The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 1

9.7K 523 47
By Astronv_61

Unicode

မျက်စိရှေ့ နံရံကပ်စင်ပေါ်တွင် အရောင်အသွေးစုံလင်သော ဝိုင်ပုလင်းမျိုးစုံ ပြသထားပါသော်ငြား သူ၏မျက်စိရှေ့ချထားသည်က စက္ကူပတ်ထားသည့် နို့အေးတစ်ဗူးသာ။

ဘားတစ်ခုဟု ဆိုသော်ငြား Djသံ ခပ်မြူးမြူးတို့နှင့် ဆူညံနေသည်မဟုတ်ဘဲ ဆိုင်တစ်ဆိုင်လုံးတွင် တေးဂီတသံ ငြိမ့်ငြမ့်လေးသာ ဖွင့်ထားပြီး စကားပြောသံ တစ်ချို့ကိုသာ ကြားနေရသည်မို့ အဆင်ပြေသည်။ ရုတ်တရက် chanyeol ၏ ဘေးတွင် ဝင်ထိုင်လိုက်သော လူတစ်ယောက် ၊ ဖြူစွတ်နေသော အသားအရေနှင့် နွေဦးသဖွယ် နွေးထွေးသော အပြုံးတစ်စနှင့် လူငယ်တစ်ယောက်။ chanyeol စကား စလိုက်သည်။

"ဘာပြောမလို့ ခေါ်တာလဲ.."

မေးလိုက်သည့် ခပ်ဩဩအသံအား လိုက်မှီစွာပင် ထိုလူငယ်သည်လည်း ဩရှရှအသံဖြင့် ပြန်​တုန့်ပြန်၏။

"ငါတစ်ခု အကူအညီတောင်းစရာလေးရှိလို့"

အကူအညီဟု ခေါင်းစဥ်တပ်သော်ငြား ဒါဟာအမိန့်တစ်ခုမှန်း chanyeol နားလည်သည်။ ကုတ်အင်္ကျီအတွင်းအိတ်ကပ်မှ နှိုက်ထုတ်ကာ chanyeol ရှေ့ချပေးလာသော ဓာတ်ပုံတစ်ပုံ။ သေချာမယူကြည့်မိဘဲ အဝေးမှအကဲခတ်ကြည့်မိသလောက်တော့ ကောင်လေးတစ်ယောက်ပုံ။

"ဒီကောင်လေးကို စောင့်ရှောက်ပေးထားနိုင်မလား"

Chanyeol ထိုပုံကို တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်သည်။

"ဘယ်အချိန်ထိလဲ.."

"ဖြစ်နိုင်ရင် မင်းရဲ့အချိန်တွေအကုန်လုံးကို သူ့ဘေးနားမှာဘဲ ဖြုန်းနေစေချင်တယ် ၊ ငါ့ဘက်ကပြန်မခေါ်မချင်းအချိန်ထိ"

chanyeol အလိုမကျစွာပင် sehun ဘက် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်မိလိုက်သည်။

"၂၄ နာရီလုံးလား ?"

sehun သည် အားနာပြုံးတစ်ချက်ပြံးပြ၏။

"အရိပ်လို လိုက်ကပ်နေပေးရင် ပိုအဆင်ပြေမယ်၊ အဓိကကတော့ အဲ့ကောင်လေး အန္တရာယ်ထဲ မကျရောက်ဖို့ဘဲ၊ တစ်ခုခုဖြစ်တာနဲ့ သူ့ကိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးစေချင်တယ်"

အသက်နဲ့တောင်ရင်းရမယ်တဲ့လား...

ရုပ်လေးနှင့်မှမလိုက် အားနာမှုမရှိ ထွက်ကျလာသော sehun စကားသံကြောင့် စက္ကန့်အချို့ကြာ အေးခဲသည်အထိ မင်သက်မိသွားသည်။

"မင်းရဲ့ မိတ်ဖက်လား?"

မမေးလျှင်ပင် သေချာနေသည့် ကိစ္စကို chanyeol ထုတ်မေးလိုက်သည်။

"ငါအခုတလော စိတ်အာရုံထဲ အခြေအနေမကောင်းသလို ခံစားနေရလို့၊ အယုံကြည်ရဆုံးဆိုလို့လည်း မင်းဘဲရှိတာမို့.. အားကိုးပါတယ် chanyeol ရာ"

အကူအညီတောင်းသည့် လေသံနှင့်ပြောနေခြင်းပေမယ့် ဒါအကူအညီတောင်းနေခြင်းမဟုတ်။ chanyeol ခေါင်းတစ်ချက်သာငြိမ့်ပြရင်း ထိုဓာတ်ပုံကို ကြည့်ပင်မကြည့် အင်္ကျီအိတ်ကပ်ထဲ ထည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အသက်နှင့်ရင်းရမည်ဟူသည့် စကားကို မစဥ်းစားချင်သည်မို့ ခေါင်းထဲကထုတ်ထားလိုက်သည်။

"ငါ့ရဲ့အလေလိုက်နေတဲ့ အချိန်တွေကို ဒီမှာအကျိုးရှိရှိ အသုံးချလိုက်တာဘဲ !"

sehun ရယ်ရုံသာ တုန့်ပြန်၏။ chanyeol လက်ကျန်နို့အေးဗူးအား မော့သောက်ပြီးသည်နှင့် ထရပ်လိုက်သည်။ sehun ကိုကြည့်တော့ bar counter က ဖြူဖြူဖွေးဖွေး barman တစ်ယောက်ကိုငေးနေသည်မှာ သူ့ကိုပင် အာရုံမရှိ။ chanyeol ခေါင်းတစ်ချက်ခါကာ ဂရုမစိုက်ဘဲ ထွက်လာခဲ့လိုက်တော့သည်။

အသက်နဲ့တောင်ရင်းပြီး စောင့်ရှောက်ရမည်တဲ့လား။
ဘယ်လောက်တောင် ထူးခြားနေမလဲ စိတ်တော့ဝင်စားမိသား။

_____________

မှန်အကြည်ရောင်များဖြင့် ကာထားသော ဆိုင်အတွင်းတွင် လူပေါင်းများစွာ ရှုပ်ယှက်ခက်နေပြီး စကားသံ​များက ဆိုင်ကဖွင့်ထားသည့် သီချင်းသံထက်ပင် ပိုကျယ်လောင်နေသည်။ နဖူးပေါ်မှ ချွေးတို့တတောက်တောက် စီးကျနေသော်ငြား မသုတ်အား။

"Caramel Machiato တစ်ခွက်"

ကောင်တာရှေ့မှနေကာ လက်ညှိုးတထိုးထိုးဖြင့် ပြောနေသည့် အမျိုးသမီးထံ အာရုံမစိုက်နိုင်။ ထိုအမျိုးသမီးပြောလိုက်သည့် ကော်ဖီအမျိုးအစားကို ရွေးရန် tablet ပေါ် ခပ်မြန်မြန်လှုပ်ရှားရသည်။

"ပြီး..တော့... Frappuccino တစ်ခွက် ! cream များများလေး!"

ခေါင်းသာညိတ်ပြလိုက်သော်ငြား cream များသည်မများသည်က လုပ်ပေးသည့်သူပေါ်သာ မူတည်သည်မို့ အထူးတလည် အာရုံစိုက်မပေးနိုင်။

"ဒါဘဲလားဗျ"

တန်းစီနေသော လူများကြောင့် စိတ်ကအလျင်လိုနေသော်ငြား တော်တော်ကြာသည်အထိ စဥ်းစားနေသော အမျိုးသမီးကို သည်းခံစောင့်ပေးရသည်။ ဖြေးဖြေးချင်းခေါင်းညိတ်ကာ ခုံတွင်သွားထိုင်သည်မို့ တခြားနောက်တစ်ယောက်ကို အမြန်နှုတ်ဆက်ကာ ခပ်သွက်သွက်လုပ်ရပြန်သည်။ နာရီမကြည့်အားသော်ငြား အပြင်ဘက်ရှိ ​ကောင်းကင်အရောင်အရ ညနေစောင်းနေပြီ။ ကော်ဖီဆိုင်အတွက် အချိန်ပိုင်းအလုပ်သည် ပိတ်ရက်တစ်ရက်ကလွဲ နေ့တိုင်း ညနေစောင်းလောက်ကနေ ညဘက်ထိ။ နေ့တိုင်းမို့ တောက်လျောက်ပျက်နေသည့် အတန်း roll call များကို ဂယောင်ဆူးက နည်းမျိုးစုံနှင့် ဖြည့်ပေးသည်မို့ ထိုတစ်ချက်တော့ စိတ်မပူရ။

၉နာရီကျော်နေပြီဖြစ်သည်။ ဆိုင်မသိမ်းသေး။ အနည်းငယ်ကျန်နေသေးသော လူအနည်းစု​ကြောင့် အလိုက်တသိဆက်လုပ်ပေးနေသော်ငြား ဆိုင်၏ထောင့်တစ်နေရာတွင် လက်တော့ပ်တစ်လုံးဖြင့် ခြေချိတ်ထိုင်နေသော သူဌေးက baekhyun ကို တမင် မသိချင်ယောင်ဆောင်နေသည်လား၊ မေ့နေသည်ဘဲလားမသေချာ။ သက်ပြင်းအသာချကာ မိမိမျက်စိရှေ့က ဧည့်သည်ကို အပြုံးတစ်ပွင့်ဖြင့်သာ ဆက်ဆံရင်း သွက်သွက်လက်လက် ဆက်လုပ်နေလိုက်သည်။

သူဌေးကငယ်သေးသည်ဟု တစွန်းတစကြားမိသော်ငြား အသက်တိတိကျကျမသိရ။ စီးပွားအရ ဆိုင်ဖွင့်ထားခြင်း အဟုတ်သော်ငြား သူ့ရုပ်ရည်ကြောင့် ဆိုင်တွင်အမြဲလူစည်သည်။ ခန္တာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ထိုလူကအပြင်ပန်းကြည့်လျှင်တော့ ချောပါသည်။

ဆိုင်သိမ်းချိန်ကျော်နေသော်ငြား အလုပ်လုပ်နေရသည်က baekhyun တစ်ယောက်တည်းမဟုတ်။ အနောက်တွင် အကုန်ပြင်ဆင် ပါဆယ်ထုပ်ပေးသည့် လူတစ်ယောက်ရှိသော်ငြား ထိုလူသည်ကားဤဆိုင်တွင် ညအိပ်ညစားနေသည့်သူမို့ နောက်ကျလည်းပြဿနာမရှိ။ baekhyun အတွက်တော့ ပြဿနာရှိသည်။ တောက်လျောက် အတွေးပွားနေမိလျှင် လက်ချော်နှိပ်မည် စိုးသည့်အတွက် အတွေးအကုန်ဖြတ်ချလိုက်ရသည်။

နောက်ဆုံးတစ်ယောက်ပြီးသည်နှင့် baekhyun မျက်နှာ အပြုံးပန်းဝေသွားသည်။

"ကျွန်တော် ပြန်လိုက်ပါဦးမယ် !"

