ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 29(zawgyi)

3K 380 55
By melieee2

Chapter 29; ဒီပွေ့ဖက်မှုက အရမ်းသက်တောင့်သက်သာဖြစ်တယ်။

ပြီးခဲ့သည့်နှစ်တွင်,တန်းခွဲ ၅သည်အကောင်းဆုံးအသင်းဖြစ်ခဲ့၏။ပြိုင်ဘက် အသင်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမလုပ်သေးခင်၊ ကုဖေး
နှင့်ကျန်ချန်သည် ကွင်းထဲသို့ရုတ်တရက်ဝင်ရောက်ကစားခဲ့ပြီးနောက်၊ သူတို့၏ခံစစ်ပိုင်းဟာပစ်မှတ်ထားခြင်းခံခဲ့ရသည်။

မတူညီမှုမှာ တန်းခွဲ၈ဟာအဓိကကစားသမား
နှစ်ယောက်အပေါ်မှာအားထားပြီးကစားနေရခြင်းဖြစ်သည်။တန်းခွဲ၅တွင် ထိပ်တန်းကစား
သမားမရှိပေမယ့်၊သူတို့၏ အရံကစားသမားတွေက ဝမ်ရွှိထက်သာ၏။

ဘယ်ကျောင်းမဆို,ဘယ်အတန်းမဆိုစာသင်
ခန်းတစ်ခန်းဆီတွင် ဘောလုံးဝါသနာပါသည့် ကစားသမားများအမြဲရှိနေကြစမြဲ။ထိုကိစ္စကိုကျန်ချန် တကယ်အံ့သြမိတယ်။

သူတို့ပြိင်ဘက်ကစားသမားတွေအာရုံစူးစိုက် မှုပြန်မရသေးသည့် မိနစ်အနည်းငယ်အတွင်း
ကျန်ချန်နှင့်ကုဖေးက မတူညီတဲ့နေရာအသီး
သီးမှဘောလုံးပစ်သွင်းပြီးအမှတ်ယူထား၏။
ကျန်ချန်က သုံးမှတ်တန်ဘောလုံးပစ်သွင်းပြီးနောက်၊ကုဖေးကဘောလုံးထပ်သွင်းခဲ့နိုင်တာကြောင့် ကွင်းဘေးရှိပရိတ်သတ်တွေ၏ စိတ်လှုပ်ရှားမှုကအမြင့်ဆုံးရောက်နေ၏။

တန်းခွဲ ၅နှင့်တန်းခွဲ၂၏ပြိုင်ပွဲဆိုလျှင်တောင် ပရိတ်သတ် ဒီလောက် စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ချေ။ဘာပဲဖြစ်ဖြစ်,တန်းခွဲ ၈ဆိုတာက အားနည်းတဲ့ ကြက်ပေါက်စလေးများ ဖြစ်ပြီး တန်းခွဲ၅အနေနှင့်မိနစ်အများကြီးကုန်လာတဲ့တိုင်၊ ဘောလုံးတစ်ကြိမ်တည်းပစ်သွင်းနိုင်မှု
မှာ ရှားပါးဖြစ်ရပ်ဖြစ်သည်။

ယခုပြိုင်ပွဲသည်  ရှုံးထွက်ပွဲစဉ်ဖြစ်၍ အရမ်းအရေးကြီးသည်။ရှုံးနိမ့်သွားသောအသင်းက နောက်လာမည့်ပွဲများကို ပရိတ်သတ်နေရာမှကြည့်ရလိမ့်မည်။

ပထမပိုင်းပွဲကစားချိန်အတွင်းအားနည်းသောကြက်ပေါက်လေးများ အသင်းဟာ ရှုံးနိမ့်မည့် အရိပ်အယောင်မရှိသော်ငြား၊နောက်ဆုံးပွဲစဉ်ထိဝင်နိုင်သည်ဟု ခန်းမှန့်ထားသည့် အသင်းကရှုံးနိမ်တော့မည်ဖြစ်၏။

ဤကား မြင်းနက်က ပြောင်းဖူးပေါက်ပေါက်
ထိုက်ထိုက်တန်တန်လက်ခံရရှိတော့မည်ဖြစ်
ကြောင်းရှင်းလင်းနေချေလေပြီ။

..

"ငါတို့အနိုင်ရနိုင်ချေများတယ်။"
တန်းခွဲ၅မှတန်းဖြုတ်ပေးဖို့တောင်းဆိုလာ၍ အနားပေးချိန်တွင်၊ ဝမ်ရွှိကရေသောက်ရင်း စိတ်အားထက်သန်စွာပြောလာသည်။
"ချီးပဲ, ငါတို့နိုင်လောက်တယ်။တကယ်နိုင်လောက်တယ်။"

"သောက်ရေးမပါတာတွေပြောပြီးတော့၊အချိန်မဖြုန်းနဲ့။"
အသင်းခေါင်းဆောင်ကို မျက်နှာသာမပေးတော့ပဲ ကျန်ချန်ကြားဖြတ်ပြောလိုက်တယ်။
"ကောရွှိ,မင်း အနားယူလိုက်။ဟိုနားကလူနဲ့ လူချင်းလဲလိုက်။"

ဝမ်ရွှိက မေးလာ၏။
"ဘယ်သူလဲ။ "

"သူ။"
အရံကစားသမားများထဲမှ တစ်ယောက်ကိုကျန်ချန်လက်ညိုးထိုးလိုက်တယ်။ထိုလူကအရည်အချင်းသိပ်မရှိသော်ငြား၊သူ့ခြေစွမ်းကတကယ်လျှင်သည်။
"မင်း ဘာမှလုပ်စရာမလိုဘူး။ဟိုဖက်အသင်းက အသေးဆုံးကစားသမားကိုမျက်စိဒေါက်ထောက်ပြီးအနီးကပ်လိုက်ကြည့်နေရုံပဲ။"

ဝမ်ရွှိက ပြောလာ၏။
"သူ့နာမည်က ကျန်ယွမ်။ဟိုဘက် အသင်းက အသေးဆုံး တစ်ယောက်က ထန်ရှီးဝေ့။"

"အင်း။ကျန်ယွမ်က ထန်ရှီးကိုအနီးကပ်သေ
ချာကြည့်ထား။မင်း သူ့နောက်ကိုထပ်မကြပ်မခွာလိုက်နေရမယ်။စည်းမျဉ်းတွေကိုလည်း ချိုးဖောက်လည်းရတယ်။မင်း သူ့ကို မထိန်းထိုင်ရင် တွန်းပစ်လိုက်။  သိပ်မသိသာစေနဲ့။သူ့လက်ထဲဘောလုံးရောက်မဲ့အခွင့်အရေးမပေးမိစေနဲ့။သူ့လက်ထဲဘောလုံးရောက်သွားရင်တော့ သူ့ကိုထပ်မထိနဲ့။"

"အိုကေ "
ကျန်ယွမ်က ခေါင်းညိတ့လာသည်။
"သူ့နာမည်က ထန်ရှီးဝေ့၊ထန်ရှီး မဟုတ်ဘူး။

ကျန်ချန် ဆက်ပြောလိုက်တယ်။
"ငါသိပြီ။ထန်ရှီးဝေ့ဘောလုံးမရလေ ငါတို့ အတွက်အကျိုးပိုများလေပဲ။သူကဘောလုံး ရလို့ ခုန်ပစ်နိုင်ရင်တောင် ဘောလုံးဝင်နိုင်ဖို့ အလှမ်းဝေးတယ်။"

