် ပထမဆုံးအကြိမ် Seulgi ကို မေးခွန်းများစွာထုတ်နေသလိုခံစားရပါသည်။ ကြေကွဲဆို့နင့်နေပြီး တစ်ခုခုကို ပေါက်ကွဲပစ်ချင်နေသည့် မျက်ဝန်းတွေဖြစ်သည်။

"ရှင့်ဘဝမှာ အမှားလို့ခံစားမိတဲ့ လုပ်ရပ်မျိုး လုပ်ဖူးလား Seulgi"

Ma'am မေးခွန်းကို Seulgi ဆေးပြီးသားကော်ဖီခွက်ကို စင်ပေါ်ပြန်တင်ရင်း ခေါင်းခါပြလိုက်သည်။ ထို့နောက်မှ စားပွဲမှာထိုင်ကာ

"မရှိဘူး Ma'am ကျွန်မလုပ်ခဲ့သမျှမှာ အမှားဆိုတာမရှိသေးဘူး။ ဂေဟာကထွက်ပြေးလာတာကစလို့ အခု Ma'am အတွက် အစားအသောက်တွေလုပ်ပေးနေတဲ့အထိပေါ့"

Ma'am မျက်ဝန်းတွေ တင်းမာသွားသည်ဟု ထင်သည်။ Ma'am ဘာဖြစ်နေသလဲဆိုတာ Seulgi မသိပါ။ သူအခုဖြစ်နေတာဟာ Seulgi ကြောင့်များလားဟုပင် သံသယဝင်မိရသည်။ Ma'am သူမတို့ရဲ့ Mission ကို ရိပ်မိသွားတာများလား။

"တို့ လွန်ခဲ့တဲ့ သုံးရက်ကတင် အသတ်ခံရမလိုဖြစ်သေးတယ်"

သူ့စကားကိုကြားတော့ Seulgi စိတ်ထဲလှုပ်လှုပ်ရှားရှားဖြစ်သွားပေမယ့် အပြင်မှာတော့ မျက်တောင်တစ်ချက်ခတ်၍သာ Ma'am ကိုကြည့်နေမိသည်။ မဟုတ်သေး .. အံ့ဩပြရမှာပဲ။

"ဟင် .. တကယ်လား Ma'am ဘယ်လိုဖြစ်တာလဲ။ ရဲကိုမတိုင်ဘူးလား"

Seulgi မေးတော့ သူက ခပ်ဖွဖွပြုံးတယ်။ သူ့အပြုံးဟာ အားနည်းနေသည့်တိုင် လှနေသေးသည်။

"ဖြစ်နေကျပဲလေ။ တို့ကို တို့အဖေက သူ့စီးပွါးရေးကွန်ယက်ထဲ ဆွဲထည့်လိုက်တည်းက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေဖြစ်တာ။ အဲ့တည်းက အဲ့မိသားစုနဲ့ မနေချင်တော့လို့ ထွက်လာလိုက်တော့ အခြေအနေတွေတည်ငြိမ်သွားတယ်။ ဒါပေမယ့် .."

Ma'am က ဆက်ပြောဖို့ ကြောက်ရွံ့နေဟန်ရှိသည်။ Seulgi ကျူးကျူးကျော်ကျော်နဲ့ စားပွဲပေါ်တင်ထားတဲ့ သူ့လက်ဖဝါးတွေကို အုပ်မိုးကိုင်လိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး ကျွန်မရှိတယ်"

ထိုစကားသည် Seulgi လို သူ့အနားသို့ ကလိမ်ကကျစ်ရည်ရွယ်ချက်ဖြင့်ကပ်လာသည့်သူက မပြောသင့်သည့်စကားဖြစ်သော်လည်း ပြောချင်စိတ်က များနေသည်။

"ဒါပေမယ့် အဖေဆုံးပြီးတော့ အဲ့လူတွေပြန်လိုက်လာကြတယ်။ သူတို့ တို့ကို ဘာကြောင့်လိုက်နေမှန်း တို့မသိဘူး"

