For Unicode
လွတ်မြောက်ခြင်း
ယနေ့ ကိုကို့ကိုသွားကြိုရမည်။ အချိန်အားဖြင့် နံနက်ဆယ်နာရီခန့်ဖြစ်သည်။ အိမ်အောက်ထပ်သို့ဆင်းလာသော ခြေလှမ်းများသည် ယိုင်နဲ့နဲ့နှင့်...။ ခြေတစ်လှမ်းချင်းစီအတွက် စိုက်ထုတ်ရသောအားတို့မှာမနည်းလှ။ ခေါင်းထဲတွင်လည်း မူးဝေနေသည်။ အမြင်အာရုံတို့သည်လည်း ကြည်လင်မှုမရှိ။ အားယူ၍ထိန်းလျှောက်သော်လည်းမရ..။ လှေကားမှဆင်းပြီး ခြံအပြင်သို့ထွက်မည့်အခိုက်တွင် လဲကျသွားမိသည့် မိမိခန္ဓာကိုယ်..။ မေမေနှင့်ဘွားဘွားတို့သည်က စိုးရိမ်တကြီးပြေးလာခဲ့သည်။ လဲကျသွားသော မိမိခန္ဓာကိုယ်ကို မေမေက ပွေ့ထားပေးသည်။
“ သားငယ်.. ဘယ်လိုဖြစ်တာလဲ.. “
“ သား.. ဘာမှမဖြစ်ပါဘူးမေမေရဲ့..။ ဒီအတိုင်း မိုက်ခနဲမူးသွားတာပါ “
“ အခု သွားကြိုလို့ဖြစ်ပါ့မလားဟင်။ ဆေးရုံသွားမလား “
“ ကိုကို့ကိုပဲ သွားကြိုလိုက်ပါမေမေ။ သားကအခုပုံစံနဲ့တော့ လိုက်လို့ရမယ်မထင်ဘူး “
“ သားလေးတစ်ယောက်တည်း ကျန်ခဲ့မှာလေ။ ဖြစ်ပါ့မလားကွယ် “
“ ဖြစ်ပါတယ်မေမေရဲ့။ ခဏနားလိုက်ရင် သက်သာသွားမှာပါ။ မေမေတို့ပဲသွားကြိုလိုက်တော့နော် “
“ မေမေတို့စိတ်ချမယ်နော်သား..”
“ ဟုတ်မေမေ “
မေမေတို့ထွက်သွားပြီးနောက် အိမ်အပေါ်ထပ်ကိုလည်း ပြန်မတက်နိုင်ခဲ့ပေ။ ဧည့်ခန်းထဲမှခုံပေါ်တွင်သာ ထိုင်နေမိသည်။
ယနေ့တွင် သီပေါမြို့၏ဆောင်းရာသီအအေးဒဏ်သည် ယခင်နေ့များက မိမိခံစားနေကျ အအေးဒဏ်မျိုးမဟုတ်။ ပို၍အေးစိမ့်နေသည်။ ကိုယ်ခံအားနည်းနေသောကြောင့်သာ ရာသီဥတုဒဏ်ကို ပို၍ခံစားမိနေသည်ဟု ယူဆမိသည်။ ကိုယ်ခံအားနည်းနေသည့် မိမိအား ဆောင်းရာသီ၏အအေးဒဏ်အပါအဝင် ပို၍အေးစိမ့်စေသော အကြောင်းအရင်းတစ်ခုက ရှိနေသေးသည်။ ထိုအကြောင်းအရာမှာ မိမိအရှေ့တွင်ရပ်နေသော စိုင်းထွဋ်ခေါင်ကြောင့်ပင် ဖြစ်သည်။
မိမိရှေ့တွင်ရပ်နေသောသူသည် ယခင်ကကဲ့သို့မဟုတ်..။ တောက်ပလွန်းသောမျက်၀န်းတို့အစား နီရဲနေသော မျက်ထောင့်နီတို့က နေရာယူထားသည်။ နွေးထွေးလွန်းသောအပြုံးတို့အစား အေးစက်လွန်းသော တည်ကြည်မှုတို့က နေရာယူထားသည်။ သူ၏စိတ်အလိုမကျမှုတို့ကြောင့် အေးစက်သွားသော အပြုအမူတို့သည် မိမိအားပို၍ အေးစိမ့်စေသည်။
မိမိထံသို့ရောက်လာသော ဧည့်သည်ကို အပြုံးနှင့်ကြိုဆိုရသည်မှာ အိမ်ရှင်တို့၏ဝတ္တရား..။ ထို့ကြောင့်သာ မိမိရှေ့တွင်ရပ်နေသာ နှလုံးသားသို့အလည်လာသည့် ဧည့်သည်ကို အပြုံးလေးဖြင့် ကြိုဆိုရမည်။
“ နေမကောင်းဘူးမဟုတ်လား။ အခန်းထဲမှာ နားနေရောပေါ့။ လဲကျသွားလို့ နာနေသေးတာကို ပြုံးနေနိုင်တယ်နော် “
“ အိမ်ရှင်က ဧည့်သည်ကို အပြုံးနဲ့ကြိုဆိုရတာ ထုံးစံပဲလေ “
“ ကိုယ်ကဧည့်သည်လား ကောင်လေး “
တင်းမာနေသောအသံဖြင့် ပြောလာသည့်ထိုစကားသည် သူ၏ဒေါသတို့ ပို၍နိုးထလာကြောင်းကို သိသာစေသည်။
“ ဒါပေါ့.. အခုချိန်မှာ ကျွန်တော်က အိမ်ရှင်ပဲဟာ။ အဲဒီတော့ ကျွန်တော့်ဆီအလည်လာတဲ့ ခင်ဗျားက ဧည့်သည်ပဲပေါ့ “
“ ဧည့်သည်ဆိုတာ ခဏတာနေရုံပဲ။ အချိန်တန်ရင် ပြန်သွားရမယ်လေ။ အဲဒါကြောင့် ကိုယ်က ဧည့်သည်မဖြစ်ချင်ဘူး “
“ ဟုတ်လား.. အင်းလေ ဒီအိမ်ကလည်း အရင်ကတည်းက ခင်ဗျားရဲ့အိမ်ပဲကို။ ထားပါလေ... ခင်ဗျားက အိမ်ရှင်ဆိုတော့လည်း ကျွန်တော်ကပဲ ဧည့်သည်လုပ်ပေးမယ်။ ကျွန်တော်က ထွက်သွားရမယ့် လူလေ... “
“ ကိုယ်က ထွက်သွားခွင့် မပေးဘူးဆိုရင်ရော... “
“ သေခြင်းတရားက လူတိုင်းငြင်းဆန်လို့မရတာ ခင်ဗျားသိပါတယ် “
“ မြတ် သူ ... “
နာမည်အားတစ်လုံးချင်းစီ ကွဲပြားစွာအော်လိုက်သော သူ၏အသံ...။ ထို့နောက် ကျကွဲသွားသည့် ဧည့်ခန်းစားပွဲခုံပေါ်မှ ပန်းအိုးငယ်..။
“ ခင်ဗျားနှယ်... ဒေါသကြီးလိုက်တာ။ အပြစ်မရှိတဲ့အရာကို ထပ်ပြီးပျက်စီးစေပြန်ပြီ “
“ ဟုတ်တယ်။ ကိုယ်ဒေါသကြီးတယ်။ ကောင်လေးကို လက်လွှတ်ရမယ့် ဖြစ်ရပ်တိုင်းအတွက် ကိုယ့်စိတ်တွေက ထိန်းချုပ်မရတဲ့အထိ လွတ်ခဲ့ဖူးတယ် “
“ အင်း .. ခင်ဗျားဒေါသကြီးတာကို ကျွန်တော်သိတယ်။ ဒေါသကြီးရုံတင်မဟုတ်ဘူး။ စဉ်းစားဉာဏ်တွေမဲ့ခဲ့တာရော အချစ်အတွက် သတ္တိမရှိခဲ့တာကိုရော ကျွန်တော်သိတယ် “
ထိုစကား၏အဆုံး၌ သူ၏ပါးပြင်ထက်တွက် စီးဆင်းလာသော မျက်ရည်တချို့...။ ကြည်နေခြင်းတော့မရှိ.. နီရဲလို့နေသည့် သွေးမျက်ရည်သာ..။
“ အတိတ်တွေကို သွားပြန်ပြီလား...။ အတိတ်ကအမှားတွေက ပူလောင်တယ်မဟုတ်လား..။ ဆက်မမှားပါနဲ့တော့လား “
“ အခုက ဘာမှားနေလို့လဲ ကောင်လေး “
“ ဒီဘဝနဲ့စောင့်နေတာကိုက အမှားတစ်ခုလေ.. လူတိုင်းက အချိန်တန်ရင်ခွဲရမှာပဲလေ.. အဲဒီလောက်ကြီးအစွဲအလမ်းမထားပါနဲ့လား “
“ မင်းတရားတွေက မထိရောက်ဘူးကောင်လေး.. “
“ ထိရောက်တဲ့နည်းလမ်းတွေနဲ့ ကျွန်တော်ကြိုးစားတဲ့အခါ.. အပြစ်မမြင်နဲ့နော်။ ခင်ဗျားကောင်းဖို့အတွက်ပါ “
“ ဟူး... မင်းလည်း သိပ်ပြောရခက်တယ်။ ဒီနေရာမှာ မင်းမဟုတ်တဲ့ တခြားလူဆိုရင် သေနေလောက်ပြီ။ မင်းနဲ့ကိုယ်နဲ့စကားဝိုင်းကို ဒီမှာရပ်မယ် “
