The Stranger I love (System)

Od khunsin

401K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Více

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.15

6.6K 762 2
Od khunsin

Devilish က prototype ထွက်လာအပြီးမှာ တဟုန်ထိုး အောင်မြင်လာသည် .. နယ်ပယ် အသီးသီးက အဖွဲအစည်းများဖြင့် ပူးပေါင်း၍ 3D Game များ/ Personal Assistant Robot Waifu လေးများ/ Animation နဲ့ Movies များ ကြော်ငြာများ စသဖြင့် 3D နည်းပညာသုံးသော Product အမြောက် အများ ထွက်ရှိလာသည်. Devilish ရဲ့ ရှယ်ယာစျေးကလည်း တရှိန်ထိုး တက်လာနေသည် ..

ယနေ့ Devilishရဲ့ ပူပေါင်းဆောင်ရွက်တဲ့ကုမ္ပဏီ အကြီးတစ်ခု ၏ Party ပွဲရှိတာကြောင့် ဟုန်လေ့ အဝတ်အစားဗီဒိုကို ဖွင့်လိုက်သည် .. ရန်ကျင့်ရဲ့ အကြောင်းမျိုးစုံမထပ်အောင်ပြပြီး ဝယ်ပေးထားသော အဝတ်အစားအမျိုးမျိုးက သပ်သပ်ရပ်ရပ် စီစီရီရီ ရှိသည် .. ဟုန်လေ့ရိုးရှင်းသော အနက်ရောင် Suit တထည် ထုတ်ဝတ်လိုက်သည် .. ခဏနေတော့ ရန့်ကျင့် အပြုံးလေးနဲ့ လာကြိုလေသည် ..

"လေ့ ဟိုရောက်ရင် ကိုယ့်နားမှာပဲ နေနော် .. သူများတွေ ခေါ်ရာ မလိုက်ရဘူး"
"အွန်း"
"အရက်တခွက်ထက် ပိုမသောက်ရဘူးနော်"
"ငါသောက်နိုင်ပါတယ် အားကျင့်ရ ငါးခွက်လောက်ကတော့ အသာလေး"

"လေ့နော် .. စကားနားမထောင်ရင် မသွားတော့ဘူး"
"ဟင် .. မင်းပဲ မျက်နှာပျက်ရမှာ .. မသွားချင်နေပေါ့"
"အာ .. လေ့ကလည်း စိတ်ပူလို့ ပြောနေတဲ့ဟာကို" ဆူပုတ်နေသော ရန်ကျင့်ကို ဟုန်လေ့က မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့တာ ကြည့်ပြီး ရယ်သည် .. ရန်ကျင့်က သူနဲ့ ပက်သက်လာရင် အဲ့လိုပဲ ချွဲတတ်သည် .. အထူးအဆန်း မဟုတ်တော့..

'အဲ့လဒ ဘာလို့ ဒီလောက်ချောနေရတာလဲ ..ဆူပွပွနဲ့ ချစ်စရာကောင်းအောင်'

"လာပါ.. နောက်ကျနေပြီ"
"လေ့ ပြောပြီးပြီနော် .. တခွက်ပဲလို့ .. ကတိ"
"အွန်း အွန်း"
ပြီးပြီးရော ပြောပြီး ကားပေါ်ရောက်သည်နှင့် ဘက်ခနဲ ရန်ကျင့်ပေါင်ပေါ် လှဲချကာ ဖုန်းထုတ်ပြီး ဂိမ်းဆော့နေတော့သည် .. ရန်ကျင့်ကတော့ အခွင့်အရေးရတုန်း ဆံပင်ပျော့ပျော့လေးတွေနဲ့ ကစားနေသည်

'Host သတိပေးစရာ ရှိပါတယ်'
'အင်း ပြော'
'Party မှာ ယွင်ဖန်ရှိပါမယ် .. ယွင်ဖန်အမေ ပစ္စည်းအလဲအလှယ် လုပ်တဲ့နေရာမှာ အမှားအယွင်း ဖြစ်ခဲ့တဲ့ ပစ္စည်းပိုင်ရှင် ကျိုးရွမ်လည်း တက်ပါမယ်'