ဝမ်ရွှိက မေးလာသည်။
"ငါတို့ကလည်း ဘာလုပ်ရမှာလဲ။ "

ကျန်ချန် သူ့ကိုလျစ်လျူရှုပြီး ကုဖေးကို လှမ်းကြည့်လိုက်တယ်။
"အဲ့ဒီလီယထားဆိုတဲ့တစ်ယောက်စည်းကမ်း
ဖောက်တာနှစ်ခါရှိပြီ။ သူ့ကို နောက်ထပ် တစ်ကြိမ်နှစ်ကြိမ် ထပ်လုပ်လို့ရအောင် လွှတ်ပေးထားလိုက်ရအောင်။"

"အင်း။"
ကုဖေးက ရေမော့သောက်နေ၏။
"သူ့နာမည်က လီယုတုန်။"

ဝမ်ရွှိ  ပွင့်ပွင်းလင်းလင်း သူ့အတွက်သူ မေးလာသည်။
"ငါက ဘာလုပ်ရမှာလဲလို့။"

"ခေါင်းဆောင်,ငါ့လက်ထဲဘောလုံးရှိနေတုန်း တစ်ယောက်ယောက်က ငါ့ကိုလာနှောင့်ယှက်လာရင် အဲ့လူကိုတိုက်ရိုက် ကိုင်တွယ်ဖြေရှင်းလိုက်လို့ရတယ်။"

ဝမ်ရွှိက ရင်ဘတ်ပုတ်ပြလာသည်။
"အိုကေ,ကိစ္စမရှိဘူး။"

"ပြီးတော့,နောက်တန်းကိုပြန်ဆုတ်ရင် အရှိန်လျော့မယ်။ထရိန်နင်းမှာလေ့ကျင့်တဲ့အတိုင်းဆက်လုပ်။ ပြိုင်ဖက်အသင်းက ရှေ့တန်းကိုကျူးကျော်လာရင် ငါတို့ကဘတ်စကတ်ခြင်းနားပြန်ဆုတ်မယ်။ ကစားသမား နှစ်ယောက်ကThree-secondစည်းမှာနေပြီး၊ကျန်တဲ့လူတွေက three-point စည်းထိပြန်ဆုတ်မယ်။သူတို့ကို ဘာအခွင့်အရေးမှ မပေးနဲ့။"

"နားလည်ပြီ။ငါတို့ဆက်လက်တိုက်ပွဲဝင်ကြမယ်။ငါတို့လေ့ကျင့်ထားတွေကို လက်တွေ့အသုံးချရတော့မယ်။"
ဝမ်ရွှိက စကားပြောရင်း လူတိုင်း၏ပခုံးတွေကိုလိုက်ပုတ်နေ၏။ကျန်ချန်နားရောက်တော့သူက မြန်မြန်ကျော်သွားပြီး ကုဖေးအနားသို့
သွားပြီး ကုဖေး၏ပခုံးကိုပုတ်လိုက်သည်။။
"တာ့ဖေး,ဆက်လက်တိုက်ပွဲဝင်ရအောင်။"

ကုဖေးက ကျန်ချန်ကိုလှမ်းကြည့်လာ၏။
"အင်း။"

ထိုအချိန် ကျန်ချန်နံဘေးမှ လူတစ်ယောက်ကမေးလာသည်။
"ရေဘူးယူဦးမလား။"

ကျန်ချန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ၊ ရီကျင်းက ရေသန့်တစ်ဘူးကိုင်ပြီးရပ်နေတာမြင်လိုက်ရ၏။ သူမက ကုဖေးကိုကြည့်ပြီးမှကျန်ချန်ကိုကြည့်လာ၏။

"ကျေးဇူး။"
ကျန်ချန် သူမလက်ထဲမှရေသန့်ဘူးကို ယူပြီး အဖုံးလှည့်ဖွင့်၍ တစ်ငုံသောက်လိုက်တယ်။

"နင်တို့ကစားတာအရမ်းကောင်းတယ်။"
ရီကျင်းက အသံတိုးတိုးနှင့်ပြောလာ၏။
"အတန်းထဲကလူတွေတစ်ခါမှဒီလောက်
စိတ်မလှုပ်ရှားဖူးဘူး။"

ကျန်ချန် သူမကို စကားပြန်မပြောပဲ ပြုံးရုံ
သာပြုံးပြလိုက်တယ်။

တကယ်လည်း သူတို့ ကောင်းကောင်းကစားခဲ့ကြသည်။ သူနှင့်ကုဖေး၏ အားကောင်းတဲ့ပူးပေါင်းလုပ်ဆောင်နိုင်မှုကအလွန်တွန်းအား ပေးနိုင်ခဲ့တာဖြစ်သည်။ဒါပေမဲ့ ၎င်းက အမုန်းတရားတွေကိုလည်းသယ်ဆောင်လာ၏။

သူ တန်းခွဲ ၅ဘက်ကိုတစ်ချက်ကြည့်ချိန်တွင်၊ လူတိုင်းက သူ့တို့ကိုဒေါသဟုန်းဟုန်းတောက်
လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလျှက်ရှိသည်။

လီယထားသည် သူနှင့် မျက်လုံးချင်းဆုံသည့်အခါလက်နှစ်ဖက်လုံးမြှောက်ပြီး၊ကျန်ချန်ကိုလက်ခလယ်နှစ်ချောင်းထောင်ပြလာ၏။

သူကလက်ခလယ်ထောင်ပြပြီး၊အကြည့်တွေမဖယ်သွားသည့်အပြင်၊ သူ့ကိုစိုက်ကြည့်လာ
သည်။

ကျန်ချန် သူ့ကို ဂရုမစိုက်ပါဘူး။ မင်း အရမ်းဒေါသထွက်နေလျှင်တောင် ၊ပြိုင်ပွဲထိ မင်းရဲ့ စိတ်ခံစားချက်တွေကို ယူဆောင်သွားခြင်းက မလုပ်အပ်သင့်သည့် အရာဖြစ်၏။

မင်းရဲ့ပြိုင်ဘက်က ဘယ်လောက်ရန်စရန်စ
အဆင်ပြေသွားလိမ့်မယ်။

သူနှင့်တာဝါတိုင်တို့က ခဏမျက်နှာချင်းဆိုင် စိုက်ကြည့်ပြီးနောက်၊ကျန်ချန်သည် သူ့လက်သူအရင်နမ်းလိုက်ပြီး လက်ဖြန့်၍ထိုသူ့ဆီသို့
အနမ်းတစ်ပွင့်မှုတ်ထုတ်လိုက်၏။

"မင်းမေလိုးတဲ့မှ!"
တိုင်တာဝါက စိတ်ဆိုးမာန်ဆိုးနှင့် စတင်ဆဲရေးလာသည်။

ကျန်ချန် ခပ်ပြုံးပြုံးနှင့် သူ့ကို လျစ်လျူရှု ထားလိုက်တယ်။

သူတို့တွေ ကွင်းထဲသို့ပြန်ဝင်ကြသည့်အခါ
ကုဖေးက သူ့နောက်မှ တိုးတိုးပြောလာ၏။
"မင်းကတကယ့်ငကြောင်မှန်းငါသိသွားပြီ။ "

