Diary of Poinciana: Blue Jaca...

By millaryoon

14K 560 128

ZG Poinciana Flower (စိန္​ပန္​း)ဟာ တမ္​းတလြမ္​းဆြတ္​ျခင္​း နဲ႔ တစ္​စံုတစ္​ေယာက္​ရဲ႕အေၾကာင္​းကို ေတြးေနျခင္​း... More

Author Note
Character Intro
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
Noti
37
38
39
40
41
42
43
noti..noti
44
45
46
47

14

165 14 0
By millaryoon

Zawgyi

ရုပ္ရုပ္သဲသဲျဖစ္ေနေသာ အခမ္းအနားဆီသို႔ ခြန္ဟိန္းဝင္လာသည္။ကားထုတ္ၿပီး ရွင္းရွိရာေနရာသို႔ သူဝင္လာေပမဲ့ လူမ်ားအားလံုးကတစ္ေနရာတည္းစုေဝးေနၾကသည္မို႔ ထူးဆန္းစြာ စပ္စုမိသည္။ စင္ျမင့္ထက္ LEDမီးဘုဒ္တြင္ ထြက္ေပၚေနေသာပံုမ်ားက ရွင္းနဲ႔ ေကာင္ေလးတစ္ေယာက္ အတူတူလက္တြဲကာ ခ်စ္ၾကည့္ႏူးေနသည့္ပံုမ်ား။ေတာ္ေသးသည္ကေသာ္ကေမာင္မ်က္နာကို ဝါးတားတားလုပ္ထားသည္။

""Gayလား...""

""မိဘမ်က္နာက္မွမေထာက္ကြာ..""

""GMရဲ႕ ဆက္ခံသူက Gayတစ္ေယာက္ျဖစ္ေနတာလား။""

""ဒီေခတ္မွာ အဲဒါေတြရိုးေနပါၿပီကြာ။Gayေတာ့ဘာျဖစ္လဲ..""

ထိုသို႔အျပစ္တင္မႈမ်ား နဲ႔ ရွင္းဘက္ကေန ကာကြယ္ေျပာေနၾကသူမ်ားျဖင့္ျပည့္နက္ေနသည္။ခြန္ဟိန္း အေစာင့္တစ္ေယာက္ကို LEDမီးပိတ္ခိုင္းလိုက္သည္။

"ေတာင္းပန္ပါတယ္။အခမ္းအနားၿပီးဆံုးၿပီမို႔ လူႀကီးမင္းတို႔ကို တက္ေရာက္ေပးတဲ့အတြက္ေက်းဇူးတင္ေျကာင္းေျပာခ်င္ပါတယ္။ေက်းဇူးတင္ပါတယ္။"

စင္ျမင္ေပၚကဆင္းကာ လာေနေသာ ဖုန္းကိုကိုင္လိုက္သည္။

"မင္း အခုခ်က္ခ်င္း ငါ့ဆီလာခဲ့။"

ဥကၠ႒ႀကီး၏ အမိန္႔ေၾကာင့္ ခြန္ဟိန္းေျခေထာက္မ်ားေလးလံေနသည္။မၾကာခင္ မုန္တိုင္းတိုက္ေတာ့မည့္သေဘာ..ရွင္းဆီဆက္သြယ္ေတာ့လည္း ဖုန္းက မကိုင္ေပ။

"ဒီေကာင္ကေတာ့ အေရးအေၾကာင္းနဲ႔ဆို ပိတ္ထားျပန္ၿပီ။"

အခန္းတံခါးကာလက္ကုိင္ကို ကိုင္ကာ သက္ပ်င္းခ်လိုက္သည္။ထို႔ေနာက္ ဖြင့္လိုက္ကာ ေဒၚနန္းသက္နြယ္တု႔ိထိုင္ေနရာသို႔သြားလိုက္သည္။

"ျဖန္း.."

ရုတ္တရက္ ရိုက္ခ်လိုက္ေသာေၾကာင့္ ခြန္ဟိန္းေခါင္းမူးသလိုလိုခံစားသြားရသည္။ေဒၚနန္းသက္နြယ္သည္ႏုတ္ခမ္းကိုကိုက္ရင္း အမ်က္ေဒါသေပါင္းစံုျဖင့္ၾကည္ေနသည္။

"ေနရွင္းေဘးမွာေနခိုင္းတာ သူ႔ကိုအေထာက္အပံရေစဖို႔ဘဲ။ဒီလိုမ်က္နာပ်က္ေအာင္လုပ္ဖို႔မဟုတ္ဘူး။မင္းက မတားဘဲ အလိုတူအလိုပါလုပ္ေနတာလား"

"..က်ေနာ္.."

"တိတ္စမ္း..။ရွင္းဘယ္မွာလဲ။"

"ဆက္သြယ္လို႔မရပါဘူး။"

"အလိုလိုက္ေတာ့ အမိႈက္ေစာ္ကားတာဘဲ..ဖေအတစ္ေယာက္လံုးကိုအရူးလုပ္သြားတဲ့ေကာင္။"

အားလံုးက ေရွးရိုးဆန္ၾကသည္မို႔ ဒီကိစၥဟာလြယ္လြယ္နဲ႔မၿပီးမွန္းခြန္ဟိန္းေရာ ရွင္းေရာ အရင္ကတည္းက ခန္႔မွန္းမိၿပီးသား။သို႔ေသာ္ဒီေလာက္ျမန္ျမန္ႀကီးေပၚသြားလိမ့္မည္ဟုမထင္ခဲ့ေပ။

"ခ်က္ခ်င္းရွာ။အဲဒီေကာင္ကိုေတြ႕ရင္ ငါ့ေရွ႕ဆြဲေခၚလာခဲ့။"

ဦးေကာင္းေခတ္သည္ ေဒါသေၾကာင့္မ်က္နာနီရဲေနသည္။ခြန္ဟိန္းဘာမွဆက္မေျပာေတာ့ဘဲ ထြက္လာခဲ့သည္။အိမ္ေရွ႕ ေရပန္းအနီးေရာက္ေတာ့ ရွင္းကိုထပ္ၿပီးဆက္သြယ္ၾကည့္ျပန္သည္။ဆက္သြယ္လို႔မရျပန္သျဖင့္ ေသာ္ကေမာင္ဆီ ဖုန္းဆက္ရန္ ႀကံလိုက္သည္။

"[ကိုခြန္ဟိန္း..!!]"

"အြန္း..ငါညီေလး။ရွင္း ဆီက ဖုန္းလာတာမ်ိဳးရွိေသးလား။"

"[မရွိပါဘူး..က်ေနာ့္ကို မအိပ္ဘဲေစာင့္ေနလို႔ေျပာၿပီး ဆက္သြယ္လာဘူး။]"

"ေက်းဇူးပါညီေလး.."

"[ရွင္း ဘာျဖစ္လို႔လဲ။တစ္ခုခုျဖစ္လို႔လား..]"

"မဟုတ္ပါဘူး..အရက္မူးေနၿပီး ေလ်ွာက္သြားေနတာေနမွာပါ။နဂိုကတည္းက ခန္႔မွန္းလို႔မရသူေလ.."

"ဟုတ္ကဲ့.."

"ဒါဆို ခ်လိုက္ၿပီေနာ္.."

ခြန္ဟိန္း စိတ္ထဲထူးဆန္းမိသည္မွာအမွန္။ေနာက္ဆံုး GM ပိုင္ Hotelကို သူျပန္သြားဖို႔ ကားကို ဂငယ္ေကြ႕ေကြလိုက္သည္။လက္မွနာရီကိုၾကည့္ေတာ့ မနက္၂နာရီ ေတာ္ေတာ္ေလးေနာက္က်ေနသည့္အခ်ိန္ျဖစ္ေနၿပီ။

"က်ေနာ္ဘယ္သူလဲသိတယ္မလား.."

