Amiss Prayer (Zawgyi&Unicode)...

Da HanMuYarThway

38.3K 3.2K 478

For Zawgyi အဆင့္​အတန္​းကြာဟမႈ႐ွိတဲ့လူသားႏွစ္ ဦး... ထိုလူသားႏွစ္ဦးၾကားျဖစ္တည္လာတဲ့ခ်စ္ျခင္းတစ္ခုဟာ ခိုင္ျမဲပ... Altro

Intro
Part-1(သာမန်ဘ၀လေး)
Part-2(နာကျင်မှုမရှိသော)
part-3(တည်ငြိမ်နေသော)
Part-4(နှလုံးသား)
Part-5(ဘယ်သူ့အတွက်)
Part-6(စောင့်နေခဲ့ခြင်း)
Part-7(သတိမမူ)
Part-8(သူနှင့်)
Part-9(မဆုံစည်းသည်အထိ)
Part-10 (သို့သော်..)
Part-11‌(သူ)
Part-12(တွေ့ဆုံပြီးနောက်...)
Part-13(သိလာခြင်း)
Part-14 (ကျွန်တော့်နှလုံးသား)
Part-15(သူ့အတွက်..)
Part-16(မမျှော်လင့်သော)
Part-17(ကံကြမ္မာ)
Part-18 (ရေစက်...)
Part-19(အတိတ်ဘ၀)
Part-20(နာကျင်ရသော)
Part-21(ရက်စွဲများ)
Part-22 (ခေတ္တအလည်)
Part-23(နာကျင်မှု)
Part-24(ခက်ခဲမှု)
Part-25(ပင်ပန်းမှု)
Part-26 (ကြေကွဲခြင်း)
Part-27(ရုပ်သေးရုပ်)
Part-28(ပြောင်းလဲခြင်း)
Part-29(ဆန်းကြယ်မှု)
Part-30(ကြောက်ရွံ့မှု)
Part-31(နယ်ရုပ်တို့၏အဆုံးသတ်)
Part-32(ခါသီးမှုတို့စားသုံးပြီးနောက်)
Part-33(နွေးထွေးမှု)
Part-34(ကြည်နူးမှု)
Part-35(အတ္တ)
Part-37(အကြင်သူနှစ်ဦး)
Part-38(မလှပသော)
Part-39(ချုပ်နှောင်မှု)
Part-40(လွတ်မြောက်ခြင်း)
Part-41(အဆုံးသတ်)
Part-42(အသစ်တစ်ဖန်...)
Part-43(အိပ်မက်သခင်..)
Part-44(ဖန်တီးမိသော)
Part-45(ပျော်ရွှင်မှု)
Part-46(နွေးထွေးမှု)
Part-47(မျက်ရည်စကားဝိုင်း)
Part-48(ဝမ်းနည်းမှု)
Part-49(မွေ့လျော်ခြင်း)
Part-50(ချစ်ခြင်း)
Part-51(စိုးရိမ်မှု)
Part-52(ယိုင်နဲ့ခြေလှမ်း..)
Part-53 (ထပ်တူ..)
Part-54(ကလေးဆန်မှု)
Part-55 (ပျော်ရွှင်ခြင်း)
Part-56(ကြည်နူးမှုရောသော..)
Part-57(အခက်တွေ့ခြင်း)
Part-58(ဝေခွဲရခက်ခြင်း)
Part-59 (မှန်ကန်သောရွေးချယ်မှု)
Part-60 (သာယာသောအဆုံးသတ်)
ကြေညာချက် 💜

Part-36(စွန်းထင်းမှု)

475 50 15
Da HanMuYarThway

For Unicode
စွန်းထင်းမှု

အေးစက်သော ထွေးပွေ့မှုမရရှိသည့် ညများစွာကို တစ်ယောက်တည်းဖြတ်သန်းရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤသည်ကို သူသိနိုင်မည်လော။ ကြိမ်းသေပေါက် သူသိနေနိုင်မည်ဟု မိမိထင်သည်။ သို့သော်.. အဘယ့်တွက်ကြောင့် မိမိအရှေ့သို့ပေါ်မလာရသနည်း။ မုန်းနေ၍လား သို့မဟုတ်... သူမရှိတော့၍လား။ အခက်တွေ့ရသည့် စဉ်းစားခန်းတို့ကို တစ်ယောက်တည်း အဖြေရှာရသည်မှာ ခက်ခဲလွန်းပါသည်။

သူအချစ်ကြီးပုံကို နားလည်ပါသည်။ ‌သို့သော် မိမိကို သူယုံကြည်သင့်သည်။ ပေးထားမိသော ကတိများသည်ကလည်း နှုတ်ဖျားကသာလျှင် ထွက်လာသည်မဟုတ်။ နှလုံးသားမှ ခံစားချက်တို့ကို နှုတ်ဖျားတို့ဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ဤမျှမိမိချစ်ပါလျက် သူက အဘယ့်အတွက်ကြောင့် မိမိကို မယုံပါသနည်း။ အဘယ့်ကြောင့်ရှောင်ထွက်ပြေးနေ ရပါသနည်း။

သူပေါ်မလာခဲ့သည့်ညများတွင် သူ့ကိုခေါ်ဖူးပါသည်။ သူ၏နာမည်ကို အကြိမ်ကြိမ်တမ်းတဖူးပါသည်။ သို့သော် သူ၏အရိပ်အယောင်လေးပင် မမြင်ရပေ။ သူရက်စက်သည်။ အတိတ်ဘ၀တွင် မိမိကိုလျစ်လျူရှုနိုင်သကဲ့သို့ ယခုတွင်လည်းပစ်ပယ်ထားပြန်သည်။ မိမိသည်ကလည်း သူ.. မည်သို့သောအပြစ်မျိုးပင် ကျူးလွန်နေပါစေ ခွင့်လွှတ်မြဲ ခွင့်လွှတ်နေသည့်အကျင့်မှာ ပျောက်သွားခြင်းမရှိ။

သူရောက်လာသော ညများတွင် သူနှင့်အတူဖြတ်သန်းရင်း ညမအိပ်သည်သာမဟုတ်။ သူရောက်မလာသောညများတွင် သူ့ကိုလွမ်း၍သာ ညတိုင်းအိပ်မပျော်ခဲ့ပေ။ သူရှိ၍ မအိပ်ခဲ့သည့်ညများသည် ပျော်ရွှင်ခဲ့ရသည်။ သို့သော်.. သူမရှိဘဲ အိပ်မပျော်သည့်ညများသည် အလွန်၀မ်းနည်းရသည်။ ဤသည်ကို သူသိပါစေ...။

ကျွန်တော့်၏ ပုံမှန်နိုးနေကျ အချိန်တိုင်းပင် ညနေလေးနာရီအချိန်တွင် အိပ်ရာထခဲ့သည်။ ထုံးစံအတိုင်းပင် စိုင်းသန့်ဇင်သည်လည်း အိမ်သို့ရောက်နေပြန်သည်။

" မြတ်သူ မျက်နှာက တော်တော်ကိုချောင်သွားတယ်နော်။ နေမကောင်းပြန်ဘူးလား "

" ကောင်းပါတယ်။ သန့်ဇင် ထင်နေလို့ပါ "

" မဟုတ်ဘူးနော်။ ထင်နေရုံတင်မဟုတ်ဘူး။ မြတ်သူ တော်တော်ပိန်လာတယ် "

" ဘာမှမဖြစ်ပါဘူးကွာ။ တစ်ခုခုဆိုရင် သန့်ဇင်ကို ပြောလို့ရတာပဲ။ တကယ်ဘာမှမဖြစ်ဘူး "

" အင်းပါ။ စိတ်ပူအောင်ခဏခဏမလုပ်နဲ့နော်"

" ကျွန်တော်ကမလုပ်ပါဘူး။ သန့်ဇင်သာ ခဏခဏစိတ်ပူတာ "

" ကိုယ်တန်ဖိုးထားရတဲ့လူပဲ စိတ်ပူရတာပေါ့ "

" ဟမ် "

မထင်မှတ်စွာ ပြောလာသည့်စကားကြောင့် မိမိအံ့ဩမိသည်။ စိုင်းထွဋ်ခေါင်ပြောသောစကားသည် အခုတွင်လက်တွေ့ဖြစ်ပေါ်လာသောကြောင့်ပင်..။

" ဟုတ်တယ်။ မြတ်သူက ကိုယ်တန်းဖိုးရတဲ့လူတစ်ဦးပဲ။ ဘာလို့လဲဆိုတော့ ကိုယ်.. မြတ်သူကို ချစ်နေလို့ပဲ။ ယောက်ျားအချင်းချင်းမို့ ဒီစကားပြောရတာ နည်းနည်းအားနာပေမဲ့ မပြောဘဲမျိုသိပ်လို့လည်း မဖြစ်ဘူးလေ "