Seulgi စိတ်ထဲ မွန်းကျပ်သွားသည်။ ဒါဖြင့် Ma'am ဟာအသုံးချခံ ပစ်မှတ်တစ်ခုများလား။ သူကိုယ်တိုင်ဘာမှမသိပဲ ဒီအရှုပ်တွေထဲ ဝင်ပါနေရတာများလား။

"ထင်မိတဲ့ကိစ္စတွေရော မရှိဘူးလား Ma'am"

"အဖေ့အရှိန်အဝါက ကြောက်စရာကောင်းတယ်ဆိုတာတော့ တို့သိပါတယ်။ ဒါပေမယ့် အဲ့မိသားစုကနေ ထွက်လာတာကြာပြီမို့ တို့ဘာမှလိုက်မမှီဘူး။ အခုလုပ်ငန်းကလည်း အဖေသေတော့မှ တို့ နေရာဝင်ယူထားရတာမို့ တော်တော်ပင်ပန်းမိတယ်"

Ma'am ရဲ့အဖေကို အိမ်ပြန်ရောက်လျှင် စုံစမ်းကြည့်ဖို့ Seulgi စဉ်းစားထားလိုက်တယ်။

"နေလဲမကောင်းဘူးဆိုတော့ ဒီအကြောင်းတွေခဏထားလိုက်ပါဦး Ma'am အခု ပြန်အိပ်မလား? ကျွန်မနဲ့အတူ ဆေးခန်းသွားမလား"

Seulgi မေးတော့ သူက အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီးစဉ်းစားနေတယ်။ Ma'am က ဘာကြောင့်များ ဘာလုပ်လုပ် သိပ်လှရတာလဲနော်။

"ဂရုစိုက်ခံရတဲ့ခံစားချက်က တို့နဲ့တော်တော်စိမ်းတယ်။ ခံစားလို့တော့ကောင်းသားပဲ"

ပြန်ဖြေလာသည့်စကားဟာ မထင်ထားသည့်စကား။ Seulgi က သူ့ကို အရမ်းဂရုစိုက်ပြနေတာလဲမဟုတ်ရပါပဲ ခုလိုခံစားရအောင် Ma'am က ဘယ်လောက်များ အထီးကျန်နေခဲ့ရတာလဲ။ တစ်စုံတစ်ယောက်လောက်တောင် Ma'am ဆီမှာ မရှိခဲ့ဘူးပေါ့။

"Movie ကြည့်ရအောင်လေ Seulgi ဒါဆို တို့အပျင်းပြေလောက်ပါတယ်"

Seulgi မရောက်သေးသည့် Ma'am ဧည့်ခန်းထဲက Tv ကတော့ အတော်ကြီးသည်။

"ဘာကြည့်မလဲ ဟိုထဲမှာ အခွေတွေရှိတယ် ရှင်ပဲရွေးလိုက်"

Ma'am ဟာ အဖျားရှိသည့်ကလေးတစ်ယောက် လိုချင်တာ ဖြစ်ချင်တာပူဆာပြီး ပြောချင်ရာပြောနေသလိုပဲ။ Seulgi သူစိတ်ကျေနပ်လျှင်ပြီးရောဟုတွေးကာ တွေ့ကရာ အခွေကိုထုတ်၍ ထည့်ကြည့်လိုက်သည်။ ထို့နောက် ဆိုဖာအောက်မှာပဲ ဆိုဖာကိုမှီ၍ ထိုင်နေသည့် Ma'am ဘေးနားသို့သွားကာ ထိုင်လိုက်သည်။

"ခဏလေး မထိုင်နဲ့ဦး။ ရုပ်ရှင်ကြည့်မယ်ဆို အလင်းရောင်တွေအကုန်လျှော့ထားမှဖြစ်မယ်လေ လိုက်ကာတွေချလိုက်ပါလား"

