ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

由 melieee2

1.2M 167K 22.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... 更多

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 32(unicode)

6.8K 1.4K 159
由 melieee2

Chapter 32;

ကုဖေးတို့နေထိုင်သည့်အဆောက်အဦးဟာ
လီပေါင်ကော်နေရာထက် ပိုပြီးသစ်လွင်မှုရှိသည်။အဆောက်အဦးသည် လမ်းကြားထဲ
မှာဆောက်ထားခြင်းဖြစ်သော်ငြား၊ စည်းရိုး အတားအဆီးမရှိသည့်အတွက် အများပြည်သူဆိုင်ရာအိမ်ရာတွေလိုမျိုးမျက်စိပဒေသာဖြစ်စေသည်။

မြို့လယ်ခေါင်ကဲ့သို့ ပြင်းရှသောအနံ့အသက်များနှင့်မွန်းလောင်နေတာမျိုး မရှိသည့်အပြင် ကော်ရစ်တာလမ်းတစ်လျှောက်ရှိနံရံတွေပေါ်မှာလည်း ပင့်ကူချည်မျှင်တွေမရှိပေ။

သို့သော်,အဆောက်အဦးတွင်ဓာတ်လှေကားမပါရှိသည်ကြောင့် တန်ဖိုးနည်း အိမ်ယာတွေနှင့်အတူတူပင်ဖြစ်ကာ အဆောက်အဦးထဲသို့ဝင်ပြီးလျှင်၊အသင်သွားချင်သောနေရာဆီသို့လှေကားနှင့်ခြေချင်တက်ရမှာဖြစ်၏။ငါးလွှာသို့တက်လာပြီးနောက်တွင် ကျန်ချန် ကူကယ်ရာမဲ့သလိုခံစားလာရ၏။
"မင်းက ဘယ်အလွှာမှာ နေတာလဲ?။"

"ထိပ်ဆုံးအထပ်က ခုနှစ်လွှာမှာနေတာ။"
ကုဖေး၏နှုတ်ခမ်းထောင့်များပင့်တက်လာပြီး
သိမ်မွေ့သောအပြုံးဖြင့် သူ့ကိုလှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ။ မသွားနိုင်တော့ဘူးလား။
ငါ မင်းကို ကုန်းပိုးပြီးသွားရမှာလား။"

"မင်းလည်း ပိုပြီးသန်မာနေတာမှမဟုတ်တာ။အပြင်မထွက်ခင်ဆီးသွားဖို့အချိန်သုံးမိနစ်ယူသင့်တယ်။မဟုတ်ရင်,မင်းရဲ့ကျောက်ကပ်က ချို့တဲ့နေလောက်ပြီ။"

ကုဖေးကဘာမှမပြောဘဲ သူ့ကိုအချိန်ခဏမျှစိုက်ကြည့်ပြီးနောက်၊အရှေ့ပြန်လှည့်သွားပြီးဆက်လျှောက်နေသည်။

ခုနှစ်လွှာတွင်လူနေအိမ်တိုက်ခန်းလေးခန်းရှိပြီး၊ ကုဖေး၏တိုက်ခန်းက ထောင့်အစွန်းဆုံးဖြစ်သည်။ အိမ်ခန်းတံခါးမ ပွင့်သွားသည်နှင့် ကျန်ချန်သူ့စိတ်သူအရင်ပြင်ဆင်လိုက်တယ်။
ဟိုးနေ့က စတိုးဆိုင်ထဲသို့ အကြမ်းပတမ်းဝင်လာပြီးဝုန်းဒိုင်းကြဲသွားသောကုဖေး၏အမေ
ကို သူ မှတ်မိနေဆဲဖြစ်သည်။

သူအိမ်တံခါးမှဝင်လာချိန်တွင်၊ကုအမေသည် လက်ထဲမှာစီးကရက်တစ်လိပ်ဖြင့်ဧည့်ခန်းထဲမှာမတ်တပ်ရပ်ပြီးဖုန်းပြောနေတာကို သူ တွေ့လိုက်ရသည်။သူတို့ဝင်လာသည့်အခါသူမ၏
အကြည့်တွေကကုဖေး၏ပခုံးမှဖြတ်ကျော်ပြီး ကျန်ချန်၏မျက်နှာဆီသို့ရောက်လာ၏။

ကျန်ချန် သူမကိုမြန်မြန်နှုတ်ဆက်လိုက်တယ်။
"Hello အန်တီ။ "

ကုဖေးက သူ့ကိုပြောလိုက်၏။
"ဆေးလိပ်ကို မီးငြိမ်းလိုက်။"

"မင်း ဘာလို့အရမ်းနောက်ကျနေတာလဲ။"
ကုအမေက ဆေးလိပ်ကို မီးသတ်၍ သူတို့ကို ကြည့်လာပြီး၊လက်ထဲမှဖုန်းကိုချလိုက်သည်။ သူမက ကျန်ချန်၏မျက်နှာကိုထပ်ကြည့်လာပြီး
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းကစတိုးဆိုင်မှာရှိ
နေတာ မင်းလား။"

"ဟုတ်။ "
ကျန်ချန် သူမကိုခေါင်းပြန်ညိတ်ပြလိုက်ရင်း
အိမ်စီးဖိနပ်လဲစီးဖို့တွေးနေ၏။
"ကျွန်တော်က ကျန်ချန်ပါ။"

ကုဖေးက ဖိနပ်စင်မှအိပ်စီးဖိနပ်ပါးတစ်စုံကို ယူပြီး ကျန်ချန်ခြေထောက်ရှေ့ ပစ်ချပေးပြီးသူမကိုလှည့်ကြည့်လိုက်သည်။
"ဟင်းတွေ ကျန်သေးတယ်မလား။"

"အင်း, ငါ အများကြီး ချန်ထားပေးတာမလို့မင်းတို့နှစ်ယောက်လုံး စားလောက်တယ်။"

"ခဏ ထိုင်ဦး။"
ကုဖေးကဧည့်ခန်းဘေးရှိတံခါးဆီသို့လျှောက်
သွားသည်။သူက တံခါးကို ဖွဖွတွန်းပြီး အထဲကို ချောင်းကြည့်နေ၏။

"သူက အားမြောင်ကို သွားကြည့်နေတာ။"
ကုအမေက သူ့ကို ရှင်းပြလာသည်။
"သူက အကိုကြီးဆိုပေမယ့်၊ငါတို့အားမြောင် ကို အဖေထက်တောင် ပိုပြီးစိတ်ပူတတ်သေးတယ်။"

ကျန်ချန် သူမကို ပြုံးရုံပြုံးပြလိုက်တယ်။

ကုဖေးက တံခါးဘောင်ကိုမှီပြီးအခန်းထဲသို့ စကားလှမ်းပြောနေသည်။
"မအိပ်သေးဘူးမလား။ချန်ကော ရောက်နေတယ်။မင်း အပြင်ထွက်ပြီး သူ့ကို နှုတ်ဆက်ချင်သေးလား။"

စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ဖိနပ်အပါးတရှပ်ရှပ်မြည်သံများနှင့်အတူ ညအိပ်ဝတ်စုံအရှည်ထဲမှာမြုပ်နေသောကုမြောင်ကတံခါးအပြင်သို့ထွက်လာ၏။

ကျန်ချန် သူမကို ပြုံးပြလိုက်တယ်။
"ကောင်းသောညနေခင်းပါ။ "

