အပိုင်း(၃၂)
လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
ရှင်းယွဲ့ အိပ်ဆောင်ပြန်ရောက်သည်အထိ ရှောင်ဟွား မနိုးသေး။
ရှောင်ကုန်းဇီသည် စွတ်ပြုတ်ပန်းကန်နှင့် ဆေးအား ပြန်နွှေး၍ ယူလာသည်။ ပြန်မအေးခင် သောက်ရန်လိုသောကြောင့် ရှောင်ဟွားအား ညင်သာစွာ လှုပ်နှိုးလိုက်သည်။
"ရှောင်ဟွား ထတော့...စွတ်ပြုတ်သောက်ပြီး ဆေးသောက်ရအောင်"
ရီဟွား အိပ်ချင်မူးတူး မျက်လုံးများအား ပွတ်သပ်ကာ ရှင်းအား ကြည့်လိုက်သည်။
"ညီလာခံက ပြန်လာပြီလား"
"အင်း ထ...ဆေးသောက်ရအောင် စွတ်ပြုတ်နည်းနည်း ဝင်အောင်သောက်ဦး"
"ဟုတ်ကဲ့"
ရီဟွား အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်ထထိုင်လိုက်၏။
ရှုပ်ပွနေသော ဆံပင်များဖြင့် အမွှေးပွအကောင်လေးလို အိပ်ရာထစူပုပ်ပုပ်လေးဖြစ်နေသော ကောင်လေးအား ကြည့်ကာ ရှင်း အသည်းယားသွားရသည်။
လွန်စွာ ချစ်ဖို့ကောင်းသော ကောင်လေးသည် သူ၏ အပိုင်ဖြစ်ကြောင်း တွေးမိတော့ ရင်ထဲတွင် ကျေနပ်မှုတို့ ဖြစ်တည်လာရသည်။
နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ချစ်ရသူလေးအား ဆုံးရှုံးရမည်ကိုတော့ သူ လွန်စွာ ကြောက်ရွံ့နေမိသည်။ မည်သူမျှ အန္တရာယ် မပေးနိုင်သော နေရာတွင် သူ့အပိုင် ချစ်သူလေးအား ဖွက်ထားချင်မိသည်။
ရီဟွား မျက်လုံးများ မဖွင့်ဘဲ ပါးစပ်ဟကာ ရှင်း ခွံ့တိုက်သည်အား စောင့်နေလိုက်၏။
ခုထိ အိပ်ရာထချင်ပုံမရသော ချစ်သူအား စွတ်ပြုတ်များဘေးသို့ ဖိတ်စင်မကျစေရန် ဂရုစိုက်၍ တိုက်လိုက်သည်။
စွတ်ပြုတ်တိုက်ပြီးနောက် ဘေးနားရှိ ရှောင်ကုန်းဇီ ကိုင်ထားသော ဆေးခွက်အား ယူကာ မှုတ်လိုက်ပြီး တဇွန်းခပ်တိုက်လိုက်သည်။
ချက်ချင်းပင် ရီဟွား၏ အိပ်ချင်နေသော မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
"Fuck! ခါးလိုက်တာ"
ရှောင်ဟွား၏ စကားကြောင့် ရှင်း မျက်မှောင်ကြုတ်လိုက်မိ၏။
"Fuck ဆိုတာ ဘာကို ပြောတာလဲ ရှောင်ဟွား"
"အမ်"
ရီဟွား ဆွံ့အသွားရသည်။ ဆေးအရမ်း ခါးသောကြောင့် သူ ယောင်၍ ထွက်သွားခြင်းဖြစ်သည်။
"Fuckဆိုတာ ဆေးကိုပြောတာ...ဆေးကို နောက်တမျိုးခေါ်တဲ့သဘောပေါ့...Fuck ခါးလိုက်တာ ဆိုတာ ဆေးကခါးလိုက်တာလို့ ပြောတာ"
ရှင်း မျက်မှောင်များ ကြုံ့နေဆဲပင်။ ရှောင်ဟွား ပြောသောစကားက မမှန်လောက်ဟု သူ့စိတ်ထဲ ထင်နေမိသည်။
"ကိုယ် အဲလိုခေါ်တယ်လို့ တစ်ခါမှ မကြားဖူးဘူး"
"ခုကြားဖူးပြီပဲ မှတ်လိုက်တော့...ဆေးက အရမ်းခါးလွန်းတယ်...ကျွန်တော် ဆက်မသောက်နိုင်တော့ဘူး"
"ကိုယ် အချို ပွဲယူခိုင်းလိုက်မယ်"
"ဟင့်အင်း...ကျွန်တော် အဲဒီဆေးခါး မသောက်ချင်ဘူးနော်....မသောက်ဘူး....လုံးဝမသောက်ဘူး"
ကလေးများကဲ့သို့ ဂျီကျနေသော ရှောင်ဟွားကြောင့် ရှင်း ချော့မော့ပြောဆိုရတော့သည်။
"ရှောင်ဟွား မဆိုးနဲ့ကွာ...အကိုက်အခဲပျောက်ဆေးက သောက်မှဖြစ်မယ်...မဟုတ်ရင် ကိုက်ခဲနေမှာ...နည်းနည်းလောက် ဝင်အောင်သောက်လိုက်"
"ဟင့်အင်း မသောက်ဘူး"
လုံးဝ ငြင်းဆန်နေသော ရှောင်ဟွားကြောင့် ရှင်း သက်ပြင်းချမိသည်။
"မသောက်ချင်ဘူးမလား...သက်သာနေပြီပေါ့"
ရှင်း ပြောလာသော စကားကြောင့် ရှောင်ဟွား ကြောင်အကာ ရှင်း မျက်လုံးများအား ကြည့်လိုက်မိသည်။ မျက်လုံးများသည် အဓိပ္ပါယ်ဖတ်ရ ခက်ခဲနေလေသည်။
ရှင်းသည် ဆေးခွက်အား ရှောင်ကုန်းဇီထံ ပြန်ပေးလိုက်သည်။ ထို့နောက် ရှင်း၏ လက်များသည် သူ၏ အင်္ကျီခါးပတ်ထံ လှမ်းလာချိန်တွင် ရီဟွား လက်များအား ပိတ်ပင်တားဆီးလိုက်ရသည်။
"ရှင်း ဘာလုပ်တာလဲ"
မျက်လုံးစွန်းမှ ခေါင်းငုံ့ထားသော ရှောင်ကုန်းဇီ၏ ပုံရိပ်အား မြင်မိတော့ မျက်နှာတစ်ခုလုံး နီရဲသွားရသည်။
"ဆေးမလိုလောက်အောင် သက်သာနေပြီမလား...ထပ်လုပ်လည်း ဘာမှမဖြစ်တော့ဘူး"
