Chapter 4

6.6K 199 0
                                    

ငါ ပိုင်လေးကို စိတ်ဝင်စားနေတာကို ဆက် ကိုပြောပြသင့်လား....
ဆက် ကရော နားလည်ပေးပါ့မလား....
ဒါမှမဟုတ် ရွံသွားမှာလား

ပြီးတော့ ငါကေရာ ယောက်ျားလေးဆိုတာ သိလျက်နဲ့ဘာလို့ချစ်ခဲ့မိတာလဲ။
လုံးဝမထင်ထားဘူး ကိုယ်ချစ်မိတဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့...

ယောက်ျားတန်မဲ့ချောလွန်းလို့စိတ်ဝင်စားမိတာလို့လည်းပြောလို့မရဘူး ဘာလို့ဆို ချောလို့ စိတ်ဝင်စားမိတာဆိုရင် ဆက် နားမှာအချိန်အကြာ
ကြီးနေခဲ့ဖူးပါတယ် ။ဒါပေမဲ့ ဆက် ကို ညီတစ်ယောက် ထက်မပိုခဲ့ပါဘူး။ ပိုင်လေးကချစ်ဖို့ကောင်းတာ မှန်ပေမဲ့ ဆက် ကမြင်သူတိုင်းနှစ်ခါပြန်ငေးရအောင်ချောတာမျိုးပါ။

ဘာပဲဖြစ်ဖြစ် ဆက် ကို ပြောပြလိုက်မယ် ငါ့ကို ဆက် ကတော့နားလည်ပေးနိုင်မှာပါ။ သူနဲ့ကိုယ်က ငယ်ငယ်တည်းက မိသားစုအရင်းတွေလိုမျိုး နေခဲ့ ကြတာပဲကို ငါ့အခက်အခဲကို သူနားလည်ပေးနိုင်လောက်ပါရဲ့

"ဒေါက်....ဒေါက်"

တံခါးခေါက်သံကြားလို့ ဖွင့်လိုက်တော့ ကော်ဖီခွက်ကိုင်ပြီးရပ်နေတဲ့ ရှင်း..ဆက်လည်း ရှင်း ယူလာတဲ့ကော်ဖီခွက်ကိုယူပြီးတံခါးပိတ်ဖို့လုပ်တော့

"ခဏလေးပြောစရာရှိလို့ ဆက်"

"ရှင်း ..
ဘာပြောမလို့လဲ"

"ဆက် တကယ်လို့လေ ငါကယောက်ျားတစ်ယောက်ကိုချစ်မိရင်
မင်းငါ့ကိုအထင်သေးမှာလား"

ခေါင်းကိုဖြည်းငြင်းစွာ ရမ်းပြလိုက်သည်။

သူ ရှင်းကိုချစ်သလိုမျိုး ရှင်းလည်းသူ့ကိုချစ်နေတာလား။

"ဆက် ငါပိုင်လင်းစက်ကိုချစ်တယ်"

"ဘာ!!"

အော်သံနဲ့အတူ လက်ထဲကကော်ဖီပူနဲ့ ရှင်းရင်ဘတ်ကိုပက်လိုက်မိသည်။

မင်းငါ့ကိုမမြင်တာလား......

ပါးပြင်ပေါ်မျက်ရည်တစ်စက် စီးကျသွားသည်။

"မင်းငိုနေတာလား"

ရင်ဘတ်အပူလောင်သွားတာကို ဂရုမစိုက်ဘဲ သူ့ပါးပေါ်ကမျက်ရည်ကို သုတ်ပေးဖို့ လက်လှမ်းလာသည့် ရှင်းရဲ့လက်ကို ပုတ်ထုတ်လိုက်သည်။

No one but you(OR)The Mafia Guys[completed]Dove le storie prendono vita. Scoprilo ora