ကုမြောင်၏မျက်နှာကကြောင်အမ်းအမ်းဖြစ်သွားသော်လည်း သူမက ခပ်သွက်သွက်ပြေးလာပြီးသူ့ဘေးမှဆိုဖာပေါ်မှာဝင်ထိုင်လာ၏။

ကျန်ချန် သူမကိုကြည့်ပြီး သူမ၏ခေါင်းပေါ်မှဖရိုဖရဲ ဆံပင်တွေကို သပ်ရပ်သွားအောင် ပြန်ပြင်ပေးလိုက်တယ်။
"၁၀နာရီတောင်ထိုးတော့မယ်။မင်းက အခုထိ မအိပ်သေးဘူးလား။ မနက်ဖြန်, မင်းမျက်လုံး
နားတစ်ဝိုက်မှာအမည်းရောင်အကွင်းကြီးပေါ်
လာတော့မှာပဲ။"

ကုမြောင်က မျက်လုံးတွေကိုပွတ်သပ်ရင်း ပြုံးပြလာသည်။

ကောင်မလေး၏ဆံပင်တွေ တော်တော်လေး ပြန်ရှည်လာနေပြီဖြစ်သည်။ဆံပင်မတိုမရှည် နှင့်ဖရိုဖရဲဖြစ်နေသော်လည်းယောကျ်ားလေးဆန်ဆန်ကတုံးအပြောင်ဖြစ်နေတာထက်ဆိုင်လျှင်၊လက်ရှိပုံစံကကြည်ပျော်ရှုပျော်ရှိ၏။

အကိုရောညီမရောနှစ်ယောက်လုံးသည်အမေဖြစ်သူနှင့်ရုပ်ဆင်ကြသည်။အထူးသဖြင့်,နှစ်အနည်းငယ်ကြာလျှင် ကုမြောင်သည် လှပပြီး ချစ်စရာကောင်းသည့် ကောင်မလေး ဖြစ်လာ
လိမ့်မည်။

...

သူ့အမေနှင့်အတူမီးဖိုချောင်ထဲသို့ ကုဖေးဝင်သွားလိုက်တယ်။

သူ့အမေက မေးလာသည်။
"မင်းတို့ အခုစားကြတော့မှာမလား။မင်းတို့အတွက် ဟင်းတွေပြန်နွေးလိုက်မယ်။"

"အင်း,ထမင်းလည်း ရှိသေးတယ်မလား။"

"ရှိသေးတယ်။"
ကုအမေက ကျန်ချန်ကို ထပ်လှည့်ကြည့်လိုက်သည်။
"ဒီကလေးက လီယန့်ကောင်လေးလား။"

သူမ၏အသံကအကျယ်ကြီးမဟုတ်ပေမယ့်၊ ကျန်ချန်ကကြားသွားပုံပေါ်သည်။သူ အလန့်တကြား ခေါင်းမော့ကြည့်လာ၏။

ခုနကလေထန်နေတာနေလို့စောစောကစကား
ကိုကျွန်တော် ရှင်းရှင်းလင်းလင်းမကြားလိုက်ရလို့ပြန်ပြောပေးလို့ရလားခင်ဗျ..! !

ကုဖေး ဖြေလိုက်တယ်။
"မဟုတ်ပါဘူး.။အမေက ဘာလို့ အဲ့လိုထင်တာလဲ။"

"ဒါဆို,သူကဘာလို့မိတ်ကပ်လိမ်းထားတာလဲ?။"

"မိတ်ကပ်လိမ်းတာက လီယန်နဲ့ဘာဆိုင်လဲ။ပြီးတော့ ကျန်ချန်ကမိတ်ကပ်မလိမ်းပါဘူး။သူ့ကိုတင်းကျူးရှင်းကဒီနေ့အတွက်ဓာတ်ပုံ ရိုက်ပေးဖို့ အကူအညီတောင်းထားလို့။သူက မိတ်ကပ်ပြန်မဖျက်ရသေးတာ။ အိုး.....ဟုတ်သား။"
ကုဖေး မီးဖိုချောင်ထဲမှခေါင်းပြူလိုက်တယ်။
"ကျန်ချန်,မင်း ငါ့အမေဆီက မိတ်ကပ် ဖျက်ဆေးကိုသုံးပြီး မျက်နှာပြန်သစ်လိုက်ဦး။"

"အိုး..."
ကျန်ချန်က မတ်တပ်ထရပ်လိုက်သည်။

...

ကုအမေက သူ့ကို ရေချိုးခန်းဆီသို့ ခေါ်သွားပြီး မိတ်ကပ်ဖျက်ဆေးအဆီဗူးကိုသူ့ဆီကမ်းပေးလာ၏။
"ဒါသုံးလိုက်။သူက မိတ်ကပ်ကောင်းကောင်းဖျက်ပေးနိုင်တယ်။အပေါ်ဆုံးထပ်က ကုဖေးရဲ့မျက်နှာသစ်ဆေးကို မင်းသုံးချင်ရင်သုံးလို့ရတယ်။"

"အိုး,ကျေးဇူးတင်ပါတယ် အန်တီ။"
ကျန်ချန် မိတ်ကပ်ဖျက်ဆေးရည်အဆီဗူးကို ကြည့်လိုက်တယ်။

"ဂွမ်းချပ်က ပန်းရောင်ဗူးထဲမှာရှိတယ်။"
ကုအမေက သူ့ကိုကြည့်လာ၏။
"ဘယ်လိုသုံးရမလဲဆိုတာသိလား။"

သူလုပ်တတ်သည့်အကြောင်းသူမကိုကျန်ချန်ပြောပြချင်သည်။ထိုအခါမှ,သူမကသူ့ကိုစိုက်ကြည့်နေတာရပ်ပြီး မြန်မြန် ထွက်သွားမှာဖြစ်
၏။ သို့သော်,"ကျွန်တော်လုပ်တတ်တယ်"လို့ ဖြေပြန်လျှင်လည်း 'လီယန့်ကောင်လေး "ဖြစ်
လာလိမ့်မည်။ သူ မိတ်ကပ် လိမ်းထားတာက လီယန်နှင့်ဘာဆိုင်နေမှန်းကျန်ချန်နားမလည်
နိုင်ဘူး။ထို့ကြောင့် သူဖြေလိုက်တယ်။
"ကျွန်တော်မလုပ်တတ်ဘူး။"

ကုဖေးက မီးဖိုချောင်ထဲမှလှမ်းအော်လာ၏။
"အားမြောင်,မင်းရဲ့ ချန်ကောကို မိတ်ကပ်ကူပြီးဖျက်ပေးလိုက်။"

ကုမြောင်က ရေချိုးခန်းထဲသို့အပြေးဝင်လာသည်။ ကုအမေ အပြင်ထွက်သွားသည့်အခါ သူမကခြေဖျားထောက်ပြီး ပန်းရောင်ဗူးထဲမှ ဂွမ်းချပ်နှစ်ချပ်ယူလိုက်၏။ ထို့နောက်, သူမ
က ဂွမ်းချပ်ပေါ်သို့မိတ်ကပ်ဖျက်ဆေးအဆီလောင်းချပြီး၊ကျန်ချန်ကိုဆောင့်ကြောင့်ထိုင်ပေးဖို့ရန် လက်ဟန်အမူအရာပြလာ၏။

ကျန်ချန် ဆောင့်ကြောင့်ထိုင်ပေးလိုက်တယ်။
"အခု ဘာထပ်လုပ်ရအုံးမှာလဲ။"

