《Zawgyi》
အပိုင္း - ၁၇၇
[မဂၤလာပြဲ - ၂]
တကယ္ေတာ့ ဦးစားေပးတာေတြက အမ်ားႀကီး ရွိေလသည္။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ရဲ႕စကားကိုၾကားေတာ့ ေျခလွမ္းေတြကိုရပ္လိုက္ကာ သူမရဲ႕ဝတ္စံုမွ စည္းေႏွာင္းထားတဲ့ ၾကယ္သီးထံုးေတြကို ငံုၾကည့္လိုက္သည္။ ထိုမွတဆင့္ ဝတ္စံုကင္းလြတ္သြားသည့္ ႏူးညံ့တဲ့ေျခေထာက္ေလးေတြဆီသို႔ မ်က္လံုးေရာက္သြားသည္။
"မင္းသာသတိမေပးရင္ Aၿမိဳ႕ကို ထြက္ေျပးတုန္းက Aေကာလိပ္က အေဆာင္အဦအသစ္ဖြင့္ပြဲ အခမ္းအနားကလို ခ်ီေဖာင္ဝတ္ထားတာကို ကိုယ္ေမ့ေတာ့မလို႔"
[T/N အပိုင္း ၆၅ မွာပါ]
ဒါေပမယ့္ အဲဒီအခ်ိန္က ခ်ီေဖာင္က ပိုတိုကာ အကြဲကလည္း ပိုရွည္၏။
အဲဒီတုန္းက ထိုဝတ္စံုႏွင့္သူမကို ေအာက္မွာဖိကာ အက်ႌကိုျဖဲပစ္လ်က္ သူမရဲ႕ရွည္လ်ားသြယ္လ်ေသာ ေျခတံေတြကို သူ႔ေဘးမွာ ခြထားေစခ်င္သည့္စိတ္ေတြ နက္နက္ရွိုင္းရွိုင္းျဖစ္ခဲ့ရသည္။
ထိုစိတ္ကူးကို အတိတ္မွာ အႀကိမ္ေပါင္းမ်ားစြာ သတိျပဳမိခဲ့ၿပီး ဒီေန႔ကေတာ့ ထူးျခားသည့္ေန႔ျဖစ္၏။ ခ်န္းစီႏ်န္က သူမကို ေသခ်ာေပါက္ ေစာေစာ အနားယူခိုင္းလိမ့္မည္မဟုတ္ေပ။
နံရံမွာ အဖိခံထားရသည့္ ခ်င္းစုယြဲ႕မွာ ေခါင္းကို ခက္ခက္ခဲခဲေမာ့လိုက္ရသည္။ သူ႔ေခါင္းက သူမရင္ဘတ္ေပၚတြင္ ငံု႔က်လာသည္ကိုခံစားလိုက္ရကာ အက်ႌက ၾကယ္သီးထံုးေတြကို ကိုက္ေန၏။ ေနာက္ဆံုးေတာ့ ခ်င္းစုယြဲ႕က နားလည္မိသြားသည္။ ခ်န္းစီႏ်န္က သူမရဲ႕အဝတ္ေတြကို လ်င္ျမန္စြာခၽြတ္ပစ္ႏိုင္တာ အံ့ဩစရာမရွိေတာ့ေပ။ သူ႔သြားေတြရဲ႕ အျမန္ႏႈန္းက ေၾကာက္ဖို႔ပင္ေကာင္းေလ၏။
ခ်င္းစုယြဲ႕က သတို႔သားရဲ႕ဆံပင္တိုေတြကို ပုတ္လိုက္သည္။ သူမရဲ႕ဝတ္ရံုၾကယ္သီးအထံုးေတြကို ကိုက္ေနသည့္သူရဲ႕ ဆံပင္ကိုလည္း ရႈပ္ပြေအာင္လုပ္ရမည္။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ရဲ႕လႈပ္ရွားမႈေတြကို သတိျပဳမိကာ ေခါင္းေမာ့၍ နက္ရွိုင္းစြာ စိုက္ၾကည့္လာသည္။
သူ႔ရဲ႕လိုအင္ဆႏၵေတြနဲ႔ ျပည့္ေနသည့္အၾကည့္ႀကီးေၾကာင့္ ခ်င္းစုယြဲ႕က ေၾကာက္ရြံ႕တုန္ရီလာသည္ကို ေတြ႕ေတာ့ ခ်န္းစီႏ်န္က ႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္သည္။
"ဘာျဖစ္လို႔လဲ? ... ေနာက္ဆံုးေတာ့ မင္းဒုကၡေရာက္ေနတယ္ဆိုတာ သိသြားၿပီလား?"
