အဆောင်နေ ကျောင်းသားဘဝ ဟာ သူများတွေ ထင်ထားသလောက် မလွတ်လပ်ပဲ စည်းကမ်းတကျ ရှိ့လှသည်။ မနက် ၅ နာရီ ထိုးလျှင် စာဖတ်ဖို့ ဆရာမလာနှိုးသည်။မိုးလင်းလျှင် မုန့်စားပြိးပြီးချင်း ၇နာရီမထိုးခင် စာသင်ခန်းသို့ သွားရသည်။ ၉နာရီ စာသင်ခန်း မှပြန်လျှင်လည်း ဆရာ ပေးလိုက်သော အိမ်စာ တစ်နင့်တပိုးကို အပြီးလုပ်ရသည်။ ကျောင်းကြိးမဖွင့်သေး၍ အိမ်စာများကို နင်းကန်ထည့်ပေးသည်ဟု ကျောင်းသား ဟောင်းများပြော၍ သိ့ရသည်။
ညနေ၄ နာရီခွဲတွင် စာသင်ခန်း သို့ ဒုတိ့ယ အကြိမ် ဝင်ရသည်။ ညနေ ၆ နာရီတွင် ထမင်းစားရပြီး ခဏနားရသည်။ ည ၇ နာရီ ထိုးလျှင် ကျောင်းသား၊ ကျောင်းသူအားလုံး စုဝေးခန်းကို သွားရသည်။ ဆရာမကြိး အာလူးဖုတ်တာ ဆူတာ အော်တာအကုန်လုံးပြီးနောက် အဆောင်ပြန်ကာ စာကျက်ရသည်။
ထက်စစ်ဟန် နဲ့ ဇေလင်းမောင် တို့ကား အခုအချိန်အထိ့ မခေါ်မပြောနိုင်ပဲ ရှိ့ကြသည်။ အားနေလျှင်စဖို့ နောက်ဖို့ပဲ စဉ်းစားနေတတ်တဲ့ ထက်စစ်ဟန်ကို ဇေလင်းမောင်အနေဖြင့် သူငယ်ချင်းအဖြစ်သတ်မှတ်ဖို့ ခက်ခဲနေပါသေးတယ်။
ဆံပင်ကို ဆီကျော့နေအောင်လိမ်းထားပြီး လူမိုက်စတိုင် နေတတ်သော ထက်စစ်ဟန် ကို မိန်းကလေး များက အသေအလဲ ကြွေကြပြီး ယောက်ျား လေး များက ရွံ့ကြောက်ကြသည်။ ခပ်ဆိုးဆိုး စရိုက်နဲ့ နေထိုင်တတ်သော ထက်စစ်ဟန်သည် တစ်ဖက်တွင် စာကိုလည်း အသေအလဲ ကြိုးစား သည်။
* နွေအကုန် မိုးဥိး ရာသီသို့ ရောက်ချေ ပြီ။ ၂၀၀၄ ခုနစ် ရဲ့ စာသင်နှစ်အစ။ *
ထက်စစ်ဟန်တတ်ခဲ့သည့်ေကျာင်းတွင် စာသင်ခုံတန်းများ၏ ရှေ့ဆုံးတန်း လူသွားလမ်း အနိးကခုံကိုပဲ ရအောင် ထိုင်လေ့ ရှိ့သည်။ထို့ ကြောင့် သူများကျောင်းပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ထက်စစ်ဟန် အနေနဲ့ဂရုစိုက်မှာ မဟုတ်ပဲ ရှေ့ဆုံးအလယ်တန်းကို ရအောင်ယူမည်ဖြစ်သည်။ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ယူဖို့ စဉ်းစားပြီးသားဖြစ်သဖြင့် ထမင်းစားပြိး မှ အေးဆေးဆေး ကျောင်းသို့သွားသည်။