ထိုသို့ပြောပြီး တားဆီးထားသော လက်များအား ဖယ်လိုက်သူကြောင့် ရီဟွား အမြန်ပြောလိုက်ရသည်။
"သောက်မယ်...ကျွန်တော် ဆေးသောက်မယ်"
ရှင်း၏ လက်များသည် ရပ်တန့်သွားပြီး သူ၏ကိုယ်မှ ဖယ်ခွာသွားသည်။
လက်များ၏ ဦးတည်ရာက ပါးပြင်ထက်သို့ ရောက်ရှိသွားပြီးနောက် ပါးနုနုအား ဆွဲဖဲ့လိုက်၏။
"စကတည်းက အဲလို လိမ္မာမှပေါ့"
ရှောင်ကုန်းဇီထံမှ ဆေးခွက်အား ပြန်ယူလိုက်ပြီး ရှင်း ဆေးတစ်ဇွန်း ခပ်ကာ ခွံ့တိုက်လိုက်သည်။
ရှောင်ဟွား နာခံစွာ ဆေးသောက်လေတော့သည်။
"ရှင်း တကယ် အရမ်းခါးတယ်"
မျက်နှာ ရှုံ့မဲ့ကာ ပြောလာသော ချစ်ရသူကြောင့် ရှောင်ကုန်းဇီဘက် လှည့်ကာ အမြန်စေခိုင်းလိုက်ရသည်။
"ရှောင်ကုန်းဇီ ခုချက်ချင်း အချိုပွဲ မြန်မြန်သွားယူခဲ့ပေး"
"မှန်ပါ မင်းကြီး"
သူ့ အရှင်သခင် မင်းကြီး၏ စိတ်လောနေမှုကြောင့် ရှောင်ကုန်းဇီလည်း မပေါ့ဆရဲတော့ဘဲ အချိုပွဲယူရန် အမြန်ထွက်လာလိုက်သည်။
"ရှောင်ဟွား နည်းနည်းလေး ထပ်သောက်လိုက်...ရှောင်ကုန်းဇီ အချို ပွဲယူလာလို့ စားလိုက်ရင် မခါးတော့ဘူး"
ရီဟွား သည်းခံလိုက်ပြီး ထပ်၍ ခွံ့တိုက်လာသောဆေးဇွန်းများအား ကျိတ်မှိတ် မြိုချလိုက်ရသည်။
တခဏအကြာတွင် ရှောင်ကုန်းဇီသည် အချိုပွဲပန်းကန်အား ကိုင်ကာ နန်းဆောင်ထဲ ပြန်ရောက်လာလေသည်။
ရှင်း ရှောင်ကုန်းဇီလက်ထဲမှ အချိုပွဲပန်းကန်အား ယူကာ အချိုမုန့်တစ်ခုကို ရှောင်ဟွားပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။
အချိုမုန့် တစ်ခုစားပြီးနောက် ရီဟွား ခါးသည့်အရသာ ပျောက်သွားသောကြောင့် ရှင်း ခွံ့ကျွေးရန် ပြင်နေသည့် နောက်မုန့်တစ်ခုအားစားရန် ငြင်းဆန်လိုက်သည်။
"ရှင်း ကျွန်တော် မခါးတော့ဘူး...တော်ပြီ"
"အင်း"
ရှင်းသည် ရှောင်ကုန်းဇီလက်ထဲသို့ အချိုမုန့်ပန်းကန်အား ပြန်ထည့်လိုက်၏။
ထိုစဉ် အပြင်ဘက်ရှိ တံခါးစောင့်များထံမှ လျှောက်တင်သံထွက်လာလေသည်။
"အရှင်မင်းကြီး စစ်သူကြီး ရောက်နေကြောင်းပါ"
အကိုကြီး နာမည်ကြားလိုက်သောကြောင့် ရီဟွား စောင်များအား ဘေးဖယ်လိုက်ပြီး အိပ်ရာထက်မှ ကြမ်းပြင်သို့ ခြေနှစ်ချောင်းချလိုက်သည်။ ထို့နောက် ရှုပ်ပွနေသော ဆံပင်များအား မပွတော့အောင် သပ်ချလိုက်ပြီး ကပိုကယိုဖြစ်နေသော အင်္ကျီများအား သေချာကျနအောင် ပြန်ပြင်လိုက်ရသည်။
ရှင်း ရှောင်ဟွား လုပ်နေသည်များအား ကြည့်နေလိုက်ပြီး အားလုံး အဆင်သင့်ဖြစ်သွားပုံရသောအခါမှ ဝင်ခွင့်ပြုလိုက်၏။
"ဝင်ခဲ့ခိုင်းလိုက်"
တံခါးသည် ပွင့်လာပြီးနောက် အိပ်ဆောင်ထဲသို့ စစ်သူကြီးဝင်လာလေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
မုချန်း မင်းကြီးအား အရိုအသေပေးလိုက်ပြီးနောက် ဟွားအော်ဘက်သို့ ကြည့်လိုက်သည်။
အုပ်ထိန်းသူဖြစ်သော သူ့အား ခွင့်မတောင်းဘဲ မင်းကြီးနန်းဆောင်၌ အိပ်ခဲ့သော ကောင်လေးသည် ခုထိ အိပ်ရေးဝပုံ မပေါ်သေးပေ။
အတောင်အလက် စုံလင်နေပြီဖြစ်သောညီလေးအား ကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းလာရသည်။ မျက်စိရှေ့တွင် တယုတယပြုစုပျိူးထောင်ခဲ့ရသော ညီလေးသည် မကြာခင်တွင် သူ့အား တစ်ယောက်တည်း ထားခဲ့တော့မည်။
မိဘများ မရှိတော့ကတည်းက ညီလေးသည်သာ သူ့ဘဝဖြစ်လာပြီး တခုခုလုပ်တော့မည်ဆိုတိုင်း ညီလေး၏ မျက်နှာအား အရင်မြင်ယောင်တတ်သည်။ညီလေးအတွက် သူဆုံးရှုံးခံလိုက်သည့် အရာများစွာလည်း ရှိလေသည်။
ပေးရမှာ အရမ်းနှမြောမိသော်လည်း ညီလေး မျက်နှာတစ်ချက် ညိုးရင်ပင် မနေတတ်သူမို့ သူ့တွင် ကန့်ကွက်ရဲသည့် သတ္တိမရှိပေ။ မင်းကြီး၏ ညီလေးအပေါ်ထားသည့် အချစ်တို့အားလည်း သိမြင်သူ ဖြစ်သောကြောင့် အကိုကြီးအဖရာဖြစ်သော သူ့အနေဖြင့် လက်လွှဲပေးရုံသာ ရှိသည်။
