If only I had loved U(ငါသာမင်...

Von jay_m_01

16.9K 869 118

လွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်.... Mehr

အပိုင်း-၁ (Unicode)
အပိုင္း-၁ (Zawgyi)
အပိုင်း-၂ (Unicode)
အပိုင္း-၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင်း-၃ (Zawgyi)
အပိုင်း-၄ (Zawgyi)
အပိုငျး-၅ (Unicode)
အပိုင်း-၅ (Zawgyi)
အပိုငျး-၆ (Unicode)
အပိုင်း-၆ (Zawgyi)
အပိုငျး-၇ (Unicode)
အပိုင်း-၇ (Zawgyi)
အပိုငျး-၈ (Unicode)
အပိုင်း-၈ (Zawgyi)
အပိုငျး-၉ (Unicode)
အပိုင်း-၉ (Zawgyi)
အပိုငျး-၁၀ (Unicode)
အပိုင်း-၁၀ (Zawgyi)
အပိုငျး-၁၁ (Unicode)
အပိုင်း-၁၁ (Zawgyi)
အပိုငျး-၁၂ (Unicode)
အပိုင်း-၁၂ (Zawgyi)
အပိုငျး-၁၃ (Unicode)
အပိုင်း-၁၃ (Zawgyi)
အပိုငျး-၁၄ (Unicode)
အပိုင်း-၁၄ (Zawgyi)
အပိုငျး-၁၅ (Unicode)
အပိုင်း-၁၅ (Zawgyi)
အပိုငျး-၁၆ (Unicode)
အပိုင်း-၁၆ (Zawgyi)
အပိုငျး-၁၇ (Unicode)
အပိုင်း-၁၇ (Zawgyi)
အပိုငျး-၁၈ (Unicode)
အပိုင်း-၁၈ (Zawgyi)
အပိုငျး-၁၉ (Unicode)
အပိုင်း-၁၉ (Zawgyi)
အပိုငျး-၂၀ (Unicode)
အပိုင်း-၂၀ (Zawgyi)
အပိုငျး-၂၁ (Unicode)
အပိုင်း-၂၁ (Zawgyi)
အပိုငျး-၂၂ (Unicode)
အပိုင်း-၂၂ (Zawgyi)
အပိုငျး-၂၃ (Unicode)
အပိုင်း-၂၃ (Zawgyi)
အပိုငျး-၂၄ (Unicode)
အပိုင်း-၂၄ (Zawgyi)
အပိုငျး-၂၅ (Unicode)
အပိုင်း-၂၅ (Zawgyi)
အပိုငျး-၂၆ (Unicode)
အပိုင်း-၂၆ (Zawgyi)

အပိုင်း-၄ (Unicode)

445 30 2
Von jay_m_01

လေပြေလေသွေးရိုက်ခတ်မှုနဲ့အတူ တရုတ်စံကားပွင့်လေးများသည် ဟိုတစ်ပွင့်ဒီတစ်ပွင့်နှင့် လေယူရာယိမ်းသည့်အတိုင်းပြန့်ကျဲနေတော့သည်။

"အဆင့်သင့်ဖြစ်ပါပြီ ဆရာ"

မနက်၈နာရီထိုးသည်နှင့် အချိန်တိကျစွာရောက်ရှိလာတဲ့ သူ၏အတွင်းရေးမှူးဖြစ်သော စွမ်းဆောင်ရဲ့စကားကို သူခေါင်းငြိမ့်အသိမှတ်ပြုလိုက်သည်...

မနေ့ကဆေးအရှိန်ကြောင့် နေကောင်းစပြုလာပြီမို့ ဒီနေ့တော့အလုပ်ကိုသူသွားမှဖြစ်မည်။အရေးပေါ်အစည်းဝေးတစ်ခုကြောင့်လည်း သူမသွားမဖြစ်သွားရခြင်းလည်းဖြစ်သည်။

"စာရွက်စာတမ်းတွေကို fileနဲ့သေချာလေးစုစည်းထားပြီးပြီလား"

"ဟုတ်ကဲ့!! ဆရာ အကုန်အဆင်သင့်ဖြစ်နေပါပြီ"

နက်ကတိုင်ခဲရောင်လေးတစ်ခုကိုယူပြီး လည်ပင်းမှာချည်နှောင်ပြီးတာနဲ့ သူဝတ်ဆင်နေတဲ့ဝတ်စုံဟာ အကုန်ပြည့်စုံသွားပြီ...