အထက ကျောင်းကြိးသည် အဆောင်နှင့် အနည်းငယ် ကွာဝေးပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည်။ ဆဌမတန်း အခန်းကို ရှာဖွေပြိး အခန်းထဲ တန်းတန်း မတ်မတ် ဝင် လိုက်သည်။ ကံမကောင်းသည်က ရှေ့ဆုံး ခုံခန်းများ တွင်နေရာလပ် မရှိ့တော့ပေ။ ထိုင်ခုံ နေရာအတွက် ထမင်းမစားပဲ ကျောင်းသွားသော ဇေလင်းမောင် ကိုကြည့်ပြန့်တော့လည်း ဒုတိ့ယ အတန်း အလယ်တစ်နေရာမှာ ကျပ်ကျပ်ရပ်ရပ် ထိုင်နေသည်ကို ပဲတွေ့၏။ ခပ်ဆိုးဆိုးစရိုက်ရှိ့တဲ့ ထက်စစ်ဟန် တို့က ဘယ်ရမလဲ - ဝုန်းပြီပေါ့။
"ဟေ့ကောင် - -ထ "
"ဘာလဲဟ ဒါငါ့နေရာ"
ရှေ့ဆုံးခုံတန်း အလယ် လျှောက်လမ်း အနိးတွင်ထိုင်နေသော စာဂျပိုး လေးတစ်ယောက်ကို ထက်စစ်ဟန် လူမိုက်ဇာက်ခင်းခြင်းဖြစ်သည် ။ထက်စစ်ဟန် သည် သူများ ဘယ်လို နေမည်ကို မည်သို့မှ မတွေးတတ် ၊ သူလိုချင်တာ ရအောင်ယူတတ်သော နတ်ဆိုး တစ်ပါးလိုပင်ဖြစ်သည်။ လူမိုက်အကြည့်များက ပြန်ကြည့်မိသူကို ပြာချနိုင်သလောက် ရှိ့ပြီး အသက်ငယ်ငယ်နှင့် ဗလတောင့်တောင့် ပိုင်ဆိုင်ထားသော ထက်စစ်ဟန် ကို တော်ရုံလူ ရန်ဖက်မဖြစ် နိုင် ။
"ဘယ်သူနေရာပဲ ဖြစ်ဖြစ် ဒီနေရာ ကို ငါထိုင်ချင်တယ် ဖယ်ပေး "
"-----"
"ငါပြောတာ မကြားဘူးလား ငါ့အဆိုး မလုပ်မိ့ခင် ဒီက ထသွားတာ ကောင်းမယ် "
"------"
ထက်စစ်ကို ကြောက်လာပြီဖြစ်သဖြင့် စာဂျပိုးလေး နောက်တန်းကိုဆင်းလာသည်။ ထက်စစ်လိုလူမိုက်နဲ့ ယှဉ်ကာ ရန်ဖြစ်ရလောက်တဲ့အထိ့ သူမမိုက်မဲဘူး။
"မကျေနပ်လို့ ဆရာမ ကို တိုင်ရဲတိုင်ကြည့် ပါးစပ်တွေ ကို ငါကိုယ်တိုင် ဆုတ်ဖြဲ ပစ်မယ် "
ခြိမ်းခြောက်ခံရသော ကျောင်းသား တွေက ကြောက်ကြောက်လန့်လန့် ဖြင့် ရှိ့နေကြသည်။ ထက်စစ်က တကယ့် လူမိုက်ကြီး ။တစ်တန်းလုံး၏ ရွံရှာသော ၊ စက်ဆုတ်သော အကြည့်များက ထက်စစ်ဟန် အပေါ် စုပုံလျှက်။ ထက်စစ်ဟန် တို့က ဒါမျိုးကို ဂရုမစိုက်ပါဘူး ။ ထက်စစ်က လိုချင်တာရတဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်း လာခဲ့တယ်။
ထက်စစ်ဟန် ရှေ့ဆုံးတန်းမှာထိုင်နေရင်း သူ့ဘေးနားက ထိုင်နေသော အသား ဖြူပြိး ပိန်ပိန်သွယ်သွယ် ကောင်လေး ဆီသို့ အကြည့်ဒိုင်းကနဲ့ ဆိုက်သွားသည်။
"မင်းလည်း ဘာလုပ်နေသေးလဲ ထ "
"အင်း - ငါ- ငါ ထ ပါမယ်"
ကြောက်ကြောက်လန့်လန့် ဖြင့် ပိန်သွယ်သွယ်ကောင်လေး နောက်တန်း သို့ ဆင်းသွားရသည်။ အတန်းတစ်တန်းလုံးရဲ့ စက်ဆုပ်သော အကြည့်နဲ့အတူ ဇေလင်းမောင်ရဲ့ အကြည့်လည်း ရောပါကာ ထက်စစ်ဟန်ဆီကျရောက် နေသည်။