'ကျိုးရွမ်က ယွင်ဖန်ကို ပစ္စည်းပြန်မရတော့တာတောင် ခုချိန်ထိ လွှတ်ထားပေးတယ်လား'
'အဲ့တာက သူတို့ သဘောတူညီမှု ရသွားတာပါ .. ယွင်ဖန်က ပွေရှုပ်တဲ့ ကျိုးရွမ်ကို မကြိုက်တာကြောင့် Host ဓာတ်ပုံပြပြီး Host ဘက်ကို ပုတ်ထုတ်လိုက်ပါတယ်'
'အေး ကောင်းရော'

'ရှင်း .. မင်းဟာကြီးက တမျိုးကြီးနော် .. mission 4 အတွက် မိန်းမရှာရမလား ယောကျာ်းရှာရမလားကို မသိတော့ဘူး .. တမင်လုပ်တာတော့ မဟုတ်ဖူးမလား'

'ဇာတ်ကြောင်း အရပါ Host'
ရှင်း လှစ်ခနဲ ခိုးပြုံးသည်

ခန်းမထဲမှာ လူတွေ အတော် စုံနေလေပြီ . ယွင်ဖန်ရဲ့ ထင်ပေါ်တဲ့ ရုပ်ရည်ကြောင့် ပုရိသတော်တော်များများ သူမနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားနေကြသည် .. သို့သော် လူချော နှစ်ယောက် တူတူ ဝင်လာသည်နှင့် အားလုံးရဲ့ အကြည့်တွေက ဟုန်လေ့နဲ့ ရန်ကျင့်ဆီကိုသာ ရောက်သွားကြသည် ...

ယွင်ဖန် ဒေါသထွက်နေပေမယ့် မျက်နှာကို အချိုဆုံး ပြုံးထားသည် .. ဒီအာရုံစိုက်မှုတွေ ဒီလိုအားကျတဲ့ မျက်ဝန်းတွေက သူမဆီကိုသာ ရောက်နေသင့်တာလေ . အဲ့ဒီ အမှိုက်ကောင်ကိုပဲ ဘာလို့အာရုံစိုက်နေကြတာလဲ ..

ဟုန်လေ့ကို တယောက်ပြီး တယောက် လာမိတ်ဆက်နေကြကြောင့် ရန်ကျင့် မကြည်တော့ .. လက်ဆွဲပြီး အတင်းသာ လူကြားထဲမှ ဆွဲထုတ်လာပြီး ထောင့်တနေရာကိုသာ ခေါ်သွားကာ ကွယ်နေစေသည် .. ဟုန်လေ့လည်း လူအများကြီးနဲ့ စကားပြောရတာ ပင်ပန်းတာကြောင့် တိုင်တတိုင်နှင့်သာ ကွယ်ပြီး ထိုင်နေလိုက်သည် .. "လေ့ ကိုယ် မုန့်သွားယူပေးမယ် ခဏစောင့်နော် .. CEOကျောက်လာတာနဲ့ စကားခဏပြောပြီးရင် ပြန်ကြမယ်"

"အွန်း .. နို့စတော်ဘယ်ရီဖျော်ရည်ဖြစ်ဖြစ်
စတော်ဘယ်ရီရေခဲမုန့်ဖြစ်ဖြစ် ထည့်ခဲ့ပေး"
"အိုခေ"

ရန်ကျင့်ထွက်သွားပြီး မကြာခင်မှာပဲ
"အကိုဟုန်လေ့" ယွင်ဖန် နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်
ဟုန်လေ့ကတော့ သတိအနေအထား ဖြစ်သွားသည် ..