အရာရာ ပြည့်စုံလွန်းသော မင်းကြီးအားလည်း အုပ်ထိန်းသူ တစ်ယောက်အနေဖြင့် ငြင်းပယ်စရာ မရှိ။ သို့သော် မင်္ဂလာပွဲ မတိုင်ခင်တော့ အချစ်ငှက်နှစ်ကောင်အား တခဏ ခွဲထားရပေဦးမည်။
"စစ်သူကြီး ဘာအရေးကြီး ကိစ္စရှိလို့လဲ"
"မင်္ဂလာဓလေ့ထုံးစံအရ လက်ထပ်ပွဲ မရောက်ခင် သတို့သားနဲ့ သတို့သမီးက တွေ့ဆုံလို့ မရပါဘူး...ဒါက ထုံးစံမို့ အရှင်မင်းကြီး ဟွားအော်ကို အိမ်တော်ပြန်ခေါ်ခွင့်ပြုပါ...ဒီကြားထဲလည်း အရှင်တို့တွေ့ဆုံလို့မရပါဘူး"
"အကိုကြီး ဘာတွေပြောနေတာလဲဟင်...သတို့သားနဲ့ သတို့သမီး တွေ့ဆုံလို့မရတာနဲ့ ကျွန်တော်နဲ့ ရှင်း တွေ့လို့မရတာ ဘာဆိုင်လို့လဲ"
ရီဟွား၏ နားမလည်နိုင်သော ပုံစံကြောင့် ရှင်း ဝင်ရှင်းပြလိုက်ရသည်။
"ကိုယ်တို့ လက်ထက်မယ့်အကြောင်း ညီလာခံမှာ ကြေညာလိုက်တာ...ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူတဲ့သဘောပါ...ရှောင်ဟွား လက်ထပ်ဖို့ ကိစ္စကို ရှောင်ဖယ်နေတာလည်း ၂နှစ်ရှိပြီလေ...ခုကအချိန်တန်ပြီထင်လို့ ကိုယ်က"
"ကျွန်တော် သဘောတူသေးလို့လား...ဘာလို့ ကျွန်တော့်ကို မတိုင်ပင်ဘဲ ကြေညာရတာလဲ...ခုချက်ချင်း ပြန်ရုတ်သိမ်းပေး"
ရှောင်ဟွား စိတ်ပေါက်ပေါက်နှင့် ရှင်းအား အော်ပစ်လိုက်သည်။ သူ လက်ထပ်ရမည်ဖြစ်သောကြောင့် စိတ်တိုခြင်း မဟုတ်။ သူ့အား မတိုင်ပင်ဘဲ တစ်ယောက်တည်း ဆုံးဖြတ်လိုက်ခြင်းကြောင့် စိတ်တိုခြင်းသာ ဖြစ်သည်။
"ရှောင်ဟွားအော်...တိတ်စမ်း...လက်ထပ်ပွဲကို ကလေးကစားစရာ ထင်နေလား...ကြေညာထားတာကို ပြန်ရုတ်သိမ်းလို့ မရဘူး....အမတ်ချုပ်ဖြစ်နေပြီး ဒါလေးတောင် မသိဘူးလား....ဘယ်လိုတောင် မင်းကြီးကို မရိုမသေပြုမူနေတာလဲ"
အကိုကြီး၏ ဆူငေါက်သံကြောင့် ရီဟွား မကျေမနပ်ဖြစ်နေသော မျက်နှာနှင့် ငြိမ်နေလိုက်ရသည်။ ခုထိတော့ ရှင်း အပေါ် သူ စိတ်ဆိုးနေဆဲပင်။
"ရှောင်ဟွား ကိုယ်က မင်းကို အေးဆေးပြောပြမလို့ပဲ...ကိုယ်တို့အတူတူလည်း နေပြီးပြီမို့ ကိုယ်လက်ထပ်ဖို့ ကြေညာလိုက်တာ...မင်းလည်း သဘောတူမယ်လို့ထင်လိုက်မိတယ်...စိတ်ဆိုးသွားစေဖို့ ကိုယ် တကယ် မရည်ရွယ်ပါဘူး"
ပြောနေသော စကားများအား ရှေ့ရှိ လူနှစ်ယောက်သည် ဘာမျှမဖြစ်သကဲ့သို့ ပြောနေသော်လည်း မုချန်းသည်တော့ မျက်နှာတစ်ခုလုံး ပူလာရသည်။
ရီဟွား ရှင်းအား စိတ်ဆိုးမပြေသေးသောကြောင့် တစ်ဖက်သို့ လှည့်ကာ မျက်နှာလွှဲဖယ်နေလိုက်၏။
"အရှင်မင်းကြီး...ဟွားအော်က အလိုလိုက်လို့ ပိုဆိုးနေတာ...ကျွန်တော်ကပဲ ညီလေးအစား တောင်းပန်ပါတယ်"
"မဟုတ်တာ....စစ်သူကြီးအမှား မဟုတ်ပါဘူး"
"ဟုတ်တယ် အကိုကြီး အမှားမဟုတ်ဘူး...အကိုကြီး တောင်းပန်စရာမလိုဘူး"
အလိုလိုက်သူများနှင့်ဆိုလျှင် အမြဲဆိုးတတ်သော ညီငယ်နှင့် အခက်တွေ့နေသော မင်းကြီးအား ကြည့်ကာ မုချန်း သက်ပြင်းချလိုက်မိသည်။
"မင်းကြီး ကျွန်တော်မျိုး ဟွားအော်ကို အိမ်ခေါ်သွားခွင့်ပြုပါ"
ရှင်းယွဲ့ တစ်ဖက်သို့ စောင်းငဲ့နေသောရှောင်ဟွားအား ကြည့်လိုက်သည်။ စိတ်ဆိုးလျှင် တော်တော်ကြာတတ်သော ကောင်လေးအား ဖြည်းဖြည်းချင်း ချော့မှသာ ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ရှောင်ဟွား မင်္ဂလာပွဲမတိုင်ခင် စိတ်ဆိုးပြေစေရန် သူ အကောင်းဆုံးကြိုးစားရတော့မည်။ လူ့စည်းမျဉ်း ဓလေ့ထုံးတမ်းအားလည်း မလွှဲဖယ်ချင်သောကြောင့် ရှင်းယွဲ့ လက်ခံရန် ဆုံးဖြတ်လိုက်၏။
"ကောင်းပြီ စစ်သူကြီး...ရှောင်ဟွားကို သေချာဂရုစိုက် စောင့်ရှောက်ပေးပါ"
"မှန်ပါ"
မုချန်း မင်းကြီးအား နှုတ်ဆက်ဂါရဝပြုလိုက်ပြီး ဟွားအော်အား စူးစိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်အား သတိထားမိသော ညီလေးသည် နှုတ်ခမ်းတို့အားဆူကာ ချက်ချင်းအိပ်ရာထက်မှ ထလိုက်လေသည်။
