ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 27(zawgyi)

4.1K 373 27
By melieee2

Chapter 27; သူတို့နှစ်ယောက် ရည်းစားဟုတ်ဟုတ်,မဟုတ်ဟုတ်သူနှင့်မသက်ဆိုင်။

ကျန်ချန်နှင့်ကုမြောင်သည်ရှေ့မှဦးဆောင်ပြီး သွားနေချိန်တွင်၊ ကုဖေးနှင့်ဝမ်ရွှိဟာ စက်ဘီး ကိုယ်စီတွန်း၍ အနောက်မှလိုက်လာ၏။

ဝမ်ရွှိသည်ပြိုင်ပွဲအတွက်သူ့အစီအစဉ်များကိုတောက်လျှောက်ပြောနေပေမဲ့၊ကုဖေးကဂရုမစိုက်ချေ။ဝမ်ရွှိက ပြောချင်သမျှပြောပြီးလျှင်ကျေနပ်နေတတ်၍ နားထောင်သူရှိ,မရှိက သူ့အတွက်အရေးကြီးကိစ္စမဟုတ်ပေ။

ဖုန်းထဲမှဂိမ်းကို ကုဖေး ကစားနေ၏။ Craz3
ဂိမ်းနောက်တစ်ဆင့်တက်ဖို့နောက်ဆုံးအဆင့်သာကျန်တော့၍ သူ မြန်မြန်အောင်ချင်နေပြီ။အချိန်သုံးရက်ခန့်ရှိပြီဖြစ်သော်ငြား၊သူ့အခြေ
အနေက တိုးတက်လာမှုမရှိချေ။

ကုဖေးပြောလိုက်တယ်။
"ငါ့ကို အသည်းပုံပို့လိုက်ဦး။"

"........ပြီးတော့ မင်းကဘောလုံးကိုယူသွား။"
ဝမ်ရွှိကစကားများနေတာကိုရပ်လိုက်တယ်။
"ဘာပြောလိုက်တာလဲ။"

ကုဖေး ဖုန်းမျက်နှာပြင်ကို သူ့ရှေ့မှာဝှေ့ယမ်းပြလိုက်တယ်။

"အိုး,ခဏ။"
ဝမ်ရွှိကဖုန်းထုတ်ပြီး သူ့ကိုအသည်းပုံတစ်ခု ပို့လာသည်။ထို့နောက်,သူက အရှေ့ကိုလှမ်းကြည့်ပြီးပြောလာ၏။
"ကလေးတွေကကျန်ချန်လိုပြသာနာကောင်ကို သဘောကျတယ်နော်။ မင်းညီမက ငါ့ကိုအခုထိ မျက်လုံးနဲ့တောင် သေချာကြည့်တာ
မဟုတ်ဘူး။"

ကုဖေး ဂိမ်းဆော့နေရင်းဖြေလိုက်တယ်။
"အရွယ်ရောက်ရင်၊ ဘာပဲလုပ်လုပ်,မင်းရဲ့မျက်နှာကအရေးကြီးလာလိမ့်မယ်။အထူး
သဖြင့်,ကလေးတွေနဲ့ကစားတဲ့ချိန် အရမ်းအရေးကြီးတယ်။"

"တကယ်?။"
ဝမ်ရွှိကခြေနင်းပေါ်မတ်တပ်ရပ်ပြီး လမ်းတစ်
ဖက်ရှိစတိုးဆိုင်၏မှန်ထဲမှ သူ့ပုံရိပ်သူ ပြန်ကြည့်လိုက်သည်။
"ငါ့ကိုယ်ငါ ကျန်ချန်ထက်ပိုရုပ်ဆိုးတယ်လို့
မထင်ဘူး။ကြည့်ရတာ,ငါကဖော်ဖော်ရွေရွေ မနေတတ်လို့ပဲနေမှာ။"

"အင်း။"
တကယ်တော့, ဝမ်ရွှိကဖော်ရွေသောကြောင့်သူ့ကိုယ်သူဆရာကြီးစတိုင်လ်မိမိုက်ချင်ဟန်
ဆောင်ချိန်တိုင်း မအောင်မြင်ခြင်းဖြစ်သည်။

သူငယ်ချင်း ရှားသည့် အကြောင်း ပြောလျှင်,
ကျန်ချန်၏အသွင်အပြင်ကတကယ်အပေါင်း
အသင်းရှားတာဖြစ်၏။

သူတို့နှစ်ယောက်ကိုကြည့်တိုင်း သူခံစားချက် နှစ်မျိုးခံစားရသည်။ တစ်ယောက်က နုံအပြီး ရယ်စရာကောင်းတယ်။ ကျန်ချန်၏ပုံစံက...
လူအများ သူ့ကိုထိုးချင်အောင်လုပ်နိုင်စွမ်းရှိသည်။သူ့မျက်နှာပေါ်မှ စိတ်မရှည်သည့်အမူ
အရာကိုထည့်တွက်လျှင်၊ဝမ်ကျိုရစ်ကဲ့သို့လူ
နှင့်ယှဉ်ပြောစရာအကြောင်းမရှိချေ။

သို့သော်,သူတို့အရက်အတူသောက်တဲ့ညတွင်ကျန်ချန်သည်သူ့နဂိုပုံစံနှင့်နည်းနည်းကွဲထွက်နေ၏။အရက်သောက်ပြီးချိန်တွင်၊သူ့မျက်နှာ
ကစိတ်လှုပ်ရှားနေပြီး၊မဆိုစလောက်လိမ္မာနေသလားလို့.....!

ထိုအခိုက်အတန့်မှာ ခဏမျှကြာခဲ့တာနှမြောစရာကောင်း၏။သူက စီးကရက်ယူပြီးသည်
နှင့်သူ့နဂိုပုံစံအတိုင်းပြန်ဖြစ်သွားသည်။

ကျန်ချန်နှင့်ကုမြောင်တို့စကိတ်ပေါ်မှခုန်လိုက် ပြန်တက်လိုက်လုပ်နေတဲ့ မြင်ကွင်းကို ကုဖေးကြည့်လိုက်တယ်။ ထိုနေ့က ကျန်ချန်၏ကိုယ်
ရေးကိုယ်တာနှင့်ပတ်သတ်ပြီးသူဘယ်လိုမျိုးခံစားခဲ့ရမှန်းမေ့ခဲ့ပြီဖြစ်သည်။ မဟုတ်ဘူး....
အမှန်တိုင်းပြောလျှင်၊သူ့မှာခံစားချိန်မရှိဘူး။ ဒါပေမဲ့, ဆိုဖာတစ်ဖက်ခြမ်းမှာ သူပြန်ထိုင်၍
ကျောမှီလိုက်စဉ်မြင်လိုက်ရသောကျန်ချန်၏
'ဘာမှမဖြစ်ဘူး,ဘယ်သူမှမမှတ်မိပါဘူး။'ဆိုသည့် အမူအယာကအတော်ရယ်စရာကောင်း
၏။

ကျန်ချန်က ထိုကိစ္စအကြောင်းတစ်ခုမှမပြောတော့၍ သူအများကြီးဆက်မတွေးဖြစ်ခဲ့ဘူး။
'ပူရှစ်ဟောင်နျောင်'..။'ပူရှစ်ဟောင်နျောင်'တို့ အရက်မူးချိန်တွင် ပို...ပိုပြီးဒရာမာခင်းကြ၏။ လျိုဖန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့တာကြောင့်၊အရက်မူးချိန်တိုင်း ကင်မရာကို ကြိုပြင်ထားပေမဲ့၊အဆုံးကျ ဘောင်းဘီကျွတ်ပြီး မြေကြီးပေါ်မှောက်သွား၏။