ကောင်လေး၏စကားတို့ကို ဆက်၍မကြားလို။ သူ၏စကားတို့သည် မိမိအား သူ၏အနားမှထွက်သွားစေလိုခြင်းဆီသို့ ဦးတည်နေသည်။ ထို့ကြောင့်သာ စကားဆက်မပြောခဲ့။ သို့သော်လည်း သူအရှေ့မှ မပျောက်ကွယ်ရက်..။
သူနေမကောင်းဘူး။ တစ်ယောက်တည်းနေနေတဲ့ကောင်လေး.. အထီးကျန်နေမှာပေါ့..။
ထိုကြောင့် ဧည့်ခန်း၏ထောင့်တစ်နေရာတွင်သာနေ၍ သူ့အားစောင့်ကြည့်နေခဲ့သည်။
မြတ်သူ၏မိဘများသည်လည်း မင်းသူအား လားရှိုးလေဆိပ်တွင် သွားကြိုရသည်မို့ လမ်းခရီးတွင် အတော်ကြာမြင့်ခဲ့သည်။ လေဆိပ်တွင် မင်းသူ၏ချစ်သူ နန်းခင်ယွန်း၏မိဘများသည်လည်း စောင့်နေခဲ့ကြသည်။ မြန်မာနိုင်ငံသို့ပြန်ရောက်သော သားနှင့် သမီးတို့ကိုသွားကြိုရင်း ဆွေမျိုးတော်ရမည့် မိသားစုနှစ်ခုလည်း စကားပြောနေခဲ့သည်။
ထိုစကားဝိုင်းတွင် သိခဲ့ရသည့် နန်းခင်ယွန်း၏ဖခင်အကြောင်းသည် မြတ်သူအတွက် တစ်စုံတစ်ရာသောမျှော်လင့်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ နန်းခင်ယွန်း၏ဖခင်သည် အထက်လမ်းဆရာတစ်ဦးဖြစ်နေခြင်းပင်။ နာမည်မှာ စိုင်းသီဟဇော်ဖြစ်သည်။
ထိုသူအား သားငယ်၏အဖြစ်စဉ်တို့ကိုပြောပြ၍ အကူအညီတောင်းသောအခါ သူသည်လည်းလက်ခံခဲ့သည်။ ယခုချက်ချင်းပင် အိမ်သို့ လိုက်ကြည့်ရန်မှာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော သူသည်ဗုဒ္ဓဘာသာကိုးကွယ်သော အထက်လမ်းဆရာဖြစ်သည်။ မြတ်သူ၏မိဘများသည်က ခရစ်ယာန်ဘာသာ၀င်ဖြစ်ကြသည်။ အယူသီးသူများမဟုတ်သော်လည်း ဘာသာဆိုင်ရာအယူအဆများသည်က ကွဲလွဲနေသေးသည်။ ထို့ကြောင့်သာ နန်းခင်ယွန်း၏အိမ်ကိုလာရန် ဖိတ်ခေါ်ခဲ့သည်။
အိမ်သို့ပြန်ရောက်သောအခါ တွေ့လိုက်ရသည့် မြင်ကွင်းသည် စိတ်မသက်သာဖွယ်...။ မြတ်သူသည်က ထိုင်ခုံထက်တွင် လှဲနေသည်။ အလှပန်းအိုးလေးသည်က အစိတ်စိတ်အမြွှာမြွှာ။
အားမရှိသော ညီညီ၏မျက်နှာသည်က ဖြူဖပ်ဖြူရော်နှင့်..။ ယခင်က ပြည့်ဖောင်းနေသည့် ခန္ဓာကိုယ်လေးမှာလည်း အလွန်ပိန်သွားသည်။ မိုက်လွန်းသည့်ညီညီကို ဆူချင်သော်လည်း သွေးမရှိသယောင် ဖြူဖွေးနေသည့် သူ၏မျက်နှာလေးကြောင့် မဆူရက်ခဲ့။ မိမိတို့ရောက်နေကြောင်းကို သူသိပုံမရ..။ ခေါ်မှသာ မျက်လုံးလေး ပွင့်လာသည်။ ထ၍ထိုင်ဖို့ကိုပင် အားယူနေရသေးသည့် ညီညီကိုကြည့်ကာ ဝမ်းနည်းမှုတို့က အစိုးမရခဲ့..။
“ ညီညီ “
“ ကိုကိုတောင် ရောက်နေပြီလား “
မိမိအားထိုသို့ပြောပြီးနောက် သူ၏အကြည့်တို့သည် မိမိတို့ထံတွင်မဟုတ်...။ အခန်းထောင့်တစ်နေရာဆီသို့သာ...။
“ သက်သာရဲ့လား သားငယ် “
“ သားသက်သာပါတယ်မေမေ “
ပြန်ဖြေသောအသံတို့မှာ အားမပါခဲ့..။
“ ဘာလို့ အဲဒီလောင်တောင်ရူးတာလဲညီညီ။ အခု ညီညီပုံကို ပြန်ကြည့်ပါဦးကွာ “
“ ဟုတ်ပါတယ်.. ညီညီမှားခဲ့တယ်။ မမြင်ရတဲ့ အချစ်ကြီးကြောင့်ပေါ့ “
“ ဒီလောက်ထိမှားခဲ့တာတောင် အချစ်ဆိုတာကြီးကို ထည့်ပြောနေတုံးလား။ ပုံမှန်မဟုတ်တဲ့ ချစ်ခြင်းကြီးကို မင်းမို့လို့ ယုံတယ် ညီညီရယ်... “
ကိုကို၏စကားတို့သည် မိမိအားကရုဏာဒေါသဖြင့် ဆူနေကြောင်းသိပါသည်။ သို့သော် မိမိအားထိပါးလာလျှင် နည်းနည်းမျှသည်းခံခြင်းမရှိသည့် အခန်းထောင့်မှချစ်ရသူကြီးက ကိုကိုအားတစ်ခုခုပြုလုပ်လိုက်မည်ကိုလည်း စိုးရိမ်ရသည်။ ထို့ကြောင့် သူရှိကြောင်း ကိုကို့ကို သတိပေးလျှင် ပို၍အဆင်ပြေမည်..။
“ တွေ့လား။ ခင်းဗျားကြောင့် ကျွန်တော်အဆူခံနေရပြီ “
အခန်းထောင့်ကိုကြည့်ကာ ခံစားချက်တို့ပျောက်ဆုံးနေသော မျက်နှာနှင့် ညီညီပြောလိုက်သည့်စကား...။ ထိုစကားနှင့်အတူ မိမိ၏ကျောပြင်သည် စိမ့်ခနဲဖြစ်သွားပြီး ကြက်သီးများပင် ထလာသည်။
“ ဘာလဲ အဲဒီမကောင်းဆိုးဝါးရှိနေတာလား “
“ အင်း.. “
“ ငါ့မိသားစုကိုဒုက္ခပေးတဲ့ အဲဒီမကောင်းဆိုးဝါးကို ကြာကြာထားလို့မဖြစ်ဘူးပဲ.. “
ကိုကို၏ဒေါသသံနှင့်အတူ အိမ်ရှိမီးချောင်းများသည် အလင်းရောင်ပျောက်ရှကုန်သည်။ ထို့နောက် ကိုကိုအပေါ်သို့ကျလာသည့် မီးချောင်း...။ ထိုမီးချောင်း ကျလာသည်ကိုမြင်လိုက်သည့် ကျွန်တော်က ကိုကို့အား ကျွန်တော့်ခန္ဓာကိုယ်နှင့်ကာပေးခဲ့သည်။ ထို့နောက် လောကြီးသည် ခေတ္တအမှောင် ဖုံးသွားခဲ့သည်။
ချစ်ရသူတွေကို အထိအခိုက်မခံတော့ဘူးလေ။ ကျွန်တော်ပဲ နာကျင်လိုက်မယ်..။
ဤဖြစ်ရပ်ကြောင့် မိသားစု၀င်တို့သည်လည်း ထိတ်လန့်ကုန်ကြသည်။ မေ့လဲသွားသည့် မြတ်သူအတွက် အလွန်တရာစိုးရိမ်မိသည်။ ဤအတိုင်းသာ ဆက်ထားနေ၍မဖြစ်သည်ကိုသိ၍ နန်းခင်ယွန်း၏ အိမ်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
နန်းခင်ယွန်း၏အိမ်သို့ရောက်သည်အထိ မြတ်သူသတိမလည်သေးပေ။ မြတ်သူ၏ကိုယ်လေးအား မင်းသူက ပွေ့ချီလျက် ဘုရားခန်းထဲသို့သွားခဲ့သည်။
မေမေနှင့် ဘွားဘွားတို့ကို ဘုရားခန်းထဲသို့မခေါ်လို။ ညီညီ၏အဖြစ်ကိုကြည့်ရင်းပင် ပို၍စိတ်ထိခိုက်လိမ့်မည်။ ထို့ကြောင့်သာ ခင်လေး၏မေမေကိုခွင့်တောင်း၍ ဧည့်ခန်းထဲတွင်သာ ထိုင်စေခဲ့သည်။ ခင်လေး၏မေမေမှာလည်း ဘွားဘွားနှင့်မေမေတို့ကို အဖော်ပြုရင်း နေပေးခဲ့သည်။