အမြန်လှုပ်ရှားလိုက်သောကြောင့် ဒူးများခွေလဲကျမလို ဖြစ်သွားရပြီး ယိုင်ထိုးသွားလေသည်။
ရှင်းနှင့် မုချန်းတို့ ရီဟွား၏ လက်တစ်ဖက်စီအား အမြန်ထိန်းကိုင်လိုက်ရသည်။
"ရှောင်ဟွား ဂရုစိုက်လေ ကိုယ်လိုက်ပို့မယ်"
"ဖယ်ပါ အကိုကြီးရှိတယ်...ဘာမှမဖြစ်ဘူး လိုက်မလာခဲ့နဲ့"
သူကိုင်ထားသောလက်အား ဆွဲဖယ်ကာ ပြောလိုက်သော ရှောင်ဟွားကြောင့် ရှင်း ငြိမ်နေလိုက်ရသည်။
မုချန်း ဟွားအော်၏ လက်အားသေချာထိန်းကိုင်ပြီး လျှောက်ရအဆင်ပြေစေရန် ကူညီလိုက်သည်။ သူ၏ မျက်နှာသည်တော့ မည်းမှောင်နေလေပြီ။
အချိန်တခဏလေးအတွင်းမှာပင် ရီဟွားနှင့် မုချန်းတို့ နန်းဆောင်ထဲမှ ထွက်သွားကြသည်။
"မင်းကြီး အမတ်ချုပ်ကြီးကို ဘယ်လို ပြန်ချော့ဖို့ စဉ်းစားထားလဲ"
အခန်းထဲ ကျန်ရှိသော ရှောင်ကုန်းဇီ၏ စကားကြောင့် ရှင်း စိတ်ကောက်လွယ်သူလေးအား မည်သို့ပြန်ချော့ရမည်နည်းဟု အတွေးများသွားရလေတော့သည်။
******************
ရီဟွား အိမ်ရောက်နေသည်မှာ နာရီပိုင်းပင် ရှိသေးသော်လည်း လွန်စွာ ပျင်းရိနေလေပြီ။ အကိုကြီးသည်လည်း မင်္ဂလာကိစ္စနှင့် ပတ်သတ်၍ အလုပ်ရှုပ်နေသောကြောင့် သွားနှောင့်ယှက်၍လည်း မရ။ ယွီလေးသည်လည်း အကိုကြီး၏ ခိုင်းစေမှုကြောင့် ဟိုပြေးဒီပြေး လှုပ်ရှားသွားလာနေရသည်။
သူမှ လွဲ၍ အကုန်လုံးသည် အလုပ်ရှုပ်နေကြသည်။ခုချိန် ကမ္ဘာပေါ်တွင် အအားလပ်ဆုံး လူအား ပြပါဆိုလျှင် သူ့အား လက်ညိုးထိုးပြရပေလိမ့်မည်။ သူ့မင်္ဂလာပွဲဖြစ်သော်လည်း ဘာမှ လုပ်စရာမလိုအောင် အေးဆေးနေ, နေရလေသည်။
စကားပြောဖော် အကိုကြီးလည်း မရှိ။ ယွီလေးလည်း မရှိသောကြောင့် အမြဲဘေးနားရှိနေတတ်သော အလိုလိုက်သည့်ချစ်သူကိုပင် သတိရသွားရသည်။ စိတ်ဆိုးတာ နာရီပိုင်းမျှပင် ရှိသေးသောကြောင့် ဟန်ဖို့ရန် ချက်ချင်းပေါ်လာသော စိတ်အား မေ့ဖျောက်ပစ်လိုက်ရသည်။
"အမတ်ချုပ်ကြီးဆီ ဖိတ်စာတစ်စောင် ရောက်လာပါတယ်"
အမြဲလိုလို ကိုယ်ဖော့သိုင်းများသုံးကာ တစ္ဆေကဲ့သို့ရောက်လာတတ်သူများအား ယခုအချိန်တွင် သူ မကြောက်တော့။ သူတောင် တော်တော်သတ္တိရှိနေလေပြီ။
ဖိတ်စာဆိုသောကြောင့် စိတ်ဝင်စားကာ စာအားယူ၍ ဖွင့်ဖတ်ကြည့်လိုက်သည်။ မျက်လုံးများတွင် ဝမ်းသာရိပ်များပေါ်လာရသည်။
ရှင်းရန်မှ သူ့အား အိမ်တော်သို့ လာလည်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ စကားပြောဖော် မရှိ၍ ပျင်းနေချိန်တွင် အချိန်ကိုက်ရောက်လာသော သူငယ်ချင်းမ၏ ဖိတ်ခေါ်စာကြောင့် ရီဟွား လွန်စွာ ပျော်ရွှင်သွားရသည်။
"အကိုကြီး မေးရင် ငါ ရှင်းရန်ဆီသွားတယ်ပြောလိုက်"
ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ ရီဟွား အမြန်ထွက်လာခဲ့လိုက်သည်။ တားဆီးသံများလည်း နားထောင်မနေတော့။ သူ မတွေ့တာကြာသော ရှင်းရန်အား တွေ့ဆုံရရန်သည်သာ အဓိကဖြစ်နေသည်။
သူ၏လှည်းယာဉ် ဝမ်ရယ်၏အိမ်တော်ရှေ့ ရောက်ရှိသွားသောအခါ လှည်းယာဉ်ပေါ်မှ ဆင်းလိုက်သည်။ အိမ်တော်တံခါးမရှေ့ ရောက်သည်နှင့် မြောက်များလှသော တံခါးစောင့်တို့သည် သူ့အား ချက်ချင်းတံခါးဖွင့်ပေးကြသည်။
ရီဟွား အိမ်တော်ထဲ ဝင်လိုက်သည်နှင့် ယွီလေးနှင့် ရွယ်တူကောင်လေးတစ်ယောက်သည် တရိုတသေဖြင့် သူ့အား အရိုအသေပြုလာလေသည်။
"အမတ်ချုပ်ကြီး...သခင်မလေးက ဥယျာဉ်တော်ဘက်မှာပါ...ကျွန်တော်မျိုး လမ်းညွှန်ပြသပါ့မယ်"
"အင်း"
ကောင်လေးခေါ်ရာသို့ ရီဟွားလိုက်သွားလိုက်တော့ ဥယျာဉ်တော်ဘက်သို့ ရောက်သွားလေသည်။ နန်းတော်ရှိ ဥယျာဉ်တော်လောက် မခမ်းနား မကြီးကျယ်သော်လည်း ပန်းများစွာဖြင့် လွန်စွာ လှပပြီး နေချင်စဖွယ်နေရာလေးပင်။