"သူ့ကို foulဖြစ်အောင်လုပ်ဖို့မမေ့နဲ့။သူ ကွင်းထဲအကြာကြီးရှိရင်ဒုတိယပိုင်းပွဲကစားချိန်က ခက်ခဲလာနိုင်တယ်။"

ကုဖေးက ပြန်ဖြေလာသည်။
"မင်းအမိန့်ပေးတဲ့အတိုင်းပါပဲ။"

ပထမပိုင်းပွဲကစားချိန်ခုနှစ်မိနစ်အလိုကျမှ တန်းခွဲ ၅သည်ဘောလုံး ပြန်ရခြင်းဖြစ်၏။
ထို့ကြောင့်, သူတို့က ဒုတိယပိုင်း ပွဲစဉ်တွင်
အရင်ဦးဆောင်ထားနိုင်မှပြိုင်ဘက်အသင်း လိုက်မမှီမှာဖြစ်သည်။

ဘောလုံးပစ်ပေးမည့်လူကို ကျန်ချန် သေချာလိုက်ကြည့်ပြီး ကွင်းထဲရှိလူများ၏နေရာယူ
ထားပုံကို စိတ်ထဲမှလိုက်မှတ်လိုက်တယ်။

ကျန်ယွမ်ကတကယ်တော်၏။ လီယန်ဒုတိယဖြစ်သည့် ထန်ရှီးကအလွန်လျင်မြန်လှသည်။ တခြားသူတွေက သူ့ကို ပစ်မှတ်ထားလျှင်ပင်အသာလေးရှောင်ထွက်နိုင်၏။သို့သော်လည်း ကျန်ယွမ်ကသူ့နောက်မှာကော်လိုမျိုးတောက်
လျှောက်ပြေးလိုက်နေလျှက်ရှိသည်။ ထန်ရှီး က ဘယ်၊ညာယိမ်း၍လွတ်အောင်ရှောင်ပြေးသော်လည်း သူ့ကို ကျော်ဖြတ်မရဖြစ်နေ၏။

တန်းခွဲ၅သည်ဘောလုံးကစားနည်းဗျူဟာရှိသည်။Jump Ballဘောလုံးတိုင်းကို ရှေ့တန်းမှာကောင်းကောင်းထိန်းထားနိုင်သည့် ထန်ရှီးဆီသို့ပစ်ပေးကြ၏။ဒါပေမယ့်,အခုအချိန်မှာထန်ရှီးက ဘောလုံးမထိနိုင်။ သူ့အသင်းသားတွေကို တန်းခွဲ၈၏လူတွေကတစ်ယောက်ပြီး တစ်ယောက် ပိတ်ထားတာကြောင့် ဘောလုံး ကိုင်ထားသည့်လူဘာလုပ်ရမှန်းမသိအောင် ဖြစ်နေ၏။

အချိန် ငါးစက္ကန့်လွန်သည့်အခါ ဘောလုံးကိုင်ထားသောလူကကျန်ချန်နောက်မှာရှိနေသည့် လူဆီဘောလုံးပစ်ပေးလာ၏။ ဘောလုံး ကိုင်ထားသောလူကဘောလုံးကိုမြင့်မြင့်မြှောက်၍
ပစ်ပေမယ့်၊အကွာအဝေးကြောင့် ကျန်ချန်ကသူတို့ကြားမှဘောလုံးကိုဖြတ်လုနိုင်ခဲ့သည်။

"Fuck!"
ထန်ရှီးဝေ့က သူ့နောက်မှလူကို ဆဲလာ၏။
"မင်း သောက်မျက်လုံးကန်း နေတာလား။"

ကျန်ချန်၏လက်ထဲဘောလုံးရောက်သည်နှင့် ကုဖေးက ဘက်စကတ်ခြင်းတောင်းဆီအမြန်ပြေးသွားသည်။ သူက ဘောလုံးကို ကြာကြာထိန်းထားမရတာကြောင့် Three-pointမျဉ်း အပြင်မှာရှိသည့် လုရှောင်ပင်းဆီသို့ကျန်ချန်ဘောလုံး ပစ်ပေးလိုက်တယ်။

ဤ နည်းဗျူဟာသည် ထရိန်နင်း ဆင်းသည့် အခ်ျိန်တည်းကလေ့ကျင့်ထားခြင်းဖြစ်သည်။
လုရှောင်ပင်းကအရပ်ရှည်သောကြောင့်၊လေထဲမှဘောလုံးကိုခုန်ပြီးဖမ်းလိုက်နိုင်၏။သူက လေထဲသို့ခုန်တက်ပြီး ဘောလုံးကို ကုဖေးဆီသို့ ပစ်ပေးလိုက်သည်။

ကုဖေးဘောလုံးဖမ်းမိချိန်တွင်၊တန်းခွဲ ၅မှ လူများသည် နောက်တန်းဆီ အမြန် ပြန်ပြေးကြတော့သည်။တာဝါတိုင်က ကုဖေး၏အရှေ့မှာ ပိတ်ထား၏။

ကျန်ချန် သူ့ဆီသွားကူဖို့ပြင်ဆင်နေစဉ်၊ဝမ်ရွှိက Three-secondစည်းရောက်နေပြီဖြစ်၏။ ထိုနေရာတွင် သူ့လမ်းကို တားတဲ့နောက်တန်းကစားသမားတွေမရှိသောကြောင့် ကုဖေးကဘောလုံးပစ်လိုက်ရုံနှင့် ဝမ်ရွှိက ဖမ်းလိုက်နိုင်မှာဖြစ်သည်။

အချိတ်အဆက်မိမိပူးပေါင်းလုပ်ဆောင်နေမှုကြောင့်ကျန်ချန်စိတ်ကျေနပ်သွားတယ်။အခု
ချိန်မှာ ဝမ်ရွှိက သူ့ပခုံးကို လာပုတ်ရင်တောင် မနှစ်မြို့သလို ခံစားမိမှာမဟုတ်ချေ။

သို့သော်, ဝမ်ရွှိက အော်လိုက်၏။
"တာ့ဖေး,ငါ့ဆီဘောလုံးပေးလိုက်။တာ့ဖေး,
ငါ့ဆီဘောလုံးပစ်လိုက်တော့။"

ကျန်ချန် ဒေါသထွက်လွန်း၍ သူ့ကိုပိတ်ရိုက်ချင်လာတယ်။။ဝမ်ရွိအသံဆုံးသွားသည့်နှင့် သူ့လမ်းကြောင်းကတားဆီးခံလိုက်ရသည်။

ကုဖေးက ဘောလုံးကိုမလွဲတမ်းပစ်နိုင်တယ်ဆိုလျှင်တောင်၊ တာဝါတိုင်ကောင်က အရိပ်လိုမျိုးကပ်နေတာကြောင့် သူ့အတွက်ခက်ခဲနိုင်သည်။တာဝါတိုင်ကဘောလုံးကိုဆတ်ခနဲ လုသွားမှာ သေချာသလောက်ရှိသည်။