ကျန်ချန်၏တုံ့ပြန်မှုမှာနည်းနည်းလွန်ကဲသော်
လည်း၊ တခြားလူသူ့ပခုံးပုတ်တာ,သူ့အင်္ကျီကိုကော်လံကိုဆွဲတာ ၊ဒါမှမဟုတ်၊သူ့မျက်နှာ ကို ထိလျှင်ပင် ပြန်ထိုးသည့်အကျင့်ကို စဉ်းစားမိတော့.........၎င်းလုပ်ရပ်ကတခြားအဓိပ္ပာယ်ပါတယ်လို့ပြောလို့မရဘူး။

သူတို့မှာဖော်ပြချင်တဲ့ဆန္ဒရှိလျှင်တမင်သက်
သက် ဖုံးကွယ်ထားစရာ အကြောင်း မရှိချေ။သူတို့သတိမပြုမိချင်သည့်အရာဖြစ်နေလျှင် သူကိုယ်တိုင်လည်းနေထိုင်၍ ကောင်းမဟုတ်ဘူး။သူတို့ကစူးစမ်းချင်စိတ်ကြောင့်ဒီကိစ္စကို လုပ်ခဲ့မိလျှင်ပင်...တစ်စုံတစ်ယောက်ကဘဝတစ်လျှောက်လုံးသတိရနေပေလိမ့်မည်။

ကျန်ချန်ရဲ့သဘောထားကိုသူမစဉ်းစားကြည့် ဘူး။သူ့အကြောင်းတွေပိုသိချင်လာတယ်၊သူ့ကိုသဘောကျတယ် ,သူ့အပေါ်မှာ ကောင်းမွန်
သောအမြင်ရှိတယ်,သူနှင့်ပိုနီးစပ်ချင်တဲ့ ဆန္ဒမျိုး ကုဖေးဆီမှာရှိတယ်။ထပ်တိုးပြောရလျှင် ကုမြောင်ကလည်းကျန်ချန်ကိုအရမ်းသဘော
ကျ၏။သူမကသူ့ကိုသိတာနှစ်ရက်မပြည့်ခင် အရမ်းခင်တွယ်နေ၍ ကုဖေး အံ့သြခဲ့သေး၏

တစ်ချို့လူက ကြောင်ပေါက်လေးများကို ဆွဲဆောင်နိုင်တယ်။တစ်ချို့ကခွေးလေးများကို ဆွဲဆောင်နိုင်တယ်။ကြည့်ရတာ, ကျန်ချန်က ချို့ယွင်းချက်ရှိတဲ့ ကလေးတွေကို ဆွဲဆောင်နိုင်ပုံရသည်။

"ဝမ်အာအစာသွပ်ပေါင်မုန့်" ဆိုင် စီးပွားရေးသည် ချောင်လည်တယ်ပြော၍ရ၏။ သူတို့ဆိုင်ကနေ့ညမရွေး အမြဲစည်ကားနေသည်။

ယနေ့, အလုံပိတ်ခန်း မရသောကြောင့် ဝမ်ရွှိအမေက သူတို့ဝမ်မိသားစုအမြဲစားလေ့ရှိတဲ့ အခန်းမှာ သူတို့ကိုနေရာချပေး၏။
"အပြင်မှာ လူအရမ်းရှုပ်နေလို့။ဒီနေရာက မင်းတို့အတွက်ပိုအဆင်ပြေတယ်။ စကားအေးအေးဆေးဆေးပြောလို့ရတာပေါ့။"

ကျန်ချန် ပြန်ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်, အန်တီ။"

ဝမ်ရွှိက စားစရာများယူဖို့ အဝင်အထွက်လုပ်ရမည်ဖြစ်၍ တံခါးဘေးမှာနေရာယူလိုက်၏။ကုဖေးနှင့်သူကအတွင်းဘက်မှထိုင်ခုံမှာနေရာယူလိုက်ပြီး၊ကုမြောင်ကသူတို့အလယ်မှာထိုင်
သည်။

လွယ်အိတ်ထဲမှ တစ်ရှုးအစိုအိတ်ကိုထုတ်ပြီး ကုမြောင်အတွက်သူတစ်ရွက်ထုတ်ပေးလိုက်တယ်။
"မင်းရဲ့လက်ကိုတစ်ရှုးနဲ့သုတ်လိုက်ဦး။ လက်
ဖဝါးတွေကညစ်ပတ်နေတာပဲ,မင်း မှောက်လဲလာတာမလား။"

ကုမြောင်က ခေါင်းယမ်းပြသည်။ထို့နောက် သူမကတစ်ရှုးအစိုကိုယူပြီး၊လက်ကိုသေချာပွတ်သုတ်ပြီးပြန်ချလိုက်၏။

ကျန်ချန် သက်ပြင်းဖျော့ဖျော့ချပြီး ကုဖေးကို ကြည့်လိုက်တယ်။
"မင်းလည်း တစ်ရှုးလိုချင်သေးလား။"

ကုဖေးက ခပ်ပြုံးပြုံးနှင့်ဖြေလာသည်။
"တကယ်တော့,ငါ့ရဲ့ဒဿနိကဗေဒအရဆိုရင် လက်မဆေးဘဲအစားစားတာက နေမကောင်း မဖြစ်ဘူးလို့ပြောလို့ရတယ်။ "

"....."
ကျန်ချန် သူ့ကိုလျစ်လျူရှုလိုက်ပြီး၊တစ်ရှုးစို နှင့် လက်သုတ် နေလိုက်တယ်။ဒါပေမဲ့, သူက အိတ်ကိုသေချာပြန်ပိတ်ဖို့မေ့သွားတာကြောင့် ကုဖေးက အိတ်ကိုလက်နှစ်ချောင်းနှင့်အသာ
ဖွင့်ပြီးတစ်ရှုးအစိုကို ဆွဲယူလိုက်၏။

ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်တယ်။
"မင်း ကြောင်သူတော်အတိုင်းမခုတ်တတ်ချင်ဟန်ဆောင်မရဘူးလား။နည်းနည်းလောက် ပိုပြီးရိုးသားစမ်းပါ။ဒီကမ္ဘာကြီးကပိုကောင်းတဲ့နေရာဖြစ်လာလိမ့်မယ် ။"

ကုဖေးက တစ်ရှုးအစို နှင့်လက်သုတ်နေရင်း ဝမ်ရွှိကို လှမ်းပြောလိုက်သည်။
"ကြားလား,နည်းနည်းပိုပြီးရိုးသားစမ်းပါ။"

ဝမ်ရွှိကလည်း တဲ့တိုးပြန်ဖြေလာ၏။
"ငါက မလုပ်နိုင်ဘူး။"

"....."
ကျန်ချန်သက်ပြင်းချလိုက်တယ်။

ကုမြောင်က ဤဆိုင်တွင်အစားသွပ်ပေါင်မုန့် လာစားတာပထမဆုံးအကြိမ်မဟုတ်။ဝမ်ရွှိက သူ့မရှေ့သို့ အစာသွပ်ပေါင်မုန့်ခြင်းတောင်းချပေးပြီးလျှင် သူမက ဆိတ်အစာသွပ်ပေါင်မုန့်ကို ချက်ချင်းလှမ်းယူလိုက်သည်။

