{Zawgyi}
•လူတိုင္းအတြက္ တပ္မေတာ္ညစာစားပြဲ•
တစ္ေန႔တာက လ်င္ျမန္စြာကုန္ဆုံးသြားတယ္။ ညဘက္ လဲ့ေယာင္နဲ႔ ရႈေယာင္တို႔ ကန္တင္းဘက္ကို ေလွ်ာက္သြားေတာ့ လမ္းတစ္ေလွ်ာက္ ‘တပ္မေတာ္ညစာ’စားပြဲအေၾကာင္းေျပာေနတာေတြခ်ည္း ၾကားေနရတယ္။ တပ္သားအနည္းငယ္ကေတာ့ အေျခအေနကိုလက္မခံႏိုင္ျဖစ္ေနပုံေပၚၿပီး သူတို႔ရင္ထဲမွာ ကေယာင္ေျခာက္ျခားေတြျဖစ္ေနတယ္။ သို႔ေပမယ့္ အမ်ားစုကေတာ့ သူတို႔ရဲ႕အရင္ကရဲေဘာ္ရဲဘက္ေတြက သူတို႔နားမွာပဲရွိေနေသးတယ္ဆိုေတာ့ တျခားအရာေတြထက္ပိုေကာင္းတယ္လို႔ ထင္ၾကတယ္။
ေသျခင္းရွင္ျခင္းေတြကို အတူတကြျဖတ္ေက်ာ္ၿပီးခ်ိန္မွာ ညီအစ္ကိုဆိုတာဘယ္လိုမွန္း သူတို႔နားလည္သေဘာေပါက္ခဲ့ၾကတယ္။ အခု သူတို႔စိုးရိမ္တာက တပ္မေတာ္ညစာဆိုတာက လွည့္စားၿပီးပရိယာယ္ဆင္ထားတာျဖစ္ေနမွာကိုပဲ။ ဘာလို႔လဲဆိုေတာ့ ဒါက တကယ့္ကို! စိတ္ကူးယဥ္ဆန္လွတဲ့! စိတ္ကူးႀကီးမို႔လို႔!
လဲ့ေယာင္ကေတာ့ ဒီလူေတြကေမြးဖြားလာကတည္းက ဘာသာမဲ့ေတြျဖစ္လို႔ တေစၦေတြနဲ႔ နတ္ဘုရားေတြရွိတာကို မယုံၾကည္ၾကတာလို႔ ခန႔္မွန္းမိတယ္။ အဲ့တာေၾကာင့္ ဒီလိုနက္နဲတဲ့အရာကိုမေၾကာက္ဘဲျဖစ္ေနၾကတာ။ သူတို႔ေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္းငါးရာတုန္းက တေစၦနဲ႔နတ္ဘုရားေတြအေၾကာင္း ပုံျပင္ေတြအမ်ားႀကီး ၾကားဖူးထားလို႔ ေမြးတည္းကရင္ထဲအသည္းထဲက ေၾကာက္႐ြံ႕တတ္ေနတဲ့ လူသားေတြနဲ႔မတူဘူး။
ဒါေပမယ့္လည္း အဲ့တာကေကာင္းပါတယ္၊ ညစာစားပြဲနဲ႔ပက္သက္ၿပီး သေဘာထားကြဲလြဲတာေတြ သိပ္မျဖစ္ေတာ့ဘူးေပါ့။
ပုံမွန္ဆို ညစာစားတာကိုသူ႔အခ်ိန္နဲ႔သူစားေလ့ရွိေပမယ့္ ဒီေန႔ေတာ့ တပ္မေတာ္‘တစ္စုလုံး’ရဲ႕ညစာစားပြဲျဖစ္တာေၾကာင့္ ေရာက္မလာၾကေသးတဲ့ေသဆုံးၿပီးတပ္သားေတြအတြက္ အဓိကစဥ္းစားေပးၿပီး နည္းနည္းေနာက္ေ႐ႊ႕ဆိုင္းလိုက္ရတယ္။
ကန္တင္းကို လဲ့ေယာင္နဲ႔ရႈေယာင္ေရာက္လာေတာ့ လိုအပ္ခ်က္အရျပင္ဆင္ထားရတဲ့ အေမႊးနံ႔သာတိုင္ 14,000ကိုစစ္ေဆးၿပီး ညစာစားပြဲကို စားေသာက္ပြဲနဲ႔အညီျဖစ္ေနေစဖို႔ ေသခ်ာေအာင္လုပ္ၾကတယ္။ သူတို႔နဲ႔အတူ မၾကာခင္ကမွေ႐ြးျခယ္ထားတဲ့ေနရာမွာ အိပ္ေဆာင္ေတြနဲ႔ အက်ီေတြကို မီးရႈိ႕ဖို႔အတြက္ အေစာင့္ေတြနဲ႔ ျပန္လည္ေနရာခ်ထားေရးအဖြဲ႕ကိုပါ ေခၚလာခဲ့တယ္။
ဒီေနရာကလည္း Flying Wolf ဌာနခြဲရဲ႕စီရင္ေရးလက္ေအာက္မွာပဲျဖစ္တယ္။ ဗဟိုဌာနရဲ႕အေနာက္ဘက္ ႏွစ္ကီလိုမီတာေလာက္ကြာၿပီး လူေနထိုင္တဲ့ေနရာနဲ႔ လွမ္းတယ္။
“မင္းတို႔ထဲက တခ်ိဳ႕ကို အျမင္ဖြင့္ေပးမယ္၊ ဒါကပထမဆုံးအႀကိမ္ျဖစ္ခဲ့ရင္ေတာ့ နည္းနည္းမူးေဝတာ ေအာ့အန္ခ်င္သလိုျဖစ္တာကို အရင္ခံစားရလိမ့္မယ္… ဒါေပမယ့္ အၾကာႀကီးျဖစ္မွာမဟုတ္လို႔ စိတ္မပူပါနဲ႔” လဲ့ေယာင္ေျပာလိုက္တယ္။ သူက တ်န္းယန္အေဆာင္ေတြကို ေထာက္ပံ့ေရးအဖြဲ႕ေခါင္းေဆာင္၊ ေဆး႐ုံအုပ္လ်ိဳ၊ Dr.ေက်ာင္၊ ရႈေယာင္နဲ႔ ဟန္မို႔တို႔ကို ေပးလိုက္တယ္။ ယန္က်ဲ႕အတြက္က်ေတာ့ သူ႔ရဲ႕အေဆာင္ကို ရႈေယာင္သုံးလိုက္တယ္ဆိုေတာ့ သူ႔အတြက္က မရေတာ့ဘူး!
“အေဆာင္ကို printသာ ထုတ္လို႔ရရင္ေတာ့…” ယန္က်ဲ႕ ပြစိပြစိလုပ္ေနတယ္။
“အကၡရာေတြက္ု printထုတ္လိုက္တာကရတယ္၊ ဒါေပမယ့္ အဲ့ထဲမွာစီးဝင္ေနတဲ့ ဂမၻီရပညာကိုေတာ့ လုပ္လို႔မရဘူး… အဲ့ေတာ့ အမ်ားႀကီးေလွ်ာက္ေတြးမေနနဲ႔” လဲ့ေယာင္ဆက္ေျပာတယ္ “Mr.ယန္ ခင္ဗ်ားကလည္းေနာ္ တလြဲေတြခ်ည္းပဲ”
ယန္က်ဲ႕ “…”
ယန္က်ဲ႕ခပ္ျမန္ျမန္ေဘးကပ္ရပ္လိုက္ၿပီး ပါးစပ္ေလးပိတ္ကာ သူသာဆက္ၿပီးေျပာေနမယ္ဆိုရင္ ႐ုပ္လြန္ေဗဒရဲ႕ လမ္းဆုံးကိုေရာက္သြားမွာစိုးတာေၾကာင့္ ၿငိမ္ၿငိမ္ေလးပဲေနေနေတာ့တယ္။
လဲ့ေယာင္က ရႈေယာင္ကေနစၿပီး တ်န္းယန္အေဆာင္ကိုသုံးကာ တစ္ေယာက္ခ်င္းစီ ရွင္းရွင္းလင္းလင္းနဲ႔ ျမန္ျမန္ဆန္ဆန္အျမင္ဖြင့္ေပးၿပီးေနာက္ သူ႔လက္ထဲက သြားႀကိဳးတုတ္တံေလးကို ခါရမ္းလိုက္တယ္။
‘ေလတိုက္ႏႈန္းျမင့္လာတယ္’
ေကာင္းကင္ႀကီးက ပိတ္ပိတ္ေမွာင္သြားတာကိုျမင္ေတာ့ လဲ့ေယာင္ေျမျပင္မွာ စက္ဝိုင္းတစ္ခုဆြဲလိုက္တယ္။ သူရႈေယာင္ကို အိပ္ေဆာင္နံပါတ္တစ္ကို စက္ဝိုင္းထဲထည့္ဖို႔အခ်က္ျပလိုက္တယ္။
လဲ့ေယာင္က စက္ဝိုင္းတြင္းမွာ စာေရးလိုက္တယ္ : Flying Wolfဌာနခြဲရဲ႕ ဗဟိုဌာနမွ အေနာက္ဘက္ ႏွစ္ကီလိုအကြာမွာ တည္ရွိသည္၊ ဒီအရာသည္ အပေလာကသားမ်ားအတြက္ ေပးကမ္းတာျဖစ္ပါသည္၊ Flying Wolfဌာနခြဲရဲ႕ ေသဆုံးၿပီးတပ္သား တစ္ေထာင္က လက္ခံရရွိဖို႔အတြက္ျဖစ္ပါသည္။
႐ႊမ္းရႈအတန္းက ေက်ာင္းသားအသစ္ေတြ ရွက္ကုန္ၾကတယ္။ သူတို႔ေတြက လဲ့ေယာင္လုပ္တဲ့ဒီလိုအရာေတြက အရမ္းပုံမွန္မဟုတ္ဘူးလို႔ အၿမဲထင္ခဲ့ၾကတာ။ ဒါေပမယ့္ လဲ့ေယာင္ အကၡရာေရးၿပီးသြားလို႔ အေဆာက္အအုံအေသးေလးကို မီးရႈိ႕လိုက္တဲ့အခါ ဗဟိုဌာနရဲ႕နားမွာ အေဆာက္အအုံတစ္ခုခ်က္ခ်င္းဆိုသလို ေပၚထြက္လာတယ္! သူတို႔မ်က္စိေရွ႕မွာတင္ေနာ္!
ဒီအေဆာက္အအုံအသစ္က လဲ့ေယာင္ရႈိ႕ေပးလိုက္တာထက္ကို ေတာ္ေတာ္ေလးႀကီးတယ္။ ေဖာက္ထြင္းျမင္ေနရတာကလြဲလို႔ တကယ့္အေဆာက္အအုံနဲ႔ ဘာမွကြာျခားသြားတာမရွိဘူး!