ကုမြောင်က သူ့ကိုသေချာစိုက်ကြည့်လာ၏။
သူမက မျက်လုံးကိုတင်းတင်းကြပ်ကြပ် မှိတ်ပြီးပြန်ဖွင့်၍ သူ့ကိုစိုက်ကြည့်လာသည်။

ကျန်ချန် မျက်လုံးမှိတ်ပေးလိုက်တယ်။
"ငါ့မျက်လုံံးတွေကို မှိတ်ထားရမှာမလား။"

ကုမြောင်က သူ့မျက်နှာပေါ်သို့ ဝါဂွမ်းချပ်နှင့်
သာသာယာယာဖိသုပ်ပေးလာသည်။

အပြင်ဘက်ရှိ မီးဖိုချောင် ထဲတွင် ကုဖေးနှင့် ကုအမေကစကားမပြောပဲကိုယ့်အလုပ်ကိုယ်
လုပ်နေလျှက်ရှိသည်။

ဒါပေမယ့်,  ကျန်ချန်၏နားထဲတွင် " လီယန့် ကောင်လေး"ဆိုသည့်စကားကိုကြားယောင်နေဆဲဖြစ်၏။ကုဖေး၏အမေ ဤစကားတွေပြောလာစဥ်, သူမက"လီယန့်ကောင်မလေး" အကြောင်းကိုပြောနေသလိုမျိုးသက်တောင့်သက်သာပြောသွားတာဖြစ်သည်။

လီယန်က ဘယ်သူလဲ?သူတို့ကအရမ်းရင်းနှီးပုံပေါ်၏။

ကိစ္စတွေကဒီလိုမျိုးဖြစ်လာမှတော့လီယန်နှင့် အတူသွားလာနေသောကုဖေးကဒီအကြောင်းတွေနားလည်လောက်တယ်မလား... သောက်ရေးကို မပါလိုက်တာ !!

ကျန်ချန် မျက်လုံးကိုရုတ်ချည်းပြန်ဖွင့်လိုက်
သည့်အခါ၊ကုမြောင်က လက်ထဲမှာ ဂွမ်းချပ်ကိုင်ထားရင်း စူပုတ်ပုတ်ဖြင့်ခေါင်းခါပြလာသည်။

သူ ချက်ချင်း သူ့မျက်လုံးတွေကိုပြန်မှိတ်
လိုက်တယ်။

ကုဖေးအနားမှာသူ့လိုမျိုးလူတွေလည်းရှိနေ
သောကြောင့်၊ယခင်က, ကျန်ချန် သူ့ကို နမ်းလိုက်ချိန်တုန်းက တခြားအကြောင်းပြချက်
ရှိနေတယ်ဆိုတာ သိလောက်တယ်မလား??

ကုဖေးက သာမန်လူလိုမျိုး, အရက်အလွန်
အကျွံမူးနေ၍ဖြစ်သွားပါတယ်ဆိုပြီး  ရိုးရိုးရှင်းရှင်းအဓိပ္ပါယ်မကောက်ရင်ကော........

Fuckk!

ကိစ္စတွေက ပိုပြီးကိုးရိုးကားယားနိုင်လာ၏။

ကုမြောင်ကသူ့ကိုမိတ်ကပ်ဖျက်ပေးပြီးလျှင်၊အပြင်သို့ပြန်ထွက်သွားသည်။  သူ ကုဖေး ရဲ့ မျက်နှာသစ်ဆေးကိုယူပြီးကြည့်လိုက်တယ်။
ဘူးမျက်နှာစာတွင် 'အသားအရည်ကိုပိုချော
မွေ့စေပြီး၊ကြည်လင်စေတယ်။ သင့် အသားအရည်ခြောက်သွေ့စေမှာမဟုတ်။တင်းတင်းကြပ်ကြပ်လည်းဖြစ်မနေစေဘူး" တဲ့ အကုန်
အလိမ်အညာတွေ။ ဤမျက်နှာသစ်ဆေးကို သူ ယခင်ကသုံးဖူးတယ်။ အသားအရည်ကချောမွေ့လာပေမယ့်,ခြောက်ခြောက်ကြီးဖြစ်ပြီး ကျန်နေခဲ့၏။

သူ ရေချိုးခန်းမှပြန်ထွက်လာပြီးသည်အထိ သူ့မျက်နှာအသားအရည်သည်တင်းကြပ်ပြီး ခြောက်သွေ့နေလျှက်ရှိသည်။ကုဖေးကို မြင်ရဖို့အရေး မျက်လုံးတွေကို မနည်း ဖွင့်ကြည့်နေရ၏။
"မင်းမှာ တိုနာ ဒါမှမဟုတ် လိမ်းစရာ cream
တစ်ခုခုရှိလား? ။ငါ့မျက်နှာကအက်ကွဲတော့မယ်ထင်တယ်။"

ကုဖေး၏ပြန်ဖြေမည့်စကားကိုပင်မစောင့်ဘဲ၊ ကုမြောင်ကသူမ၏အခန်းထဲသို့ပြေးဝင်သွားသည်။သူမက အခန်းထဲမှ ပြန်ထွက်လာသည့်အခါ ကလေးသုံးမျက်နှာလိမ်းခရင်လ်ကို သူ့လက်ထဲထည့်ပေးလာ၏။

ကျန်ချန် ဘူးလေးကို ယူလိုက်တယ်။
"အိုး,မင်းက မင်းရဲ့ကြည့်ကောင်းတဲ့မျက်နှာကိုကြွားတာပေါ့။ မင်းက ဒီပစ္စည်းကိုတောင် ယူလာပြီးပြတယ်...ဟမ်?။"

ကုဖေးက မှတ်ချက်ဝင်ပေးလာသည်။
"လီယန်က သူ့အတွက်ဝယ်ပေးထားတာ။သူ
က ဒီပစ္စည်းကိုလူတိုင်းကိုပေးသုံးဖို့စိတ်အားထက်သန်နေတာ။ သူ့မျက်နှာပေါ်ကျ မလိမ်းဘူး။ဒီအကြောင်းကိုပြောရရင်တော့ စိတ်ရှုပ်စရာကောင်းတယ်။"

ကုဖေး၏အမေက ကျန်ချန်ကိုကြည့်ပြီးမေးလာသည်။
"မင်းလည်း လီယန်ကို သိလား။"

"မသိဘူး။"
ကျန်ချန် မျက်နှာလိမ်းခရင်ကိုလိမ်းနေရင်း ပြန်ဖြေလိုက်တယ်။

ကုဖေးကလည်း လုံးဝအံ့သြနေဟန်ဖြင့်။
"သူတို့က နှစ်ကြိမ် သုံးကြိမ်ပဲတွေ့ဖူးတာ။ ပြီးတော့လီယန်ဆီမှာကောင်လေးမရှိဘူး။အမေ သွားအိပ်သင့်ပြီ။ အားမြောင်,မင်းလည်း သွားအိပ်တော့။"

ကုမြောင်က သူမအခန်းဆီသို့ပြန်သွားသည်။ ကုဖေး၏အမေက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်၍ ၊ သူမအခန်းထဲသို့ဝင်ပြီးတံခါးမပိတ်ခင်၊ ကျန်ချန်ကိုအကြိမ်များစွာလှည့်ကြည့်လှည့်ကြည့်လုပ်လာ၏။