ဝမ်ရွှိက ရယ်လိုက်၏။
"မင်းက အမြဲတမ်း ဒီအရသာတစ်မျိုးတည်း စားနေတာ။တခြားအရသာလေး မစားကြည့်ချင်ဘူးလား?။"

ကုမြောင်က သူ့ကိုလျစ်လျူရှုပြီး ခေါင်းငုံ့၍
ပေါင်မုန့်ကိုခပ်ကြီးကြီးတစ်ကိုက်ကိုက်လိုက်သည်။

ကုဖေးက ဝင်ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်,ပြောလိုက်လေ။"

ကုမြောင်က အစားစားနေရင်း ချက်ချင်း မတ်တပ်ထရပ်ပြီးဝမ်ရွှိကိုဦးညွတ်ဂါရ၀ပြုလာ၏

"အာ,အာ,အာ....ရပါတယ်။"
ဝမ်ရွှိက ထိုင်နေရာမှထရပ်လိုက်ပြီး ကုမြောင်ကို ဦးညွတ်ဂါရဝပြန်ပြုနေသည်။
"ပျော်ရွှင်စရာအချိန်လေးဖြစ်ပါစေ,ငါ့ရဲ့အရှင်မလေး။"

"မင်းက အလားအလာရှိတယ်။"
ကုဖေးက မှတ်ချက်ချလိုက်၏။

"သူက အရမ်းမိုက်တယ်။ငါ ဟန်ဆောင်တာ မဟုတ်ဘူး။"

ကျန်ချန် သူ့ကိုဝင်မေးလိုက်တယ်။
"မင်းရဲ့ big boss ဆိုတဲ့ ပုံရိပ်ကို မလိုချင်တော့ဘူးလား။"

"မင်းတို့နှစ်ယောက် ဒီမှာရှိနေတာ,ငါက big boss လုပ်ရဲမှာတဲ့လား။"
ဝမ်ရွှိက သူ့ကို မျက်လုံးမှေးပြီးကြည့်လာ၏။
"ဒါပေမဲ့, နေ့လည်က ငါ့ရဲ့နည်းဗျူဟာတွေ
ကြောင့် ငါ့ခြေသလုံးကိုဖက်စရာမလိုပါဘူး။"

"အိုး။"
ကျန်ချန် ခေါင်းငုံ့ပြီး စားပွဲအောက်ကိုကြည့်လိုက်တယ်။

ဝမ်ရွှိက သူ့အတိုင်း လိုက်ကြည့်လာ၏။
"မင်း ဘာရှာနေတာလဲ။"

"မင်းခြေသလုံးကို ရှာနေတာ။"

"Fuck,"
ဝမ်ရွှိက မကျေမနပ်ဖြင့်အော်လိုက်သည်။
"ဘေးချင်း ကပ်ထိုင်တဲ့ အတန်းဖော်တွေကတကယ်ကွာတာပဲ။ထရိန်နင် အတူဆင်းတာ ရက်နည်းနည်းရှိသေးတယ်။မင်းတို့ကအတွဲညီနေကြပြီ။"

..

ယနေ့တွင် ,ကျန်ချန် ဗိုက်မဆာသောကြောင့်လေချဉ်တက်သည်အထိမစားဖြစ်တော့ဘူး။ ကုမြောင်က သူ့ထက် အရမ်းစားနိုင်တယ်လို့သူစဉ်းစားမိလိုက်၏။

ကုမြောင်က အစာသွပ်ပေါင်မုန့်ပူပူလေးတွေ အများကြီးစားထား၍ သူမမျက်နှာကနီတွတ်ပြီး၊နဖူးထက်တွင်ချွေးစိုနေ၏။

"အေး,"
ကျန်ချန် သူမဦးထုပ်ကိုချွတ်ပေးလိုက်တယ်။ရှုပ်ပွနေသောဆံပင်ကို သူ မြင်လိုက်ရသည်။
"မင်းရဲ့ဆံပင်က..."

ကုမြောင်က လက်ထဲမှအစာသွပ်ပေါင်မုန့်ကို ချပြီး၊သူမဆံပင်ကိုသပ်ရန်လက်မြှောက်လာသည်။

ကျန်ချန် သူမလက်ကို ဖမ်းလိုက်တယ်။
"ဟေး, လက်မှာ ဆီတွေ။"

ကုဖေးက ဘေးမှဝင်လှမ်းပြောလာ၏။
"ဘာမှမဖြစ်ဘူး။"

"ဒါပေမဲ့ ,သူက မိန်းကလေး...။"

ကုဖေးက ဦးထုပ်ကိုလှမ်းယူပြီး သေချာကြည်နေသည်။
"မင်း သူ့ကို ကလေးတစ်ယောက်လိုမျိုးဆက်ဆံရင်အဆင်ပြေလိမ့်မယ်။မင်း မှောက်လဲလို့ ဦးထုပ်ပြဲသွားတာလား?။"

ကုမြောင်က ဦးထုပ်ကို တစ်ချက်လှမ်းကြည့်ပြီးမှ ခေါင်းညိတ်ပြသည်။

ကုဖေးက ပြောလိုက်၏။
"မင်းအတွက် ထပ်လုပ်ပေးမယ်။အိုကေ?။"

ကုမြောင်က အချိန်ခဏစဉ်းစားနေပြီးနောက်
ကုဖေးကို သူမ ဆွယ်တာအင်္ကျီအနားကွပ်ကိုဆွဲယမ်းပြလာသည်။

ကုဖေးက ပြန်ဖြေလိုက်၏။
"မင်း အဝါရောင်လိုချင်လို့လား။ကောင်းပြီ။"

ကျန်ချန် မထိန်းနိုင်ပဲဝင်မေးလိုက်တယ်။
"မင်း သူ့အတွက်အသစ်ထပ်ထိုးမလို့လား။"

ကုဖေးက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။"

ကုမြောင်က ဦးထုပ်အသစ်ရပြီဆိုတဲ့အချက်ကြောင့် စိတ်လှုပ်ရှားနေ၏။ဝမ်ရွှိတို့၏ဆိုင်မှအပြင်သို့ပြန်ထွက်လာချိန်တွင်၊ ကုမြောင်ကချည်ခင်သွားဝယ်ရန် ကျန်ချန်ကိုဆွဲထား၏။

"ငါ မင်းကို လိုက်ပို့မယ်လေ။ "
ကုဖေးက သူမကိုပြောလိုက်သည်။
"ချန်ကောက သွားစရာမလိုဘူး။"

ကုမြောင်ကဘာမှမတုံ့ပြန်။သူမက ကျန်ချန်
၏လက်ကိုတင်းတင်းဆွဲထားပြီး မလွတ်ပေးသည့်အပြင် သူ့ကိုယ်ပေါ်သို့မှီလာ၏။

ကုဖေးက ဆောင်ကြောင့်ထိုင်ချပြီး ကုမြောင်ကို သေချာကြည့်လိုက်တယ်။
"ချန်ကောက,နေ့တိုင်း နေ့လည်ခင်းတစ်ရေးအိပ်ပြီးအနားယူရသေးတယ်။"

ကုမြောင်က မျက်လုံးပြူးကျယ်ပြီး သူ့ကို
ပြန်ကြည့်လာပေမဲ့ ဘာမှတုံ့ပြန်မှုမရှိချေ။

ထိုကြောင့် ကျန်ချန်ဝင်ပြောလိုက်တယ်။
"ရတယ်။ သွား,....ငါ ဒီနေ့ မအိပ်တော့ဘူး။"