Hotelထဲအဝင္ ေကာင္တာမွာထိုင္ေနသည့္ ဝန္ထမ္းအား ေျပာလုက္သည္။ဦးေကာင္းေခတ္အနားတြင္ရွိေနသည့္သူ႔ကို ဝန္ထမ္းေကာင္ေလး သိေၾကာင္း ေခါင္းၿငိမ့္ျပသည္။

"Hotel CCTV ကို စစ္ၾကည့္လို္႔ရလား။လူရွာခ်င္လို႔.."

"ဟုတ္ကဲ့ ..ဒီဘက္ကိုလာပါ။"

ဝန္ထမ္းရဲ႕ ေခၚရာသို႔လိုက္ေတာ့ Hotel လံုၿခံဳေရးခန္းကိုေရာက္လာသည္။ည ၁၀နာရီေက်ာ္ေက်ာ္ အခ်ိန္ အခမ္းအနားက်င္းပခ်ိန္ကိုျပန္ရစ္ခိုင္းလိုက္သည္။

"ရပ္..!"

"ပယင္းေရာင္..။သူေခၚထုတ္သြားတာဘဲ။အခန္းနံပါတ္ကိုခ်ဲ႕လိုက္။"

CCTVတြင္ ပယင္းေရာင္က ရွင္းအား တြဲကာ Hotelခန္းသို႔ဝင္သြားသည္ကိုျမင္ေတြ႕ရသည္။ေနာက္ ၁နာရီေက်ာ္ေက်ာ္အခ်ိန္မွ အခန္းထဲက ထြက္သြားသည္ကို ေတြ႕ရသည္။

"၃နာရီလံုးလံုး အျပင္မထြက္လာဘူးဘဲ။ဒီမိန္းမေတာ့ ဘာေတြႀကံေနျပန္ၿပီလဲ။"

ခြန္ဟိန္း အေတြးကိုျဖတ္ကာ အခန္းဆီသို႔ေျခလမ္းက်ဲက်ဲျဖင့္ေလ်ွာက္လာသည္။တံခါးဖြင့္လိုက္ေတာ့ တစ္ေယာက္တည္း အိပ္ေပ်ာ္ေနေသာရွင္းကို ေတြ႕လိုက္သည္။ဟိုတစ္စီတစ္စက်ေနေသာ အဝတ္တို႔ကို ေကာက္ယူလိုက္ၿပီး နိုးရန္ႀကံလိုက္သည္။

"သိုးေနေအာင္အိပ္ေနတာဘဲ။ဘာမွမသိဘဲ အိပ္သာေနလိုက္ေတာ့။"

ခြန္ဟိန္းက်ိန္ဆဲကာ ဆိုဖာေပၚသို႔ထိုင္ခ်လိုက္သည္။ပယင္းေရာင္ကိုေတာ့ သူ႔စိတ္ထဲတြင္စနိုးစေနာင့္။ထို႔ေနာက္ နွစ္ပတ္လည္ပြဲက ဓာတ္ပံုေတြ။ဘယ္သူလက္ခ်က္လဲ..ဆိုတာ ေတြးလို႔မရေပ။ ေနရွင္းဆိုတဲ့ေကာင္ကလည္း ရန္သူပတ္လည္ဝိုင္းေနတဲ့ေကာင္။သူ႔အားအမဲဖ်က္သလို ဖ်က္ခ်င္ေနသည့္သူေတြက အေဖသာမက မိေထြးနဲ႔အကို ၾကားထဲဦးလင္းေရာင္ရွိန္က ပါေသးသည္။
.
.
.
.

အခ်ိန္တေ႐ႊ႕ေ႐ႊ႕ကုန္ဆံုးလာတာနဲ႔ မနက္ခင္းေဝလီေဝလင္းအခ်ိန္ေရာက္လာေပၿပီ။ေနရွင္း နိုးလာေတာ့ မ်က္လံုးက ဖြင့္မရ..ေခါင္းကထိုးကိုက္လာသည္။ကုတင္ေပၚထထိုင္လိုက္ရင္း ေခါင္းအား ဖိထားရသည္။

"ရင္ေတြပူလိုက္တာ။အ.."

လက္ကိုတစ္ခုခုလာစူးေနသည့္ခံစားခ်က္ေၾကာင့္ ဖိမိသည့္အရာကို ယူၾကည့္လိုက္သည္။သံုးေထာင္ႀတိဂံပံုစံ ေငြေရာင္ နားကပ္ကေလး။ထိုနားကပ္ကိုျမင္မွ ပယင္းေရာင္က သူ႔ကိုလိုက္ပို႔ေၾကာင္းသတိရလာသည္။ရုပ္ရွင္အေနးျပကြက္လိုေပၚလာသည့္ျမင္ကြင္းေတြနဲ႔ ေနာက္ဆံုးသူအိပ္ေပ်ာ္သြားသည္။ေနာက္ပိုင္းကို ဘာမွမသိေတာ့ေခ်။

"နိုးၿပီလား.."

ခြန္ဟိန္းက ေရသန္႔ဘူေပးလာတာေၾကာင့္ သူအငမ္းမရေသာက္လိုက္သည္။

"ဘယ္အခ်ိန္ကေရာက္လာတာလဲ။"

"၂နာရီေလာက္က။မင္း ျပသာနာတက္ၿပီ။အားလံုးသိသြားၿပီ..မင္းတို႔အေၾကာင္း"

"ေကာင္းတာေပါ့..။တစ္ခ်ိန္ခ်ိန္ေပၚမွာဘဲဟာ။သြားၾကစို႔.."

ရွင္း လံုးဝမအံၾသမေၾကာက္လန္႔ေသာအမူအရာေၾကာင့္ ခြန္ဟိန္း နည္းနည္းေတာ့ စိတ္ခ်သြားသည္။ကုဒ္အက်ၤ ီကိုယူဝတ္ကာ ဦးေဆာင္ထြက္သြားေသာေၾကာင့္ ေနာက္ကေန ဘာျဖစ္ျဖစ္ဆိုတဲ့အေတြးျဖင့္လိုက္ခဲ့ေတာ့သည္။

     _____________________________

မိနစ္၃၀ခန္႔ ၾကာၿပီးေနာက္မွာ ခြန္ဟိန္းတို႔ကားေလးသည္ အိမ္ႀကီးထဲသို႔ဝင္လာသည္။ရွင္းကေတာ့ ဘယ္လိုေနတယ္မသိ..သူကေတာ့ရင္ထဲတြင္ ကန္စြန္းဥျပဳတ္နင္ေနသလားမွတ္ရေအာင္ ဆို႔နင္ဆို႔နင္ျဖစ္ေနသည္။

"ခြပ္...!!"

ရွင္း ဧည့္ခန္းသို႔အဝင္ လက္သီးျဖင့္ႀကိဳဆိုလိုက္သာ ဦးေကာင္းေခတ္ေၾကာင့္ ၾကမ္းခင္းေပၚလဲွက်သြားသည္။မေန႔ညအရက္အရွိန္ေၾကာင့္ ေခါင္းကုိက္ကာ ေလးလံေနရတဲ့အထဲ အရိုက္ခံလိုက္ရတာေၾကာင့္ နာေခါင္းေသြးေတြထြက္လာသည္။

"ေသြး!!.."

ရွင္းက အနီေရာင္ျမင္လို႔မရတာေၾကာင့္ ခြန္ဟိန္း သူအိတ္ကပ္ထဲက လက္ကိုင္ပုဝါကိုထုတ္ကာ ရွင္းနာေခါင္းနားဖိကပ္ေပးလိုက္သည္။

"အဆင္ေျပလား.."