ဥယျာဉ်ထဲရှိ စားပွဲဝိုင်းတစ်ခုတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည့် အေးဆေးတည်ငြိမ်လွန်းသော မိန်းမလှလေးအား မြင်လိုက်ရချိန်တွင်တော့ ရီဟွား လွန်စွာအံ့အားသင့်သွားရလေတော့သည်။
*********************
အပိုင္း(၃၂)
လက္ထပ္ပြဲအတြက္ ျပင္ဆင္ျခင္း
ရွင္းယြဲ႕ အိပ္ေဆာင္ျပန္ေရာက္သည္အထိ ေရွာင္ဟြား မနိုးေသး။
ေရွာင္ကုန္းဇီသည္ စြတ္ျပဳတ္ပန္းကန္ႏွင့္ ေဆးအား ျပန္ေႏႊး၍ ယူလာသည္။ ျပန္မေအးခင္ ေသာက္ရန္လိုေသာေၾကာင့္ ေရွာင္ဟြားအား ညင္သာစြာ လႈပ္ႏွိုးလိုက္သည္။
"ေရွာင္ဟြား ထေတာ့...စြတ္ျပဳတ္ေသာက္ၿပီး ေဆးေသာက္ရေအာင္"
ရီဟြား အိပ္ခ်င္မူးတူး မ်က္လုံးမ်ားအား ပြတ္သပ္ကာ ရွင္းအား ၾကည့္လိုက္သည္။
"ညီလာခံက ျပန္လာၿပီလား"
"အင္း ထ...ေဆးေသာက္ရေအာင္ စြတ္ျပဳတ္နည္းနည္း ဝင္ေအာင္ေသာက္ဦး"
"ဟုတ္ကဲ့"
ရီဟြား အိပ္ခ်င္မူးတူးျဖင့္ အိပ္ရာေပၚထထိုင္လိုက္၏။
ရႈပ္ပြေနေသာ ဆံပင္မ်ားျဖင့္ အေမႊးပြအေကာင္ေလးလို အိပ္ရာထစူပုပ္ပုပ္ေလးျဖစ္ေနေသာ ေကာင္ေလးအား ၾကည့္ကာ ရွင္း အသည္းယားသြားရသည္။
လြန္စြာ ခ်စ္ဖို႔ေကာင္းေသာ ေကာင္ေလးသည္ သူ၏ အပိုင္ျဖစ္ေၾကာင္း ေတြးမိေတာ့ ရင္ထဲတြင္ ေက်နပ္မႈတို႔ ျဖစ္တည္လာရသည္။
နတ္ဘုရားတစ္ပါးျဖစ္ေသာ္လည္း ခ်စ္ရသူေလးအား ဆုံးရႈံးရမည္ကိုေတာ့ သူ လြန္စြာ ေၾကာက္႐ြံ႕ေနမိသည္။ မည္သူမွ် အႏၲရာယ္ မေပးနိုင္ေသာ ေနရာတြင္ သူ႕အပိုင္ ခ်စ္သူေလးအား ဖြက္ထားခ်င္မိသည္။
ရီဟြား မ်က္လုံးမ်ား မဖြင့္ဘဲ ပါးစပ္ဟကာ ရွင္း ခြံ႕တိုက္သည္အား ေစာင့္ေနလိုက္၏။
ခုထိ အိပ္ရာထခ်င္ပုံမရေသာ ခ်စ္သူအား စြတ္ျပဳတ္မ်ားေဘးသို႔ ဖိတ္စင္မက်ေစရန္ ဂ႐ုစိုက္၍ တိုက္လိုက္သည္။
စြတ္ျပဳတ္တိုက္ၿပီးေနာက္ ေဘးနားရွိ ေရွာင္ကုန္းဇီ ကိုင္ထားေသာ ေဆးခြက္အား ယူကာ မႈတ္လိုက္ၿပီး တဇြန္းခပ္တိုက္လိုက္သည္။
ခ်က္ခ်င္းပင္ ရီဟြား၏ အိပ္ခ်င္ေနေသာ မ်က္လုံးမ်ား ျပဴးက်ယ္သြားရေတာ့သည္။
"Fuck! ခါးလိုက္တာ"
ေရွာင္ဟြား၏ စကားေၾကာင့္ ရွင္း မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။
"Fuck ဆိုတာ ဘာကို ေျပာတာလဲ ေရွာင္ဟြား"
"အမ္"
ရီဟြား ဆြံ႕အသြားရသည္။ ေဆးအရမ္း ခါးေသာေၾကာင့္ သူ ေယာင္၍ ထြက္သြားျခင္းျဖစ္သည္။
"Fuckဆိုတာ ေဆးကိုေျပာတာ...ေဆးကို ေနာက္တမ်ိဳးေခၚတဲ့သေဘာေပါ့...Fuck ခါးလိုက္တာ ဆိုတာ ေဆးကခါးလိုက္တာလို႔ ေျပာတာ"
ရွင္း မ်က္ေမွာင္မ်ား ႀကဳံ႕ေနဆဲပင္။ ေရွာင္ဟြား ေျပာေသာစကားက မမွန္ေလာက္ဟု သူ႕စိတ္ထဲ ထင္ေနမိသည္။
"ကိုယ္ အဲလိုေခၚတယ္လို႔ တစ္ခါမွ မၾကားဖူးဘူး"
"ခုၾကားဖူးၿပီပဲ မွတ္လိုက္ေတာ့...ေဆးက အရမ္းခါးလြန္းတယ္...ကြၽန္ေတာ္ ဆက္မေသာက္နိုင္ေတာ့ဘူး"
"ကိုယ္ အခ်ိဳ ပြဲယူခိုင္းလိုက္မယ္"
"ဟင့္အင္း...ကြၽန္ေတာ္ အဲဒီေဆးခါး မေသာက္ခ်င္ဘူးေနာ္....မေသာက္ဘူး....လုံးဝမေသာက္ဘူး"
ကေလးမ်ားကဲ့သို႔ ဂ်ီက်ေနေသာ ေရွာင္ဟြားေၾကာင့္ ရွင္း ေခ်ာ့ေမာ့ေျပာဆိုရေတာ့သည္။
"ေရွာင္ဟြား မဆိုးနဲ႕ကြာ...အကိုက္အခဲေပ်ာက္ေဆးက ေသာက္မွျဖစ္မယ္...မဟုတ္ရင္ ကိုက္ခဲေနမွာ...နည္းနည္းေလာက္ ဝင္ေအာင္ေသာက္လိုက္"
"ဟင့္အင္း မေသာက္ဘူး"
လုံးဝ ျငင္းဆန္ေနေသာ ေရွာင္ဟြားေၾကာင့္ ရွင္း သက္ျပင္းခ်မိသည္။
"မေသာက္ခ်င္ဘူးမလား...သက္သာေနၿပီေပါ့"
ရွင္း ေျပာလာေသာ စကားေၾကာင့္ ေရွာင္ဟြား ေၾကာင္အကာ ရွင္း မ်က္လုံးမ်ားအား ၾကည့္လိုက္မိသည္။ မ်က္လုံးမ်ားသည္ အဓိပၸါယ္ဖတ္ရ ခက္ခဲေနေလသည္။
ရွင္းသည္ ေဆးခြက္အား ေရွာင္ကုန္းဇီထံ ျပန္ေပးလိုက္သည္။ ထို႔ေနာက္ ရွင္း၏ လက္မ်ားသည္ သူ၏ အကၤ်ီခါးပတ္ထံ လွမ္းလာခ်ိန္တြင္ ရီဟြား လက္မ်ားအား ပိတ္ပင္တားဆီးလိုက္ရသည္။
"ရွင္း ဘာလုပ္တာလဲ"
