Chapter26;တောက်ပသောနေရောင်အလင်း
တန်းက သူ့ကိုယ်ပေါ်မှာဖြာကျနေ၏။
သံဖြူပုလွေတူရိယာသံဟာအခန်းတွင်းဝယ် သာယာငြိမ့်ညောင်းစွာပျံ့လွင့်နေလျှက်ရှိ၏။
တစ်စုံတစ်ယောက်သည်ပုလွေတူရိယာသံကို
စန္ဒယားသံလောက် အထက်တန်းမကျဘူးလို့ ပြောမှန်း ကုဖေး တကယ် နားမလည်နိုင်ဘူး။ ကျန်ချန်က ရှည်ရှည်သွယ်သွယ်သံဖြူပုလွေ ကို လက်ထဲမှာကိုင်ပြီး၊စားပွဲကိုမှီပြီးရပ်နေတဲ့
မြင်ကွင်းဟာ မေ့ပျောက်လို့မရသော အထက်
တန်းဆန်မှုမဟုတ်ဘူးလား....
သူ တီးမှုတ်နေသောတေးသွားဟာ စိတ်နှလုံးရွှင်လန်းသွားစေ၏။ဒါပေမဲ့ သူ့တေးသွားဆီ
မှ အထီးကျန်မှုကိုကုဖေးခံစားမိလိုက်သည်။ ယင်းအထီးကျန်မှုက ပုလွေတူရိယာသံဆီမှလား၊တူရိယာကိုတီးမှုတ်နေတဲ့လူကိုယ်တိုင်ဆီမှလားဆိုတာ သူ မသိနိုင်ချေ။
တေးသွားဟာ ကခုန်နေသည့်မီးလျှံတွေကြား တိုးဝှေ့ပျောက်ကွယ်သွားပြီး၊ သံဖြူပုလွေကို ကိုင်ထားသောကျန်ချန်၏လက်များအောက်
သို့ပြန်ကျလာသည့်တိုင်သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ကြဘူး။
မိနစ်အနည်းငယ်ကုန်လွန်ပြီးနောက်၊ကျန်ချန်
၏နှုတ်ခမ်းထောင့်စွန်းကပင့်တက်လာပြီးခပ်ရေးရေးအပြုံးလေး ပေါ်လာသည်။
"ဘယ်လိုလဲ?။"
ကုဖေးပြန်ဖြေလိုက်တယ်။
"အကောင်းဆုံးပဲ။"
ကျန်ချန်က ကတ္တီပါစကိုထုတ်ပြီးသံဖြူပုလွေ ကို ပြန်သုတ်နေသည်။
"ဒီထက် ပိုကောင်းကောင်းမပြောတတ်ဘူးလား။ဘာလို့ ပါးစပ်ဖွင့်လိုက်တိုင်း အရိုက်
ခံရဖို့ တောင်းဆိုနေတာလဲ။"
"တကယ်အံ့သြစရာကောင်းတယ်။မင်းအချိန်အကြာကြီး လေ့ကျင့်ဖူးတယ်မလား။"
"အင်း။"
ကျန်ချန်က သူ့ကိုသဘောတူကြောင်းအသံပြု
ပြီးမှတခြားကိစ္စကိုသတိရသွားဟန်ဖြင့်ခေါင်းယမ်းပြလာသည်။
"အချိန်အကြာကြီးလို့ပြောလို့မရဖူး။စန္ဒယားလေ့ကျင့်ခဲ့တဲ့ အချိန်လောက်မကြာဘူး ထင်တယ်။"
"အကြာကြီးမလေ့ကျင့်တာတောင်မှကောင်း
ကောင်းမှုတ်နိုင်တယ်ပေါ့။မင်းကတကယ်..."
ကုဖေး စကားကို တစ်ဝက်တစ်ပျက်မှာတင် ရပ်လိုက်၍ကျန်ချန်ကသက်ပြင်းချလာ၏။
"ဟုတ်တယ်,"ရွှ-ယ်-ပါ့"။မင်းဒီအကြောင်းကို ဘယ်အချိန်ထိဟာသလုပ်ပြီးပြောဖို့ စဥ်းစား
ထားတာလဲ?။"
ကုဖေး အသံထွက်ပြီးအော်ရယ်လိုက်တယ်။
"ပုလွေသံ အရမ်းနားထောင်လို့ကောင်းတယ်"
"အမှန်တော့ ဒါက သိပ်မခက်ဘူး။အစပိုင်းဆို အရမ်းလွယ်တယ်။"
ကျန်ချန်က လက်ထဲမှာကိုင်ထားသောသံဖြူပုလွေကိုအကြိမ်ရေအချို့လှည့်နေပြီးမှသူ့ကို ကမ်းပေးလာ၏။
"ကြိုးစားကြည့်ချင်လား?။"
"ကြိုးစားကြည့်တာပေါ့။"
ကုဖေး သူ့နားသို့ လျှောက်သွားပြီး သံဖြူပုလွေ ကို လှမ်းယူလိုက်တယ်။
"ဒီတိုင်းမှုတ်လို့ရလား?။"
ကျန်ချန်က ပြန်မေးလာ၏။
"ဘာကိုလဲ?။"
"ငါ ပြောတာက မင်းဆီမှာ အသန့်ကြိုက်တဲ့ရောဂါရှိလား။"
ကျန်ချန်ကတခစ်ခစ်ရယ်လာ၏။ထို့နောက် သူ အခန်း တစ်ဝိုက်ကို လက်ညိုးထိုးပြလာသည်။
"အသန့်ကြိုက်တဲ့လူက ဒီလိုမျိုးနေရာကို
လာပါ့မလား။"
"ဒါပေါ့,မင်းက ကြွက်သေပေါ်ကအဝတ်စကိုတောင် ယူလာသေးတာပဲ။"
ကုဖေးသည်သံဖြူပုလွေ၏အသွင်အပြင်ကိုသေချာလေ့လာလိုက်ပြီးလက်ချောင်းများကို ပုလွေလက်ကိုင်ပေါ်မှာတင်လိုက်တယ်။
"ဒီလိုမျိုးလုပ်ရမှာလား?။"
"အင်း။"
ကျန်ချန်က သူ့လက်ချောင်းကို ဖွဖွလေးဆွဲယူပြီး နေရာပြောင်းပေးလာ၏။
"ဒီနေရာကိုသေချာဖိထားရင် ပုလွေသံထွက်လာလိမ့်မယ်။"
ကုဖေးလည်း ထိုနေရာကို သေချာဖိထားပြီး တံပွတ်ကိုနှုတ်ခမ်းဝမှာတေ့၍စမ်းမှုတ်ကြည့်သော်ငြား၊နားမခံသာသော ပုလွေအသံ စူးစူးထွက်လာ၏။သူမျက်မှောင်ကြုတ်ပြီး ဘေးမှလူကို ကြည့်လိုက်တယ်။
"ဟေး, ငါ့အလှည့်ကျ ဘာလို့အသံကချာတူးလန်နေတာလဲ။"
ကျန်ချန်က အရယ်တစ်ဝက်ဖြင့်ပြောလာ၏။
"ပုလွေ မှုတ်တော့မယ်ဆိုရင် အစောကဖိထားလက်နေရာကဖိအားကိုလျော့၊မင်း မှုတ်လိုက်တဲ့အတိုင်းအသံထွက်လာလိမ့်မယ်၊မရပ်နဲ့။"
"အိုကေ။"
ကုဖေး အသက်ပြင်းပြင်းရှုသွင်းပြီး၊ပလွေကို နှုတ်ခမ်းဝမှာထပ်တေ့လိုက်တယ်။
တေးသွားအနည်းငယ်ပိုကောင်းလာတယ်ဆိုသော်လည်း အသံကတော့.........
