《Zawgyi》
အပိုင္း - ၁၈၁
[ဘယ္သူ႔ကို ျဖားေယာင္းဖို႔ ႀကိဳးစားေနတာလဲ - ၃]
ခ်င္းစုယြဲ႕က ေနကာတဲ့ အေပၚထပ္အရွည္ႀကီးဝတ္ကာ ဖြင့္ဟမထားေပမယ့္လည္း ကိုယ့္မိန္းမကို ေပၚတင္ႀကီးလာရွိဳးတာကိုေတာ့ ဘယ္ေယာက္်ားမဆို သိပ္ၾကည္ၾကမွာမဟုတ္ဘူးေလ။
ခ်န္းစီႏ်န္က သူမရဲ႕ေပ်ာ့အိေနတဲ့ တင္သားေလးေတြကိုရိုက္ကာ ဆူေလ၏။
"ျမန္ျမန္ထေတာ့ ... ကိုယ္တုိ႔ဟိုတယ္ကိုျပန္ၿပီး အဝတ္အစားလဲရမယ္ ... ဒီလိုအဝတ္ေတြနဲ႔ ဘယ္သူ႔ကို ျဖားေယာင္းဖို႔ ႀကိဳးစားေနတာလဲ?!"
.... ဒီအက်ႌကိုေရြးေပးတာ ဒင္းပဲေလ!
ခ်င္းစုယြဲ႕က သူ႔ကိုၾကည့္ကာ စကားေျပာခ်င္စိတ္ ကုန္သြားေတာ့သည္။ သူ႔ေနာက္ကေန လို္က္လာရင္းမွ မေက်မနပ္နဲ႔ပြစိစိေျပာေနမိသည္။
"သဝန္ကိုတိုႏိုင္လြန္းတယ္"
ေရွ႕မွာေလၽွာက္ေနတဲ့ ခ်န္းစီႏ်န္က ရပ္သြားကာ ေနာက္ျပန္လွည့္ၾကည့္လာသည္။
"ဘာေျပာလိုက္တာပါလိမ့္?"
ခ်င္းစုယြဲ႕က သူ႔ကို ခ်ိဳခ်ိဳသာသာေလး ျပံဳးျပလိုက္၏။
"ဘာမွမဟုတ္ပါဘူး!"
ႏွစ္ေယာက္သား ဟိုတယ္ျပန္ေရာက္ၿပီး ေရခ်ိဳး .. ေန႔လည္စာစားၿပီးေတာ့ ဘာမွလုပ္စရာမရွိေပ။ အဲဒါေၾကာင့္ ခ်င္းစုယြဲ႕က ေစာနကလူ ေျပာသြားတဲ့ကိစၥကို ေတြးမိသြားသည္။
"ကၽြန္မတို႔ အဲဒီမဂၤလာပြဲကို ဘာလို႔သြားမၾကည့္ရမွာလဲ?"
"ဒီနားတဝိုက္ကလူေတြနဲ႔ ဒီလိုေနရာမ်ိဳးက မဂၤလာေဆာင္က သူေျပာသလို ဘယ္လိုႀကီးက်ယ္ႏိုင္မွာလဲ?"