ခ်င္းစုယြဲ႕က သူ႔ကိုႏွာေခါင္းရွံု႔ျပလိုက္သည္။ "ေရာက္ေတာ့ေရာ ဘာျဖစ္လဲ!"
"ေသခ်ာလား?" ခ်န္းစီႏ်န္က သေဘာတက်ျပံဳးကာ လက္ကေတာ့ သူမဝတ္စံုရဲ႕ အကြဲေၾကာင္းအတြင္းသို႔ ဝင္လာသည္။
ခ်င္းစုယြဲ႕က သက္ေတာင့္သက္သာ မျဖစ္မႈေၾကာင့္ ေအာ္လိုက္ေပမယ့္ သူ႔ကို စစ္ေဆးဖို႔လည္း မေမ့ေပ။
"ခ်န္းစီႏ်န္ ကၽြန္မကို ရိုးရိုးသားသားေျပာစမ္းပါ ... ရွင္ ကၽြန္မကိုမေျပာပဲ အရင္က ဘယ္မိန္းမနဲ႔ ျဖစ္ခဲ့ဖူးလဲ?"
ခ်န္းစီႏ်န္က သူမရဲ႕ နားရြက္အသားႏုေလးကိုလ်က္ကာ ဆြဲေဆာင္ႏိုင္လြန္းေသာအသံျဖင့္ ေအးေအးေဆးေဆး ျပန္ေျဖ၏။
"မင္းပဲ အကုန္လံုးကိုသိတယ္လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား? ... ကိုယ့္ရဲ႕ပထမဆံုးမိန္းကေလးက ဘယ္သူလဲ မသိဘူးလား?"
"အမ္း..." သူ႔ရဲ႕ဆိုးသြမ္းလွသည့္ လက္ေတြေၾကာင့္ သူမကအားနည္းေနၿပီး သူ႔လက္ေမာင္းေတြကို ကိုင္ထားရကာ စကားေတာင္ဆံုးေအာင္ မေျပာႏိုင္ေတာ့ေပ။ "အမ္း... ရွင္... ခဏ.. ခဏေနဦး... "
"ကိုယ္ မေစာင့္ႏိုင္ေတာ့ဘူး..."
သူမရဲ႕ဝတ္စံုက ဆြဲျဖဲခံလိုက္ရသည္ကို ခ်င္းစုယြဲ႕မွာ သနားစဖြယ္ တစ္ခ်က္သာ ၾကည့္ခြင့္ရလိုက္ေလ၏။ ဒါေပမယ့္ ဒီဝတ္စံုထက္ သူမက ပိုကံမေကာင္းဘူးဆိုတာကို မၾကာခင္မွာပဲ သေဘာေပါက္သြားရေလသည္။
တစ္ညလံုးလႈပ္ရွားလိုက္ရတဲ့ အက်ိဳးဆက္ကေတာ့ ေနာက္တစ္ေန႔ အိပ္ရာထေနာက္က်ျခင္းပဲ ျဖစ္ေလသည္။ ဒါေပမယ့္လည္း အားမရွိတဲ့ေျခလက္ေတြ နာက်င္ေနတဲ့ခါးတို႔ျဖင့္ လူႀကီးေတြကို သြားေတြ႕ရ၏။ လဘက္ရည္အခမ္းအနားအၿပီး အႀကီးေတြဆီက လက္ဖြဲ႕ကိုရယူၿပီးမွာေတာ့ ေတာင့္မခံႏိုင္ေတာ့ပဲ ခ်န္းစီႏ်န္ရဲ႕အခန္းကိုျပန္ကာ ေသလုေမ်ာပါး အိပ္လိုက္ေတာ့သည္။
ေနာက္ဆံုး သူမ ႏိုးလာတဲ့အခါမွာေတာ့ မိုးစုန္းစုန္းခ်ဳပ္သြားၿပီကို သိလိုက္ရသည္။ ေအာက္ထပ္ကိုဆင္းလာတဲ့အခါမွာ မီးဖိုခန္းေဘးက ျဖတ္လာေတာ့ ဝမ္ယဥ္းလင္က ခ်န္းစီႏ်န္ကို ေျပာေနသည္ကို ၾကားလိုက္ရသည္။