ဘုရားခန်းထဲသို့ရောက်သောအခါ ဦးစိုင်းသီဟဇော်သည် သမီးဖြစ်သူအား ခေါ်ကာ သူ၏အရှေ့တွင်ထိုင်ခိုင်းစေသည်။
“ ကဲ.. သမီးရေ.. ခုနှစ်ရက်သားသမီးတွေကိုကယ်ဖို့ ငါ့သမီးလေး ခရီးကရောက်ရောက်ချင်း အပင်ပန်းခံလိုက်ဦးကွယ်.. “
“ ဟုတ်ကဲ့ဖေဖေ.. “
“ ကဲ.. ဒီကြာသပတေးသား မောင်မြတ်သူကို နှောင့်ယှက်နေ အမှောက်ပယောဂ အခုချက်ချင်းငါ့အရှေ့လာခဲ့စမ်းဟဲ့။ အိမ်စောင့်နတ် ခြံစောင့်နတ်တွေက အဲဒီအကောင်ကို တားဆီးပိတ်ပင်ခြင်းမပြုနဲ့။ ငါ့ရှေ့ကို အရောက်လာပစေ.. “
ထိုစကားဆုံးပြီးနောက် နန်းခင်ယွန်း၏ခေါင်းသည် ငိုက်ကျသွားသည်။ ခန္ဓာကိုယ်လည်း တဆတ်ဆတ်တုန်လာသည်။ မျက်နှာသည်လည်း ခက်ထန်မာကျောနေသည်။ ဦးစိုင်းသီဟဇော်အား မော့ကြည့်လာသောအကြည့်များသည် မကောင်းဆိုးဝါးသဖွယ် အလွန်ကြောက်စရာကောင်းလှသည်။
“ မင်းရောက်ပြီပေါ့..။ မင်းဘယ်သူလဲ.. ဘယ်ကလဲ.. မင်းကို ဘယ်သူခိုင်းတာလဲ။ ဘာကိစ္စ ဒီကလေးကို နှောင့်ယှက်ရတာလဲ “
ဦးစိုင်းထွဋ်ခေါင်၏အမေးကို ပြန်မဖြေခဲ့။ မျက်ထောင့်နီနှင့်သာ စိုက်ကြည့်နေသည်။
“ ဘာလဲ မင်းပါးစပ်ထဲမှာ အာစေးထည့်ထားလို့ မပြောနိုင်တာလား။ အားစေးမိနေရင် မင်းရဲ့နှုတ်ကို ငါဖွင့်ပေးမယ် “
အသံဖြင့် ပြန်မဖြေ။ ခေါင်းသာခါပြသည်..။ ပြီးနောက် အသံနက်ကြီးဖြင့် အော်ရယ်သည်။
“ ရယ်တောင်ရယ်နိုင်တယ်ဆိုတော့ မင်းကအားစေးမိတာမဟုတ်ဘူးပေါ့။ မင်းကငါအေးအေးဆေးဆေး မေးနေတာကို မဖြေဘူးပေါ့လေ..။ ကဲ.. ဟုတ်ပြီ မင်းအပြစ်နဲ့မင်းခံစေရမယ်။ မင်းလိုကောင်တွေက မေတ္တာရှေ့ထားလို့ မတန်ဘူးပဲ “
ထိုစကားကိုကြားသော်လည်း ဂရုမစိုက်သည့်အပြင် အသံနက်ကြီးဖြင့် အော်ရယ်နေဆဲပင်။ ပါးစပ်မှလည်း တံထွေးကို ပစ်ခနဲထွေးလိုက်ကာ မထီမဲ့မြင်ပြုသည်။
“ တယ်.. ရိုင်လိုက်တဲ့သတ္တဝါပါလား။ ငါ့အမိန့်ကို လွန်ဆန်နေတဲ့သူ့ကို နဂါးကြီးနှစ်ကောင်က လာရောက်ရစ်ပတ်ချုပ်နှောင်ထားစမ်း.. မလွှတ်နဲ့.. လုံးဝမလွှတ်နဲ့.. အဲဒီအကောင်ရဲ့ ဦးခေါင်းကို အသင်နဂါးတို့ရဲ့ မီးနဲ့ မှုတ်စမ်းဟဲ့။ ပါးစပ်ကိုဖြဲပြီး သံရည်ပူတို့ လောင်းထည့်စမ်း။ အဲဒီအကောင်ရဲ့လက်တွေကို ကြိုးပိုင်က နှောက်ပြန်တုပ်ထားစမ်း “
စိုင်းထွဋ်ခေါင်ဝင်ပူးနေသည့် နန်းခင်ယွန်း၏ခန္ဓာကိုယ်သည် ကြိုးများဖြင့် တင်းကျပ်စွာ ချုပ်နှောင်ထားသကဲ့သို့ တောင့်တင်းလာပြီးချွေးစီးများထွက်လာကာ အော်ဟစ်နေသည်။
“ ယခု ထိရောက်နေသော အစွမ်းသည် တနင်္လာသမီးနန်းခင်ယွန်းကို မထိခိုက်ရဘူး။ ငါ့ကိုအာခံနေတဲ့ဒီအကောင်ကိုသာ သက်ရောက်စေရမယ်။ တနင်္လာသမီးကို ဘာနာကျင်မှုမှ မဖြစ်ရဘူး..။ “
နန်းခင်ယွန်း၏အော်ဟစ်သံ.. ဦးစိုင်းသီဟဇော်တို့၏အမိန့်ပေးသံတို့နောက် သတိလည်လာသည့် မြတ်သူသည် စိုင်းထွဋ်ခေါင်ဝင်ပူးနေသော နန်းခင်ယွန်၏ အဖြစ်အပျက်ကိုကြည့်ကာ မျက်ရည်တို့ စီးကျလာသည်။
“ ငါဆရာကို မလွန်ဆန်နဲ့ကွ။ ငါ့ကိုအလေးမခန့်လုပ်ရင် အခုခံရတဲ့ဒဏ်တွေထက် ပိုဆိုးသွားမယ်။ ပြောစမ်း မင်းနာမည် ဘယ်သူလဲ။ ဘယ်ကလဲ။ မင်းကိုဘယ်သူခိုင်းတာလဲ “
“ စိုင်း... ထွဋ်ခေါင်..။ ငါက ဟိုး.. အရင်ကတည်းက အဲဒီအိမ်မှာနေတာ။ ငါ့ကို ဘယ်သူမှမခိုင်းဘူး.. “
“ ဘယ်သူမှမခိုင်းပဲ.. မင်းကဘာလို့ ဒီကလေးကိုနှောင့်ယှက်လဲ “
“ ငါ့ဘာသာငါ နေချင်လို့နေနေတာ “
“ နေချင်တိုင်း နေလို့ရမလားကွ။ မင်းက မကောင်းဆိုးဝါး။ သူကလူကွ “
“ အဲဒါ ငါတို့ကိစ္စ မင်းနဲ့မဆိုင်ဘူး “
မျက်ထောင့်နီနှင့်ကြည့်ကာ အော်၍ပြောလိုက်သော သူ၏စကားကြောင့် ဦးစိုင်းသီဟဇော်သည် ဘုရားစင်ပေါ်မှ ကြေးချောင်းကိုယူကာ သူ၏ဦးခေါင်းကိုထောက်ထားလိုက်သည်။
“ ငါ့ကိုအာမခံနဲ့။ ငါ့ကိုအာခံရင် မင်းဦးခေါင်း ရှစ်စိတ်ကွဲသွားမယ်။ မင်းရဲ့ အသုံးနှုန်းတွေ ပြန်ပြင်လိုက်စမ်း။ ငါကဆရာ မင်းကမကောင်းဆိုးဝါးကွ “
“ အား.... ပူတယ်.. ပူတယ်.. အား..... “
ထိုအဖြစ်အပျက်တို့ကိုကြည့်ကာ မြတ်သူသည်လည်း အသက်ကိုပင် မနည်းရှူနေရသည်။
သူ၏အော်သံတို့သည် ကျွန်တော့်၏နှလုံးသားတို့ကို ဓားဖြင့်မွှန်းသည့်အလား နာကျင်ရပါသည်။
“ မင်းမြင်လား ဟိုမှာကြည့်စမ်း။ မင်းကြောင့် အပြစ်မရှိတဲ့ကလေးက အခုလို ထိခိုက်နေတာ မင်းမြင်လား။ မင်းက သူ့ကိုထိခိုက်စေချင်တာလား “
ချုပ်နှောင်ထားသည် နဂါးတို့ကြောင့် လှုပ်၍မရ။ ပူလောင်လှသည်။ ထိုမျှသာမက ကောင်လေး၏ ငိုကြွေးမှုတို့ကြောင့်လည်း ပို၍ပူလောင်ရပါသည်။
“ အင်း... မြင်တယ် ။ မထိခိုက်စေချင်ပါဘူး.. “
ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ မျက်ရည်တို့ဖြင့်ဖြေလာသည့် သူ..။
သူ နာကျင်နေမှာပေါ့.. ။
“ အေး အဲဒါဆိုရင် ငါမေးတာကို မင်းအေးအေးဆေးဆေးဖြေ။ မင်းကဘာလို့ သူ့ဘေးနားမှာ တွယ်ကပ်နေတာလဲ “