ကုမြောင်က ကျန်ချန်၏ စကားကိုမကြား
သည့်အလား မလှုပ်မယှက်နေမြဲတိုင်းပင်။

"မင်း....."
ကုဖေးက ခေါင်းပြန်မော့လာ၏။
"သူ့ကို သေချာကြည့်ပြီး နောက်တစ်ခေါက်ပြောပေးလို့ရလား။"

"အိုး။"
ကျန်ချန် ဆောင့်ကြောင့်ထိုင်ပြီး၊ကုမြောင်ကို သေချာမြင်အောင်နေရာထပ်ရွေ့လိုက်တယ်။
"ငါ မင်းနဲ့အတူလိုက်ခဲ့မယ်။ဒီနေ့လည် မအိပ်တော့ဘူး။"

ကုမြောင်က အခုမှပြန်တုံ့ပြန်လာပြီး သူ့ကို ဆွဲခေါ်သွား၏။

ကုဖေးကလည်း သက်ပြင်းဖွဖွချပြီး ဘေးမှ လိုက်လာသည်။

ကျန်ချန် သူ့ကို မေးလိုက်တယ်။
"ငါတို့  ဘယ်မှာသွားဝယ်မှာလဲ။"

"တံတားကျော်ရင်လမ်းကြားတစ်ခုရောက်
လိမ့်မယ်။အဲ့လမ်းကြားမှာ ချည်ခင်ရောင်း
တဲ့ဆိုင် ရှိတယ်။"
ကုဖေးက တစ်ခုခုစဉ်းစားပြီးနောက်၊
ထပ်မေးလာသည်။
"မင်း နေ့တိုင်းနေ့လည်ခင်းတစ်ရေးအိပ်တယ်
မဟုတ်ဘူးလား?။"

"ငါ့ကိုနေ့တိုင်းနေ့လည်ခင်းတစ်ရေးအိပ်တယ်
လို့ပြောခဲ့တဲ့လူက မင်းမဟုတ်ဘူးလား။"

"အိုး။"
ကုဖေးက ပြုံးလိုက်၏။
"ငါနေ့တိုင်းနေ့လည်ခင်းတစ်ရေးအိပ်တယ်။နေ့ခင်းမအိပ်လိုက်ရင်,ပင်ပန်းလာလို့။"

စကိတ်ပေါ်မှာရပ်ပြီး အရှေ့မှဦးဆောင်သွားနေသည့် ကုမြောင်ကို ကျန်ချန် ပြန် ဆွဲခေါ်
လိုက်တယ်။
"အတန်းထဲမှာ အိပ်လို့ရတယ်လေ။မဟုတ်လည်း မင်းက စာလိုက်နားထောင်နေတာမှ မဟုတ်တာ ။"

"မတူဘူး။"
ကုဖေးက အရမ်းသမာသမတ်ကျသည့် လေသံနှင့် ပြောလာသည်။
"ငါ Craz3ဂိမ်း အဆင့်တက်ဖို့လိုသေးတယ်။ လီယန် နဲ့ပြိုင်ထားလို့ ငါဒီအဆင့်ကိုသူ့ထက်အရင်အောင်မှဖြစ်မှာ။"

"မင်းက တကယ် ရူးနေတာပဲ။"
ကျန်ချန် ခဏစဉ်းစားပြီး၊သူ့အရှေ့မှာ လက်ဖြန့်လိုက်တယ်။
"ဖုန်းပေး, ငါ ဆော့ပေးမယ်။"

ကုဖေးက ဖုန်းထုတ်ပေးလာသည်။
"မင်း မဆော့ဘူးမလား။"

ကျန်ချန် သူ့ဖုန်းကိုယူလိုက်တယ်။
"ဒီဂိမ်းကပျင်းစရာကောင်းလို့, မဆော့ဖြစ်တာ။ပြီးတော့ ငါ့ကံကကောင်းတယ်။ ငါက ကံ,ဉာဏ်နှစ်ခုစလုံးကောင်းတဲ့ရွှယ်ပါပဲ,နား
လည်လား။"

..

ကုဖေး ပြောလိုက်တယ်။
"အခု,အဲ့အကြောင်းကို ဟာသလုပ်ပြီး ဆက်
တိုက်ပြောတဲ့လူက မင်းဖြစ်နေပြီ။ပြီးမှ ငါ့ကို ထပ်အပြစ်မတင်နဲ့။ ငါ့မှာ အသည်းပုံသုံးခုပဲကျန်တာ, လောက်ပါ့မလား?။"

ကျန်ချန်ကစကားမပြောပဲ၊ခေါင်းငုံ့ပြီးဂိမ်းကိုဆော့နေ၏။ဝမ်ရွှိတို့အစာသွပ်ပေါင်မုန့်ဆိုင်မှ ချည်ခင်ရောင်းတဲ့ဆိုင်သို့ သွားရမည့် တံတားအကွာအဝေးမှာ ရှည်လျားတဲ့ခရီးဖြစ်သည်။သို့သော် ကျန်ချန်က တစ်ချိန်လုံး ခေါင်းငုံ့ပြီးဂိမ်းဆော့နေလျှက်ရှိ၏။

ကုဖေးသည် ဂိမ်းဆော့ချိန်တိုင်းစိတ်မရှည်တတ်ပေ။ ဂိမ်းထဲမှာ တစ်ဆင့်ပြီး တစ်ဆင့် တွေးရမှာသူအရမ်းပျင်းလွန်းသောကြောင့် ရှင်းစရာတွေ့လျှင် ချက်ချင်းရှင်းလိုက်၏။ ဒါပေမဲ့,ကျန်ချန်က မတူဘူး။ သူက တစ်ခု
မရွေ့ခင် ဖုန်းကို အချိန်အကြာကြီး သေချာ စိုက်ကြည့်တတ်သည်။သူ့ကိုသုံးကြိမ်ကစား
ဖို့အခွင့်အရေးပေးထားပေမယ့် သူကတစ်ခါတစ်ခါရွေ့ဖို့အရေးအချိန်အများကြီး ယူ၏။

ကုဖေး မေးလိုက်တယ်။
"မင်း အောင်သွားပြီလား။".

"မဟုတ်ဘူး။"
ကျန်ချန်က ခေါင်းငုံ့ပြီး ဖုန်းကို စူးစိုက်ကြည့် နေ၏။
"သေသွားပြီ။"

လမ်းပေါ်တွင် ဘေးဘီအာရုံမစိုက်ပဲ၊စိတ်ဝင်တစားဂိမ်းဆော့နေတဲ့သူ့အင်္ကျီကို ကုမြောင်ကလှမ်းဆွဲလိုက်၏။ သူက လမ်းကို သေချာအာရုံမစိုက်တာကြောင့်....တံတားဘေးနားမှ ကျိုးနေသောလှေကားထစ်နားသို့ရောက်နေပြီဖြစ်သည်။

ကုဖေး စက်ဘီးခြေနင်းကိုမြန်မြန် နင်းပြီး သူ့လက်မောင်းကို လှမ်းဆွဲလိုက်တယ်။

ကျန်ချန်က ရုတ်တရက်ကြောင်နေသော်ငြား လက်မောင်းကိုပြန်ရုတ်ပြီး အနောက်မှလူကို လက်သီး တစ်ချက် ပစ်သွင်းလာ၏။ ကုဖေးက စက်ဘီးပေါ်မှာရှိနေသည့်အတွက်ကြောင့်
မရှောင်တိမ်းနိုင်ပဲ၊ ကျန်ချန်၏လက်သီး သူ့နှာဖျားနားထိ ရောက်လာတာကိုကြည့်လိုက်
တယ်။

သူ့ရဲ့အလိုအလျောက် လက်တုံ့ပြန်တတ်တဲ့ အကျင့်က ပြန်ပေါ်လာပြန်ပြီလား.....!!

