တောရိုင်းသားလေးရဲ့ချစ်ပုံပြင်...

بواسطة Moti-IR7

535K 42.4K 1.6K

ုသွေးအေးလွန်းတဲ့မောင့်ကို အဲလေး စိတ်မရှည်တော့ဘူး။ #လွှမ်းစေသူ အဲလေး အတိတ်ဘဝကဆုတောင်းမှားခဲ့လို့ အခုလို မောင့်... المزيد

အပိုင်း(၁)
အပိုငျး(၁)(Unicode)
အပိုင်း(၂)
အပိုငျး(၂)(Unicode)
အပိုင်း(၃)
အပိုငျး(၃)(Unicode)
အပိုင်း(၄)
အပိုငျး(၄)(Unicode)
အပိုင်း(၅)
အပိုငျး(၅)(Unicode)
အပိုင်း(၆)
အပိုငျး(၆)(Unicode)
အပိုင်း(၇)
အပိုငျး(၇)(Unicode)
အပိုင်း(၈)
အပိုငျး(၈)(Unicode)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုငျး(၁၀)(Unicode)
အပိုင်း(၁၁)
အပိုင်း(၁၁)(Unicode)
အပိုင်း(၁၂)(Unicode)
အပိုင္း(၁၃)
အပိုင်း(၁၃)(Unicode)
အပိုင္း(၁၄)
အပိုင်း(၁၄)(Unicode)
အပိုင္း(၁၅)
အပိုင်း(၁၅)(Unicode)
အပိုင္း(၁၆)
အပိုင်း(၁၆)(Unicode)
အပိုင္း(၁၇)
အပိုင်း(၁၇)(Unicode)
အပိုင္း(၁၈)
အပို်င်း(၁၈)(Unicode)
အပိုင္း(၁၉)
အပိုင်း(၁၉)(Unicode)
အပိုင်း(၂၀)
အပိုင်း(၂၀)(Unicode)
အပိုင်း(၂၁)
အပိုငျး(၂၁)(Unicode)
အပိုင်း(၂၂)
အပိုငျး(၂၂)(Unicode)
အပိုင်း(၂၃)
အပိုငျး(၂၃)(Unicode)
အပိုင်း(၂၄)
အပိုငျး(၂၄)(Unicode)
အပိုင်း(၂၅)
အပိုငျး(၂၅)(Unicode)
အပိုင်း(၂၆)
အပိုငျး(၂၆)(Unicode)
အပိုင်း(၂၇)
အပိုငျး(၂၇)(Unicode)
အပိုင်း(၂၈)
အပိုငျး(၂၈)(Unicode)
အပိုင်း(၂၉)
အပိုငျး(၂၉)(Unicode)
အပိုင်း(၃၀)
အပိုငျး(၃၀)(Unicode)
အပိုင်း(၃၁)
အပိုငျး(၃၁)(Unicode)
အပိုင်း(၃၂)
အပိုငျး(၃၂)(Unicode)
အပိုင်း(၃၃)
အပိုငျး(၃၃)(Unicode)
အပိုင်း(၃၄)
အပိုငျး(၃၄)(Unicode)
အပိုင်း(၃၅)
အပိုငျး(၃၅)(Unicode)
အပိုင်း(၃၆)
အပိုငျး(၃၆)(Unicode)
အပိုင်း(၃၇)
အပိုငျး(၃၇)(Unicode)
အပိုင်း(၃၈)
အပိုငျး(၃၈)(Unicode)
အပိုင်း(၃၉)
အပိုငျး(၃၉)(Unicode)
အပိုင်း(၄၀)
အပိုငျး(၄၀)(Unicode)
အပိုင်း(၄၁)
အပိုငျး(၄၁)(Unicode)
အပိုင်း(၄၂)
အပိုငျး(၄၂)(Unicode)
အပိုင်း(၄၃)
အပိုငျး(၄၃)(Unicode)
အပိုင်း(၄၄)
အပိုငျး(၄၄)(Unicode)
အပိုင်း(၄၅)
အပိုငျး(၄၅)(Unicode)
အပိုင်း(၄၆)
အပိုငျး(၄၆)(Unicode)
အပိုင်း(၄၇)
အပိုငျး(၄၇)(Unicode)
အပိုင်း(၄၈)
အပိုငျး(၄၈)(Unicode)
အပိုင်း(၄၉)
အပိုငျး(၄၉)(Unicode)
အပိုင်း(၅၀)
အပိုငျး(၅၀)(Unicode)
အပိုင်း(၅၁)
အပိုငျး(၅၁)(Unicode)
အပိုင်း(၅၂)
အပိုငျး(၅၂)(Unicode)
အပိုင်း(၅၃)
အပိုငျး(၅၃)(Unicode)
အပိုင်း(၅၄)
အပိုငျး(၅၄)(Unicode)
အပိုင်း(၅၅)
အပိုငျး(၅၅)(Unicode)
အပိုင်း(၅၆)
အပိုငျး(၅၆)(Unicode)
အပိုင်း(၅၇)
အပိုငျး(၅၇)(Unicode)
အပိုင်း(၅၈)
အပိုငျး(၅၈)(Unicode)
အပိုင်း(၅၉)
အပိုငျး(၅၉)(Unicode)
လွမ်းရိပ်လေးရဲ့ချစ်ပုံပြင်(Unicode)
မိုတီလေးရဲ့ မေတ္တာစာ
မိုတီလေးရဲ့ မေတ္တာစာ
Book Announcement 📖
Physical Book❗❗❗
ဆိုင်းငံ့ခြင်း❗
Book Announcement❗
Book Cover

အပိုင်း(၉)(Unicode)

6.4K 631 1
بواسطة Moti-IR7

"အဲလေးကွာ စကားများမနေနဲ့ အိပ်တော့"

"ဘာလဲ အစ်ကိုစိတ်လှုပ်ရှားနေလို့လား"

"ဟာ...အဲလေး.."

