"မတွေ့တာကြာပြီနော် မင်းသန့်ကျော်ဇင်"
ကုမ္ပဏီ၏Car packing ဘက်သို့အသွားကြားလိုက်ရတဲ့စကားသံသည် သွေးအေးလွန်းလှသည်။
"မင်းကရောငါ့ကို တွေ့ချင်နေတာလား မြတ်ခ"
မင်းသန့်ကျော်ဇင်နဲ့မြတ်ခသည် ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်သော်လည်း ခင်မင်ရင်းနှီးမှုမရှိကြပါ။ တစ်ယောက်နဲ့တစ်ယောက် ဉီးသူနိုင်ကြေးစနစ်နဲ့ လောင်းကြေးထပ်ထားကြတဲ့အတိုင်း ဉီးတဲ့သူက စကားအစချီပြီး အမြဲတမ်းစကားနာထိုးတတ်ကြသည်။
"အစ်ကိုဖြစ်သူကို အရင်တိုင်းပဲ မရိုမသေဆက်ဆံတုန်းပဲလား"
"အစ်ကိုလို့ခေါ်ခံချင်ရင် အစ်ကိုပီသအောင်နေတတ်ရတယ်ဆိုတာကို မင်းအရင်နားလည်သင့်တယ်"
မင်းသန့်ကျော်ဇင်သည် ဉီးလေးလုပ်သူ၏ မျက်နှာကြောင့်သာ အခုလိုပြန်အဖက်လုပ်စကားပြောနေခြင်းဖြစ်သည်။သွေးမတော်သားမစပ်လို့ကတော့ မြတ်ခလိုလူစားမျိုးကို အထူးတလည်ဆက်ဆံပေးမည်မဟုတ်ပါ..
"ငါပြန်လာတာ မင်းရဲ့နေရာကို ဆက်ခံဖို့ပြန်လာခဲ့တာလေ"
"နောင်နှစ်တစ်ရာလောက် ဘုရားမှာဆုသွားတောင်းနေလိုက်!!"
"ငါ့ဆုတောင်းတွေက မကြာခင်ပြည့်လာတော့မှာပါ ပြီးတော့ မင်းရဲ့လျှိုဝှက်ချက်ကိုလည်း ဖော်ထုတ်တော့မှာမို့ စောင့်နေလိုက်ပါ မင်းသန့်ကျော်ဇင်"
ကျောခိုင်းထွက်သွားတဲ့နှစ်ယောက်လုံး၏ အပြုံးသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေတော့သည်။
စွမ်းဆောင် ကားအနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်တာနဲ့ မင်းသန့်ကျော်ဇင်အသာယာပဲဝင်ထိုင်လိုက်သည်။ ခန္တကိုယ်နေမကောင်းဖြစ်နေရာကနေ အခုစိတ်အခြေအနေကပါ ဟိုးအောက်ဆုံးထိထိုးကျနေသည်။
မင်းသန့်ကျော်ဇင်၏ဉီးလေးဖြစ်သူ ဉီးကျော်စွာမိုးသည် စိတ်ရင်းစေတနာကောင်းလှသည်။ တူဖြစ်သူ မင်းသန့်ကျော်ဇင်ကိုလည်း မိဘတွေမရှိတော့တဲ့နောက်ပိုင်း သားအရင်းလိုချစ်ခင်ကြင်နာပေးသည်။စောင့်ရှောက်ပေးသည်။ဒါတွေကြောင့် မင်းသန့်ကျော်ဇင်သည် ဉီးလေးလုပ်သူကို ဖခင်ပမာ ချစ်ကြောက်ရိုသေလေးစားတတ်သည်။
