ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 166K 22.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 18(unicode)

7.4K 1.4K 132
By melieee2

Chapter 18; ရယ်မောခြင်းသည် ကူးစက်တတ်သောရောဂါဖြစ်၏။

ကျန်ချန်သည် အိပ်ခန်းထဲတွင်ဆောင့်ကြောင့်
ထိုင်၍စာအုပ်စင်အသေးလေးဆောက်နေ၏။
သူက ဇီဇာကြောင်လွန်းသည့်အတွက်ကြောင့် သူ့တစ်ကိုယ်လုံးချွေးရွဲနေခဲ့သည့် တိုင်အောင် စာအုပ်စင်ဆောက်လို့မပြီးသေးပေ။ထို့အပြင် သူကအချိန်ပြည့်ပိုက်ဆံတွေကိုDaddyဆီမှာသွားဖို့နေမိခဲ့သည်။ယခုထိုပိုက်ဆံတွေကိုပြန်
ပြီးအသုံးချရမည့်အချိန်ရောက်လာပြီဖြစ်၏.

[TN Daddy means Technology ပိုင်းဆိုင်ရာ ကုပ္မဏီပိုင်ရှင်ကို ချစ်စနိုးခေါ်တာပါ]

ဤစာအုပ်စင်ငယ်အတွက် ယွမ်ငါးရာတောင်ပေးခဲ့ရသည်။ပစ္စည်းများကလေးလည်းလေးသေး၏။ သူ့လက်ထဲမှအသားဘောင်တန်းကို တစ်ခုလုံးနီးပါးတပ်ဆင်ပြီးသွားသော်လည်း၊ အောက်ခံဘောင်တပ်ဆင်သည့်နည်းလမ်းကမမှန်ကန်သည်အတွက်၊ပုံကြမ်းပေးထားသည့် ဒီဇိုင်း နှင့် တစ်ခုမျှ မတူဘူးဖြစ်နေသည်။

ကျန်ချန် ပုံကြမ်းအညွှန်းစာအုပ်ကိုစိုက်ကြည့်လိုက်တယ်။သူ ထောက်တိုင်များကိုသစ်သားပြားအခြေတွင် တစ်စုတစ်စည်းတည်းထား၍ အပေါက်ငယ်များကိုသံချောင်းထည့်ပြီး ဝက်
အူလှည့်ဖြင့်လှည့်လိုက်တယ်။ ဝက်အူလှည့်ရုံနှင့်အဆင်မပြေသည့်အခါ တူဖြင့် ရိုက်ရန်လိုအပ်လာသည်။

တူ...တူ......

ထိုအချိန်တွင်,လီပေါင်ကော်သည်အသံမပေးပဲ အခန်းတံခါးကိုတွန်းဖွင့်၍ဝင်လာသည်။သူ့အသံက အလွန်ကျယ်၏။
"အဲ့ပစ္စည်းတွေက Online ပေါ်ကဝယ်တာလား ။ "

လူငယ်တစ်ယောက်၏အခန်းတံခါးပိတ်ထားလျှင် ယခုလိုမျိုး အလွယ်တကူတွန်းဖွင့်၍ဝင်မလာသင့်ပေ။ အနည်းဆုံး , လီပေါင်ကော်က
တံခါးလေးခေါက်ပြီးမှဝင်သင့်သည်။သူ့အသံကြောင့်ကျန်ချန်နှလုံးသားသည်လည်ချောင်းထဲမှ ခုန်ထွက်တော့မယောင်ခံစားလိုက်ရ၏။

သူ့လက်ထဲမှတူဖြင့် သူ့ဘယ်ဘက်လက်မကို ရိုက်မိပြီး အသံတောင်မြည်လာ၏။ အချ်ိိန်တိုအတွင်း လက်မထိပ်မှတဆစ်ဆစ်နာကျင်လာမှုကြောင့် ကျန်ချန်အံကြိတ်မိလိုက်သည်။

လီပေါင်ကော်က မေးလာ၏။
"စာအုပ်စင်မလား။ "

ကျန်ချန် အံတင်းတင်းကြိတ်ပြီး ပြန်ဖြေလိုက်တယ်။
"ဟုတ်တယ်။"

"ဘယ်လောက်ပေးလိုက်ရတာလဲ။"
လီပေါင်ကော်က အခန်းထဲသို့ဝင်လာပြီး ပြန့်
ကျဲနေသည့် သစ်သားများကိုကောက်ကိုင်ပြီး ကြည့်လာသည်။
" ကိုယ့်ဘာသာကိုယ်တပ်နေတာလား။"

"ဟုတ်တယ်။"
ကျန်ချန် အသက်ပြင်းပြင်းရှုသွင်းလိုက်သည့်အခါနာကျင်မှုကနည်းသွား၏။လီပေါင်ကော်ကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။
"နောက်တစ်ခါ အခန်းထဲဝင်ရင် တံခါးခေါက်ပြီးမှ ဝင်လို့မရဘူးလား။ "

"တံခါးခေါက်ရမယ်?။ "
လီပေါင်ကော်က ခဏမျှ အံ့သြနေပြီးနောက် ကျန်ချန် သူ့ကိုဟာသတစ်ခုပြောလိုက်သကဲ့
သို့တဟားဟားနှင့်ရယ်မောလာသည်။သူက ရယ်ပြီးသွားသည်အခါကျန််ချန်ကိုပြန်ကြည့်
လာ၏။
"တံခါးခေါက်ရမယ်။ဒါကငါ့သားအခန်းလေ။ငါ့သားအခန်း ငါဝင်တာ တံခါးခေါက်စရာလိုလို့လား။ မင်းတောင် ငါ့ရဲ့သုတ်ရည်ကြောင့် လူဖြစ်လာတာမဟုတ်လား။ "

"ဘယ်လို.....!"
ကျန်ချန် အလန့်တကြားဖြစ်သွားတယ်။

"ငါက စနေတာပါ။ "
လီပေါင်ကော်က ဆက်တိုက် ရယ်မောလာပြီး သူ့ကို လက်ညိုးတထိုးထိုးဖြင့်ပြောလာ၏။
"အရူးလေး ,ဘာလို့ ဒီလောက်ထိ လန့်သွားတာလဲ။"

"မဟုတ်ပါဘူး။"
ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသောသစ်သားခင်းများကို ကျန်ချန် ပြန်ပြီးကြည့်လိုက်တယ်။သူ
လီပေါင်ကော်ကိုမကြည့်တော့ပဲ သူ့အလုပ်သူဆက်လုပ်နေလိုက်သည်။

