No one but you(OR)The Mafia G...

By Taythannyi

460K 18.3K 1.1K

မင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို... More

Chapter 1(Z)
Chapter 1(uni)
Chapter 2(Z)
Chapter 2(uni)
Chapter 3
Chapter 3(uni)
Ficအမည်​ပြောင်းလဲခြင်း
Chapter 4
Chapter 4(uni)
Chapter 5
Chapter 5 (uni)
Chapter 6
Chapter 6(uni)
Chapter 7
Chapter 7(uni)
Chapter 8
Chapter 8 (uni)
Chapter9
Chapter 9(uni)
Chapter 10
Chapter 10(uni)
Chapter 11
Chapter 11(uni)
Chapter 12
Chapter 12(uni)
Chapter 13
Chapter 13(uni)
Chapter 14
Chapter 14(uni)
Chapter 15
Chapter 15(uni)
Chapter 16
Chapter 16(uni)
Chapter 17
Chapter 17(uni)
Chapter 18
Chapter 18(uni)
Chapter 19
Chapter 1 9(uni)
Chapter 20
Chapter 20(uni)
Chapter 21
Chapter 21(uni)
Chapter 22
Chapter 22(uni)
Chapter 23
Chapter 23(uni)
Chapter 24
Chapter 24(uni)
Chapter 25
Chapter 25 (uni)
Chapter 26
Chapter 26(uni)
Chapter 27
Chapter 28
Chapter 28(uni)
Chapter 29
Chapter 29(uni)
Chapter 30
Chapter 30 (uni)
Chapter 31
Chapter 31(uni)
Chapter 32
Chapter 32(uni)
Chapter 33
Chapter 33(uni)
Chapter 34
chapter 34(uni)
Chapter 35
Chapter 35(uni)
Chapter 36
Chapter 36(uni)
Chapter 37
Chapter 37(uni)
Chapter 38
Chapter 38(uni)
Chapter 39
Chapter 39 (uni)
Chapter 40
Chapter 40(uni)
Chapter 41
Chapter 41(uni)
Chapter 42
Chapter 42(uni)
Final part 1
Final Part 1(uni)
Final part 2
Final part2(uni)
Mile's Note
Extra 1
Extra1(uni)
Season2😜
Attention pls

Chapter 27(uni)

3.3K 170 10
By Taythannyi

မျက်နှာချင်းဆိုင်တွေ့နေရတာတောင်မမြင်ချင်ယောင်ဆောင်နေသောသခင်လေးကြောင့်ခြေလှမ်းတွေကိုသခင်လေးဆီဦးတည်ပစ်သည်။

"ကိုယ်တို့စကားပြောရအောင်သခင်လေး"

"ပြောစရာမရှိဘူး...ရှိလည်းကျွန်တော်မအားသေးဘူး"

ဘေးမှာရှိနေသောဟိုမိန်းမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီးမြှောက်ပြကာပြောသည်။

ကိုယ့်ရှေ့မှာပင်မိန်းမတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ထားသောသခင်လေးနားရွက်ဖျားနားထိတိုးကပ်သွားလိုက်ပြီး

"ကိုယ်အေးဆေးပြောနေတုန်းလိုက်ခဲ့...မဟုတ်ရင်ဒီမှာဖက်နမ်းပစ်မယ်"

ငြိမ်သက်နေသောမျက်ဝန်းသေတွေနဲ့ဖြတ်ကနဲလှည့်ကြည့်လာသည်။သခင်လေးခေါင်းလေးအနည်းငယ်စောင်းကျလာပြီးကိုယ့်ပါးပြင်ဘေးကနေအသက်ရှုလေနွေးနွေးလေးရိုက်ခတ်သွားသည်။

"ခမ်းကျွန်တော့်ကိုနမ်းရင်ကျွန်တော်လည်းဟန်ယွန်းကိုနမ်းမယ်"

ဟန်ယွန်း....
သခင်လေးဆုပ်ကိုင်ထားသောလက်ပိုင်ရှင်၏အမည်နာမ...
မကြာခင်မှာကိုယ့်ဒေါသတွေအောက်အပြစ်ပေးခံရတော့မည့်ကောင်မလေး၏လက်ဖဝါးနုနုများ။မင်းမထိသင့်တဲ့သူကိုထိမိပြီ။