ထိုစကားကြောင့် မြတ်သူအနည်းငယ် မျက်နှာပျက်မိသည်။

သန့်ဇင်သည် မိမိအား မချစ်ကြောင်းနဲ့ပတ်သက်၍ စိုင်းထွဋ်ခေါင်နှင့် အချင်းပွားခဲ့ရသည်..။ ယခုတွင်မူ စိုင်းသန့်ဇင်မှာ ရုတ်တရက် ဤသို့ဖွင့်ပြောလာသောအခါ စိုင်းထွဋ်ခေါင်အား အားနာမိသယောင်ပင်။

အတွေးစတို့ဖြင့် မြတ်သူ မျက်နှာမကောင်းသည်ကို စိုင်းသန့်ဇင်မြင်ပါသည်။ အတွေးတို့ကို ၀င်ကြည့်၍မရသော်ငြား မြတ်သူစိတ်ရှုပ်ထွေးနေသည်ကို စိုင်းသန့်ဇင်သိပါသည်။

" ဟိုလေ.. ကိုယ်က အခုလို ယောက်ျားလေးအချင်းချင်း ချစ်ခွင့်ပန်မိလို့ ထူးဆန်းတယ်ထင်ရင်လည်း မြတ်သူသဘောပါ။ ဒါပေမဲ့ ကိုယ့်စိတ်က ထူးဆန်းနေလို့ မြတ်သူကိုချစ်မိတာမဟုတ်ပါဘူး။ မြတ်သူကိုချစ်မိလို့ ကိုယ့်စိတ်တွေက ထူးဆန်းသွားတာပါ။ ကိုယ့်ကို ရွံသွားပြီလား "

" ရွံလို့ မဟုတ်ပါဘူး။ ရုတ်တရက်ဆိုတော့ အံ့ဩသွားလို့ပါ "

" ဪ.. တော်ပါသေးရဲ့။ အဲဒါဆို ကိုယ့်ကို ဘယ်လိုသဘောရလဲ "

" ဗျာ... "

ယခုတွင် ချစ်ရေးဆို၊ ယခုပင် အဖြေတောင်းနေသည်မို့ အံ့ဩရပြန်သည်။ အံ့ဩမှုတို့ ထပ်ဆင့်လိုက်သောအခါ မြတ်သူ၏အမူအရာများပါ ပြောင်းလာရသည်။ နေမကောင်းဖြစ်ချင်နေ၍ မှေးနေသောမျက်လုံးပင် ပြူးလာရသည်။ မကြာမီက အားမရှိသည့်အသံတို့မှာလည်း အတော်ပင်ကျယ်သွားသည်။

" ဟီး... ကိုယ်နည်းနည်းလောသွားတယ်။ ကိုယ့်ကိုစဉ်းစားပေးပါနော်။ မြတ်သူ ကြိုက်သလောက်အချိန်ယူ စဉ်းစားလို့ရပါတယ် "

ကလေးဆန်‌ဆန်အပြုံးဖြင့် ဆိုလာသော စိုင်းသန့်ဇင်ကိုကြည့်ကာ ငြင်းဆိုရမည်ကိုပင် အနည်းငယ် အားနာသယောင်..။ သူသည် မိမိဆေးရုံတွင်မေ့နေချိန်၌ များစွာအကူအညီပေးဖူးသူဖြစ်သည်။ ဆေးရုံမှဆင်းသောအခါတွင်လည်း မိမိအား အလွန်ဂရုစိုက်သည်။ ထို့ကြောင့် ယခုချက်ချင်းပင် ငြင်းဆိုရန် အားနာရသော်လည်း ပြတ်သားလွန်း‌သောနှလုံးသားသည်က စိုင်းထွဋ်ခေါင်တစ်ဦးတည်းကိုသာ နေရာပေးထားသည်။ တခြားသောပြင်ပလူကို လက်မခံ။ ခံစားချက်တို့သည်လည်း အနည်းငယ်မျှမယိမ်းယိုင်သွားပေ။ ထို့‌ကြောင့် စိုင်းသန့်ဇင်အား ‌ယခုတွင်မငြင်းဆန်ပါလျှင် မျှော်လင့်ချက်များပေးသကဲ့သို့ ဖြစ်နေမည်။ ထို့ကြောင့်သာ ငြင်းဆိုရန်ဆုံးဖြတ်ခဲ့သည်။

" ပြောရမှာ အားနာပေမဲ့ ဒီအတိုင်းနေလို့လည်းမဖြစ်တာကြောင့် ကျွန်တော်ပြောပါရစေ။ ကျွန်တော် သန့်ဇင်ကို သူငယ်ချင်းထက်မပိုဘူး "

ထိုစကားကြားပြီးသည်နှင့်တစ်ပြိုင်နက် စိုင်းသန့်ဇင်၏ အပြုံးချိုချိုတို့မှာလည်း ပျောက်ရှကုန်သည်။

သူတကယ်ပင်ပြတ်သားလွန်းသည်။ အနည်းငယ်မျှတွေဝေနေခြင်းမရှိသည့် သူ၏အဖြေသည် မိမိ၏နှလုံးသားတို့ကို စူးနစ်စေသည်။ ပုံမှန်မဟုတ်သောချစ်ခြင်းဖြင့် သူတစ်ယောက်တည်းကိုသာ ချစ်မိခဲ့သည်။ ထိုအချစ်၏ရလဒ်သည် ဆုံးရှုံးခြင်း‌ဖြစ်နေသောအခါ အလွန်ခံရခက်သည်။ မျှော်လင့်ချက်တို့ကို ရိုက်ချိုးသည့်နှယ်...။ သို့သော်... မိမိသည် သူတစ်ယောက်တည်းကိုသာ ချစ်မိသည်မို့ သူ့ကိုသာရယူလိုသည်။ ပိုင်ဆိုင်လိုသည်။ ထိုကြောင့် မည်သို့သောအကြောင်းနှင့်မျှ လက်လျှော့လိမ့်မည်မဟုတ်။

ဤကဲ့သို့ ဆုံးဖြတ်ချက်များခိုင်မာသော စိုင်းသန့်ဇင်သည် အပြုံးချိုချိုများ ပျောက်ရှပြီးနောက် အေးစက်စက်နိုင်လှသော အပြုံးတုကို ဆင်မြန်းလိုက်သည်။ ရင်ထဲမှ နာကျင်မှုကို ဟန်ဆောင်ရင်းသာ...။

" ကိုယ်ပြောပြီးပြီပဲ..။ မြတ်သူကြိုက်သလောက် အချိန်ယူပြီး စဉ်းစားနိုင်ပါတယ်လို့။ ဘယ်လောက်ကြီးပဲကြာကြာ မြတ်သူဘက်က လက်ခံတဲ့အချိန်အထိ ကိုယ်စောင့်နေမှာပါ။ ကိုယ့်ကိုပြန်ခွင့်ပြုပါဦး "

သူ၏အငြင်းစကားတို့ကို ဆက်၍မကြားလို။ လက်မခံလိုသည်မို့ ပြန်ရန်ကြိုးစားကာ မြတ်သူအား ကျောခိုင်း၍ မတ်တတ်ရပ်လိုက်သည်။ လှမ်းမည့် ခြေလှမ်းများသည် မြတ်သူ၏စကားကြောင့် ရပ်တန့်ကုန်ရသည်။

" စောင့်မနေပါနဲ့သန့်ဇင်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အဖြေကပြောင်းလဲခြင်းမရှိတာမို့ စောင့်နေလည်း မောရုံပါပဲ "

" အမောခံပြီးစောင့်နေမှာမို့ ကိုယ့်ကိုမစိုးရိမ်ပါနဲ့လား "

" ကျွန်တော်နဲ့ သန့်ဇင်ကြားက ခင်မင်မှုက အတိုင်းအတာတစ်ခုထိ ရှိခဲ့ပြီးပြီမို့လို့ နည်းနည်းစိုးရိမ်မိပါတယ်။ မဖြစ်နိုင်တာကိုမျှော်လင့်နေရင်း သန့်ဇင်ပင်ပန်းမှာကို ကျွန်တော်မလိုလားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တာ သေချာနေလို့ပဲ "

" ဘာလို့အဲဒီလောက်ထိ သေချာနေတာလဲ "

" ကျွန်တော့်နှလုံးသားက သန့်ဇင်အတွက်မဟုတ်လို့ပေါ့ "

" ထားပါ။ ဘယ်သူ့အတွက်လဲဆိုပြီး မမေးချင်ဘူး။ သိလည်းမသိချင်ဘူး "