လီပေါင်ကော်ကပြောလာ၏။
"ငါ မင်းကိုပြောမယ်,ငါတို့မိသားစုမှာ စည်း
မျဥ်းစည်းကမ်းမရှိဘူး။ ပြီးတော့ လူဆင်းရဲတွေကလူချမ်းသာတွေလိုမျိုး သိက္ခာမထားနိုင်ကြဘူး။မင်းကိုယ်မင်း ကြည့် ,စာအုပ်စင်လေးတောင်မဆောက်တတ်ဘူး။ ဒါပေမယ့်
ကိစ္စမရှိဘူး,မင်းက ပညာရေးမှာထူးချွန်တယ်။စာတော်တဲ့ကလေးတွေက တစ်ခြားနေရာတွေမှာ သိပ်မတော်ကြဘူး။ "

သူ့အတွက် လီပေါင်ကော်၏အကျိုးမရှိသည့်စကားတွေကိုနားထောင်ပြီး သူ လုပ်နိုင်သည်မှာပါးစပ်ပိတ်နေတာခြင်းဖြစ်သည်။သူ အသံ
တိတ်ပြီးဆန္ဒပြလျှင် လီပေါင်ကော်ကအခန်းအပြင်သို့ထွက်သွားဖို့ရန် မျှော်လင့်ထား၏။

ဒါပေမဲ့ လီပေါင်ကော်က ထွက်မသွားသည့်အပြင် ကျန်ချန်ဘေးတွင် ထိုင်ချလာသည်။
"ငါ တစ်ချက်လောက်ကြည့်ပါအုံးမယ်။ "

ကျန်ချန်က တုတ်တုတ်တောင်မလှုပ်သည့်အခါ သူက သစ်သားခင်းတွေကို အနီးကပ် ကြည့်လာသည်။ ထို့နောက် အညွှန်းစာအုပ်တစ်အုပ်လုံးကို လှန်လောကြည့်လာ၏။
"ဖယ်, ငါလုပ်ပေးမယ်။"

ကျန်ချန် သူ့ကိုခေါင်းလှည့်ကြည့်လိုက်တယ်။
"ဟမ်..?"

လီပေါင်ကော်က သစ်သားခင်းနှစ်ချပ်ယူပြီးတပ်ဆင်နေလျှက်ရှိသည်။
"ဒါက ဒီလောက်လွယ်လွယ်လေးကို။မင်းကို ပြောမယ်,ဒီပစ္စည်းတွေက ပိုက်ဆံ အပိုဖြုန်းနေတာပဲ။ငါ့မှာ သစ်သားပြားနည်းနည်းရှိရင် ငါ မင်းအတွက် စာအုပ်စင်ကို နှစ်နာရီအတွင်း ဆောက်ပေးလို့ရတယ်။"

လီပေါင်ကော်၏သွက်လက်စွာလှုပ်ရှားနေတဲ့လက်တွေကို ကျန်ချန် အသံတိတ် ကြည့်နေမိ
သည်။ လောင်းကစားဝိုင်းမှာ အမြဲ ရှိနေသည့် လီပေါင်ကော်ထက်၊ယခု သူ့အရှေ့မှာရှိနေတဲ့ လီပေါင်ကော်ကပိုမျက်စိပဒေသာဖြစ်၏။

လီပေါင်ကော်က နာရီဝက်အတွင်း စာအုပ်စင်တပ်ဆင်ပြီးသွားသည်။သူက အညွှန်းစာအုပ်
တောင် ပြန်ကြည့်နေစရာမလိုပေ။

"အိုကေ , ပြီးပြီ။"
လီပေါင်ကော်ကစာအုပ်စင်ကိုကြည့်ပြီး လက်
ခုပ်တီးလာသည်။
"ပစ္စည်းဒီဇိုင်းကလည်း ကြည့်ရဆိုးလိုက်တာ၊
မင်းဘယ်လောက်ကုန်သွားလဲ။"

"ယွမ်သုံးရာ။"
မူလတွင် ကျန်ချန်က သူ့ကို ယွမ်လေးရာဟူ၍
ပြောလိုက်ချင်သော်လည်း စျေးကိုလျော့ပေါ့ပြီး ပြောလိုက်တယ်။

"ယွမ်သုံးရာ!။"
လီပေါင်ကော်ကအံ့အားတကြီးအော်လာ၏။
"ဒီသစ်သားပြားနည်းနည်းကိုယွမ်သုံးရာပေးရတယ်?။မင်းက ဘာကောင်းလို့ ကောင်းမှန်း မသိတဲ့ကောင်လေးပဲ။ အာ....,ပိုက်ဆံတွေကို လျှောက်ပြီးသုံးနေတယ်။ "

ကျန်ချန် အသံတိတ် နေလိုက်တယ်။ သူက ယွမ်နှစ်ရာလိမ်ပြီးပြောလိုက်တာဖြစ်သည်။ဒါပေမဲ့ လီပေါင်ကော်သည် ယွမ်တစ်ရာဆိုလျှင်တောင် အံ့အားသင့်နေနိုင်၏။

စာအုပ်စင်သည်စျေးပေါတယ်ပြော၍မရပေ။ ပထမအချက်, ပစ္စည်းအရည်အသွေးကောင်း
တယ်။ ဒုတိယအချက် , ဒီဇိုင်းကို သူသဘော
ကျတယ်။ လက်ရှိအိပ်ခန်းသည် သူ့ကိုယ်ပိုင်
အခန်းမဟုတ်ပေမယ့် နောင်တွင် သူ့ကိုယ်ပိုင်အိပ်ခန်း ဖြစ်လာမှာဖြစ်သည်။အိပ်ခန်းထဲမှာ သူ့အပိုင်ပစ္စည်း တစ်ခုခု ရှိသင့်တယ်မဟုတ်လား။

ထိုအကြောင်းကို လီပေါင်ကော်နားလည်မည်မဟုတ်၊ သူကလည်း လီပေါင်ကော် နားလည်လာအောင် ပြောပြမှာမဟုတ်ဘူး။

"ငါ့သားကတော့ သိက္ခာအပြည့်ပဲ။"
လီပေါင်ကော်က သက်ပြင်းချလာ၏။
"ဒါပေမဲ့ အဖေဖြစ်သူက အသေးအမွှားလေး
တောင် အကြွေးဝယ်နေရတယ်။"

ကျန်ချန် သူ့ကို ဗလာသက်သက် စိုက်ကြည့်လိုက်တယ်။
"ခင်ဗျား ဘယ်မှာ အကြွေးတင်ခဲ့တာလဲ။"

