SUPPORT SYSTEM FOR LIFE [SUNG...
Por ji__aan
32.7K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 Más
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 1
5.6K 316 14
Por ji__aan
Unicode
" အခုပြိုင်ပွဲရဲ့အနိုင်ရသူအတွက်က ရွှေတံဆိပ်ဆုမဟုတ်ပါဘူး "
ပွဲတစ်ခင်းလုံး ထို announcement ကြောင့် ဟင်ကနဲဟာကနဲ ပြိုင်ပွဲဝင်တွေမှာလည်း ရုတ်တရက်ကြီး မထင်ထားတာဖြစ်တော့ အံ့ဩလျက်။
လေးငါးလလောက် ဒီ figure skating ပြိုင်ပွဲအတွက် အပင်ပန်းခံပြီးကျင့်ထားရတာ ဆုက
ရွှေတံဆိပ်မဟုတ်ပဲ တခြားဆိုရင် ဘာဖြစ်မလည်း ဆိုတဲ့အတွေးတွေက ပွဲခင်းအလယ်မှာ ရပ်နေတဲ့ပြိုင်ပွဲဝင်တွေရဲ့စိတ်ထဲမှာ ဗြောက်‌သောက်
" PARK SUNGHOON "
သူ့နာမည်တစ်စွန်းတစ်စကြားလိုက်ရတာကြောင့်
ခုနကပြိုင်ထားရတဲ့ ပင်ပန်းမှုတွေတောင် ပျောက်ကုန်ရသည် ။
" ဂုဏ်ယူပါတယ် ။ ပထမဆုအနေနဲ့
ဩဇီမှာလုပ်မယ့် နိုင်ငံတကာသက်ငယ်
Figure Skating ပြိုင်ပွဲမှာ ကိုရီးယား ကိုယ်စားပြုအဖြစ် သွားပြိုင်ခွင့်ရသွားပါပြီ "
ပရိသတ်တွေကအစ ဟင်ကနဲဟာကနဲ
အသက်ငါးနှစ်လောက်ကတည်းက သူဒီဟာကိုလုပ်လာခဲ့ပေမဲ့ အလယ်တန်းပထမနှစ်အရွယ်မှာ
ဒီလိုမျိုးဖြစ်လာလိမ့်မည်လို့ ဆောင်းဟွန်း တကယ် မတွေးထားမိပါ ။
ပွဲခင်းထဲကအထွက်မှာ ဖေဖေ၊ မေမေနဲ့ ညီမလေးတို့က ပြုံးပျော်စွာ စောင့်ကြိုလျက်
" ငါတို့သားအကြီးဆုံးလေးကတော်လိုက်တာ"
" အဖေ့သားအတော်ဆုံးပဲသိလား "
"ပြောသားပဲ ကိုကိုက ပထမရမှာပါလို့ "
" ဒါပေမဲ့ သားလေးအတွက် ပထမက အဲ့လောက်ထိကြီးကျယ်မှန်းတကယ်မထင်ထားခဲ့တာနော် ဖေကြီး "
ဝမ်းသာလုံးစို့ပြီး မျက်ရည်တွေပါဝဲနေတဲ့ မေမေ့ကို သူဖက်ထားမိသည် ။
" ကျေးဇူးပါ မေမေ ။ နောက်လည်း အကောင်းဆုံးကြိုးစားပါ့မယ် "
အဲ့လိုနဲ့ ဆောင်းရာသီလောက်မှာ သူ ဩဇီကိုရောက်ဖြစ်ခဲ့သည် ။
သူ့အဒေါ်မိသားစုက အဲ့မှာနေနေတယ်ဆိုတာကြောင့် ဒေါ်လေးအိမ်ကိုသွားနေဖို့ ဖြစ်သွားခဲ့သည် ။
ဩဇီရဲ့အထာနဲ့ ပြိုင်ပွဲဝင်ရမယ့်နေရာတွေ
ဩဇီသူ ဩဇီသားတွေရဲ့ skating rate တွေကိုရော ၊ တခြားပြိုင်ပွဲဝင်တွေကိုရော သူအကဲခတ်သင့်သည် မဟုတ်လား ။ ‌
သွားနေရမယ့်ကြာချိန်ကတော့ တစ်လကျော်ကျော်လောက်ပေါ့
ဩဇီကို အမေကလိုက်ပို့ပေးသည် ။ ဒီနေ့
ညီမလေးကလည်း လေဆိပ်မှာငိုသည် ။ မခွဲနိုင်လို့ထင်ပါရဲ့
ကျွန်တော် ပတ်ဆောင်းဟွန်းကို မိသားစုကအရမ်းချစ်ကြတာပဲ