"မေ့လိုက်တော့။ "
သံပုလွေကိုင်ထားသည့်လက်ကို ကုဖေးအောက်ပြန်ချလိုက်တယ်။
"အစပိုင်းလွယ်တယ်ဆိုပေမဲ့၊ နှစ်ခါလောက် နားထောင်ဖူးရုံနဲ့ မတတ်သွားဘူး။ ဒီကိစ္စကို သေချာမသိတဲ့လူဆိုရင်၊ငါ စွတ်ဖားခွေးရူးတစ်ကောင်ကိုခေါ်နေတယ်လို့ထင်သွားလိမ့်
မယ်။ "
"မင်းက အရမ်းစိတ်လှုပ်ရှားနေတယ်။"
ကျန်ချန်က သူ့လက်ထဲမှပုလွေကိုပြန်ယူပြီး
တံပွတ်နေရာကိုဘောင်းဘီရှည်နှင့်အရင်ပြန်သုတ်လိုက်၏။
"ငါ့မျက်နှာကိုကြည့်၊စိတ်အေးအေးထား။"
သူဂီတဖျော်ဖြေပွဲလုပ်ပြနေသလိုမျိုးကုဖေးသူ့ကိုစိတ်ဝင်တစားကြည့်လိုက်တယ်။
"နားလည်လား?။"
"ငါ နားမလည်ဘူးပြောရင်,"
ကုဖေး ရယ်လိုက်တယ်။
"မင်း ငါ့ကို ဆူမလို့လား?။"
ကျန်ချန်က သူ့ကိုပြန်ဖြေမတော့ဘဲတေးသွား ကိုဆက်မှုတ်နေသည်။ တေးသွား အပိုင်းတစ်
ပိုင်းတီးမှုတ်ပြီးချိန်တွင်၊သူ့မျက်နှာကို ကုဖေးထိလိုက်တယ်။
"စိတ်အေးအေးထားဖို့လိုတယ်လို့ မင်းပြောခဲ့တာမလား?။"
စိတ်ကြည်နူးဖွယ်ရာတေးသွားသည်တိကနဲ အသံရပ်သွား၏။ကျန်ချန်သည် လက်ထဲရှိ ပုလွေနှင့်သူ့လက်ကို ရိုက်ထုတ်လိုက်သည်။
ကုဖေး လက်ကိုပြန်ရုတ်လိုက်ပြီး၊နာနေသည့်လက်ကိုခါ၍ ဆဲရေးလိုက်တယ်။
"Fuck ,မင်း ဘာလုပ်တာလဲ။"
..
ကျန်ချန်သည်ရှက်စိတ်ကြောင့်ပြတင်းပေါက် မှခုန်ချချင်နေ၏။ သူ့အာရုံများက အရက်ရှိန်ကြောင့် ဒါမှမဟုတ် ကုဖေးနှင့် နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်လိုက်သောကြောင့်ပေလား မသိဝေဝါးနေလျှက်ရှိသည်။သူတို့၏ကြားမှလေထုဟာမရေမရာဖြစ်နေ၏။
သူအသက်ရှုလိုက်တိုင်း၊ကုဖေး၏အသံနှင့်
စကားလုံးများကြောင့် ရီဝေဝေဖြစ်လာ၏။
ကုဖေး၏လက်ချောင်းများက သူ့မျက်နှာကို ခပ်ဖွဖွထိတွေ့လာချိန်မှာတိုတောင်းတဲ့အချိန်ဆိုသော်ငြား၊ယင်းအပြုအမူက သူ့ကိုအလွန်စိတ်လှုပ်ရှားစေသည်။
ထိုအချိန်တုန်းက,မသိစိတ်အလိုအလျောက်တုံ့ပြန်မှုကြောင့်လား၊မသိစိတ်ကြောင့်ရှောင်
ဖယ်မိတာလားဆိုတာ သူကိုယ်တိုင်ပင် မသဲ
မကွဲဖြစ်နေ၏။အဓိကအချက်က သူ ကုဖေးကိုရိုက်လိုက်မိတယ်။၎င်းကိုဘယ်လိုရှင်းပြ
သင့််မှန်း သူ တကယ် မသိဘူး။
ဟေး,သူစိမ်းတစ်ယောက်က ငါ့ကိုထိတွေ့
တာမျိုးကိုမကြိုက်လို့....