ဉီးကျော်စွာမိုး၏ဇနီးဖြစ်သူ ဒေါ်မာယာနွယ်သည် နာမည်နဲ့လိုက်အောင် မူယာမာယာများကာ လောဘကြီးသူတစ်ယောက်လည်းဖြစ်သည်။ ခင်ပွန်းဖြစ်သူရှေ့ကြ ဇနီးမယားတာဝန်ကျေပွန်ကာ စိတ်ရင်းစေတနာကောင်းသလို ဟန်ဆောင်နေတတ်ပြီး တခြားသူတွေရှေ့ဆို ကြောက်စရာကောင်းလောက်အောင် မာန်မာနထောင်လွှားသူတစ်ယောက်လည်းဖြစ်သည်။
သားဖြစ်သူမြတ်ခကတော့ အမေလုပ်သူ၏ကြိုးဆွဲရာအတိုင်း ကနေရတဲ့ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်သည်။
"ဟယ်လို~ ဉီးငယ် "
"သားလေး ပြောလေ ဉီးငယ်နားထောင်နေတယ်"
မင်းသန့်ကျော်ဇင်သည် ပြဿနာမစခင်ကတည်းက အရာရာကိုကြိုတွေးသူတစ်ယောက်လည်းဖြစ်သည်။ အခုမြတ်ခ ပြန်လာပြီဆိုကတည်းက ပြဿနာကတစ်နည်းမဟုတ် တစ်နည်းပေါ်ပေါက်လာတော့မယ်ဆိုတာကို သူကြိုမြင်ယောင်နေမိသည်။ ဒါကြောင့် ဉီးလေးဖြစ်သူကို ကြိုတင်အသိပေးထားခြင်းဖြစ်သည်။
"မြတ်ခ ပြန်ရောက်နေပြီ ဉီးငယ် အဲ့တာလှမ်းပြောပြတာ"
"ဘာ!! ဒီလောက်အဝေးတစ်နေရာကို ပို့ထားတာတောင် ပြန်လာတယ်ဟုတ်လား!! စိတ်မပူနဲ့ သားလေး ဉီးငယ်တာဝန်ထားလိုက်ပါ"
"ဟုတ်ကဲ့ ဉီးငယ်"
ဒီလောက်ပြောပြထားရင်တော့ အဆင်ပြေလောက်မှာပါ....
"ဆရာ အရမ်းစိတ်မဖိစီးပါနဲ့ ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်ပါ"
"ကိုယ်သိပါတယ် စွမ်းဆောင်"
မင်းသန့်ကျော်ဇင်သည် စိတ်ဖိစီးမှုဒဏ်အရမ်းများသွားလျှင် အိပ်ယာပေါ်လဲသွားနိုင်တဲ့အထိကို ပြင်းထန်သည်။အဲ့တာကြောင့် အတွင်းရေးမှူးဖြစ်တဲ့စွမ်းဆောင်သည် အမြဲသတိပေးဂရုစိုက်နေရသည်။
"စစ်မင်းထက်ကို အခန်းသေချာလိုက်ပြခဲ့ရဲ့လား"
"ဟုတ်ကဲ့ဆရာ အစ်ကိုလေးလည်းသဘောကျပါတယ်"
"အင်း~သူသဘောကျမယ်ဆိုတာ ကိုယ်သိပြီးသား"
ခုဏကနဲ့မတူစွာ မင်းသန့်ကျော်ဇင်ရဲ့မျက်နှာလေးသည် နည်းနည်းကြည်လင်လာခဲ့သည်။ စစ်မင်းထက်ဆိုတဲ့ကောင်လေးအကြောင်းပြောလိုက်တာနဲ့ စိတ်အခြေအနေကောင်းလာသည်ကို စွမ်းဆောင်လည်း နည်းနည်းစီ သတိထားမိလာခဲ့သည်။
"စွမ်းဆောင် ဟိုရှေ့မှာစစ်မင်းထက် မဟုတ်လား"
ခြံရှေ့မှာ အထုပ်လေးတစ်ထုပ်ကိုင်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ စစ်မင်းထက်ကို မင်းသန့်ကျော်ဇင်မြင်နေရသည်။
"အကိုလေးက ကြိုရောက်နေတာပဲ နောက်ကျမယ်ထင်နေတာ"
