Chapter 33;
တစ်ယောက်နှင့်တစ်ယောက် နှုတ်ပြောစကားဖြင့်သဘောတူညီမှုယူပြီးနောက် နှစ်ယောက်
သားတိတ်ဆိတ်သွားခဲ့သည်။
ကုဖေးသည်ကျန်ချန်၏ မေးခွန်းကိုဝန်ခံခြင်း
မပြုသလို ငြင်းဆန်ခြင်းလည်းမရှိ။ ကျန်ချန်ကောက်ချက်ချပြီးပြောလာသည့်အချိန်တွင်လည်း သူက နှုတ်ဆိတ်နေခဲ့၏။
ကုဖေး၏သဘောထားဟာမရေမရာဖြစ်လျှင်ပင်၊ကျန်ချန်အတွက်နားလည်ရန် လုံလောက်
သည်။ထို့ပြင်,သူ့မေးခွန်းသည်တစ်ဖက်လူ၏ ကိုယ်ပိုင်လျှိုဝှက်ချက်ကိုပေါ်တင်စူးစမ်းချင် သကဲ့သို့ ဖြစ်သွားခဲ့၏။
ကမ္ဘာပေါ်ရှိလူတိုင်းမှာကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြပြီး၊ သူတို့၏ လျှို့ဝှက်ချက်များကို အမြဲ
ထိန်းသိမ်းထားချင်ကြသည်။
ကုဖေးသည်စီးကရက်မီးညှိပြီးနောက်၊အခန်း ပြတင်းပေါက်ကို အနည်းငယ်ဖွင့်လိုက်သည်။ ထို့နောက် သူက ဓာတ်ပုံများကို အနုစိတ်ပြန်ချယ်မှုန်းနေ၏။
ကျန်ချန်က သူ့နားသို့လျှောက်လာပြီး၊လက်ဖြန့်လာသည်။
"ငါ့ကိုလည်း တစ်လိပ်ပေး။"
စီးကရက်ဘူးကို ကုဖေး သူ့ဆီကမ်းပေးလိုက်တယ်။
"ခါတိုင်းဆို,မင်း ဆေးလိပ်မသောက်ပါဘူး။
ပြီးတော့,ဘာလို့အမြဲ ငါ့ဆီကတစ်လိပ် တစ်လိပ်နဲ့တောင်းသောက်နေတာလဲ။ဒီနေရာမှာ ငါမရှိရင် ဘယ်လိုလုပ်မှာလဲ။"
"ငါ ဆေးလိပ်ဖြတ်ထားတယ်။"
ကျန်ချန်က စီးကရက်ကို နှုတ်ခမ်းထက်မှာတေ့လိုက်သည်။
"မင်းသာ ဒီနေရာမှာ မရှိရင်၊ငါက ဆေးလိပ်သောက်ပါအုံးမလား။"
ကုဖေး ပြတင်းပေါက်ကို ကျယ်ကျယ်ဆွဲဖွင့်လိုက်သည့်အခါ၊ကျန်ချန်ကဆိုဖာနားထိပြန်ဆုတ်သွား၏။
"အေးတယ်....."
"ဒါဆို, မီးဖိုချောင်ထဲမှာသွားသောက်။"
ကုဖေး မောက်စ့်ကိုတစ်ချက်နှိပ်ပြီး၊ကွန်ပျူ
တာဖန်သားပြင်ပေါ်မှကျန်ချန်၏မျက်နှာကို အကျယ်ချဲ့လိုက်တယ်။
ကုဖေးသည်အဝတ်အစားကိုဦးစားပေးရိုက်ရသော ဓာတ်ပုံများတွင်၊မော်ဒယ်၏မျက်နှာကို အသေးစိတ်ချယ်မှုန်းတာမျိုးလုပ်ခြင်းကိုစိတ်မဝင်စားချေ။ဓာတ်ပုံကိုအနည်းအကျဥ်းပြင်ရုံ
ပဲလုပ်လေ့ရှိသည်။ သူရိုက်ထားသည့် ဓာတ်ပုံ
ပုံကောင်းကောင်းမထွက်သည့်အချိန်များတွင် မော်ဒယ်၏မျက်နှာကိုဖြတ်ထုတ်ခြင်းများပင် လုပ်တတ်သည်။
ယခုအချိန်တွင်,ကျန်ချန်၏မျက်နှာက အရမ်း
.......အရမ်းကြည့်ကောင်းသောကြောင့်၊အင်္ကျီများကိုအသေးစိတ်ပြန်ပြင်မည့်ကိစ္စဘေးဖယ်
ထားပြီး မျက်နှာကိုဦးစားပေး၍အနုစိတ်ချယ်
နေမိလျှက်ရှိသည်။
ကျန်ချန်သည်သူနှင့်မျက်နှာချင်းဆိုဖာပေါ်မှာ မှီပြီးရေနွေးသောက်နေ၍၊ကွန်ပျူတာဖန်ပြင်ကို သူ့နေရာမှလှမ်းမမြင်နိုင်ချေ။ နောက်တစ်နည်းပြောရလျှင်၊ အင်္ကျီများပြင်ရမည့်အစား မော်ဒယ်၏မျက်နှာကို စိတ်ဝင်တစား ပြင်နေသောသူ့ကို ကျန်ချန်တွေ့သွားမှာစိတ်ပူစရာမလိုပေ။
ကျန်ချန်က သူ့နားသို့ရောက်လာပြီးစားပွဲပေါ်မှဆေးလိပ်ပြာတွေကိုအသာတောက်လိုက်၏
"ကုဖေး။"
လက်ပေါ်မှာတင်လာသည့်ပြာမှုန့်တွေကို ပြန်ခါရင်း ကုဖေး ဖြေလိုက်တယ်။
"အင်း,အခုတော့ ငါ့နာမည် အရှည်ကောက်ပြန်ခေါ်ပြီလား။"
"အဲ့ဒါက အကြောင်းအရာတစ်ခုခုကို အလေးအနက်ပြောချင်မှခေါ်တာမှန်း၊ မင်းလည်း သိနေတာပဲ။ငါက မင်းနဲ့ပိုရင်းနှီးအောင်ကြိုးစားပြီးခေါ်ကြည့််လိုက်တာ......"