"သားက ငယ္ရြယ္ၿပီး ၾကံ့ခိုင္တယ္ဆိုတာကို သိပါတယ္ကြယ္ ... ဒါေပမယ့္ နည္းနည္းေတာ့ထိန္းဦးေလ .. သူ႔ကိုအနားမေပးပဲေနလို႔မရဘူး"
မေတာ္တဆ ခိုးနားေထာင္မိသြားတဲ့ ခ်င္းစုယြဲ႕မွာေတာ့ ရွက္ရြံ႕ကာ မ်က္ႏွာေတြနီရဲလာသည္။
အရာအားလံုးကို ေဘးဖယ္ထားၿပီး အၾကာႀကီး အိပ္ေပ်ာ္သြားတာဆိုေတာ့ လူႀကီးေတြက ဘာျဖစ္သည္မွန္း မသိပဲေနၾကမွာမဟုတ္ေပ။
ရွက္စရာႀကီးဟာ! ဒါေတြအကုန္ ခ်န္းစီႏ်န္္ေၾကာင့္!
တစ္ဖက္တြင္ေတာ့ ေဘးမွာ အာလူးကို ျဖည္းျဖည္းခ်င္း လွီးေနရင္းမွ ခ်န္းစီႏ်န္က ျပန္ေျပာေလ၏။ "အဘိုးရယ္ ပါးပါးနဲ႔မာမားရယ္ပဲ ေျမးလိုခ်င္ေနၾကတာ မဟုတ္ဘူးလား? ကၽြန္ေတာ္က မာမားတို႔ေတြ ေျမးခ်ီဖို႔အခြင့္အေရးရေအာင္ လုပ္ေပးေနတာေလ"
ဝမ္ယဥ္းလင္မွာ သူမသားရဲ႕ မရိုမေသ အမူအယာေၾကာင့္ ဘာေျပာရမွန္းပင္ မသိေတာ့ေပ။ "သားကေတာ့!"
ခ်င္းစုယြဲ႕ရဲ႕မ်က္ႏွာက ပိုလို႔ပင္ နီရဲလာကာ လည္ေခ်ာင္းရွင္းလ်က္ ေခၚလိုက္သည္။
"မာမား"
2.9.2020
************
《Unicode》
အပိုင်း - ၁၇၇
[မင်္ဂလာပွဲ - ၂]
တကယ်တော့ ဦးစားပေးတာတွေက အများကြီး ရှိလေသည်။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့စကားကိုကြားတော့ ခြေလှမ်းတွေကိုရပ်လိုက်ကာ သူမရဲ့ဝတ်စုံမှ စည်းနှောင်းထားတဲ့ ကြယ်သီးထုံးတွေကို ငုံကြည့်လိုက်သည်။ ထိုမှတဆင့် ဝတ်စုံကင်းလွတ်သွားသည့် နူးညံ့တဲ့ခြေထောက်လေးတွေဆီသို့ မျက်လုံးရောက်သွားသည်။
"မင်းသာသတိမပေးရင် Aမြို့ကို ထွက်ပြေးတုန်းက Aကောလိပ်က အဆောင်အဦအသစ်ဖွင့်ပွဲ အခမ်းအနားကလို ချီဖောင်ဝတ်ထားတာကို ကိုယ်မေ့တော့မလို့"
[T/N အပိုင်း ၆၅ မှာပါ]
ဒါပေမယ့် အဲဒီအချိန်က ချီဖောင်က ပိုတိုကာ အကွဲကလည်း ပိုရှည်၏။
အဲဒီတုန်းက ထိုဝတ်စုံနှင့်သူမကို အောက်မှာဖိကာ အင်္ကျီကိုဖြဲပစ်လျက် သူမရဲ့ရှည်လျားသွယ်လျသော ခြေတံတွေကို သူ့ဘေးမှာ ခွထားစေချင်သည့်စိတ်တွေ နက်နက်ရှိုင်းရှိုင်းဖြစ်ခဲ့ရသည်။