မ်က္လုံးစြန္းမွ ေခါင္းငုံ႕ထားေသာ ေရွာင္ကုန္းဇီ၏ ပုံရိပ္အား ျမင္မိေတာ့ မ်က္ႏွာတစ္ခုလုံး နီရဲသြားရသည္။
"ေဆးမလိုေလာက္ေအာင္ သက္သာေနၿပီမလား...ထပ္လုပ္လည္း ဘာမွမျဖစ္ေတာ့ဘူး"
ထိုသို႔ေျပာၿပီး တားဆီးထားေသာ လက္မ်ားအား ဖယ္လိုက္သူေၾကာင့္ ရီဟြား အျမန္ေျပာလိုက္ရသည္။
"ေသာက္မယ္...ကြၽန္ေတာ္ ေဆးေသာက္မယ္"
ရွင္း၏ လက္မ်ားသည္ ရပ္တန႔္သြားၿပီး သူ၏ကိုယ္မွ ဖယ္ခြာသြားသည္။
လက္မ်ား၏ ဦးတည္ရာက ပါးျပင္ထက္သို႔ ေရာက္ရွိသြားၿပီးေနာက္ ပါးႏုႏုအား ဆြဲဖဲ့လိုက္၏။
"စကတည္းက အဲလို လိမၼာမွေပါ့"
ေရွာင္ကုန္းဇီထံမွ ေဆးခြက္အား ျပန္ယူလိုက္ၿပီး ရွင္း ေဆးတစ္ဇြန္း ခပ္ကာ ခြံ႕တိုက္လိုက္သည္။
ေရွာင္ဟြား နာခံစြာ ေဆးေသာက္ေလေတာ့သည္။
"ရွင္း တကယ္ အရမ္းခါးတယ္"
မ်က္ႏွာ ရႈံ႕မဲ့ကာ ေျပာလာေသာ ခ်စ္ရသူေၾကာင့္ ေရွာင္ကုန္းဇီဘက္ လွည့္ကာ အျမန္ေစခိုင္းလိုက္ရသည္။
"ေရွာင္ကုန္းဇီ ခုခ်က္ခ်င္း အခ်ိဳပြဲ ျမန္ျမန္သြားယူခဲ့ေပး"
"မွန္ပါ မင္းႀကီး"
သူ႕ အရွင္သခင္ မင္းႀကီး၏ စိတ္ေလာေနမႈေၾကာင့္ ေရွာင္ကုန္းဇီလည္း မေပါ့ဆရဲေတာ့ဘဲ အခ်ိဳပြဲယူရန္ အျမန္ထြက္လာလိုက္သည္။
"ေရွာင္ဟြား နည္းနည္းေလး ထပ္ေသာက္လိုက္...ေရွာင္ကုန္းဇီ အခ်ိဳ ပြဲယူလာလို႔ စားလိုက္ရင္ မခါးေတာ့ဘူး"
ရီဟြား သည္းခံလိုက္ၿပီး ထပ္၍ ခြံ႕တိုက္လာေသာေဆးဇြန္းမ်ားအား က်ိတ္မွိတ္ ၿမိဳခ်လိဳက္ရသည္။
တခဏအၾကာတြင္ ေရွာင္ကုန္းဇီသည္ အခ်ိဳပြဲပန္းကန္အား ကိုင္ကာ နန္းေဆာင္ထဲ ျပန္ေရာက္လာေလသည္။
ရွင္း ေရွာင္ကုန္းဇီလက္ထဲမွ အခ်ိဳပြဲပန္းကန္အား ယူကာ အခ်ိဳမုန႔္တစ္ခုကို ေရွာင္ဟြားပါးစပ္ထဲ ခြံ႕ေကြၽးလိုက္သည္။
အခ်ိဳမုန႔္ တစ္ခုစားၿပီးေနာက္ ရီဟြား ခါးသည့္အရသာ ေပ်ာက္သြားေသာေၾကာင့္ ရွင္း ခြံ႕ေကြၽးရန္ ျပင္ေနသည့္ ေနာက္မုန႔္တစ္ခုအားစားရန္ ျငင္းဆန္လိုက္သည္။
"ရွင္း ကြၽန္ေတာ္ မခါးေတာ့ဘူး...ေတာ္ၿပီ"
"အင္း"
ရွင္းသည္ ေရွာင္ကုန္းဇီလက္ထဲသို႔ အခ်ိဳမုန႔္ပန္းကန္အား ျပန္ထည့္လိုက္၏။
ထိုစဥ္ အျပင္ဘက္ရွိ တံခါးေစာင့္မ်ားထံမွ ေလွ်ာက္တင္သံထြက္လာေလသည္။
"အရွင္မင္းႀကီး စစ္သူႀကီး ေရာက္ေနေၾကာင္းပါ"
အကိုႀကီး နာမည္ၾကားလိုက္ေသာေၾကာင့္ ရီဟြား ေစာင္မ်ားအား ေဘးဖယ္လိုက္ၿပီး အိပ္ရာထက္မွ ၾကမ္းျပင္သို႔ ေျခႏွစ္ေခ်ာင္းခ်လိဳက္သည္။ ထို႔ေနာက္ ရႈပ္ပြေနေသာ ဆံပင္မ်ားအား မပြေတာ့ေအာင္ သပ္ခ်လိဳက္ၿပီး ကပိုကယိုျဖစ္ေနေသာ အကၤ်ီမ်ားအား ေသခ်ာက်နေအာင္ ျပန္ျပင္လိုက္ရသည္။
ရွင္း ေရွာင္ဟြား လုပ္ေနသည္မ်ားအား ၾကည့္ေနလိုက္ၿပီး အားလုံး အဆင္သင့္ျဖစ္သြားပုံရေသာအခါမွ ဝင္ခြင့္ျပဳလိုက္၏။
"ဝင္ခဲ့ခိုင္းလိုက္"
တံခါးသည္ ပြင့္လာၿပီးေနာက္ အိပ္ေဆာင္ထဲသို႔ စစ္သူႀကီးဝင္လာေလသည္။
"အရွင္မင္းႀကီးကို ဂါရဝျပဳပါတယ္"
မုခ်န္း မင္းႀကီးအား အရိုအေသေပးလိုက္ၿပီးေနာက္ ဟြားေအာ္ဘက္သို႔ ၾကည့္လိုက္သည္။
အုပ္ထိန္းသူျဖစ္ေသာ သူ႕အား ခြင့္မေတာင္းဘဲ မင္းႀကီးနန္းေဆာင္၌ အိပ္ခဲ့ေသာ ေကာင္ေလးသည္ ခုထိ အိပ္ေရးဝပုံ မေပၚေသးေပ။
အေတာင္အလက္ စုံလင္ေနၿပီျဖစ္ေသာညီေလးအား ၾကည့္ရင္း ရင္ထဲတြင္ ဝမ္းနည္းလာရသည္။ မ်က္စိေရွ႕တြင္ တယုတယျပဳစုပ်ိဴးေထာင္ခဲ့ရေသာ ညီေလးသည္ မၾကာခင္တြင္ သူ႕အား တစ္ေယာက္တည္း ထားခဲ့ေတာ့မည္။
မိဘမ်ား မရွိေတာ့ကတည္းက ညီေလးသည္သာ သူ႕ဘဝျဖစ္လာၿပီး တခုခုလုပ္ေတာ့မည္ဆိုတိုင္း ညီေလး၏ မ်က္ႏွာအား အရင္ျမင္ေယာင္တတ္သည္။ညီေလးအတြက္ သူဆုံးရႈံးခံလိုက္သည့္ အရာမ်ားစြာလည္း ရွိေလသည္။
ေပးရမွာ အရမ္းႏွေျမာမိေသာ္လည္း ညီေလး မ်က္ႏွာတစ္ခ်က္ ညိုးရင္ပင္ မေနတတ္သူမို႔ သူ႕တြင္ ကန႔္ကြက္ရဲသည့္ သတၱိမရွိေပ။ မင္းႀကီး၏ ညီေလးအေပၚထားသည့္ အခ်စ္တို႔အားလည္း သိျမင္သူ ျဖစ္ေသာေၾကာင့္ အကိုႀကီးအဖရာျဖစ္ေသာ သူ႕အေနျဖင့္ လက္လႊဲေပး႐ုံသာ ရွိသည္။
