The Stranger I love (System)

Bởi khunsin

401K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Xem Thêm

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.13

6.6K 780 7
Bởi khunsin

Devilish ရဲ့ Prototype ကို နောက်နှစ်လမှာ ပွဲထုတ်ဖို့ စီစဉ်လိုက်တာကြောင့် ..Devilish ဝန်ထမ်းများအလှည့်ကျ အချိန်ပိုဆင်းကာ အလုပ်လုပ်နေရသည် .. သို့သော် လုံးဝမနားရသည်က ဟုန်လေ့ပင် .. Accounting Software ဘက်က တက်လာတဲ့ သူဖြေရှင်းမှ ရမယ့် Error တချို့ ဖြေရှင်းပေးရသလို Devilish အဖွဲ့သားတွေရဲ့ ပြသနာ error ပေါင်း သောင်းခြောက်ထောင်ကိုလည်း တာဝန်ယူ ဖြေရှင်းပေးနေသည်

သူကအလုပ်ရုံအပေါ်ထပ်မှာပဲ နေတာကြောင့် .. ညထိ ရုံးတက်တဲ့ ဝန်ထမ်းအကိုတွေက တခုခုဆို မသိတာရှိရင်တိုင်း၊ မလုပ်နိုင်တာရှိတိုင်း အပေါ်တက်လာပြီး သူ့ကိုလာမေးကြသည် .. သူရှိနေတဲ့အတွက် အလုပ်က ရှေ့အရမ်းရောက်ပေမယ့် အလုပ်ထဲ ဝင်ပြီးရင် ပြန်မထွက်တတ်တော့တဲ့ ဟုန်လေ့က လိုက်ကူညီပေး၊ ဆွေးနွေးပေးရတာနဲ့ညတိုင်း ညဉ့်နက်မှ အိပ်ဖြစ်လာသည် ..

နေ့ခင်းကော ညရော ဆက်တိုက်တာဝန်ယူရတဲ့ အရမ်းပင်ပန်းတဲ့ ရက်တွေဆို နှိုးစက်မြည်တာတောင် မနက် မနိုးတော့ .. ရန်ကျင့်အလုပ်ထဲလာမှ အပေါ်တက်ကာ ကျောင်းသွားဖို့ နှိုးယူရသည် .. မနက်စာဆိုလည်း ထမင်းဟင်း မချက်တတ်သော ဟုန်လေ့က ပေါင်မုန့်နှစ်ချပ် နွားနို့ပဲ သောက်တာမို့ ရန်ကျင့်က အိမ်ကတခုခုမဟုတ်ရင်တောင် လမ်းကတွေ့တဲ့စားစရာ ယူလာပေးတာလည်း အလေ့အထလို ဖြစ်နေပြီ ..

ဟုန်လေ့က အလုပ်မှာ ဘာမဆိုတော်သော်လည်း အလုပ်ကလွဲရင် တကယ် ဘာမှမသိပေ .. ပိုဆိုးတာက ဒီကမ္ဘာမှာ အိမ်နဲ့ကျောင်းကလွဲရင် မသွားတတ်တာကြောင့် တခုခုဆို ရန်ကျင့်ကိုပဲ အားကိုးရသည် .. ဟုန်လေ့က အလုပ်မှာ စေ့စပ်သလောက် သူ့ကိုယ်သူဆို ဘယ်လိုဂရုစိုက်ရမှန်း မသိသူဖြစ်သည် .. Air Con အရမ်းအေးလို့ နှာရည်တွေ စီးကျနေရင်တောင် Air Con ထပိတ်ရမယ်မှန်း သတိမရတတ်ပဲ နှာတရှုံ့ရှုံနဲ့သာ အလုပ်ဆက်လုပ်နေတတ်သူ ဖြစ်သည် ...

မီးဖိုချောင်လေး တခါဝင်တာ လက်ထိသွားတာကြောင့် ရန်ကျင့်က ပေးမဝင်တော့ .. အလုပ်ရုံမှာထားတဲ့ ဆေးအိတ်က ဟုန်လေ့ တယောက်ထဲအတွက်လို့တောင် ထင်မှတ်ရလောက်အောင်.. ဓားနဲ့ ပက်သက်ရင် ခဏခဏ ရှလွန်းလို့ Design ဆွဲမယ့် ခဲတံ၊ ပန်းချီဆွဲမယ့် ခဲတံကစ ရန်ကျင့်ကပဲ ချွန်ပေးရသည် ... ချွန်စက်လေး ဝယ်ထားပေမယ့် ရန်ကျင့် မရှိမှ သုံးသည် .. ရန်ကျင့် ချွန်ပေးတဲ့ ခဲတံလေးတွေက အဆံရှည်ပြီး ခဲဆံကို ပြားပြားလေး ဖြစ်အောင် ချွန်ပေးတာကြောင့် ပန်းချီဆွဲရတာ ပိုကောင်းသည်