လက်ထဲက ဝိုင်ခွက်ကို ကမ်းပေးလိုက်ပြီး .. "အကို့ကို မေမေကလည်း တွေ့ချင်နေတယ် .. ညီမလည်း ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ"

'Host ဝိုင်ထဲမှာ လိင်စိတ်ကြွဆေးထည့်ထားပါတယ် အရမ်းပြင်းပါတယ်'
'ခွက်ချင်းလဲလို့ရလား'
'ထိတွေပြီးလုပ်ရမယ့် ကိစ္စတွေကို ရှင်း လုပ်ပေးလို့မရပါဘူး'
'အဲ့ဆို ရှင်း တခု ကူညီ'
'ကောင်းပါပြီ'

ထိုစဉ်မှာပင် စီခနဲ မိုက်ခရိုဖုန်းသံ ထွက်လာသည် ..

အားလုံး စင်ပေါ် လှည့်ကြည့်လိုက်ကြသည် .. သို့သော် စင်ပေါ်မှာ ဘယ်သူမှ မရှိ .. ဝန်ထမ်းအချို့ ပြသနာ စစ်ဆေးရန် ထွက်သွားကြသည်

ဟုန်လေ့ ဝိုင်ခွက်ကို ကြည့်ပြီး အနည်းငယ် ငုံပြီး သောက်လိုက်သည်နှင့် ယွင်ဖန်၏အကြည့်များက အရောင်တောက်လာသည် .. ဟုန်လေ့ပြုံးလိုက်ကာ ဘေးမှ ဝိတ်တာလေးဆီမှ ဝိုင်တခွက်ယူကာ ယွင်ဖန်ကို ကမ်းပေးသည် .. ယွင်ဖန် နဲ့ ခွက်ချင်းတိုက်လိုက်ကာ တရှိန်ထိုး မော့လိုက်သည် .. ယွင်ဖန်ကလည်း ပျော်ပြီး တခွက်လုံး ကုန်အောင် သောက်လိုက်သည် ..

"အကိုဟုန်လေ့ ညီမလေးကို သတိထားဆက်ဆံနေတာ သိပါတယ် .. ညီမလေး အရင်လို မဆိုးတော့ပါဘူး အဲ့တာကြောင့် ပြီးခဲ့သမျှတွေ ခွင့်လွှတ်ပေးပါလား"

ယွင်ဖန် တွေ့ကရာ စကားလျှောက်ပြောပြီး ဟုန်လေ့ကို အကဲခတ်နေသည် .. ဟုန်လေ့က နည်းနည်း အသက်ရှူကြပ်ပုံရတဲ့ ပုံစံနဲ့ နက်တိုင်ကို ဖြေလျှော့လိုက်သည် ..

"အကိုဟုန်လေ့ နေလို့မကောင်းလို့လား .. ဝရံတာဘက် ခဏသွားချင်လား"
"အင်း"

ဟုန်လေ့ ခြေလှမ်း အနည်းငယ် လှမ်းပြီးတော့ ခြေလှမ်းတွေက ယိုင်လာသည် .. ယွင်ဖန်က ဘေးက ကျိုးရွမ်လူနှစ်ယောက်ကို လာခေါ်ဖို့ အချက်ပြလိုက်ကာ ညှပ်၍ခေါ်သွားတော့သည် ..

အခန်းထဲရောက်သော် ကျိုးရွမ်က သောက်လတ်စ ဝိုင်ခွက်ကို ချပြီး "ကုတင်ပေါ် တင်ခဲ့ .. ထွက်သွားတော့ .. အထဲက ဘာသံကြားကြား ဝင်မလာနဲ့"

ယွန်ဖန်က ဝိုင်ပုလင်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည် .. အဲ့ဒီဝိုင်က လိင်စိတ်ကို အနည်းနဲ့ အများကြွစေသည် ..