"အြန္း.."

လက္ကိုင္ပုဝါအုပ္လိုက္ရင္း ဦးေကာင္းေခတ္ကို ခပ္က်ဲက်ဲရယ္ျပလိုက္သည္။

"ဘာလို႔ ဒီေလာက္ေတာင္ေဒါသထြက္ေနတာလဲ..ဆံပင္ျဖဴေတြေပါက္ေနပါဦးမယ္။"

"မင္း..အေဖကို  ဘယ္လိုေျပာလိုက္တာလဲ။ဒီေကာင္ ကိုယ့္အေဖကို ေစာ္ကားစရာလား.."

"ခဗ်ား နဲ႔ဆိုင္လို႔လား။မဆိုင္ရင္ ေဘးဖယ္ေန.."

ဝင္ၿပီးဟန္႔လိုက္ေသာ ေနတမာန္သည္ ရွင္းရဲ႕ဟိန္းေဟာက္သံနဲ႔ ဂ်စ္ကန္ကန္အၾကည့္စူးစူးေၾကာင့္ အသံတိတ္သြားသည္။

"အဲဒီေကာင္ေလးလား..မင္းရဲ႕အခန္းေဖာ္ဆိုတဲ့သူ။"

"ငါတု႔ိအေဖပီသတာဘဲ..အခန္းေဖာ္ဆိုတာေတာင္သိေနၿပီေပါ့။"

"ေဝ့လည္ေၾကာင္ပတ္လုပ္မေနဘဲ သူနဲ႔မင္းကဘာလဲဆိုတာေျပာ။ဓာတ္ပံုက အမွန္ေတြဘဲလား.."

"ဟုတ္တယ္..သူက က်ေနာ့္ခ်စ္သူ။"

ရွင္းေျပာလိုက္တာေၾကာင့္ ဦးေကာင္းေခတ္၏မ်က္လံုးမ်ားသည္ရင္ကထက္ စူးရဲလာသည္။ထို႔ေနာက္ ထိုင္ေနေသာသူ႔ကို လည္ပင္းမွဆြဲခ်ဳပ္ကာထရပ္ေစလိုက္သည္။

"ရူးေနၿပီလား..မင္းက ေယာက်ာ္းကြ ေယာက်ာ္း။ေနာက္ၿပီး ငါေမြးထားတာ သား..ေစာက္ေျခာက္တစ္ေကာင္ကိုေမြးထားတာမဟုတ္ဘူး။"

ီရွင္းတို႔ သားအဖ၏ အၾကည့္မ်ားက ေအးစက္ကာ ဓားသြားထက္ရာက္ေနသလို။ေဘးကေန ဘယ္သူမွဝင္မတားရဲၾကေပ။

"အဲဒါက ဘာထူးဆန္းေနလို႔လဲ။အျပစ္ႀကီးႀကီးက်ဴးလြန္မိလို႔လား။အေဖ့လို သူမ်ားဦးေနာက္ေဖာက္စားၿပီး ရွန္သန္ေနတာမွမဟုတ္တာ။"

"ေနရွင္းသကၠရာဇ္..မင္း မင္းလိုေကာင္က ငါ့သားလို႔ေတာင္ေခၚဖိုမတန္ဘူး။GM Groupရဲ႕ မိသားစုဝင္ထဲမွာ မင္းလိုေကာင္မလိုဘူး.."

"မိသားစု...ဟီးဟီး"

တစ္ဟက္ဟက္ေအာ္ရယ္ၿပီး သူ႔ကိုမယံုၾကည္နိုင္ေသာမ်က္လံုးတို႔ျဖင့္ၾကည့္လည္သည့္ ရွင္းကို ဦးေကာင္းေခတ္နားမလည္နိုင္ျဖစ္ေနသည္။

"ဘယ္တုန္းက က်ေနာ္က မိသားစုျဖစ္သြားတာလဲ။ခဗ်ားက က်ဳပ္ကို သားလို႔ေရာသတ္မွတ္ခဲ့လား..။လိုခ်င္တဲ့အခ်ိန္ ခ်ဳပ္ခ်ယ္ဖို႔ ေခြးတစ္ေကာင္သာသာဘဲ သေဘာထားတာမလား။"

"ေနရွင္း.."

"ခဗ်ားက ယုတ္မာရက္စက္လြန္းတယ္။"

ရွင္း ထိုေနရာမွလွည့္ထြက္လိုက္သည္။တံခါးအဖြင့္တြင္ အေဖေျပာေသာ စကားက ရင္ဝတည့္တည့္ ဓားနဲ႔ထိုးနက္လိုက္သလိုခံစားရေစသည္။

"မင္း အသိတရားရၿပီး သူနဲ႔အဆက္ျဖတ္ဖို႔ေမ်ာ္လင့္တယ္။မဟုတ္ရင္ ငါကိုယ္တိုင္ဝင္ပါရလိမ့္မယ္။"

ေနရွင္းဂရုမစိုက္ဘဲထြက္လာသည္။ေဘးက အိမ္ကအလုပ္သမားမ်ားကလည္ တီးတိုးတီးတိုးေျပာဆိုေနၾကသည္။ပုခံုးကို လက္ျဖင့္လာပုတ္ေသာ ခြန္ဟိန္းေၾကာင့္ ေတြေဝေနရာမွ ျပန္သတိရလာသည္။ထို႔ေနာက သူATM ကဒ္ကို ေပးလာသည္။

"ေရွာင္ေနလိုက္။ဒါမဲ့ မင္းအဖြားကို မင္းဘာသာၾကည့္လုပ္။
ဥကၠ႒ႀကီးကို ငါေျဖာင္းဖ်ၾကည့္မယ္။"

ရွင္း ခြန္ဟိန္းကိုေက်းဇူးတင္မိသည္။ငယ္ကတည္းက သူ႔အရႈတ္ထုတ္ကိုလိုက္လွန္ရွင္းေပးရတဲ့ ခြန္ဟိန္းကို အားလည္းနာမိသည္။

"ဒီတိုင္းသိမ္းထားစမ္းပါ။ေနာက္မွ အကူအညီေတာင္းမယ္။"

ထိုသို႔ေျပာကာ ဖြာနန္းေနသည့္စံအိမ္ကို ထြက္လာခဲ့သည္။
ေဒၚနန္းသက္နြယ္နဲ႔ မသင့္ျမတ္သည့္ ဖြားက အေဖအိမ္မွာမေနတာၾကာခဲ့ၿပီ။သူကလည္းငယ္ကတည္းက ဖြားနန္းလက္ေပၚႀကီးလာသူမို႔ အဖြားကိုသာခင္တြယ္သည္။ဖြားနန္းကေတာ့ သူေျပာတာ လက္ခံမည္ဟုေမ်ာ္လင့္ေနမိသည္။

"ဖြား.."

ဧည့္ခန္းတြင္ လူတစ္ယာက္မွမရွိတာေၾကာင့္ အေပၚထပ္မွဆင္လာေသာ ဦးမင္းနိုင္ကို ေမးလိုက္သည္။

"ဖြားနန္းေရာ.."

"မင္းအခန္းထဲမွာ.."

ဦးမင္းနိုင္ဆီမွ စကားေၾကာင့္ သူ႔အခန္းတံခါးကို သာသာေလးဖြင့္လိုက္သည္။တံခါးဖြင္႕သံေၾကာင့္ ဖြားနန္းက သူ႔ကိုလွည့္ၾကည့္လာသည္။

"မင္းကေလ..ငယ္ငယ္ကတည္းက ဖြားမႀကိဳက္တာလုပ္ဖူးဘူး။ဒါေပမဲ့ အခုကဘာလဲ.."