ထိုသူနှစ်ဦးအကြား ပြတ်သားမှုတို့သည် ထပ်တူကျနေသည်။ သို့သော် နယ်ပယ်ချင်းမတူပေ။ မြတ်သူသည် စိုင်းသန့်ဇင်မည်မျှပင် ချစ်ရေးဆိုနေပါစေ ငြင်းဆန်ဦးမည်မှာ အတိအကျပင်...။ စိုင်းသန့်ဇင်သည်လည်း မြတ်သူမည်မျှပင် ငြင်းဆန်နေပါစေ.. ချစ်ရေးဆိုနေဦးမည်မှာ အတိအကျပင်..။ တစ်ဦးနှင့်တစ်ဦး အ‌လျှော့ပေးမည်မဟုတ်။ တင်းမာနေဦးမည်..။

ထိုအခြေနေကို ရိပ်မိသည့် စိုင်းသန့်ဇင်သည် အနည်းငယ်ရင်မောမိကာ သက်ပြင်းချမိသည်။

" ဟူး... အခါတိုင်းလည်း အလုပ်ကပြန်လာတိုင်း ဒီအိမ်ကို၀င်နေကျပါ။ ဒီနေ့မှ ဒီအိမ်ကိုလာရတာ ပိုပင်ပန်းသွားသလိုပဲ။ ကိုယ်ပင်ပန်းနေပြီမို့လို့ ပြန်တော့မယ်မြတ်သူ "

ထွက်သွားသူသည် တစ်ချက်မျှလှည့်မကြည့်ခဲ့။ ကျန်ခဲ့သူ၏ငြင်းဆန်မှုကြောင့် စိတ်နှင့်နှလုံးသားတို့ ပင်ပန်းနေ၍ဖြစ်သည်။ ကျန်ခဲ့သူသည်လည်း ထွက်သွားသူကို တစ်ချက်မျှမကြည့်ခဲ့။ ထွက်သွားသူ၏ ရယူလိုစိတ်ပြင်းထန်သည်ကိုသိကာ ပင်ပန်းနေ၍ဖြစ်သည်။ ကျန်ခဲ့သူ ပို၍ပင်ပန်းရသည့်အချက်က ရှ်ိနေပြန်သည်။ ဤသည်မှာ ချစ်ရသူ ရောက်မလာခြင်းပင်။

သူပြောသည့်စကားသည် တကယ်ပင်မှန်နေသည်။ သူကကြိုတင်ရိပ်မိနေ၍ မိမိအားသတိပေးမှုကို မိမိကလက်မခံငြင်းဆန်ကာ အချင်းများခဲ့ရသည်။ ဤသည်ကိုတွေးမိတိုင်းပင် သူ့အားတောင်းပန်ချင်သည့်စိတ်တို့မှာ တားမရခဲ့..။

မိမိက မှားခဲ့သည်။ သူ့အား အတိတ်သို့ပြန်၍အလည်ခေါ်မိသည်။ နာကျင်စေလို၍မဟုတ်။ မိမိနာကျင်ရကြောင်းကို သူ့အား သိစေလို့၍သာ ပြောမိခြင်းဖြစ်ပါသည်။

မြတ်သူသည် ဧည့်ခန်းတွင် ရုပ်သေးရုပ်သဖွယ် ထိုင်နေကာ မျက်ရည်စတို့ဖြင့်တစ်‌ယောက်တည်းစကားပြောနေမိသည်။ ချစ်ရသူ ကြားလိုကြားငြားသာ..။

" ခင်ဗျားကိုမျှော်နေရတာ ပင်ပန်းတယ်။ ကျွန်တော်က ပင်ပန်းတဲ့အလုပ်ကိုလုပ်ရတာ မကြိုက်မှန်း ခင်ဗျားသိတယ်မဟုတ်လား။ ကျွန်တော့်ကို ပင်ပန်းအောင်မလုပ်ပါနဲ့လား။ ကျေးဇူးပြုပြီး ကျွန်တော့်အရှေ့ကို လာပေးပါတော့ဗျာ..။ မျှော်နေရတာ ပင်ပန်းနေပြီဗျ "

ထိုအချိန်တွင် မိမိရုတ်တရက်သတိရမိသည်က မိမိအနာတရ ရချိန်တိုင်းတွင် သူပေါ်လာတတ်သည့် အကြောင်းကိုပင်။ ထို့ကြောင့် စားပွဲပေါ်ရှိ ပန်းသီးလှီးရန် ထားရှိသည့် ဓားကိုယူကာ လက်ပေါ်၌ပြတ်ရှဒဏ်ရာတချို့ဖြင့် နီနီရဲရဲ ပန်းချီကားကို ကိုယ်တိုင်ရေးဆွဲတော့မည်။ ထိုပန်းချီကို ချစ်ရသူက သဘောကျဟန်မတူ..။ မိမိအရှေ့သို့ ချက်ချင်းဆိုသလို ရောက်လာကာ ဓားသွားကို ကိုင်ထားလိုက်သည်။

" ဘာလို့ အဲဒီလောက်အနာတရ ရချင်ရတာလဲ "

အေးစက်စွာ ပြောလာသည့်သူ၏စကားသည် မိမိအားနွေးထွေးမှု အပြည့်ပေးပါသည်။ သူရောက်လာ၍ပျော်ရပါသော်လည်း သူ့ကိုပြောခဲ့မိသည့်စကားများသည် လွန်ထားသည်ဖြစ်၍ ၀မ်းနည်းမှုကလည်း နှောင့်ယှက်နေပြန်သည်။ ထိုခံစားမှုတို့ ပေါင်းစပ်လိုက်သောအခါ ငိုနေသည့်မျက်ဝန်းနှင့် ပြုံးနေသည့်နှုတ်ခမ်းတို့ ဖြစ်ပေါ်လာသည်။ တခြားသောသူတို့ မြင်ပါက မိမိအားရူးနေပြီ ဟုသာထင်လိမ့်မည်။

ဟုတ်တယ်..။ ကျွန်တော်ရူးတယ်..။ အချစ်ရူးလေးဆိုပါတော့..။

မျက်ရည်စတို့ရှိသောမျက်၀န်းသည် သူ့အားစိုက်ကြည့်လျက် နှုတ်ခမ်းမှာပြုံးလျက် သူ့အားစကားပြောမိသည်။

" ခင်ဗျားမှ ပေါ်မလာပဲ "

" မလိုအပ်ဘူးထင်လို့ ပေါ်မလာတာပါ "

" ဘာကြောင့် အဲဒီလိုထင်ရတာလဲ "

" မင်းပြောခဲ့စကားတွေကို မင်းသိမှာပါ "

'ကောင်လေး' ဟုခေါ်နေသည့်အသံကို ဘ၀င်ကျနေရသည်မို့ 'မင်း' ဟူ၍သုံးနှုန်းလိုက်သည်ကို ကျွန်တော်သဘောမကျ။ ပွင့်လင်းလှသည့် ကျွန်တော်က စိတ်ထဲတွင်လည်းမထားတတ်။ နှုတ်ဖျားတို့မှ ပုံဖော်ကာတောင်းဆိုမိသည်။

" အရင်လို ကောင်လေးလို့ မခေါ်တော့ဘူးလား။ အရမ်းစိမ်းကားနေတယ်နော် "

ထိုစကားနှင့်အတူ မြတ်သူသည် ဓားကိုကိုင်ထားသော စိုင်းထွဋ်ခေါင်၏လက်ကိုယူကာ သူ၏ပါးပြင်နှင့် ထိကပ်ထားလိုက်သည်။

" တကယ်ရက်စက်နေပြီလား။ ကျွန်တော့်ကို မချစ်တော့ဘူးလားဟင် "

" အတိတ်နေ့ရက်တွေကို ကြောက်နေမှန်းသိသိနဲ့ ပြန်ဆွဲခေါ်တဲ့အထိတော့ ကိုယ်မရက်စက်ခဲ့ဘူးထင်တယ် "

ထိုစကားနှင့်အတူ စိုင်းထွဋ်ခေါင်၏ပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းလေးတစ်ခု ဖြစ်တည်လာသည်။ အသံနှင့် လက်တို့မှာလည်း တုန်ယင်လျက် မျက်ထောင့်များသည်လည်း နီရဲလျက်ပင်...။

" အဲဒီနေ့ရက်တွေကို ကိုယ်ဖန်တီးခဲ့တာမှန်ပါတယ်။ ဒါပေမဲ့.. ဒီလောက်နှစ်တွေအကြာကြီး ရူးခဲ့ရပြီးပြီလေ..။ မလုံလောက်သေးလို့ ပြန်ဆွဲ‌‌ခေါ်နေတာလား... "

ဆက်ပြောမည့် သူ၏စကားများကို မကြားလိုပေ။ သူနာကျင်နေသည်ကိုလည်း ထပ်၍မကြည့်လိုပေ။ ထို့ကြောင့် သူ၏နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာ တားဆီးမိပါသည်။

" ရှူး... ‌ကျွန်တော်မကြားချင်ဘူးလေ။ ထပ်လည်းမသိချင်ဘူး။ အဲဒါကြောင့်မို့လို့ ဆက်မပြောပါနဲ့နော်။ ကျွန်တော်တောင်းပန်ပါတယ် "

ထိုစကားနှင့်အတူ စိုင်းထွဋ်ခေါင်၏ ရင်ခွင်ထဲသို့ နေရာယူလိုက်သည့် မြတ်သူ...