စိတ်သိပ်မရှည်ပေမယ့် Seulgi ယခုထိ ဆွဲဆန့်ထားနိုင်ပါသေးသည်။ တစ်ခန်းလုံးအမှောင်ကျသွားသည့်အခါ Tv screen မှ မျက်နှာချင်းဆိုင်ထိုင်နေသည့် အမျိုးသမီးနှစ်ဦး၏မျက်နှာသည် ချောမောလှပစွာထွက်ပေါ်လာသည်။ ဒီလိုဆိုတော့လည်း Ma'am ပြောတာဟုတ်သားပဲ။

"Well. That's that. I love you"

Tv screen ပေါ်က အသက်ကြီးကြီးအမျိုးသမီးရဲ့ အသံက ပြတ်သားစွာထွက်ပေါ်လာသည်။ ဒါက အမျိုးသမီးနှစ်ဦးချစ်ကြိုက်သည့်ဇာတ်လမ်းပဲ။ Seulgi ဆိုဖာကိုမှီထိုင်နေရာကနေ ဒူးတုပ်၍ ဒူးပေါ်ကို မေးတင်ကာ ဇာတ်ကားကို ကြည့်နေမိသည်။ Ma'am ဟာလည်း အသက်ရှူရုံမျှသာ အသံထွက်ပြီး ဇာတ်ကားအပေါ်အာရုံစိုက်လျက်ရှိသည်။ ခပ်သဲ့သဲ့ကလေး Ma'am ကို စောင်းကြည့်တော့ Tv မှ အလင်းထင်ဟပ်နေသည့် Ma'am မျက်နှာနုနုဟာ လှချင်တိုင်းလှနေပြန်သည်။

မင်းသမီးကြီးသည် ညအိပ်ဝတ်စုံရဲ့ကြိုးကို ဖြေချလိုက်သည့်အခါ Ma'am ရော Seulgi ပါ နေရခက်သွားသည်မှာအမှန်။ မှန်ထဲတွင်မြင်နေရသည့် အမျိုးသမီးနှစ်ဦး၏ နမ်းနေသည့်ပုံရိပ်သည် Seulgi ရင်ဘတ်ထဲရှိ တစ်ခုခုကို ဆွဲထုတ်ယူနေသလိုခံစားရသည်။

"My Angel, flung out of space"

အနမ်းများကို မျက်စိစုံမှိတ်၍ ခံယူနေသည့် မိန်းမငယ်ကိုကြည့်၍ အမျိုးသမီးကြီးရေရွတ်သည့်အခါ Ma'am ဟာ အကြောင်းပြချက်မဲ့ Seulgi ပုခုံးဆီတိုးလာခဲ့သည်။ သူ မိမိ ပခုံးကိုမှီထားသည်လားဟု တွေးမိသည့်အခါ အသက်ရှူရခက်ခဲသွားပါသည်။

ဇာတ်လမ်းပြီးသွားသည့်အခါ ရင်ထဲ၌ မတင်မကျခံစားချက်တစ်ခု Seulgi ရရှိလိုက်သည်။

"Carol ကို တို့ သိပ်ကြိုက်တာလေ။ သူ့ဇာတ်ကောင်က အရမ်းပြည့်စုံလွန်းတယ်။ Cate Blanchett က Carol ဇာတ်ရုပ်အတွက် အရမ်းကွက်တိကျတာပဲ"

Ma'am စကားကို Seulgi လက်ခံမိသည်။ Carol ထဲက Carol ဟာ သိပ်စွဲမက်စရာပင်။ အမျိုးသမီးကြီးရဲ့ မိန်းမငယ်အပေါ်ထားသည့် မေတ္တာအတိမ်အနက်သည် ပင်လယ်ပြင်ကဲ့သို့နက်ရှိုင်းလွန်းသည်။

"ဒါပေမယ့် တို့ Therese Belivet ကို သနားတယ် သူ့အတွက်မတရားမှုတစ်ချို့ကို တို့ခံစားလို့ရနေတယ်"