အရိပ်အကဲမကြည့်နိုင်တော့။ ခပ်သွက်သွက်ပင် ဝတ်ထားသော ဆိုင်ဝန်ထမ်းအင်္ကျီလဲရန် အနောက်ဘက်ထဲ ဝင်လာလိုက်သည်။ အခန်းကျယ်ကြီးဖြစ်ပြီး တစ်ယောက်ကို locker တစ်ခုဆီပေးထားသောကြောင့် စိတ်ချရသည်။ မိမိ password နံပါတ်အတိုင်း လှည့်ဖွင့်လိုက်ပြီးသည်နှင့် အထဲတွင် မှောက်လျက်ထားထားသော ဖုန်းကိုအရင်ယူစစ်လိုက်သည်။ အက်ကွဲကြောင်းရာတချို့ ထပ်နေသော ဖုန်းစခရင်ပေါ်တွင် မက်ဆေ့တွေရောက်နေသည်မှာ နည်းနည်းနောနောမဟုတ်။ အကုန်လုံးနီးပါးသည်လည်း ဂယောင်ဆူးထံမှသာဖြစ်သည်။ ကြေမွနေသော သားရေပတ်ကြိုးအမည်းလေးနှင့် နာရီကိုငုံ့ကြည့်မိတော့ ၉နာရီခွဲနေပြီမို့ သက်ပြင်းချလိုက်သည်။ ထုံးစံအတိုင်း ဒီညလည်းနောက်ကျဦးမည်။ ဖုန်းကိုပြန်ထည့်ကာ အင်္ကျီချွတ်ရန် လည်ပင်းစေ့တပ်ထားသော ကြယ်သီးကို အရင်ဖြုတ်လိုက်သည်။

ရုတ်တရက် အချိန်ကိုက်ပင် ဝင်ချလာသော လူတစ်ယောက်ကြောင့် baekhyun လန့်သွားသော်ငြား သေချာကြည့်မိမှ သူဌေးဖြစ်နေသည်မို့ ဘာမျှမပြောမိ။ တံခါးမခေါက်၍ စိတ်ကွက်မိသော်ငြား ယောကျ်ားလေးအချင်းချင်းလေ ဟူသောငြင်းမရသည့် အသိကြောင့် သက်ပြင်းသာကြိတ်ချမိသည်။

"တော်တော်တောင် နောက်ကျနေပြီဘဲ..၊ အင်းး.. ဆောရီး ကိုယ်ရုံးကပို့ထားတဲ့ စာရင်းစစ်နေတာ ဘတ်ခ်ဟျွန်းနီးဘက် မကြည့်မိလိုက်ဘူး"

နားထင်နားခပ်ဖွဖွကုတ်ကာ ပြောလာသော စကားကြောင့် baekhyun ခပ်ဖွဖွပြုံးပြရင်းသာ ခေါင်းခါပြလိုက်သည်။ အင်္ကျီဆက်ချွတ်ဖို့ ပြင်နေသော်ငြား ထွက်မသွားသေးသည့် လူကြောင့် လက်ကတန့်နေ၏။

"ရလား၊ အင်္ကျီက တစ်ခုခုကျပ်နေလို့လား၊ ကူပေးရမလား.."

အပြောနှင့်အတူ အနားကပ်လာသည့် လူကြောင့် ခပ်မြန်မြန်ပင် ခေါင်းခါပြလိုက်ရသည်။ ရုတ်တရက် baekhyun ၏ အလန့်တကြားအမူအရာကြောင့် ထိုလူက ခဏတာကြောင်အပြီးတော့မှ ခပ်ဟဟရယ်၏။

"ဘခ်ဟျွန်းနီးရယ်၊ ယောကျ်ားလေးအချင်းချင်းတွေဘဲ ဘာတွေအဲ့လောက်ကြောက်နေရတာလဲ.."

"ကျွန်တော် နောက်ကျနေပြီမို့လို့.."

သူ့အတိုင်းသာ ရယ်နှောသံရောရင်း ပြောလိုက်သော်ငြား လေသံက အလောတကြီးနိုင်သွားသည်မို့ ပလုံးပထွေးဖြင့်။ ခေါင်းငုံ့ချကာ ခပ်မြန်မြန်ထွက်သွားရန် အင်္ကျီကိုခပ်သွက်သွက် ချွတ်ချလိုက်ရသည်။ ထိုလူ့ဘက်ကအကြည့်တို့ကို မော့မကြည့်ဘဲနှင့်ပင် ခံစားမိသော်ငြား ​ဤကိစ္စမျိုးက ထုတ်ပြောလိုက်ပြန်လည်း မိမိကသာ အပိုတွေလုပ်သယောင် ဖြစ်မည်ပင်။

"ဘခ်ဟျွန်းနီးက အခုမှ ပထမနှစ်နော် ?"

ဘေးက locker ကို တစ်ခြမ်းစောင်းမှီကာ လက်ပိုက်ရင်း ဆိုလာသည့်လူကို စကားသံတစ်ချက်မထွက် ခေါင်းညိတ်ပြလိုက်သည်။ ဝန်ထမ်းအင်္ကျီက အသစ်မို့ထင်၊ ကြယ်သီးတွေ ဖြုတ်ရခက်နေသည်။ အလုံးစုံကျွတ်ကျသွားသည့် အင်္ကျီဖြူစွတ်စွတ်အား ပြန်မခေါက်တော့။ ပလုံးပထွေးဖြင့် locker ထဲ ထိုးထည့်ကာ အိမ်ကဝတ်လာသည့် တီရှပ်ကိုသာစွပ်ချလိုက်သည်။ ရုတ်တရက် ကျပ်နေသော တီရှပ်က မျက်နှာနားတည့်တည့်တွင်မို့ အသက်ရှူကျပ်သည်က တစ်ပိုင်း၊ မိမိဘေးကရပ်ကြည့်နေသည့်လူကြောင့် စိတ်ကျဥ်းကျပ်သည်က တစ်ပိုင်းမို့ ခပ်မြန်မြန်ဆွဲချမိတော့ ရှေ့က locker နဲ့ နဖူးတိုက်မိ၏။

ဒုန်း ဟူသော အသံကျယ်ကြီးနောက် baekhyun အသံစူးစူးက ထွက်လာသည်။

"အား !"

နာကျင်မှုကြောင့် ထွက်လိုက်မိသော အသံကိုပြန်ဆွဲထည့်၍မရတော့။ ဘေးကလူကြောင့် စိတ်မချသည်မို့ ခန္တာကိုယ်ကလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းနေသော်ငြား ကပျက်ကချော် ဖြစ်နေသည်။ baekhyun အသံကြောင့် ဘေးကလူထံမှ ခပ်ဖွဖွ ရယ်သံကြားလိုက်ရသည်။ မျက်နှာက တီရှပ်ကြားထဲတွင်မို့ မမြင်ရ။ အနားကပ်လာသည့် ခြေသံကိုကြားရပြီး အပေါ်ကနေအင်္ကျီကို ဆွဲချပေးလာသည်မို့ လန့်သွားသော်ငြား မငြင်းရဲ။

"ကလေးကျနေတာဘဲ"

အပြောနှင့်အတူ ဆံသားနုနုပေါ်ခပ်ဖွဖွ ကျရောက်လာသော လက်ဖဝါးတစ်ဖက်။

"ကျေး.. ကျေးဇူးပါဗျ !"

ပြီးသည်နှင့် ခေါင်းပေါ်ရှိ လက်ကဖယ်မသွားသည်မို့ မသိမသာ ခေါင်းငုံ့ရှောင်ကာ ဖုန်းကိုယူလိုက်သည်။ ထိုးကြိတ်ထည့်ထားသော လွယ်အိတ်ကိုဆွဲထုတ်လွယ်ကာ တစ်ဖက်တွင်လွယ်ပြီးသည်နှင့် ခပ်သွက်သွက် နှုတ်ဆတ်လိုက်သည်။

"ကျွန်တော်ပြန်လိုက်ပါဦးမယ်"

ဘေးကခေါင်းငုံ့ဖြတ်လျှောက်သွားပြီးမှ ရုတ်တရက် အဆွဲခံလိုက်ရသော လက်မောင်းတစ်နေရာကြောင့် အောင့်မြတ်သွားသော်ငြား အသံမထွက်စေရန် အံကြိတ်မိလိုက်သည်။

"အပြင်မှာအရမ်းနောက်ကျနေပြီ၊ ကိုယ်လိုက်ပို့ဖို့လိုသေးလား.."

baekhyun အသက်ရှူမြန်လာပေမယ့် မသိသာစေရန် တည်ငြိမ်နေအောင် ထိန်းရင်းပြုံးပြလိုက်သည်။

"ရပါတယ်ဗျ၊ ကျွန်တော့်ဘာသာဘဲ ပြန်လိုက်ပါ့မယ်"

တစ်ဖက်လူ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်မနေတော့။ လက်ကိုအနည်းငယ် အားထည့်ရုန်းထွက်ပြီးသည်နှင့် ခပ်သွက်သွက် ပြေးထွက်လာလိုက်သည်။ အပြင်ဘက်ရောက်တော့မှ အသက်ရှူချောင်သွားကာ လျှောကျနေသည့်လွယ်အိတ်ကို ပုခုံးပေါ်တစ်ချက်ပင့်တင်ရင်း ထွက်လာလိုက်သည်။ မှတ်တိုင်ကိုရောက်ဖို့က ၅မိနစ်လောက်လမ်းလျှောက်ရသည်။ ကားလာမည့်အချိန်ကို မှတ်တိုင်တွင် ဖော်ပြထားပါသော်ငြား ညဘက်မို့ ကားစောင့်ရသည်က ပုံမှန်ထက်ကြာသည်။ နာရီကိုတစ်ချက် ငုံ့ကြည့်မိတော့ ၁၀ နာရီထိုးခါနီးနေပြီ။

မှတ်တိုင်ရှေ့ လူရှင်းနေသော ခုံတန်းတွင် ဝင်ထိုင်ကာ ဖုန်းထုတ်စစ်နေလိုက်သည်။ ဂယောင်ဆူးပို့ထားသည်များက ဓာတ်ပုံအများစုသာ။ ထို့နောက် note တစ်ချို့။ သာမန်နေ့များထက် နည်းသည်မို့ စိတ်အေးသက်ပြင်းချလိုက်ရသည်။ စာမေးပွဲကလည်း နီးနေပြီ။ စာလုပ်ချိန်များက နည်းသထက်နည်းလာပြီး ကျောင်းတွင်အချိန်ပြည့်မရှိ၍ စာများနားမလည်သော်ငြား ဂိုက်ပြန်လုပ်နေသည့် ဂယောင်ဆူးက အားသည့်အချိန်များတွင် ရှင်းပြပေးသည်။ ကျေးဇူးစကားပြောရုံမှလွဲ၍ baekhyun တွင် အခြား ကျေးဇူးဆပ်စရာလည်းမရှိ။ တစ်ဖက်က ဘာမှမလိုဟု အမြဲငြင်းလွှတ်နေမြဲဖြစ်ပေမယ့် ကိုယ်ကအားနာသည်မို့ မတောင်းဆိုဘဲ အလိုက်တသိနေဖြစ်သော်ငြား ယခုလည်း စာတွေပို့ထားသေးသည်မို့ ကျေးဇူးတင်စွာပင် ဖုန်းဆက်ရန်ပြင်လိုက်သည်။ လက်ကခပ်သွက်သွက် လှုပ်ရှားနေရင်းမှ noti bar က အချိန်ကြောင့် တန့်သွားသည်။ ဂယောင်ဆူး၏ စောစောအိပ်တတ်သည့် အကျင့်ကြောင့် မဆက်တော့သည်က ကောင်းမည်ထင်၏။ ကျေးဇူးစကားဆိုသည့် စာလေးတစ်ကြောင်း၊ နှစ်ကြောင်းလောက်သာ ပို့ထားလိုက်ပြီး ဖုန်းကိုအိတ်ထဲ ပြန်ထည့်လိုက်သည်။