တချိန်လုံး ဖုန်းမဟုတ်ရင် ကွန်ပျူတာ ကြည့်နေတာကြောင့် လမ်းသွားရင် ရှေ့မှာ ဘာရှိမှန်းမသိ ခဏခဏ ဟိုဟာနဲ့ ဆောင့်မိ ဒီဟာနဲ့ တိုက်မိ ဖြစ်တတ်သည် ..ရှေ့မှာ ဘာမှ မရှိရင် ဘေးကထွက်နေတဲ့ တခုခုနဲ့ ခြေသန်းလေးလောက်တော့ တိုက်လိုက်ရမှ ဟုန်လေ့ ပီသသည် .. အလုပ်ထဲက လူတွေတောင် ဟုန်လေ့အကြောင်း သိနေပြီမို့ အလုပ်နဲ့ ပက်သက်တာကလွဲရင် ခေါင်ဆောင်လို့ မခေါ်တော့ပဲ ငယ်လေး .. မဟုတ်ရင် ပူတူး လို့ခေါ်ကာ ကလေးလို သဘောထားပြီး ဘာခိုင်းခိုင်း အကုန်လုပ်ပေးကြသည် .. ဘာစားချင်လဲ ပါးစပ်က တ ရုံနဲ့ ရှေ့ရောက်ပြီးသားပဲ ..
.....
ရန်ကျင့် မနက်တိုင်း အဖေနဲ့ မနက်စာ စားပြီးရင် အလုပ်သွားပြီး ဟုန်လေ့ကို နှိုးရတာ အကျင့်လို ဖြစ်နေပြီ .. ယွင်ဖန်တို့ သားအမိကြောင့် စိတ်ဒဏ်ရာရလာသော ဟုန်လေ့ကို သူမျက်နှာ တချက်တောင် ညှိုးမနေစေချင် .. အနေအစားမမှန်တာကြောင့် ချောင်ကျနေသော ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးကို ကြည့်ရင်း စားလို့ ကောင်းမယ် ထင်တာ မှန်သမျှ ပါဆယ်ဆွဲလာတတ်နေပြီ ..

မနက်ဆို အပြစ်ကင်းတဲ့ မျက်နှာလေးကြည့်ပြီး နှိုးရတာ သူကြိုက်သည် .. နှိုးရင် ချက်ချင်းနိုးပေမယ့် တဖက်ကို ပြန်လှည့်ပြီး ထဖို့အရှိန်ယူတတ်တဲ့ ဒီဆယ်ကျော်သက်လေးကို မြတ်နိုးသည် ..

အလုပ်ထဲမှာ ဘယ်လိုကြီးပဲ လန်ပျံနေအောင်ထက်နေပါစေ မုန့်ဝယ်လာတာတွေ့ရင် ချက်ချင်း အနားပြေးလာပြီး မျက်လုံးတောက်တောက်လေးနဲ့ ငါ့ဖို့မလားလို့ ပြောပြီး လာယူတတ်တဲ့ကောင်လေးကို သူချစ်သည် .. အစကတော့ သနားတာ လေးစားတာလို့ ထင်ခဲ့သော်လည်း ရုံးကလူတွေလည်း သည်းသည်းလှုပ် ဂရုစိုက်တာမြင်ရတော့ ဒီချစ်စရာကောင်းသော ကောင်လေးကို ဖွက်ထားချင်သည် .. ဘယ်သူ့ကိုမှ မပေးချင် .. အပိုင်လိုချင်သည် ..
..................

အခုတော့ ဟုန်လေ့က မနက်ဆို ရန်ကျင့် လာနှိုးမှ ထပြီး ရန်ကျင့်ယူလာသော မုန့်နှင့် ဝန်ထမ်းအကို တယောက်ယောက်မှ ဖျော်ပေးသောကော်ဖီနှင့် မနက်စာစားတတ်သည် .. စားနေရင်း သတင်းခဏဖတ်ပြီး .. Report တက်လာတာတွေ ခဏကြည့် ပြီးရင် ရန်ကျင့်နဲ့ အတူ ကျောင်းသွားသည် .. အရေးကြီး အတန်းတွေလောက်ပဲ တက်ပြီးရင် ပြန်လာပြီး အလုပ်လုပ်သည် ..

ဟုန်လေ့က ရန်ကျင့် ဂရုစိုက်မှုများကို အစပိုင်း အားနာသော်လည်း ကြာတော့ အကျင့် ဖြစ်လာသည် .. တခုခုဆို အားကျင့် ငါ့ကို ဒါလေးလုပ်ပေးဦးပြောတတ်လာသလို .. ရန်ကျင့်ကလည်း ဘာမှဆို အလုပ်ထဲ အကုန်သိသော ဟုန်လေ့ကို လေ့ငါဒီလိုလေး ဖြစ်ချင်တယ် ငါတို့ ဒီလိုလေးသွားချင်တယ် .. အားကိုးတကြီး တိုင်ပင်တတ်လာသည် ..
.............

"အားကျင့် Story Line က Time Line နဲ့ မကိုက်ဖူး ဖြစ်နေလို့ နည်းနည်း ပြင်ပေးဦး .. ငါက ပုံဆွဲတာကျ မင်းလောက် မမြန်ဘူး .. နေ့ရော ညရော အချိန်ပိုဆင်းရတာကြောင့် အကိုတွေက ပင်ပန်းနေကြပုံပေါ်လို့ ငါသူတို့အကုန်လုံးကို နှစ်ရက်နားဖို့ ပြောလိုက်တယ်"

"ပြီးတော့ ငါ့စိတ်ထဲ တမျိုးကြီး ဖြစ်နေတယ် . အရံ Back up plan ထားချင်တယ် "

ရန်ကျင့် နားလည်သည် .. ဒီဟာတွေ အကုန်လုံးက Data တွေပဲမို့ ပေါက်ကြားသွားရင် အကုန်ကုန်မှာ ..
"လေ့ မင်းပင်ပန်းနေပြီ ခဏနားလိုက် ငါဆွဲလိုက်မယ်"
"အင်း .. ငါခဏအိပ်လိုက်မယ် မင်းပြီးရင် ငါ့ကို နှိုး"