ခ်င္းစုယြဲ႕က ခဏေလာက္ဆြံ႕အသြားေပမယ့္ ျပန္ေခ်ပ၏။
"ရွင္ကေတာ့ မဟုတ္တရုတ္ေျပာေတာ့မယ္"
ခ်န္းစီႏ်န္က သူမကိုၾကည့္လိုက္သည္။ သူက ဆက္မျငင္းခုန္ႏိုင္တာေတာ့ မဟုတ္ေပမယ့္ သူမကို မဂၤလာပြဲသို႔ လိုက္ပို႔ေပးေလသည္။
မဂၤလာပြဲရဲ႕ အဓိကအမည္က "ပန္းေပါင္းတစ္ရာ"ဟူ၍ ျဖစ္ကာ ခန္းမထဲက အျပင္အဆင္ကလည္း အရမ္းရိုမန္႔တစ္ ျဖစ္လြန္းေလသည္။
သတို႔သားနဲ႔သတို႔သမီးက နည္းနည္းေလး ပိုၾကည့္ေကာင္းေနရင္ မ်က္စိပသာဒျဖစ္မႈကို အဲ့ေလာက္ထိ ထိခိုက္ေစမွာမဟုတ္ဘူးလို႔ ခ်င္းစုယြဲ႕က ခံစားရေလသည္။
ထိုအတြဲက ခ်ိဳၿမိန္တဲ့ အခ်စ္အရသာေလးေတြကို အတူတကြ အၾကာႀကီးခံစားခဲ့ၾကကာ လက္ထပ္ျဖစ္ခဲ့ၾကသည္ဟု သိလိုက္ရေတာ့ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္အား ၾကည္ႏူးစြာေျပာလိုက္သည္။
"သူတို႔ႏွစ္ေယာက္က လြန္ခဲ့တဲ့ႏွစ္က ဘလိုင္းဒိတ္ကေနေတြ႕ၿပီးေတာ့ လက္ထပ္ခဲ့ၾကတာတဲ့ ... သူတို႔ၾကားမွာ ဘယ္လိုေတာင္ ေျပာစရာစကားေတြ မ်ားခဲ့မွာပါလိမ့္?"
ခ်န္းစီႏ်န္က သေဘာတူ၏။
"အင္း ... သူတို႔က ကိုယ့္ေလာက္ သနားစရာမေကာင္းၾကပါဘူး"
စင္ေပၚက မဂၤလာစံုတြဲကို တိတ္တဆိတ္ ေငးၾကည့္ေနသူ ခ်င္းစုယြဲ႕ "..."
အခုခ်ိန္မွာ တိတ္တိတ္ေလးေနတာ အေကာင္းဆံုးဆိုတာ သူမရဲ႕မသိစိတ္ကေန အလိုလိုသိေနေလ၏။
မဂၤလာပြဲတိုင္းရဲ႕ စိတ္ဝင္စားစရာအေကာင္းဆံုး အထြတ္အထိပ္အခ်ိန္ကေတာ့ သတို႔သမီးရဲ႕ ပန္းစည္းပစ္ေပးခ်ိန္ပဲ ျဖစ္ေလသည္။
မည္သူ႔ရဲ႕မဂၤလာပြဲကိုမွ မတက္ေရာက္ခဲ့ဖူးသူ ခ်င္းစုယြဲ႕မွာ ဝင္ေပ်ာ္ခ်င္ေပမယ့္ လူအုပ္ထဲကေန ခ်န္းစီႏ်န္ထံမွ ဂုတ္ကေနဆြဲေခၚလာတာ ခံရေလေတာ့သည္။
ခ်န္းစီႏ်န္ ဆြဲထားတာေၾကာင့္ သူမက ဝင္မေပ်ာ္ႏိုင္ေတာ့ေပ။
"ရွင္ ဘာလုပ္တာလဲ!"
"ခ်န္းကေတာ္က လက္ထပ္ၿပီးသားဆိုတာ ကိုယ္ ျပန္သတိေပးဖို႔မ်ားလိုလား?"
ခ်င္းစုယြဲ႕က ႏႈတ္ခမ္းဆူလာသည္။
"ကၽြန္မက ပန္းစည္းဝင္မဖမ္းပါဘူး ... ဒီတိုင္းေလး ေဘးကေနၾကည့္ရံုတင္ပါ"
ခ်န္းစီႏ်န္က ဟန္ေဆာင္အျပံဳးႀကီး ျပံဳးလိုက္ေလ၏။
"ခ်န္းကေတာ္က ပန္းကိုဒီေလာက္ႀကိဳက္ေနတာ ေနာက္ထပ္ မဂၤလာထပ္ေဆာင္ခ်င္လို႔လား?"