“ မေတ္တာရှိလို့.. သူနဲ့ကျွန်တော်က အရင်ဘ၀တုန်းက မေတ္တာမျှခဲ့ကြတယ်။ ကျွန်တော့်လက်နဲ့ သူ့ကိုသတ်ခဲ့မိတယ်။ အဲဒီအပြစ်တွေအတွက်... သူ့ကိုတောင်းပန်ချင်လို့.. စောင့်ရှောက်ချင်လို့ “
“ အေး အဲဒါက အရင်ဘ၀ကကိစ္စ။ အခုဘဝနဲ့ ဘာမှမဆိုင်တော့ဘူး။ အခုမင်းဒီလိုတွယ်ကပ်နေလို့ သူကောင်းကျိုးခံစားရလား “
အသံဖြင့် မဖြေ။ ခေါင်းသာ ခါပြပြန်သည်။
“ အဲဒါကို မင်းသိရဲ့နဲ့ ဘာလို့ တွယ်ကပ်နေတာတုံး “
“ နောက်ဘ၀ဆိုတာကြီးက.. မသေချာလို့.. သူ့ကို.. သူ့ကို တွေ့ချင်သေးလို့ တွယ်ကပ်မိတာပါ “
ထိုစကားဆုံးပြီးနောက် အော်ဟစ်၍ ငိုကြွေးသည့် သူ..။ ရှိုက်ကြီးတငင်ငင်နှင့်။ မျက်ရည်တို့မှာလည်း မစဲခဲ့။
“ မင်းသူ့ကို မထိခိုက်စေချင်ရင် အခုမင်းဒီဘ၀က ကျွတ်လွတ်အောင် အရင်လုပ်.. ပြီးရင် မင်းရဲ့အပြစ်တွေအတွက် မှန်မှန်ကန်ကန် ပြန်ပေးဆပ်ပါ “
“ ကျွန်တော်သူ့ကိုစကားပြောချင်လို့ ပြောခွင့်ပေးပါလား “
တောင်းဆိုလိုက်သည့် မြတ်သူ၏စကားကို ဦးစိုင်းသီဟဇော်က လက်ခံပေးသည်။
“ အင်း ပြောပါ။ ဦးလေးကို အားမနာနဲ့ “
“ ဟုတ်ကဲ့.. “
မူးဝေနေသော ခေါင်းကြောင့် မတ်တတ်မရပ်နိုင်။ ထိုင်လျက်ပင် တရွေ့ရွေ့နှင့် သူ၏အနားသို့ချဉ်းကပ်သွားသည်။ အနားသို့ ရောက်သောအခါ သူ၏မျက်ရည်တို့ကို မိမိ၏လက်များဖြင့် ဖယ်ရှားပေးလိုက်သည်။
“ ကျွန်တော် ဆုတောင်းခဲ့တယ်..။ ကျွန်တော့်ဆုတောင်းတွေကပြည့်ခဲ့လို့ အခုတောင်ပြန်ဆုံရသေးတာပဲ။ နောက်ဘဝမှာလည်း ပြည့်ဦးမှာလို့ ကျွန်တော်ယုံကြည်တယ်လေ။ ခင်ဗျားလည်း ယုံကြည်ပေးပါနော်။ ဒီလိုဘဝကြီးနဲ့တော့ ဆက်မနေပါနဲ့ဗျာ..။ ကျွန်တော်လည်း နာကျင်ရလို့ပါ “
စိုင်းထွဋ်ခေါင်သည် မြတ်သူ၏ပခုံးထက်တွင် မျက်နှာအပ်ကာ ငိုကြွေးနေသည်။ မြတ်သူသည်လည်း စူးနင့်သောရင်ဘတ်ကို ဆုပ်ကိုင်ကာ ငိုကြွေးနေမိသည်။ နှစ်ဦးသားလုံး၏ ငိုရှိုက်သံသည် အခန်းငယ်အတွင်း၌ လွှမ်းမိုးလို့နေသည်။
“ ကောင်လေးကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူးကောင်လေးရယ်..။ တကယ်တောင်းပန်ပါတယ် “
“ ကျွန်တော်တို့နှစ်ယောက်လုံး မှားခဲ့ကြတာပဲ..။ အမှားတွေကို ပြင်ဆင်ရအောင်နော်။ ခင်ဗျားဒီဘ၀က ကျွတ်လွတ်ဖို့ ကျွန်တော်ကူညီပေးမယ်လေ။ လက်ခံပေးပါနော် “
“ ကိုယ်.. ကိုယ်လက်ခံပါမယ်.. “
“ အခုလိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် “
အကြင်သူနှစ်ဦး၏ ဆွေးနွေးမှုပြီးသည့်နောက် ဦးစိုင်းသီဟဇော်သည် စိုင်းထွဋ်ခေါင်အားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ရန် တိုင်ပင်ခဲ့သည်။
“ မင်းအမှားကိုမင်းသိပြီဆိုတော့ အခုမင်းဘုရားကန်တော့။ ကြိုးပိုင်တွေက သူ့ရဲ့လက်ကို မချုပ်ထားနဲ့.. လွှတ်ပေးလိုက်ပါ။ ငါတို့ကမင်းအတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးမယ်။ မင်းက သာဓုအနုမောဒနာ ပြန်ခေါ်ပေး “
“ ဟုတ်ကဲ့..”
“ မင်းဒီည ဒီကောင်လေးနဲ့ သူရဲ့မိသားစုကို မနှောင့်ယှက်နဲ့။ မနက်ဖြန်ကို မင်းအတွက် ကောင်းမှုကုသိုလ်လုပ်ပေးမယ်။ ဟုတ်ပြီလား။ ငါပြုသမျှ ကောင်းမှုကုသိုလ်တွေနဲ့ မင်းကိုအမျှအတမ်းပေးဝေမယ် “
ဘုရားရှိခိုးပြီးနောက် နန်းခင်ယွန်း၏ခန္ဓာကိုယ်မှ ထွက်သွားသည် စိုင်းထွဋ်ခေါင်..။ မြတ်သူသည်လည်း တင်းထားသမျှအားတို့ လျှော့ချလိုက်သည်။
“ မနက်ဖြန်ကို သူ့အတွက်ရည်စူးပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ရမယ်။ ကောင်လေးတို့မိဘတွေက ခရစ်ယာန်ဘာသာ၀င်တွေဆိုတော့ အဆင်ပြေမှာမဟုတ်ဘူး။ ဦးလေးတို့ပဲ လုပ်ပေးပါ့မယ်။ ဒါပေမဲ့ မြတ်သူကတော့ ဘုန်းကြီးကျောင်းကို လိုက်မှရမယ် “
“ ဟုတ်ကဲ့.. ကျွန်တော်လိုက်ခဲ့ပါမယ်”
နောက်ဆုံးတော့ ခင်ဗျားလွတ်မြောက်တော့မယ်နော်။ ကျွန်တော်လည်း.. ထွက်သွားရတော့မယ်ထင်ပါရဲ့.. အသက်ရှူလို့တောင် မဝဘူးရယ်...။
For Zawgyi
လြတ္ေျမာက္ျခင္း
ယေန႔ ကိုကို႔ကိုသြားႀကိဳရမည္။ အခ်ိန္အားျဖင့္ နံနက္ဆယ္နာရီခန႔္ျဖစ္သည္။ အိမ္ေအာက္ထပ္သို႔ဆင္းလာေသာ ေျခလွမ္းမ်ားသည္ ယိုင္နဲ႔နဲ႔ႏွင့္...။ ေျခတစ္လွမ္းခ်င္းစီအတြက္ စိုက္ထုတ္ရေသာအားတို႔မွာမနည္းလွ။ ေခါင္းထဲတြင္လည္း မူးေဝေနသည္။ အျမင္အာ႐ုံတို႔သည္လည္း ၾကည္လင္မႈမရွိ။ အားယူ၍ထိန္းေလွ်ာက္ေသာ္လည္းမရ..။ ေလွကားမွဆင္းၿပီး ၿခံအျပင္သို႔ထြက္မည့္အခိုက္တြင္ လဲက်သြားမိသည့္ မိမိခႏၶာကိုယ္..။ ေမေမႏွင့္ဘြားဘြားတို႔သည္က စိုးရိမ္တႀကီးေျပးလာခဲ့သည္။ လဲက်သြားေသာ မိမိခႏၶာကိုယ္ကို ေမေမက ေပြ႕ထားေပးသည္။
“ သားငယ္.. ဘယ္လိုျဖစ္တာလဲ.. “
“ သား.. ဘာမွမျဖစ္ပါဘူးေမေမရဲ႕..။ ဒီအတိုင္း မိုက္ခနဲမူးသြားတာပါ “
“ အခု သြားႀကိဳလို႔ျဖစ္ပါ့မလားဟင္။ ေဆး႐ုံသြားမလား “
“ ကိုကို႔ကိုပဲ သြားႀကိဳလိုက္ပါေမေမ။ သားကအခုပုံစံနဲ႔ေတာ့ လိုက္လို႔ရမယ္မထင္ဘူး “
“ သားေလးတစ္ေယာက္တည္း က်န္ခဲ့မွာေလ။ ျဖစ္ပါ့မလားကြယ္ “
“ ျဖစ္ပါတယ္ေမေမရဲ႕။ ခဏနားလိုက္ရင္ သက္သာသြားမွာပါ။ ေမေမတို႔ပဲသြားႀကိဳလိုက္ေတာ့ေနာ္ “
“ ေမေမတို႔စိတ္ခ်မယ္ေနာ္သား..”