"ဒီနေ့အဖို့ မင်းမလိုက်နဲ့တော့ ဟိုကောင်လေးလာရင်လိုအပ်တာတွေ စီစဥ်ပေးလိုက်ပါ"

"ဟုတ်ကဲ့ဆရာ ဒါပေမဲ့ ကားမောင်းဖို့က"

"ရတယ် နေကောင်းနေပြီပဲ ကိုယ့်ဘာသာမောင်းသွားနိုင်တယ် စိတ်ချမယ်နော် စွမ်းဆောင်"

ဆရာရဲ့စိတ်ချမယ်နော် ဆိုတဲ့စကားက အကိုလေးလာရင် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းခိုင်းခြင်းဖြစ်သည်။

မင်းသန့်ကျော်ဇင်ဆိုတဲ့ပုဂ္ဂိုလ်သည် ချောမောသည် တည်ငြိမ်သည် နောက်ပြီး အရာရာကိုအကောင်းမြင်စိတ်ရှိသည် ဘယ်အရာကိုမှခပ်ပေါ့ပေါ့မထားဘဲ လေးလေးနက်နက်တွေးတောဆင်ခြင်သည် ဘယ်သူ့ကိုမှလည်းအရောမဝင်သလို ဘယ်သူနဲ့မှလည်းပတ်သတ်ခြင်းမရှိသူလည်းဖြစ်သည်။ဒီလိုထင်မြင်ယူဆချက်တွေအကုန်လုံးက ဆရာ့ကိုတွေ့မြင်ဖူးတဲ့သူတိုင်းက မှတ်ချက်ပေးထားခြင်းဟုဆိုနိုင်သည်။ ဒါပေမဲ့ လူတွေမမြင်နိုင်တဲ့ ဆရာ့ရဲ့တစ်ဘက်ခြမ်းကိုတော့ သူကလွဲပြီးဘယ်သူမှမသိနိုင်ပါ~~

ဆရာ့ရဲ့ကားလေးခြံဝန်းထဲက ထွက်သွားပြီဆိုမှ အကိုလေးစီစဥ်ခိုင်းထားခဲ့တဲ့ ပစ္စည်းတွေကိုသေချာအောင်ပြန်စီစစ်နေလိုက်တော့သည်။

တီ~ တီ ~ တီ....

ကားဟွန်းတီးသံကြောင့် အလျှင်အမြန်ပင်ခြံတံခါးဖွင့်ပေးလိုက်သည်။ ငွေမျှင်ရောင်ပြိုင်ကားပေါ်မှ စမတ်ကျစွာဆင်းသက်လာတဲ့ အကိုလေးစစ်မင်းထက်သည် အများနဲ့မတူပဲ တမူထူးခြားသည့်အပြုံးပိုင်ရှင်တစ်ယောက်လည်းဖြစ်သည်။မျက်နှာသွယ်သွယ် နှာတံချွန်ချွန်နဲ့ ပြုံးလိုက်ရင်ညာဘက်ပါးတစ်ခုတည်းမှာသာပေါ်လာတတ်တဲ့ပါးချိုင့်ယေးယေးလေးရယ် ဆံစဝဲဝဲလေးတွေကလည်းနဖူးထက်ပျော့စင်းကာ တွဲကျနေသည်။

"ကျွန်တော်ရောက်လာတာ နောက်ကျသွားလားမသိဘူး အစ်ကိုစွမ်းဆောင်"

ခင်မင်ရင်းနှီးစွာပြောဆိုတတ်တဲ့အကိုလေးသည် ယဥ်ကျေးပြုငှာစွာလည်းဆက်ဆံတတ်သည်။

"မနောက်ကျပါဘူး အကိုလေးအဆင်ပြေတဲ့အချိန်လာလို့ရပါတယ်"

"ကျွန်တော်မနေ့ကကတည်းက မေးချင်နေတာ ဒီတရုတ်စကားပင်တွေကိုစိုက်ထားတာကြာပြီလား"

ခြံတစ်ဝန်းလုံးအပြည့်စိုက်ထားတာကြောင့် ပန်းရနံ့တစ်ခြံလုံးပျံ့နှံ့မွှေးကြိုင်နေသည်။

"ဆရာ့ဆီမှာအလုပ်လုပ်လာတာ ၈နှစ်ကျော်ပြီဆိုတော့ ကြာလောက်ပြီ ဒီအပင်ရဲ့သက်တမ်းတွေက ကျွန်တော့်တို့အသက်ထက်တောင်ကြာရင်ကြာနေလောက်တယ်ခင်ဗျ ဒါပေမဲ့ အကိုလေးက ဒီပန်းကိုတအားစိတ်ဝင်စားနေသလိုပဲ"