"သိပါတယ္။ဖြား ေရွာ႔ျဖစ္သြားမယ္ဆိုတာနားလည္ပါတယ္။ဘယ္သူမွလက္မခံရင္ေတာင္ က်ေနာ္စိတ္ကို ဖြားလက္ခံေပးလို႔မရဘူးလား.."

"ေျမး..ဖြားကေလ ေျမးစိတ္ခ်မ္းသာေနတာဘဲျမင္ခ်င္တာ။ဒါမဲ့ ဖြားဒါႀကီးကို လက္မခံနိုင္ဘူးေျမး။"

"ဖြား..က်ေနာ္ သူမရွိလို႔မျဖစ္ဘူး။"

"ဒါဆိုဖြားကေရာ..ေျမးကဖြားကိုဆန္႔က်င္ၿပီးထြက္သြားရင္ ဖြားဘယ္လိုေနရမွာလဲ။"

ဖြားနန္းဟာ ရွင္းငယ္ကတည္းက ရွိသမ်ွ အခ်စ္ေတြစုပံုေအာကာ ခ်စ္ေပးခဲ့သူ။ရွင္းမ်က္နာတစ္ကမၻာလုပ္ၿပီး သားျဖစ္သူကိုေတာင္ ဆန္႔က်င္လာခဲ့သူ။ရွင္းဆိုးသမ်ွ အနြံ႕တာခံၿပီး အလိုလိုက္ခဲ့သူ ျဖစ္သည္မို႔ ရွင္းပိုၿပီးရင္နာရသည္။

"က်ေနာ္ ဖြားနားကမထြက္သြားလို ေမာင္နဲ႔လည္းလမ္းခြဲမွာမဟုတ္ဘူးဖြား..ေမာင္က ေယာက်ာ္းေလးတစ္ေယာက္ဆိုေပမဲ့ ဖြားသေဘာက်မွာပါ။ဒီမွာ.."

ရွင္းသည္အိပ္ကပ္ထဲက ေမာင္ဓာတ္ပံုေလးကို ဖြားနန္းအားေပးလိုက္သည္။သြားစြယ္ေလးေပၚေအာင္ၿပံဳးရယ္ေနသည့္ ေမာင့္ဓာတ္ပံုကိုဖြားက ေသေသခ်ာခ်ာၾကည့္ေနေလသည္။

"ခ်စ္ဖို႔ေကာင္းတယ္မလား။ေမာင္က အၿမဲတမ္း ၿပံဳးရယ္ေနတတ္တာ။ဒီနွစ္ေတြမွာ သူ႔ေၾကာင့္ဘဲ က်ေနာ္ရဲစခန္းမေရာက္ေတာ့တာေလ။"

"ေမာင္..တဲ့လား။"

"အြန္း.က်ေနာ္အိမ္မျပန္ရင္ ေမာင္ကဆူတာဗ်ာ။ေက်ာင္းပိတ္ခ်ိန္မွာ ဖြားဆီကိုျပန္ဖို႔ သူဘဲေျပာခဲ့တာ။"

ဓာတ္ပံုေလးအား ၾကည့္ကာတစ္ၿပံဳးၿပံဳးေျပာေနသည့္ရွင္းကို ေဒၚနန္းထိပ္ထားေငးၾကည့္ေနမိသည္။သူႀကိဳက္တဲ့ ေမြးေန႔လက္ေဆာင္ ဆိုင္ကယ္ေလးေပးတုန္းကေတာင္ အခုလို ေပ်ာ္႐ႊင္ေနတာမ်ိဳးမျမင္ဖူးခဲ့ေပ။စကားအမ်ားႀကီး မေျပာတတ္တဲ့ရွင္းက မေမာနိုင္မပန္းနိုင္ ထိုေကာင္ေလးအေၾကာင္းသူအားရွင္းျပေနသည္။

"ဖြားႀကိဳးစားၾကည့္မယ္။"

"ဗ်ာ..!!"

"ေျမးသူ႔ကိုခ်စ္တယ္မလား..ဒါဆို ဖြားသူ႔ကိုလက္ခံနိုင္ေအာင္ႀကိဳးစားၾကည့္မယ္..ဖြားကိုအခ်ိန္ေတာ့ေပးရမယ္ေနာ္.."

ဖြားဆီကမထင္မွတ္ေသာစကားေၾကာင့္ ရွင္းခုန္ေပါက္မတတ္ေပ်ာ္သြားရသည္။ေမြ႕ရာေပၚက ဖြားနန္းကို ဖက္လိုက္ရင္း ေခါင္းတစ္ဆပ္ဆပ္ၿငိမ့္ေနမိသည္။

"ဟုတ္ကဲ့..က်ေနာ္ ဘာမွမလိုပါဘူး။ဖြားလက္ခံမယ္ဆိုရင္ အားလံုးခံနိုင္ရည္ရွိပါတယ္။"

ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္ ၿပံဳးေနသည့္ ဖြားေၾကာင့္ စိတ္သက္သာရရမိသည္။

  _________________________________

Time Skip>>>>

ေသာ္ကေမာင္ အေဆာင္ေရာက္ေနတာ နွစ္ရက္ေလာက္ရွိၿပီ။ဟိုတစ္ေလာေလာက္က အကိုခြန္ဟိန္း ဖုန္းဆက္ၿပီးရွင္းကအဆက္အသြယ္မလုပ္လာေခ်။ဘာေၾကာင့္ရယ္ေတာ့သူေသခ်ာမသိေပမဲ့ ဝမ္းနည္းၿပီးေဒါသကထြက္လာသည္။သူစိတ္တိုတိုနဲ႔ အဝတ္မ်ားေခါက္သိမ္းေနတုန္း ခါးကိုလာဖက္ေသာခံစားခ်က္ေၾကာင့္ တုန္ခနဲျဖစ္သြားရသည္။

"ဘာေတြအလိုမက်ျဖစ္ေနတာလဲ ေမာင္။"

တံေတာင္ျဖင့္ ရွင္းခါးကိုနာေအာင္တိုးလိုက္သည္။ မ်က္နာကေတာ့ ထံုးစံအတုိင္း စူပုတ္ထားၿမဲ။

"သြား..အခုမွလာမေခၚနဲ႔။ပစ္ထားၿပီးေတာ့.."

"ရွင္းမအားလို႔ပါ..တမင္ပစ္ထားတာမဟုတ္ပါဘူး။"

သူေျပာလိုက္မွ ေမာင္ မ်က္နာေလး အရင္ကထက္ဝမ္းနည္းရိပ္သန္းလာသည္။မ်က္ရည္တို႔ပုတ္ခပ္ပုတ္ခပ္လုပ္ကာ ရွင္းရဲ႕ရင္ဘတ္ကို တစ္ဘုန္းဘုန္းထုရိုက္ေနသည္။

"မအားရင္ မအားတဲ့အေၾကာင္း ေျပာသင့္တာကို။"

"အရမ္းစိတ္ဆိုးေနလား။"

"နည္းနည္း.."

"ရွင္းတို႔အေၾကာင္း အိမ္ကသိသြားတယ္။"

ရွင္းစကားေၾကာင့္ ေမာင့္မ်က္လံုးေလးေတြဝိုင္းစက္သြားသည္။

"ဖြားက ရွင္းတို႔ကို လက္ခံဖို႔ ႀကိဳးစားၾကည့္မယ္တဲ့။"

ေမာင့္လက္ကို ဆုတ္ကိုင္လိုက္ေတာ့ ေမာင္ကၿပံဳးျပသည္။
ရွင္းစိတ္ထဲတြင္ ေမာင့္ေဖေဖဦးေမာင္ေဇာ္ကိစၥသာ ေတြးမိေနသည္။

"ေတာင္းပန္ပါတယ္.."