“ ဟုတ္ေမေမ “
ေမေမတို႔ထြက္သြားၿပီးေနာက္ အိမ္အေပၚထပ္ကိုလည္း ျပန္မတက္ႏိုင္ခဲ့ေပ။ ဧည့္ခန္းထဲမွခုံေပၚတြင္သာ ထိုင္ေနမိသည္။
ယေန႔တြင္ သီေပါၿမိဳ႕၏ေဆာင္းရာသီအေအးဒဏ္သည္ ယခင္ေန႔မ်ားက မိမိခံစားေနက် အေအးဒဏ္မ်ိဳးမဟုတ္။ ပို၍ေအးစိမ့္ေနသည္။ ကိုယ္ခံအားနည္းေနေသာေၾကာင့္သာ ရာသီဥတုဒဏ္ကို ပို၍ခံစားမိေနသည္ဟု ယူဆမိသည္။ ကိုယ္ခံအားနည္းေနသည့္ မိမိအား ေဆာင္းရာသီ၏အေအးဒဏ္အပါအဝင္ ပို၍ေအးစိမ့္ေစေသာ အေၾကာင္းအရင္းတစ္ခုက ရွိေနေသးသည္။ ထိုအေၾကာင္းအရာမွာ မိမိအေရွ႕တြင္ရပ္ေနေသာ စိုင္းထြဋ္ေခါင္ေၾကာင့္ပင္ ျဖစ္သည္။
မိမိေရွ႕တြင္ရပ္ေနေသာသူသည္ ယခင္ကကဲ့သို႔မဟုတ္..။ ေတာက္ပလြန္းေသာမ်က္၀န္းတို႔အစား နီရဲေနေသာ မ်က္ေထာင့္နီတို႔က ေနရာယူထားသည္။ ေႏြးေထြးလြန္းေသာအၿပဳံးတို႔အစား ေအးစက္လြန္းေသာ တည္ၾကည္မႈတို႔က ေနရာယူထားသည္။ သူ၏စိတ္အလိုမက်မႈတို႔ေၾကာင့္ ေအးစက္သြားေသာ အျပဳအမူတို႔သည္ မိမိအားပို၍ ေအးစိမ့္ေစသည္။
မိမိထံသို႔ေရာက္လာေသာ ဧည့္သည္ကို အၿပဳံးႏွင့္ႀကိဳဆိုရသည္မွာ အိမ္ရွင္တို႔၏ဝတၱရား..။ ထို႔ေၾကာင့္သာ မိမိေရွ႕တြင္ရပ္ေနသာ ႏွလုံးသားသို႔အလည္လာသည့္ ဧည့္သည္ကို အၿပဳံးေလးျဖင့္ ႀကိဳဆိုရမည္။
“ ေနမေကာင္းဘူးမဟုတ္လား။ အခန္းထဲမွာ နားေနေရာေပါ့။ လဲက်သြားလို႔ နာေနေသးတာကို ၿပဳံးေနႏိုင္တယ္ေနာ္ “
“ အိမ္ရွင္က ဧည့္သည္ကို အၿပဳံးနဲ႔ႀကိဳဆိုရတာ ထုံးစံပဲေလ “
“ ကိုယ္ကဧည့္သည္လား ေကာင္ေလး “
တင္းမာေနေသာအသံျဖင့္ ေျပာလာသည့္ထိုစကားသည္ သူ၏ေဒါသတို႔ ပို၍ႏိုးထလာေၾကာင္းကို သိသာေစသည္။
“ ဒါေပါ့.. အခုခ်ိန္မွာ ကြၽန္ေတာ္က အိမ္ရွင္ပဲဟာ။ အဲဒီေတာ့ ကြၽန္ေတာ့္ဆီအလည္လာတဲ့ ခင္ဗ်ားက ဧည့္သည္ပဲေပါ့ “
“ ဧည့္သည္ဆိုတာ ခဏတာေန႐ုံပဲ။ အခ်ိန္တန္ရင္ ျပန္သြားရမယ္ေလ။ အဲဒါေၾကာင့္ ကိုယ္က ဧည့္သည္မျဖစ္ခ်င္ဘူး “
“ ဟုတ္လား.. အင္းေလ ဒီအိမ္ကလည္း အရင္ကတည္းက ခင္ဗ်ားရဲ႕အိမ္ပဲကို။ ထားပါေလ... ခင္ဗ်ားက အိမ္ရွင္ဆိုေတာ့လည္း ကြၽန္ေတာ္ကပဲ ဧည့္သည္လုပ္ေပးမယ္။ ကြၽန္ေတာ္က ထြက္သြားရမယ့္ လူေလ... “
“ ကိုယ္က ထြက္သြားခြင့္ မေပးဘူးဆိုရင္ေရာ... “
“ ေသျခင္းတရားက လူတိုင္းျငင္းဆန္လို႔မရတာ ခင္ဗ်ားသိပါတယ္ “
“ ျမတ္ သူ ... “
နာမည္အားတစ္လုံးခ်င္းစီ ကြဲျပားစြာေအာ္လိုက္ေသာ သူ၏အသံ...။ ထို႔ေနာက္ က်ကြဲသြားသည့္ ဧည့္ခန္းစားပြဲခုံေပၚမွ ပန္းအိုးငယ္..။
“ ခင္ဗ်ားႏွယ္... ေဒါသႀကီးလိုက္တာ။ အျပစ္မရွိတဲ့အရာကို ထပ္ၿပီးပ်က္စီးေစျပန္ၿပီ “
“ ဟုတ္တယ္။ ကိုယ္ေဒါသႀကီးတယ္။ ေကာင္ေလးကို လက္လႊတ္ရမယ့္ ျဖစ္ရပ္တိုင္းအတြက္ ကိုယ့္စိတ္ေတြက ထိန္းခ်ဳပ္မရတဲ့အထိ လြတ္ခဲ့ဖူးတယ္ “
“ အင္း .. ခင္ဗ်ားေဒါသႀကီးတာကို ကြၽန္ေတာ္သိတယ္။ ေဒါသႀကီး႐ုံတင္မဟုတ္ဘူး။ စဥ္းစားဉာဏ္ေတြမဲ့ခဲ့တာေရာ အခ်စ္အတြက္ သတၱိမရွိခဲ့တာကိုေရာ ကြၽန္ေတာ္သိတယ္ “
ထိုစကား၏အဆုံး၌ သူ၏ပါးျပင္ထက္တြက္ စီးဆင္းလာေသာ မ်က္ရည္တခ်ိဳ႕...။ ၾကည္ေနျခင္းေတာ့မရွိ.. နီရဲလို႔ေနသည့္ ေသြးမ်က္ရည္သာ..။
“ အတိတ္ေတြကို သြားျပန္ၿပီလား...။ အတိတ္ကအမွားေတြက ပူေလာင္တယ္မဟုတ္လား..။ ဆက္မမွားပါနဲ႔ေတာ့လား “
“ အခုက ဘာမွားေနလို႔လဲ ေကာင္ေလး “
“ ဒီဘဝနဲ႔ေစာင့္ေနတာကိုက အမွားတစ္ခုေလ.. လူတိုင္းက အခ်ိန္တန္ရင္ခြဲရမွာပဲေလ.. အဲဒီေလာက္ႀကီးအစြဲအလမ္းမထားပါနဲ႔လား “
“ မင္းတရားေတြက မထိေရာက္ဘူးေကာင္ေလး.. “
“ ထိေရာက္တဲ့နည္းလမ္းေတြနဲ႔ ကြၽန္ေတာ္ႀကိဳးစားတဲ့အခါ.. အျပစ္မျမင္နဲ႔ေနာ္။ ခင္ဗ်ားေကာင္းဖို႔အတြက္ပါ “
“ ဟူး... မင္းလည္း သိပ္ေျပာရခက္တယ္။ ဒီေနရာမွာ မင္းမဟုတ္တဲ့ တျခားလူဆိုရင္ ေသေနေလာက္ၿပီ။ မင္းနဲ႔ကိုယ္နဲ႔စကားဝိုင္းကို ဒီမွာရပ္မယ္ “
ေကာင္ေလး၏စကားတို႔ကို ဆက္၍မၾကားလို။ သူ၏စကားတို႔သည္ မိမိအား သူ၏အနားမွထြက္သြားေစလိုျခင္းဆီသို႔ ဦးတည္ေနသည္။ ထို႔ေၾကာင့္သာ စကားဆက္မေျပာခဲ့။ သို႔ေသာ္လည္း သူအေရွ႕မွ မေပ်ာက္ကြယ္ရက္..။
သူေနမေကာင္းဘူး။ တစ္ေယာက္တည္းေနေနတဲ့ေကာင္ေလး.. အထီးက်န္ေနမွာေပါ့..။
ထိုေၾကာင့္ ဧည့္ခန္း၏ေထာင့္တစ္ေနရာတြင္သာေန၍ သူ႔အားေစာင့္ၾကည့္ေနခဲ့သည္။