မျက်နှာကြီး ရဲနေသော ကျိုးရွမ်က
"ငါသူ့ကို ကောင်းကောင်းပြုစုလိုက်ပါမယ် ..
မင်းကော join ချင်သေးလား"

ယွင်ဖန်က ရွံရှာသလို ကြည့်လိုက်ပြီး
"ကျမ mission ပြီးပြီ .. ဒီနေ့စပြီး ရှင်နဲ့ ကျမ မသိတော့ဘူး လမ်းတွေ့လည်းမခေါ်နဲ့ ဘာအကြောင်းနဲ့မှ လာမပက်သက်ပါနဲ့ .. သူ့ကို လုပ်ချင်သလို လုပ်နိုင်တယ် .. အပြင်သာ ထွက်မလာစေနဲ့ .. မဟုတ်ရင် ရှင့်အချက်အလက်တွေ လုံခြုံဖို့ တာဝန်မယူပေးနိုင်ဘူး ..

"မင်း  ..
.. ကတိတည်ပါစေ"

ယွင်ဖန် လှည့်ပြန်ရန် ပြင်လိုက်စဉ် ..

"ဟက် ..
ရက်ရောလှချည်လား ညီမလေးက ကိုယ့်အကိုကို တွေ့ကရာယောကျာ်းနဲ့ ပေးစားရအောင်" အပြုံးလေးနဲ့ ကုတင်ပေါ်ကထလာကာ ဆတ်ခနဲ့ လှုပ်ရှားလိုက်သည် .. ကျွိုးရွမ်ကို အလစ်အငိုက်ဖမ်းကာ လက်သီးတလုံးကျွေးလိုက်ကာ ခနမှောက်နေစေသည်

"အိမ်ပေါ်က ဆင်းဖို့ မစောင့်နိုင်တော့ဘူးထင်တယ် .. ညီမလေးကို ဒီအကိုကြီးက အရမ်းဂရုမစိုက်သလို ဖြစ်သွားတယ် ဆောရီးနော် .. မြန်မြန် ပြန်လာပြီး မောင်းချပေးရမှာကို"

လက်လေး နှစ်ဖက်ခါပြီး ထလာသော ဟုန်လေ့ကို နှစ်ယောက်လုံး မျက်လုံးပြူး ကြည့်နေသည် ..
"နင် .. နင်..ဆေးမိထားတာ မဟုတ်ဖူးလား "
"အင်း ဆေးမိထားတယ် .. ငါတော့ မဟုတ်ဖူး"

ယွင်ဖန်လန့်သွားကာ သူမကိုယ်သူမ စမ်းစစ်ကြည့်တော့ တဖြည်းဖြည်း ပူလောင်လာကြောင်း ကြောက်လန့်တကြား သိလိုက်ရသည် .. Oh Gosh.. ငါတော့ သွားပြီ.. အသိစိတ်က ထိန်းရင်းနဲ့ပင် လွတ်ချင်လာသည် .. ..

ယွင်ဖန် စိတ်ရှုပ်ထွေးနေစဉ်မှာပဲ ကျိုးရွမ်က လက်သီးစာကြောင့် မူးနေသေးပေမယ့် ဟုန်လေ့ကို ဝင်ရောက် တိုက်ခိုက်လာသည် .. ဟုန်လေ့ လှစ်ခနဲရှောင်ပြီး ယခင်ဘဝက ထောင်ထဲမှာ သင်လာတဲ့ ချုပ်ကွက်တခု ထုတ်သုံးလိုက်သည် .. ဒူးနဲ့ ဗိုက်ကိုတိုက်ပြီး ညွတ်ကျသွားသောကျိုးရွမ်ကို .. နက်ကတိုင်ချွတ်၍ လက်ကို ကုတင်တိုင်မှာ ချည်နှောင်လိုက်သည်..

ယွင်ဖန်က နောက်ဆုံးထိန်းထားတဲ့စိတ်နဲ့ ငါသာကျရှုံးရင် နင့်ကိုလည်း အတူခေါ်သွားရမယ်ဟု တွေးကာ .. အနားရှိတဲ့ ဝိုင်ပုလင်းကိုကောက်ကိုင်ကာ စားပွဲနဲ့ ရိုက်ခွဲလိုက်ပြီး ကြိုးချည်နေတဲ့ ဟုန်လေ့နောက်ကျောကို ထိုးချလာသည် ..