ဆိုဖာပေါ်တက်ကာ သွားအိပ်နေသော ဟုန်လေ့ကို စောင်ပါးလေး တထည် ခြုံပေးလိုက်ပြီး Time Line ညှိလိုက်သည် . ပုံအနည်းငယ် ထပ်ဖြည့်လိုက်သည် .. ထိုနောက် .. ဒီရက်ပိုင်း ဟုန်လေ့နဲ့ တွေ့ပြီးကတည်းက သူ့စိတ်တွေ ကွန့်မြူးနေတာမို့ ဆွဲထားတဲ့ Folder ကို ဖွင့်လိုက်သည် .. သူ့အဖွဲ့ကို မပြောရသေးဘူး .. ဒီ character တွေက ဟုန်လေ့နဲ့ သူအပါအဝင် သူ့အဖွဲ့သားအချို့ရဲ့ character Design ပင် . ဟုန်လေ့ character ကို ကြည့်ပြီး ပြုံးနေမိသည် .. ယခင်လုပ်နေတဲ့ Projectမှာ ရန်ကျင့်အပိုင်းကသာ ပြန်မပြင်ရတာကြောင့် ဒီရက်ပိုင်းက အားနေတော့ လျှောက်ဆွဲထားတာတွေက ခုအသုံးဝင်လာသည်။

ကလေးက Plan B ထားချင်တယ်ဆိုတော့ ကိုယ် ဖြစ်အောင် လုပ်ပေးရမှာပေါ့ .. Rendering ပိုင်းပြီးရင် ဒုတိယကြာတဲ့ Process က Story Line ထောင်တာနဲ့ Time Line ဆွဲတာပဲ ဖြစ်သည် .. Character တွေ ဒီဇိုင်းသေချာပြီဆို လှုပ်ရှာမှုအတွက် ပုံတွေ ထပ်ထည့်ရတာမို့ Character တခုကိူ Story Line ရှည်ရင် ရှည်သလို နောက်ထပ် ပုံ50-100 လောက် ထပ်ဆွဲရသည် .. ခုက Trailer ပဲမို့ ပုံသိပ်မများ .. ရန်ကျင့် ယခင်လုပ်လုပ်စ ဖြစ်တာကြောင့် သိပ်မကြာပင် ပြီးတော့မည် ဖြစ်သည် ..

ဟုန်လေ့ နိုးတော့ ညနေပင် ရောက်နေပြီ .. ပီဇာနံ့ မွှေးမွှေးလေး ရတာကြောင့် ..
"အားကျင့် ပီဇာမှာထားတာလား"
"အွန်း ဗိုက်ဆာပြီလား .. စားပွဲပေါ်တင်ထားတယ် ငါလာခဲ့မယ် ခနနေဆို ပြီးပြီ"
စောင်ကြီး ပစ်ချကာ ပြေးထွက်သွားသော နောက်ကျောကို ကြည့်ရင်း ခေါင်းသာ ခါယမ်းမိသည် ..
'ကလေးဆိုးလေး'

မျက်လုံးလေး ကွေးနေအောင် ပြုံးကာ ပါးစပ်အပြည့် ထိုးသွပ်နေသော ဆယ်ကျော်သက်လေးကြောင့် ရေအပြည့်ခပ်ပေးကာ ဖြည်းဖြည်းစားဟုသာ ပြောရတော့သည် ..

"လေ့ ငါ Plan A ကော B ကော ပြီးပြီ စားပြီးရင် မင်းသွားကြည့်လိုက်"
စားလက်စကြီးရပ်ပြီး မျက်လုံးကြီးပြူး ပါးစပ်ကြီးဟက ကြည့်လာသောကြောင့် .. ပီစာတွေ ပြန်ထွက်ကျတော့မလိုတောင် ဖြစ်သွားသည် .. "အာ ဒီကလေးကတော့" ..
ရန်ကျင့် ပေးတဲ့ တစ်သျူးနဲ့ ပါးစပ်သုပ်ပြီး တဖက်မှာလည်း ပီဇာကို လက်ကကိုင်ကာ ..

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အဲ့လောက်တောင် မြန်လား .. ငါရက်20 လောက်တော့ အနည်းဆုံး ကြာမယ် ထင်တာ .." ပလုပ်ပလောင်းကြီးနဲ့ ပြောလာသော ကလေးငယ်ကြောင့် ကူကယ်ရာမဲ့စွာသာ ရယ်မိတော့သည် ..

"ကိုယ် လုပ်ထားတာ ကြာပြီ . မပြရသေးတာပဲ ရှိတာ .. မင်းတို့က အရမ်းလုပ်နေပြီး ကိုယ်က ပါးပါးပဲ ကူပေးနေရတော့ ပျင်းတာနဲ့ ရုံးခန်းထဲမှာ ထိုင်ဆွဲနေတာ .. အရံဆိုပြီး အရင်ကတည်းက ဆွဲထားပြီးသားတွေလည်း ရှိတယ် .. ကိုယ် အဖွဲ့ကို မပြဖြစ်တာ ..

"အွန်း တို့အားကျင့်က အတော်ဆုံးပဲ
တခြား ဘယ်သူမှ မပြနဲ့ အဲ့တာက အရေးကြီးတယ်"
ဟုန်လေ့ အရင်ဘဝမှာ ပွဲထွက်ခါနီး သူများကူးယူခံလိုက်ရတာကြောင့် အကြီးအကျယ် ဆုံးရှုံးဖူးသည် .. နောက်တခါ မဖြစ်ဖူးလို့ မပြောနိုင်ဘူးလေ ..

"ငါ ခဏနေ တခြားဟာတွေ ပြီးအောင် လုပ်လိုက်မယ်
ပြီးတော့ အားကျင့် ငါပြောစရာရှိတယ်"
"အင်း ပြော"
"ငါ အရင်အိမ်မှာ ဖန်ဟော်ဆိုတဲ့ ကောင်မလေးတယောက်ရှိတယ် ငါသူ့ကို ဒီမှာ ခေါ်ထားချင်တယ် .." ရန်ကျင့် နည်းနည်းတော့ သဝန်တိုသွားမိသည် .. စိတ်ထဲမှာ မကြိုက်ပေမယ့် အမူအရာကို ဖုံးကွယ်လိုက်ပြီး ဆက်ပြောလို့ မေ့ဆတ်ပြလိုက်သည် ..