"ဟမ္.."

"ေမာင္..ဘာေတြဘဲ ျဖစ္လာျဖစ္လာ ရွင္းလက္ကို ဆုပ္ကိုင္ထားေပးနိုင္မလား..တစ္သက္လံုးအတြက္ေပါ့"

သူေျပာလိုက္ေသာ္ ေမာင္ကပါးကိုခပ္ဖြဖြေလေျခဖ်ားေထာက္ကာနမ္းရႈိက္သည္။ထို႔ေနာက္ သူ႔အားပုခံုးမွသိမ္းဖက္လိုက္ေလသည္။

"ေမာင္ ကတိေပးပါတယ္။"

____________________________

ဆက္ရန္➡️➡️

updateၾကာလို႔ ေတာင္းပန္ပါတယ္..
ေရွ႕ေလ်ွာက္လည္း ၾကာပါမယ္..ျပသာနာက ငဗစ္ေၾကာင့္ပါ🙁
Millar covidစစ္ေဆးေရးဂိတ္မွာ မအားတာကတစ္ေၾကာင္းေၾကာင့္ပါ..
ေစာင့္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္ေနာ္💜

Unicode

ရုပ်ရုပ်သဲသဲဖြစ်နေသော အခမ်းအနားဆီသို့ ခွန်ဟိန်းဝင်လာသည်။ကားထုတ်ပြီး ရှင်းရှိရာနေရာသို့ သူဝင်လာပေမဲ့ လူများအားလုံးကတစ်နေရာတည်းစုဝေးနေကြသည်မို့ ထူးဆန်းစွာ စပ်စုမိသည်။ စင်မြင့်ထက် LEDမီးဘုဒ်တွင် ထွက်ပေါ်နေသောပုံများက ရှင်းနဲ့ ကောင်လေးတစ်ယောက် အတူတူလက်တွဲကာ ချစ်ကြည့်နူးနေသည့်ပုံများ။တော်သေးသည်ကသော်ကမောင်မျက်နာကို ဝါးတားတားလုပ်ထားသည်။

""Gayလား...""

""မိဘမျက်နာက်မှမထောက်ကွာ..""

""GMရဲ့ ဆက်ခံသူက Gayတစ်ယောက်ဖြစ်နေတာလား။""

""ဒီခေတ်မှာ အဲဒါတွေရိုးနေပါပြီကွာ။Gayတော့ဘာဖြစ်လဲ..""

ထိုသို့အပြစ်တင်မှုများ နဲ့ ရှင်းဘက်ကနေ ကာကွယ်ပြောနေကြသူများဖြင့်ပြည့်နက်နေသည်။ခွန်ဟိန်း အစောင့်တစ်ယောက်ကို LEDမီးပိတ်ခိုင်းလိုက်သည်။

"တောင်းပန်ပါတယ်။အခမ်းအနားပြီးဆုံးပြီမို့ လူကြီးမင်းတို့ကို တက်ရောက်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။"

စင်မြင်ပေါ်ကဆင်းကာ လာနေသော ဖုန်းကိုကိုင်လိုက်သည်။

"မင်း အခုချက်ချင်း ငါ့ဆီလာခဲ့။"

ဥက္ကဋ္ဌကြီး၏ အမိန့်ကြောင့် ခွန်ဟိန်းခြေထောက်များလေးလံနေသည်။မကြာခင် မုန်တိုင်းတိုက်တော့မည့်သဘော..ရှင်းဆီဆက်သွယ်တော့လည်း ဖုန်းက မကိုင်ပေ။

"ဒီကောင်ကတော့ အရေးအကြောင်းနဲ့ဆို ပိတ်ထားပြန်ပြီ။"

အခန်းတံခါးကာလက်ကိုင်ကို ကိုင်ကာ သက်ပျင်းချလိုက်သည်။ထို့နောက် ဖွင့်လိုက်ကာ ဒေါ်နန်းသက်နွယ်တု့ိထိုင်နေရာသို့သွားလိုက်သည်။

"ဖြန်း.."

ရုတ်တရက် ရိုက်ချလိုက်သောကြောင့် ခွန်ဟိန်းခေါင်းမူးသလိုလိုခံစားသွားရသည်။ဒေါ်နန်းသက်နွယ်သည်နုတ်ခမ်းကိုကိုက်ရင်း အမျက်ဒေါသပေါင်းစုံဖြင့်ကြည်နေသည်။

"နေရှင်းဘေးမှာနေခိုင်းတာ သူ့ကိုအထောက်အပံရစေဖို့ဘဲ။ဒီလိုမျက်နာပျက်အောင်လုပ်ဖို့မဟုတ်ဘူး။မင်းက မတားဘဲ အလိုတူအလိုပါလုပ်နေတာလား"

"..ကျနော်.."

"တိတ်စမ်း..။ရှင်းဘယ်မှာလဲ။"

"ဆက်သွယ်လို့မရပါဘူး။"

"အလိုလိုက်တော့ အမှိုက်စော်ကားတာဘဲ..ဖအေတစ်ယောက်လုံးကိုအရူးလုပ်သွားတဲ့ကောင်။"

အားလုံးက ရှေးရိုးဆန်ကြသည်မို့ ဒီကိစ္စဟာလွယ်လွယ်နဲ့မပြီးမှန်းခွန်ဟိန်းရော ရှင်းရော အရင်ကတည်းက ခန့်မှန်းမိပြီးသား။သို့သော်ဒီလောက်မြန်မြန်ကြီးပေါ်သွားလိမ့်မည်ဟုမထင်ခဲ့ပေ။

"ချက်ချင်းရှာ။အဲဒီကောင်ကိုတွေ့ရင် ငါ့ရှေ့ဆွဲခေါ်လာခဲ့။"

ဦးကောင်းခေတ်သည် ဒေါသကြောင့်မျက်နာနီရဲနေသည်။ခွန်ဟိန်းဘာမှဆက်မပြောတော့ဘဲ ထွက်လာခဲ့သည်။အိမ်ရှေ့ ရေပန်းအနီးရောက်တော့ ရှင်းကိုထပ်ပြီးဆက်သွယ်ကြည့်ပြန်သည်။ဆက်သွယ်လို့မရပြန်သဖြင့် သော်ကမောင်ဆီ ဖုန်းဆက်ရန် ကြံလိုက်သည်။

"[ကိုခွန်ဟိန်း..!!]"

"အွန်း..ငါညီလေး။ရှင်း ဆီက ဖုန်းလာတာမျိုးရှိသေးလား။"

"[မရှိပါဘူး..ကျနော့်ကို မအိပ်ဘဲစောင့်နေလို့ပြောပြီး ဆက်သွယ်လာဘူး။]"

"ကျေးဇူးပါညီလေး.."

"[ရှင်း ဘာဖြစ်လို့လဲ။တစ်ခုခုဖြစ်လို့လား..]"

"မဟုတ်ပါဘူး..အရက်မူးနေပြီး လျှောက်သွားနေတာနေမှာပါ။နဂိုကတည်းက ခန့်မှန်းလို့မရသူလေ.."

"ဟုတ်ကဲ့.."

"ဒါဆို ချလိုက်ပြီနော်.."