ပုလင်းကွဲသံ ကြားရကတည်းက ဟုန်လေ့ ရှောင်ပြီးသား .. သို့သော် လက်မောင်းမှာ ရှပ်ထိသွားတာကြောင့် သွေးများဖြာကျလာသည် .. ယွင်ဖန်က အရှိန်နဲ့ တိုးဝင်လာတာကြောင့် ဟုန်လေ့ရှောင်လိုက်တော့ အားလွန်ကာ ကျိုးရွမ်ပေါ်သို့ ထပ်လျှက် လဲသွားသည် ..

ဟိုမုန်းတွေ ကြွနေပါတယ်ဆို ခုလို ထပ်လျှက်ကျသွားတော့ .. နှစ်ယာက်သား မထိအတွေ့မှာ မသက်မသာ ညည်းမိကြသည် .. ဟုန်လေ့ ယွင်ဖန်နောက်ကျေားကို မထနိုင်အောင် ခြေထောက်နဲ့ ဖိထားသည် .. အသိစိတ်လွတ်နေပြီဖြစ်သော ယွင်ဖန်နဲ့ မုန်ယိုနေတဲ့ ကျိုးရွမ်တို့ တယောက်ကို တယောက် ပွတ်သပ်လာတော့မှ တင်းထားသော စိတ်တွေ လျှော့လိုက်ပြီး အခန်းထဲက ထွက်လာသည် ..

တဖက်မှာတော့ ရန်ကျင့် ခေါင်းမီးတောက်နေသည် .. သူပြန်ရောက်လာတော့ ဟုန်လေ့က မရှိတော့ပေ .. တွေ့သမျှလူ လိုက်မေးတော့ ကောင်မလေး တယောက်နဲ့ ထွက်သွားသည်ဟု သိရသည် .. ရန်ကျင့် စိတ်လည်း ပူသလို စိတ်လည်းတိုနေသည် ..

ထိန်းချုပ်ခန်းကို သွား၍ CCTV ကြည့်သည် . အခန်း တခန်းထဲ ကောင်မလေးနဲ့ ဝင်သွားပြီး ခုထိ ပြန်ထွက် မလာပေ .. ယွင်ဖန်နဲ့ ရန်ကျင့်က မတွေ့ဖူးတာမို့ ဟုန်လေ့ဝမ်းကွဲညီမမှန်းမသိတာမို့.. သဝန်တိုစိတ်က ငယ်ထိပ်ထိ ဆောင့်တက်လာပြီး အဲ့ဒီအခန်းကို မြန်မြန်ပြေးသွားလိုက်သည် .. ဟုန်လေ့ ငါကတော့ စိတ်ပူလိုက်ရတာ မင်းက ကောင်မလေးနဲ့ ပျော်နေတယ် ဟုတ်လား ..

အခန်းဝမှာ လူနှစ်ယောက် သူ့ကို တားသည် .. ဘာဘာညာညာ မစဉ်းစားတော့ပဲ ထိုးကြိတ်ကာ တံခါးဖွင့်ဖို့ ကြည့်လိုက်တော့ အပြင်Lock ချထားတာကြောင့် ပြောင်းပြန်ကြီးဆိုပြီး တချက် ထူးဆန်းမိပေမယ့် ထူပူပြီး မစဉ်းစားနိုင်တော့

တံခါးကို ဖွင့်ပြီး အလောတကြီး ဝင်လိုက်သည် .. အထဲမှာက သူထင်ထားတဲ့ မြင်ကွင်းနဲ့ ကွဲလွဲစွာ .. လူနှစ်ယာက်က
ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်ပဲ အရှက်မဲ့စွာ ပွတ်သပ်နေကြပြီး လေ့က သွေးထွက်နေတဲ့ လက်မောင်းကို အုပ်ကိုင်ကာ အားဖျော့တော့စွာ သူ့ဆီ လျှောက်လာနေသည် .