အေးချမ်းမောင်လည်းအဲလေးရဲ့စကားကြောင့်အဲလေးကိုတစ်ဖန်ကျောပေးပြီးအိပ်လိုက်သည်။

"အစ်ကိုကလည်း ကျွန်တော်ကပြုတ်ကျမှာကြောက်လို့ပါဆို ဘာလို့ပြန်လှည့်သွားရတာလဲ"
လွှမ်းစေသူလည်း အစ်ကို့ခါးလေးကိုနောက်မှဖက်ပြီးပြောလိုက်သည်။

"ဒီတိုင်းဖက်လည်းအဆင်ပြေတယ်လေ ဒီတိုင်းလေးပဲအိပ်တော့နော်"
အေးချမ်းမောင်လည်း ခါးပေါ်မှအဲလေးရဲ့လက်ကလေးကိုအသာပွတ်သပ်ပေးပြီးကလေးတစ်ယောက်ပမာချော့သိပ်လိုက်သည်။

လွှမ်းစေသူလည်းဖုန်းမီးကိုလက်တစ်ဖက်​​နှင့်ပိတ်လိုက်ပြီး အစ်ကို့ကိုဖက်အိပ်လိုက်သည်။လွှမ်းစေသူရဲ့လက်ပေါ်မှာလှုပ်ရှားနေသည့်အစ်ကို့လက်ကလေးကိုအာရုံစိုက်ရင်း လွှမ်းစေသူလည်းအိပ်ပျော်သွားတော့သည်။

အဲလေးဆီမှ အသက်ရှူသံမှန်မှန်ထွက်ပေါ်လာသည်နှင့် အဲလေးအိပ်ပျော်သွားကြောင်း အေးချမ်းမောင်သိလိုက်သည်။

"အခုလိုအိပ်လည်း အဆင်ပြေနေတာကို ဘာကိစ္စမျက်နှာချင်းဆိုင်အိပ်ချင်နေလဲမသိဘူး"
အေးချမ်းမောင်လည်း အဲလေးရဲ့လက်ကိုပွတ်သပ်ပေးနေရင်းတွေးမိလိုက်သည်။ထို့နောက် အလိုလိုပြုံးမိသွားသဖြင့် ဟန်ထိန်းကာ အိပ်လိုက်တော့သည်။

"....."

အေးချမ်းမောင်လည်း ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကြားရသည်နှင့်အိပ်ရာထရန်ပြင်လိုက်သည်။

အဲ​လေးကတော့ အေးချမ်းမောင်၏ကိုယ်ပေါ်၌ ခြေတွေလက်တွေတင်ကာအိပ်နေလေသည်။အေးချမ်းမောင်ရဲ့ခန္ဓာကိုယ်ပေါ်တက်မအိပ်ရုံတစ်မည်သာရှိတော့သည်။အဲလေး နိုးသွားမည်စိုး၍ အေးချမ်းမောင်လည်း အသက်အောင့်ကာ အဲလေးရဲ့လက်တွေကိုဖယ်လိုက်သည်။ထို့နောက် အသာလေးထထိုင်ကာ အေးချမ်းမောင်ရဲ့ခြေထောက်ပေါ်တင်ထားသော အဲလေးရဲ့ခြေထောက်တွေကို အသာလေးဖယ်လိုက်သည်။အဲလေးနိုးမှာစိုး၍ အေးချမ်းမောင်မှာ အသက်တောင်ရဲရဲမရှူရဲပေ။ထို့နောက် အဲလေးကို ဖျင်ကြမ်းစောင်အပါးလေးခြုံပေးထားလိုက်သည်။
အေးချမ်းမောင်လည်း မျက်နှာသွားသစ်လိုက်လေသည်။မျက်နှာသစ်ပြီးသည်နှင့် အဲလေးနိုးလျှင်စားဖို့အဆင်သင့်ဖြစ်အောင် စတင်ချက်ပြုတ်လိုက်တော့သည်။အေးချမ်းမောင်ကတော့ အဲလေးနိုးမှထမင်းအတူတူစားရန် လောလောဆယ်အဆာပြေ ထမင်းရည်ကိုသာသောက်လိုက်သည်။ထို့နောက် ကန်စွန်းရွက်ကြော်ရန်အတွက် ကန်စွန်းရွက်သွားခူးလိုက်သည်။

ရေမြောင်းလေးတစ်လျောက်ဘေးမှ ကန်စွန်းရွက်လေးတွေကိုခူးပြီးခြင်းခုံးလေးထဲထည့်လိုက်သည်။အဲလေးများများစားရအောင် များများခူးလိုက်သည်။တစ်လက်စတည်းမို့ စိုက်ခင်းလေးထဲမှ ချဉ်ပေါင်ရွက်လေးများကိုပါခူးလိုက်သည်။လိုရမယ်ရလေးတွေခူးပြီးသည်နှင့် ရေဆေးကာကြော်ချက်လိုက်တော့သည်။ချဉ်ရည်ဟင်းလေးပါသောက်လို့ရအောင်ချက်ပေးလိုက်သည်။ယခင်​နေ့ကဝယ်ထား၍ ကျန်နေသေးသော ကြက်ဥကိုကြော်လိုက်သည်။

"ဒီဟင်းတွေ အဲလေးစားနိုင်ပါ့မလား"
အေးချမ်းမောင်လည်းခဏတွေးလိုက်သည်။ထို့နောက် စိုက်ခင်းထဲပြန်သွားကာ ဘူးရွက်ခူးလိုက်သည်။ဝေလီဝေလင်းမို့ကောင်းကောင်းမမြင်ရပေ။ဘူးရွက်ခူးပြီးသည်နှင့် ရေဆေးကာချက်လိုက်ပြန်သည်။အားလုံးချက်ပြုတ်ပြီးသည်နှင့် အေးချမ်းမောင်လည်း ခြေလက်ဆေးလိုက်သည်။ထို့နောက် ဆွမ်းတော်တင်ရန် ဆွမ်းတော်ခူးလိုက်သည်။

အေးချမ်းမောင်လည်းဆွမ်းတော်ပွဲကိုတဲထဲသို့ယူသွားလိုက်သည်။ထို့နောက် ဘုရားစင်ပေါ်တင်ကာ ဆွမ်းတော်ကပ်ရန်ပြင်လိုက်သည်။အဲလေးက ခုတင်တစ်ခုလုံးခြေပစ်လက်ပစ်အိပ်နေသည်မို့ အေးချမ်းမောင်ထိုင်ပြီး ဘုရားကန်တော့ရန်အဆင်မပြေပေ။ခြင်ထောင်ကလည်းမဖြုတ်ရသေး၍ နေရာကကျဉ်းနေသည်။​
အေးချမ်းမောင်လည်း ခြင်ထောင်လေးထဲအသာဝင်ကာ အဲလေးရဲ့ဘေး၌ကျုံ့ကျုံ့လေးထိုင်လိုက်သည်။ထို့နောက် ဘုရားကန်တော့လိုက်တော့သည်။ဆွမ်းတော်ကပ် အမျှဝေ မေတ္တာပို့်ပြီးသည်နှင့်အေးချမ်းမောင်လည်း ဘေးနားမှအဲလေးကို ကြည့်လိုက်သည်။