"အရင်တစ်ခါ ငါဝယ်ခဲ့တဲ့ ငါးအသားလုံးကို မှတ်မိလား။ မင်းတောင် အရသာရှိတယ်လို့ပြောတယ်လေ။ပြီးတော့ အရက်တစ်လုံး.... အာ,အဲ့ကလေးက တော်တော်မျက်လုံးလျှင်တယ်။မဟုတ်ရင်, အရက််ဖိုးပေးဖို့မလိုဘူး။
အရင်က ပိုက်ဆံတစ်ပြားမှမရှိလို့ အကြွေးယူထားတာတွေလည်း ရှိတယ်။"

ကျန်ချန် သူ့ကို စိုက်ကြည့်ရလွန်း၍မျက်လုံး များ အပြင်ထွက်ကျလာတော့မလိုမျိုးခံစားလာရ၏။

"ဘယ်လောက်လဲဆိုတော့.....,"
လီပေါင်ကော်က ရှက်ကိုးရှက်ကန်း အမူအရာ နှင့် သူ့ကိုကြည့်လာသည်။
"သား, မင်းလက်ထဲမှာ ပိုက်ဆံ နည်းနည်းရှိလား?။"

ကျန်ချန် သူ့ကိုမရှိဘူးလို့ပြောလိုက်ချင်သော်
လည်း၊ လွန်ခဲ့တဲ့ နာရီဝက်ကမှ လီပေါင်ကော်
သည် သူ့ကိုစာအုပ်စင်ဆောက်ပေးထားသည့်အတွက်မငြင်းနိုင်ခဲ့ဘူး။သူ့စိတ်သည် လွန်ဆွဲ
နေပြီး နောက်ဆုံး၌ ခံစားချက်က သူ့ကိုအနိုင်
ရသွား၏။လီပေါင်ကော်က သူ့ကိုစေတနာနှင့်ကူညီတယ်လို့ခံစားမိသောကြောင့်သူ့အကြွေးများဆပ်ပေးဖို့ကျန်ချန်ခေါင်းငြိမ့်လိုက်တယ်.
"ကျွန်တော် ဆပ်ပေးမယ်။"

လီပေါင်ကော်က သူ့တံတောင်ဆစ်ကို လှမ်းရိုက်လာ၏။
"ငါ့သားက သိတတ်လိုက်တာ။"

ကျန်ချန် မေးလိုက်တယ်။
"ခင်ဗျား ဘယ်ဆိုင်မှာအကြွေးတင်ခဲ့တာလဲ။ စုစုပေါင်းဘယ်လောက်ရှိလဲ။ကျွန်တော် အခုသွားပေးလိုက်မယ်။ "

"ငါတို့ လမ်းရဲ့တစ်လမ်းကျော်ကဆိုင်လေ။
ကုဖေးကို မင်းသိမှာပါ။ အဲ့ဒီ စတိုးဆိုင်က
တာ့ဖေးမိသားစုအပိုင်လေ။"

"ဘာပြောလိုက်တယ်။ ကုဖေး ?။"
လီပေါင်ကော်စကားမဆုံးသေးခင် ကျန်ချန် ဖြတ်ပြောလိုက်တယ်။သူစကားပြောနေချိန် သူ့အသံကခြောက်ကပ်ကပ်ဖြစ်၍နေသည်။

"ဟုတ်တယ်လေ။ သူလည်း မင်းကိုသိတယ်။ ငါမင်းကိုပြောရဦးမယ်၊ သူလည်း စီကျုံးမှာတက်တာ ။မင်း သူ့ကို သိတယ်မလား။"

ကျန်ချန် ရှက်လွန်း၍ သူ့ကို စကားမပြောချင်တော့ပေ။အနွေးထည်ကို ကောက်ယူလိုက်ပြီး တိုက်ခန်းအပြင်သို့ သူ ထွက်လာလိုက်တယ်။

ရှက်စရာကောင်းလိုက်တာ !

သူ့အဖေရင်းက သူနှင့်ရန်ဖြစ်ထားတဲ့အတန်း
ဖော်၏စတိုးဆိုင်မှာ အကြွေးတင်နေတယ်....

လီပေါင်ကော်၏အခုဘဝအခြေအနေကြောင့် အကြွေးယူခြင်းကို သူ လက်ခံပေး၍ ရသည်။
သို့သော် သူကအကြွေးယူသည့်အပြင်ပစ္စည်း ခိုးသေး၏။

ပြီးတော့ သူခိုးတာကို ကုဖေးမိသွားတယ်။

Fuckk!

Fuckkk fuckkk fuckkkk !

တစ်ဆွေလုံးတစ်မျိုးလုံး...fuckk !

ဘာ့ကြောင့် သူက သူကိုယ်တိုင်သွားပေးရမှာလဲ။လီပေါင်ကော်ကို ပိုက်ဆံပေးပြီး ဆပ်ခိုင်း
လိုက်လည်းရတယ်မလား။သူက အဲ့နေရာထိ သွားပြီး ဘာလို့အရှက်ကွဲခံရမှာလဲ။ သူ လာရာလမ်းအတိုင်း လှည့်ပြန်လာခဲ့လိုက်သည်။

သူတို့တိုက်ကော်ရစ်တာသို့ရောက်သည့်အခါ လီပေါင်ကော်၏အာကျယ်အာကျယ်အသံကို ကြားလိုက်ရသည်။ သူက အိမ်နီးနားချင်း နှင့် စကားပြောပုံပေါ်၏။
"ငါ့သားငယ်က အရမ်း သိတတ်လိမ္မာတယ်။ငါစတိုးဆိုင်မှာအကြွေးတင်ခဲ့တာကိုသိတော့ ချက်ချင်းသွားပေးနေပြီး။ "

အိမ်နီးချင်းအဒေါ်ကြီးက ပြန်ပြောလာသည်။
"Ayyy..ကံကောင်းလိုက်တာ။ဘာမှအားထုတ်
စရာမလိုပဲ ဒီလိုသားမျိုးရထားတယ်။"

"အားထုတ်စရာမလိုဘူးဆိုတာ ဘာပြောချင်တာလဲ။သူက ငါ့မျိုးစေ့ပဲလေ။ ဒီကလေးက လီဟွေ့ထက်ပိုကောင်းတယ်။ သူက ငါ့ကို အထင်အမြင်သေးမျိုးတာလည်း မရှိဘူး။"

"အမလေး, မျက်နှာက အပြုံးဝေနေတာပဲ။ ဒါပေမဲ့ နင် အခုလိုအမြဲတမ်းသောက်စားနေရင်၊အဲ့ဒီသားလေးကလည်း နင့်ကိုလျစ်လျူ
ရှု သွားမယ်နော် ။ "