"ဇေလင်းမောင် ငါ့အနားလာခဲ့ "
"မလာဘူး "
သူ့ကိုယ်သူ မည်သူမှ မပတ်သတ်ရဲ အောင် လုပ်ဆောင်ပြိးသော်လည်း လူတစ်ယောက် ကို သူချွင်းချက်ထားချင်သည်။ ဇေလင်းမောင် မည်သော ပိုးဟပ်ဖြူလေးဟာ သူ့အတွက် ချွင်းချက်ဖြစ်ပြီး သူများတွေကို ထစ်ခနဲရှိ့ဆွဲထိုးပစ်ချင်ပေမယ့် ဇေလင်းမောင်လိုချစ်ဖို့ အရမ်းကောင်းနေတဲ့လူကိုေတာ့ ပြောမနာဆိုမနာပဲ ပေါင်းချင်တယ် ။
"လာခဲ့ဆို လာခဲ့ "
ပြောပြောဆိုဆို ဇေလင်းမောင် ရှိ့ရာ အတန်းဆီ ရောက်ရှိ့သွားသည်။ ဆူပုပ်နေသော ဇေလင်းမောင် အနားသို့ကပ်ကာ -
"ဇေလင်းမောင် မင်းကို နမ်းလိုက်ရမလား ၊ အနမ်းမခံချင်ရင် ငါ့နောက်လိုက်ခဲ့ "
ဘုန်း!!!
ကျောပေါ် ရောက်လာသော ဇေလင်းမောင် လက်သိးက ပြင်းအားမနည်း။ နယူတန်နိယာမဖြင့် တွက်ချက်မည်ဆိုပါက ယူနစ်မနည်းတတ်မည်ဟု ထင်မိသည်။
သို့သော်ထက်စစ်ဟန်ကလုံးဝ ဖြုံပင်မဖြုံ ၊
"တစ်ချက်ထပ်ရိုက်ရင် နှစ်ခေါက် နမ်းမယ် ၊ နှစ်ခေါက်ထပ်ရိုက်ရင် လေးခေါက်နမ်းမယ် ၊မလိုက်ရင်လည်း နမ်းမယ် "
ထက်စစ်ဟန် ကြောင့် ဇေလင်းမောင် စိတ်အလွန်ရှုပ်ရသည်။ တကယ်လုပ်မည့် ပုံလည်း ပေါ်သဖြင့် ထက်စစ်ဟန်ဘေးနားတွင် ထိုင်ဖို့ ဖြစ်လာသည်။ လူဘုံအလယ် အနမ်းမခံချင်ဘူး ---
"ငါ တခြား လူ နဲ့ ဘေးချင်းကပ်ထိုင်ရမှာ ရွံလို့ မင်းကို ဒီအနားခေါ်တာ "
"ငါကလည်း ထိုင်ချင်တယ်မထင်နဲ့ ၊ မင်းကို -- "
စကားများနေသော ဇေလင်းမောင်မျက်နှာအနီးကို ထက်စစ် မျက်နှာတိုးကပ်သွားပြီး
"ဆက်ပြောဥိးလေ - "
"မသိ့ဘူး - "
လုံးဝ စကားထပ်မပြောတော့ပဲ စာကြည့်နေသော ဇေလင်းမောင် ကို ထက်စစ်ဟန် စေ့စေ့ကြည့်နေခဲ့သည်။ ထက်စစ်ဟန် သူငယ်ချင်းလေးကို ဝါးစားမတတ် ကြည့်နေတာဟာ တကယ်လွန်လွန်းလှသည်။
ထက်စစ်ဟန် ၏ စရိုက်မှာ ကြမ်းတမ်းသည်။ ချောမော သော်လည်း ခက်ထန်သော မျက်နှာ ပေး ရှိ့ပြိး ၊ ဗိုလ်မှူးကြိး တစ်ခုဥိး၏သား ပီပီ ရဲရင့် ပြီး ဆိုးပေတေသော စရိုက်လည်း ရှိ့သည်။ ဥပမာအား ဖြင့် စာသင်ခန်း စဝင်သော အချိန်မျိုး ဖြစ်သည်။
မိတဆိုးဖြစ်သည့်ထက်စစ်ဟန်ကို ဦးစစ်မင်းဟန် ငယ်ငယ်တည်းကအလိုလိုက်ခဲ့တယ် ။