သို့သော်, သူမျက်နှာနှင့်သိပ်မဝေးတော့သည့် အကွာအဝေးမှာကျန်ချန်၏လက်က ရပ်တန့်သွား၏။

ကုဖေး သူ့လက်မောင်းကိုဖမ်းဆွဲထားသည့် လက်ကိုလွှတ်ပေးလိုက်တယ်။
"မင်းလက်မောင်းကျိုးသွားရင်,မင်းလက်သီးကို ဘရိတ်အုပ်လိုက်နိုင်မှာ မဟုတ်ဘူး။"

"ငါမသိလိုက်လို့,ဆောရီး။"
ကျန်ချန်က ခေါင်းလှည့်သွားပြီး လှေကား
ထစ်ကိုပြန်ကြည့်လိုက်၏။
"Fuck!"

ကုမြောင်၏ခေါင်းကို ကုဖေးပုတ်လိုက်တယ်။
"အားမြောင်, အရှေ့ကဦးဆောင်ပြီးချန်ကော ကိုခေါ်သွားပေးလိုက်။"

ကုမြောင်က ခေါင်းညိတ်ပြ၏။သူမက လက်တစ်ဖက်နှင့်စကိတ်ကိုပိုက်ပြီး ကျန်လက်ဖြင့် ကျန်ချန်၏အင်္ကျီအဖျားကိုဆွဲ၍ အရှေ့ကနေဦးဆောင်ပြီးလျှောက်သွားသည်။

တံတားကျော်ပြီး ကုဖေးအမြဲလာဝယ်နေကြ ချည်ခင်ဆိုင်ရှေ့ရောက်သည်အထိ ကျန်ချန် အကြည့်များက ဖုန်းမျက်နှာပြင်မှ မခွာချေ။

ကုဖေး မေးလိုက်တယ်။
"မင်း ဒီလောက်ထိကြာနေတာ, အသဲပုံ သုံးခုလုံးကုန်သွားပြီလား။ငါတို့ ဆိုင်ရောက်နေပြီ။ မင်းမနိုင်ရင်လည်းဘာမှမဖြစ်ဘူး။မင်းဒီဂိမ်း
ကိုမအောင်ရင်တောင်,ရွယ်ပါ့ဖြစ်နေတုန်းပဲ။"

"ကြည့်လိုက်။"
ကျန်ချန်က ဖုန်းမျက်နှာပြင်ကို သူ့မျက်နှာရှေ့မှာထောင်ပြလာသည်။ရွေ့စရာအကွက် တစ်ခုပဲကျန်တော့၏။

"ဟမ်?။"
ကုဖေး ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တယ်။

ကျန်ချန်ကလက်ချောင်းနှင့်ဖုန်းမျက်နှာပြင်ကို တစ်ချက်ထိလိုက်ရုံနှင့်တင်၊ အဆင့်တွေအားလုံးပေါက်ကွဲသွားပြီး ၊ အောင်သွား၏။

"အိုး...."
ကုဖေး သက်ပြင်းချလိုက်မိတယ်။

ကျန်ချန်က မေးလာသည်။
"လက်ခုပ်မတီးတော့ဘူးလား?။"

ကုဖေး လက်ခုပ်ထပ်တီးပေးလိုက်တယ်။

"ဒီလိုမှပေါ့။"
ကျန်ချန်က သူ့လက်ထဲဖုန်းပြန်ပေးလာ၏။
"မက်ဆေ့ခ်ျ တစ်စောင်ရောက်နေတယ်။"

"အိုး...."
ကုဖေး ခေါင်းငုံ့ပြီး ဖုန်းကိုအိပ်ကပ်ထဲ
ပြန်ထည့်လိုက်တယ်။
...

'မင်း ဖွင့်မကြည့်တော့ဘူးလား'ကျန်ချန် မေးလိုက်ချင်ပေမယ့်၊ နည်းနည်းထူးဆန်းနေ၏။ မက်ဆေ့ခ်ျဝင်လာတုန်းက သူကြည့်ဖို့ မရည်
ရွယ်သော်လည်း၊ ပို့သူနာမည်နှင့်အကြောင်း
အရာကို မြင်လိုက်ရသည်။

ကျူးရှင်း ; ငါ ဒီနေ့သီချင်းဆိုမှာ။
လာနားထောင်မယ်မလား,အိုကေ??.....

နောက်ဆက်တွဲစာကို သူမမြင်လိုက်ဘူး။

အစက ကုဖေးနှင့်တင်းကျူးရှင်းတို့ကြားမှာ အချစ်ဆန်ဆန် ဆက်ဆံရေးရှိခဲ့လိမ်မည်လို့ ကျန်ချန် ထင်ခဲ့သည်။သူတို့ကအရမ်းရင်းနှီးပြီး၊တစ်ယောက်ခံစားချက်တစ်ယောက် ဖွင့်ပြောစရာမလိုအောင်နားလည်သည်။ပြီးကျ,
သူတို့နှစ်ယောက်၏ကိုယ်ပေါ်မှာလည်း ဂီတနုတ်သင်္ကေတရှိနေ၏။ဟိုရက်တုန်းကလည်း ကုဖေးစိုးရိမ်တကြီးဆေးရုံကိုရောက်လာချိန်တင်းကျူးရှင်းလည်းပါလာခဲ့သည်။

သို့သော်, တင်းကျူးရှင်း၏ မက်ဆေ့ခ်ျထဲမှ
"အိုကေ"ဆိုသည့်စကားလုံးကိုမြင်လိုက်ချိန်
သူတို့နှစ်ယောက် ဆက်ဆံရေးက စိမ်းကား
နေသလိုပင်။အရမ်းရင်းနှီးတဲ့လူအချင်းချင်း
'ငါဒီနေ့သီချင်းဆိုမှာ,လာခဲ့ ' တိုက်ရိုက်ပြောလည်း ရတယ်မလား။

သူ ကုဖေးနှင့်အတူ ချည်ခင်ဆိုင်ထဲသို့လိုက် ဝင်လာရင်း၊ အကြောင်းအရင်းမရှိသူများ၏
ကိုယ်ရေးကိုယ်တာကိုစဉ်းစားနေမိသည်။လူ့ကျင့်ဝတ်နှင့်သွေဖယ်နေသည်ဟုခံစားလာရ
၏။သူတို့နှစ်ယောက်ကရည်းစားဟုတ်ဟုတ် မဟုတ်ဟုတ် သူနှင့်မသက်ဆိုင်ချေ။

"ချည်ခင်ထပ်လာရွေးကြတာလား?။"
ဆိုင်ရှင်က ကုဖေးကိုမြင်လျှင်၊ချက်ချင်းနှုတ်ဆက်လာ၏။
"ဒီနှစ်ရက်အတွင်း ချည်ခင်အသစ်တွေထပ်ရောက်တယ်။ဒီတစ်ခေါက်အစည်းသိပ်မထူ
ဘူး။ နွေဦးရောက်ရင်တောင် ဝတ်လို့အဆင်
ပြေတယ်။အရောင်လည်းတော်တော်စုံတယ် ။ငါတို့မှာ အစိမ်းလည်းရှိတယ်။"