"အေးဆေးနေဗျာ...ကျွန်တော်ဒီကပြန်ရင်ခမ်းအိမ်မှာစောင့်နေမယ်....ခမ်းရဲ့partnerကိုလိုက်ပို့ပြီးရင်ပြန်လာခဲ့"

" အစထဲကအဲ့လိုပြောရင်မြွေကိုက်မှာစိုးလို့လား"

"မဟုတ္ဘူး...ခင်ဗျားဂျိုကစ်နေတာမြင်ချင်လို့"

နားရွက်ဖျားနားထိစောင်းငဲ့ထားသောသခင်လေးမျက်နှာလေးပြန်တည့်မတ်သွားသည်။

"ဟန်ယွန်းသူကကိုယ့်အသိ...Rayရဲ့leader ခမ်းနားထည်ဝါ"

"တွေ့ရတာဝမ်းသာတယ်ကောင်မလေး"

ကိုယ်ကမ်းပေးလိုက်သည့်လက်ကိုပြန်ဆွဲကာနှုတ်ဆက်လာသည့်ဟန်ယွန်း

"ဟုတ်...နာမည်ကိုကြားဖူးထားပါတယ်"

"အဲ့တာဆိုကိုယ်တို့ပြန်ရအောင်ဟန်ယွန်း"

"ဟန်ယွန်းtoiletခဏသွားလိုက်မယ်"

"အင်း...ကိုယ်ဒီကပဲစောင့်မယ်"

ပြောပြီးတာနဲ့ထွက်သွားသောဟန်ယွန်းနောက်စားပွဲတွေပေါ်မှာခင်ကျင်းပြင်ဆင်ထားသောအရက်တစ်ပုလင်းကိုကောက်ဆွဲလိုက်ပြီးမသိမသာဖြင့်လိုက်ခဲ့သည်။

လူရှင်းသည့်နေရာရောက်သည်နှင့်တစ်ပြိုင်နက်ရှေ့ကသွားနေသောဟန်ယွန်းလက်ကိုဖမ်းဆွဲလိုက်ပြီးအနားမှာရှိနေသောအခန်းလွတ်ထဲသို့ဆွဲသွင်းလိုက်သည်။

"ရှင်....ရှင်ဘာလုပ်တာလဲ"

အတင်းရုန်းကန်နေသောသူကိုအားပြင်းပြင်းဖြင့်စောင့်တွန်းလိုက်တော့စားပွဲခုံနားခွေခေါက်ကျသွားသည်။

"ငါမင်းကိုပြောမယ်....မင်းဆက်စေတန်နားကိုယောင်ပြီးတောင်မကပ်မိစေနဲ့...သူနဲ့ဝေးနိုင်သမျှဝေးဝေးပြေး"

"ဘာအတွက်လဲ...ရှင်နဲ့ဘာဆိုင်လဲ"

"အင်း...ဘာဆိုင်လဲလား....ဆိုင်တာမဟုတ်ဘူးပိုင်တာ....သူကငါပိုင်တာ"

အေးတိအေးစက်မျက်နှာထားနဲ့အကြောက်အလန့်မရှိတဲ့မျက်လုံးတွေနဲ့သူကတစ်လှမ်းချင်းရှေ့တိုးလာလေဟန်ယွန်းကနောက်ကိုရွေ့သွားရလေဖြစ်သည်။

သွားလေရာဆောင်ထားလေ့ရှိသောအိတ်ဆောင်ဓါးပါးလေးကိုထုတ်ကာဟန်ယွန်းအနားကိုတိုးသွားမိသည်။

"ဘာလုပ်မလို့လဲ.....ကျွန်မဘယ်သူလဲရှင်မသိဘူးလား"

"မသိဘူး....သိလည်းမသိချင်ဘူး....ငါသိတာကမင်းကငါဖယ်ထုတ်ပစ်ရမဲ့ကပ်ပါးကောင်ပဲ"

အောက်မှာပုံကျနေသောဟန်ယွန်း၏လက်များကိုခပ်ကြမ်းကြမ်းဆွဲယူကာစားပွဲခုံပေါ်မှာလှန်ချသည်။ပြီးနောက်ဓားပါးလေးနှင့်ပါးပါးလေးကပ်ဆွဲလိုက်သည်။

"အား..အ့...နာတယ်....ရှင်ဘာလုပ်တာလဲ"

"မင်းလက်တွေကိုဓားနဲ့မွှမ်းမလို့လေ...မင်းဆက်စေတန်ကိုမထိမိစေနဲ့ဒီလက်တွေနဲ့....အခုကပါးပါးလေးပဲလှီးမှာ...ငါမင်းကိုသူ့နားထပ်တွေ့ရရင်အကြောတွေပြတ်အောင်လှီးပစ်မယ်ကြားလား"