- - - - - - - - - - - - - - - - - - - - -*
"ဇေလင်းမောင် - - ငါ့ကို စောင့်ဥိး "
ခပ်သွတ်သွတ်လျှောက်လှမ်းနေသော ဇေလင်းမောင် နောက်မှ ထက်စစ်ဟန် အပြေးလေး လိုက်လာသည်။ ဇေလင်းမောင် ၏ စိတ် အစဉ် မှာ အေးချမ်းသည် ၊ ခပ်အေးအေး နေ တတ်သော စရိုက် နှင့်အတူ ပြုံးရွင်သော မျက်နှာထား ရှိ့သည်။ ယခုမူကား သူ မအေးချမ်းနိုင်တော့ ၊ ပထမဆုံး ကျောင်းတတ်ရက်မှာပင် ထက်စစ်ဟန်ကြောင့်အကုသိုလ် အများကြိးရလိုက်ပြီး ဖြစ်သည်။ ထို့အပြင်ကျောင်းကြီးမှ လည်း အိမ်စာ တစ်ပုံတစ်ပင် ပေးလိုက်သည်။ အဆောင်မှ ပေးမည့် အိမ်စာ နှင့် ကျောင်းကြိးမှ အိမ်စာ အရော မခံ နိုင်သဖြင့် ရေမချိုးမိ ကျောင်းကြိးမှအိမ်စာကိုအပြိး သတ်ရန် စိတ်ကူးထားပြီးဖြစ်သည်။ ထို့ကြောင့် အဆောင်ပြန်လမ်းတွင် မြန်နိုင်သမျှမြန်မြန်လျှောက်ရန်ဖြစ်သည်။
"ဘာလဲ - - - - "
"ဘာလို့ ဒီလောက် မြန်မြန် သွားနေတာလဲ "
ကျောင်းဆင်းရန် အဖော် ညှိ့ရန် အတွက် ခေါ်မိ့ခြင်း ဖြစ်သော်လည်း ဇေလင်းမောင် ၏ တုံပြန်ချက်က ဘုဆတ်ဆတ် ဖြစ်နေသဖြင့် သူနဲ့ အချိုးကျသော မျက်နှာပေးကိုသာ ထက်စစ်ပြင်လိုက်သည်။ ထိုမျက်နှာပေး အဓိပ္ပာယ် မှာ မင်း ငါနဲ့အတူတူ မသွားပေးရင် ငါအကြောင်း မင်းသိ့မယ် ဟူသော ပုံစံ မျိုးသား ဖြစ်သည်။ ထက်စစ်တင်းနေလျှင်ဇေလင်းမောင် သိပ်မတင်းရဲ --
"အလျှင်လိုနေပါတယ်ဆိုမှ မင်းကလည်း တစ်မျိုး "
"စောင့်ပါဦး ကွာ "
ဇေလင်းမောင် ၏ ခြေဖဝါးသေးသေး များသည် ဤလောက် အမြန် ရွေ့နိုင်မည်ဟု ထက်စစ်ဟန် လုံးဝမထင်ထားမိ့။
"ငါ့လက်ကို လွှတ် "
"မလွှတ်ဘူး ကွာ "
" မလွတ်ဘူးမလား ကဲကွာ ကဲကွာ - - - - "
အလျှင်လိုနေသည့် အချိန် တွင် လက်ဆွဲ ကာ ဆွဲလားရမ်းလား လုပ်နေသော ထက်စစ်ဟန် ၏ ကျောကုန်းကို လက်ဖဝါး ဖြင့် နှစ်ချက် ပြင်းပြင်း ရိုက်ချလိုက်သည်။ ထို့နောက် မည်သည့်တုန်ပြန်ခြင်းမှ ပြန်မရောက်လာသေးသည့်အချိန်အတွင်း သုတ်ခြေတင် ပြေးလွှား တော့သည်။ထက်စစ်ဟန်နဲ့ တကယ်တမ်းယှဉ်ကာ ရန်ဖြစ်ရလျှင်ဇေလင်းမောင် နာမည်ဖြစ်သည်။
"ဟေး ဇေလင်းမောင်!!
! ငါ့ကို စောင့်ဥိး လေကွာ "
"မှီရင် လိုက်ခဲ "
"ဒါဆို လိုက်ပြီ ၊ ပြိးမှ ငါ့ကို အဆိုးမဆို နဲ့ !!!"