ခြံနားကပ်လာတဲ့ ကားကိုမြင်တာနဲ့ စစ်မင်းထက်တစ်ယောက် ထခုန်မတတ်ပျော်သွားသည်။
"တောင်းပန်ပါတယ် အကိုလေး ကြိုရောက်နေမယ်မထင်မိလို့ပါ"
ခြံရှေရောက်တာနဲ့ ကားပေါ်ကဆင်းပြီး ဉီးညွတ်ကာတောင်းပန်လိုက်သည်။
"အာ~~ရပါတယ် အစ်ကိုစွမ်းဆောင်ရဲ့ ကျွန်တော်ရောက်လာတာ စောသွားလို့ပါ"
"စွမ်းဆောင် အိမ်ထဲရောက်မှပဲ စကားဆက်ပြောကြ"
တိုတိုနဲ့လိုရင်းသာပြောနေသည့် မင်းသန့်ကျော်ဇင်၏ မျက်နှာသည်လုံးဝမလန်းမဆန်းဖြစ်နေသည်။ကြည့်ရတာအလုပ်ထဲမှာ အဆင်မပြေဖြစ်လာသည်နဲ့တူသည်။
"အကိုလေး ကားပေါ်တတ်ခဲ့လေ"
ရှေ့ခန်းတံခါးဖွင့်ကာ စောင့်ကြိုနေတဲ့ အစ်ကိုစွမ်းဆောင်ကို သူခေါင်းခါပြလိုက်မိသည်။ ဆယ်လှမ်းလောက်လျှောက်ရုံနဲ့ ရောက်နေပြီကို ကားမစီးချင်တော့...
"ကျွန်တော် လမ်းလျှောက်ပြီးပဲ လိုက်လာခဲ့တော့မယ်"
"ဟုတ်ကဲ့ အကိုလေး သဘောပါပဲ"
စစ်မင်းထက်အနေနဲ့ ခုလိုခြံအကျယ်ကြီးထဲ ဖြေးဖြေးလေးတစ်လှမ်းချင်းလျှောက်ရတာကိုသဘောကျသည်။ပန်းအနံ့လေးကသင်းပျံ့နေပြီး လေကောင်းလေသန့်လည်းရသည်။
"ဘာလို့ဖုန်းမဆက်ပဲ ခြံရှေ့မှာရပ်နေရတာလဲ"
"ဖုန်းနံပါတ်ကမရှိလို့"
ကားပေါ်ကဆင်းပြီးတာနဲ့ မင်းသန့်ကျော်ဇင်သည် သူသိချင်တဲ့ အကြောင်းကို တစ်ခါတည်းမေးလိုက်သည်။ဖုန်းတွေရှိပါလျှက်နဲ့ ဒီကောင်လေးဘာလို့ဖုန်းမဆက်ရတဲ့အကြောင်းရင်းကို သူသိချင်သည်။
"ကိုယ်စာချုပ်ချုပ်တုန်းက စာချုပ်ထဲမှာရေးပေးထားတယ်လေ"
"ကျွန်တော်ဖုန်းထဲမှာ မထည့်မှတ်ထားရသေးလို့ပါ"
"နောက်တစ်ခါကြ ခုလိုမျိုးထပ်မဖြစ်ပါစေနဲ့ စစ်မင်းထက်"
လိုချင်တဲ့အဖြေကိုသိလိုက်ရပြီမို့ အပေါ်ထပ်တတ်ကာအနားယူချင်နေပြီ..တစ်မနက်လုံးစိတ်ရှုပ်စရာတွေနဲ့ ကြုံလာခဲ့ရတယ်မဟုတ်လား!!
"ဒါနဲ့ ခင်ဗျား နေ့လည်စာမစားတော့ဘူးလား"
"စားချင်စိတ်မရှိဘူး"
"ဒါဆိုညနေစာကို ခင်ဗျားဘာစားချင်လဲ ချက်ကျွေးမယ်လေ"
မင်းသန့်ကျော်ဇင်ရဲ့ မျက်နှာကိုထိလုမတတ် အနားကပ်ပြီးမေးလာတဲ့ စစ်မင်းထက်ကြောင့် မင်းသန့်ကျော်ဇင် နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ရသည်။
ဒါလေးမေးတာကို လူကဒီလောက်ထိကပ်လာစရာလိုလို့လား....