ထိုစဥ်တွင်ပင် မျက်စိရှေ့ တန်းတန်းမတ်မတ်ရောက်လာသည့် ဘက်စ်ကားကြောင့် ဖုန်းပိတ်ကာ ခပ်သွက်သွက် ပြေးတက်သွားလိုက်သည်။ ညတော်တော် နောက်ကျနေပြီဖြစ်သည့်အတွက် လူချောင်သည်မို့ နောက်ဆုံးခုံကိုမှ ရွေးကာဝင်ထိုင်လိုက်ပြီး ဖုန်းထဲက note တွေ ပြန်ဖွင့်မိပြန်သည်။ ပုံမှန် ဘက်စ်ကားပေါ်တွင် စာမကြည့်တတ်သော်ငြား လူရှင်းပြီးတိတ်ဆိတ်နေသည့် အချိန်မို့လည်း အာရုံစိုက်၍ရခြင်းဖြစ်သည်။ တစ်ချက်တစ်ချက် မှတ်တိုင်ကျော်သွားမည်စိုး၍ အပြင်ဘက်ကို လှမ်းလှမ်းကြည့်ရသေးသည်။

အိမ်သည် အလုပ်နေရာနှင့် သိပ်မဝေးသော်ငြား အရမ်းလည်းမနီး။ သေချာဆိုရလျှင်တော့ ဘက်စ်ကားစီးချိန် ၄၅ မိနစ်လောက်ကြာသည်။ ကားကျပ်လျှင်တော့ တစ်နာရီလောက်ကြာတတ်သော်ငြား ညဘက်တွေ ကားရှင်းသည့်အချိန်များဆို နာရီဝက်လောက်နှင့်ပင် ရောက်တတ်သည်မို့။

ဘယ်လောက်မှဖင်ပူအောင်ပင် မထိုင်လိုက်ရ။ မိမိမှတ်တိုင်ရောက်သည်ကိုပင် မသိလိုက်သည်မို့ လွယ်အိတ်ကြီးကို့ရို့ကားယားဖြင့် အပြေးတစ်ပိုင်းဆင်းရသည်။

ရပ်ကွက်ထဲလမ်းတစ်လျှောက် အဝင်ဝနားတွင် စတိုးဆိုင်တစ်ချို့ကြောင့် လင်းထိန်နေသော်ငြား လမ်းတစ်လျှောက်ဝင်လာသည်နှင့် ပိုပိုနက်မှောင်လာ၏။ ဆင်ခြေဖုံးရပ်ကွက် ပီသစွာပင် လမ်းကျဥ်းကျဥ်းလေးများကိုမှ အကွေ့အကောက်ပေါင်းများစွာဖြင့် အတက်အဆင်းလုပ်ရသည်က ၁၅ မိနစ်စာလောက် ကြာသည်။ နေ့တိုင်းသွားလာနေကြမို့ မောရန်ပန်းရန် ထူးထူးခြားခြားအာရုံထဲမရှိ။ လက်တစ်ဖက်တည်းနှင့်ပင် စာအုပ်အထူကြီးအား ဖွင့်ကြည့်ရင်း လျှောက်လာဖြစ်သည်။ လမ်းအချိုးအကွေ့နားလေးတွင်ပင် အနည်းငယ် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသော မီးရောင်အောက် ရပ်နေသောလူတစ်ယောက်စ နှစ်ယောက်စကို မျက်လုံးထောင့်မှ တွေ့လိုက်မိသော်ငြား မမြင်ချင်ယောင်ဆောင်ရင်း ခပ်မြန်မြန်ဖြတ်ကျော်မိသည်။ အမြဲတွေ့ရတတ်သည်က မီးမှိန်မှိန်အောက် သိသိသာသာထင်ရှားနေသော အခိုးအငွေ့တို့နှင့် ပုလင်းမျိုးစုံကြောင့် ထိုလမ်းကဘယ်တော့မှမသွား။ ကွေ့ပတ်သွားနေသောကြောင့် အချိန်ပိုကြာခြင်းဖြစ်သော်ငြား ထိုသို့လူမျိုးတွေကို baekhyun ကြောက်သည်မို့ တိုက်ရိုက်ဖြတ်မလျှောက်ရဲပါ။

ငှားနေသည့် တိုက်ခန်းက လမ်းထောင့်စွန်းနားတွင် တည်ရှိပြီး မြေညီထပ်ရှိ အဖွား၏ ပင်မင်းဆိုင်လေးမှ မီးရောင်ခပ်ဖျော့ဖျော့ လင်းနေသည်ကို တွေ့လိုက်ရသည်။ လမ်းတစ်လျှောက် မောမောပန်းပန်းနှင့်လျှောက်ခဲ့ရသမျှ ပင်ပန်းကြီးစွာ သက်ငွေ့ချလိုက်ရသည်။

"ဒီနေ့ နောက်ကျလာချည်လား"

ပြတင်းပေါက်သေးသေးလေးကနေ လှမ်းပြောသော အဖွားက ဖြူဖွေးစွတ်နေသော ဆံပင်များကို ကောက်ထားသည်လား နဂိုကောက်လားမသိ ဂုပ်ထိသာရှိပေမယ့် အုံထူစွာလိမ်တွန့်နေသည်။ အကြည့်က baekhyun ထံဦးတည်သည်မို့ လှေကားဘက်လှမ်းနေသော ခြေလှမ်းတို့ရပ်ကာ ပြုံးပြလိုက်သည်။

"ဟုတ် ! ဒီနေ့ဆိုင်မှာလူစည်နေတာမို့လို့ နောက်ကျသွားတာဗျ"

အပြုံးတစ်ပွင့်နှင့် ခွန်းတုန့်ပြန်သော baekhyun စကားကြောင့် အဖွားကသက်ပြင်းခပ်သာသာချသည်။ လက်ထဲမှ ခပ်ချေချေ persian ကြောင် အဖြူကြီးတစ်ကောင်ကို သားသမီးအရင်းအချာလို ပွတ်သပ်နေသည်ကို မပြတ်လပ်စေဘဲ ပြောလာသည်။

"စာမေးပွဲတွေ နီးလာပြီလေ၊ စာမလုပ်ဘူးလား မင်း"

"ဖွားအိမ်လခ လျှော့ပေးလေ၊ အဲ့ဒါဆိုကျွန်တော် အေးဆေးစာလုပ်ဖို့ အချိန်ရတာပေါ့"

သွားတစ်ချက်ဖြဲကာ ဆိုတော့ မျက်စောင်းဝင့်ကြည့်သည်။ ကြောက်စရာကြီးပင်။ အဖွားကမှ ကြောက်ဖို့ကောင်းသည်မဟုတ် လက်ထဲကကြောင်၏ အကြည့်ကလည်း ​ကြောက်ဖို့ကောင်းသည်။

"တော်စမ်းပါ၊ ဒီလလည်းနောက်ကျလို့ဖြစ်တယ်၊ သွား သွား တက်တော့ ညနက်နေပြီ"

ဒီလနောက်ကျလည်း ဖြစ်သည်ကို ကြားလိုက်ရသည်နှင့် baekhyun မျက်နှာသိသိသာသာပင် ပိုရွှင်သွား၏။ ကျေးဇူးတင်ပါတယ်ဗျ ဟူသော စကားကိုတိတ်ဆိတ်နေသော လမ်းအတွင်း ခပ်ကျယ်ကျယ်ဖွင့်ဆိုမိတော့ ဂရုမစိုက်သည့်အလား ကြောင်ကိုချီပြီး အထဲဝင်သွားသည်။

ခပ်သွက်သွက်ပင် သံကြေးတက်နေသော စတီးလှေကားလက်ရန်းလေး ကိုင်ရင်း အပေါ်တက်လာလိုက်သည်။ ဤတိုက်ကိုစစပြောင်းကာစတွင် လှေကားအတက်အဆင်းသည် baekhyun အတွက် အခက်အခဲဆုံးပင်။ လူတစ်ကိုယ်စာတည်းသာ ရှိသည့်အပြင် မက်စောက်နေသော လှေကားထစ်များကြောင့် ကြောက်လန့်မိသော်ငြား ခုနောက်ပိုင်းဆို မျက်လုံးမှိတ်ပြီးတောင် အသာလေးအတက်အဆင်း လုပ်နိုင်နေပြီ။ အပေါ်ဆုံးခေါင်မိုးထပ်ရောက်သည်နှင့် ကွပ်ပျစ်ပေါ် စာအုပ်တွေလွယ်အိတ်တွေ အကုန်ပုံချကာ မနက်မှလှန်းထားခဲ့သော အဝတ်တို့ရုတ်ရသည်။ အဝတ်နည်းနည်းလေးအား မနိုင်မနင်းသယ်ရင်း ပန်းအိုးအောက် သိမ်းထားခဲ့သော ရိုးရိုးရှင်းရှင်း သော့လေးတစ်ချောင်းကို ဆွဲထုတ်ကာ အခန်းထဲဝင်လိုက်သည်။ မှောင်မဲနေသောကြောင့် အခန်းဝရှိ မီးခလုတ်ကိုချက်ချင်းဖွင့်လိုက်တော့ တစ်ခန်းလုံးလင်းထိန်သွားပြီး တစ်နေရာတွင် အရိပ်သယောင် မည်းနက်စွာတည်ရှိနေသော သဏ္ဍန်ကြောင့် baekhyun လန့်သွားသည်။

ကြောင်တစ်ကောင်အား မြင်လိုက်ရခြင်းကို လက်ထဲကအဝတ်တို့ ပြုတ်ကျသည်အထိ မလန့်သင့်သော်ငြား မျက်ဝန်းနှင့်တည့်ဆုံနေသော စိမ်းဖန့်ဖန့်အကြည့်တို့က baekhyun ပြန်လာမည့်အချိန်ကို စောင့်နေသယောင်မို့။ ချောင်းတစ်ချက်ဟန့်ကာ အဝတ်တွေကို ပြန်ကောက်ရင်း ဖိနပ်ပြီးစလွယ်ချွတ်ကာ အထဲဝင်လာလိုက်သည်။ baekhyun ၏ စာလုပ်စားပွဲခုံသေးသေးလေးပေါ် ထိုင်နေသည်မှာ သေသေသပ်သပ် ဖြောင့်ဖြောင့်မတ်မတ်။ ကြောင်ဆိုသည်ကား နဂိုတည်းက အသန့်ကြိုက်ကာ သပ်သပ်ရပ်ရပ်နေတတ်သည့် အမျိုးပေမို့ သိပ်တော့မထူးဆန်းပါ။ baekhyun အပြုအမူတစ်ခုချင်းဆီအား သေချာလိုက်ကြည့်နေသော ထိုကြောင်ကထူးဆန်းနေသော်ငြား baekhyun ခေါင်းထဲတကူးတက ထည့်မနေဘဲ လက်ထဲက အဝတ်တစ်ခုဆွဲထုတ်ကာ ခါထုတ်လိုက်သည်။

"သွား သွား ! ရှူး !"