ခ်င္းစုယြဲ႕က တမင္တကာပင္ သူ႔ကို စလိုက္ေလ၏။
"ေကာင္းၿပီေလ ... ကၽြန္မသာ မဂၤလာထပ္ေဆာင္ရရင္ သတို႔သားကိုလဲပစ္ေတာ့မယ္"
ခ်န္းစီႏ်န္က အံႀကိတ္ကာ လိုက္ဖမ္းေပမယ့္ ခ်င္းစုယြဲ႕က လ်င္လ်င္ျမန္ျမန္ပဲ ေရွာင္ရွားလိုက္ေလ၏။
"ဥကၠဌခ်န္း ... တျခားေနရာေလးေတြ သြားၾကည့္ရေအာင္ေလ!"
ခ်န္းစီႏ်န္က သူမကိုၾကည့္ေနကာ ေနာက္ဆံုးမွာေတာ့ မတတ္သာေတာ့ပဲ ရယ္ေမာမိေလေတာ့သည္။
ခ်င္းစုယြဲ႕က ဤေနရာတစ္ဝိုက္အား ေလၽွာက္ပတ္ၾကည့္ေနရင္းမွ ေရွးက်တဲ့ ဆိုင္တစ္ဆိုင္ကိုေတြ႕ေတာ့ ရပ္သြားသည္။ ဒီနားက အေဆာက္အဦေတြအားလံုးထဲမွာ ထိုဆိုင္ကေတာ့ ေတာ္ေတာ္ေလး ကြဲျပားေခ်၏။
ခ်င္းစုယြဲ႕က ဆိုင္အမည္ကိုၾကည့္ကာ သတိလက္လြတ္ျဖင့္ ပါးစပ္မွအသံထြက္ၿပီး ဖတ္မိသြားသည္။
"ကံၾကမၼာကိုဖတ္ရႈသည္"
သူမက ကမ္းေျခမွာ ဟိုလူေျပာသြားတာကို သတိရမိသြားကာ ခ်န္းစီႏ်န္ဘက္လွည့္၍ စပ္ျဖဲျဖဲလုပ္ျပသည္။
"ဒီမွာ ဒီလိုေနရာမွာရွိမယ္ မထင္ထားမိဘူး"
ခ်န္းစီႏ်န္က နာမည္ကိုေတြ႕ေတာ့ ေျပာသေလာက္လဲ ေကာင္းမွာမဟုတ္ဘူးလို႔ ခံစားမိသည္။ ဒါေၾကာင့္ ခ်င္းစုယြဲ႕ဘက္သို႔လွည့္ကာ ဒါေတြအားလံုးက အလိမ္အညာေတြဟု ေျပာမလို႔ျပင္လိုက္စဥ္မွာပင္ ေနာက္ေက်ာ၌ဘုႀကီးနဲ႔ အဘိုးအိုတစ္ဦးက အတြင္းမွထြက္လာသည္ကို သူ ေတြ႕လိုက္ရသည္။
အဘိုးအိုရဲ႕မ်က္ႏွာ အစိတ္အပို္င္းေတြက ေလ်ာ့တြဲေနေပမယ့္ မ်က္လံုးေတြကေတာ့ ပယင္းေရာင္လက္ေနကာ လူတစ္ေယာက္ကို စူးရွစြာ ၾကည့္ႏိုင္ေနဆဲပင္။
ခ်င္းစုယြဲ႕ကသူ႔ကိုၾကည့္ကာ ဘာမွေတာင္ မေျပာလိုက္ရေသးခင္မွာပဲ အဘိုးအိုရဲ႕အသံကို ၾကာလိုက္ရေလသည္။
"လူႀကီးမင္းတို႔ ... ဘာလို႔အထဲဝင္ၿပီး ကံၾကမၼာကို မၾကည့္ၾကေသးတာလဲ?"