ပြီးတော့,ငါကယောကျ်ားလေးတွေကိုကြိုက်တာကြောင့်၊ သူတို့ ငါ့ကိုထိတွေ့တာမျိုး မလို
ချင်ဘူး။
ဝမ်ကျိုရစ်ပြောသလိုမျိုး 'ငါ စိတ်အနှောင့်အယှက်ဖြစ်တယ်'ဆိုတဲ့အချက်ကမှန်တယ်။
"ဝမ်ရွှိပြောတာ, မင်းက တခြားသူကို
မင်းရဲ့ပခုံး ပုတ်ခွင့်မပေးဘူး။"
ကုဖေးကသူ့ကိုကြည့်ပြီးအစောကပြောခဲ့တဲ့စကားကိုအစဆွဲထုတ်လိုက်၏။
"မင်းက တကယ်စိတ်ရှုပ်စရာကောင်းတယ်။"
"အာ,မင်းလည်း သိပြီးပြီလား။"
ကုဖေးက စကားတစ်ခွန်းမှမပြောဘဲ သူ့ကို စိုက်ကြည့်လာသည်။
ကျန်ချန်လည်း ဘာဆက်ပြောရမှန်းမသိ၍ သူ့ကိုပြန်စိုက်ကြည့်လိုက်တယ်။
ဒါပေမဲ့,ဆယ်စက္ကန့်ခန့်စိုက်ကြည့်ပြီးနောက် သူတကယ်ရယ်ချင်လာ၏။
ကုဖေးကိုအခုလိုရိုက်ပြီး ရယ်မိလျှင် ,
ကုဖေးက သူ့ကို ထိုးလိမ့်မည်။
ဒါကြောင့်, အရက်ကိုတစ်ကျိုက်တည်း မော့
မသောက်ရဘူးလို့ ပြောကြတာ...
အတွေးမြောက်များစွာ လျှောက်တွေးပြီးချိန်
သူမရယ်မိအောင် အံကြိတ်လိုက်၏။ ကုဖေးကသူ့ကိုစိုက်ကြည့်ရတာပင်ပန်းသောကြောင့် သူ့လက်သူ ပွတ်သပ်နေခဲ့သည်။
"မင်းမိန်းကလေးမဟုတ်တာကံကောင်းတယ်
။ မဟုတ်ရင်,မင်း ဒီတစ်သက် လက်ထပ်ရမှာမဟုတ်ဘူး။"
[TN,လက်မြန်လို့ပါ။]
ကျန်ချန်အသံထွက်ပြီးအော်ရယ်လိုက်တယ်။
မင်း ဘာလို့ သောက်ရမ်းရယ်နေတာလဲ??
သူပြောတဲ့စကားမှာ ရယ်စရာပါလို့လား??
နွီအာအရက်တစ်ခွက်က သူ့ကို ငတုံးဖြစ်သွားအောင် လုပ်နိုင်၏။
ကျန်ချန်, မင်းတကယ် ရူးနေပြီလား???
ဘာမဟုတ်တဲ့ကိစ္စလေးကိုရယ်သည့်အတွက် ကျန်ချန် သူ့ကိုယ်သူဆူပူကြိမ်းမောင်းပြီး၊သူ့နောက်မှ စားပွဲကိုမှီလိုက်တယ်။ သို့သော် ,သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လျှက်ရှိ၏။
ကုဖေးက ပြောလာသည်။
"ငါ မင်းကိုမရိုက်ရဲဘူး,ထင်နေလား။"
သူ့ဒဏ်ရာကိုလက်နှင့်ဖိပြီး ကျန်ချန်ဆက်ရယ်လိုက်တယ်။ သူ့ပျော်ရွှင်နေသောစိတ်
ဟာ ကုဖေးဆီကူးစက်သွားပုံရ၏။ကုဖေး
က သူနှင့်အတူလိုက်ရယ်လာတယ်။
စိတ်ရောဂါသဖွယ်ရယ်မောခြင်းသည်အကျိုး
ထူးရှိသည်။အစောပိုင်းတုန်းကကျန်ချန်ခံစား
နေရသောစိုးရိမ်မှု၊ အထီးကျန်မှုများအားလုံး အဝေးသို့လွင့်စင်ပျောက်ကွယ်ကုန်၏။
သူ ဆိုဖာပေါ်မှာဝင်ထိုင်လိုက်တယ်။
"ဆောရီး,ငါသောက်တာများသွားတယ်။"
ကုဖေးက ရယ်မောခြင်းကိုရပ်တန့်ဖို့ အသက်
ပြင်းပြင်းရှုလိုက်ပြီးမှ ဆိုဖာနားလျှောက်လာပြီး ၊သူ့ဘေးတွင် အရှိန်နှင့်ထိုင်လိုက်သည်။
"ဝမ်ရွှိပြောတာ,သူ မင်းပခုံးကို ပုတ်ရုံလေးပုတ်တာကို ၊ မင်း သူ့ကိုထိုးလိုက်တယ်တဲ့။"
ဆိုဖာကဟောင်းနွမ်းနေသော် အကောင်းတိုင်းရှိနေသေးဆဲ ဖြစ်သည်။ ကုဖေးက အမြောက်
ဆန်လိုမျိုး ဆိုဖာပေါ်သို့ အရှိန်နှင့်ထိုင်ချလာသောကြောင့် ကျန်ချန်မှာ အပေါ်သို့ မြှောက်တက်သွားပြီးပြန်ကန်ထွက်လာသည်။
ကျန်ချန် မတ်တပ်ထရပ်လိုက်ပြီး ဆိုဖာပေါ်သို့ အရှိန်နှင့်ပြန်ထိုင်ချလိုက်တယ်။
"လူရှေ့သူရှေ့မှာရိုက်ဖို့ ငါ ဝါသနာမပါဘူး။ "
ကုဖေးကလည်း ဆိုဖာပေါ်မှမြှောက်တက်ပြီး ပြန်ကန်ထွက်လာသည်။
"မင်း ကလေးမဆန်လို့ မရဘူးလား။"
ကုဖေးက နောက်တစ်ကြိမ်မတ်တပ်ထရပ်၍
အရှိန်နှင့်ပြန်ထိုင်လိုက်သည်။
"မင်းအရင်စ..."
ကျန်ချန် ဆိုဖာပေါ်မှပြန်အထ ကုဖေးပေါ်သို့ ယိုင်လဲကျသွား၏။
ဆိုဖာမှာမကြီးပေမယ့်၊လူနှစ်ယောက်အတွက်သေးလွန်း၏။ ပြီးတော့ သူနှစ်ယောက်လုံးက
ထပ်လျက်သားလဲကျသွားသောကြောင့်သူတို့ဦးခေါင်းချင်း နီးကပ်လျှက်ရှိသည်။
"Fuck!"