"သူက ငါ့မိဘ လက်ထက်ကတည်းက ငါ့ကို စောင့်ရှောက်လာတာ .. သူ့ကို ဟိုသားအမိ လက်ထဲမှာ စိတ်မချဘူး .. ငါလကုန်ရင် သူတို့ကို မောင်းချမယ်လို့ ပြောထားပေမယ့် တကယ်တော့ ငါဘာမှ မပြင်ဆင်ရသေးဘူး .. ဖန်းဟော်ကိုတော့ ခေါ်ထားလိုက်ချင်တယ် .. သူက စကားမပြောတတ်ဖူး ဒါပေမယ့် သူဒီမှာ ရှိနေရင် ငါ့အတွက် စားစရာ မင်း အလုပ်မရှုပ်တော့ဘူး .. နေဖို့ ထိုင်ဖို့ တအား စီစဉ်ပေးစရာလည်း မလိုဘူး .. ငါနဲ့ပဲ နေလိုက်လို့ ရတယ်"

"မဖြစ်ဖူး"
ရန်ကျင့် လျှင်မြန်စွာ ပြောလိုက်သည် .. ကောင်မလေးတယောက်နဲ့ မင်းနဲ့ အမြဲအတူရှိ​နေတာ ခွင်ပြုရအောင် ငါအဲ့လောက် သဘောထားမကြီးသေးဘူး .. ပြီးတော့ ငါမင်းနားမှာရှိရမယ့် အချိန်တွေကို သူမက ဘာမို့ ပေးလိုက်ရမှာလဲ

"ရန်ကျင့်"

"မဟုတ်ဖူး ဟုန်လေ့ .. ငါပြောတာ နားထောင်ဦး
ဖန်းဟော်က မိန်းကလေး .. ဒီမှာ ယောကျာ်းလေးတွေချည်းပဲ .. မင်းအဆင်ပြေရင်တောင် သူအဆင်ပြေမှာ မဟုတ်ဖူး .. ပြီးတော့ သူနဲ့ မင်းနဲ့ ဒီမှာ တူတူနေဖို့ဆိုတာလည်း မဟုတ်သေးဘူး .. မင်းသဘောတူရင် သူ့ကို ငါ့မာမီနဲ့ ထားထားပေးမယ် ..မာမီလည်း အဖော်ရသလို သူလည်း အဆင်ပြေတယ် .. မင်းအတွက် သူချက်ပြုတ်ပေးတာကိုလည်း ငါယူလာပေးလို့ ရတယ် . ဒီက မီးဖိုချောင်က ဟင်းနွေးစားဖို့ လောက်ပဲ ရတာ .. တခြား လိုတာရှိသေးရင် မင်းအဆင်ပြေအောင် သုံးရက် တခါလောက် Driver နဲ့ ပို့ပေးမယ် သန့်ရှင်းရေး ဘာညာ လုပ်ပေးလို့ ရတယ် . . မင်းလည်း သူ့အခြေအနေ ကြည့်ချင်ရင် အိမ်မှာ လိုက်ကြည့်လို့ ရတယ် .. မင်းဘယ်လိုထင်လဲ"

"အွန်း မင်းအကောင်းဆုံးပဲ .. ငါအဲ့လောက် မစဉ်းစားမိဘူး"
"မင်း သွားခေါ်ရင် ငါလိုက်ခဲ့ပေးမယ်"
"အွန်း"
ဟုန်လေ့ ချီးကျူးမှုကို နှစ်ခါတောင် ရလိုက်သော ရန်ကျင့်မှာတော့ ပျော်ရွှင်ကျေနပ်လွန်းလို့ ..ပါးစပ်က နားရွက်ပင် တက်ချိတ်နေလေပြီ .. သို့သော် ဟုန်လေ့ ဆက်ပြောတဲ့ စကားတခွန်းကြောင့် လက်ထဲမှ ပီဇာပါ ပြုတ်ကျသွားတော့သည် ..

"အားကျင့် .. ငါ့ကို အကောင်းဆုံး ရှေ့နေတယောက် ရှာပေးပါ"

🟥🟥🟥🟥🟥🟥🟥

Devilish ရဲ႕ Prototype ကို ေနာက္ႏွစ္လမွာ ပြဲထုတ္ဖို႔ စီစဥ္လိုက္တာေၾကာင့္ ..Devilish ဝန္ထမ္းမ်ားအလွည့္က် အခ်ိန္ပိုဆင္းကာ အလုပ္လုပ္ေနရသည္ .. သို႔ေသာ္ လုံးဝမနားရသည္က ဟုန္ေလ့ပင္ .. Accounting Software ဘက္က တက္လာတဲ့ သူေျဖရွင္းမွ ရမယ့္ Error တခ်ိဳ႕ ေျဖရွင္းေပးရသလို Devilish အဖြဲ႕သားေတြရဲ႕ ျပသနာ error ေပါင္း ေသာင္းေျခာက္ေထာင္ကိုလည္း တာဝန္ယူ ေျဖရွင္းေပးေနသည္

သူကအလုပ္႐ုံအေပၚထပ္မွာပဲ ေနတာေၾကာင့္ .. ညထိ ႐ုံးတက္တဲ့ ဝန္ထမ္းအကိုေတြက တခုခုဆို မသိတာရွိရင္တိုင္း၊ မလုပ္ႏိုင္တာရွိတိုင္း အေပၚတက္လာၿပီး သူ႔ကိုလာေမးၾကသည္ .. သူရွိေနတဲ့အတြက္ အလုပ္က ေရွ႕အရမ္းေရာက္ေပမယ့္ အလုပ္ထဲ ဝင္ၿပီးရင္ ျပန္မထြက္တတ္ေတာ့တဲ့ ဟုန္ေလ့က လိုက္ကူညီေပး၊ ေဆြးေႏြးေပးရတာနဲ႔ညတိုင္း ညဥ့္နက္မွ အိပ္ျဖစ္လာသည္ ..