"အိပ်ရေးကလည်းကြမ်းလိုက်တာ"
ပြုတ်ကျလုလုဖြစ်နေသော အဲလေးရဲ့ကိုယ်ကို ဖြည်းဖြည်းချင်းရွေ့ပေးလိုက်သည်။

"အာ...အစ်ကို နိုးနေပြီလား ဘာလို့အစောကြီးထတာလဲ...ကျွန်တော်နဲ့ပြန်အိပ်ပေး"
လွှမ်းစေသူလည်း အိပ်ချင်မူးတူးအသံလေးနှင့်ပြောကာ အစ်ကို့ပုခုံးကိုလှမ်းဆွဲလိုက်သည်။

အေးချမ်းမောင်ကတော့ အဲလေးကလှမ်းဆွဲလိုက်၍ အဲလေးရဲ့ရင်ဘတ်ပေါ်မေးထောက်မိသွားသည်။သို့ပေမယ့် အသံမထွက်မိအောင်သတိထားလိုက်သည်။အဲလေးက
ငြိမ်သွားသည်နှင့် အေးချမ်းမောင်လည်း ဖြည်းဖြည်းချင်းထလိုက်သည်။

"ဟူး...အဲလေးနဲ့တော့မလွယ်ဘူး"
တဲအပြင်ရောက်သည်နှင့် အေးချမ်းမောင်လည်းသက်ပြင်းချလိုက်သည်။

ထို့နောက်ရေတွင်းထဲမှရေတွေကို ရေပုံးလေးနှင့်ဆွဲငင်လိုက်သည်။ရေထမ်းပုံးလေးထဲရေပြည့်သည်နှင့် စိုက်ခင်းလေးကိုရေလောင်းလိုက်သည်။

"အဲလေး အတွက် အိမ်သာဆောက်ပေးရဦးမှာပဲ"
အေးချမ်းမောင်လည်း ရေလောင်းရင်းတွေးမိလိုက်သည်။ထို့ကြောင့် အပင်တွေရေလောင်းပြီ်းသည်နှင့် ပေါက်ပြားကိုယူကာ အိမ်သာကျင်းတူးရန်သွားလိုက်သည်။

တဲရဲ့အနောက်ဘက်ရှိ ကိုင်းပင်တွေနား၌တူးလိုက်သည်။မြေကနည်းနည်းမာ၍ တူးရတခက်သည်။ဘာမျှမစားရသေး၍ ပင်ပန်းလာသည်။ထမင်းစားနှင့်လည်းရပေမယ့် အဲလေးနှင့်​အတူတူစားချင်၍ မစားသေးဘဲစောင့်နေလိုက်သည်။မနက်ခင်း၌ပင် အေးချမ်းမောင်ရဲ့ခန္ဓာကိုယ်ကချွေးတွေစိုနေသည်။

"ဟာ..အစ်ကို...ဘာလုပ်နေရပြန်တာတုန်း အစ်ကိုကတော့ဗျာ ငြိမ်ငြိမ်နေစမ်းပါ လာ နားဦး"
လွှမ်းစေသူလည်း အိပ်ရာထထချင်းအစ်ကို့ကိုမတွေ့၍လိုက်ရှာလိုက်သည်။တဲရဲ့အနောက်ဘက်ကအသံတွေကြားနေရ၍ လွှမ်းစေသူသွားကြည့်လိုက်သည်။ချွေးတွေစိုရွှဲကာ နားလိုက်ပေါက်လိုက်နှင့်မြေတူးနေသောအစ်ကို့ကိုမြင်လိုက်ရ၍ လွှမ်းစေသူစိတ်မကောင်းဖြစ်သွားသည်။ထို့ကြောင့်အစ်ကို့လက်ကိုဆွဲပြီးခေါ်လာခဲ့လိုက်သည်။

"အဲလေး နိုးပြီလား ဗိုက်ဆာရင် ထမင်းစားတော့လေ ငါချက်ထားတယ်"
အေးချမ်းမောင်လည်း အဲလေးမျက်နှာပျက်နေ၍ အလိုက်အသင့်လေးပြောလိုက်သည်။

"အစ်ကို့ကို ကျွန်တော်မေးနေတာလေ အဲ့ဒါဘာလုပ်နေတာလဲလို့"
လွှမ်းစေသူလည်း အစ်ကို့ပုခုံးနှစ်ဖက်ကိုကိုင်ပြီး သေချာမေးလိုက်သည်။

"အဲ့ဒါက အဲလေး အိမ်သာတက်ရတာအဆင်ပြေအောင်လို့ အိိမ်သာဆောက်ပေးမလို့ပါ။ဘာလို့လဲ အဲလေးက အခုတက်ချင်နေလို့လား"

"ကျစ်...အစ်ကိုရာ..."
ရိုးသားပြီး စိတ်ထားကောင်းလွန်းသည့်အစ်ကို့ကို ကြည့်ပြီး လွှမ်းစေသူမှာ ပြောစရာစကားပင် ပျောက်ရှသွားလေသည်။

"အဲ့ဒါဆက်မတူးနဲ့တော့ ဒီနေ့ကစပြီး အစ်ကိုနေသလိုကျွန်တော်နေမယ် ကျွန်တော့်အတွက်ဘာမှထွေထူးပြီးလုပ်ပေးနေစရာမလိုဘူး အစ်ကိုနားလည်လား"
လွှမ်းစေသူလည်းအစ်ကို့မျက်နှာကိုသေချာကြည့်ပြီး​ပြောလိုက်သည်။

"ငါနေသလိုလိုက်နေလို့မဖြစ်ဘူးလေ အဲလေးရဲ့။ငါကအိမ်ရှင်။ဖြစ်သလိုနေလို့ရတယ် အဲလေးက ဧည့်သည်။အိမ်ရှင်ဆိုတာ ဧည့်သည်အပေါ်တာဝန်ကျေရတယ် လိုအပ်ချက်မရှိအောင်ထားရတယ် အဲလေးရဲ့"

"အဲ့ဒါဆို အစ်ကို ကျွန်တော့်အပေါ်ကောင်းနေတာတွေက ဧည့်သည်တစ်ယောက်အနေနဲ့ တာဝန်တွေဝတ္တရားတွေကြောင့်လား အစ်ကို"