သူ့အားတောင်းပန်သော်လည်း သူ့ထံမှ ခွင့်လွှတ်သံကို မကြားသေးပေ။

" တောင်းပန်နေတာကို ခွင့်မလွှတ်ဘူးလား။ ဘယ်လိုတောင်းပန်ရမှာလဲ ဟင် "

" ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တောင်းပန်မှာလား "

" အင်း.. "

" ဟိုဆရာ၀န်ကို ထိခိုက်စေချင်တယ် "

" သူ့ကိုမှလား.. "

" အင်း.. ဘာလဲ ကောင်လေးမလုပ်နိုင်ဘူးလား "

" အခုချိန်မှာ ခင်ဗျားက ကျွန်တော့်အတွက် အရေးကြီးဆုံးသူမို့လို့ ခင်ဗျားခိုင်းတာမှန်သမျှ အကုန်လုပ်နိုင်မယ်ထင်တယ် "

ကောင်လေး၏ ထိုစကားသည် မိမိ၏နာကျင်မှုတို့ကို ပြေပျောက်စေနိုင်သည့် အကောင်းဆုံးဆေးတစ်ခွက်ပင်။ မိမိအားဘ၀င်ကျစေသည့် ထိုစကားကြောင့် ပြုံးမိပါသည်။

" ဘာမှလုပ်စရာမလိုပါဘူး။ ဒီအတိုင်းလေး ကိုယ့်ကို ခွင့်လွှတ်ပေးရုံလေးပဲ "

" အဲဒါက ကျွန်တော်အလုပ်နိုင်ဆုံးအရာပါ "

ကောင်လေး ဘာမှလုပ်စရာမလိုဘူး။ ကောင်လေးရဲ့ဖြူစင်တဲ့လက်မှာ သွေးစွန်းနေမှာကို.. ကိုယ်မလိုလားဘူး။ ကိုယ့်လက်မှာပဲ အစွန်းခံမယ်ကောင်လေး..။ အဲဒါက ကောင်လေးကို သိပ်ချစ်လို့ပဲ။

သွေးညှီနံ့လွှမ်းနေသော အတွေးတို့ကို မြတ်သူမသိခဲ့။ မြတ်သူ သိသည်က သူဘာလုပ်လုပ် ခွင့်လွှတ်ပေးရုံသာ...။

ရိုးရာပျက်လျှင် နတ်ကိုင်မည်ကို စိုးရိမ်သည့်အလား...။ စိုင်းသန့်ဇင်သည်လည်း မြတ်သူရှိရာကို မလာဘဲမနေ..။ နေ့စဉ်နှင့်အမျှ ဂျူတီပြီးချိန် ညနေတိုင်းတွင် ရောက်လာခဲ့သည်။ ယနေ့တွင်အိမ်၌ ‌မြတ်သူ၏အမေနှင့်အဘွားပါရှိနေသည်မို့ စကားပြောရာတွင် အချိန်ကြာမြင့်ခဲ့သည်။ အချိန်အားဖြင့် ညရှစ်နာရီသို့ ရောက်လာခဲ့သည်။ စိုင်းသန့်ဇင်သည်လည်း အိမ်သို့ကားလေးဖြင့် အပြန်ခရီးဆက်ခဲ့သည်။

စိုင်းသန့်ဇင်ကားမောင်းရင်းတွင် ကားလမ်းမ၌ အမျိုးသားတစ်ဦးသည် သူ၏ကားရှေ့တွင် ရုတ်တရက်ပေါ်လာသည်မို့ ထိုသူအားရှောင်လိုက်ရာ ကားလမ်းမဘေးရှိ သစ်ပင်ကို ၀င်တိုက်မိခဲ့သည်။ စိုင်းသန့်ဇင်သွေးထွက်လွန်နေသည့် မြင်ကွင်းကို အပြုံးတစ်ခုဖြင့် ကျေနပ်စွာကြည့်နေသူတစ်ဦးရှိခဲ့သည်။ ထိုသူမှာ စိုင်းထွဋ်ခေါင်ပင်ဖြစ်သည်။

" ကိုယ့်ဘ၀နဲ့ကိုယ်နေရင်ရရဲ့သားနဲ့ ငါ့ရဲ့ဘ၀လေးကို ဘာလို့လုချင်ရတာလဲ။ ငါ့ဘ၀လေးကို ပိုင်ဆိုင်ချင်တာ မင်းအပြစ်ပဲ။ မင်းသိပ်မှားတယ် ဆရာ၀န်လေး .. "

စိုင်းသန့်ဇင်၏အပြန်ခရီးသည် ပျော်ရွှင်စရာမကောင်းခဲ့။ အိမ်အပြန်ခရီးမဟုတ်။ ဘ၀နိဂုံးခရီးသာ ဖြစ်ခဲ့ရသည်။ ထိုခရီးစဉ်ကို ပို့ဆောင်သူက စိုင်းထွဋ်ခေါင်ပင်.. ။

စိုင်းထွဋ်ခေါင်သည် ထိုခရီးစဉ်ကို ပို့ဆောင်ပေးပြီးနောက် မြတ်သူထံသို့ပြန်လာခဲ့သည်။ မြတ်သူ၏ အရှေ့သို့ရောက်သောအခါ သွေးပေနေသောလက်ကို မြတ်သူ၏ နှာခေါင်းအနားသို့ ကပ်ပေးလိုက်သည်။

" ဆရာ၀န်လေးက ကောင်လေးကို စိတ်ရှုပ်စေခဲ့တယ်မဟုတ်လား။ အခု သူ့သွေးအနံ့ကိုရှူပြီး စိတ်ရှုပ်တာတွေကို ဖြေဖျောက်လိုက်နော်။ သူ.. ကောင်လေးကို နောက်ထပ် စိတ်ရှုပ်အောင် လုပ်လို့မရတော့ဘူး "

ကြောက်မက်ဖွယ်အတိနှင့်ထိုစကားကို စိုင်းထွဋ်ခေါင်ဆိုလာသည်။ မြတ်သူသည်က နည်းနည်းမျှမထိတ်လန့်ခဲ့။ ပုံမှန်အတိုင်းသာ ပြုံး၍ကြိုဆိုနေသည်။

အနားသို့ရောက်လာကာ ထွေးဖက်ထားသည့်ချစ်ရသူအား ပြန်လည်ဖက်တွယ်ထားမိသည်။ အေးစိမ့်‌နေသော လမ်းမထက်မှ ပြန်လာသည့်ချစ်ရသူအား နွေးလိုနွေးငြားသာ..။

" ကောင်လေးအတွက် စိတ်ရှုပ်ရမယ့်အရာတွေကို ရှင်းလိုက်တာလေ။ ကိုယ်တော်တယ်မဟုတ်လား "

" ဒါပေါ့... "

" ခွင့်လွှတ်မယ် မဟုတ်လား "

" ပြောပြီးပြီပဲ။ ခင်ဗျားကို ခွင့်လွှတ်ဖို့က ကျွန်တော်အလုပ်နိုင်ဆုံးအရာပါလို့ "

" သိပ်ချစ်တယ်ကောင်လေးရယ် "

သူ၏စိုးရိမ်မှုအား ဤသို့သောနည်းဖြင့် ဖြေရှင်းလိုက်သည်ကို အပြစ်မတင်ရက်။ သူသိပ်ချစ်၍ ဤသို့မှားခဲ့ရသည်။ ကျွန်တော်ကလည်း သိပ်ချစ်၍ ဤသို့ခွင့်လွှတ်မိသည်။

For Zawgyi
စြန္းထင္းမႈ

ေအးစက္ေသာ ေထြးေပြ႕မႈမရရွိသည့္ ညမ်ားစြာကို တစ္ေယာက္တည္းျဖတ္သန္းရသည္မွာ ပင္ပန္းလြန္းလွသည္။ ဤသည္ကို သူသိႏိုင္မည္ေလာ။ ႀကိမ္းေသေပါက္ သူသိေနႏိုင္မည္ဟု မိမိထင္သည္။ သို႔ေသာ္.. အဘယ့္တြက္ေၾကာင့္ မိမိအေရွ႕သို႔ေပၚမလာရသနည္း။ မုန္းေန၍လား သို႔မဟုတ္... သူမရွိေတာ့၍လား။ အခက္ေတြ႕ရသည့္ စဥ္းစားခန္းတို႔ကို တစ္ေယာက္တည္း အေျဖရွာရသည္မွာ ခက္ခဲလြန္းပါသည္။