ထိုအခ်ိန္မွာ လဲ့ေယာင္က အိပ္ေဆာင္နံပါတ္ႏွစ္ကို ေနာက္စက္ဝိုင္းတစ္ခုထဲထည့္ၿပီး စာေရးလိုက္တယ္ : ေသဆုံးၿပီး Flying Wolfဌာနခြဲတပ္သားေတြရဲ႕ အိပ္ေဆာင္နံပါတ္တစ္နဲ႔ ငါးမီတာအကြာ ေျမာက္ဘက္ျခမ္းမွာ တည္ရွိသည္။ ဒီအရာသည္ အပေလာကသားမ်ားအတြက္ ေပးကမ္းတာျဖစ္ပါသည္၊ Flying Wolfဌာနခြဲရဲ႕ ေသဆုံးၿပီးတပ္သား တစ္ေထာင္က လက္ခံရရွိဖို႔အတြက္ျဖစ္ပါသည္။
အေဆာက္အအုံ18လုံးကို ဒီပုံစံအတိုင္းထပ္ခါထပ္ခါလုပ္ၿပီးေနာက္ အိပ္ေဆာင္ေတြက အစဥ္လိုက္အတိုင္းေလးတန္းစီၿပီး ဗဟိုဌာနရဲ႕ အေနာက္ဘက္က ေနရာလြတ္မွာ စစ္တန္းလ်ားတစ္ခုလိုမ်ိဳး ‘ေဆာက္’လို႔ၿပီးစီးသြားတယ္!
ေဆး႐ုံအုပ္လ်ိဳ႕၊ Dr.ေက်ာင္၊ ေခါင္းေဆာင္ခ်န္းနဲ႔ ဟန္မို႔ “…”
“ေဆး႐ုံအုပ္လ်ိဳ႕၊ ေခါင္းေဆာင္ခ်န္း ဘယ္လိုေနလဲ?” ရႈေယာင္ေမးလိုက္တယ္။
ေဆး႐ုံအုပ္လ်ိဳ႕က သူ႔မ်က္ႏွာကို ခပ္ျပင္းျပင္းပြတ္ၿပီး ေျပာလာတယ္ “ဗိုလ္ခ်ဳပ္ႀကီး ကြၽန္ေတာ္စိတ္တည္ၿငိမ္ဖို႔ လိုေနတယ္”
ေခါင္းေဆာင္ခ်န္း “…” ‘ကြၽန္ေတာ္ကေတာ့ ဘာေျပာလို႔ေျပာရမွန္းမသိေတာ့ဘူး!’
ေထာက္ပံ့ေရးအဖြဲ႕ေခါင္းေဆာင္ ခ်န္းယင္းေဝ့ကေတာ့ ဒီကိစၥမွာသက္ေရာက္မႈအရွိဆုံးလူျဖစ္ခဲ့တယ္။ သူက တ်န္းယီရဲ႕မေတာ္တဆျဖစ္ရပ္မွာတုန္းက ႀကဳံေတြ႕လိုက္ရတာမ်ိဳးမရွိခဲ့တာေၾကာင့္ ဒီလိုမ်ိဳးအေဆာက္အအုံ18လုံးက လ်ပ္တျပက္အတြင္းမွာ အရမ္းကိုဆီေလ်ာ္မႈမရွိတဲ့ပုံမ်ိဳးနဲ႔ ေပၚထြက္လာတာကိုျမင္လိုက္ရေတာ့ သူအိမ္မက္မက္ေနတာမ်ားလားလို႔ေတာင္ ထင္သြားတယ္။
သူ ယန္က်ဲ႕ကိုအသာေလးလွမ္းပုတ္ၿပီးေျပာလိုက္တယ္ “Mr.ယန္ ကြၽန္ေတာ့္ကို ဆြဲဆိတ္ၾကည့္ေပး”
ယန္က်ဲ႕က လူယုတ္မာအၿပဳံးႀကီးၿပဳံးကာ အသားကုန္ဆိတ္ေပးလိုက္တယ္! [T/N : အက်င့္ကိုက]
“Ah! ! !” ေခါင္းေဆာင္ခ်န္း သူ႔လက္ေမာင္းသူပြတ္ကာ စိတ္လႈပ္ရွားစြာေျပာလိုက္တယ္ “My God.. ဒါႀကီးက.. တကယ္ႀကီး… မဒမ္က တကယ့္ကို အံ့ၾသစရာေကာင္းလိုက္တာ!”
လဲ့ေယာင္က ဒီလူအုပ္ကို ေလာကသစ္ရဲ႕တံခါးႀကီးဖြင့္ေပးလိုက္တယ္။ သူတို႔အံ့ၾသဘနန္းေတြျဖစ္ေနတုန္း သူရႈေယာင္ကိုေျပာလိုက္တယ္ “အဝတ္ေတြအကုန္လုံး ဒီမွာထားလိုက္ပါ၊ အေမႊးနံ႔သာတိုင္က မီးေတာက္နဲ႔ဒါေတြကို ရႈိ႕မယ္ဆိုတဲ့စိတ္ကူးက သိပ္မေကာင္းဘူး… ခင္ဗ်ားရဲ႕ယာဥ္ပ်ံကို သုံးၿပီး အဲ့တာကိုရႈိ႕ဖို႔ ေလာင္စာျဖန္းေပးဖို႔လိုတယ္”
“ေကာင္းၿပီေလ Leslie ေနရာယူထား” ရႈေယာင္ အမိန႔္ေပးလိုက္တယ္ “က်ဳပ္ဇနီးေျပာတဲ့အတိုင္း လုပ္ေပးလိုက္”
“ဟုတ္ကဲ့ပါ ဗိုလ္ခ်ဳပ္ႀကီး”
စစ္ယူနီေဖာင္း တစ္ေသာင္းေက်ာ္အတြက္ ေနရာအက်ယ္ႀကီးလိုတာေၾကာင့္ လဲ့ေယာင္အဲ့အတြက္ စက္ဝိုင္းအသစ္ထပ္ဆြဲလိုက္တယ္။ အဝတ္ေတြကို ဝိုင္းထားလို႔အၿပီးမွာ လက္ခံရရွိမယ့္သူေတြရဲ႕အခ်က္အလက္ေတြခ်ေရးတယ္ ၿပီးေနာက္ Leslieရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ စက္နဲ႔မီးေလာင္ကြၽမ္းေစလိုက္တယ္။
အခ်ိန္တိုတြင္းမွာ အင္မတန္ျမင့္မားတဲ့အပူခ်ိန္နဲ႔ အဝတ္ပုံႀကီးတစ္ခုလုံးကို ျပာတစ္စပါမက်န္ေတာ့ေအာင္ ရႈိ႕ျ့ပီးသြားတယ္။
ေခါင္းေဆာင္ခ်န္းက ေမးတယ္ “အဝတ္အစားေတြကေရာ?” အေဆာက္အအုံအေသးစားေလးေတြကို ရႈိ႕ၿပီးေတာ့ တဖက္မွာေပၚလာတယ္ေလ။ ‘ဒါေပမယ့္ အဝတ္အစားေတြက်ေတာ့ ဘယ္ေရာက္ကုန္တာလဲ?!’
လဲ့ေယာင္ျပန္ေျဖတယ္ “အဝတ္အစားေတြက ဖူဟဲ့ေတာင္ကိုေရာက္သြားၿပီ၊ သူတို႔ေတြ ဆယ့္ငါးမိနစ္အတြင္း ဝတ္လို႔ၿပီးေလာက္မယ္ထင္တာပဲ ဟုတ္တယ္မွတ္လား?”
“စစ္တပ္မွာ သတ္မွတ္ထားခ်က္အရ ယူနီေဖာင္းလဲတာ အခ်ိန္ဆယ့္ငါးစကၠန႔္ပဲရတယ္” ရႈေယာင္ေျပာလိုက္တယ္။
လဲ့ေယာင္ ရႈေယာင္ကို စိုက္ၾကည့္ေပးလိုက္တယ္။ “အဝတ္ေတြကို ခြဲျခမ္းစိတ္ျဖာရတာက အခ်ိန္နည္းနည္းေတာ့ ၾကာမွာပဲ မဟုတ္ဘူးလား? အဝတ္ေတြက ဒီေလာက္ေတာင္မ်ားေနတဲ့ဟာႀကီးကို၊ တပ္သားေတြရဲ႕ကိုယ္ပိုင္ကုတ္ေတြနဲ႔ အမွတ္အသားေပးထားတယ္ဆိုအုံးေတာ့ ဒီေလာက္ျမန္ႏိုင္မွာမဟုတ္ဘူး”
ရႈေယာင္ ၿပဳံးျပၿပီး ျပန္ေျဖလိုက္တယ္ “ေကာင္းၿပီဗ်ား ကိုယ္ဒီညမင္းစကား နားေထာင္ပါ့မယ္၊ ဆရာေရွာင္လဲ့”
လဲ့ေယာင္သူ႔ရဲ႕သြားကျိုးတုတ္တံေလးနဲ႔ ရႈေယာင္ရင္ဘတ္ကို႐ိုက္ေပးလိုက္တယ္။ “ခင္ဗ်ားနားလည္ရင္ ၿပီးတာပဲ”
ေသဆုံးၿပီးတပ္သားေတြေပၚလာမယ့္အခ်ိန္ကိုေစာင့္ေနရင္း လူေတြကအသစ္စက္စက္ ‘ေဆာက္’ထားတဲ့အိပ္ေဆာင္ေတြဆီကို သုတ္သုတ္ျပာျပာေလွ်ာက္သြားၾကတယ္။ ေဆး႐ုံအုပ္လ်ိဳ႕၊ Dr.ေက်ာင္နဲ႔ တျခားသူေတြက ေဖာက္ထြင္းျမင္ေနရတဲ့အေဆာက္အအုံဆီေရာက္တဲ့အခါ ရီစရာေကာင္းတဲ့ပုံစံမ်ိဳးေတြနဲ႔ သူတို႔လက္ေခ်ာင္းေတြသုံးကာ အေဆာက္အအုံေတြကို တို႔ၾကည့္ၾကတယ္။ ရလဒ္ကေတာ့ သူတို႔လက္ေခ်ာင္းေတြက ေဖာက္ထြင္းဝင္သြားတယ္! ၿပီးေတာ့လည္း အေဆာက္အအုံေတြမွာ ေလွကားေတြလည္းမရွိဘူး!
႐ုတ္တရက္ လဲ့ေယာင္ေျပာခဲ့ဖူးတဲ့ ‘ေလထဲေပါေလာ’ေနတယ္ဆိုတဲ့ စကားလုံးကို သတိရသြားၿပီး အနည္းငယ္ပက္လက္လန္ခ်င္လာသလိုေတာင္ ခံစားမိကုန္တယ္။
လဲ့ေယာင္က အေဆာက္အအုံထဲဝင္ကာ ပထမထပ္ရဲ႕ပထမဆုံးအခန္းကိုပဲ ဝင္ၾကည့္လိုက္တယ္။ သူမွ ထိပ္ဆုံးထပ္အထိ တက္လို႔မွမရတာကိုး။ အတြင္းပိုင္းက သူစိတ္ကူးထားတဲ့အတိုင္းျဖစ္ေနတာေၾကာင့္ျပန္ထြက္လာလိုက္တယ္။ အဲ့ေနာက္ အိပ္ေဆာင္နံပါတ္တစ္ရဲ႕တံခါးဝေရွ႕ကေျမျပင္ေပၚမွာ အကၡရာေရးဆြဲၿပီး ႐ြတ္ဖတ္လိုက္တယ္။ “ဤေနရာ ဒီကုန္းေျမေပၚတြင္ ေကာင္းကင္ဘုံနဲ႔ ေျမျပင္၊ သီးျခားေနရာနဲ႔ အပေလာကကို ျဖတ္ေက်ာ္ၿပီး ကြၽႏ္ုပ္ရဲ႕ကိုးကြယ္မႈကို ဦးတိုက္ကာ ဘာသာေရးနတ္ေတြကို ဆင့္ေခၚပါတယ္၊ ကြၽႏ္ုပ္အသံကို နားစြင့္ေပးပါ ရွန္းေဝ့လင္ ဒီေတာင္းဆိုမႈကိုၾကားတယ္ဆိုရင္ အျမန္ဆုံးေရာက္လာေပးပါ!”