"အဲလေး ဗိုက်ဆာနေလိမ့်မယ် မျက်နှာသွားသစ်တော့လေ ပြီးရင် ထမင်းအတူတူစားကြမယ်"
အဲလေးမေးသည့်မေးခွန်းကဖြေရခက်၍ အေးချမ်းမောင်စကားလွှဲလိုက်သည်။

"အစ်ကို စကားလမ်းကြောင်းမလွှဲနဲ့ ကျွန်တော်မေးတာဖြေ"
မေးတာမဖြေဘဲ စကားလမ်းကြောင်းလွှဲနေသော အစ်ကို့ပုခုံးကိုတင်းတင်းဆုပ်ကိုင်ပြီးထပ်မေးလိုက်သည်။

"အင်းပါ ငါအဲ့ဒါကို ဆက်မတူးတော့ပါဘူး အဲလေးကြိုက်သလိုနေပါ"

"အစ်ကို..!
ဘာလို့မေးတာကိုမဖြေတာလဲ"
ယခုချိန်ထိမေးတာကိုကောင်းကောင်းမဖြေသော အစ်ကို့ကို လွှမ်းစေသူစိတ်မရှည်တော့၍ အော်လိုက်သည်။

လွှမ်းစေသူမြင်လိုက်ရသည်က ဝမ်းနည်းနေသောအစ်ကို့မျက်ဝန်း။တစ်ခုခုကိုမဖြစ်နိုင်မှန်းသိ၍ အရှုံးပေးနောက်ဆုတ်ပေးချင်နေသော အစ်ကို့မျက်ဝန်း။အစ်ကို့နှုတ်က မည်သည့် စကားထွက်လာမလဲဆိုတာကို လွှမ်းစေသူစောင့်စားနေလိုက်သည်။

"ငါ့ကို အဲ့လိုမေးခွန်းတွေမမေးပါနဲ့ ငါမဖြေတတ်ဘူး အဲလေး"

*မျက်ဝန်းတွေက နှလုံးသားရဲ့ပြတင်းပေါက်ဆိုရင် မေးခွန်းတွေက ရင်ခုန်သံရဲ့အစပျိုးခြင်းမို့ မေးခွန်းတွေကို ငါ မဖြေပါရစေနဲ့ အဲလေး*

"ဘာလို့ မဖြေတတ်တာလဲ။ကျွန်တော်မေးတဲ့ထဲမှာ ခက်တဲ့ဟာပါနေလို့လား ဟင် အစ်ကို"

"အဲလေး ငါတောင်းပန်ပါတယ် ငါ့ကိုထပ်မမေးပါနဲ့တော့။ငါ့မှာ အဲလေးကိုပြောစရာစကားမရှိဘူး"
အေးချမ်းမောင်လည်း ပုခုံးပေါ်မှလက်နှစ်ဖက်ကိုဖယ်ချပြီးမီးဖိုထဲသို့ဝင်သွားလိုက်တော့သည်။

"ပြောစရာ စကားမရှိဘူးတဲ့လားဗျာ.."
လွှမ်းစေသူလည်း မှိုင်လျက်ကျန်နေခဲ့သည်။ခဏကြာသည်ထိ ရပ်နေမိသည်။ထို့နောက် မျက်နှာသစ်လိုက်သည်။မျက်နှာပေါ်မှ အဖုတွေမရှိတော့ကြောင်း လွှမ်းစေသူသတိထားမိလိုက်သည်။မျက်နှာသစ်ပြီးသည်နှင့်တဲထဲသို့ဝင်ကာမျက်နှာသုတ်လိုက်သည်။

ထို့နောက် မေမေတို့ကို အဆင်ပြေကြောင်း အိပ်ရာနိုးပြီဖြစ်ကြောင်းမက်ဆေ့လှမ်းပို့လိုက်သည်။ဓာတ်ပုံလေးတစ်ပုံရိုက်ပြီးတော့လည်း မေမေတို့ကိုပုံပို့လိုက်သည်။ပြီးသည်နှင့် ထမင်းစားရန်ထွက်လာလိုက်သည်။

ဝါးကွပ်ပျစ်ပေါ်တွင် အဆင်သင့်ထိုင်နေသော အစ်ကို့ကိုမြင်သည်နှင့် လွှမ်းစေသူလည်း အစ်ကို့ရှေ့ဝင်ထိုင်လိုက်သည်။အစ်ကိုက သူကိုယ်တိုင်ဟင်းတွေထည့်ထား၍ လွှမ်းစေသူလည်းဦးမချတော့ပေ။အစ်ကိုလည်းနှုတ်ဆိတ်နေ၍ လွှမ်းစေသူလည်းဘာမျှမပြောဘဲစားနေလိုက်သည်။သို့ပေမယ့် ယခုအခြေနေကြီးကိုတော့ လွှမ်းစေသူမကြိုက်ပေ။ဝမ်းနည်းသလိုလို အထီးကျန်သလိုလိုနှင့် နာကျင်ရသည်။

"အစ်ကိုက ဘာမှမခံစားရဘူးလား"
လွှမ်းစေသူလည်း အစ်ကို့ကိုမသိမသာကြည့်ပြီး တွေးမိလိုက်သည်။လွှမ်းစေသူရဲ့ရှေ့မှလူသားကတော့ ပကတိပင်အေးချမ်းနေပုံရသည်။

ထမင်းစားပြီးသည်နှင့် လွှမ်းစေသူလည်း ကိုယ့်ပန်းကန်ကို ကိုယ်ဆေးရန်ထွက်လာလိုက်သည်။အစ်ကိုကတားနေကြဆိုပေမယ့် ယခုတော့ အစ်ကိုက ဘာမျှမပြောပေ။လွှမ်းစေသူလည်း အလိုလိုဝမ်းနည်းလာသည်။ပန်းကန်ဆေးပြီးသည်နှင့် မေမေပေးလိုက်သည့်မုန့်ထုပ်တွေကိုမွှေလိုက်သည်။ထောပတ်သီးဖျော်ရည်သောက်ချင်လာ၍ လွှမ်းစေသူလည်း ထောပတ်သီးလေးနှင့် ဘလန်ဒါကိုယူပြီး အပြင်သို့်ထွက်လာလိုက်သည်။ဘလန်ဒါကို ဝါးကွပ်ပျစ်လေးပေါ်ထားပြီး ထောပတ်သီးခွဲရန်မီးဖိုထဲသို့ဝင်သွားလိုက်သည်။

"ဒါ ဘယ်လိုခွဲရတာလဲ"
လွှမ်းစေသူလည်း မီးဖိုထဲရောက်သည်နှင့်ထောပတ်သီးကိုဘယ်လိုခွဲရမလဲစဉ်းစားနေလိုက်သည်။ထို့နောက် ဓားကိုယူကာ ထောပတ်သီးပေါ်တင်လိုက်သည်။ထို့နောက် အားနှင့်ဖိချလိုက်တော့သည်။

"အား...!.."