သူအခ်စ္ႀကီးပုံကို နားလည္ပါသည္။ ‌သို႔ေသာ္ မိမိကို သူယုံၾကည္သင့္သည္။ ေပးထားမိေသာ ကတိမ်ားသည္ကလည္း ႏႈတ္ဖ်ားကသာလွ်င္ ထြက္လာသည္မဟုတ္။ ႏွလုံးသားမွ ခံစားခ်က္တို႔ကို ႏႈတ္ဖ်ားတို႔ျဖင့္ ပုံေဖာ္ထားျခင္းျဖစ္သည္။ ဤမွ်မိမိခ်စ္ပါလ်က္ သူက အဘယ့္အတြက္ေၾကာင့္ မိမိကို မယုံပါသနည္း။ အဘယ့္ေၾကာင့္ေရွာင္ထြက္ေျပးေန ရပါသနည္း။

သူေပၚမလာခဲ့သည့္ညမ်ားတြင္ သူ႔ကိုေခၚဖူးပါသည္။ သူ၏နာမည္ကို အႀကိမ္ႀကိမ္တမ္းတဖူးပါသည္။ သို႔ေသာ္ သူ၏အရိပ္အေယာင္ေလးပင္ မျမင္ရေပ။ သူရက္စက္သည္။ အတိတ္ဘ၀တြင္ မိမိကိုလ်စ္လ်ဴရႈႏိုင္သကဲ့သို႔ ယခုတြင္လည္းပစ္ပယ္ထားျပန္သည္။ မိမိသည္ကလည္း သူ.. မည္သို႔ေသာအျပစ္မ်ိဳးပင္ က်ဴးလြန္ေနပါေစ ခြင့္လႊတ္ၿမဲ ခြင့္လႊတ္ေနသည့္အက်င့္မွာ ေပ်ာက္သြားျခင္းမရွိ။

သူေရာက္လာေသာ ညမ်ားတြင္ သူႏွင့္အတူျဖတ္သန္းရင္း ညမအိပ္သည္သာမဟုတ္။ သူေရာက္မလာေသာညမ်ားတြင္ သူ႔ကိုလြမ္း၍သာ ညတိုင္းအိပ္မေပ်ာ္ခဲ့ေပ။ သူရွိ၍ မအိပ္ခဲ့သည့္ညမ်ားသည္ ေပ်ာ္႐ႊင္ခဲ့ရသည္။ သို႔ေသာ္.. သူမရွိဘဲ အိပ္မေပ်ာ္သည့္ညမ်ားသည္ အလြန္၀မ္းနည္းရသည္။ ဤသည္ကို သူသိပါေစ...။

ကြၽန္ေတာ့္၏ ပုံမွန္ႏိုးေနက် အခ်ိန္တိုင္းပင္ ညေနေလးနာရီအခ်ိန္တြင္ အိပ္ရာထခဲ့သည္။ ထုံးစံအတိုင္းပင္ စိုင္းသန႔္ဇင္သည္လည္း အိမ္သို႔ေရာက္ေနျပန္သည္။

" ျမတ္သူ မ်က္ႏွာက ေတာ္ေတာ္ကိုေခ်ာင္သြားတယ္ေနာ္။ ေနမေကာင္းျပန္ဘူးလား "

" ေကာင္းပါတယ္။ သန႔္ဇင္ ထင္ေနလို႔ပါ "

" မဟုတ္ဘူးေနာ္။ ထင္ေန႐ုံတင္မဟုတ္ဘူး။ ျမတ္သူ ေတာ္ေတာ္ပိန္လာတယ္ "

" ဘာမွမျဖစ္ပါဘူးကြာ။ တစ္ခုခုဆိုရင္ သန႔္ဇင္ကို ေျပာလို႔ရတာပဲ။ တကယ္ဘာမွမျဖစ္ဘူး "

" အင္းပါ။ စိတ္ပူေအာင္ခဏခဏမလုပ္နဲ႔ေနာ္"

" ကြၽန္ေတာ္ကမလုပ္ပါဘူး။ သန႔္ဇင္သာ ခဏခဏစိတ္ပူတာ "

" ကိုယ္တန္ဖိုးထားရတဲ့လူပဲ စိတ္ပူရတာေပါ့ "

" ဟမ္ "

မထင္မွတ္စြာ ေျပာလာသည့္စကားေၾကာင့္ မိမိအံ့ဩမိသည္။ စိုင္းထြဋ္ေခါင္ေျပာေသာစကားသည္ အခုတြင္လက္ေတြ႕ျဖစ္ေပၚလာေသာေၾကာင့္ပင္..။

" ဟုတ္တယ္။ ျမတ္သူက ကိုယ္တန္းဖိုးရတဲ့လူတစ္ဦးပဲ။ ဘာလို႔လဲဆိုေတာ့ ကိုယ္.. ျမတ္သူကို ခ်စ္ေနလို႔ပဲ။ ေယာက္်ားအခ်င္းခ်င္းမို႔ ဒီစကားေျပာရတာ နည္းနည္းအားနာေပမဲ့ မေျပာဘဲမ်ိဳသိပ္လို႔လည္း မျဖစ္ဘူးေလ "

ထိုစကားေၾကာင့္ ျမတ္သူအနည္းငယ္ မ်က္ႏွာပ်က္မိသည္။

သန႔္ဇင္သည္ မိမိအား မခ်စ္ေၾကာင္းနဲ႔ပတ္သက္၍ စိုင္းထြဋ္ေခါင္ႏွင့္ အခ်င္းပြားခဲ့ရသည္..။ ယခုတြင္မူ စိုင္းသန႔္ဇင္မွာ ႐ုတ္တရက္ ဤသို႔ဖြင့္ေျပာလာေသာအခါ စိုင္းထြဋ္ေခါင္အား အားနာမိသေယာင္ပင္။

အေတြးစတို႔ျဖင့္ ျမတ္သူ မ်က္ႏွာမေကာင္းသည္ကို စိုင္းသန႔္ဇင္ျမင္ပါသည္။ အေတြးတို႔ကို ၀င္ၾကည့္၍မရေသာ္ျငား ျမတ္သူစိတ္ရႈပ္ေထြးေနသည္ကို စိုင္းသန႔္ဇင္သိပါသည္။

" ဟိုေလ.. ကိုယ္က အခုလို ေယာက္်ားေလးအခ်င္းခ်င္း ခ်စ္ခြင့္ပန္မိလို႔ ထူးဆန္းတယ္ထင္ရင္လည္း ျမတ္သူသေဘာပါ။ ဒါေပမဲ့ ကိုယ့္စိတ္က ထူးဆန္းေနလို႔ ျမတ္သူကိုခ်စ္မိတာမဟုတ္ပါဘူး။ ျမတ္သူကိုခ်စ္မိလို႔ ကိုယ့္စိတ္ေတြက ထူးဆန္းသြားတာပါ။ ကိုယ့္ကို ႐ြံသြားၿပီလား "

" ႐ြံလို႔ မဟုတ္ပါဘူး။ ႐ုတ္တရက္ဆိုေတာ့ အံ့ဩသြားလို႔ပါ "

" ဪ.. ေတာ္ပါေသးရဲ႕။ အဲဒါဆို ကိုယ့္ကို ဘယ္လိုသေဘာရလဲ "

" ဗ်ာ... "

ယခုတြင္ ခ်စ္ေရးဆို၊ ယခုပင္ အေျဖေတာင္းေနသည္မို႔ အံ့ဩရျပန္သည္။ အံ့ဩမႈတို႔ ထပ္ဆင့္လိုက္ေသာအခါ ျမတ္သူ၏အမူအရာမ်ားပါ ေျပာင္းလာရသည္။ ေနမေကာင္းျဖစ္ခ်င္ေန၍ ေမွးေနေသာမ်က္လုံးပင္ ျပဴးလာရသည္။ မၾကာမီက အားမရွိသည့္အသံတို႔မွာလည္း အေတာ္ပင္က်ယ္သြားသည္။

" ဟီး... ကိုယ္နည္းနည္းေလာသြားတယ္။ ကိုယ့္ကိုစဥ္းစားေပးပါေနာ္။ ျမတ္သူ ႀကိဳက္သေလာက္အခ်ိန္ယူ စဥ္းစားလို႔ရပါတယ္ "