ကုဖေး၏အမေဖြစ်သူပြင်ဆင်ပေးထားသည့် ဟင်းတွေက မမျှော်လင့်ပဲအရသာရှိလှသည်။ ဟင်းတွေအေးသွားပြီဖြစ်သော်လည်း၊အသစ်ပြန်နွေးပေးထား၍ စားချင်စဖွယ်ပင်။ အထူးသဖြင့် ဝက်နံရိုးချက်က စားကောင်းလွန်း၏။ ကျန်ချန်တစ်ယောက် နံရိုးလေးခု,ငါးခုစားပြီးနောက်တွင်၊ရှက်လာသောကြောင့် စားတာကို ရပ်လိုက်သည်။

ကုဖေးက ပြောလာ၏။
"မင်း အကုန်လုံးစားလို့ရတယ်။ငါကထပ်ပြီး
မစားနိုင်တော့ဘူး။"

"ငါလည်းပဲ။"
ကျန်ချန် ခဏ တုံ့ဆိုင်းနေပြီးမှ၊ နောက်ထပ်အသားဖတ်ကိုပါးစပ်ထဲကောက်ထည့်လိုက်
သည်။

ကုဖေးက ရယ်မောလာ၏။
"ငါ့အမေလက်ရာက စားလို့ကောင်းတယ်
မဟုတ်လား။"

"အင်း။"
ကျန်ချန်လည်းအလားတူတွေးမိသောကြောင့် ခေါင်းညိတ်လိုက်တယ်။သူ့အရှေ့မှ ဟင်းပန်း
ကန်လုံးကိုကြည့်ပြီး
"ငါ အိမ်ထမင်းအိမ်ဟင်းမစားရတာကြာပြီ။"

ကုဖေးကတိတ်ဆိတ်နေ၏။

သူ့ဦးနှောက်ထဲမှစားချင်သောက်ချင်သည့်စိတ်ဆန္ဒကို ကျန်ချန် မနည်းထိန်းချုပ်နေရသည်။

ဤမြို့သို့စရောက်တည်းကနေ့တိုင်းအပြင်မှ ဝယ်စားတာက သူ့အတွက် ကျင့်သားရနေပြီဖြစ်သည်။တစ်ခါတစ်လေ, အဆင်ပြေသလို အပြင်မှာထွက်ဝယ်စားလိုက်တာမျိုးလည်းရှိ
၏။ ပိုက်ဆံချွေတာမယ်ဆိုပြီး သူ့အတွက်သူ ချက်ပြုတ်စားမယ်ဆိုရအောင်လည်း၊သူလုပ်တတ်သည်မှာခေါက်ဆွဲပြုတ်သာရှိ၏။

ယနေ့တွင်မူ,မမျှော်လင့်ဘဲအရသာရှိလှသည့် အိမ်ထမင်းအိမ်ဟင်းကို သူစားခဲ့ရသည်။ သူ့နှလုံးသားက စူးခနဲကျဥ်သွား၏။ သူ့ကိုယ်သူ ဝမ်းမနည်းအောင် ကြိုးစားချင်ခဲ့သော်လည်း ထိုခံစားချက်ကိုသူမထိန်းချုပ်ထားနိုင်ခဲ့ဘူး။ သူ့နှာခေါင်းက မွန်းကြပ်လာ၏။

ကံကောင်းစွာဖြင့်,ကုဖေးကမီးဖိုချောင်ထဲတွင် ပန်းကန်ဆေးရန်ထွက်သွား၏။သူ့မျက်လုံးထဲမှမျက်ရည်တွေကိုကျန်ချန်မြန်မြန်သုတ်လိုက်ပြီးခံစားချက်များတည်ငြိမ်အောင်အသက်ကို
ပြင်းပြင်းရှုသွင်းလိုက်သည်။

သူ့ခံစားချက်တွေပြန်ပြီးတည်ငြိမ်လာပေမယ့်သူပန်ကန်းဆေးဖို့အတွက် ကုဖေးနှင့် ငြင်းခုန်ချင်စိတ်မရှိသလိုသူကိုယ်တိုင်လည်းတစ်စက်လေးမှမလှုပ်ရှားချင်ပေ။

"မင်းပင်ပန်းနေရင် ငါ့အိပ်ယာပေါ်မှာ အိပ်လို့ရတယ်။"
ကုဖေးက အခန်းတစ်ခန်း၏တံခါးကိုဖွင့်ပြီး ပြောလာသည်။
"ငါ ဆိုဖာပေါ်မှာပဲအိပ်လိုက်မယ်။ "

"မလိုဘူး။ "
ကျန်ချန်မတ်တပ်ထရပ်ပြီးသူ့နောက်မှလိုက်
၍အခန်းထဲသို့ဝင်လိုက်တယ်။
"ငါ ဆိုဖာပေါ်မှာအိပ်လိုက်မယ်။ငါက ဘယ်နေရာဖြစ်ဖြစ်အိပ်တတ်တယ်။ ဒီအခန်းက , မင်းရဲ့အခန်းလေ။"

အကြည့်တစ်ချက်နှင့်တင် ကုဖေး၏ဧည့်ခန်း
အပြင်အဆင်က လွန်ခဲ့သည့်ဆယ်နှစ် အနှစ်နှစ်ဆယ်ဝန်းကျင်မှ အခန်း အပြင်အဆင်နှင့် ဆင်တူနေပြီးအသစ်ပြုပြင်မွန်းမံထားမျိုးကို မရှိတာကိုတွေ့ရ၏။လီပေါင်ကော်၏ အရမ်း
အိုဟောင်းပြီးသန့်ရှင်းမှုမရှိ၊သူများအပြောခံပြီးနေရတဲ့နေရာထက်ဆိုင်လျှင်အများကြီးပိုကောင်းသည်။

ဒါပေမယ့်,ကုဖေး၏ အိပ်ခန်းက သူ့ကို အံ့သြစေ၏။

အခန်းကကျဥ်းကျဥ်းလေးဆိုပေမယ့်အုတ်နံရံတွေကိုအဖြူသက်သက်ဆေးခြယ်ထားသည်မှလွဲ၍အလှဆင်ထားခြင်းမရှိသော်ငြားလည် အခန်းထဲမှာရှိနေသည့်ပရိဘောကပစ္စည်းတွေ
ကိုအဆက်အဟပ်မိအောင်ရွေးချယ်ထားမှုကိုကျန်ချန် မြင်နေရသည်။

အခန်းထဲတွင် အိပ်ယာ ၊ စာအုပ်စင်၊ စားပွဲခုံ ၊ ထိုင်ခုံ၊လူတစ်ယောက်စာလဲပြီးအိပ်လို့သည့်ဆိုဖာ၊ အောက်ခံကော်ဇောအခင်းငယ်အပြင် ပြတင်းပေါက်နားမှာ ကြိုးပုခက်တစ်ခုလည်းရှိသည်။အခန်းအတွင်းမှာ ပစ္စည်းတွေအများကြီးမရှိသော်လည်း ရှုပ်ပွနေခြင်းအလျဥ်းမရှိ ဘဲ၊နွေးထွေးပြီးသက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်မျိုးပေးစွမ်း၏။

ကုဖေးကလျှပ်စစ်ရေနွေးခရားကိုစားပွဲခုံပေါ်မှာတင်ပြီးလက်ဖက်ရည်ထုပ်အချို့ထုတ်လာသည်။
"လက်ဖက်ရည်လား?။ရေနွေးအပူပဲလား?။"

"ရေပဲပေး။"
ကျန်ချန် ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။
"ငါ လက်ဖက်ရည်သောက်ပြီးရင်အိပ်ပျော်မှာ မဟုတ်ဘူး။"