အရာရာ ျပည့္စုံလြန္းေသာ မင္းႀကီးအားလည္း အုပ္ထိန္းသူ တစ္ေယာက္အေနျဖင့္ ျငင္းပယ္စရာ မရွိ။ သို႔ေသာ္ မဂၤလာပြဲ မတိုင္ခင္ေတာ့ အခ်စ္ငွက္ႏွစ္ေကာင္အား တခဏ ခြဲထားရေပဦးမည္။
"စစ္သူႀကီး ဘာအေရးႀကီး ကိစၥရွိလို႔လဲ"
"မဂၤလာဓေလ့ထုံးစံအရ လက္ထပ္ပြဲ မေရာက္ခင္ သတို႔သားနဲ႕ သတို႔သမီးက ေတြ႕ဆုံလို႔ မရပါဘူး...ဒါက ထုံးစံမို႔ အရွင္မင္းႀကီး ဟြားေအာ္ကို အိမ္ေတာ္ျပန္ေခၚခြင့္ျပဳပါ...ဒီၾကားထဲလည္း အရွင္တို႔ေတြ႕ဆုံလို႔မရပါဘူး"
"အကိုႀကီး ဘာေတြေျပာေနတာလဲဟင္...သတို႔သားနဲ႕ သတို႔သမီး ေတြ႕ဆုံလို႔မရတာနဲ႕ ကြၽန္ေတာ္နဲ႕ ရွင္း ေတြ႕လို႔မရတာ ဘာဆိုင္လို႔လဲ"
ရီဟြား၏ နားမလည္နိုင္ေသာ ပုံစံေၾကာင့္ ရွင္း ဝင္ရွင္းျပလိုက္ရသည္။
"ကိုယ္တို႔ လက္ထက္မယ့္အေၾကာင္း ညီလာခံမွာ ေၾကညာလိုက္တာ...ကိုယ့္လုပ္ရပ္အတြက္ တာဝန္ယူတဲ့သေဘာပါ...ေရွာင္ဟြား လက္ထပ္ဖို႔ ကိစၥကို ေရွာင္ဖယ္ေနတာလည္း ၂ႏွစ္ရွိၿပီေလ...ခုကအခ်ိန္တန္ၿပီထင္လို႔ ကိုယ္က"
"ကြၽန္ေတာ္ သေဘာတူေသးလို႔လား...ဘာလို႔ ကြၽန္ေတာ့္ကို မတိုင္ပင္ဘဲ ေၾကညာရတာလဲ...ခုခ်က္ခ်င္း ျပန္႐ုတ္သိမ္းေပး"
ေရွာင္ဟြား စိတ္ေပါက္ေပါက္ႏွင့္ ရွင္းအား ေအာ္ပစ္လိုက္သည္။ သူ လက္ထပ္ရမည္ျဖစ္ေသာေၾကာင့္ စိတ္တိုျခင္း မဟုတ္။ သူ႕အား မတိုင္ပင္ဘဲ တစ္ေယာက္တည္း ဆုံးျဖတ္လိုက္ျခင္းေၾကာင့္ စိတ္တိုျခင္းသာ ျဖစ္သည္။
"ေရွာင္ဟြားေအာ္...တိတ္စမ္း...လက္ထပ္ပြဲကို ကေလးကစားစရာ ထင္ေနလား...ေၾကညာထားတာကို ျပန္႐ုတ္သိမ္းလို႔ မရဘူး....အမတ္ခ်ဳပ္ျဖစ္ေနၿပီး ဒါေလးေတာင္ မသိဘူးလား....ဘယ္လိုေတာင္ မင္းႀကီးကို မရိုမေသျပဳမူေနတာလဲ"
အကိုႀကီး၏ ဆူေငါက္သံေၾကာင့္ ရီဟြား မေက်မနပ္ျဖစ္ေနေသာ မ်က္ႏွာႏွင့္ ၿငိမ္ေနလိုက္ရသည္။ ခုထိေတာ့ ရွင္း အေပၚ သူ စိတ္ဆိုးေနဆဲပင္။
"ေရွာင္ဟြား ကိုယ္က မင္းကို ေအးေဆးေျပာျပမလို႔ပဲ...ကိုယ္တို႔အတူတူလည္း ေနၿပီးၿပီမို႔ ကိုယ္လက္ထပ္ဖို႔ ေၾကညာလိုက္တာ...မင္းလည္း သေဘာတူမယ္လို႔ထင္လိုက္မိတယ္...စိတ္ဆိုးသြားေစဖို႔ ကိုယ္ တကယ္ မရည္႐ြယ္ပါဘူး"
ေျပာေနေသာ စကားမ်ားအား ေရွ႕ရွိ လူႏွစ္ေယာက္သည္ ဘာမွ်မျဖစ္သကဲ့သို႔ ေျပာေနေသာ္လည္း မုခ်န္းသည္ေတာ့ မ်က္ႏွာတစ္ခုလုံး ပူလာရသည္။
ရီဟြား ရွင္းအား စိတ္ဆိုးမေျပေသးေသာေၾကာင့္ တစ္ဖက္သို႔ လွည့္ကာ မ်က္ႏွာလႊဲဖယ္ေနလိုက္၏။
"အရွင္မင္းႀကီး...ဟြားေအာ္က အလိုလိုက္လို႔ ပိုဆိုးေနတာ...ကြၽန္ေတာ္ကပဲ ညီေလးအစား ေတာင္းပန္ပါတယ္"
"မဟုတ္တာ....စစ္သူႀကီးအမွား မဟုတ္ပါဘူး"
"ဟုတ္တယ္ အကိုႀကီး အမွားမဟုတ္ဘူး...အကိုႀကီး ေတာင္းပန္စရာမလိုဘူး"
အလိုလိုက္သူမ်ားႏွင့္ဆိုလွ်င္ အၿမဲဆိုးတတ္ေသာ ညီငယ္ႏွင့္ အခက္ေတြ႕ေနေသာ မင္းႀကီးအား ၾကည့္ကာ မုခ်န္း သက္ျပင္းခ်လိဳက္မိသည္။
"မင္းႀကီး ကြၽန္ေတာ္မ်ိဳး ဟြားေအာ္ကို အိမ္ေခၚသြားခြင့္ျပဳပါ"
ရွင္းယြဲ႕ တစ္ဖက္သို႔ ေစာင္းငဲ့ေနေသာေရွာင္ဟြားအား ၾကည့္လိုက္သည္။ စိတ္ဆိုးလွ်င္ ေတာ္ေတာ္ၾကာတတ္ေသာ ေကာင္ေလးအား ျဖည္းျဖည္းခ်င္း ေခ်ာ့မွသာ ရမည္ျဖစ္ေၾကာင္း နားလည္လိုက္သည္။
ေရွာင္ဟြား မဂၤလာပြဲမတိုင္ခင္ စိတ္ဆိုးေျပေစရန္ သူ အေကာင္းဆုံးႀကိဳးစားရေတာ့မည္။ လူ႕စည္းမ်ဥ္း ဓေလ့ထုံးတမ္းအားလည္း မလႊဲဖယ္ခ်င္ေသာေၾကာင့္ ရွင္းယြဲ႕ လက္ခံရန္ ဆုံးျဖတ္လိုက္၏။
"ေကာင္းၿပီ စစ္သူႀကီး...ေရွာင္ဟြားကို ေသခ်ာဂ႐ုစိုက္ ေစာင့္ေရွာက္ေပးပါ"
"မွန္ပါ"
မုခ်န္း မင္းႀကီးအား ႏႈတ္ဆက္ဂါရဝျပဳလိုက္ၿပီး ဟြားေအာ္အား စူးစိုက္ၾကည့္လိုက္သည္။
သူ၏ အၾကည့္အား သတိထားမိေသာ ညီေလးသည္ ႏႈတ္ခမ္းတို႔အားဆူကာ ခ်က္ခ်င္းအိပ္ရာထက္မွ ထလိုက္ေလသည္။