ကျန်ချန်က နှုတ်ခမ်းထက်မှာ စီးကရက် ကို
ငုံခဲနေရင်းပြုံးလာသည်။
"ငါ မင်းကို တစ်ခု မေးချင်တယ်။"
"အဝေးကလှမ်းမေးလည်း ရပါတယ်။ "
ကွန်ပျူတာကို ကုဖေး ပြန်ကြည့်လိုက်တယ်။ တကယ်တော့,ဓာတ်ပုံသည် ကျန်ချန်၏ လှပသောရုပ်ရည်နှင့်ကောင်းမွန်တဲ့အသားအရည် ကြောင့်၊များများစားစားပြုပြင်မွမ်းမံနေစရာမလိုအပ်ချေ။
ကျန်ချန်က စာအုပ်စင်ကိုလှမ်းကြည့်ပြီး
မေးလာ၏။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ မြင်ခဲ့တဲ့ ဂီတနုတ်တွေကမင်းရေးထားတာမလား?။"
"ဟမ်?။"
ကုဖေး မှင်သက်သွားပြီး၊စာအုပ်စင်ကိုလှမ်းကြည့်လိုက်တယ်။
"စာအုပ်စင်ပေါ်မှာဂီတနဲ့ဆက်နွယ်တဲ့စာအုပ်အမျိုးအစားစုံလင်တဲ့အထောက်အထားရှိနေတာတောင်၊မင်းကသီချင်းမရေးဘူးလို့ဗြောင်ငြင်းချင်နေတုန်းပဲလား။ပွင့်လင့်ရိုးသားမှု ကို မရှိဘူး။"
ကုဖေး ထိုင်ခုံပေါ်သို့မှီလိုက်ပြီး တခစ်ခစ်ရယ်လိုက်မိသည်။
"ဟုတ်တယ်။အဲ့သီချင်းက ငါရေးထားတာ။"
ကျန်ချန်က လက်ထဲရှိဖန်ခွက်ကိုလှည်််နေရင်းပြောလာ၏။
"ငါ တကယ်မထင်ထားခဲ့ဘူး။အဲ့ဒီသီချင်းကအရမ်းကောင်းတယ်။ရွှယ်ကျားတစ်ယောက်
က ဒီလိုသီချင်းမျိုးကိုရေးနိုင်တယ်ပေါ့။ "
ကုဖေး သူ့စကားကို အမှန်ပြင်ပေးလိုက်တယ်။
"ငါက ရွှယ်ကျား မဟုတ်ဘူး။"
"ဘာတစ်ခုမှစိတ်ဝင်စားမှုမရှိတဲ့ရွှယ်ကျားက ဂီတနုတ်တွေကိုရေးနိုင်တယ်တဲ့လား......။"
ကျန်ချန်က သူ့ကိုစိုက်ကြည့်လာ၏။
"မင်းမှာ ရေးပြီးသွားတဲ့ သီချင်းတွေရှိသေးတယ်မဟုတ်လား?။"
"မရှိဘူး။"
အမှန်အားဖြင့်,သူ့ကွန်ပျူတာထဲတွင်အချောမသတ်ရသေးတဲ့သီချင်းတော်တော်များများ ကိုသိမ်းထား၏။သို့သော်,သူကသီချင်းများကိုပြန်နားမထောင်ရသေးသောကြောင့် မရှိ
ဘူးပြောလိုက်ခြင်းမှာမမှားချေ။မကြာခဏနားထောင်လေ့ရှိသောသီချင်းမှာတင်းကျူးရှင်း ဆိုထားသည့်သီချင်းတစ်ပုဒ်သာရှိ၏။
ဒါပေပယ့်,ကျန်ချန်ရှေ့မှာသူ့သီချင်းတွေကို
ဖွင့်ချပြဖို့ဆန္ဒမျိုး သူ့မှာမရှိဘူး။
ကျန်ချန်ဆိုသည့်လူက ဂီတနုတ်တွေကိုကြည့်ရုံဖြင့်တေးသွားကိုနှုတ်ခမ်းစေ့ပြီးညည်းနိုင်သူ
ဖြစ်၏။သူ့ကိုယ်သူ အရူးအဖြစ်ခံပြီး ကျန်ရစ်နေမယ့်အဖြစ်မျိုးမလိုလား၍လျစ်လျူရှုဖို့ရာ
ကုဖေး ဆုံးဖြတ်လိုက်သည်။
ကျန်ချန်ကအတော်ပျင်းနေပုံပေါ်သည်။သူက စီးကရက်ကိုငုံခဲ၍စိတ်အားထက်သန်စွာဆက်ပြောလာ၏။
"ငါ့ကောင်ရာလုပ်စမ်းပါ။ ငါ မင်းသီချင်းတွေကို လျှို့ဝှက်ထားပေးမယ်။"
"သေတဲ့အထိလျှို့ဝှက်ပေးထားမှရမှာ။"
ကုဖေး ရယ်လိုက်တယ်။သူ ခဏတုံ့ဆိုင်းနေပြီးနောက music player ထဲမှာရှာကြည့်ပြီး သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်သည်။
...
ဂစ်တာသံထွက်လာသည့်အခါ ကျန်ချန်သည် ဆိုဖာပေါ်မှီလိုက်၏။ ဂစ်တာကို ဘယ်လို တီးရမှန်း သူ မသိပေမယ့်၊ဂစ်တာသံနားထောင်ရသည်ကိုနှစ်သက်၏။သူသည်အမြဲတမ်း ဒီလိုအရာတွေကိုသဘောကျခဲ့သည်။သို့သော်,သူ့
အမေဖြစ်သူသည် ဂစ်တာဖြစ်စေသံဖြူပုလွေဖြစ်စေ၊ယင်းပစ္စည်းတွေကိုမကောင်းတဲ့အရာတွေဟုထင်နေခဲ့သည်။
ထို့နောက်, သူက စန္ဒယားကို သင်ယူခဲ့ရ၏။
စန္ဒယားသံကိုအတိုင်းအထက်အလွန် နားဆင်ရသည့်အပြင်၊ စန္ဒယားတီးတတ်ဖို့ရာအတွက်အမြဲလေ့ကျင့်နေခဲ့သောကြောင့်အလယ်တန်း ဂျူနီယာအတန်းပြီးသွားပြီးနောက၊ ကျန်ချန်
စန္ဒယားကိုလုံးဝထပ်မထိဖြစ်တော့ဘူး။
မကျွမ်းကျင်သော သူ့ အရည်အချင်းကြောင့် အမေဖြစ်သူရှန်ယီကျင်းကိုစိတ်ပျက်စေခဲ့၏။
ထို့နောက်တွင်,ဆွေမျိုး၊သူငယ်ချင်းများသည် သူ့ကို စန္ဒယား တီးပြရန် တောင်းဆိုလာသည့်အချိန်တိုင်း အမြဲငြင်းပယ်ခဲ့သည်။
စိတ်ပျက်ချင်လည်း စိတ်ပျက်ပါစေတော့....
သူလည်း စန္ဒယားတီးရသည်ကို နှစ်သက်ခုန်မင်ခြင်းအလျဥ်းမရှိချေ။
သီချင်း၏ပမာဏတီးလုံးသံကတော်တော်နား
ဝင်ပီယံရှိသည်။သီချင်းသံစဥ်ထဲတွင် မှေးမိန်နေသောစိတ်ခံစားမှုများကို သူမြင်ရ၏။
သူ ကုဖေးကိုလှမ်းကြည့်လိုက်တယ်။
သူ့ထိုးထွင်းအသိဉာဏ်အရဆိုလျှင်ကုဖေးက တခြားသူတွေဆီမှာမရှိသည့် ခံစားမှုတစ်ရပ် သူ့ကို ပေးစွမ်းနေ၏။
အမျိုးသမီးအဆိုတော်၏ တေးသံတိုးတိုးပျံ့လွင့်လာချိန်တွင်၊ကျန်ချန်တစ်ယောက်အသံကိုချက်ချင်းမှတ်မိသွားသည်။
သူ ကုဖေးကိုအံ့သြတကြီးလှည့်ကြည့်လိုက်တယ်။
"တင်းကျူးရှင်း ?။"
"အင်း။"
ကုဖေးကတုံ့ပြန်သံပေးလာပေမဲ့၊သူ့မျက်လုံးတွေက ကွန်ပျူတာဖန်သားပြင်မှမခွာချေ။
ကျန်ချန်ခေါင်းထောင်ပြီးဓာတ်ပုံကိုတစ်ချက်ချောင်းကြည့်လိုက်သည်အခါ၊သူ့၏ရင်ဘတ်
ဟောင်းလောင်းဖြစ်နေပြီး ကော်လံကိုဆွဲဖယ်နေတဲ့မျက်နှာဘေးတစ်စောင်းပုံကို မြင်လိုက်ရ၏။
"ငလူးတဲ့မှ!။"
ကျန်ချန် ဆိုဖာပေါ်နောက်မှီပြီးပြန်ထိုင်လိုက်တယ်။သူ့ဓာတ်ပုံကို သူစိမ်းတစ်ယောက်ပြင်နေတာမြင်ရခြင်းမှာတစ်မူထူးဆန်းနေသည်။
သူသည် ဆယ်စုနှစ်တစ်ခုလုံးသူ့ကိုယ်သူမှန်ရှေ့မှာအမြဲကြည့်နေကြဖြစ်၏။ယခုမူ,သူစိမ်းတစ်ယောက်၏ပုံကို ချောင်းကြည့်မိသကဲ့သို့
စိတ်ကသိကအောက်ဖြစ်သွား၏။
ကုဖေးက သူ့ကို ကြည့်ပြီး ပြောလာ၏။
"ဒီဓာတ်ပုံကတော်တော်ကြည့်ကောင်းတယ်။"
"အိုး...."