********
ဘာဘီတို႔ေရ ေကာေကာက သူ႔ဇနီးကို ပန္းစည္းပစ္တာကိုမၾကည့္ခိုင္းပဲ ဘာလို႔အတင္းဆြဲေခၚလာတာလဲဆိုရင္ မေတာ္တဆမ်ား သု႔ဇနီးသာပန္းစည္းရသြားရင္ ေနာက္ထပ္မဂၤလာေဆာင္မွာ တကယ္ႀကီး ေၾကာက္တာလို႔ထင္တာပဲ အိုင္ေတာ့😆😆
ဒီအပို္င္းေလးျပန္ရင္း ဘာလို႔လဲမသိဘူး ၾကည္ႏူးၿပီး ၿပီးသြားမွာေတာင္ ႏွေမ်ာသလိုလို ဝမ္းနည္းသလိုလိုနဲ႔
အဲ.. ၿပီးဖို႔က ေတာ္ေတာ္လိုပါေသးတယ္ သပ္သပ္ဒရမ္မာဝင္ခင္းတာပါ အိုင္က😂
20.9.2020
***********
《Unicode》
အပိုင်း - ၁၈၁
[ဘယ်သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလဲ - ၃]
ချင်းစုယွဲ့က နေကာတဲ့ အပေါ်ထပ်အရှည်ကြီးဝတ်ကာ ဖွင့်ဟမထားပေမယ့်လည်း ကိုယ့်မိန်းမကို ပေါ်တင်ကြီးလာရှိုးတာကိုတော့ ဘယ်ယောက်ျားမဆို သိပ်ကြည်ကြမှာမဟုတ်ဘူးလေ။
ချန်းစီနျန်က သူမရဲ့ပျော့အိနေတဲ့ တင်သားလေးတွေကိုရိုက်ကာ ဆူလေ၏။
"မြန်မြန်ထတော့ ... ကိုယ်တို့ဟိုတယ်ကိုပြန်ပြီး အဝတ်အစားလဲရမယ် ... ဒီလိုအဝတ်တွေနဲ့ ဘယ်သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလဲ?!"
.... ဒီအင်္ကျီကိုရွေးပေးတာ ဒင်းပဲလေ!
ချင်းစုယွဲ့က သူ့ကိုကြည့်ကာ စကားပြောချင်စိတ် ကုန်သွားတော့သည်။ သူ့နောက်ကနေ လိုက်လာရင်းမှ မကျေမနပ်နဲ့ပွစိစိပြောနေမိသည်။
"သဝန်ကိုတိုနိုင်လွန်းတယ်"
ရှေ့မှာလျှောက်နေတဲ့ ချန်းစီနျန်က ရပ်သွားကာ နောက်ပြန်လှည့်ကြည့်လာသည်။
"ဘာပြောလိုက်တာပါလိမ့်?"
ချင်းစုယွဲ့က သူ့ကို ချိုချိုသာသာလေး ပြုံးပြလိုက်၏။
"ဘာမှမဟုတ်ပါဘူး!"
နှစ်ယောက်သား ဟိုတယ်ပြန်ရောက်ပြီး ရေချိုး .. နေ့လည်စာစားပြီးတော့ ဘာမှလုပ်စရာမရှိပေ။ အဲဒါကြောင့် ချင်းစုယွဲ့က စောနကလူ ပြောသွားတဲ့ကိစ္စကို တွေးမိသွားသည်။
"ကျွန်မတို့ အဲဒီမင်္ဂလာပွဲကို ဘာလို့သွားမကြည့်ရမှာလဲ?"
"ဒီနားတဝိုက်ကလူတွေနဲ့ ဒီလိုနေရာမျိုးက မင်္ဂလာဆောင်က သူပြောသလို ဘယ်လိုကြီးကျယ်နိုင်မှာလဲ?"