တကယ်လည်းသူစိတ်ဝင်စားပါသည် တရုတ်စကားပန်းသည် အမြင်လှပသည် ရနံ့မွှေးကြိုင်သည် ဆေးဘက်လည်းဝင်သည် ဒါတွေကြောင့်လည်းသူသဘောကျမိတယ်လို့ထင်မိသည်။

"ကျွန်တော်က အသုံးဝင်တဲ့ဘယ်အရာမဆို အကုန်စိတ်ဝင်စားတတ်တယ်ဗျ ဒါနဲ့ ဟိုလူကြီးရော"

ခြံဝန်းထဲကနေ ဧည့်ခန်းထဲထိရောက်လာတာတောင် ဟိုလူကြီးရဲ့အရိပ်ယောင်ကိုတောင်မတွေ့မမြင်ရသေး နေမကောင်းသေးလို့များ ခုထိအခန်းထဲမှာရှိနေ​ေတာလားမသိဘူး!!

"ဆရာ့ကိုပြောတာလား!!ဆရာက မနက်ကတည်းက အစည်းဝေးရှိလို့အလုပ်ကိုသွားပါပြီ အကိုလေး"

"နေမကောင်းဖြစ်နေတာကို သွားတယ်  ဒီလူကြီးက တကယ်ကျန်းမာရေးကိုဂရုမစိုက်ဘူးပဲ"

ပွစိပွစိနဲ့ရေရွတ်တဲ့ အကိုလေးကိုကြည့်ပြီး စွမ်းဆောင်ပြုံးမိသည်။ ဆရာ့ကိုဂရုစိုက်ပေးမယ့် ဒုတိယစွမ်းဆောင်ရောက်လာပြန်ပြီပေါ့...

"အလုပ်ကအရေးကြီးလို့ပါ ဒါပေမဲ့ နေ့တစ်ဝက်ပဲအလုပ်ဆင်းပြီးပြန်လာမှာပါ အကိုလေး"

"ကျွန်တော့်အခန်းလေး လိုက်ပြပေးပါလား ပစ္စည်းလေးချပြီး နေ့လည်စာအတွက်ချက်ပေးချင်လို့"

နေမကောင်းတဲ့ဟိုလူကြီးကို နေ့လည်စာတော့ အစာဝင်အောင်ကျွေးရမည် ဒါမှ ပြန်ပြီးကျန်းမာလာမှာမဟုတ်လား...

အပေါ်ထပ်ကိုရောက်သွားတာနဲ့ ခံစားရတဲ့ခံစားမှုကအေးဆေးငြိမ်သက်မှုရှိသည်။ထူးခြားတာတစ်ခုက အပေါ်ထပ်တစ်ထပ်လုံးသည် ဂျပန်ရိုးရာအိမ်ပုံစံအတိုင်း အခန်းဖွဲ့ထားတာလေးက တစ်မျိုးလေးဆန်းသစ်သည်။

"ဆရာက ဂျပန်မှာလေးနှစ်လောက်နေခဲ့တာမို့ ဂျပန်ရိုးရာကို အရမ်းသဘောကျတာကြောင့် မပြန်လာခင်ကတည်းက ခုလိုပြင်ဆင်ခိုင်းထားတာပါ အကိုလေး"

သူရဲ့အံ့သြမဆုံးဖြစ်နေတဲ့မျက်နှာကြောင့် အကိုစွမ်းဆောင်ကမေးစရာမလိုပဲ သေချာလေးကိုရှင်းပြနေသည်။

"ဒါက အခန်းနှစ်ခန်းကိုကန့်ထားတဲ့ တံခါးပါအကိုလေး အဲ့တာကို (Shouji)လို့လည်းခေါ်သလို japanse paper slide doorပုံစံမျိုးပါပဲ ဘယ်ဘက်ခြမ်းက အကိုလေးရဲ့အခန်း ညာဘက်ခန်းက ဆရာ့အခန်းပါ"

တံခါးရဲ့မျက်နှာပြင်က ကျယ်ကျယ်ပြန့်ပြန့်လေးရှိတာကြောင့် တံခါးမှာကပ်ထားတဲ့ စက္ကူသားမှာရေးဆွဲထားတဲ့ ပန်းချီကားဟာ အရမ်းကိုအနုပညာဆန်လှသည်။