ကုဖေးက လီမွန်တီးအမှုန့်ကို ခွက်ထဲထည့်၍
ရေနွေးပူလောင်းထည့်ပြီးသူ့ကိုကမ်းပေးလာသည်။

နွေးပြီးမွှေးပျံ့နေသောလီမွန်တစ်ခွက်၊ပျော့အိနေသော ဆိုဖာကြောင့် သက်တောင့်သက်သာ ဖြစ်နေသည့်အခန်းအကြောင်းကို အကြာကြီး
သူ မခံစားမိချေ။လက်ထဲတွင် လီမွန်တီး ခွက်ကိုကိုင်ပြီး စကားတစ်ခွန်းမှမပြောပဲဆိုဖာပေါ်မှာ ကျန်ချန်ကျောမှီပြီးထိုင်လိုက်တယ်။

ကုဖေးကကွန်ပျူတာရှေ့မှာထိုင်ပြီး ကင်မရာထဲမှmemory cardကိုထုတ်ကာကွန်ပျူတာ နှင့်ချိတ်လိုက်သည်။
"ငါအမေကEQသိပ်မကောင်းဘူး။စကားမပြောခင်ဂရုတစိုက်စဥ်းစားရမယ်ဆိုတာကို သူ အခုထိနားမလည်ဘူး။မင်း သူ့စကားကို နားထောင်လို့ရတယ်။ ဒါပေမဲ့,နှလုံးသားထဲထိသိမ်းထားစရာမလိုဘူး။"

"အင်း။"
ကျန်ချန် သူ့ကို နားလည်ကြောင်း အသံပြုလိုက်တယ်။သူခဏတွန့်ဆုတ်နေပြီးနောက်မေးလိုက်တယ်။
"လီယန်က.. .."

"လီယန်ဆီမှာချစ်သူကောင်လေးမရှိဘူး။"
ကုဖေးက သူ့ကိုကြည့်ပြီး ပြုံးလာသည်။
"ဒါပေမယ့်,လီယန်က အမျိုးသားတွေကို ကြိုက်တယ်။"

"အိုး။"
လက်ထဲမှဖန်ခွက်ကို ကျန်ချန် တင်းတင်းကိုင်ထားပြီး ၊ ရေနွေးငွေ့ကြားထဲမှာသူ့မျက်နှာကို ဖုံးကွယ်လိုက်တယ်။
"သူ့အကြိုက်ကို တခြားလူတွေသိလား။"

ကုဖေးကကင်မရာထဲမှဓာတ်ပုံတွေကိုကွန်ပျူ
တာထဲသို့ကူးပြောင်းနေသည်။
"ငါတို့သူငယ်ချင်းတွေပဲသိတယ်။ငါအမေ့က ဒီအကြောင်းကိုဘယ်ကကြားလာလဲမသိဘူး။ဒါပေမယ့်, သူက တခြားလူတွေကို လျှောက်ပြောမယ့်လူမျိုး မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ဘယ်သူကမှ အပြင်လူကို ပေးသိချင်ကြမှာမဟုတ်ဘူး......ဟုတ်တယ်မလား။"

"ဟုတ်တယ်။"
ကျန်ချန် သက်ပြင်းချလိုက်တယ်။

သက်ပြင်းချသံအဆုံးသတ်သွားချိန်တွင်၊ သူ အသိပြန်ဝင်လာပြီးသက်ပြင်းချသံကိုဖုံးဖို့ရန် လည်ချောင်းရှင်းသလိုဟန်ဆောင်လိုက်၏။

ကုဖေးကသူ့ကိုကြည့်လာပေမဲ့ စကားတော့
မပြောပေ။

ထိုအကြည့်ကြောင့်,ကျန်ချန်သူ့ကိုယ်သူတည်
ငြိမ်အောင်မထိန်းချုပ်နိုင်ချေ။အချိန်အတော်
ကြာပျောက်ကွယ်နေသောကုဖေးနှင့်သူ့ကြားမှကသိကအောက်အခြေအနေက နောက်တစ်
ဖန်ပြန်ဖြစ်လာခဲ့သည်။

သူလုပ်နိုင်သည့်အရာကလက်ထဲမှာကိုင်ထားသောခွက်နှင့်အတူမတ်တပ်ထရပ်ပြီး ၊အခန်းအတွင်းလျှောက်ပတ်ကြည့်နေခြင်းပင်။

သို့သော်, အိပ်ခန်းက အကျယ်ကြီးမဟုတ်၍ သူခြေလှမ်းသုံးလှမ်းလျှောက်ရုံဖြင့် ပြီးသွားပြီဖြစ်သည်။ထိုင်နေရာကနေထသွားတော့မှ အခြေအနေ ပိုပြီး ကိုးရိုးကားယားနိုင်လာသ
ကဲ့သို့ သူ ခံစားလိုက်ရသည်။

နောက်ဆုံးတွင်, သူ စာအုပ်စင်ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။
"ငါ ဒီစာအုပ်စင်ကိုကြည့်လို့ရလား။"

"ငါ ဘယ်လိုပြန်ဖြေရမလဲမသိတော့ဘူး။"
ကုဖေးက သူ့ကိုကြည့်လာသည်။
"ဒီနေရာမှာစာအုပ်စင်ကြီးရှိနေတာကို ဘာလို့ ကြည့်လို့မရ,ရမှာလဲ။ခွင့်တောင်းစရာလိုသေးလား။"

ကျန်ချန် ရယ်လိုက်မိသည်။
"အာ, ငါ အကျင့်ဖြစ်နေလို့ပါ။"

ကုဖေးက ပြောလာ၏။
"မင်း အရင်တုန်းက စည်းမျဥ်းစည်းကမ်းတွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်မယ်။"

"ဟုတ်တယ်။တစ်မိသားစုလုံးက စည်းကမ်း ၊ယဥ်ကျေးမှု၊ ပညာရေးမှာ အရမ်း စည်းကမ်း တင်းကြပ်တယ်။"
ကျန်ချန် စာအုပ်စင်ဘက်ကို ပြန်လှည့်လိုက်တယ်။
"ငါက နှေးကွေးတယ်။အစတည်းက ငါက သူတို့မိသားစုဝင် မဟုတ်မှန်း သိတယ်။ မိသားစုဝင်ငါးယောက်လုံးမှာ ငါကအညံ့ဆုံး။"

ကုဖေးက ဓာတ်ပုံကူးပြောင်းနေသည့်ဘား
တန်းကို ကြည့်ပြီးပြောလာ၏။
"မင်းက တော်ပြီးသားပါ။"

"ဒီမြို့မှာ ငါက တကယ်တော်တယ်လို့ထင်တယ်။ "
အစောပိုင်းကမြင်ခဲ့ရသည့်လီပေါင်ကော်တို့မိသားစုနှင့်  ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေသည့်အမျိုးသမီး၏မြင်ကွင်းကိုကျန်ချန်ပြန်မြင်ယောင်လာသည်။

ဒါပေါ့....ဤကဲ့သို့သောဘဝတွေနှင့်ရှင်သန်
နေကြသည့်ပတ်ဝန်းကျင်မှာ၊သူ့ကဲ့သို့သော
လူကို 'လူကောင်း'ဟုပြော၍ရ၏။

ကုဖေးက ပြုံး၍ လက်ဖက်ရည် တစ်ငုံငုံလိုက်သည်။
"တစ်ချို့အရာတွေက လိုက်ပြီးနှိုင်းယှဉ်စရာ
မလိုဘူး။လူတစ်ယောက်က တကယ်ကောင်းတယ် မကောင်းဘူးဆိုတာ၊မင်း အဲ့လူကို မြင်အောင်ကြည့်ဖို့ပဲ လိုတယ်။ သူ့ပတ်ဝန်းကျင်
ကလူတွေကိုလိုက်ကြည့်နေစရာ မလိုဘူး။"