"ညနေစာလည်းမစားချင်ဘူး ဒါနဲ့ကိုယ်မေးဉီးမယ် မင်းက ဘာလို့ကိုယ့်ကို ခင်ဗျား ခင်ဗျားနဲ့ ခေါ်နေရတာလဲ"
စစ်မင်းထက်သည် အမြဲတမ်းစကားပြောရင် အမည်အစား ခင်ဗျားဆိုတဲ့နာမ်စားကိုအလွန်အသုံးများသည်။
"ဒါဆို ဘယ်လိုခေါ်ရမှာလဲ"
"အမည်ဆိုလည်းနာမည် ကိုယ်ကမင်းအကိုနဲ့ရွယ်တူဆိုတော့ အကိုဆိုလည်း အကိုပေါ့ ဘာတုန်း ခင်ဗျားက အကြီးကိုမရိုမသေနဲ့"
ခင်ဗျားလို့ပဲခေါ်မိတာကို ဆူမပြီးနိုင်တဲ့ မင်းသန့်ကျော်ဇင်ကို စစ်မင်းထင်အမြင်မကြည်ဖြစ်လာသည်။ အမည်ဆိုတာ လူကသတ်မှတ်ထားတဲ့ ပညတ်(အမည်)တစ်ခုပဲမဟုတ်လား ဘယ်လိုခေါ်ခေါ်အတူတူပဲကို လာရစ်နေသည်။
"ဉီးသန့်"
"ဟမ်!! ဘယ်လိုခေါ်လိုက်တာ"
"ခင်ဗျားအမည်က မင်းသန့်ကျော်ဇင်လေ အဲ့တော့ ဉီးသန့်လို့ခေါ်တာ မကျေနပ်လည်းမကျေနပ်သလိုသာနေလိုက်တော့"
ဉီးသန့်လို့ခေါ်ပြီး ထွက်သွားတဲ့စစ်မင်းထက်ကို မင်းသန့်ကျော်ဇင် ငေးကြည့်နေမိသည်။ အခုသူ့ကို ဟိုကောင်လေးက ပြန်အော်သွားတာမဟုတ်လား!!
"စွမ်းဆောင် ကိုယ်နားတော့မယ် မင်းလည်းနားလို့ရပြီ"
"ဟုတ်ကဲ့!! ဘာမှမတွေးပဲကောင်းကောင်းအနားယူလိုက်ပါ ဆရာ"
အခန်းထဲရောက်တာနဲ့ မင်းသန့်ကျော်ဇင်သည် မလုပ်မယှက်နဲ့ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်ပြီး အတွေးများနေရသည်။မြတ်ခတစ်ယောက် ပြန်ရောက်လာတာက သူ့ကိုတော်တော်စိတ်ရှုတ်စေသည်။
"ဟူး~~~"
မင်းသန့်ကျော်ဇင်တစ်ယောက် သက်ပြင်းတွေသာမနားတမ်းချနေမိသည်။သူရဲ့လျှိုဝှက်ချက်တွေကိုဖော်ပြမယ်ဆိုတာကို သူမတုန်လှုပ်ပါ ဒါပေမဲ့ သူ့ရဲ့ကုမ္ပဏီကို ထိခိုက်လာရင်တော့ သူသည်းခံမည်မဟုတ်ပါ..မိဘတွေရဲ့ သွေးချွေးနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ကုမ္ပဏီသည် သူ့အတွက်အလွန်အရေးပါသည် ပြီးတော့ မိဘတွေနဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရနေရာတစ်ခုဆိုလည်းမမှားပေ~~
"ဟူး~~"
"ဉီးသန့်ရေ သက်ပြင်းတွေအဲ့လောက်ချနေတာ တိုက်ပြိုကျတော့မယ်"
paper slide doorဖြစ်တဲ့အတွက်ကြောင့် စစ်မင်းထက်သည် ဟိုလူကြီး၏ သက်ပြင်းချသံကိုအတိုင်းသားကျနေရသည်။တစ်ခုခုစိတ်ညစ်စရာကြုံလာလို့ အခုလိုမျိုးဖြစ်နေတာသေချာသလောက်ရှိသည်။
"ကိုယ်စိတ်ညစ်စရာလေးရှိနေလို့ပါ"
ထိုစကားတစ်ခွန်းသာပြောပြီး မင်းသန့်ကျော်ဇင်အခန်းဘက်မှ ဘာအသံမျှမကြားရတော့ချေ....