ကျန်ချန် ခပ်တိုးတိုးဆဲရေးလိုကိပြီး၊ဆိုဖာကို အားပြု၍ပြန်ထဖို့ကြိုးစားလိုက်တယ်။သို့ပေမယ့်,သူ့လက်က ဆိုဖာအစား ကုဖေး၏လက်ကို ဖိမိသွားသည်။
သူ့ လက်ဖဝါးအောက်မှာရှိနေသောကုဖေး၏ လက်ဖမိုးဟာနွေးနေသည့်အပြင် ၊လက်ဆစ်များ၏လှုပ်နေမှုကို သိသိသာသာ သူ ခံစားမိ
သည်။
ယခုအနေအထားကိုဘယ်လိုတုန့်ပြန်သင့်မှန်း
ကျန်ချန် မသိဘူး။အဖိခံထားရသည့်နေရာမှာ သူကိုယ်တိုင် ရောက်နေတဲ့လူလိုမျိုး ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
ကုဖေးက စကားတစ်ခွန်းမှမပြောသလို၊လှုပ်
လည်းမလှုပ်ချေ။သူ့အသက်ရှုသံတိုင်းသည် ကျန်ချန်၏နားဖျားဆီရိုက်ခတ်နေ၏။
"မင်း..."
ကျန်ချန်ပါးစပ်ဟလိုက်ပေမယ့်၊ဘာပြောသင့်မှန်း မသိဘူး။
ကုဖေးက ပြန်ဖြေလာ၏။
"ဘာလဲ။"
နီးကပ်နေသည့်လူအချင်းချင်း၊အရက်ရှိန်၏ လွှမ်းမိုးမှုအောက်မှာ ရောက်နေသောကြောင့်ရိုးရှင်းသောစကားလုံးပင်လျှင်လျှပ်စီးတစ်ခု ဖြတ်ပြေးသွားသလိုမျိုးခံစားရစေသည်။ထိုအသံကြောင့် သူ့တစ်ကိုယ်လုံးမှာရှိနေသည့် မွှေးညင်းပေါက်များပွင့်အံထွက်လာသကဲ့သို့ကျန်ချန် ခံစားလိုက်ရ၏။
သူ ခေါင်းတစ်ချက်စောင်း၍၊ကုဖေး၏ မျက်နှာကိုနူးနူးညံ့ညံ့နမ်းလိုက်မိသည်။
သူ ရူးသွားပြီထင်တယ်....
သူစိတ်ထဲမှာထိုအတွေးတစ်ခုတည်းရှိနေပြီး ကျန်အရာအားလုံး ပျောက်ကွယ်သွား၏။
မင်းဦးနှောက်က တကယ်အခန်းလွတ်နေပြီ။
ကုဖေးက စကားတစ်လုံးမှမဆိုသေးဘဲ ငြိမ်သက်နေမြဲဖြစ်သည်။သူတို့နှစ်ယောက်သား ကျဥ်းထဲကျပ်ထဲအခြေအနေမှာရောက်နေ၍
နှစ်ယောက်လုံးမှင်သက်နေကြ၏။
ကုဖေးက သတိမဝင်လာသေးသလို၊ကျန်ချန်ကမူးဝေနေမှုကြောင့်၊ ကုဖေး၏မျက်လုံးထဲမှခံစားချက်ကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။
ယခုအခိုက်အတန့်ကြီး မြန်မြန်ကုန်ဆုံးသွားဖို့
ကျန်ချန် မျှော်လင့်မိ၏။
ကျန်ချန် မနက်နိုးလာချိန်တွင် ဆယ်နာရီခွဲပြီဖြစ်သည်။ သူ ဖုန်းယူကြည့်လိုက်သည့်အခါ လောင်ရွှိဆီမှ အဝင်ကောလ် သုံးခုတွေ့လိုက်
ရသည်။
ဤကား,ကျောင်းစဖွင့်ချိန်တည်းကပထမဆုံးအကြိမ် သူကျောင်းနောက်ကျခြင်းဖြစ်သည်။ ရလဒ်အနေနှင့် နေ့တစ်ပိုင်းအတန်းချိန် လွတ်
သွား၏။
သူ မျက်လုံးမပွင့်တပွင့်နှင့် အိပ်ယာပေါ်မှထထိုင်လိုက်တယ်။
သူကျောင်းမသွားချင်ဘူး။
တကယ်မသွားချင်ဘူး။
မနေ့တုန်းကအဖြစ်အပျက်ကြောင့် !
သူ့နှုတ်ခမ်းဖြင့် ကုဖေးမျက်နှာကိုထိခဲ့သည့်သူ့နောက်ဆုံးမှတ်ဉာဏ်ကြောင့်ပေါ့ !
တခြား ဘာဆက်ဖြစ်ခဲ့လဲ သူမမှတ်မိဘူး။
သူ မှတ်လည်းမှတ်မိချင်တယ် မှတ်လည်း
မမှတ်မိချင်ဘူး။
အရက်အလွန်အကျွံသောက်ခြင်းက ပုံရိပ်ကိုပျက်စီးစေပြီး၊မှတ်ဉာဏ်ကျ အတင်းအကျပ် မေ့လိုက်လို့မရဘူးလား။
သူ့အမှားမဟုတ်၍၊ဒီကိစ္စကို သူ မေ့လိုက်သင့်တယ်။
မနေ့ညက သူ ကောင်းကောင်းအိပ်မပျော်ပေ။ညကအိပ်မက်အများကြီးမက်ခဲ့ပေမယ့်၊သူနိုးလာချိန် အိပ်မက်ကို ပြန်စဥ်းစားမိသည့်အခါ၊ အဖြူအမည်းတိမ်တိုက်များသဖွယ်လွင့်ပြယ်နေ၏။
သူတကယ်ပင်ပန်းတယ်။
အရက်အမူးပြေသွားပြီးပြီးချင်း ပထမဆုံးခံစားချက်က အရှက်တရားဖြစ်၏။
ပြီးတော့,စိုးရိမ်စိတ်ချက်ချင်းဝင်လာသည်။
သူ ကုဖေးနှင့်သိတာ ဆောင်းရာသီကျောင်းပိတ်ချိန်နှင့် လက်ရှိကျောင်းတက်နေချိန်ကိုထည့်ပေါင်းလျှင်တောင်မကြာသေးဘူးဖြစ်
သည်။ ထို့အပြင်, သူတို့က အရက်အတူတူတစ်ခါသောက်ဖူးရုံမျှရှိ၏။သူကအသိစိတ်ပျောက်ပြီး ကုဖေးကိုနမ်းလိုက်မိတယ်တဲ့...
ဟုတ်တယ်, အရက်အရမ်းမူးလို့စိတ်ဖောက်
ပြန်တာသွားတာ။
အရက်မူးနေလို့စိတ်ဖောက်ပြန်သွားတယ်။
ကောင်းလိုက်တဲ့ဖြေရှင်းချက်လေး!