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။ထို့နောက် တင်းကျူးရှင်း၏အက်ကွဲပြီးပျင်းတိပျင်းယွဲ့ ဖြစ်နေသည့် အသံကို နားထောင်ရင်း လီမွန်တီး ဖျော်ရည်ကို တစ်ငုံ ငုံလိုက်သည်။
~~ I step onto thin air , I feel like I am flying.
ငါ ပါးလွှာတဲ့ လေဟာနယ်ထဲကို ခြေချမိလိုက်တယ်.......ငါ ပျံသန်းတော့မလိုပဲ....
Upwards is the unknow , I look down and hear you say this is a vast and
empty world......
ငါအထက်ကို မော့ကြည့်လိုက်တော့ မရောမရာနဲ့ မသဲမကွဲဖြစ်လို့နေတယ်....
ငါ အောက်ကို ငုံ့ကြည့်လိုက်တော့ ...
ဒီလောကကြီးဟာလေဟာပြင်ကြီးပဲလို့ မင်းပြောနေတာကို ငါကြားလိုက်ရတယ်....
You say one two three... , breaking what's gone by , fading
မင်းက တစ်..နှစ်..သုံး..လို့ပြောတယ် ...
အစိတ်စိတ်အမွှာမွှာ ကြေမွသွားတဲ့ အတိတ်ဟာလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။
The way back home , blown apart by
the wind ,
လေတိုက်နေတယ်....အိမ်အပြန်လမ်းဟာလည်း ပျက်စီးသွားခဲ့ပြီကွာ.....
do you see me sing out.....
ငါ သီချင်းဆိုနေတာကို မင်း မြင်ရလား....~ ~
တီးလုံးသည်သီချင်းစာသားအောက်မှာအားပျော့သွား၏။
"ငါ သီချင်းဆိုနေတာကိုမင်းမြင်ရလား~ ~"
ဆိုသည့် စာသားကိုကြားချိန်တွင် ကုဖေးကို ကျန်ချန်လှမ်းကြည့်လိုက်မိတယ်။
"မြင်ရလား"ဆိုသည့်စကားလုံးက တင်းကျူးရှင်း သူ့ကိုရှာဖွေခိုင်းခဲ့သည့်"Soundless "၏ အယူအဆနှင့်ဆင်ကြောင်းသူနားလည်သည်.
လိုအင်ဆန္ဒတွေကို သိုသိပ်စွာထိန်းချုပ်လိုက်ရတယ်ဆိုသောသဘောတရားဖြစ်၏။
ကျန်ချန်မေးလိုက်တယ်။
"ဒီသီချင်းကို ဘယ်သူရေးထားတာလဲ?။ "
"ခန့်မှန်းကြည့်လေ။"
ကုဖေးက ခြေထောက်တစ်ဖက်ကို ထိုင်ခုံပေါ်ခေါက်တင်လိုက်ပြီး ဒူးဆစ်ပေါ်မှာမေးတင်၍ ကွန်ပျူတာမောက်စ့်ကိုရွေ့နေသည်။
"မင်းပဲဖြစ်လောက်တယ်။သီချင်းစာသားရော သံစဥ်ရောမင်းရေးထားတာမလား?။"
ထိုအခါ,ကုဖေးကဘေးမှာပစ်ချထားခဲ့သည့် အနွေးထည်ကိုဆွဲယူပြီးအိပ်ကပ်ထဲမှ လက်
တစ်ဆုပ်စာချိုချဥ်များကိုထုတ်ပြီး၊ သူ့ရှေ့ရှိစားပွဲပေါ်မှာတင်ပေးလာ၏။
"မင်းက တင်းကျူးရှင်း နဲ့ တီးဝိုင်းအဖွဲ့ ထားတာလား။မဖွဲ့ထားတာလား။"
ကျန်ချန်နို့ချိုချဥ်တစ်ခုကိုအခွံခွာရင်း၊စိတ်ထဲမှာလည်းမယုံကြည်နိုင်ချေ။သီချင်းစာသားရဲ ဆိုလိုရင်းကိုအပြည့်အဝနားလည်လိုက်တယ်
မဟုတ်သော်ငြား၊သီချင်းစာသားများမှ နူးညံ့သိမ်မွေ့သည့်သဘောတရားကိုခံစားမိသည်။ ကုဖေးကဲ့သို့သူကိုနူးညံ့သိမ်မွေ့သည့်သဘော
တရားဖြင့်ဆက်စပ်တွေးကြည့်ဖို့မလွယ်ကူခဲ့
ပါချေ။
သူ ကုဖေးကိုစေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ ဤလူကအပြင်ပန်းအေးစက်ချင်ဟန်ဆောင်ပြီး နှလုံးသားကသိမ်မွေ့နူးညံ့နေတာလား။
ကုဖေးက ပြန်ဖြေလာ၏။
"မဖွဲ့ထားဘူး။သူက ငါ့ကိုတစ်လျှောက်လုံး ခေါ်နေတာ။"
"စိတ်ဝင်စားစရာကောင်းသားပဲ။ဒါပေမဲ့,မင်းပုံစံက တူရိယာ ပစ္စည်းတွေကို တီးတတ်မယ့် ပုံစံမပေါက်ဘူး။မင်း ဂစ်တာတီးတတ်နေတာကို ငါ မအံ့သြပါဘူး။ယေဘုယျအနေနဲ့ ပြော
ရရင်, ဂျစ်ကန်ကန်ယောကျ်ားလေးအများစုက ဂီတကော့ဒ်တစ်ချို့ကိုဘယ်လိုတီးရမလဲ ဆိုတာကြွားဖို့ရန်အတွက် သင်ကြတယ်။"
ကုဖေးက ပြန်ဖြေ၏။
"ဂစ်တာဘယ်လိုတီးရလဲဆိုတာ ငါမသိဘူး။"
"အိုး,ဂျစ်ကန်ကန်ကောင်လေးကဂစ်တာဘယ်
လိုတီးရလဲမသိဘူး?။မိန်းကလေးတွေက မင်းကိုရွေးချယ်တဲ့အချိန်ကျရင် ဒီအချက်ကိုအား
နည်းချက်အဖြစ်ထည့်စဥ်းစားလောက်တယ်"
ကုဖေးကစကားတစ်ခွန်းမှမဆိုပဲ သူ့ကိုစိုက်ကြည့်လာသည်။
"အိုး....."
ကျန်ချန် သူ့ကို ဖျော်ရည် ခွက် မြှောက်ပြလိုက်တယ်။
ကုဖေးက အဆက်အစပ်မရှိမေးလာသည်။
"မင်း ဝမ်းနည်းနေတာလား?။ "
"ဟမ်?"