ေန႔ခင္းေကာ ညေရာ ဆက္တိုက္တာဝန္ယူရတဲ့ အရမ္းပင္ပန္းတဲ့ ရက္ေတြဆို ႏႈိးစက္ျမည္တာေတာင္ မနက္ မႏိုးေတာ့ .. ရန္က်င့္အလုပ္ထဲလာမွ အေပၚတက္ကာ ေက်ာင္းသြားဖို႔ ႏႈိးယူရသည္ .. မနက္စာဆိုလည္း ထမင္းဟင္း မခ်က္တတ္ေသာ ဟုန္ေလ့က ေပါင္မုန္႔ႏွစ္ခ်ပ္ ႏြားႏို႔ပဲ ေသာက္တာမို႔ ရန္က်င့္က အိမ္ကတခုခုမဟုတ္ရင္ေတာင္ လမ္းကေတြ႕တဲ့စားစရာ ယူလာေပးတာလည္း အေလ့အထလို ျဖစ္ေနၿပီ ..

ဟုန္ေလ့က အလုပ္မွာ ဘာမဆိုေတာ္ေသာ္လည္း အလုပ္ကလြဲရင္ တကယ္ ဘာမွမသိေပ .. ပိုဆိုးတာက ဒီကမာၻမွာ အိမ္နဲ႔ေက်ာင္းကလြဲရင္ မသြားတတ္တာေၾကာင့္ တခုခုဆို ရန္က်င့္ကိုပဲ အားကိုးရသည္ .. ဟုန္ေလ့က အလုပ္မွာ ေစ့စပ္သေလာက္ သူ႔ကိုယ္သူဆို ဘယ္လိုဂ႐ုစိုက္ရမွန္း မသိသူျဖစ္သည္ .. Air Con အရမ္းေအးလို႔ ႏွာရည္ေတြ စီးက်ေနရင္ေတာင္ Air Con ထပိတ္ရမယ္မွန္း သတိမရတတ္ပံ ႏွာတရႈံ႕နဲ႔သာ အလုပ္ဆက္လုပ္ေနတတ္သူ ျဖစ္သည္ ...

မီးဖိုေခ်ာင္ေလး တခါဝင္တာ လက္ထိသြားတာေၾကာင့္ ရန္က်င့္က ေပးမဝင္ေတာ့ .. အလုပ္႐ုံမွာထားတဲ့ ေဆးအိတ္က ဟုန္ေလ့ တေယာက္ထဲအတြက္လို႔ေတာင္ ထင္မွတ္ရေလာက္ေအာင္.. ဓားနဲ႔ ပက္သက္ရင္ ခဏခဏ ရွလြန္းလို႔ Design ဆြဲမယ့္ ခဲတံ၊ ပန္းခ်ီဆြဲမယ့္ ခဲတံကစ ရန္က်င့္ကပဲ ခြၽန္ေပးရသည္ ... ခြၽန္စက္ေလး ဝယ္ထားေပမယ့္ ရန္က်င့္ မရွိမွ သုံးသည္ .. ရန္က်င့္ ခြၽန္ေပးတဲ့ ခဲတံေလးေတြက အဆံရွည္ၿပီး ခဲဆံကို ျပားျပားေလး ျဖစ္ေအာင္ ခြၽန္ေပးတာေၾကာင့္ ပန္းခ်ီဆြဲရတာ ပိုေကာင္းသည္

တခ်ိန္လုံး ဖုန္းမဟုတ္ရင္ ကြန္ပ်ဴတာ ၾကည့္ေနတာေၾကာင့္ လမ္းသြားရင္ ေရွ႕မွာ ဘာရွိမွန္းမသိ ခဏခဏ ဟိုဟာနဲ႔ ေဆာင့္မိ ဒီဟာနဲ႔ တိုက္မိ ျဖစ္တတ္သည္ ..ေရွ႕မွာ ဘာမွ မရွိရင္ ေဘးကထြက္ေနတဲ့ တခုခုနဲ႔ ေျခသန္းေလးေလာက္ေတာ့ တိုက္လိုက္ရမွ ဟုန္ေလ့ ပီသသည္ .. အလုပ္ထဲက လူေတြေတာင္ ဟုန္ေလ့အေၾကာင္း သိေနၿပီမို႔ အလုပ္နဲ႔ ပက္သက္တာကလြဲရင္ ေခါင္ေဆာင္လို႔ မေခၚေတာ့ပဲ ငယ္ေလး .. မဟုတ္ရင္ ပူတူး လို႔ေခၚကာ ကေလးလို သေဘာထားၿပီး ဘာခိုင္းခိုင္း အကုန္လုပ္ေပးၾကသည္ .. ဘာစားခ်င္လဲ ပါးစပ္က တ႐ုံနဲ႔ ေရွ႕ေရာက္ၿပီးသားပဲ ..