ခွန်ဟိန်း စိတ်ထဲထူးဆန်းမိသည်မှာအမှန်။နောက်ဆုံး GM ပိုင် Hotelကို သူပြန်သွားဖို့ ကားကို ဂငယ်ကွေ့ကွေလိုက်သည်။လက်မှနာရီကိုကြည့်တော့ မနက်၂နာရီ တော်တော်လေးနောက်ကျနေသည့်အချိန်ဖြစ်နေပြီ။

"ကျနော်ဘယ်သူလဲသိတယ်မလား.."

Hotelထဲအဝင် ကောင်တာမှာထိုင်နေသည့် ဝန်ထမ်းအား ပြောလုက်သည်။ဦးကောင်းခေတ်အနားတွင်ရှိနေသည့်သူ့ကို ဝန်ထမ်းကောင်လေး သိကြောင်း ခေါင်းငြိမ့်ပြသည်။

"Hotel CCTV ကို စစ်ကြည့်လို့်ရလား။လူရှာချင်လို့.."

"ဟုတ်ကဲ့ ..ဒီဘက်ကိုလာပါ။"

ဝန်ထမ်းရဲ့ ခေါ်ရာသို့လိုက်တော့ Hotel လုံခြုံရေးခန်းကိုရောက်လာသည်။ည ၁၀နာရီကျော်ကျော် အချိန် အခမ်းအနားကျင်းပချိန်ကိုပြန်ရစ်ခိုင်းလိုက်သည်။

"ရပ်..!"

"ပယင်းရောင်..။သူခေါ်ထုတ်သွားတာဘဲ။အခန်းနံပါတ်ကိုချဲ့လိုက်။"

CCTVတွင် ပယင်းရောင်က ရှင်းအား တွဲကာ Hotelခန်းသို့ဝင်သွားသည်ကိုမြင်တွေ့ရသည်။နောက် ၁နာရီကျော်ကျော်အချိန်မှ အခန်းထဲက ထွက်သွားသည်ကို တွေ့ရသည်။

"၃နာရီလုံးလုံး အပြင်မထွက်လာဘူးဘဲ။ဒီမိန်းမတော့ ဘာတွေကြံနေပြန်ပြီလဲ။"

ခွန်ဟိန်း အတွေးကိုဖြတ်ကာ အခန်းဆီသို့ခြေလမ်းကျဲကျဲဖြင့်လျှောက်လာသည်။တံခါးဖွင့်လိုက်တော့ တစ်ယောက်တည်း အိပ်ပျော်နေသောရှင်းကို တွေ့လိုက်သည်။ဟိုတစ်စီတစ်စကျနေသော အဝတ်တို့ကို ကောက်ယူလိုက်ပြီး နိုးရန်ကြံလိုက်သည်။

"သိုးနေအောင်အိပ်နေတာဘဲ။ဘာမှမသိဘဲ အိပ်သာနေလိုက်တော့။"

ခွန်ဟိန်းကျိန်ဆဲကာ ဆိုဖာပေါ်သို့ထိုင်ချလိုက်သည်။ပယင်းရောင်ကိုတော့ သူ့စိတ်ထဲတွင်စနိုးစနောင့်။ထို့နောက် နှစ်ပတ်လည်ပွဲက ဓာတ်ပုံတွေ။ဘယ်သူလက်ချက်လဲ..ဆိုတာ တွေးလို့မရပေ။ နေရှင်းဆိုတဲ့ကောင်ကလည်း ရန်သူပတ်လည်ဝိုင်းနေတဲ့ကောင်။သူ့အားအမဲဖျက်သလို ဖျက်ချင်နေသည့်သူတွေက အဖေသာမက မိထွေးနဲ့အကို ကြားထဲဦးလင်းရောင်ရှိန်က ပါသေးသည်။
.
.
.
.

အချိန်တရွှေ့ရွှေ့ကုန်ဆုံးလာတာနဲ့ မနက်ခင်းဝေလီဝေလင်းအချိန်ရောက်လာပေပြီ။နေရှင်း နိုးလာတော့ မျက်လုံးက ဖွင့်မရ..ခေါင်းကထိုးကိုက်လာသည်။ကုတင်ပေါ်ထထိုင်လိုက်ရင်း ခေါင်းအား ဖိထားရသည်။

"ရင်တွေပူလိုက်တာ။အ.."

လက်ကိုတစ်ခုခုလာစူးနေသည့်ခံစားချက်ကြောင့် ဖိမိသည့်အရာကို ယူကြည့်လိုက်သည်။သုံးထောင်တြိဂံပုံစံ ငွေရောင် နားကပ်ကလေး။ထိုနားကပ်ကိုမြင်မှ ပယင်းရောင်က သူ့ကိုလိုက်ပို့ကြောင်းသတိရလာသည်။ရုပ်ရှင်အနေးပြကွက်လိုပေါ်လာသည့်မြင်ကွင်းတွေနဲ့ နောက်ဆုံးသူအိပ်ပျော်သွားသည်။နောက်ပိုင်းကို ဘာမှမသိတော့ချေ။

"နိုးပြီလား.."

ခွန်ဟိန်းက ရေသန့်ဘူပေးလာတာကြောင့် သူအငမ်းမရသောက်လိုက်သည်။

"ဘယ်အချိန်ကရောက်လာတာလဲ။"

"၂နာရီလောက်က။မင်း ပြသာနာတက်ပြီ။အားလုံးသိသွားပြီ..မင်းတို့အကြောင်း"

"ကောင်းတာပေါ့..။တစ်ချိန်ချိန်ပေါ်မှာဘဲဟာ။သွားကြစို့.."

ရှင်း လုံးဝမအံသြမကြောက်လန့်သောအမူအရာကြောင့် ခွန်ဟိန်း နည်းနည်းတော့ စိတ်ချသွားသည်။ကုဒ်အကျၤ ီကိုယူဝတ်ကာ ဦးဆောင်ထွက်သွားသောကြောင့် နောက်ကနေ ဘာဖြစ်ဖြစ်ဆိုတဲ့အတွေးဖြင့်လိုက်ခဲ့တော့သည်။

     _____________________________

မိနစ်၃၀ခန့် ကြာပြီးနောက်မှာ ခွန်ဟိန်းတို့ကားလေးသည် အိမ်ကြီးထဲသို့ဝင်လာသည်။ရှင်းကတော့ ဘယ်လိုနေတယ်မသိ..သူကတော့ရင်ထဲတွင် ကန်စွန်းဥပြုတ်နင်နေသလားမှတ်ရအောင် ဆို့နင်ဆို့နင်ဖြစ်နေသည်။

"ခွပ်...!!"

ရှင်း ဧည့်ခန်းသို့အဝင် လက်သီးဖြင့်ကြိုဆိုလိုက်သာ ဦးကောင်းခေတ်ကြောင့် ကြမ်းခင်းပေါ်လဲှကျသွားသည်။မနေ့ညအရက်အရှိန်ကြောင့် ခေါင်းကိုက်ကာ လေးလံနေရတဲ့အထဲ အရိုက်ခံလိုက်ရတာကြောင့် နာခေါင်းသွေးတွေထွက်လာသည်။

"သွေး!!.."

ရှင်းက အနီရောင်မြင်လို့မရတာကြောင့် ခွန်ဟိန်း သူအိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ ရှင်းနာခေါင်းနားဖိကပ်ပေးလိုက်သည်။

"အဆင်ပြေလား.."

"အွန်း.."

လက်ကိုင်ပုဝါအုပ်လိုက်ရင်း ဦးကောင်းခေတ်ကို ခပ်ကျဲကျဲရယ်ပြလိုက်သည်။

"ဘာလို့ ဒီလောက်တောင်ဒေါသထွက်နေတာလဲ..ဆံပင်ဖြူတွေပေါက်နေပါဦးမယ်။"

"မင်း..အဖေကို  ဘယ်လိုပြောလိုက်တာလဲ။ဒီကောင် ကိုယ့်အဖေကို စော်ကားစရာလား.."