ကုဖေးက ထပ်ပြော၏။
"မင်း စကားအများကြီးပြောနေတယ်။"
ကျန်ချန် ခဏမျှဆွံ့အနေပြီးနောက်လီမွန်တီး ဖျော်ရည်ကို စားပွဲပေါ်မှာတင်လိုက်တယ်။
"စောစောက လီပေါင်ကော်နဲ့ ရန်ဖြစ်နေတဲ့ အမျိုးသမီးကိုမင်းသိလား။"
"သိတယ်။"
"သူက လီပေါင်ကောရဲ့ဇနီးဟောင်းလား။ သူ ရိုက်နှက်လို့ ထွက်ပြေးသွားတယ်ဆိုတဲ့ တစ်ယောက်လေ, ဟုတ်တယ်မလား။"
"ဟုတ်တယ်။သူက သူ့ကို ရိုက်လို့ ထွက်ပြေးသွားတာ။ပြီးတော့,သူ(မ)က သူ့ဇနီးဟောင်း မဟုတ်ဘူး။"
ကုဖေးက စီးကရက်နောက်တစ်လိပ်ကိုထုတ်လိုက်၏။
"သူက သူ့ရဲ့လက်ရှိဇနီးမယားဖြစ်နေတုန်းပဲ။ သူတို့က မကွာရှင်းရသေးဘူး။"
"သြော်....။"
ကျန်ချန် အံ့သြသွားပေမယ့်၊စက္ကန့်ပိုင်းကြာသည့်အခါ သူ ဆိုဖာပေါ်မှီပြီး မျက်လုံးမှိတ်
ထားလိုက်သည်။
"ဖာ့ခ်,ဘာတစ်ခုမှ သောက်ရေးကိုမပါဘူး။ ချာတူးလန်နေတဲ့ လူတွေချည်းပဲ။"
"သူပြန်မလာတာကြာပြီ။ ငါတို့ သူ့ကိုမတွေ့ဖြစ်တာနှစ်တော်တော်ချီနေပြီ။"
သူမကို နှစ်အနည်းငယ်ကြာမှ ပြန်တွေ့ရတယ်ဆိုသောစကားမှာကုဖေးကသူ့နည်းသူ့ဟန်နှင့်
သူ့ကိုနှိမ့်သိမ့်ပေးနေမှန်း ကျန်ချန်သိသည်။
ရှုပ်ထွေးပွေလီသောခံစားချက်များအလယ်မှ
မလွတ်မြောက်နိုင်သကဲ့သို့ကျန်ချန်ခံစားလာရ၏။သူမပြန်လာလာ,ပြန်မလာလာ ၊သူမက သူ့အမေရင်းဖြစ်နေဆဲ။
ယခုလိုနိမ့်ကျသည့်မိသားစုထဲမှကလေးတစ်ယောက်ကိုဘာကြောင့်မွေးစားခဲ့လဲဆိုပြီး သူ ရှန်းယီကျင်းကိုမေးကြည့်ချင်သည်။
ကုဖေးက သူ့နာမည်ကို ခေါ်လာ၏။
"ချန်ကော,ဒီနားလာခဲ့။ငါမင်းကို ပြောစရာ
ရှိတယ်။"
"ဘာလဲ?။ "
ကျန်ချန် မတ်တပ်ထရပ်ပြီး သူ့နားလျှောက်သွားလိုက်တယ်။
ကုဖေးကကွန်ပျူတာဖန်သားပြင်ကိုလက်
ထောက်ပြလာ၏
"မနက်ဖြန် ဓာတ်ပုံရိုက်ရင် မင်း လက်ပိုက်ပြီး ရိုက်သင့်တယ်။"
"Fuck! "
ကျန်ချန် ဝတ်စုံကိုအခုမှသေချာကြည့်မိ၏။ ဝတ်စုံကအရပ်မျက်နှာအဖက်ဖက်မှလေဝင်လေထွက်ကောင်းစေသော ဝတ်စုံဖြစ်သည်။
"မင်းက ဒီလောက်အမြန်နှုန်းနဲ့ ဓာတ်ပုံပြင်နေတာလား။"
ကုဖေးက ရယ်မောလာ၏။
"မဟုတ်ဘူး။ငါ ဓာတ်ပုံတွေကို မြန်မြန်ပြင်ပါတယ်။ဒီဓာတ်ပုံကအဆင့်ဆင့်ပြန်လုပ်ရသေးတယ်။"
"အဆင့်ဆင့်လုပ်စရာလိုလို့လား။တစ်ချိန်လုံး မင်း ဒီဓာတ်ပုံတစ်ခုတည်းကိုပြင်နေတာလေ။ ဘယ်နေရာကအဆင်ဆင့်ထပ်လုပ်စရာလိုနေတာလဲ?။"
ကျန်ချန် နားကို မလည်နိုင်ချေ။
"ဒီဓာတ်ပုံကအပြစ်အနာအဆာများလို့လား။"
ကုဖေးက ပြန်ဖြေလာ၏။
"ငါ ပုံအများကြီးပြင်ပြီးသွားပါပြီ။မင်းကိုရှင်း
ပြချင်လို့ဒီဓာတ်ပုံကိုတမင်ယူသုံးလိုက်တာ။"
"ဘာကြောင့် ဒီဓာတ်ပုံကိုမှသုံးပြီးရှင်းပြချင်တာလဲ။တခြားပုံတွေထဲမှာလက်မောင်းမပါလို့လား။"
ကုဖေးက အတန်ကြာအောင် ရယ်နေပြီးမှ သက်ပြင်းချလာသည်။
"ဒီတစ်ပုံက တော်တော်ကြည့်ကောင်းတယ်။ငါ့အထင်, လောပန်းတင်းက ရှေ့မျက်နှာစာ
အဖြစ် ဒီဓာတ်ပုံကိုသုံးလိမ့်မယ်။သူက မင်းကိုဒီဝတ်စုံလက်ဆောင်တောင်ပေးနေမှာ။"
"သွားစမ်း။"
"ငါ မင်းကိုအခုပြောလိုက်တဲ့ စကားကိုမှတ်မိလား?။"
"မှတ်မိတယ်။လက်ပိုက်ပြီးဓာတ်ပုံရိုက်ရမှာ"
ကျန်ချန် ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သူ့ဘေးနားမှာထိုင်လိုက်တယ်။
"ဒါဆို,ငါ အလုပ်ဆက်လုပ်လိုက်အုံးမယ်။"
ကုဖေးက ကလစ်နှိပ်လိုက်တိုင်း ကွန်ပျူတာဖန်သားပြင်ပေါ်မှညွှန်မြှားလေးသည်ရှေ့တိုး
နောက်ဆုတ်ဖြစ်သွားပြီး၊ဓာတ်ပုံ ဖိုင်တွဲထဲမှ တစ်ပုံချင်းစီကအလင်းအမှောင်ပြောင်းသွားလိုက်၊ ပုံအကြီးကြီးမှ အသေးလေး ဖြစ်သွားအောင်ပြန်ချုံ့လိုက်လုပ်နေသည်ကိုကျန်ချန် ကြည့်နေမိသည်။ထိုပုံတွေကို မူရင်းပုံတွေနှင့် ယှဥ်ကြည့်လျှင် ထူးထူးခြားခြားဖြစ်သွားတာမျိုး သူ မမြင်မိချေ။သူသိသည်မှာ ကုဖေးကဓာတ်ပုံများကိုအဆင့်ဆင့်ပြင်ပြီးလုပ်နေခြင်း ဖြစ်သည်။
သူ့ကိုယ်နေဟန်ထား,မျက်နှာအမူအရာဓာတ်
ပုံအမျိုးမျိုးသည် ကုဖေးလက်ထဲမှာ နှိပ်စက် ခံနေရတာကို သူ ကြည့်နေရ၏။ သူ့ မျက်လုံး နှာတံအစရှိသည့် အနီးကပ် ဖမ်းရိုက်ထားတဲ့ပုံတွေဆိုလျှင်သူသေချာတောင်မကြည့်ချင်။
သူ မတ်တပ်ထရပ်ပြီး၊ ဆိုဖာဆီပြန်လျှောက်သွားပြီးထိုင်၍ကျောင်းလွယ်အိတ်ထဲမှမှတ်စု စာအုပ်ကိုထုတ်လိုက်တယ်။
"မကြည့်တော့ဘူးလား?။"
ကုဖေး၏လက်က မောက်စ့်ပေါ်မှာ လှုပ်ရှား နေဆဲဖြစ်သည်။
"မကြည့်တော့ဘူး။စားပွဲခုံအပိုရှိသေးလား။"
ကုဖေးက သူ့ကိုကြည့်လာ၏။
"အိမ်စာလုပ်မလို့လား။"
"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။
"စာမေးပွဲဖြေဖို့ ရက်နည်းနည်းပဲလိုတော့တယ်။ငါမှတ်စုတွေပြန်ကြည့်ဖို့လိုတယ်။"
ကုဖေးကသူ့ကိုကြည့်နေပေမယ့် လက်များကမောက့်စ်ပေါ်မှာပြေးလွှားနေ၏။အချိန်အတန်
ကြာမှ သူ့ကိုပြန်မေးလာသည်။
"မင်းက စာကျက်မလို့လား။"
ကျန်ချန် သူ့ကို မယုံကြည်နိုင်မှု အပြည့်နှင့်စိုက်ကြည့်လိုက်တယ်။
"သောက်ရေးမပါတာ။စာမေးပွဲရှိတာကို ငါက ဘာလို့ စာမကျက်ဘဲနေရမှာလဲ။"
"အိုး။"
ကုဖေးကမော့က်စ်ကိုချပြီးမတ်တပ်ထရပ်၏
သူက ကွန်ပျူတာနှင့် ကီးဘုတ်ကို ဘေးဘက်သို့တွန်းဖယ်၍၊စပီကာဘောက်ကြိုးဖြုတ်ပြီး ကွန်ပျူတာပုံးပေါ်တင်လိုက်သည်။ ထိုသူက စားပွဲခုံ တစ်ခြမ်းကို သူ့အတွက် ရှင်းပေးနေခဲ့
၏။
"မင်းဆီမှာစာကြည့်စားပွဲမရှိဘူးလား။အိမ်စာတွေကိုဘယ်နေရာမှာလုပ်တာလဲ ?"