"ဖီ.....,ဒီတစ်တိုက်လုံးမှာ စကားအကောင်း
မပြောတဲ့လူက ခင်ဗျားပဲရှိမယ်။ခင်ဗျားကို စကားကောင်းကောင်းပြောဖို့ တောင်းဆိုရတာ ခင်ဗျားကိုသေသွားဖို့ ပြောနေရတာနဲ့
အတူတူပဲ။"

အဒေါ်ကြီးက စိတ်ဆိုးမာန်ဆိုးပြောလာ၏။
"ဒါဆိုလည်း ငါ့ကို ဘာလို့လာကြွားလဲ။နင့်ကို မကြွားဖို့ပြောရတာလည်း သေဖို့ပြောနေရသလိုပဲ။"

သူတို့ ပြောနေသည့်စကားတွေကို အဆုံးထိကျန်ချန် ဆက်ပြီးနားမထောင်နိုင်တော့ဘူး။
အိမ်နီးနားချင်း အချင်းချင်းဘာမဟုတ်သည့်စကားနှင့် ငြင်းခုန်ပြီး ရန်ဖြစ်လေ့ရှိကြသည်ကို သူ နားလည်သည်။

ကျန်ချန် အဆောက်အဦးအပြင်ဘက်နံရံကိုမှီပြီး ဦးထုပ်ကိုချွတ်၍ ဆံပင်ကိုစိတ်ရှုပ်ရှုပ်ဖြင့် ဆွဲဖွလိုက်တယ်။

အဆောက်အဦးအတွင်းမှရန်ပွဲသည် ငါးမိနစ် အတွင်းအဆုံးသတ်သွားသည်။ ကျန်ချန် အံတင်းတင်းကြိတ်ပြီး  ကုဖေးတို့၏ စတိုးဆိုင်သို့ လျှောက်သွားလိုက်တယ်။ သူ့မျက်နှာက မှုန်ကုပ်နေ၏။ သူက အကြွေးယူဖို့ သွားတာလည်း မဟုတ်ဘူး။အကြွေးပေးဖို့ သွားတာလေ။ သူက ပစ္စည်းသွားခိုးမှာလည်းမဟုတ်ဘူးလို့ တွေးလိုက်သည့်အခါမှ သူနည်းနည်းစိတ်ပေါ့သွားသည်။

ကုဖေးတို့စတိုးဆိုင်ကလမ်းဘက်ကိုမျက်နှာမူ
ထားကြောင့်၊ကုဖေးသည်စီးကရက်ခဲထားပြီး ခေါင်းငုံ့၍ ဂိမ်းဆော့နေသည်ကို လှမ်းမြင်နေရသည်။သူ့ဘဝမှာတစ်ခါမှအရှက်ရစရာကိစ္စ
မျိုး မရှိခဲ့၍ဖြစ်နိုင်၏။သူ ကုဖေးကိုမြင်လိုက်သည့်ခဏတွင်၊ သူဖြည့်တွေးခဲ့သည့် အတွေးအားလုံးအဝေးသို့ ထွက်ပြေးသွားသည်။

ကုဖေးကခေါင်းမော့လာသည့်အခါ ကျန်ချန်ကို သတိထားမိသွား၏။သူ လမ်းကိုဖြတ်ကူးလာသည့်အခါ ကုဖေးက သူ့ကို မျက်နှာသေ
နှင့်ကြည့်ပြီး ပါးစပ်ထဲမှစီးကရက်ကိုဖယ်၍ သူ့ကို မေးလာသည်။
"ဒယ်အိုး လာဝယ်တာလား?။"

ဘေးခန်းရှိဆေးခန်းမှ အလုပ်သမားလေး ထွက်လာသည်ကို ကျန်ချန်မြင်လိုက်၏။
"အထဲမှာ ပြောရအောင်။"

ကုဖေးက ဆိုင်ထဲအရင်ဝင်သွားသည့်အခါ
သူလည်း သူ့နောက်လိုက်ပြီး ဝင်သွားလိုက်တယ်။

ဆိုင်ထဲသို့ရောက်သည့်အခါ ကုဖေးက သူ့ကို လှည့်ကြည့်လာသည်။
"ဟမ်?။"

ကျန်ချန် သူ့ကို တဲ့တိုးမေးလိုက်တယ်။
"လီပေါင်ကော်က မင်းဆိုင်မှာ အကြွေးတင်ထားတာဟုတ်လား?။"

ကုဖေးက ငွေရှင်းကောင်တာကိုမှီပြီး ခေါင်း
ညိတ်ပြသည်။
"အင်း, ဒါပေမဲ့ အများကြီးမဟုတ်ဘူး။ငါ့ဆိုင်မှာ တန်ဖိုးကြီးတဲ့ပစ္စည်းမထားဘူးလေ။"

အနွေးထည်ထဲမှ ပိုက်ဆံအိတ်ကို ကျန်ချန် ဆွဲထုတ်လိုက်တယ်။
"ဘယ်လောက်လဲ။ ငါပေးမယ်။"

ကုဖေးက စီးကရက်ပြာတွေကိုခြွေပြီး သူ့ကို ကြည့်လာသည်။ သူက ကောင်တာ အံဆွဲကို
ဖွင့်ပြီး မှတ်စုစာအုပ်ထုတ်လာ၏။ မှတ်စုစာမျက်နှာကို သူက တစ်ရွက်ချင်းလှန်ပြီးပြော
လာသည်။
"မင်းရဲ့ပိုက်ဆံနဲ့ ပေးမလို့လား?။"

"တစ်ခြား ဘာရှိလို့လဲ?။သူ့မှာ ပိုက်ဆံ ရှိရင် သူအကြွေးဝယ်ပါ့မလားး?။"

ကုဖေးက သူ့ကို မှတ်စုစာအုပ်ဖွင့်ပြလာ၏။
"သူလောင်းကစားမလုပ်ရင်အကြွေးဝယ်စရာမလိုဘူး။268ယွမ်တဲ့ ,ကြည့်ကြည့်လိုက်။ "

"မလိုဘူး။"
ကျန်ချန် မှတ်စုစာအုပ်ကိုမယူပဲ၊သူ့လက်ထဲ
မှ ယွမ်300ကိုလှမ်းပေးလိုက်တယ်။

လီပေါင်ကော်က ဘယ်လိုရှင်သန်ပြီးနေထိုင်လာခဲ့မှန်း ကျန်ချန် မသိဘူး။ လီပေါင်ကော်တင်မဟုတ်,လီပေါင်ကော်တို့လောင်းကစား ဝိုင်းမှသူငယ်ချင်းတွေလည်းဘဝကိုကြိုတင်တွေးတောခြင်းမရှိကြပဲ သက်တောင့််သက်
သာဖြင့် နေကြသည့် လူတွေဖြစ်သည်။