ပြောင်လတ်နေသည့် အမွှေးတို့ကို လက်နှင့်လည်းမထိကိုင်ရက်ခြင်းကြောင့် ခြောက်လှန့်ကာ နှင်ထုတ်တော့ စူးစူးရဲရဲစိုက်ကြည့်သည်။

အောင်မာ!!
သူများစာအုပ်ပေါ် ဖင်ခုထိုင်ထားတဲ့ကောင်ကများ ရာရာစစ !!

"ငါစာလုပ်ရဦးမယ်..! အဲ့ကဖယ် !!"

ချက်ချင်းရှေ့တည့်တည့် ထိုင်ချလိုက်၍လား၊ ဟောက်လိုက်၍လား မသဲကွဲစွာပင် ခြေလှမ်းတို့ဖော့ခုန်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ကိုထွက်သွား၏။ ရွေ့လျားမှုကြောင့် လှုပ်ခတ်သွားသော လည်ပင်းမှ ပြောင်လတ်လတ်အရာတစ်ခုကိုလည်း တွေ့လိုက်ရသေးသည်မို့ လမ်းဘေးကြောင်မဟုတ်မှန်း သိလိုက်သည်။ ထွက်သွားသည့် ပြတင်းပေါက်ကို ကြည့်မိမှ baekhyun ခေါင်းခြောက်ရပြန်သည်။ သေချာပေါက် ကျောင်းမသွားခင်ကတည်းက အပေါက်အကုန်ပိတ်ထားခဲ့သည်ပင်။ ထိုကြောင် ခုန်ဆင်းသွားရာနောက် လိုက်ငုံ့ကြည့်မိတော့ ရေညှိတက်နေသော ခေါင်မိုးများမှလွဲ၍ ကြောင်တမြီးတစ်ကောင်မှ မတွေ့တော့။ အနက်ရောင်ကိုမှ သပ်ရပ်စိုတောက်နေသည့်အပြင် လည်ပတ်နှင့်ပေမို့ ပြုစုပေးမည့် ပိုင်ရှင်ရှိမည်က သေချာသည်။

များများစားစား တွေးမနေတော့ အဝတ်ပုံကြီးကို ဘေးကိုတွန်းပို့ကာ စာအုပ်အရင်ထုတ်ရသည်။ ဖုန်းကိုတစ်လှည့် စာအုပ်တစ်လှည့်ကြည့်သောကြောင့် ဖုန်းမီးအလင်းရောင်က မျက်နှာကိုဟပ်နေသည်။ သိသိသာသာ ငိုက်မြည်းလာသော်ငြား အိပ်ဖို့ခေါင်းချရန်မစဥ်းစားမိ။ နောက်ဆုံးသတ်မှတ်ထားသည့် နေရာရောက်တော့မှသာ အပျင်းကြောဆန့်ရင်း နာရီကြည့်လိုက်မိတော့ ထုံးစံအတိုင်း ၁၂နာရီ။

ဤသည်ကိုတောင် တစ်ဝက်နီးပါးကျန်နေသေးသောကြောင့် စိတ်ထဲ လေးပင်သွားသော်ငြား အိပ်ချင်စိတ်​ကြောင့် ခေါင်းထဲဘာစာမှသွင်းလို့မရတော့သည်က ပိုဆိုးသည်မို့ အိပ်ရာပြင်ရန်သာ တွေးမိသည်။ ဗီရိုသေးသေးလေးထဲ ခွေခေါက်ထည့်ထားသော ဂွမ်းအိပ်ရာခင်းနှင့် စောင်တို့ကို ဆွဲထုတ်ကာ ခင်းရသည်။ သပ်သပ်ရပ်ရပ်ရှိဖို့ကို ဦးစားမပေး။ တစ်ယောက်စာလှဲလို့ရရုံနှင့် baekhyun ခေါင်းမှောက်ချလိုက်တော့သည်။ ဆောင်းတွင်းဘက်ကြီး အပူငွေ့စက်ပင်မရှိ အေးစိမ့်နေသောအခန်းထဲ ဂွမ်းစောင်လေးကသာ baekhyun နွေးထွေးရာ။ မျက်လုံးမှိတ်ပြီး စက္ကန့်မည်မျှလောက်ပင် မရေတွက်လိုက်ရ။ တစ်နေ့လုံးပင်ပန်းလာမှုကြောင့် တန်းအိပ်ပျော်၏။

ရာသီဥတုအေးသည်မို့ ပြတင်းပေါက်ပိတ်ဖို့ကို baekhyun မမေ့ခဲ့ပါ။ သို့ပေမယ့် ထိုပြတင်းပေါက်က မည်သူ့လက်ချက်မှန်း မသိစွာပင် နှစ်ချပ်လုံး ပွင့်ဟသွား၏။ အခန်းမီးပိတ်ထားသော်ငြား လင်းထိန်နေသော လရောင်အောက် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲဝင်လာသည့် တစ်စုံတစ်ရာက နံရံပေါ် အရိပ်ထင်ဟပ်သည်။ ထိုအရိပ်သည် ပစ္စည်းများကို ကောက်ကိုင်ကြည့်ရင်း တစ်ခန်းလုံးကိုထိတွေ့ကိုင်တွယ်နေသည်။

"ဒီလိုစုတ်ပြတ်နေတဲ့အခန်းနဲ့၊ ဒီလိုကောင်အတွက် ငါကဒီလိုနိမ့်ကျတဲ့ တိရစ္ဆာန်အဖြစ်ပါ...."

ဆက်ထွက်မလာတော့သည့် လေသံသည် အထက်စီးဆန်သည်။

baekhyun အိပ်နေရာဘက် လှည့်လာသည်မို့ နံရံပေါ် လင်းလတ်သွားသော လည်ပင်းကဆွဲကြိုးက လရောင်အောက် ပြောင်လတ်နေသည်။ ဒီညသည် လပြည့်ည။ မိမိအခန်းထဲ သူစိမ်းဝင်နေသည်ကိုပင် မသိရလောက်အောင် baekhyun သည်ကား အိမ်မက်ထဲ ပျော်မွေ့နေဆဲ။ လေတွေလည်း အဆက်မပြတ် တိုးဝှေ့တိုက်ခတ်နေဆဲ။ စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံကလည်း baekhyun ပေါ် အသံတိတ်စိုက်ကြည့်နေဆဲ...။

____•°•°•°•°•

တစ်ပုဒ်တင်ခါနီးတိုင်း အမြဲလွန်ဆွဲတယ် ၊ ဖြစ်ပါ့မလား ဖြစ်ပါ့မလား နဲ့ ။ HYUNG တုန်းကလည်း အဲ့လိုဘဲ ၊ တင်ဖို့ကို ၂ လလောက် အချိန်ယူရတာ :") တကယ်တော့ရေးထားတာကြာပြီ လာပြောတဲ့သူတွေလည်း တစ်ယောက်မကတာနဲ့ အားတင်းပြီး တင်လိုက်တာ ၊
fantasy ဆိုတဲ့အတိုင်း ပေါက်ကရတွေမို့ ပေါက်ကရကြိုက်မှ ဖတ်ပါ :")
အပ်ဒိတ်တော့ အတိအကျ မမှန်လောက်ဘူးရယ် အခုမှလည်း စတာဆိုတော့ အေးဆေးပေါ့ x'D

Zawgyi

မ်က္စိေရ႔ွ နံရံကပ္စင္ေပၚတြင္ အေရာင္အေသြးစံုလင္ေသာ ဝိုင္ပုလင္းမ်ိဳးစံု ျပသထားပါေသာ္ျငား သူ၏မ်က္စိေရ႔ွခ်ထားသည္က စကၠူပတ္ထားသည့္ ႏို႔ေအးတစ္ဗူးသာ။

ဘားတစ္ခုဟု ဆိုေသာ္ျငား Djသံ ခပ္ျမဴးျမဴးတို႔ႏွင့္ ဆူညံေနသည္မဟုတ္ဘဲ ဆိုင္တစ္ဆိုင္လံုးတြင္ ေတးဂီတသံ ၿငိမ့္ျငမ့္ေလးသာ ဖြင့္ထားၿပီး စကားေျပာသံ တစ္ခ်ိဳ႕ကိုသာ ၾကားေနရသည္မို႔ အဆင္ေျပသည္။ ရုတ္တရက္ chanyeol ၏ ေဘးတြင္ ဝင္ထိုင္လိုက္ေသာ လူတစ္ေယာက္ ၊ ျဖဴစြတ္ေနေသာ အသားအေရႏွင့္ ေနြၪီးသဖြယ္ ေနြးေထြးေသာ အၿပံဳးတစ္စႏွင့္ လူငယ္တစ္ေယာက္။ chanyeol စကား စလိုက္သည္။

"ဘာေျပာမလို႔ ေခၚတာလဲ.."

ေမးလိုက္သည့္ ခပ္ဩဩအသံအား လိုက္မွီစြာပင္ ထိုလူငယ္သည္လည္း ဩရွရွအသံျဖင့္ ျပန္​တုန္႔ျပန္၏။

"ငါတစ္ခု အကူအညီေတာင္းစရာေလးရိွလို႔"

အကူအညီဟု ေခါင္းစဥ္တပ္ေသာ္ျငား ဒါဟာအမိန္႔တစ္ခုမွန္း chanyeol နားလည္သည္။ ကုတ္အက်ႌအတြင္းအိတ္ကပ္မွ ႏိႈက္ထုတ္ကာ chanyeol ေရ႔ွခ်ေပးလာေသာ ဓာတ္ပံုတစ္ပံု။ ေသခ်ာမယူၾကည့္မိဘဲ အေဝးမွအကဲခတ္ၾကည့္မိသေလာက္ေတာ့ ေကာင္ေလးတစ္ေယာက္ပံု။

"ဒီေကာင္ေလးကို ေစာင့္ေရွာက္ေပးထားႏိုင္မလား"

Chanyeol ထိုပံုကို တစ္ခ်က္သာၾကည့္ၿပီး အၾကည့္လႊဲလိုက္သည္။

"ဘယ္အခ်ိန္ထိလဲ.."