ဒါေပမယ့္ ရွန္းေဝ့လင္က အရင္အခါဆင့္ေခၚဖူးခဲ့တုန္းေတြကလိုမ်ိဳး ျမန္ျမန္မေပၚလာဘူး။
“Mr.ေရွာင္လဲ့ ေဝ့လင္… သူ…” ခဏေလာက္ေစာင့္ဆိုင္းၿပီးေနာက္ ရွန္းေဝ့လင္ကို ဟန္မို႔မေတြ႕ေသးတာေၾကာင့္ ဇေဝဇဝါနဲ႔ေမးလာတယ္ “ဆင့္ေခၚတာက ခ်က္ခ်င္းသက္ေရာက္မႈရွိတာလားဟင္? ဆင့္ေခၚခံရတဲ့သူက သူ႔ဘာသာေပၚလာတာလား ဒါမွမဟုတ္ ေပၚလာခ်င္လား မေပၚလာခ်င္ဘူးလားဆိုတာ ေ႐ြးလို႔ရတာလား?”
“သူေ႐ြးျခယ္လို႔ရတယ္… ရွန္းေဝ့လင္ ေရာက္မလာေသးတာက သူေခၚလာရမယ့္သူေတြ အမ်ားႀကီးျဖစ္ေနလို႔… ဟိုကိုၾကည့္လိုက္ေလ” လဲ့ေယာင္ ဖူဟဲ့ေတာင္ရွိရာဆီကို ေမးေငါ့ျပလိုက္တယ္။ ထိုအခ်ိန္မွာခ်က္ခ်င္းပဲ ေသဆုံးၿပီးတပ္သားေထာင္ေပါင္းမ်ားစြာက ေျပာင္ရွင္းေနတဲ့ေတာင္ကုန္းဘက္မွေန ေပၚထြက္လာတယ္!
“ေအာင္မေလး… ေအာင္မေလး!” Dr.ေက်ာင္ သူ႔ဘာသာေတာင္မသိလိုက္ခင္ ေနာက္ဆုတ္မိသြားၿပီး သူ႔ေရွ႕ကျမင္ကြင္းေၾကာင့္ ေၾကာင္အေနေတာ့တယ္။ “ဒါတကယ္ႀကီး ငါတို႔ရဲ႕ရဲေဘာ္ရဲဘက္ေတြ!”
“ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္!! လက္ေထာက္ရွန္း! ကြၽန္ေတာ္ လက္ေထာက္ရွန္းနဲ႔ ေခါင္းေဆာင္ရွန္ကို ေတြ႕ေနရတယ္!” ေခါင္းေဆာင္ခ်န္း လက္ကိုအျမန္ေဝ့ယမ္းလိုက္တယ္။ “လက္ေထာက္ရွန္း! ေခါင္းေဆာင္ရွန္!”
“ေခါင္းေဆာင္ခ်န္း!” ရွန္တင္းက လွ်င္ျမန္လွတဲ့အရွိန္နဲ႔ ဝွီးခနဲေရာက္ရွိလာတယ္ “မေတြ႕ရတာေတာင္ ၾကာလွၿပီဗ်ာ… ခင္ဗ်ားအျမင္ကို ဖြင့္ထားတာလား?”
“ဟုတ္တယ္ ဟုတ္တယ္ Mr.ေရွာင္လဲ့က ကူညီၿပီးဖြင့္ေပးထားတာ” ေခါင္းေဆာင္ခ်န္းက သူ႔ကိုစုန္ခ်ည္ဆန္ခ်ည္ၾကည့္လိုက္တယ္။ အစတုန္းက ပီတိေတြျဖစ္ေနေပမယ့္ သူ႔မ်က္လုံးေတြက တျဖည္းျဖည္းနီရဲလာတယ္ “ေသစမ္း… ငါမင္းကို ေနာက္ထပ္မေတြ႕ရေတာ့ဘူးလို႔ေတာင္ထင္ေနတာ!”
“ေဟး ေဟး မင္းက ဘာကိုငိုမလိုလုပ္ေနတာလဲ?” ရႈေယာင္ရင္ထဲမွာလည္း ခါးသက္ေနေပမယ့္ ဒီလိုေပ်ာ္စရာေကာင္းတဲ့ေန႔မွာ လူတိုင္းကိုမႈိင္ေတြဝမ္းနည္းေနတာမ်ိဳးမျဖစ္ေစခ်င္တာေၾကာင့္ သူေျပာလိုက္တယ္ “ရွန္းေဝ့လင္ တပ္သားေတြကို ကန္တင္းဘက္ေခၚသြားလိုက္!”
“ဟုတ္ကဲ့ ဗိုလ္ခ်ဳပ္ႀကီး!” ရွန္းေဝ့လင္ ၿပဳံးၿပီးေျပာလိုက္တယ္။ “ေခါင္းေဆာင္ခ်န္း၊ ေပ်ာ္ေပ်ာ္ေနပါ… ေနာက္မွေျဖးေျဖးခ်င္းေျပာၾကတာေပါ့၊ ကြၽန္ေတာ္တို႔ရဲ႕ တျခားရဲေဘာ္ေတြကိုလည္း အရင္သြားေတြ႕ရအုံးမယ္ေလ”
“ေကာင္းတယ္၊ လူတိုင္းက မင္းတို႔ကိုေစာင့္ေနတာ” ေခါင္းေဆာင္ခ်န္းက သူ႔ရဲ႕မ်က္ရည္ဝဲေနတဲ့မ်က္လုံးေတြကို အျမန္ပြတ္ပစ္လိုက္တယ္။
အသက္ရွင္က်န္ေနဆဲတပ္သားေတြက ကန္တင္းထဲ သူတို႔ရဲ႕ သက္ဆိုင္ရာေနရာေတြမွာ ေနရာယူထားၾကတယ္။ သူတို႔တစ္ေယာက္ခ်င္းစီေရွ႕မွာ ညစာတစ္ပြဲစီရွိေပမယ့္ ဒီညစာပြဲက အရင္ေတြတုန္းကထက္ ပိုႀကီးေနတယ္။ ပုံမွန္ထက္အနည္းဆုံးႏွစ္ဆေလာက္ရွိၿပီး ‘အရင္ဆုံးမဖြင့္ရ’ဆိုၿပီး မွတ္စုေလးကပ္ထားတယ္။ ၿပီးေတာ့လည္း အဲ့တာတစ္ခုခ်င္းစီမွာ အေမႊးနံ႔သာတိုင္ေသးေသးေလးတစ္ခု၊ မီးျခစ္တစ္ခုနဲ႔ ညေနစာဘူးအလြတ္တစ္ခုရွိေနတယ္။
ဘာကဘာမွန္း နားမလည္တာေၾကာင့္ စပ္စပ္စုစုရွိတဲ့တပ္သားတစ္ေယာက္က အေမႊးနံ႔သာတိုင္ကို ယူကာနမ္းၾကည့္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ “ငါတို႔ကို ဘာလို႔ညစာဘူးအလြတ္ကိုေပးထားရတာလဲ?”
သူ႔ေဘးနားက တပ္သားကျပန္ေျဖတယ္။ “ေမးစရာလိုလို႔လား? ဒါက တပ္တစ္ခုလုံးအတြက္ ညစာစားပြဲပါဆိုေနမွ ငါတို႔ရဲ႕အရင္ကရဲေဘာ္ေတြနဲ႔ပါ စားရမွာေလ.. သိသာေနတာပဲဟာကို အဲ့ဘူးအလြတ္ေတြက သူတို႔ေတြအတြက္”
ေမးခြန္းထုတ္ခဲ့တဲ့တပ္သားက ေတြးၾကည့္ၿပီးေနာက္ ဒီရွင္းျပခ်က္က မွန္သားပဲလို႔ေတြးမိတယ္။ ဒါေပမယ့္လည္း ဒီလိုလုပ္ေဆာင္ပုံက အံ့ၾသစရာေကာင္းတယ္လို႔ ခံစားမိတယ္။
‘ငါတို႔ရဲ႕ရဲေဘာေတြက ေသၿပီးေနၿပီပဲဟာကို ဘယ္လိုလုပ္စားႏိုင္မွာလဲ?’ ကန္တင္းထဲမွာရွိေနတဲ့ တပ္သားတိုင္းရဲ႕စိတ္ထဲမွာ တူညီတဲ့ေမးခြန္းေတြ ထြက္ေပၚလာတယ္။ ႐ုတ္တရက္ဆိုသလို ကန္တင္းထဲမွာ အပူခ်ိန္ထိုးက်သြားတာကို လူတိုင္းခံစားမိသြားတယ္။
အျပင္မွာအရမ္းပူေနတာေၾကာင့္ ကန္တင္းထဲမွာဆို ေႏြးေႏြးေလးျဖစ္ေနေပမယ့္ အခုကေလေအးေပးစက္ကို ႐ုတ္တရက္ဖြင့္လိုက္တဲ့ပုံပဲ!
ေရွ႕တံခါးကေန ရႈေယာင္နဲ႔ လဲ့ေယာင္ေလွ်ာက္ဝင္လာေတာ့ တပ္သားအားလုံး တစ္ညီတစ္ညာတည္း မတ္တပ္ရပ္လိုက္ၾကတယ္ “Good evening ဗိုလ္ခ်ဳပ္ႀကီး! Good evening မဒမ္!”
Shua~
ေသသပ္တဲ့လႈပ္ရွားမႈေတြနဲ႔ လူတိုင္းက ခါးကိုဆန႔္ကာ ေရွ႕ကိုတည့္တည့္ၾကည့္ေနတယ္။
လူတိုင္းထိုင္ၿပီးတဲ့ေနာက္ ရႈေယာင္ေျပာလိုက္တယ္ “ေသဆုံးၿပီးညီအစ္ကိုေတြလည္း ထိုင္လို႔ရၿပီ”
အသက္ရွင္ေနဆဲတပ္သားမ်ား “…”
ရႈေယာင္ထပ္ေျပာတယ္ “တာဝန္က်တဲ့ညီအစ္ကိုေတြက လြဲလို႔လူတိုင္းဒီမွာရွိတယ္၊ က်ဳပ္အရင္ကေျပာခဲ့သလိုပဲ ဒါက Flying Wolfဌာနခြဲတစ္ခုလုံးရဲ႕ ညစာစားပြဲျဖစ္တယ္… ဘာျဖစ္လို႔လဲဆိုေတာ့ က်ဳပ္တို႔လြန္ခဲ့တဲ့ေလးႏွစ္က ခြဲခြာခဲ့ရတဲ့က်ဳပ္တို႔ရဲ႕ ရဲေဘာ္ေတြကိုျပန္ရွာေတြ႕လိုက္တာေၾကာင့္ပဲ၊ ေရွ႕ေလွ်ာက္ သူတို႔ေတြက်ဳပ္တို႔နဲ႔အတူေနၿပီး က်ဳပ္တို႔နယ္ေျမကိုဆက္ၿပီး ေစာင့္ၾကပ္ေပးလိမ့္မယ္… အဲ့တာကက်ဳပ္တို႔အတြက္လည္း ဝမ္းသာစရာေကာင္းတယ္၊ အခု အားလုံးေရာက္ေနၾကၿပီ!”