ကျောင်းဆင်းလမ်း တစ်နေရာတွင် ပြေးနေသော ကောင်လေး တစ်ယောက် နှင့်ထိုကောင်လေးကို နောက်မှ လိုက်နေသော ကောင်လေး တစ်ယောက်လည်း ရှိ့ခဲ့ လေသည်။
*ဇွန်လဦး မှာ မုတ်သုန်မိုး ဖွဲ့ များက တဖွဲ့ဖွဲ့ *
* ---------------------------
"ဇေလင်းမောင် "
"--- ---"
"ဇေလင်းမောင် ၊ ! "
"နေမကောင်းဘူး ကွာ ၊ဘာလို့ခေါ်နေတာလဲ "
"ကျစ် ၊ ကိုယ်တွေလည်း ပူခြစ် နေတာပဲ ၊ အဖျား တတ်နေပြီနဲ့ တူတယ် "
"အင်း "
"ရေပတ်တိုက်ပေးမယ် ၊ ခဏစောင့် "
"အင့်ဟင့် ၊ ညနက်နေပြီ မင်းအိပ်တော့ "
"မင်းဖျားနေတာကို ငါဘယ်လို အိပ်ရမတုန်း အရူးရဲ့ ၊ဒါနဲ့ ငါ အဆောင်မှူးကို သွားတိုင်လိုက်မယ် "
"မတိုင်နဲ့တော့ --- "
"မတိုင်လို့ရမလား --"
"မတိုင်နဲ့ဆိုမတိုင်နဲ့ "
"မတိုင်ဘူး ၊မတိုင်ဘူး
ဒါဆို ခဏစောင့် "
ဇေလင်းမောင် ဒီလောက် အဖျား တတ်နေတာတောင် ကျောင်းမပျက်ပဲ နေနိုင်တာကို အံသြမိသည်။ ဘယ်လောက်ပဲ စာကြိုးစားသူ ဖြစ်ပါစေ ၊ ကျန်းမာရေး မကောင်းလျှင် အနားယူသင့်ပါသည် ။ ကျောင်းတစ်ချိန်မှမပျက်သောဇေလင်းမောင်သည် အတော်ပင် ပေါကြောင်ကြောင် နိုင်လွန်းသည်ဟု ထက်စစ်ဟန်ထင်မိသည် ။ ထိုပေါကြောင်ကြောင် များကြောင့် ဇေလင်းမောင် ကို စနောက်ချင် ခြင်းဖြစ်သည် ။ မျက်နှာချောချောလေး သာမရှိ့လျှင် ဇေလင်းမောင်ကို ကြည့်စရာတစ်ကွက်မှရှိ့မည် မဟုတ်ဟုလည်း ထက်စစ်ဟန်တွေးမိသေးသည်။
"အင်္ကျီ လှယ်ရမယ် ၊ နေ့ခင်းက မင်းရေမချိုး ရသေးဘူးမလား "
"မလှယ်ဘူး ၊ မင်းဘာသာ မင်းအိပ်တော့ "
"အတော် စကားများ တဲ့ ကောင်လေး ပဲ "
"ဘယ်မှာ များလို့တုန်း "
"အေး အေး ဒီလောက်နေမကောင်း ဖြစ်နေတာ တောင် စွာ လို့ ကောင်းတုန်း ၊ တော်တော် စေတနာ ထားဖို့ ကောင်းတဲ့ ကောင်လေး ပဲ "
"ဘာကောင်လေးလဲ ၊ မချွတ်နဲ့နော် -- -ဟေ့ကောင်
နွား !