"ျဖစ္ႏိုင္ရင္ မင္းရဲ့အခ်ိန္ေတြအကုန္လံုးကို သူ႔ေဘးနားမွာဘဲ ျဖဳန္းေနေစခ်င္တယ္ ၊ ငါ့ဘက္ကျပန္မေခၚမခ်င္းအခ်ိန္ထိ"

chanyeol အလိုမက်စြာပင္ sehun ဘက္ မ်က္ေမွာင္ၾကဳတ္ကာ လွည့္ၾကည့္မိလိုက္သည္။

"၂၄ နာရီလံုးလား ?"

sehun သည္ အားနာၿပံဳးတစ္ခ်က္ၿပံးျပ၏။

"အရိပ္လို လိုက္ကပ္ေနေပးရင္ ပိုအဆင္ေျပမယ္၊ အဓိကကေတာ့ အဲ့ေကာင္ေလး အႏၲရာယ္ထဲ မက်ေရာက္ဖို႔ဘဲ၊ တစ္ခုခုျဖစ္တာနဲ႔ သူ႔ကိုအသက္နဲ႔ရင္းၿပီး ကာကြယ္ေပးေစခ်င္တယ္"

အသက္နဲ႔ေတာင္ရင္းရမယ္တဲ့လား...

ရုပ္ေလးႏွင့္မွမလိုက္ အားနာမႈမရိွ ထြက္က်လာေသာ sehun စကားသံေၾကာင့္ စကၠန္႔အခ်ိဳ႕ၾကာ ေအးခဲသည္အထိ မင္သက္မိသြားသည္။

"မင္းရဲ့ မိတ္ဖက္လား?"

မေမးလ်ွင္ပင္ ေသခ်ာေနသည့္ ကိစၥကို chanyeol ထုတ္ေမးလိုက္သည္။

"ငါအခုတေလာ စိတ္အာရံုထဲ အေျခအေနမေကာင္းသလို ခံစားေနရလို႔၊ အယံုၾကည္ရဆံုးဆိုလို႔လည္း မင္းဘဲရိွတာမို႔.. အားကိုးပါတယ္ chanyeol ရာ"

အကူအညီေတာင္းသၫ့္ ေလသံႏွင့္ေျပာေနျခင္းေပမယ့္ ဒါအကူအညီေတာင္းေနျခင္းမဟုတ္။ chanyeol ေခါင္းတစ္ခ်က္သာၿငိမ့္ျပရင္း ထိုဓာတ္ပံုကို ၾကည့္ပင္မၾကည့္ အက်ႌအိတ္ကပ္ထဲ ထည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ အသက္ႏွင့္ရင္းရမည္ဟူသည့္ စကားကို မစဥ္းစားခ်င္သည္မို႔ ေခါင္းထဲကထုတ္ထားလိုက္သည္။

"ငါ့ရဲ့အေလလိုက္ေနတဲ့ အခ်ိန္ေတြကို ဒီမွာအက်ိဳးရိွရိွ အသံုးခ်လိုက္တာဘဲ !"

sehun ရယ္ရံုသာ တုန္႔ျပန္၏။ chanyeol လက္က်န္ႏို႔ေအးဗူးအား ေမာ့ေသာက္ၿပီးသည္ႏွင့္ ထရပ္လိုက္သည္။ sehun ကိုၾကည့္ေတာ့ bar counter က ျဖဴျဖဴေဖြးေဖြး barman တစ္ေယာက္ကိုေငးေနသည္မွာ သူ႔ကိုပင္ အာရံုမရိွ။ chanyeol ေခါင္းတစ္ခ်က္ခါကာ ဂရုမစိုက္ဘဲ ထြက္လာခဲ့လိုက္ေတာ့သည္။

အသက္နဲ႔ေတာင္ရင္းၿပီး ေစာင့္ေရွာက္ရမည္တဲ့လား။
ဘယ္ေလာက္ေတာင္ ထူးျခားေနမလဲ စိတ္ေတာ့ဝင္စားမိသား။

_____________

မွန္အၾကည္ေရာင္မ်ားျဖင့္ ကာထားေသာ ဆိုင္အတြင္းတြင္ လူေပါင္းမ်ားစြာ ရႈပ္ယွက္ခက္ေနၿပီး စကားသံ​မ်ားက ဆိုင္ကဖြင့္ထားသည့္ သီခ်င္းသံထက္ပင္ ပိုက်ယ္ေလာင္ေနသည္။ နဖူးေပၚမွ ေခြၽးတို႔တေတာက္ေတာက္ စီးက်ေနေသာ္ျငား မသုတ္အား။

"Caramel Machiato တစ္ခြက္"

ေကာင္တာေရ႔ွမွေနကာ လက္ၫွိုးတထိုးထိုးျဖင့္ ေျပာေနသည့္ အမ်ိဳးသမီးထံ အာရံုမစိုက္ႏိုင္။ ထိုအမ်ိဳးသမီးေျပာလိုက္သည့္ ေကာ္ဖီအမ်ိဳးအစားကို ေရြးရန္ tablet ေပၚ ခပ္ျမန္ျမန္လႈပ္ရွားရသည္။

"ၿပီး..ေတာ့... Frappuccino တစ္ခြက္ ! cream မ်ားမ်ားေလး!"

ေခါင္းသာညိတ္ျပလိုက္ေသာ္ျငား cream မ်ားသည္မမ်ားသည္က လုပ္ေပးသည့္သူေပၚသာ မူတည္သည္မို႔ အထူးတလည္ အာရံုစိုက္မေပးႏိုင္။

"ဒါဘဲလားဗ်"

တန္းစီေနေသာ လူမ်ားေၾကာင့္ စိတ္ကအလ်င္လိုေနေသာ္ျငား ေတာ္ေတာ္ၾကာသည္အထိ စဥ္းစားေနေသာ အမ်ိဳးသမီးကို သည္းခံေစာင့္ေပးရသည္။ ေျဖးေျဖးခ်င္းေခါင္းညိတ္ကာ ခံုတြင္သြားထိုင္သည္မို႔ တျခားေနာက္တစ္ေယာက္ကို အျမန္ႏႈတ္ဆက္ကာ ခပ္သြက္သြက္လုပ္ရျပန္သည္။ နာရီမၾကည့္အားေသာ္ျငား အျပင္ဘက္ရိွ ​ေကာင္းကင္အေရာင္အရ ညေနေစာင္းေနၿပီ။ ေကာ္ဖီဆိုင္အတြက္ အခ်ိန္ပိုင္းအလုပ္သည္ ပိတ္ရက္တစ္ရက္ကလြဲ ေန့တိုင္း ညေနေစာင္းေလာက္ကေန ညဘက္ထိ။ ေန့တိုင္းမို႔ ေတာက္ေလ်ာက္ပ်က္ေနသည့္ အတန္း roll call မ်ားကို ဂေယာင္ဆူးက နည္းမ်ိဳးစံုႏွင့္ ျဖည့္ေပးသည္မို႔ ထိုတစ္ခ်က္ေတာ့ စိတ္မပူရ။

၉နာရီေက်ာ္ေနၿပီျဖစ္သည္။ ဆိုင္မသိမ္းေသး။ အနည္းငယ္က်န္ေနေသးေသာ လူအနည္းစု​ေၾကာင့္ အလိုက္တသိဆက္လုပ္ေပးေနေသာ္ျငား ဆိုင္၏ေထာင့္တစ္ေနရာတြင္ လက္ေတာ့ပ္တစ္လံုးျဖင့္ ေျခခ်ိတ္ထိုင္ေနေသာ သူေဌးက baekhyun ကို တမင္ မသိခ်င္ေယာင္ေဆာင္ေနသည္လား၊ ေမ့ေနသည္ဘဲလားမေသခ်ာ။ သက္ျပင္းအသာခ်ကာ မိမိမ်က္စိေရ႔ွက ဧည့္သည္ကို အၿပံဳးတစ္ပြင့္ျဖင့္သာ ဆက္ဆံရင္း သြက္သြက္လက္လက္ ဆက္လုပ္ေနလိုက္သည္။

သူေဌးကငယ္ေသးသည္ဟု တစြန္းတစၾကားမိေသာ္ျငား အသက္တိတိက်က်မသိရ။ စီးပြားအရ ဆိုင္ဖြင့္ထားျခင္း အဟုတ္ေသာ္ျငား သူ႔ရုပ္ရည္ေၾကာင့္ ဆိုင္တြင္အၿမဲလူစည္သည္။ ခႏၲာကိုယ္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႏွင့္ ထိုလူကအျပင္ပန္းၾကည့္လ်ွင္ေတာ့ ေခ်ာပါသည္။

ဆိုင္သိမ္းခ်ိန္ေက်ာ္ေနေသာ္ျငား အလုပ္လုပ္ေနရသည္က baekhyun တစ္ေယာက္တည္းမဟုတ္။ အေနာက္တြင္ အကုန္ျပင္ဆင္ ပါဆယ္ထုပ္ေပးသည့္ လူတစ္ေယာက္ရိွေသာ္ျငား ထိုလူသည္ကားဤဆိုင္တြင္ ညအိပ္ညစားေနသည့္သူမို႔ ေနာက္က်လည္းျပႆနာမရိွ။ baekhyun အတြက္ေတာ့ ျပႆနာရိွသည္။ ေတာက္ေလ်ာက္ အေတြးပြားေနမိလ်ွင္ လက္ေခ်ာ္ႏိွပ္မည္ စိုးသည့္အတြက္ အေတြးအကုန္ျဖတ္ခ်လိုက္ရသည္။

ေနာက္ဆံုးတစ္ေယာက္ၿပီးသည္ႏွင့္ baekhyun မ်က္ႏွာ အၿပံဳးပန္းေဝသြားသည္။

"ကြၽန္ေတာ္ ျပန္လိုက္ပါၪီးမယ္ !"