ကုဖေးက မှတ်စုစာအုပ်ကို အံဆွဲထဲပြန်ထည့်လိုက်၏။
"သူက လတိုင်း အကြွေးယူနေကြဆိုတော့နောက်လအတွက်ကြိုပေးခဲ့ချင်လား?။"

ပြန်အမ်းငွေကို ပိုက်ဆံ အိတ်ထဲသို့ပြန်ထည့်ပြီးမှ ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။
"အဲ့ဒါ မင်းရဲ့ကိစ္စလား?။"

ကုဖေးက သူ့ကိုကြည့်လာသည်။
"ငါပြောချင်တာက မင်း သူ့ကိုအကြွေးဆပ်ခိုင်းသင့်တယ်။ အရင်တုန်းကလည်း သူက
သူ့ဘာသာသူ အကုန်ပြန်ဆပ်နေကြ။"

ကျန်ချန် သူ့ကို ကြည့်လိုက်တယ်။အကြွေးပြန်ဆပ်တယ်? ။ ဒါပေမဲ့ လီပေါင်ကော်က
ပြောတာ သူ့ဆီမှာပေးဖို့ပိုက်ဆံမရှိဘူးတဲ့။

ကုဖေးက ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။
"ဒါပေမဲ့ တစ်ယောက်ယောက်က သူ့အတွက် ဆပ်ပေးဖို့ ဆန္ဒရှိနေရင် သူ အပင်ပန်းခံစရာ
မလိုတော့ဘူး။မင်းက သူ့ရဲ့လှည့်ကွက်လေးကိုတောင် မမြင်နိုင်ဘူးလား?။ "

ကျန်ချန် သက်ပြင်းချလိုက်တယ်။
"ငါ့မျက်လုံံးက သိပ်မကောင်းရှာဘူး။မျက်မှန်ကို တမင်ကြွားပြီး တပ်နေတဲ့သူနဲ့တော့ ဘယ်တူပါ့မလဲ ။ "

ကုဖေးအကြည့်တွေက သူ့မျက်နှာပေါ်ရောက်
လာ၏။
"ငါက အနီးမှုန်လို့မျက်မှန်တပ်တာပါ။"

"Candy Crush ကစားလို့ အနီးမှုန်သွား
တာမဟုတ်ဘူးလား?။"

"ချီး!"
ကုဖေးက တခစ်ခစ်ရယ်မောလာသည်။
"မင်း အရင်နေလာခဲ့တဲ့နေရာက လူတွေကစိတ်သဘောထားချိုကြတယ်မဟုတ်လား။ "

ကျန်ချန် သူ့ကို ကြည့်လိုက်တယ်။

ကုဖေးက သူ့ကိုလက်ညိုးထိုးလာ၏။
"မင်းရဲ့ချဥ်စရာကောင်းတဲ့စိတ်ထားကြောင့် ငါတို့က အတန်းဖော် မဖြစ်လာတာ။ မဟုတ်ဘူး ,ကုမြောင်က ဆေးကုသမှုအမှားအယွင်း ဖြစ်သွားလို့ မင်းကိုအကောင်းမြင်နေတာဖြစ်မယ်။အရင်ရက်က, ငါ မင်းကို ရိုက်လိုက်တဲ့အကြောင်းလေ ,မင်း ရှောင်မင် အဖိုး ဆိုတာ ကို မမေ့သေးဘူးမလား။"

"ဘာကိုလဲ,။"
ကျန်ချန် အော်ရယ်လိုက်တယ်။
"မင်းက ငါ့ကို ရိုက်တယ်?။လက်ညိုးနဲ့ ငါ့လက်ဖဝါးကို ဖိတာမျိုးလား?။ "

"မှန်တယ်။ ငါ မင်းကို မရိုက်လိုက်ရဘူး။"
ကုဖေးက အကျီကိုလှန်ပြီး သူ့ခါးတစ်ဝိုက်ကို ကျန်ချန်အား ပြလာ၏။

ကျန်ချန် သူ့ခါးကိုကြည့်လိုက်သည့် အကွင်းလိုက် နီရဲနေသောသွားကိုက်ရာကြီး ကို မြင်လိုက်ရသည်။

"အိုး,ဖာ့ခ်။"
သူ အံ့အားသင့် သွား၏။။
"ကိုက်ထားတာ ရက်တောင်ကြာနေပြီကို
အခုထိ မပျောက်သေးဘူးလား?။ "

"မင်းသွားတွေက တကယ်မာတယ်။ဇစ်ခေါင်းကိုတောင် ကိုက်နိုင်တယ်ဆိုတာ စောစောကြိုသိရင်၊ငါ မင်းနဲ့နီးနီးလေး နေခဲ့မှာမဟုတ်ဘူး။
မင်း ကိုက်လိုက်တာ သွေးတောင်ထွက်တယ်။ပြီးတော့ အမာရွတ်လည်း ကျန်ခဲ့တယ်။"

ကျန်ချန် ဘာတုံ့ပြန်ရမှန်းမသိဖြစ်သွားသည်။
ကုဖေးကို သူကုန်းကိုက်လိုက်မိသည့်နေရာက နောက်ရက်ထိ အမာရွတ်ကျန်ခဲ့မယ်လို့ မထင်ခဲ့ဘူး။

ဒါပေမဲ့ ကုဖေးသာ သူ့လက်ဖဝါးဒဏ်ရာကို
လက်ညိုးနှင့်မဖိခဲ့လျှင်......

ကျန်ချန်ရုတ်တရက်ရယ်ချင်လာတယ်။သူက
ကုဖေးနှင့်ကလေးဆန်ဆန်ရန်ဖြစ်ခဲ့ကြ၏။သူ ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး ကုဖေးကိုကြည့်လိုက်တယ်။ ကုဖေးမျက်နှာက သူနှင့်အတူတူ ဖြစ်၏။ သူ့နှုတ်ခမ်းက မျဥ်းဖြောင့် တစ်တန်း
တည်းလိုဖြစ်နေရမည့်အစား အနားသတ်က အပေါ်သို့ ပင့်တက်နေလျှက်ရှိသည်။

"Fuck!"
သူ ပြောပြီးချင်းချင်းပင်သူတို့နှစ်ယောက်လုံး အူလိုက်သည်းလိုက်ရယ်လိုက်ကြသည်။

ခွက်ထိုးခွက်လန်ရယ်ရလွန်း၍မောဟိုက်လာ
၏။ဒါပေမဲ့ မင်းကရယ်နေတာကိုရပ်ချင်လျှင် ပိုပိုပြီး ရယ်မိတတ်သည်။