ဒေါ်လေးအိမ်ရောက်တာ ဒီနေ့နဲ့ဆို နှစ်ရက်
စကိတ်စီးလေ့ကျင့်ဖို့လောက်ကလွဲရင် သူအိမ်ပြင်မထွက်
" ဆောင်းဟွန်းရေ "
" ဟုတ် ဒေါ်လေး "
" ရောက်တဲ့နေ့ကတည်းက မနားပဲ လေ့ကျင့်နေရလောက်တဲ့ထိ စိတ်အားထက်သန်နေတာလားကွယ် "
" ဟီးဟီး ဒီလိုပါပဲ "
" ဒီနေ့တော့ နားပြီး ခြံထဲဘာထဲ အေးအေးဆေးဆေး လမ်းလေးဘာလေးဆင်းလျှောက်ပါအုံး "
" ဟုတ် "
သူ့အဒေါ်က တဇွတ်ထိုးသမားမို့ စကားနားထောင်ပြီး ဒီနေ့တော့ နားဖို့ဆုံးဖြတ်မိသည် ။
ခြံကို ထွက်ထွက်ခြင်း နှင်းတွေက အဖွေးသား လမ်းပေါ်မှာ ကောဇောအဖြူကြီးခင်းထားသလို
လမ်းကလေးကအရမ်းအကျယ်ပေမဲ့ အရမ်းမကျဉ်း ဒီနှင်းနဲ့ ဒီလမ်းအကွာအဝေးနဲ့ဆို ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် နှင်းလုံးပစ်တမ်းဆော့ဆော့လို့ရလောက်သည် ။
" ဘတ် !"
ဘတ်ခနဲအသံနဲ့အတူ နဖူးပေါ်ကိုအရှိန်ပြင်းစွာကျရောက်လာသော တစ်စုံတစ်ခု ထို့အပြင် ပက်လက်လန်လဲသွားသော ဆောင်းဟွန်း
ခေါင်းတောင် ချာကနဲဖြစ်သွားပြီး ငုတ်တုတ်ပြန်ထထိုင်လိုက်သည်။
နဖူးပေါ်ကိုစမ်းကြည့်တော့ အဖြူရောင်အလုံးလိုက်က ကပ်နေဆဲ
" နှင်းလုံးလား "
" Are you ok ?! "
လှမ်းအော်တဲ့အသံကြားလို့ကြည့်လိုက်မိတော့
မျက်နှာချင်းဆိုင်အိမ်က ဩဇီသားလေးတွေ
ထိုင်နေရာကထပြီး သူခြံပြင်ထွက်သွားမိသည် ။
ဘယ်ကောင်ပစ်တာလည်းလို့ ပြဿနာရှာလိုက်ရ ဆိုပြီး ဒေါသထွက်နေမိသည် ။
လှမ်းအော်တဲ့တစ်ယောက်အပြင် ခပ်သေးသေးကွေးကွေးတစ်ယောက်လည်းပါလာသည် ။
နှစ်ယောက် တစ်ယောက် အနိုင်ကျင့်တော့မလို့လား
" တကယ် ခေါင်းကိုမူးသွားတာပဲ "
ကိုရီးယားလိုတိုးတိုးရေရွတ်ပြီး နောက်မှဘိုလိုမှုတ်ပြီးရှင်းရန် မျက်နှာချင်းဆိုင်မှာလာရပ်တဲ့နှစ်ယောက်ကိုမော့ကြည့်မိတော့
သူတို့က မျက်လုံးအပြူးသား
" Korean ? "
" Yes , I am "
" အာ.. အဲ့တာဆို ကိုရီးယားလိုပဲပြောလို့ရတယ်မလား "
" ကိုရီးယားပဲလား "
" ငါတို့နှစ်ယောက်လုံးက Korea-Ausie ကပြားတွေပါ ဝမ်းကွဲတွေ "
" ‌ဪ "
" တောင်းပန်ပါတယ် ။ ညီလေးက ငါ့ကိုပစ်လိုက်တာ ငါရှောင်လိုက်တော့ မျက်နှာချင်းဆိုင်အိမ်က မင်းဆီအထိရောက်သွားတာပဲ ။ ဒါနဲ့ ကိုရီးယား ပညာရေးနဲ့ဆို အလယ်တန်းပထမ‌နှစ်လောက်ပဲရှိအုံးမယ်ထင်တယ် "
" ဟင် .. ဘယ်လိုသိတာ"
" မှန်းကြည့်တာပါ အဲ့တာဆို အငယ်ကောင်နဲ့တူတာပေါ့ "
" ဟုတ် "
" အငယ်ကောင် တောင်းပန်လိုက်အုံး "
" တောင်းပန်ပါတယ်နော် ငါတကယ် မရည်ရွယ်ပါဘူး "