Ma'am ဟာ ရုပ်ရှင်များအပေါ် ဤမျှထိခံစားတတ်လိမ့်မည်ဟု Seulgi မထင်ခဲ့။

"ဒါပေမယ့် သူသိပ်ကံကောင်းတယ်လေ Ma'am သတ္တိရှိတဲ့ချစ်သူကိုရလိုက်တာ။ လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့အခြားလူတစ်ယောက်ရဲ့ဘေးက ထွက်သွားနိုင်ဖို့ဆိုတာ သိပ်ချစ်မှရမှာ"

Seulgi စကားကို Ma'am က သိပ်သဘောကျပုံမပေါ်။ Seulgi ဘက်သို့ သူ့ခန္ဓာကိုယ်ကို အပြည့်လှည့်ထိုင်၍ Seulgi မျက်နှာကိုစေ့စေ့ကြည့်လာသည့်အခါ Seulgi နေရခက်စွာမျက်နှာလွှဲလိုက်မိသည်။

"တို့ကိုကြည့်"

ကျားသစ်တစ်ကောင်ဟာ သားကောင်ကို မဝံ့မရဲကြည့်နေတဲ့အခါမှာ လောကဘုံသည် တစ်ပတ်မျှ ဇောက်ထိုးလည်ပတ်သွားသည်။ ကြိုးကြာဖြူတစ်ကောင်အရှေ့မှာ ဝပ်ပြားနေမယ့် ကျားသစ်မတစ်ကောင်ကို မြင်ယောင်ကြည့်စမ်းပါလိမ့်။

"Therese ရဲ့ဘဝထဲကို Carol က အတင်းတိုးဝင်လာခဲ့တာမလား။ Therese ဟာ ငြင်းဆန်နိုင်မှုမရှိတဲ့အခါ အရှုံးပဲ Seulgi ဒါက တစ်စုံတစ်ယောက် ကိုယ့်ဘဝထဲ ရုတ်ချည်းဝင်လာပြီး သူ့ကိုလိုအပ်သွားပြီလို့ခံစားလိုက်ရတုန်းက တို့ သိသွားခဲ့တဲ့အရာပဲ"

Ma'am က ထိုခံစားချက်ကို မနှစ်မြို့နေသည့်ပုံပေါ်သည့်အခါ Seulgi ကြောက်ရွံ့မိသွားသည်။ သူ့ဘဝထဲ မည်သူက အတင်းတိုးဝင်ရဲလိမ့်မည်နည်း။ တစ်နည်း .. တိုးဝင်နိုင်လိမ့်မည်နည်း။

"ဒါပေမယ့် Ma'am .."

Seulgi ခပ်တိုးတိုးပြောတော့ Ma'am က 'ပြောလေ' ဆိုတဲ့ မျက်နှာမျိုးနဲ့ Seulgi ကိုကြည့်နေတယ်။

"Carol က လိုအပ်ချက်ပိုများတဲ့သူပါ"

"ဟင့်အင်း အဲ့ဒါမှားတယ်"

ရုပ်ရှင်တစ်ခုကိုငြင်းခုန်ရသည့်အခါ Seulgi ၏ ခံယူချက်နှင့် Ma'am ၏ ခံယူချက်တို့ များစွာကွဲပြားနေသည်ကို တွေ့ရှိရသည်။

"Carol မှာ အနည်းဆုံးတော့ ချစ်ခြင်းတရားတွေ ဝန်းရံခံခဲ့ရတာပဲ။ သူ့သမီးလေးဟာ သူ့ကမ္ဘာဖြစ်ခဲ့တယ်လေ"

Ma'am စကားကို Seulgi ခေါင်းခါပြီး ရယ်လိုက်တော့ Ma'am က မကျေနပ်သလိုကြည့်တယ်။

"ဒါပေမယ့် Ma'am ရယ် .. Therese နဲ့ဝေးရာကိုထွက်သွားရတဲ့ သူ့ခံစားချက်ကို ထည့်တွက်သင့်ပါတယ်။ ဘယ်သူကများ ကိုယ်ချစ်တဲ့သူကို ဒဏ်ရာပေးချင်ပါ့မလဲ။ သူ့သမီးငယ်ဟာ သူ့ကမ္ဘာဖြစ်နေခဲ့ရင် Therese က သူ့ကမ္ဘာသစ်ပဲ Ma'am သူ့အနာဂတ်မှာ လူပီသစွာရှင်သန်ဖို့ နေထိုင်ရမယ့် ကမ္ဘာသစ်ပါပဲ"

Ma'am ခဏလောက် တိတ်ဆိတ်သွားတယ်။ ခဏကြာတော့မှ ..