နွား !နွားကြိး !!!!!!! "
ကြယ်သီး တစ်လုံး ပြိး တစ်လုံး ဖြုတ်ယူ ပြိးနောက် ချွဲစို နေသော ဇေလင်းမောင် ကိုယ်လုံးလေး ပေါ်လာသည်။ ဇေလင်းမောင်၏ကိုယ်မှာ ထက်စစ်ဟန် ကဲ့သို့ ကြွတ်သား မြောင်းများ မရှိ့ပဲ ဖြူဖြူ ဥဥ လေး ပင်ဖြစ်သည်။ ထိုဖြူဖြူဥဥလေးကို ထက်စစ်ဟန်ရှူ့စားနေစဉ် ထိုအရာများ၏ပိုင်ရှင် ဇေလင်းမောင်ကလည်း တစ်မျိုးပြိးတစ်မျိုးမရိုးအောင်ဆူဆဲနေသည်။ တတွတ်တွတ် ဆဲဆိုနေသော စကားများကို ပလစ် ပြိး လုပ်စရာ ရှိ့သည်များကို တည်တည်ငြိမ်ငြိမ်လုပ် ဆောင်ရမည်ဟု ထက်စစ်ဟန် သဋ္ဋိန်ဌာန်ချထားလိုက်သည်။ ဒီလောက်ချောတဲ့ သူငယ်ချင်းကို သူကိုယ်တိုင် အင်္ကျီချွတ်ရမှ ဖြစ်မည်။
ပထမ ကြယ်သီး တစ်လုံး ၊
ဒုတိ့ယကြယ်သီး တစ်လုံး
တတိ့ယ ကြယ်သိး တစ်လုံး ဖောင်း!!!
" ---"
"ဟာ -- မင်း ၊ ငါ့ကို ကန်တယ်နော် "
"ကန်မှာပေါ့ မချွတ်နဲ့ ဆိုတာကို ချွတ် နေတာကိုး "
"ချွတ်တာနဲ့ကန်ရလား --"
"ကန်မှာပဲ "
"မင်းနော် ငါ ညည့်နက်နေပြီ ရန််ဖြစ်ချင်လို့ ငြိမ်နေတာနော် '
စေတနာနဲ့မတန်တဲ့အကောင် ၊ နောက်တစ်ခေါက်ကန်ရဲကန်ကြည့် ၊
နောက်တစ်ခေါက်ကန်ရင် မင်းဘောင်းဘီ ပါ ငါဆွဲချွတ်လိုက်မှာ ငါ့အကြောင်းသိ့တယ်နော် ဇေလင်းမောင် "
"မင်းငါ့ကို အနိုင်ကျင့်တယ် --- "
ထက်စစ်ဟန် အကျပ်ကိုင် ခြောက်လှန့်လိုက် သော်လည်း ဇေလင်းမောင်၏ မျက်နှာက အချိုး မပြေ။ ဖျားနေလို့ သနားမယ်ကြံ သေးတာ ဇေလင်းမောင်က အကျင့် မတရားယုတ်သည်။
တကယ်တမ်းတွင် ထက်စစ်ဟန် ဇေလင်းမောင်ကို ဂရုစိုက်ပေးချင်သည်။ ပြီးတော့ ချေမိုးလွန်းသော ဇေလင်းမောင်၏ချစ်ဖို့ကောင်းသော တစ်ဖက်ခြမ်းကို ထက်စစ်သေချာသိ့ချင်ပါသည်။
ဝမ်းဗိုက်နဲ့ ရင်ဘက် က ချွေးများ ကို သန့်စင်ပြိးနောက် အင်္ကျီ အသစ်ဝတ်ပေးရန် ပြင်ရသည်။ စိတ်ကောက် နေသော ဇေလင်းမောင်က တုတ်တုတ်မှ မလှုပ် ၊ အိပ်ချင်ဟန် ဆောင်ပြိး လူသေကောင်လို့ တောင့်တောင့်ကြိး ဆန့်နေ၏။ ခက်ခဲစွာ ဖြင့်ပင် အင်္ကျီ ဝတ်ပေးခြင်း အလုပ် ပြိးစိးသွားချိန်မှာ အိပ်ဟန်ဆောင်နေသော ဇေလင်းမောင် အမှန်တကယ် အိပ်ပျော်သွားပြီ ဖြစ်သည် ။ထိုအချိန်တွင်ဇေလင်းမောင်၏ လက်ချောင်း သေးသေးလေး များကလည်း ပျော့ပျောင်း နေခဲ့ပြီးဖြစ်သည်။ ဇေလင်းမောင်၏ လက်ချောင်းလေးတွေဟာ တကယ်လှကြောင်းကို ထက်စစ်ဟန် မှတ်ချက်ချလိုက်သည်။