"ခဗျား နဲ့ဆိုင်လို့လား။မဆိုင်ရင် ဘေးဖယ်နေ.."

ဝင်ပြီးဟန့်လိုက်သော နေတမာန်သည် ရှင်းရဲ့ဟိန်းဟောက်သံနဲ့ ဂျစ်ကန်ကန်အကြည့်စူးစူးကြောင့် အသံတိတ်သွားသည်။

"အဲဒီကောင်လေးလား..မင်းရဲ့အခန်းဖော်ဆိုတဲ့သူ။"

"ငါတု့ိအဖေပီသတာဘဲ..အခန်းဖော်ဆိုတာတောင်သိနေပြီပေါ့။"

"ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ သူနဲ့မင်းကဘာလဲဆိုတာပြော။ဓာတ်ပုံက အမှန်တွေဘဲလား.."

"ဟုတ်တယ်..သူက ကျနော့်ချစ်သူ။"

ရှင်းပြောလိုက်တာကြောင့် ဦးကောင်းခေတ်၏မျက်လုံးများသည်ရင်ကထက် စူးရဲလာသည်။ထို့နောက် ထိုင်နေသောသူ့ကို လည်ပင်းမှဆွဲချုပ်ကာထရပ်စေလိုက်သည်။

"ရူးနေပြီလား..မင်းက ယောကျာ်းကွ ယောကျာ်း။နောက်ပြီး ငါမွေးထားတာ သား..စောက်ခြောက်တစ်ကောင်ကိုမွေးထားတာမဟုတ်ဘူး။"

ီရှင်းတို့ သားအဖ၏ အကြည့်များက အေးစက်ကာ ဓားသွားထက်ရာက်နေသလို။ဘေးကနေ ဘယ်သူမှဝင်မတားရဲကြပေ။

"အဲဒါက ဘာထူးဆန်းနေလို့လဲ။အပြစ်ကြီးကြီးကျူးလွန်မိလို့လား။အဖေ့လို သူများဦးနောက်ဖောက်စားပြီး ရှန်သန်နေတာမှမဟုတ်တာ။"

"နေရှင်းသက္ကရာဇ်..မင်း မင်းလိုကောင်က ငါ့သားလို့တောင်ခေါ်ဖိုမတန်ဘူး။GM Groupရဲ့ မိသားစုဝင်ထဲမှာ မင်းလိုကောင်မလိုဘူး.."

"မိသားစု...ဟီးဟီး"

တစ်ဟက်ဟက်အော်ရယ်ပြီး သူ့ကိုမယုံကြည်နိုင်သောမျက်လုံးတို့ဖြင့်ကြည့်လည်သည့် ရှင်းကို ဦးကောင်းခေတ်နားမလည်နိုင်ဖြစ်နေသည်။

"ဘယ်တုန်းက ကျနော်က မိသားစုဖြစ်သွားတာလဲ။ခဗျားက ကျုပ်ကို သားလို့ရောသတ်မှတ်ခဲ့လား..။လိုချင်တဲ့အချိန် ချုပ်ချယ်ဖို့ ခွေးတစ်ကောင်သာသာဘဲ သဘောထားတာမလား။"

"နေရှင်း.."

"ခဗျားက ယုတ်မာရက်စက်လွန်းတယ်။"

ရှင်း ထိုနေရာမှလှည့်ထွက်လိုက်သည်။တံခါးအဖွင့်တွင် အဖေပြောသော စကားက ရင်ဝတည့်တည့် ဓားနဲ့ထိုးနက်လိုက်သလိုခံစားရစေသည်။

"မင်း အသိတရားရပြီး သူနဲ့အဆက်ဖြတ်ဖို့မျော်လင့်တယ်။မဟုတ်ရင် ငါကိုယ်တိုင်ဝင်ပါရလိမ့်မယ်။"

နေရှင်းဂရုမစိုက်ဘဲထွက်လာသည်။ဘေးက အိမ်ကအလုပ်သမားများကလည် တီးတိုးတီးတိုးပြောဆိုနေကြသည်။ပုခုံးကို လက်ဖြင့်လာပုတ်သော ခွန်ဟိန်းကြောင့် တွေဝေနေရာမှ ပြန်သတိရလာသည်။ထို့နောက သူATM ကဒ်ကို ပေးလာသည်။

"ရှောင်နေလိုက်။ဒါမဲ့ မင်းအဖွားကို မင်းဘာသာကြည့်လုပ်။
ဥက္ကဋ္ဌကြီးကို ငါဖြောင်းဖျကြည့်မယ်။"

ရှင်း ခွန်ဟိန်းကိုကျေးဇူးတင်မိသည်။ငယ်ကတည်းက သူ့အရှုတ်ထုတ်ကိုလိုက်လှန်ရှင်းပေးရတဲ့ ခွန်ဟိန်းကို အားလည်းနာမိသည်။

"ဒီတိုင်းသိမ်းထားစမ်းပါ။နောက်မှ အကူအညီတောင်းမယ်။"

ထိုသို့ပြောကာ ဖွာနန်းနေသည့်စံအိမ်ကို ထွက်လာခဲ့သည်။
ဒေါ်နန်းသက်နွယ်နဲ့ မသင့်မြတ်သည့် ဖွားက အဖေအိမ်မှာမနေတာကြာခဲ့ပြီ။သူကလည်းငယ်ကတည်းက ဖွားနန်းလက်ပေါ်ကြီးလာသူမို့ အဖွားကိုသာခင်တွယ်သည်။ဖွားနန်းကတော့ သူပြောတာ လက်ခံမည်ဟုမျော်လင့်နေမိသည်။

"ဖွား.."

ဧည့်ခန်းတွင် လူတစ်ယာက်မှမရှိတာကြောင့် အပေါ်ထပ်မှဆင်လာသော ဦးမင်းနိုင်ကို မေးလိုက်သည်။

"ဖွားနန်းရော.."

"မင်းအခန်းထဲမှာ.."

ဦးမင်းနိုင်ဆီမှ စကားကြောင့် သူ့အခန်းတံခါးကို သာသာလေးဖွင့်လိုက်သည်။တံခါးဖွင့်သံကြောင့် ဖွားနန်းက သူ့ကိုလှည့်ကြည့်လာသည်။

"မင်းကလေ..ငယ်ငယ်ကတည်းက ဖွားမကြိုက်တာလုပ်ဖူးဘူး။ဒါပေမဲ့ အခုကဘာလဲ.."

"သိပါတယ်။ဖွား ရှော့ဖြစ်သွားမယ်ဆိုတာနားလည်ပါတယ်။ဘယ်သူမှလက်မခံရင်တောင် ကျနော်စိတ်ကို ဖွားလက်ခံပေးလို့မရဘူးလား.."

"မြေး..ဖွားကလေ မြေးစိတ်ချမ်းသာနေတာဘဲမြင်ချင်တာ။ဒါမဲ့ ဖွားဒါကြီးကို လက်မခံနိုင်ဘူးမြေး။"

"ဖွား..ကျနော် သူမရှိလို့မဖြစ်ဘူး။"

"ဒါဆိုဖွားကရော..မြေးကဖွားကိုဆန့်ကျင်ပြီးထွက်သွားရင် ဖွားဘယ်လိုနေရမှာလဲ။"

ဖွားနန်းဟာ ရှင်းငယ်ကတည်းက ရှိသမျှ အချစ်တွေစုပုံအောကာ ချစ်ပေးခဲ့သူ။ရှင်းမျက်နာတစ်ကမ္ဘာလုပ်ပြီး သားဖြစ်သူကိုတောင် ဆန့်ကျင်လာခဲ့သူ။ရှင်းဆိုးသမျှ အနွံ့တာခံပြီး အလိုလိုက်ခဲ့သူ ဖြစ်သည်မို့ ရှင်းပိုပြီးရင်နာရသည်။

"ကျနော် ဖွားနားကမထွက်သွားလို မောင်နဲ့လည်းလမ်းခွဲမှာမဟုတ်ဘူးဖွား..မောင်က ယောကျာ်းလေးတစ်ယောက်ဆိုပေမဲ့ ဖွားသဘောကျမှာပါ။ဒီမှာ.."