"အား....အား...မလုပ်ပါနဲ့တော့...နာတယ်လို့"

အတင်းရုန်းဖယ်နေသောလက်တွေကိုစားပွဲနဲ့ကပ်ကာအတင်းဖိထားလိုက်ပြီးတစ်ချက်ပြီးတစ်ချက်...အချက်ပေါင်းများစွာလက်ဖဝါးနှစ်ဖက်လုံးကိုမွမ်းပစ်သည်။ငယ်သံပါအောင်အော်နေသောအသံတွေကိုလစ်လျူရှုကာဖြင့်ဓါးဖြင်းမွှမ်းထားသောပြတ်ရှရာများပေါ်သို့အသင့်ယူလာသောအရက်ပုလင်းကိုဖွင့်ကာလောင်းချပစ်သည်။

"အား....အ့....စပ်တယ်"

မျက်ရည်လည်ရွဲနှင့်ဆံပင်တွေဖားလျားဖြစ်ကာရုပ်ပျက်ဆင်းပျက်ဖြစ်နေသောဟန်ယွန်းကထွန့်ထွန့်လူးနေလေပြီ။

"အား......အား....သေပါပြီ"

ပြတ်ရှရာနဲ့Alcholလိုက္ဖက္လိုက္တာ....ဟားဟား...

နာကျင်မှုကြောင့်ထွန့်ထွန့်လူးနေသောဟန်ယွန်းမျက်နှာကိုဆွဲမော့လိုက်ပြီး

"သူ့နားကိုထပ်မကပ်မိစေနဲ့....ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ထား....မပက်သက်သင့်တဲ့လူနဲ့ပက်သက်ချင်ရင်စောစောသေတတ်တယ်"

လုပ်ချင်ရာလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်အခန်းတံခါးကိုဝုန်းကနဲစောင့်ပိတ်ကာထွက်သွားသောသူသည်ကြိုစောင့်နေသောအန္တရာယ်ကိုမသိခဲ့ပါလေ။

************

ဟိုတယ်ကြီးတွေမှာလိုက်ကျွေးရမှာထက်ဒီလိုNight marketလေးကိုပဲရွေးချယ်ဖြစ်ခဲ့သည်။အန်ကယ်လေးတို့လိုလူမျိုးတွေအတွက်Hotelဆိုတာခဏခဏရောက်နေကြပဲလေ။ဒီလိုလမ်းဘေးဆိုင်တွေတော့မထိုင်ဖူးမှန်းဟန်ရှင်းသိသည်။အဲ့တာကြောင့်ပဲဒီဆိုင်ကိုရွေးချယ်ဖြစ်ခဲ့သည်။တစ်ခြားသူနဲ့မလုပ်ဖူးတာတွေကိုအတူတူလုပ်ကြည့်ရအောင်ပါ။

အငွေ့တစ်ထောင်းထောင်းထနေသောဝက်နံရိုးခေါက်ဆွဲနှင့်
့်ဝက်လက်ပေါင်းနှစ်ပွဲကိုwaiterလေးကလာချပေးသွားသည်။ဆိုဂျူလေးနှင့်တွဲဖက်လိုက်ရရင်ဖြင့်တစ်သက်မမေ့နိုင်စရာညလေးဖြစ်သွားမှာသေချာသည်။

"အန်ကယ်လေး...အဆင်ပြေရဲ့လား"

"အင်း....မင်းမြန်မာစကားပြောနိုင်နေပြီလား"

"အာ...လေ့လာနေခဲ့တာ...သားရောဟန်ယွန်းရော"

"အင်း...စားတော့"