"စိမ်းလန်းတဲ့ဝါးရုံတောကြီးထဲကို ရောက်သွားသလိုခံစားရတယ်နော်"

အခန်းပတ်ပတ်လည်မှာ ရေးဆွဲထားပြီး နံရံကပ်စက္ကူပေါ်မှာဆွဲထားတဲ့ ဝါးပင်များသည် လေယူရာယိမ်းနေသည့်ပုံစံမျိုးဖြင့်ခြယ်သထားတာကြောင့် တော်တော်လေးအသက်ဝင်သည်။

"အခုတံခါးမှာကပ်ထားတဲ့ စက္ကူတွေက အစိုဓာတ်ကို ကောင်းကောင်း စုပ်ယူပေးနိုင်တာကြောင့် အသက်ရှူချောင်ပြီး အပူချိန်လည်းထိန်းငြှိပေးထားတယ်လေ ဆရာက အအေးဒဏ်သိပ်မခံနိုင်တာကြောင့် ခုလိုမျိုး လုပ်ထားတယ်လို့လည်း ပြောလို့ရပါတယ်"

သဘာဝတရားကိုနှစ်သက်တဲ့သူ့အဖို့ အခုလိုအခန်းအပြင်ဆင်က သူနဲ့အရမ်းလိုက်ဖက်တယ်လို့ခံစားမိသည်။

"ဟိုလူကြီးအခန်းကလည်း ဒီလိုမျိုးပဲလား "

"ဟုတ်ကဲ့ ဆရာ့အခန်းနဲ့ပုံစံအတူအကုန်လုပ်ပေးထားတာပါ အကိုလေး"

အပေါ်ထပ်တစ်ထပ်လုံးကိုနှစ်ခန်းပဲခွဲထားတာကြောင့် ကျယ်ကျယ်ဝန်းဝန်းလေးလည်းရှိသည်။

"မီးဖိုချောင်ဘက်ကို သွားကြရအောင် အကိုလေး လိုအပ်တာလေးတွေကို ကျွန်တော်မှာချင်သေးလို့ပါ"

အကိုစွမ်းဆောင်၏လမ်းပြမှုနဲ့ သူလည်းစိတ်ဝင်တစားလိုက်လာခဲ့တော့သည်။ပစ္စည်းတွေကိုတော့ ညမှပဲအေးဆေးသိမ်းဆည်းတော့မည်။

"မီးဖိုချောင်ကိုတော့ အကိုလေးစိတ်ကြိုက်အသုံးပြုနိုင်ပါတယ် ညာဘက်ခြမ်းရေခဲသေတ္တာကိုတော့ အကိုလေးလိုသလိုအသုံးပြုနိုင်ပြီး ဘယ်ဘက်ခြမ်းကတော့ ဆရာ့ဟာပါ အဲ့တာကိုတော့ ဆရာ့ခွင့်ပြုချက်မရှိပဲ မကိုင်စေချင်ပါဘူး"

မနေ့က အလောတကြီးနဲ့မို့ မီးဖိုချောင်က အခြေအနေအားလုံးကိုသူသေချာမလေ့လာခဲ့ရပေမဲ့ ဒီနေတော့ သူအစုံလေ့လာမိသလောက် ထူးခြားတာတစ်ခုရှိသည်။

ဥပမာမီးဖိုချောင်မှာဆိုရင်မီးသတိပေးအချက်ပေးကိရိယာတွေလည်းတပ်ဆင်ထားတယ် နောက်ပြီးရေခဲသေတ္တာထဲကအစားအသောက်မှန်သမျှသက်တမ်းကုန်ဆုံးရက်တွေကိုစာလုံးကြီးတွေနဲ့ရေးမှတ်ထားတာတို့ ရေချိုးခန်းတွေရောမီးဖိုခန်းတွေမှာသုံးတဲ့သန့်စင်တဲ့ဆေးရည်တွေ ပိုးသတ်ဆေးတွေကအစဂရုတစိုက်နဲ့စာတွေရေးပြီးမှတ်သားထားသေးသည်။

"ဒီရေးထားတဲ့စာတွေကရော ဘာတွေလဲ အစ်ကိုစွမ်းဆောင်"

"အကိုလေးဒါတွေကို နောက်တော့သိလာပါလိမ့်မယ် ဆရာမပြောပြပဲနဲ့ ကျွန်တော်မပြောချင်လို့ပါ"

"ဒါဆို ကျွန်တော်နေ့လည်စာချက်ပေးခဲ့မယ် ခဏနေအပြင်သွားစရာလေးရှိလို့ပါ ညစာအမှီတော့ပြန်လာခဲ့မယ်"

နေ့လည်ကြရင် သူရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ဖို့ချိန်းထားတာကြောင့် အခုလိုတတ်ကြွနေခြင်းဖြစ်သည်။ ၃နှစ်ကျော်လောက်မတွေ့ပဲနေခဲ့ရတာမို့ အရမ်းလည်းတွေ့ချင်နေပြီ....