တပ္သားမ်ား “ကြၽန္ေတာ္တို႔ ေရာက္ပါၿပီ!”
ရႈေယာင္အမိန႔္ေပးလိုက္တယ္ “မင္းတို႔ရဲ႕စားစရာဘူးထဲက တစ္ဝက္ကိုအလြတ္ထဲထည့္လိုက္”
လူတိုင္းကထိုအမိန႔္ကို တခ်ိန္တည္းမွာလိုက္လုပ္ေပးၾကတယ္။ ဒီအျပဳအမူေလးက လဲ့ေယာင္ႏွလုံးသားကို အလႈပ္ခတ္ေစဆုံးပဲ။ သူတို႔ေတြရဲ႕ ေသဆုံးၿပီးျဖစ္တဲ့ညီအစ္ကိုေတြက စားလို႔မရႏိုင္ဘူးဆိုတာ ေသခ်ာရွင္းရွင္းလင္းလင္းသိေနၾကေပမယ့္ သူတို႔စားစရာထဲက ေဝစုအမ်ားႀကီးကို တဖက္ထဲထည့္ေပးေနတုန္းပဲ။
ရႈေယာင္ထပ္ေျပာတယ္ “ၿပီးသြားၿပီဆိုရင္ အေမႊးနံ႔သာတိုင္ကို မီးညႇိၿပီး မဒမ္ေျပာတာ လိုက္ဆိုေပး”
လဲ့ေယာင္ဆက္သြယ္ေရးစက္ကို ဖြင့္ၿပီး ကန္တင္းထဲမွာ အသံလႊင့္လိုက္တယ္။ “ယေန႔ည အေမႊးနံ႔သာတိုင္ႏွင့္ ညစာကို ေသဆုံးၿပီးျဖစ္တဲ့ Flying Wolfဌာနခြဲမွ ညီအစ္ကိုေတြအေယာက္တစ္သိန္းအတြက္ ရည္႐ြယ္ပါတယ္! သင္တို႔ရဲ႕ဝိဉာဥ္ေတြ ထာဝရေအးခ်မ္းပါေစ!”
သူ႔အသံဆုံးတာနဲ႔ တပ္သားေတြက တစ္ညီတည္းလိုက္ဆိုတယ္ “ယေန႔ည အေမႊးနံ႔သာတိုင္ႏွင့္ ညစာကို ေသဆုံးၿပီးျဖစ္တဲ့ Flying Wolfဌာနခြဲမွ ညီအစ္ကိုေတြအေယာက္တစ္သိန္းအတြက္ ရည္႐ြယ္ပါတယ္! သင္တို႔ရဲ႕ဝိဉာဥ္ေတြ ထာဝရေအးခ်မ္းပါေစ!”
ေျပာၿပီးတာနဲ႔ တပ္သားေတြက တဖက္ျခမ္းမွာရွိတဲ့ စားစရာေတြကို ေလ်ာ့သြားမလားဆိုၿပီး လွမ္းၾကည့္လိုက္ၾကတယ္…
ဒါေပမယ့္ ေလ်ာ့လည္း မေလ်ာ့သြားဘူး! သူတို႔က ဘယ္လိုေတြလုပ္ၿပီး ဒီစားေသာက္ပြဲက ဘယ္လိုအဆုံးသတ္သြားမွာလဲ? ‘အတူတူစားၾကရမယ္ဆိုတာကေရာ ဘာလဲ?!’
ထိုအခ်ိန္မွာ ရႈေယာင္ေျပာလိုက္တယ္ “ေကာင္းၿပီ၊ အခုလူတိုင္း မင္းတို႔ထည့္ေပးလိုက္တဲ့ဘူးထဲက စားစရာကိုျမည္းစမ္းၾကည့္လို႔ရတယ္၊ ဒီညီအစ္ကိုေတြက အရင္တုန္းက က်ဳပ္တို႔နဲ႔နာက်င္မႈေတြကို အတူေဝမွ်ၿပီး ခံစားေပးခဲ့ၾကတာ… အခုခ်ိန္မွာ သူတို႔နဲ႔စားစရာတစ္ခုတည္းကို စားရမယ္ဆိုလည္း စိတ္မရွိဘူးလို႔ထင္တယ္ ဟုတ္တယ္မွတ္လား?”
ဒီစကားကိုၾကားၿပီးေတာ့ တပ္သားအခ်ိဳ႕က ခ်က္ခ်င္းဆိုသလိုသူတို႔ရဲ႕တူေတြကို ေကာက္ကိုင္ၿပီး တစ္ဖက္ကစားစရာကိုလွမ္းယူၿပီး သူတို႔ဗိုလ္ခ်ဳပ္ႀကီးကေတာ့ ဘာေတြလုပ္ေနျပန္တာလဲဆိုၿပီးေတြးေနတယ္။ ရလဒ္အေနနဲ႔ သူတို႔ေတြစားစရာကို ဝါးလိုက္တဲ့အခ်ိန္မွာပဲ တုန္လႈပ္တိတ္ဆိတ္သြားေတာ့တယ္!
‘သူတို႔စားစရာေတြက အနံ႔လည္းမရွိ အရသာလည္းမရွိပါလား!’
‘ဘာအရသာမွ မရွိဘူး!’
စားစရာဘူးတစ္ခုတည္းကေန သူတို႔လက္နဲ႔ကိုယ္တိုင္ ထည့္ေပးလိုက္တာပဲကို။ ဒါေပမယ့္ သူတို႔ေရွ႕က စားစရာက်ေတာ့ အရသာရွိတယ္။ ဘယ္လိုလုပ္ တဖက္ကစားစရာက အရသာမရွိျဖစ္ေနရတာလဲ?!
‘ငါစားလိုက္ရတဲ့ထမင္းက အတုႀကီး ၿပီးေတာ့ငါစားလိုက္ရတဲ့စားစရာေတြက အတုႀကီး! အားလုံးက အတုႀကီး!’
“တင္ျပခ်င္ပါတယ္!” ႐ုတ္တရက္ လူအုပ္ထဲက တစ္စုံတစ္ေယာက္က စိတ္လႈပ္ရွားစြာထေအာ္ၿပီး မတ္တပ္ရပ္လိုက္တယ္ “ဗိုလ္ခ်ဳပ္ႀကီး အဲ့ဒီ့ညီအစ္ကိုေတြ အနားမွာရွိပါေသးလား?”
“အင္း ရွိတယ္၊ မင္းတို႔တစ္ေယာက္ခ်င္းစီေရွ႕မွာ က်ဳပ္တို႔နဲ႔အတူတိုက္ပြဲဝင္ခဲ့တဲ့ ညီအစ္ကိုေတြတစ္ေယာက္ ဒါမွမဟုတ္ႏွစ္ေယာက္ရွိေနတယ္” ရႈေယာင္ေျပာလိုက္တယ္။
“ဒါေပမယ့္ ကြၽန္ေတာ္တို႔မျမင္ရေတာ့ သူတို႔နဲ႔ဘယ္လိုလုပ္ေျပာရမလဲ?”
“ဒီေမးခြန္းက…” ရႈေယာင္ လဲ့ေယာင္ဘက္လွည့္ေမးလိုက္တယ္ “မိန္းမ က်ီဖန္းယုက်ေတာ့ အေမႊးနံ႔သာတိုင္က,ျပာနဲ႔ စာေရးႏိုင္ၿပီး သူတို႔ကဘာလို႔မရတာလဲ?”
“သူတို႔ကို ဒီနည္းလမ္းသင္ေပးထားတဲ့သူတစ္ေယာက္မွမရွိလို႔ျဖစ္ရတာပါ” လဲ့ေယာင္ျပန္ေျဖလိုက္တယ္။ “ေသဆုံးၿပီးညီအစ္ကိုမ်ားခင္ဗ်ာ… ခင္ဗ်ားတို႔ေရွ႕မွာ အေမႊးနံ႔သာတိုင္ကရတဲ့ျပာေတြရွိပါတယ္၊ အရင္တုန္းက ခင္ဗ်ားတို႔ေတြ႕ထိသမွ်အရာအားလုံးကို ေဖာက္ထြက္ၿပီးမထိႏိုင္ျဖစ္ခဲ့ရတယ္ၿပီးေတာ့ ခင္ဗ်ားတို႔ရဲ႕အသက္ရွင္ေနဆဲညီအစ္ကိုေတြကို အခ်က္အလက္ဘယ္လိုေပးရမယ္ဆိုတဲ့ နည္းလမ္းကိုေသခ်ာမသိရေသးဘူး… အခုခင္ဗ်ားတို႔လုပ္လို႔ရပါၿပီ၊ အေမႊးနံ႔သာတိုင္က ျပာကိုမႈတ္ၾကည့္ပါ.. အသာေလးေတာ့ မႈတ္ရပါမယ္၊ ျပာေတြကျပန႔္သြားၿပီဆိုရင္ အဲ့ေပၚမွာစာေရးလို႔ရပါၿပီ”
အသက္ရွင္ေနဆဲတပ္သားေတြက ႐ုတ္တရက္သူတို႔ေရွ႕က အေမႊးနဲ႔သာတိုင္က ျပာပုံေလးကစားပြဲေပၚမွာ အလႊာလိုက္ေလးျပန႔္သြားတာကို ေတြ႕လိုက္ရၿပီး ထိုေပၚမွာ မတူညီတဲ့စကားလုံးေတြ ထြက္ေပၚလာတယ္…
__ဝမ္ဒုံးေရွာင္ မင္းကြာ ဝလာလိုက္တာ!
__တုေဟာင္ ငါဘယ္သူလဲခန႔္မွန္းၾကည့္?
__ေလာင္ယန္ ဟား ဟား ဟား မင္းေၾကာက္ေနတာလား?!
“FML! သူတို႔ေတြ တကယ္ႀကီးဒီေရာက္ေနတယ္!” လူအုပ္ႀကီးက ဘယ္သူကဘယ္သူမွန္းမသိၾကေပမယ့္လည္း စိတ္လႈပ္ရွားလြန္းလို႔ ထေတာင္ခုန္မိတယ္။ သံသယျဖစ္စရာမလိုေအာင္ကို ဒီထုတ္ေဖာ္မႈကေန သူတို႔ေတြအခ်င္းခ်င္း ရဲေဘာ္ရဲဘက္ဘယ္သူျဖစ္မလဲဆိုတဲ့ ခန႔္မွန္းတဲ့ဂိမ္းပြဲႀကီးျဖစ္သြားေတာ့တယ္ “ဟုန္ဘင္း မင္းလား?”
__ဟုတ္တယ္
“အား အား အား! မင္းရွိေနတုန္းလား!”