မီးဖိုထဲမှအဲလေးရဲ့အော်သံကြားသည်နှင့် အေးချမ်းမောင်လည်း မီးဖိုထဲသို့် ချက်ချင်း​ပြေးသွားလေသည်။

"အဲလေး..အဲလေး..ဘာဖြစ်သွားတာလဲ"
အေးချမ်းမောင်လည်း အဲလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို​သေချာကြည့်လိုက်သည်။သွေးတွေစီးကျနေသည့် အဲလေးရဲ့လက်ညှိုးကို အေးချမ်းမောင်မြင်လိုက်ရ​ေလသည်။အဲလေးမျက်နှာကိုကြည့်လိုက်တော့လည်း မျက်ရည်တွေကစီးကျနေသည်။အကောင်ကိုက်တုန်းကတောင်အော်ငိုနေတတ်သည့်ကောင်လေးက ဓားရှတာကိုကျ အသံမထွက်ဘဲငိုနေသည်။မနာလို့တော့မဖြစ်မိပေ။သူ့ထံ၌ ထိုထက်ပိုနာကျင်စရာရှိနေ၍လည်းဖြစ်မည်။

အေးချမ်းမောင်လည်း အဲလေးရဲ့လက်ကိုဆွဲကာ သွေးတိတ်စေရန်အတွက် လက်ကိုပါးစပ်ထဲ၌ငုံထားလိုက်သည်။

"အစ်ကို ဖယ်"
လွှမ်းစေသူလည်း အစ်ကို့ပါးစပ်ထဲမှလက်ကိုဆွဲထုတ်လိုက်သည်။

"ငြိမ်ငြိမ်နေပါ အဲလေးရာ မဟုတ်ရင်ဒဏ်ရာက ပိုဆိုးလိမ့်မယ်"
အေးချမ်းမောင်လည်း အဲလေးရဲ့လက်ကိုပြန်ဆွဲပြီးငုံထားလိုက်သည်။ဒီတစ်ခါတော့ အဲလေးကလက်ကိုပြန်ဆွဲလည်း အေးချမ်းမောင်ကအားနှင့်ပြန်ဆွဲထားလိုက်သည်။သွေးတိတ်လောက်ပြီဟုထင်သောအချိန်မှ အေးချမ်းမောင်လည်း အဲလေးရဲ့လက်ကိုထုတ်လိုက်သည်။

"အစ်ကို့ ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်လိုက်ဦးလေ"
လွှမ်းစေသူလည်း အစ်ကို့ကိုပြောလိုက်သည်။သို့ပေမယ့် လွှမ်းစေသူပြောတာနောက်ကျသွားသည်။အစ်ကိုက မျိုချလိုက်​ေလသည်။

"လာ ဆေးထည့်ပေးမယ်"
အေးချမ်းမောင်လည်း အဲလေးကို ဝါးကွပ်ပျစ်လေးပေါ်ထိုင်ခိုင်းလိုက်သည်။ထို့နောက် တဲထဲသို့ဝင်ပြီးဆေးဘူးသွားယူလိုက်သည်။ဆေးဘူးယူပြီးသည်နှင့် အေးချမ်းမောင်လည်း အဲလေးရဲ့လက်ကိုဆေးထည့်ပေးလိုက်သည်။

"အစ်ကို ဘာလို့ခုနကသွေးတွေကို မျိုချလိုက်တာလဲ"
လွှမ်းစေသူလည်းဆေးထည့်ပေးနေသည့်အစ်ကို့ကိုကြည့်ပြီးမေးလိုက်သည်။

"ဘာလို့လဲ"
အေးချမ်းမောင်လည်း ဆေးထည့်နေရင်း ပြန်မေးလိုက်သည်။

"အစ်ကိုမရွံဘူးလား"

"ရွံစရာမှမဟုတ်တာ "

လွှမ်းစေသူလည်း ဘာမျှဆက်မမေးတော့ပေ။အေးချမ်းမောင်လည်း ဆေးဘူးကိုတဲထဲသို့ပြန်ထားလိုက်သည်။

"အဲလေး ခုနက ဘာလုပ်နေတာလဲ ထောပတ်သီးခွဲနေတာလား"

"ဟုတ်တယ် ဒါပေမယ့် အခုမခွဲတော့ဘူး "

"ငါခွဲပေးမယ်"
အေးချမ်းမောင်လည်း ထောပတ်သီးခွဲပေးရန်မီးဖိုထဲသို့သွားလိုက်သည်။

"တာဝန်အရဆိုရင်တော့မလုပ်ပါနဲ့"
လွှမ်းစေသူလည်း အစ်ကို့ကိုလှမ်းပြောလိုက်သည်။

အဲလေးစကားကြောင့်အေးချမ်းမောင်ရဲ့ခြေလှမ်းတွေတန့်သွားသည်။ခြေစုံရပ်ကာ ခဏငြိမ်သွားသည်။ထို့နောက် အဲလေးဆီဖြည်းဖြည်းချင်းလှမ်းသွားလိုက်ပြီးအဲလေးရဲ့ခေါင်းကိုကိုင်ကာ.....