"ဆရာ အစည်းဝေးစရတော့မလား"

လက်ထောက်မန်နေဂျာက သူCompanyထဲဝင်လာပြီဆိုတာနဲ့ မေးလာတာကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
ကြည့်ရတာ စွမ်းဆောင်က သူတစ်ယောက်တည်းလာမည်ဖြစ်ကြောင်းကို ကြိုတင်အကြောင်းကြားထားတယ်ထင်ပါရဲ့ အဲ့တာကြောင့် လူလွှတ်ပြီးလာကြိုနေပုံထောက်ရင်...

"ရှယ်ယာရှင်တွေ အကုန်စုထားတယ်မလား"

"ဟုတ်ကဲ့ အကုန်စုထားပါတယ် ဆရာ"

Meeting roomထဲရောက်ပြီဆိုတာနဲ့ အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ့ကိုတွေ့တာနဲ့ ဦးညွှတ်အရိုသေပေးလာတာကြောင့်

"အကုန်လုံးထိုင်လို့ရပါပြီ ပြင်ဆင်ထားတာတွေ အကုန်တင်ပြပေးပါ"

သူ့စကားဆုံးတာနဲ့ projectorကနေ တစ်ယောက်ပြီးတစ်ယောက် တာဝန်ယူထားတဲ့အပိုင်းတိုင်းကို စီစစ်စွာသေချာရှင်းပြနေကြသည်။

"productအသစ်တွက် ဘာတွေစဥ်းစားထားလဲ"

မင်းသန့်ကျော်ဇင်သည် အလုပ်နဲ့ပတ်သတ်ရင်ပြတ်သားသည် တိုတိုနဲ့လိုရင်းကိုသာပြောတတ်သည်။

"friuts box လေးစီစဥ်ထားတာရှိပါတယ်ဆရာ အသီးမျိုးစုံကိုတစ်ခါတည်းစားချင်တဲ့သူတွေအတွက်က  အကုန်လုံးဝယ်စားဖို့ဆိုရင် တစ်ယောက်တည်းကုန်အောင်စားနိုင်ပါ့မလား ငွေကြေးဘက်ကရော တတ်နိုင်ပါ့မလားဆိုတဲ့ ပြသာနာလေးတွေကြောင့် သာမန်လူလတ်တန်းစားတော်တော်များက အသီးတစ်ခုတည်းကိုသာ ရွေးချယ်လိုက်ရတာဟာ အခြေအနေတစ်ခုလိုဖြစ်နေပါပြီဆရာ အဲ့တာကြောင့် fruits boxကို small,mediumနဲ့large sizeဆိုပြီး ထုတ်ဖို့အတွက်တွေးထားပါတယ်ဆရာ"

MT groupသည် Organic အသီးစိုက်ခင်းအများအပြားကိုစိုက်ပျိူးပြီး ထုတ်ပိုးရောင်းချသည့် comapnyတစ်ုခဖြစ်သည်။လူမျိုးမရွေး စားသုံးနိုင်အောင် စေတနာအပြည့်နဲ့ တည်ထောင်ထားတဲ့companyတစ်ခုလည်းဖြစ်သည်။ MT groupပိုင်တဲ့စိုက်ခင်းများသည် လက်ညှိုးထိုးမလွဲ ပေါများလွန်းသည်။

"ရှယ်ယာစျေးကရော"

"လွန်ခဲ့တဲ့ ၂လကထက်စာရင် ဒီလမှာ ၂၀%တတ်လာပါတယ်ဆရာ"

"project ကိစ္စကိုဆက်လက်လုပ်ဆောင်ပါ ဒါဆို နှုတ်ဆက်ပါတယ်"

နှစ်နာရီကျော်သုံးနာရီနီးပါးလောက် ဆွေးနွေးအပြီးမှာတော့ အစည်းအဝေးကပြီးဆုံးသွားပြီဖြစ်သည်။

"အိမ်ကိုပဲတန်းပြန်မလား ဆရာ"