ထိုစိတ်ကူးကို အတိတ်မှာ အကြိမ်ပေါင်းများစွာ သတိပြုမိခဲ့ပြီး ဒီနေ့ကတော့ ထူးခြားသည့်နေ့ဖြစ်၏။ ချန်းစီနျန်က သူမကို သေချာပေါက် စောစော အနားယူခိုင်းလိမ့်မည်မဟုတ်ပေ။
နံရံမှာ အဖိခံထားရသည့် ချင်းစုယွဲ့မှာ ခေါင်းကို ခက်ခက်ခဲခဲမော့လိုက်ရသည်။ သူ့ခေါင်းက သူမရင်ဘတ်ပေါ်တွင် ငုံ့ကျလာသည်ကိုခံစားလိုက်ရကာ အင်္ကျီကကြယ်သီးထုံးတွေကို ကိုက်နေ၏။ နောက်ဆုံးတော့ ချင်းစုယွဲ့က နားလည်မိသွားသည်။ ချန်းစီနျန်က သူမရဲ့အဝတ်တွေကို လျင်မြန်စွာချွတ်ပစ်နိုင်တာ အံ့ဩစရာမရှိတော့ပေ။ သူ့သွားတွေရဲ့ အမြန်နှုန်းက ကြောက်ဖို့ပင်ကောင်းလေ၏။
ချင်းစုယွဲ့က သတို့သားရဲ့ဆံပင်တိုတွေကို ပုတ်လိုက်သည်။ သူမရဲ့ဝတ်ရုံကြယ်သီးအထုံးတွေကို ကိုက်နေသည့်သူရဲ့ ဆံပင်ကိုလည်း ရှုပ်ပွအောင်လုပ်ရမည်။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့လှုပ်ရှားမှုတွေကို သတိပြုမိကာ ခေါင်းမော့၍ နက်ရှိုင်းစွာ စိုက်ကြည့်လာသည်။
သူ့ရဲ့လိုအင်ဆန္ဒတွေနဲ့ ပြည့်နေသည့်အကြည့်ကြီးကြောင့် ချင်းစုယွဲ့က ကြောက်ရွံ့တုန်ရီလာသည်ကို တွေ့တော့ ချန်းစီနျန်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။
"ဘာဖြစ်လို့လဲ? ... နောက်ဆုံးတော့ မင်းဒုက္ခရောက်နေတယ်ဆိုတာ သိသွားပြီလား?"
ချင်းစုယွဲ့က သူ့ကိုနှာခေါင်းရှုံ့ပြလိုက်သည်။ "ရောက်တော့ရော ဘာဖြစ်လဲ!"
"သေချာလား?" ချန်းစီနျန်က သဘောတကျပြုံးကာ လက်ကတော့ သူမဝတ်စုံရဲ့ အကွဲကြောင်းအတွင်းသို့ ဝင်လာသည်။
ချင်းစုယွဲ့က သက်တောင့်သက်သာ မဖြစ်မှုကြောင့် အော်လိုက်ပေမယ့် သူ့ကို စစ်ဆေးဖို့လည်း မမေ့ပေ။
"ချန်းစီနျန် ကျွန်မကို ရိုးရိုးသားသားပြောစမ်းပါ ... ရှင် ကျွန်မကိုမပြောပဲ အရင်က ဘယ်မိန်းမနဲ့ ဖြစ်ခဲ့ဖူးလဲ?"
ချန်းစီနျန်က သူမရဲ့ နားရွက်အသားနုလေးကိုလျက်ကာ ဆွဲဆောင်နိုင်လွန်းသောအသံဖြင့် အေးအေးဆေးဆေး ပြန်ဖြေ၏။
"မင်းပဲ အကုန်လုံးကိုသိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ... ကိုယ့်ရဲ့ပထမဆုံးမိန်းကလေးက ဘယ်သူလဲ မသိဘူးလား?"