"တာဝန်အရမဟုတ်ပါဘူး"
တည်ငြိမ်သည့်လေသံနှင့်အဲလေးကိုပြောလိုက်သည်။ထို့နောက် အဲလေးကို ပြုံးပြလိုက်သည်။

"ဒီပေါ်မှာထိုင်နေနော် ငါပြန်လာခဲ့မယ်"
အေးချမ်းမောင်လည်းမီးဖိုထဲသို့ပြန်ဝင်သွားလိုက်သည်။

လွှမ်းစေသူကတော့ အစ်ကိုကိုင်သွားသည့်ခေါင်းလေးကို လက်ကလေးနှင့်အသာထိကာ ပြုံးလိုက်သည်။ထို့နောက် အစ်ကို့နှုတ်ခမ်းလေးနှင့်ထိထားသော လက်ချောင်းလေးကိုလည်း လွှမ်းစေသူဖွဖွလေးနမ်းကြည့်လိုက်သည်။

"အဲလေး ရပြီ ဘာဆက်လုပ်ရမှာလဲ"

အစ်ကို့အသံကြား၍ လွှမ်းစေသူလည်းကိုယ့်ကိုယ်ကိုပြန်ထိန်းကာခပ်တည်တည်ပင်နေလိုက်သည်။

"ရတယ် အစ်ကို ကျွန်တော်ပဲဖျော်လိုက်တော့မယ်"
လွှမ်းစေသူလည်း အစ်ကို့လက်ထဲမှထောပတ်ခြမ်းလေးကိုသွားယူလိုက်သည်။ထို့နောက် ဘလန်ဒါထဲထည့်ကာဖျော်လိုက်တော့သည်။

"အစ်ကို သကြားရှိလားဟင်"

"အင်း ရှိတယ် အဲလေး
ငါသွားယူပေးမယ်"
အေးချမ်းမောင်လည်း မီးဖိုထဲမှသကြားဘူးလေးကိုသွားယူလိုက်သည်။ထို့နောက်အဲလေးကိုပေးလိုက်သည်။အေးချမ်းမောင်ကတော့ အဲလေးလုပ်သမျှကိုလိုက်မှတ်နေလိုက်သည်။

"ရပြီ ဟဲဟဲ.."
လွှမ်းစေသူလည်း မေမေထည့်ပေးလိုက်သည့် ဖန်ဘူးလေးကိုသွားယူလိုက်သည်။ဖန်ဘူးလေးထဲသို့ထောပတ်တွေထည့်ပြီးသည်နှင့် ထောပတ်ဘူးလေးကိုဓာတ်ပုံရိုက်ပြီး မေမေတို့ဆီပို့လိုက်သည်။

"အစ်ကို သောက်ကြည့် ကျွန်တော့်လက်ရာကိုကြိုက်သွားစေရမယ် ဟဲဟဲ"
လွှမ်းစေသူလည်း ဖန်ဘူးလေးကို အစ်ကို့ဆီကမ်းပေးလိုက်သည်။

"ဟာ..ရပါတယ်ကွာ အဲလေးသာ သောက်ပါ"
အေးချမ်းမောင်လည်း ဖန်ဘူးလေးကို အဲလေးဆီပြန်တွန်းပို့လိုက်သည်။

"အစ်ကိုကလည်းဗျာ..အစ်ကိုချည်းပဲ ချက်ကျွေးနေရတာ။အခု ကျွန်တော်လုပ်ပေးတာလေးတော့သောက်ပါ နော် နော် အစ်ကို"
လွှမ်းစေသူလည်း အစ်ကို့ကို မရမကတိုက်လိုက်သည်။

"အေးအေး "
အေးချမ်းမောင်လည်းငြင်းမရသည့်အဆုံးမို့ အဲလေးပေးသည့်ဖန်ဘူးလေးထဲမှ ထောပတ်သီးဖျော်ရည်လေးကိုသောက်လိုက်သည်။

"အစ်ကို သောက်လို့ကောင်းလား"

"အင်း ကောင်းတယ်
ရော့ အဲလေးသောက်တော့"
အေးချမ်းမောင်လည်း အဲလေးကိုပြန်ပေးလိုက်သည်။

"ဟုတ်ကဲ့"
လွှမ်းစေသူလည်း ထောပတ်သီးဖျော်ရည်လေးကိုယူသောက်လိုက်သည်။ထောပတ်သီးဖျော်ရည်သောက်ပြီးသည်နှင့် လွှမ်းစေသူလည်းဖန်ဘူးလေးနှင့် ဘလန်ဒါကိုဆေးလိုက်သည်။ဆေးပြီးသည်နှင့် တဲထဲသို့ပြန်ထားလိုက်သည်။

"အစ်ကို "
ကွပ်ပျစ်ပေါ်ထိုင်နေသည့်အစ်ကို့ဘေးနား လွှမ်းစေသူဝင်ထိုင်လိုက်သည်။

"ပြောလေ အဲလေး"

"ကျွန်တော်တို့ ရွာထဲကိုဘယ်ချိန်သွားမှာလဲ"

"အဲလေး အဆင်ပြေတဲ့အချိန်သွားမယ်လေ ငါကဘယ်ချိန်နေနေ အဆင်ပြေတယ်"

"ဟုတ်ကဲ့ အဲ့ဒါဆို ရေချိုးပြီးရင်သွားကြမယ်လေ"

"အေးအေး အခုတော့ ခဏနားလိုက်ဦး ပြီးမှရေချိုး"

"ဟုတ်ကဲ့"

လွှမ်းစေသူနှင့်အေးချမ်းမောင်လည်း ဝါးကွပ်ပျစ်လေးပေါ်အတော်အတန်ကြာသည်ထိထိုင်နေလိုက်ကြသည်။

"Ring...Ring..."

မေမေ့ဆီမှဖုန်းဝင်လာ၍ လွှမ်းစေသူလည်းဖုန်းဖြေလိုက်သည်။

"Hello မေမေ"

"သားလေး ထောပတ်သီးဖျော်ရည်က သောက်လို့ကောင်းရဲ့လား"

"ကောင်းတာပေါ့ မေမေရ
သားကိုယ်တိုင်ဖျော်ထားလို့ထင်တယ် အရသာကိုရှိလို့် ဟဲဟဲ"

"အမလေး ဟုတ်ပါပြီရှင်
ဒါနဲ့ ထောပတ်သီးကိုဘယ်လိုခွဲလိုက်တာလဲ။ သားကိုယ်တိုင်ခွဲလိုက်တာလား"

"ဒါပေါ့ မေမေရ ထောပတ်သီးကိုသားကိုယ်တိုင်ခွဲလိုက်တာ"
လွှမ်းစေသူလည်း အစ်ကို့ကိုကြည့်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။

အေးချမ်းမောင်လည်း'ရတယ်'ဟူသောသဘောဖြင့်အဲလေးကိုခေါင်းညိတ်ပြီးပြုံးပြလိုက်သည်။

"ကောင်းကောင်းခွဲနော် လက်ကိုဓားထိနေမယ်"

"ဟုတ်ကဲ့ပါ မေမေ"

"အေးပါ သားတို့လျှောက်လည်ထားတဲ့ပုံလေးတွေ မေမေတို့ဆီပို့ပေးဦးနော်"