ျမတ္သူ၏မိဘမ်ားသည္လည္း မင္းသူအား လားရႈိးေလဆိပ္တြင္ သြားႀကိဳရသည္မို႔ လမ္းခရီးတြင္ အေတာ္ၾကာျမင့္ခဲ့သည္။ ေလဆိပ္တြင္ မင္းသူ၏ခ်စ္သူ နန္းခင္ယြန္း၏မိဘမ်ားသည္လည္း ေစာင့္ေနခဲ့ၾကသည္။ ျမန္မာႏိုင္ငံသို႔ျပန္ေရာက္ေသာ သားႏွင့္ သမီးတို႔ကိုသြားႀကိဳရင္း ေဆြမ်ိဳးေတာ္ရမည့္ မိသားစုႏွစ္ခုလည္း စကားေျပာေနခဲ့သည္။
ထိုစကားဝိုင္းတြင္ သိခဲ့ရသည့္ နန္းခင္ယြန္း၏ဖခင္အေၾကာင္းသည္ ျမတ္သူအတြက္ တစ္စုံတစ္ရာေသာေမွ်ာ္လင့္ခ်က္ ျဖစ္ခဲ့သည္။ ဤသည္မွာ နန္းခင္ယြန္း၏ဖခင္သည္ အထက္လမ္းဆရာတစ္ဦးျဖစ္ေနျခင္းပင္။ နာမည္မွာ စိုင္းသီဟေဇာ္ျဖစ္သည္။
ထိုသူအား သားငယ္၏အျဖစ္စဥ္တို႔ကိုေျပာျပ၍ အကူအညီေတာင္းေသာအခါ သူသည္လည္းလက္ခံခဲ့သည္။ ယခုခ်က္ခ်င္းပင္ အိမ္သို႔ လိုက္ၾကည့္ရန္မွာ မျဖစ္ႏိုင္။ အဘယ္ေၾကာင့္ဆိုေသာ သူသည္ဗုဒၶဘာသာကိုးကြယ္ေသာ အထက္လမ္းဆရာျဖစ္သည္။ ျမတ္သူ၏မိဘမ်ားသည္က ခရစ္ယာန္ဘာသာ၀င္ျဖစ္ၾကသည္။ အယူသီးသူမ်ားမဟုတ္ေသာ္လည္း ဘာသာဆိုင္ရာအယူအဆမ်ားသည္က ကြဲလြဲေနေသးသည္။ ထို႔ေၾကာင့္သာ နန္းခင္ယြန္း၏အိမ္ကိုလာရန္ ဖိတ္ေခၚခဲ့သည္။
အိမ္သို႔ျပန္ေရာက္ေသာအခါ ေတြ႕လိုက္ရသည့္ ျမင္ကြင္းသည္ စိတ္မသက္သာဖြယ္...။ ျမတ္သူသည္က ထိုင္ခုံထက္တြင္ လွဲေနသည္။ အလွပန္းအိုးေလးသည္က အစိတ္စိတ္အႁမႊာႁမႊာ။
အားမရွိေသာ ညီညီ၏မ်က္ႏွာသည္က ျဖဴဖပ္ျဖဴေရာ္ႏွင့္..။ ယခင္က ျပည့္ေဖာင္းေနသည့္ ခႏၶာကိုယ္ေလးမွာလည္း အလြန္ပိန္သြားသည္။ မိုက္လြန္းသည့္ညီညီကို ဆူခ်င္ေသာ္လည္း ေသြးမရွိသေယာင္ ျဖဴေဖြးေနသည့္ သူ၏မ်က္ႏွာေလးေၾကာင့္ မဆူရက္ခဲ့။ မိမိတို႔ေရာက္ေနေၾကာင္းကို သူသိပုံမရ..။ ေခၚမွသာ မ်က္လုံးေလး ပြင့္လာသည္။ ထ၍ထိုင္ဖို႔ကိုပင္ အားယူေနရေသးသည့္ ညီညီကိုၾကည့္ကာ ဝမ္းနည္းမႈတို႔က အစိုးမရခဲ့..။
“ ညီညီ “
“ ကိုကိုေတာင္ ေရာက္ေနၿပီလား “
မိမိအားထိုသို႔ေျပာၿပီးေနာက္ သူ၏အၾကည့္တို႔သည္ မိမိတို႔ထံတြင္မဟုတ္...။ အခန္းေထာင့္တစ္ေနရာဆီသို႔သာ...။
“ သက္သာရဲ႕လား သားငယ္ “
“ သားသက္သာပါတယ္ေမေမ “
ျပန္ေျဖေသာအသံတို႔မွာ အားမပါခဲ့..။
“ ဘာလို႔ အဲဒီေလာင္ေတာင္႐ူးတာလဲညီညီ။ အခု ညီညီပုံကို ျပန္ၾကည့္ပါဦးကြာ “
“ ဟုတ္ပါတယ္.. ညီညီမွားခဲ့တယ္။ မျမင္ရတဲ့ အခ်စ္ႀကီးေၾကာင့္ေပါ့ “
“ ဒီေလာက္ထိမွားခဲ့တာေတာင္ အခ်စ္ဆိုတာႀကီးကို ထည့္ေျပာေနတုံးလား။ ပုံမွန္မဟုတ္တဲ့ ခ်စ္ျခင္းႀကီးကို မင္းမို႔လို႔ ယုံတယ္ ညီညီရယ္... “
ကိုကို၏စကားတို႔သည္ မိမိအားက႐ုဏာေဒါသျဖင့္ ဆူေနေၾကာင္းသိပါသည္။ သို႔ေသာ္ မိမိအားထိပါးလာလွ်င္ နည္းနည္းမွ်သည္းခံျခင္းမရွိသည့္ အခန္းေထာင့္မွခ်စ္ရသူႀကီးက ကိုကိုအားတစ္ခုခုျပဳလုပ္လိုက္မည္ကိုလည္း စိုးရိမ္ရသည္။ ထို႔ေၾကာင့္ သူရွိေၾကာင္း ကိုကို႔ကို သတိေပးလွ်င္ ပို၍အဆင္ေျပမည္..။
“ ေတြ႕လား။ ခင္းဗ်ားေၾကာင့္ ကြၽန္ေတာ္အဆူခံေနရၿပီ “
အခန္းေထာင့္ကိုၾကည့္ကာ ခံစားခ်က္တို႔ေပ်ာက္ဆုံးေနေသာ မ်က္ႏွာႏွင့္ ညီညီေျပာလိုက္သည့္စကား...။ ထိုစကားႏွင့္အတူ မိမိ၏ေက်ာျပင္သည္ စိမ့္ခနဲျဖစ္သြားၿပီး ၾကက္သီးမ်ားပင္ ထလာသည္။
“ ဘာလဲ အဲဒီမေကာင္းဆိုးဝါးရွိေနတာလား “
“ အင္း.. “
“ ငါ့မိသားစုကိုဒုကၡေပးတဲ့ အဲဒီမေကာင္းဆိုးဝါးကို ၾကာၾကာထားလို႔မျဖစ္ဘူးပဲ.. “
ကိုကို၏ေဒါသသံႏွင့္အတူ အိမ္ရွိမီးေခ်ာင္းမ်ားသည္ အလင္းေရာင္ေပ်ာက္ရွကုန္သည္။ ထို႔ေနာက္ ကိုကိုအေပၚသို႔က်လာသည့္ မီးေခ်ာင္း...။ ထိုမီးေခ်ာင္း က်လာသည္ကိုျမင္လိုက္သည့္ ကြၽန္ေတာ္က ကိုကို႔အား ကြၽန္ေတာ့္ခႏၶာကိုယ္ႏွင့္ကာေပးခဲ့သည္။ ထို႔ေနာက္ ေလာႀကီးသည္ ေခတၱအေမွာင္ ဖုံးသြားခဲ့သည္။
ခ်စ္ရသူေတြကို အထိအခိုက္မခံေတာ့ဘူးေလ။ ကြၽန္ေတာ္ပဲ နာက်င္လိုက္မယ္..။
ဤျဖစ္ရပ္ေၾကာင့္ မိသားစု၀င္တို႔သည္လည္း ထိတ္လန႔္ကုန္ၾကသည္။ ေမ့လဲသြားသည့္ ျမတ္သူအတြက္ အလြန္တရာစိုးရိမ္မိသည္။ ဤအတိုင္းသာ ဆက္ထားေန၍မျဖစ္သည္ကိုသိ၍ နန္းခင္ယြန္း၏ အိမ္သို႔သြားရန္ ဆုံးျဖတ္လိုက္သည္။
နန္းခင္ယြန္း၏အိမ္သို႔ေရာက္သည္အထိ ျမတ္သူသတိမလည္ေသးေပ။ ျမတ္သူ၏ကိုယ္ေလးအား မင္းသူက ေပြ႕ခ်ီလ်က္ ဘုရားခန္းထဲသို႔သြားခဲ့သည္။
ေမေမႏွင့္ ဘြားဘြားတို႔ကို ဘုရားခန္းထဲသို႔မေခၚလို။ ညီညီ၏အျဖစ္ကိုၾကည့္ရင္းပင္ ပို၍စိတ္ထိခိုက္လိမ့္မည္။ ထို႔ေၾကာင့္သာ ခင္ေလး၏ေမေမကိုခြင့္ေတာင္း၍ ဧည့္ခန္းထဲတြင္သာ ထိုင္ေစခဲ့သည္။ ခင္ေလး၏ေမေမမွာလည္း ဘြားဘြားႏွင့္ေမေမတို႔ကို အေဖာ္ျပဳရင္း ေနေပးခဲ့သည္။