“ညီေလးက်ိဳး မင္းတကယ္ပဲ ညီေလးက်ိဳးလား? အေမေရ! ေစာေစာကသာသိရင္ အသားေတြအကုန္ထည့္ေပးလိုက္ပါတယ္ကြာ!”
__ရပါတယ္၊ မနက္ျဖန္က်ရင္ ထပ္လာခဲ့မယ္!
“ေကာင္းတယ္! ဘယ္သူပဲ မလာျဖစ္မလာျဖစ္ ေျမးေလးျဖစ္ရမယ္!” [T/N : ငယ္ငယ္တုန္းက ကေလးေတြေျပာေျပာေနၾကလိုမ်ိဳး အရင္ေရာက္တဲ့သူ လူ! အဲ့လိုသေဘာမ်ိဳးပါ]
ကန္တင္းႀကီးက ေဈးႀကီးတစ္ခုလို ပြက္ေလာေတြ႐ိုက္ၿပီး လႈပ္လႈပ္ရွားရွားျဖစ္လာၾကတယ္။
ဘယ္လိုျဖစ္ျဖစ္ ပထမဆုံးအႀကိမ္ ဒီလိုေရးႀကီးခြင္က်ယ္လုပ္ေနတာေတြကို ရႈေယာင္မတားခဲ့ဘူး။ သူလဲ့ေယာင္ကို အေမႊးနံ႔သာတိုင္အခ်ိဳ႕မီးညႇိၿပီး ေသဆုံးၿပီးလူငယ္ေျခာက္ေယာက္နဲ႔ ညစာခြဲစားလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ လဲ့ေယာင္က က်ီဖန္းယုနဲ႔ သူ႔ရဲ႕ညီအစ္ကိုေတြအားလုံးကိုေခၚလိုက္တာေၾကာင့္ သူတို႔ေတြပါ ညစာစားပြဲမွာ ပါဝင္လာၾကတယ္။ ဒီေလထုေလးက အင္မတန္တက္ႂကြလို႔ေနတယ္။
‘ပိတ္ရက္မဟုတ္ေပမယ့္ ပိတ္ရက္ထက္ေတာင္ ပိုေကာင္းေသးတယ္!’
ဝမ္ေဟာင္နဲ႔ သူ႔အဖြဲ႕သားမ်ား “…” ‘ေသစမ္း အံ့ၾသလြန္းလို႔ စကားေတာင္မေျပာႏိုင္ေတာ့ဘူး!’
_______________________________________
{Unicode}
•လူတိုင်းအတွက် တပ်မတော်ညစာစားပွဲ•
တစ်နေ့တာက လျင်မြန်စွာကုန်ဆုံးသွားတယ်။ ညဘက် လဲ့ယောင်နဲ့ ရှုယောင်တို့ ကန်တင်းဘက်ကို လျှောက်သွားတော့ လမ်းတစ်လျှောက် ‘တပ်မတော်ညစာ’စားပွဲအကြောင်းပြောနေတာတွေချည်း ကြားနေရတယ်။ တပ်သားအနည်းငယ်ကတော့ အခြေအနေကိုလက်မခံနိုင်ဖြစ်နေပုံပေါ်ပြီး သူတို့ရင်ထဲမှာ ကယောင်ခြောက်ခြားတွေဖြစ်နေတယ်။ သို့ပေမယ့် အများစုကတော့ သူတို့ရဲ့အရင်ကရဲဘော်ရဲဘက်တွေက သူတို့နားမှာပဲရှိနေသေးတယ်ဆိုတော့ တခြားအရာတွေထက်ပိုကောင်းတယ်လို့ ထင်ကြတယ်။
သေခြင်းရှင်ခြင်းတွေကို အတူတကွဖြတ်ကျော်ပြီးချိန်မှာ ညီအစ်ကိုဆိုတာဘယ်လိုမှန်း သူတို့နားလည်သဘောပေါက်ခဲ့ကြတယ်။ အခု သူတို့စိုးရိမ်တာက တပ်မတော်ညစာဆိုတာက လှည့်စားပြီးပရိယာယ်ဆင်ထားတာဖြစ်နေမှာကိုပဲ။ ဘာလို့လဲဆိုတော့ ဒါက တကယ့်ကို! စိတ်ကူးယဉ်ဆန်လှတဲ့! စိတ်ကူးကြီးမို့လို့!
လဲ့ယောင်ကတော့ ဒီလူတွေကမွေးဖွားလာကတည်းက ဘာသာမဲ့တွေဖြစ်လို့ တစ္ဆေတွေနဲ့ နတ်ဘုရားတွေရှိတာကို မယုံကြည်ကြတာလို့ ခန့်မှန်းမိတယ်။ အဲ့တာကြောင့် ဒီလိုနက်နဲတဲ့အရာကိုမကြောက်ဘဲဖြစ်နေကြတာ။ သူတို့တွေက လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာတုန်းက တစ္ဆေနဲ့နတ်ဘုရားတွေအကြောင်း ပုံပြင်တွေအများကြီး ကြားဖူးထားလို့ မွေးတည်းကရင်ထဲအသည်းထဲက ကြောက်ရွံ့တတ်နေတဲ့ လူသားတွေနဲ့မတူဘူး။
ဒါပေမယ့်လည်း အဲ့တာကကောင်းပါတယ်၊ ညစာစားပွဲနဲ့ပက်သက်ပြီး သဘောထားကွဲလွဲတာတွေ သိပ်မဖြစ်တော့ဘူးပေါ့။
ပုံမှန်ဆို ညစာစားတာကိုသူ့အချိန်နဲ့သူစားလေ့ရှိပေမယ့် ဒီနေ့တော့ တပ်မတော်‘တစ်စုလုံး’ရဲ့ညစာစားပွဲဖြစ်တာကြောင့် ရောက်မလာကြသေးတဲ့သေဆုံးပြီးတပ်သားတွေအတွက် အဓိကစဉ်းစားပေးပြီး နည်းနည်းနောက်ရွှေ့ဆိုင်းလိုက်ရတယ်။
ကန်တင်းကို လဲ့ယောင်နဲ့ရှုယောင်ရောက်လာတော့ လိုအပ်ချက်အရပြင်ဆင်ထားရတဲ့ အမွှေးနံ့သာတိုင် 14,000ကိုစစ်ဆေးပြီး ညစာစားပွဲကို စားသောက်ပွဲနဲ့အညီဖြစ်နေစေဖို့ သေချာအောင်လုပ်ကြတယ်။ သူတို့နဲ့အတူ မကြာခင်ကမှရွေးခြယ်ထားတဲ့နေရာမှာ အိပ်ဆောင်တွေနဲ့ အကျီတွေကို မီးရှို့ဖို့အတွက် အစောင့်တွေနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ကိုပါ ခေါ်လာခဲ့တယ်။
ဒီနေရာကလည်း Flying Wolf ဌာနခွဲရဲ့စီရင်ရေးလက်အောက်မှာပဲဖြစ်တယ်။ ဗဟိုဌာနရဲ့အနောက်ဘက် နှစ်ကီလိုမီတာလောက်ကွာပြီး လူနေထိုင်တဲ့နေရာနဲ့ လှမ်းတယ်။
“မင်းတို့ထဲက တချို့ကို အမြင်ဖွင့်ပေးမယ်၊ ဒါကပထမဆုံးအကြိမ်ဖြစ်ခဲ့ရင်တော့ နည်းနည်းမူးဝေတာ အော့အန်ချင်သလိုဖြစ်တာကို အရင်ခံစားရလိမ့်မယ်… ဒါပေမယ့် အကြာကြီးဖြစ်မှာမဟုတ်လို့ စိတ်မပူပါနဲ့” လဲ့ယောင်ပြောလိုက်တယ်။ သူက တျန်းယန်အဆောင်တွေကို ထောက်ပံ့ရေးအဖွဲ့ခေါင်းဆောင်၊ ဆေးရုံအုပ်လျို၊ Dr.ကျောင်၊ ရှုယောင်နဲ့ ဟန်မို့တို့ကို ပေးလိုက်တယ်။ ယန်ကျဲ့အတွက်ကျတော့ သူ့ရဲ့အဆောင်ကို ရှုယောင်သုံးလိုက်တယ်ဆိုတော့ သူ့အတွက်က မရတော့ဘူး!
“အဆောင်ကို printသာ ထုတ်လို့ရရင်တော့…” ယန်ကျဲ့ ပွစိပွစိလုပ်နေတယ်။
“အက္ခရာတွေက်ု printထုတ်လိုက်တာကရတယ်၊ ဒါပေမယ့် အဲ့ထဲမှာစီးဝင်နေတဲ့ ဂမ္ဘီရပညာကိုတော့ လုပ်လို့မရဘူး… အဲ့တော့ အများကြီးလျှောက်တွေးမနေနဲ့” လဲ့ယောင်ဆက်ပြောတယ် “Mr.ယန် ခင်ဗျားကလည်းနော် တလွဲတွေချည်းပဲ”
ယန်ကျဲ့ “…”
ယန်ကျဲ့ခပ်မြန်မြန်ဘေးကပ်ရပ်လိုက်ပြီး ပါးစပ်လေးပိတ်ကာ သူသာဆက်ပြီးပြောနေမယ်ဆိုရင် ရုပ်လွန်ဗေဒရဲ့ လမ်းဆုံးကိုရောက်သွားမှာစိုးတာကြောင့် ငြိမ်ငြိမ်လေးပဲနေနေတော့တယ်။
လဲ့ယောင်က ရှုယောင်ကနေစပြီး တျန်းယန်အဆောင်ကိုသုံးကာ တစ်ယောက်ချင်းစီ ရှင်းရှင်းလင်းလင်းနဲ့ မြန်မြန်ဆန်ဆန်အမြင်ဖွင့်ပေးပြီးနောက် သူ့လက်ထဲက သွားကြိုးတုတ်တံလေးကို ခါရမ်းလိုက်တယ်။
‘လေတိုက်နှုန်းမြင့်လာတယ်’
ကောင်းကင်ကြီးက ပိတ်ပိတ်မှောင်သွားတာကိုမြင်တော့ လဲ့ယောင်မြေပြင်မှာ စက်ဝိုင်းတစ်ခုဆွဲလိုက်တယ်။ သူရှုယောင်ကို အိပ်ဆောင်နံပါတ်တစ်ကို စက်ဝိုင်းထဲထည့်ဖို့အချက်ပြလိုက်တယ်။
လဲ့ယောင်က စက်ဝိုင်းတွင်းမှာ စာရေးလိုက်တယ် : Flying Wolfဌာနခွဲရဲ့ ဗဟိုဌာနမှ အနောက်ဘက် နှစ်ကီလိုအကွာမှာ တည်ရှိသည်၊ ဒီအရာသည် အပလောကသားများအတွက် ပေးကမ်းတာဖြစ်ပါသည်၊ Flying Wolfဌာနခွဲရဲ့ သေဆုံးပြီးတပ်သား တစ်ထောင်က လက်ခံရရှိဖို့အတွက်ဖြစ်ပါသည်။
ရွှမ်းရှုအတန်းက ကျောင်းသားအသစ်တွေ ရှက်ကုန်ကြတယ်။ သူတို့တွေက လဲ့ယောင်လုပ်တဲ့ဒီလိုအရာတွေက အရမ်းပုံမှန်မဟုတ်ဘူးလို့ အမြဲထင်ခဲ့ကြတာ။ ဒါပေမယ့် လဲ့ယောင် အက္ခရာရေးပြီးသွားလို့ အဆောက်အအုံအသေးလေးကို မီးရှို့လိုက်တဲ့အခါ ဗဟိုဌာနရဲ့နားမှာ အဆောက်အအုံတစ်ခုချက်ချင်းဆိုသလို ပေါ်ထွက်လာတယ်! သူတို့မျက်စိရှေ့မှာတင်နော်!