စစ်မင်းထက်လည်း ကုတင်ပေါ်ကွေးကွေးလေးသာအိပ်ပျော်သွားခဲ့သည်။
"ဉီးသန့်ရဲ့ စိတ်ညစ်စရာတြွေမန်မြန်ပျောက်ကွယ်သွားပါစေ"
ညနေ၆နာရီလောက်ကြတော့ စစ်မင်းထက်နိုးလာခဲ့သည်။ ဉီးသန့်က ညနေစာမပြင်ခိုင်းပေမဲ့လည်း နေမကောင်းတာကြောင့် အစားအသောက်တော့ဝင်အောင်ကျွေးရမည်။ ရေချိုးပြီးတာနဲ့ ညနေစာအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့သည်။
"အကိုလေး ညနေစောင်းကြီး ပန်ကိတ်တွေလုပ်နေတယ်"
စွမ်းဆောင်တစ်ယောက် မီးဖိုချောင်ဘက်က အသံကြားလို့ အခန်းထဲက ထွက်လာလိုက်သည်။အကိုလေးတစ်ယောက်တည်း အလုပ်ရှုပ်နေသည်ကို မြင်တော့သူမေးမိသည်။
"ဘာကူပေးရဉီးမလဲ အကိုလေး"
စစ်မင်းထက်ခေါင်းခါပြသည်။ပြီးတာနဲ့ လင်ဗန်းလေးတစ်ခုနဲ့ထည့်စရာရှိတာတြွေပင်ဆင်ပြီး အပေါ်ထပ်ကိုတတ်သွားလေသည်။
"ဉီးသန့်!! ဉီးသန့် ကျွန်တော်ဝင်လာလို့ရမလား"
အခန်းထဲကမီးရောင်ကြောင့် ဉီးသန့်နှိုးနေမှန်း စစ်မင်းထက်သိသောကြောင့် ဝင်လာဖို့ခွင့်တောင်းခြင်းဖြစ်သည်။
"ဝင်လာလို့ရတယ် ဝင်လာခဲ့"
ဂျပန်ရိုးရာအိမ်တွေမှာမြင်နေကြပုံစံဖြစ်တဲ့ အခန်းရဲ့အလယ်မှာလေးထောင့်ပုံစံ စားပွဲတစ်ခုရယ် အောက်ခံဖျာအခင်းနှစ်ခုကို စစ်မင်းထက်တွေ့လိုက်ရသည်။ ဉီးသန့်ကတော့ ထိုစားပွဲနားထိုင်ပြီး စာဖတ်နေသည်ကိုတွေ့ရသည်။
"ဘာကိစ္စရှိလို့လဲ ထိုင်လေ"
စစ်မင်းထက်လည်း မင်းသန့်ကျော်ဇင်ရဲ့ မျက်နှာချင်းဆိုင် ဖျာအခင်းပေါ်မှာထိုင်လိုက်၏။
"ထမင်းမစားချင်ရင် ပန်ကိတ်လေးစားပြီး ရေနွေးကြမ်းလေးတော့ သောက်ပါ ဉီးသန့်ရယ် "
"ပန်ကိတ်နဲ့ရေနွေးကြမ်း မီနူးအသစ်လား"
ပျားရည်ရွှဲနေအောင်ဆမ်းထားတဲ့ပန်ကိတ်ပေါ်တွင် စတော်ဘယ်ရီအလုံးကြီးတစ်လုံးကိုနှစ်ခြမ်းခွဲပြီး တင်ထားတာလေးက အမြင်နဲ့တင်စားချင်စရာကောင်းနေသည်။