"သူက အခု အစိမ်းမလိုချင်တော့ဘူး။"
ကုဖေးကပြုံးလိုက်ပြီး ကုမြောင်၏ပခုံးကို
ပုတ်လိုက်သည်။
"အရောင် သွားရွေးလေ။"

ကုမြောင်က ချည်ခင်ခင်းထားတဲ့စင်ရှေ့သို့ ပြေးသွား၏။သူမက အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နှင့်ချည်ခင်တွေကို လိုက်ကြည့်နေသည်။

ချည်ခင်အကြောင်း ကျန်ချန်နားမလည်ဘူး။
အိမ်မှာ ဆွယ်တာထိုးသည့်လူမရှိတာကြောင့် သူ တစ်ခါမမြင်ဖူးတာဖြစ်သည်။ယခုလိုမျိုး ချည်ခင်တွေ အစည်းလိုက် မြင်ရသည့်အခါ  အားလုံးစိတ်ဝင်စားစရာဖြစ်နေ၏။သူ့လက်ကိုဆန့်ပြီးချည်ခင်လုံးကို ကျန်ချန် ထိကြည့်လိုက်တယ်။

ချည်ခင်လုံးတွေကထူထူအိအိနှင့် ကိုင်လို့ အရမ်းကောင်း၏။

သူ့ဘေးမှ ကုဖေးက မေးလာသည်။
"ချည်ခင်ကကိုင်လို့ကောင်းတယ်မလား?။"

"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။
"ချည်ခင်အစည်းနဲ့ထိုးပြီးသာဆွယ်တာအင်္ကျီ ကို ကိုင်ကြည့်ရင် တကယ်ကွာတယ်နော်။"

"လက်လုပ်ချည်ထည်နဲ့ချည်ခင်အစည်း
တွေကတူတူပဲ။ "
ဆိုင်ရှင်က ဖော်ရွေစွာရှင်းပြလာသည်။
"စက်လုပ်ချည်ထည်ကျ လက်လုပ်ထည်လောက်တော့ မကောင်းဘူးပေါ့။"

"တကယ်?။"
ကျန်ချန် အံ့သြသွားတယ်။
"ကျွန်တော် တစ်ခါမှ လက်လုပ်ချည်ထည်
မဝတ်ဖူးဘူး။"

"မင်းသူငယ်ချင်းကိုတစ်ထည်ထိုးခိုင်းလိုက်"
ဆိုင်ရှင်ကအပြာမှိုင်းမှိုင်းချည်ခင်တစ်လုံးကို သူ့လက်ထဲသို့ထည့်ပေးလာသည်။
"ဒီတစ်ခုက ချည်များပြီး တော်တော်ကောင်းတယ်။ အရောင်မှိုင်းမှိုင်းက ကောင်လေးတွေနဲ့ လိုက်တယ်။"

"အာ?။"
ကျန်ချန် မှင်သက်သွား၏။ဆိုင်ရှင်၏သူ့ချည်ခင်အပေါ်မှာပရိုမိုးရှင်းဆင်းနည်းက အရမ်း.....

ကုဖေးက ဘေးနားမှကောင်တာကိုမှီပြီး ခိုးရယ်နေသည်။
"မင်း လိုချင်လို့လား။"

"မဟုတ်.....မဟုတ်ဘူး....မလိုချင်ဘူး။"
ကျန်ချန် ချည်ခင်တွေကို ဘေးနားသို့ပြန်တွန်းပို့လိုက်တယ်။
"ကျွန်တော့်မှာ ဆွယ်တာအင်္ကျီတွေ အများကြီး ရှိတယ်။ ပြီးတော့ ရာသီဥတုက ပိုနွေးလာတော့မှာ... နောက်မလိုအပ်တော့ဘူး။ "

"နောက်နှစ်ကျမှ ဝတ်လည်းရတယ်လေ။"
ဆိုင်ရှင်က နောက်ထပ် ချည်ခင်တစ်ခုကို
ထပ်ယူလာ၏။
"ဒီချည်လေးက သင့်တော်....."

"မဟုတ်....မဟုတ်.....မဟုတ်ဘူး။"
ကျန်ချန်မျက်နှာတစ်ခုလုံးနီတွတ်လာပြီး ၊သူ့ကိုယ်သူ ဆိုင်ရှင်လက်ထဲမှပုန်းရှောင် ချင်နေသလိုမျိုးအပြင်ဘက်သို့ သူ နောက်ပြန်ဆုတ်မိသည်မှာ ဆိုင်တံခါးထိရောက်နေပြီဖြစ်၏။
"ကျွန်တော် တကယ် မလိုဘူး။ "

ကုဖေးက အသံတစ်သံတောင်မထွက်ဘဲ
ပွဲကြည့်သူလုပ်ပြီး အသံတိတ်ရယ်မောနေ
သည်။

"မင်းသူငယ်ချင်းက မင်းအတွက် မထိုးပေးဘူးလို့ ပြောနေတာမှမဟုတ်တာ။"
ဆိုင်ရှင်ကချည်ခင်ကိုကိုင်ထားရင်း ကျန်ချန် နောက်ကို စိတ်အားထက်သန်စွာလိုက်နေ၏။
"ဒါလေးကိုတစ်ချက်ကြည့်,ကြည့်။"

ကျန်ချန် သူမကိုကြည့်လိုက်တယ်။
"အမ..အမ..အန်တီ..အန်တီ...သူ ကျွန်တော်အတွက်ချည်ထိုးစရာမလိုပါဘူး။ကျွန်တော်
.....ကျွန်တော် ချည်ဘယ်လိုထိုးရလဲ ဆိုတာ သိတယ်။"

ကုဖေး၏မျက်ခုံးက စိတ်ဝင်စားမှုကြောင့် ။ပင့်တက်သွား၏။

"တကယ်?။"
ဆိုင်ရှင်ကလည်း အံ့အားသင့်နေ၏။သူမက ကုဖေးကိုလှည့်ကြည့်သည်။
"မင်းလည်း ချည်ဘယ်လိုထိုးရမလဲသိတယ်။ မင်းသူငယ်ချင်းလည်းသိတယ်.....ဒီနေ့ခေတ် လူငယ်တွေကအထင်ကြီးစရာပဲ။"

"အင်း, မှန်တယ်။"
ကုဖေးက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့က ခေတ်လူငယ်တွေလေ"

"ဒါဆို, မင်း နည်းနည်းဝယ်သွားချင်လား?။"
ဆိုင်ရှင်က ကျန်ချန်ဆီ ပြန်လှည့်လာ၏။
"အားယိုး ,ငါ မင်းကိုပြောမယ်၊ချည်ဘယ်လိုထိုးရမလဲ သိတဲ့သူတွေတောင်မှ သူတို့လက်တွေယားလို့ တစ်ရက်တည်းပြီးအောင် မထိုးနိုင်ကြဘူး။"

ကျန်ချန် ထိုစကားတွေပြောပြီးသည်နှင့် ဘာဆက်ပြောရမှန်းမသိဖြစ်နေ၏။စောစောတုန်းကစကားတွေကြောင့် သူ့ကိုယ်သူမြေမြုပ်ပစ်ချင်မိသည်။ဆိုင်ရှင်၏သူမရဲ့ချည်ခင်အပေါ်
ပရိုမိုးရှင်းဆင်းမှုကအရမ်းစိတ်အားထက်သန်နေသည်။၎င်းဆီမှ လွတ်မြောက်ဖို့၊ကျန်ချန် ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီ ,ဒါဆို ကျွန်တော်.. ချည်ခင်တစ်ခု ယူလိုက်မယ်။"