ဒီအဆောက်အအုံအသစ်က လဲ့ယောင်ရှို့ပေးလိုက်တာထက်ကို တော်တော်လေးကြီးတယ်။ ဖောက်ထွင်းမြင်နေရတာကလွဲလို့ တကယ့်အဆောက်အအုံနဲ့ ဘာမှကွာခြားသွားတာမရှိဘူး!
ထိုအချိန်မှာ လဲ့ယောင်က အိပ်ဆောင်နံပါတ်နှစ်ကို နောက်စက်ဝိုင်းတစ်ခုထဲထည့်ပြီး စာရေးလိုက်တယ် : သေဆုံးပြီး Flying Wolfဌာနခွဲတပ်သားတွေရဲ့ အိပ်ဆောင်နံပါတ်တစ်နဲ့ ငါးမီတာအကွာ မြောက်ဘက်ခြမ်းမှာ တည်ရှိသည်။ ဒီအရာသည် အပလောကသားများအတွက် ပေးကမ်းတာဖြစ်ပါသည်၊ Flying Wolfဌာနခွဲရဲ့ သေဆုံးပြီးတပ်သား တစ်ထောင်က လက်ခံရရှိဖို့အတွက်ဖြစ်ပါသည်။
အဆောက်အအုံ18လုံးကို ဒီပုံစံအတိုင်းထပ်ခါထပ်ခါလုပ်ပြီးနောက် အိပ်ဆောင်တွေက အစဉ်လိုက်အတိုင်းလေးတန်းစီပြီး ဗဟိုဌာနရဲ့ အနောက်ဘက်က နေရာလွတ်မှာ စစ်တန်းလျားတစ်ခုလိုမျိုး ‘ဆောက်’လို့ပြီးစီးသွားတယ်!
ဆေးရုံအုပ်လျို့၊ Dr.ကျောင်၊ ခေါင်းဆောင်ချန်းနဲ့ ဟန်မို့ “…”
“ဆေးရုံအုပ်လျို့၊ ခေါင်းဆောင်ချန်း ဘယ်လိုနေလဲ?” ရှုယောင်မေးလိုက်တယ်။
ဆေးရုံအုပ်လျို့က သူ့မျက်နှာကို ခပ်ပြင်းပြင်းပွတ်ပြီး ပြောလာတယ် “ဗိုလ်ချုပ်ကြီး ကျွန်တော်စိတ်တည်ငြိမ်ဖို့ လိုနေတယ်”
ခေါင်းဆောင်ချန်း “…” ‘ကျွန်တော်ကတော့ ဘာပြောလို့ပြောရမှန်းမသိတော့ဘူး!’
ထောက်ပံ့ရေးအဖွဲ့ခေါင်းဆောင် ချန်းယင်းဝေ့ကတော့ ဒီကိစ္စမှာသက်ရောက်မှုအရှိဆုံးလူဖြစ်ခဲ့တယ်။ သူက တျန်းယီရဲ့မတော်တဆဖြစ်ရပ်မှာတုန်းက ကြုံတွေ့လိုက်ရတာမျိုးမရှိခဲ့တာကြောင့် ဒီလိုမျိုးအဆောက်အအုံ18လုံးက လျပ်တပြက်အတွင်းမှာ အရမ်းကိုဆီလျော်မှုမရှိတဲ့ပုံမျိုးနဲ့ ပေါ်ထွက်လာတာကိုမြင်လိုက်ရတော့ သူအိမ်မက်မက်နေတာများလားလို့တောင် ထင်သွားတယ်။
သူ ယန်ကျဲ့ကိုအသာလေးလှမ်းပုတ်ပြီးပြောလိုက်တယ် “Mr.ယန် ကျွန်တော့်ကို ဆွဲဆိတ်ကြည့်ပေး”
ယန်ကျဲ့က လူယုတ်မာအပြုံးကြီးပြုံးကာ အသားကုန်ဆိတ်ပေးလိုက်တယ်! [T/N : အကျင့်ကိုက]
“Ah! ! !” ခေါင်းဆောင်ချန်း သူ့လက်မောင်းသူပွတ်ကာ စိတ်လှုပ်ရှားစွာပြောလိုက်တယ် “My God.. ဒါကြီးက.. တကယ်ကြီး… မဒမ်က တကယ့်ကို အံ့သြစရာကောင်းလိုက်တာ!”
လဲ့ယောင်က ဒီလူအုပ်ကို လောကသစ်ရဲ့တံခါးကြီးဖွင့်ပေးလိုက်တယ်။ သူတို့အံ့သြဘနန်းတွေဖြစ်နေတုန်း သူရှုယောင်ကိုပြောလိုက်တယ် “အဝတ်တွေအကုန်လုံး ဒီမှာထားလိုက်ပါ၊ အမွှေးနံ့သာတိုင်က မီးတောက်နဲ့ဒါတွေကို ရှို့မယ်ဆိုတဲ့စိတ်ကူးက သိပ်မကောင်းဘူး… ခင်ဗျားရဲ့ယာဉ်ပျံကို သုံးပြီး အဲ့တာကိုရှို့ဖို့ လောင်စာဖြန်းပေးဖို့လိုတယ်”
“ကောင်းပြီလေ Leslie နေရာယူထား” ရှုယောင် အမိန့်ပေးလိုက်တယ် “ကျုပ်ဇနီးပြောတဲ့အတိုင်း လုပ်ပေးလိုက်”
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး”
စစ်ယူနီဖောင်း တစ်သောင်းကျော်အတွက် နေရာအကျယ်ကြီးလိုတာကြောင့် လဲ့ယောင်အဲ့အတွက် စက်ဝိုင်းအသစ်ထပ်ဆွဲလိုက်တယ်။ အဝတ်တွေကို ဝိုင်းထားလို့အပြီးမှာ လက်ခံရရှိမယ့်သူတွေရဲ့အချက်အလက်တွေချရေးတယ် ပြီးနောက် Leslieရဲ့ထိန်းချုပ်မှုအောက်မှာ စက်နဲ့မီးလောင်ကျွမ်းစေလိုက်တယ်။
အချိန်တိုတွင်းမှာ အင်မတန်မြင့်မားတဲ့အပူချိန်နဲ့ အဝတ်ပုံကြီးတစ်ခုလုံးကို ပြာတစ်စပါမကျန်တော့အောင် ရှို့ြ့ပီးသွားတယ်။
ခေါင်းဆောင်ချန်းက မေးတယ် “အဝတ်အစားတွေကရော?” အဆောက်အအုံအသေးစားလေးတွေကို ရှို့ပြီးတော့ တဖက်မှာပေါ်လာတယ်လေ။ ‘ဒါပေမယ့် အဝတ်အစားတွေကျတော့ ဘယ်ရောက်ကုန်တာလဲ?!’
လဲ့ယောင်ပြန်ဖြေတယ် “အဝတ်အစားတွေက ဖူဟဲ့တောင်ကိုရောက်သွားပြီ၊ သူတို့တွေ ဆယ့်ငါးမိနစ်အတွင်း ဝတ်လို့ပြီးလောက်မယ်ထင်တာပဲ ဟုတ်တယ်မှတ်လား?”
“စစ်တပ်မှာ သတ်မှတ်ထားချက်အရ ယူနီဖောင်းလဲတာ အချိန်ဆယ့်ငါးစက္ကန့်ပဲရတယ်” ရှုယောင်ပြောလိုက်တယ်။
လဲ့ယောင် ရှုယောင်ကို စိုက်ကြည့်ပေးလိုက်တယ်။ “အဝတ်တွေကို ခွဲခြမ်းစိတ်ဖြာရတာက အချိန်နည်းနည်းတော့ ကြာမှာပဲ မဟုတ်ဘူးလား? အဝတ်တွေက ဒီလောက်တောင်များနေတဲ့ဟာကြီးကို၊ တပ်သားတွေရဲ့ကိုယ်ပိုင်ကုတ်တွေနဲ့ အမှတ်အသားပေးထားတယ်ဆိုအုံးတော့ ဒီလောက်မြန်နိုင်မှာမဟုတ်ဘူး”
ရှုယောင် ပြုံးပြပြီး ပြန်ဖြေလိုက်တယ် “ကောင်းပြီဗျား ကိုယ်ဒီညမင်းစကား နားထောင်ပါ့မယ်၊ ဆရာရှောင်လဲ့”
လဲ့ယောင်သူ့ရဲ့သွားကျိုးတုတ်တံလေးနဲ့ ရှုယောင်ရင်ဘတ်ကိုရိုက်ပေးလိုက်တယ်။ “ခင်ဗျားနားလည်ရင် ပြီးတာပဲ”
သေဆုံးပြီးတပ်သားတွေပေါ်လာမယ့်အချိန်ကိုစောင့်နေရင်း လူတွေကအသစ်စက်စက် ‘ဆောက်’ထားတဲ့အိပ်ဆောင်တွေဆီကို သုတ်သုတ်ပြာပြာလျှောက်သွားကြတယ်။ ဆေးရုံအုပ်လျို့၊ Dr.ကျောင်နဲ့ တခြားသူတွေက ဖောက်ထွင်းမြင်နေရတဲ့အဆောက်အအုံဆီရောက်တဲ့အခါ ရီစရာကောင်းတဲ့ပုံစံမျိုးတွေနဲ့ သူတို့လက်ချောင်းတွေသုံးကာ အဆောက်အအုံတွေကို တို့ကြည့်ကြတယ်။ ရလဒ်ကတော့ သူတို့လက်ချောင်းတွေက ဖောက်ထွင်းဝင်သွားတယ်! ပြီးတော့လည်း အဆောက်အအုံတွေမှာ လှေကားတွေလည်းမရှိဘူး!
ရုတ်တရက် လဲ့ယောင်ပြောခဲ့ဖူးတဲ့ ‘လေထဲပေါလော’နေတယ်ဆိုတဲ့ စကားလုံးကို သတိရသွားပြီး အနည်းငယ်ပက်လက်လန်ချင်လာသလိုတောင် ခံစားမိကုန်တယ်။
လဲ့ယောင်က အဆောက်အအုံထဲဝင်ကာ ပထမထပ်ရဲ့ပထမဆုံးအခန်းကိုပဲ ဝင်ကြည့်လိုက်တယ်။ သူမှ ထိပ်ဆုံးထပ်အထိ တက်လို့မှမရတာကိုး။ အတွင်းပိုင်းက သူစိတ်ကူးထားတဲ့အတိုင်းဖြစ်နေတာကြောင့်ပြန်ထွက်လာလိုက်တယ်။ အဲ့နောက် အိပ်ဆောင်နံပါတ်တစ်ရဲ့တံခါးဝရှေ့ကမြေပြင်ပေါ်မှာ အက္ခရာရေးဆွဲပြီး ရွတ်ဖတ်လိုက်တယ်။ “ဤနေရာ ဒီကုန်းမြေပေါ်တွင် ကောင်းကင်ဘုံနဲ့ မြေပြင်၊ သီးခြားနေရာနဲ့ အပလောကကို ဖြတ်ကျော်ပြီး ကျွန်ုပ်ရဲ့ကိုးကွယ်မှုကို ဦးတိုက်ကာ ဘာသာရေးနတ်တွေကို ဆင့်ခေါ်ပါတယ်၊ ကျွန်ုပ်အသံကို နားစွင့်ပေးပါ ရှန်းဝေ့လင် ဒီတောင်းဆိုမှုကိုကြားတယ်ဆိုရင် အမြန်ဆုံးရောက်လာပေးပါ!”