ဘုရားခန္းထဲသို႔ေရာက္ေသာအခါ ဦးစိုင္းသီဟေဇာ္သည္ သမီးျဖစ္သူအား ေခၚကာ သူ၏အေရွ႕တြင္ထိုင္ခိုင္းေစသည္။
“ ကဲ.. သမီးေရ.. ခုႏွစ္ရက္သားသမီးေတြကိုကယ္ဖို႔ ငါ့သမီးေလး ခရီးကေရာက္ေရာက္ခ်င္း အပင္ပန္းခံလိုက္ဦးကြယ္.. “
“ ဟုတ္ကဲ့ေဖေဖ.. “
“ ကဲ.. ဒီၾကာသပေတးသား ေမာင္ျမတ္သူကို ေႏွာင့္ယွက္ေန အေမွာက္ပေယာဂ အခုခ်က္ခ်င္းငါ့အေရွ႕လာခဲ့စမ္းဟဲ့။ အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္ေတြက အဲဒီအေကာင္ကို တားဆီးပိတ္ပင္ျခင္းမျပဳနဲ႔။ ငါ့ေရွ႕ကို အေရာက္လာပေစ.. “
ထိုစကားဆုံးၿပီးေနာက္ နန္းခင္ယြန္း၏ေခါင္းသည္ ငိုက္က်သြားသည္။ ခႏၶာကိုယ္လည္း တဆတ္ဆတ္တုန္လာသည္။ မ်က္ႏွာသည္လည္း ခက္ထန္မာေက်ာေနသည္။ ဦးစိုင္းသီဟေဇာ္အား ေမာ့ၾကည့္လာေသာအၾကည့္မ်ားသည္ မေကာင္းဆိုးဝါးသဖြယ္ အလြန္ေၾကာက္စရာေကာင္းလွသည္။
“ မင္းေရာက္ၿပီေပါ့..။ မင္းဘယ္သူလဲ.. ဘယ္ကလဲ.. မင္းကို ဘယ္သူခိုင္းတာလဲ။ ဘာကိစၥ ဒီကေလးကို ေႏွာင့္ယွက္ရတာလဲ “
ဦးစိုင္းထြဋ္ေခါင္၏အေမးကို ျပန္မေျဖခဲ့။ မ်က္ေထာင့္နီႏွင့္သာ စိုက္ၾကည့္ေနသည္။
“ ဘာလဲ မင္းပါးစပ္ထဲမွာ အာေစးထည့္ထားလို႔ မေျပာႏိုင္တာလား။ အားေစးမိေနရင္ မင္းရဲ႕ႏႈတ္ကို ငါဖြင့္ေပးမယ္ “
အသံျဖင့္ ျပန္မေျဖ။ ေခါင္းသာခါျပသည္..။ ၿပီးေနာက္ အသံနက္ႀကီးျဖင့္ ေအာ္ရယ္သည္။
“ ရယ္ေတာင္ရယ္ႏိုင္တယ္ဆိုေတာ့ မင္းကအားေစးမိတာမဟုတ္ဘူးေပါ့။ မင္းကငါေအးေအးေဆးေဆး ေမးေနတာကို မေျဖဘူးေပါ့ေလ..။ ကဲ.. ဟုတ္ၿပီ မင္းအျပစ္နဲ႔မင္းခံေစရမယ္။ မင္းလိုေကာင္ေတြက ေမတၱာေရွ႕ထားလို႔ မတန္ဘူးပဲ “
ထိုစကားကိုၾကားေသာ္လည္း ဂ႐ုမစိုက္သည့္အျပင္ အသံနက္ႀကီးျဖင့္ ေအာ္ရယ္ေနဆဲပင္။ ပါးစပ္မွလည္း တံေထြးကို ပစ္ခနဲေထြးလိုက္ကာ မထီမဲ့ျမင္ျပဳသည္။
“ တယ္.. ႐ိုင္လိုက္တဲ့သတၱဝါပါလား။ ငါ့အမိန႔္ကို လြန္ဆန္ေနတဲ့သူ႔ကို နဂါးႀကီးႏွစ္ေကာင္က လာေရာက္ရစ္ပတ္ခ်ဳပ္ေႏွာင္ထားစမ္း.. မလႊတ္နဲ႔.. လုံးဝမလႊတ္နဲ႔.. အဲဒီအေကာင္ရဲ႕ ဦးေခါင္းကို အသင္နဂါးတို႔ရဲ႕ မီးနဲ႔ မႈတ္စမ္းဟဲ့။ ပါးစပ္ကိုၿဖဲၿပီး သံရည္ပူတို႔ ေလာင္းထည့္စမ္း။ အဲဒီအေကာင္ရဲ႕လက္ေတြကို ႀကိဳးပိုင္က ေႏွာက္ျပန္တုပ္ထားစမ္း “
စိုင္းထြဋ္ေခါင္ဝင္ပူးေနသည့္ နန္းခင္ယြန္း၏ခႏၶာကိုယ္သည္ ႀကိဳးမ်ားျဖင့္ တင္းက်ပ္စြာ ခ်ဳပ္ေႏွာင္ထားသကဲ့သို႔ ေတာင့္တင္းလာၿပီးေခြၽးစီးမ်ားထြက္လာကာ ေအာ္ဟစ္ေနသည္။
“ ယခု ထိေရာက္ေနေသာ အစြမ္းသည္ တနလၤာသမီးနန္းခင္ယြန္းကို မထိခိုက္ရဘူး။ ငါ့ကိုအာခံေနတဲ့ဒီအေကာင္ကိုသာ သက္ေရာက္ေစရမယ္။ တနလၤာသမီးကို ဘာနာက်င္မႈမွ မျဖစ္ရဘူး..။ “
နန္းခင္ယြန္း၏ေအာ္ဟစ္သံ.. ဦးစိုင္းသီဟေဇာ္တို႔၏အမိန႔္ေပးသံတို႔ေနာက္ သတိလည္လာသည့္ ျမတ္သူသည္ စိုင္းထြဋ္ေခါင္ဝင္ပူးေနေသာ နန္းခင္ယြန္၏ အျဖစ္အပ်က္ကိုၾကည့္ကာ မ်က္ရည္တို႔ စီးက်လာသည္။
“ ငါဆရာကို မလြန္ဆန္နဲ႔ကြ။ ငါ့ကိုအေလးမခန႔္လုပ္ရင္ အခုခံရတဲ့ဒဏ္ေတြထက္ ပိုဆိုးသြားမယ္။ ေျပာစမ္း မင္းနာမည္ ဘယ္သူလဲ။ ဘယ္ကလဲ။ မင္းကိုဘယ္သူခိုင္းတာလဲ “
“ စိုင္း... ထြဋ္ေခါင္..။ ငါက ဟိုး.. အရင္ကတည္းက အဲဒီအိမ္မွာေနတာ။ ငါ့ကို ဘယ္သူမွမခိုင္းဘူး.. “
“ ဘယ္သူမွမခိုင္းပဲ.. မင္းကဘာလို႔ ဒီကေလးကိုေႏွာင့္ယွက္လဲ “
“ ငါ့ဘာသာငါ ေနခ်င္လို႔ေနေနတာ “
“ ေနခ်င္တိုင္း ေနလို႔ရမလားကြ။ မင္းက မေကာင္းဆိုးဝါး။ သူကလူကြ “
“ အဲဒါ ငါတို႔ကိစၥ မင္းနဲ႔မဆိုင္ဘူး “
မ်က္ေထာင့္နီႏွင့္ၾကည့္ကာ ေအာ္၍ေျပာလိုက္ေသာ သူ၏စကားေၾကာင့္ ဦးစိုင္းသီဟေဇာ္သည္ ဘုရားစင္ေပၚမွ ေၾကးေခ်ာင္းကိုယူကာ သူ၏ဦးေခါင္းကိုေထာက္ထားလိုက္သည္။
“ ငါ့ကိုအာမခံနဲ႔။ ငါ့ကိုအာခံရင္ မင္းဦးေခါင္း ရွစ္စိတ္ကြဲသြားမယ္။ မင္းရဲ႕ အသုံးႏႈန္းေတြ ျပန္ျပင္လိုက္စမ္း။ ငါကဆရာ မင္းကမေကာင္းဆိုးဝါးကြ “
“ အား.... ပူတယ္.. ပူတယ္.. အား..... “
ထိုအျဖစ္အပ်က္တို႔ကိုၾကည့္ကာ ျမတ္သူသည္လည္း အသက္ကိုပင္ မနည္းရွဴေနရသည္။
သူ၏ေအာ္သံတို႔သည္ ကြၽန္ေတာ့္၏ႏွလုံးသားတို႔ကို ဓားျဖင့္မႊန္းသည့္အလား နာက်င္ရပါသည္။
“ မင္းျမင္လား ဟိုမွာၾကည့္စမ္း။ မင္းေၾကာင့္ အျပစ္မရွိတဲ့ကေလးက အခုလို ထိခိုက္ေနတာ မင္းျမင္လား။ မင္းက သူ႔ကိုထိခိုက္ေစခ်င္တာလား “