ဘောလုံးပစ်သွင်းဖို့ အရမ်း နောက်ကျသွားပြီလို့ ကျန်ချန် ခံစားရနေ၏။ကုဖေးကဘောလုံးကိုပစ်သွင်းလျှင်တောင်အမှတ်ရဖို့ခက်သည်။
ယခုအချိန်မှာ, ကုဖေးက နောက်သို့ အရင်ပြန်ဆုတ်ပြီး ဘောလုံးကိုပစ်သွင်းနိုင်မှာ ဖြစ်၏။

သို့သော်, ကုဖေး က ဘောလုံး ပစ်သွင်းသည့်ကိုယ်နေဟန်ထားကိုယူလိုက်၍တာဝါတိုင်က ချက်ချင်း လေထဲသို့ ခုန်တက်လာပြီး၊ ကုဖေးထက် စက္ကန့်ပိုင်းစာစောသွား၏။ သူခုန်တက်ပြီးချိန်မှ၊ကုဖေးက လေထဲသို့ခုန်လိုက်သည်။
စက္ကန့်ပိုင်းမျှသာဖြစ်ပေမယ့်၊ကုဖေးက လက်ထဲမှဘောလုံးကို ခြင်းတောင်းထဲသို့ အားပြင်းပြင်းဖြင့်လှမ်းပစ်လိုက်၏။

ဘောလုံးသည် တည့်တည့်မတ်မတ်ပျံဝဲသွားပြီး ဘတ်စကတ်ခြင်းထဲသို့ဝင်သွားသည်။

ဘေးပတ်ပတ်လည်တွင်အားပေးနေသည့် လူများ၏ အော်သံများချက်ချင်းပေါက်ကွဲထွက်လာ၏။

ခြင်းတောင်းထဲသို့ဘောလုံးဝင်သွားပြီး၊တစ်ချိန်တည်းမှာပင် ဒိုင်လူကြီး၏ ဝီစီမှုတ်သံ
ထွက်လာသည်။
"No.5 hacking foul။ "

ကျန်ချန်သည် နေရာမှာအေးခဲနေ၏။

Fuck !

သူ တကယ်ကြီး ဘောလုံးပစ်သွင်းလိုက်နိုင်တယ်!

ဒီခွေးကောင်ကအစတုန်းကဘောလုံးပစ်မလို လုပ်တာ ဟန်ဆောင်လိုက်တာပေါ့လေ !

ထိုလီယထားကတော့ foulထိသွားပြီဖြစ်သည်။

...

ခြင်းတောင်းထဲပစ်သွင်းလိုက်သောဘောလုံး က ပြစ်ဒဏ်ဘောအပြင် ပင်နယ်တီ ကလည်း ရလိမ့်မည်။ကွင်းအပြင်မှပရိတ်သတ်တွေနှင့်အတူတူကျန်ချန်အားပေးချင်စိတ်ပေါက်လာတယ်။

ကုဖေးသည် free-throw မျဉ်းထိပြန်ဆုတ်လာပြီးတာဝါတိုင်ကောင်ကိုလက်သုံးချောင်း ထောင်ပြလိုက်၏။
"သုံးကြိမ်။"

တာဝါတိုင်က ဒေါသထွက်၍ အံတင်းတင်း ကြိတ်ပြီး"ဖာ့ခ်"တစ်လုံးတည်းကျိန်ဆဲလာ
သည်။

ကုဖေးက ဘောလုံးကို free-throw စည်းမှ ဝင်အောင်ပစ်နိုင်ဖို့ စိုးရိမ်နေစရာတောင်မလို
ချေ။ဒါပေမဲ့သူက တစ်ဖက်အသင်းကိုတမင်သက်သက်ရန်စပြီးကြွားဝါလိမ့်မယ်လို့ဘယ်သူထင်မှာလဲ။

ကုဖေးက ဘောလုံးကို free-throw စည်း မှမြှောက်ပြီး တာဝါတိုင်ဘက်သို့ ခေါင်းလှည့်ကြည့်ပြီးမှ ပစ်သွင်းလိုက်၏။

Scoredddddd !!

ကွင်းတစ်ခုလုံးမိန်းကလေးတွေ၏စီကနဲညံအောင်အော်ဟစ်အားပေးသံနှင့် ယောက်ျား
လေးများ၏လက်ခုပ်သြဘာပေးသံတွေနှင့် ပြည့်နှက်သွားသည်။

ကုဖေးကို ကျန်ချန် လှမ်းကြည့်လိုက်တယ်။
ကုဖေး၏လှည့်ကွက်ကသေလောက်အောင် အထင်ကြီးစရာကောင်းသော်ငြား၊ဇောင်းကြွနေမှုကိုအကန့်အသတ်လေးထားသင့်သည်။
သူ ရှောင်တ ကိုယ်စားဆဲပေးချင်သွား၏။

သူတို့တွေ နောက်တန်းသို့ပြန်ပြေးလာချိန်တွင် ကျန်ချန် သူ့ကိုလှမ်းပြောလိုက်တယ်။
"မင်း ပေါ့တီးပေါ့ပျက်မလုပ်လို့မရဘူးလား။"

"မင်းဆီကသင်ထားတာလေ။သူက ရန်စတာသည်းခံနိုင်မှာမဟုတ်မှန်း၊မင်းလည်းသိတယ်မလား။သူ အခုအချိန်လောက်ဆိုသွက်သွက်
ခါအောင်ရူးနေလောက်ပြီ။"
ကုဖေးက ဆက်ပြော၏။
"ကြည့်လေ,သူက ဒုတိယပိုင်းပွဲချိန်တောင်
မရောက်သေးဘူး။ လေးကြိမ်မြောက်foul
ဖြစ်လာနိုင်တယ်။"

ကုဖေး၏အကြံပြုချက်ကတကယ်မှန်သည်။ဒီလီယုတုန်က, သူက ထိုသူ့နာမည်ကို မှတ်မိသွးသည့်အတွက်၊ ကျန်ချန်ကျေနပ်သွား၏။
လီယုတုန်သည် ဒေါသထွက်လွယ်တဲ့ အပြင် အရမ်းသန်မာသည်။ဝမ်ရွှိကသူ့ကိုဖိအားပေးချိန်တွင်လည်း၊နှစ်ကြိမ်တောင်Foulဖြစ်ခဲ့၏။သူ့ယခုလက်ရှိစိတ်အခြေအနေနှင့်သာဆိုရင်
နောက်တစ်ကြိမ်foulဖြစ်အောင်လုပ်ဖို့မခက်
ဘူး။

အကယ်၍,တန်းခွဲ ၅၏အသင်းခေါင်းဆောင် သူဖြစ်ခဲ့လျှင်ကစားသမားချင်းလူစားထိုးလဲလိမ့်မည်။သို့သော်,တန်းခွဲ၅ကလီယုတုန်ပေါ်မှာအားကိုးပြီးကစားနေရသောကြောင့် သူတို့က လူစားထိုးမလဲမှာသေချာ၏။