ရန္က်င့္ မနက္တိုင္း အေဖနဲ႔ မနက္စာ စားၿပီးရင္ အလုပ္သြားၿပီး ဟုန္ေလ့ကို ႏႈိးရတာ အက်င့္လို ျဖစ္ေနၿပီ .. ယြင္ဖန္တို႔ သားအမိေၾကာင့္ စိတ္ဒဏ္ရာရလာေသာ ဟုန္ေလ့ကို သူမ်က္ႏွာ တခ်က္ေတာင္ ညႇိဳးမေနေစခ်င္ .. အေနအစားမမွန္တာေၾကာင့္ ေခ်ာင္က်ေနေသာ ပိန္ပိန္ပါးပါး ခႏၶာကိုယ္ေလးကို ၾကည့္ရင္း စားလို႔ ေကာင္းမယ္ ထင္တာ မွန္သမွ် ပါဆယ္ဆြဲလာတတ္ေနၿပီ ..

မနက္ဆို အျပစ္ကင္းတဲ့ မ်က္ႏွာေလးၾကည့္ၿပီး ႏႈိးရတာ သူႀကိဳက္သည္ .. ႏႈိးရင္ ခ်က္ခ်င္းႏိုးေပမယ့္ တဖက္ကို ျပန္လွည့္ၿပီး ထဖို႔အရွိန္ယူတတ္တဲ့ ဒီဆယ္ေက်ာ္သက္ေလးကို ျမတ္ႏိုးသည္ ..

အလုပ္ထဲမွာ ဘယ္လိုႀကီးပဲ လန္ပ်ံေနေအာင္ထက္ေနပါေစ မုန္႔ဝယ္လာတာေတြ႕ရင္ ခ်က္ခ်င္း အနားေျပးလာၿပီး မ်က္လုံးေတာက္ေတာက္ေလးနဲ႔ ငါ့ဖို႔မလားလို႔ ေျပာၿပီး လာယူတတ္တဲ့ေကာင္ေလးကို သူခ်စ္သည္ .. အစကေတာ့ သနားတာ ေလးစားတာလို႔ ထင္ခဲ့ေသာ္လည္း ႐ုံးကလူေတြလည္း သည္းသည္းလႈပ္ ဂ႐ုစိုက္တာျမင္ရေတာ့ ဒီခ်စ္စရာေကာင္းေသာ ေကာင္ေလးကို ဖြက္ထားခ်င္သည္ .. ဘယ္သူ႔ကိုမွ မေပးခ်င္ .. အပိုင္လိုခ်င္သည္ ..
..................

အခုေတာ့ ဟုန္ေလ့က မနက္ဆို ရန္က်င့္ လာႏႈိးမွ ထၿပီး ရန္က်င့္ယူလာေသာ မုန္႔ႏွင့္ ဝန္ထမ္းအကို တေယာက္ေယာက္မွ ေဖ်ာ္ေပးေသာေကာ္ဖီႏွင့္ မနက္စာစားတတ္သည္ .. စားေနရင္း သတင္းခဏဖတ္ၿပီး .. Report တက္လာတာေတြ ခဏၾကည့္ ၿပီးရင္ ရန္က်င့္နဲ႔ အတူ ေက်ာင္းသြားသည္ .. အေရးႀကီး အတန္းေတြေလာက္ပဲ တက္ၿပီးရင္ ျပန္လာၿပီး အလုပ္လုပ္သည္ ..

ဟုန္ေလ့က ရန္က်င့္ ဂ႐ုစိုက္မႈမ်ားကို အစပိုင္း အားနာေသာ္လည္း ၾကာေတာ့ အက်င့္ ျဖစ္လာသည္ .. တခုခုဆို အားက်င့္ ငါ့ကို ဒါေလးလုပ္ေပးဦးေျပာတတ္လာသလို .. ရန္က်င့္ကလည္း ဘာမွဆို အလုပ္ထဲ အကုန္သိေသာ ဟုန္ေလ့ကို ေလ့ငါဒီလိုေလး ျဖစ္ခ်င္တယ္ ငါတို႔ ဒီလိုေလးသြားခ်င္တယ္ .. အားကိုးတႀကီး တိုင္ပင္တတ္လာသည္ ..
.............

"အားက်င့္ Story Line က Time Line နဲ႔ မကိုက္ဖူး ျဖစ္ေနလို႔ နည္းနည္း ျပင္ေပးဦး .. ငါက ပုံဆြဲတာက် မင္းေလာက္ မျမန္ဘူး .. ေန႔ေရာ ညေရာ အခ်ိန္ပိုဆင္းရတာေၾကာင့္ အကိုေတြက ပင္ပန္းေနၾကပုံေပၚလို႔ ငါသူတို႔အကုန္လုံးကို ႏွစ္ရက္နားဖို႔ ေျပာလိုက္တယ္"

"ၿပီးေတာ့ ငါ့စိတ္ထဲ တမ်ိဳးႀကီး ျဖစ္ေနတယ္ . အရံ Back up plan ထားခ်င္တယ္ "

ရန္က်င့္ နားလည္သည္ .. ဒီဟာေတြ အကုန္လုံးက Data ေတြပဲမို႔ ေပါက္ၾကားသြားရင္ အကုန္ကုန္မွာ ..
"ေလ့ မင္းပင္ပန္းေနၿပီ ခဏနားလိုက္ ငါဆြဲလိုက္မယ္"
"အင္း .. ငါခဏအိပ္လိုက္မယ္ မင္းၿပီးရင္ ငါ့ကို ႏႈိး"