ဒါပေမယ့် ရှန်းဝေ့လင်က အရင်အခါဆင့်ခေါ်ဖူးခဲ့တုန်းတွေကလိုမျိုး မြန်မြန်မပေါ်လာဘူး။
“Mr.ရှောင်လဲ့ ဝေ့လင်… သူ…” ခဏလောက်စောင့်ဆိုင်းပြီးနောက် ရှန်းဝေ့လင်ကို ဟန်မို့မတွေ့သေးတာကြောင့် ဇဝေဇဝါနဲ့မေးလာတယ် “ဆင့်ခေါ်တာက ချက်ချင်းသက်ရောက်မှုရှိတာလားဟင်? ဆင့်ခေါ်ခံရတဲ့သူက သူ့ဘာသာပေါ်လာတာလား ဒါမှမဟုတ် ပေါ်လာချင်လား မပေါ်လာချင်ဘူးလားဆိုတာ ရွေးလို့ရတာလား?”
“သူရွေးခြယ်လို့ရတယ်… ရှန်းဝေ့လင် ရောက်မလာသေးတာက သူခေါ်လာရမယ့်သူတွေ အများကြီးဖြစ်နေလို့… ဟိုကိုကြည့်လိုက်လေ” လဲ့ယောင် ဖူဟဲ့တောင်ရှိရာဆီကို မေးငေါ့ပြလိုက်တယ်။ ထိုအချိန်မှာချက်ချင်းပဲ သေဆုံးပြီးတပ်သားထောင်ပေါင်းများစွာက ပြောင်ရှင်းနေတဲ့တောင်ကုန်းဘက်မှနေ ပေါ်ထွက်လာတယ်!
“အောင်မလေး… အောင်မလေး!” Dr.ကျောင် သူ့ဘာသာတောင်မသိလိုက်ခင် နောက်ဆုတ်မိသွားပြီး သူ့ရှေ့ကမြင်ကွင်းကြောင့် ကြောင်အနေတော့တယ်။ “ဒါတကယ်ကြီး ငါတို့ရဲ့ရဲဘော်ရဲဘက်တွေ!”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!! လက်ထောက်ရှန်း! ကျွန်တော် လက်ထောက်ရှန်းနဲ့ ခေါင်းဆောင်ရှန်ကို တွေ့နေရတယ်!” ခေါင်းဆောင်ချန်း လက်ကိုအမြန်ဝေ့ယမ်းလိုက်တယ်။ “လက်ထောက်ရှန်း! ခေါင်းဆောင်ရှန်!”
“ခေါင်းဆောင်ချန်း!” ရှန်တင်းက လျှင်မြန်လှတဲ့အရှိန်နဲ့ ဝှီးခနဲရောက်ရှိလာတယ် “မတွေ့ရတာတောင် ကြာလှပြီဗျာ… ခင်ဗျားအမြင်ကို ဖွင့်ထားတာလား?”
“ဟုတ်တယ် ဟုတ်တယ် Mr.ရှောင်လဲ့က ကူညီပြီးဖွင့်ပေးထားတာ” ခေါင်းဆောင်ချန်းက သူ့ကိုစုန်ချည်ဆန်ချည်ကြည့်လိုက်တယ်။ အစတုန်းက ပီတိတွေဖြစ်နေပေမယ့် သူ့မျက်လုံးတွေက တဖြည်းဖြည်းနီရဲလာတယ် “သေစမ်း… ငါမင်းကို နောက်ထပ်မတွေ့ရတော့ဘူးလို့တောင်ထင်နေတာ!”
“ဟေး ဟေး မင်းက ဘာကိုငိုမလိုလုပ်နေတာလဲ?” ရှုယောင်ရင်ထဲမှာလည်း ခါးသက်နေပေမယ့် ဒီလိုပျော်စရာကောင်းတဲ့နေ့မှာ လူတိုင်းကိုမှိုင်တွေဝမ်းနည်းနေတာမျိုးမဖြစ်စေချင်တာကြောင့် သူပြောလိုက်တယ် “ရှန်းဝေ့လင် တပ်သားတွေကို ကန်တင်းဘက်ခေါ်သွားလိုက်!”
“ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီး!” ရှန်းဝေ့လင် ပြုံးပြီးပြောလိုက်တယ်။ “ခေါင်းဆောင်ချန်း၊ ပျော်ပျော်နေပါ… နောက်မှဖြေးဖြေးချင်းပြောကြတာပေါ့၊ ကျွန်တော်တို့ရဲ့ တခြားရဲဘော်တွေကိုလည်း အရင်သွားတွေ့ရအုံးမယ်လေ”
“ကောင်းတယ်၊ လူတိုင်းက မင်းတို့ကိုစောင့်နေတာ” ခေါင်းဆောင်ချန်းက သူ့ရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးတွေကို အမြန်ပွတ်ပစ်လိုက်တယ်။
အသက်ရှင်ကျန်နေဆဲတပ်သားတွေက ကန်တင်းထဲ သူတို့ရဲ့ သက်ဆိုင်ရာနေရာတွေမှာ နေရာယူထားကြတယ်။ သူတို့တစ်ယောက်ချင်းစီရှေ့မှာ ညစာတစ်ပွဲစီရှိပေမယ့် ဒီညစာပွဲက အရင်တွေတုန်းကထက် ပိုကြီးနေတယ်။ ပုံမှန်ထက်အနည်းဆုံးနှစ်ဆလောက်ရှိပြီး ‘အရင်ဆုံးမဖွင့်ရ’ဆိုပြီး မှတ်စုလေးကပ်ထားတယ်။ ပြီးတော့လည်း အဲ့တာတစ်ခုချင်းစီမှာ အမွှေးနံ့သာတိုင်သေးသေးလေးတစ်ခု၊ မီးခြစ်တစ်ခုနဲ့ ညနေစာဘူးအလွတ်တစ်ခုရှိနေတယ်။
ဘာကဘာမှန်း နားမလည်တာကြောင့် စပ်စပ်စုစုရှိတဲ့တပ်သားတစ်ယောက်က အမွှေးနံ့သာတိုင်ကို ယူကာနမ်းကြည့်ပြီး တိုးတိုးလေးပြောလိုက်တယ်။ “ငါတို့ကို ဘာလို့ညစာဘူးအလွတ်ကိုပေးထားရတာလဲ?”
သူ့ဘေးနားက တပ်သားကပြန်ဖြေတယ်။ “မေးစရာလိုလို့လား? ဒါက တပ်တစ်ခုလုံးအတွက် ညစာစားပွဲပါဆိုနေမှ ငါတို့ရဲ့အရင်ကရဲဘော်တွေနဲ့ပါ စားရမှာလေ.. သိသာနေတာပဲဟာကို အဲ့ဘူးအလွတ်တွေက သူတို့တွေအတွက်”
မေးခွန်းထုတ်ခဲ့တဲ့တပ်သားက တွေးကြည့်ပြီးနောက် ဒီရှင်းပြချက်က မှန်သားပဲလို့တွေးမိတယ်။ ဒါပေမယ့်လည်း ဒီလိုလုပ်ဆောင်ပုံက အံ့သြစရာကောင်းတယ်လို့ ခံစားမိတယ်။
‘ငါတို့ရဲ့ရဲဘောတွေက သေပြီးနေပြီပဲဟာကို ဘယ်လိုလုပ်စားနိုင်မှာလဲ?’ ကန်တင်းထဲမှာရှိနေတဲ့ တပ်သားတိုင်းရဲ့စိတ်ထဲမှာ တူညီတဲ့မေးခွန်းတွေ ထွက်ပေါ်လာတယ်။ ရုတ်တရက်ဆိုသလို ကန်တင်းထဲမှာ အပူချိန်ထိုးကျသွားတာကို လူတိုင်းခံစားမိသွားတယ်။
အပြင်မှာအရမ်းပူနေတာကြောင့် ကန်တင်းထဲမှာဆို နွေးနွေးလေးဖြစ်နေပေမယ့် အခုကလေအေးပေးစက်ကို ရုတ်တရက်ဖွင့်လိုက်တဲ့ပုံပဲ!
ရှေ့တံခါးကနေ ရှုယောင်နဲ့ လဲ့ယောင်လျှောက်ဝင်လာတော့ တပ်သားအားလုံး တစ်ညီတစ်ညာတည်း မတ်တပ်ရပ်လိုက်ကြတယ် “Good evening ဗိုလ်ချုပ်ကြီး! Good evening မဒမ်!”
Shua~
သေသပ်တဲ့လှုပ်ရှားမှုတွေနဲ့ လူတိုင်းက ခါးကိုဆန့်ကာ ရှေ့ကိုတည့်တည့်ကြည့်နေတယ်။
လူတိုင်းထိုင်ပြီးတဲ့နောက် ရှုယောင်ပြောလိုက်တယ် “သေဆုံးပြီးညီအစ်ကိုတွေလည်း ထိုင်လို့ရပြီ”
အသက်ရှင်နေဆဲတပ်သားများ “…”
ရှုယောင်ထပ်ပြောတယ် “တာဝန်ကျတဲ့ညီအစ်ကိုတွေက လွဲလို့လူတိုင်းဒီမှာရှိတယ်၊ ကျုပ်အရင်ကပြောခဲ့သလိုပဲ ဒါက Flying Wolfဌာနခွဲတစ်ခုလုံးရဲ့ ညစာစားပွဲဖြစ်တယ်… ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့လွန်ခဲ့တဲ့လေးနှစ်က ခွဲခွာခဲ့ရတဲ့ကျုပ်တို့ရဲ့ ရဲဘော်တွေကိုပြန်ရှာတွေ့လိုက်တာကြောင့်ပဲ၊ ရှေ့လျှောက် သူတို့တွေကျုပ်တို့နဲ့အတူနေပြီး ကျုပ်တို့နယ်မြေကိုဆက်ပြီး စောင့်ကြပ်ပေးလိမ့်မယ်… အဲ့တာကကျုပ်တို့အတွက်လည်း ဝမ်းသာစရာကောင်းတယ်၊ အခု အားလုံးရောက်နေကြပြီ!”
တပ်သားများ “ကျွန်တော်တို့ ရောက်ပါပြီ!”