ပထမပိုင်းကစားချိန်ပြီးခါနီးတွင်ဘောလုံးက ကုဖေး၏ လက်ထဲ ရောက်လာ၏။ ကုဖေးက အလယ်စည်းသို့ပြေးသွားချိန်တွင်၊တာဝါတိုင်သည် သူ့ရှေ့မှာပိတ်ထားသည်။ ဒီတစ်ခေါက်မှာ ကုဖေးက သူ့ကိုသွေးဆောင်ဖို့ လှည့်ကွက်
မလုပ်တော့ဘူး။ကုဖေးကအရှေ့သို့ယိမ်းသွားသည့်အခါ တာဝါတိုင်က သူ့လက်ကို ခပ်ပြင်းပြင်းပုတ်ထုတ်လာသည်။

ဒိုင်လူကြီးက ဝီစီမှုတ်လိုက်၏။
"No.5 hacking foul!။"

"သူ ထပ်လုပ်ပြန်ပြီ။"
ပရိတ်သတ်ထဲမှ တစ်ယောက်ကအော်လိုက်လျှင်၊ကျန်သည့်လူတွေကလည်းအနောက်မှဝေဖန်လေကန်ရေးလုပ်လာကြ၏။

ဤကဲ့သို့အသံများထွက်လာအောင်၊ကျန်ချန်က ကျိုးကျင့်ကိုတမင်လုပ်ခိုင်းထားခဲ့၏။သူနောက်လှည့်ကြည့်အခါ ကျိုးကျင့်က လောင်ရွှိနောက်မှာကွယ်နေတာကိုမြင်လိုက်သည်။

..

ပထမပိုင်းပွဲကစားချိန်အပြီး၊လီယုတုန်သည် လေးကြိမ် foulထိပြီးပြီဖြစ်သည်။ သူ ဘယ်
လောက်ကောင်းနေပါစေ။ ယခုလိုမျိုး အမှားအယွင်း မခံနိုင်သည့်အခြေအနေမျိုးအောက်မှာ သူက ဒုတိယပိုင်း ပွဲချိန် အစမှာဝင်ကစားလို့ရမှာမဟုတ်တော့ဘူး။

တန်းခွဲ၅သည် တန်းခွဲ၈ထက်ကိုးမှတ်နောက်
ကျနေ၏။အကယ်၍ လီယုတုန်ကွင်းထဲမဝင်လျှင်၊ တန်းခွဲ ၅အတွက် အမှတ်ပြန်ဆယ်နိုင်ချေနည်းလွန်းသည်။

ကျန်ချန် ရေမော့သောက်လိုက်တယ်။

"ဒုတိယပိုင်းပွဲကစားချိန်ကို ဒီအတိုင်းဆက်ပြီး ကစားသွားရင် ငါတို့ နိုင်လောက်တယ်။"
ဝမ်ရွှိကပြောလာသည်။
"စဉ်းစားကြည့်လေ,ဒီပြိုင်ပွဲက ငါတို့ အတွက် ပထမဆုံးနိုင်ပွဲဖြစ်လာရုံတင်မက၊တန်းခွဲ၅ကို
လည်းဖယ်ရှားနိုင်လိမ့်မယ်......ဖယ်ရှားရမယ် အာ,တန်းခွဲ ၅ကိုရှင်းလိုက်နိုင်ရင်၊တန်းခွဲ၂ကငါတို့ ခြေထောက်အောက်ရောက်ဖို့ သိပ်မလိုတော့ဘူးမလား။"

လူတိုင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်၏။

ဝမ်ရွှိက ကျန်ချန်ကို မေးလာသည်။
"ငါတို့ကစားနည်းကို ပြင်ချင်သေးလား။"

"ကောရွှိကကွင်းထဲပြန်ဝင်။ ကျန်ယွမ်..မင်းက အနားယူလိုက်။လီယုတုန်ကအချိန်ခဏတော့
ဝင်ကစားလို့မရဘူးဆိုတော့ ထန်ရှီး......ဝေ့ကသူ့ဆီဘောလုံးပစ်ပေးလို့မရတော့ဘူး။သူ့ကို ငါ နဲ့ လွှတ်ထားပြီး၊ ကျန်တဲ့သူတွေက အရင်အတိုင်းနေရာယူ။"

ဝမ်ရွှိက ခေါင်းညိတ်လာသည်။
"နားလည်ပြီ။"

..

ဒုတိယပိုင်းပွဲချိန်ပြန်စတဲ့အခါလီယုတုန်သည်ဝင်မကစားပဲ၊သူနှင့်အရပ်အရွယ်အစား ညီတဲ့ ကစားသမားဖြင့် လူချင်းလဲ၏။ သို့သော်, ထိုသူက သူ့ထက်ပိန်ပါးလွန်းသည့်အပြင်၊အမြင့်ခုန်နိုင်စွမ်းက လီယုတုန်လောက်မကောင်း၍
ကုဖေးကိုလုံးဝမတားဆီးနိုင်ချေ။

တန်းခွဲ၈မှလူများဟာ အားကြိုးမာန်တက်ဖြစ် နေ၏။ အားကြိုးမာန်တက်ဟူ၍ပြောလျှင်ပင်
မလုံလောက်။ကွင်းအတွင်း၊အပြင် ဖီးနစ်ငှက်မီးတောက်မီးလျှံများဖြန့်ကျဲထားတဲ့အလား။ပရိတ်သတ်က ပြိုင်ပွဲပထမနေ့မှာ မမျှော်လင့်ထားသောပြိုင်ပွဲကြောင့် အားဆေးသောက်ရ
သလိုမျိုးတက်ကြွနေ၏။ သူတို့၏ အော်ဟစ်အားပေးသံများသည် တစ်ကွင်းလုံး ဖုံးလွှမ်း နေပြီး၊ ဘယ်အသင်း အားပေးရမှန်းမသိဖြစ်နေသည်။ အတိုချုပ်ဆိုရလျှင် ကစားသမားတွေတစ်ဖက်အသင်း၏နောက်တန်းခံစစ်သို့ရောက်လာလျှင်၊ပရိတ်သတ်များ အော်ဟစ်
အားပေးကြပြီး ၊ကစားသမားနှင့် သူတို့ကြား
ရှိစိတ်ဝိဉာည်မှာ တစ်သားတည်းဖြစ်လျှက်။

ကျန်ချန်သည် လွယ်လွယ်စိတ်လှုပ်ရှားတတ်သူမျိုးမဟုတ်ပေ။သူကနောက်တန်းခံစစ်ပိုင်းကစားရသောကြောင့် စိတ်တည်ငြိမ်ဖို့လိုအပ်
၏။ စိတ်ခံစားချက်အစား၊ သူ့အရည်အချင်းကိုအားကိုးသောကြောင့် သူ့စိတ်အခြေအနေတည်ငြိမ်ဖို့လိုအပ်သည်။

ယခုအခါ,ကွင်းပတ်ပတ်လည်ရှိပရိတ်သတ် များကသူတို့ကိုယ်တိုင်ဝင်ကစား၍အမှတ်ရ
သွားသကဲ့သို့အားပေးနေသံများကြောင့် သူ စိတ်လှုပ်ရှားလာ၏။