"ဟုတ်ကဲ့ပါ မေမေ
သားလည်းကြွားချင်နေတာပါဗျ ဟဲဟဲ..
ခဏနေ ရေချိုးပြီးရင်သွားတော့မှာလေ သေချာပေါက်ပို့လိုက်မယ်နော်"

"အေးအေး ရေချိုးတာလည်းဂရုစိုက်နော် ဖျားနေမယ်"

"ဟုတ်ကဲ့ပါ မေမေရဲ့ သားကိုစိတ်မပူပါနဲ့ သားကလူကြီးဖြစ်နေပါပြီ ဟီးဟီး"

"​ေဩာ်...သူကလူကြီးဖြစ်ပြီဆိုတော့ ငါကအဘိုးကြီးလား"
အေးချမ်းမောင်လည်း ဘေးနားမှပြုံးဖြီးနေသော အဲလေးကိုကြည့်ပြီးတွေးလိုက်မိသည်။အဲလေးကပြန်ကြည့်သည်နှင့် အေးချမ်းမောင်လည်း အကြည့်လွှဲလိုက်သည်။

"အမလေး ဟုတ်ပါပြီရှင်
မေမေလည်း ဆိုင်သွားတော့မှာမို့ ဒါပဲနော် သားလေး"

"ဟုတ်ကဲ့ မေမေ
Bye.."

လွှမ်းစေသူလည်း မေမေနှင့်ဖုန်းပြောပြီးသည်နှင့် ဖုန်းကိုဘေးနားချကာ ဟက်ခနဲ့တစ်ချက်ရယ်လိုက်မိသည်။

"အဲလေးတောင် လိမ်တတ်နေပြီကိုး"
အေးချမ်းမောင်လည်း အဲလေးကိုငဲ့ကြည့်ကာပြောလိုက်သည်။

"ဟီးဟီး အဲ့ဒါလိမ်တာမဟုတ်ပါဘူးဗျ တစ်ဖက်လူစိတ်ချမ်းသာအောင်လို့ပြောလိုက်တာ"

"​ေဩာ်... ကရုဏာရှင်ကြီးပေါ့ ဟုတ်လား"

"ဒါပေါ့ ဒါပေါ့ ဟဲဟဲ...
ဒါနဲ့ အစ်ကိုက တစ်ခါမှမလိမ်ဖူးဘူးလား"

"အင်း အခုထိတော့ကြီးကြီးမားမား မလိမ်ဖူးဘူးပြောလို့ရတယ် ငါလိမ်စရာလည်းလူမှမရှိတာ ငါတစ်ယောက်တည်းလေ"

"အဲ့ဒါဆိုလည်း ကိုယ့်ကိုယ်ကိုပြန်လိမ်ပေါ့ ဟုတ်ဘူးလား.
ဟားဟား..."

အေးချမ်းမောင်ကတော့ ဘာမျှပြန်မပြောတော့ဘဲ ရယ်မောနေသည့်အဲလေးကိုသာကြည့်နေလိုက်သည်။ထို့နောက် ပြုံးလျက်ပင်ခေါင်းယမ်းလိုက်တော့သည်။

"အစ်ကို ရေအရင်ချိုးလေ ပြီးမှ ကျွန်တော်ချိုးမယ်"
လွှမ်းစေသူက ရေချိုးလျှင်ကြာတတ်သည်မို့ အစ်ကို့ကို အလျင်ချိုးခိုင်းလိုက်သည်။

"အေးအေး.. "
အေးချမ်းမောင်လည်း ရေချိုးရန်ပြင်လိုက်သည်။လွှမ်းစေသူကတော့ ကွပ်ပျစ်လေးပေါ်ခဏလှဲအိပ်ကာ ဖုန်းကြည့်နေလိုက်သည်။ခဏကြာသည်နှင့် တဲထဲမှထွက်လာသော အစ်ကို့ကိုကြည့်လိုက်သည်။

အပေါ်ပိုင်းကအင်္ကျီမပါတော့ဘဲ တဘက်လေးနှင့်လည်ပင်းကိုသိုင်းကာရင်ဘတ်ကိုဖုံးထားသည်။ပုဆိုးဝတ်ထားသည့် ခါးပုံစလေးနှင့် တဘက်လေးကြားမှ တစ်ချက်တစ်ချက်လှပ်ခနဲပေါ်လာသော အစ်ကို့ဗိုက်သားလေးကို လွှမ်းစေသူလည်း ရရမိမိလိုက်ငေးနေလိုက်သည်။

"အောင်မလေးဗျ..ကျွတ်..ကျွတ်.."
အစ်ကိုကိုကြည့်နေရာမှ လက်ထဲကဖုန်းက မျက်နှာပေါ်ပြုတ်ကျလာ၍ လွှမ်းစေသူလည်းတီးတိုးလေးညည်းလိုက်သည်။နှာနုပေါ်ပြုတ်ကျသွားသည်မို့ လွှမ်းစေသူအရမ်းနာသွားသည်။သို့ပေမယ့် ကိုယ့်အပြစ်နှင့်ကိုယ်မို့ နှာခေါင်းလေးကိုသာ လက်နှင့်ပွတ်သပ်ပြီးပြုံးနေလိုက်သည်။ထို့နောက်လွှမ်းစေသူလည်း တဲထဲသို့ဝင်ကာ ရေချိုးပြီးလျှင်ဝတ်ဖို့ အဝတ်စားတွေကိုရွေးထားလိုက်သည်။

"ရပြီ အဲလေး
ရေသွားချိုးတော့"
အေးချမ်းမောင်လည်း ဆံပင်တွေကိုရေခါလျက်ပြောလိုက်သည်။

"ဟုတ်ကဲ့ အစ်ကို
အစ်ကို ရေချိုးတာ မြန်သားပဲ"
လွှမ်းစေသူလည်း အင်္ကျီချွတ်လျက်ပြောလိုက်သည်။

"အေး
အဲလေးလည်း အရမ်းမကြာနဲ့ဖျားလိမ့်မယ်"
အေးချမ်းမောင်လည်း အဲလေးကိုကြည့်ပြီးပြောလိုက်သည်။အဲလေးက အင်္ကျီချွတ်ပြီး​နေသည့်အပြင် ဘောင်းဘီပါချွတ်တော့မည်ဟန်ပြင်နေ၍ အေးချမ်းမောင်လည်းချက်ချင်းအကြည့်လွှဲလိုက်သည်။ထို့နောက် အဲလေးကို ကျောပေးလိုက်သည်။

"အစ်ကို ကျွန်တော်သွားပြီနော်"
လွှမ်းစေသူလည်း အစ်ကို့ကိုပြောပြီး ရေချိုးထွက်သွားလိုက်တော့သည်။