"ဇေလင်းမောင်
ဇေလင်းမောင် --"
"--------"
"ဟားဟား --- ပြန်မထူးဘူးပဲ ၊ အိပ်ပျော်သွား ပြိနဲ့တူတယ် "
"မေမေ! --------အိးဟိး -- ဟိး "
"ဇေလင်းမောင်---
ဘာဖြစ်တာလဲ ၊
ဇေလင်းမောင်-
မငို နဲ့ လေ ကွာ "
"အိးဟိး- ဟိးး-------"
"တိတ် တိတ် ငါ ရှိ့တယ် ၊ မငိုနဲ့ "
မိမိ ကုတင်သို့ ပြန်မည် ကြံတုန်း ထငိုလာသော ဇေလင်းမောင် ကြောင့်ထက်စစ်ဟန် ထမပြန်ဖြစ်ပဲ ရှိသည်။ ထက်စစ်ဟန် ၏ ပင်ကို စရိုက်မှာ ကြမ်းတမ်းသည် ၊ နူးညံ့ခြင်း မရှိ့ ၊ အလိုလိုက်ခံရပြိး ဖခင်၏ အချစ်ကို ပိုင်ဆိုင်ထားသော သားတစ်ယောက် ဖြစ်ခဲ့သောကြောင့် အဆိုး ဘက်ကို ရောက်သည်။ ဇေလင်းမောင်ကို တွေ့ရစေသော ထက်စစ်ဟန် မှာ နူးညံ့တတ်သော ၊ သည်းခံတတ်သော ထက်စစ်ဟန် သာဖြစ်သည်။ နူးညံ့တတ်သော ထက်စစ်၏တစ်ဖက်ခြမ်းကို ဇေလင်းမောင်ဟူသော ချေမိုးတတ်သည့် လူသားလေးကို ပေးအပ်ချင်သည်။
ယခင်က စိတ်မရှည်တတ်ခဲ့သမျှ ထိုကောင်လေး နဲ့တွေ့ပြိး နောက် စိတ်ရှည်တတ်ချင်လာသည်။ အရပ်မတိုမရှည် နဲ့ အသားဖြူဥ နေပြိး လက်သွယ်သွယ်လေးတွေကိုပါ ပိုင်ဆိုင်ထားတဲ့ ဇေလင်းမောင် ကို ထက်စစ်ဟန် အမှန်တကယ် တွယ်တာမိလာသည်။ဘယ်သောအခါမှ မပြုံးတတ်တဲ့ ဇေလင်းမောင်ရဲ့ မျက်နှာ လေးက အပြုံး တွေကိုထက်စစ် မြင်ဖူး ချင်လာသည်။ ဂျစ်ကန်ကန် ကောင်လေး တစ်ယောက် ရဲ့ တစ်ဖက်ခြမ်းမှာရှိ့နေမည့် နူးညံ့တဲ့ အစိတ်အပိုင်း တွေ ကို ထက်စစ်တကယ်ပင် လိုလားမိလာသည်။
လေပြေလေးရဲ့အကြင်နာတရားဟာ နွေဦးနဲ့အမှန်တကယ် ထိုက်တန်ပါရဲ့လား။
အနီးတွင်ထိုင်နေသော ထက်စစ်ဟန်လက်ကို ဇေလင်းမောင် ယောင်ယမ်းကာ ဆွဲထားလိုက်သည်။
"မသွားပါနဲ့ --မသွားနဲ့ "
"မသွားပါဘူး ၊
အိပ်တော့
အိပ်တော့ ---"
ထက်စစ်မျက်မျက်နှာတွင်အလိုလို အပြုံးတစ်ပွင် ချိတ်ဆွဲမိသွားသည်။ သူငယ်ချင်း မင်းသိပ်ချစ်ဖို့ကောင်းတာပဲ --
"-----"
"အရူးလေး ဒါနဲ့ များ ငါ့ကိုကန်လည်း ကန်ထည့်လိုက်သေးတယ်
မင်းမို့လို့ သည်းခံနေတာ ကောင်လေးရ "
ထိုကောင်လေးထံ မှ တုံပြန်သံ တစ်ခွန်းမှ မလာတော့ ၊ ကယောင်ကယမ်း ရေရွက်ရင်း လက်ဆွဲထားသော ဇေလင်းမောင် ဟာ တွေ့နေကျ ဇေလင်းမောင် မဟုတ် ပဲ ကြောင်ပေါက်လေးလို ချစ်ဖို့ကောင်းလွန်းသည့် တစ်ကောင်သာ ဖြစ်သည်။