"အမ်း..." သူ့ရဲ့ဆိုးသွမ်းလှသည့် လက်တွေကြောင့် သူမကအားနည်းနေပြီး သူ့လက်မောင်းတွေကို ကိုင်ထားရကာ စကားတောင်ဆုံးအောင် မပြောနိုင်တော့ပေ။ "အမ်း... ရှင်... ခဏ.. ခဏနေဦး... "
"ကိုယ် မစောင့်နိုင်တော့ဘူး..."
သူမရဲ့ဝတ်စုံက ဆွဲဖြဲခံလိုက်ရသည်ကို ချင်းစုယွဲ့မှာ သနားစဖွယ် တစ်ချက်သာ ကြည့်ခွင့်ရလိုက်လေ၏။ ဒါပေမယ့် ဒီဝတ်စုံထက် သူမက ပိုကံမကောင်းဘူးဆိုတာကို မကြာခင်မှာပဲ သဘောပေါက်သွားရလေသည်။
တစ်ညလုံးလှုပ်ရှားလိုက်ရတဲ့ အကျိုးဆက်ကတော့ နောက်တစ်နေ့ အိပ်ရာထနောက်ကျခြင်းပဲ ဖြစ်လေသည်။ ဒါပေမယ့်လည်း အားမရှိတဲ့ခြေလက်တွေ နာကျင်နေတဲ့ခါးတို့ဖြင့် လူကြီးတွေကို သွားတွေ့ရ၏။ လဘက်ရည်အခမ်းအနားအပြီး အကြီးတွေဆီက လက်ဖွဲ့ကိုရယူပြီးမှာတော့ တောင့်မခံနိုင်တော့ပဲ ချန်းစီနျန်ရဲ့အခန်းကိုပြန်ကာ သေလုမျောပါး အိပ်လိုက်တော့သည်။
နောက်ဆုံး သူမ နိုးလာတဲ့အခါမှာတော့ မိုးစုန်းစုန်းချုပ်သွားပြီကို သိလိုက်ရသည်။ အောက်ထပ်ကိုဆင်းလာတဲ့အခါမှာ မီးဖိုခန်းဘေးက ဖြတ်လာတော့ ဝမ်ယဉ်းလင်က ချန်းစီနျန်ကို ပြောနေသည်ကို ကြားလိုက်ရသည်။
"သားက ငယ်ရွယ်ပြီး ကြံ့ခိုင်တယ်ဆိုတာကို သိပါတယ်ကွယ် ... ဒါပေမယ့် နည်းနည်းတော့ထိန်းဦးလေ .. သူ့ကိုအနားမပေးပဲနေလို့မရဘူး"
မတော်တဆ ခိုးနားထောင်မိသွားတဲ့ ချင်းစုယွဲ့မှာတော့ ရှက်ရွံ့ကာ မျက်နှာတွေနီရဲလာသည်။
အရာအားလုံးကို ဘေးဖယ်ထားပြီး အကြာကြီး အိပ်ပျော်သွားတာဆိုတော့ လူကြီးတွေက ဘာဖြစ်သည်မှန်း မသိပဲနေကြမှာမဟုတ်ပေ။
ရှက်စရာကြီးဟာ! ဒါတွေအကုန် ချန်းစီနျန်ကြောင့်!
တစ်ဖက်တွင်တော့ ဘေးမှာ အာလူးကို ဖြည်းဖြည်းချင်း လှီးနေရင်းမှ ချန်းစီနျန်က ပြန်ပြောလေ၏။ "အဘိုးရယ် ပါးပါးနဲ့မာမားရယ်ပဲ မြေးလိုချင်နေကြတာ မဟုတ်ဘူးလား? ကျွန်တော်က မာမားတို့တွေ မြေးချီဖို့အခွင့်အရေးရအောင် လုပ်ပေးနေတာလေ"
ဝမ်ယဉ်းလင်မှာ သူမသားရဲ့ မရိုမသေ အမူအယာကြောင့် ဘာပြောရမှန်းပင် မသိတော့ပေ။ "သားကတော့!"
ချင်းစုယွဲ့ရဲ့မျက်နှာက ပိုလို့ပင် နီရဲလာကာ လည်ချောင်းရှင်းလျက် ခေါ်လိုက်သည်။
"မာမား"
2.9.2020
************