ကေလးဆန္‌ဆန္အၿပဳံးျဖင့္ ဆိုလာေသာ စိုင္းသန႔္ဇင္ကိုၾကည့္ကာ ျငင္းဆိုရမည္ကိုပင္ အနည္းငယ္ အားနာသေယာင္..။ သူသည္ မိမိေဆး႐ုံတြင္ေမ့ေနခ်ိန္၌ မ်ားစြာအကူအညီေပးဖူးသူျဖစ္သည္။ ေဆး႐ုံမွဆင္းေသာအခါတြင္လည္း မိမိအား အလြန္ဂ႐ုစိုက္သည္။ ထို႔ေၾကာင့္ ယခုခ်က္ခ်င္းပင္ ျငင္းဆိုရန္ အားနာရေသာ္လည္း ျပတ္သားလြန္း‌ေသာႏွလုံးသားသည္က စိုင္းထြဋ္ေခါင္တစ္ဦးတည္းကိုသာ ေနရာေပးထားသည္။ တျခားေသာျပင္ပလူကို လက္မခံ။ ခံစားခ်က္တို႔သည္လည္း အနည္းငယ္မွ်မယိမ္းယိုင္သြားေပ။ ထို႔‌ေၾကာင့္ စိုင္းသန႔္ဇင္အား ‌ယခုတြင္မျငင္းဆန္ပါလွ်င္ ေမွ်ာ္လင့္ခ်က္မ်ားေပးသကဲ့သို႔ ျဖစ္ေနမည္။ ထို႔ေၾကာင့္သာ ျငင္းဆိုရန္ဆုံးျဖတ္ခဲ့သည္။

" ေျပာရမွာ အားနာေပမဲ့ ဒီအတိုင္းေနလို႔လည္းမျဖစ္တာေၾကာင့္ ကြၽန္ေတာ္ေျပာပါရေစ။ ကြၽန္ေတာ္ သန႔္ဇင္ကို သူငယ္ခ်င္းထက္မပိုဘူး "

ထိုစကားၾကားၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ စိုင္းသန႔္ဇင္၏ အၿပဳံးခ်ိဳခ်ိဳတို႔မွာလည္း ေပ်ာက္ရွကုန္သည္။

သူတကယ္ပင္ျပတ္သားလြန္းသည္။ အနည္းငယ္မွ်ေတြေဝေနျခင္းမရွိသည့္ သူ၏အေျဖသည္ မိမိ၏ႏွလုံးသားတို႔ကို စူးနစ္ေစသည္။ ပုံမွန္မဟုတ္ေသာခ်စ္ျခင္းျဖင့္ သူတစ္ေယာက္တည္းကိုသာ ခ်စ္မိခဲ့သည္။ ထိုအခ်စ္၏ရလဒ္သည္ ဆုံးရႈံးျခင္း‌ျဖစ္ေနေသာအခါ အလြန္ခံရခက္သည္။ ေမွ်ာ္လင့္ခ်က္တို႔ကို ႐ိုက္ခ်ိဳးသည့္ႏွယ္...။ သို႔ေသာ္... မိမိသည္ သူတစ္ေယာက္တည္းကိုသာ ခ်စ္မိသည္မို႔ သူ႔ကိုသာရယူလိုသည္။ ပိုင္ဆိုင္လိုသည္။ ထိုေၾကာင့္ မည္သို႔ေသာအေၾကာင္းႏွင့္မွ် လက္ေလွ်ာ့လိမ့္မည္မဟုတ္။

ဤကဲ့သို႔ ဆုံးျဖတ္ခ်က္မ်ားခိုင္မာေသာ စိုင္းသန႔္ဇင္သည္ အၿပဳံးခ်ိဳခ်ိဳမ်ား ေပ်ာက္ရွၿပီးေနာက္ ေအးစက္စက္ႏိုင္လွေသာ အၿပဳံးတုကို ဆင္ျမန္းလိုက္သည္။ ရင္ထဲမွ နာက်င္မႈကို ဟန္ေဆာင္ရင္းသာ...။

" ကိုယ္ေျပာၿပီးၿပီပဲ..။ ျမတ္သူႀကိဳက္သေလာက္ အခ်ိန္ယူၿပီး စဥ္းစားႏိုင္ပါတယ္လို႔။ ဘယ္ေလာက္ႀကီးပဲၾကာၾကာ ျမတ္သူဘက္က လက္ခံတဲ့အခ်ိန္အထိ ကိုယ္ေစာင့္ေနမွာပါ။ ကိုယ့္ကိုျပန္ခြင့္ျပဳပါဦး "

သူ၏အျငင္းစကားတို႔ကို ဆက္၍မၾကားလို။ လက္မခံလိုသည္မို႔ ျပန္ရန္ႀကိဳးစားကာ ျမတ္သူအား ေက်ာခိုင္း၍ မတ္တတ္ရပ္လိုက္သည္။ လွမ္းမည့္ ေျခလွမ္းမ်ားသည္ ျမတ္သူ၏စကားေၾကာင့္ ရပ္တန႔္ကုန္ရသည္။

" ေစာင့္မေနပါနဲ႔သန႔္ဇင္။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ အေျဖကေျပာင္းလဲျခင္းမရွိတာမို႔ ေစာင့္ေနလည္း ေမာ႐ုံပါပဲ "

" အေမာခံၿပီးေစာင့္ေနမွာမို႔ ကိုယ့္ကိုမစိုးရိမ္ပါနဲ႔လား "

" ကြၽန္ေတာ္နဲ႔ သန႔္ဇင္ၾကားက ခင္မင္မႈက အတိုင္းအတာတစ္ခုထိ ရွိခဲ့ၿပီးၿပီမို႔လို႔ နည္းနည္းစိုးရိမ္မိပါတယ္။ မျဖစ္ႏိုင္တာကိုေမွ်ာ္လင့္ေနရင္း သန႔္ဇင္ပင္ပန္းမွာကို ကြၽန္ေတာ္မလိုလားဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ဘယ္ေတာ့မွ ေျပာင္းလဲမွာမဟုတ္တာ ေသခ်ာေနလို႔ပဲ "

" ဘာလို႔အဲဒီေလာက္ထိ ေသခ်ာေနတာလဲ "

" ကြၽန္ေတာ့္ႏွလုံးသားက သန႔္ဇင္အတြက္မဟုတ္လို႔ေပါ့ "

" ထားပါ။ ဘယ္သူ႔အတြက္လဲဆိုၿပီး မေမးခ်င္ဘူး။ သိလည္းမသိခ်င္ဘူး "

ထိုသူႏွစ္ဦးအၾကား ျပတ္သားမႈတို႔သည္ ထပ္တူက်ေနသည္။ သို႔ေသာ္ နယ္ပယ္ခ်င္းမတူေပ။ ျမတ္သူသည္ စိုင္းသန႔္ဇင္မည္မွ်ပင္ ခ်စ္ေရးဆိုေနပါေစ ျငင္းဆန္ဦးမည္မွာ အတိအက်ပင္...။ စိုင္းသန႔္ဇင္သည္လည္း ျမတ္သူမည္မွ်ပင္ ျငင္းဆန္ေနပါေစ.. ခ်စ္ေရးဆိုေနဦးမည္မွာ အတိအက်ပင္..။ တစ္ဦးႏွင့္တစ္ဦး အ‌ေလွ်ာ့ေပးမည္မဟုတ္။ တင္းမာေနဦးမည္..။

ထိုအေျခေနကို ရိပ္မိသည့္ စိုင္းသန႔္ဇင္သည္ အနည္းငယ္ရင္ေမာမိကာ သက္ျပင္းခ်မိသည္။

" ဟူး... အခါတိုင္းလည္း အလုပ္ကျပန္လာတိုင္း ဒီအိမ္ကို၀င္ေနက်ပါ။ ဒီေန႔မွ ဒီအိမ္ကိုလာရတာ ပိုပင္ပန္းသြားသလိုပဲ။ ကိုယ္ပင္ပန္းေနၿပီမို႔လို႔ ျပန္ေတာ့မယ္ျမတ္သူ "

ထြက္သြားသူသည္ တစ္ခ်က္မွ်လွည့္မၾကည့္ခဲ့။ က်န္ခဲ့သူ၏ျငင္းဆန္မႈေၾကာင့္ စိတ္ႏွင့္ႏွလုံးသားတို႔ ပင္ပန္းေန၍ျဖစ္သည္။ က်န္ခဲ့သူသည္လည္း ထြက္သြားသူကို တစ္ခ်က္မွ်မၾကည့္ခဲ့။ ထြက္သြားသူ၏ ရယူလိုစိတ္ျပင္းထန္သည္ကိုသိကာ ပင္ပန္းေန၍ျဖစ္သည္။ က်န္ခဲ့သူ ပို၍ပင္ပန္းရသည့္အခ်က္က ရွ္ိေနျပန္သည္။ ဤသည္မွာ ခ်စ္ရသူ ေရာက္မလာျခင္းပင္။