"၁၅မိနစ်,၁၅မိနစ်ပဲကျန်တော့တယ်။"
လောင်လုကလက်ထဲမှာမိုက်ခရိုဖုန်းကိုင်ထားတာမေ့ပြီး အော်လိုက်၏။ဒိုင်လူကြီးကလည်း သူ့ကိုမထိန်းနိုင်သောကြောင့်လွှတ်ထားလိုက်ကြသည်။ သူက အတန်းမှာ ဆူပူကြိမ်းမောင်းနေသည့်အတိုင်း အားအပြည့်အော်နေ၏။
"စိတ်အေးအေးထား။စိတ်မလှုပ်ရှားနဲ့။စိတ်
ငြိမ်ငြိမ်ထားပြီး ခပ်ကြမ်းကြမ်းရိုက်လိုက်။ "

အချိန်ပိုထည့်ပေါင်းလျှင်တောင် ပွဲကစားချိန် ၁၀မိနစ်မျှကျန်တော့သည်။အတန်းခွဲ ၈လည်း အရဲစွန့်၍ကစားနေပြီး၊ အတန်းခွဲ ၅ ကလည်း အခြေအနေ အတူဖြစ်၏။ ရမှတ်က ကျန်ချန် မျှော်လင့်ထားသလိုမျိုး ၁၅မှတ်ကွာမဟုတ်။ ၁၃မှတ်တည်းကွာနေခြင်းဖြစ်သည်။

ကျန်ချန်၏လက်ထဲသို့ ဘောလုံးရောက်ချိန်၊လီယုတုန်ကလူလဲပြီးကွင်းထဲပြန်ဝင်လာ၏။ကုဖေးက ဘောလုံး ထပ်ပြီးပစ်သွင်းနိုင်လျှင်
၁၅မှတ် ကွာဟမည်ဖြစ်၍၊ တန်းခွဲ၅မှလူများ လည်း စိတ်ပိုင်းဆိုင်ရာပျက်ပြားလာသည်။

ထန်ရှီးဝေ့သည် သူ့လမ်းကိုပိတ်သောကြောင့် သူ့ရှေ့မှာရှိနေသည့်ကောရွှိဆီသို့ဘောလုံးကို ကျန်ချန် ပစ်ပေးလိုက်တယ်။

ဘုရားသခင်၏ အလိုတော်ကျ ကောရွှိသည် ဘောလုံးကိုအချိန်ကြာကြာထိန်းနိုင်စွမ်းမရှိ။ ထန်ရှီးဝေ့က သူ့ကို လှည့်ကြည့်လာသည်နှင့် သူက ထန်ရှီးဝေ့ကိုရှောင်တိမ်းနေတဲ့ကျန်ချန် ဆီ ဘောလုံးပြန်ပစ်ပေးလာသည်။

ဝမ်ရွှိကလှမ်းအော်လာ၏။
"ကောင်းလိုက်တဲ့ ပစ်ချက်ကွာ။"

ကျန်ချန် ဘောလုံးကိုဖမ်းပြီး ရှေ့သို့ဆက်တိုး
ကြိုးစားနေစဉ် ၊အလွန်လျှင်သည့် ထန်ရှီးဝေ့က သူ့ရှေ့မှာ နောက်တစ်ကြိမ် ပိတ်ပြန်သည်။

ထန်ရှီးဝေ့ကတန်းခွဲ၈မှဖြစ်လျှင်ကောင်းမည်လို့ကျန်ချန်ဆုတောင်းမိ၏။အမြန်နှုန်း၊ တုန့်ပြန်မှုတွေကြောင့်ပင်။ သူ ဘယ်ဘက်ခြမ်းသို့ကြည့်သည့်အခါ၊ သူ မျှော်လင့်ထားသလိုပင် ထန်ရှီးဝေ့၏ခန္ဓာကိုယ်ကဘယ်သို့ယိမ်းသွား
၏။သူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူ့တုံ့ပြန်နိုင်စွမ်းကအားပျော့သွားပြီးအလွယ်
အလိမ်ခံရလိုက်ရခြင်းဖြစ်သည်။

ယို့ ,ငါက တမင်ဟန်ဆောင်လိုက်တာ။

ကျန်ချန်သည် ဘောလုံးနှင့်အတူ ညာဘက်မှပြေးလာစဉ်၊three-pointစည်းနားသို့ရောက်နေသည့် ကုဖေးကိုမြင်လိုက်ပြီး၊လီယုတုန်၏ ခြေထောက်က ညာဘက်မှသူ့ခြေထောက်ရှေ့ဖြတ်ဝင်လာတာလည်းမြင်လိုက်ရ၏။

သောက်ကျိုးနည်း,ကမ္ဘာတောင်ဘက်ကောင်း
ကင် တံခါးအဆုံးထိ မင်းဘိုးအေးကြီးတဲ့မှ!

ကျန်ချန်၏ဘယ်ခြေထောက်က လီယုတုန်၏ ခြေထောက်နှင့်တိုက်မိပြီး သူ့ခန္ဓာကိုယ်သည် ဟန်ချက်မညီတော့ပဲလဲကျသွား၏။

သူ မြေကြီးပေါ်သို့လဲမကျခင်အချိန်လေးမှာအံတင်းတင်းကြိတ်ပြီး ၊ကုဖေး၏လက်ထဲသို့ ဘောလုံးရောက်အောင်ပစ်ပေးလိုက်သည်။

သူသည် မြေကြီးပေါ်သို့အရှိန်နှင့်လဲကျသွားပြီး ၊တံတောင်ဆစ်ပွန်းသွား၏။

ကွင်းဘေးပတ်ပတ်လည်မှအော်သံများလည်း ပိုပြီးကျယ်လာသည်။ ကုဖေးက ဘောလုံး ကို ဖမ်းလိုက်နိုင်တာကြောင့်လား ၊သူ လဲကျသွားပြီးစက္ကန့်ပိုင်းထိပြန်မထနိုင်သောကြောင့်လားမသေချာပေ။

ဝမ်ရွှိက စိုးရိမ်တကြီးနှင့်သူ့ဆီပြေးလာ၏။
"ကျန်ချန်..!"

"အရူး...!"
ကျန်ချန် သူ့ကိုပြန်တွန်းလိုက်တယ်။
"နောက်တန်းကိုပြေးတော့...။"

တန်းခွဲ ၅မှလူတွေက ဘောလုံးနောက်သို့ပြေးလိုက်နေပြီး...ထန်ရှီးဝေ့ပင် သူတို့ဘေးနားက ဖြတ်သွား၏။

"ကောင်းတယ်!ပြစ်ဒဏ်ဘောမပေးဘူး?။"
ကျန်ချန် အော်လိုက်တယ်။
"ဝမ်ရွှိ,နောက်တန်းကို မြန်မြန်ပြေးတော့။ "

"Fuck!"
ဝမ်ရွှိလည်း နောက်တန်းဆီသို့ပြန်လှည့်ပြေးသွား၏။

ကျန်ချန် မတ်တပ်ပြန်ရပ်လာချိန်တွင်၊ကုဖေးက သူ့ကို လှည့်ကြည့်လာ၏။ သူ့ခြေထောက် ဘာမှမဖြစ်ကြောင်းသိအောင် ကျန်ချန် သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။ဒါပေမဲ့,အရင်တစ်ခေါက်ဒဏ်ရာရထားသည့်နေရာကို ထပ်ထိမိသွား၍ နာကြင်မှုကြောင့်သူ အသက်ရှုတောင်မှားသွားသည်။