"မင်း....."
ကျန်ချန် သူ့ကို အံ့သြတကြီး လှည့်ကြည့်လိုက်တယ်။
"မင်းက အခုလိုကျတော့ လက်ထဲမှာ အဖြေစာရွက်ဗလာကိုင်ထားတဲ့လူနဲ့မတူတော့ဘူး။"

"အဓိပ္ပါယ်မရှိတာ။ငါဘယ်တော့မှအဖြေစာရွက်ဗလာနဲ့သွားမထပ်ဘူး။ ငါ စာရွက်သွားမထပ်ခင်အဖြေတွေဖြည့်သေးတယ်။"

"အိုး။"
ကျန်ချန် တခစ်ခစ်ရယ်လိုက်တယ်။

ကုဖေးက ကင်မရာကိုလှမ်းယူပြီး သူ့ကို ကင်မရာမှန်ဘီလူးဖြင့်ချိန်ထား၏။

ကျန်ချန် မေးလိုက်တယ်။
"တစ်နေ့လုံးဓာတ်ပုံရိုက်လာရတာတောင်
အခုထိ စိတ်မကုန်သေးဘူးလား။"

"မင်းကြောင့်မလို့လေ။မဟုတ်ရင် အခုလိုမျိုး
မဖြစ်ဘူး။မင်းရယ်လိုက်ရင်......အရမ်းကြည့်ကောင်းတယ်။"
သူ့အဖြေကြောင့်ကျန်ချန်မျက်နှာပေါ်ရှိအပြုံးများအေးခဲသွားသလို၊သူကိုယ်တိုင်ကလည်းကင်မရာကိုကိုင်ထားပြီး သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။

သူ့ပါးစပ်မှ ပထမဆုံးထွက်လာခဲ့သည့်စကားတစ်ဝက်တစ်ပျက်မှာတင်ယင်းစကားလုံးတွေကမသင့်တော်ဘူးလို့ခံစားမိ၏။အထူးသဖြင့် လီယန်၏လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုနှင့်စပ်လျဥ်း၍ပြောပြီးနောက်၊ယခုလိုမျိုးစကားလုံးများထွက်လာခြင်းဟာပရောပရည်လုပ်သလို ဖြစ်သွားစေသည်။

ကျဥ်းထဲကျပ်ထဲအခြေအနေမှ လွတ်မြောက်အောင် နောက်အကြောင်းအရာကို ဆက်ပြော ပြီးပြီးချင်းကုဖေးနောင်တရသွား၏။သူဆက်ပြောလိုက်သောစကားလုံးကပိုပြီးဆီလျော်မှုမရှိဖြစ်သွားသည်။တစ်နည်းအားဖြင့်, အခြေ
အနေတွေကိုဆိုးရွားသွားစေခဲ့၏။

သူ့စကားသံအဆုံးသတ်သွားချိန်တွင် ကျန်ချန်နှင့် သူ တိတ်ဆိတ်သွားခဲ့သည်။

ကင်မရာကို သူ့မျက်နှာရှေ့မှာကာထားပြီး၊ဤကဲ့သို့ထူးဆန်းတဲ့အနေအထားမှလွတ်မြောက်
ဖို့ရန် သူဘာဆက်ပြောရမှန်းမသိချေ။

ရှက်ကိုးရှက်ကန်းခံစားချက်များကိုတစ်ခါမှ
မခံစားဖူးသည့် တစ်စုံတစ်ယောက် အတွက်တစ်ဖက်လူဘာတွေးနေလဲဆိုတာကိုစိတ်ထဲထားမိခြင်းမှာကြုံတောင့်ကြုံခဲဖြစ်၏။ယခု
ကဲ့သို့အကြပ်ရိုက်စရာအခြေအနေမျိုးသည်
သူ့ကို ပြောစရာစကား မဲ့သွားအောင်လုပ်နိုင်စွမ်းသည်။

ကုဖေး ကင်မရာကိုမြှောက်ထားပြီး ကျန်ချန် ၏မျက်နှာကို ကင်မရာနောက်မှ ကြည့်လိုက်တယ်။
"ဒီတစ်ခေါက်ဓာတ်ပုံရိုက်တာပြီးသွားပေမယ့်
တင်းကျူးရှင်းက နောက်လည်း မင်းကို ဓာတ်
ပုံပေးရိုက်ဖို့တောင်းဆိုလိမ့်မယ်။သူမ ပေးတဲ့စျေးကသင့်တော်တယ်လို့ ထင်ရင်၊ မင်း သူနဲ့ရေရှည်တွဲအလုပ်လုပ်သင့်တယ်။သူ့မော်ဒယ်တွေနဲ့ဆို အမြဲစိတ်တိုင်းမကျ ဖြစ်နေပေမယ့်၊
ဒီနေ့တော့ သူက မင်းနဲ့ အတူတွဲလုပ်ရတာကို အရမ်းပျော်နေတယ်။"

"အိုး....."
ကျန်ချန်ကတောင်ကြည့်လိုက်မြောက်ကြည့်လိုက်လုပ်ပြီးမှကင်မရာကိုပြန်ကြည့်လာ၏။
"ငါ မင်းကိုမေးစရာရှိတယ်.....အာ...အဲ့ဒါ......
အဲ့ဒါက......ရှင်းကျဲက မင်းရဲ့......အာ..... သူနဲ့ မင်းက ....အင်း......သူက မင်းရဲ့......"

"ကောင်မလေး?။"
ကုဖေး သူ့စကားကိုဖြတ်ပြောလိုက်တယ်။
"သူက ငါ့ကောင်မလေးမဟုတ်ဘူး။ငါ အရင်တုန်းကလည်း ပြောပြီးပြီလို့ထင်တယ်။ သူနဲ့ ငါက ငယ်သူငယ်ချင်းတွေ။ငါကသူ့ကိုအစ်မလို့ ခေါ်တယ်။"

"အိုး....."
ကျန်ချန်က အသံကျယ်ကျယ်ပြန်ဖြေလာပြီးအနေခက်သော အခြေအနေမှ လွတ်မြောက်အောင်ကြိုးစားနေသည်။

ကုဖေး သက်ပြင်းရှိုက်လိုက်တယ်။
"မင်းသိချင်တာ ဒါအကုန်ပဲလား။မင်းက
လီယန်နဲ့ငါ့အကြောင်းကိုမေးလာမယ်လို့
ထင်နေတာ။"

"ဟမ်?။"
ကျန်ချန်က ကြက်သေသေကာ သူ့ကိုကြည့်
ပြီး တအံ့တသြဖြင့်နှင့်မေးလာ၏။
"မင်းနဲ့ လီယန်က........?။"

"မဟုတ်ဘူး။"
ကုဖေး ကင်မရာကိုပြန်ချလိုက်တယ်။
"အာ.......လီယန်နဲ့ ငါက သူငယ်ချင်းတွေပဲ။ မင်းအမြင်မှာ လီယန်နဲ့ငါကအတွဲနဲ့တူနေလို့လား?။"

"မသိဘူးလေ။"
ကျန်ချန်ကစာအုပ်စင်ကိုမှီပြီး သူ မထင်မှတ်ထားသည့်အရာကို ထုတ်ပြောလာ၏။
"တကယ်တော့မတူပါဘူး။ ငါ့အမြင်မှာသူနဲ့ လျိုဖန်းက အတွဲနဲ့ ပိုတူတယ်။"

....