စိတ်ပူစွာနဲ့ ..
"လေ့ .. ဘာဖြစ်သွားသေးလဲ.. ဘာတွေ ဖြစ်ခဲ့တာလဲ"
တကိုယ်လုံး နှံစပ်စွာစစ်ဆေးပြီး

"မဖြစ်ဖူး ဆေးရုံ သွားစို့"
"အားကျင့် ရတယ် စိတ်မပူနဲ့ ဒဏ်ရာက မကြီးဘူး
သွေးထွက် များသွားလို့ .. ခဏနားလိုက်ရင်ကောင်းသွားမှာ"

ရန်ကျင့်က မဆက်တာကြာသော နံပါတ်တလုံး ကောက်ဆက်လိုက်သည် .. ဖြစ်သမျှ အတိုချုံး ပြောလိုက်ပြီး နောက်မှာ ကျန်ခဲ့သမျှ ရှင်းဖို့ မှာလိုက်သည် .. ဖျော့တော့နေတဲ့ ဟုန်လေ့ကိုတော့ စွေ့ခနဲပွေ့ချီကာ လူရှင်းတဲ့ စကြင်္န်လမ်းအတိုင်း ကားထားရာ နေရာသို့ ခေါ်သွားတော့သည်။

"အားကျင့် ဆေးခန်း မသွားချင်ဘူးနော်"
ဟုန်လေ့က ထပ်ပြောသည်။

"မဖြစ်ဖူးလေ .. လေ့ရဲ့ တိုက်ခန်းမှာ ဘာမှ မှ မရှိတာ"
"ဟင့်အင်း မသွားချင်ဘူး"

ခေါင်းမာသော ဒီကလေးကို ဘယ်လို လုပ်ရမှန်း မသိတော့ ဆေးရုံသွားရင်လည်း သတင်းတွေက ထွက်လာဦးမည် ...
"အင်း အင်း ဆေးခန်း မသွားဘူး ..
လိမ္မာတယ် အိပ်တော့နော်"
"အွန်း"

ဟုန်လေ့ နိုးလာတော့ အခန်းကျယ်ကြီးဆီ ရောက်နေသည် . လက်မှာလည်း Drip တန်းလန်း ချိတ်ထားသည် .. ထထိုင်ဖို့ ကြိုးစားတော့ ခါးမှာ တခုခု လေးလံနေတာမို့ ကြည့်လိုက်တော့ ရန်ကျင့်လက် ဖြစ်နေသည် .. ထိုင်ဖို့ မကြိုးစားတော့ပဲ ရန်ကျင့်ဘက်ကို လှည့်ပြီး ကြည့်လိုက်သည် .. မျက်တောင်လေးတွေ ကော့နေကာ မျက်ခုံးမွှေးထူထူလေးနဲ့ တကယ်ပဲ ရန်ကျင့်က ယောကျာ်းဆန်ဆန် ချောမောလှသည် ..

"လေ့ နိုးပြီလား ..ဘယ်လိုနေသေးလဲ" ရန်ကျင့်က မျက်လုံးမဖွင့်သေးပဲ အိပ်ချင်မူးတူးနဲ့ ပြောနေသည် .. ရန်ကျင့်က ဟုန်လေ့ အိပ်နေတာ ခဏခဏ မြင်ဖူးပေမယ့် ဟုန်လေ့ကတော့ ရန်ကျင့်ကို ပထမဆုံးပင် .. အိပ်ချင်မူးတူးနဲ့ အသံအက်အက်လေးက အရမ်းကို နားဝင်ချိုတယ်လို့ ဟုန်လေ့တွေးလိုက်မိသည် ..