ရှင်းသည်အိပ်ကပ်ထဲက မောင်ဓာတ်ပုံလေးကို ဖွားနန်းအားပေးလိုက်သည်။သွားစွယ်လေးပေါ်အောင်ပြုံးရယ်နေသည့် မောင့်ဓာတ်ပုံကိုဖွားက သေသေချာချာကြည့်နေလေသည်။

"ချစ်ဖို့ကောင်းတယ်မလား။မောင်က အမြဲတမ်း ပြုံးရယ်နေတတ်တာ။ဒီနှစ်တွေမှာ သူ့ကြောင့်ဘဲ ကျနော်ရဲစခန်းမရောက်တော့တာလေ။"

"မောင်..တဲ့လား။"

"အွန်း.ကျနော်အိမ်မပြန်ရင် မောင်ကဆူတာဗျာ။ကျောင်းပိတ်ချိန်မှာ ဖွားဆီကိုပြန်ဖို့ သူဘဲပြောခဲ့တာ။"

ဓာတ်ပုံလေးအား ကြည့်ကာတစ်ပြုံးပြုံးပြောနေသည့်ရှင်းကို ဒေါ်နန်းထိပ်ထားငေးကြည့်နေမိသည်။သူကြိုက်တဲ့ မွေးနေ့လက်ဆောင် ဆိုင်ကယ်လေးပေးတုန်းကတောင် အခုလို ပျော်ရွှင်နေတာမျိုးမမြင်ဖူးခဲ့ပေ။စကားအများကြီး မပြောတတ်တဲ့ရှင်းက မမောနိုင်မပန်းနိုင် ထိုကောင်လေးအကြောင်းသူအားရှင်းပြနေသည်။

"ဖွားကြိုးစားကြည့်မယ်။"

"ဗျာ..!!"

"မြေးသူ့ကိုချစ်တယ်မလား..ဒါဆို ဖွားသူ့ကိုလက်ခံနိုင်အောင်ကြိုးစားကြည့်မယ်..ဖွားကိုအချိန်တော့ပေးရမယ်နော်.."

ဖွားဆီကမထင်မှတ်သောစကားကြောင့် ရှင်းခုန်ပေါက်မတတ်ပျော်သွားရသည်။မွေ့ရာပေါ်က ဖွားနန်းကို ဖက်လိုက်ရင်း ခေါင်းတစ်ဆပ်ဆပ်ငြိမ့်နေမိသည်။

"ဟုတ်ကဲ့..ကျနော် ဘာမှမလိုပါဘူး။ဖွားလက်ခံမယ်ဆိုရင် အားလုံးခံနိုင်ရည်ရှိပါတယ်။"

ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ပြုံးနေသည့် ဖွားကြောင့် စိတ်သက်သာရရမိသည်။

  _________________________________

Time Skip>>>>

သော်ကမောင် အဆောင်ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ဟိုတစ်လောလောက်က အကိုခွန်ဟိန်း ဖုန်းဆက်ပြီးရှင်းကအဆက်အသွယ်မလုပ်လာချေ။ဘာကြောင့်ရယ်တော့သူသေချာမသိပေမဲ့ ဝမ်းနည်းပြီးဒေါသကထွက်လာသည်။သူစိတ်တိုတိုနဲ့ အဝတ်များခေါက်သိမ်းနေတုန်း ခါးကိုလာဖက်သောခံစားချက်ကြောင့် တုန်ခနဲဖြစ်သွားရသည်။

"ဘာတွေအလိုမကျဖြစ်နေတာလဲ မောင်။"

တံတောင်ဖြင့် ရှင်းခါးကိုနာအောင်တိုးလိုက်သည်။ မျက်နာကတော့ ထုံးစံအတိုင်း စူပုတ်ထားမြဲ။

"သွား..အခုမှလာမခေါ်နဲ့။ပစ်ထားပြီးတော့.."

"ရှင်းမအားလို့ပါ..တမင်ပစ်ထားတာမဟုတ်ပါဘူး။"

သူပြောလိုက်မှ မောင် မျက်နာလေး အရင်ကထက်ဝမ်းနည်းရိပ်သန်းလာသည်။မျက်ရည်တို့ပုတ်ခပ်ပုတ်ခပ်လုပ်ကာ ရှင်းရဲ့ရင်ဘတ်ကို တစ်ဘုန်းဘုန်းထုရိုက်နေသည်။

"မအားရင် မအားတဲ့အကြောင်း ပြောသင့်တာကို။"

"အရမ်းစိတ်ဆိုးနေလား။"

"နည်းနည်း.."

"ရှင်းတို့အကြောင်း အိမ်ကသိသွားတယ်။"

ရှင်းစကားကြောင့် မောင့်မျက်လုံးလေးတွေဝိုင်းစက်သွားသည်။

"ဖွားက ရှင်းတို့ကို လက်ခံဖို့ ကြိုးစားကြည့်မယ်တဲ့။"

မောင့်လက်ကို ဆုတ်ကိုင်လိုက်တော့ မောင်ကပြုံးပြသည်။
ရှင်းစိတ်ထဲတွင် မောင့်ဖေဖေဦးမောင်ဇော်ကိစ္စသာ တွေးမိနေသည်။

"တောင်းပန်ပါတယ်.."

"ဟမ်.."

"မောင်..ဘာတွေဘဲ ဖြစ်လာဖြစ်လာ ရှင်းလက်ကို ဆုပ်ကိုင်ထားပေးနိုင်မလား..တစ်သက်လုံးအတွက်ပေါ့"

သူပြောလိုက်သော် မောင်ကပါးကိုခပ်ဖွဖွလေခြေဖျားထောက်ကာနမ်းရှိုက်သည်။ထို့နောက် သူ့အားပုခုံးမှသိမ်းဖက်လိုက်လေသည်။

"မောင် ကတိပေးပါတယ်။"

____________________________

ဆက်ရန်➡️➡️

updateကြာလို့ တောင်းပန်ပါတယ်..
ရှေ့လျှောက်လည်း ကြာပါမယ်..ပြသာနာက ငဗစ်ကြောင့်ပါ🙁
Millar covidစစ်ဆေးရေးဂိတ်မှာ မအားတာကတစ်ကြောင်းကြောင့်ပါ..
စောင့်ပေးကြတဲ့တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော်💜

Continue Reading

You'll Also Like

810K 16.2K 112
Yaszy Romano has been through so much pain and suffering her entire life but it makes her who she is. Dark Angel...Dangerous, Powerful. An Assassin...
48.4K 6.5K 54
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...
12.4K 1.1K 86
" දන්නවද අභී..! එයා හරියට වැස්සක් වගේ...!" " වැස්සක් !?...'' '' ඔව් වැස්සක්...එයාගෙ ආදරෙත් හරියට වැස්සක් වගේ...කාලයක් මාව ඒ වැස්සෙන් තෙම්මලා....එයා ය...
11.1K 1.3K 34
"කොල්ලො දෙන්නෙක්ට ලව් කරලා සෙක්ස් කරන්නත් පුළුවන්ද බන්.." ?