ဒီဘောလုံးက....လူတိုင်းဆီဒေါသအမျက်ဆောင်ကျဉ်းပေးလာ၏။

ကျန်ချန်အလယ်လိုင်းမျဉ်းကိုဖြတ်ကျော်လာချိန်တွင်  လီယုတုန်ကဘက်စကတ်ခြင်းထဲသို့ ဘောလုံးပစ်ဖို့ကြိုးစားနေသော်လည်း ကုဖေး က သူ့ကိုတားဆီးလိုက်နိုင်၍၊ ဘောလုံးက လုရှောင်ပင်းဆီ ရောက်သွား၏။

"ကျန်ချန် ...။"
လုရှောင်ပင်း က စိတ်အားထက်သန်စွာ နှင့် သူ့နာမည် ကို ခေါ်လာပြီး ဘောလုံး ပစ်ပေးလာသည်။

သူတို့ အစောပိုင်းကတည်းက 5:4 မှတ်ရထားတာကြောင့်လားမသေချာပေမဲ့၊ တန်းခွဲ၅မှလူ
များသည် ဤနှစ်မှတ်ကအနိုင်ယူလာပေးမည့် ဘောလုံးဟုယုံကြည်နေ၏။ကျန်ချန်၏လက်ထဲသို့ဘောလုံးရောက်လာချိန်တွင်ထန်းရှီးဝေ့က သူတို့အသင်း၏ three-pointစည်းမှာ ရှိနေဆဲဖြစ်သည်။

လက်ထဲသို့ဘောလုံးရောက်သည်နှင့်ကျန်ချန် နောက်လှည့်ပြီး တစ်ဖက်အသင်းခြင်းတိုင်ဆီ အပြေးသွားလိုက်တယ်။ပြိုင်ဘက်အသင်း၏
Three-pointစည်းမှာ သူရပ်လိုက်သည်။ သူ ဘောလုံးပစ်သွင်းရန်ပြင်နေစဉ်၊တန်းခွဲ၅မှလူ
တွေကဘောလုံးဖြတ်လုနိုင်ရန်အပြေးအလွှား ပြန်ပြေးလာကြ၏။

ဘောလုံးကိုလေထဲသို့ပစ်သွင်းပြီးနောက်တွင်
ကျန်ချန် လက်သုံးချောင်းထောင်လိုက်တယ်။ ဘောလုံးသည်ခြင်းတောင်းထဲသို့ဝင်သွားပြီး၊သူ့လက်ကို အောက်သို့ပြန်ချလိုက်သည်။

Shotttt....

Beautiful....

ဘေးစည်းမှ  ပင်လယ်ပြင်ကြီးတမျှ လက်ခုပ်
သြဘာတီးအားပေးသံတွေကြားမှလောင်ရွှိ၏ "nice shot"ဆိုတဲ့မိုက်ခရိုဖုန်းသံကို ကျန်ချန် ကြားလိုက်၏။ စိတ်လှုပ်ရှားနေသည့်မျက်နှာတွေကို သူ လှမ်းလိုက်ကြည့်တော့ ထိုမျက်နှာတွေအားလုံးမှာလောင်ရွှိ၏မျက်နှာကစိတ်အလှုပ်ရှားဆုံးဖြစ်၏။သူ့မျက်နှာကပြိုင်ပွဲထဲမှာ ကစားနေသည့်ကစားသမား တွေထက်ပင် ပိုပြီး စိတ်လှုပ်ရှားနေလျှက်ရှိသည်။

အမှတ်၁၆မှတ် ကွာသည့်အပြင်၊ ပွဲကစားချိန်
၁၅မိနစ်တောင်မကျန်တော့ပေ။သူနှင့် ကုဖေးတို့ မပါတော့လျှင်တောင် တစ်ဖက်အသင်းက အမှတ်တွေလိုက်မှီနိုင်မှာမဟုတ်ဘူး။

ကုဖေးက timerကို လှမ်းကြည့်ပြီး ပြောလာသည်။
"အချိန် ဆွဲထားရအောင်။"

အချိန်အများကြီး မကျန်တော့သောကြောင့်ဘောလုံးကိုအလောတကောသွင်းစရာမလို။ သူတို့သည် ပွဲကို အေးအေးဆေးဆေးကစားပြီး အချိန်စေ့သည်နှင့် ဘောလုံးကို လက်ထဲ
မှလွှတ်လိုက်ရုံပင်။

တန်းခွဲ၅မှ လူများက စိတ်ဓာတ်ကျနေကြ၏။ သူတို့တစ်ဦးချင်းစီတိုင်း ဒေါသတွေပြည့်နှက်နေကြပေမယ့်၊ဖွင့်ထုတ်ခွင့်မရှိချေ။

ကျန်ခန်နှင့်ကုဖေးက ဘက်စကတ် ခြင်းတိုင် နားထိရောက်လာသည့်တိုင်အောင် ဘောလုံး ကိုကောင်းကောင်းထိန်းထား၏။ယင်းအချိန်
ပိုအတွင်း ကုဖေးက လေးမှတ်ရမည့်နှစ်မှတ်ဘောလုံးကိုလက်လွှတ်လိုက်ပြီး ကျန်ချန်ဆီဘောလုံးနှစ်ကြိမ်ပစ်ပေးပြီးသုံးမှတ်တန်ပစ်ခိုင်းနေ၏။

သူ့ ဘေးနားတစ်ဝိုက်မှ အသံလှိုင်းများသည်
အချိန်တိုင်း သူ့ကို သုံးမှတ်တန် ဘောလုံးပစ်ခိုင်းနေသည့်အတိုင်း ကျန်ချန်ခံစားရသည်။သူ့အရင်ကျောင်းပြိုင်ပွဲမှာတောင် ဒီလောက်ထိ သူ့ကိုယ်သူ တော်လှပြီလို့တစ်ခါမှမခံစား
ခဲ့ရဘူး။

အဆုံးသတ်တွင်, လေထုတစ်ခုလုံးစိတ်လှုပ်
ရှားမှုများနှင့်ပြည့်နေပြီး ၊  ဒုတိယပိုင်းပွဲချိန်အဆုံးသတ်ဝီစီသံထွက်လာ၏။

ကုဖေးက လက်ထဲမှာ ဘောလုံးကို ကိုင်ထားပြီး three-pointစည်းမှ ရှေ့သို့ခြေတစ်လှမ်း တိုးပြီး ဘက်စကတ်ဘောခြင်းတောင်းထဲသို့ဘောလုံးပစ်သွင်းလိုက်သည်။

"ပွဲကမပြီးသေးဘူး။"
ကျန်ချန်လည်း ဘောလုံးခြင်းထဲသို့ဝင်သွားတာကိုလိုက်ကြည့်လိုက်တယ်။

"အား......!"
ဝမ်ရွှိ၏ဝမ်းသာအားရအော်ဟစ်သံက ကွင်းထဲမှာ ပဲ့တင်နေ၏။

ကျန်ချန် လှည့်ကြည့်လိုက်ချိန်တွင်၊ ဝမ်ရွှိက
လက်မောင်းနှစ်ဖက်ဖွင့်ပြီး၊တစ်မိနစ်လေးမျှမစောင့်ဘဲ ကုဖေးကိုဖက်ပြီး ၊ကုဖေးမျက်နှာကိုနမ်းလိုက်တာမြင်လိုက်ရသည်။