အရိပ္အကဲမၾကည့္ႏိုင္ေတာ့။ ခပ္သြက္သြက္ပင္ ဝတ္ထားေသာ ဆိုင္ဝန္ထမ္းအက်ႌလဲရန္ အေနာက္ဘက္ထဲ ဝင္လာလိုက္သည္။ အခန္းက်ယ္ႀကီးျဖစ္ၿပီး တစ္ေယာက္ကို locker တစ္ခုဆီေပးထားေသာေၾကာင့္ စိတ္ခ်ရသည္။ မိမိ password နံပါတ္အတိုင္း လွည့္ဖြင့္လိုက္ၿပီးသည္ႏွင့္ အထဲတြင္ ေမွာက္လ်က္ထားထားေသာ ဖုန္းကိုအရင္ယူစစ္လိုက္သည္။ အက္ကြဲေၾကာင္းရာတခ်ိဳ႕ ထပ္ေနေသာ ဖုန္းစခရင္ေပၚတြင္ မက္ေဆ့ေတြေရာက္ေနသည္မွာ နည္းနည္းေနာေနာမဟုတ္။ အကုန္လံုးနီးပါးသည္လည္း ဂေယာင္ဆူးထံမွသာျဖစ္သည္။ ေၾကမြေနေသာ သားေရပတ္ႀကိဳးအမည္းေလးႏွင့္ နာရီကိုငံု႔ၾကည့္မိေတာ့ ၉နာရီခြဲေနၿပီမို႔ သက္ျပင္းခ်လိုက္သည္။ ထံုးစံအတိုင္း ဒီညလည္းေနာက္က်ၪီးမည္။ ဖုန္းကိုျပန္ထည့္ကာ အက်ႌခြၽတ္ရန္ လည္ပင္းေစ့တပ္ထားေသာ ၾကယ္သီးကို အရင္ျဖဳတ္လိုက္သည္။

ရုတ္တရက္ အခ်ိန္ကိုက္ပင္ ဝင္ခ်လာေသာ လူတစ္ေယာက္ေၾကာင့္ baekhyun လန္႔သြားေသာ္ျငား ေသခ်ာၾကည့္မိမွ သူေဌးျဖစ္ေနသည္မို႔ ဘာမ်ွမေျပာမိ။ တံခါးမေခါက္၍ စိတ္ကြက္မိေသာ္ျငား ေယာက်္ားေလးအခ်င္းခ်င္းေလ ဟူေသာျငင္းမရသည့္ အသိေၾကာင့္ သက္ျပင္းသာႀကိတ္ခ်မိသည္။

"ေတာ္ေတာ္ေတာင္ ေနာက္က်ေနၿပီဘဲ..၊ အင္းး.. ေဆာရီး ကိုယ္ရံုးကပို႔ထားတဲ့ စာရင္းစစ္ေနတာ ဘတ္ခ္ဟြၽန္းနီးဘက္ မၾကည့္မိလိုက္ဘူး"

နားထင္နားခပ္ဖြဖြကုတ္ကာ ေျပာလာေသာ စကားေၾကာင့္ baekhyun ခပ္ဖြဖြၿပံဳးျပရင္းသာ ေခါင္းခါျပလိုက္သည္။ အက်ႌဆက္ခြၽတ္ဖို႔ ျပင္ေနေသာ္ျငား ထြက္မသြားေသးသည့္ လူေၾကာင့္ လက္ကတန္႔ေန၏။

"ရလား၊ အက်ႌက တစ္ခုခုက်ပ္ေနလို႔လား၊ ကူေပးရမလား.."

အေျပာႏွင့္အတူ အနားကပ္လာသည့္ လူေၾကာင့္ ခပ္ျမန္ျမန္ပင္ ေခါင္းခါျပလိုက္ရသည္။ ရုတ္တရက္ baekhyun ၏ အလန္႔တၾကားအမူအရာေၾကာင့္ ထိုလူက ခဏတာေၾကာင္အၿပီးေတာ့မွ ခပ္ဟဟရယ္၏။

"ဘခ္ဟြၽန္းနီးရယ္၊ ေယာက်္ားေလးအခ်င္းခ်င္းေတြဘဲ ဘာေတြအဲ့ေလာက္ေၾကာက္ေနရတာလဲ.."

"ကြၽန္ေတာ္ ေနာက္က်ေနၿပီမို႔လို႔.."

သူ႔အတိုင္းသာ ရယ္ေနွာသံေရာရင္း ေျပာလိုက္ေသာ္ျငား ေလသံက အေလာတႀကီးႏိုင္သြားသည္မို႔ ပလံုးပေထြးျဖင့္။ ေခါင္းငံု႔ခ်ကာ ခပ္ျမန္ျမန္ထြက္သြားရန္ အက်ႌကိုခပ္သြက္သြက္ ခြၽတ္ခ်လိုက္ရသည္။ ထိုလူ႔ဘက္ကအၾကည့္တို႔ကို ေမာ့မၾကည့္ဘဲႏွင့္ပင္ ခံစားမိေသာ္ျငား ​ဤကိစၥမ်ိဳးက ထုတ္ေျပာလိုက္ျပန္လည္း မိမိကသာ အပိုေတြလုပ္သေယာင္ ျဖစ္မည္ပင္။

"ဘခ္ဟြၽန္းနီးက အခုမွ ပထမႏွစ္ေနာ္ ?"

ေဘးက locker ကို တစ္ျခမ္းေစာင္းမွီကာ လက္ပိုက္ရင္း ဆိုလာသည့္လူကို စကားသံတစ္ခ်က္မထြက္ ေခါင္းညိတ္ျပလိုက္သည္။ ဝန္ထမ္းအက်ႌက အသစ္မို႔ထင္၊ ၾကယ္သီးေတြ ျဖဳတ္ရခက္ေနသည္။ အလံုးစံုကြၽတ္က်သြားသည့္ အက်ႌျဖဴစြတ္စြတ္အား ျပန္မေခါက္ေတာ့။ ပလံုးပေထြးျဖင့္ locker ထဲ ထိုးထည့္ကာ အိမ္ကဝတ္လာသည့္ တီရွပ္ကိုသာစြပ္ခ်လိုက္သည္။ ရုတ္တရက္ က်ပ္ေနေသာ တီရွပ္က မ်က္ႏွာနားတည့္တည့္တြင္မို႔ အသက္ရႉက်ပ္သည္က တစ္ပိုင္း၊ မိမိေဘးကရပ္ၾကည့္ေနသည့္လူေၾကာင့္ စိတ္က်ဥ္းက်ပ္သည္က တစ္ပိုင္းမို႔ ခပ္ျမန္ျမန္ဆြဲခ်မိေတာ့ ေရ႔ွက locker နဲ႔ နဖူးတိုက္မိ၏။

ဒုန္း ဟူေသာ အသံက်ယ္ႀကီးေနာက္ baekhyun အသံစူးစူးက ထြက္လာသည္။

"အား !"

နာက်င္မႈေၾကာင့္ ထြက္လိုက္မိေသာ အသံကိုျပန္ဆြဲထည့္၍မရေတာ့။ ေဘးကလူေၾကာင့္ စိတ္မခ်သည္မို႔ ခႏၲာကိုယ္ကလည္း အတတ္ႏိုင္ဆံုး ထိန္းသိမ္းေနေသာ္ျငား ကပ်က္ကေခ်ာ္ ျဖစ္ေနသည္။ baekhyun အသံေၾကာင့္ ေဘးကလူထံမွ ခပ္ဖြဖြ ရယ္သံၾကားလိုက္ရသည္။ မ်က္ႏွာက တီရွပ္ၾကားထဲတြင္မို႔ မျမင္ရ။ အနားကပ္လာသည့္ ေျခသံကိုၾကားရၿပီး အေပၚကေနအက်ႌကို ဆြဲခ်ေပးလာသည္မို႔ လန္႔သြားေသာ္ျငား မျငင္းရဲ။

"ကေလးက်ေနတာဘဲ"

အေျပာႏွင့္အတူ ဆံသားႏုႏုေပၚခပ္ဖြဖြ က်ေရာက္လာေသာ လက္ဖဝါးတစ္ဖက္။

"ေက်း.. ေက်းဇူးပါဗ် !"

ၿပီးသည္ႏွင့္ ေခါင္းေပၚရိွ လက္ကဖယ္မသြားသည္မို႔ မသိမသာ ေခါင္းငံု႔ေရွာင္ကာ ဖုန္းကိုယူလိုက္သည္။ ထိုးႀကိတ္ထည့္ထားေသာ လြယ္အိတ္ကိုဆြဲထုတ္လြယ္ကာ တစ္ဖက္တြင္လြယ္ၿပီးသည္ႏွင့္ ခပ္သြက္သြက္ ႏႈတ္ဆတ္လိုက္သည္။

"ကြၽန္ေတာ္ျပန္လိုက္ပါၪီးမယ္"

ေဘးကေခါင္းငံု႔ျဖတ္ေလ်ွာက္သြားၿပီးမွ ရုတ္တရက္ အဆြဲခံလိုက္ရေသာ လက္ေမာင္းတစ္ေနရာေၾကာင့္ ေအာင့္ျမတ္သြားေသာ္ျငား အသံမထြက္ေစရန္ အံႀကိတ္မိလိုက္သည္။

"အျပင္မွာအရမ္းေနာက္က်ေနၿပီ၊ ကိုယ္လိုက္ပို႔ဖို႔လိုေသးလား.."

baekhyun အသက္ရႉျမန္လာေပမယ့္ မသိသာေစရန္ တည္ၿငိမ္ေနေအာင္ ထိန္းရင္းၿပံဳးျပလိုက္သည္။

"ရပါတယ္ဗ်၊ ကြၽန္ေတာ့္ဘာသာဘဲ ျပန္လိုက္ပါ့မယ္"

တစ္ဖက္လူ၏ မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္မေနေတာ့။ လက္ကိုအနည္းငယ္ အားထည့္ရုန္းထြက္ၿပီးသည္ႏွင့္ ခပ္သြက္သြက္ ေျပးထြက္လာလိုက္သည္။ အျပင္ဘက္ေရာက္ေတာ့မွ အသက္ရႉေခ်ာင္သြားကာ ေလ်ွာက်ေနသည့္လြယ္အိတ္ကို ပုခံုးေပၚတစ္ခ်က္ပင့္တင္ရင္း ထြက္လာလိုက္သည္။ မွတ္တိုင္ကိုေရာက္ဖို႔က ၅မိနစ္ေလာက္လမ္းေလ်ွာက္ရသည္။ ကားလာမည့္အခ်ိန္ကို မွတ္တိုင္တြင္ ေဖာ္ျပထားပါေသာ္ျငား ညဘက္မို႔ ကားေစာင့္ရသည္က ပံုမွန္ထက္ၾကာသည္။ နာရီကိုတစ္ခ်က္ ငံု႔ၾကည့္မိေတာ့ ၁၀ နာရီထိုးခါနီးေနၿပီ။

မွတ္တိုင္ေရ႔ွ လူရွင္းေနေသာ ခံုတန္းတြင္ ဝင္ထိုင္ကာ ဖုန္းထုတ္စစ္ေနလိုက္သည္။ ဂေယာင္ဆူးပို႔ထားသည္မ်ားက ဓာတ္ပံုအမ်ားစုသာ။ ထို႔ေနာက္ note တစ္ခ်ိဳ႕။ သာမန္ေန့မ်ားထက္ နည္းသည္မို႔ စိတ္ေအးသက္ျပင္းခ်လိုက္ရသည္။ စာေမးပြဲကလည္း နီးေနၿပီ။ စာလုပ္ခ်ိန္မ်ားက နည္းသထက္နည္းလာၿပီး ေက်ာင္းတြင္အခ်ိန္ျပည့္မရိွ၍ စာမ်ားနားမလည္ေသာ္ျငား ဂိုက္ျပန္လုပ္ေနသည့္ ဂေယာင္ဆူးက အားသၫ့္အခ်ိန္မ်ားတြင္ ရွင္းျပေပးသည္။ ေက်းဇူးစကားေျပာရံုမွလြဲ၍ baekhyun တြင္ အျခား ေက်းဇူးဆပ္စရာလည္းမရိွ။ တစ္ဖက္က ဘာမွမလိုဟု အၿမဲျငင္းလႊတ္ေနၿမဲျဖစ္ေပမယ့္ ကိုယ္ကအားနာသည္မို႔ မေတာင္းဆိုဘဲ အလိုက္တသိေနျဖစ္ေသာ္ျငား ယခုလည္း စာေတြပို႔ထားေသးသည္မို႔ ေက်းဇူးတင္စြာပင္ ဖုန္းဆက္ရန္ျပင္လိုက္သည္။ လက္ကခပ္သြက္သြက္ လႈပ္ရွားေနရင္းမွ noti bar က အခ်ိန္ေၾကာင့္ တန္႔သြားသည္။ ဂေယာင္ဆူး၏ ေစာေစာအိပ္တတ္သည့္ အက်င့္ေၾကာင့္ မဆက္ေတာ့သည္က ေကာင္းမည္ထင္၏။ ေက်းဇူးစကားဆိုသည့္ စာေလးတစ္ေၾကာင္း၊ ႏွစ္ေၾကာင္းေလာက္သာ ပို႔ထားလိုက္ၿပီး ဖုန္းကိုအိတ္ထဲ ျပန္ထည့္လိုက္သည္။