ကျန်ချန်ပြောပြောဆိုဆိုဖြင့် ပုံနှိပ်စာအုပ်နှင့် မှတ်စုစာအုပ်ကိုစားပွဲပေါ်မှာတင်လိုက်တယ်။
"အချိန်ရရင်,အိမ်စာတွေကိုဆိုင်မှာပဲကူးလိုက်တယ်။အချိန်မရရင် မရေးဘူး။"
"အိုး။"
ကုဖေးက ရွှယ်ကျား....ကျား... ကျား...ဖြစ်နေသေးမှန်း ကျန်ချန် အခုမှသတိပြန်ရသည်။
အိမ်စာဆိုသည့်အရာမှာကျန်ချန် အတွက်
စ်ိတ်ရှုပ်စရာကောင်းသည့် တာဝန်တစ်ရပ်
မဟုတ်ချေ။သူက အမြဲ အိမ်စာလုပ်တယ်။ ဘာကိစ္စပဲဖြစ်ဖြစ်,သူအချိန်တိုင်းပြင်းပြင်း
ထန်ထန်ကြိုးစားခဲ့၏။ မူလတန်းကျောင်း
သားဘဝတုန်းက အိပ်စာလုပ်ရခြင်းကို သူ သဘောမကျခဲ့ဘူး။သို့သော် ,သူ့အိမ်သည် စည်းကမ်းအရမ်းတင်းကြပ်၏။
အိမ်စာမလုပ်ခြင်း၏အကျိုးဆက်အနေနှင့်
ပြင်းပြင်းထန်ထန် အပြစ်ပေးခံရ လိမ့်မည်။
စာမြန်မြန်ရေးတတ်သည့်အလေ့အကျင့်ကိုတိုးတက်အောင်လုပ်ရင်း တစ်ဖက်မှာလည်း စန္ဒယားကိုကြိုးကြိုးစားစားသင်ယူခဲ့သည်။
သူ့ညီလေးကသူနှင့်ဆန့်ကျင်ဖက်ဖြစ်သည်။
ဤကိစ္စတွေနှင့်ပတ်သက်ပြီး ၊တခြားလူများ
သူ့ကို စိတ်ပူပေးနေစရာမလိုအပ်ပေ။
မျိုးရိုးဗဇမတူညီတာက တကယ့်ကို
မတူညီတာပါ့လား......!
အကယ်၍ သူသည်မွေးစားခြင်းမခံခဲ့ရလျှင်၊
လီပေါင်ကော်နှင့်အတူကြီးပြင်းလာလိမ့်မည်။ ဒါဖြင်,သူလည်း လီပေါင်ကော်၊လီဟွေ့တို့လိုလူမျိုးဖြစ်လာနိုင်လိမ့်မည်လား......
သူသက်ပြင်းချပြီးတော့ အတွေးတွေကို ပြန်စုစည်းပြီး အိမ်စာကို ဆက်လုပ်လိုက်သည်။
သူ့ခွေးခြစ်ကြောင်ခြစ်လက်ရေးတွေကြားမှ မောက်စ်ပေါ်မှာပြေးလွှားနေသည့်ကုဖေး၏ လက်ချောင်းတွေကို မြင်နေရ၏။ ကုဖေး၏
လက်ချောင်းများကအရမ်းကြည့်ကောင်းလှ
သည်။
ကုဖေးကဂစ်တာဘယ်လိုတီးရလဲမသိလျှင်၊
စန္ဒယားတီးသင့်တယ်ဟူ၍ ကျန်ချန် တွေးမိလိုက်၏။
စန္ဒယားခလုတ်ပေါ်မှာပြေးလွှားဆော့ကစားနေသည့် လက်ချောင်းသွယ်သွယ်လေးတွေ ကြည့်ရတာကို ကျန်ချန်သဘောကျခဲ့သည်။
၎င်းက စန္ဒယား လေ့ကျင့်ရသည့်အချိန်တိုင်း သူ့ပျော်ရွှင်မှု ဖြစ်ခဲ့၏။
သူ့လက်ချောင်းများကစန္ဒယားခလုတ်ပေါ်မှာ လှလှပပပြေးလွှားဆော့ကစားနေတာမြင်ရဖို့ တစ်ခုတည်းသောမျှော်လင့်ချက်လေးဖြင့်၊သူ တေးသွားကိုကောင်းမွန်စွာတီးခတ်ခဲ့သည်။
သူ့အိမ်စာပြီးခါနီးသည့်အချိန်တွင်၊ကုဖေး၏
လက်လည်း မောက်စ့်ပေါ်မှခွာသွားသည်ဖြစ်
၍၊သူဓာတ်ပုံပြင်ပြီးသွားပြီလို့ ကျန်ချန် မှတ်
ချက်ချလိုက်တယ်။
ကုဖေးက မေးလာ၏။
"ရေးလို့ပြီးပြီလား။"
"နည်းနည်းကျန်သေးတယ်။"
ကျန်ချန် စာရေးလက်စနှင့် သူ့ကို မေးလိုက်တယ်။
"အိမ်စာကူးချင်လို့လား။"
"မင်း ငါ့အတွက်လည်း အိမ်စာမရေးပေးချင်ဘူးလား။"
ကျန်ချန် သူ့ကိုမော့ကြည့်လိုက်တယ်။
"မင်းမှာ နောက်ထပ် မျက်နှာပြောင်တိုက်စရာ မျက်နှာကျန်သေးလား။"
ကုဖေးက ခန္ဓာကိုယ်အကြောဆန့်ကာ ပြောလာသည်။
"ငါ အိမ်စာမကူးချင်ဘူး။အိပ်ချင်နေပြီ ။ မင်းပဲဆက်ရေးလိုက်တော့။ငါ ရေသွားချိုးလိုက်အုံးမယ်။"
ကျန်ချန် "အိုး။"ဟု တုံ့ပြန်လိုက်သည်။
သူ့အိမ်စာအားလုံးပြီးသွားသည့်အခါ၊အမြင့်ဆုံးမှာရောက်နေသည့် စိတ်အားထက်သန်မှုများလည်း ပျောက်ကွယ်သွားသည်။ ကုဖေးက အခန်းအပြင်ထွက်သွားသည့်တိုင်အောင် သူသည် ညစ်ညမ်းသောအတွေးပင်လယ်မှာ နစ်မြုပ်နေလျှက်။
ဤညစ်ညမ်းသောအတွေးများသည် ကုဖေး
ကြောင့်ဆိုသည်ထက်၊ကုဖေးပြောသွားသည့်
"ရေသွားချိုးအုံးလိုက်မယ်"ဆိုသော စကားစုကြောင့်သူတွေးမိခြင်းဖြစ်၏။မသင့်လျော်တဲ့
ဗီဒီယိုအများကြီးကိုသူကြည့်ဖူး၏။ကုဖေးက သူ့လျှို့ဝှက်ချက်သိပြီးနောက်၊ စကားသုံးလုံးသည်သူတို့ကြားရှိလေထုကို တော်တော်လေး ပြင်းထန်လာစေသည်။
ညစ်ညမ်းသောအတွေးများဟာ သည်းမခံနိုင်အောင်ပြင်းထန်လာ၍၊ သူ့အတွေးကို အိမ်စာပေါ်မှာခက်ခက်ခဲခဲအာရုံလွဲထားပြီး၊သူ့ကိုယ်သူငြိမ်သက်အောင်ထိန်းချုပ်နေရ၏။ကုဖေးက ရေချိုးပြီး၍အခန်းထဲသို့ညအိပ်ဝတ်စုံနှင့် ပြန်ဝင်လာသည့်အခါ၊ ကျန်ချန် နောက် တစ်ကြိမ် ထပ်မာပြန်လာသည်။
Fuckkkk...fuckkk....fuckkk!!!