သွားလေးတွေဖြီးပြီး တောင်းပန်နေပြံက ချစ်စရာကောင်းသလို မျက်မှန်အဝိုင်းလေးအောက်က သွားဖြီးနေရလို့မှိတ်နေတဲ့ မျက်လုံးလေးတွေကိုလည်း အသည်းယားမိသည် ။
ဒီ ဩဇီသားလေးကိုတော့ သူ ထူးထူးခြားခြားမှတ်မိနေမိတော့မယ်ထင်တယ် ။
" ရပါတယ် ။ ဒီမှာ ကိုရီးယားတွေနဲ့တွေ့မယ်မထင်ထားဘူး ။ ဒါနဲ့ နာမည် "
" Jake Shim ပါ ။
ကိုရီးယား နာမည်က ရှင်းမ်ဂျယ်ယွန်း
အကိုက Harmlet ကျွန်တော်တို့ထက် နှစ်နှစ်လောက်ကြီးမယ် "
" တွေ့ရတာ ဝမ်းသာပါတယ် ။ ပတ်ဆောင်းဟွန်းပါ ။ တစ်လပဲ ဒီမှာနေမှာ "
"ခဏလေးပဲပေါ့ ။ ဒါနဲ့ ကိုယ်အိမ်ထဲပြန်ဝင်လိုက်အုံးမယ်နော် အမေ့ကိုကူမလို့ "
အကိုဖြစ်သူက အိမ်ထဲပြန်ဝင်သွားပေမဲ့
ခပ်သေးသေးလေး နာမည်ကဘာ .. Jake
အဲ့ကောင်လေးကပြန်မဝင်သေး
" အဲ့တာကြောင့် အဲ့အိမ်မှာဒီရုပ်မမြင်ဖူးပါဘူးလို့"
တိုးတိုးတွတ်တွတ်ပြောနေတဲ့ ကောင်လေးကိုရီချင်လာပြန်နဲ့စိတ်ကိုထိန်းမရ
" အဒေါ်အိမ်ပါ။ ပြိုင်ပွဲတစ်ခု ပြိုင်စရာရှိလို့ ဒီမှာ
တစ်လကျော်လောက်နေဖြစ်မှာ "
"ဪ..ဒါနဲ့ ပေါ့ပေါ့ပါးပါးပြောလို့ရမယ်မလား ကိုရီးယားချင်းလည်းဖြစ် အသက်လည်းတူတယ်ဆိုတော့ "
" ရတာပေါ့ "
ထပ်ရီပြပြန်သည် ။ တစ်ခါပြုံးပြရင် ရင်ဘတ်ထဲ ကုလားဆိုင်းတီးသလိုဖြစ်ဖြစ်သွားသည် ။ တစ်ခါမှလည်း အဲ့လိုမဖြစ်ဖူးပါဘူး
စတွေ့တဲ့ လွန်ခဲ့တဲ့ ငါးမိနစ်ကတည်းက အကြည့်မလွှဲနိုင်ခဲ့ဘူး ရင်လည်းခုန်တယ်ဆိုတော့
အဲ့တာဘာလည်း ချစ်မိတာလား
ဪ ပတ်ဆောင်းဟွန်း ပတ်ဆောင်းဟွန်း
ငယ်သေးတဲ့အချစ်ဆိုတာကြီးက ဒီဩဇီသားနဲ့မှစလာပြီထင်ပါရဲ့ကွာ
" အဲ့တာဆို သူငယ်ချင်းဖြစ်သွားပြီနော် "
" အဲ့လိုမရ... ရတာပေါ့ သိပ်ရတယ် ရတယ် "
" ဆောင်းဟွန်းက ချစ်စရာကြီး "
" ကျေးဇူးပါ "
" အဲ့တာဆို အိမ်ပြန်တော့လေ "
အိမ်ပြန်တော့လေ ဆိုတဲ့စကားက အပျော်ကိုတောင်ဝင်ဖျက်သလို
နေပါဦး.. အဲ့တာ နှင်ထုတ်နေတာလား
" အာ.. အင်း "
" လမ်းမပေါ်မှာ အကြာကြီးရပ်နေတာအဆင်မပြေဘူးမလား ဆောင်းဟွန်းရဲ့ အိမ်ပြန်တော့ "
" အော် ဟုတ်သားပဲ .. ပြန်ပြီနော် "
ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပဲ မျက်နှာက
‌အော်တို ရဲတက်လာသည် ။ နှင်းလုံးနဲ့အပေါက်ခံလိုက်ရတာ ကံဆိုးတာလား ကံကောင်းတာလား
" ဒါမှ မဟုတ် .. အိမ်လိုက်ခဲ့မလား ဆောင်းဟွန်း"
နဂိုကမှ ရှက်သလိုလိုဖြစ်နေရတဲ့ထဲ ထိုအကောင်ပေါက်ရဲ့အသံလေးနဲ့ မဖြစ်ပါဘူး ။ အရေးပေါ်အခြေအနေကို အိမ်ထဲဝင်ပြီး ကုမှဖြစ်ပါအုံးမယ်လေ ။