သူေျပာသည့္စကားသည္ တကယ္ပင္မွန္ေနသည္။ သူကႀကိဳတင္ရိပ္မိေန၍ မိမိအားသတိေပးမႈကို မိမိကလက္မခံျငင္းဆန္ကာ အခ်င္းမ်ားခဲ့ရသည္။ ဤသည္ကိုေတြးမိတိုင္းပင္ သူ႔အားေတာင္းပန္ခ်င္သည့္စိတ္တို႔မွာ တားမရခဲ့..။

မိမိက မွားခဲ့သည္။ သူ႔အား အတိတ္သို႔ျပန္၍အလည္ေခၚမိသည္။ နာက်င္ေစလို၍မဟုတ္။ မိမိနာက်င္ရေၾကာင္းကို သူ႔အား သိေစလို႔၍သာ ေျပာမိျခင္းျဖစ္ပါသည္။

ျမတ္သူသည္ ဧည့္ခန္းတြင္ ႐ုပ္ေသး႐ုပ္သဖြယ္ ထိုင္ေနကာ မ်က္ရည္စတို႔ျဖင့္တစ္‌ေယာက္တည္းစကားေျပာေနမိသည္။ ခ်စ္ရသူ ၾကားလိုၾကားျငားသာ..။

" ခင္ဗ်ားကိုေမွ်ာ္ေနရတာ ပင္ပန္းတယ္။ ကြၽန္ေတာ္က ပင္ပန္းတဲ့အလုပ္ကိုလုပ္ရတာ မႀကိဳက္မွန္း ခင္ဗ်ားသိတယ္မဟုတ္လား။ ကြၽန္ေတာ့္ကို ပင္ပန္းေအာင္မလုပ္ပါနဲ႔လား။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္အေရွ႕ကို လာေပးပါေတာ့ဗ်ာ..။ ေမွ်ာ္ေနရတာ ပင္ပန္းေနၿပီဗ် "

ထိုအခ်ိန္တြင္ မိမိ႐ုတ္တရက္သတိရမိသည္က မိမိအနာတရ ရခ်ိန္တိုင္းတြင္ သူေပၚလာတတ္သည့္ အေၾကာင္းကိုပင္။ ထို႔ေၾကာင့္ စားပြဲေပၚရွိ ပန္းသီးလွီးရန္ ထားရွိသည့္ ဓားကိုယူကာ လက္ေပၚ၌ျပတ္ရွဒဏ္ရာတခ်ိဳ႕ျဖင့္ နီနီရဲရဲ ပန္းခ်ီကားကို ကိုယ္တိုင္ေရးဆြဲေတာ့မည္။ ထိုပန္းခ်ီကို ခ်စ္ရသူက သေဘာက်ဟန္မတူ..။ မိမိအေရွ႕သို႔ ခ်က္ခ်င္းဆိုသလို ေရာက္လာကာ ဓားသြားကို ကိုင္ထားလိုက္သည္။

" ဘာလို႔ အဲဒီေလာက္အနာတရ ရခ်င္ရတာလဲ "

ေအးစက္စြာ ေျပာလာသည့္သူ၏စကားသည္ မိမိအားေႏြးေထြးမႈ အျပည့္ေပးပါသည္။ သူေရာက္လာ၍ေပ်ာ္ရပါေသာ္လည္း သူ႔ကိုေျပာခဲ့မိသည့္စကားမ်ားသည္ လြန္ထားသည္ျဖစ္၍ ၀မ္းနည္းမႈကလည္း ေႏွာင့္ယွက္ေနျပန္သည္။ ထိုခံစားမႈတို႔ ေပါင္းစပ္လိုက္ေသာအခါ ငိုေနသည့္မ်က္ဝန္းႏွင့္ ၿပဳံးေနသည့္ႏႈတ္ခမ္းတို႔ ျဖစ္ေပၚလာသည္။ တျခားေသာသူတို႔ ျမင္ပါက မိမိအား႐ူးေနၿပီ ဟုသာထင္လိမ့္မည္။

ဟုတ္တယ္..။ ကြၽန္ေတာ္႐ူးတယ္..။ အခ်စ္႐ူးေလးဆိုပါေတာ့..။

မ်က္ရည္စတို႔ရွိေသာမ်က္၀န္းသည္ သူ႔အားစိုက္ၾကည့္လ်က္ ႏႈတ္ခမ္းမွာၿပဳံးလ်က္ သူ႔အားစကားေျပာမိသည္။

" ခင္ဗ်ားမွ ေပၚမလာပဲ "

" မလိုအပ္ဘူးထင္လို႔ ေပၚမလာတာပါ "

" ဘာေၾကာင့္ အဲဒီလိုထင္ရတာလဲ "

" မင္းေျပာခဲ့စကားေတြကို မင္းသိမွာပါ "

'ေကာင္ေလး' ဟုေခၚေနသည့္အသံကို ဘ၀င္က်ေနရသည္မို႔ 'မင္း' ဟူ၍သုံးႏႈန္းလိုက္သည္ကို ကြၽန္ေတာ္သေဘာမက်။ ပြင့္လင္းလွသည့္ ကြၽန္ေတာ္က စိတ္ထဲတြင္လည္းမထားတတ္။ ႏႈတ္ဖ်ားတို႔မွ ပုံေဖာ္ကာေတာင္းဆိုမိသည္။

" အရင္လို ေကာင္ေလးလို႔ မေခၚေတာ့ဘူးလား။ အရမ္းစိမ္းကားေနတယ္ေနာ္ "

ထိုစကားႏွင့္အတူ ျမတ္သူသည္ ဓားကိုကိုင္ထားေသာ စိုင္းထြဋ္ေခါင္၏လက္ကိုယူကာ သူ၏ပါးျပင္ႏွင့္ ထိကပ္ထားလိုက္သည္။

" တကယ္ရက္စက္ေနၿပီလား။ ကြၽန္ေတာ့္ကို မခ်စ္ေတာ့ဘူးလားဟင္ "

" အတိတ္ေန႔ရက္ေတြကို ေၾကာက္ေနမွန္းသိသိနဲ႔ ျပန္ဆြဲေခၚတဲ့အထိေတာ့ ကိုယ္မရက္စက္ခဲ့ဘူးထင္တယ္ "

ထိုစကားႏွင့္အတူ စိုင္းထြဋ္ေခါင္၏ပါးျပင္ထက္တြင္ မ်က္ရည္စီးေၾကာင္းေလးတစ္ခု ျဖစ္တည္လာသည္။ အသံႏွင့္ လက္တို႔မွာလည္း တုန္ယင္လ်က္ မ်က္ေထာင့္မ်ားသည္လည္း နီရဲလ်က္ပင္...။

" အဲဒီေန႔ရက္ေတြကို ကိုယ္ဖန္တီးခဲ့တာမွန္ပါတယ္။ ဒါေပမဲ့.. ဒီေလာက္ႏွစ္ေတြအၾကာႀကီး ႐ူးခဲ့ရၿပီးၿပီေလ..။ မလုံေလာက္ေသးလို႔ ျပန္ဆြဲ‌‌ေခၚေနတာလား... "

ဆက္ေျပာမည့္ သူ၏စကားမ်ားကို မၾကားလိုေပ။ သူနာက်င္ေနသည္ကိုလည္း ထပ္၍မၾကည့္လိုေပ။ ထို႔ေၾကာင့္ သူ၏ႏႈတ္ခမ္းကို လက္ညႇိဳးျဖင့္ ပိတ္ကာ တားဆီးမိပါသည္။

" ရွဴး... ‌ကြၽန္ေတာ္မၾကားခ်င္ဘူးေလ။ ထပ္လည္းမသိခ်င္ဘူး။ အဲဒါေၾကာင့္မို႔လို႔ ဆက္မေျပာပါနဲ႔ေနာ္။ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "

ထိုစကားႏွင့္အတူ စိုင္းထြဋ္ေခါင္၏ ရင္ခြင္ထဲသို႔ ေနရာယူလိုက္သည့္ ျမတ္သူ...