"မင်းလည်း ရေချိုးချင်သေးလား။"
ကုဖေးက အံဆွဲကို ဆွဲဖွင့်ပြီး ပါးလွှာသည့် ကတ်ထူဗူးတစ်ခုကိုထုတ်ပေးလာ၏။
"ငါ့မှာညအိပ်ဝတ်စုံအဟောင်းတစ်စုံ ရှိတယ်။ ပြီးတော့,ငါတစ်ခါမှမဝတ်ရသေးတဲ့အတွင်းခံ
လည်းရှိတယ်။"
"အိုကေ။"
ကျန်ချန် မြန်မြန်မတ်တပ်ထရပ်ပြီး၊ကဒ်ထူဗူးကိုယူ၍ လှည့်ထွက်လာလာခဲ့သည်။
ကုဖေးက သူ့နောက်မှလှမ်းပြောလာ၏။
"ဗူးထဲမှာ သုံးထည်ရှိတယ်။"
အလင်းရောင်အောက်မှာကတ်ထူဗူးကိုဖွင့်ပြီး အတွင်းခံတစ်ထည်ကိုကျန်ချန်ထုတ်ယူလိုက်တယ်။သူအပြင်သို့မထွက်ခင် ထိုဗူးကိုကုဖေး ဆီပြန်ပစ်ပေးခဲ့သည်။။
ဤအိမ်ကကုဖေး၏အိမ်မဟုတ်ခဲ့လျှင်ကုဖေး အမေနှင့်ညီမလေးကအခန်းထဲမှာမရှိဆိုလျှင် သူသေချာပေါက်ရေချိုးခန်းထဲမှာအလုပ်များ
နေရလောက်ပြီ။သူဤမြို့စုတ်လေးစီရောက်
လာသည့်အချိန်တည်းကထိုကိစ္စကိုမလုပ်ဖြစ်
၍လည်း ဖြစ်နိုင်၏။ လီပေါင်ကော် ကလည်း အချိန်မရွေး သူ့အခန်းတံခါးကိုဖွင့်ပြီးဝင်လာလေ့ရှိသည်။ရေချိုးခန်းထဲမှာကျတော့လည်း အချိန်တိုင်းပိုးဟပ်၊ပင့်ကူပြေးလွှားနေ၏။
သူ့ရဲ့မရေမတွက်နိုင်လောက်သည့်အတွေး
များပျောက်သွားအောင် ရေချိုးပြီးနောက်၊
ကုဖေးက သူ့အတွက် တဘက်မထည့်ပေး
လိုက်မှန်းသတိရသွား၏။သူ ခဏတုံ့ဆိုင်း
နေပြီးမှ၊ရေချိုးစဥ်က ချွတ်ထားတဲ့အဝတ်တွေကို ပြန်ကောက်ပြီး ဟိုဟိုဒီဒီ ရေသုတ်လိုက်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ၊အတွင်းခံဝတ်ပြီးနောက် ညအိတ်ဝတ်စုံယူဖို့မေ့လာခဲ့သည်ကို ကျန်ချန် သတိရလာ၏။
သူ့စိတ်ထဲမှာအတော်ကြာအောင်တိုက်ပွဲဖြစ်နေပြီးနောက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်
သည်။သူအံတင်းတင်းကြိတ်ပြီး၊ ရေချိုးခန်း တံခါးကိုဆွဲဖွင့်လိုက်တယ်။ရေချိုးပြီးလည်း အတွင်းခံဘောင်းဘီတစ်ထည်တည်းဝတ်ပြီး အခန်းထဲကိုဘာကြောင့်ပြန်မသွားရဲရမှာလဲ။ ဘာကြောင့် လိပ်ပြာမလုံသလိုခံစားရမှာလဲ။
ကုဖေးက သူ့လိုလူမျိုးပဲဆိုတော့ဘာဖြစ်လဲ။သူတို့နှစ်ယောက်ကတစ်နေရာထဲမှာအတူတူရှိလျှင်ရူးနှမ်းတဲ့ကိစ္စတွေကိုလုပ်မယ့်သူတွေ
မှမဟုတ်တာ။
သူ ရေချိုးခန်းအပြင်သို့ ယုံကြည်ချက်ရှိရှိနှင့် ထွက်လာပေမယ့်၊ရေချိုးခန်းတံခါး အနီးရှိ ခုံပေါ်မှာခေါက်တင်ထားသော ညအိပ်ဝတ်စုံကို တွေ့လိုက်ရသည်။
ကုဖေးက တခြားမိသားစုဝင်များကိုဂရုစိုက်
ပေးနေရသောကြောင့်၊အကျင့်ဖြစ်နေပုံပေါ်
၏။ပြီးပြည့်စုံတဲ့ နတ်သားလေး။သူ အဝတ်တွေကိုယူပြီးလဲဝတ်ပြီးကာမှစိတ်သက်သာရာရသွားသည်။
ကုဖေး၏အခန်းတံခါးကိုတွန်းဖွင့်ပြီး၊ သူ ပြန်ဝင်သွားလိုက်တယ်။စားပွဲပေါ်က ကွန်ပျူတာ ကပိတ်သွားပြီဖြစ်သည်။ကုဖေးသည် အိပ်ရာ ပေါ်မှာတင်ပျဉ်ခွေထိုင်၍ဖုန်းကြည့်နေ၏။
ကျန်ချန် ကြောင်အမ်းအမ်းဖြင့် ဆိုဖာနားသို့ လျှောက်သွားလိုက်တယ်။
"ငါ......"
ကုဖေးက ဖုန်းသုံးရင်းမော့မကြည့်ပဲ ပြောလာ
၏။
"မင်းအိပ်ယာအတွင်းခြမ်းမှာအိပ်လို့ရတယ်။ဆိုဖာပေါ်မှာအိပ်လို့မရဘူး။"
ကျန်ချန် တစ်ခုခုထူးဆန်းနေသလို ခံစားလိုက်၏။
"ဘာဖြစ်လို့လဲ?။"
"ကုမြောင်ကညဘက်အိပ်ရင်ယောင်ပြီးလမ်းထလျှောက်လေ့ရှိတယ်။သူကတစ်ခါတလေ ဆိုဖာပေါ်မှာလာအိပ်တယ်။မင်း သူ့နေရာကို ယူထားရင်၊သူလန့်သွားလိမ့်မယ်။"
"သူက ယောင်ပြီး လမ်းထလျှောက်တယ်?။"
ကုဖေးက ဖုန်းချပြီး သူ့ကိုကြည့်လာသည်။
"အမြဲတမ်းမဟုတ်ဘူး။ဒါပေမယ့်,ဒီနေ့ အိမ်မှာမင်းရှိနေတော့ သူအရမ်းစိတ်လှုပ်ရှားနေတယ်။ အဲ့ဒါကြောင့် ငါ စိတ်ပူတာ။"
"ကောင်းပြီ။"
ပထမတုန်းက, သူကဧည့်ခန်းထဲကဆိုဖာပေါ်မှာအိပ်လို့ဖြစ်ပါတယ်လို့ကျန်ချန် ပြောချင်ခဲ့သည်။ သူ့အတွေးကို ထုတ်ပြောရမည့်အစား ရိုးရိုးရှင်းရှင်းခေါင်းညိတ်လိုက်၏။
"အိပ်ယာအတွင်းခြမ်းမှာ မင်း အိပ်လိုက်။"
"ဟင်?"