"တို့တော့ သူတို့မဆုံဖြစ်ခဲ့ရင်ကောင်းမယ်လို့တွေးမိတယ်။ တို့သာ Therese ဆိုရင် Carol ဆီ ဘယ်တော့မှပြန်မသွားဘူး"

Ma'am ဟာ ဒါကို ဘာကြောင့် Seulgi ကိုပြောပြနေရသလဲ။ ဒါဟာ Seulgi မပါဝင်မယ့် သူ့နှလုံးသားမလား။ ထိုသို့တွေးမိသည့်အခါ မကျေနပ်စိတ်တို့ပေါ်ထွက်လာပြန်သည်။ ထိုစိတ်အပေါ်ကို မကျေနပ်သည့်စိတ်တို့လည်း ထပ်တိုးလာသည်။

"ကျွန်မသာ Carol ဆိုရင် ..

Seulgi ဆက်မပြောတတ်ဘူး။ Seulgi ဘဝမှာ သူများဘဝထဲကို တိုးဝင်သွားခဲ့တာ မေမေ့ဆီပဲ ရှိသည်မလား။ ဒါဖြင့် Ma'am ဆီကိုရော? Ma'am နှင့် သူမ ဆုံခဲ့တာ ခရစ်စမတ်စ် ပစ္စည်းအရောင်းဆိုင်မှာမဟုတ်သောကြောင့် ထိုတွေ့ဆုံမှုအတွက် Seulgi အားနာစိတ်ဖြစ်ရသည်။ Carol မဟုတ်ပဲ သူမကသာ အခြားသူ၏ ဘဝထဲ ဇွတ်တိုးဝင်လာသူဖြစ်နေခဲ့သည်။

"ကျွန်မသာ Carol ဆိုရင် ...

Seulgi ထပ်မပြောတတ်ပြန်ဘူး။ နေရခက်လာသည်။ စိတ်မွန်းကျပ်လာပြန်သည်။ Ma'am သည် Seulgi ကို မျက်နှာလွှဲသွားသည်။ စားသောက်ဆိုင်ထဲတွင် တစ်ဦးမျက်နှာတစ်ဦး ပြုံးလျက်ငေးကြည့်နေသည့် Tv ထဲက အမျိုးသမီးနှစ်ဦးကို ခပ်ဆွေးဆွေးကြည့်၍ တိုးတိုးကလေးမျှသာ ပြောလာခဲ့သည်။

"တို့သာ Therese ဖြစ်ပြီး ရှင်သာ Carol ဖြစ်နေရင် .. တို့ Carol ကို ပြန်လာဖို့မျှော်လင့်မိမယ်ထင်တယ်။ ကမ္ဘာသစ်ဟာ သူ့ဆီမှာရှင်သန်ချင်တဲ့သူကို နွေးထွေးစွာကြိုဆိုသလိုပေါ့။ ပြန်မသွားချင်ပေမယ့် .. Carol ပြန်လာဖို့ .. ဟင့်အင်း .. ရှင်ပြန်လာဖို့ပေါ့။ တို့ မျှော်လင့်ချက်တစ်ပွေကြီးပိုက်ပြီး မျှော်နေမိမှာ"

TBC......🦢
11 October 2020

Continue Reading

You'll Also Like

69.3K 17.8K 61
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
13.5K 2.9K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
75.9K 8.9K 24
ဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန်...
22.3K 3.6K 27
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...