ထိုစဥ္တြင္ပင္ မ်က္စိေရ႔ွ တန္းတန္းမတ္မတ္ေရာက္လာသည့္ ဘက္စ္ကားေၾကာင့္ ဖုန္းပိတ္ကာ ခပ္သြက္သြက္ ေျပးတက္သြားလိုက္သည္။ ညေတာ္ေတာ္ ေနာက္က်ေနၿပီျဖစ္သည့္အတြက္ လူေခ်ာင္သည္မို႔ ေနာက္ဆံုးခံုကိုမွ ေရြးကာဝင္ထိုင္လိုက္ၿပီး ဖုန္းထဲက note ေတြ ျပန္ဖြင့္မိျပန္သည္။ ပံုမွန္ ဘက္စ္ကားေပၚတြင္ စာမၾကည့္တတ္ေသာ္ျငား လူရွင္းၿပီးတိတ္ဆိတ္ေနသည့္ အခ်ိန္မို႔လည္း အာရံုစိုက္၍ရျခင္းျဖစ္သည္။ တစ္ခ်က္တစ္ခ်က္ မွတ္တိုင္ေက်ာ္သြားမည္စိုး၍ အျပင္ဘက္ကို လွမ္းလွမ္းၾကည့္ရေသးသည္။

အိမ္သည္ အလုပ္ေနရာႏွင့္ သိပ္မေဝးေသာ္ျငား အရမ္းလည္းမနီး။ ေသခ်ာဆိုရလ်ွင္ေတာ့ ဘက္စ္ကားစီးခ်ိန္ ၄၅ မိနစ္ေလာက္ၾကာသည္။ ကားက်ပ္လ်ွင္ေတာ့ တစ္နာရီေလာက္ၾကာတတ္ေသာ္ျငား ညဘက္ေတြ ကားရွင္းသည့္အခ်ိန္မ်ားဆို နာရီဝက္ေလာက္ႏွင့္ပင္ ေရာက္တတ္သည္မို႔။

ဘယ္ေလာက္မွဖင္ပူေအာင္ပင္ မထိုင္လိုက္ရ။ မိမိမွတ္တိုင္ေရာက္သည္ကိုပင္ မသိလိုက္သည္မို႔ လြယ္အိတ္ႀကီးကို႔ရို႔ကားယားျဖင့္ အေျပးတစ္ပိုင္းဆင္းရသည္။

ရပ္ကြက္ထဲလမ္းတစ္ေလ်ွာက္ အဝင္ဝနားတြင္ စတိုးဆိုင္တစ္ခ်ိဳ႕ေၾကာင့္ လင္းထိန္ေနေသာ္ျငား လမ္းတစ္ေလ်ွာက္ဝင္လာသည္ႏွင့္ ပိုပိုနက္ေမွာင္လာ၏။ ဆင္ေျခဖံုးရပ္ကြက္ ပီသစြာပင္ လမ္းက်ဥ္းက်ဥ္းေလးမ်ားကိုမွ အေကြ့အေကာက္ေပါင္းမ်ားစြာျဖင့္ အတက္အဆင္းလုပ္ရသည္က ၁၅ မိနစ္စာေလာက္ ၾကာသည္။ ေန့တိုင္းသြားလာေနၾကမို႔ ေမာရန္ပန္းရန္ ထူးထူးျခားျခားအာရံုထဲမရိွ။ လက္တစ္ဖက္တည္းႏွင့္ပင္ စာအုပ္အထူႀကီးအား ဖြင့္ၾကည့္ရင္း ေလ်ွာက္လာျဖစ္သည္။ လမ္းအခ်ိဳးအေကြ့နားေလးတြင္ပင္ အနည္းငယ္ မိွတ္တုပ္မိွတ္တုပ္ ျဖစ္ေနေသာ မီးေရာင္ေအာက္ ရပ္ေနေသာလူတစ္ေယာက္စ ႏွစ္ေယာက္စကို မ်က္လံုးေထာင့္မွ ေတြ့လိုက္မိေသာ္ျငား မျမင္ခ်င္ေယာင္ေဆာင္ရင္း ခပ္ျမန္ျမန္ျဖတ္ေက်ာ္မိသည္။ အၿမဲေတြ့ရတတ္သည္က မီးမိွန္မိွန္ေအာက္ သိသိသာသာထင္ရွားေနေသာ အခိုးအေငြ့တို႔ႏွင့္ ပုလင္းမ်ိဳးစံုေၾကာင့္ ထိုလမ္းကဘယ္ေတာ့မွမသြား။ ေကြ့ပတ္သြားေနေသာေၾကာင့္ အခ်ိန္ပိုၾကာျခင္းျဖစ္ေသာ္ျငား ထိုသို႔လူမ်ိဳးေတြကို baekhyun ေၾကာက္သည္မို႔ တိုက္ရိုက္ျဖတ္မေလ်ွာက္ရဲပါ။

ငွားေနသည့္ တိုက္ခန္းက လမ္းေထာင့္စြန္းနားတြင္ တည္ရိွၿပီး ေျမညီထပ္ရိွ အဖြား၏ ပင္မင္းဆိုင္ေလးမွ မီးေရာင္ခပ္ေဖ်ာ့ေဖ်ာ့ လင္းေနသည္ကို ေတြ့လိုက္ရသည္။ လမ္းတစ္ေလ်ွာက္ ေမာေမာပန္းပန္းႏွင့္ေလ်ွာက္ခဲ့ရသမ်ွ ပင္ပန္းႀကီးစြာ သက္ေငြ့ခ်လိုက္ရသည္။

"ဒီေန့ ေနာက္က်လာခ်ည္လား"

ျပတင္းေပါက္ေသးေသးေလးကေန လွမ္းေျပာေသာ အဖြားက ျဖဴေဖြးစြတ္ေနေသာ ဆံပင္မ်ားကို ေကာက္ထားသည္လား နဂိုေကာက္လားမသိ ဂုပ္ထိသာရိွေပမယ့္ အံုထူစြာလိမ္တြန္႔ေနသည္။ အၾကည့္က baekhyun ထံၪီးတည္သည္မို႔ ေလွကားဘက္လွမ္းေနေသာ ေျခလွမ္းတို႔ရပ္ကာ ၿပံဳးျပလိုက္သည္။

"ဟုတ္ ! ဒီေန့ဆိုင္မွာလူစည္ေနတာမို႔လို႔ ေနာက္က်သြားတာဗ်"

အၿပံဳးတစ္ပြင့္ႏွင့္ ခြန္းတုန္႔ျပန္ေသာ baekhyun စကားေၾကာင့္ အဖြားကသက္ျပင္းခပ္သာသာခ်သည္။ လက္ထဲမွ ခပ္ေခ်ေခ် persian ေၾကာင္ အျဖဴၾကီးတစ္ေကာင္ကို သားသမီးအရင္းအခ်ာလို ပြတ္သပ္ေနသည္ကို မျပတ္လပ္ေစဘဲ ေျပာလာသည္။

"စာေမးပြဲေတြ နီးလာၿပီေလ၊ စာမလုပ္ဘူးလား မင္း"

"ဖြားအိမ္လခ ေလ်ွာ့ေပးေလ၊ အဲ့ဒါဆိုကြၽန္ေတာ္ ေအးေဆးစာလုပ္ဖို႔ အခ်ိန္ရတာေပါ့"

သြားတစ္ခ်က္ၿဖဲကာ ဆိုေတာ့ မ်က္ေစာင္းဝင့္ၾကည့္သည္။ ေၾကာက္စရာႀကီးပင္။ အဖြားကမွ ေၾကာက္ဖို႔ေကာင္းသည္မဟုတ္ လက္ထဲကေၾကာင္၏ အၾကည့္ကလည္း ​ေၾကာက္ဖို႔ေကာင္းသည္။

"ေတာ္စမ္းပါ၊ ဒီလလည္းေနာက္က်လို႔ျဖစ္တယ္၊ သြား သြား တက္ေတာ့ ညနက္ေနၿပီ"

ဒီလေနာက္က်လည္း ျဖစ္သည္ကို ၾကားလိုက္ရသည္ႏွင့္ baekhyun မ်က္ႏွာသိသိသာသာပင္ ပိုရႊင္သြား၏။ ေက်းဇူးတင္ပါတယ္ဗ် ဟူေသာ စကားကိုတိတ္ဆိတ္ေနေသာ လမ္းအတြင္း ခပ္က်ယ္က်ယ္ဖြင့္ဆိုမိေတာ့ ဂရုမစိုက္သည့္အလား ေၾကာင္ကိုခ်ီၿပီး အထဲဝင္သြားသည္။

ခပ္သြက္သြက္ပင္ သံေၾကးတက္ေနေသာ စတီးေလွကားလက္ရန္းေလး ကိုင္ရင္း အေပၚတက္လာလိုက္သည္။ ဤတိုက္ကိုစစေျပာင္းကာစတြင္ ေလွကားအတက္အဆင္းသည္ baekhyun အတြက္ အခက္အခဲဆံုးပင္။ လူတစ္ကိုယ္စာတည္းသာ ရိွသည့္အျပင္ မက္ေစာက္ေနေသာ ေလွကားထစ္မ်ားေၾကာင့္ ေၾကာက္လန္႔မိေသာ္ျငား ခုေနာက္ပိုင္းဆို မ်က္လံုးမိွတ္ၿပီးေတာင္ အသာေလးအတက္အဆင္း လုပ္ႏိုင္ေနၿပီ။ အေပၚဆံုးေခါင္မိုးထပ္ေရာက္သည္ႏွင့္ ကြပ္ပ်စ္ေပၚ စာအုပ္ေတြလြယ္အိတ္ေတြ အကုန္ပံုခ်ကာ မနက္မွလွန္းထားခဲ့ေသာ အဝတ္တို႔ရုတ္ရသည္။ အဝတ္နည္းနည္းေလးအား မႏိုင္မနင္းသယ္ရင္း ပန္းအိုးေအာက္ သိမ္းထားခဲ့ေသာ ရိုးရိုးရွင္းရွင္း ေသာ့ေလးတစ္ေခ်ာင္းကို ဆြဲထုတ္ကာ အခန္းထဲဝင္လိုက္သည္။ ေမွာင္မဲေနေသာေၾကာင့္ အခန္းဝရိွ မီးခလုတ္ကိုခ်က္ခ်င္းဖြင့္လိုက္ေတာ့ တစ္ခန္းလံုးလင္းထိန္သြားၿပီး တစ္ေနရာတြင္ အရိပ္သေယာင္ မည္းနက္စြာတည္ရိွေနေသာ သ႑န္ေၾကာင့္ baekhyun လန္႔သြားသည္။