အရင်ကလည်းအတန်းပိုင်ဆရာဆီမှာဖန်းကျိ
အဆူခံရချိန်များဆိုလျှင်၊ ဖန်းကျိ တယောက် သေအောင်ကြောက်နေမည်ကို ကျန်ချန် ပြောနိုင်တယ်။ဖန်းကျိကိုကြည့်ပြီး သူ အတန်းထဲမှာ အော်ရယ်ဖူးသည်။အဆုံးသတ်တွင်မူ သူ အတန်းအပြင်သို့ မောင်းထုတ်ခံလိုက်ရ၏။

အခုလည်း ကျန်ချန်အရယ်မရပ်နိုင်တော့ပေ။ကုဖေးက ထိုင်ခုံကိုမှီ၍ ရယ်မောနေပြီး သူက အစားအသောက်တန်းကိုမှီ၍ရယ်နေမိသည်။ နောက်ဆုံး,မထိန်းချုပ်နိုင်အောင်ရယ်ခြင်းကို
တားဆီးရန် လိုက်ကာကိုမတင်ပြီး ဆိုင်အပြင်သို့ သူ ထွက်လာခဲ့လိုက်တယ်။

အေးစက်သောလေများ သူ့မျက်နှာကို ရိုက်
ခတ်လာသည့်အချိန်မှ ရယ်မောခြင်းကိုရပ်လိုက်နိုင်၏။
"Fuckkkk...!"

ဆဲရေးတိုင်ထွာပြီးနောက်တွင် သူ စတိုးဆိုင်ထဲသို့ပြန်မဝင်ဘဲ၊ထိုအစား လက်နှစ်ဖက်ကို အိပ်ကပ်ထဲသို့ထည့်ပြီး လမ်းဆက်လျှောက်
လိုက်သည်။

စိတ်ပျက်စရာကောင်းလိုက်တာ။

သူတို့တွေအူလှိုက်သည်းလှိုက်ရယ်တာအချိန်
အတော်ကြာ၏။အရယ်ရပ်သွားချိန်မှ လက်ရှိလောကသို့ သူ ပြန်ရောက်လာတာဖြစ်သည်။

ထိုအချိန်က သူ နည်းနည်းပျာယာခတ်သွားတယ်။အကယ်၍ သူ အဆက်မပြတ်ရယ်နေတာကို မထိန်းချုပ်လိုက်နိုင်လျှင် နေထိုင်
မကောင်းသည်အထိဖြစ်သွားနိုင်၏။
...

ကျိုးကျင့််ပြောသည့် ဘက်စကတ်ဘောပြိုင်ပွဲသည်အမှန်ဖြစ်၏။ လောင်ရွှိက ရုံးခန်းသို့လာဖို့ရန် ကျန်ချန်ကို ခေါ်ထားသည်။ လောင်ရွှိ၏
စားပွဲပေါ်မှဘက်စကတ်ဘောလုံးကိုမြင်သည့်အခါ သူ့ကို လောင်ရွှိဘာအတွက်ကြောင့်ခေါ်မှန်း ကျန်ချန် သိလိုက်သည်။
"ကျွန်တော် ဘက်စကတ်ဘောဘယ်လိုကစားရမလဲမသိဘူး။"

"အာ,ဒီကလေးတော့...။"
လောင်ရွှိက ထိုင်ခုံတစ်ခုကိုယူပေးလာသည်။
"ထိုင်ပါဦး, စကားပြောကြရအောင်။"

ကျန််ချန်လည်း ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ အမှန်တိုင်းပြောရလျှင် သူ ဘက်စကတ်ဘောကစားချင်၏။ ဒါပေမယ့်, လူရှာရမည့်အပြင် လေ့ကျင့်ဖို့အတွက် သီးသန့်အချိန်ပေးရမည် ဖြစ်သည်။

လောင်ရွှိက မေးလာ၏။
"ကျောင်းရဲ့ဘက်စကတ်ဘောအသင်းမှာ မင်းကို ထည့်သုံးလို့ရလား?။"

"ကျွန်တော်တို့ ဘယ်အချိန်ထိ အဓိပ္ပါယ်မရှိ
တဲ့အကြောင်းတွေပြောနေမှာလဲ။ ကျွန်တော် ၈တန်းတုန်းကမှတ်တမ်း လောင်ရွှိလည်း သိပြီးပြီ မဟုတ်လား?။"

လောင်ရွှိက ရယ်မောလာသည်။
"နောက်ဆုံးတော့, ငါ့တို့ကျောင်းမှာဘက်စုံထူးချွန်တဲ့ ရွှယ်ပါ့တစ်ယောက် ရှိလာခဲ့ပြီ။
ဟုတ်တယ်,ငါ မင်းအကြောင်းကို ကြည့်ပြီး
ပြီ။ငါ မင်းကို မခေါ်ခင်တည်းက မင်း ငြင်းမယ်ဆိုတာသိတယ်။ ဒါပေမဲ့, ငါ ကြိုးစား
ကြည့်ချင်သေးတယ်။ "

ကျန်ချန် "အိုး"ဟု ရေရွတ်လိုက်သည်။

လောင်ရွှိက သက်ပြင်းချလာ၏။
"ငါတို့ကျောင်းက နှစ်တိုင်း ဘက်စကတ်ဘော ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေကြ။ ဘက်စကတ်ဘော စည်းမျဥ်းစည်းကမ်းက အတူတူပဲ။ငါက ဘယ်ပြိုင်ပွဲမဆိုအတန်းကို ဦးဆောင်ပြီး ဝင်ပြိုင်ခိုင်းပေမယ့် ၊ငါ့တို့အတန်းက တစ်ကြိမ်မှ အနိုင်မရသေးဘူး။"

ကျန်ချန် အံ့သြသွားတယ်။ကုဖေးက ဘက်စကတ်ဘော ကောင်းကောင်းကစားနိုင်မှန်း သူ မြင်ဖူးသည်။ အတန်းထဲရှိလူတွေက သူကစားဟန်အတိုင်းပူးပါင်းပြီး မလုပ်နိုင်လျှင်ပင် တစ်ကြိမ်မှ မနိုင်တာကျမဟုတ်သေးဘူး
မလား။

ကျန်ချန် ပါးစပ်မှလွတ်ခနဲထွက်သွား၏။
"ကုဖေး ကစားတတ်တယ်မဟုတ်ဘူးလား။"

"အဲ့ကလေးက,"
လောင်ရွှိက သက်ပြင်းချလာပြန်၏။
"မင်း ယုံမှာမဟုတ်ဘူး။သူက ကျောင်းပြိုင်ပွဲတွေမှာ ဘယ်တော့မှဝင်မပြိုင်ဘူး။ သူ ငါတို့ကို ဆန့်ကျင်ပြီး တစ်ခြားအသင်းကို မကူညီတာပဲ တော်သေးတယ်။"