ကုဖေးသည် ထိုင်ခုံကိုကျောမှီ၍ထိုင်လိုက်ပြီး တခစ်ခစ်ရယ်လိုက်၏။
"တကယ်လို့ လျိုဖန်းသာ မင်းပြောတာကို ကြားရင်ရူးသွားလောက်တယ်။"

"တကယ်ပြောတာ။"
ကျန်ချန် သူ့ကိုကြည့်ပြီး ဘာစကားမှထပ်မပြောတော့ပဲ ပြုံးရုံသာပြုံးလိုက်တယ်။

"ပူရှစ်ဟောင်နျောင်" သည် လီယန်နှင့်ကုဖေးတို့နှင့်အမြဲတမ်းတတွဲတွဲဖြစ်နေ၍ သူတို့ကြားမှဆက်ဆံရေးသည်တော်တော်ကောင်းသည်။ သူတို့ကအားလပ်ချိန်တိုင်းလိုလိုအမြဲအတူတူ လျှောက်သွားကြ၏။ သံစက်ရုံထဲမှာလည်း မကြာခဏတွေ့ဖြစ်ကြပုံပေါ်သည်။

ကုဖေးစကားလုံးများမှသိမ်မွေ့သည့်အရိပ်ကိုကြားရချိန်၊ သူတို့ချင်း ပိုနီးကပ်လာသယောင် ထင်ရသော်ငြား ၊ လက်သင့်မခံနိုင်သေးသောလူတစ်ဦးရှိနေ၏။

ဟုတ်တယ်, ဖန်းကျိပြောခဲ့သမျှက အမှန်တွေ ဖြစ်လာခဲ့၏။

သနားအကြင်နာပိုမှုနှင့်စိတ်သဘောထားကြီးမှုဆိုသည်မှာမတူညီသောကမ္ဘာနှစ်ခုမှာ တည်
ရှိနေသည်။

အမှန်တရားတိုင်းက အလွန်ခါးသီးလှ၏။

ဒါဆို ကုဖေးက.....

ကျန်ချန် စာအုပ်စင်၏မှန်တံခါးကိုမှီပြီးတော့ ခေါင်းမော့၍ကင်မရာ တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ကုဖေးကိုကြည့်လိုက်တယ်။

သူလည်း တခြားသဘောထားတွေကိုရှင်းရှင်း
လင်းလင်း မြင်နေရတယ်မလား.....

ဒါပေမယ့်, သူကထိုကိစ္စကိုစက်ဆုပ်ရွံရှာခြင်းမရှိပဲလက်ခံပေးနိုင်တယ်ပေါ့........

ဒါမှမဟုတ်,သူ မသိသေးသည့်နောက်ထပ် အကြောင်းအရာတွေကုဖေးဆီမှာရှိနေတာလား.......

ကုဖေး၏မျက်နှာကိုအနမ်းပေးခဲ့သောနေ့တွင် ကုဖေးက သူ့ကို ဆိုးဆိုးရွားရွားတုံ့ပြန်တာမျိုး
မရှိဘူး။အကယ်၍သူ့နေရာမှာဖန်းကျိဆိုလျှင် အလွန်အံ့သြသွားပေလိမ့်မည်။ပြီးလျှင်သူ့ကို ထိုကိစ္စနှင့်ပတ်သက်ပြီးအမြဲလှောင်ပြောင်နေလောက်ပြီ။

ကုဖေးသည်ဝတ်ရုံလက်ပြတ်မဟုတ်လျှင်ပင်တစ်ယောက်နှင့်တစ်ယောက် အရမ်းမရင်းနှီးသေးသည့်လူနှစ်ကြားမှာအရက်အမူးလွန်ပြီး ပုံမှန်မဟုတ်သောလုပ်ရပ်ဖြစ်ခဲ့တာကိုတောင်
သူ့အမူအယာက တုန်လှုပ်သွားတာမျိုး မရှိပဲ
အေးအေးဆေးဆေး ရှိနေခဲ့သည် မဟုတ်ပါလား.......

ဤအကြောင်းကို သူ ယခုမှစဥ်းစားမိသည်။
၎င်းကိစ္စတွေဖြစ်ပြီး  နောက်ရက်တွင်လည်း
ကုဖေး၏အမူအယာသည် ပုံမှန်အတိုင်းပင်။

အရမ်းကိုမှ ပုံမှန်ဆန်လွန်း၏။

ကျန်ချန် လက်ထဲမှလီမွန်တီးဖျော်ရည် ကို တစ်ငုံမော့သောက်လိုက်တယ်။

ကုဖေးက ရွှယ်ကျားဆိုလျှင်တောင် စမတ်ကျပြီး ကြည့်ကောင်းသည့် ရွှယ်ကျား ဖြစ်နေဆဲ။

[TN,ရွှယ်ကျား ; စာညံ့သောကျောင်းသား]

အရာရာတိုင်းကအချိန်ကုန်လွန်သွားခဲ့ပြီဖြစ်သော်ငြား၊ ထိုကိစ္စနှင့်ပတ်သတ်ပြီးဟာကွက် များကို ကျန်ချန် သဘောပေါက်လာသည်။ 

ကုဖေးက အရာအားလုံးကို နားလည်ပြီးသား ဖြစ်လောက်၏။ ကုဖေး၏ နောက်ဆုံးစကားအသွားအလာကသူ့ကိုဘာတုန့်ပြန်ရမှန်းမသိ အောင်လုပ်နိုင်သည်။ထို့ကြောင့် သူက သက်
တောင့်သက်တောင်မဖြစ်နိုင်၍သူတို့ကြားကစကားဝိုင်းအဆက်ပြတ်သွားခဲ့တာဖြစ်သည်။

...

ဓာတ်ပုံအားလုံးကွန်ပျူတာထဲသို့ကူးပြောင်းပြီးနောက်၊ကုဖေးသည်  ဖိုင်တစ်ခုလုပ်လိုက်
၏။ဖိုင်တွဲကိုရက်စွဲတပ်ပြီး ဓာတ်ပုံကိုစတင် တည်းဖြတ်နေခဲ့သည်။

ကွန်ပျူတာဖန်သားပြင်ပေါ်ရှိညွှန်မြှားလေးက ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ပြောင်းပေးနေလျှက်ရှိသည်။ဓာတ်ပုံများကို အစဥ်လိုက် မစီ
ထားမိ၍ ၊ ဓာတ်ပုံထဲမှ သူ့အကြိုက်ဆုံးပုံတွေကို ပြန်ရွေးထုတ်နေရခြင်းဖြစ်၏။

ကျန်ချန်၏လက်ချောင်းကအင်္ကျီကော်လံကိုကိုင်ထားသည့်ဓာတ်ပုံပေါ်မှာကွန်ပျူတာ ဖန်သားပြင်ပေါ်က ညွှန်မြှားလေးက ကလစ်ခနဲ အသံမြည်လာသည်။

ဓာတ်ပုံပွင့်ကျလာသည့်အခါ ကုဖေးထိုင်ခုံကို ကျောမှီပြီးထိုင်လိုက်တယ်။သူဓာတ်ပုံများကို နှိုင်းယှဉ်သည့်အခါ ၊ ဒီဓာတ်ပုံတစ်ခုတည်းသူ့မျက်လုံးထဲမှာထင်းလင်းနေ၏။