ခ်ဳပ္ေႏွာင္ထားသည္ နဂါးတို႔ေၾကာင့္ လႈပ္၍မရ။ ပူေလာင္လွသည္။ ထိုမွ်သာမက ေကာင္ေလး၏ ငိုေႂကြးမႈတို႔ေၾကာင့္လည္း ပို၍ပူေလာင္ရပါသည္။
“ အင္း... ျမင္တယ္ ။ မထိခိုက္ေစခ်င္ပါဘူး.. “
ေခါင္းကိုတဆတ္ဆတ္ညိတ္ကာ မ်က္ရည္တို႔ျဖင့္ေျဖလာသည့္ သူ..။
သူ နာက်င္ေနမွာေပါ့.. ။
“ ေအး အဲဒါဆိုရင္ ငါေမးတာကို မင္းေအးေအးေဆးေဆးေျဖ။ မင္းကဘာလို႔ သူ႔ေဘးနားမွာ တြယ္ကပ္ေနတာလဲ “
“ ေမတၱာရွိလို႔.. သူနဲ႔ကြၽန္ေတာ္က အရင္ဘ၀တုန္းက ေမတၱာမွ်ခဲ့ၾကတယ္။ ကြၽန္ေတာ့္လက္နဲ႔ သူ႔ကိုသတ္ခဲ့မိတယ္။ အဲဒီအျပစ္ေတြအတြက္... သူ႔ကိုေတာင္းပန္ခ်င္လို႔.. ေစာင့္ေရွာက္ခ်င္လို႔ “
“ ေအး အဲဒါက အရင္ဘ၀ကကိစၥ။ အခုဘဝနဲ႔ ဘာမွမဆိုင္ေတာ့ဘူး။ အခုမင္းဒီလိုတြယ္ကပ္ေနလို႔ သူေကာင္းက်ိဳးခံစားရလား “
အသံျဖင့္ မေျဖ။ ေခါင္းသာ ခါျပျပန္သည္။
“ အဲဒါကို မင္းသိရဲ႕နဲ႔ ဘာလို႔ တြယ္ကပ္ေနတာတုံး “
“ ေနာက္ဘ၀ဆိုတာႀကီးက.. မေသခ်ာလို႔.. သူ႔ကို.. သူ႔ကို ေတြ႕ခ်င္ေသးလို႔ တြယ္ကပ္မိတာပါ “
ထိုစကားဆုံးၿပီးေနာက္ ေအာ္ဟစ္၍ ငိုေႂကြးသည့္ သူ..။ ရႈိက္ႀကီးတငင္ငင္ႏွင့္။ မ်က္ရည္တို႔မွာလည္း မစဲခဲ့။
“ မင္းသူ႔ကို မထိခိုက္ေစခ်င္ရင္ အခုမင္းဒီဘ၀က ကြၽတ္လြတ္ေအာင္ အရင္လုပ္.. ၿပီးရင္ မင္းရဲ႕အျပစ္ေတြအတြက္ မွန္မွန္ကန္ကန္ ျပန္ေပးဆပ္ပါ “
“ ကြၽန္ေတာ္သူ႔ကိုစကားေျပာခ်င္လို႔ ေျပာခြင့္ေပးပါလား “
ေတာင္းဆိုလိုက္သည့္ ျမတ္သူ၏စကားကို ဦးစိုင္းသီဟေဇာ္က လက္ခံေပးသည္။
“ အင္း ေျပာပါ။ ဦးေလးကို အားမနာနဲ႔ “
“ ဟုတ္ကဲ့.. “
မူးေဝေနေသာ ေခါင္းေၾကာင့္ မတ္တတ္မရပ္ႏိုင္။ ထိုင္လ်က္ပင္ တေ႐ြ႕ေ႐ြ႕ႏွင့္ သူ၏အနားသို႔ခ်ဥ္းကပ္သြားသည္။ အနားသို႔ ေရာက္ေသာအခါ သူ၏မ်က္ရည္တို႔ကို မိမိ၏လက္မ်ားျဖင့္ ဖယ္ရွားေပးလိုက္သည္။
“ ကြၽန္ေတာ္ ဆုေတာင္းခဲ့တယ္..။ ကြၽန္ေတာ့္ဆုေတာင္းေတြကျပည့္ခဲ့လို႔ အခုေတာင္ျပန္ဆုံရေသးတာပဲ။ ေနာက္ဘဝမွာလည္း ျပည့္ဦးမွာလို႔ ကြၽန္ေတာ္ယုံၾကည္တယ္ေလ။ ခင္ဗ်ားလည္း ယုံၾကည္ေပးပါေနာ္။ ဒီလိုဘဝႀကီးနဲ႔ေတာ့ ဆက္မေနပါနဲ႔ဗ်ာ..။ ကြၽန္ေတာ္လည္း နာက်င္ရလို႔ပါ “
စိုင္းထြဋ္ေခါင္သည္ ျမတ္သူ၏ပခုံးထက္တြင္ မ်က္ႏွာအပ္ကာ ငိုေႂကြးေနသည္။ ျမတ္သူသည္လည္း စူးနင့္ေသာရင္ဘတ္ကို ဆုပ္ကိုင္ကာ ငိုေႂကြးေနမိသည္။ ႏွစ္ဦးသားလုံး၏ ငိုရႈိက္သံသည္ အခန္းငယ္အတြင္း၌ လႊမ္းမိုးလို႔ေနသည္။
“ ေကာင္ေလးကို နာက်င္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ မရွိခဲ့ပါဘူးေကာင္ေလးရယ္..။ တကယ္ေတာင္းပန္ပါတယ္ “
“ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး မွားခဲ့ၾကတာပဲ..။ အမွားေတြကို ျပင္ဆင္ရေအာင္ေနာ္။ ခင္ဗ်ားဒီဘ၀က ကြၽတ္လြတ္ဖို႔ ကြၽန္ေတာ္ကူညီေပးမယ္ေလ။ လက္ခံေပးပါေနာ္ “
“ ကိုယ္.. ကိုယ္လက္ခံပါမယ္.. “
“ အခုလိုလက္ခံေပးလို႔ ေက်းဇူးတင္ပါတယ္ “
အၾကင္သူႏွစ္ဦး၏ ေဆြးေႏြးမႈၿပီးသည့္ေနာက္ ဦးစိုင္းသီဟေဇာ္သည္ စိုင္းထြဋ္ေခါင္အားရည္စူး၍ ေကာင္းမႈကုသိုလ္ ျပဳလုပ္ရန္ တိုင္ပင္ခဲ့သည္။
“ မင္းအမွားကိုမင္းသိၿပီဆိုေတာ့ အခုမင္းဘုရားကန္ေတာ့။ ႀကိဳးပိုင္ေတြက သူ႔ရဲ႕လက္ကို မခ်ဳပ္ထားနဲ႔.. လႊတ္ေပးလိုက္ပါ။ ငါတို႔ကမင္းအတြက္ ေကာင္းမႈကုသိုလ္ျပဳလုပ္ေပးမယ္။ မင္းက သာဓုအႏုေမာဒနာ ျပန္ေခၚေပး “
“ ဟုတ္ကဲ့..”
“ မင္းဒီည ဒီေကာင္ေလးနဲ႔ သူရဲ႕မိသားစုကို မေႏွာင့္ယွက္နဲ႔။ မနက္ျဖန္ကို မင္းအတြက္ ေကာင္းမႈကုသိုလ္လုပ္ေပးမယ္။ ဟုတ္ၿပီလား။ ငါျပဳသမွ် ေကာင္းမႈကုသိုလ္ေတြနဲ႔ မင္းကိုအမွ်အတမ္းေပးေဝမယ္ “
ဘုရားရွိခိုးၿပီးေနာက္ နန္းခင္ယြန္း၏ခႏၶာကိုယ္မွ ထြက္သြားသည္ စိုင္းထြဋ္ေခါင္..။ ျမတ္သူသည္လည္း တင္းထားသမွ်အားတို႔ ေလွ်ာ့ခ်လိုက္သည္။
“ မနက္ျဖန္ကို သူ႔အတြက္ရည္စူးၿပီး ဘုန္းႀကီးေက်ာင္းမွာ ဆြမ္းသြားကပ္ရမယ္။ ေကာင္ေလးတို႔မိဘေတြက ခရစ္ယာန္ဘာသာ၀င္ေတြဆိုေတာ့ အဆင္ေျပမွာမဟုတ္ဘူး။ ဦးေလးတို႔ပဲ လုပ္ေပးပါ့မယ္။ ဒါေပမဲ့ ျမတ္သူကေတာ့ ဘုန္းႀကီးေက်ာင္းကို လိုက္မွရမယ္ “
“ ဟုတ္ကဲ့.. ကြၽန္ေတာ္လိုက္ခဲ့ပါမယ္”
ေနာက္ဆုံးေတာ့ ခင္ဗ်ားလြတ္ေျမာက္ေတာ့မယ္ေနာ္။ ကြၽန္ေတာ္လည္း.. ထြက္သြားရေတာ့မယ္ထင္ပါရဲ႕.. အသက္ရွဴလို႔ေတာင္ မဝဘူးရယ္...။