"ဒီအိပ်ယာက မင်းအိပ်ယာလေ။"
ကျန်ချန်အိပ်ယာခင်းကိုလက်ညိုးထိုးပြလိုက်တယ်။ကုဖေး၏အခန်းထဲမှအိပ်ယာသည်ရှေး
ဟောင်းတရုတ်ရိုးရာအိပ်ယာများအတိုင်း၊ကုတင်ခေါင်းရင်းမှခြေရင်းထိ အလုံပိတ်ကာရန်ထား၏။အိပ်ယာဒီဇိုင်းက အရမ်းသစ်လွင်ပြီး ကြည့်ကောင်းနေသော်လည်း သီးသန့် တည်ရှိနေချင်သည့်ခံစားချက်ပေးစွမ်းနေသည်။
"ငါ အိပ်ယာအပြင်မှာပဲအိပ်လိုက်မယ်။"
"အိုကေ။ "
ကုဖေးက အိပ်ယာအတွင်းဘက်ကို ရွေ့သွားပြီး စောင်နှင့် ခေါင်းအုံး တွေကို အပြင်ဘက်သို့ ထုတ်ပေးလာ၏။
ကျန်ချန် အိပ်ယာကုတင် အစွန်းမှာ ထိုင်လိုက်တယ်။
"ကမ္ဘာပေါ်မှာ အိပ်ယာအမျိုးမျိုးရှိတာတောင် ဘာလို့ဒီအိပ်ယာကိုဝယ်ထားတာလဲ။ စိတ်လုံ
ခြုံမှုရှိချင်လို့လား။"
"ကုမြောင် ဝင်လို့မရအောင်လို့တမင်ဝယ်ထားတာ။"
ကုဖေးက ကုတင်ခြေရင်းကို လက်ညိုးထိုးပြလာသည်။
"တစ်ခါတလေ,သူကတံခါးမခေါက်ပဲအခန်း
ထဲဝင်လာတတ်တယ်။သူက အိပ်ယာကို မြင်ရင်တန်းပြီးတက်လာတာ။ငါ အိပ်ယာပေါ်မှာ တစ်ခုခုလုပ်ပြီးရင် ပြန်ရှင်းဖို့အချိန်မရလိုက်
ဘူး။ငါတံခါးလော့ခ်ချရင်လည်း သူကအထဲဝင်မရရင် ဒေါသထွက်လိမ့်မယ်။"
"အာ....."
ကျန်ချန် ကူကယ်ရာမဲ့စွာပင် ကုဖေးကို လှည့်ကြည့်လိုက်မိတယ်။
ကုဖေးကလည်း သူ့ကိုလေးနက်သည့် အမူ
အရာ နှင့် ပြန်ကြည့်လာ၏။
"Fuckk"
ကျန်ချန် ရယ်လိုက်တယ်။သူတို့ပြောနေသည်မှာ ယောကျ်ားလေးသဘာဝ ဖြစ်စဥ်ဖြစ်သော်
လည်း၊တကယ်ရယ်ချင်စရာကောင်းသည်ဟု သူ ခံစားရသည်။
ကုဖေးကလည်း သူ့လိုပင်ရယ်မောလာ၏။
"ညီမလေးရှိတဲ့သူတိုင်းက ဒီလိုမျိုးပင်ပန်းရတာချည်းပဲ။ ငါ အတိတ်တုန်းက သူမအပေါ်မှာ အပြစ်တစ်ခုကျူးလွန်ခဲ့တယ်။"
ကျန်ချန် ကုတင်ခေါင်းရင်းကို မှီပြီး စောင်ကို ကိုယ့်ပေါ်မှာ ခြုံလိုက်တယ်။
"ငါမယုံဘူး။အမှန်တိုင်းပြောရရင် ၊မင်းက အကိုကောင်းတစ်ယောက်လို့ ငါထင်တယ်။"
"ဟုတ်ရင်လည်းဟုတ်မှာပေါ့။ "
ကုဖေးက ခေါင်းငုံ့ပြီး ဖုန်းကိုကြည့်နေ၏။
"အာ,မင်းကအမြဲတမ်းဉာဏ်ရည်နိမ့်တဲ့ဂိမ်း
တွေကိုပဲကစားတာထင်တယ်။"
ကျန်ချန် သူ့ဖုန်းမျက်နှာကိုလှမ်းကြည့်လိုက်သည့်အခါ Craz3ဂိမ်း ကစားနေတာမဟုတ်မှန်းမြင်လိုက်ရသည်။ အချိန်ကုန်လွန်သွားခဲ့ပြီဖြစ်သည့်အရင်တုန်းကအကြောင်းတွေကို သူ ပြန်စဥ်းစားမိသွား၏။
"ငါ့မှာလည်းညီလေးတစ်ယောက်ရှိဖူးတယ်။"
ကုဖေးက သူ့ကိုလှည်ကြည့်လာသည်။
"ညီလေး?။"
ကျန်ချန် ခေါင်းအုံးကို ကျောနောက်မှာ ထားလိုက်တယ်။
"အင်း,သူတို့သားအရင်းက ငါ့ထက် နှစ်နှစ်ငယ်တယ်။ငါ သူ့ကိုမြင်တိုင်း စိတ်အနှောင့်အယှက်ဖြစ်သလို သူလည်း ငါ့ကို မြင်တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေကြပဲ။ငါ သူ့ကိုစကားတစ်ခွန်းမှမပြောဖြစ်တာ တော်တော်ကြာပြီ။ငါ ဒီမြို့ကိုမရောက်ခင်အချိန်ထိ..."
ကုဖေးက ပြောလာသည်။
"ပင်ကိုယ်စရိုက်ချင်း မတူညီလို့နေမယ်။
ငါ့အထင်ပြောတာ။"
"အင်း,သူတို့မိသားစုက ငါနဲ့မတူညီတဲ့ ပင်ကိုယ်စရိုက်တွေရှိကြတယ်။"
"..."