သူ့အရက်သောက်နိုင်စွမ်းကမကောင်းချေ။
နွီအာအရက်ကို ခွက်အကြီးကြီးတစ်ခွက်ခန့် သောက်ခဲ့မိ၍ သူ မူးသွားခြင်းဖြစ်သည်။
အရက်မူးနေ၍ သူဆိုးဆိုးရွားရွားပြုမူမိခဲ့၏။
စေ့စပ်သေချာတဲ့ဖြေရှင်းချက်ပဲ!
ကျန်ချန် အိပ်ယာပေါ်မှ ထပြီး၊အဝတ်အစားပြန်ဝတ်လိုက်တယ်။အကျိုး အကြောင်းသင့် ဖြေရှင်းချက်တစ်ခုကိုစဥ်းစားပြီးနောက်တွင် တစ်ကိုယ်ရေသန့်ရှင်း၍ လောင်ရွှိဆီဖုန်းပြန်ဆက်လိုက်သည်။ ထို့နောက် ကျန်ချန်လွယ်
အိတ်လွယ်၍ ကျောင်းသို့ပြေးသွားလိုက်၏။
သူ ကျောင်းရောက်သည့်အခါ၊သူတို့အတန်းကစာသင်နေ၍၊အနောက်တံခါးမှ အခန်းထဲသို့ ဝင်သွားလိုက်သည်။
သူ အတန်းထဲသို့ခြေချလိုက်သည့်နှင့်အတန်းမလစ်ပဲ Craz3 ဂိမ်းကို စိတ်ဝင်တစား ကစားနေသည့် ကုဖေးကိုမြင်လိုက်ချိန်၊ သူ့ စိုးရိမ်မှုများပြန်ပေါ်လာသည်။
သူ ကုဖေးကိုမနမ်းသေးခင်တုန်းက၊ရွှယ်ပါ့၏ ကောင်းကြောင်းကိုကြွားဝါခဲ့၏။ကုဖေးရှေကို သူ မသွားချင်ဘူး။ တခြားခံစားချက်ကို ဘေးဖယ်ထားလိုက်လျှင်ပင်၊ လူအများကြားထဲမှာကုဖေး၏ကြည့်ကောင်းတဲ့ရုပ်ရှည်၊ သွယ်လျသော လက်ချောင်းများ၊ အားလုံးက သဘော
ကျချင်စရာဆိုသော်ငြား............သူ့မှာတခြား
ရည်ရွယ်ချက်မရှိဘူး။
ဒါပေမဲ့, ကုဖေးက ဟိုကိစ္စကိုအခုချိန်ထိ
စိတ်ထဲထားနေဆဲလား သူ မသိဘူး။
ဤမြို့စုတ်လေးသို့ရောက်ပြီးတည်းက၊သူနှင့်
အတူနေ့ရက်တိုင်းကုန်ဆုံးချင်ခဲ့သည့် တစ်ဦးတည်းသော လူက ကုဖေးဆိုတာကို ကျန်ချန် ဝန်ခံမချင်ဘူး။ သူ့အတွက် "သူငယ်ချင်း"လို့ မှတ်ယူ၍ရသည့်တစ်စုံတစ်ယောက်။
ကုဖေးနှင့်သူ့ကြားရှိဆက်ဆံရေးပျက်စီးသွား
မှာကို သူကြောက်တယ်။ဒါဆို သူ ဘယ်သူ့ကိုစကားပြောရတော့မှာလဲ?။
ကျိူးကျင့်? ဝမ်ရွှိ?
သူ ဆက်ပြီးမတွေးချင်ဘူး။ကုဖေးနှင့်သူသာ မသ်ိလျှင် ဒီလူတွေကလည်း သူနှင့်ပတ်သတ်မိစရာအကြောင်းမရှိချေ။
ကုဖေး၏ထိုင်ခုံခြေထောက်ကို ကျန်ချန် လှမ်းကန်လိုက်တယ်။
"ငါ ရောက်ပြီ။"
"ယို့!"
ကုဖေးက သူ့ကိုလှည့်ကြည့်လာ၏
"မင်း ဒီနေ့မလာဘူး ထင်နေတာ။"
"အိပ်ပျော်သွားလို့။"
ကျန်ချန် ထိုင်ခုံမှာဝင်ထိုင််လိုက်တယ်။ကုဖေးက ပုံမှန်တိုင်းဖြစ်နေ၍သူ စိတ်သက်သာသွား
သည်။
ကုဖေးက အံဆွဲထဲမှ သဖြူပုလွေကို ထုတ်
ပေးလာသည်။
"မင်း မနေ့က ကျန်ခဲ့တာ။"
"အိုး။"
ကျန်ချန် ပုလွေကိုယူလိုက်ပေမယ့်၊'မနေ့က'
ဆိုသော စကားကြောင့် လက်တွန့်သွား၏။
ကုဖေးက မေးလာသည်။
"သံစက်ရုံသော့ လိုချင်လား။"
"လိုချင်တယ်။ဒါပေမဲ့ ပူရှစ်ဟောင်နျောင် ကစိတ်အနှောင့်အယှက်ဖြစ်မှာလား။"
"သူတို့က ဘာလို့စိတ်အနှောင့်အယှက်
ဖြစ်မှာလဲ။"
ကုဖေးက သူ့ကိုယ်ပိုင်သော့ကိုထုတ်ပြီး
သူ့ကိုပစ်ပေးလာသည်။
"ဘာပဲဖြစ်ဖြစ် ,သူတို့က လူကောင်းတွေမှမဟုတ်တာ။ သူတို့တစ်ခုခု ပြောရင်လည်း စိတ်ထဲမထားနဲ့။
ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။
ကုဖေးက ထပ်ပြောလာ၏။
"သူတို့စိတ်အနှောင့်အယှက်မဖြစ်ဖူးဆိုတာ သူတို့ မင်းကိုမသိဘူးလို့ မဆိုလိုဘူး။"
"ကျေးဇူး။"
ကျန်ချန် သော့ကို လှမ်းယူလိုက်တယ်။
"မင်းအချိန်ရရင် ငါ့ကို ထမင်းတစ်နပ်ဝယ်ကျွေးသင့်တယ်။"
ကုဖေးက ဂိမ်းဆော့ရင်းပြောလာသည်။
"ဝမ်ရွှိတို့ဆိုင်က အစာသွပ်ပေါင်မုန့်လည်း အဆင်ပြေပါတယ်။"
"ဘာဖြစ်လို့လဲ။"
"ငါ မင်းကိုသော့ပေးထားတယ်လေ။ပြီးတော့ မင်းဆီက တစ်ခုခုပြန်စရာရှိသေးတယ်။"
ကျန်ချန် မေးလိုက်တယ်။
"ဘာကိုလဲ။"
"မင်း ငါ့ကို ထမင်းတစ်နပ်ဝယ်မကျွေးရင်... မနေ့က မင်းငါ့အပေါ် လုပ်ခဲ့တဲ့အပြုအမူကို
ဝမ်ရွှိကိုပြောပြလိုက်မယ်။"
"သောက်ကျိုးနည်း!"