*နှလုံးသားတံခါးကို တံခါးမခေါက်ပဲ ဝင်လာခဲ့ပြီ*
အဖျားရှိ့နေဇေလင်းမောင် ၏ ခန္ဓာကိုယ်ကား ပူခြစ်နေ သည် ။ ရေပတ်တိုက်ထားသော ကြောင့်အပူနည်းနည်း ကျသွားသော်လည်း နွမ်းလျနေသော မျက်နှာထား ဖြင့် ဇေလင်းမောင် အိပ်စက်နေသည်။ ထိုကောင်လေးသည် မုန်တိုင်းနဲ့တူပြီး ဆိုးပေတေလှသော ကောင်လေး တစ်ယောက် လက်ကိုကိုင်ကာပုံစံနဲ့ အိပ်စက်နေသည်။
ခပ်ချောချောသူငယ်ချင်းလေး၏အပြုအမူကြောင့် ထက်စစ်ဟန် ၏ မျက်နှာတွင် ကြည်နူး ရိပ်အပြည့်။
ဇွန်လ ရဲ့ မိုးဖွဲ လေးတွေဟာ ပြတင်းပေါက် အပြင်ဘက် ရပ်ဝန်းမှာ ခုန်ဆင်းနေကြ ပြိး မုတ်သုန်လေများ လည်း တစ်သွဲ့သွဲ့ တိုက်ခတ်နေလေသည် ။ အဆောင်ပတ်ဝန်းကျင်တွင် အမှောင်ထုကြိးစိုးနေခဲ့သည်။
နွေဦးဟာ တံခါးမခေါက်ခဲ့ပါဘူး
ဝင်နေကျတံခါးလေးဟာ
အမြဲကြိုနေမှာလို့ သူမှတ်ယူထားတယ်
ရာသီတွေရဲ့အကုန်မှာနွေဦးပြန်လာမှာကို
လေပြေတံခါးလေးဟာ သေချာပေါက်သိ့နေခဲ့တယ်။
Zawgyi code
"ဟေ့ကောင် - -ထ "
"ဘာလဲဟ ဒါငါ့နေရာ"
"-----"
"------"
ထက်စစ်ဟန် ရှေ့ဆုံးတန်းမှာထိုင်နေရင်း သူ့ဘေးနားက ထိုင်နေသော အသား ဖြူပြိး ပိန်ပိန်သွယ်သွယ် ကောင်လေး ဆီ အကြည့်ဒိုင်းကနဲ့ ဆိုက်သွားသည်။
"အင်း - ငါ- ငါ ထ ပါမယ်"
"မလာဘူး "
"လာခဲ့ဆို လာခဲ့ "
ဘုန်း!!!
"ဆက်ပြောဥိးလေ - "
"မသိ့ဘူး - "
- - - - - - - - - - - - - - - - - - - - -*
"ဘာလဲ - - - - "
"စောင့်ပါဦး ကွာ "
"ငါ့လက်ကို လွှတ် "
"မလွှတ်ဘူး ကွာ "
"ဟေး ဇေလင်းမောင်!!
"မှီရင် လိုက်ခဲ "
* ---------------------------
"ဇေလင်းမောင် "
"--- ---"
"ဇေလင်းမောင် ၊ ! "
"အင်း "
"မတိုင်နဲ့တော့ --- "
"မတိုင်လို့ရမလား --"
"မတိုင်ဘူး ၊မတိုင်ဘူး
ဒါဆို ခဏစောင့် "
"ဘယ်မှာ များလို့တုန်း "
နွား !
နွား !နွားကြိး !!!!!!! "
ပထမ ကြယ်သီး တစ်လုံး ၊
" ---"
"ချွတ်တာနဲ့ကန်ရလား --"
"ကန်မှာပဲ "
"မင်းနော် ငါ ညည့်နက်နေပြီ ရန်ဖြစ်ချင်လို့ ငြိမ်နေတာနော် '
"ဇေလင်းမောင်
ဇေလင်းမောင် --"
"--------"
"မေမေ! --------အိးဟိး -- ဟိး "
"ဇေလင်းမောင်---
ဘာဖြစ်တာလဲ ၊
ဇေလင်းမောင်-
မငို နဲ့ လေ ကွာ "
"အိးဟိး- ဟိးး-------"
"မသွားပါနဲ့ --မသွားနဲ့ "
"မသွားပါဘူး ၊
အိပ်တော့
အိပ်တော့ ---"
"-----"
ဝင်နေကျတံခါးလေးဟာ