ေၾကာင္တစ္ေကာင္အား ျမင္လိုက္ရျခင္းကို လက္ထဲကအဝတ္တို႔ ျပဳတ္က်သည္အထိ မလန္႔သင့္ေသာ္ျငား မ်က္ဝန္းႏွင့္တည့္ဆံုေနေသာ စိမ္းဖန္႔ဖန္႔အၾကည့္တို႔က baekhyun ျပန္လာမည့္အခ်ိန္ကို ေစာင့္ေနသေယာင္မို႔။ ေခ်ာင္းတစ္ခ်က္ဟန္႔ကာ အဝတ္ေတြကို ျပန္ေကာက္ရင္း ဖိနပ္ၿပီးစလြယ္ခြၽတ္ကာ အထဲဝင္လာလိုက္သည္။ baekhyun ၏ စာလုပ္စားပြဲခံုေသးေသးေလးေပၚ ထိုင္ေနသည္မွာ ေသေသသပ္သပ္ ေျဖာင့္ေျဖာင့္မတ္မတ္။ ေၾကာင္ဆိုသည္ကား နဂိုတည္းက အသန္႔ႀကိဳက္ကာ သပ္သပ္ရပ္ရပ္ေနတတ္သည့္ အမ်ိဳးေပမို႔ သိပ္ေတာ့မထူးဆန္းပါ။ baekhyun အျပဳအမူတစ္ခုခ်င္းဆီအား ေသခ်ာလိုက္ၾကည့္ေနေသာ ထိုေၾကာင္ကထူးဆန္းေနေသာ္ျငား baekhyun ေခါင္းထဲတကူးတက ထည့္မေနဘဲ လက္ထဲက အဝတ္တစ္ခုဆြဲထုတ္ကာ ခါထုတ္လိုက္သည္။

"သြား သြား ! ရႉး !"

ေျပာင္လတ္ေနသည့္ အေမႊးတို႔ကို လက္ႏွင့္လည္းမထိကိုင္ရက္ျခင္းေၾကာင့္ ေျခာက္လွန္႔ကာ ႏွင္ထုတ္ေတာ့ စူးစူးရဲရဲစိုက္ၾကည့္သည္။

ေအာင္မာ!!
သူမ်ားစာအုပ္ေပၚ ဖင္ခုထိုင္ထားတဲ့ေကာင္ကမ်ား ရာရာစစ !!

"ငါစာလုပ္ရၪီးမယ္..! အဲ့ကဖယ္ !!"

ခ်က္ခ်င္းေရ႔ွတည့္တည့္ ထိုင္ခ်လိုက္၍လား၊ ေဟာက္လိုက္၍လား မသဲကြဲစြာပင္ ေျခလွမ္းတို႔ေဖာ့ခုန္ကာ ျပတင္းေပါက္မွတစ္ဆင့္ အျပင္ကိုထြက္သြား၏။ ေရြ့လ်ားမႈေၾကာင့္ လႈပ္ခတ္သြားေသာ လည္ပင္းမွ ေျပာင္လတ္လတ္အရာတစ္ခုကိုလည္း ေတြ့လိုက္ရေသးသည္မို႔ လမ္းေဘးေၾကာင္မဟုတ္မွန္း သိလိုက္သည္။ ထြက္သြားသည့္ ျပတင္းေပါက္ကို ၾကည့္မိမွ baekhyun ေခါင္းေျခာက္ရျပန္သည္။ ေသခ်ာေပါက္ ေက်ာင္းမသြားခင္ကတည္းက အေပါက္အကုန္ပိတ္ထားခဲ့သည္ပင္။ ထိုေၾကာင္ ခုန္ဆင္းသြားရာေနာက္ လိုက္ငံု႔ၾကည့္မိေတာ့ ေရၫွိတက္ေနေသာ ေခါင္မိုးမ်ားမွလြဲ၍ ေၾကာင္တၿမီးတစ္ေကာင္မွ မေတြ့ေတာ့။ အနက္ေရာင္ကိုမွ သပ္ရပ္စိုေတာက္ေနသည့္အျပင္ လည္ပတ္ႏွင့္ေပမို႔ ျပဳစုေပးမည့္ ပိုင္ရွင္ရိွမည္က ေသခ်ာသည္။

မ်ားမ်ားစားစား ေတြးမေနေတာ့ အဝတ္ပံုႀကီးကို ေဘးကိုတြန္းပို႔ကာ စာအုပ္အရင္ထုတ္ရသည္။ ဖုန္းကိုတစ္လွည့္ စာအုပ္တစ္လွည့္ၾကည့္ေသာေၾကာင့္ ဖုန္းမီးအလင္းေရာင္က မ်က္ႏွာကိုဟပ္ေနသည္။ သိသိသာသာ ငိုက္ျမည္းလာေသာ္ျငား အိပ္ဖို႔ေခါင္းခ်ရန္မစဥ္းစားမိ။ ေနာက္ဆံုးသတ္မွတ္ထားသည့္ ေနရာေရာက္ေတာ့မွသာ အပ်င္းေၾကာဆန္႔ရင္း နာရီၾကည့္လိုက္မိေတာ့ ထံုးစံအတိုင္း ၁၂နာရီ။

ဤသည္ကိုေတာင္ တစ္ဝက္နီးပါးက်န္ေနေသးေသာေၾကာင့္ စိတ္ထဲ ေလးပင္သြားေသာ္ျငား အိပ္ခ်င္စိတ္​ေၾကာင့္ ေခါင္းထဲဘာစာမွသြင္းလို႔မရေတာ့သည္က ပိုဆိုးသည္မို႔ အိပ္ရာျပင္ရန္သာ ေတြးမိသည္။ ဗီရိုေသးေသးေလးထဲ ေခြေခါက္ထည့္ထားေသာ ဂြမ္းအိပ္ရာခင္းႏွင့္ ေစာင္တို႔ကို ဆြဲထုတ္ကာ ခင္းရသည္။ သပ္သပ္ရပ္ရပ္ရိွဖို႔ကို ၪီးစားမေပး။ တစ္ေယာက္စာလွဲလို႔ရရံုႏွင့္ baekhyun ေခါင္းေမွာက္ခ်လိုက္ေတာ့သည္။ ေဆာင္းတြင္းဘက္ႀကီး အပူေငြ့စက္ပင္မရိွ ေအးစိမ့္ေနေသာအခန္းထဲ ဂြမ္းေစာင္ေလးကသာ baekhyun ေနြးေထြးရာ။ မ်က္လံုးမိွတ္ၿပီး စကၠန္႔မည္မ်ွေလာက္ပင္ မေရတြက္လိုက္ရ။ တစ္ေန့လံုးပင္ပန္းလာမႈေၾကာင့္ တန္းအိပ္ေပ်ာ္၏။

ရာသီဥတုေအးသည္မို႔ ျပတင္းေပါက္ပိတ္ဖို႔ကို baekhyun မေမ့ခဲ့ပါ။ သို႔ေပမယ့္ ထိုျပတင္းေပါက္က မည္သူ႔လက္ခ်က္မွန္း မသိစြာပင္ ႏွစ္ခ်ပ္လံုး ပြင့္ဟသြား၏။ အခန္းမီးပိတ္ထားေသာ္ျငား လင္းထိန္ေနေသာ လေရာင္ေအာက္ ျပတင္းေပါက္မွတစ္ဆင့္ အခန္းထဲဝင္လာသည့္ တစ္စံုတစ္ရာက နံရံေပၚ အရိပ္ထင္ဟပ္သည္။ ထိုအရိပ္သည္ ပစၥည္းမ်ားကို ေကာက္ကိုင္ၾကၫ့္ရင္း တစ္ခန္းလံုးကိုထိေတြ့ကိုင္တြယ္ေနသည္။

"ဒီလိုစုတ္ျပတ္ေနတဲ့အခန္းနဲ႔၊ ဒီလိုေကာင္အတြက္ ငါကဒီလိုနိမ့္က်တဲ့ တိရစၧာန္အျဖစ္ပါ...."

ဆက္ထြက္မလာေတာ့သည့္ ေလသံသည္ အထက္စီးဆန္သည္။

baekhyun အိပ္ေနရာဘက္ လွည့္လာသည္မို႔ နံရံေပၚ လင္းလတ္သြားေသာ လည္ပင္းကဆြဲႀကိဳးက လေရာင္ေအာက္ ေျပာင္လတ္ေနသည္။ ဒီညသည္ လျပၫ့္ည။ မိမိအခန္းထဲ သူစိမ္းဝင္ေနသည္ကိုပင္ မသိရေလာက္ေအာင္ baekhyun သည္ကား အိမ္မက္ထဲ ေပ်ာ္ေမြ့ေနဆဲ။ ေလေတြလည္း အဆက္မျပတ္ တိုးေဝ႔ွတိုက္ခတ္ေနဆဲ။ စိမ္းဖန္႔ဖန္႔မ်က္ဝန္းတစ္စံုကလည္း baekhyun ေပၚ အသံတိတ္စိုက္ၾကည့္ေနဆဲ...။

____•°•°•°•°•

တစ္ပုဒ္တင္ခါနီးတိုင္း အၿမဲလြန္ဆြဲတယ္ ၊ ျဖစ္ပါ့မလား ျဖစ္ပါ့မလား နဲ႔ ။ HYUNG တုန္းကလည္း အဲ့လိုဘဲ ၊ တင္ဖို႔ကို ၂ လေလာက္ အခ်ိန္ယူရတာ :") တကယ္ေတာ့ေရးထားတာၾကာၿပီ လာေျပာတဲ့သူေတြလည္း တစ္ေယာက္မကတာနဲ႔ အားတင္းၿပီး တင္လိုက္တာ ၊
fantasy ဆိုတဲ့အတိုင္း ေပါက္ကရေတြမို႔ ေပါက္ကရႀကိဳက္မွ ဖတ္ပါ :")
အပ္ဒိတ္ေတာ့ အတိအက် မမွန္ေလာက္ဘူးရယ္ အခုမွလည္း စတာဆိုေတာ့ ေအးေဆးေပါ့ x'D

Continue Reading

You'll Also Like

391K 81.3K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
108K 26.1K 76
හීන ........ හැමෝගෙම හිත්වල හීන තියෙනවා .... ඒත් විවිධාකාරයි.... සමහර හීන අහසට පොළොව වගේ...... ඒත් කොතනකදි හරි මේ හීන එකට මුණගැහුනොත්...... එහෙම වෙ...
525K 103K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
49.6K 6.9K 28
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...