ကျန်ချန် လုံးဝရှော့ခ်ရသွား၏။
"ငါ သောက်ရမ်းမူးသွားလို့,အိုကေ?။"
ကုဖေးက တခစ်ခစ် ရယ်လာသည်။
"နွီအာအရက်နှစ်ခွက်လောက်သောက်ပြီး မူးသွားတဲ့လူရှိလားလို့ ဘေးကလူတွေကိုအရင်မေးကြည့်လိုက်။"
"ဒါပေမဲ့, ငါက နှစ်ခွက်တည်းသောက်ရုံနဲ့ မူးတယ်လေ။ဘာလဲ,မင်းတို့ကအရက်သောက်နိုင်စွမ်းနိမ့်တာကို လက်မခံဘူးလား။အရက်သောက်နိုင်စွမ်းကြည့်ပြီး၊ လူကိုခွဲခြားဆက်
ဆံကြတာလား?။"
"ဒါပေါ့,မင်းက တောင်ပိုင်းသားလား။"
"မဟုတ်ဘူး။"
"ဒီမှာကြည့်,"
ကုဖေးက ဖုန်းကိုချပြီး သူ့ရှေ့မှာလက်ယမ်းပြ
လာသည်။
"တောင်အရပ်ရှိနေရာအားလုံးကတောင်ဘက်
အစိတ်အပိုင်းတွေပဲ။"
"အဓိပ္ပါယ်မရှိတာ။ "
"အဲ့ဒါပြောတာလေ။မင်းရဲ့အရက်သောက်
နိုင်စွမ်းနိမ့်တာကို ငါ လက်ခံပေးရင်တောင်
ငါ ကလိမ်ကကျစ်ကျတာကို မင်း လက်မခံ
နိုင်ဘူးမဟုတ်လား။"
ကျန်ချန် သူ့ကိုလှည့်ကြည့်တယ်။
"ငါ.."
"မရယ်နဲ့။"
ကုဖေးက သူ့ကိုကြည့်လာသည်။
"ငါအတည်ပြောတာ၊မင်းရယ်ကြည့်လိုက်စမ်း။ ကျောင်းအနောက်ဂိတ်တံခါးလိုက်ခဲ့
ဖို့ ငါ မင်းကိုဖိတ်ခေါ်ရလိမ့်မယ်။"
ထိုစကားတွေကိုမပြောတာမှပိုကောင်းမယ်။ သူ့စကားတွေကြားပြီး ကျန်ချန်ရယ်ချင်လာ
၏။
ကံကောင်းစွာဖြင့်,ကျိုးကျင့်ကအချိန်ကိုက်အနောက်သို့ခေါင်းလှည့်လာသည်။
"ကျန်ချန်, ကျန်ချန်,ကျန်....ငါ မင်းနဲ့ အရေးကြီးကိစ္စဆွေးနွေစရာရှိတယ်။"
"ဘာအရေးကြီးကိစ္စလဲ။"
ကျိုးကျင့်ကပြောလာသည်။
"နှစ်ဝက်စာမေးပွဲကနီးပြီလေ။စာမေးပွဲဖြေရင် ငါ့ကို အဖြေပြပါ့လား။"
"စာမေးပွဲမှာ ထိုင်ခုံနေရာဘယ်လိုစီတာလဲ။"
ဤကဲ့သို့တောင်းဆိုချက်တွေကို သူ အကြိမ်ပေါင်းများစွာကြားဖူးနေကြဖြစ်သည်။အရင်ကျောင်းမှာစာမေးပွဲဖြေလျှင် ၊တကွဲတပြားစီ ဖြေတာဖြစ်၏။ဘာစာမေးပွဲဖြစ်ဖြစ်,အတန်း
ထဲရှိ ကျောင်းသားတစ်ဝက်ခန့်ဟာ စာကြည့်
တိုက်သို့မဟုတ်တခြားတစ်နေရာမှာသွားဖြေရသည်။ခုံနံပါတ်အတိုင်းမထိုင်ရသည့်အပြင် အဖြေလွှာခိုးချတာကိုမြင်သွားလျှင် မင်းဘဝကမတွေးဝံ့စရာပင်။သူ ဒီအကြောင်းတွေ ပြန်စဥ်းစားမိသည့်အခါ၊ဖန်းကျိနှင့်သူ့၏ဆက်ဆံရေးက စာမေးပွဲကြောင့် ပို ကောင်းလာခဲ့ခြင်းဖြစ်သည်။စာမေးပွဲဖြေသည့်အခါတိုင်း သူတို့ က တစ်ခန်းတည်းမှာအတူတူဖြေရ၏။
ကျိုးကျင့်ကပြောလာသည်။
"စာမေးပွဲဖြေရင် ခုံတွေနည်းနည်းချဲပြီး ဖြေ
ရမှာ,ဘာဖြစ်လို့လဲ?။"
"အိုး,.A,Bခွဲသေးလား။"
ကျိုးကျင့်က ခေါင်းယမ်းပြလာ၏။
"မခွဲဘူး။"
"အိုး။-
ဖန်းကျိဖြစ်ချင်သောဆန္ဒဟာ၊စီကျုံးကျောင်း
ရှိစာမေးပွဲဖြစ်လောက်တယ်လို့ကျန်ချန်တွေး
လိုက်မိသည်။စာခိုးချလျှင်ပင် ဘာကိစ္စမှမရှိ
ချေ။
"အဖြေစာရွက် ကိုစားပွဲပေါ် တင်ထားပေးရင် ရပြီ၊ ငါ့ဘာသာ ကူးလို့အဆင်ပြေတယ်"
"Oh..."