သူ႔အားေတာင္းပန္ေသာ္လည္း သူ႔ထံမွ ခြင့္လႊတ္သံကို မၾကားေသးေပ။

" ေတာင္းပန္ေနတာကို ခြင့္မလႊတ္ဘူးလား။ ဘယ္လိုေတာင္းပန္ရမွာလဲ ဟင္ "

" ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ေတာင္းပန္မွာလား "

" အင္း.. "

" ဟိုဆရာ၀န္ကို ထိခိုက္ေစခ်င္တယ္ "

" သူ႔ကိုမွလား.. "

" အင္း.. ဘာလဲ ေကာင္ေလးမလုပ္ႏိုင္ဘူးလား "

" အခုခ်ိန္မွာ ခင္ဗ်ားက ကြၽန္ေတာ့္အတြက္ အေရးႀကီးဆုံးသူမို႔လို႔ ခင္ဗ်ားခိုင္းတာမွန္သမွ် အကုန္လုပ္ႏိုင္မယ္ထင္တယ္ "

ေကာင္ေလး၏ ထိုစကားသည္ မိမိ၏နာက်င္မႈတို႔ကို ေျပေပ်ာက္ေစႏိုင္သည့္ အေကာင္းဆုံးေဆးတစ္ခြက္ပင္။ မိမိအားဘ၀င္က်ေစသည့္ ထိုစကားေၾကာင့္ ၿပဳံးမိပါသည္။

" ဘာမွလုပ္စရာမလိုပါဘူး။ ဒီအတိုင္းေလး ကိုယ့္ကို ခြင့္လႊတ္ေပး႐ုံေလးပဲ "

" အဲဒါက ကြၽန္ေတာ္အလုပ္ႏိုင္ဆုံးအရာပါ "

ေကာင္ေလး ဘာမွလုပ္စရာမလိုဘူး။ ေကာင္ေလးရဲ႕ျဖဴစင္တဲ့လက္မွာ ေသြးစြန္းေနမွာကို.. ကိုယ္မလိုလားဘူး။ ကိုယ့္လက္မွာပဲ အစြန္းခံမယ္ေကာင္ေလး..။ အဲဒါက ေကာင္ေလးကို သိပ္ခ်စ္လို႔ပဲ။

ေသြးညႇီနံ႔လႊမ္းေနေသာ အေတြးတို႔ကို ျမတ္သူမသိခဲ့။ ျမတ္သူ သိသည္က သူဘာလုပ္လုပ္ ခြင့္လႊတ္ေပး႐ုံသာ...။

႐ိုးရာပ်က္လွ်င္ နတ္ကိုင္မည္ကို စိုးရိမ္သည့္အလား...။ စိုင္းသန႔္ဇင္သည္လည္း ျမတ္သူရွိရာကို မလာဘဲမေန..။ ေန႔စဥ္ႏွင့္အမွ် ဂ်ဴတီၿပီးခ်ိန္ ညေနတိုင္းတြင္ ေရာက္လာခဲ့သည္။ ယေန႔တြင္အိမ္၌ ‌ျမတ္သူ၏အေမႏွင့္အဘြားပါရွိေနသည္မို႔ စကားေျပာရာတြင္ အခ်ိန္ၾကာျမင့္ခဲ့သည္။ အခ်ိန္အားျဖင့္ ညရွစ္နာရီသို႔ ေရာက္လာခဲ့သည္။ စိုင္းသန႔္ဇင္သည္လည္း အိမ္သို႔ကားေလးျဖင့္ အျပန္ခရီးဆက္ခဲ့သည္။

စိုင္းသန႔္ဇင္ကားေမာင္းရင္းတြင္ ကားလမ္းမ၌ အမ်ိဳးသားတစ္ဦးသည္ သူ၏ကားေရွ႕တြင္ ႐ုတ္တရက္ေပၚလာသည္မို႔ ထိုသူအားေရွာင္လိုက္ရာ ကားလမ္းမေဘးရွိ သစ္ပင္ကို ၀င္တိုက္မိခဲ့သည္။ စိုင္းသန႔္ဇင္ေသြးထြက္လြန္ေနသည့္ ျမင္ကြင္းကို အၿပဳံးတစ္ခုျဖင့္ ေက်နပ္စြာၾကည့္ေနသူတစ္ဦးရွိခဲ့သည္။ ထိုသူမွာ စိုင္းထြဋ္ေခါင္ပင္ျဖစ္သည္။

" ကိုယ့္ဘ၀နဲ႔ကိုယ္ေနရင္ရရဲ႕သားနဲ႔ ငါ့ရဲ႕ဘ၀ေလးကို ဘာလို႔လုခ်င္ရတာလဲ။ ငါ့ဘ၀ေလးကို ပိုင္ဆိုင္ခ်င္တာ မင္းအျပစ္ပဲ။ မင္းသိပ္မွားတယ္ ဆရာ၀န္ေလး .. "

စိုင္းသန႔္ဇင္၏အျပန္ခရီးသည္ ေပ်ာ္႐ႊင္စရာမေကာင္းခဲ့။ အိမ္အျပန္ခရီးမဟုတ္။ ဘ၀နိဂုံးခရီးသာ ျဖစ္ခဲ့ရသည္။ ထိုခရီးစဥ္ကို ပို႔ေဆာင္သူက စိုင္းထြဋ္ေခါင္ပင္.. ။

စိုင္းထြဋ္ေခါင္သည္ ထိုခရီးစဥ္ကို ပို႔ေဆာင္ေပးၿပီးေနာက္ ျမတ္သူထံသို႔ျပန္လာခဲ့သည္။ ျမတ္သူ၏ အေရွ႕သို႔ေရာက္ေသာအခါ ေသြးေပေနေသာလက္ကို ျမတ္သူ၏ ႏွာေခါင္းအနားသို႔ ကပ္ေပးလိုက္သည္။

" ဆရာ၀န္ေလးက ေကာင္ေလးကို စိတ္ရႈပ္ေစခဲ့တယ္မဟုတ္လား။ အခု သူ႔ေသြးအနံ႔ကိုရွဴၿပီး စိတ္ရႈပ္တာေတြကို ေျဖေဖ်ာက္လိုက္ေနာ္။ သူ.. ေကာင္ေလးကို ေနာက္ထပ္ စိတ္ရႈပ္ေအာင္ လုပ္လို႔မရေတာ့ဘူး "

ေၾကာက္မက္ဖြယ္အတိႏွင့္ထိုစကားကို စိုင္းထြဋ္ေခါင္ဆိုလာသည္။ ျမတ္သူသည္က နည္းနည္းမွ်မထိတ္လန႔္ခဲ့။ ပုံမွန္အတိုင္းသာ ၿပဳံး၍ႀကိဳဆိုေနသည္။

အနားသို႔ေရာက္လာကာ ေထြးဖက္ထားသည့္ခ်စ္ရသူအား ျပန္လည္ဖက္တြယ္ထားမိသည္။ ေအးစိမ့္‌ေနေသာ လမ္းမထက္မွ ျပန္လာသည့္ခ်စ္ရသူအား ေႏြးလိုေႏြးျငားသာ..။

" ေကာင္ေလးအတြက္ စိတ္ရႈပ္ရမယ့္အရာေတြကို ရွင္းလိုက္တာေလ။ ကိုယ္ေတာ္တယ္မဟုတ္လား "

" ဒါေပါ့... "

" ခြင့္လႊတ္မယ္ မဟုတ္လား "

" ေျပာၿပီးၿပီပဲ။ ခင္ဗ်ားကို ခြင့္လႊတ္ဖို႔က ကြၽန္ေတာ္အလုပ္ႏိုင္ဆုံးအရာပါလို႔ "

" သိပ္ခ်စ္တယ္ေကာင္ေလးရယ္ "

သူ၏စိုးရိမ္မႈအား ဤသို႔ေသာနည္းျဖင့္ ေျဖရွင္းလိုက္သည္ကို အျပစ္မတင္ရက္။ သူသိပ္ခ်စ္၍ ဤသို႔မွားခဲ့ရသည္။ ကြၽန္ေတာ္ကလည္း သိပ္ခ်စ္၍ ဤသို႔ခြင့္လႊတ္မိသည္။

Continua a leggere

Ti piacerà anche

113K 14.6K 20
ေက်ာင္းရဲ႕ဗ႐ုတ္ Park Chanyeol ဟာ အတန္းရဲ႕ စာအေတာ္ဆံုး စည္းကမ္းအ႐ွိဆံုး ေက်ာင္းသား Byun Baekhyun ကို ခ်စ္မိသြားေသာအခါ......
247K 23.7K 52
"ရှေ့နေကြီးခင်ဗျ....။ ကျွန်တော့်နှလုံးသားထဲနယ်ကျွံလာတဲ့လူတစ်ယောက်ကို ဘယ်ပုဒ်မနံပါတ်တပ်ပြီး အရေးယူလို့ရနိုင်မလဲသိချင်လို့ပါ။ မဟုတ်မှလွဲ... ပုဒ်မ 1500လ...
150K 10.1K 70
Start date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင...
73.2K 9.9K 9
ခ်န္းေယာလ္ - ဘတ္ဟြ်န္းနီး