ရှုယောင်အမိန့်ပေးလိုက်တယ် “မင်းတို့ရဲ့စားစရာဘူးထဲက တစ်ဝက်ကိုအလွတ်ထဲထည့်လိုက်”
လူတိုင်းကထိုအမိန့်ကို တချိန်တည်းမှာလိုက်လုပ်ပေးကြတယ်။ ဒီအပြုအမူလေးက လဲ့ယောင်နှလုံးသားကို အလှုပ်ခတ်စေဆုံးပဲ။ သူတို့တွေရဲ့ သေဆုံးပြီးဖြစ်တဲ့ညီအစ်ကိုတွေက စားလို့မရနိုင်ဘူးဆိုတာ သေချာရှင်းရှင်းလင်းလင်းသိနေကြပေမယ့် သူတို့စားစရာထဲက ဝေစုအများကြီးကို တဖက်ထဲထည့်ပေးနေတုန်းပဲ။
ရှုယောင်ထပ်ပြောတယ် “ပြီးသွားပြီဆိုရင် အမွှေးနံ့သာတိုင်ကို မီးညှိပြီး မဒမ်ပြောတာ လိုက်ဆိုပေး”
လဲ့ယောင်ဆက်သွယ်ရေးစက်ကို ဖွင့်ပြီး ကန်တင်းထဲမှာ အသံလွှင့်လိုက်တယ်။ “ယနေ့ည အမွှေးနံ့သာတိုင်နှင့် ညစာကို သေဆုံးပြီးဖြစ်တဲ့ Flying Wolfဌာနခွဲမှ ညီအစ်ကိုတွေအယောက်တစ်သိန်းအတွက် ရည်ရွယ်ပါတယ်! သင်တို့ရဲ့ဝိဉာဉ်တွေ ထာဝရအေးချမ်းပါစေ!”
သူ့အသံဆုံးတာနဲ့ တပ်သားတွေက တစ်ညီတည်းလိုက်ဆိုတယ် “ယနေ့ည အမွှေးနံ့သာတိုင်နှင့် ညစာကို သေဆုံးပြီးဖြစ်တဲ့ Flying Wolfဌာနခွဲမှ ညီအစ်ကိုတွေအယောက်တစ်သိန်းအတွက် ရည်ရွယ်ပါတယ်! သင်တို့ရဲ့ဝိဉာဉ်တွေ ထာဝရအေးချမ်းပါစေ!”
ပြောပြီးတာနဲ့ တပ်သားတွေက တဖက်ခြမ်းမှာရှိတဲ့ စားစရာတွေကို လျော့သွားမလားဆိုပြီး လှမ်းကြည့်လိုက်ကြတယ်…
ဒါပေမယ့် လျော့လည်း မလျော့သွားဘူး! သူတို့က ဘယ်လိုတွေလုပ်ပြီး ဒီစားသောက်ပွဲက ဘယ်လိုအဆုံးသတ်သွားမှာလဲ? ‘အတူတူစားကြရမယ်ဆိုတာကရော ဘာလဲ?!’
ထိုအချိန်မှာ ရှုယောင်ပြောလိုက်တယ် “ကောင်းပြီ၊ အခုလူတိုင်း မင်းတို့ထည့်ပေးလိုက်တဲ့ဘူးထဲက စားစရာကိုမြည်းစမ်းကြည့်လို့ရတယ်၊ ဒီညီအစ်ကိုတွေက အရင်တုန်းက ကျုပ်တို့နဲ့နာကျင်မှုတွေကို အတူဝေမျှပြီး ခံစားပေးခဲ့ကြတာ… အခုချိန်မှာ သူတို့နဲ့စားစရာတစ်ခုတည်းကို စားရမယ်ဆိုလည်း စိတ်မရှိဘူးလို့ထင်တယ် ဟုတ်တယ်မှတ်လား?”
ဒီစကားကိုကြားပြီးတော့ တပ်သားအချို့က ချက်ချင်းဆိုသလိုသူတို့ရဲ့တူတွေကို ကောက်ကိုင်ပြီး တစ်ဖက်ကစားစရာကိုလှမ်းယူပြီး သူတို့ဗိုလ်ချုပ်ကြီးကတော့ ဘာတွေလုပ်နေပြန်တာလဲဆိုပြီးတွေးနေတယ်။ ရလဒ်အနေနဲ့ သူတို့တွေစားစရာကို ဝါးလိုက်တဲ့အချိန်မှာပဲ တုန်လှုပ်တိတ်ဆိတ်သွားတော့တယ်!
‘သူတို့စားစရာတွေက အနံ့လည်းမရှိ အရသာလည်းမရှိပါလား!’
‘ဘာအရသာမှ မရှိဘူး!’
စားစရာဘူးတစ်ခုတည်းကနေ သူတို့လက်နဲ့ကိုယ်တိုင် ထည့်ပေးလိုက်တာပဲကို။ ဒါပေမယ့် သူတို့ရှေ့က စားစရာကျတော့ အရသာရှိတယ်။ ဘယ်လိုလုပ် တဖက်ကစားစရာက အရသာမရှိဖြစ်နေရတာလဲ?!
‘ငါစားလိုက်ရတဲ့ထမင်းက အတုကြီး ပြီးတော့ငါစားလိုက်ရတဲ့စားစရာတွေက အတုကြီး! အားလုံးက အတုကြီး!’
“တင်ပြချင်ပါတယ်!” ရုတ်တရက် လူအုပ်ထဲက တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာထအော်ပြီး မတ်တပ်ရပ်လိုက်တယ် “ဗိုလ်ချုပ်ကြီး အဲ့ဒီ့ညီအစ်ကိုတွေ အနားမှာရှိပါသေးလား?”
“အင်း ရှိတယ်၊ မင်းတို့တစ်ယောက်ချင်းစီရှေ့မှာ ကျုပ်တို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ညီအစ်ကိုတွေတစ်ယောက် ဒါမှမဟုတ်နှစ်ယောက်ရှိနေတယ်” ရှုယောင်ပြောလိုက်တယ်။
“ဒါပေမယ့် ကျွန်တော်တို့မမြင်ရတော့ သူတို့နဲ့ဘယ်လိုလုပ်ပြောရမလဲ?”
“ဒီမေးခွန်းက…” ရှုယောင် လဲ့ယောင်ဘက်လှည့်မေးလိုက်တယ် “မိန်းမ ကျီဖန်းယုကျတော့ အမွှေးနံ့သာတိုင်က,ပြာနဲ့ စာရေးနိုင်ပြီး သူတို့ကဘာလို့မရတာလဲ?”
“သူတို့ကို ဒီနည်းလမ်းသင်ပေးထားတဲ့သူတစ်ယောက်မှမရှိလို့ဖြစ်ရတာပါ” လဲ့ယောင်ပြန်ဖြေလိုက်တယ်။ “သေဆုံးပြီးညီအစ်ကိုများခင်ဗျာ… ခင်ဗျားတို့ရှေ့မှာ အမွှေးနံ့သာတိုင်ကရတဲ့ပြာတွေရှိပါတယ်၊ အရင်တုန်းက ခင်ဗျားတို့တွေ့ထိသမျှအရာအားလုံးကို ဖောက်ထွက်ပြီးမထိနိုင်ဖြစ်ခဲ့ရတယ်ပြီးတော့ ခင်ဗျားတို့ရဲ့အသက်ရှင်နေဆဲညီအစ်ကိုတွေကို အချက်အလက်ဘယ်လိုပေးရမယ်ဆိုတဲ့ နည်းလမ်းကိုသေချာမသိရသေးဘူး… အခုခင်ဗျားတို့လုပ်လို့ရပါပြီ၊ အမွှေးနံ့သာတိုင်က ပြာကိုမှုတ်ကြည့်ပါ.. အသာလေးတော့ မှုတ်ရပါမယ်၊ ပြာတွေကပြန့်သွားပြီဆိုရင် အဲ့ပေါ်မှာစာရေးလို့ရပါပြီ”
အသက်ရှင်နေဆဲတပ်သားတွေက ရုတ်တရက်သူတို့ရှေ့က အမွှေးနဲ့သာတိုင်က ပြာပုံလေးကစားပွဲပေါ်မှာ အလွှာလိုက်လေးပြန့်သွားတာကို တွေ့လိုက်ရပြီး ထိုပေါ်မှာ မတူညီတဲ့စကားလုံးတွေ ထွက်ပေါ်လာတယ်…
__ဝမ်ဒုံးရှောင် မင်းကွာ ဝလာလိုက်တာ!
__တုဟောင် ငါဘယ်သူလဲခန့်မှန်းကြည့်?
__လောင်ယန် ဟား ဟား ဟား မင်းကြောက်နေတာလား?!
“FML! သူတို့တွေ တကယ်ကြီးဒီရောက်နေတယ်!” လူအုပ်ကြီးက ဘယ်သူကဘယ်သူမှန်းမသိကြပေမယ့်လည်း စိတ်လှုပ်ရှားလွန်းလို့ ထတောင်ခုန်မိတယ်။ သံသယဖြစ်စရာမလိုအောင်ကို ဒီထုတ်ဖော်မှုကနေ သူတို့တွေအချင်းချင်း ရဲဘော်ရဲဘက်ဘယ်သူဖြစ်မလဲဆိုတဲ့ ခန့်မှန်းတဲ့ဂိမ်းပွဲကြီးဖြစ်သွားတော့တယ် “ဟုန်ဘင်း မင်းလား?”
__ဟုတ်တယ်
“အား အား အား! မင်းရှိနေတုန်းလား!”
“ညီလေးကျိုး မင်းတကယ်ပဲ ညီလေးကျိုးလား? အမေရေ! စောစောကသာသိရင် အသားတွေအကုန်ထည့်ပေးလိုက်ပါတယ်ကွာ!”
__ရပါတယ်၊ မနက်ဖြန်ကျရင် ထပ်လာခဲ့မယ်!
“ကောင်းတယ်! ဘယ်သူပဲ မလာဖြစ်မလာဖြစ် မြေးလေးဖြစ်ရမယ်!” [T/N : ငယ်ငယ်တုန်းက ကလေးတွေပြောပြောနေကြလိုမျိုး အရင်ရောက်တဲ့သူ လူ! အဲ့လိုသဘောမျိုးပါ]
ကန်တင်းကြီးက ဈေးကြီးတစ်ခုလို ပွက်လောတွေရိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။
ဘယ်လိုဖြစ်ဖြစ် ပထမဆုံးအကြိမ် ဒီလိုရေးကြီးခွင်ကျယ်လုပ်နေတာတွေကို ရှုယောင်မတားခဲ့ဘူး။ သူလဲ့ယောင်ကို အမွှေးနံ့သာတိုင်အချို့မီးညှိပြီး သေဆုံးပြီးလူငယ်ခြောက်ယောက်နဲ့ ညစာခွဲစားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ လဲ့ယောင်က ကျီဖန်းယုနဲ့ သူ့ရဲ့ညီအစ်ကိုတွေအားလုံးကိုခေါ်လိုက်တာကြောင့် သူတို့တွေပါ ညစာစားပွဲမှာ ပါဝင်လာကြတယ်။ ဒီလေထုလေးက အင်မတန်တက်ကြွလို့နေတယ်။
‘ပိတ်ရက်မဟုတ်ပေမယ့် ပိတ်ရက်ထက်တောင် ပိုကောင်းသေးတယ်!’
ဝမ်ဟောင်နဲ့ သူ့အဖွဲ့သားများ “…” ‘သေစမ်း အံ့သြလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး!’
_____
Thanks 😉