နှစ်ယောက်လုံးတိတ်ဆိတ်သွားပြီး၊အချိန်ကြာသည်အထိစကားမပြောဖြစ်ကြချေ။
အခန်းတစ်ခုလုံး တိတ်ဆိတ် နေသော်လည်း ကျန်ချန် နေရခက်တာမျိုးမရှိပေ။ သူ နေရာတစ်ခုကိုဗလာသက်သက်စိုက်ကြည့်နေမိ၏။ ထို့နောက်သူ့အကြည့်တွေကို ဖုန်းဆီသို့ပြန်ပို့လိုက်ပြီး ဖန်းကျိ နှင့်စကားပြောလိုက်တယ်။
-Grandpa,အတန်းခွဲ 117က ဟွန်ဟွေး ကို မှတ်မိလား?။
-နောက်ဆုံးတော့, မင်းဒီကိစ္စကိုမဖြေရှင်းနိုင်တော့ဘူးမလား။အဲ့ဒါတောင်,ဆက်သဘောကျနေသေးတာလား။
-မဟုတ်ဘူး။ငါပြောချင်တာက,သူက အကျင့်
မကောင်းတဲ့ဆန်ကုန်မြေလေးလန်ရောင်ဂျင်း
ယုံ နဲ့တွဲသွားတယ်။ငါ့မှာ ငိုချင်နေတာတောင်
မျက်ရည်တစ်စက်ပဲကျတယ်။
-သူတို့နှစ်ယောက့်ကအခုမှစတွဲတာမလား။မင်းအတွက်အခွင့်အရေးရှိသေးတယ်။မြန်မြန်, သူတို့ နှစ်ယောက်ကြားဝင်ဖြတ်လိုက်။
-ငါလည်းအဲ့လိုတွေးနေတာ။သူတို့နှစ်ယောက်ထဲကတစ်ယောက်ကိုငါလွယ်လွယ်လေးသွေး
ဆောင်ဖြားယောင်းလို့ ရတယ်။
ကျန်ချန်သည် ဖုန်းကိုကြည့်နေပြီးအတန်ကြာအောင်ရယ်နေသောကြောင့် ၊ကုဖေးက သူ့ကို လှည့်ကြည့်လာ၏။
ကျန်ချန် အရယ်တစ်ဝက်ဖြင့်ပြောလိုက်တယ်။
"ငါ့သူငယ်ချင်းပါ။သူက အရွယ်မရောက်ခင် အချစ်မှာ ကျရှုံးနေပြီ။"
"ဆောင်းရာသီပိတ်ရက်တုန်းက အားကစားရုံမှာ မင်းနဲ့အတူရှိနေတဲ့ တစ်ယောက်လား။"
"အင်း။ "
ကျန်ချန်ခေါင်းညိတ်လိုက်တယ်။
"အတိအကျပြောရရင်, ငါ့ရဲ့ မြေးလေး။"
သူရယ်၍ဝသွားသည့်အခါ၊အခန်းအတွင်းဝယ်တိတ်ဆိတ်မှုက ပြန် ကြီးစိုးလာသည်။
နှစ်ယောက်လုံးသည်ဖုန်းကိုယ်စီသုံးနေကြ
၏။ကျန်ချန်သည် ကုတင်းအုံးတား မှီထားသောကြောင့် မသက်မသာဖြစ်လာသည်။
သူ့ကိုယ်နေဟန်ထားကို နည်းနည်းလောက် ရွေ့ပြီးနောက်သက်တောင့်သက်သာရှိလာ
၏။
သူ ဖုန်းဆက်သုံးနေစဥ်ကုဖေးဆီမှထွက်လာသောရယ်သံတိုးတိုးကိုကြားလိုက်ရသည်။
ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်သည့်အခါ
ကုဖေးက သူ့ဖုန်းကို ပစ်ပေးလာ၏။
"ပြီးခဲ့တဲ့နှစ်ရက်က ငါတို့ကျောင်းဖိုရမ်ကို မင်း ကြည့်ပြီးပြီလား။"
"ငါ အဲ့အကြောင်းကိုသတိတောင်မရဘူး။"
ကျန်ချန် သူ့ဖုန်းကိုယူကြည့်လိုက်တယ်။
"သူတို့ကပြိုင်ပွဲအကြောင်းပြောနေတာလား"
"အင်း။"
ကုဖေးက ရယ်ကျဲကျဲဖြင့်ခေါင်းညိတ်ပြလာသည်။
ဖုန်းမျက်နှာပြင်ကိုကျန်ချန်ကြည့်လိုက်တယ်။ စီကျုံးကျောင်းဖိုရမ်က အတော်သက်ဝင်လှုပ်
ရှားနေလျှက်ရှိသည်။ပို့စ်တစ်ခုချင်းစီတိုင်းက မြှောက်များလှစွာသော အမေးအဖြေတွေနှင့် ပြည့်နေ၏။သူ အကြောင်းအရာ၏ခေါင်းစီးတွေကို အရင်ဖတ်ကြည့်လိုက်တယ်။
">>တာ့ဖေး ,ငါ့နတ်ဘုရား......သေလောက်အောင် မိုက်တယ် အား................"
">>ဘယ်သူလဲ...ဒီချစ်စရာကောင်းတဲ့ ကောင်
ငယ်လေးက ဘယ်သူလဲလို့ အသေးစိတ်ပြောပြပေးကြပါ ကျေးဇူးပြုပြီး..........."
">>တန်းခွဲ၈က အားနွဲ့တဲ့ ကြက်ပေါက်လေးတွေနဲ့ ပြည့်နေတယ်လို့ဘယ်သူပြောတာလဲ!
ထွက်ခဲ့စမ်းပါ။ငါ သူတို့ကိုသေတဲ့အထိရိုက်ပစ်မယ်လို့ ကတိပေးတယ်။"
">> ရုပ်ချောတဲ့ ကောင်လေးတွေအင်္ကျီချွတ်
နေတာကို........အင်တာနက်သုံးတဲ့သူတွေက အများကြီးရိုက်ထားတယ်ဟေး............"
">>တဆိတ်လောက်မေးပါရစေ။ဖိုရမ်ပေါ်မှာ နည်းဗျူဟာ နဲ့ ပတ်သတ်ပြီး ဆွေးနွေးတဲ့သူ
တစ်ယောက်မှ မရှိကြဘူးလား..........."
အကြောင်းအရာခေါင်းစီးတွေကို ဖတ်ကြည့်ပြီးနောက် ကျန်ချန်ရယ်လိုက်သည်။စီးကျုံး ကျောင်းသူကျောင်းသားများသည် ချစ်စရာကောင်းတယ်လို့ သူခံစားမိလာ၏။
"မင်းက ပို့စ်ထဲမှာ ဝင်မန့်နေတာလား။"
"ဟုတ်တယ်။"
"မင်းID က ဘာလဲ။"
ကုဖေးက ပြန်ဖြေလာ၏။
"ထင်ပေါ်ကျော်ကြားတဲ့ အချောလေး။"
"......."
ကျန်ချန် သူ့ Id နာမည်ကြောင့် တံတွေးပင်သီးသွားပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး အတန်ကြာ ချောင်းဆိုးမိ၏။သူ ခေါင်းပြန်လှည့်ကြည့်လိုက်တယ်။
"Fuckk? "
"လျှို့ဝှက်ချက်နော်။ ဒီနာမည်က ငါမှန်း ဘယ်သူမှ မသိဘူး။"
ကျန်ချန် ပြောလိုက်တယ်။
"လျှို့ဝှက်ပေးထားပါ့မယ်။မင်းက"လိမ္မာတဲ့ယုန်သေးသေးလေး"အတွက် ကုမြောင် ကို အပြစ်လွှဲချလိုက်သေးတယ်။တကယ်လို့ ,ဒီနာမည်ဖော်ထုတ်ခံရရင်၊ မင်းရဲ့အေးစက်ပြီး တစ်သီးတစ်ခြားနေတတ်တဲ့ ပုံရိပ် ကလည်း တစ်စစီပြိုကွဲသွားလိမ့်မယ်။"
ကုဖေးက ရယ်မောလာသည်။
">> ငါရဲ့ Fujoshi မျက်လုံးအမြင်အရတော့
သူတို့နှစ်ယောက်က တစ်ခုခုတော့တစ်ခုခုပဲ။
ငါ ပြောချင်တဲ့အဓိပ္ပါယ်ကဘာလဲဆိုတာ နင်တို့တွေလည်း သိကြတယ်မလား........"
ထိုခေါင်းစီးကို သူ နှစ်ကြိမ် ပြန်ကြည့်လိုက်မိတယ်။သူ့လက်မအောက်မှာရှိနေသောပို့စ်မှာ သူနှင့်ကုဖေးအကြောင်းပြောထားမှန်း ကြည့်
ရုံဖြင့် ချက်ချင်းသိနိုင်သည်။
စီကျုံးကျောင်းဖိုရမ်က အရမ်းကြောက်စရာကောင်းတယ် !!!!!!
.......
Photos crd to English Translators💗