"ဖယ်စမ်း။"
ကုဖေးက သူ့ကိုတွန်းထုတ်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်၏။

ဝမ်ရွှိက သူ့ဘက်လှည့်လာသည်နှင့်ကျန်ချန် သူ့ကိုလက်ညိုးထိုးပြီးအော်လိုက်တယ်။
"ငါ့ကို လာမထိနဲ့။ "

"အား........."
ဝမ်ရွှိက အန္တရာယ်ကိုမဖြုံပဲ၊ခုန်ပေါက်ပြေးလာပြီး သူ့ကိုဖက်နမ်းလာသည်။

"မင်း......နှာဗူးကောင်။"
ကျန်ချန် လက်ဖမိုးနှင့် ဝမ်ရွှိနမ်းခဲ့သည့်ဘက်ကို ပြောင်သွားအောင်သုတ်လိုက်တယ်။

ဝမ်ရွှိသည် ပီတိဖြာပြီး အသင်းတစ်ယောက်ချင်းစီတိုင်းကိုပွေ့ဖက်ပြီးအာဘွားပေးနေ၏။

သူတို့တစ်တန်းလုံးမှလူတွေကလည်း ကွင်းထဲသို့ဝိုင်းအုံလာပြီးအော်ဟစ်အားပေးကြသည်။ ပြိုင်ပွဲတွေမှာ တစ်ခါမှအနိုင်မရဖူးသည့် အား
နည်းသော ကြက်ပေါက်လေးများ အတန်းက ယခုအခါအပျော်ကြီးပျော်နေကြ၏။

"ဟေး,"
ကုဖေးက သူ့နားသို့လျှောက်လာပြီး လက်
မောင်းနှစ်ဖက်ဖွင့်လာသည်။
"ဒီလိုအရမ်းမိုက်တဲ့ကစားပွဲကို ငါ မကစားဖြစ်ခဲ့တာတော်တော်ကြာပြီ။"

ကျန်ချန် သူ့ကိုကြည့်၍ခဏတုံ့ဆိုင်းနေပြီး လက်မောင်းကိုဖွင့်ပြီး၊သူ့ကိုပွေ့ဖက်လိုက်တယ်။
"ငါလည်းပဲ။"

ကုဖေးက သူ့နောက်ကျောကို ခပ်ဖွဖွပုတ်ပေးလာသည်။
"မင်း ခြေထောက်အဆင်ပြေလား။"

ကျန်ချန် ပြုံးလိုက်တယ်။
"အင်း အဆင်ပြေပါတယ်။"

ဒီပွေ့ဖက်မှုကအလွန်တရာကိုသက်တောင့်သက်သာဖြစ်စေ၏။

တစ်ယောက်နှင့်တစ်ယောက်နားလည်မှုဖြင့် ဖွင်ဟပြောစရာမလိုခြင်းသည် အရင်းနှီးဆုံးဖြစ်နေ၍။ သူတို့ကတစ်ခြားလူတွေနှင့်လုံးဝ
ကွာခြားသည်။သို့သော်,တိုတောင်းလှသည့် အချိန်ကာလတွင်ကုဖေး နှင့်နီးနီးကပ်ကပ်ရှိ
ခဲ့တဲ့ညအကြောင်း ကျန်ချန် ပြန်မြင်ယောင်လာတယ်။ နေရောင်ခြည် အလင်းတန်းများ ဖြာကျနေသကဲ့သို့တောက်ပသောကုဖေး၏ မျက်နှာကြောင့် သူ စိတ်အေးချမ်းလာ၏။

သာမန်ပွေဖက်မှုတစ်ခုဆိုသော်ငြား၊ကျန်ချန်စိတ်အေးချမ်းတယ်လို့ဘာကြောင့်တွေးမိနေမှန်း သူကိုယ်တိုင်ပင်နားမလည်ချေ။ဒါပေမဲ့, ဖန်းကျိကလွဲပြီးသူစိမ်းတစ်ယောက်နှင့်နီးနီး
ကပ်ကပ်ထိတွေ့ခဲ့တာ သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်၏။

သူ့ဆံပင်အဖျားသည်ကုဖေး၏မျက်နှာနှင့် ပွတ်တိုက်နေသည်ကို ၊ ခံစားမိသော်လည်း စိတ်ကသိကအောက်မဖြစ်မိဘူး။

"သွား,သွား,သွားကြတော့။"
လောင်ရွှိကလက်တွေကိုဝှေ့ယမ်းပြီး အတန်းထဲမှလူတွေကိုခွဲထုတ်လိုက်၏။
"လောင်လုနဲ့ငါကမင်းတို့ကိုညစားစားဖို့ခေါ်သွားမလို့။ငါတို့က မင်းတို့ကိုစားကောင်းတာ တစ်ခုခုလိုက်ဝယ်ကျွေးမယ်။"

"ကျွန်တော် ဟော့ပေါ့ စားချင်တယ်။"
ဝမ်ရွှိကပြောသည်။
"မဟုတ်ဘူး။ ကျွန်တော် အသားကင် စားချင်တယ်။အာ...မွန်ဂိုလီယားမီးတောက်အိုးဆိုရင်လည်းမဆိုးဘူး။"

လူအုပ်ကြီးသည်လောင်လုနှင့်လောင်ရွှိတို့၏
နောက်မှလိုက်သွားကြသည်။သူတို့ကဘာစားရမလဲဆွေးနွေးငြင်းခုန်နေကြ၏။

ကျန်ချန် ကုဖေးနှင့်အတူ ဘေးချင်းကပ်ရပ် လမ်းလျှောက်နေချိန်တွက် ကုဖေးက သူ့ကို စကားပြောလာ၏။
"အာ,ငါ မင်းကိုမေးချင်တာရှိတယ်။ "

"အင်း, ဘာမေးမလို့လဲ?။"

"မင်း ပိုက်ဆံရှာချင်လား?။"

"ဟမ်?။"
ကျန်ချန် နားမလည်နိုင်စွာဖြင့် ကုဖေးကို
လှည့်ကြည့်လိုက်တယ်။

ကုဖေးက ရုတ်တရက်စကားအဆက်အဆက်မရှိ"ပိုက်ဆံရှာချင်လား "သူ့ကိုမေးခြင်းသည်သူစိတ်ထဲတွင်အမေသည် ပညာမတတ်သော မိန်းကလေးကို စကားပြောနေသလိုမျိုး ထင်ယောင်လာစေသည်။ "မဟုတ်ဘူး။ငါ အခုမှ အသက်ငယ်ငယ်လေးရှိသေးတယ်။"  လို့သူ ပြောလိုက်ချင်၏။

>>>>

ကိုယ်တို့မေဂျာက ပြိုင်ပွဲ သွားကြည့်ခိုင်းဖို့
နေနေသာသာ ပြိုင်ပွဲမှာ ဝင်ပါတဲ့လူတောင် ကြည်တာမဟုတ်ဘူး။

Continue Reading

You'll Also Like

155K 5.7K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
252K 15.3K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...
456K 84.8K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
358K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...