"တစ်ခုတည်းလား?။"
ဆိုင်ရှင်က သူ့ကိုကြည့်လာ၏။
"ချည်ခင်တစ်ခုတည်းနဲ့ ဆွယ်တာအင်္ကျီ
ထိုးမှာလား။"

"မဟုတ်ဘူး။ ကျွန်တော်......"
ချည်ခင် တစ်ခုတည်းနှင့် ဘာထိုး၍ ရမှန်းကို
ကျန်ချန် တကယ်မသိဘူး။သူ ကုဖေးကိုလှမ်းကြည့်ပြီးအကူအညီတောင်းသည့်အခါကုဖေးက လက်ထောင်ပြသည်။သူ မြန်မြန်ဖြေလိုက်
တယ်။
"လက်အိတ်။"

သူတို့ချည်ခင်ဝယ်ပြီး ဆိုင်ထဲမှပြန်ထွက်လာချိန်တွင် ကျန်ချန်သည် စိတ်လှုပ်ရှားလွန်းလို့ ချွေးတွေတောင်တစ်စက်စက် စီးကျနေ၏။
"မင်း ငါ့ကို နည်းနည်းတောင်မကူညီဘူး။ ဆိုင်ရှင်က အရမ်း...."

"ချည်ခင်ဘယ်လိုထိုးရလဲသိတယ်လို့
ပြောခဲ့တဲ့လူက မင်းကိုယ်တိုင်ပဲလေ။"

"ငါ့ကို သေချာကြည့်။"
ကျန်ချန် သူ့ကိုယ်သူလက်ညိုးထိုးလိုက်တယ်
"ငါ့ရုပ်ရည်က ချည်ခင်ဘယ်လိုထိုးမလဲ သိတယ်လို့ မင်းထင်လား။"

"ငါလည်း အဲ့လိုလူမျိုးနဲ့ တူတယ်လို့
မင်း ထင်လား?။"

"ကောင်းပြီ။"
သူ့အရှေ့ဆိုလျှင်ကျန်ချန်၏စကားကအလုပ်
မဖြစ်ဘူး။လက်ထဲမှာလည်းချည်ခင် ပါသည့် အိတ်နှင့်ချည်ခင်ထိုးသောဝါးတူတစ်စုံလည်း ကိုင်ထားသည်။
"ငါ ဒါကို မသုံးတတ်လို့ မင်းကို လက်ဆောင်ပေးလိုက်မယ်။ လက်အိတ်လုပ်တာဖြစ်ဖြစ်၊ ကုမြောင်အတွက်လည်စည်းပဝါဖြစ်ဖြစ်လုပ်လိုက်လို့ရတယ်။ "

"ကျေးဇူး။"
ကုဖေးက ပြုံးပြီး ချည်ခင်အိတ်ကို လှမ်းယူလာသည်။

ချည်ခင်ဝယ်ပြီးသည့်နောက်၊ သူတို့တွေအိမ်ပြန်လမ်းသို့ ဦးတည်ခဲ့ကြသည်။ လမ်းဆုံသို့ ရောက်သည့်အခါ ကုဖေးသည် ကုမြောင်ကို
စတိုးဆိုင်ပြန်ရန်ပြောလိုက်ပြီး ၊ သူတို့နှစ်ဦး ကျောင်းသို့ဆက်လျှောက်လာခဲ့သည်။

ကျန်ချန်က လက်ထဲမှာချည်ခင်အိတ်ကို ဆွဲထား၏။
"သူ့ကို ဒီပစ္စည်းတစ်ခါတည်း ယူသွားဖို့
ပြောလိုက်လို့မရဘူးလား။"

"မလိုဘူး။ မင်းကြောင့် Craz3 ဂိမ်းအဆင့်
အောင်သွားပြီဆိုတော့၊ နေ့လည်ခင်း ငါ့မှာ
ဘာလုပ်စရာမှ မရှိဘူး။"

"မင်း အတန်းထဲမှာ ချည်ထိုးမလို့လား။"
ကျန်ချန် လုံးဝရှော့ခ်ရသွားတယ်။

ကုဖေးက ထေ့ငေါ့လာသည်။
"ဘာဖြစ်လို့လဲ။မင်းသင်ချင်ရင် ငါ မင်းကို သင်ပေးလို့ရပါတယ်။"

"မလိုဘူး။"
ကုဖေးကတကယ်ယုံကြည်၍မရသည့်လူစားမျိုးဖြစ်သည်။သူက နေ့လည်ခင်းတစ်ချိန်လုံး အတန်းထဲတွင် ခေါင်းငုံ့ပြီး ကုမြောင်အတွက် ဦးထုပ်ထိုးပေးနေ၏။

နေ့လည်ချိန်သင်ခန်းစာများကို ကျန်ချန်အာရုံ စိုက်ပြီးလိုက်နားမထောင်နိုင်ဘူး။ သူ့အာရုံက ကုဖေးဆီမှာရှိနေ၏။တစ်ဖက်မှာလည်း.........
ကုဖေး၏အရည်အချင်းသည် မြေးနှင့် စကား
ပြောရင်း ချည်ထိုးနေသည့် အန်တီများထက် မနိမ့်သောကြောင့် သူအံ့သြမိ၏။နောက်တစ်
ဖက်တွင် ကုဖေး၏ လက်ကြောင့် သူ အံ့အား
သင့်ရပြန်သည်။ ခေါင်းတစ်ခေါင်းလုံးမှာ ဆံသားလက်မဝက်မျှစာချန်ပြီးသေချာတိသည့်အပြင်.......သင်္ကေတများထိုးထားသောလူက
....လူတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ လွဲယမ်းပစ်တဲ့လူ၏ လက်ချောင်းများ သည်
ချည်ထိုးတံကိုင်ထားချိန်တွင်လည်းလှနေ၏။

သူ့အတွက်ပိုပြီးမယုံကြည်စရာကောင်းသည်
မှာ ကုဖေး၏အပြုအမူကို ဘေးနားလူတွေက မအံ့သြခြင်းဖြစ်သည်။တစ်ချိန်တုန်းကတော့ သူတို့တွေအံ့သြကောင်းအံ့သြနိုင်၏။ယခုသူတို့ကနေသားကျသွားပုံပေါ်သည်။

"အာ!"
ကုဖေးက သက်ပြင်းချလာ၏။

"ဘာဖြစ်လို့လဲ။"

"ချည်ထိုးတံတစ်ခုပြုတ်ကျသွားလို့။"

ကျန်ချန် အလန့်တကြားအော်လိုက်တယ်။
"ဖာ့ခ် , အားလုံးကိုအစကပြန်လုပ်ရမှာလား။
သူဘာမှမပြောလောက်ဘူးမလား။"

"မင်းသာ ဘာမှသွားမပြောနဲ့........ဒါပေမယ့်,
ကုမြောင်ကဒီအကြောင်းသိသွားမှာပဲ။ ချည်ကိုအစကပြန်ထိုးရင်ကျဲသွားတာကိုမကြိုက်
ဘူး။သူက ဝုန်းဒိုင်းကျဲပြီးလွှတ်ပစ်လိမ့်မယ်။ မင်း သူ့ကို ချော့နိုင်မှာ မဟုတ်ဘူး။"

"အိုး။"
ဟိုနေ့တုန်းက ကုမြောင် ရူးသွပ်သွားသလိုမျိုး စူးစူးဝါးဝါး အော်ငိုတာကို ကျန်ချန် စဉ်းစားမိလျှင်....ကုဖေးအတွက်အကိုဖြစ်ရတာမလွယ်
ကြောင်း ခံစားမိလာ၏။