အပိုအလိုစကားမဆိုတတ်သောတည်ငြိမ်သည့်ယောက်ျားတွေဟာပိုပြီးခန့်ညားတတ်တာမျိုးလား။အရယ်အပြုံးမရှိသောမျက်နှာထားနှင့်လိုက်ဖက်ညီစွာဝတ်ဆင်ထားသောအနက်ရောင်ရှပ်လက်ရှည်ကိုရင်ဘတ်ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီးဘောင်းဘီအနက်၊ဖိနပ်အနက်နှင့်နာရီကအစတစ်ကိုယ်လုံးနက်စွေးနေသည်။တစ်တောင်ဆစ်အထိခေါက်တင်ထားသောကြောင့်လှစ်ဟနေသောလက်ဖျံတွေမှာထင်းနေသည့်သွေးကြောတွေနှင့်အနည်းငယ်ညိုသောအသားအရည်ကြောင့်အန်ကယ်လေးကညို့အားပြင်းလွန်းသည်။ခေါက်ဆွဲကိုငုံ့စားနေသောသူကိုသာမျက်တောင်မခတ်ကြည့်နေမိတာကြောင့်ဟန်ရှင်းမှာနည်းနည်းလေးတောင်မစားရသေးပါ။ဖုန်းကိုအသာလေးထုတ်လိုက်ပြီး

"အန်ကယ်လေး..."

" "

ခေါ်သံကြောင့်မော့ကြည့်လာသူကိုအလွတ်မပေးဘဲအမိအရမှတ်တမ်းတင်ရသည်။

"စားစရာရှိတာစားလေကွာ"

"ဟုတ်..ခဏေလး"

ရိုက်ထားသောအန်ကယ်လေးပုံလေးကို Dating with  ဟူသောCaption လေးနှင့်အတူIGပေါ်လည်းအပြေးလေးတင်ရသေးသည်။လက်တစ်ဖက်ကတူကိုကိုင်ကာတစ်ဖက်ကဖုန်းကိုလည်းလက်မလွှတ်နိုင်။Group chatထဲမှာအကုန်လုံးကလာမေးနေကြပြီ။

Sohwa။ဟိတ်ဟိတ်....အဲ့တာဘယ်သူလဲဟေ့

Wu Yoon။ငါသိနေတယ်....သူကြွေနေတဲ့မြန်မာကဘဲကြီးလေ

Taddy။ ငါတို့ဟန်ရှင်းလေးsold outတော့မလား

Han Shin။မအားသေးဘူးdateနေတယ်

Taddy။အဲ့တော့ဟိုကပြန်ကြိုက်လား😅

Han Shin။အားကြီးချေတယ်ကွာ...ရယ်တောင်မပြဘူး

Wu Yoon။Sad react for you😂

Han Shin။တော်ပြီတော်ပြီ...မင်းတို့နဲ့မပြောတော့ဘူး....ခုချိန်ကအန်ကယ်လေးမျက်နှာကြည့်ချိန်

Sohwa။မတားနဲ့တော့...ငါသေပရစေတော့😎

ဖုန်းကိုပိတ်ကာအိတ်ကတ်ထဲပြန်ထည့်လိုက်ပြီးနောက်ဆိုဂျူပုလင်းထံလက်လှမ်းသည်။

"ရော့အန်ကယ်လေး...သောက်ရအောင်"

"Sorry ကိုယ်မသောက်ချင်လို့"

"မသောက်နိုင်တာလား"

" မဟုတ္ဘူး...သူစိမ်းတွေနဲ့မသောက်ချင်တာ"

ဟန်ရှင်းဘက်ကဘယ်လောက်ပဲရင်နှီးအောင်နေနေနောက်ဆုံးမှာသူစိမ်းတစ်ယောက်အဖြစ်သာသတ်မှတ်ခံရသည်။ဒါပေမဲ့ဒီလောက်နဲ့လက်လျော့စရာလား။ကြိုတင်ပြင်ဆင်လာသောလက်ထိပ်ကိုထုတ်ကာခုံပေါ်ချထားသောအန်ကယ်လေးလက်တစ်ဖက်ကိုဆွဲခတ်လိုက်သည်။

"မင်း...ဒါဘာလုပ္တာလဲ"

ကျန်နေသေးသောလက်ထိပ်တစ်ဖက်ကိုကိုယ့်လက်မှာပြန်ခတ်လိုက်သည်။အခုတော့လက်ထပ်တစ်ယောက်တစ်ဖက်နှင့်ဖြစ်သည်။

"အန်ကယ်လေးမသောက်ရင်...သားနဲ့အတူတူလက်ထိပ်တန်းလန်းနဲ့နေ"

"မင်း...နော်...အူကြောင်ကြောင်နဲ့ငါကိုင်ပေါက်ရင်တစ်ချက်စာပဲရှိတာနော်"

"မသိဘူးအတူတူသောက်ချင်တယ်"