ထိုင်ခုံလက်တန်းကိုတံတောင်ဆစ်ဖြင့်အားပြုထောက်ထားရင်း သူ့လက်ချောင်းတွေကို နဖူးစပ်မှာထောက်၍ ကုဖေး ခပ်တိုးတိုး လေချွန် လိုက်တယ်။

ထိုအချိန်တွင် ကျန်ချန်ကရုတ်တရက်ကြီးမေးခွန်းမေးလာ၏။
"မင်းကလည်း....?။ "

ပုံမှန်အတိုင်းဆိုလျှင် သူကအလိုအလျောက်
"မင်းပါးစပ်ပိတ်ထား။"လို့ပြောမိလိုက်မှာလို့ကုဖေး တွေးလိုက်၏။ ဒါပေမဲ့ ကျန်ချန် မေးချင်နေသည့်မေးခွန်းရဲ့အဓိပ္ပာယ်ကိုနားလည်
နေသည့်အခါ၊သူ ကျန်ချန်ကို ခေါင်းလှည့်ပြီးမကြည့်ဝံ့ပေ။

သူ ဓာတ်ပုံကိုအာရုံစူးစိုက်၍ကာလာအရောင်တွေပြန်ချိန်ညှိနေရင်း ဂရုမစိုက်ဟန်ဖြင့်မေးလိုက်တယ်။
"ဟင်? ,ငါက ......ဘာဖြစ်လဲ။"

ကျန်ချန်က တဲ့တိုးမေးလာ၏။
"မင်းက ဂေးလား။"

အမှန်အတိုင်းပြောလျှင်ကျန်ချန်ကဲ့သို့အရှက်သည်းသောသူဆီမှ ဒီလိုမေးခွန်းမျိုးကိုတဲ့တိုးမေးလာလိမ့်မည်လို့ ကုဖေး မထင်ထားခဲ့ဘူး။
သူ့အသံတွင်သိချင်စိတ်ကိုဖုံးကွယ်ထားသည့် အရိပ်အမြွတ်ပင်ရှိမနေချေ။

ကုဖေး သူ့ကိုလှည့်ကြည့်လိုက်တယ်။
"ဒါဆို ,မင်းကလည်း.....။"

"ငါ ဟုတ်,မဟုတ်ဆိုတာ မင်း သိနေပြီးသားမဟုတ်လား။"
ကျန်ချန်က သူ့ကိုသေချာကြည့်လာ၏။
"ငါ အခု မင်းကို မေးနေတာ။"

ဤမေးခွန်းကို ဘယ်လိုပြန်ဖြေသင့်မှန်း သူ
မသိဘူး။

ကျန်ချန်ကဂေးဂေး,မဂေးဂေး သူတစ်ခါမှထိုကိစ္စကိုအသေးစိတ်မတွေးမိခဲ့ချေ။

၎င်းကသူ့အပေါ် မှာအကျိုးသက်ရောက်မှုရှိ
,မရှိဆိုတာလည်း သူ မတွေးခဲ့ဘူး။

သူ့မှာအခြားအတွေးရှိလာခဲ့လျှင်တောင်
သူက မြိုသိပ်ထားလိမ့်မည်။

ကျန်ချန်က ဘာလို့သိချင်နေရတာလဲ.....

ဘာပဲဖြစ်ဖြစ်, သူ ဒီမေးခွန်းကို ပြန်ဖြေရမှာကြောက်တယ်။

တကယ်ဆို,လူနှစ်ယောက်ကြားမှာ တစ်ဦး၏
အကြောင်းတစ်ဦးသေချာမသိခြင်းက သူတို့ ဆက်ဆံရေးကို ပိုချောမွေ့စေတယ်မလား.....

အနည်းဆုံးတော့ မသိချင်ယောင်ဟန်ဆောင်လို့ရတယ်လေ။

ဒါပေမယ့်,ယခုလိုပွင့်လင်းစွာမေးခြင်းသည်လူကို ထိတ်ထိတ်ပျာပျာ ခံစားချက်မျိုး ဖြစ်
စေ၏။

...

နောက်ဆုံးတော့, ထိုသူကလည်း သူ့လိုလူမျိုးဖြစ်နေခဲ့၏။ဤကိစ္စနှင့်ပတ်သက်ပြီးကျန်ချန် တစ်ခုခုမျှော်လင့်မထားခဲ့ချေ။ ဒါပေမယ့်,သူမျှော်လင့်ထားသည့်အတိုင်း သူ့အကြည့်၊ သူ့စကားလုံးမှတစ်ဆင့် သူအဓိပ္ပါယ်ကောက်နိုင်
သည်။

"စိတ်ထဲမထားပါနဲ့.။"
ကျန်ချန် ခွက်ကိုယူပြီးဆိုဖာပေါ်မှာထိုင်လိုက်တယ်။သူ စိတ်သက်သာရာရစွာသက်ပြင်းချ လိုက်ပြီး။
"မင်းဘာမှမပြောရင်တောင် ငါ သိပါတယ်။"

ကုဖေးက သူ့ကိုကြည့်လာသည်။

ကျန်ချန် သူ့ကိုခေါင်းစောင်းပြီးပြန်ကြည့်လိုက်တယ်။
"တာ့ဖေး...,ငါ့မှာဘာရည်ရွယ်ချက်မှမရှိဘူး။ငါပြောချင်တာ,မင်းသိနေတယ်ဆိုရင်တောင်ငါ့အတွက်လျှို့ဝှက်ထားပေးပါ။ငါ့အကြောင်းတခြားသူတွေကိုပေးမသိချင်ဘူး။"

"အင်း။"
ကုဖေးကခေါင်းညိတ်လာ၏။တစ်ချိန်တည်းမှာ၊ကျန်ချန်ကသူ့ကို'ကုဖေး'လို့မခေါ်ကြောင်းတွေးနေခဲ့သည်။

ကျန်ချန် လီမွန်တီးကိုမော့သောက်လိုက်၏။
"မင်းလည်း မင်းအကြောင်းကို တခြားသူတွေ သိမှာ မလိုချင်ဘူးမလား။"

ကုဖေးက ရယ်လာသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။"

"ဟုတ်တယ်။"
ကျန်ချန်လည်း သူနှင့်အတူတူ လိုက်ရယ်ပြီး ခေါင်းညိတ်လိုက်တယ်။

ကုဖေးက သူ့ကို ကြည့်လာ၏။
"ငါ ဒီကိစ္စကို လျှို့ဝှက်ပေးထားမှာပါ။"

....

ကျန်းမာရေး ဂရုစိုက်ပါ💕

繼續閱讀

You'll Also Like

40.5K 3.8K 11
BL အရမ်းသ၀န်တိုတတ်တဲ့ ချစ်စရာbottomလေးနဲ့ စိတ်ရှည် သည်းခံတတ်တဲ့top Fuck Off Unless You're The One (非诚互扰) မူရင်းစာရေးဆရာ - Tan Suan (碳酸) English ဘာသာ...
3.9M 266K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
741K 115K 81
I Just Crave For Your Pheromones || Burmese Translation ||Genre :Comedy,Fantasy,Omegaverse,Yaoi Total - 74 + 3 Extras CP : Mu HanFeng & Tong Che 04.0...
1.6M 143K 45
Straight စစ်​စစ်​လို့ခံယူထားရာက​နေ သူငယ်​ချင်း​ကောင်းမှု​ကြောင့်​ Fundanshi ဖြစ်​ရာက ~ ​ကောင်​​လေး တစ်​​ယောက်​ကို မြင်​မြင်​ချင်း သ​ဘောကျမိသွား​သော...