ဆိုဖာေပၚတက္ကာ သြားအိပ္ေနေသာ ဟုန္ေလ့ကို ေစာင္ပါးေလး တထည္ ၿခဳံေပးလိုက္ၿပီး Time Line ညႇိလိုက္သည္ . ပုံအနည္းငယ္ ထပ္ျဖည့္လိုက္သည္ .. ထိုေနာက္ .. ဒီရက္ပိုင္း ဟုန္ေလ့နဲ႔ ေတြ႕ၿပီးကတည္းက သူ႔စိတ္ေတြ ကြန္႔ျမဴးေနတာမို႔ ဆြဲထားတဲ့ Folder ကို ဖြင့္လိုက္သည္ .. သူ႔အဖြဲ႕ကို မေျပာရေသးဘူး .. ဒီ character ေတြက ဟုန္ေလ့နဲ႔ သူအပါအဝင္ သူ႔အဖြဲ႕သားအခ်ိဳ႕ရဲ႕ character Design ပင္ . ဟုန္ေလ့ character ကို ၾကည့္ၿပီး ၿပဳံးေနမိသည္ .. ယခင္လုပ္ေနတဲ့ Projectမွာ ရန္က်င့္အပိုင္းကသာ ျပန္မျပင္ရတာေၾကာင့္ ဒီရက္ပိုင္းက အားေနေတာ့ ေလွ်ာက္ဆြဲထားတာေတြက ခုအသုံးဝင္လာသည္။

ကေလးက Plan B ထားခ်င္တယ္ဆိုေတာ့ ကိုယ္ ျဖစ္ေအာင္ လုပ္ေပးရမွာေပါ့ .. Rendering ပိုင္းၿပီးရင္ ဒုတိယၾကာတဲ့ Process က Story Line ေထာင္တာနဲ႔ Time Line ဆြဲတာပဲ ျဖစ္သည္ .. Character ေတြ ဒီဇိုင္းေသခ်ာၿပီဆို လႈပ္ရွာမႈအတြက္ ပုံေတြ ထပ္ထည့္ရတာမို႔ Character တခုကိူ Story Line ရွည္ရင္ ရွည္သလို ေနာက္ထပ္ ပုံ50-100 ေလာက္ ထပ္ဆြဲရသည္ .. ခုက Trailer ပဲမို႔ ပုံသိပ္မမ်ား .. ရန္က်င့္ ယခင္လုပ္လုပ္စ ျဖစ္တာေၾကာင့္ သိပ္မၾကာပင္ ၿပီးေတာ့မည္ ျဖစ္သည္ ..

ဟုန္ေလ့ ႏိုးေတာ့ ညေနပင္ ေရာက္ေနၿပီ .. ပီဇာနံ႔ ေမႊးေမႊးေလး ရတာေၾကာင့္ ..
"အားက်င့္ ပီဇာမွာထားတာလား"
"အြန္း ဗိုက္ဆာၿပီလား .. စားပြဲေပၚတင္ထားတယ္ ငါလာခဲ့မယ္ ခနေနဆို ၿပီးၿပီ"
ေစာင္ႀကီး ပစ္ခ်ကာ ေျပးထြက္သြားေသာ ေနာက္ေက်ာကို ၾကည့္ရင္း ေခါင္းသာ ခါယမ္းမိသည္ ..
'ကေလးဆိုးေလး'

မ်က္လုံးေလး ေကြးေနေအာင္ ၿပဳံးကာ ပါးစပ္အျပည့္ ထိုးသြပ္ေနေသာ ဆယ္ေက်ာ္သက္ေလးေၾကာင့္ ေရအျပည့္ခပ္ေပးကာ ျဖည္းျဖည္းစားဟုသာ ေျပာရေတာ့သည္ ..

"ေလ့ ငါ Plan A ေကာ B ေကာ ၿပီးၿပီ စားၿပီးရင္ မင္းသြားၾကည့္လိုက္"
စားလက္စႀကီးရပ္ၿပီး မ်က္လုံးႀကီးျပဴး ပါးစပ္ႀကီးဟက ၾကည့္လာေသာေၾကာင့္ .. ပီစာေတြ ျပန္ထြက္က်ေတာ့မလိုေတာင္ ျဖစ္သြားသည္ .. "အာ ဒီကေလးကေတာ့" ..
ရန္က်င့္ ေပးတဲ့ တစ္သ်ဴးနဲ႔ ပါးစပ္သုပ္ၿပီး တဖက္မွာလည္း ပီဇာကို လက္ကကိုင္ကာ ..

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ .. အဲ့ေလာက္ေတာင္ ျမန္လား .. ငါရက္20 ေလာက္ေတာ့ အနည္းဆုံး ၾကာမယ္ ထင္တာ .." ပလုပ္ပေလာင္းႀကီးနဲ႔ ေျပာလာေသာ ကေလးငယ္ေၾကာင့္ ကူကယ္ရာမဲ့စြာသာ ရယ္မိေတာ့သည္ ..

"ကိုယ္ လုပ္ထားတာ ၾကာၿပီ . မျပရေသးတာပဲ ရွိတာ .. မင္းတို႔က အရမ္းလုပ္ေနၿပီး ကိုယ္က ပါးပါးပဲ ကူေပးေနရေတာ့ ပ်င္းတာနဲ႔ ႐ုံးခန္းထဲမွာ ထိုင္ဆြဲေနတာ .. အရံဆိုၿပီး အရင္ကတည္းက ဆြဲထားၿပီးသားေတြလည္း ရွိတယ္ .. ကိုယ္ အဖြဲ႕ကို မျပျဖစ္တာ ..

"အြန္း တို႔အားက်င့္က အေတာ္ဆုံးပဲ
တျခား ဘယ္သူမွ မျပနဲ႔ အဲ့တာက အေရးႀကီးတယ္"
ဟုန္ေလ့ အရင္ဘဝမွာ ပြဲထြက္ခါနီး သူမ်ားကူးယူခံလိုက္ရတာေၾကာင့္ အႀကီးအက်ယ္ ဆုံးရႈံးဖူးသည္ .. ေနာက္တခါ မျဖစ္ဖူးလို႔ မေျပာႏိုင္ဘူးေလ ..