ချင်းစုယွဲ့က ခဏလောက်ဆွံ့အသွားပေမယ့် ပြန်ချေပ၏။
"ရှင်ကတော့ မဟုတ်တရုတ်ပြောတော့မယ်"
ချန်းစီနျန်က သူမကိုကြည့်လိုက်သည်။ သူက ဆက်မငြင်းခုန်နိုင်တာတော့ မဟုတ်ပေမယ့် သူမကို မင်္ဂလာပွဲသို့ လိုက်ပို့ပေးလေသည်။
မင်္ဂလာပွဲရဲ့ အဓိကအမည်က "ပန်းပေါင်းတစ်ရာ"ဟူ၍ ဖြစ်ကာ ခန်းမထဲက အပြင်အဆင်ကလည်း အရမ်းရိုမန့်တစ် ဖြစ်လွန်းလေသည်။
သတို့သားနဲ့သတို့သမီးက နည်းနည်းလေး ပိုကြည့်ကောင်းနေရင် မျက်စိပသာဒဖြစ်မှုကို အဲ့လောက်ထိ ထိခိုက်စေမှာမဟုတ်ဘူးလို့ ချင်းစုယွဲ့က ခံစားရလေသည်။
ထိုအတွဲက ချိုမြိန်တဲ့ အချစ်အရသာလေးတွေကို အတူတကွ အကြာကြီးခံစားခဲ့ကြကာ လက်ထပ်ဖြစ်ခဲ့ကြသည်ဟု သိလိုက်ရတော့ ချင်းစုယွဲ့က ချန်းစီနျန်အား ကြည်နူးစွာပြောလိုက်သည်။
"သူတို့နှစ်ယောက်က လွန်ခဲ့တဲ့နှစ်က ဘလိုင်းဒိတ်ကနေတွေ့ပြီးတော့ လက်ထပ်ခဲ့ကြတာတဲ့ ... သူတို့ကြားမှာ ဘယ်လိုတောင် ပြောစရာစကားတွေ များခဲ့မှာပါလိမ့်?"
ချန်းစီနျန်က သဘောတူ၏။
"အင်း ... သူတို့က ကိုယ့်လောက် သနားစရာမကောင်းကြပါဘူး"
စင်ပေါ်က မင်္ဂလာစုံတွဲကို တိတ်တဆိတ် ငေးကြည့်နေသူ ချင်းစုယွဲ့ "..."
အခုချိန်မှာ တိတ်တိတ်လေးနေတာ အကောင်းဆုံးဆိုတာ သူမရဲ့မသိစိတ်ကနေ အလိုလိုသိနေလေ၏။
မင်္ဂလာပွဲတိုင်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အထွတ်အထိပ်အချိန်ကတော့ သတို့သမီးရဲ့ ပန်းစည်းပစ်ပေးချိန်ပဲ ဖြစ်လေသည်။
မည်သူ့ရဲ့မင်္ဂလာပွဲကိုမှ မတက်ရောက်ခဲ့ဖူးသူ ချင်းစုယွဲ့မှာ ဝင်ပျော်ချင်ပေမယ့် လူအုပ်ထဲကနေ ချန်းစီနျန်ထံမှ ဂုတ်ကနေဆွဲခေါ်လာတာ ခံရလေတော့သည်။
ချန်းစီနျန် ဆွဲထားတာကြောင့် သူမက ဝင်မပျော်နိုင်တော့ပေ။
"ရှင် ဘာလုပ်တာလဲ!"
"ချန်းကတော်က လက်ထပ်ပြီးသားဆိုတာ ကိုယ် ပြန်သတိပေးဖို့များလိုလား?"
ချင်းစုယွဲ့က နှုတ်ခမ်းဆူလာသည်။
"ကျွန်မက ပန်းစည်းဝင်မဖမ်းပါဘူး ... ဒီတိုင်းလေး ဘေးကနေကြည့်ရုံတင်ပါ"
ချန်းစီနျန်က ဟန်ဆောင်အပြုံးကြီး ပြုံးလိုက်လေ၏။
"ချန်းကတော်က ပန်းကိုဒီလောက်ကြိုက်နေတာ နောက်ထပ် မင်္ဂလာထပ်ဆောင်ချင်လို့လား?"
ချင်းစုယွဲ့က တမင်တကာပင် သူ့ကို စလိုက်လေ၏။
"ကောင်းပြီလေ ... ကျွန်မသာ မင်္ဂလာထပ်ဆောင်ရရင် သတို့သားကိုလဲပစ်တော့မယ်"
ချန်းစီနျန်က အံကြိတ်ကာ လိုက်ဖမ်းပေမယ့် ချင်းစုယွဲ့က လျင်လျင်မြန်မြန်ပဲ ရှောင်ရှားလိုက်လေ၏။
"ဥက္ကဌချန်း ... တခြားနေရာလေးတွေ သွားကြည့်ရအောင်လေ!"