"ဒါဆို ကျွန်တော့်ကို ဘာအတွက် ခေါ်လိုက်တာလဲ?။ ကျွန်တော် တစ်ယောက်တည်း နိုင်အောင် လုပ်လို့ရတဲ့ကစားပွဲမဟုတ်ဘူးနော်။"

လောင်ရွှိက သူ့ကို ကြည့်လာသည်။
"မင်း အသင်းခေါင်းဆောင်လုပ်မလား။ မင်းမှာလုပ်နိုင်စွမ်းရှိတယ်ဆိုတာဆရာသိတယ်။ "

ကျန်ချန် အကူအညီမဲ့လာသလိုခံစားလာရ၏။
"ဘယ်နေရာကဘယ်လိုလုပ်ပြီးသိတာလဲ?။"

"မင်းရဲ့ဝိဉာဥ်ဆီကသိတာ။"

"အိုး....."
ကျန်ချန်၏နှလုံးသားလေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

လောင်ရွှိက သူ့ကို ပြုံးပြပြီး ဆက်ပြောလာသည်။
"မင်းသဘောတူတယ်ဆိုရင် ငါအခုချက်ချင်း
ကုဖေးကိုပြောလိုက်မယ်။ မင်းတို့နှစ်ယောက်အပြင် ဝမ်ရွှိ,ကောရွှိ,လုရှောင်ပင်းတို့ကိုပေါင်းလိုက်ရင် ငါးယောက်ရပြီ။ သေချာအချိန်ပေးပြီးလေ့ကျင့်ရင် ငါတို့အတွက် အခွင့်အရေးရှိလာပါလိမ့်မယ်။"

ကျန်ချန် သူ့ကို ဘာမှပြန်မဖြေလိုက်ဘူး။ကောရွှိနှင့်လုရှောင်ပင်းကိုလည်းမသိချေ။

လောင်ရွှိက သူ့ကိုဆက်တိုက်သွေးဆောင်နေတာကြောင့် ကျန်ချန် သူ့ကို မငြင်းရက်တော့ဘူး။
"ရွှိကျုံး,ကျွန်တော် တစ်ခုပြောချင်တယ်။ ကျွန်တော်အသင်းခေါင်းဆောင်မလုပ်ချင်ဘူး။ရွှိကျုံးက ကျွန်တော့်စိတ်ကို နားလည်
မှာမဟုတ်ဘူး။ခေါင်းဆောင်အတွက်တော့
တစ်ခြားတစ်ယောက်ပဲ ရွေးလိုက်ပါ။ဘာပဲဖြစ်ဖြစ်, ကျွန်တော်လည်းပါတယ်ဆိုတော့အတူတူပဲလေ။"

သူ့အကြံကို ကျန်ချန်သဘောတူလိုက်သည့်အတွက် လောင်ရွှိက ကြက်သွေးကိုသောက်လိုက်ရသည့်အတိုင်းတက်ကြွလျှက်ရှိသည်။သူက ကိုယ်ပိုင်စာကြည့်ချ်ိန်ရောက်သည်နှင့် ကုဖေးကို ချက်ချင်းခေါ်သွား၏။
"ကုဖေး, ငါ့ရုံးခန်းကို ခဏ။"

ကုဖေးက ခုံပေါ်မှာမှောက်ပြီး Candy crush
ကစားနေ၏။
"ကျွန်တော် အခုရက်ပိုင်းအတန်းမလစ်ဘူး။ နောက်လည်းမကျဘူးလေ။ "

လောင်ရွှိက စားပွဲခုံကို ခေါက်လာသည်။
"အဲ့ကိစ္စကြောင့် မဟုတ်ဘူး။ "

"ကျွန်တော် ဘက်စကတ်ဘောမကစားဘူး။"

"အဲ့အကြောင်းလည်း မဟုတ်ဘူး။လိုက်လာစမ်းပါ။"
လောင်ရွှိက ပြောပြီးသည်နှင့် အတန်းအပြင်သို့ ပြန်ထွက်သွားသည်။ကုဖေးက မတ်တတ်မရပ်ခင်အထိ ဂိမ်းတစ်ပွဲပြီးအောင်ဆော့သေး
၏။ ထို့နောက်,သူကအတန်းအပြင်သို့ပျင်းတိပျင်းယွဲ့နှင့်ထွက်သွားသည်။

"ဟေး,ကျန်ချန်....,ကျန်..."
ကျိုးကျင့်က တစ်ခုခုကိုသတိရသွားသလိုမျိုး
နာမည်ကိုဒုတိယအကြိမ်ထပ်မခေါ်တော့ပေ။
"လောင်ရွှိကမင်းကိုခေါ်ပြီးဘက်စကတ်ဘောပြိုင်ပွဲအကြောင်းပြောလိုက်တယ်,မလား။"

ကျန်ချန် အသံတိတ်နေလိုက်တယ်။

ကျိုးကျင့်က ဆက်ပြောလာသည်။
"အေး ,မင်း ဘက်စကတ်ဘောကစားတတ်တယ်ဆိုတာငါသိသားပဲ။ကစားတတ်တယ်
မလား။ဘက်စကတ်ဘောဘယ်လိုကစားရလဲဆိုတာ မင်းသိတယ်မလား?။"

ကျန်ချန် သူ့ကိုမေးကြည့်လိုက်တယ်။
"မင်းတို့အတန်းက ပြိုင်ပွဲမှာ တစ်ခါမှမနိုင်ဘူးဆိုတာ တကယ်လား?။"

ကျိုးကျင့်က သူ့ကို ကြည့်လာသည်။
"ဟုတ်တယ် ဘယ်တော့မှမနိုင်ဘူး။ငါတို့က
လူမှုရေးအတန်းလေ။ ငါတို့မနိုင်တာ ပုံမှန်ပဲမဟုတ်ဘူးလား?။"

" အဓိပ္ပါယ်မရှိတာ။"

...