"ငါ ခဏေန တျခားဟာေတြ ၿပီးေအာင္ လုပ္လိုက္မယ္
ၿပီးေတာ့ အားက်င့္ ငါေျပာစရာရွိတယ္"
"အင္း ေျပာ"
"ငါ အရင္အိမ္မွာ ဖန္ေဟာ္ဆိုတဲ့ ေကာင္မေလးတေယာက္ရွိတယ္ ငါသူ႔ကို ဒီမွာ ေခၚထားခ်င္တယ္ .." ရန္က်င့္ နည္းနည္းေတာ့ သဝန္တိုသြားမိသည္ .. စိတ္ထဲမွာ မႀကိဳက္ေပမယ့္ အမူအရာကို ဖုံးကြယ္လိုက္ၿပီး ဆက္ေျပာလို႔ ေမ့ဆတ္ျပလိုက္သည္ ..

"သူက ငါ့မိဘ လက္ထက္ကတည္းက ငါ့ကို ေစာင့္ေရွာက္လာတာ .. သူ႔ကို ဟိုသားအမိ လက္ထဲမွာ စိတ္မခ်ဘူး .. ငါလကုန္ရင္ သူတို႔ကို ေမာင္းခ်မယ္လို႔ ေျပာထားေပမယ့္ တကယ္ေတာ့ ငါဘာမွ မျပင္ဆင္ရေသးဘူး .. ဖန္းေဟာ္ကိုေတာ့ ေခၚထားလိုက္ခ်င္တယ္ .. သူက စကားမေျပာတတ္ဖူး ဒါေပမယ့္ သူဒီမွာ ရွိေနရင္ ငါ့အတြက္ စားစရာ မင္း အလုပ္မရႈပ္ေတာ့ဘူး .. ေနဖို႔ ထိုင္ဖို႔ တအား စီစဥ္ေပးစရာလည္း မလိုဘူး .. ငါနဲ႔ပဲ ေနလိုက္လို႔ ရတယ္"

"မျဖစ္ဖူး"
ရန္က်င့္ လွ်င္ျမန္စြာ ေျပာလိုက္သည္ .. ေကာင္မေလးတေယာက္နဲ႔ မင္းနဲ႔ အၿမဲအတူရွိ​ေနတာ ခြင္ျပဳရေအာင္ ငါအဲ့ေလာက္ သေဘာထားမႀကီးေသးဘူး .. ၿပီးေတာ့ ငါမင္းနားမွာရွိရမယ့္ အခ်ိန္ေတြကို သူမက ဘာမို႔ ေပးလိုက္ရမွာလဲ

"ရန္က်င့္"

"မဟုတ္ဖူး ဟုန္ေလ့ .. ငါေျပာတာ နားေထာင္ဦး
ဖန္းေဟာ္က မိန္းကေလး .. ဒီမွာ ေယာက်ာ္းေလးေတြခ်ည္းပဲ .. မင္းအဆင္ေျပရင္ေတာင္ သူအဆင္ေျပမွာ မဟုတ္ဖူး .. ၿပီးေတာ့ သူနဲ႔ မင္းနဲ႔ ဒီမွာ တူတူေနဖို႔ဆိုတာလည္း မဟုတ္ေသးဘူး .. မင္းသေဘာတူရင္ သူ႔ကို ငါ့မာမီနဲ႔ ထားထားေပးမယ္ ..မာမီလည္း အေဖာ္ရသလို သူလည္း အဆင္ေျပတယ္ .. မင္းအတြက္ သူခ်က္ျပဳတ္ေပးတာကိုလည္း ငါယူလာေပးလို႔ ရတယ္ . ဒီက မီးဖိုေခ်ာင္က ဟင္းေႏြးစားဖို႔ ေလာက္ပဲ ရတာ .. တျခား လိုတာရွိေသးရင္ မင္းအဆင္ေျပေအာင္ သုံးရက္ တခါေလာက္ Driver နဲ႔ ပို႔ေပးမယ္ သန္႔ရွင္းေရး ဘာညာ လုပ္ေပးလို႔ ရတယ္ . . မင္းလည္း သူ႔အေျခအေန ၾကည့္ခ်င္ရင္ အိမ္မွာ လိုက္ၾကည့္လို႔ ရတယ္ .. မင္းဘယ္လိုထင္လဲ"

"အြန္း မင္းအေကာင္းဆုံးပဲ .. ငါအဲ့ေလာက္ မစဥ္းစားမိဘူး"
"မင္း သြားေခၚရင္ ငါလိုက္ခဲ့ေပးမယ္"
"အြန္း"
ဟုန္ေလ့ ခ်ီးက်ဴးမႈကို ႏွစ္ခါေတာင္ ရလိုက္ေသာ ရန္က်င့္မွာေတာ့ ေပ်ာ္႐ႊင္ေက်နပ္လြန္းလို႔ ..ပါးစပ္က နား႐ြက္ပင္ တက္ခ်ိတ္ေနေလၿပီ .. သို႔ေသာ္ ဟုန္ေလ့ ဆက္ေျပာတဲ့ စကားတခြန္းေၾကာင့္ လက္ထဲမွ ပီဇာပါ ျပဳတ္က်သြားေတာ့သည္ ..

"အားက်င့္ .. ငါ့ကို အေကာင္းဆုံး ေရွ႕ေနတေယာက္ ရွာေပးပါ"

Đọc tiếp

Bạn Cũng Sẽ Thích

68.9K 7.5K 81
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
101K 11.4K 94
transition novel
199K 2.3K 16
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
306K 37.6K 75
မအိပ်ခင် ဖတ်လိုက်မိတဲ့ novel ထဲကို ရောက်သွားတဲ့ ကောင်လေးတစ်ယောက် ...... Cinderella တို့ရဲ့ ဇာတ်ထုပ်ထဲ သူဘယ်လို ရှင်သန်နေထိုင်မလဲဆိုတာ...... (Unicod...