ကုဖေး၏အမြန်နှုန်းက တော်တော်မြန်သည်။ ညနေကျောင်းဆင်းချိန်တွင် သူကတော်တော်ပြီးနေပြီဖြစ်ပြီး ချည်နည်းနည်းကျန်တော့၏။
ဒီလူ တော်တော်အံ့သြဖို့ကောင်းတယ်လို့ပင်၊ ကျန်ချန် အော်လိုက်ချင်သည်။

"မင်းတို့မပြန်သေးဘူးမလား?။"
ဝမ်ရွှိကမေးလာ၏။
"ငါတို့ယူနီဖောင်းတွေယူဖို့ လောင်ရွှိရုံခန်းကို သွားလိုက်ဦးမယ်။ခဏစောင့် ။ ညကျရင် ငါ့ဆိုင်မှာ အစာသွပ်ပေါင်မုန့်စားရင်း မနက်ဖြန်ပြိုင်ပွဲအတွက် နည်းဗျူဟာဆွေးနွေးမယ်။"

ဘတ်စကတ်ဘောကစားသောလူအုပ်စုသည်
ကုဖေး၏စားပွဲမှာ ဝိုင်းအုံကြပြီး လောင်ရွှိငှား
ထားသော ယူနီဖောင်းအကြောင်းပြောနေကြသည်။

"ဘာအတွေ့အကြုံမှ မရှိတာထက် ပိုကောင်းတယ်လို့ ငါထင်တယ်။"
ကောရွှိကပြောသည်။
"အရင်နှစ်က ယူနီဖောင်းကို မှတ်မိလား?။"

ကျန်ချန်မေးလိုက်တယ်။
"အရင်နှစ်က ယူနီဖောင်းကဘာလဲ။"

ကုဖေးက ချည်ထိုးနေရင်းဖြေလာသည်။
"No.4 prison BasketBall Team။"

ကျန်ချန် မှင်သက်သွား၏။
"အဲ့ဒါက ငှားလို့ ရတယ်ပေါ့။"

လုရှောင်ပင်းက မေးလာသည်။
"ဒီနှစ်ငါတို့အတွက်မျှော်လင့်ချက်ရှိတယ်။
No.4 prisonယူနီဖောင်းထပ်ဝတ်စရာမလိုဘူးမလား။"

ကုဖေး ပြန်ဖြေလိုက်တယ်။
"ဘယ်သူသိမှာလဲ။လောင်ရွှိအနုပညာ အမြင်က သူများနဲ့မတူဘဲကွဲထွက်နေတာ။"

လူတိုင်းစကားပြောနေစဉ်ဝမ်ရွှိကယူနီဖောင်းဝတ်စုံအိတ်ကြီးနှစ်အိတ်သယ်ပြီး အတန်းထဲ သို့ဝင်လာလည်။ သူ့မျက်နှာအမူအရာကြည့်ရုံနှင့် ထိုယူနီဖောင်းတွေသည် no.4 prison ယူနီဖောင်းတွေထက်ပိုကောင်းနိုင်စရာ အကြောင်းမရှိချေ။

ဝမ်ရွှိကအိတ်တွေကို စားပွဲပေါ် တင်လိုက်၏။
"ငါတို့ကိုယ့်အားကိုယ်ကိုးရမယ်ထင်တယ်။"

လူတိုင်းက ယူနီဖောင်းတွေကို ထုတ်ကြည့်
သည့်ပြီးသည့်အခါ သာခွေယိုင်လဲကုန်ကြတော့သည်။

"Five star.....Farmers?။"
ကောရွှိယူနီဖောင်းကိုထုတ်ကြည့်ပြီး အကျီပေါ်မှစကားလုံးတွေကိုအကျယ်ကြီးဖတ်ပြ
လာ၏။
"ငါတို့ကျောင်းရဲ့မြောက်ဘက်နှစ်လမ်းအကွာမှာရှိတဲ့လယ်သမားဈေးက Five star Farmers တော့မဟုတ်ဘူးမလား?။"

"ဟုတ်တယ်။"
ကုဖေးက ချည်ခင်တွေကိုဘေးသို့တွန်းပို့ပြီး ယူနီဖောင်းတွေကိုကြည့်ပြီး သက်ပြင်းချလာသည်။

"ကြော်ငြာဈေးကွက်က သေလောက်တယ်။"
ဝမ်ရွှိက ယူနီဖောင်းကို လက်ညိုးထိုးပြ၏။
"လတ်ဆတ်တဲ့ ခေါက်ဆွဲတဲ့။"

အင်္ကျီပေါ်မှရုပ်ပုံတွေကိုကြည့်ပြီး ကျန်ချန်
မရယ်ပဲမနေနိုင်။အင်္ကျီပုံကို ဓာတ်ပုံ ရိုက်ပြီး
ဖန်းကျိဆီသို့ မက်ဆေ့ခ်ျ လှမ်းပို့လိုက်၏။

-မြေးလေး ..ငါတို့ မနက်ဖြန်ကျ ဘက်စကတ်ဘောပြိုင်ပွဲရှိတယ်။ငါတို့ယူနီဖောင်းကိုကြည့်
လိုက်ဦး။

ကုဖေးက စကားပြောလာသည်။
"ဒီယူနီဖောင်းတွေကို အဝေး ပို့လိုက်တော့။ငါမနက်ဖြန် မင်းတို့အားလုံးအတွက် ယူနီဖောင်းတွေ ယူခဲ့မယ်။"

"ကောင်းပြီ။"
ဝမ်ရွှိက ယူနီဖောင်းတွေကို အိတ်ထဲသို့ ပြန်ထိုးထည့်လိုက်၏။
"ဝတ်စုံက ဘယ်လိုမျိုးလဲ?။ "

"My Friend Team's...ကအဖွဲ့နာမည်။အနည်းဆုံး, Five star Farmersအဖွဲ့
မဖြစ်တော့ဘူး။"

"Fuckk,မင်းဘာလို့ စောစောစီးစီး မပြောလဲ။မင်းကြိုပြောရင် ငါလောင်ရွှိဆီသွားစရာမလိုတော့ဘူး။"
ဝမ်ရွှိကယူနီဖောင်းတွေကိုခုံစောင်းထဲသို့ အတင်းထိုးထည့်လိုက်သည်။
"သွားရအောင်,ညစာစားရင်း နည်းဗျူဟာ အကြောင်းနည်းနည်းဆွေးနွေးမယ်။"

ကျန်ချန် လည်း ပစ္စည်းတွေကို သိမ်းဆည်းပြီး လူအုပ်ကြီးနှင့်အတူတူ အပြင်သို့ ထွက်
လာလိုက်တယ်။

သူတို့တွေ လှေကားနားရောက်သည့်အချိန်မှ
ဖန်းကျိက စာပြန်လာ၏။

-Grandpa....ငါ ပျော်လွန်းလို့ ငါ့မျက်နှာပေါ်မှာမျက်ရည်တွေပြည့်နေပြီ။နောက်ဆုံးတော့ မင်းအရင်အတိုင်းပြန်ဖြစ်လာခဲ့ပြီ။

........

ကျန်းမာရေးဂရုစိုက်ပါ။💕

Continue Reading

You'll Also Like

156K 5.7K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
1.1M 99.6K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
8.7K 666 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင်းစာ​ရေးသူ၏ ခွင့်​ပြုချက်​ဖြင့်​ ဘ...
33.4K 1.1K 36
unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အ...