နောက်ထပ်ဆယ်မိနစ်ကြာသည့်အခါ ကုဖေး က အတန်းထဲပြန်ဝင်လာသည်။ သူက ထိုင်ခုံမှာ ဝင်ထိုင်ပြီးသည်နှင့် ဖုန်းကို ထုတ်ပြီး ဂိမ်းဆက်ဆော့နေ၏။

ကုဖေးက စကားတစ်ခုခုပြောလာလိမ့်မည်လို့ကျန်ချန်က ထင်ခဲ့သည်။သူ စကားပြောမလာဘူးဆိုတော့ လောင်ရွှိရှုံးသွားတယ်ပေါ့။

ဝမ်ရွှိဘယ်နေရာမှာထိုင်လဲဆိုတာကို ကျန်ချန် ရှာကြည့်လိုက်တယ်။ ကုဖေး မပါလျှင် သူက ဝမ်ရွှိလို ငကြောင်နှင့်အတူတူလေ့ကျင့်ရမည်ဖြစ်သည်။ မင်းဆိုရင်လည်း ထိုအကြောင်းကို တွေးမိရုံနှင့် စိတ်ပျက်နိုင်တယ်။

ထိုအခိုက် ကုဖေးက အသံတိုးတိုးနှင့်ရေရွတ်လာသည်။
"လောင်ရွှိလိုမျိုး နူးညံ့သိမ့်မွေ့တဲ့လူလည်း
တစ်နေ့ကျရင် လိမ်ပြောတတ်လာမယ်လို့ ဘယ်သူထင်မှာလဲ,ဟုတ်တယ်မလား.။"

"ဟမ်?။"
ကျန်ချန် သူ့ဘက်ကိုခေါင်းလှည့်လိုက်တယ်။
"သူက မင်းကို ဘာလိမ်ပြောလိုက်လို့လဲ။"

"သူက ဘက်စကတ်ဘောအကြောင်းပြောမှာ မဟုတ်ဘူးလို့ ပြောသွားတယ်။ဒါပေမဲ့,"
ကုဖေးက ဂိမ်းဆော့ရင်း ဆက်ပြောလာ၏။
"မင်းလည်းပါမယ်လို့ ပြောတယ်။အဲ့ကိစ္စက အမှန်ပဲလား။"

"အင်း, သူ့အသံက သနားစရာကောင်းလို့။"

ကုဖေးက သူ့ကို မော့ကြည့်လာသည်။
"မင်းကလူတိုင်းကို သနားစရာကောင်းတယ်လို့ မြင်နေတာမဟုတ်ဘူးလား?။ "

ကျန်ချန် သူ့ကို စိုက်ကြည့်လိုက်တယ်။
"ဟုတ်တာပေါ့။ငါ့အတွက်တော့ မင်းလည်း သနားစရာကောင်းတယ်။ "

"ငါ့ကို Candy crushဆော့လို့သနားတာလား။"

ကျန်ချန် သူ့ကို ထေ့ငေါ့လိုက်တယ်။
"အင်း , မင်း Candy crush ဆော့တာလည်း သနားတယ်။အဲ့အဆင့်ကို ဆော့နေတာ လေးရက်တောင်ရှိပြီကို အခုထိ မအောင်သေးတာလည်း သနားတယ်။"

ကုဖေးက ဖုန်းကိုချပြီး သူ့ကိုကြည့်လာ၏။
"မင်းက သူများကိစ္စကို စိတ်ဝင်စားတတ်မှန်း ငါသိလိုက်ပြီ။ "

ကျန်ချန် သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး
ခပ်ယောင်ယောင်ပြုံးလိုက်တယ်။
"မင်း ငါ့ကို နိုင်အောင်မပြောနိုင်ရင် ပါးစပ် ပိတ်ထားလိုက်။ ဘာမဟုတ်တဲ့ကိစ္စလေးကို ငြင်းခုန်နေရတာ ပျင်းဖို့ကောင်းတယ်။ "

"မင်းက ဘယ်နေရာမှာ ကစားတာလဲ။"
ကုဖေးက မေးပြီးသည်နှင့် ခေါင်းငုံ့ပြီး
ဖုန်းဆက်ဆော့နေသည်။

ကျန်ချန်အလိုအလျောက်ပြန်ဖြေလိုက်တယ်။
"ခံစစ်နေရာ။"

"ဒါဆိုလည်းကြိုးစားကြည့်တာပေါ့။လောင်ရွှိကို ငါ အဖြေတိတိကျကျ မပေးရသေးဘူး။"

"မဟုတ်ဘူး။ ဒါက ဂိမ်းတစ်ခုလေးပဲ မဟုတ်ဘူးလား။မင်းကို ကိုယ်ကျိုးစွန့်အနစ်နာခံခိုင်း
နေတာလည်းမဟုတ်ဘူး ။ မင်းကဘာလို့ခက်
ခဲနေတာလဲ ?။"

"စိတ်ရှုပ်စရာကောင်းလို့ ,မင်းစဥ်းစားကြည့်လေ ဝမ်ကျိုရစ်လို လူမျိုးလည်း ကွင်းထဲမှာ ပါလာမယ်ဆိုတာက..။ "

"သူ ကွင်းထဲပါတာ ဘာဖြစ်လို့လဲ?။ "
အတန်းဖော်ဝမ်ကျိုရစ်ကို သူ ကြည့်လိုက်၏။ ဝမ်ရွှိက ထိုင်ခုံကို မှီ၍ လက်တွေကိုပိုက်ထားသည့်အပြင်၊မျက်လုံးမှိတ်ထားပြီး ဆရာကြီးလိုမျိုးသရုပ်ဆောင်နေခဲ့သည်။

"အတန်းတိုင်းမှာ သူလိုမျိုးလူတွေရှိတယ်။
Fuckkk.!။"
ကုဖေးကဖုန်းကိုစားပွဲခုံပေါ် ပစ်တင်လိုက်၏။ သူ့ကြည့်ရတာ ဂိမ်းကို နောက်တစ်ခါ ထပ်ရှုံးသွားပုံပေါ်သည်။
"ကွင်းထဲမှာအဆင်ပြေတယ်။ ကွင်းပြင်မှာ ဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှ မသိနိုင်ဘူး။ငါက အဲ့ကိစ္စ စိတ်အနှောင့်အယှက်ဖြစ်တာ။ "

"မင်းကစားမှာလား, မကစားဘူးလား?။"
ကျန်ချန် တဲ့တိုးမေးလိုက်တယ်။
"ငါ စိတ်ရှုပ်လာပြီ။ အသေကြိုးစားရမှာပါ
ဆိုနေမှ မင်းပါမယ်ဆိုရင်လည်းပါ မပါချင်လည်းမပါနဲ့။ "

ကုဖေးက ပြောလာ၏။
"ကောင်းပြီ, မင်းကစားမယ်ဆို ငါလည်း ကစားမယ်။"

.....

ကျန်းမာရေးဂရုစိုက်ပါ။ ❤

Continue Reading

You'll Also Like

2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့
739K 115K 81
I Just Crave For Your Pheromones || Burmese Translation ||Genre :Comedy,Fantasy,Omegaverse,Yaoi Total - 74 + 3 Extras CP : Mu HanFeng & Tong Che 04.0...
461K 84.9K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...