အျမန္လႈပ္ရွားလိုက္ေသာေၾကာင့္ ဒူးမ်ားေခြလဲက်မလို ျဖစ္သြားရၿပီး ယိုင္ထိုးသြားေလသည္။
ရွင္းႏွင့္ မုခ်န္းတို႔ ရီဟြား၏ လက္တစ္ဖက္စီအား အျမန္ထိန္းကိုင္လိုက္ရသည္။
"ေရွာင္ဟြား ဂ႐ုစိုက္ေလ ကိုယ္လိုက္ပို႔မယ္"
"ဖယ္ပါ အကိုႀကီးရွိတယ္...ဘာမွမျဖစ္ဘူး လိုက္မလာခဲ့နဲ႕"
သူကိုင္ထားေသာလက္အား ဆြဲဖယ္ကာ ေျပာလိုက္ေသာ ေရွာင္ဟြားေၾကာင့္ ရွင္း ၿငိမ္ေနလိုက္ရသည္။
မုခ်န္း ဟြားေအာ္၏ လက္အားေသခ်ာထိန္းကိုင္ၿပီး ေလွ်ာက္ရအဆင္ေျပေစရန္ ကူညီလိုက္သည္။ သူ၏ မ်က္ႏွာသည္ေတာ့ မည္းေမွာင္ေနေလၿပီ။
အခ်ိန္တခဏေလးအတြင္းမွာပင္ ရီဟြားႏွင့္ မုခ်န္းတို႔ နန္းေဆာင္ထဲမွ ထြက္သြားၾကသည္။
"မင္းႀကီး အမတ္ခ်ဳပ္ႀကီးကို ဘယ္လို ျပန္ေခ်ာ့ဖို႔ စဥ္းစားထားလဲ"
အခန္းထဲ က်န္ရွိေသာ ေရွာင္ကုန္းဇီ၏ စကားေၾကာင့္ ရွင္း စိတ္ေကာက္လြယ္သူေလးအား မည္သို႔ျပန္ေခ်ာ့ရမည္နည္းဟု အေတြးမ်ားသြားရေလေတာ့သည္။
******************
ရီဟြား အိမ္ေရာက္ေနသည္မွာ နာရီပိုင္းပင္ ရွိေသးေသာ္လည္း လြန္စြာ ပ်င္းရိေနေလၿပီ။ အကိုႀကီးသည္လည္း မဂၤလာကိစၥႏွင့္ ပတ္သတ္၍ အလုပ္ရႈပ္ေနေသာေၾကာင့္ သြားေႏွာင့္ယွက္၍လည္း မရ။ ယြီေလးသည္လည္း အကိုႀကီး၏ ခိုင္းေစမႈေၾကာင့္ ဟိုေျပးဒီေျပး လႈပ္ရွားသြားလာေနရသည္။
သူမွ လြဲ၍ အကုန္လုံးသည္ အလုပ္ရႈပ္ေနၾကသည္။ခုခ်ိန္ ကမာၻေပၚတြင္ အအားလပ္ဆုံး လူအား ျပပါဆိုလွ်င္ သူ႕အား လက္ညိုးထိုးျပရေပလိမ့္မည္။ သူ႕မဂၤလာပြဲျဖစ္ေသာ္လည္း ဘာမွ လုပ္စရာမလိုေအာင္ ေအးေဆးေန, ေနရေလသည္။
စကားေျပာေဖာ္ အကိုႀကီးလည္း မရွိ။ ယြီေလးလည္း မရွိေသာေၾကာင့္ အၿမဲေဘးနားရွိေနတတ္ေသာ အလိုလိုက္သည့္ခ်စ္သူကိုပင္ သတိရသြားရသည္။ စိတ္ဆိုးတာ နာရီပိုင္းမွ်ပင္ ရွိေသးေသာေၾကာင့္ ဟန္ဖို႔ရန္ ခ်က္ခ်င္းေပၚလာေသာ စိတ္အား ေမ့ေဖ်ာက္ပစ္လိုက္ရသည္။
"အမတ္ခ်ဳပ္ႀကီးဆီ ဖိတ္စာတစ္ေစာင္ ေရာက္လာပါတယ္"
အၿမဲလိုလို ကိုယ္ေဖာ့သိုင္းမ်ားသုံးကာ တေစၦကဲ့သို႔ေရာက္လာတတ္သူမ်ားအား ယခုအခ်ိန္တြင္ သူ မေၾကာက္ေတာ့။ သူေတာင္ ေတာ္ေတာ္သတၱိရွိေနေလၿပီ။
ဖိတ္စာဆိုေသာေၾကာင့္ စိတ္ဝင္စားကာ စာအားယူ၍ ဖြင့္ဖတ္ၾကည့္လိုက္သည္။ မ်က္လုံးမ်ားတြင္ ဝမ္းသာရိပ္မ်ားေပၚလာရသည္။
ရွင္းရန္မွ သူ႕အား အိမ္ေတာ္သို႔ လာလည္ရန္ ဖိတ္ေခၚထားျခင္းျဖစ္သည္။ စကားေျပာေဖာ္ မရွိ၍ ပ်င္းေနခ်ိန္တြင္ အခ်ိန္ကိုက္ေရာက္လာေသာ သူငယ္ခ်င္းမ၏ ဖိတ္ေခၚစာေၾကာင့္ ရီဟြား လြန္စြာ ေပ်ာ္႐ႊင္သြားရသည္။
"အကိုႀကီး ေမးရင္ ငါ ရွင္းရန္ဆီသြားတယ္ေျပာလိုက္"
ျပန္ေျဖသည္ကိုပင္ မေစာင့္ေတာ့ဘဲ ရီဟြား အျမန္ထြက္လာခဲ့လိုက္သည္။ တားဆီးသံမ်ားလည္း နားေထာင္မေနေတာ့။ သူ မေတြ႕တာၾကာေသာ ရွင္းရန္အား ေတြ႕ဆုံရရန္သည္သာ အဓိကျဖစ္ေနသည္။
သူ၏လွည္းယာဥ္ ဝမ္ရယ္၏အိမ္ေတာ္ေရွ႕ ေရာက္ရွိသြားေသာအခါ လွည္းယာဥ္ေပၚမွ ဆင္းလိုက္သည္။ အိမ္ေတာ္တံခါးမေရွ႕ ေရာက္သည္ႏွင့္ ေျမာက္မ်ားလွေသာ တံခါးေစာင့္တို႔သည္ သူ႕အား ခ်က္ခ်င္းတံခါးဖြင့္ေပးၾကသည္။
ရီဟြား အိမ္ေတာ္ထဲ ဝင္လိုက္သည္ႏွင့္ ယြီေလးႏွင့္ ႐ြယ္တူေကာင္ေလးတစ္ေယာက္သည္ တရိုတေသျဖင့္ သူ႕အား အရိုအေသျပဳလာေလသည္။
"အမတ္ခ်ဳပ္ႀကီး...သခင္မေလးက ဥယ်ာဥ္ေတာ္ဘက္မွာပါ...ကြၽန္ေတာ္မ်ိဳး လမ္းၫႊန္ျပသပါ့မယ္"
"အင္း"
ေကာင္ေလးေခၚရာသို႔ ရီဟြားလိုက္သြားလိုက္ေတာ့ ဥယ်ာဥ္ေတာ္ဘက္သို႔ ေရာက္သြားေလသည္။ နန္းေတာ္ရွိ ဥယ်ာဥ္ေတာ္ေလာက္ မခမ္းနား မႀကီးက်ယ္ေသာ္လည္း ပန္းမ်ားစြာျဖင့္ လြန္စြာ လွပၿပီး ေနခ်င္စဖြယ္ေနရာေလးပင္။
ဥယ်ာဥ္ထဲရွိ စားပြဲဝိုင္းတစ္ခုတြင္ထိုင္ကာ လက္ဖက္ရည္ေသာက္ေနသည့္ ေအးေဆးတည္ၿငိမ္လြန္းေသာ မိန္းမလွေလးအား ျမင္လိုက္ရခ်ိန္တြင္ေတာ့ ရီဟြား လြန္စြာအံ့အားသင့္သြားရေလေတာ့သည္။
*********************