"သက်ပြင်းတွေခဏခဏချနေတဲ့အသံကြားရပုံထောက်ရင် စိတ်ညစ်နေတာမဟုတ်လား အဲ့တာကြောင့်အချိုလာကျွေးတာ စားရင်းအီလာသလိုဖြစ်ရင် ရေနွေးအခါးရည်လေးသောက်တော့ အအီပြေတယ်လေဗျာ ပြီးတော့ နေကလည်းမကောင်းသေးဘူးမဟုတ်လား အစာမစားပဲဆေးသောက်ရင် ခင်ဗျားရင်တုန်နေမှာပေါ့"
Private chef ငှားလိုက်တာလား သူနာပြုငှားလိုက်မိတာလားဆိုတာကို မင်းသန့်ကျော်ဇင် မသဲကွဲဖြစ်နေရသည်။
"အင်း~ ခဏနေကြ ကိုယ်စားလိုက်ပါမယ်"
"မရဘူး!! ကျွန်တော်ရှိတုန်း တစ်ခါတည်းစားရမယ် ပြီးတာနဲ့ ဆေးလည်းတန်းသောက်ရမယ်"
ဂရုစိုက်သလိုလိုနဲ့ ခြိမ်းခြောက်နေတဲ့ ကောင်လေးကြောင့် မင်းသန့်ကျော်ဇင်ပြုံးလိုက်မိသည်။
"အိုမို!! အိုမို!! ခင်ဗျားပြုံးလိုက်တာလား ပြုံးလိုက်တော့လည်း ကြောက်စရာမကောင်းတော့ဘူးပဲ"
ခင်ဗျားခေါ်လိုက် ဉီးသန့်ခေါ်လိုက်နဲ့ သူခေါ်ချင်တိုင်းကိုခေါ်နေတော့တာပဲ.....
"ဘာလဲ~ဒီတစ်ခါကရော အံ့သြသွားတာလား"
စစ်မင်းထက်ဟိုတခါကပြောဖူးသည် လန့်တဲ့အချိန် အံ့သြသွားတဲ့အချိန်မှသာ အိုမို!! အိုမို!!ဆိုတဲ့ အာမေဋိတ်အသံထွက်လာတတ်တယ်လို့ ပြောခဲ့ဖူးသည်။
"မျက်နှာတည်နေတာထက်စာရင် ပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတယ် ဉီးသန့်"
"မင်းငါစိတ်ညစ်နေလို့ စကားတွေလာပြောနေတာလား စစ်မင်းထက်"
ရင်းနှီးမှုလည်းမရှိပဲနဲ့ အခုလိုစကားတွေလာပြောနေတဲ့စစ်မင်းထက်သည် တစ်မျိုးထူးဆန်းနေသည်။
"စိတ်ညစ်စရာတွေကြုံလာရင် တစ်ယောက်တည်းခံစားနေမယ့်အစား ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ကို ပြောပြလိုက်ရင် ခံစားရတာတွေ သက်သာလာနိုင်တယ်လို့ကျွန်တော်ထင်တယ်"
လူတွေကိုယုံကြည်ရမှာကိုကြောက်တတ်သည့် မင်းသန့်ကျော်ဇင်သည် ထူးဆန်းစွာပင် စစ်မင်းထက်အပေါ်ယုံကြည်စိတ်မွေးချင်မိသည်။
"ကျွန်တော်နဲ့သူငယ်ချင်းဖွဲ့ကြရအောင် ဉီးသန့်"
T~B~C~~~
သဘောကျရဲ့လားဆိုတာကို သိချင်၏😭