အေးချမ်းမောင်လည်း အဖြူရောင်ရှုပ်အင်္ကျီလက်ရှည်လေးနှင့် အပြာရင့််ရောင်ပုဆိုးကွက်စိပ်လေးကိုဝတ်လိုက်သည်။အနည်းငယ်စိုနေသေးသောဆံပင်ကို လှန်ဖြီးလိုက်သည်။ဆံပင်ကမတိုမရှည်ဖြစ်နေသည်မို့ တချို့ဆံပင်လေးတွေက ဘေးသို့ဝဲကျနေသည်။အေးချမ်းမောင်လည်း စာအုပ်လေးယူကာ ကွပ်ပျစ်လေးပေါ်သို့ထိုင်လိုက်သည်။ထို့နောက် စာဖတ်ရင်း အဲလေးကိုစောင့်နေလိုက်သည်။

အေးချမ်းမောင်လည်း စာလေးဖတ်ပြီး ခဏနားလိုက်သည်။ရေချိုးသံကြားနေရသေး၍ အဲလေးရေချိုးမပြီးသေးကြောင်း သိလိုက်သည်။ထို့ကြောင့် အေးချမ်းမောင်လည်း စာဆက်ဖတ်လိုက်သည်။မျက်လုံးတွေညောင်းလာ၍ အေးချမ်းမောင်လည်း မျက်လုံးကိုခဏမှိတ်ထားလိုက်ပြီး စာအုပ်ကိုမျက်နှာပေါ်မှောက်ထားလိုက်သည်။

လွှမ်းစေသူလည်းရေချိုးပြီးသည်နှင့် တဲထဲသို့ဝင်သွားလိုက်သည်။အစ်ကိုက စာအုပ်ကိုမျက်နှာပေါ်တင်ပြီးအိပ်နေသည်မို့ လွှမ်းစေသူလည်း အစ်ကို့ကို ဘာမျှမပြောတော့ပေ။

အစ်ကိုနှင့်ဆင်တူဖြစ်အောင် လွှမ်းစေသူလည်း နက်ပြာရောင်စတိုင်ပင်ဘောင်းဘီရှည်လေးနှင့်အဖြူရောင်ရှုပ်လက်ရှည်လေးကိုဝတ်လိုက်သည်။အင်္ကျီခါးစကို ဘောင်းဘီထဲထည့်လိုက်ပြီး သားရေခါးပတ်လေးပတ်လိုက်သည်။ထို့နောက် အင်္ကျီကော်လာလေးကိုသေချာကျကျနနလေးလုပ်လိုက်သည်။အင်္ကျီလက်ကိုတော့ တံတောင်ဆစ်နားထိခေါက်တင်ထားလိုက်သည်။ဆံပင်ကိုလည်းသေချာဖြီးလိုက်သည်။ထို့နောက် အပြင်သို့ထွက်လာခဲ့လိုက်သည်။

စာအုပ်ကိုမျက်နှာပေါ်တင်အိပ်နေသော အစ်ကို့နားသွားကာ ငြိမ်ငြိမ်လေးရပ်ကြည့်နေလိုက်သည်။ထို့နောက် ဘေးမှခါးလေးကုန်းပြီး အစ်ကို့မျက်နှာကိုအုပ်မိုးကြည့်လိုက်သည်။အစ်ကို့မျက်နှာပေါ်မှစာအုပ်လေးကိုလည်း အသာလေးဖယ်လိုက်သည်။

အေးချမ်းမောင်လည်း မျက်နှာပေါ်ကစာအုပ်မရှိတော့သည့်အပြင် ပူရှိန်းရှိန်းရနံ့တစ်ခုကိုလည်းရနေ၍ မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သည်။မန်ကျည်းရွက်တွေကြားမှကွက်တိကွက်ကျားအလင်းဖြာကျနေသော အလင်းတန်း။ထိုအလင်းတန်းတွေကအေးချမ်းမောင်၏မျက်နှာပေါ်တော့
ကျရောက်ခြင်းအလျင်းမရှိပေ။ဖြူဖွေးသန့်စင်နေသောမျက်နှာလေးက ထိုအလင်းတန်းတွေနှင့်ယှဉ်ကာကြည့်ကောင်းနေသည်။ထိုမျက်နှာလေးကြောင့် အလင်းတန်းတွေကအေးချမ်းမောင်ဆီမကျရောက်တာဖြစ်နိုင်သည်။

မြင်ရခဲသောနက်မှောင်သည့်မျက်ဝန်းနှင့်တစ်ချက်တစ်ချက်လှုပ်ခတ်လိုက်တိုင်းမင်သက်စွာငေးမောရလောက်သည့်မျက်တောင်လေးများ။ဖြူစင်ဝင်းမွတ်နေသောပါးပြင်လေးနှစ်ဖက်။ဖြောင့်စင်းနေသောနှာတံလေးနှင့် နီရဲနေသော နှုတ်ခမ်းလေး။

အေးချမ်းမောင်လည်းခဏတာငြိမ်သက်သွားသည်။ထိုမျက်နှာလေးကိုသေချာကြည့်ကာမှတ်သားလိုက်သည်။ထို့နောက် လက်ကလေးကိုဖြည်းဖြည်းချင်းရှေ့တိုးကာ အဲလေးရဲ့ပါးပြင်လေးကိုလက်ကလေးနှင့်အသာကိုင်လိုက်သည်။

လွှမ်းစေသူလည်း သူ့ကိုငေးမောနေသော အစ်ကို့ကိုပြန်ကြည့်နေလိုက်သည်။အစ်ကို့ရဲ့လက်တစ်ဖက်က လွှမ်းစေသူရဲ့ပါးပေါ်ကျရောက်လာသည်နှင့် လွှမ်းစေသူလည်း အစ်ကို့လက်ကလေးကို အပေါ်မှပြန်ထပ်ကိုင်လိုက်သည်။

"အဲလေး"

"ဗျာ..အစ်ကို.."

"ရေချိုးပြီးပြီလား"

"ဟမ်...."

***************************************
ကျေးဇူးအများကြီးတင်ပါတယ်ရှင်
(စာမူစစ်ပြီးချိန် 7.3.2022
10:43 pm)

واصل القراءة

ستعجبك أيضاً

138K 5.8K 22
Boy Love 🤍 Complete
599K 32K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
10.8M 250K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
Ace بواسطة Antonia

العاطفية

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...