ရှင်းစိတ်ကိုပြန်လျော့ကာဖြင့်အရှေ့ကကောင်လေးကိုစူးစိုက်ပြည့်လိုက်သည်။ဦးထုတ်အနက်ရောင်ကိုပြောင်းပြန်ဆောင်းထားပြီးTeeအစိမ်းရောင်လေးနှင့်ဘောင်းဘီဒူးကျလေးကိုဝတ်ဆင်ထားသည်။မျက်နှာဝိုင်းဝိုင်းနှုတ်ခမ်းလုံးလုံးလေးနှင့်ယောက်ျားဆန်သောသွင်ပြင်ရှိသည့်အသက်ဆယ့်လေးနှစ်သာသာဖူးသစ်စအရွယ်လေးဖြစ်သည်။သို့သောအသက်နှင့်မလိုက်အောင်ဂျစ်နေသည်။စိတ်ရှုပ်လို့partyတောင်မသွားသောရှင်းမှာယခုမှပိုဆိုးတော့သည်။မြန်မြန်ကိစ္စပြတ်စေရန်အတွက်

"အင်း...တစ်ခွက်တော့သောက်ပေးမယ်"

"ဟီး...ရတယ်"

သွားဖြဲကာရယ်ပြရင်းဖန်ခွက်လေးထဲငှဲ့ကာကမ်းပေးလာသည်။ပြီးတော့သူလည်းတစ်ခွက်ယူလိုက်ပြီး

"အန်ကယ်လေးနဲ့တွေ့ခွင့်ရတဲ့အတွက်...cheer"

****************

သူငယ်ချင်းဖြစ်သူမေသစ္စာကိုကွန်ဒိုလိုက်ပို့ပြီးနောက်ခမ်းပြန်ရင်ပြင်သည်။

"ဟဲ့...နင်ကလည်းခဏနေပါအုန်း"

"မရေတာ့ဘူးဟ....သခင်လေးကိုစောင့်ခိုင်းထားလို့"

"အဲ့တာဆိုခဏလေးစောင့်..ငါအဝတ်အစားလဲပြီးအောက်ကိုပြန်ဆင်းမှာ...ဝယ်စရာလေးရှိလို့"

" အင်း"

အခန်းထဲကာအဝတ်အစားလဲပြီးနောက်အသင့်ပြင်ဆင်ထားသောsprayဘူးကိုထုတ်ယူကာလက်နောက်မှာတိတ်တိတ်လေးကိုင်လာသည်။

"သွားရအောင်ခမ်း"

"အေးသွားမယ်"

ဆိုဖာပေါ်မှာထိုင်နေသောခမ်းမျက်နှာလှည့်လာကာပြောသည်နှင့်တစ်ပြိုက်နက်အသင့်ယူလာသောsprayဘူးကိုမျက်နှာတည့်တည့်ဖြန်းချလိုက်သည်။

"နင်...နင်....ဘာလုပ်....."

တစ်ဖြည်းဖြည်းနှင့်မျက်လုံးတွေဝေဝါးလာသည်။အရမ်းအိပ်ချင်လာသည်။သခင်လေး....သခင်လေးစောင့်နေတယ်။တစ်ဖြည်းဖြည်းနှင့်စိတ်အာရုံကလွင့်ပျံသွားပြီးခမ်းမျက်လုံးတွေမှိတ်ကာငြိမ်သက်သွားခဲ့လေပြီ။

နင်ကြိုက်တဲ့သူနဲ့အိပ်လို့ရတယ်ခမ်း....ဒါပေမဲ့ဘယ်သူ့ကိုမှအတည်ချစ်လို့မရဘူး....ငါရအောင်ခွဲမှာမလို့။

************
************

ရေးရင်းနဲ့အိပ်ချင်လာလို့ဒီလောက်နဲ့ပဲupပေးလိုက်ပါတယ်။နောက်အပိုင်းတွေကြမ်းပါပြီ။ချစ်တတ်တဲ့ဗီလိန်လေးလည်းပါလာပါပြီ။ကဲ....ဘာတွေဆက်ဖြစ်မလဲ????

Continue Reading

You'll Also Like

960K 50.7K 42
!Adult/Possessive and Asshole! full credit to the artist of the cover photo
1.6M 103K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
510K 23.1K 46
ငါ မင်းမိဘတေကိုမုန်းတယ်ခွန်သာ အေ အဲ့လိုပဲ မင်းကိုလဲ ငါ မုန်းတယ် ပီးတော့မင်းကငါ့ရဲ့အရာရာဖြစ်နေတာကိုလဲ ငါမုန်းတယ် ...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...