"အိမ်မှာ ဟိုကောင်လေးကိုတစ်ယောက်တည်းထားခဲ့တာလား"

အစည်းဝေးခန်းထဲကထွက်တာနဲ့ အခန်းရှေ့မှာစောင့်နေတဲ့ စွမ်းဆောင်ကြောင့်သူမေးမိသည်။

"အကိုလေးက အပြင်သွားစရာရှိလို့ပါတဲ့ ဒါပေမဲ့ ဆရာစားဖို့အတွက်တော့ နေ့လည်စာပြင်ဆင်ပေးခဲ့ပါတယ်"

"အင်း~ဒါဆိုအိမ်ပြန်ရအောင်"

ဆရာကတော့သူပုံစံအတိုင်းတည်တည်ငြိမ်ငြိမ်နဲ့မေးပေမဲ့ မတည်ငြိမ်တာက ဆရာ့ရဲ့မျက်ဝန်းတွေ အကိုလေးမရှိဘူးဆိုတာနဲ့ ညှိုးငယ်သွားတဲ့မျက်ဝန်းတွေကို သူကြည့်ရုံနဲ့ ခံစားမိပါတယ်...

Dream Bar.....

"ခန့်ထည်ဝါဆိုတဲ့ကောင်ကလည်း နေ့ခင်းဘက်ကြီးကို barမှာတွေ့ဖို့ ချိန်းရတယ်လို့ အရင်အတိုင်းပဲကြောင်တောင်တောင်နဲ့"

"ရောက်လာပြီလား စစ်မင်းထက်"

bar counterကနေ လှမ်းနှုတ်ဆက်တဲ့အသံကြောင့် သူအံ့သြသွားမိသည်။

"သီဟ ဘယ်လိုဖြစ်ပြီး မင်းက..."

"ငါ့ရဲ့Dream Barကနေကြိုဆိုပါတယ် သူငယ်ချင်း"

အဲ့တာကြောင့် ခန့်ထည်က ဒီမှာဆုံဖို့ချိန်းတာကို မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့အတူပြန်ဆုံရတဲ့ခံစားချက်လေးက တကယ်ပျော်ရွှင်ရသည်။

"ခန့်ထည်ရော ဘယ်မလဲ မရောက်သေးဘူးလား"

"ရောက်ပါပြီ ကိုစစ်ရာ မင်းဆိုသည်မှာလည်း စိတ်ကြီးပဲ"

နက်မှောင်တဲ့ဆံသားမှာ ရှိတ်ထိုးထားတာကြောင့်သေသပ်နေပြီး အရင်လို နှုတ်ခမ်းတစ်ချက်မဲ့ပြီး ပြုံးတတ်တဲ့အပြုံးက ခန့်ထည်ဝါရဲ့ မူပိုင်အပြုံး...

"သန့်ပြန့်နေပါရောလား မဆိုးမမိုက်တော့ဘူးပေါ့"

အထက်တန်းကျောင်းသားဘဝတုန်းကတည်းက သူနဲ့ ခန့်ထည်ရယ်က ဇက်ဇက်ကြဲကျောင်းသားလူဆိုးလေးနှစ်ယောက်ပေါ့ မဟုတ်မမှန်တာတွေ့လို့ကတော့ ဖြေရှင်းပေးလိုက်မှ ကျေနပ်တတ်တာကြောင့် ခဏခဏကျောင်းအုပ်ရုံးခန်းရောက်တာလည်းအကြိမ်ကြိမ်!!! ဒါပေမဲ့ သီဟကတော့ ရန်ဖြစ်ရင်တော့မပါပေမဲ့ ပွဲတိုင်းသူက ပွဲကြည့်ပရိသတ်လုပ်နေတတ်သည်။

"Reasonလေးတွေရှိရင်တော့ ဆိုးရသေးတာပေါ့"

"ဟုတ်တာပေါ့ ငါလည်းအခုချိန်ထိ လက်သီးက အချိန်ရွေးထုတ်သုံးနေရတုန်းပဲကွ ဟား!!"

တစ်ယောက်နဲ့တစ်ယောက်ရယ်မောပြီး ပြောဖြစ်ကြတဲ့ ကျောင်းသားဘဝရဲ့ အချိန်လေးတွေက ပျော်ရွှင်စရာအမှတ်တရတွေဖြစ်ခဲ့တာပါပဲ.....

T~B~C...

Weiterlesen

Das wird dir gefallen

289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
1.1M 89.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...