ကျိုးကျင့်က စိတ်ချလက်ချဖြင့် စားပွဲပေါ်မှာပြန်မှောက်အိပ်နေ၏။
ကျိုးကျင့်စကားမပြောခင်.သူတို့နှစ်ယောက် စကားပြောလက်စမှန်း သတိရသောကြောင့်ကုဖေးဘက်သို့ သူ ပြန်လှည့်လိုက်တယ်။ သူ ခေါင်းလှည့်ပြီးပြီးချင်း၊ဘာပြောရမလဲဆိုတာမေ့သွား၏။
ကုဖေးက သူ့ကိုကြည့်လာသည်။
"ငါ ကူးချမှာမဟုတ်ဘူး။"
"အိုး။"
ကျန်ချန် ခေါင်းကို ရှေ့ပြန်လှည့်ပြီးနောက်ခေါင်းထပ်စောင်းလိုက်တယ်။
"စာမေးပွဲမှာ မင်းဘာသာမင်းဖြေမှာလား။"
ကုဖေးက ခေါင်းညိတ်သည်။
"အင်း။ "
"မင်း ဘာသာရပ်တိုင်းဖြေနိုင်မှာလား။"
ကုဖေးသည်စားပွဲပေါ်မှစာအုပ်များကိုတစ်ခါမျှ ဖွင့်မကြည့်ရ သေးမှန်း ကျန်ချန် သိသည်။ သူက အတန်း ထဲမှာ အိပ်တယ်,ဗီဒီယိုကြည့်တယ်,သီချင်းနားထောင်တယ်,Craz3ဂိမ်းကို စိတ်ဝင်တစား ဆော့တယ်။
"အဖြေမှန်ဖြေရတာပဲ။မင်းမျက်လုံးထဲမှာမှန်တယ်ထင်တဲ့အဖြေကိုဖြည့်ရုံပဲ...ဘာလို့မဖြေနိုင်ရမှာလဲ?။ "
ကုဖေးက ချိုချဉ်ထုတ်လာ၏။
"တစ်ခုစားဦးမလား?။"
မနေ့တုန်းကချိုချဉ်အဝိုင်းလေးကို ကျန်ချန်မြင်လိုက်ရ၏။
"မစားတော့ဘူး။ "
ကုဖေးက နို့ချိုချဥ်တစ်ခုကို ပါးစပ်ထဲထည့်ပြီး ရယ်လာသည်။
...
ထိုနေ့မှလွဲပြီး,နောက်နေ့များတွင်ကုဖေးသည် အရက်သောက်တုန်းကကိစ္စကိုမပြောချေ။သူ့နေ့ရက်တိုင်းသည် ကျောင်းနောက်ကျတယ်။အတန်းထဲမှာဂိမ်းဆော့တယ်။သူတို့အဖွဲ့လိုက် ဘက်စကတ်ဘော လေ့ကျင့်ရင်းဖြင့် ကုန်ဆုံးသွား၏။
ရံဖန်ရံခါ, သူကျောင်းမလာသည့်နေ့များတွင် လောင်ရွှိ၏ဝမ်းနည်းမှုကိုကျန်ချန်ခံစားမိ၏။
သံစက်ရုံအခန်းသော့ကို ကျန်ချန် သော့အိမ်လေးရှိ အခန်းထဲမှာ ချိတ်လိုက်တယ်။ သူ့ဆီမှာရှိသည့်သော့မှာတော်တော်များ၏။ဤမြို့သို့ ရောက်လာစဥ် သူ့ အရင်အိမ်တံခါးသော့၊ ကားဂိုဒေါင်သော့၊သူ့အခန်းသော့၊အံဆွဲသော့ အားလုံးသယ်လာခဲ့သည်။သူခဏတုံ့ဆိုင်းနေပြီးနောက်၊မလိုတော့သည့် သော့များကို ဖယ်လိုက်လျှင်၊သူ့သော့အိမ်လေးထဲမှာသော့တစ်ချောင်းသာကျန်၏။
ကျန်ချန် သက်ပြင်းဖွဖွချလိုက်တယ်။
သော့အိမ်မှသော့ကိုပြန်ဖြုတ်လိုက်ပြီး သော့ကို လက်ထဲမှာတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်
ထားရင်း သူဝမ်းနည်းလာတယ်။ ဝမ်းနည်းမှုဆိုတာထက် အထီးကျန်မှု၊ကူကယ်ရာမဲ့မှုကိုခံစားနေရခြင်းဖြစ်သည်။
နေ့ရက်များတဖြည်းဖြည်းကုန်လွန်သွားသလို လူတွေလည်းပြောင်းလဲနေ၏။ သူ့ မှတ်ဉာဏ်တွေဘယ်အချိန်မှေးမှိန်သွားမလဲမသိနိုင်ပေ။
..
မတော်တဆကိစ္စဖြစ်ပြီးတည်းက၊ ကုမြောင်
တစ်ယောက်ကျောင်းမသွားတာတစ်ပတ်ရှိပြီ ဖြစ်သည်။ထိုအကြောင်းကို,သူမကနေ့တိုင်းစီကျုံးကျောင်းထဲသို့ခိုးဝင်ပြီး သူတို့အတန်းရှေ့ကော်ရစ်တာမှာအမြဲတမ်းရပ်နေသောကြောင့် ကျန်ချန်သိနေခြင်းဖြစ်၏။
ယနေ့,သူမကပုံမှန်အချိန်ထက်စောပြီးရောက်
လာသည်။မနက်ခင်းအချိန်ဇယား,နောက်ဆုံး စာသင်ချိန်တွင် သူမသည်လက်ထဲမှာစကိတ်ပိုက်ပြီးအတန်းထဲသို့ခိုးကြောင်ခိုးဝှက်ချောင်း
ကြည့်နေတာကို ကျန်ချန် မြင်လိုက်ရ၏။
ကုဖေးက သူမကို လက်ဟန်ခြေဟန်နှင့်ကော်ရစ်တာဆီပြန်သွားဖို့ အချက်ပြလိုက်သည်။
ကုမြောင်က အနောက် ပြန်ဆုတ်သွားပြီး၊ကော်ရစ်တာလက်တန်းကိုမှီပြီးရပ်နေ၏။
ထိုနေ့ကဖြစ်ခဲ့သောရန်ပွဲနှင့်ကျောင်းမတက်ရသည့်ကိစ္စဟာသူမအပေါ်မှာ ဘာသက်ရောက်မှုမှမရှိကြောင်း ကျန်ချန်စဥ်းစားမိသည်။သူမက အရင်အတိုင်းရှိနေဆဲပင်။
သူ စားပွဲပေါ်မှောက်ပြီး ပြတင်းပေါက်ဆီသို့ အကြည့်ရွေ့လိုက်ပေမယ့်၊ကုဖေး၏ပုံရိပ်က သူ့မြင်ကွင်းကိုကွယ်ထား၏။
ကုဖေးက ပြတင်းပေါက်ကိုငေးကြည့်နေပြီး၊
တောက်ပသောနေရောင်အလင်းတန်းက သူ့ကိုယ်ပေါ်မှာဖြာကျနေ၏။
သူတို့နှစ်ယောက်အတူရှိခဲ့သောညအကြောင်း
ကျန်ချန် ပြန်စဥ်းစားလိုက်တယ်။ အစပိုင်းမှာ အရာအားလုံးဝိုးတိုးဝါးတာဖြစ်နေ၏။ကုဖေး
၏မျက်နှာကို သူထိတွေ့ခဲ့သောခံစားချက်က
မသဲမကွဲဖြစ်နေ၏။သို့သော်,ထိုအကြည့်တစ်ချက်ဖြင့် မှတ်ဉာဏ်တွေပြန်ပေါ်လာသည်။
ဖာခ့် !