" နောက်မှပေါ့ နည်းနည်း အေးလာလို့ ပြန်ဝင်တော့မယ်နော် "
" အင်း အင်း တာ့တာနော် "
" တာ့တာ "
အိမ်ထဲ ပြန်ဝင်လာတော့ အဒေါ်က တပြုံးပြုံးနဲ့ ကြိုနေရှာပါသည် ။
" ဘယ်လိုလည်း အပြင်ထွက်တာပျော်ရောပျော်ခဲ့ရဲ့လား "
" ဟုတ် ပျော်.. ပျော်ပါတယ် "
ပျော်ပါတယ်
ဩဇီသားလေးနဲ့ဆုံရလို့ မတရားပျော်ခဲ့ပါတယ်။
သေအောင်ပျော်ပါတယ်။
"ဆောင်းဟွန်းလေးအေးနေတာလား နားရွက်တွေရော မျက်နှာတွေရော ရဲလို့ "
" အမ်..ဟုတ် အေးတယ် အရမ်းအေးတာ မီးဖိုနားသွားထိုင်လိုက်အုံးမယ်နော် "
မီးဖိုကအနွေးဓာတ်က
အေးတာပျောက်ပေမဲ့
ရင်ထဲကဩဇီသားလေး ဂျိတ်ခု ရဲ့အကြည်ဓာတ်တွေတော့မပျောက်စေနိုင်ဘူးထင်ပါရဲ့
ဩဇီမှာတစ်လကျော်‌ပဲနေရမှာကို နှမြောတယ်
_____SUPPORT_SYSTEM_FOR_LIFE______
Romance,Comedy ပဲသွားမှာနော် ဟွန့် :P
21.9.2020
___________________________________________
Zawgyi
" PARK SUNGHOON "
" ဂုဏ်ယူပါတယ် ။ ပထမဆုအနေနဲ့
ပွဲခင်းထဲကအထွက်မှာ ဖေဖေ၊ မေမေနဲ့ ညီမလေးတို့က ပြုံးပျော်စွာ စောင့်ကြိုက်လျက်
" ဆောင်းဟွန်းရေ "
" ဟုတ် ဒေါ်လေး "
" ဟီးဟီး ဒီလိုပါပဲ "
" ဟုတ် "
" ဘတ် !"
" နှင်းလုံးလား "
" Are you ok ?! "
" Korean ? "
" Yes , I am "
" ကိုရီးယားပဲလား "
" ‌ဪ "
" ဟင် .. ဘယ်လိုသိတာ"
" ဟုတ် "
" Jake Shim ပါ ။
" တွေ့ရတာ ဝမ်းသာပါတယ် ။ ပတ်ဆောင်းဟွန်းပါ ။ တစ်လပဲ ဒီမှာနေမှာ "
" ရတာပေါ့ "
" ကျေးဇူးပါ "
" အာ.. အင်း "
" အင်း အင်း တာ့တာနော် "
" တာ့တာ "
" ဟုတ် ပျော်.. ပျော်ပါတယ် "
ပျော်ပါတယ်
သေအောင်ပျော်ပါတယ်။
မီးဖိုကအနွေးဓာတ်က
အေးတာပျောက်ပေမဲ့
21.9.2020
___________________________________________
Seguir leyendo
También te gustarán
803K 29.9K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
19.9K 1.6K 80
I heard a voice I looked around I saw no one I heard a tale of someone in pain I started to cry from sadness in it But then I knew It was all inside...
367K 11K 21
As Clarke & Lexa deal with the aftermath of their decisions at Mount Weather,forgotten feelings resurface. Both leaders struggle to find themselves a...
1.7K 163 3
BL Fanfiction Completed