ချန်းစီနျန်က သူမကိုကြည့်နေကာ နောက်ဆုံးမှာတော့ မတတ်သာတော့ပဲ ရယ်မောမိလေတော့သည်။
ချင်းစုယွဲ့က ဤနေရာတစ်ဝိုက်အား လျှောက်ပတ်ကြည့်နေရင်းမှ ရှေးကျတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့တော့ ရပ်သွားသည်။ ဒီနားက အဆောက်အဦတွေအားလုံးထဲမှာ ထိုဆိုင်ကတော့ တော်တော်လေး ကွဲပြားချေ၏။
ချင်းစုယွဲ့က ဆိုင်အမည်ကိုကြည့်ကာ သတိလက်လွတ်ဖြင့် ပါးစပ်မှအသံထွက်ပြီး ဖတ်မိသွားသည်။
"ကံကြမ္မာကိုဖတ်ရှုသည်"
သူမက ကမ်းခြေမှာ ဟိုလူပြောသွားတာကို သတိရမိသွားကာ ချန်းစီနျန်ဘက်လှည့်၍ စပ်ဖြဲဖြဲလုပ်ပြသည်။
"ဒီမှာ ဒီလိုနေရာမှာရှိမယ် မထင်ထားမိဘူး"
ချန်းစီနျန်က နာမည်ကိုတွေ့တော့ ပြောသလောက်လဲ ကောင်းမှာမဟုတ်ဘူးလို့ ခံစားမိသည်။ ဒါကြောင့် ချင်းစုယွဲ့ဘက်သို့လှည့်ကာ ဒါတွေအားလုံးက အလိမ်အညာတွေဟု ပြောမလို့ပြင်လိုက်စဉ်မှာပင် နောက်ကျော၌ဘုကြီးနဲ့ အဘိုးအိုတစ်ဦးက အတွင်းမှထွက်လာသည်ကို သူ တွေ့လိုက်ရသည်။
အဘိုးအိုရဲ့မျက်နှာ အစိတ်အပိုင်းတွေက လျော့တွဲနေပေမယ့် မျက်လုံးတွေကတော့ ပယင်းရောင်လက်နေကာ လူတစ်ယောက်ကို စူးရှစွာ ကြည့်နိုင်နေဆဲပင်။
ချင်းစုယွဲ့ကသူ့ကိုကြည့်ကာ ဘာမှတောင် မပြောလိုက်ရသေးခင်မှာပဲ အဘိုးအိုရဲ့အသံကို ကြာလိုက်ရလေသည်။
"လူကြီးမင်းတို့ ... ဘာလို့အထဲဝင်ပြီး ကံကြမ္မာကို မကြည့်ကြသေးတာလဲ?"
********
ဘာဘီတို့ရေ ကောကောက သူ့ဇနီးကို ပန်းစည်းပစ်တာကိုမကြည့်ခိုင်းပဲ ဘာလို့အတင်းဆွဲခေါ်လာတာလဲဆိုရင် မတော်တဆများ သူ့ဇနီးသာပန်းစည်းရသွားရင် နောက်ထပ်မင်္ဂလာဆောင်မှာ တကယ်ကြီး ကြောက်တာလို့ထင်တာပဲ အိုင်တော့😆😆
ဒီအပိုင်းလေးပြန်ရင်း ဘာလို့လဲမသိဘူး ကြည်နူးပြီး ပြီးသွားမှာတောင် နှမျောသလိုလို ဝမ်းနည်းသလိုလိုနဲ့
အဲ.. ပြီးဖို့က တော်တော်လိုပါသေးတယ် သပ်သပ်ဒရမ်မာဝင်ခင်းတာပါ အိုင်က😂
20.9.2020
****************