"အားကျင့် ညက ဘယ်ချိန်မှ အိပ်ရလဲ"
"အွန်း မမှတ်မိတော့ဘူး ဒဏ်ရာဆေးပြီး သန့်ရှင်းပြီးတော့ သွေးတလုံးသွင်းရတယ် .. ဆေးနှစ်ပုလင်းချိတ်တာ စောင့်ပြီးတော့ ဆရာဝန် ပြန်သွားတယ် ..

လေ့က အဖျားတက်နေလို့ စောင်တွေ ကန်နေတာနဲ့ လက်က ဆေးသွင်းထားတာ ခိုက်မိမှာစိုးလို့ အဲ့တာ ကိုင်ပေးထားရင်း ဘယ်ချိန် အိပ်ပျော်သွားမှန်း မသိဘူး "

ပြီးမှ မျက်စိလေး ခဏဖွင့်ကာ နှဖူးလာစမ်းပြီး
"အဖျားကျသွားပြီ .. လိမ္မာတယ် ကိုယ်အိပ်ချင်သေးလို့ ခဏ ပြန်မှိန်းနေလိုက်နော်" ပြောရင်း ခါးကိုဖက်ကာ ခြေထောက်တဖက် လာခွပြီး ပြန်အိပ်ပျော်သွားပြန်သည် ..

ဟုန်လေ့ ရန်ကျင့်မျက်နှာကို ကြည့်ရင်း အူယားလာတာကြောင့် လက်လှမ်းကာ ပါးလေးကို လက်ညှိုးနဲ့ ထိုးလိုက်သည် အိအိလေး ..နှုတ်ခန်းလေးကလည်း ဖူးဖူးလေး လက်နဲ့ တို့ကြည့်သည် .. ဆံပင်ပျော့အိအိလေးတွေကြား လက်လျှိုထည့်ရင်း စိတ်လွတ်သွားကာ နဖူးကို နမ်းလိုက်မိသည် .. အားး ငါ ဘာတွေ လုပ်နေတာလဲ .. မျက်နှာကြီးအုပ်ကာ စောင်ခေါင်းမြီးခြုံလိုက်သည်။

🟥🟥🟥🟥🟥🟥🟥

Devilish က prototype ထွက်လာအပြီးမှာ တဟုန်ထိုး အောင်မြင်လာသည် .. နယ်ပယ် အသီးသီးက အဖွဲအစည်းများဖြင့် ပူးပေါင်း၍ 3D Game များ/ Personal Assistant Robot Waifu လေးများ/ Animation နဲ့ Movies များ ကြော်ငြာများ စသဖြင့် 3D နည်းပညာသုံးသော Product အမြောက် အများ ထွက်ရှိလာသည်. Devilish ရဲ့ ရှယ်ယာဈေးကလည်း တရှိန်ထိုး တက်လာနေသည် ..


"အွန်း"



"လာပါ.. နောက်ကျနေပြီ"
"အွန်း အွန်း"

'အင်း ပြော'

'အေး ကောင်းရော'


'ဇာတ်ကြောင်း အရပါ Host'




"အိုခေ"



'ခွက်ချင်းလဲလို့ရလား'
'အဲ့ဆို ရှင်း တခု ကူညီ'
'ကောင်းပါပြီ'






"အင်း"






"မင်း ..
.. ကတိတည်ပါစေ"


"ဟက် ..












စိတ်ပူစွာနဲ့ ..



ဟုန်လေ့က ထပ်ပြောသည်။


"အွန်း"







Pokračovat ve čtení

Mohlo by se ti líbit

10.8K 1.6K 29
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
413K 11.8K 54
Own Ceration, Both uni&zawgi Cover photo credit. Romance love fiction🖤 (အဒေါ့ဟစ်တလာကတော့. . "ချစ်လှစွာသောအီဗာရေ ငါ့ဗိုလ်ချုပ်ကြီးတွေနဲ့ငါပိုင်သမျှက...
5.3M 717K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
20K 2.5K 57
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...