သူ ဆိုဖာပေါ်မှာ လဲကျချိန် အရှက်မဲ့ခဲ့တယ်။ကုဖေးကတည်ငြိမ်ငြိမ်နှင့်စီးကရက်သောက်ပြီး၊သူ့ကိုစီးကရက်တစ်လိပ်ကမ်းပေးလာ၏။
... သူတို့ နှစ်ယောက်စီးကရက်ကုန်သွားသည့်အထိ အတူတူအရက်သောက်ခဲ့တယ်။ ကြက်
သားစွတ်ပြုတ်တစ်အိုးကုန်အောင် သောက်ခဲ့
ကြောင်း.......တစ်ခုချင်းစီ ရှင်းရှင်းလင်းလင်း ပြန်မှတ်မိလာ၏။ မေ့ပျောက်ထားသောကိစ္စ
..... သတိမထားမိလိုက်ခင်မှာ သူ့မျက်လုံးထဲ မှာဖျတ်ခနဲပေါ်လာပြီးပြန်ပျောက်သွားသည်။
သူ့ဦးနှောက်က ဘာလို့မနာခံတော့တာလဲ??
ကုဖေးက သူ့ကို လှည့်ကြည့်လာ၏။
"အစာသွပ်ပေါင်မုန့်။"
"အာ?,"
ကျန်ချန်အတွေးလွန်နေ၏။
"အာ?။"
"မင်း ငါ့ကို ဘယ်အချိန်လိုက်ကျွေးမှာလဲ။
မနက်ဖြန်တောင် ပြိုင်ပွဲနေ့ရောက်ပြီ။"
"ဒီနေ့သွားမလား။ကုမြောင်ကိုလည်းခေါ်သွားကြမလား။"
"အင်း။"
ကုဖေးက ခေါင်းညိတ်ပြသည်။
ပြိုင်ပွဲက မနက်ဖြန် ? ?
ကျန်ချန် ဖုန်းထုတ်ပြီး ရက်စွဲကိုကြည့်လိုက်တယ်။အချိန်တွေကုန်သွားတာမြန်လွန်း၏။
သို့သော်, အချိန်ကုန်တာမမြန်ဘူး။ ကျောင်းပြိုင်ပွဲအတွက်ဂိတ်ရှေ့မှာအနီရောင်စာတန်းချိတ်ထား ကြာပြီဖြစ်သည်။
ကုမြောင်က စိတ်အခြေအနေကောင်းနေပုံရသည်။သူမက သူ့တို့ကိိုစက်ဝိုင်းပုံစံတစ်ပတ်ပတ်၍ စကိတ်စီးနေ၏။
"ငါ ဖုန်းကြိုဆက်လိုက်မယ်။"
ဝမ်ရွှိက လမ်းလျှောက်နေရင်း ဖုန်းထုတ်လိုက်သည်။
"ငါ့အဖေကို ဆိပ်သား အစာသွပ် အရင်လုပ်ထားခိုင်းပြီး ငါတို့လိုသလောက်ချန်ထားခိုင်း
လိုက်မယ်။ နေ့လည်ကျ,လောင်ရွှိက အခြားအသင်းသားတွေနဲ့၊ငါတို့အတွက် ယူနီဖောင်းခွဲပေးလိမ့်မယ်။ပြီးတော့ ငါတို့ နည်းဗျူဟာ လည်းဆွေးနွေးရဦးမယ်။"
"အင်း။"
ကျန်ချန် ကုမြောင်ကိုလှမ်းကြည့်နေမိသည်။
ကောင်မလေး၏ဆံပင်တွေကအရှည်မြန်၏။သူမ၏ဦးထုပ်အဖျားမှာထွက်နေသည့်ဆံပင်တိုများကိုမြင်နေရသည်။ကုဖေးက၊သူ့ခေါင်းသူကျ သေချာတိပြီး သင်္ကေတဖော်ထား၏။ဒါပေမယ့်,သူ့ညီမ၏ခေါင်းလိုမျိုးရှုပ်ပွမနေ။
ကုဖေးကသူ့နားကပ်ပြီးတိုးတိုးမေးလာသည်။
"မင်း ဒဏ်ရာသက်သာပြီလား။"
"အင်း။"
ကျန်ချန် ဒဏ်ရာကို ဖိကြည့်လိုက်တယ်။
"ဘာပြသာနာမှမရှိဘူး။"
ကုဖေးက သူ့ပခုံးကိုပုတ်လာ၏။
"မင်း ဘာလုပ်တာလဲ။"
ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်တယ်။
ကုဖေးက သူ့ပခုံးကိုထပ်ပုတ်လာသည်။
"မင်းရဲ့အလိုအလျောက်လက်တုံ့ပြန်တဲ့
အကျင့်ကပျောက်သွားပြီလား။"
"..."
ကျန်ချန်ကိုယ်တိုင်လည်း ၎င်းကို သတိထားမိ၍ ၊အချိန်အတန်ကြာတိတ်ဆိတ်သွား၏။
...
ကျန်းမာရေး ဂရုစိုက်ပါ။💕